Apologize , my baby's father...

By shwepin

164K 9.8K 152

ဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။ More

Reminder 💣
Part : 1 [ U & Z ]
Part : 2 [ U & Z ]
Part : 3 [ U & Z ]
𝑯𝒂𝒑𝒑𝒚 24ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑾𝒂𝒏𝒈 𝒀𝒊𝒃𝒐 ...
Part : 4 [ U & Z ]
Part : 5 [ U & Z ]
Part : 6 [ U & Z ]
Part : 7 [ U & Z ]
Part : 8 [ U & Z ]
Part : 9 [ U & Z ]
Part : 11 [ U & Z ]
Part : 12 [ U & Z ]
Part : 13 [ U & Z ]
Part : 14 [ U & Z ]
Part : 15 [ U & Z ]
Part : 16 [ U & Z ]
Part : 17 [ U & Z ]
Part : 18 [ U & Z ]
𝑯𝒂𝒑𝒑𝒚 30ᵗʰ 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑿𝒊𝒂𝒐 𝒁𝒉𝒂𝒏 ...
Part : 19 [ U & Z ]
Part : 20 [ U & Z ]
Part : 21 [ U & Z ]
Part : 22 [ U & Z ]
Part : 23 [ U & Z ]
Part : 24[ U & Z ]
Final ;

Part : 10 [ U & Z ]

4.7K 337 5
By shwepin

Uni❤️

မရှက်တန်းပြောရမယ်ဆိုရင်ဂျပန်သွားတော့မဲ့ကိုငယ်ကမသွားခင်ညအထိကိုယ့်ကိုလာနှုတ်ဆက်လောက်မယ်လို့မျှော်လင့်ထားမိတာ ။ မနက်အစောသွားခါနီးမနှုတ်ဆက်ချင်ရင်တောင်ညပိုင်းလောက်လာနှုတ်ဆက်မယ်ထင်လို့တစ်ညလုံးမအိပ်ဘဲအခန်းထဲမှာစောင့်နေမိခဲ့တယ် ။ အိပ်ပျော်သွားရင်သူလာတာမသိမှာစိုးလို့ …

တကယ်တော့မနက်ရောညရောသူလာနှုတ်မဆက်သွားခဲ့ဘူး ။ ကိုလတ်ကတောင်ညကလာနှုတ်ဆက်သွားသေးတယ် ။ ဒီအချိန်လောက်ဆိုသူတို့လည်းဂျပန်ကိုရောက်နေလောက်ပြီပေါ့ ။ တနယ်စီခွဲရမယ့်အချိန်တောင်မှ ကိုငယ်ကကိုယ့်ကိုလျစ်လျှူရှုသွားနိုင်တယ်တဲ့ ။

" အားကျန့် "

" ဗျာ ကြီးကြီး "

" ထမင်းဆင်းမစားလို့လေ နေမကောင်းဘူးလားလို့လာကြည့်တာ "

" ကောင်းတယ်ကြီးကြီး သားဗိုက်ပြည့်နေလို့ "

" အော် .. အေးအေး ဗိုက်ဆာရင်ကြီးကြီးကိုလာပြောနော် "

" ဟုတ်ကဲ့ "

ကိုကြီးကလေဆိပ်ကိုလိုက်ပို့ရင်းနဲ့အပြန်တခါတည်းကုပ္မဏီဝင်မှာမလို့ ဒီနေ့မနက်စာတော့ဘယ်သူနဲ့မှလက်ဆုံစားစရာမလိုတော့ဘူးပေါ့ ကောင်းပါတယ်သေချာအနားယူချိန်ရတာပေါ့ ။

××××××××××

" အားဝမ်ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်းဘူး "

" ဘာမှမဖြစ်ပါဘူးဦးငယ် ခရီးပန်းလို့ထင်တယ် "

လေယာဉ်စိုက်တာနဲ့လာကြိုတဲ့ဦးငယ်ကားပေါ်ကိုတိတ်တိတ်ဆိတ်ဆိတ်လိုက်လာခဲ့သည် ။ ခရီးပန်းလို့မျက်နှာမကောင်းတာလား စိတ်ထဲအလိုမကျစရာရှိလို့မျက်နှာမကောင်းတာလား အိပ်ရေးပျက်လို့လားကိုယ်တိုင်တောင်မသိချင်တော့ဘူး ။

အငယ့်ကိုနှုတ်မဆက်ပဲထားခဲ့မိတာလည်းစိတ်မကောင်းဘူး ဒီကောင်လေးသူ့ကိုနှုတ်မဆက်ခဲ့လို့ဝမ်းများနည်းနေမလားမပြောတတ် ။ ညကကိုယ်ကလည်းသွားပြီးနှုတ်မဆက်ချင် လာနှုတ်ဆက်မှာကိုလည်းမလိုလား ဒါပေမဲ့တစ်ညလုံးမအိပ်ဘဲဘာကိုထိုင်စောင့်ခဲ့မှန်းမသိ အခုထိတစ်ရေးမှမအိပ်ရသေးဘဲအိပ်ရေးပျက်တာပဲအဖက်တာပဲ ။

နှုတ်မဆက်တာကတော့အငယ့်မှမဟုတ်ဘူး တစ်အိမ်လုံးဘယ်သူ့ကိုမှနှုတ်မဆက်ခဲ့ဘူး ။ ခနတာခွဲခွာရတာကိုတော့အရေးတယူလုပ်ပြီးနှုတ်မဆက်ချင်ဘူး နှုတ်ဆက်ရမှာကိုလည်းမုန်းတယ် ။ ကိုယ့်တခါလေးနမ်းမိတာကိုမျက်ရည်ကျရလောက်တဲ့ထိခါးခါးသီးသီးဖြစ်သွားတဲ့ မင်းစိတ်ကိုလည်းမုန်းတယ်ရှောင်းကျန့် ။

××××××××××

" အားကျန့်လေး ဘာစိတ်ညစ်စရာတွေများရှိနေသလဲကွယ် မျက်နှာလေးကအရင်လိုမကြည်လင်တော့ပါ့လား "

" အဟင်း ! "

ကြီးကြီးအမေးကိုရယ်သံမမြည်တဲ့လုပ်ရယ်သံတစ်ခုနဲ့ပဲအဖြေပေးမိတယ် ။ ကြီးကြီးမှမဟုတ်ဘူး ကိုကြီးရော ကျောင်းကသူငယ်ချင်းနှစ်ယောက်ကလည်းအဲ့သည်လိုပဲမေးတတ်ကြပါတယ် ။ ကိုယ်ကိုတိုင်လည်းဘာဖြစ်မှန်းမသိပါဘူး သေချာတာတစ်ခုကတော့ကိုငယ်ဂျပန်ကိုထွက်သွားတဲ့နေ့ကတည်းက ကိုယ့်ပုံစံကဒီလိုဖြစ်သွားတာပဲ ။

" အားဝမ်နဲ့ရောအဆက်အသွယ်ရလား သား "

" ထွက်သွားတုန်းကတောင်အရေးတယူလုပ်ပြီးနှုတ်‌ဆက်မသွားတဲ့သူက အခုလည်းကျွန်တော့်ကိုတကူးတကဆက်သွယ်လိမ့်မယ်လိုကြီးကြီးကထင်နေတာလား "

ကြီးကြီးရဲ့ဒုတိယမေးခွန်းကိုတော့ ပြတင်းပေါက်ကနေခြံဝင်းထဲလှမ်းငေးကြည့်ရင်း အာလေးလျှာလေးအသံနဲ့ဖြေလိုက်သည် ။

" အင်းးးး သားတို့ဘာပြဿနာတွေဖြစ်ထားကြလဲတော့ကြီးကြီးမသိပါဘူးကွယ် ညီအစ်ကိုတွေတည့်အောင်နေကြပါလို့ပဲကြီးကြီးတော့ပြောချင်တယ်ကွယ် "

" ဒီတသက်တော့မဖြစ်နိုင်တော့ပါဘူး လွဲတာကတော်တော်ကိုလွဲခဲ့ကြပြီးပြီကြီးကြီး "

" ဟင်းးးးးး သားထမင်းအေးအေးဆေးဆေးစားပါတော့ ကြီးကြီးလည်းညစာအတွက်ပြင်ရအုံးမယ် "

ကြီးကြီးကိုခေါင်းငြိမ့်ပြလိုက်မိလားတောင်မသိလိုက်ပါဘူး စိတ်တွေကလေလွှင့်နေပြီ ။

မရှက်တမ်းဝန်ခံရရင်ကျွန်တော်ကိုငယ့်ကိုလွမ်းနေတယ် ~
ကျွန်တော့်ကိုလွမ်းနေဖို့လဲမျှော်လင့်မိတယ် ~
ဒါပေမဲ့ ကျွန်တော့်ကိုရှိတယ်လို့အသိအမှတ်တောင်ပြုရဲ့လားမသိတဲ့ကိုငယ်ကလွမ်းနေတယ်ဆိုတာမဖြစ်နိုင်မှန်းလဲသိတယ် ~

ဒီနေ့ဆို ရက်ပေါင်းကိုးဆယ် ။
ကိုငယ်ထွက်သွားတာသုံးလရှိပြီဗျ ။

မီးဖိုထဲမှာညစာချက်နေတဲ့ကြီးကြီးကထမင်းဝိုင်းမှာအသက်မပါသလိုထိုင်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးစိတ်မကောင်း ။ ဒီကောင်လေးကအရင်တုန်းကဆိုအမြဲပျော်ပျော်နေတတ်တဲ့ကလေးလေး .. မျက်နှာလေးကလည်းအမြဲတမ်းပြုံးပြီးကြည်လင်အေးချမ်းနေတာ ။ သက်သက်လက်လက်လည်းရှိတယ် ။

ဒီကောင်းလေးဆီမှာအဲ့ဒါတွေကလွန်ခဲ့တဲ့လတော်တော်များများကတည်းကပျောက်ကွယ်သွားခဲ့တာ ။ အားဝမ်မသွားခင်တုန်းကလည်းအားဝမ်နဲ့ဘာပြဿနာဖြစ်ထားကြလည်းမသိ အခုလိုမျိုးအေးတိအေးစက်ကြီးဖြစ်နေတာ အခုအားဝမ်ဂျပန်ကိုသွားတော့ပိုတောင်ဆိုးသွားသေးသည် ။

ကျောင်းကပြန်ဖွင့်နေပြီမလို့ ကျောင်းတတ်ရက်ဆိုကျောင်းသွားတယ် ။ ပိတ်ရက်ဆိုတနေကုန်အခန်းအောင်းတယ် တခါတလေစာအုပ်ဖတ် တခါတလေပန်းချီဆွဲ အဲ့တာတွေလုပ်တတ်သည် ။ တခါတခါတော့ငိုနေသည်လားတော့မပြောတတ် သူ့အခန်းဘက်ကရှိုက်သံတချို့ထွက်ထွက်လာတတ်သည် ။ တခါတလေတော့လည်းခြံထဲဆင်းပြီးပန်းပင်တွေရေလောင်းတတ်သည် ။

ဒီကလေးတော်တော်ကိုပြောင်းလဲသွားသည် ။ စကားလည်းတော်တော်နည်းသွားသလို အပြုအမူ အနေအထိုင် စကားအပြောအဆိုတွေကအစ အေးတိအေးစက်နိုင်လာသည် ။ အခုဆိုလိုတာထက်လည်းဘာမှပိုမပြောတော့ဘူး ။ နွားနို့ကိုလည်းမမြင်ချင်တဲ့အထိမုန်းသွားခဲ့သည် ။ ဒါတွေအကုန်အားဝမ်နဲ့မသက်ဆိုင်ရင်တောင်အနည်းနဲ့အများတော့အားဝမ်နဲ့ဆိုင်နေမှာအသေအချာ ။ သူ့ကိုငယ်ကလည်းကလေးကိုတခါလေးတောင်မဆက်သွယ်ဘူး ။

ဘယ်လောက်ပဲစိတ်ဆိုးနေကြပါစေ ဒီလိုကြီးဖြစ်နေကြတာတော့မကောင်းဘူးမဟုတ်လား ။ ကလေးတွေရဲ့စိတ်ကို လူကြီးတွေလည်းနားလည်နိုင်မှာမဟုတ်လောက်ဘူး တကယ်လည်းနားမလည်တော့ဘူး ။ တခါတလေအားချန်ကပင်ပန်းလာရင် ရင်ဖွင့်တယ် ။ အားဝမ်ကသူ့ကိုလည်းအဆက်အသွယ်မလုပ်ဘူးတဲ့ ဦးငယ်ကလည်းပြောတယ်အားဝမ်ကြည့်ရတာတစ်ခုခုဖြစ်နေပုံပဲတဲ့ ။

ကျောင်းသွားတယ် ကျောင်းပြန်တယ် ထမင်းစားတယ် အိပ်တယ် စာကျက်တယ် တခါတလေဆိုင်ကယ်ထွက်စီးတယ် ။ အားဝမ်ကြည့်ရတာစက်ရုပ်ကြီးအတိုင်းပဲ ဘာစကားမှလည်းလိုတာထက်ပိုမပြောဘူး အေးတိအေးစက်ကြီးတဲ့ ။ အရင်ကအနေအေးတယ်ဆိုတာအခုလောက်ထိအခြေအနေမဆိုးဘူးတဲ့ ။ အားဝမ်အဲ့သည်လိုဖြစ်နေတာကရော အားကျန့်နဲ့များသက်ဆိုင်နေမလား ။

ဒီကလေးတွေသိပ်ခက်ပါလား !

××××××××××

" ကျန့်ကျန့် "

" ဗျာ ကိုကြီး "

" ကျန့်ကျန့်အထက်တန်းပြီးရင်ရောတက္ကသိုလ်ကိုဂျပန်မှာတတ်မလား "

" ဟင့်အင်း မတတ်ဘူးကိုကြီး ဒီမှာပဲတတ်မယ် .. ကျွန်တော်သူစိမ်းဆန်သလိုမပြောချင်ပေမဲ့ အခုချိန်ထိကျွေးမွေးစောင့်ရှောက်လာတာနဲ့တင်တော်တော်ကိုကျေးဇူးကြီးနေပါပြီ "

" ဟင်းးးးး ကျန့်ကျန့်ကကိုကြီးညီအရင်းပါ ဘာလို့အဲ့လိုများတွေးနေလဲကွာ "

ကိုကြီးစကားကိုပြုံးပြပြီးပဲတုံ့ပြန်လိုက်တယ် ။

အရင်ကလိုဆိုဘာလို့ဒီလိုသူစိမ်းဆန်တဲ့စကားတွေပြောနေရသလဲဆိုပြီးဆူငေါက်မိမှာမှန်ပေမဲ့ ကျန့်ကျန့်ကရင့်ကျက်တယ်ဆိုတာထက်ပိုပြီးအေးတိအေးစက်နဲ့အရမ်းပြောင်းလဲသွားတာမလို့ ငေါက်လို့အဆင်ပြေလောက်ဘူးထင်တယ် ။

" ကိုကြီးကိုကျွန်တော်ပြောစရာရှိလို့ "

" ပြောလေ ဘာလဲ "

" ကျွန်တော်ဒီအိမ်စရောက်ကတည်းကနေ့တိုင်းရတဲ့မုန့်ဖိုးတွေကိုလိုရင်သုံးပြီးမလိုရင်စုထားတာမလို့ အခုဆိုအများကြီးရနေပြီ အဲ့တာ "

ထမင်းစားရင်းနဲ့လက်ထဲကဇွန်းခက်ရင်းကိုအသာချထားလိုက်ပြီးသူပြောတာကိုသေချာနားထောင်နေတဲ့ကိုကြီးကိုတစ်ချက်ကြည့်လိုက်ပြီးပြောစရာရှိတာဆက်ပြောလိုက်သည် ။

" မီးလောင်သွားတဲ့ကျွန်တော်တို့ဝိုင်းထဲမှာအိမ်သေသေချာချာလေးပြန်ဆောက်ချင်လို့ .. နောက်ကျရင်ကျွန်တော်လည်းအဲ့ဒီမှာပဲနေဖြစ်မယ်ထင်လို့ပါ .. ရှိတဲ့ပိုက်ဆံနဲ့ပြီးသလောက်ဆောက်ထားနှင့်မယ်လို့စိတ်ကူးထားတယ် .. ကျန်တာကတော့နောက်မှထပ်ဖြည့်မလို့ "

" အင်း မဆိုးပါဘူး ကောင်းပါတယ် .. ဒါနဲ့ကျန့်ကျန့်ကတကယ်ကိုတနေ့ကျရင်ကိုကြီးတို့အိမ်ကထွက်သွားဖို့စဉ်းစားထားတာလား "

" ကိုကြီးတို့ရဲ့ကျေးဇူးတွေကိုတသက်မမေ့ပါဘူး ကျွန်တော်အထက်တန်းပြီးတဲ့အချိန်လောက်အဲ့ဒီအိမ်ကိုပြောင်းနေမယ်လို့တွေးထားပါတယ် .. အိမ်ကိုလည်းအမြဲတမ်းအဝင်အထွက်လုပ်မှာပါကိုကြီး "

" အထက်တန်းပြီးတော့မလုပ်နဲ့ ဘွဲ့ရပြီးအလုပ်ရမှပြောင်း "

" ဟို .. "

" အဲ့ဒီနည်းလမ်းကကိုကြီးရဲ့ကျေးဇူးတွေကိုဆပ်တဲ့နည်းပဲကျန့်ကျန့် .. အခုကငယ်သေးတယ်တစ်ယောက်တည်းနေဖို့မဖြစ်နိုင်ဘူး စိတ်လဲမချဘူး ဦးငယ်သိရင်လည်းဦးငယ်ကခွင့်ပြုမှာမဟုတ်ဘူး "

" ဟုတ်ကဲ့ကိုကြီး .. ဘွဲ့ရပြီးတဲ့အထိဒီမှာပဲနေပါ့မယ် ကျွန်တော်အတောင်စုံလို့ကိုကြီးတို့ဆီကပျံထွက်သွားတာမဟုတ်ပါဘူးနားလည်ပေးပါ .. ကျွန်တော့်ခြေထောက်ပေါ်ကျွန်တော်ရပ်တည်နိုင်အောင်ကြိုးစားချင်လို့ပါ .. ကိုကြီးတို့အပေါ်လဲဝန်မပိစေချင်ဘူး ကျွန်တော့်စရိတ်ကလည်းငယ်ငယ်ကတည်းကအခုထိဆိုတော်တော်ထောင်းနေပြီဆိုတာနားလည်ပြီမလို့ သေချာပေါက်ကျေးဇူးဆပ်နိုင်အောင်လို့လဲကြိုးစားမှာပါ "

" ကျေးဇူးဆပ်ချင်ရင်ကိုကြီးတို့စကားနားထောင်ပါ အပြင်မှာတစ်ယောက်တည်းနေတဲ့အခါလိမ်လိမ်မာမာနေ အပေါင်းအသင်းမမှားစေနဲ့ အလုပ်ကိုကြိုးစား အပျော်အပါးတွေတတ်နိုင်သလောက်ရှောင် ကျန်းမာရေးဂရုစိုက် ရိုးသားကြိုးစားရမယ် နားလည်လား ။ နောက်ဆုံးတစ်ခုကတော့ဒီအိမ်နဲ့အဆက်အသွယ်မပြတ်ရဘူး အဝင်အထွက်အမြဲလုပ်ရမယ် ။ အချစ်ရေးကတော့ကျန့်ကျန့်သဘောပါ ကိုကြီးတို့ဝင်မပြောဘူး "

" ဟုတ်ကဲ့ကိုကြီး ကျွန်တော်နားထောင်ပါ့မယ် "

" အင်းအင်း .. စားတော့ ကိုကြီးသွားစရာရှိလို့ညစာစားနှင့် မစောင့်တော့နဲ့ "

" ဟုတ်ကဲ့ "

#############

Zawgyi❤️

မရွက္တန္းေျပာရမယ္ဆိုရင္ဂ်ပန္သြားေတာ့မဲ့ကိုငယ္ကမသြားခင္ညအထိကိုယ့္ကိုလာႏႈတ္ဆက္ေလာက္မယ္လို႔ေမ်ွာ္လင့္ထားမိတာ ။ မနက္အေစာသြားခါနီးမႏႈတ္ဆက္ခ်င္ရင္ေတာင္ညပိုင္းေလာက္လာႏႈတ္ဆက္မယ္ထင္လို႔တစ္ညလံုးမအိပ္ဘဲအခန္းထဲမွာေစာင့္ေနမိခဲ့တယ္ ။ အိပ္ေပ်ာ္သြားရင္သူလာတာမသိမွာစိုးလို႔ …

တကယ္ေတာ့မနက္ေရာညေရာသူလာႏႈတ္မဆက္သြားခဲ့ဘူး ။ ကိုလတ္ကေတာင္ညကလာႏႈတ္ဆက္သြားေသးတယ္ ။ ဒီအခ်ိန္ေလာက္ဆိုသူတို႔လည္းဂ်ပန္ကိုေရာက္ေနေလာက္ၿပီေပါ့ ။ တနယ္စီခြဲရမယ့္အခ်ိန္ေတာင္မွ ကိုငယ္ကကိုယ့္ကိုလ်စ္လ်ွူရႈသြားႏိုင္တယ္တဲ့ ။

" အားက်န႔္ "

" ဗ်ာ ႀကီးႀကီး "

" ထမင္းဆင္းမစားလို႔ေလ ေနမေကာင္းဘူးလားလို႔လာၾကၫ့္တာ "

" ေကာင္းတယ္ႀကီးႀကီး သားဗိုက္ျပည့္ေနလို႔ "

" ေအာ္ .. ေအးေအး ဗိုက္ဆာရင္ႀကီးႀကီးကိုလာေျပာေနာ္ "

" ဟုတ္ကဲ့ "

ကိုႀကီးကေလဆိပ္ကိုလိုက္ပို႔ရင္းနဲ႔အျပန္တခါတည္းကုပၼဏီဝင္မွာမလို႔ ဒီေန့မနက္စာေတာ့ဘယ္သူနဲ႔မွလက္ဆံုစားစရာမလိုေတာ့ဘူးေပါ့ ေကာင္းပါတယ္ေသခ်ာအနားယူခ်ိန္ရတာေပါ့ ။

××××××××××

" အားဝမ္ဘာျဖစ္ေနတာလဲ မ်က္ႏွာလည္းမေကာင္းဘူး "

" ဘာမွမျဖစ္ပါဘူးဦးငယ္ ခရီးပန္းလို႔ထင္တယ္ "

ေလယာဉ္စိုက္တာနဲ႔လာႀကိဳတဲ့ဦးငယ္ကားေပၚကိုတိတ္တိတ္ဆိတ္ဆိတ္လိုက္လာခဲ့သည္ ။ ခရီးပန္းလို႔မ်က္ႏွာမေကာင္းတာလား စိတ္ထဲအလိုမက်စရာရိွလို႔မ်က္ႏွာမေကာင္းတာလား အိပ္ေရးပ်က္လို႔လားကိုယ္တိုင္ေတာင္မသိခ်င္ေတာ့ဘူး ။

အငယ့္ကိုႏႈတ္မဆက္ပဲထားခဲ့မိတာလည္းစိတ္မေကာင္းဘူး ဒီေကာင္ေလးသူ႔ကိုႏႈတ္မဆက္ခဲ့လို႔ဝမ္းမ်ားနည္းေနမလားမေျပာတတ္ ။ ညကကိုယ္ကလည္းသြားၿပီးႏႈတ္မဆက္ခ်င္ လာႏႈတ္ဆက္မွာကိုလည္းမလိုလား ဒါေပမဲ့တစ္ညလံုးမအိပ္ဘဲဘာကိုထိုင္ေစာင့္ခဲ့မွန္းမသိ အခုထိတစ္ေရးမွမအိပ္ရေသးဘဲအိပ္ေရးပ်က္တာပဲအဖက္တာပဲ ။

ႏႈတ္မဆက္တာကေတာ့အငယ့္မွမဟုတ္ဘူး တစ္အိမ္လံုးဘယ္သူ႔ကိုမွႏႈတ္မဆက္ခဲ့ဘူး ။ ခနတာခြဲခြာရတာကိုေတာ့အေရးတယူလုပ္ၿပီးႏႈတ္မဆက္ခ်င္ဘူး ႏႈတ္ဆက္ရမွာကိုလည္းမုန္းတယ္ ။ ကိုယ့္တခါေလးနမ္းမိတာကိုမ်က္ရည္က်ရေလာက္တဲ့ထိခါးခါးသီးသီးျဖစ္သြားတဲ့ မင္းစိတ္ကိုလည္းမုန္းတယ္ေရွာင္းက်န႔္ ။

××××××××××

" အားက်န႔္ေလး ဘာစိတ္ညစ္စရာေတြမ်ားရိွေနသလဲကြယ္ မ်က္ႏွာေလးကအရင္လိုမၾကည္လင္ေတာ့ပါ့လား "

" အဟင္း ! "

ႀကီးႀကီးအေမးကိုရယ္သံမျမည္တဲ့လုပ္ရယ္သံတစ္ခုနဲ႔ပဲအေျဖေပးမိတယ္ ။ ႀကီးႀကီးမွမဟုတ္ဘူး ကိုႀကီးေရာ ေက်ာင္းကသူငယ္ခ်င္းႏွစ္ေယာက္ကလည္းအဲ့သည္လိုပဲေမးတတ္ၾကပါတယ္ ။ ကိုယ္ကိုတိုင္လည္းဘာျဖစ္မွန္းမသိပါဘူး ေသခ်ာတာတစ္ခုကေတာ့ကိုငယ္ဂ်ပန္ကိုထြက္သြားတဲ့ေန့ကတည္းက ကိုယ့္ပံုစံကဒီလိုျဖစ္သြားတာပဲ ။

" အားဝမ္နဲ႔ေရာအဆက္အသြယ္ရလား သား "

" ထြက္သြားတုန္းကေတာင္အေရးတယူလုပ္ၿပီးႏႈတ္‌ဆက္မသြားတဲ့သူက အခုလည္းကြၽန္ေတာ့္ကိုတကူးတကဆက္သြယ္လိမ့္မယ္လိုႀကီးႀကီးကထင္ေနတာလား "

ႀကီးႀကီးရဲ့ဒုတိယေမးခြန္းကိုေတာ့ ျပတင္းေပါက္ကေနၿခံဝင္းထဲလွမ္းေငးၾကၫ့္ရင္း အာေလးလ်ွာေလးအသံနဲ႔ေျဖလိုက္သည္ ။

" အင္းးးး သားတို႔ဘာျပႆနာေတျြဖစ္ထားၾကလဲေတာ့ႀကီးႀကီးမသိပါဘူးကြယ္ ညီအစ္ကိုေတြတၫ့္ေအာင္ေနၾကပါလို႔ပဲႀကီးႀကီးေတာ့ေျပာခ်င္တယ္ကြယ္ "

" ဒီတသက္ေတာ့မျဖစ္ႏိုင္ေတာ့ပါဘူး လြဲတာကေတာ္ေတာ္ကိုလြဲခဲ့ၾကၿပီးၿပီႀကီးႀကီး "

" ဟင္းးးးးး သားထမင္းေအးေအးေဆးေဆးစားပါေတာ့ ႀကီးႀကီးလည္းညစာအတြက္ျပင္ရအံုးမယ္ "

ႀကီးႀကီးကိုေခါင္းၿငိမ့္ျပလိုက္မိလားေတာင္မသိလိုက္ပါဘူး စိတ္ေတြကေလလႊင့္ေနၿပီ ။

မရွက္တမ္းဝန္ခံရရင္ကြၽန္ေတာ္ကိုငယ့္ကိုလြမ္းေနတယ္ ~
ကြၽန္ေတာ့္ကိုလြမ္းေနဖို႔လဲေမ်ွာ္လင့္မိတယ္ ~
ဒါေပမဲ့ ကြၽန္ေတာ့္ကိုရိွတယ္လို႔အသိအမွတ္ေတာင္ျပဳရဲ့လားမသိတဲ့ကိုငယ္ကလြမ္းေနတယ္ဆိုတာမျဖစ္ႏိုင္မွန္းလဲသိတယ္ ~

ဒီေန့ဆို ရက္ေပါင္းကိုးဆယ္ ။
ကိုငယ္ထြက္သြားတာသံုးလရိွၿပီဗ် ။

မီးဖိုထဲမွာညစာခ်က္ေနတဲ့ႀကီးႀကီးကထမင္းဝိုင္းမွာအသက္မပါသလိုထိုင္ေနတဲ့ေရွာင္းက်န႔္ကိုၾကၫ့္ၿပီးစိတ္မေကာင္း ။ ဒီေကာင္ေလးကအရင္တုန္းကဆိုအၿမဲေပ်ာ္ေပ်ာ္ေနတတ္တဲ့ကေလးေလး .. မ်က္ႏွာေလးကလည္းအၿမဲတမ္းၿပံဳးၿပီးၾကည္လင္ေအးခ်မ္းေနတာ ။ သက္သက္လက္လက္လည္းရိွတယ္ ။

ဒီေကာင္းေလးဆီမွာအဲ့ဒါေတြကလြန္ခဲ့တဲ့လေတာ္ေတာ္မ်ားမ်ားကတည္းကေပ်ာက္ကြယ္သြားခဲ့တာ ။ အားဝမ္မသြားခင္တုန္းကလည္းအားဝမ္နဲ႔ဘာျပႆနာျဖစ္ထားၾကလည္းမသိ အခုလိုမ်ိဳးေအးတိေအးစက္ႀကီးျဖစ္ေနတာ အခုအားဝမ္ဂ်ပန္ကိုသြားေတာ့ပိုေတာင္ဆိုးသြားေသးသည္ ။

ေက်ာင္းကျပန္ဖြင့္ေနၿပီမလို႔ ေက်ာင္းတတ္ရက္ဆိုေက်ာင္းသြားတယ္ ။ ပိတ္ရက္ဆိုတေနကုန္အခန္းေအာင္းတယ္ တခါတေလစာအုပ္ဖတ္ တခါတေလပန္းခ်ီဆြဲ အဲ့တာေတြလုပ္တတ္သည္ ။ တခါတခါေတာ့ငိုေနသည္လားေတာ့မေျပာတတ္ သူ႔အခန္းဘက္ကရိႈက္သံတခ်ိဳ႕ထြက္ထြက္လာတတ္သည္ ။ တခါတေလေတာ့လည္းၿခံထဲဆင္းၿပီးပန္းပင္ေတြေရေလာင္းတတ္သည္ ။

ဒီကေလးေတာ္ေတာ္ကိုေျပာင္းလဲသြားသည္ ။ စကားလည္းေတာ္ေတာ္နည္းသြားသလို အျပဳအမူ အေနအထိုင္ စကားအေျပာအဆိုေတြကအစ ေအးတိေအးစက္ႏိုင္လာသည္ ။ အခုဆိုလိုတာထက္လည္းဘာမွပိုမေျပာေတာ့ဘူး ။ ႏြားႏို႔ကိုလည္းမျမင္ခ်င္တဲ့အထိမုန္းသြားခဲ့သည္ ။ ဒါေတြအကုန္အားဝမ္နဲ႔မသက္ဆိုင္ရင္ေတာင္အနည္းနဲ႔အမ်ားေတာ့အားဝမ္နဲ႔ဆိုင္ေနမွာအေသအခ်ာ ။ သူ႔ကိုငယ္ကလည္းကေလးကိုတခါေလးေတာင္မဆက္သြယ္ဘူး ။

ဘယ္ေလာက္ပဲစိတ္ဆိုးေနၾကပါေစ ဒီလိုႀကီးျဖစ္ေနၾကတာေတာ့မေကာင္းဘူးမဟုတ္လား ။ ကေလးေတြရဲ့စိတ္ကို လူႀကီးေတြလည္းနားလည္ႏိုင္မွာမဟုတ္ေလာက္ဘူး တကယ္လည္းနားမလည္ေတာ့ဘူး ။ တခါတေလအားခ်န္ကပင္ပန္းလာရင္ ရင္ဖြင့္တယ္ ။ အားဝမ္ကသူ႔ကိုလည္းအဆက္အသြယ္မလုပ္ဘူးတဲ့ ဦးငယ္ကလည္းေျပာတယ္အားဝမ္ၾကၫ့္ရတာတစ္ခုခုျဖစ္ေနပံုပဲတဲ့ ။

ေက်ာင္းသြားတယ္ ေက်ာင္းျပန္တယ္ ထမင္းစားတယ္ အိပ္တယ္ စာက်က္တယ္ တခါတေလဆိုင္ကယ္ထြက္စီးတယ္ ။ အားဝမ္ၾကၫ့္ရတာစက္ရုပ္ႀကီးအတိုင္းပဲ ဘာစကားမွလည္းလိုတာထက္ပိုမေျပာဘူး ေအးတိေအးစက္ႀကီးတဲ့ ။ အရင္ကအေနေအးတယ္ဆိုတာအခုေလာက္ထိအေျခအေနမဆိုးဘူးတဲ့ ။ အားဝမ္အဲ့သည္လိုျဖစ္ေနတာကေရာ အားက်န႔္နဲ႔မ်ားသက္ဆိုင္ေနမလား ။

ဒီကေလးေတြသိပ္ခက္ပါလား !

××××××××××

" က်န႔္က်န႔္ "

" ဗ်ာ ကိုႀကီး "

" က်န႔္က်န႔္အထက္တန္းၿပီးရင္ေရာတကၠသိုလ္ကိုဂ်ပန္မွာတတ္မလား "

" ဟင့္အင္း မတတ္ဘူးကိုႀကီး ဒီမွာပဲတတ္မယ္ .. ကြၽန္ေတာ္သူစိမ္းဆန္သလိုမေျပာခ်င္ေပမဲ့ အခုခ်ိန္ထိေကြၽးေမြးေစာင့္ေရွာက္လာတာနဲ႔တင္ေတာ္ေတာ္ကိုေက်းဇူးႀကီးေနပါၿပီ "

" ဟင္းးးးး က်န႔္က်န႔္ကကိုႀကီးညီအရင္းပါ ဘာလို႔အဲ့လိုမ်ားေတြးေနလဲကြာ "

ကိုႀကီးစကားကိုၿပံဳးျပၿပီးပဲတံု႔ျပန္လိုက္တယ္ ။

အရင္ကလိုဆိုဘာလို႔ဒီလိုသူစိမ္းဆန္တဲ့စကားေတြေျပာေနရသလဲဆိုၿပီးဆူေငါက္မိမွာမွန္ေပမဲ့ က်န႔္က်န႔္ကရင့္က်က္တယ္ဆိုတာထက္ပိုၿပီးေအးတိေအးစက္နဲ႔အရမ္းေျပာင္းလဲသြားတာမလို႔ ေငါက္လို႔အဆင္ေျပေလာက္ဘူးထင္တယ္ ။

" ကိုႀကီးကိုကြၽန္ေတာ္ေျပာစရာရိွလို႔ "

" ေျပာေလ ဘာလဲ "

" ကြၽန္ေတာ္ဒီအိမ္စေရာက္ကတည္းကေန့တိုင္းရတဲ့မုန႔္ဖိုးေတြကိုလိုရင္သံုးၿပီးမလိုရင္စုထားတာမလို႔ အခုဆိုအမ်ားႀကီးရေနၿပီ အဲ့တာ "

ထမင္းစားရင္းနဲ႔လက္ထဲကဇြန္းခက္ရင္းကိုအသာခ်ထားလိုက္ၿပီးသူေျပာတာကိုေသခ်ာနားေထာင္ေနတဲ့ကိုႀကီးကိုတစ္ခ်က္ၾကၫ့္လိုက္ၿပီးေျပာစရာရိွတာဆက္ေျပာလိုက္သည္ ။

" မီးေလာင္သြားတဲ့ကြၽန္ေတာ္တို႔ဝိုင္းထဲမွာအိမ္ေသေသခ်ာခ်ာေလးျပန္ေဆာက္ခ်င္လို႔ .. ေနာက္က်ရင္ကြၽန္ေတာ္လည္းအဲ့ဒီမွာပဲေနျဖစ္မယ္ထင္လို႔ပါ .. ရိွတဲ့ပိုက္ဆံနဲ႔ၿပီးသေလာက္ေဆာက္ထားႏွင့္မယ္လို႔စိတ္ကူးထားတယ္ .. က်န္တာကေတာ့ေနာက္မွထပ္ျဖၫ့္မလို႔ "

" အင္း မဆိုးပါဘူး ေကာင္းပါတယ္ .. ဒါနဲ႔က်န႔္က်န႔္ကတကယ္ကိုတေန့က်ရင္ကိုႀကီးတို႔အိမ္ကထြက္သြားဖို႔စဉ္းစားထားတာလား "

" ကိုႀကီးတို႔ရဲ့ေက်းဇူးေတြကိုတသက္မေမ့ပါဘူး ကြၽန္ေတာ္အထက္တန္းၿပီးတဲ့အခ်ိန္ေလာက္အဲ့ဒီအိမ္ကိုေျပာင္းေနမယ္လို႔ေတြးထားပါတယ္ .. အိမ္ကိုလည္းအၿမဲတမ္းအဝင္အထြက္လုပ္မွာပါကိုႀကီး "

" အထက္တန္းၿပီးေတာ့မလုပ္နဲ႔ ဘြဲ႔ရၿပီးအလုပ္ရမွေျပာင္း "

" ဟို .. "

" အဲ့ဒီနည္းလမ္းကကိုႀကီးရဲ့ေက်းဇူးေတြကိုဆပ္တဲ့နည္းပဲက်န႔္က်န႔္ .. အခုကငယ္ေသးတယ္တစ္ေယာက္တည္းေနဖို႔မျဖစ္ႏိုင္ဘူး စိတ္လဲမခ်ဘူး ဦးငယ္သိရင္လည္းဦးငယ္ကခြင့္ျပဳမွာမဟုတ္ဘူး "

" ဟုတ္ကဲ့ကိုႀကီး .. ဘြဲ႔ရၿပီးတဲ့အထိဒီမွာပဲေနပါ့မယ္ ကြၽန္ေတာ္အေတာင္စံုလို႔ကိုႀကီးတို႔ဆီကပ်ံထြက္သြားတာမဟုတ္ပါဘူးနားလည္ေပးပါ .. ကြၽန္ေတာ့္ေျခေထာက္ေပၚကြၽန္ေတာ္ရပ္တည္ႏိုင္ေအာင္ႀကိဳးစားခ်င္လို႔ပါ .. ကိုႀကီးတို႔အေပၚလဲဝန္မပိေစခ်င္ဘူး ကြၽန္ေတာ့္စရိတ္ကလည္းငယ္ငယ္ကတည္းကအခုထိဆိုေတာ္ေတာ္ေထာင္းေနၿပီဆိုတာနားလည္ၿပီမလို႔ ေသခ်ာေပါက္ေက်းဇူးဆပ္ႏိုင္ေအာင္လို႔လဲႀကိဳးစားမွာပါ "

" ေက်းဇူးဆပ္ခ်င္ရင္ကိုႀကီးတို႔စကားနားေထာင္ပါ အျပင္မွာတစ္ေယာက္တည္းေနတဲ့အခါလိမ္လိမ္မာမာေန အေပါင္းအသင္းမမွားေစနဲ႔ အလုပ္ကိုႀကိဳးစား အေပ်ာ္အပါးေတြတတ္ႏိုင္သေလာက္ေရွာင္ က်န္းမာေရးဂရုစိုက္ ရိုးသားႀကိဳးစားရမယ္ နားလည္လား ။ ေနာက္ဆံုးတစ္ခုကေတာ့ဒီအိမ္နဲ႔အဆက္အသြယ္မျပတ္ရဘူး အဝင္အထြက္အၿမဲလုပ္ရမယ္ ။ အခ်စ္ေရးကေတာ့က်န႔္က်န႔္သေဘာပါ ကိုႀကီးတို႔ဝင္မေျပာဘူး "

" ဟုတ္ကဲ့ကိုႀကီး ကြၽန္ေတာ္နားေထာင္ပါ့မယ္ "

" အင္းအင္း .. စားေတာ့ ကိုႀကီးသြားစရာရိွလို႔ညစာစားႏွင့္ မေစာင့္ေတာ့နဲ႔ "

" ဟုတ္ကဲ့ "

#############

Continue Reading

You'll Also Like

164K 9.8K 28
ဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။
64.9K 1.2K 15
You and the rest of the gnomes have arrive to a new home in London. You are very helpful and cheerful to other gnomes and your friends like you for t...