Love of an idoit အရူးတစ်ယောက...

By Bai_lianhua

636K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း ၃၅

7.6K 560 60
By Bai_lianhua

Unicode

နေ့ရက်တွေ အချိန်တွေ ရွေ့လျား ကုန်ဆုံးလာခဲ့သည်က အရင်အချိန်တွေကကဲ့သို့ ပုံမှန်နှုန်းတိုင်းပင်။ သို့သော်လည်း တစ်စုံတစ်ယောက်အတွက်တော့ အချိန်၏ တိုက်စားမှုက ထင်မှတ်မထားလောက်အောင်နှေးကွေးလွန်းလှသည်။
အချို့လူများအတွက်တော့ အချိန်သုံးနှစ်တာ ကုန်ဆုံးသွားခြင်းက ခဏတာ မျက်စိတမှိတ် မျှဟုသာ ထင်မြင်ကြလောက်သော်လည်း ရှောင်ဟန်အတွက်က ထိုသို့ ဟုတ်မနေခဲ့ပါချေ။

ယခုတွင်မူ ရှောင်ဟန်တွင်် အရင်ကလို နွေးထွေးဖော်ရွေတတ်သည့် အစ်ကို တစ်ယောက်ပုံစံမျိုး တင်ကျန်မနေပါတော့ချေ။ ရှောင်ဟန်၏ နွေးထွေးဖော်ရွေမူ့သည်ကား ခပ်ရေးရေးမျှသာ ကျန်ရှိပေတော့သည်။
ရှောင်ဟန်သည် အချိန်၏ တိုက်စားမှု အလှည့်အပြောင်းများကြောင့် အေးစက်စက်နိုင်လာပြီး စကားနည်းသည့် လူတစ်ယောက်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ရချေပြီ။

ယခုတွင်တော့ ရှောင်ဟန်သည် သူ့ရဲ့နွေးထွေးဖော်ရွေတတ်မှုကို လုံးဝထုတ်ဖော်မပြတော့ဘဲ အေးစက်လှသည့် အလွှာထူကြီးတစ်ခုဖြင့် လွှမ်းခြုံထားလေသည်။

ရှောင်ဟန် ယခုလို အေးစက်သွားရခြင်း၏ အဓိက တရားခံမှာ ကျိုးယွဲ့မူတို့ သားအမိကြောင့်သာ...။
ထို သားအမိနှစ်ယောက်၏ နေ့စဉ် သွေးထိုး လှုံ့ဆော် နားသွင်းမှုများကြောင့် ရှောင်ဟန်၏ ပုံစံအလုံးစုံ သည် အခြားတစ်ယောက်ကဲ့သို့ တဖြည်းဖြည်း မသိမသာ ပြောင်းလဲသွားခဲ့ရချေပြီ။

ရှောင်ဟန်က ထိုသားအမိ၏ နားသွင်းမှု့များကို အစ ကနဉီးက မသိကျိုးကြွင်ပြုခဲ့ပါသော်လည်း ကြားပါများလာတော့ နားယောင်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
နောက်ပြီး ကျိုးယွင်ကိုယ်၌ကလည်း သူ့ဆီကို ဖုန်းအဝင်ကော လုံးဝ မလုပ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။
ထိုအတွက်ကြောင့်လည်း ရှောင်ဟန်သည်က
ကျိုးယွဲ့မူတို့၏ ယုံတမ်းစကားများကို အမှန်တရားတစ်ခု အဖြစ် တစ်နေ့တခြား ပိုပိုပြီး အဟုတ်မှတ်သွားလေရတာဖြစ်သည်။

ထိုကဲ့သို့ တမဟုတ်ခြင်းပြောင်းလဲသွားရသည့် အခြေအနေအလှည့်အပြောင်းများကြောင့်ပင် ရှောင်ဟန်သည်လည်း သူ၏ ကနဉီးက ပြုလုပ်ချင်နေပါသည့် အစီအစဉ်ဖြစ်သည့် COFFEE ဆိုင်ဖွင့်ရန်ကိစ္စကို ကျောင်းပြီးပြီးချင်းမှာပဲ အမြန်ဆုံးအကောင်အထည်ဖော်လိုက်နိုင်တော့တာဖြစ်သည်။

သူက ကျိုးယွင်ကို ပြုစုစောင့်ရှောက်ပေးဖို့ ကျိုးအိမ်တော်ကြီးကို ရောက်ရှိလာခဲ့တာလို့ပဲ သူ့ကိုယ်သူ
သတ်မှတ်လိုက်လေတော့သည်။

ရှောင်ဟန်က ကျိုးယွင်ထွက်ခွာသွားသည့် အချိန်တစ်နှစ်ကျော်အတွင်းမှာပဲ ကျိုးဟန်ဆီမှ ခွင့်ပြုချက်ကို အတင်းဇွက်ရော တောင်းဆိုလိုက်လေပြီး သူဖွင့်ထားတဲ့ COFFEE ဆိုင်နဲ့ သိပ်မဝေးလှသည့် နေရာ၌ပင် တိုက်ခန်းငှားကာ နေထိုင်ခဲ့လေသည်။

ရှောင်ဟန်သည် ပြင်ပတွင်သာ သီးသန့်တိုက်ခန်းငှားကာ နေထိုင်ခဲ့သော်လည်း တစ်ပတ်တွင် တစ်ကြိမ် ပုံမှန်နှုန်းဖြင့် ကျိုးအိမ်တော်ကိုတော့ လာရောက်နေမြဲပင်။

ကျိုးဟန်ကလည်း ရှောင်ဟန် လက်ရှိငှားကာနေထိုင်သည့် တိုက်ခန်းကို ပြန်လည်ဝယ်ယူလိုက်လေကာ ရှောင်ဟန်မငြင်းဆန်စေရန် အတွက်လက်ဆောင်သဘောမျိုးဖြင့် ပေးလာခဲ့သည်။
ရှောင်ဟန် သီးသန့်နေထိုင်ခြင်း၏ ဒုတိယနှစ်တွင်လည်း လက်ဆောင်သဘောမျိုးဖြင့် ကားအသစ်တစ်စီးကို ထပ်မံ၍ပင် ဝယ်ပေးလာခဲ့သည်။

ယခုတွင်တော့ သူ၏တစ်ကိုယ်တည်းသီးသန့် နေထိုင်ကာ ဖြတ်သန်းမှု့သည်ကား သုံးနှစ်ပင် ပြည့်ချေပြီ။

--------

ရှောင်ဟန်သည် ကျိုးအိမ်တော်ကို အလည်သွားရန်အတွက် မနက်စောစောကပင် အားလုံးပြင်ဆင်ပြီးစီးသွားသည့် အတွက် ကားမောင်း၍ထွက်လာခဲ့လိုက်သည်။
ယနေ့တွင် သူ့အတွက် ဆိုင်ပိတ်ရက်လည်းဖြစ်သလို မွေးစားအဖေတို့နဲ့ တွေ့ဆုံရမည့် နေ့ရက်လည်းဖြစ်သည်။
ရှောင်ဟန်က ကျိုးယွင်သူ့ကို အဆက်အသွယ်လုံးဝမလုပ်သည့် ကိစ္စရပ်ကြောင့် ကျိုးအိမ်တော်ကလူတွေနဲ့ အနေဝေးစိမ်းသက်သွားတာမျိုးဖြစ်လာမှာမဟုတ်ပေ။
သို့ပေမဲ့ ရှောင်ဟန်သည် မည်သူ့ကိုမဆို အရင်ချိန်များကကဲ့သို့တော့ နွေးထွေးဖော်ရွေမှု မရှိတော့တာ
ကလည်း အမှန်တကယ်ပင်။ ရှောင်ဟန်ပြုံးရယ်ပြလာပါသည့် အခါများတွင်တောင်မှ အရင်ကလောက် အသက်မပါတော့...။

ရှောင်ဟန် ကျိုးအိမ်တော်ထဲကို ဝင်လာခဲ့တော့ သွက်လက်ချက်ချာလှသည့် ကောင်မလေးတစ်ယောက်က ရှောင်ဟန်ထံသို့ ပြေးထွက်လာကာ အပြုံးမျက်နှာလေးဖြင့် ဆီးကြိုလာသည်။

ရှောင်ဟန်က ထိုကောင်မလေးကို အသက်မပါသည့် အပြုံးယဲ့ယဲ့လေးဖြင့် ပြန်လည်ပြုံးပြလိုက်ကာ အသိမှတ်ပြုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲက လက်ဆောင်အိတ်ကို ပေးလိုက်လေသည်။

ထိုကောင်မလေးက ရှောင်ဟန် ​ပေးလာသည့်
လက်ဆောင်အိတ်အတွင်းကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတချက်ဆူကာ ပြောလာခဲ့သည်။

"ရှောင်ကောကော...ဒီလက်ဆောင်ကြီးက ဘာလို့
အမျိုးသားသုံးရေမွှေးကြီးဖြစ်နေရတာလဲ...ဒါက
ညီမ အတွက် ဝယ်လာခဲ့တာ မဟုတ်ဘူးလား..."

ရှောင်ဟန်က ထိုကောင်မလေးကို
မနိုင်သည့် အကြည့်ဖြင့်ကြည့်ပြီး ခေါင်းတချက်ခါကာ

"မေယွီ... ဒါ ညီမလေးအတွက်မဟုတ်ဘူး...အဖေ့အတွက် ဝယ်လာခဲ့တာ...မေယွီက အစ်ကို့ကို
ထွက်ကြိုတော့ လက်ဆောင်ထည့်ထားတဲ့အိတ်ကို ဧည့်ကြိုအဖြစ် ကိုင်ခိုင်းလိုက်တဲ့ သဘောပါ...တောင်းပန်ပါတယ်...မေယွီကို နားလည်မူ့ လွဲသွားရစေပြီ..."

ကောင်မလေးက ရှောင်ဟန်ပြန်ဖြေကြားလာခဲ့သည့် စကားကြောင့် မျက်နှာတစ်ချက်ပျက်သွားရသော်လည်း ချက်ချင်းပင် ပြုံးရယ်လာခဲ့ပြီး လက်ဆောင်အိတ်ကိုရှောင်ဟန်ကို ပြန်ပေးလာပြီး
ပြောလာခဲ့သည်။

"အာ...ရပါတယ် ကိစ္စမရှိပါဘူး...ရှောင်ကောကောရဲ့...ညီမက အစ်ကို့ကို ဟိုတစ်ခေါက်တုန်းက အစ်ကိုဝယ်ပေးတဲ့လက်ဆောင်လေးရချင်တယ်လို့ပြောထားတာကို အစ်ကိုက အမှတ်ရသွားလို့ ...ဒီတစ်ခေါက်ဝယ်လာခဲ့တာထင်လိုက်မိလို့ပါ..."

ရှောင်ဟန်က မေယွီ ဘယ်အချိန်ကတောင်းဆိုထားတာလည်းဆိုတာကို လုံးဝ မမှတ်မိတော့ပေမဲ့ မမှတ်မိတော့ဘူးလို့လည်း ပြောလိုက်လို့ မသင့်တော်
သည့်အတွက်ကြောင့် အင်တင်တင်နဲ့သာ ပြန်ဆိုလိုက်ရသည်။

"အင်...ညီမအတွက်ကို အစ်ကို နောက်တစ်ခေါက်လာမှ ဝယ်လာခဲ့ပေးပါ့မယ်...ပြီးတော့ အခုလို အိမ်တော်ကို ရောက်နေမယ်လို့ ထင်မထားလိုက်တဲ့ အတွက်ကြောင့် မဝယ်ခဲ့မိတာလဲပါပါတယ် နောက်တစ်ခါ လာခါကျရင် သေချာပေါက်ဝယ်လာခဲ့ပေးမယ် ဟုတ်ပြီလား..."

ရှောင်ဟန်ရဲ့ သေချာပေါက် ဝယ်လာပေးပါ့မယ်
ဆိုသည့် စကားအမူ့ကြောင့် မေယွီက ပျော်ရွှင်သွားရသည့်ဟန်ဖြင့် ရှောင်ဟန်လက်မောင်းကို ဖက်တွယ်လာခဲ့သည်။ သူမ ဖက်တွယ်လိုက်သည့် အချိန်က သိပ်ပင် မကြာမြင့်လိုက်ပါချေ။

ရှောင်ဟန်က ဖက်တွယ်လာခဲ့ပါသည့်
မေယွီ၏ဆေးဆိုးပန်းရိုက် လက်ချောင်းသွယ်သွယ်များကို ချက်ချင်းလက်ငင်းပဲ တစ်ဖက်လက်နဲ့ ဖယ်ခွာလိုက်လေသည်။

ရှောင်ဟန်သည် မေယွီက အပျော်လွန်သွားပြီး မသိလိုက်ဘာသာဖြင့် သူ့ကို လာကိုင်တာဖြစ်လောက်တယ်လို့ ယူဆလိုက်ပြီး မကြိုက်သည့်အမူအရာမပြသတော့ဘဲ မွေးစားအဖေနဲ့ တွေ့ဆုံရန်အတွက်သာ အရှေ့မှ အရင်ဉီးဆုံး ခပ်မြန်မြန်လျောက်လာခဲ့လိုက်တော့သည်။

အနောက်တွင်ရပ်ကျန်ခဲ့သည့် မေယွီက ကျေနပ်သည့် အပြုံးတစ်ပွင့် ပြုံးလိုက်လေတော့သည်။ တကယ်တော့ သူမက အပျော်လွန်သွားလို့ ကိုင်လိုက်မိတဲ့ ပုံစံကို တမင်လုပ်ယူလိုက်တာဖြစ်သည်။

မေယွီသည် ရှောင်ဟန်ကို ပထမဆုံးအကြိမ်စတင်ကိုင်တွယ်လိုက်ရ၍ ပျော်ရွှင်မဆုံးဖြစ်နေလေတော့သည်။

ရှောင်ကောကောကို ဖက်တွယ်လိုက်ရတဲ့ ကြာချိန်က
စက္ကန့်ပိုင်းလောက်သာ ရှိနေပေမဲ့လည်း သူမအရမ်းကို ကျေနပ်နေပျော်ရွှင်နေမိသည်။
ရှောင်ကောကောက အရင်ကတည်းက သူ့ကိုတစ်ဉီးတစ်ယောက်မှ ထိတာကို ခံချင်သည့် သူတစ်ယောက်မဟုတ်တာကို သူမ ကြားသိထားသည့် အတွက်ကြောင့် ယခုလို အမှတ်မထင်ဖြစ်သွားသည့် ပုံစံကိုသာ လုပ်ယူလိုက်ရတာဖြစ်သည်။
အခုလည်း ရှောင်ကောကောက သူမ အပြုအမူကိုမကြိုက်ကြောင်း ဘာမှ မပြောသွားသည့်အတွက်ကြောင့် ဒီထက် ထပ်မံပြီးရှေ့တိုးခရီးဆက်ရန် သူမစိတ်ပိုင်းဖြတ်လိုက်မိသည်။

မေယွီသည် ရှောင်ဟန်သွားရာနောက်ကို ဆက်မလိုက်တော့ဘဲ အဒေါ်ဖြစ်သူ ကျိုးယွဲ့မူ အခန်းရှိရာသို့သာ ရှောင်ဟန်ရောက်ပြီဖြစ်ကြောင်းပြောရန် ခြေလှမ်းဉီးတည်ချက်ကို ပြောင်းလှမ်းလိုက်တော့သည်။

---------------

ရှောင်ဟန် မွေးစားအဖေရဲ့အိပ်ခန်းတံခါးကို ခေါက်လိုက်တော့ မွေးစားအဖေထံမှ ဝင်ခွင့်ပြုသည့် အသံ
ခပ်သည်းသည်း ထွက်ဟလာခဲ့သည်။

သူလည်း ခွင့်ပြုချက်ရသည်နှင့် အခန်းထဲကို ဝင်လာခဲ့လိုက်သည်။
သူ အခန်းထဲကို ရောက်တော့ မွေးစားအဖေက ဖတ်လက်စ စာရွက်စာတန်းများကို ပိတ်သိမ်းလိုက်ပြီး စားပွဲပေါ်ကို တင်လိုက်ရင်းပင် သူ့ဆီကို အပြုံးတစ်ပွင့်စွန့်ကြဲလာခဲ့သည်။

ရှောင်ဟန်က မွေးစားအဖေ ထိုင်နေသည့် ဘေးဆိုဖာမှာပဲ ဝင်ထိုင်လိုက်ပြီး မွေးစားအဖေကို သိချင်စိတ်နဲ့ မေးလိုက်မိသည်။

"အဖေ...နေမကောင်းဘူးလား...နည်းနည်း ပိန်သွားသလိုပဲ...ကျန်းမာရေးရော ဂရုစိုက်ရဲ့လား..."

ကျိုးဟန်က မျက်မှန်ကိုင်းကို အပေါ်ပင့်တင်ရင်း ပြောလာခဲ့သည်။

"နေကကောင်းပါတယ်...အရွယ်က ရလာပြီဆိုတော့ အပင်ပန်း သိပ်မခံနိုင်ဘူးဖြစ်နေတယ်...ဒါက ကိစ္စမရှိပါဘူး...အခုသိချင်တာက...
အရင်ပတ်က အဖေ ပြောထားတာကို သားရှောင် စဉ်းစားကြည့်ပြီးသွားပြီလားဆိုတာပဲ..."

ရှောင်ဟန်က မျက်လွှာချလိုက်ပြီး မဝင့်မရဲဆိုလာခဲ့သည်။

"အဖေ...ဟို...မဖြစ်ဘူးထင်တယ်...ကျိုးရန်လည်း ရှိနေတာဆိုတော့...ကျွန်တော် ငြင်းဆိုပါရစေ...နောက်ပြီး ကျွန်တော့်မှာ လုပ်ငန်းအတွေ့အကြုံလည်း လိုနေသေးတယ်... "

ကျိုးဟန်က ရှောင်ဟန်မျက်နှာ အမူအရာကို သေသေချာချာ အကဲခတ်ကြည့်နေရင်း ပြောလာသည်။

"သားရန်ကို ဒုဉက္ကဌနေရာလွဲပေးဖို့ဆိုတာက နည်းနည်းခက်ခဲတယ်လို့ အဖေထင်မြင်မိတယ်...သားရှောင်ကိုကျတော့ ...လုပ်ငန်းတွေအတွက် စိတ်ချရမယ်လို့ အဖေ ယုံကြည်တယ်... နောက်ပြီး..
သားယွင်ကလည်း ဘယ်အချိန်မှ ပြန်လာမယ်ဆိုတာ မရေရာဘူး..."

သူ့နားထဲတွင် မွေးစားအဖေ ပြောလိုက်တဲ့ သားယွင်က ဘယ်အချိန်ပြန်လာမလဲဆိုတာ မရေရာဘူး ဆိုတဲ့ စကားလုံးများကိုသာ အထပ်ထပ်ကြားယောင်နေမိတော့သည်။
မွေးစားအဖေပြောလိုက်တဲ့ စကားကလည်း အမှန်ပဲမဟုတ်လား..
ကျိုးယွင် ထွက်သွားတာ ၃ နှစ်ပင်ရှိနေပြီ..
အဆက်အသွယ် လုံးဝလုပ်မလာတာ သုံးနှစ်တောင် ရှိချေပြီ။

ဘယ်အဆက်အသွယ်လုပ်ပါ့မလဲ အမှားလုပ်ထားတဲ့လူဆိုတော့ ...
ကျိုးယွင်က သူ့ရဲ့အကြောင်းတွေကို တမင်မပြောချင်လို့ မိမိကို လုံးဝအဆက်သွယ်မလုပ်လာတာ မဟုတ်လား...
ဒါ့ကြောင့်လည်း မွေးစားအဖေဆီကနေတောင်မှ ကျိုးယွင်မသိစေချင်ဘူးထင်လို့ ကျိုးယွင်ရဲ့
အကြောင်းကို သူ မမေးဖြစ်ဘူး...
မဟုတ်ဘူး...မမေးချင်ဘူး...
ကာယကံရှင်ကိုယ်တိုင်ကတောင် မပြောချင်လို့ ကိုယ်တိုင် အဆက်အသွယ် မလုပ်ဘဲနေခဲ့တာ မဟုတ်လား...
မွေးစားအဖေကိုမေးတော့ရော...အမှန်တိုင်း သိရမှာတဲ့လား...
နောက်ပြီး မွေးစားအမေတို့ပြောတာက ကျိုးယွင်က သူ့အကြောင်းတွေကို သူ့အဖေကို အမှန်တိုင်း မပြောပြထားဘူးဆိုတာပဲ...သူတို့တောင် လူလွတ်စုံစမ်းခိုင်းထားလို့ အကြောင်းစုံကို သိရတာတဲ့လေ...

ကျိုးဟန်က သူ့အပြောစကားကြောင့် ရှောင်ဟန်မျက်နှာ ပျက်သွားတာကိုချက်ချင်း သတိထားမိလိုက်သည်။
သူပြောလိုက်တဲ့စကားမှာ သားယွင်အကြောင်းပါသွားတာကို ပြန်သတိရလိုက်ပြီး စိတ်မကောင်းဖြစ်မိပေမဲ့ စကားလမ်းကြောင်းလွဲယုံသာ သူတတ်နိုင်တော့သည်။

"သားရှောင်...သား အဆင်သင့်မဖြစ်သေးဘူးဆိုလည်း ဘာမှမဖြစ်ဘူး...သားရန်ကိုပဲ စဉ်းစားကြည့်ရမှာပေါ့...သားရှောင်က စီးပွားရေးလောကမှာ မနစ်မြောချင်ဘူးဆိုတာ အဖေ အစကတည်းကရိပ်စားမိတယ်...ဒါ့ကြောင့်လည်း
အပူအပင်ကင်းတဲ့ လုပ်ငန်းကိုပဲ သားရှောင် ရွေးချယ်ခဲ့တာမဟုတ်လား...အခု သားရှောင်ဖွင့်ထားတဲ့COFFEE ဆိုင်ကရော အဆင်ပြေရဲ့လား..."

"ဟုတ် အဆင်ပြေပါတယ်...."

"တကယ်လို့ လိုအပ်တာ...လိုချင်တာရှိရင် အဖေ့ကို တောင်းဆိုလို့ရတယ်နော်...သားသတ်မှတ်ထားသလို တစ်စုံယောက်ကဒီမှာမရှိတော့လို့ ဒီအိမ်တော်က သားနဲ့ မသက်ဆိုင်တော့ဘူးလို့ မထင်စေချင်ဘူး...သားက ဒီအိမ်တော်က တရားဝင် မွေးစားထားတဲ့ သားတစ်ယောက်ပဲဆိုတာ သိထားပေး..."

"ဟုတ်ကဲ့...ကျွန်တော် မှတ်ထားပါ့မယ်..."

ကျိုးဟန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် အသိမှတ်ပြုပေးလာပြီး စာပွဲပေါ်က ရှောင်ဟန်တင်ထားတဲ့ လက်ဆောင်အိတ်ရဲ့ တံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီး

"အခုဝယ်လာတဲ့ တံဆိပ်က အဖေသုံးနေကျ ရေမွှေးတံဆိပ်မဟုတ်လား...ဒါက စျေး အရမ်းကြီးလွန်းတယ်...သားရှောင်ရဲ့ လုပ်ငန်းအမြတ်နဲ့ မကာပဲဖြစ်နေလိမ့်မယ်...နောက်တစ်ခါ အိမ်လာရင် ဘာမှ ဝယ်မလာခဲ့နဲ့...သားရှောင်က... ဒီအိမ်တော်ကလူ...ဧည့်သည် တစ်ယောက်မဟုတ်ဘူး...ကြားလား..."

"ဟုတ်ကဲ့..."

----------------

ရှောင်ဟန် မွေးစားအဖေနဲ့ စကားပြောတွေ့ဆုံပြီး အောက်ထပ်ဆင်းလာတော့ မေယွီက လှေကားစပ်နားမှာ ရပ်ပြီး စောင့်နေတာကို တွေ့လိုက်ရသည်။
မေယွီက သူဆင်းလာခဲ့တာကို မြင်တော့ ပျော်ရွှင်စွာနဲ့ပဲ ပြုံးရယ်ပြလာသည်။
သူလည်း မေယွီအပြုံးကို အသိမှတ်ပြုသည့်အနေနဲ့ ခေါင်းငြိမ့်ပြုံးပြလိုက်ရသည်။

မေယွီက သူသွားရာနောက်ကို ဘေးနားကနေ ကပ်လျောက်ကာ လိုက်ခဲ့ရင်း လေသံချွဲချွဲဖြင့်
မေးလာခဲ့သည်။

"ရှောင်ကောကော...ပြန်တော့ မလို့လား..."

"အင်..."

"ဘာလို့ အစောကြီး ပြန်မှာလည်း...ဟိုတစ်ခေါက် လာတုန်းကလည်း နေ့တစ်ပိုင်း ဒီမှာနေသွားတယ်...ဘာလဲ...ညီမ ရောက်နေလို့လား..."

"အဲ့လို...မဟုတ်ပါဘူး..."

သူ မေယွီကို နားလည်မှု့မလွဲစေဖို့ ရှင်းပြရင်း လမ်းကို ခပ်မြန်မြန်သာ လျောက်လှမ်းနေမိသည်။
ဒီကောင်မလေးက တစ်နေ့တစ်ခြား ပိုပိုပြီး သူ့ကို ကပ်တွယ်လာသလို သူခံစားနေရသည်။
ဒီလို သွက်လက်ချက်ချာတာက ချစ်စရာကောင်းပေမဲ့ အတင်းတွယ်ကပ်လာတာကိုတော့ သူ မကြိုက်ဘူး...။

ဒီလိုပုံစံက အခုနောက်ပိုင်း စိတ်မကြည်မသာ အမြဲဖြစ်တတ်လာတဲ့သူ့ကို ပိုပြီးစိတ်ရှုပ်ထွေးလာစေတယ်။
မေယွီက မွေးစားအမေရဲ့ တူမ ဖြစ်နေလို့သာ သူကအခုလို အလိုက်ထိုက်ပြောဆို ဆက်ဆံပေးနေရတာ..

အခုလိုလာကပ်တာ သူ မကြိုက်ဘူးဆိုတာကို သိအောင်ပြောပြလိုက်ရင်လည်း တဖက်က မိန်းကလေးတစ်ယောက်ဖြစ်နေလို့ ပြောလိုက်လို့ မကောင်း..မသင့်လျော်ဘူး...အဲ့ဒါကြောင့်
အလိုက်ထိုက်နေပေးယုံကလွဲပြီး သူလည်းဘာမှမတတ်နိုင်...။

သူ၏ အခုအခြေအနေက စုပ်လည်းစူး စားလည်းရူး
အခြေအနေပင်။ စိတ်အလိုကျချင်စရာဆိုတာ တစ်ခုမှ မရှိ။
သူ၏ ကံကောင်းသည့် နေ့ရက်များသည် ကုန်ဆုံးသွားပုံရသည်။ အခုဆိုရင် နောက်ရက်တွေမှာ ကံတရားက ဘယ်လိုပုံစံနဲ့ သူ့ကိုကျီစယ်လာမယ်ဆိုတာကိုတောင် သူမသိချင်တော့ဘူး...။

ရှောင်ဟန်က မေယွီရဲ့တတွက်တွက်ပြောနေတဲ့ စကားများကို လှစ်လျူ ရှု့ပြီး ဧည့်ခန်းရှေ့ကို ဖြတ်လျောက်လာလိုက်သည်။

"ငါ့သားပြောပုံအရဆို...သားယွင်က တကယ်ကို ပြုပြင်ပေးလို့ မရနိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီပဲ..."

"ကျွန်တော်လည်း ဘာပြောရမှန်းကို မသိတော့ဘူး.."

ကြားလိုက်ရတဲ့ မွေးစားအမေရဲ့ အပြန်အလှန်စကားပြောဆိုသံများကြောင့် ရှောင်ဟန် သူ့ခြေလှမ်းများကို အလိုအလျောက် ရပ်တန့်မိလိုက်သည်။

မေယွီရဲ့ စကားသံကို သူ လျစ်လျူရှု့ထားနိုင်ပေမဲ့
ရုတ်တရက်ကြားလိုက်ရတဲ့ ဧည့်ခန်းဆီမှ မွေးစားအမေတို့ပြောလိုက်တဲ့ စကားလုံးအချို့ကိုတော့ သူလျစ်လျူမရှု့လိုက်နိုင်ဘူး။
မွေးစားအမေ၏ ပြောဆိုသံက ပုံမှန်အသံအနေအထားဖြစ်နေပေမဲ့ သူ၏နားထဲကို စူးစူးဝါးဝါးအသိပေး အော်ပြောလိုက် သလိုပင်။

ရှောင်ဟန်သည် မသိလိုက်ဘာသာဖြင့် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိပြီး သူ့ခြေလှမ်းများကိုလည်းခပ်မြန်မြန်ပြန်လျောက်လှမ်းလိုက်မိသည်။
သူ...ကျိုးယွင်ရဲ့ သတင်းတွေကို ထပ်မကြားချင်တော့ဘူး... ဒီဓာတ်ပြားဟောင်းကြီးတွေကို သူထပ်ပြီး နားမဆင်ချင်တော့ဘူး...
ဒီကောင်လေးရဲ့ ကိစ္စက သူနဲ့မှ မဆိုင်တော့ဘဲ...

ကာယကံရှင်ကျိုးယွင်ကိုယ်တိုင်ကတောင် အဲ့လိုသတ်မှတ်ထားလို့ အဆက်အသွယ်ဖြတ်တောက်ထားတာ မဟုတ်လား...

အချိန်တွေသာ တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပေမဲ့ ရှောင်ဟန်သည် ကျိုးယွင်၏ သတင်းအစွန်အစလေးများကို အမှတ်မထင်ကြားလိုက်ရရုံမျှဖြင့်ပင် မျက်နှာအမူအရာသည်ကား သိသိသာသာ ပျက်ယွင်းသွားတတ်ရမြဲပင်။
ရှောင်ဟန်၏ ပျက်ယွင်းသွားတဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ကျိုးယွဲ့မူက ကျေနပ်တဲ့ မဲ့ပြုံး ပြုံးလိုက်လေသည်။

ကျိုးယွဲ့မူသည် သူမစကားကို ကြားပေမဲ့ မသိချင်ယောင်ဆောင်ပြီး လျောက်လှမ်းနေတဲ့ ရှောင်ဟန်ခြေလှမ်းများကို ရပ်တန့်သွားအောင် ပြောလာခဲ့သည်။

"သားရှောင်ဟန်...လာပါအုံး ဒီကို...မင်းကို ပြောစရာ ရှိလို့..."

ရှောင်ဟန်သည် မွေးစားအမေက လှမ်းခေါ်လိုက်သည့် အတွက်ကြောင့် လျောက်လှမ်းနေတဲ့ ခြေလှမ်းများကို ထပ်မံရပ်တန့်ပြီး ခြေလှမ်းဉီးတည်ချက်ကို ပြောင်းလိုက်ရတော့သည်။

မွေးစားအမေက ကျိုးယွင် အကြောင်းတွေကို ပြောလာခဲ့မှာကို သူသိပေမဲ့လည်း...
သူ့ဘက်က သူမကို မကြားချင်ဘူး မပြောနဲ့လို့လည်း ငြင်းဆန်လိုက်လို့လည်းမရပေ။
သူက မသိချင်ဘူးလို့ သူမကို ပြောလိုက်ရင် ရိုင်းဆိုင်းရာကျပေလိမ့်မည်။
ဒါ့ကြောင့် သူမပြောသမျှကို နားထောင်ပေးရုံကလွဲပြီး သူလုပ်နိုင်တာ ဘာမှ မရှိ...။

ရှောင်ဟန်က သူ့ရဲ့ မသက်မသာဖြစ်နေသည့်
မျက်နှာကိုတစ်ချက်ပြင်လိုက်ပြီး နေရာလွတ်နေတဲ့ ဧည့်ခန်းဆိုဖာထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ အလားတူ မေယွီလည်း ရှောင်ဟန်ဘေး ကပ်ရပ် ထိုင်ခုံတွင်ဝင်ထိုင်လာသည်။

ကျိုးယွဲ့မူက မေယွီရဲ့ သွက်လက်လှတဲ့ အပြုအမူကြောင့် တစ်ချက်ပြုံးလိုက်မိပေမဲ့ မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပူပန်ရသည့် မျက်နှာထားမျိုးဖြင့်
ရှောင်ဟန်ကို ပြောလာခဲ့သည်။

"သားရှောင်ဟန်...ဘာလို့ အစောကြီး ပြန်ဖို့လုပ်နေတာလည်း... တစ်နေ့ထက်တစ်နေ့ မင်းဒီကိုလာပြီး နေသွားတဲ့ ကြာချိန်က လျော့လျော့လာတယ်...ဘာလည်း...အားယွင်ကြောင့်မို့လား..."

ရှောင်ဟန်က အသက်မပါစွာ ပြန်ဖြေလာခဲ့သည်။

"မဟုတ်ပါဘူး..."

ကျိုးရန်ကလည်း ဝင်ပြောလာခဲ့သည်။

"ငါ...မင်းစိတ်ကို နားလည်တယ်...ငါတောင် ငါ့ညီ ရဲ့သတင်းတွေကြောင့် ဒီလောက်စိတ်မကောင်းဖြစ်မိတာ...မင်းက သူ့ကို စောင့်ရှောက်ခဲ့တဲ့ သူဆိုတော့ ပိုပြီး စိတ်မကောင်းဖြစ်ရမှာပေါ့..."

ကျိုးရန်က ဖိုင်တစ်ခုကိုထုတ်ယူလိုက်ပြီး ရှောင်ဟန်ရဲ့ မျက်နှာအမူအရာကို အကဲခတ်နေရင်း ဓာတ်ပုံအချို့ကို ထုတ်ပြလာလေသည်။

ကျိုးရန်ထုတ်ပြလာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ကောင်လေးတစ်ယောက်က ကင်မရာကို
နောက်ကျောပေးထိုင်နေသည့် အတွက်ကြောင့် မျက်နှာကိုတော့ သေချာမမြင်ရပေ။ ကျောပေးထိုင်ထားတဲ့ ကောင်လေးရဲ့ ရင်ခွင်မှာ ကောင်မလေးတစ်ယောက်က မျက်နှာအပ်ကာထိုင်နေလေပြီး ဘေးတစ်ဖက်စီမှာလည်း အရက် ငှဲ့ပေးနေသည့် ကောင်းမလေးနှစ်ယောက်လည်းရှိပါ​သေးသည်။သူတို့ အရှေ့တွင်ထိုင်နေသည့်သူက ရှောင်းယွီမှ ရှောင်းယွီ အစစ်ပေ။
လုရှောင်းယွီက ဘယ်လိုလုပ် အဲ့ကိုရောက်သွားရတာလဲ...။

ဓာတ်ပုံအားလုံးတွင် ကျောပေးထားတဲ့ ကောင်လေးရဲ့ မျက်နှာကို သူ မမြင်ရပေမဲ့လည်း
ရှေ့မှာထိုင်ပြီး စကားပြောနေတဲ့တစ်ယောက်က လုရှောင်းယွီဖြစ်နေသည့်အတွက်ကြောင့်
ထိုကောင်လေးက ကျိုးယွင်ဖြစ်ကြောင်းသာ လက်ခံလိုက်ရတော့သည်။

ရှောင်ဟန်က ဓာတ်ပုံတွေကို စားပွဲပေါ် ပြန်တင်လိုက်ပြီး သိချင်စိတ်နဲ့ ကျိုးရန်ကို မေးလာခဲ့သည်။

"အားယွင်...အာ..ကျိုးယွင်ရဲ့သူငယ်ချင်းက ဘာလို့အဲ့ကိုရောက်နေတာလည်း...သူက... "

ကျိုးရန်က ရှောင်ဟန် စကားမဆုံးခင်မှာပင်

"ကျိုးယွင် သူငယ်ချင်းက လွန်ခဲ့တဲ့ တစ်နှစ်က...USကို သွားသေးတယ်လေ...ဒီပုံတွေက လွန်ခဲ့တဲ့ တစ်နှစ်က ပုံတွေ...အရင်ကတော့ မင်းကို
မပြတော့ဘူးလို့ ငါဆုံးဖြတ်ထားတာ...ဒါပေမဲ့...မနေ့က ငါ့ညီ အကြောင်းစုံစမ်းပေးတဲ့ တစ်ယောက်က ပြောလာခဲ့တာက ကျိုးယွင်က
မိန်းကလေးရှုပ်ယုံတင်မကဘူးတဲ့...ငါဘယ်လိုပြောပြရမလဲ..."

"......"

"မင်းကို...ပြောပြရမှာအားနာပေမဲ့...မပြောလို့လည်း မဖြစ်ဘူးလေ...မင်းလည်းသိထားသင့်တယ်လို့ ငါထင်တယ်..."

ရှောင်ဟန်က ကျိုးရန်ရဲ့ တွန့်ဆုတ်ဆုတ် ဖြစ်လာတဲ့ စကားအသွားအလာကြောင့် ဘယ်လိုစကားမျိုးတွေ ထပ်ပြီးထွက်ဟလာမလဲဆိုတာကို စိတ်ထဲထင့်လာမိကာ အောင့်သက်သကပင်် ဖြစ်နေမိသည်။ သူ၏ စိတ်အခြေအနေကလည်း အလိုအလျောက် မွန်းကြပ်လာရတော့သည်။

ကျိုးရန်က ရှောင်ဟန်မကြားချင်ပါသည့် စကားများကို ရွေးပြောလာခဲ့သည်။

"သူ... ကောင်လေးအချို့နဲ့လည်း...စပြီးတွဲနေပြီတဲ့...ဒါက တော်တော်ဆိုးတာပဲ...မဖြစ်သင့်ဘူးလေ...
အမေလည်း ဒီအကြောင်းကို မင်းကို မပြောပြဖို့ ငါ့ကိုတားပေမဲ့ ငါက မင်းသိသင့်တယ်ထင်လို့...ပြောမရဘူးလေ... မင်းကိုလည်း...ကျစ်!...ငါပြောချင်တာက မင်းက သူနဲ့သွေးသားမတော်စပ်ဘူးလေ...သူပြန်လာရင် မင်းသူ့ကို သတိထားပြီးဆက်ဆံသင့်တယ်...ရှောင်နေသင့်တာဆို ပိုပြီး မှန်လိမ့်မယ်..."

ရှောင်ဟန် မျက်လုံးများက ကျိုးရန်ရဲ့ စကားကြောင့် ချက်ချင်း ဝိုင်းစက်လာခဲ့ပြီး အံသြစိတ်နဲ့ အမည်တပ်လို့မရတဲ့ စိတ်အခြေတစ်ခုလည်း ချက်ချင်းဝင်ရောက်လာခဲ့သည်။
ရှောင်ဟန် သူ့ကိုယ်သူ ပြန်ပြီး နှစ်သိမ့်ပေးနေမိတော့သည်။သူ ကြားလိုက်ရတဲ့စကားတွေကို
သူလုံးဝ မယုံကြည်နိုင်ဘူး ဖြစ်နေမိသည်။
ဟုတ်တယ်လေ...
ဘယ်လို လုပ်​ဖြစ်နိုင်မှာလည်း...အားယွင်က အဲ့လို လုပ်မဲ့လူစားမျိုးမှ မဟုတ်တာ...
မိန်းကလေးတွေကို ထယ်လယ်တွဲပြီးရှုပ်နေတာက ယောကျာ်းလေးသဘာဝဆိုပြီး လက်ခံပေးလိုက်လို့ရသေးတယ်...
ယောကျာ်း လေးတွေနဲ့ တွဲနေတာကြီးကိုတော့ လက်ခံပေးလို့ မရဘူး...
အားယွင်လို လိမ္မာပြီးသိတတ်တဲ့ ကောင်လေးက ၃နှစ်အတွင်းလေးမှာ ဒီလောက်ကြီးတောင် ပြောင်းလဲသွားလိမ့်မယ်လို့ သူမယုံကြည်နိုင်ဘူး...။

ဒါပေမဲ့လည်း ကျိုးယွင်အခုလိုပြောင်းလဲသွားရတဲ့အကြောင်းကို ကျိုးယွင်ရဲ့ မိခင်ဖြစ်သူကိုယ်တိုင်နဲ့ အစ်ကိုဖြစ်သူကိုယ်တိုင်က ပြောလာခဲ့တာ မဟုတ်လား...

ကိုယ့်ရဲ့ သားဖြစ်သူရဲ့ မကောင်းသတင်းကို ဘယ်မိဘကမှ မဟုတ်မှန်ပဲ လိမ်ညာပြီး ပြောလာမှာ လည်း...
အစ်ကို ဖြစ်သူကလည်း ကိုယ့်ညီအကြောင်းကို မဟုတ်မမှန် လုပ်ဇာတ်ခင်းပြီး ပြောလာလောက်မှာမဟုတ်ဘူး။

ဒါကြောင့် နောက်ဆုံးမှာတော့ ရှောင်ဟန်သည် ကျိုးယွဲ့မူတို့အပြောစကားတွေကို မျက်စိစုံမှိတ် ခေါင်းငြိမ့်ပြီး လက်ခံယုံကြည်ရန်သာ တတ်နိုင်ပေတော့သည်။

ကျိုးယွဲမူတို့ရဲ့ နားသွင်းမှုကိုလက်ခံယုံကြည်မိလိုက်တာကလည်း ရှောင်ဟန်ရဲ့အပြစ်မဟုတ်ပေ။

ရှောင်ဟန် ယုံလည်း ယုံကြည်ချင်စရာပင်။
ဘယ်လိုမိခင်နဲ့ အစ်ကိုကမှ ကိုယ့်သွေးသားကို ဒီလိုမဟုတ်မမှန်လီဆယ်ပြောလာဖူးတာမျိုး ရှိလာလိမ့်မည်နည်း။

ရှောင်ဟန်မျက်ဝန်းအကြည့်များက စားပွဲပေါ်က ဓာတ်ပုံတွေဆီမှာ မသိလိုက်ဘာသာ အကြည့် ရောက်နေသေးပေမဲ့ သူ့အတွေးများတွင်တော့ ကျိုးယွင်ထံတွင်သာ...

သူ၏ စိတ်ထဲတွင် ကျိုးယွင်ကို မေးချင်ပါသည့်
သူနားမလည်နိုင်ပါသည့် အကြောင်းအရာများတွင်သာ...

ကျိုးယွင်က သူ့ဆီကို လုံးဝအဆက်အသွယ် မလုပ်လာခဲ့တာက သူ့(ကျိုးယွင်)လုပ်ရပ်တွေကို စိတ်မလုံလို့ပဲလား ဟု သူ ...ကျိုးယွင်ကို မေးလိုက်ချင်မိသည်။

တကယ်လို့သာ.. ကျိုးရန်ပြောသလို ယောက်ျားလေးတွေနဲ့တွဲတယ်ဆိုရင်တောင် ကျိုးယွင်က
သူ့ကိုတော့ အဲ့လိုလုပ်လာလောက်မှာမဟုတ်ပေ။

သူ ကျိုးယွင်ကို ၈နှစ်လုံးလုံးစောင့်ရှောက်ခဲ့ရတာ မဟုတ်လား...
ဒီကလေး သူ့အပေါ်ဒါမျိုးတွေ လုပ်လာလောက်မှာ မဟုတ်ဘူးဆိုတာ သူလုံးဝယုံကြည်တယ်...

အရင်က သူတို့ပြောလာခဲ့တဲ့ ကျိုးယွင် ကလပ်သွားတာတွေ ဘားထိုင်ပြီး အရက်သေစာသောက်စားတာတွေ...မိန်းကလေးရှုပ်တာတွေ...အလောင်းကစား လုပ်တာတွေ ...
နောက်ပြီး မွေးစားအမေနဲ့ကျိုးရန်ဆီက ပိုက်ဆံ သန်းချီ လှမ်းတောင်းပြီး တစ်နေ့တည်းနဲ့ ဖြုန်းလိုက်တဲ့ သက်သေ အထောက်အထားတွေ ...
ဒါတွေအားလုံးကို မသက်သာတဲ့နောက်ဆုံး လက်ခံလိုက်လို့ရပေမဲ့ အခုထပ်ပြီးသိလိုက်ရတာတွေကိုတော့ တကယ်အစစ်အမှန်လို့ သူ လက်ခံမပေးနိုင်သေးဘူး...။

ဒီမကောင်းမွန်တဲ့ ကိစ္စရပ်တွေအားလုံးက သုံးနှစ်အတွင်းမှာ ကျိုးယွင်လုပ်ဆောင်လိုက်တဲ့ လုပ်ဆောင်ချက်တွေဆိုတာကို သူအခုထိ မယုံကြည်ရဲသေးဘူး။

မွေးစားအဖေသာ သားဖြစ်သူက ဒီလိုတွေ ပြောင်းလဲသွားခဲ့တယ်ဆိုတာကိုသာ သိသွားခဲ့ရင်...

ရှောင်ဟန် ထပ်ပြီး ဆက်မတွေးနိုင်တော့ပေ။ သုံးနှစ်အတွင်း ကျိုးယွင်ရဲ့ အကြောင်းဆို ကောင်းမွန်တာ ဘာတစ်ခုမှ သူ မကြားသိခဲ့ရဘူး။
သူကိုယ်၌ကလည်း ကျိုးယွင်နဲ့ ပတ်သတ်လာရင် နည်းနည်းလေးမှကို အတိမ်းအစောင်းမခံနိုင်ပေ။
အဲ့တာကြောင့်လည်း အရင်က သိထားတာတွေကို ပြန်တွေးလိုက်ယုံနဲ့တင် ဘာဆက်လုပ်ရမှန်း မသိအောင် လမ်းပျောက်နေမိတာက အကြိမ်ကြိမ်။ စိတ်ပျက်စရာကောင်းလှသည့် မိမိသိခဲ့ရတဲ့ သုံးနှစ်စာ မှတ်ဉာဏ်တွေအားလုံးကိုလည်း ပျောက်ပျက်သွားအောင် ဖျက်ဆီးလိုက်ချင်မိသည်။

ဒါမှမဟုတ်ရင်လည်း ဝတ္ထုတွေ ဇာတ်လမ်းတွေထဲကလို အချိန်နောက်လှည့်၍သာ ခရီးသွားလိုက်ချင် သည်။
အဲ့လိုသာ သွားလို့ရခဲ့မယ်ဆိုရင် သူ ကျိုးယွင်ကို USကို မသွားဖို့ မရမက တားဆီးပိတ်ပင် ပစ်မည်...တကယ်လို့ ဒူးထောက်တောင်းဆိုမှရမယ်ဆိုရင်တောင် တောင်းဆိုလာသလိုသူလုပ်ပေးလိုက်မည်။

ဒါပေမဲ့...ဒါတွေက သူ၏ ဖြစ်လာနိုင်မှာမဟုတ်သည့်
အတွေးများသက်သက်သာ ...
တကယ်ဖြစ်လာမှာမှ မဟုတ်ဘဲ...

ကျိုးရန်က အတွေးနယ်ကျွံပြီး စိတ်မသက်မသာဖြစ်နေတဲ့ ရှောင်ဟန်ကြောင့် မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး 'အကြံအစည်အောင်မြင်တယ် 'ဆိုသည့် မျက်နှာ အမူအရာမျိုး အချက်ပြလိုက်သည်။

သူမကလည်း သိတယ်ဆိုသည့် အမူအရာဖြင့် ခေါင်းတစ်ချက်ငြိမ့်ပြလာခဲ့သည်။

မေယွီကတော့ အဒေါ်ဖြစ်သူ နဲ့ ဝမ်းကွဲအစ်ကိုရဲ့ လုပ်ဇာတ်အားလုံးကို အစထဲက သိထားသည့်အတွက်ကြောင့် သူမပါ ရောယောင်ပြီး ရှောင်ဟန်သတိမထားမိအောင် ကျေနပ်ပြုံးလေး လှလှပပပြုံးရယ်လိုက်မိသည်။

အပူသောကတွေ ဝေဆာနေသည့် ရှောင်ဟန်သည်
ထို သုံးယောက်၏ လှည့်စားမှုကို သတိမထားမိဘဲ
စားပွဲပေါ်တွင်တင်ထားသည့် ဓာတ်ပုံများဆီကိုသာ အကြည့်ရောက်နေပြီး အတွေးများ၍သာနေလေသည်။

ကျိုးယွဲ့မူက ရှောင်ဟန်ကို အသိပြန်ဝင်လာအောင်
သက်ပြင်းသံကိုကျယ်ကျယ်ချလိုက်ကာ ပြောလာခဲ့သည်။

"ဟင်း...ဘယ်တတ်နိုင်မှာလည်း...သားယွင်ကလည်း...ဒီမှာရှိမနေတော့ ဘယ်လိုမှပြုပြင်ပေးလို့မရဘူးဖြစ်နေတယ်...အခုဆိုရင် ...အရင်လိုဖြစ်လာအောင်သွင်သင်ပေးဖို့ဆိုတာက သိပ်ကိုနောက်ကျသွားပြီ...အခု သားရှောင်ဟန်လည်း အကုန်သိပြီးသွားပြီဆိုတော့ သားယွင်က အရင်လို ကောင်လေးတစ်ယောက်မဟုတ်တော့ဘူးဆိုတာ လက်ခံလောက်ပြီပေါ့..."

မွေးစားအမေ၏ စကားသံကြောင့် ရှောင်ဟန်
အသိပြန်ဝင်လာရသည်။

သို့ပေမဲ့ မွေးစားအမေရဲ့ အပြောစကားကို ခွန့်တုန့်ပြန်စကား သူ မဆိုမိပေ။

မနေနိုင်တော့တဲ့ မေယွီကပဲ ဝင်ပြောရတော့သည်။

"ဒေါ်လေး...ရှောင်ကောကောက ဒီအကြောင်းတွေကို အစကတည်းက သိထားတယ်ဆိုပေမဲ့
...အခု ထပ်သိလိုက်ရတာတွေကို မယုံကြည်နိုင်လို့ ဒေါ်လေးကို ဘာပြန်ပြောရမှန်းမသိဖြစ်နေတာပါ...အခု သိသွားပြီဆိုတော့ ရှောင်ကောကောကို မေယွီ အိမ်ပြန်ဖို့ လိုက်ပို့ပေးလိုက်တော့မယ်...ရှောင်ကောကောက သွားစရာရှိသေးတယ်လို့ စောစောက
ပြောထားသေးတယ်...ဟုတ်တယ်နော်ရှောင်ကောကော..."

"အင်..."

ရှောင်ဟန်က သူ့အတွက် မေယွီက ကာပြောပေးလာ၍ စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိသည်။
မဟုတ်ရင် ဒီစကားဝိုင်းကို ဘယ်လိုဖြတ်ရမလည်းဆိုတာကို သူတကယ်မသိဘူး။

ကျိုးယွဲ့မူကလည်း အသိပေးစရာ ကုန်သွားသည့် အတွက်​ကြောင့် မေယွီပြောလာခဲ့တဲ့ စကားကို လက်ခံပေးလိုက်သည်။

"သွားစရာ ရှိသေးတာကို အစကတည်းကြိုမပြောဘူး...သားရှောင်ဟန်ကတော့...အခုတော့ နောက်ကျတော့မယ်...ကယ်...ကယ်...သွားစရာရှိတာသွားတော့..."

ရှောင်ဟန်လည်း စိတ်သက်သာရာရသွားရပြီး
ထိုင်ရာမှ ထရပ်လိုက်သည်။မွေးစားအမေကို အရိုအသေပေးလိုက်ပြီး ပြန်ဖို့ နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့...မွေးစားအမေ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဉီး..."

ကျိုးယွဲ့မူက ထွက်ခွာသွားပြီဖြစ်သည့် ရှောင်ဟန်ရဲ့ အသက်မသွင်းထားတဲ့ အရုပ်တစ်ရုပ်လို အမူအရာမဲ့ လျောက်လှမ်းသွားတဲ့ ပုံစံကိုကြည့်ပြီး သဘောတကျဖြင့် ပြုံးရယ်လိုက်ပေတော့သည်။
သူမတို့ လုပ်ကြံဖန်းတီးထားတဲ့ ဓာတ်ပုံတွေကို ဒီကောင်လေးက အဟုတ်မှတ်သွားတာကြည့်ပြီး အတိုင်းမသိ ပျော်ရွှင်နေမိသည်။

ဒီတစ်ခေါက်လည်း အကြံအစည် အောင်မြင်သွားသည် မဟုတ်လား...
ဒီကောင်လေးကို အယုံသွင်းရတာ အစပိုင်းက ခက်ခဲခဲ့ပေမဲ့...
နောက်ပိုင်းတွင်တော့ ချောချောမွေ့မွေ့နဲ့ လွယ်ကူလာတယ်လို့ ဆိုရမည်ပင်။

ဒါဆိုလာမဲ့...နောက်တစ်ခေါက်ကျရင်...ကျိုးယွင်ဘက်ကနေ ရှောင်ဟန်ကို အထင်မြင်လွဲအောင် သူမတို့ ထပ်လုပ်ရအူးမှာပေါ့...

ဒီကောင်လေး အတွက်တော့ ဒီလောက်ဆို လုံလောက်သွားပြီမဟုတ်လား...မဟုတ်သေးဘူး...
ပိုတောင် ပိုလျံနေသေးသည်။

သူမအတွက် ကျိုးယွင်ကိုအထင်လွဲသွားအောင်လုပ်ဖို့ကျတော့လည်း သိပ်မခက်ခဲပါဘူး...

မေယွီကို အသုံးချရတော့မှာပေါ့...မေယွီကလည်း လက်ခံထားပြီးသားပဲ မဟုတ်လား...

ပြီးတော့ မနှစ်ကမှ USကပြန်ရောက်လာတဲ့ ရှောင်ဟန်အနားကို တွယ်ကပ်နေတဲ့ ကျန်းဝမ်ရှင်း(ဝမ်ရှင်း =ဝမ်းဝမ်) ဆိုတဲ့ ကောင်လေးကိုလည်း သူမတို့ဘက်က အသုံးချလိုက်လို့ ရနိုင်ပါသေးသည်။

ကျိုးယွင်ဘက်က ရှောင်ဟန်ကို ခင်တွယ်တာမျိုးမဟုတ်တော့ဘဲ မရိုးမသားစိတ်ရှိလာတယ်ဆိုတာကို သူမဘက်က အစကတည်းက ရိပ်စားထားသည့်အတွက်ကြောင့် သူမက ဒုတိယ နည်းလမ်းအဖြစ် ဒီနည်းလမ်းကို အသုံးချလိုက်ရတာဖြစ်သည်။

ကျိုးယွဲ့မူသည် ကျိုးယွင်ရဲ့ စိတ်ဒဏ်ရာ မီးတောက်ကို အားဖြည့်ဖို့အတွက် အားပြင်းတဲ့ လောင်စာဆီကိုရလာအောင် သုံးနှစ်လုံးလုံး စိတ်နှစ်ပြီး လုပ်ဆောင်ခဲ့လေသည်။

သူမ အတွက်လည်း စိတ်ပင်ပန်းရပေမဲ့ သူမက နောက်ဆုပ်ဖို့ စိတ်ကူးလုံးဝ မရှိပေ။
ဒါတွေအားလုံးက သူမ ချစ်တဲ့ သားအတွက်ပဲမဟုတ်လား...။

ဘယ်လိုပဲဖြစ်ဖြစ် အားရန် အတွက် လုပ်ခဲ့ရတာဖြစ်လို့ သူမ ပျော်ရွှင်မိသည်။

ဒါက မိခင်တစ်ယောက်ရဲ့ ချစ်ခင်ရတဲ့သားဖြစ်သူအပေါ်ကိုပေးဆပ်မှု မဟုတ်လား...။

သူမ အတွက်ပင်ပန်းတယ်လို့ မဆိုထိုက်ပါဘူး...

------------------------------

zawgyi

ေန႕ရက္ေတြ အခ်ိန္ေတြ ေ႐ြ႕လ်ား ကုန္ဆုံးလာခဲ့သည္က အရင္အခ်ိန္ေတြကကဲ့သို႔ ပုံမွန္ႏႈန္းတိုင္းပင္။ သို႔ေသာ္လည္း တစ္စုံတစ္ေယာက္အတြက္ေတာ့ အခ်ိန္၏ တိုက္စားမႈက ထင္မွတ္မထားေလာက္ေအာင္ႏွေးေကြးလြန္းလွသည္။
အခ်ိဳ႕လူမ်ားအတြက္ေတာ့ အခ်ိန္သုံးႏွစ္တာ ကုန္ဆုံးသြားျခင္းက ခဏတာ မ်က္စိတမွိတ္ မွ်ဟုသာ ထင္ျမင္ၾကေလာက္ေသာ္လည္း ေရွာင္ဟန္အတြက္က ထိုသို႔ ဟုတ္မေနခဲ့ပါေခ်။

ယခုတြင္မူ ေရွာင္ဟန္တြင္္ အရင္ကလို ႏြေးေထြးေဖာ္ေ႐ြတတ္သည့္ အစ္ကို တစ္ေယာက္ပုံစံမ်ိဳး တင္က်န္မေနပါေတာ့ေခ်။ ေရွာင္ဟန္၏ ႏြေးေထြးေဖာ္ေ႐ြမူ႕သည္ကား ခပ္ေရးေရးမွ်သာ က်န္ရွိေပေတာ့သည္။
ေရွာင္ဟန္သည္ အခ်ိန္၏ တိုက္စားမႈ အလွည့္အေျပာင္းမ်ားေၾကာင့္ ေအးစက္စက္နိုင္လာၿပီး စကားနည္းသည့္ လူတစ္ေယာက္အျဖစ္လုံးဝေျပာင္းလဲသြားခဲ့ရေခ်ၿပီ။

ယခုတြင္ေတာ့ ေရွာင္ဟန္သည္ သူ႕ရဲ႕ႏြေးေထြးေဖာ္ေ႐ြတတ္မႈကို လုံးဝထုတ္ေဖာ္မျပေတာ့ဘဲ ေအးစက္လွသည့္ အလႊာထူႀကီးတစ္ခုျဖင့္ လႊမ္းၿခဳံထားေလသည္။

ေရွာင္ဟန္ ယခုလို ေအးစက္သြားရျခင္း၏ အဓိက တရားခံမွာ က်ိဳးယြဲ႕မူတို႔ သားအမိေၾကာင့္သာ...။
ထို သားအမိႏွစ္ေယာက္၏ ေန႕စဥ္ ေသြးထိုး လႈံ႕ေဆာ္ နားသြင္းမႈမ်ားေၾကာင့္ ေရွာင္ဟန္၏ ပုံစံအလုံးစုံ သည္ အျခားတစ္ေယာက္ကဲ့သို႔ တျဖည္းျဖည္း မသိမသာ ေျပာင္းလဲသြားခဲ့ရေခ်ၿပီ။

ေရွာင္ဟန္က ထိုသားအမိ၏ နားသြင္းမႈ႕မ်ားကို အစ ကနဉီးက မသိက်ိဳးႂကြင္ျပဳခဲ့ပါေသာ္လည္း ၾကားပါမ်ားလာေတာ့ နားေယာင္သြားတာလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါသည္။
ေနာက္ၿပီး က်ိဳးယြင္ကိုယ္၌ကလည္း သူ႕ဆီကို ဖုန္းအဝင္ေကာ လုံးဝ မလုပ္ခဲ့တာေၾကာင့္လည္း ျဖစ္နိုင္သည္။
ထိုအတြက္ေၾကာင့္လည္း ေရွာင္ဟန္သည္က
က်ိဳးယြဲ႕မူတို႔၏ ယုံတမ္းစကားမ်ားကို အမွန္တရားတစ္ခု အျဖစ္ တစ္ေန႕တျခား ပိုပိုၿပီး အဟုတ္မွတ္သြားေလရတာျဖစ္သည္။

ထိုကဲ့သို႔ တမဟုတ္ျခင္းေျပာင္းလဲသြားရသည့္ အေျခအေနအလွည့္အေျပာင္းမ်ားေၾကာင့္ပင္ ေရွာင္ဟန္သည္လည္း သူ၏ ကနဉီးက ျပဳလုပ္ခ်င္ေနပါသည့္ အစီအစဥ္ျဖစ္သည့္ COFFEE ဆိုင္ဖြင့္ရန္ကိစၥကို ေက်ာင္းၿပီးၿပီးခ်င္းမွာပဲ အျမန္ဆုံးအေကာင္အထည္ေဖာ္လိုက္နိုင္ေတာ့တာျဖစ္သည္။

သူက က်ိဳးယြင္ကို ျပဳစုေစာင့္ေရွာက္ေပးဖို႔ က်ိဳးအိမ္ေတာ္ႀကီးကို ေရာက္ရွိလာခဲ့တာလို႔ပဲ သူ႕ကိုယ္သူ
သတ္မွတ္လိုက္ေလေတာ့သည္။

ေရွာင္ဟန္က က်ိဳးယြင္ထြက္ခြာသြားသည့္ အခ်ိန္တစ္ႏွစ္ေက်ာ္အတြင္းမွာပဲ က်ိဳးဟန္ဆီမွ ခြင့္ျပဳခ်က္ကို အတင္းဇြက္ေရာ ေတာင္းဆိုလိုက္ေလၿပီး သူဖြင့္ထားတဲ့ COFFEE ဆိုင္နဲ႕ သိပ္မေဝးလွသည့္ ေနရာ၌ပင္ တိုက္ခန္းငွားကာ ေနထိုင္ခဲ့ေလသည္။

ေရွာင္ဟန္သည္ ျပင္ပတြင္သာ သီးသန့္တိုက္ခန္းငွားကာ ေနထိုင္ခဲ့ေသာ္လည္း တစ္ပတ္တြင္ တစ္ႀကိမ္ ပုံမွန္ႏႈန္းျဖင့္ က်ိဳးအိမ္ေတာ္ကိုေတာ့ လာေရာက္ေနၿမဲပင္။

က်ိဳးဟန္ကလည္း ေရွာင္ဟန္ လက္ရွိငွားကာေနထိုင္သည့္ တိုက္ခန္းကို ျပန္လည္ဝယ္ယူလိုက္ေလကာ ေရွာင္ဟန္မျငင္းဆန္ေစရန္ အတြက္လက္ေဆာင္သေဘာမ်ိဳးျဖင့္ ေပးလာခဲ့သည္။
ေရွာင္ဟန္ သီးသန့္ေနထိုင္ျခင္း၏ ဒုတိယႏွစ္တြင္လည္း လက္ေဆာင္သေဘာမ်ိဳးျဖင့္ ကားအသစ္တစ္စီးကို ထပ္မံ၍ပင္ ဝယ္ေပးလာခဲ့သည္။

ယခုတြင္ေတာ့ သူ၏တစ္ကိုယ္တည္းသီးသန့္ ေနထိုင္ကာ ျဖတ္သန္းမႈ႕သည္ကား သုံးႏွစ္ပင္ ျပည့္ေခ်ၿပီ။

--------

ေရွာင္ဟန္သည္ က်ိဳးအိမ္ေတာ္ကို အလည္သြားရန္အတြက္ မနက္ေစာေစာကပင္ အားလုံးျပင္ဆင္ၿပီးစီးသြားသည့္ အတြက္ ကားေမာင္း၍ထြက္လာခဲ့လိုက္သည္။
ယေန႕တြင္ သူ႕အတြက္ ဆိုင္ပိတ္ရက္လည္းျဖစ္သလို ေမြးစားအေဖတို႔နဲ႕ ေတြ႕ဆုံရမည့္ ေန႕ရက္လည္းျဖစ္သည္။
ေရွာင္ဟန္က က်ိဳးယြင္သူ႕ကို အဆက္အသြယ္လုံးဝမလုပ္သည့္ ကိစၥရပ္ေၾကာင့္ က်ိဳးအိမ္ေတာ္ကလူေတြနဲ႕ အေနေဝးစိမ္းသက္သြားတာမ်ိဳးျဖစ္လာမွာမဟုတ္ေပ။
သို႔ေပမဲ့ ေရွာင္ဟန္သည္ မည္သူ႕ကိုမဆို အရင္ခ်ိန္မ်ားကကဲ့သို႔ေတာ့ ႏြေးေထြးေဖာ္ေ႐ြမႈ မရွိေတာ့တာ
ကလည္း အမွန္တကယ္ပင္။ ေရွာင္ဟန္ၿပဳံးရယ္ျပလာပါသည့္ အခါမ်ားတြင္ေတာင္မွ အရင္ကေလာက္ အသက္မပါေတာ့...။

ေရွာင္ဟန္ က်ိဳးအိမ္ေတာ္ထဲကို ဝင္လာခဲ့ေတာ့ သြက္လက္ခ်က္ခ်ာလွသည့္ ေကာင္မေလးတစ္ေယာက္က ေရွာင္ဟန္ထံသို႔ ေျပးထြက္လာကာ အၿပဳံးမ်က္ႏွာေလးျဖင့္ ဆီးႀကိဳလာသည္။

ေရွာင္ဟန္က ထိုေကာင္မေလးကို အသက္မပါသည့္ အၿပဳံးယဲ့ယဲ့ေလးျဖင့္ ျပန္လည္ၿပဳံးျပလိုက္ကာ အသိမွတ္ျပဳသည့္ သေဘာျဖင့္ ေခါင္းၿငိမ့္ျပလိုက္ၿပီး လက္ထဲက လက္ေဆာင္အိတ္ကို ေပးလိုက္ေလသည္။

ထိုေကာင္မေလးက ေရွာင္ဟန္ ေပးလာသည့္
လက္ေဆာင္အိတ္အတြင္းကို ဖြင့္ကာ တစ္ခ်က္ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းတခ်က္ဆူကာ ေျပာလာခဲ့သည္။

"ေရွာင္ေကာေကာ...ဒီလက္ေဆာင္ႀကီးက ဘာလို႔
အမ်ိဳးသားသုံးေရေမႊးႀကီးျဖစ္ေနရတာလဲ...ဒါက
ညီမ အတြက္ ဝယ္လာခဲ့တာ မဟုတ္ဘူးလား..."

ေရွာင္ဟန္က ထိုေကာင္မေလးကို
မနိုင္သည့္ အၾကည့္ျဖင့္ၾကည့္ၿပီး ေခါင္းတခ်က္ခါကာ

"ေမယြီ... ဒါ ညီမေလးအတြက္မဟုတ္ဘူး...အေဖ့အတြက္ ဝယ္လာခဲ့တာ...ေမယြီက အစ္ကို႔ကို
ထြက္ႀကိဳေတာ့ လက္ေဆာင္ထည့္ထားတဲ့အိတ္ကို ဧည့္ႀကိဳအျဖစ္ ကိုင္ခိုင္းလိုက္တဲ့ သေဘာပါ...ေတာင္းပန္ပါတယ္...ေမယြီကို နားလည္မူ႕ လြဲသြားရေစၿပီ..."

ေကာင္မေလးက ေရွာင္ဟန္ျပန္ေျဖၾကားလာခဲ့သည့္ စကားေၾကာင့္ မ်က္ႏွာတစ္ခ်က္ပ်က္သြားရေသာ္လည္း ခ်က္ခ်င္းပင္ ၿပဳံးရယ္လာခဲ့ၿပီး လက္ေဆာင္အိတ္ကိုေရွာင္ဟန္ကို ျပန္ေပးလာၿပီး
ေျပာလာခဲ့သည္။

"အာ...ရပါတယ္ ကိစၥမရွိပါဘူး...ေရွာင္ေကာေကာရဲ႕...ညီမက အစ္ကို႔ကို ဟိုတစ္ေခါက္တုန္းက အစ္ကိုဝယ္ေပးတဲ့လက္ေဆာင္ေလးရခ်င္တယ္လို႔ေျပာထားတာကို အစ္ကိုက အမွတ္ရသြားလို႔ ...ဒီတစ္ေခါက္ဝယ္လာခဲ့တာထင္လိုက္မိလို႔ပါ..."

ေရွာင္ဟန္က ေမယြီ ဘယ္အခ်ိန္ကေတာင္းဆိုထားတာလည္းဆိုတာကို လုံးဝ မမွတ္မိေတာ့ေပမဲ့ မမွတ္မိေတာ့ဘူးလို႔လည္း ေျပာလိုက္လို႔ မသင့္ေတာ္
သည့္အတြက္ေၾကာင့္ အင္တင္တင္နဲ႕သာ ျပန္ဆိုလိုက္ရသည္။

"အင္...ညီမအတြက္ကို အစ္ကို ေနာက္တစ္ေခါက္လာမွ ဝယ္လာခဲ့ေပးပါ့မယ္...ၿပီးေတာ့ အခုလို အိမ္ေတာ္ကို ေရာက္ေနမယ္လို႔ ထင္မထားလိုက္တဲ့ အတြက္ေၾကာင့္ မဝယ္ခဲ့မိတာလဲပါပါတယ္ ေနာက္တစ္ခါ လာခါက်ရင္ ေသခ်ာေပါက္ဝယ္လာခဲ့ေပးမယ္ ဟုတ္ၿပီလား..."

ေရွာင္ဟန္ရဲ႕ ေသခ်ာေပါက္ ဝယ္လာေပးပါ့မယ္
ဆိုသည့္ စကားအမူ႕ေၾကာင့္ ေမယြီက ေပ်ာ္႐ႊင္သြားရသည့္ဟန္ျဖင့္ ေရွာင္ဟန္လက္ေမာင္းကို ဖက္တြယ္လာခဲ့သည္။ သူမ ဖက္တြယ္လိုက္သည့္ အခ်ိန္က သိပ္ပင္ မၾကာျမင့္လိုက္ပါေခ်။

ေရွာင္ဟန္က ဖက္တြယ္လာခဲ့ပါသည့္
ေမယြီ၏ေဆးဆိုးပန္းရိုက္ လက္ေခ်ာင္းသြယ္သြယ္မ်ားကို ခ်က္ခ်င္းလက္ငင္းပဲ တစ္ဖက္လက္နဲ႕ ဖယ္ခြာလိုက္ေလသည္။

ေရွာင္ဟန္သည္ ေမယြီက အေပ်ာ္လြန္သြားၿပီး မသိလိုက္ဘာသာျဖင့္ သူ႕ကို လာကိုင္တာျဖစ္ေလာက္တယ္လို႔ ယူဆလိုက္ၿပီး မႀကိဳက္သည့္အမူအရာမျပသေတာ့ဘဲ ေမြးစားအေဖနဲ႕ ေတြ႕ဆုံရန္အတြက္သာ အေရွ႕မွ အရင္ဉီးဆုံး ခပ္ျမန္ျမန္ေလ်ာက္လာခဲ့လိုက္ေတာ့သည္။

အေနာက္တြင္ရပ္က်န္ခဲ့သည့္ ေမယြီက ေက်နပ္သည့္ အၿပဳံးတစ္ပြင့္ ၿပဳံးလိုက္ေလေတာ့သည္။ တကယ္ေတာ့ သူမက အေပ်ာ္လြန္သြားလို႔ ကိုင္လိုက္မိတဲ့ ပုံစံကို တမင္လုပ္ယူလိုက္တာျဖစ္သည္။

ေမယြီသည္ ေရွာင္ဟန္ကို ပထမဆုံးအႀကိမ္စတင္ကိုင္တြယ္လိုက္ရ၍ ေပ်ာ္႐ႊင္မဆုံးျဖစ္ေနေလေတာ့သည္။

ေရွာင္ေကာေကာကို ဖက္တြယ္လိုက္ရတဲ့ ၾကာခ်ိန္က
စကၠန့္ပိုင္းေလာက္သာ ရွိေနေပမဲ့လည္း သူမအရမ္းကို ေက်နပ္ေနေပ်ာ္႐ႊင္ေနမိသည္။
ေရွာင္ေကာေကာက အရင္ကတည္းက သူ႕ကိုတစ္ဉီးတစ္ေယာက္မွ ထိတာကို ခံခ်င္သည့္ သူတစ္ေယာက္မဟုတ္တာကို သူမ ၾကားသိထားသည့္ အတြက္ေၾကာင့္ ယခုလို အမွတ္မထင္ျဖစ္သြားသည့္ ပုံစံကိုသာ လုပ္ယူလိုက္ရတာျဖစ္သည္။
အခုလည္း ေရွာင္ေကာေကာက သူမ အျပဳအမူကိုမႀကိဳက္ေၾကာင္း ဘာမွ မေျပာသြားသည့္အတြက္ေၾကာင့္ ဒီထက္ ထပ္မံၿပီးေရွ႕တိုးခရီးဆက္ရန္ သူမစိတ္ပိုင္းျဖတ္လိုက္မိသည္။

ေမယြီသည္ ေရွာင္ဟန္သြားရာေနာက္ကို ဆက္မလိုက္ေတာ့ဘဲ အေဒၚျဖစ္သူ က်ိဳးယြဲ႕မူ အခန္းရွိရာသို႔သာ ေရွာင္ဟန္ေရာက္ၿပီျဖစ္ေၾကာင္းေျပာရန္ ေျခလွမ္းဉီးတည္ခ်က္ကို ေျပာင္းလွမ္းလိုက္ေတာ့သည္။

---------------

ေရွာင္ဟန္ ေမြးစားအေဖရဲ႕အိပ္ခန္းတံခါးကို ေခါက္လိုက္ေတာ့ ေမြးစားအေဖထံမွ ဝင္ခြင့္ျပဳသည့္ အသံ
ခပ္သည္းသည္း ထြက္ဟလာခဲ့သည္။

သူလည္း ခြင့္ျပဳခ်က္ရသည္ႏွင့္ အခန္းထဲကို ဝင္လာခဲ့လိုက္သည္။
သူ အခန္းထဲကို ေရာက္ေတာ့ ေမြးစားအေဖက ဖတ္လက္စ စာ႐ြက္စာတန္းမ်ားကို ပိတ္သိမ္းလိုက္ၿပီး စားပြဲေပၚကို တင္လိုက္ရင္းပင္ သူ႕ဆီကို အၿပဳံးတစ္ပြင့္စြန့္ႀကဲလာခဲ့သည္။

ေရွာင္ဟန္က ေမြးစားအေဖ ထိုင္ေနသည့္ ေဘးဆိုဖာမွာပဲ ဝင္ထိုင္လိုက္ၿပီး ေမြးစားအေဖကို သိခ်င္စိတ္နဲ႕ ေမးလိုက္မိသည္။

"အေဖ...ေနမေကာင္းဘူးလား...နည္းနည္း ပိန္သြားသလိုပဲ...က်န္းမာေရးေရာ ဂ႐ုစိုက္ရဲ႕လား..."

က်ိဳးဟန္က မ်က္မွန္ကိုင္းကို အေပၚပင့္တင္ရင္း ေျပာလာခဲ့သည္။

"ေနကေကာင္းပါတယ္...အ႐ြယ္က ရလာၿပီဆိုေတာ့ အပင္ပန္း သိပ္မခံနိုင္ဘူးျဖစ္ေနတယ္...ဒါက ကိစၥမရွိပါဘူး...အခုသိခ်င္တာက...
အရင္ပတ္က အေဖ ေျပာထားတာကို သားေရွာင္ စဥ္းစားၾကည့္ၿပီးသြားၿပီလားဆိုတာပဲ..."

ေရွာင္ဟန္က မ်က္လႊာခ်လိဳက္ၿပီး မဝင့္မရဲဆိုလာခဲ့သည္။

"အေဖ...ဟို...မျဖစ္ဘူးထင္တယ္...က်ိဳးရန္လည္း ရွိေနတာဆိုေတာ့...ကြၽန္ေတာ္ ျငင္းဆိုပါရေစ...ေနာက္ၿပီး ကြၽန္ေတာ့္မွာ လုပ္ငန္းအေတြ႕အႀကဳံလည္း လိုေနေသးတယ္... "

က်ိဳးဟန္က ေရွာင္ဟန္မ်က္ႏွာ အမူအရာကို ေသေသခ်ာခ်ာ အကဲခတ္ၾကည့္ေနရင္း ေျပာလာသည္။

"သားရန္ကို ဒုဉကၠဌေနရာလြဲေပးဖို႔ဆိုတာက နည္းနည္းခက္ခဲတယ္လို႔ အေဖထင္ျမင္မိတယ္...သားေရွာင္ကိုက်ေတာ့ ...လုပ္ငန္းေတြအတြက္ စိတ္ခ်ရမယ္လို႔ အေဖ ယုံၾကည္တယ္... ေနာက္ၿပီး..
သားယြင္ကလည္း ဘယ္အခ်ိန္မွ ျပန္လာမယ္ဆိုတာ မေရရာဘူး..."

သူ႕နားထဲတြင္ ေမြးစားအေဖ ေျပာလိုက္တဲ့ သားယြင္က ဘယ္အခ်ိန္ျပန္လာမလဲဆိုတာ မေရရာဘူး ဆိုတဲ့ စကားလုံးမ်ားကိုသာ အထပ္ထပ္ၾကားေယာင္ေနမိေတာ့သည္။
ေမြးစားအေဖေျပာလိုက္တဲ့ စကားကလည္း အမွန္ပဲမဟုတ္လား..
က်ိဳးယြင္ ထြက္သြားတာ ၃ ႏွစ္ပင္ရွိေနၿပီ..
အဆက္အသြယ္ လုံးဝလုပ္မလာတာ သုံးႏွစ္ေတာင္ ရွိေခ်ၿပီ။

ဘယ္အဆက္အသြယ္လုပ္ပါ့မလဲ အမွားလုပ္ထားတဲ့လူဆိုေတာ့ ...
က်ိဳးယြင္က သူ႕ရဲ႕အေၾကာင္းေတြကို တမင္မေျပာခ်င္လို႔ မိမိကို လုံးဝအဆက္သြယ္မလုပ္လာတာ မဟုတ္လား...
ဒါ့ေၾကာင့္လည္း ေမြးစားအေဖဆီကေနေတာင္မွ က်ိဳးယြင္မသိေစခ်င္ဘူးထင္လို႔ က်ိဳးယြင္ရဲ႕
အေၾကာင္းကို သူ မေမးျဖစ္ဘူး...
မဟုတ္ဘူး...မေမးခ်င္ဘူး...
ကာယကံရွင္ကိုယ္တိုင္ကေတာင္ မေျပာခ်င္လို႔ ကိုယ္တိုင္ အဆက္အသြယ္ မလုပ္ဘဲေနခဲ့တာ မဟုတ္လား...
ေမြးစားအေဖကိုေမးေတာ့ေရာ...အမွန္တိုင္း သိရမွာတဲ့လား...
ေနာက္ၿပီး ေမြးစားအေမတို႔ေျပာတာက က်ိဳးယြင္က သူ႕အေၾကာင္းေတြကို သူ႕အေဖကို အမွန္တိုင္း မေျပာျပထားဘူးဆိုတာပဲ...သူတို႔ေတာင္ လူလြတ္စုံစမ္းခိုင္းထားလို႔ အေၾကာင္းစုံကို သိရတာတဲ့ေလ...

က်ိဳးဟန္က သူ႕အေျပာစကားေၾကာင့္ ေရွာင္ဟန္မ်က္ႏွာ ပ်က္သြားတာကိုခ်က္ခ်င္း သတိထားမိလိုက္သည္။
သူေျပာလိုက္တဲ့စကားမွာ သားယြင္အေၾကာင္းပါသြားတာကို ျပန္သတိရလိုက္ၿပီး စိတ္မေကာင္းျဖစ္မိေပမဲ့ စကားလမ္းေၾကာင္းလြဲယုံသာ သူတတ္နိုင္ေတာ့သည္။

"သားေရွာင္...သား အဆင္သင့္မျဖစ္ေသးဘူးဆိုလည္း ဘာမွမျဖစ္ဘူး...သားရန္ကိုပဲ စဥ္းစားၾကည့္ရမွာေပါ့...သားေရွာင္က စီးပြားေရးေလာကမွာ မနစ္ေျမာခ်င္ဘူးဆိုတာ အေဖ အစကတည္းကရိပ္စားမိတယ္...ဒါ့ေၾကာင့္လည္း
အပူအပင္ကင္းတဲ့ လုပ္ငန္းကိုပဲ သားေရွာင္ ေ႐ြးခ်ယ္ခဲ့တာမဟုတ္လား...အခု သားေရွာင္ဖြင့္ထားတဲ့COFFEE ဆိုင္ကေရာ အဆင္ေျပရဲ႕လား..."

"ဟုတ္ အဆင္ေျပပါတယ္...."

"တကယ္လို႔ လိုအပ္တာ...လိုခ်င္တာရွိရင္ အေဖ့ကို ေတာင္းဆိုလို႔ရတယ္ေနာ္...သားသတ္မွတ္ထားသလို တစ္စုံေယာက္ကဒီမွာမရွိေတာ့လို႔ ဒီအိမ္ေတာ္က သားနဲ႕ မသက္ဆိုင္ေတာ့ဘူးလို႔ မထင္ေစခ်င္ဘူး...သားက ဒီအိမ္ေတာ္က တရားဝင္ ေမြးစားထားတဲ့ သားတစ္ေယာက္ပဲဆိုတာ သိထားေပး..."

"ဟုတ္ကဲ့...ကြၽန္ေတာ္ မွတ္ထားပါ့မယ္..."

က်ိဳးဟန္က ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ အသိမွတ္ျပဳေပးလာၿပီး စာပြဲေပၚက ေရွာင္ဟန္တင္ထားတဲ့ လက္ေဆာင္အိတ္ရဲ႕ တံဆိပ္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး

"အခုဝယ္လာတဲ့ တံဆိပ္က အေဖသုံးေနက် ေရေမႊးတံဆိပ္မဟုတ္လား...ဒါက ေစ်း အရမ္းႀကီးလြန္းတယ္...သားေရွာင္ရဲ႕ လုပ္ငန္းအျမတ္နဲ႕ မကာပဲျဖစ္ေနလိမ့္မယ္...ေနာက္တစ္ခါ အိမ္လာရင္ ဘာမွ ဝယ္မလာခဲ့နဲ႕...သားေရွာင္က... ဒီအိမ္ေတာ္ကလူ...ဧည့္သည္ တစ္ေယာက္မဟုတ္ဘူး...ၾကားလား..."

"ဟုတ္ကဲ့..."

----------------

ေရွာင္ဟန္ ေမြးစားအေဖနဲ႕ စကားေျပာေတြ႕ဆုံၿပီး ေအာက္ထပ္ဆင္းလာေတာ့ ေမယြီက ေလွကားစပ္နားမွာ ရပ္ၿပီး ေစာင့္ေနတာကို ေတြ႕လိုက္ရသည္။
ေမယြီက သူဆင္းလာခဲ့တာကို ျမင္ေတာ့ ေပ်ာ္႐ႊင္စြာနဲ႕ပဲ ၿပဳံးရယ္ျပလာသည္။
သူလည္း ေမယြီအၿပဳံးကို အသိမွတ္ျပဳသည့္အေနနဲ႕ ေခါင္းၿငိမ့္ၿပဳံးျပလိုက္ရသည္။

ေမယြီက သူသြားရာေနာက္ကို ေဘးနားကေန ကပ္ေလ်ာက္ကာ လိုက္ခဲ့ရင္း ေလသံခြၽဲခြၽဲျဖင့္
ေမးလာခဲ့သည္။

"ေရွာင္ေကာေကာ...ျပန္ေတာ့ မလို႔လား..."

"အင္..."

"ဘာလို႔ အေစာႀကီး ျပန္မွာလည္း...ဟိုတစ္ေခါက္ လာတုန္းကလည္း ေန႕တစ္ပိုင္း ဒီမွာေနသြားတယ္...ဘာလဲ...ညီမ ေရာက္ေနလို႔လား..."

"အဲ့လို...မဟုတ္ပါဘူး..."

သူ ေမယြီကို နားလည္မႈ႕မလြဲေစဖို႔ ရွင္းျပရင္း လမ္းကို ခပ္ျမန္ျမန္သာ ေလ်ာက္လွမ္းေနမိသည္။
ဒီေကာင္မေလးက တစ္ေန႕တစ္ျခား ပိုပိုၿပီး သူ႕ကို ကပ္တြယ္လာသလို သူခံစားေနရသည္။
ဒီလို သြက္လက္ခ်က္ခ်ာတာက ခ်စ္စရာေကာင္းေပမဲ့ အတင္းတြယ္ကပ္လာတာကိုေတာ့ သူ မႀကိဳက္ဘူး...။

ဒီလိုပုံစံက အခုေနာက္ပိုင္း စိတ္မၾကည္မသာ အၿမဲျဖစ္တတ္လာတဲ့သူ႕ကို ပိုၿပီးစိတ္ရႈပ္ေထြးလာေစတယ္။
ေမယြီက ေမြးစားအေမရဲ႕ တူမ ျဖစ္ေနလို႔သာ သူကအခုလို အလိုက္ထိုက္ေျပာဆို ဆက္ဆံေပးေနရတာ..

အခုလိုလာကပ္တာ သူ မႀကိဳက္ဘူးဆိုတာကို သိေအာင္ေျပာျပလိုက္ရင္လည္း တဖက္က မိန္းကေလးတစ္ေယာက္ျဖစ္ေနလို႔ ေျပာလိုက္လို႔ မေကာင္း..မသင့္ေလ်ာ္ဘူး...အဲ့ဒါေၾကာင့္
အလိုက္ထိုက္ေနေပးယုံကလြဲၿပီး သူလည္းဘာမွမတတ္နိုင္...။

သူ၏ အခုအေျခအေနက စုပ္လည္းစူး စားလည္း႐ူး
အေျခအေနပင္။ စိတ္အလိုက်ခ်င္စရာဆိုတာ တစ္ခုမွ မရွိ။
သူ၏ ကံေကာင္းသည့္ ေန႕ရက္မ်ားသည္ ကုန္ဆုံးသြားပုံရသည္။ အခုဆိုရင္ ေနာက္ရက္ေတြမွာ ကံတရားက ဘယ္လိုပုံစံနဲ႕ သူ႕ကိုက်ီစယ္လာမယ္ဆိုတာကိုေတာင္ သူမသိခ်င္ေတာ့ဘူး...။

ေရွာင္ဟန္က ေမယြီရဲ႕တတြက္တြက္ေျပာေနတဲ့ စကားမ်ားကို လွစ္လ်ဴ ရႈ႕ၿပီး ဧည့္ခန္းေရွ႕ကို ျဖတ္ေလ်ာက္လာလိုက္သည္။

"ငါ့သားေျပာပုံအရဆို...သားယြင္က တကယ္ကို ျပဳျပင္ေပးလို႔ မရနိုင္ေတာ့တဲ့ အေျခအေနကို ေရာက္ေနၿပီပဲ..."

"ကြၽန္ေတာ္လည္း ဘာေျပာရမွန္းကို မသိေတာ့ဘူး.."

ၾကားလိုက္ရတဲ့ ေမြးစားအေမရဲ႕ အျပန္အလွန္စကားေျပာဆိုသံမ်ားေၾကာင့္ ေရွာင္ဟန္ သူ႕ေျခလွမ္းမ်ားကို အလိုအေလ်ာက္ ရပ္တန့္မိလိုက္သည္။

ေမယြီရဲ႕ စကားသံကို သူ လ်စ္လ်ဴရႈ႕ထားနိုင္ေပမဲ့
႐ုတ္တရက္ၾကားလိုက္ရတဲ့ ဧည့္ခန္းဆီမွ ေမြးစားအေမတို႔ေျပာလိုက္တဲ့ စကားလုံးအခ်ိဳ႕ကိုေတာ့ သူလ်စ္လ်ဴမရႈ႕လိုက္နိုင္ဘူး။
ေမြးစားအေမ၏ ေျပာဆိုသံက ပုံမွန္အသံအေနအထားျဖစ္ေနေပမဲ့ သူ၏နားထဲကို စူးစူးဝါးဝါးအသိေပး ေအာ္ေျပာလိုက္ သလိုပင္။

ေရွာင္ဟန္သည္ မသိလိုက္ဘာသာျဖင့္ လက္သီးကို က်စ္က်စ္ဆုပ္လိုက္မိၿပီး သူ႕ေျခလွမ္းမ်ားကိုလည္းခပ္ျမန္ျမန္ျပန္ေလ်ာက္လွမ္းလိုက္မိသည္။
သူ...က်ိဳးယြင္ရဲ႕ သတင္းေတြကို ထပ္မၾကားခ်င္ေတာ့ဘူး... ဒီဓာတ္ျပားေဟာင္းႀကီးေတြကို သူထပ္ၿပီး နားမဆင္ခ်င္ေတာ့ဘူး...
ဒီေကာင္ေလးရဲ႕ ကိစၥက သူနဲ႕မွ မဆိုင္ေတာ့ဘဲ...

ကာယကံရွင္က်ိဳးယြင္ကိုယ္တိုင္ကေတာင္ အဲ့လိုသတ္မွတ္ထားလို႔ အဆက္အသြယ္ျဖတ္ေတာက္ထားတာ မဟုတ္လား...

အခ်ိန္ေတြသာ တျဖည္းျဖည္း ကုန္ဆုံးလာခဲ့ေပမဲ့ ေရွာင္ဟန္သည္ က်ိဳးယြင္၏ သတင္းအစြန္အစေလးမ်ားကို အမွတ္မထင္ၾကားလိုက္ရ႐ုံမွ်ျဖင့္ပင္ မ်က္ႏွာအမူအရာသည္ကား သိသိသာသာ ပ်က္ယြင္းသြားတတ္ရၿမဲပင္။
ေရွာင္ဟန္၏ ပ်က္ယြင္းသြားတဲ့ မ်က္ႏွာအမူအရာကိုၾကည့္ၿပီး က်ိဳးယြဲ႕မူက ေက်နပ္တဲ့ မဲ့ၿပဳံး ၿပဳံးလိုက္ေလသည္။

က်ိဳးယြဲ႕မူသည္ သူမစကားကို ၾကားေပမဲ့ မသိခ်င္ေယာင္ေဆာင္ၿပီး ေလ်ာက္လွမ္းေနတဲ့ ေရွာင္ဟန္ေျခလွမ္းမ်ားကို ရပ္တန့္သြားေအာင္ ေျပာလာခဲ့သည္။

"သားေရွာင္ဟန္...လာပါအုံး ဒီကို...မင္းကို ေျပာစရာ ရွိလို႔..."

ေရွာင္ဟန္သည္ ေမြးစားအေမက လွမ္းေခၚလိုက္သည့္ အတြက္ေၾကာင့္ ေလ်ာက္လွမ္းေနတဲ့ ေျခလွမ္းမ်ားကို ထပ္မံရပ္တန့္ၿပီး ေျခလွမ္းဉီးတည္ခ်က္ကို ေျပာင္းလိုက္ရေတာ့သည္။

ေမြးစားအေမက က်ိဳးယြင္ အေၾကာင္းေတြကို ေျပာလာခဲ့မွာကို သူသိေပမဲ့လည္း...
သူ႕ဘက္က သူမကို မၾကားခ်င္ဘူး မေျပာနဲ႕လို႔လည္း ျငင္းဆန္လိုက္လို႔လည္းမရေပ။
သူက မသိခ်င္ဘူးလို႔ သူမကို ေျပာလိုက္ရင္ ရိုင္းဆိုင္းရာက်ေပလိမ့္မည္။
ဒါ့ေၾကာင့္ သူမေျပာသမွ်ကို နားေထာင္ေပး႐ုံကလြဲၿပီး သူလုပ္နိုင္တာ ဘာမွ မရွိ...။

ေရွာင္ဟန္က သူ႕ရဲ႕ မသက္မသာျဖစ္ေနသည့္
မ်က္ႏွာကိုတစ္ခ်က္ျပင္လိုက္ၿပီး ေနရာလြတ္ေနတဲ့ ဧည့္ခန္းဆိုဖာထိုင္ခုံမွာ ဝင္ထိုင္လိုက္သည္။ အလားတူ ေမယြီလည္း ေရွာင္ဟန္ေဘး ကပ္ရပ္ ထိုင္ခုံတြင္ဝင္ထိုင္လာသည္။

က်ိဳးယြဲ႕မူက ေမယြီရဲ႕ သြက္လက္လွတဲ့ အျပဳအမူေၾကာင့္ တစ္ခ်က္ၿပဳံးလိုက္မိေပမဲ့ မျမင္ခ်င္ေယာင္ေဆာင္လိုက္ၿပီး ပူပန္ရသည့္ မ်က္ႏွာထားမ်ိဳးျဖင့္
ေရွာင္ဟန္ကို ေျပာလာခဲ့သည္။

"သားေရွာင္ဟန္...ဘာလို႔ အေစာႀကီး ျပန္ဖို႔လုပ္ေနတာလည္း... တစ္ေန႕ထက္တစ္ေန႕ မင္းဒီကိုလာၿပီး ေနသြားတဲ့ ၾကာခ်ိန္က ေလ်ာ့ေလ်ာ့လာတယ္...ဘာလည္း...အားယြင္ေၾကာင့္မို႔လား..."

ေရွာင္ဟန္က အသက္မပါစြာ ျပန္ေျဖလာခဲ့သည္။

"မဟုတ္ပါဘူး..."

က်ိဳးရန္ကလည္း ဝင္ေျပာလာခဲ့သည္။

"ငါ...မင္းစိတ္ကို နားလည္တယ္...ငါေတာင္ ငါ့ညီ ရဲ႕သတင္းေတြေၾကာင့္ ဒီေလာက္စိတ္မေကာင္းျဖစ္မိတာ...မင္းက သူ႕ကို ေစာင့္ေရွာက္ခဲ့တဲ့ သူဆိုေတာ့ ပိုၿပီး စိတ္မေကာင္းျဖစ္ရမွာေပါ့..."

က်ိဳးရန္က ဖိုင္တစ္ခုကိုထုတ္ယူလိုက္ၿပီး ေရွာင္ဟန္ရဲ႕ မ်က္ႏွာအမူအရာကို အကဲခတ္ေနရင္း ဓာတ္ပုံအခ်ိဳ႕ကို ထုတ္ျပလာေလသည္။

က်ိဳးရန္ထုတ္ျပလာခဲ့တဲ့ ဓာတ္ပုံေတြထဲမွာ ေကာင္ေလးတစ္ေယာက္က ကင္မရာကို
ေနာက္ေက်ာေပးထိုင္ေနသည့္ အတြက္ေၾကာင့္ မ်က္ႏွာကိုေတာ့ ေသခ်ာမျမင္ရေပ။ ေက်ာေပးထိုင္ထားတဲ့ ေကာင္ေလးရဲ႕ ရင္ခြင္မွာ ေကာင္မေလးတစ္ေယာက္က မ်က္ႏွာအပ္ကာထိုင္ေနေလၿပီး ေဘးတစ္ဖက္စီမွာလည္း အရက္ ငွဲ႕ေပးေနသည့္ ေကာင္းမေလးႏွစ္ေယာက္လည္းရွိပါေသးသည္။သူတို႔ အေရွ႕တြင္ထိုင္ေနသည့္သူက ေရွာင္းယြီမွ ေရွာင္းယြီ အစစ္ေပ။
လုေရွာင္းယြီက ဘယ္လိုလုပ္ အဲ့ကိုေရာက္သြားရတာလဲ...။

ဓာတ္ပုံအားလုံးတြင္ ေက်ာေပးထားတဲ့ ေကာင္ေလးရဲ႕ မ်က္ႏွာကို သူ မျမင္ရေပမဲ့လည္း
ေရွ႕မွာထိုင္ၿပီး စကားေျပာေနတဲ့တစ္ေယာက္က လုေရွာင္းယြီျဖစ္ေနသည့္အတြက္ေၾကာင့္
ထိုေကာင္ေလးက က်ိဳးယြင္ျဖစ္ေၾကာင္းသာ လက္ခံလိုက္ရေတာ့သည္။

ေရွာင္ဟန္က ဓာတ္ပုံေတြကို စားပြဲေပၚ ျပန္တင္လိုက္ၿပီး သိခ်င္စိတ္နဲ႕ က်ိဳးရန္ကို ေမးလာခဲ့သည္။

"အားယြင္...အာ..က်ိဳးယြင္ရဲ႕သူငယ္ခ်င္းက ဘာလို႔အဲ့ကိုေရာက္ေနတာလည္း...သူက... "

က်ိဳးရန္က ေရွာင္ဟန္ စကားမဆုံးခင္မွာပင္

"က်ိဳးယြင္ သူငယ္ခ်င္းက လြန္ခဲ့တဲ့ တစ္ႏွစ္က...USကို သြားေသးတယ္ေလ...ဒီပုံေတြက လြန္ခဲ့တဲ့ တစ္ႏွစ္က ပုံေတြ...အရင္ကေတာ့ မင္းကို
မျပေတာ့ဘူးလို႔ ငါဆုံးျဖတ္ထားတာ...ဒါေပမဲ့...မေန႕က ငါ့ညီ အေၾကာင္းစုံစမ္းေပးတဲ့ တစ္ေယာက္က ေျပာလာခဲ့တာက က်ိဳးယြင္က
မိန္းကေလးရႈပ္ယုံတင္မကဘူးတဲ့...ငါဘယ္လိုေျပာျပရမလဲ..."

"......"

"မင္းကို...ေျပာျပရမွာအားနာေပမဲ့...မေျပာလို႔လည္း မျဖစ္ဘူးေလ...မင္းလည္းသိထားသင့္တယ္လို႔ ငါထင္တယ္..."

ေရွာင္ဟန္က က်ိဳးရန္ရဲ႕ တြန့္ဆုတ္ဆုတ္ ျဖစ္လာတဲ့ စကားအသြားအလာေၾကာင့္ ဘယ္လိုစကားမ်ိဳးေတြ ထပ္ၿပီးထြက္ဟလာမလဲဆိုတာကို စိတ္ထဲထင့္လာမိကာ ေအာင့္သက္သကပင္္ ျဖစ္ေနမိသည္။ သူ၏ စိတ္အေျခအေနကလည္း အလိုအေလ်ာက္ မြန္းၾကပ္လာရေတာ့သည္။

က်ိဳးရန္က ေရွာင္ဟန္မၾကားခ်င္ပါသည့္ စကားမ်ားကို ေ႐ြးေျပာလာခဲ့သည္။

"သူ... ေကာင္ေလးအခ်ိဳ႕နဲ႕လည္း...စၿပီးတြဲေနၿပီတဲ့...ဒါက ေတာ္ေတာ္ဆိုးတာပဲ...မျဖစ္သင့္ဘူးေလ...
အေမလည္း ဒီအေၾကာင္းကို မင္းကို မေျပာျပဖို႔ ငါ့ကိုတားေပမဲ့ ငါက မင္းသိသင့္တယ္ထင္လို႔...ေျပာမရဘူးေလ... မင္းကိုလည္း...က်စ္!...ငါေျပာခ်င္တာက မင္းက သူနဲ႕ေသြးသားမေတာ္စပ္ဘူးေလ...သူျပန္လာရင္ မင္းသူ႕ကို သတိထားၿပီးဆက္ဆံသင့္တယ္...ေရွာင္ေနသင့္တာဆို ပိုၿပီး မွန္လိမ့္မယ္..."

ေရွာင္ဟန္ မ်က္လုံးမ်ားက က်ိဳးရန္ရဲ႕ စကားေၾကာင့္ ခ်က္ခ်င္း ဝိုင္းစက္လာခဲ့ၿပီး အံၾသစိတ္နဲ႕ အမည္တပ္လို႔မရတဲ့ စိတ္အေျခတစ္ခုလည္း ခ်က္ခ်င္းဝင္ေရာက္လာခဲ့သည္။
ေရွာင္ဟန္ သူ႕ကိုယ္သူ ျပန္ၿပီး ႏွစ္သိမ့္ေပးေနမိေတာ့သည္။သူ ၾကားလိုက္ရတဲ့စကားေတြကို
သူလုံးဝ မယုံၾကည္နိုင္ဘူး ျဖစ္ေနမိသည္။
ဟုတ္တယ္ေလ...
ဘယ္လို လုပ္ျဖစ္နိုင္မွာလည္း...အားယြင္က အဲ့လို လုပ္မဲ့လူစားမ်ိဳးမွ မဟုတ္တာ...
မိန္းကေလးေတြကို ထယ္လယ္တြဲၿပီးရႈပ္ေနတာက ေယာက်ာ္းေလးသဘာဝဆိုၿပီး လက္ခံေပးလိုက္လို႔ရေသးတယ္...
ေယာက်ာ္း ေလးေတြနဲ႕ တြဲေနတာႀကီးကိုေတာ့ လက္ခံေပးလို႔ မရဘူး...
အားယြင္လို လိမၼာၿပီးသိတတ္တဲ့ ေကာင္ေလးက ၃ႏွစ္အတြင္းေလးမွာ ဒီေလာက္ႀကီးေတာင္ ေျပာင္းလဲသြားလိမ့္မယ္လို႔ သူမယုံၾကည္နိုင္ဘူး...။

ဒါေပမဲ့လည္း က်ိဳးယြင္အခုလိုေျပာင္းလဲသြားရတဲ့အေၾကာင္းကို က်ိဳးယြင္ရဲ႕ မိခင္ျဖစ္သူကိုယ္တိုင္နဲ႕ အစ္ကိုျဖစ္သူကိုယ္တိုင္က ေျပာလာခဲ့တာ မဟုတ္လား...

ကိုယ့္ရဲ႕ သားျဖစ္သူရဲ႕ မေကာင္းသတင္းကို ဘယ္မိဘကမွ မဟုတ္မွန္ပဲ လိမ္ညာၿပီး ေျပာလာမွာ လည္း...
အစ္ကို ျဖစ္သူကလည္း ကိုယ့္ညီအေၾကာင္းကို မဟုတ္မမွန္ လုပ္ဇာတ္ခင္းၿပီး ေျပာလာေလာက္မွာမဟုတ္ဘူး။

ဒါေၾကာင့္ ေနာက္ဆုံးမွာေတာ့ ေရွာင္ဟန္သည္ က်ိဳးယြဲ႕မူတို႔အေျပာစကားေတြကို မ်က္စိစုံမွိတ္ ေခါင္းၿငိမ့္ၿပီး လက္ခံယုံၾကည္ရန္သာ တတ္နိုင္ေပေတာ့သည္။

က်ိဳးယြဲမူတို႔ရဲ႕ နားသြင္းမႈကိုလက္ခံယုံၾကည္မိလိုက္တာကလည္း ေရွာင္ဟန္ရဲ႕အျပစ္မဟုတ္ေပ။

ေရွာင္ဟန္ ယုံလည္း ယုံၾကည္ခ်င္စရာပင္။
ဘယ္လိုမိခင္နဲ႕ အစ္ကိုကမွ ကိုယ့္ေသြးသားကို ဒီလိုမဟုတ္မမွန္လီဆယ္ေျပာလာဖူးတာမ်ိဳး ရွိလာလိမ့္မည္နည္း။

ေရွာင္ဟန္မ်က္ဝန္းအၾကည့္မ်ားက စားပြဲေပၚက ဓာတ္ပုံေတြဆီမွာ မသိလိုက္ဘာသာ အၾကည့္ ေရာက္ေနေသးေပမဲ့ သူ႕အေတြးမ်ားတြင္ေတာ့ က်ိဳးယြင္ထံတြင္သာ...

သူ၏ စိတ္ထဲတြင္ က်ိဳးယြင္ကို ေမးခ်င္ပါသည့္
သူနားမလည္နိုင္ပါသည့္ အေၾကာင္းအရာမ်ားတြင္သာ...

က်ိဳးယြင္က သူ႕ဆီကို လုံးဝအဆက္အသြယ္ မလုပ္လာခဲ့တာက သူ႕(က်ိဳးယြင္)လုပ္ရပ္ေတြကို စိတ္မလုံလို႔ပဲလား ဟု သူ ...က်ိဳးယြင္ကို ေမးလိုက္ခ်င္မိသည္။

တကယ္လို႔သာ.. က်ိဳးရန္ေျပာသလို ေယာက္်ားေလးေတြနဲ႕တြဲတယ္ဆိုရင္ေတာင္ က်ိဳးယြင္က
သူ႕ကိုေတာ့ အဲ့လိုလုပ္လာေလာက္မွာမဟုတ္ေပ။

သူ က်ိဳးယြင္ကို ၈ႏွစ္လုံးလုံးေစာင့္ေရွာက္ခဲ့ရတာ မဟုတ္လား...
ဒီကေလး သူ႕အေပၚဒါမ်ိဳးေတြ လုပ္လာေလာက္မွာ မဟုတ္ဘူးဆိုတာ သူလုံးဝယုံၾကည္တယ္...

အရင္က သူတို႔ေျပာလာခဲ့တဲ့ က်ိဳးယြင္ ကလပ္သြားတာေတြ ဘားထိုင္ၿပီး အရက္ေသစာေသာက္စားတာေတြ...မိန္းကေလးရႈပ္တာေတြ...အေလာင္းကစား လုပ္တာေတြ ...
ေနာက္ၿပီး ေမြးစားအေမနဲ႕က်ိဳးရန္ဆီက ပိုက္ဆံ သန္းခ်ီ လွမ္းေတာင္းၿပီး တစ္ေန႕တည္းနဲ႕ ျဖဳန္းလိုက္တဲ့ သက္ေသ အေထာက္အထားေတြ ...
ဒါေတြအားလုံးကို မသက္သာတဲ့ေနာက္ဆုံး လက္ခံလိုက္လို႔ရေပမဲ့ အခုထပ္ၿပီးသိလိုက္ရတာေတြကိုေတာ့ တကယ္အစစ္အမွန္လို႔ သူ လက္ခံမေပးနိုင္ေသးဘူး...။

ဒီမေကာင္းမြန္တဲ့ ကိစၥရပ္ေတြအားလုံးက သုံးႏွစ္အတြင္းမွာ က်ိဳးယြင္လုပ္ေဆာင္လိုက္တဲ့ လုပ္ေဆာင္ခ်က္ေတြဆိုတာကို သူအခုထိ မယုံၾကည္ရဲေသးဘူး။

ေမြးစားအေဖသာ သားျဖစ္သူက ဒီလိုေတြ ေျပာင္းလဲသြားခဲ့တယ္ဆိုတာကိုသာ သိသြားခဲ့ရင္...

ေရွာင္ဟန္ ထပ္ၿပီး ဆက္မေတြးနိုင္ေတာ့ေပ။ သုံးႏွစ္အတြင္း က်ိဳးယြင္ရဲ႕ အေၾကာင္းဆို ေကာင္းမြန္တာ ဘာတစ္ခုမွ သူ မၾကားသိခဲ့ရဘူး။
သူကိုယ္၌ကလည္း က်ိဳးယြင္နဲ႕ ပတ္သတ္လာရင္ နည္းနည္းေလးမွကို အတိမ္းအေစာင္းမခံနိုင္ေပ။
အဲ့တာေၾကာင့္လည္း အရင္က သိထားတာေတြကို ျပန္ေတြးလိုက္ယုံနဲ႕တင္ ဘာဆက္လုပ္ရမွန္း မသိေအာင္ လမ္းေပ်ာက္ေနမိတာက အႀကိမ္ႀကိမ္။ စိတ္ပ်က္စရာေကာင္းလွသည့္ မိမိသိခဲ့ရတဲ့ သုံးႏွစ္စာ မွတ္ဉာဏ္ေတြအားလုံးကိုလည္း ေပ်ာက္ပ်က္သြားေအာင္ ဖ်က္ဆီးလိုက္ခ်င္မိသည္။

ဒါမွမဟုတ္ရင္လည္း ဝတၳဳေတြ ဇာတ္လမ္းေတြထဲကလို အခ်ိန္ေနာက္လွည့္၍သာ ခရီးသြားလိုက္ခ်င္ သည္။
အဲ့လိုသာ သြားလို႔ရခဲ့မယ္ဆိုရင္ သူ က်ိဳးယြင္ကို USကို မသြားဖို႔ မရမက တားဆီးပိတ္ပင္ ပစ္မည္...တကယ္လို႔ ဒူးေထာက္ေတာင္းဆိုမွရမယ္ဆိုရင္ေတာင္ ေတာင္းဆိုလာသလိုသူလုပ္ေပးလိုက္မည္။

ဒါေပမဲ့...ဒါေတြက သူ၏ ျဖစ္လာနိုင္မွာမဟုတ္သည့္
အေတြးမ်ားသက္သက္သာ ...
တကယ္ျဖစ္လာမွာမွ မဟုတ္ဘဲ...

က်ိဳးရန္က အေတြးနယ္ကြၽံၿပီး စိတ္မသက္မသာျဖစ္ေနတဲ့ ေရွာင္ဟန္ေၾကာင့္ မိခင္ျဖစ္သူကို ၾကည့္လိုက္ၿပီး 'အႀကံအစည္ေအာင္ျမင္တယ္ 'ဆိုသည့္ မ်က္ႏွာ အမူအရာမ်ိဳး အခ်က္ျပလိုက္သည္။

သူမကလည္း သိတယ္ဆိုသည့္ အမူအရာျဖင့္ ေခါင္းတစ္ခ်က္ၿငိမ့္ျပလာခဲ့သည္။

ေမယြီကေတာ့ အေဒၚျဖစ္သူ နဲ႕ ဝမ္းကြဲအစ္ကိုရဲ႕ လုပ္ဇာတ္အားလုံးကို အစထဲက သိထားသည့္အတြက္ေၾကာင့္ သူမပါ ေရာေယာင္ၿပီး ေရွာင္ဟန္သတိမထားမိေအာင္ ေက်နပ္ၿပဳံးေလး လွလွပပၿပဳံးရယ္လိုက္မိသည္။

အပူေသာကေတြ ေဝဆာေနသည့္ ေရွာင္ဟန္သည္
ထို သုံးေယာက္၏ လွည့္စားမႈကို သတိမထားမိဘဲ
စားပြဲေပၚတြင္တင္ထားသည့္ ဓာတ္ပုံမ်ားဆီကိုသာ အၾကည့္ေရာက္ေနၿပီး အေတြးမ်ား၍သာေနေလသည္။

က်ိဳးယြဲ႕မူက ေရွာင္ဟန္ကို အသိျပန္ဝင္လာေအာင္
သက္ျပင္းသံကိုက်ယ္က်ယ္ခ်လိဳက္ကာ ေျပာလာခဲ့သည္။

"ဟင္း...ဘယ္တတ္နိုင္မွာလည္း...သားယြင္ကလည္း...ဒီမွာရွိမေနေတာ့ ဘယ္လိုမွျပဳျပင္ေပးလို႔မရဘူးျဖစ္ေနတယ္...အခုဆိုရင္ ...အရင္လိုျဖစ္လာေအာင္သြင္သင္ေပးဖို႔ဆိုတာက သိပ္ကိုေနာက္က်သြားၿပီ...အခု သားေရွာင္ဟန္လည္း အကုန္သိၿပီးသြားၿပီဆိုေတာ့ သားယြင္က အရင္လို ေကာင္ေလးတစ္ေယာက္မဟုတ္ေတာ့ဘူးဆိုတာ လက္ခံေလာက္ၿပီေပါ့..."

ေမြးစားအေမ၏ စကားသံေၾကာင့္ ေရွာင္ဟန္
အသိျပန္ဝင္လာရသည္။

သို႔ေပမဲ့ ေမြးစားအေမရဲ႕ အေျပာစကားကို ခြန့္တုန့္ျပန္စကား သူ မဆိုမိေပ။

မေနနိုင္ေတာ့တဲ့ ေမယြီကပဲ ဝင္ေျပာရေတာ့သည္။

"ေဒၚေလး...ေရွာင္ေကာေကာက ဒီအေၾကာင္းေတြကို အစကတည္းက သိထားတယ္ဆိုေပမဲ့
...အခု ထပ္သိလိုက္ရတာေတြကို မယုံၾကည္နိုင္လို႔ ေဒၚေလးကို ဘာျပန္ေျပာရမွန္းမသိျဖစ္ေနတာပါ...အခု သိသြားၿပီဆိုေတာ့ ေရွာင္ေကာေကာကို ေမယြီ အိမ္ျပန္ဖို႔ လိုက္ပို႔ေပးလိုက္ေတာ့မယ္...ေရွာင္ေကာေကာက သြားစရာရွိေသးတယ္လို႔ ေစာေစာက
ေျပာထားေသးတယ္...ဟုတ္တယ္ေနာ္ေရွာင္ေကာေကာ..."

"အင္..."

ေရွာင္ဟန္က သူ႕အတြက္ ေမယြီက ကာေျပာေပးလာ၍ စိတ္ထဲကေန ေက်းဇူးတင္လိုက္မိသည္။
မဟုတ္ရင္ ဒီစကားဝိုင္းကို ဘယ္လိုျဖတ္ရမလည္းဆိုတာကို သူတကယ္မသိဘူး။

က်ိဳးယြဲ႕မူကလည္း အသိေပးစရာ ကုန္သြားသည့္ အတြက္ေၾကာင့္ ေမယြီေျပာလာခဲ့တဲ့ စကားကို လက္ခံေပးလိုက္သည္။

"သြားစရာ ရွိေသးတာကို အစကတည္းႀကိဳမေျပာဘူး...သားေရွာင္ဟန္ကေတာ့...အခုေတာ့ ေနာက္က်ေတာ့မယ္...ကယ္...ကယ္...သြားစရာရွိတာသြားေတာ့..."

ေရွာင္ဟန္လည္း စိတ္သက္သာရာရသြားရၿပီး
ထိုင္ရာမွ ထရပ္လိုက္သည္။ေမြးစားအေမကို အရိုအေသေပးလိုက္ၿပီး ျပန္ဖို႔ ႏႈတ္ဆက္လိုက္သည္။

"ဟုတ္ကဲ့...ေမြးစားအေမ ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဉီး..."

က်ိဳးယြဲ႕မူက ထြက္ခြာသြားၿပီျဖစ္သည့္ ေရွာင္ဟန္ရဲ႕ အသက္မသြင္းထားတဲ့ အ႐ုပ္တစ္႐ုပ္လို အမူအရာမဲ့ ေလ်ာက္လွမ္းသြားတဲ့ ပုံစံကိုၾကည့္ၿပီး သေဘာတက်ျဖင့္ ၿပဳံးရယ္လိုက္ေပေတာ့သည္။
သူမတို႔ လုပ္ႀကံဖန္းတီးထားတဲ့ ဓာတ္ပုံေတြကို ဒီေကာင္ေလးက အဟုတ္မွတ္သြားတာၾကည့္ၿပီး အတိုင္းမသိ ေပ်ာ္႐ႊင္ေနမိသည္။

ဒီတစ္ေခါက္လည္း အႀကံအစည္ ေအာင္ျမင္သြားသည္ မဟုတ္လား...
ဒီေကာင္ေလးကို အယုံသြင္းရတာ အစပိုင္းက ခက္ခဲခဲ့ေပမဲ့...
ေနာက္ပိုင္းတြင္ေတာ့ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႕ လြယ္ကူလာတယ္လို႔ ဆိုရမည္ပင္။

ဒါဆိုလာမဲ့...ေနာက္တစ္ေခါက္က်ရင္...က်ိဳးယြင္ဘက္ကေန ေရွာင္ဟန္ကို အထင္ျမင္လြဲေအာင္ သူမတို႔ ထပ္လုပ္ရအူးမွာေပါ့...

ဒီေကာင္ေလး အတြက္ေတာ့ ဒီေလာက္ဆို လုံေလာက္သြားၿပီမဟုတ္လား...မဟုတ္ေသးဘူး...
ပိုေတာင္ ပိုလ်ံေနေသးသည္။

သူမအတြက္ က်ိဳးယြင္ကိုအထင္လြဲသြားေအာင္လုပ္ဖို႔က်ေတာ့လည္း သိပ္မခက္ခဲပါဘူး...

ေမယြီကို အသုံးခ်ရေတာ့မွာေပါ့...ေမယြီကလည္း လက္ခံထားၿပီးသားပဲ မဟုတ္လား...

ၿပီးေတာ့ မႏွစ္ကမွ USကျပန္ေရာက္လာတဲ့ ေရွာင္ဟန္အနားကို တြယ္ကပ္ေနတဲ့ က်န္းဝမ္ရွင္း(ဝမ္ရွင္း =ဝမ္းဝမ္) ဆိုတဲ့ ေကာင္ေလးကိုလည္း သူမတို႔ဘက္က အသုံးခ်လိဳက္လို႔ ရနိုင္ပါေသးသည္။

က်ိဳးယြင္ဘက္က ေရွာင္ဟန္ကို ခင္တြယ္တာမ်ိဳးမဟုတ္ေတာ့ဘဲ မရိုးမသားစိတ္ရွိလာတယ္ဆိုတာကို သူမဘက္က အစကတည္းက ရိပ္စားထားသည့္အတြက္ေၾကာင့္ သူမက ဒုတိယ နည္းလမ္းအျဖစ္ ဒီနည္းလမ္းကို အသုံးခ်လိဳက္ရတာျဖစ္သည္။

က်ိဳးယြဲ႕မူသည္ က်ိဳးယြင္ရဲ႕ စိတ္ဒဏ္ရာ မီးေတာက္ကို အားျဖည့္ဖို႔အတြက္ အားျပင္းတဲ့ ေလာင္စာဆီကိုရလာေအာင္ သုံးႏွစ္လုံးလုံး စိတ္ႏွစ္ၿပီး လုပ္ေဆာင္ခဲ့ေလသည္။

သူမ အတြက္လည္း စိတ္ပင္ပန္းရေပမဲ့ သူမက ေနာက္ဆုပ္ဖို႔ စိတ္ကူးလုံးဝ မရွိေပ။
ဒါေတြအားလုံးက သူမ ခ်စ္တဲ့ သားအတြက္ပဲမဟုတ္လား...။

ဘယ္လိုပဲျဖစ္ျဖစ္ အားရန္ အတြက္ လုပ္ခဲ့ရတာျဖစ္လို႔ သူမ ေပ်ာ္႐ႊင္မိသည္။

ဒါက မိခင္တစ္ေယာက္ရဲ႕ ခ်စ္ခင္ရတဲ့သားျဖစ္သူအေပၚကိုေပးဆပ္မႈ မဟုတ္လား...။

သူမ အတြက္ပင္ပန္းတယ္လို႔ မဆိုထိုက္ပါဘူး...


------------------------------

Continue Reading

You'll Also Like

175K 4.3K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
298K 24K 29
Mini Story Uni Life Style Sweet Romance
392K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
169K 18.4K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...