The Protagonist is My Ex [Com...

By Mikoshi_Zerk

293K 30.5K 2.8K

"ဇာတ်လိုက်က ငါ့Ex" It's Zsww fanfiction. More

Teaser(intro)
0.1
0.3
0.4
0.5
0.6
0.7
0.8
0.9
1.0
1.1
1.2
1.3
1.4
1.5
1.6
1.7
1.8
1.9
2.0
2.1
2.2
2.3
2.4
2.5
2.6
2.7
2.8
2.9
3.0
3.1
3.2
Final
Heyo

0.2

9.8K 979 12
By Mikoshi_Zerk

Laptop ကြီးကို စိုက်ကြည့်နေတဲ့ ရီပေါ်က မျက်နှာအမူအရာတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲတယ်

"အရမ်းတွေချစ်ပြနေလိုက်တာ ရှောင်ကျန့်က"

ဝမ်ရီပေါ် က တလောကမှ အသစ်ထွက်ထားတဲ့ Historical drama တစ်ကားကို ကြည့်နေခြင်းဖြစ်ပါတယ်။ဇာတ်လိုက်ကတော့ သေချာပေါက် ရှောင်ကျန့်ဆိုတဲ့သူ့ရည်းစားဟောင်းကြီးပါပဲ။
မနေ့ညက ရှောင်ကျန့်အကြောင်းတွေကို တကူးတက ရိုက်ရှာဖြစ်တယ်။ဝေးသွားရတဲ့နှစ်တွေအတွင်းမှာ ရှောင်ကျန့်က ဘယ်အခြေအနေရှိနေလဲဆိုတာ သူသိထားဖို့လိုမယ်ထင်ခဲ့လို့။

ရှာရင်းနဲ့တွေ့မိတာကHS မှာ Trending ဖြစ်နေတဲ့ ရှောင်ကျန့်နဲ့ မင်းသမီးတစ်ယောက်ရဲ့ Dating New တွေ။ပြိးတော့ အမြင်ကတ်ဖို့ကောင်းလောက်အောင် ဗွက်ထနေတဲ့ shipper fan page တွေ။

ဝမ်ရီပေါ် က စိတ်ခံစားချက်တွေမထိန်းချုပ်နိုင်သေးပါဘူး။ရည်းစားဟောင်းရဲ့ Rumor က သူ့ကို ရှာလကာရည်အိုင်ထဲ တွန်းချလိုက်သလိုပင်။
ဒါပေမဲ့ သူလုပ်မိဖို့ရွေးချယ်ခဲ့တာကလည်းရှာလကာရည်ပင်လယ်ကြီးထဲ လက်ပစ်ကူးလိုက်ဖို့။
ဘာစိတ်ကူးပေါက်ပြီး ရှာကြည့်မိမှန်းမသိပေမယ့် ရှောင်ကျန့်နဲ အဲ့ဒီမင်းသမီးရိုက်ထားတဲ့ ဇာတ်ကားကို ရှာကြည့်လိုက်မိတယ်။

အဲ့ဒီဇာတ်ကားကိုကြည့်ပြီး ဝမ်ရီပေါ်ရဲ့ review လေးကလား။ဘယ်လိုပြောရမလဲ..

လက်ခုပ်သုံးချက် တီးပြီး ပြောလိုက်ချင်ပါတယ်။
ရှောင်ကျန့်က အရမ်းတွေသရုပ်ဆောင်ကောင်းလွန်းတယ်ဆိုပြီးတော့။အထူးသဖြင့် Roတဲ့အခန်း တွေမှာပေါ့။မင်းသမီးနဲ့Rumor တွေထွက်လောက်အောင်ထိ ပီပီပြင်ပြင် Ro တတ်ခဲ့တာ။

"ခရမ်းရောင်ဝတ်ရုံရှင်ကလည်း သတ်မယ့်သတ်အသေသတ်လေ ဦးနှောက်မရှိတဲ့ သောက်တုံးပါလား။
ဇာတ်လိုက်မကို သတ်ပါတယ်ဆိုမှ မသေတော့ ဘယ်လိုလုပ်ကြမတုန်း။"

ကြည့်ရင်းကြည့်ရင်းနှင့် ဝမ်ရီပေါ် ရဲ့ မျက်နှာကြီးက မဲမှောင်လာတယ်။နာရီတွေကလည်း တရွေ့ရွေ့ကုန်ဆုံးတယ်။

နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ သေသွားတဲ့ ဗီလိန်ကြီးကလည်း နောက်ဆုံးတော့ ချီးထုပ်ကြီးပါပဲ။
ဗီလိန်ထက်ပိုပြီး ချီးထုပ်ကျတဲ့ချီးထုပ်pro maxက ဇာတ်အိမ်တစ်ခုလုံး ဗရမ်းဗဒါတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ မူရင်း ဝတ္တုရေးသူလို့ သတ်မှတ်လိုက်တယ်။

ပြီးတော့ ဇာတ်လမ်းကြီးက ဟာကွက်တွေလည်းအများကြီးပင်။ဒီလိုမျိုးဟာကြီးကို ဇာတ်လမ်းပြန်ရိုက်ကတည်းကိုက ထုတ်လုပ်သူနဲ့ ဒါရိုက်တာဟာရူးနေကြတာဖြစ်မယ်။ကြည့်နေရင်းနဲ့ ဒေါသတွေ တလိပ်လိပ်ထွက်လာစေတဲ့အထိ ဖန်တီးသူ က အရမ်းတော်လွန်းပါတယ်။

ရှောင်ကျန့်ရင်ခွင်ထဲတိုးဝင်သွားတဲ့ ဇာတ်လိုက်မ။
ထိစပ်တော့မယ့် နှုတ်ခမ်းပါးတွေ။
ချစ်ရည်ရွှန်းနေတဲ့ ရှောင်ကျန့်ရဲ့ အကြည့်တွေ။

"Aish.."

မကြည့်နိုင်တော့ဘူး။သူဆက်မကြည့်ချင်တော့ပါဘူး။
ကြမ်းတမ်းစွာအပိတ်ခံလိုက်ရတဲ့ laptop လေးနဲ့အတူ ဝမ်ရီပေါ် ဆိုတဲ့ ကောင်လေးက ဆူပုတ်ပုတ်လေး။

Tee.te.te.Tee.te.te

စားပွဲတင်နာရီလေးက alarm သံမြည်လာတယ်။
ကြည့်မိတော့ 7 am။မျက်ကွင်းတွေလည်းညိုလို့။
တစ်ညလုံးလည်း မအိပ်ရဘဲ ကြုတ်ထားရတဲ့ မျက်လုံးကြွက်သားတွေလည်း ညောင်းလှပါပြီ။

သူ့အတွက်ဘာအကျိုးရှိလိုက်သလဲ။ဘာအကျိုးမှ မရှိလိုက်ဘူး။ကျက်သရေမရှိတဲ့ ဇာတ်လိုက်မ မျက်နှာကြီး ထိုင်ကြည့်လိုက်ရတာပဲ အဖက်တင်ပါတယ်။

"မနေ့ညက ခဗျားအကြောင်းတွေကို မရှာခဲ့လိုက်သင့်ဘူး ရှောင်ကျန့်ရာ"
.
.
.

ဝမ်ရီပေါ် က ဓါတ်လှေကားထဲမှာ လက်လေးနှစ်ဖက်ကို ပွတ်ချေနေမိတယ်။ရှောင်ကျန့်ရဲ့ လက်ရှိလိပ်စာကို သူ့မားမားဆီက အလကားရလိုက်တာကြောင့် အလွယ်တကူ သွားတွေ့နိုင်ခဲ့ခြင်း။

နှစ်တွေအများကြီး မတွေ့ဘဲနေခဲ့ရတဲ့ ရည်စားဟောင်းကို အိမ်ထောင်ဖက်လောင်းအနေနဲ့ ပြန်တွေ့ရမယ်။
ရင်ထဲက ဗြောင်းဆန်နေတာ အမှန်ဖြစ်ပေမယ့် ရည်းစားဟောင်းရှေ့မှာ သူ့ image ကျလို့မဖြစ်တာကလည်းအမှန်ပင်။

ရွေးချယ်လာတဲ့ ဒီနေ့ရဲ့ outfit လေးက ပေါ့ပေါ့ပါးပါး။သူ့ရည်းစားဟောင်းက ဒီလို ပုံစံမျိုးလေးတွေပဲ သဘောကျတယ်ဆိုတာ ဝမ်ရီပေါ် က မှတ်မိနေသေးပါတယ်။ရွှေဦးနှောက်ကြီးကို စိန်စီပေးထားရမယ်လို့ တေးထားမိတယ်။

"တင်...."

ဓါတ်လှေကားတံခါးက ပွင့်သွားတယ်။တစ်ယောက်တည်း စီးလာတာမို့ ကိုယ့်ကိုကိုယ် လက်သီးစုပ်ရင်း အားတင်းမိတယ်။
ဒီအချိန် တခြားသူတွေနဲ့ မတွေ့ဖို့ပဲဝမ်ရီပေါ်က ဆန္ဒရှိပါတော့တယ်။

"ဝမ်ရီပေါ်.. ..ကျားယို့..!! မင်းလုပ်နိုင်ပါတယ်"

အဆင့်မြင့်အိမ်ရာ ဖြစ်တာကြောင့် လျှောက်လမ်းတစ်လျှောက်က လူရှင်းလွန်းတယ်။
မှတ်ထားတဲ့ လိပ်စာအရှေ့ ခြေစုံရပ်လိုက်တော့ ကိုယ့်နှလုံးခုန်သံကိုယ်ပြန်ကြားရတဲ့အထိပါပဲ။

"ဟူး...."

ဆယ်ခါလောက် အသက်ရှူသွင်းရှူထုတ်လုပ်လိုက်တယ်။လူခေါ် Bell ကို တစ်ချက်နှိပ်ပြီး အတွေးနယ်ချဲ့ရပြန်ပါတယ်။
နှစ်တွေအကြာကြီးကွဲခဲ့တဲ့ ရည်စားဟောင်းကိုပြန်တွေ့ရင် ဘယ်ကနေစကား စသင့်သလဲ။

"အာ.."

သူ့ကြိုးစားမှုတွေက တံခါးပွင့်လာတဲ့အချိန်မှာ အကုန်ပြိုပျက်ကုန်ရတယ်။သူမြင်ဖူးနေတဲ့ မျက်နှာနဲ့ မိန်းကလေးတစ်ဦး။ဘယ်မှာ မြင်ဖူးမိပါလိမ့်ဆိုတာစဥ်းစားမရသေး။

"ရှင်ကဘယ်သူလဲ "

အသံကြားလိုက်ရတဲ့ အချိန် ဝမ်ရီပေါ် က အဖြေရသွားခဲ့တယ်။လက်စသတ်တော့..မနေ့ညက သူ့ မေတ္တာတွေအပြည့်အဝ ရရှိထားတဲ့ အမိ။
သူမက ရှောင်ကျန့် Condo ကို ဘယ်လိုရောက်နေရတာလဲ။Rumor တွေ ထွက်တာလဲ မပြောပါနဲ့တော့။
သူ့ရည်းစားဟောင်းက အနေအထိုင် တကယ် မဆင်ခြင်ဘူး။

ဝမ်ရီပေါ် က နည်းနည်းလောက်တော့ စိတ်ပျက်မိသွားတယ်။သူ့မှာတော့ ရှောင်ကျန်နဲ့ လမ်းခွဲပြီးနောက်ပိုင်း နောက်တစ်ယောက်ဆိုတာတောင်မရှိခဲ့သေးပါဘူး။

"ရှောင်ကျန့်ဆီလာတာ..."

"ကိုက..မင်း တွေ့ချင်တိုင်း တွေ့ရမယ့်သူမဟုတ်ဘူး"

"ဘာရယ်.."

"Lucy ဘယ်သူနဲ့ပြောနေတာလဲ..."

ဒိအသံကြီးက သူ့ရည်းစားဟောင်းရဲ့ အသံကြီးဖြစ်မှန်း ဝမ်ရီပေါ်က ခွေးချီသွားတောင် မှတ်မိနေပါတယ်။
ဟိုမင်းသမီးရဲ့ ခါးသိမ်သိမ်လေးကို နောက်က သိုင်းဖက်နေတဲ့ လူကြီးက ဝန်မခံချင်ပေမယ့် သူ့အချစ်ဦးကြီးဖြစ်နေခဲ့တယ် ။

ကောင်းကျိုးမပေးတဲ့ Ex စုတ် Ex အပျက်က နှာထနေရတာနဲ့တင် သူရှိရာစီ အကြည့်မရောက်နိုင်သေးပါဘူး။ဝမ်ရီပေါ်က ယူကြုံးမရခြင်းများစွာနဲ့ Ex စုတ်ကြီးကို ခပ်စူးစူး ကြည့်နေလိုက်တယ်။
စီးကျသွားတဲ့မျက်ရည်ကတော့ ဘယ်လိုထွက်သွားမှန်း သူတကယ် မသိလိုက်ဘူး။

"မတွေ့ရတာကြာပြီနော်...ကိုကို.."

Ex စုတ်ကြီးက လန့်ဖြန့်ပြီး မော့ကြည့်လာတယ် ။
မျက်ဝန်းတွေထဲမှာ မယုံကြည်နိုင်ခြင်းတွေနဲ့ သူဆီကို အတော်ကြာကြောင်အမ်းကြည့်နေခဲ့ပါတယ်။
ငြိမ်သက်သွားပြီးတော့မှ Ex စုတ်က ကမန်းကတမ်း နဲ့ ဟိုမိန်းမ ခါးပေါ်က လက်တွေကိုပြန်ရုတ်တယ်။

"ရီ...ရီပေါ်...."

"မင်းက သာယာပြီး ဇိမ်ကျနေတာပဲ။ Sorry နော်
ငါက မင်း တစ်ယောက်တည်း ရှိနေမယ်ပဲထင်လို့ လာရှာလိုက်တာပါ"

"ကို...အဲဒီကောင်လေးက ဘယ်သူလဲ"

ဟိုမိန်းကလေးက ရုံးပတီသီး ကတ္တရာစေးထဲနစ်ထားတဲ့ အသံက နားဝင်ဆိုးဆိုး ထွက်လာပြန်တယ်။
ရှောင်ကျန့်ရဲ့ အကြည့်တွေက တော့ သူ့ဆီက မရွေ့သေးပါဘူး။ဝမ်ရီပေါ် က ကြံဖန်ပြီးတော့တောင် ဂုဏ်ဆာချင်သွားတယ်။

ငါ့ရဲ့ ချောမောမှုကြီးမှာ ကျဆုံးလိုက်စမ်းပါ ရည်းစားဟောင်းကြီးရယ်။
သေချာပေါက် ငါက ငါ့ Ex ရဲ့ အချစ်ကိုပြန်ယူမှာမို့ စောင့်ကြည့်နေလိုက်။
.
.
.

ကားစတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ရင်း အရှိန်တင်လိုက်တယ်။ဒေါသတွေက များလွန်းအားကြီးလို့ ဘယ်နားက ထွက်ရမယ်မှန်းတောင် မသိတော့ပါဘူး။
သူ့ဒေါသ တွေ မပေါက်ကွဲခင် ဝမ်ရီပေါ် က ရှောင်ပြေးလာခဲ့တာ အကောင်းဆုံးလို့ထင်တယ်။

အော်ခေါ်ပြီးနောက်ကပြေးလိုက်လာတဲ့ Ex ကြီးကို အမြင်ကတ်လွန်းလို့ မျက်ခြေဖျက်ပြီး ကို ပြန်လာခဲ့လိုက်တယ်။

"Aish..ခံပြင်းလိုက်တာ"

သူ့မှာတော့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း အဲ့ဒီလူကို စိတ်ထဲကရော နှလုံးသားထဲကရော ထုတ်လို့ မရခဲ့ပေမယ့် အဲ့ဒီလူကတော့ သိပ်ကို ပျော်ရွှင်နေတာဟာ
ဖြစ်သင့်လို့လား။
သူ့အပေါ် မှာ ရှောင်ကျန့်က တကယ်ပဲ မချစ်ခဲ့ဘူးလား။
ဝမ်ရီပေါ်က ပဲ တစ်ဖက်သတ်ကြီး ဇွတ်တွေအချစ်ဦး နေခဲ့မိတာလား။
မာနထိခိုက်မိတယ်လို့ ခံစားရတဲ့ရီပေါ်က လမ်းပျောက်ရပါတယ်။

"ဝမ်ရိပေါ်ကို ဒီလို လာကြောလို့မရဘူး ရှောင်ကျန့်..."

ရှောင်ကျန့်က သူ့ကို ပြန်ချစ်ကို ချစ်လာစေရမယ်။
ဟင့်အင်း..။တကယ်လို့ ရှောင်ကျန့်ဟာ သူ့အပေါ် အရင်က ​မချစ်မိခဲ့ရင်တောင် အခု ချစ်ကို ချစ်လာရမယ်။

လမ်းခွဲခဲ့တုန်းက အခြေအနေနဲ့ မတူတော့တာက ဝမ်ရိပေါ်ပဲဖြစ်တယ်။အရင်အချိန်တွေကလို ဘယ်အရာကိုမှ ငဲ့ကွက်စရာမလိုတော့တာကြောင့် အခုချိန်မှာ သူ့နှလုံးသားရဲ့ အဆုံးအဖြတ်ကိုပဲ နာခံ တော့မယ်။

"ကျွီ.!"

ရုတ်တရက်ဗြောင်းဆန်သွားခဲ့တဲ့ အခြေအနေတစ်ရပ်.။ကျယ်ကျယ်လောင်လောင် ထွက်လာတဲ့ ကားဘရိတ်အုပ်သံကြီး..နဲ့အတူ ဝမ်ရီပေါ်က သူ့ကား အရှေ့က ကုန်ကားကြီးကို ဖြတ်ခနဲမြင်လိုက်ရတယ်။
ခေါင်းထဲ ဗလာကျင်းသွားတယ်။မဖြစ်ဘူး။ ဒီလိုဖြစ်လို့မရသေးဘူး။

"ဒုန်း..!"

ကားအချင်းချင်း ပွတ်တိုက်မိသံကြီး။
ဝမ်ရီပေါ်ရဲ့ ကိုယ်က လေထဲ မြောက်တက်သွားသလိုခံစားရတယ်။

"အား.."

နဖူးပေါ်က ပူနွေးနွေးအရည်တွေက မှိတ်လုနီးနီး မျက်ဝန်းဘေးက ဖြတ်စီးသွားတယ်။ပင့်ရှိုက်နေပေမယ့် သူက အသက်ရှု မဝတော့သလိုပဲ။
ဟင့်အင်း.....သူသေလို့ မဖြစ်သေးဘူး။
အချစ်ဦးကြီးကို ချစ်တတ်လာအောင်သင်ပေးရဦးမယ်။
ပေါ့ပါးသွားတဲ့ အသိစိတ်အချို့။
ဝမ်ရိပေါ်ရဲ့ မျက်လုံးတို့က မှေးမှိတ်သွားခဲ့ပြီ။
.
.
.

"အ..."

ခေါင်းတစ်ခုလုံးကို တူအကြီးကြီးနဲ့ ထုနှက်ထားသလို ခံစားမှုမျိုးနဲ့ သူက နိုးထလာခဲ့တယ်။အဲ့ဒါက အရမ်း နာကျင်လွန်းတယ်။
မျက်လုံးတွေကို ဖွင့်ကြည့်ဖို့ကြိုးစားတယ်။
အရာရာက မှောင်မိုက်လွန်းနေတော့ သူဘယ်ရောက်နေတာလဲဆိုတာတောင် မခန့်မှန်းတတ်တော့ပါဘူး။
ကြိုးစားကြည့်နေပေမယ့် အမဲရောင်မြင်ကွင်းကြီးကပဲ ကြီးစိုးထားတယ်။
မဟုတ်မှလွဲရော.. .သူ့မျက်လုံးတွေက..

"မဟုတ်ဘူး"

Accident ဖြစ်ပြီး သူ့မျက်လုံးတွေကန်းသွားခဲ့ပြီလား။ထိုးကျသွားတဲ့ စိတ်တို့နဲ့ အခြေအနေကြီးက ဆိုးရွားလွန်းတာကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့တဲ့အထိပါ။

"ဟာကွာ...."

"သခင်..သခင်...သတိထားပါဦး..။
ရှောင်ကျို....
သခင်သတိရလာပြီ။အရှင့်ကို သွားလျှောက်ချေဦး"

ကိုယ့်ကိုယ်ကို ရိုက်နှက်နေမိတဲ့ သူ့ကို လာဆွဲတဲ့ လူတစ်ယောက် ။အတိအကျအားဖြင့် အသက်ငယ်ငယ် ယောကျ်ာတစ်ယောက်ရဲ့ အသံ။

"သခင် နေသာပါရဲ့လား..."

သခင်ဆိုတာ ဘယ်သူလဲ။သူ့ကို ရည်ညွှန်းတာလား။
အခုက ဘယ်ရောက်နေတာလဲ။
ဘာလို့သူကဘာမှ မမြင်ရတာလဲ။
မေးခွန်းတွေက တန်းစီပြီး ထွက်ကျလာပေမယ့် ဖြေပေးမယ့်သူ မရှိပါဘူး။

"ကျွန်တော် ဘယ်ရောက်နေတာလဲ"

လေသံကို အနိမ့်ဆုံးထားပြီး တိုးလျစွာမေးမိတော့ ပတ်ဝန်းကျင်ကြီးက တိတ်ဆိတ် သွားသလို ရှိတယ်။

"သ...သခင်က...'မု' နန်းဆောင်မှာပါ"

'မု' နန်းဆောင်က ဘာကြီးပါလိမ့်။ကားတိုက်ခံရတဲ့ သူကပဲ ဂေါက်သွားခဲ့တာလား။

"ကျွန်တော့် မျက်လုံးတွေက..."

"သမားတော်ကြီးရဲ့ လျှောက်တင်မှုကြောင့် အရှင်က မြူနှင်းပိုထည်စနဲ့ စည်းနှောင်ခိုင်းထားတာပါ "

"......."

"သခင်က.မေ့မြောနေတာ ကြာပြီဆိုတော့ အလင်းနဲ့ချက်ချင်းကြီး ထိတွေ့ရင် အလင်းသင့်အဆိပ် ပြန်ထ လာမှာစိုးရိမ်လို့ပါ"

"ဒါဆို...ကျွန်တော်က မျက်လုံးကန်း နေတာမဟုတ်ဘူးပေါ့"

"သ...သခင် အရမ်းထူးဆန်းနေတယ် "

"ဗျာ.."

|မင်းကြီး ကြွချီလာပါတယ် ]

သူ့မှာအူကြောင်ကြောင်လေးဖြစ်နေတုန်းခပ်လှမ်းလှမ်းဆီက အသံကျယ်ကျယ်အချို့ကြားလိုက်ရပါတယ်။

"ရီလေး ....ရီလေး.သက်သာရဲ့လား.။ကိုယ်တော့်ဘက်ကိုလှည့်ပါဦး"

ဝမ်ရီပေါ်က ပျာယာခတ်နေတဲ့စွာ ပြုမူသံနဲ့အတူ လက်ကိုစုပ်ကိုင်ခြင်း ခံလိုက်ရတယ်။

ဒီလူက အလာကြီးပဲ။လူကို ဟိုထိ ဒီထိနဲ့။
ဒါထက်သူခေါ်နေတဲ့ 'ရီလေး' ဆိုတာက ဘယ်သူလဲ။ 'မင်းကြီး' တွေရော 'သခင်'တွေရော 'သမားတော်' တွေရော 'အလင်းသင့်အဆိပ်'တွေရော ရှုပ်ယှက်ကို ခက်နေရောပဲ ။သူက အခု ဘယ် ကမ္ဘာကိုရောက်နေတာလဲ မစဥ်းစားတတ်တော့ပါဘူး။


Zg

Laptop ႀကီးကို စိုက္ၾကည့္ေနတဲ့ ရီေပၚက မ်က္ႏွာအမူအရာေတြ တစ္ခုၿပီးတစ္ခု ေျပာင္းလဲတယ္

"အရမ္းေတြခ်စ္ျပေနလိုက္တာ ေရွာင္က်န့္က"

ဝမ္ရီေပၚ က တေလာကမွ အသစ္ထြက္ထားတဲ့ Historical drama တစ္ကားကို ၾကည့္ေနျခင္းျဖစ္ပါတယ္။ဇာတ္လိုက္ကေတာ့ ေသခ်ာေပါက္ ေရွာင္က်န့္ဆိုတဲ့သူ႕ရည္းစားေဟာင္းႀကီးပါပဲ။
မေန႕ညက ေရွာင္က်န့္အေၾကာင္းေတြကို တကူးတက ရိုက္ရွာျဖစ္တယ္။ေဝးသြားရတဲ့ႏွစ္ေတြအတြင္းမွာ ေရွာင္က်န့္က ဘယ္အေျခအေနရွိေနလဲဆိုတာ သူသိထားဖို႔လိုမယ္ထင္ခဲ့လို႔။

ရွာရင္းနဲ႕ေတြ႕မိတာကHS မွာ Trending ျဖစ္ေနတဲ့ ေရွာင္က်န့္နဲ႕ မင္းသမီးတစ္ေယာက္ရဲ႕ Dating New ေတြ။ၿပိးေတာ့ အျမင္ကတ္ဖို႔ေကာင္းေလာက္ေအာင္ ဗြက္ထေနတဲ့ shipper fan page ေတြ။

ဝမ္ရီေပၚ က စိတ္ခံစားခ်က္ေတြမထိန္းခ်ဳပ္နိုင္ေသးပါဘူး။ရည္းစားေဟာင္းရဲ႕ Rumor က သူ႕ကို ရွာလကာရည္အိုင္ထဲ တြန္းခ်လိဳက္သလိုပင္။
ဒါေပမဲ့ သူလုပ္မိဖို႔ေ႐ြးခ်ယ္ခဲ့တာကလည္းရွာလကာရည္ပင္လယ္ႀကီးထဲ လက္ပစ္ကူးလိုက္ဖို႔။
ဘာစိတ္ကူးေပါက္ၿပီး ရွာၾကည့္မိမွန္းမသိေပမယ့္ ေရွာင္က်န့္နဲ အဲ့ဒီမင္းသမီးရိုက္ထားတဲ့ ဇာတ္ကားကို ရွာၾကည့္လိုက္မိတယ္။

အဲ့ဒီဇာတ္ကားကိုၾကည့္ၿပီး ဝမ္ရီေပၚရဲ႕ review ေလးကလား။ဘယ္လိုေျပာရမလဲ..

လက္ခုပ္သုံးခ်က္ တီးၿပီး ေျပာလိုက္ခ်င္ပါတယ္။
ေရွာင္က်န့္က အရမ္းေတြသ႐ုပ္ေဆာင္ေကာင္းလြန္းတယ္ဆိုၿပီးေတာ့။အထူးသျဖင့္ Roတဲ့အခန္း ေတြမွာေပါ့။မင္းသမီးနဲ႕Rumor ေတြထြက္ေလာက္ေအာင္ထိ ပီပီျပင္ျပင္ Ro တတ္ခဲ့တာ။

"ခရမ္းေရာင္ဝတ္႐ုံရွင္ကလည္း သတ္မယ့္သတ္အေသသတ္ေလ ဦးႏွောက္မရွိတဲ့ ေသာက္တုံးပါလား။
ဇာတ္လိုက္မကို သတ္ပါတယ္ဆိုမွ မေသေတာ့ ဘယ္လိုလုပ္ၾကမတုန္း။"

ၾကည့္ရင္းၾကည့္ရင္းႏွင့္ ဝမ္ရီေပၚ ရဲ႕ မ်က္ႏွာႀကီးက မဲေမွာင္လာတယ္။နာရီေတြကလည္း တေ႐ြ႕ေ႐ြ႕ကုန္ဆုံးတယ္။

ေနာက္ဆုံးဇာတ္သိမ္းပိုင္းမွာ ေသသြားတဲ့ ဗီလိန္ႀကီးကလည္း ေနာက္ဆုံးေတာ့ ခ်ီးထုပ္ႀကီးပါပဲ။
ဗီလိန္ထက္ပိုၿပီး ခ်ီးထုပ္က်တဲ့ခ်ီးထုပ္pro maxက ဇာတ္အိမ္တစ္ခုလုံး ဗရမ္းဗဒါေတြျဖစ္ေအာင္ ဖန္တီးခဲ့တဲ့ မူရင္း ဝတၱဳေရးသူလို႔ သတ္မွတ္လိုက္တယ္။

ၿပီးေတာ့ ဇာတ္လမ္းႀကီးက ဟာကြက္ေတြလည္းအမ်ားႀကီးပင္။ဒီလိုမ်ိဳးဟာႀကီးကို ဇာတ္လမ္းျပန္ရိုက္ကတည္းကိုက ထုတ္လုပ္သူနဲ႕ ဒါရိုက္တာဟာ႐ူးေနၾကတာျဖစ္မယ္။ၾကည့္ေနရင္းနဲ႕ ေဒါသေတြ တလိပ္လိပ္ထြက္လာေစတဲ့အထိ ဖန္တီးသူ က အရမ္းေတာ္လြန္းပါတယ္။

ေရွာင္က်န့္ရင္ခြင္ထဲတိုးဝင္သြားတဲ့ ဇာတ္လိုက္မ။
ထိစပ္ေတာ့မယ့္ ႏႈတ္ခမ္းပါးေတြ။
ခ်စ္ရည္႐ႊန္းေနတဲ့ ေရွာင္က်န့္ရဲ႕ အၾကည့္ေတြ။

"Aish.."

မၾကည့္နိုင္ေတာ့ဘူး။သူဆက္မၾကည့္ခ်င္ေတာ့ပါဘူး။
ၾကမ္းတမ္းစြာအပိတ္ခံလိုက္ရတဲ့ laptop ေလးနဲ႕အတူ ဝမ္ရီေပၚ ဆိုတဲ့ ေကာင္ေလးက ဆူပုတ္ပုတ္ေလး။

Tee.te.te.Tee.te.te

စားပြဲတင္နာရီေလးက alarm သံျမည္လာတယ္။
ၾကည့္မိေတာ့ 7 am။မ်က္ကြင္းေတြလည္းညိုလို႔။
တစ္ညလုံးလည္း မအိပ္ရဘဲ ၾကဳတ္ထားရတဲ့ မ်က္လုံးႂကြက္သားေတြလည္း ေညာင္းလွပါၿပီ။

သူ႕အတြက္ဘာအက်ိဳးရွိလိုက္သလဲ။ဘာအက်ိဳးမွ မရွိလိုက္ဘူး။က်က္သေရမရွိတဲ့ ဇာတ္လိုက္မ မ်က္ႏွာႀကီး ထိုင္ၾကည့္လိုက္ရတာပဲ အဖက္တင္ပါတယ္။

"မေန႕ညက ခဗ်ားအေၾကာင္းေတြကို မရွာခဲ့လိုက္သင့္ဘူး ေရွာင္က်န့္ရာ"
.
.
.

ဝမ္ရီေပၚ က ဓါတ္ေလွကားထဲမွာ လက္ေလးႏွစ္ဖက္ကို ပြတ္ေခ်ေနမိတယ္။ေရွာင္က်န့္ရဲ႕ လက္ရွိလိပ္စာကို သူ႕မားမားဆီက အလကားရလိုက္တာေၾကာင့္ အလြယ္တကူ သြားေတြ႕နိုင္ခဲ့ျခင္း။

ႏွစ္ေတြအမ်ားႀကီး မေတြ႕ဘဲေနခဲ့ရတဲ့ ရည္စားေဟာင္းကို အိမ္ေထာင္ဖက္ေလာင္းအေနနဲ႕ ျပန္ေတြ႕ရမယ္။
ရင္ထဲက ေျဗာင္းဆန္ေနတာ အမွန္ျဖစ္ေပမယ့္ ရည္းစားေဟာင္းေရွ႕မွာ သူ႕ image က်လိဳ႕မျဖစ္တာကလည္းအမွန္ပင္။

ေ႐ြးခ်ယ္လာတဲ့ ဒီေန႕ရဲ႕ outfit ေလးက ေပါ့ေပါ့ပါးပါး။သူ႕ရည္းစားေဟာင္းက ဒီလို ပုံစံမ်ိဳးေလးေတြပဲ သေဘာက်တယ္ဆိုတာ ဝမ္ရီေပၚ က မွတ္မိေနေသးပါတယ္။ေ႐ႊဦးႏွောက္ႀကီးကို စိန္စီေပးထားရမယ္လို႔ ေတးထားမိတယ္။

"တင္...."

ဓါတ္ေလွကားတံခါးက ပြင့္သြားတယ္။တစ္ေယာက္တည္း စီးလာတာမို႔ ကိုယ့္ကိုကိုယ္ လက္သီးစုပ္ရင္း အားတင္းမိတယ္။
ဒီအခ်ိန္ တျခားသူေတြနဲ႕ မေတြ႕ဖို႔ပဲဝမ္ရီေပၚက ဆႏၵရွိပါေတာ့တယ္။

"ဝမ္ရီေပၚ.. ..က်ားယို႔..!! မင္းလုပ္နိုင္ပါတယ္"

အဆင့္ျမင့္အိမ္ရာ ျဖစ္တာေၾကာင့္ ေလွ်ာက္လမ္းတစ္ေလွ်ာက္က လူရွင္းလြန္းတယ္။
မွတ္ထားတဲ့ လိပ္စာအေရွ႕ ေျခစုံရပ္လိုက္ေတာ့ ကိုယ့္ႏွလုံးခုန္သံကိုယ္ျပန္ၾကားရတဲ့အထိပါပဲ။

"ဟူး...."

ဆယ္ခါေလာက္ အသက္ရႉသြင္းရႉထုတ္လုပ္လိုက္တယ္။လူေခၚ Bell ကို တစ္ခ်က္ႏွိပ္ၿပီး အေတြးနယ္ခ်ဲ့ရျပန္ပါတယ္။
ႏွစ္ေတြအၾကာႀကီးကြဲခဲ့တဲ့ ရည္စားေဟာင္းကိုျပန္ေတြ႕ရင္ ဘယ္ကေနစကား စသင့္သလဲ။

"အာ.."

သူ႕ႀကိဳးစားမႈေတြက တံခါးပြင့္လာတဲ့အခ်ိန္မွာ အကုန္ၿပိဳပ်က္ကုန္ရတယ္။သူျမင္ဖူးေနတဲ့ မ်က္ႏွာနဲ႕ မိန္းကေလးတစ္ဦး။ဘယ္မွာ ျမင္ဖူးမိပါလိမ့္ဆိုတာစဥ္းစားမရေသး။

"ရွင္ကဘယ္သူလဲ "

အသံၾကားလိုက္ရတဲ့ အခ်ိန္ ဝမ္ရီေပၚ က အေျဖရသြားခဲ့တယ္။လက္စသတ္ေတာ့..မေန႕ညက သူ႕ ေမတၱာေတြအျပည့္အဝ ရရွိထားတဲ့ အမိ။
သူမက ေရွာင္က်န့္ Condo ကို ဘယ္လိုေရာက္ေနရတာလဲ။Rumor ေတြ ထြက္တာလဲ မေျပာပါနဲ႕ေတာ့။
သူ႕ရည္းစားေဟာင္းက အေနအထိုင္ တကယ္ မဆင္ျခင္ဘူး။

ဝမ္ရီေပၚ က နည္းနည္းေလာက္ေတာ့ စိတ္ပ်က္မိသြားတယ္။သူ႕မွာေတာ့ ေရွာင္က်န္နဲ႕ လမ္းခြဲၿပီးေနာက္ပိုင္း ေနာက္တစ္ေယာက္ဆိုတာေတာင္မရွိခဲ့ေသးပါဘူး။

"ေရွာင္က်န့္ဆီလာတာ..."

"ကိုက..မင္း ေတြ႕ခ်င္တိုင္း ေတြ႕ရမယ့္သူမဟုတ္ဘူး"

"ဘာရယ္.."

"Lucy ဘယ္သူနဲ႕ေျပာေနတာလဲ..."

ဒိအသံႀကီးက သူ႕ရည္းစားေဟာင္းရဲ႕ အသံႀကီးျဖစ္မွန္း ဝမ္ရီေပၚက ေခြးခ်ီသြားေတာင္ မွတ္မိေနပါတယ္။
ဟိုမင္းသမီးရဲ႕ ခါးသိမ္သိမ္ေလးကို ေနာက္က သိုင္းဖက္ေနတဲ့ လူႀကီးက ဝန္မခံခ်င္ေပမယ့္ သူ႕အခ်စ္ဦးႀကီးျဖစ္ေနခဲ့တယ္ ။

ေကာင္းက်ိဳးမေပးတဲ့ Ex စုတ္ Ex အပ်က္က ႏွာထေနရတာနဲ႕တင္ သူရွိရာစီ အၾကည့္မေရာက္နိုင္ေသးပါဘူး။ဝမ္ရီေပၚက ယူႀကဳံးမရျခင္းမ်ားစြာနဲ႕ Ex စုတ္ႀကီးကို ခပ္စူးစူး ၾကည့္ေနလိုက္တယ္။
စီးက်သြားတဲ့မ်က္ရည္ကေတာ့ ဘယ္လိုထြက္သြားမွန္း သူတကယ္ မသိလိုက္ဘူး။

"မေတြ႕ရတာၾကာၿပီေနာ္...ကိုကို.."

Ex စုတ္ႀကီးက လန့္ျဖန့္ၿပီး ေမာ့ၾကည့္လာတယ္ ။
မ်က္ဝန္းေတြထဲမွာ မယုံၾကည္နိုင္ျခင္းေတြနဲ႕ သူဆီကို အေတာ္ၾကာေၾကာင္အမ္းၾကည့္ေနခဲ့ပါတယ္။
ၿငိမ္သက္သြားၿပီးေတာ့မွ Ex စုတ္က ကမန္းကတမ္း နဲ႕ ဟိုမိန္းမ ခါးေပၚက လက္ေတြကိုျပန္႐ုတ္တယ္။

"ရီ...ရီေပၚ...."

"မင္းက သာယာၿပီး ဇိမ္က်ေနတာပဲ။ Sorry ေနာ္
ငါက မင္း တစ္ေယာက္တည္း ရွိေနမယ္ပဲထင္လို႔ လာရွာလိုက္တာပါ"

"ကို...အဲဒီေကာင္ေလးက ဘယ္သူလဲ"

ဟိုမိန္းကေလးက ႐ုံးပတီသီး ကတၱရာေစးထဲနစ္ထားတဲ့ အသံက နားဝင္ဆိုးဆိုး ထြက္လာျပန္တယ္။
ေရွာင္က်န့္ရဲ႕ အၾကည့္ေတြက ေတာ့ သူ႕ဆီက မေ႐ြ႕ေသးပါဘူး။ဝမ္ရီေပၚ က ႀကံဖန္ၿပီးေတာ့ေတာင္ ဂုဏ္ဆာခ်င္သြားတယ္။

ငါ့ရဲ႕ ေခ်ာေမာမႈႀကီးမွာ က်ဆဳံးလိုက္စမ္းပါ ရည္းစားေဟာင္းႀကီးရယ္။
ေသခ်ာေပါက္ ငါက ငါ့ Ex ရဲ႕ အခ်စ္ကိုျပန္ယူမွာမို႔ ေစာင့္ၾကည့္ေနလိုက္။
.
.
.

ကားစတီယာတိုင္ကို တင္းတင္းဆုပ္ကိုင္ရင္း အရွိန္တင္လိုက္တယ္။ေဒါသေတြက မ်ားလြန္းအားႀကီးလို႔ ဘယ္နားက ထြက္ရမယ္မွန္းေတာင္ မသိေတာ့ပါဘူး။
သူ႕ေဒါသ ေတြ မေပါက္ကြဲခင္ ဝမ္ရီေပၚ က ေရွာင္ေျပးလာခဲ့တာ အေကာင္းဆုံးလို႔ထင္တယ္။

ေအာ္ေခၚၿပီးေနာက္ကေျပးလိုက္လာတဲ့ Ex ႀကီးကို အျမင္ကတ္လြန္းလို႔ မ်က္ေျခဖ်က္ၿပီး ကို ျပန္လာခဲ့လိုက္တယ္။

"Aish..ခံျပင္းလိုက္တာ"

သူ႕မွာေတာ့ လမ္းခြဲခဲ့ၿပီးေနာက္ပိုင္း အဲ့ဒီလူကို စိတ္ထဲကေရာ ႏွလုံးသားထဲကေရာ ထုတ္လို႔ မရခဲ့ေပမယ့္ အဲ့ဒီလူကေတာ့ သိပ္ကို ေပ်ာ္႐ႊင္ေနတာဟာ
ျဖစ္သင့္လို႔လား။
သူ႕အေပၚ မွာ ေရွာင္က်န့္က တကယ္ပဲ မခ်စ္ခဲ့ဘူးလား။
ဝမ္ရီေပၚက ပဲ တစ္ဖက္သတ္ႀကီး ဇြတ္ေတြအခ်စ္ဦး ေနခဲ့မိတာလား။
မာနထိခိုက္မိတယ္လို႔ ခံစားရတဲ့ရီေပၚက လမ္းေပ်ာက္ရပါတယ္။

"ဝမ္ရိေပၚကို ဒီလို လာေၾကာလို႔မရဘူး ေရွာင္က်န့္..."

ေရွာင္က်န့္က သူ႕ကို ျပန္ခ်စ္ကို ခ်စ္လာေစရမယ္။
ဟင့္အင္း..။တကယ္လို႔ ေရွာင္က်န့္ဟာ သူ႕အေပၚ အရင္က မခ်စ္မိခဲ့ရင္ေတာင္ အခု ခ်စ္ကို ခ်စ္လာရမယ္။

လမ္းခြဲခဲ့တုန္းက အေျခအေနနဲ႕ မတူေတာ့တာက ဝမ္ရိေပၚပဲျဖစ္တယ္။အရင္အခ်ိန္ေတြကလို ဘယ္အရာကိုမွ ငဲ့ကြက္စရာမလိုေတာ့တာေၾကာင့္ အခုခ်ိန္မွာ သူ႕ႏွလုံးသားရဲ႕ အဆုံးအျဖတ္ကိုပဲ နာခံ ေတာ့မယ္။

"ကြၽီ.!"

႐ုတ္တရက္ေျဗာင္းဆန္သြားခဲ့တဲ့ အေျခအေနတစ္ရပ္.။က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာတဲ့ ကားဘရိတ္အုပ္သံႀကီး..နဲ႕အတူ ဝမ္ရီေပၚက သူ႕ကား အေရွ႕က ကုန္ကားႀကီးကို ျဖတ္ခနဲျမင္လိုက္ရတယ္။
ေခါင္းထဲ ဗလာက်င္းသြားတယ္။မျဖစ္ဘူး။ ဒီလိုျဖစ္လို႔မရေသးဘူး။

"ဒုန္း..!"

ကားအခ်င္းခ်င္း ပြတ္တိုက္မိသံႀကီး။
ဝမ္ရီေပၚရဲ႕ ကိုယ္က ေလထဲ ေျမာက္တက္သြားသလိုခံစားရတယ္။

"အား.."

နဖူးေပၚက ပူႏြေးႏြေးအရည္ေတြက မွိတ္လုနီးနီး မ်က္ဝန္းေဘးက ျဖတ္စီးသြားတယ္။ပင့္ရွိုက္ေနေပမယ့္ သူက အသက္ရႈ မဝေတာ့သလိုပဲ။
ဟင့္အင္း.....သူေသလို႔ မျဖစ္ေသးဘူး။
အခ်စ္ဦးႀကီးကို ခ်စ္တတ္လာေအာင္သင္ေပးရဦးမယ္။
ေပါ့ပါးသြားတဲ့ အသိစိတ္အခ်ိဳ႕။
ဝမ္ရိေပၚရဲ႕ မ်က္လုံးတို႔က ေမွးမွိတ္သြားခဲ့ၿပီ။
.
.
.

"အ..."

ေခါင္းတစ္ခုလုံးကို တူအႀကီးႀကီးနဲ႕ ထုႏွက္ထားသလို ခံစားမႈမ်ိဳးနဲ႕ သူက နိုးထလာခဲ့တယ္။အဲ့ဒါက အရမ္း နာက်င္လြန္းတယ္။
မ်က္လုံးေတြကို ဖြင့္ၾကည့္ဖို႔ႀကိဳးစားတယ္။
အရာရာက ေမွာင္မိုက္လြန္းေနေတာ့ သူဘယ္ေရာက္ေနတာလဲဆိုတာေတာင္ မခန့္မွန္းတတ္ေတာ့ပါဘူး။
ႀကိဳးစားၾကည့္ေနေပမယ့္ အမဲေရာင္ျမင္ကြင္းႀကီးကပဲ ႀကီးစိုးထားတယ္။
မဟုတ္မွလြဲေရာ.. .သူ႕မ်က္လုံးေတြက..

"မဟုတ္ဘူး"

Accident ျဖစ္ၿပီး သူ႕မ်က္လုံးေတြကန္းသြားခဲ့ၿပီလား။ထိုးက်သြားတဲ့ စိတ္တို႔နဲ႕ အေျခအေနႀကီးက ဆိုး႐ြားလြန္းတာေၾကာင့္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေတာ့တဲ့အထိပါ။

"ဟာကြာ...."

"သခင္..သခင္...သတိထားပါဦး..။
ေရွာင္က်ိဳ....
သခင္သတိရလာၿပီ။အရွင့္ကို သြားေလွ်ာက္ေခ်ဦး"

ကိုယ့္ကိုယ္ကို ရိုက္ႏွက္ေနမိတဲ့ သူ႕ကို လာဆြဲတဲ့ လူတစ္ေယာက္ ။အတိအက်အားျဖင့္ အသက္ငယ္ငယ္ ေယာက်္ာတစ္ေယာက္ရဲ႕ အသံ။

"သခင္ ေနသာပါရဲ႕လား..."

သခင္ဆိုတာ ဘယ္သူလဲ။သူ႕ကို ရည္ၫႊန္းတာလား။
အခုက ဘယ္ေရာက္ေနတာလဲ။
ဘာလို႔သူကဘာမွ မျမင္ရတာလဲ။
ေမးခြန္းေတြက တန္းစီၿပီး ထြက္က်လာေပမယ့္ ေျဖေပးမယ့္သူ မရွိပါဘူး။

"ကြၽန္ေတာ္ ဘယ္ေရာက္ေနတာလဲ"

ေလသံကို အနိမ့္ဆုံးထားၿပီး တိုးလ်စြာေမးမိေတာ့ ပတ္ဝန္းက်င္ႀကီးက တိတ္ဆိတ္ သြားသလို ရွိတယ္။

"သ...သခင္က...'မု' နန္းေဆာင္မွာပါ"

'မု' နန္းေဆာင္က ဘာႀကီးပါလိမ့္။ကားတိုက္ခံရတဲ့ သူကပဲ ေဂါက္သြားခဲ့တာလား။

"ကြၽန္ေတာ့္ မ်က္လုံးေတြက..."

"သမားေတာ္ႀကီးရဲ႕ ေလွ်ာက္တင္မႈေၾကာင့္ အရွင္က ျမဴႏွင္းပိုထည္စနဲ႕ စည္းႏွောင္ခိုင္းထားတာပါ "

"......."

"သခင္က.ေမ့ေျမာေနတာ ၾကာၿပီဆိုေတာ့ အလင္းနဲ႕ခ်က္ခ်င္းႀကီး ထိေတြ႕ရင္ အလင္းသင့္အဆိပ္ ျပန္ထ လာမွာစိုးရိမ္လို႔ပါ"

"ဒါဆို...ကြၽန္ေတာ္က မ်က္လုံးကန္း ေနတာမဟုတ္ဘူးေပါ့"

"သ...သခင္ အရမ္းထူးဆန္းေနတယ္ "

"ဗ်ာ.."

|မင္းႀကီး ႂကြခ်ီလာပါတယ္ ]

သူ႕မွာအူေၾကာင္ေၾကာင္ေလးျဖစ္ေနတုန္းခပ္လွမ္းလွမ္းဆီက အသံက်ယ္က်ယ္အခ်ိဳ႕ၾကားလိုက္ရပါတယ္။

"ရီေလး ....ရီေလး.သက္သာရဲ႕လား.။ကိုယ္ေတာ့္ဘက္ကိုလွည့္ပါဦး"

ဝမ္ရီေပၚက ပ်ာယာခတ္ေနတဲ့စြာ ျပဳမူသံနဲ႕အတူ လက္ကိုစုပ္ကိုင္ျခင္း ခံလိုက္ရတယ္။

ဒီလူက အလာႀကီးပဲ။လူကို ဟိုထိ ဒီထိနဲ႕။
ဒါထက္သူေခၚေနတဲ့ 'ရီေလး' ဆိုတာက ဘယ္သူလဲ။ 'မင္းႀကီး' ေတြေရာ 'သခင္'ေတြေရာ 'သမားေတာ္' ေတြေရာ 'အလင္းသင့္အဆိပ္'ေတြေရာ ရႈပ္ယွက္ကို ခက္ေနေရာပဲ ။သူက အခု ဘယ္ ကမၻာကိုေရာက္ေနတာလဲ မစဥ္းစားတတ္ေတာ့ပါဘူး။

Continue Reading

You'll Also Like

16K 482 12
နန်းတွင်း fic ပါ..စိတ်ကူးယဥ်သက်သက်ပါ။(Zawgyi @ uni) Os..များစုစည်းပြီးတော့ တင်ပေးသွားမှာပါ။ နန်းတွင်း only ပါ။
492K 40.4K 61
Top1တစ္ေက်ာင္းလုံးရဲ႕Top1 ပညာေရး အားကစား ေဖ်ာ္ေျဖေရး ေနာက္ဆုံး အလွဆုံးရုပ္ရည္ကိုပါ ပိုင္ဆိုင္ထားသည့္ ခ်င္ေခ်ာင္အာေလး မနာလိုမႈတစ္ခုက ျဖစ္သြားခဲ့တဲ့...
539K 47K 50
အရမ်းလည်းကြိုက်ပီးအရမ်းလည်းအားမရဖြစ်ခဲ့တဲ့ ficထဲကဇာတ်ကောင်လေးရဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြင်ဆင်ခွင့်ရမယ်လို့တကယ်မထင်ထားဘူး
68.5K 6.7K 26
နာကျင်မှု အပိုင်းအစတွေဟာ ပျော်ရွှင်မှုတွေကနေ စတင်ပြီး ပျော်ရွှင်မှုတွေကလည်း နာကျင်မှု အပိုင်းအစတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်နေပြန်တယ်။