𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.8K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎8🤎(💔)
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎9🤎 [P-1]
247 53 9
By Amethyst_jei
Unicode
ကိုရီးယားမြေကိုပြန်ရှူရှိုက်သည်။ လုပ်ငန်းတွေကိုဦးစီးဦးဆောင်ပြုပြီးနောက် ထပ်မံ၍ကိုရီးယားကလုပ်ငန်းတွေကိုချယ်လှယ်ဖို့ကြိုးစားတော့မယ့် စီးပွားရေးလုပ်ငန်းရှင်ကင်ထယ်ယောင်းအဖြစ်.....
မပြောင်းလဲသေးသော ဒီအမိမြေပတ်ဝန်းကျင်တွင် ပြောင်းလဲသွားသောလူသားလေးကတော့ လေယာဥ်ကွင်းဆီရပ်ဝေးတစ်နေရာမှခြေချလာသော ကင်မ်ထယ်ယောင်းပေါ့။
ခပ်အုပ်အုပ်ဆံပင်အစား လှန်တင်ထားသောဆံပင်တွေ။ ခပ်မှိန်မှိန်ဆွယ်တာလေးတွေ တီရှပ်လေးတွေအစား လူကြီးလူကောင်းဆန်ဆန် ဝတ်ဆုံအပြည့်နဲ့သူ့ပုံစံ။ မျက်မှန်လေးထောင့်လေးနဲ့ကောင်လေးတော့ဟုတ်မနေတော့။ မျက်နှာအမည်းရဲ့အောက်က စူးရှတဲ့မျက်လုံးတွေက အရင်ကစာဂျပိုးတက္ကသိုလ်ကျောင်းသားလေးလိုတော့ဟုတ်မနေပြန်ဘူး။
"ဟူး အခုမှပဲဒီမြေက ဒီလေကိုအဝရှူရတော့တယ် အသက်ရှုရချောင်သွားသလိုပဲ"
မျက်မှန်ကိုချွတ်ကာ အကျီမှာချိတ်လိုက်ရင်းစကားဆိုလိုက်သည်။ ဆိုင်းဘုတ်လေးမှာသူ့နာမည်ရေးကာ စောင့်နေသော ဝတ်စုံအပြည့်နဲ့စောင့်နေသောလူဆီ ခြေလှမ်းအပြည့်နဲ့သွားကာ
"အထုတ်တွေက ဟိုမှာသွားယူလိုက်နော် အိမ်အသစ်ဆီသွားကြတာပေါ့"
အိမ်အသစ် အင်းးးး ဟုတ်တယ် အိမ်အသစ်။ အမေတို့နဲ့အတူမရှိနိုင်တဲ့အိမ်အသစ်။ ခုနက လူဟာ သူ့အတွက်အမေထားပေးထားသော လူယုံတော်။ သူ့ကိုကိုရီးယားမှာပဲထားခဲ့ပြီး ဒီကအခြေအနေတွေကိုစောင့်ကြည့်ခိုင်းခဲ့သည်။ အထူးသဖြင့်နတ်သားလေးရဲ့အကြောင်းကိုရောပဲလို့ဆိုရမလား??
သူ ပေးခဲ့တဲ့အဖြေက မချစ်ဘူးလို့ဆိုလိုခဲ့တာမှမဟုတ်ပဲ။ မချစ်နိုင်သေးဘူးဆိုတဲ့အဓိပ္ပါယ်ဘက်ကိုပဲသက်ရောက်ခဲ့တာ။ ဘာလို့မချစ်နိုင်သေးတာလဲ??? အချိန်မတန်လို့မချစ်နိုင်ခဲ့တာ။ ခုရော.... အင်း အရာရာကိုပြည့်ပြည့်စုံစုံနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်နိုင်ပြီမို့ အချိန်တန်ပြီထင်တာပဲ။
ဒါပေမယ့် ကြားလိုက်ရတဲ့သတင်းက လက်တွဲဖို့ ကောင်မလေးရှိနေပြီဆိုပဲ။ ကောင်းလိုက်တာ ဟောဒီကအချစ်ဦးလေးကိုမေ့ပစ်လိုက်တာများလား???
ဘယ်လိုလုပ်မလဲ အရင်စိတ်နဲ့ဆို ပျော်ပါစေလို့လွှတ်ပေးလိုက်မှာနတ်သားလေးရယ်။ ခုတော့ ပိုင်ဆိုင်ဖို့ပြန်လာတာမို့ ပိုင်ဆိုင်ရအောင်လုပ်ပါ့မယ်။ သိမ်းပိုက်မှဖြစ်မှာမို့ သိမ်းပိုက်ရမည်။ ချစ်လိုက်တာ ရပ်ဝေးမှာရောက်နေလို့ ခိုးပြီးတောင်တွေ့လို့မရတဲ့အဖြစ်။ တွေ့ချင်လိုက်တာ ခိုးရိုက်ထားတဲ့ဓာတ်ပုံတွေပို့လာလို့ ကြည့်မိတိုင်း သွားတွေ့ချင်လိုက်တာဆိုပြီး Toilet / ရေချိုးခန်းမကျန် ဝင်ပြီးအံကြိတ်ငိုခဲ့ဖူးတဲ့နေ့တွေရက်တွေ အချိန်တွေလတွေ.......
ကျွန်တော် ဘယ်အချိန်ကစပြီးချစ်မိခဲ့တယ်ဆိုတာတွေမှာအဖြေမရှိဘူး။ ကိုယ့်ကိုတန်ဖိုးထားတဲ့လူတစ်ယောက်ရဲ့ တန်ဖိုးကိုအနားမှာရှိနေတုန်းကမသိခဲ့ဖူး။ သိလည်းမသိချင်ခဲ့တာ....ဒါပေမယ့် ဝေးသွားတော့မှာ ကိုယ့်ပေါ်ဂရုစိုက်ကြင်နာတတ်တဲ့လူရဲ့ တန်ဖိုးကိုသိလာသည်။ ပိုဆိုးတာက နတ်သူငယ်လေးကိုချစ်နေမိပြီပဲ....။
ကံကြမ္မာရယ်ထူးဆန်းလိုက်တာ။ မချစ်နိုင်အောင်ကြိုးစားခြင်းတွေမှာ နှစ်နှစ်ကာကာကိုချစ်မိသွားတော့တာပဲ....
🤎
နယ်ကနေ မြို့ဆီပြန်ရောက်လာသည်။အမြဲတမ်းနယ်တွေကအလုပ်ရုံတွေမှာအချိန်ကုန်နေလို့မှမရတာ။
ဆိုးလ်ကိုပြန်လာ ရုံးချုပ်မှာပြန်လုပ် ချစ်ရသူအမျိုးသမီးလေးနဲ့တွေ့ကာ ချိန်းတွေ့ဖို့လည်းအချိန်ပေးရအုံးမည်။ လူတစ်ယောက်ကိုသဘောကျပြီးဆိုရင် ထိုလူဖို့လည်းအချိန်လေးတွေဖယ်ထားပေးအုံးမှပေါ့။ အလုပ်ကအလုပ် အချစ်ကအချစ်ဆိုပေမယ့်လည်းလေ.....
"ကိုကို ကိုကို့တက်ခဲ့ဖူးတဲ့ တက္ကသိုလ်ဆီသွားကြရအောင် လိုက်ပို့ပါလား"
ကားဘေးခုံမှာ လှလှပပထိုင်နေသူလေးသည် ကားမောင်းနေသူ သူ့ဆီလှည့်ကာပြောလာသည်။ နယ်မှာတွေ့ခဲ့တဲ့နယ်သူလေးအဖြစ်စသိတာမို့ ကျိန်းသေပေါက်သူဟာ ဆိုးလ်တက္ကသိုလ်မှာမတက်ခဲ့ဖူးသော ကောင်မလေး။ လိုက်ပြရမှာပေါ့ မလှပတဲ့အမှတ်တရကို မမြင်ချင်ယောင်မျက်ကွယ်ပြုရင်း....
တက္ကသိုလ်ဝန်းထဲကြွေကျလာသော သစ်ရွက်ခြောက်တွေ။ နံရကဆေးမှိန်တွေပြယ်နေသော အဆောင်တွေသည် အရင်ကအတိုင်း မပြောင်းလဲသွား။ ဝန်းထဲက ကွန်ကရစ်လမ်းသည် သစ်ရွက်ခြောက်တို့ဖုံးအုပ်နေတုန်း။
ထယ်ယောင်း ကိုရီးယားကိုစစရောက်ခြင်း အိမ်ပြီးတော့ တက္ကသိုလ်ဆီလာခဲ့တယ်။ မိုးရွာထဲ့ထီးအတူတူဆောင်းခဲ့တဲ့အမှတ်တရတွေ၊ ထူးထူးဆန်းဆန်း အညိုရောင်လေးလို့ခေါ်ပြီး သိကျွမ်းလာအောင်လာလုပ်ခဲ့တဲ့ နတ်သားလေးရဲ့အပြုအမူတွေ။
ရုပ်ရှင်ဇာတ်ကွက်လိုပြန်ပေါ်လာတော့ သိသိသာသာပြုံးမိသွားသည်။ သဘောကျချင်စရာပဲ အစ်ကိုဟိုဆော့ကအပြုံးချိုချိုနဲ့သဘောကျချင်စရာကောင်းတယ် ပွင့်ပွင့်လင်းလင်းစကားသံတွေကချစ်ဖို့ကောင်းတယ် သဘောကျမှုနဲ့ ချစ်ဖို့ကောင်းမှုတွေကိုရောယှက်လိုက်တော့ကျွန်တော်ချစ်မိသွားတယ်။
ဘာဆိုင်သလဲ...မဆိုင်လည်းဆိုင်လိုက်ပါ အစ်ကိုဟိုဆော့ကိုချစ်မိခြင်းရဲ့အဓိကအကြောင်းပြချက်ကတော့ ဒါလေးပေါ့။ ဘယ်လိုနေနေပေါ့ပေါ့ပါးပါးလေးက ရင်ခွင်ထဲထည့်ထားချင်စရာလေးလေ.....
ခြေလှမ်းတွေဟာ တစ်လှမ်းခြင်းလှမ်းနေရင်း ရှေ့က လက်တွဲ၍သူ့အားကျော်ခိုင်းကာလျှောက်နေသောစုံတွဲအားတွေ့လိုက်သည်။
အမှတ်မမှားဘူးဆို ဒါအစ်ကိုဟိုဆော့ပဲ။ ရင်နင့်သည်းချာလေးကိုမမှတ်မိစရာမှမရှိတာ။
ပြန်တွေ့ကြပါပြီ။ ကျွန်တော်တို့ ဆိုးခြင်းဝေးကွာမှုလေးနဲ့ မပက်သက်ကြတော့တဲ့နောက် အခုက ကောင်းခြင်းတွေ့ဆုံခြင်းလေးဖြစ်ကြမယ်မလား????
Brown_Tae
ဖတ်ရတာအိုခေလား။ ဟိုဟာလေ အညိုရောင်လေးကခုမှအဖြစ်သည်းနေတာမဟုတ်ရပါဘူး။ နားလည်ရဲ့လားတော့မသိဘူး ကိုယ်ရေးတာမရှင်းဘူးဖြစ်သွားတယ် side နှစ်ခုကိုသေချာပြပေးမယ်နော်။ တိုသွားတယ် ခိခိ
Thanks for reading
Amethyst_Jei
Zawgyi
Unicode
🤎
Brown_Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
339K 7K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
954K 88.3K 36
𝘑𝘑𝘒 × 𝘒𝘛𝘏 ᵂᵃʳⁿⁱⁿᵍ⁻ ᴹᵃˡᵉᵖʳᵉᵍⁿᵃⁿᶜʸ [Burmese Language]
353K 64.8K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
31.6K 3.1K 21
Omegaverseဖြစ်ပြီးMarried lifeလေးပါ Start date -2.8.2024 End date -??