Unicode
ခန့်သျှားကျော် ဟိုတယ်က ပြန်လာတော့ပင်ပန်းလာတာမို့ အိပ်ခန်းဆီပဲတန်းဝင်လာလိုက်သည်။ အမောပြေဆေးလေးက အဲ့ထဲမှာလေ...
"လေးလေး မော့ ... အဲ့လိုကြီး မလုပ်နဲ့လေ။ နှုတ်ခမ်းနီမညီဘဲနေမယ်။ ရပြီ။ "
အသံစီစီလေးတွေကြားရတော့ခန့်သျှားမျက်မှောင်ကြုတ်မိသည်။သူ့အခန်းထဲဘယ်က မိန်းကလေးရောက်နေတာလဲ။
"မဏီ!!!"
ခန့်သျှားအထင်နဲ့လွဲစွာ သူ့အား အလှလေးနှစ်ယောက်ကကြိုဆိုနေသည်ကိုတွေ့လိုက်ရ၏။
"မောင်... ဘာလို့အစောကြီးပြန်လာတာလဲ။
ယိုယို လေးလေးကိုပြန်ဖျက်ပေးတော့"
ထင်ပါတယ်ဆိုပြီးအပြင်မှာတည်းကနားထောင်နေတာဘယ်ဟုတ်မလဲ။မိဗိုလ်သမီး ယိုယိုမ သူ့ယောကျာ်းကိုအလှတွေစွတ်ပြင်ပေးနေတာများ...
မဏီ့ဆံပင်ရှည်ကြီးကကျစ်ဆံမြီးကျစ်လို့...
ဖဲပြားတွေလည်းတပ်ထားသေးသည်။မိတ်ကပ်တွေကိုလည်း ယိုယိုလူးပေးထားတာ ညီလို့...
မျက်တောင်ကော့ကော့လေးတွေက အတုမဟုတ်ဘဲ အစစ်ကိုဆေးနဲ့ပြန်ကော့ထားတာဖြစ်မည်။ မဏီကနဂိုအတိုင်းနေရင်တောင်မျက်တောင်ရှည်ကြီးတွေများစင်းလို့...
Eye shadowရောင်စုံနှင့် မျက်ခွံလှလှလေးတွေရယ်က မျက်လုံးညိုညိုလေးတွေကိုပိုပေါ်စေသည်။ထို့ပြင်လှပစွာခြယ်ထားသောပါးအို့နီနီလေးကဆွဲကိုက်ပစ်ချင်စရာ...
"ယိုယို ပန်းခူးလာတာ မပန်ရသေးဘူးလေ လေးလေးကလဲ..."
သမီးမိန်းကလေးလိုချင်သော မဏီတစ်ယောက် သားတွေကြီးလာ၍ ချော့မြှူလို့မရတော့သည့်အရွယ်မို့ တူမတော်ကိုသာ ချစ်နေပုံရသည်။အိမ်လည်ခေါ်ပြီးရင်တော်တော်နဲ့ပြန်မလွှတ်ပေ။
အခုလည်းကြည့်ပါလား။တခြားလူသာသူ့ကိုပန်းပန်ပေးမယ်ပြောကြည့် ထတောင်သတ်ပစ်ဦးမယ်။ သူ့တူမ ပန်းပန်ပေးတော့ လူကောင်ကြီးနဲ့မလိုက်စွာ ငြိမ်ခံလို့...
ခန့်သျှားတော့အလှလေး၏ မိတ်ကပ်လိမ်းထားသည့်ပုံလေးကိုရှားရှားပါးပါးတွေ့လိုက်ရလေပြီ။
"ယိုယို... လေးလေးကို သမီးပြင်ပေးတာလား။"
"ဟုတ်... ဦးခန့်... ယိုယိုပြင်ပေးတာလှတယ်မလား။ လေးလေးကမင်းသမီးလေးလိုပဲနော်"
ဒီစကားကိုသာ သူ့ဂိုဏ်းအဟောင်းက တပည့်တွေကြားရင် အူလှိမ့်ရယ်ပေမည်။ သေနတ်ကိုင်ပြီး စီးကရက်မချတမ်းခဲနေတဲ့ လူစားက မင်းသမီးတစ်ပါးလို ခြယ်မှုန်းခံနေရတာမြင်ကြည့်ပါလား။သွေးတက်သွားလိမ့်မည်။
မဏီ့ကိုကြည့်တော့ မနေတတ်တဲ့မျက်နှာနဲ့ သူ့ပုံစံကို ကွယ်ဝှက်ချင်နေပုံပါ။လက်တကာကာနဲ့ ခန့်သျှားကို မကြည့်ခိုင်းပေ။
"ဒါပေါ့။ မင်းသမီးလေးပေမဲ့ ယိုယို့မင်းသမီးမဟုတ်ဘူး။ ဦးခန့် မင်းသမီး"
ဇာမဏီတင်းပြီလေ...
"ဘောကိုမင်းသမီးလား။ ငါကဘုရင်ကွ"
ခန့်သျှားမျက်နှာလှလှလေးအားဖျစ်ညှစ်ကာပြောလိုက်သည်။
"ဘုရင်မဆိုဟုတ်တုတ်တုတ်ကွာ"
"မင်း..."
မဏီ့လက်ကိုသူကနမ်းရှိုက်ကာ ဘုရင်မကိုခစားသလိုခြေတစ်ဖက်နောက်ဆုတ်ပြီးနှုတ်ဆက်ဂါရဝပြုသည့်ပုံလုပ်လိုက်တော့ ဇာမဏီ လူသတ်ရအောင် သွေးအန်မတတ်ဖြစ်သွားရသည်။
ယိုယို့မှာတော့ မိခင်ဗီဇပါသူပီပီ လက်သည်းကိုက်ပြီး ဦးလေးနှစ်ယောက် အချစ်စမ်းပုံကိုစူးစမ်းလေ့လာနေသည်။
"ယိုယို မုန့်ဖိုးပေးမယ်။ အလှလေးထားပြီးသွားတော့"
ခန့်သျှား အမိန့်ပေးတော့ ယိုယိုကစူပုတ်ပုတ်လေးနှင့်ပေကပ်နေသည်။
"အတော်စကားနားထောင်တဲ့တူမ..."
မဏီ သမီးလေးလိုချင်တာအရင်တည်းကပါ။
သူတို့မိသားစုဘဝရဖို့ခက်ခဲလို့နောက်ထပ်ကလေးမမွေးပေးနိုင်တာကြောင့် မောင်စိတ်မကောင်းလှပါ။
မဏီ့အတွက် ဖြစ်နိုင်ရင် သမီးလေးထပ်ပေးချင်သည်။
တူမကိုသာအစားထိုးချစ်နေရသောမဏီ့အဖြစ်ကရယ်ရသလို သနားဖို့လည်းကောင်းသည်။
သူ့အနားကပ်အောင်ဘာလုပ်လုပ်ငြိမ်ခံပြီးအလှပြင်ပေးတာတောင် လက်ခံတာသာကြည့်...
"လူလည်မလေး... ဘာလုပ်ပေးရင် ထွက်သွားမလဲ ပြော..."
ယိုယို့မျက်နှာက နီရဲလာပြီးမျက်လုံးလေးတွေပြူးကျယ်ကာမျှော်လင့်တကြီးပုံလေးနှင့်...
"လေးလေးနှုတ်ခမ်းနီကို ဦးခန့်ဖျက်ပေးရမယ်။ လက်နဲ့မဟုတ်ဘူးနော်"
ဘုရားစူး ၁၀နှစ်ကလေးရဲ့ အရောက်ပို့မှုကြီးပါ။မိဗိုလ် ကလေးကိုဘာတွေသင်ထားမှန်းမသိ...
ခန့်သျှား သဘောကျလွန်း၍ ပါးအိအိလေးတွေကိုညှစ်ပစ်လိုက်သည်။
"ကတိနော်"
"ဟုတ်..."
မဏီ့မှာတော့ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးနေသလိုအဖြစ်ရောက်သွားသည်။ ဒီသူတောင်းစား အနားမကပ်အောင် ယိုယို့အခန်းထဲခေါ်ခါမှ မိယိုယိုက လူကိုဦးလေးလက်ထဲရောင်းစားနေချေပြီ။
"မင်းနော်... လာရဲလာကြည့် စမုံတုံးသွားမယ်။"
ခန့်သျှားကျော်တို့ ဒီအပြောတွေကြောက်နေရင် ကလေးနှစ်ယောက်တောင်ထွက်မလာဘူး။
"အို... ဟေ့ကောင်... အွန်း..."
မဏီ အနောက်ဆုတ်တော့ ယိုယိုက ပြန်တွန်းကာ ဦးလေးဆီပို့သည်။အခုတော့ ဇာမဏီတို့ နှုတ်ခမ်းတိုက်ပွဲဖြစ်နေလေပြီ။
"ယို...ယို..မ.. အွန်း..ကြည့်နဲ့..."
ဝက်ဝံတစ်ကောင်ရဲ့ခွန်အားနီးပါး ကြီးထွားလာတဲ့ မောင်က မဏီ့ကိုအသာလေးပါ။ အခုတော့ ဦးလေးနဲ့တူမ လက်ဝါးချင်းရိုက်တဲ့ပွဲမှာ ဇာမဏီ့နှုတ်ခမ်း ခွေးကျွေးလိုက်ရသည်။
နှုတ်ခမ်းတစ်စုံလုံးဖူးရောင်သွားမှလွှတ်ပေးတော့ သူ့ပေါင်ကိုလှမ်းကန်ပစ်လိုက်သည်။
"မင်းရော... နင်ရောအတူတူပဲ။ သွား... နှစ်ယောက်စလုံးထွက်သွားကြ"
ရှက်ရမ်းရမ်းသောအလှလေးပါလေ။ နှုတ်ခမ်းနီရာတွေကမျက်နှာမှာ ပေပွလို့...
"သားတွေက ကိုယ့်နှုတ်ခမ်းနီတွေမြင်လို့ မေးရင် မင်းဆီကလို့ဖြေလိုက်မယ်နော် ... လာ ယိုယို သွားမယ်"
အလုပ်ပင်ပန်းတာတွေပျောက်သွားရသည်အထိ အလှလေး၏ ကြိုဆိုမှုက မြိုင်တာမို့ကျေနပ်သွားပြီ။ အခုတော့ သူ့ပေါက်ကွဲမှုအောက်ကလွတ်ဖို့ တူမလုပ်သူချီပြီး ပြေးရတော့သည်။
ဒါတောင်နောက်ကကြိမ်းဝါးသံကကြောက်စရာ...
"ခန့်သျှားကျော်... နှာဘူး... မင်းလျှာကြီးဖြတ်ပစ်မယ်။"
》》》《《》》》》《》《》》
ဒီနေ့တော့ ဇာမဏီ မောင်အမြင်မကြည်ဖြစ်ခဲ့သူကို အိမ်လည်ခေါ်ဖို့ဆုံးဖြတ်ထားသည်။
"အ... မွှန်လိုက်တာ"
"မဏီ... ဘာလို့ဟင်းအိုးကြည့်နေတာလဲ။မင်းလည်းမချက်ဖူးဘဲ"
ခန့်သျှား ဟင်းချက်ရင်းက ယူစရာရှိလို့အပြင်ခဏထွက်ပြီးပြန်လာတော့ ဇာမဏီဟင်းအိုးမွှေနေတာတွေ့၍ အမြန်သွားရသည်။ပေါက်ကရလျှောက်ထည့်မှဖြင့် ငတ်နေမယ်။
"ဒီနေ့ ဧည့်သည်ခေါ်ထားလို့ကွ... အဲ့ဒါကြောင့် ဟင်းစုံလား လာကြည့်တာ"
ခန့်သျှား စိတ်တိုင်းမကျဖြစ်သွားပြီ။ဘာလဲ။ဘယ်သူမို့လို့သူ့ယောကျာ်းက အဲ့လောက်ဖြစ်နေတာလဲ။
"အဲ့ဧည့်သည်က ကျားလား မလား"
"ကျား..."
မိန်းကလေးမဟုတ်လို့စိတ်သက်သာသွားပေမဲ့လည်း ကိုယ့်ယောကျာ်းကိုတော့စိတ်မချသေးပါ။ ယောကျာ်းလေးဆိုတော့ Barမှာတွေ့တဲ့ဟိုအုပ်စုများလား။
"ဘယ်သူလဲ။ဘယ်ကလဲ။ မင်းနဲ့ဘယ်လိုပတ်သက်လဲ။ "
ဇာမဏီ မျက်ခုံးထူထူကြီးတွေတန်းသွားပြီ။ ဘယ့်နှယ့် ဒီလူကအမေးအမြန်းရှယ်ထူရတာလဲ။
"ဘယ်သူဖြစ်ဖြစ်ပေါ့။လျှာကိုရှည်တယ်။ ဟင်းပဲမြန်မြန်ချက်ပါ။လာတော့သိမှာပေါ့။"
ခန့်သျှားထပ်မေးချင်ပေမဲ့ ပဲဟင်းအိုး ဝေနေပြီမို့ ခဏမေ့ထားလိုက်ရသည်။
ဘယ်သူဖြစ်ဖြစ် ငါ့ယောကျာ်းလာကြောင်ရင်တော့ ငါ့လက်စာမိမှာပဲ။
ဟင်းတွေစုံတော့ ဇွန်း ခက်ရင်းပြင်နေတဲ့ သူ့အနား အေပရွန်တစ်ထည်ပတ်ပြီးနှမ်းလာဖြူးတဲ့ ဒယ်ဒယ်ပေါက်စအားအသည်းယား၍ ကြက်သားဟင်းနံ့သင်းနေသောဆီပေနေသည့် နှုတ်ခမ်းဖူးအား ဆွဲစုပ်လိုက်သည်။
"အဲ့ဒါ ဟင်းခိုးစားလို့ဒဏ်ပေးတာ"
ဒယ်ဒယ်မဏီကတော့ ဂရုမစိုက်ပါ။ ထီမထင်သလို ကျန်တဲ့ဟင်းတွေပါဆက်နှိုက်ပြန်သည်။
ခန့်သျှားတို့တော့ကလေး၃ယောက်ထိန်းရပါပြီ။
နေ့လယ်ရောက်တော့ တန်ဖိုးကြီးကားတစ်စီးက ခြံရှေ့လာရပ်သည်။ ကားပေါ်ကလူမြင်တာနဲ့ ဇာမဏီတို့ ကစုန်ပေါက်ပြေးတာများ မြင်းကျလို့...
ငခန့်တို့ အူတိုတိုနဲ့စိတ်အချဥ်ပေါက်ကာ လူမမြင်ရသေးခင်ကျိန်ဆဲလိုက်သည်။
တိုက်ပုံအမည်းနဲ့ ခပ်ရိုးရိုးပုံပန်းသဏ္ဍာန်ရှိတဲ့လူကိုမြင်တော့ ခန့်သျှားတွေးရပြန်သည်။မဏီ့သူငယ်ချင်းထဲမှာ အဲ့လို လူမျိုးမတွေ့ဖူးပါ။
"ဇာမဏီ... မင်းဖိတ်တုန်းကဖိတ်ပြီးလာကျ မကြိုဘူး။ငါ့မှာ သူငယ်ချင်းအရင်းခေါက်ခေါက်ရှိရက်နဲ့ ဟိုတယ်မှာသွားတည်းရတယ်။"
"ဒါဆို မင်း ငါ့ခယ်မ ဟိုတယ်မှာတည်းမလား။ အားလုံးနီးပါး Gayတွေချည်းပဲနော်။"
ဒါကျကြောက်သည်။အသည်းအသန်ငြင်းရှာသည်။မိဗိုလ်စနက်ကြောင့် သူတောင်ငခန့်အောက်ရောက်တာမလား။ ထက်ဝေသော်ကို စရတာ ပျော်စရာကောင်းသည်။
"လာ ငသော်... မင်းကို ငါ့သားတွေနဲ့မိတ်ဆက်ပေးမယ်။ ကလေးတွေ လာကြ"
ပင်ပေါင်နဲ့ ပင်စိမ်းက ဒယ်ဒယ့်အသံကြောင့် ဘက်တံရိုက်နေရင်းက ပြေးလာကြသည်။အဆော့သန်တဲ့သားနှစ်ယောက်ကြောင့် ခြံကျယ်ကျယ် ဝယ်ထားရတာ မှန်သွားသလိုလို...
"ဒါက ဦးထက်ဝေသော်တဲ့ ဒယ်ဒယ့်သူငယ်ချင်းပဲ။ တလောက ပြင်ဦးလွင်မှာကားလာပို့တဲ့ ဦးလေးလေ မှတ်မိကြလား။"
"ဟုတ်... သိပြီ။ဒယ်ဒယ့်ကိုကော်ဖီဆိုင်မှာ ချိန်းတွေ့တဲ့သူပဲ။ ဘာလဲ ဒယ်ဒယ့်ကို လာလုတာလား။ မရဘူးနော်။ဒယ်ဒယ်က ဖေ့အပိုင်"
ပင်စိမ်းကောင် ဂျစ်ပွေးကျမှုကိုထက်ဝေသော်ကတဟားဟားရယ်ပါသည်။ လူပျိုကြီးကို ဘာတွေသွားပြောမှန်းမသိ။ ကြားက မဏီက မျက်နှာပူရပြီ။ဒီခွေးလေးတွေ အကျင့်က သူ့ဖအေနဲ့တစ်ထေရာတည်း...
ဟိုမှာလည်း ကြည့်... ရုပ်ကမှုန်ကုပ်ကုပ်နဲ့ ဧည့်သည်ကိုဘုကြည့် ကြည့်နေတာ မသိရင် နှင်ထုတ်နေသလို...
"ဦးက မင်းတို့ဒယ်ဒီရဲ့ သူငယ်ချင်းအရင်းပါကွာ စိတ်ချ ဒီငှက်စုတ်ကို စိတ်နဲ့တောင်မပစ်မှားဘူး။မင်းတို့အဖေအကြောင်းကြိုသိထားလို့... ငါကမိန်းမ ယူမှာပါနော်"
မဏီကတော့ ကြိတ်ရယ်နေပြီ။လူပျိုကြီးအရစ်ခံစမ်း...
"မင်းတို့အတွက် လက်ဆောင်ပါသေးတယ်ကွ နေဦး"
အဲ့ခါကျ မျက်လုံးအရောင်ပြောင်းသွားကြသည်။ ခန့်သျှားမှာ ကလေးတွေကို အယုံသွင်းနေတဲ့ကောင်အားမကြည့်ကြည့် နှင့်သာ...
"မင်းတို့ကို မမြင်ဖူးတော့ ဦးက ကလေးသေးသေးလေး ထင်ပြီး အရုပ်တွေပဲဝယ်ခဲ့တာ"
အဝေးထိန်းဟက်စကီးအသေးစားလေးနှစ်စင်းကိုအိတ်ထဲက ထုတ်ပေးလိုက်တော့ အမြွှာနှစ်ကောင်ကရယ်ရအခက်၊ ငိုရအခက်...
"ငသော် မင်းမေ့တတ်လိုက်တာ ငါပြောတယ်လေ။ အကြီးကောင်က ယောကျာ်းတောင်ရတော့မယ်ဆို"
မဏီကပ်ပြောတော့ ထက်ဝေသော်ကလည်းမခံ ၊ ပြန်စွာသည်။
"ဟ... ငါနဲ့မင်းတောင်ရွယ်တူဆိုတော့ ငါက မင်းကလေးတွေ ဒီအရွယ်ရောက်မှန်း ဘယ်ထင်မှာလဲကွ။ ပြီးတော့ ရီလန်းနဲ့ကိစ္စက မင်းစနောက်တယ်ပဲထင်တာ"
ပင်ပေါင်တို့မှာလူကြီးတွေရန်ဖြစ်မှာစိုး၍ဝင်ပြောရလေသည်။တကယ်တော့ဧည့်သည်အပြစ်မဟုတ်ပါ။ သူတို့ကလည်းအသက်နဲ့မလိုက်အောင်ထွားကြိုင်းကြတာမဟုတ်လား။
"လက်ဆောင်အတွက်ကျေးဇူးပါ ဦးဦး... လာ ငပေါင် ဘေးအိမ်ကဦးကျောက်လုံးကို ဟက်စကီးနဲ့သွားစကြမယ်။"
"ကလေးတွေ ခဏနေ ထမင်းစားမယ်နော်"
မောင်အော်တာတောင်မကြားကြပါ။ လက်ဆောင်လက်ထဲရောက်တာနဲ့ဗရုတ်ကျဖို့သာကြံနေကြသည်လေ။
မဏီ မနိုင်စိန်တွေကိုကြည့်ရင်းဘေးကလူအမြင်ကိုမေးလိုက်သည်။
"မင်းငါ့ကလေးတွေကိုဘယ်လိုထင်လဲ ထက်ဝေသော်..."
"ချစ်စရာသားလေးနှစ်ယောက်ရထားတာပဲ ကလေးတွေက မင်းနဲ့ အကျင့်မတူဘူး"
"ငါမွေးထားတာ ငါနဲ့တူမှာပေါ့။ လာ မဏီ..."
ခန့်သျှားပြောပြီးတာနဲ့ ဇာမဏီ့လက်ကိုဆွဲကာအိမ်ထဲဝင်သွားတော့သည်။ဧည့်သည်မှာမျက်နှာငယ်နဲ့နောက်ကနေ ကိုယ်ဟာကိုယ်လိုက်လာရလေသည်။
ထမင်းစားသောက်တော့လည်း ငသော့်ပန်းကန်ထဲဟင်းထည့်ပေးလို့ မောင်က သူ့ပန်းကန်ကိုထိုးပေးသည်။သဘောက သူ့ပါထည့်ပေးပေါ့။
"မောင်ပဲ ကြက်အသည်းအမြစ်မကြိုက်ဘူးဆို အဲ့ဒါကြောင့် မဏီက ငသော့်ကျွေးတာပါ။ မောင်မစားလို့"
စားလက်စ ထက်ဝေသော်မှာနင်သွားရသည်။သူ့ယောကျာ်းမကြိုက်လို့ အကျန်ကျွေးတာပဲ။တော်တော်ကောင်းတဲ့ သူငယ်ချင်းစုတ်...
"မရဘူး။ အသည်းအမြစ်က ကိုယ်ချစ်တဲ့သူမှကျွေးတာ အဲ့ဟင်းသူများမကျွေးနဲ့။မောင့်ပဲကျွေး။ ရော့... ခင်ဗျားက ငါးခေါင်းစား အဲ့အသည်းတုံးတွေ ဒီကိုပေး"
ထက်ဝေသော်ပန်းကန်ထဲက အသည်းတုံးတွေအလုခံရပြီး ငါးခေါင်းတုံးကြီးကိုသာကြိတ်မှိတ်စားလိုက်ရပါသည်။
"မောင်ကကွာ...
ငသော်... အားမနာနဲ့နော် ကြိုက်တာထည့်စား"
"တော်ပါပြီ။ ရေပဲသောက်တော့မယ်။ အဟွတ်..."
ခန့်သျှားမျက်နှာကတော့ လုပ်ချင်ရာလုပ်ပြီးပြုံးနေတာမြင်မကောင်းပါ။
"မဏီ... မောင့်ကိုအရိုးထွင်ပေး..."
"လက်မပါဘူးလား။ "
"မဏီနော်..."
လူပျိုကြီးနှိပ်ကွပ်ခံနေရတာ တကူးတကရန်ကုန်လာပြီးတော့ကိုပါ။
သူ့နားကကလူကျီစယ်နေတဲ့ သက်ကြီးစုံတွဲက ကလေးတွေတောင် ခေါင်းထဲမထည့်ပုံပါ။ သူ့သားတွေကလည်းအဖေတွေအကျင့်ကိုရိုးနေသလိုပင်။
"ဟာ ဇာမဏီ... စားပွဲသောက်ပွဲပါလား။ ဘာတွေချက်တုန်း"
Eagleနဲ့ တောက်တောက်က ကုန်သွယ်ရေးကိစ္စနဲ့ မကြာခဏလာနေကျမို့ မဏီက ခုံထပ်ယူပေးလိုက်သည်။
"နေ...နေ... မဏီထိုင် သူ့ဟာသူလုပ်လိမ့်မယ်။ဟိုကောင် ငတောက် လက်ပါရင်ကိုယ့်ဘာသာယူ"
ညီပေးအစ်ကိုယူဆိုတော့လည်း ယောက်ဖလုပ်သူကိုကြည့်မရပေမဲ့ ချစ်သူလေးထိုင်ဖို့ Eagleကြီးမှာ ခုံသယ်နေရသည်။
"Eagleမှတ်မိလား။ ထက်ဝေသော်လေ အထက်တန်းရှေ့နေ... ငါတို့ငယ်ငယ်ကပြင်ဦးလွင်မှာတွေ့နေကျလေကွာ။"
လင်းယုန်ကြီးအတော်စဥ်းစားပြီးမှ နှုတ်ဆက်လိုက်ရသည်။
"အာ... ဟိုတလောက ငါ့အစ်ကိုကို ခေါ်သွားတဲ့ကောင်။ ကဲ ဘယ်လိုလဲ။ ယောက်ဖ လက်သီးစာမိလိုက်သေးလား။"
မဏီ အားနာလို့ လင်းယုန်ကောင်လက်ကိုရိုက်ချကာသတိပေးလိုက်ပေမဲ့ မောင်ကတော့ သူ့ယောက်ဖ လာလို့ အားတက်နေပုံ...
ခဏကြာတော့ အမျိုးသားသုံးယောက်က အဖွဲ့ကျကာ စကားတွေ ပလစ်ဆန်အောင်ပြောနေကြပြီး ငခန့်တို့နှစ်ယောက်က ပန်းကန်ဆေးနေရသည်။
"ကိုကြီး အဲ့လူဘယ်ကလဲ။"
"ပြင်ဦးလွင်ကတဲ့။ ကြည့်မရပါဘူးကွာ။ရုပ်ကိုက ပြောင်စပ်စပ်နဲ့... တိုက်ပုံအနက်ကြီးဝတ်ထားတော့ သေမင်းကြီးကျလို့..."
"ကိုကြီးကလဲလေ... ရူပါချူချာလို့ အစွံမထွက်တဲ့ ငဂေါ်ကြီးကို အဲ့လောက်မပြောပါနဲ့။ ဧည့်သည်ပဲဟာ"
ညီအစ်ကိုနှစ်ယောက်ပေါက်ပေါက်ဖောက်နေတာကို မဏီတို့ကတော့မသိရှာပါ။
"ဟ ဒါဆို မင်းနဲ့ငတောက်က လင်မယားတွေပေါ့။ဒါဆို မင်းတို့က လင်ညီအစ်ကို ဝမ်းကွဲတွေဖြစ်နေကြတာ..."
မဏီကတော့ သူတို့အမျိုးရှုပ်ပုံကိုရိုးဟိုးဟိုးနေပြီမို့ ကော်ဖီသာဆက်သောက်နေပြီးဝင်မပြောပေ။
"အေးဆို... ငါနဲ့ ဒီကောင်ကြီးတောင် အဘိုးကြောင့်တော်တာ... မဟုတ်ရင် သူစိမ်းပဲ။ ဪ... ငပေါင့်ဘဲအကြောင်းလည်းမင်းသိပြီးပလား။ ချုံးရီလန်းလေ...
လင်းယုန်ကတော့ပြန်ဖြေရှာသည်။ထက်ဝေသော်ကသူတို့နဲ့ ငယ်ငယ်က သိပြီးမှကွဲကွာသွားကြတာကိုး...
"မင်းတို့ဟာကဆွေမျိုးစပ်ရတာအတော်ရှုပ်တယ်။ လင်းယုန်နဲ့ မဏီက ညီအစ်ကိုဝမ်းကွဲ... ခန့်သျှားကျော်နဲ့တောက်တောက်က ညီအစ်ကိုအရင်း ရီလန်းနဲ့ပင်ပေါင်က ကလေးထပ်မွေးရင် ဇာမဏီ မင်းက တစ်ခါ အဘိုးဖြစ်ဦးမယ်။ လင်းယုန်လည်း ကစားဖော်ရဲ့သားကိုမြေးခေါ်ရမယ်။ ဗုဒ္ဓေါ... "
"အေး... မင်းလို လူပျိုကြီးကတော့ အပူကင်းတာပေါ့ကွာ... ဟားဟား"
ညီအစ်ကိုတွေ ဝိုင်းဖဲ့ကြတာမခံနိုင်တော့၍ ထက်ဝေသော် အမြန်အိမ်ထောင်ပြုရန်ဆုံးဖြတ်လိုက်ရလေသည်။
"ငသော် တာ့တာ... မင်းနောက်နေ့ အားရင်ထပ်လာဦးနော်။ငါ့ယောကျာ်းလက်ရာလျှာလည်သွားတယ်ဟုတ်"
"အေးပါ ငါ့မှာ ငါးခေါင်းစားဖို့ထပ်လာပါ့မယ်။ဟုတ်ပြီလား။"
သူတို့ရော လင်းယုန်တို့ပါကိစ္စပြီး၍ပြန်သွားတော့ မောင်က တစ်စခန်းထလာပြန်သည်။ မဏီ့ကိုဘာမပြော ညာမပြောနှင့် အပေါ်ထပ်သို့အတင်းဆွဲခေါ်သွားသည်။
"မင်းဘာလုပ်တာလဲ။ လွှတ်စမ်း..."
ကလေးတွေ မြင်ရင်တစ်မျိုးထင်ဦးမယ်။ဒီကောင်ဘာထဖြစ်တာလဲ။
အခန်းထဲရောက်တော့ ကုတင်ပေါ်တွန်းချပြီး သူ့ကို ကြိတ်မနိုင်ခဲမရသလို ခါးထောက်ပြီးရပ်ကြည့်နေသည်။
အတော်ကြာမှခန့်သျှား ယောကျာ်းဖြစ်သူဘေးနားဝင်ထိုင်ပြီး လူကိုမလုပ်ရက်၍ မွေ့ရာကိုသာတဘုန်းဘုန်းထုပြီးအော်ဟစ်လေသည်။
"အဲ့အကောင်နဲ့ ရိုးရောရိုးရဲ့လား။ဘာလဲ။ မင်းရဲ့ ငယ်ချစ်ဟောင်းတွေပဲလား။ ချုံးရီလန်းမရှိတော့ နောက်တစ်ယောက်ခေါ်တာပေါ့ ဟုတ်လား။"
ဇာမဏီ ဆက်မကြားချင်တော့၍ထရပ်လိုက်တော့နောက်ကနေ လက်ကိုဖမ်းဆွဲလာပြန်သည့်လူတစ်ဦး...
သူသည်းမခံနိုင်တော့၍လက်ကိုဆွဲဖြုတ်ကာ ကုတင်ကိုကန်ပစ်လိုက်လေသည်။
"ဒီမှာ ခန့်သျှားကျော်...
ယောကျာ်းနှစ်ယောက်က ခင်မင်ရင်းနှီးတာနဲ့ အိပ်ရာပေါ်ရောက်ပြီးသားထင်နေရင် အဲ့ဒါမင်းစိတ်နဲ့ငါ့ကိုနှိုင်းတာပဲ"
သူပြောလိုက်ပြီးမှမောင့်ဘက်ပြန်ကြည့်တော့ ငိုင်နေတာတွေ့ရသည်။
"မင်းမှန်ပါတယ်။ မင်းကို ကိုယ့်စိတ်နဲ့နှိုင်းမိတာမှားတယ်။ဟား... ဒီကောင်က မင်းကလွဲပြီး ဘယ်သူ့မှရင်ထဲမထည့်ဖူးဘူး။ မင်းခုထိမသိသေးတာအံ့ဩတယ်။"
မာနနဲ့တည်ဆောက်ထားတဲ့ ယောကျာ်းနှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အလျှော့အတင်းတွေနဲ့ပဲနားလည်မှုလွဲရပြန်သည်။
》》》》》》》》》》》》》》
"ဦး... ပြန်လာပြီလား။ "
"အေး ပေါင်လေး... ဦး လမ်းမှာခွေးရူးရှိလို့ရှင်းနေတာနဲ့ နည်းနည်းကြာသွားတယ်။ ကလေးစောင့်နေတာကြာပြီလား။"
သူ့ပါးကိုနမ်းရင်းဦးက ခြွေတော့ ငပေါင်တို့ပျော့ရသည်။သူက ဦးနဲ့ယှဥ်ရင် ကလေးမို့ စီးပွားရေးကိစ္စအဝဝက ဦးပဲလုပ်တာများသည်။သူတော့ကျောင်းပြီးမှပဲဦးကို ကူညီဖို့တွေးထားသည်။အခုတော့ Sugar daddyကြီးတစ်ယောက်လုံးရှိနေတာလေ သူက အလုပ်လုပ်စရာလား။လူငယ်ဘဝကို သေချာဖြတ်သန်းဦးမည်။
"Clubသွားချင်လို့ ဦးလိုက်ပို့...
ကျွန်တော် ကားပြင်ပြီးစောင့်နေမယ်။
ဪ... အိမ်ထဲဝင်ရင်တိုးတိုးတိတ်တိတ်သွား
ဖေ နဲ့ ဒယ် အခြေအနေမကောင်းဘူး။ ကွိုင်တက်ထားသလိုပဲ။"
ရီလန်း စိတ်ပူသွားရသည်။ Pဘာဖြစ်ပြန်ပြီလဲ။
အတတ်နိုင်ဆုံးပေါင်လေးသတိမထားမိအောင်အမူအရာထိန်းကာ အိမ်ထဲဝင်လိုက်သည်။
သူ့ခြေလှမ်းက အောက်ထပ်က သူတို့အခန်းဆီမရောက်ဘဲ အပေါ်ထပ်က မဏီ့ဆီသို့ရွေ့သွားတာသူတောင်မသိလိုက်ပေ။
ဒေါက် ဒေါက်
ပြန်ဖြေသံမကြားရ၍ ရီလန်းအထဲဝင်လိုက်တော့အမှောင်ကျနေသည်မှာတစ်ခန်းလုံး... P တစ်ယောက်တည်းသာကုတင်ပေါ်မှာတွေ့ရလေသည်။ခန့်သျှားကျော်က ဘယ်ထွက်သွားမှန်းမသိပါ။
ရီလန်းအနားတိုးသွားလိုက်ပြီးစိတ်ပင်ပန်းထားပုံရသောမျက်တွင်းချောင်နေသည့်မျက်နှာနုနုကိုကိုင်လိုက်သည်။
"လွန်ခဲ့တဲ့နှစ်၂၀ကျော်ကလိုပဲ။ မင်းဟာ အရိုင်းဆန်စွာ လှတယ် P..."
ရီလန်းစိတ်တွေက အတိတ်နေ့ရက်ဆီပြန်တိမ်းညွတ်သွားလေသည်။
သူ၁၅နှစ်... P အသက်၂၀လောက်မှာ ပထမဆုံးဝန်ခံခဲ့ဖူးသည်။ ကာယကံရှင်မသိပါသောဝန်ခံမှုသေးသေးလေးပေါ့။
အဲ့တုန်းက နွေရာသီအားလပ်ရက်အလည်လာတဲ့ရီလန်းဟာ ဇာမဏီတို့အိမ်မှာတည်းခဲ့တယ်။ ညဘက် အိပ်ခန်းထဲအဝင်မှာ အခန်းမှားဝင်အိပ်တဲ့ Pကိုမြင်ရတဲ့အခါမှာ သူ့ခံစားချက်တွေပွင့်ထွက်ကုန်တယ်။တစ်ယောက်တည်းအိပ်မောကျနေတဲ့ P ကို လူပျိုပေါက်ရင်ခုန်သံအစအနအချို့ကြောင့် သူတောင်မသိလိုက်ဘဲ တိုးဖွဖွပြောခဲ့မိသည်။
"ချစ်တယ်။ P...
မင်းကိုတွေ့ရင် ငါ့ရင်ဘတ်ကြီးလှုပ်လာတယ်။
Eagle တို့နဲ့ တွေ့ရင်အဲ့လိုမဖြစ်ဘူး။ငါမိန်းမတွေကိုကြိုက်လို့မရဘူး။ P... မင်းကပဲငါ့စိတ်ထဲရောက်နေတယ်။ ငါ Gayဖြစ်နေပြီလားဟင်...မင်းတစ်ယောက်တည်းအပေါ်ပဲ ငါ့စိတ်ကြီးက အဲ့လိုဖြစ်နေတာ ခံရခက်တယ်ကွာ
I have crush on you. Little P..."
ထိုစဥ်က Pလက်ကိုကိုင်ကာ အိပ်ပျော်နေသူမသိစဥ်တိတ်တခိုး ဖွင့်ဟမိသည်။ဆယ်ကျော်သက်အတွေးတစ်စတို့နှင့် မိုက်ရူးရဲဆန်ဆန်ဝန်ခံခဲ့ပေမဲ့ သတ္တိမရှိတာမို့ ထိုသူမသိစဥ်မှာပဲဝန်ခံရဲလေသည်။
သူမသိလိုက်တာက အိပ်ပျော်နေတဲ့သူရဲ့မျက်ခွံလေးတွေလှုပ်နေတာပါပဲ။
"ရီလန်း... မင်းလား"
ရီလန်း အတိတ်ထဲနစ်နေရာမှသတိပြန်ဝင်လာသည်။ ဘယ်လိုကြောင့် အတွေးချော်ပြန်ရတာလဲ။ ကျစ်... ကလေးကိုအားနာစရာ...
မဏီ ဖယ်ခွာသွားသောလက်ဖဝါးတစ်စုံကိုပြန်ဆုပ်ကိုင်လိုက်သည်။
"ခဏလေးပါ။ မင်းမသိတဲ့အရာတွေ ပြောပြချင်သေးလို့..."
ရီလန်း နားမလည်သလို ပြန်ကြည့်တော့ Pက ပြုံးကာ မီးအုပ်ဆောင်းလေးဖွင့်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ငါလေ့ကျင့်ရေးကွင်းကအပြန် မောပြီးအိပ်ပျော်သွားတယ်။ အဘိုးမသိအောင် မင်းအခန်းထဲမှာ လာပုန်းခဲ့တယ်။ နားပါးတဲ့ ငါက ရန်သူတွေအလစ်မခံရအောင်လေ့ကျင့်ထားလို့ အခန်းထဲဝင်လာတည်းကမင်းမှန်းသိခဲ့တယ်။"
ရီလန်းထွက်သွားချင်နေပြီ။သူကြာရင် မှောက်မှားမိလိမ့်မယ်။
" မင်းသိပ်တုံးတယ်ရီလန်း
အဲ့နေ့က ငါတကယ်အိပ်မပျော်ခဲ့ဘူး အိပ်ချင်ယောင်ဆောင်ခဲ့တာ..."
ဒါဆို သူပြောတာ ကြားတယ်ပေါ့။
ဘာလို့များမသိချင်ယောင်ဆောင်ခဲ့သလဲ။
"ငါ့ထက် ငယ်တဲ့ကောင်လေး...
ကစားဖော် ကစားဖက်ဂျလေဘီလေး...
အဲ့လိုကောင်လေးက ငါ့ကို ချစ်တယ်တဲ့လေ
ငါကြားကြားချင်း ဘာလုပ်မိလဲသိလား။"
ရီလန်းအသက်ရှူအောင့်လိုက်မိသလိုပင်...
"ဘာမှမလုပ်ခဲ့ဘူး။
သူ့ကိုမငြင်းခဲ့သလို ငါနိုးနေကြောင်းလည်းမပြခဲ့ဘူး။"
အိပ်ချင်ယောင်ဆောင်နေတဲ့ကျားကိုမှနှုတ်ခမ်းမွေးလာနှုတ်တဲ့ကောင်လေးဟာ ကျားတကယ်အိပ်မအိပ်တော့မသိသွားပေ။
"ငါ့စိတ်ထဲမှာရှိနေတာကငါကဒီလိုအချစ်ခံရပါလားဆိုပြီး ပထမဆုံးအကြိမ် အားမငယ်မိတာပဲ။ မင်းကြောင့် အချစ်ခံရဖူးတာ ဘယ်လိုလဲဆိုတာ ပထမဆုံးသိခဲ့တယ်။ကျေးဇူးတင်ပါတယ်။ ရီလန်း... ပြီးတော့... သားပေါင်ကို ထပ်ချစ်ပေးပါ။ငါတောင်းဆိုပါတယ်။"
"ဘာလို့... ဘာလို့များထိမ်ချန်ထားတာလဲ။ဘာလို့အခုမှ ဖွင့်ပြောရတာလဲ။ ငါတစ်သက်လုံးမသိလည်းရတယ်လေ... P ...
တကယ်လို့ ငါသာ ကြိုသိရင် မင်းနဲ့ငါ အဲ့ထက်စောပြီး..."
"ဘာလို့ခုမှပြောရလဲဆိုတော့မင်းနဲ့ပတ်သက်ပြီးငါ့မှတ်ဥာဏ်တွေပျောက်သွားခဲ့ရင် မသိလိုက်မှာစိုးရိမ်လို့ပဲ။လူမသိသူမသိဇာတ်မြှုပ်လိုက်ရမှာနှမြောတယ်လေ။ ဒီလူ့ခေါင်းက ကြာကြာမသိမ်းဆည်းနိုင်ခဲ့ရင် အဲ့အမှတ်တရတွေဟာရေစုန်မျောတော့မှာ။ ပြီးတော့အဲ့အခိုက်အတန့်လေးကမင်းအတွက်တန်ဖိုးရှိမယ်ထင်လို့ ငါက အသိပေးလိုက်တာပါ။ငါထိမ်ချန်ထားတာက မင်းကို မင်းနဲ့ထပ်တူ သဘောမထားပေးနိုင်လို့ပဲ ရီလန်း... ကြိုသိလည်းမင်းအတွက်မထူးဘူး။"
"မင်းသိပ်ဟန်ဆောင်ကောင်းတယ်"
ရီလန်းနာနာကျင်ကျင်နဲ့အပြစ်တင်မိသည်။
"Are you mad on me?"(မင်းငါ့ကိုစိတ်ဆိုးသလား)
"No... Not at all. I'll always be with you as friends." (မဆိုးဘူး။မင်းကိုဘာလို့ဆိုးရမှာလဲ။ငါတို့အမြဲ သူငယ်ချင်းအဖြစ်အတူရှိသွားကြရအောင်)
ရီလန်း မနေနိုင်တော့ဘဲ မျက်ဝန်းအိမ်က စိုစွတ်လာမှုကိုဖယ်ထုတ်ကာ သိုင်းဖက်ဖို့ပြင်တော့ တွန်းထုတ်ခြင်းနှင့် လက်တစ်စုံသာတွေ့လိုက်ရသည်။
"သူငယ်ချင်းလိုပဲနေကြမယ်လေ ရီလန်း
ငါတို့လက်ဆွဲနှုတ်ဆက်ရအောင်..."
အသစ်ပြန်လည်မွေးဖွားလာတဲ့ Friendshipတစ်ခုကိုလက်ဆွဲနှုတ်ဆက်ရင်းပဲသူတို့ကြိုဆိုလိုက်ပါသည်။ အနည်းဆုံးတော့ စည်းတစ်ဖက်တစ်ချက်မှာ ရပ်နေခဲ့ကြပေမဲ့မြင်နေရသေးတယ်လေ...
စိတ်ညစ်ညစ်နဲ့အပြင်ကပြန်လာတဲ့ ခန့်သျှားမှာ ချုံးရီလန်း သူ့အခန်းထဲကထွက်လာတာကိုမြင်လိုက်ရတာဟာ သူ့ခေါင်းဆင်နင်းသလိုပါပဲ။
"မင်း... ဘာလို့ငိုလာတာလဲ။ ဟေ့ကောင် ဖြေလေ မင်း..."
ခန့်သျှား ချုံးရီလန်း ကော်လံစကိုဆွဲကိုင်ဖမ်းချုပ်ပြီးမေးပေမဲ့ သူ့ကို ဂရုမထားဘဲ ရုန်းထွက်သွားလေသည်။
"မဏီ... မင်းအခုတလော ဘာတွေပြောင်းလဲနေတာလဲ။"
သို့သော် ခန့်သျှားထင်သလိုမဟုတ်ခဲ့ပါ။
အခန်းဟာသန့်ရှင်းသပ်ရပ်နေသလို ဇာမဏီဟာလည်း အေးအေးလူလူစီးကရက်ရှိုက်ဖွာနေသည်။
လေသာပြတင်းနားမှာ ထိုင်ရင်းစိတ်ညစ်ညူးမှုတွေကို ဆေးလိပ်ငွေ့နဲ့လွင့်ပါသွားသယောင်ထင်ရအောင်မှုတ်ထုတ်နေတဲ့ သူ့အမျိုးသားဟာ တော်တန်ရုံ မကျေနပ်မှုတွေကို ရုပ်ရည်နဲ့ချေဖျက်စေသည်။
သို့သော် ဆူစရာကရှိပြန်တာပဲဖြစ်သည်။
"မင်း အဲ့ဆေးလိပ်တွေပြန်သောက်ပြန်ပြီလား။ ဇာမဏီ!!!"
ဇာမဏီ့ရပ်ဝန်းလေး ဖုန်ထသွားပြီ။
လင်တော်မောင်အသံကြားမှ ဆေးလိပ်ကိုင်ရင်း မျက်လုံးကကျီးကန်းတောင်းမှောက်နဲ့လွတ်ရာလမ်းရှာသည်။
"မောင်... ဟို ငါ ငါလေ..."
သူကတိပေးထားတာမေ့သွားပြန်တာလား။
ဒီကလေးအဖေဟာ သူ့အလစ်မှာ ကတိတွေအကြိမ်ကြိမ်များချိုးဖောက်နေသလား။
"သားတွေမွေးတော့ မင်းဘာပြောခဲ့လဲ။"
ဇာမဏီ ကိုယ့်အမှားနဲ့ကိုယ်မို့ ခေါင်းလေးငုံ့နေသည်။မပြေလည်ပါဘူးဆိုမှ...
"ဆေးလိပ်ဖြတ်မယ်ပြောခဲ့ပါတယ်။"
"အေး... မင်းသိရင် ပြီးရော"
ဘာအပြစ်တွေများလာမလဲ ရင်တမမနဲ့စောင့်နေမိသည်။
မဏီ မထင်ထားတာကမောင်က ဘူးထဲကနှစ်လိပ်ထုတ်လိုက်ပြီး မဏီ့လက်က ဆေးလိပ်မီးနဲ့လာညှိကာပြိုင်သောက်လိုက်တာပါပဲ။
"မင်းကိုယ်မင်းထိခိုက်မှာကိုမင်းလုပ်တယ်နော် အေး ရတယ် သောက်...
မင်းတစ်လိပ်သောက်ရင် မောင်နှစ်လိပ်သောက်မယ် မင်းတစ်ယောက်တည်းတော့ အထိခိုက်မခံနိုင်ဘူး မောင်ပါ မျှဝေခံစားမယ်။ မင်းကြိုက်ရာဆက်လုပ်မယ်ဆို ဒီကောင်လည်းလိုက်လုပ်မယ်ဆိုတာ မြဲမြဲမှတ်ထား..."
ဇာမဏီ နားညည်းလာလို့ ဆေးလိပ်တွေဖယ်ပြီးအဲ့ဆူပူတဲ့ပါးစပ်ကိုနမ်းပစ်လိုက်သည်။မိန်းမောသွားအောင်အတော်ကြာနှုတ်ခမ်းတွေကိုအလုပ်ပေးပြီးမှဆက်သည်။
မထင်မှတ်ထားသောအရာမို့ခန့်သျှားကျော်မှာမျက်လုံးတပြူးပြူး...
ဆံနွယ်ရှည်တွေပခုံးကဖြာကျလို့ လရောင်အောက်က ဇာမဏီငှက်ဟာအသွေးအသားအသစ်လဲသလို တစ်မျိုးဆန်းစွာ ဆွဲဆောင်နေသည်။အနမ်းချင်းဖလှယ်ရင်း ကိုယ့်အမျိုးသားအလှကိုလည်းဂုဏ်ယူရသေးသည်။
ကြားသားမိုးကြိုး စွာတေးကသူ့ကိုစနမ်းနေပါလား။ ငါထီပေါက်တော့မလား။
"နားကိုညည်းတယ် လူကိုအားနေဆူဖို့ပဲတတ်တယ်။"
နှုတ်ခမ်းလေးစူတူတူနဲ့ ရန်ထောင်လာတော့ သူကလည်းမခေပါ။
"ဟောဗျာ ဒီနည်းနဲ့ နှုတ်ပိတ်တာပေါ့
ဒါဆို ကြိုက်သလောက်သာပိတ် အင့် အင့် မောင်ကရက်ရောတယ်
ဝက်ကြီးကျလို့ နှုတ်ခမ်းကြီးထော်ထော်ပေးတာများ... ချစ်တော့လည်း မငြိုငြင်နိုင်ပါဘူးလေ။ သူ့စိတ်ကြိုက် နှုတ်ပိတ်ပေးရတာပဲ... နှုတ်ခမ်းနဲ့ပေါ့...
ခန့်သျှားရယ်ရင်းမဏီ့မျက်နှာလေးငေးမိတော့ မျက်ခမ်းစပ်တွေနီနေတာတွေ့ရတယ်။ ငိုများထားသလားပဲ။ ချက်ချင်းပင် ခန့်သျှားလက်ကမနေနိုင်ပါ။
"အဲ့ဒါ ဘာလုပ်တာလဲ အခုချက်ချင်းဖယ်စမ်း"
ဇာမဏီ အလိုမကျသလို စူပုတ်ပုတ်ဖြင့်ပြောလိုက်သည်။
"Sorryကွာ အစကတော့မျက်နှာကိုစမ်းမလို့ပါ သူ့ဟာသူလက်ကအောက်ရောက်သွားတာတော့မတတ်နိုင်..."
ဇာမဏီ အရူးကောင်ရဲ့လက်တွေကို သူ့တင်ပါးပေါ်ကအတင်းပုတ်ချပြီးဖယ်ထုတ်ရတယ်။
"မင်းကလည်း လင်မယားချင်းကပ်စေးနည်းလိုက်တာ ဒါလေးကိုင်တာ ဘာဖြစ်တာမှတ်လို့"
"စောက်ရူးကောင် "
"ဟက်...ဟက်...
ကိုယ်တို့ပြေလည်သွားပြီနော်..."
"အင်း..."
ပြေလည်ခါစမို့ နှစ်ကိုယ်တူ ခရီးစဥ်လေး မဆက်မီ ငိုထားတာလေး အရင်မေးရသည်။
"ခုနက အခန်းထဲ ဘယ်သူလာသေးလဲ။"
"ဟင်... ဘယ်သူလာလို့လဲ။"
ခန့်သျှားပြန်စိတ်တိုချင်လာပြီ။ သူ့ကိုငတုံးလို့များမှတ်နေသလား။
"ဇာမဏီ... မင်းရိုးရောရိုးရဲ့လား။ ငါ ဒီအတိုင်းဆို ချုံးရီလန်းကို အိမ်ပေါ်ကနှင်ချရတော့မယ်။"
ဇာမဏီ့မျက်နှာက တွေဝေသွားသည်။
"ချုံးရီလန်းကဘယ်သူလဲ မောင်..."
"ဘာ!!!"
ခန့်သျှားကျော်၏အာရုံတွေလွင့်ပြယ်သွားရလေသည်။
မဏီ့ပုံလေးကစနေဟန်မတူပါ။တကယ်မသိသလိုပုံနှင့်အတည်ကြီးမေးနေတာဖြစ်သည်။
"ကိုယ် ကိုယ်တို့လက်ထပ်တာဘယ်မှာလဲ မင်းသိသေးလား"
"မဟုတ်ပါစေနဲ့။မဖြစ်ပါနဲ့ဦး" လို့ အကြိမ်ကြိမ်စိတ်ထဲကရေရွတ်နေမိသည်။
မဏီ ကသူ့အမေးကိုမျက်မှောင်ကြုတ်စဥ်းစားနေသည်။
"ဒီမှာပဲမဟုတ်ဘူးလား။ မောင်
တခြား ဘယ်မှာဖြစ်နိုင်သေးလို့လဲ။"
ခန့်သျှားရင်ထဲတင်းကြပ်သွားရသည်။
သူ့မဏီဟာ ဘာအပြစ်တွေများကျူးလွန်မိခဲ့လို့လဲ။
ဆေးရုံသို့ရက်ချိန်းပြန်ပြဖို့သင့်ပြီထင်၏။ ဇာမဏီ့၏ မှတ်ဥာဏ်ထိခိုက်မှုသည် ပိုမိုဆိုးရွားလာလေသည်။
ချုံးရီလန်းကံကောင်းသွားရှာသည်။ သူ့အတွက် လက်မတင်ကလေး ဝိုးတဝါးမှတ်ဥာဏ်ကို မဏီက ထိမ်ချန်ပေးသွားခဲ့သည်မဟုတ်လော။
တစ်ခါ တစ်ရံ ဖွင့်ဟဝန်ခံခြင်းတွေသည် နောက်ကျခြင်းမမည်၏၊မည်၏ ပေါ်မူတည်၍နောင်တနှင့်သက်ဆိုင်သည်။
အချို့သော ကာလ ယန္တရားတွေဟာလည်ပတ်နေပေမဲ့လည်း လူတွေကအမှီမလိုက်နိုင်ခဲ့ပေ။
လက်လွှတ်သင့်တာကို လက်လွှတ်ဖို့သာဆုံးဖြတ်ရမည်ဖြစ်၏။
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
A/N
Hello Everyone!
ကိုယ်ပျောက်နေတာကြာခဲ့ပြီနော်။ အခုလာတာက ကျန်သေးတဲ့ Extraနှစ်ပိုင်းကိုတင်ပေးချင်လို့ပါ။နောက်တစ်ပိုင်းကတော့ ဘယ်တော့လဲ ဆိုတာ ကိုယ်လည်းမသိပါဘူး။အတတ်နိုင်ဆုံးမင်းတို့ဆီမြန်မြန်ပြန်လာပါ့မယ်။ တောင်းဆိုသူရှိလို့ မောင်နဲ့မဏီဆီပြန်အလည်လာပေမဲ့ ရှေးမူးမပျက် Drama လေးအဆစ်ထည့်ပေးရမှအိပ်ပျော်စားဝင်တာမို့ပါ။အားလုံးပဲ Really Finale Extraကိုစောင့်မျှော်ပေးကြပါနော်။ မောင်တို့နှစ်ယောက်ရဲ့ အဆုံးသတ်လေးက ဘယ်လိုများဖြစ်မလဲ။❤
အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ်လုံခြုံအောင်နေကြပါ။တရားကိုနတ်စောင့်ပါတယ်။ကျန်းမာအောင်နေကြပါနော်။ရောင်နီလာမဲ့နေ့ကို ကြိုကြရအောင်ပါ။
Zawgyi
ခန့္သွ်ားေက်ာ္ ဟိုတယ္က ျပန္လာေတာ့ပင္ပန္းလာတာမို႔ အိပ္ခန္းဆီပဲတန္းဝင္လာလိုက္သည္။ အေမာေျပေဆးေလးက အဲ့ထဲမွာေလ...
"ေလးေလး ေမာ့ ... အဲ့လိုႀကီး မလုပ္နဲ႕ေလ။ ႏႈတ္ခမ္းနီမညီဘဲေနမယ္။ ရၿပီ။ "
အသံစီစီေလးေတြၾကားရေတာ့ခန့္သွ်ားမ်က္ေမွာင္ၾကဳတ္မိသည္။သူ႕အခန္းထဲဘယ္က မိန္းကေလးေရာက္ေနတာလဲ။
"မဏီ!!!"
ခန့္သွ်ားအထင္နဲ႕လြဲစြာ သူ႕အား အလွေလးႏွစ္ေယာက္ကႀကိဳဆိုေနသည္ကိုေတြ႕လိုက္ရ၏။
"ေမာင္... ဘာလို႔အေစာႀကီးျပန္လာတာလဲ။
ယိုယို ေလးေလးကိုျပန္ဖ်က္ေပးေတာ့"
ထင္ပါတယ္ဆိုၿပီးအျပင္မွာတည္းကနားေထာင္ေနတာဘယ္ဟုတ္မလဲ။မိဗိုလ္သမီး ယိုယိုမ သူ႕ေယာက်ာ္းကိုအလွေတြစြတ္ျပင္ေပးေနတာမ်ား...
မဏီ့ဆံပင္ရွည္ႀကီးကက်စ္ဆံၿမီးက်စ္လို႔...
ဖဲျပားေတြလည္းတပ္ထားေသးသည္။မိတ္ကပ္ေတြကိုလည္း ယိုယိုလူးေပးထားတာ ညီလို႔...
မ်က္ေတာင္ေကာ့ေကာ့ေလးေတြက အတုမဟုတ္ဘဲ အစစ္ကိုေဆးနဲ႕ျပန္ေကာ့ထားတာျဖစ္မည္။ မဏီကနဂိုအတိုင္းေနရင္ေတာင္မ်က္ေတာင္ရွည္ႀကီးေတြမ်ားစင္းလို႔...
Eye shadowေရာင္စုံႏွင့္ မ်က္ခြံလွလွေလးေတြရယ္က မ်က္လုံးညိုညိုေလးေတြကိုပိုေပၚေစသည္။ထို႔ျပင္လွပစြာျခယ္ထားေသာပါးအို႔နီနီေလးကဆြဲကိုက္ပစ္ခ်င္စရာ...
"ယိုယို ပန္းခူးလာတာ မပန္ရေသးဘူးေလ ေလးေလးကလဲ..."
သမီးမိန္းကေလးလိုခ်င္ေသာ မဏီတစ္ေယာက္ သားေတြႀကီးလာ၍ ေခ်ာ့ျမႇူလို႔မရေတာ့သည့္အ႐ြယ္မို႔ တူမေတာ္ကိုသာ ခ်စ္ေနပုံရသည္။အိမ္လည္ေခၚၿပီးရင္ေတာ္ေတာ္နဲ႕ျပန္မလႊတ္ေပ။
အခုလည္းၾကည့္ပါလား။တျခားလူသာသူ႕ကိုပန္းပန္ေပးမယ္ေျပာၾကည့္ ထေတာင္သတ္ပစ္ဦးမယ္။ သူ႕တူမ ပန္းပန္ေပးေတာ့ လူေကာင္ႀကီးနဲ႕မလိုက္စြာ ၿငိမ္ခံလို႔...
ခန့္သွ်ားေတာ့အလွေလး၏ မိတ္ကပ္လိမ္းထားသည့္ပုံေလးကိုရွားရွားပါးပါးေတြ႕လိုက္ရေလၿပီ။
"ယိုယို... ေလးေလးကို သမီးျပင္ေပးတာလား။"
"ဟုတ္... ဦးခန့္... ယိုယိုျပင္ေပးတာလွတယ္မလား။ ေလးေလးကမင္းသမီးေလးလိုပဲေနာ္"
ဒီစကားကိုသာ သူ႕ဂိုဏ္းအေဟာင္းက တပည့္ေတြၾကားရင္ အူလွိမ့္ရယ္ေပမည္။ ေသနတ္ကိုင္ၿပီး စီးကရက္မခ်တမ္းခဲေနတဲ့ လူစားက မင္းသမီးတစ္ပါးလို ျခယ္မႈန္းခံေနရတာျမင္ၾကည့္ပါလား။ေသြးတက္သြားလိမ့္မည္။
မဏီ့ကိုၾကည့္ေတာ့ မေနတတ္တဲ့မ်က္ႏွာနဲ႕ သူ႕ပုံစံကို ကြယ္ဝွက္ခ်င္ေနပုံပါ။လက္တကာကာနဲ႕ ခန့္သွ်ားကို မၾကည့္ခိုင္းေပ။
"ဒါေပါ့။ မင္းသမီးေလးေပမဲ့ ယိုယို႔မင္းသမီးမဟုတ္ဘူး။ ဦးခန့္ မင္းသမီး"
ဇာမဏီတင္းၿပီေလ...
"ေဘာကိုမင္းသမီးလား။ ငါကဘုရင္ကြ"
ခန့္သွ်ားမ်က္ႏွာလွလွေလးအားဖ်စ္ညွစ္ကာေျပာလိုက္သည္။
"ဘုရင္မဆိုဟုတ္တုတ္တုတ္ကြာ"
"မင္း..."
မဏီ့လက္ကိုသူကနမ္းရွိုက္ကာ ဘုရင္မကိုခစားသလိုေျခတစ္ဖက္ေနာက္ဆုတ္ၿပီးႏႈတ္ဆက္ဂါရဝျပဳသည့္ပုံလုပ္လိုက္ေတာ့ ဇာမဏီ လူသတ္ရေအာင္ ေသြးအန္မတတ္ျဖစ္သြားရသည္။
ယိုယို႔မွာေတာ့ မိခင္ဗီဇပါသူပီပီ လက္သည္းကိုက္ၿပီး ဦးေလးႏွစ္ေယာက္ အခ်စ္စမ္းပုံကိုစူးစမ္းေလ့လာေနသည္။
"ယိုယို မုန့္ဖိုးေပးမယ္။ အလွေလးထားၿပီးသြားေတာ့"
ခန့္သွ်ား အမိန့္ေပးေတာ့ ယိုယိုကစူပုတ္ပုတ္ေလးႏွင့္ေပကပ္ေနသည္။
"အေတာ္စကားနားေထာင္တဲ့တူမ..."
မဏီ သမီးေလးလိုခ်င္တာအရင္တည္းကပါ။
သူတို႔မိသားစုဘဝရဖို႔ခက္ခဲလို႔ေနာက္ထပ္ကေလးမေမြးေပးနိုင္တာေၾကာင့္ ေမာင္စိတ္မေကာင္းလွပါ။
မဏီ့အတြက္ ျဖစ္နိုင္ရင္ သမီးေလးထပ္ေပးခ်င္သည္။
တူမကိုသာအစားထိုးခ်စ္ေနရေသာမဏီ့အျဖစ္ကရယ္ရသလို သနားဖို႔လည္းေကာင္းသည္။
သူ႕အနားကပ္ေအာင္ဘာလုပ္လုပ္ၿငိမ္ခံၿပီးအလွျပင္ေပးတာေတာင္ လက္ခံတာသာၾကည့္...
"လူလည္မေလး... ဘာလုပ္ေပးရင္ ထြက္သြားမလဲ ေျပာ..."
ယိုယို႔မ်က္ႏွာက နီရဲလာၿပီးမ်က္လုံးေလးေတြျပဴးက်ယ္ကာေမွ်ာ္လင့္တႀကီးပုံေလးႏွင့္...
"ေလးေလးႏႈတ္ခမ္းနီကို ဦးခန့္ဖ်က္ေပးရမယ္။ လက္နဲ႕မဟုတ္ဘူးေနာ္"
ဘုရားစူး ၁၀ႏွစ္ကေလးရဲ႕ အေရာက္ပို႔မႈႀကီးပါ။မိဗိုလ္ ကေလးကိုဘာေတြသင္ထားမွန္းမသိ...
ခန့္သွ်ား သေဘာက်လြန္း၍ ပါးအိအိေလးေတြကိုညွစ္ပစ္လိုက္သည္။
"ကတိေနာ္"
"ဟုတ္..."
မဏီ့မွာေတာ့ က်ားေၾကာက္လို႔ရွင္ႀကီးကိုး ရွင္ႀကီးက်ားထက္ဆိုးေနသလိုအျဖစ္ေရာက္သြားသည္။ ဒီသူေတာင္းစား အနားမကပ္ေအာင္ ယိုယို႔အခန္းထဲေခၚခါမွ မိယိုယိုက လူကိုဦးေလးလက္ထဲေရာင္းစားေနေခ်ၿပီ။
"မင္းေနာ္... လာရဲလာၾကည့္ စမုံတုံးသြားမယ္။"
ခန့္သွ်ားေက်ာ္တို႔ ဒီအေျပာေတြေၾကာက္ေနရင္ ကေလးႏွစ္ေယာက္ေတာင္ထြက္မလာဘူး။
"အို... ေဟ့ေကာင္... အြန္း..."
မဏီ အေနာက္ဆုတ္ေတာ့ ယိုယိုက ျပန္တြန္းကာ ဦးေလးဆီပို႔သည္။အခုေတာ့ ဇာမဏီတို႔ ႏႈတ္ခမ္းတိုက္ပြဲျဖစ္ေနေလၿပီ။
"ယို...ယို..မ.. အြန္း..ၾကည့္နဲ႕..."
ဝက္ဝံတစ္ေကာင္ရဲ႕ခြန္အားနီးပါး ႀကီးထြားလာတဲ့ ေမာင္က မဏီ့ကိုအသာေလးပါ။ အခုေတာ့ ဦးေလးနဲ႕တူမ လက္ဝါးခ်င္းရိုက္တဲ့ပြဲမွာ ဇာမဏီ့ႏႈတ္ခမ္း ေခြးေကြၽးလိုက္ရသည္။
ႏႈတ္ခမ္းတစ္စုံလုံးဖူးေရာင္သြားမွလႊတ္ေပးေတာ့ သူ႕ေပါင္ကိုလွမ္းကန္ပစ္လိုက္သည္။
"မင္းေရာ... နင္ေရာအတူတူပဲ။ သြား... ႏွစ္ေယာက္စလုံးထြက္သြားၾက"
ရွက္ရမ္းရမ္းေသာအလွေလးပါေလ။ ႏႈတ္ခမ္းနီရာေတြကမ်က္ႏွာမွာ ေပပြလို႔...
"သားေတြက ကိုယ့္ႏႈတ္ခမ္းနီေတြျမင္လို႔ ေမးရင္ မင္းဆီကလို႔ေျဖလိုက္မယ္ေနာ္ ... လာ ယိုယို သြားမယ္"
အလုပ္ပင္ပန္းတာေတြေပ်ာက္သြားရသည္အထိ အလွေလး၏ ႀကိဳဆိုမႈက ၿမိဳင္တာမို႔ေက်နပ္သြားၿပီ။ အခုေတာ့ သူ႕ေပါက္ကြဲမႈေအာက္ကလြတ္ဖို႔ တူမလုပ္သူခ်ီၿပီး ေျပးရေတာ့သည္။
ဒါေတာင္ေနာက္ကႀကိမ္းဝါးသံကေၾကာက္စရာ...
"ခန့္သွ်ားေက်ာ္... ႏွာဘူး... မင္းလွ်ာႀကီးျဖတ္ပစ္မယ္။"
》》》《《》》》》《》《》》
ဒီေန႕ေတာ့ ဇာမဏီ ေမာင္အျမင္မၾကည္ျဖစ္ခဲ့သူကို အိမ္လည္ေခၚဖို႔ဆုံးျဖတ္ထားသည္။
"အ... မႊန္လိုက္တာ"
"မဏီ... ဘာလို႔ဟင္းအိုးၾကည့္ေနတာလဲ။မင္းလည္းမခ်က္ဖူးဘဲ"
ခန့္သွ်ား ဟင္းခ်က္ရင္းက ယူစရာရွိလို႔အျပင္ခဏထြက္ၿပီးျပန္လာေတာ့ ဇာမဏီဟင္းအိုးေမႊေနတာေတြ႕၍ အျမန္သြားရသည္။ေပါက္ကရေလွ်ာက္ထည့္မွျဖင့္ ငတ္ေနမယ္။
"ဒီေန႕ ဧည့္သည္ေခၚထားလို႔ကြ... အဲ့ဒါေၾကာင့္ ဟင္းစုံလား လာၾကည့္တာ"
ခန့္သွ်ား စိတ္တိုင္းမက်ျဖစ္သြားၿပီ။ဘာလဲ။ဘယ္သူမို႔လို႔သူ႕ေယာက်ာ္းက အဲ့ေလာက္ျဖစ္ေနတာလဲ။
"အဲ့ဧည့္သည္က က်ားလား မလား"
"က်ား..."
မိန္းကေလးမဟုတ္လို႔စိတ္သက္သာသြားေပမဲ့လည္း ကိုယ့္ေယာက်ာ္းကိုေတာ့စိတ္မခ်ေသးပါ။ ေယာက်ာ္းေလးဆိုေတာ့ Barမွာေတြ႕တဲ့ဟိုအုပ္စုမ်ားလား။
"ဘယ္သူလဲ။ဘယ္ကလဲ။ မင္းနဲ႕ဘယ္လိုပတ္သက္လဲ။ "
ဇာမဏီ မ်က္ခုံးထူထူႀကီးေတြတန္းသြားၿပီ။ ဘယ့္ႏွယ့္ ဒီလူကအေမးအျမန္းရွယ္ထူရတာလဲ။
"ဘယ္သူျဖစ္ျဖစ္ေပါ့။လွ်ာကိုရွည္တယ္။ ဟင္းပဲျမန္ျမန္ခ်က္ပါ။လာေတာ့သိမွာေပါ့။"
ခန့္သွ်ားထပ္ေမးခ်င္ေပမဲ့ ပဲဟင္းအိုး ေဝေနၿပီမို႔ ခဏေမ့ထားလိုက္ရသည္။
ဘယ္သူျဖစ္ျဖစ္ ငါ့ေယာက်ာ္းလာေၾကာင္ရင္ေတာ့ ငါ့လက္စာမိမွာပဲ။
ဟင္းေတြစုံေတာ့ ဇြန္း ခက္ရင္းျပင္ေနတဲ့ သူ႕အနား ေအပ႐ြန္တစ္ထည္ပတ္ၿပီးႏွမ္းလာျဖဴးတဲ့ ဒယ္ဒယ္ေပါက္စအားအသည္းယား၍ ၾကက္သားဟင္းနံ႕သင္းေနေသာဆီေပေနသည့္ ႏႈတ္ခမ္းဖူးအား ဆြဲစုပ္လိုက္သည္။
"အဲ့ဒါ ဟင္းခိုးစားလို႔ဒဏ္ေပးတာ"
ဒယ္ဒယ္မဏီကေတာ့ ဂ႐ုမစိုက္ပါ။ ထီမထင္သလို က်န္တဲ့ဟင္းေတြပါဆက္ႏွိုက္ျပန္သည္။
ခန့္သွ်ားတို႔ေတာ့ကေလး၃ေယာက္ထိန္းရပါၿပီ။
ေန႕လယ္ေရာက္ေတာ့ တန္ဖိုးႀကီးကားတစ္စီးက ၿခံေရွ႕လာရပ္သည္။ ကားေပၚကလူျမင္တာနဲ႕ ဇာမဏီတို႔ ကစုန္ေပါက္ေျပးတာမ်ား ျမင္းက်လိဳ႕...
ငခန့္တို႔ အူတိုတိုနဲ႕စိတ္အခ်ဥ္ေပါက္ကာ လူမျမင္ရေသးခင္က်ိန္ဆဲလိုက္သည္။
တိုက္ပုံအမည္းနဲ႕ ခပ္ရိုးရိုးပုံပန္းသ႑ာန္ရွိတဲ့လူကိုျမင္ေတာ့ ခန့္သွ်ားေတြးရျပန္သည္။မဏီ့သူငယ္ခ်င္းထဲမွာ အဲ့လို လူမ်ိဳးမေတြ႕ဖူးပါ။
"ဇာမဏီ... မင္းဖိတ္တုန္းကဖိတ္ၿပီးလာက် မႀကိဳဘူး။ငါ့မွာ သူငယ္ခ်င္းအရင္းေခါက္ေခါက္ရွိရက္နဲ႕ ဟိုတယ္မွာသြားတည္းရတယ္။"
"ဒါဆို မင္း ငါ့ခယ္မ ဟိုတယ္မွာတည္းမလား။ အားလုံးနီးပါး Gayေတြခ်ည္းပဲေနာ္။"
ဒါက်ေၾကာက္သည္။အသည္းအသန္ျငင္းရွာသည္။မိဗိုလ္စနက္ေၾကာင့္ သူေတာင္ငခန့္ေအာက္ေရာက္တာမလား။ ထက္ေဝေသာ္ကို စရတာ ေပ်ာ္စရာေကာင္းသည္။
"လာ ငေသာ္... မင္းကို ငါ့သားေတြနဲ႕မိတ္ဆက္ေပးမယ္။ ကေလးေတြ လာၾက"
ပင္ေပါင္နဲ႕ ပင္စိမ္းက ဒယ္ဒယ့္အသံေၾကာင့္ ဘက္တံရိုက္ေနရင္းက ေျပးလာၾကသည္။အေဆာ့သန္တဲ့သားႏွစ္ေယာက္ေၾကာင့္ ၿခံက်ယ္က်ယ္ ဝယ္ထားရတာ မွန္သြားသလိုလို...
"ဒါက ဦးထက္ေဝေသာ္တဲ့ ဒယ္ဒယ့္သူငယ္ခ်င္းပဲ။ တေလာက ျပင္ဦးလြင္မွာကားလာပို႔တဲ့ ဦးေလးေလ မွတ္မိၾကလား။"
"ဟုတ္... သိၿပီ။ဒယ္ဒယ့္ကိုေကာ္ဖီဆိုင္မွာ ခ်ိန္းေတြ႕တဲ့သူပဲ။ ဘာလဲ ဒယ္ဒယ့္ကို လာလုတာလား။ မရဘူးေနာ္။ဒယ္ဒယ္က ေဖ့အပိုင္"
ပင္စိမ္းေကာင္ ဂ်စ္ေပြးက်မႈကိုထက္ေဝေသာ္ကတဟားဟားရယ္ပါသည္။ လူပ်ိဳႀကီးကို ဘာေတြသြားေျပာမွန္းမသိ။ ၾကားက မဏီက မ်က္ႏွာပူရၿပီ။ဒီေခြးေလးေတြ အက်င့္က သူ႕ဖေအနဲ႕တစ္ေထရာတည္း...
ဟိုမွာလည္း ၾကည့္... ႐ုပ္ကမႈန္ကုပ္ကုပ္နဲ႕ ဧည့္သည္ကိုဘုၾကည့္ ၾကည့္ေနတာ မသိရင္ ႏွင္ထုတ္ေနသလို...
"ဦးက မင္းတို႔ဒယ္ဒီရဲ႕ သူငယ္ခ်င္းအရင္းပါကြာ စိတ္ခ် ဒီငွက္စုတ္ကို စိတ္နဲ႕ေတာင္မပစ္မွားဘူး။မင္းတို႔အေဖအေၾကာင္းႀကိဳသိထားလို႔... ငါကမိန္းမ ယူမွာပါေနာ္"
မဏီကေတာ့ ႀကိတ္ရယ္ေနၿပီ။လူပ်ိဳႀကီးအရစ္ခံစမ္း...
"မင္းတို႔အတြက္ လက္ေဆာင္ပါေသးတယ္ကြ ေနဦး"
အဲ့ခါက် မ်က္လုံးအေရာင္ေျပာင္းသြားၾကသည္။ ခန့္သွ်ားမွာ ကေလးေတြကို အယုံသြင္းေနတဲ့ေကာင္အားမၾကည့္ၾကည့္ ႏွင့္သာ...
"မင္းတို႔ကို မျမင္ဖူးေတာ့ ဦးက ကေလးေသးေသးေလး ထင္ၿပီး အ႐ုပ္ေတြပဲဝယ္ခဲ့တာ"
အေဝးထိန္းဟက္စကီးအေသးစားေလးႏွစ္စင္းကိုအိတ္ထဲက ထုတ္ေပးလိုက္ေတာ့ အႁမႊာႏွစ္ေကာင္ကရယ္ရအခက္၊ ငိုရအခက္...
"ငေသာ္ မင္းေမ့တတ္လိုက္တာ ငါေျပာတယ္ေလ။ အႀကီးေကာင္က ေယာက်ာ္းေတာင္ရေတာ့မယ္ဆို"
မဏီကပ္ေျပာေတာ့ ထက္ေဝေသာ္ကလည္းမခံ ၊ ျပန္စြာသည္။
"ဟ... ငါနဲ႕မင္းေတာင္႐ြယ္တူဆိုေတာ့ ငါက မင္းကေလးေတြ ဒီအ႐ြယ္ေရာက္မွန္း ဘယ္ထင္မွာလဲကြ။ ၿပီးေတာ့ ရီလန္းနဲ႕ကိစၥက မင္းစေနာက္တယ္ပဲထင္တာ"
ပင္ေပါင္တို႔မွာလူႀကီးေတြရန္ျဖစ္မွာစိုး၍ဝင္ေျပာရေလသည္။တကယ္ေတာ့ဧည့္သည္အျပစ္မဟုတ္ပါ။ သူတို႔ကလည္းအသက္နဲ႕မလိုက္ေအာင္ထြားႀကိဳင္းၾကတာမဟုတ္လား။
"လက္ေဆာင္အတြက္ေက်းဇူးပါ ဦးဦး... လာ ငေပါင္ ေဘးအိမ္ကဦးေက်ာက္လုံးကို ဟက္စကီးနဲ႕သြားစၾကမယ္။"
"ကေလးေတြ ခဏေန ထမင္းစားမယ္ေနာ္"
ေမာင္ေအာ္တာေတာင္မၾကားၾကပါ။ လက္ေဆာင္လက္ထဲေရာက္တာနဲ႕ဗ႐ုတ္က်ဖိဳ႕သာႀကံေနၾကသည္ေလ။
မဏီ မနိုင္စိန္ေတြကိုၾကည့္ရင္းေဘးကလူအျမင္ကိုေမးလိုက္သည္။
"မင္းငါ့ကေလးေတြကိုဘယ္လိုထင္လဲ ထက္ေဝေသာ္..."
"ခ်စ္စရာသားေလးႏွစ္ေယာက္ရထားတာပဲ ကေလးေတြက မင္းနဲ႕ အက်င့္မတူဘူး"
"ငါေမြးထားတာ ငါနဲ႕တူမွာေပါ့။ လာ မဏီ..."
ခန့္သွ်ားေျပာၿပီးတာနဲ႕ ဇာမဏီ့လက္ကိုဆြဲကာအိမ္ထဲဝင္သြားေတာ့သည္။ဧည့္သည္မွာမ်က္ႏွာငယ္နဲ႕ေနာက္ကေန ကိုယ္ဟာကိုယ္လိုက္လာရေလသည္။
ထမင္းစားေသာက္ေတာ့လည္း ငေသာ့္ပန္းကန္ထဲဟင္းထည့္ေပးလို႔ ေမာင္က သူ႕ပန္းကန္ကိုထိုးေပးသည္။သေဘာက သူ႕ပါထည့္ေပးေပါ့။
"ေမာင္ပဲ ၾကက္အသည္းအျမစ္မႀကိဳက္ဘူးဆို အဲ့ဒါေၾကာင့္ မဏီက ငေသာ့္ေကြၽးတာပါ။ ေမာင္မစားလို႔"
စားလက္စ ထက္ေဝေသာ္မွာနင္သြားရသည္။သူ႕ေယာက်ာ္းမႀကိဳက္လို႔ အက်န္ေကြၽးတာပဲ။ေတာ္ေတာ္ေကာင္းတဲ့ သူငယ္ခ်င္းစုတ္...
"မရဘူး။ အသည္းအျမစ္က ကိုယ္ခ်စ္တဲ့သူမွေကြၽးတာ အဲ့ဟင္းသူမ်ားမေကြၽးနဲ႕။ေမာင့္ပဲေကြၽး။ ေရာ့... ခင္ဗ်ားက ငါးေခါင္းစား အဲ့အသည္းတုံးေတြ ဒီကိုေပး"
ထက္ေဝေသာ္ပန္းကန္ထဲက အသည္းတုံးေတြအလုခံရၿပီး ငါးေခါင္းတုံးႀကီးကိုသာႀကိတ္မွိတ္စားလိုက္ရပါသည္။
"ေမာင္ကကြာ...
ငေသာ္... အားမနာနဲ႕ေနာ္ ႀကိဳက္တာထည့္စား"
"ေတာ္ပါၿပီ။ ေရပဲေသာက္ေတာ့မယ္။ အဟြတ္..."
ခန့္သွ်ားမ်က္ႏွာကေတာ့ လုပ္ခ်င္ရာလုပ္ၿပီးၿပဳံးေနတာျမင္မေကာင္းပါ။
"မဏီ... ေမာင့္ကိုအရိုးထြင္ေပး..."
"လက္မပါဘူးလား။ "
"မဏီေနာ္..."
လူပ်ိဳႀကီးႏွိပ္ကြပ္ခံေနရတာ တကူးတကရန္ကုန္လာၿပီးေတာ့ကိုပါ။
သူ႕နားကကလူက်ီစယ္ေနတဲ့ သက္ႀကီးစုံတြဲက ကေလးေတြေတာင္ ေခါင္းထဲမထည့္ပုံပါ။ သူ႕သားေတြကလည္းအေဖေတြအက်င့္ကိုရိုးေနသလိုပင္။
"ဟာ ဇာမဏီ... စားပြဲေသာက္ပြဲပါလား။ ဘာေတြခ်က္တုန္း"
Eagleနဲ႕ ေတာက္ေတာက္က ကုန္သြယ္ေရးကိစၥနဲ႕ မၾကာခဏလာေနက်မိဳ႕ မဏီက ခုံထပ္ယူေပးလိုက္သည္။
"ေန...ေန... မဏီထိုင္ သူ႕ဟာသူလုပ္လိမ့္မယ္။ဟိုေကာင္ ငေတာက္ လက္ပါရင္ကိုယ့္ဘာသာယူ"
ညီေပးအစ္ကိုယူဆိုေတာ့လည္း ေယာက္ဖလုပ္သူကိုၾကည့္မရေပမဲ့ ခ်စ္သူေလးထိုင္ဖို႔ Eagleႀကီးမွာ ခုံသယ္ေနရသည္။
"Eagleမွတ္မိလား။ ထက္ေဝေသာ္ေလ အထက္တန္းေရွ႕ေန... ငါတို႔ငယ္ငယ္ကျပင္ဦးလြင္မွာေတြ႕ေနက်ေလကြာ။"
လင္းယုန္ႀကီးအေတာ္စဥ္းစားၿပီးမွ ႏႈတ္ဆက္လိုက္ရသည္။
"အာ... ဟိုတေလာက ငါ့အစ္ကိုကို ေခၚသြားတဲ့ေကာင္။ ကဲ ဘယ္လိုလဲ။ ေယာက္ဖ လက္သီးစာမိလိုက္ေသးလား။"
မဏီ အားနာလို႔ လင္းယုန္ေကာင္လက္ကိုရိုက္ခ်ကာသတိေပးလိုက္ေပမဲ့ ေမာင္ကေတာ့ သူ႕ေယာက္ဖ လာလို႔ အားတက္ေနပုံ...
ခဏၾကာေတာ့ အမ်ိဳးသားသုံးေယာက္က အဖြဲ႕က်ကာ စကားေတြ ပလစ္ဆန္ေအာင္ေျပာေနၾကၿပီး ငခန့္တို႔ႏွစ္ေယာက္က ပန္းကန္ေဆးေနရသည္။
"ကိုႀကီး အဲ့လူဘယ္ကလဲ။"
"ျပင္ဦးလြင္ကတဲ့။ ၾကည့္မရပါဘူးကြာ။႐ုပ္ကိုက ေျပာင္စပ္စပ္နဲ႕... တိုက္ပုံအနက္ႀကီးဝတ္ထားေတာ့ ေသမင္းႀကီးက်လိဳ႕..."
"ကိုႀကီးကလဲေလ... ႐ူပါခ်ဴခ်ာလို႔ အစြံမထြက္တဲ့ ငေဂၚႀကီးကို အဲ့ေလာက္မေျပာပါနဲ႕။ ဧည့္သည္ပဲဟာ"
ညီအစ္ကိုႏွစ္ေယာက္ေပါက္ေပါက္ေဖာက္ေနတာကို မဏီတို႔ကေတာ့မသိရွာပါ။
"ဟ ဒါဆို မင္းနဲ႕ငေတာက္က လင္မယားေတြေပါ့။ဒါဆို မင္းတို႔က လင္ညီအစ္ကို ဝမ္းကြဲေတြျဖစ္ေနၾကတာ..."
မဏီကေတာ့ သူတို႔အမ်ိဳးရႈပ္ပုံကိုရိုးဟိုးဟိုးေနၿပီမို႔ ေကာ္ဖီသာဆက္ေသာက္ေနၿပီးဝင္မေျပာေပ။
"ေအးဆို... ငါနဲ႕ ဒီေကာင္ႀကီးေတာင္ အဘိုးေၾကာင့္ေတာ္တာ... မဟုတ္ရင္ သူစိမ္းပဲ။ ဪ... ငေပါင့္ဘဲအေၾကာင္းလည္းမင္းသိၿပီးပလား။ ခ်ဳံးရီလန္းေလ...
လင္းယုန္ကေတာ့ျပန္ေျဖရွာသည္။ထက္ေဝေသာ္ကသူတို႔နဲ႕ ငယ္ငယ္က သိၿပီးမွကြဲကြာသြားၾကတာကိုး...
"မင္းတို႔ဟာကေဆြမ်ိဳးစပ္ရတာအေတာ္ရႈပ္တယ္။ လင္းယုန္နဲ႕ မဏီက ညီအစ္ကိုဝမ္းကြဲ... ခန့္သွ်ားေက်ာ္နဲ႕ေတာက္ေတာက္က ညီအစ္ကိုအရင္း ရီလန္းနဲ႕ပင္ေပါင္က ကေလးထပ္ေမြးရင္ ဇာမဏီ မင္းက တစ္ခါ အဘိုးျဖစ္ဦးမယ္။ လင္းယုန္လည္း ကစားေဖာ္ရဲ႕သားကိုေျမးေခၚရမယ္။ ဗုေဒၶါ... "
"ေအး... မင္းလို လူပ်ိဳႀကီးကေတာ့ အပူကင္းတာေပါ့ကြာ... ဟားဟား"
ညီအစ္ကိုေတြ ဝိုင္းဖဲ့ၾကတာမခံနိုင္ေတာ့၍ ထက္ေဝေသာ္ အျမန္အိမ္ေထာင္ျပဳရန္ဆုံးျဖတ္လိုက္ရေလသည္။
"ငေသာ္ တာ့တာ... မင္းေနာက္ေန႕ အားရင္ထပ္လာဦးေနာ္။ငါ့ေယာက်ာ္းလက္ရာလွ်ာလည္သြားတယ္ဟုတ္"
"ေအးပါ ငါ့မွာ ငါးေခါင္းစားဖို႔ထပ္လာပါ့မယ္။ဟုတ္ၿပီလား။"
သူတို႔ေရာ လင္းယုန္တို႔ပါကိစၥၿပီး၍ျပန္သြားေတာ့ ေမာင္က တစ္စခန္းထလာျပန္သည္။ မဏီ့ကိုဘာမေျပာ ညာမေျပာႏွင့္ အေပၚထပ္သို႔အတင္းဆြဲေခၚသြားသည္။
"မင္းဘာလုပ္တာလဲ။ လႊတ္စမ္း..."
ကေလးေတြ ျမင္ရင္တစ္မ်ိဳးထင္ဦးမယ္။ဒီေကာင္ဘာထျဖစ္တာလဲ။
အခန္းထဲေရာက္ေတာ့ ကုတင္ေပၚတြန္းခ်ၿပီး သူ႕ကို ႀကိတ္မနိုင္ခဲမရသလို ခါးေထာက္ၿပီးရပ္ၾကည့္ေနသည္။
အေတာ္ၾကာမွခန့္သွ်ား ေယာက်ာ္းျဖစ္သူေဘးနားဝင္ထိုင္ၿပီး လူကိုမလုပ္ရက္၍ ေမြ႕ရာကိုသာတဘုန္းဘုန္းထုၿပီးေအာ္ဟစ္ေလသည္။
"အဲ့အေကာင္နဲ႕ ရိုးေရာရိုးရဲ႕လား။ဘာလဲ။ မင္းရဲ႕ ငယ္ခ်စ္ေဟာင္းေတြပဲလား။ ခ်ဳံးရီလန္းမရွိေတာ့ ေနာက္တစ္ေယာက္ေခၚတာေပါ့ ဟုတ္လား။"
ဇာမဏီ ဆက္မၾကားခ်င္ေတာ့၍ထရပ္လိုက္ေတာ့ေနာက္ကေန လက္ကိုဖမ္းဆြဲလာျပန္သည့္လူတစ္ဦး...
သူသည္းမခံနိုင္ေတာ့၍လက္ကိုဆြဲျဖဳတ္ကာ ကုတင္ကိုကန္ပစ္လိုက္ေလသည္။
"ဒီမွာ ခန့္သွ်ားေက်ာ္...
ေယာက်ာ္းႏွစ္ေယာက္က ခင္မင္ရင္းႏွီးတာနဲ႕ အိပ္ရာေပၚေရာက္ၿပီးသားထင္ေနရင္ အဲ့ဒါမင္းစိတ္နဲ႕ငါ့ကိုႏွိုင္းတာပဲ"
သူေျပာလိုက္ၿပီးမွေမာင့္ဘက္ျပန္ၾကည့္ေတာ့ ငိုင္ေနတာေတြ႕ရသည္။
"မင္းမွန္ပါတယ္။ မင္းကို ကိုယ့္စိတ္နဲ႕ႏွိုင္းမိတာမွားတယ္။ဟား... ဒီေကာင္က မင္းကလြဲၿပီး ဘယ္သူ႕မွရင္ထဲမထည့္ဖူးဘူး။ မင္းခုထိမသိေသးတာအံ့ဩတယ္။"
မာနနဲ႕တည္ေဆာက္ထားတဲ့ ေယာက်ာ္းႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးဟာ အေလွ်ာ့အတင္းေတြနဲ႕ပဲနားလည္မႈလြဲရျပန္သည္။
》》》》》》》》》》》》》》
"ဦး... ျပန္လာၿပီလား။ "
"ေအး ေပါင္ေလး... ဦး လမ္းမွာေခြး႐ူးရွိလို႔ရွင္းေနတာနဲ႕ နည္းနည္းၾကာသြားတယ္။ ကေလးေစာင့္ေနတာၾကာၿပီလား။"
သူ႕ပါးကိုနမ္းရင္းဦးက ေႁခြေတာ့ ငေပါင္တို႔ေပ်ာ့ရသည္။သူက ဦးနဲ႕ယွဥ္ရင္ ကေလးမို႔ စီးပြားေရးကိစၥအဝဝက ဦးပဲလုပ္တာမ်ားသည္။သူေတာ့ေက်ာင္းၿပီးမွပဲဦးကို ကူညီဖို႔ေတြးထားသည္။အခုေတာ့ Sugar daddyႀကီးတစ္ေယာက္လုံးရွိေနတာေလ သူက အလုပ္လုပ္စရာလား။လူငယ္ဘဝကို ေသခ်ာျဖတ္သန္းဦးမည္။
"Clubသြားခ်င္လို႔ ဦးလိုက္ပို႔...
ကြၽန္ေတာ္ ကားျပင္ၿပီးေစာင့္ေနမယ္။
ဪ... အိမ္ထဲဝင္ရင္တိုးတိုးတိတ္တိတ္သြား
ေဖ နဲ႕ ဒယ္ အေျခအေနမေကာင္းဘူး။ ကြိုင္တက္ထားသလိုပဲ။"
ရီလန္း စိတ္ပူသြားရသည္။ Pဘာျဖစ္ျပန္ၿပီလဲ။
အတတ္နိုင္ဆုံးေပါင္ေလးသတိမထားမိေအာင္အမူအရာထိန္းကာ အိမ္ထဲဝင္လိုက္သည္။
သူ႕ေျခလွမ္းက ေအာက္ထပ္က သူတို႔အခန္းဆီမေရာက္ဘဲ အေပၚထပ္က မဏီ့ဆီသို႔ေ႐ြ႕သြားတာသူေတာင္မသိလိုက္ေပ။
ေဒါက္ ေဒါက္
ျပန္ေျဖသံမၾကားရ၍ ရီလန္းအထဲဝင္လိုက္ေတာ့အေမွာင္က်ေနသည္မွာတစ္ခန္းလုံး... P တစ္ေယာက္တည္းသာကုတင္ေပၚမွာေတြ႕ရေလသည္။ခန့္သွ်ားေက်ာ္က ဘယ္ထြက္သြားမွန္းမသိပါ။
ရီလန္းအနားတိုးသြားလိုက္ၿပီးစိတ္ပင္ပန္းထားပုံရေသာမ်က္တြင္းေခ်ာင္ေနသည့္မ်က္ႏွာႏုႏုကိုကိုင္လိုက္သည္။
"လြန္ခဲ့တဲ့ႏွစ္၂၀ေက်ာ္ကလိုပဲ။ မင္းဟာ အရိုင္းဆန္စြာ လွတယ္ P..."
ရီလန္းစိတ္ေတြက အတိတ္ေန႕ရက္ဆီျပန္တိမ္းၫြတ္သြားေလသည္။
သူ၁၅ႏွစ္... P အသက္၂၀ေလာက္မွာ ပထမဆုံးဝန္ခံခဲ့ဖူးသည္။ ကာယကံရွင္မသိပါေသာဝန္ခံမႈေသးေသးေလးေပါ့။
အဲ့တုန္းက ေႏြရာသီအားလပ္ရက္အလည္လာတဲ့ရီလန္းဟာ ဇာမဏီတို႔အိမ္မွာတည္းခဲ့တယ္။ ညဘက္ အိပ္ခန္းထဲအဝင္မွာ အခန္းမွားဝင္အိပ္တဲ့ Pကိုျမင္ရတဲ့အခါမွာ သူ႕ခံစားခ်က္ေတြပြင့္ထြက္ကုန္တယ္။တစ္ေယာက္တည္းအိပ္ေမာက်ေနတဲ့ P ကို လူပ်ိဳေပါက္ရင္ခုန္သံအစအနအခ်ိဳ႕ေၾကာင့္ သူေတာင္မသိလိုက္ဘဲ တိုးဖြဖြေျပာခဲ့မိသည္။
"ခ်စ္တယ္။ P...
မင္းကိုေတြ႕ရင္ ငါ့ရင္ဘတ္ႀကီးလႈပ္လာတယ္။
Eagle တို႔နဲ႕ ေတြ႕ရင္အဲ့လိုမျဖစ္ဘူး။ငါမိန္းမေတြကိုႀကိဳက္လို႔မရဘူး။ P... မင္းကပဲငါ့စိတ္ထဲေရာက္ေနတယ္။ ငါ Gayျဖစ္ေနၿပီလားဟင္...မင္းတစ္ေယာက္တည္းအေပၚပဲ ငါ့စိတ္ႀကီးက အဲ့လိုျဖစ္ေနတာ ခံရခက္တယ္ကြာ
I have crush on you. Little P..."
ထိုစဥ္က Pလက္ကိုကိုင္ကာ အိပ္ေပ်ာ္ေနသူမသိစဥ္တိတ္တခိုး ဖြင့္ဟမိသည္။ဆယ္ေက်ာ္သက္အေတြးတစ္စတို႔ႏွင့္ မိုက္႐ူးရဲဆန္ဆန္ဝန္ခံခဲ့ေပမဲ့ သတၱိမရွိတာမို႔ ထိုသူမသိစဥ္မွာပဲဝန္ခံရဲေလသည္။
သူမသိလိုက္တာက အိပ္ေပ်ာ္ေနတဲ့သူရဲ႕မ်က္ခြံေလးေတြလႈပ္ေနတာပါပဲ။
"ရီလန္း... မင္းလား"
ရီလန္း အတိတ္ထဲနစ္ေနရာမွသတိျပန္ဝင္လာသည္။ ဘယ္လိုေၾကာင့္ အေတြးေခ်ာ္ျပန္ရတာလဲ။ က်စ္... ကေလးကိုအားနာစရာ...
မဏီ ဖယ္ခြာသြားေသာလက္ဖဝါးတစ္စုံကိုျပန္ဆုပ္ကိုင္လိုက္သည္။
"ခဏေလးပါ။ မင္းမသိတဲ့အရာေတြ ေျပာျပခ်င္ေသးလို႔..."
ရီလန္း နားမလည္သလို ျပန္ၾကည့္ေတာ့ Pက ၿပဳံးကာ မီးအုပ္ေဆာင္းေလးဖြင့္လိုက္သည္။
"လြန္ခဲ့တဲ့ ႏွစ္၂၀ေက်ာ္က ငါေလ့က်င့္ေရးကြင္းကအျပန္ ေမာၿပီးအိပ္ေပ်ာ္သြားတယ္။ အဘိုးမသိေအာင္ မင္းအခန္းထဲမွာ လာပုန္းခဲ့တယ္။ နားပါးတဲ့ ငါက ရန္သူေတြအလစ္မခံရေအာင္ေလ့က်င့္ထားလို႔ အခန္းထဲဝင္လာတည္းကမင္းမွန္းသိခဲ့တယ္။"
ရီလန္းထြက္သြားခ်င္ေနၿပီ။သူၾကာရင္ ေမွာက္မွားမိလိမ့္မယ္။
" မင္းသိပ္တုံးတယ္ရီလန္း
အဲ့ေန႕က ငါတကယ္အိပ္မေပ်ာ္ခဲ့ဘူး အိပ္ခ်င္ေယာင္ေဆာင္ခဲ့တာ..."
ဒါဆို သူေျပာတာ ၾကားတယ္ေပါ့။
ဘာလို႔မ်ားမသိခ်င္ေယာင္ေဆာင္ခဲ့သလဲ။
"ငါ့ထက္ ငယ္တဲ့ေကာင္ေလး...
ကစားေဖာ္ ကစားဖက္ဂ်ေလဘီေလး...
အဲ့လိုေကာင္ေလးက ငါ့ကို ခ်စ္တယ္တဲ့ေလ
ငါၾကားၾကားခ်င္း ဘာလုပ္မိလဲသိလား။"
ရီလန္းအသက္ရႉေအာင့္လိုက္မိသလိုပင္...
"ဘာမွမလုပ္ခဲ့ဘူး။
သူ႕ကိုမျငင္းခဲ့သလို ငါနိုးေနေၾကာင္းလည္းမျပခဲ့ဘူး။"
အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့က်ားကိုမွႏႈတ္ခမ္းေမြးလာႏႈတ္တဲ့ေကာင္ေလးဟာ က်ားတကယ္အိပ္မအိပ္ေတာ့မသိသြားေပ။
"ငါ့စိတ္ထဲမွာရွိေနတာကငါကဒီလိုအခ်စ္ခံရပါလားဆိုၿပီး ပထမဆုံးအႀကိမ္ အားမငယ္မိတာပဲ။ မင္းေၾကာင့္ အခ်စ္ခံရဖူးတာ ဘယ္လိုလဲဆိုတာ ပထမဆုံးသိခဲ့တယ္။ေက်းဇူးတင္ပါတယ္။ ရီလန္း... ၿပီးေတာ့... သားေပါင္ကို ထပ္ခ်စ္ေပးပါ။ငါေတာင္းဆိုပါတယ္။"
"ဘာလို႔... ဘာလို႔မ်ားထိမ္ခ်န္ထားတာလဲ။ဘာလို႔အခုမွ ဖြင့္ေျပာရတာလဲ။ ငါတစ္သက္လုံးမသိလည္းရတယ္ေလ... P ...
တကယ္လို႔ ငါသာ ႀကိဳသိရင္ မင္းနဲ႕ငါ အဲ့ထက္ေစာၿပီး..."
"ဘာလို႔ခုမွေျပာရလဲဆိုေတာ့မင္းနဲ႕ပတ္သက္ၿပီးငါ့မွတ္ဥာဏ္ေတြေပ်ာက္သြားခဲ့ရင္ မသိလိုက္မွာစိုးရိမ္လို႔ပဲ။လူမသိသူမသိဇာတ္ျမႇုပ္လိုက္ရမွာႏွေျမာတယ္ေလ။ ဒီလူ႕ေခါင္းက ၾကာၾကာမသိမ္းဆည္းနိုင္ခဲ့ရင္ အဲ့အမွတ္တရေတြဟာေရစုန္ေမ်ာေတာ့မွာ။ ၿပီးေတာ့အဲ့အခိုက္အတန့္ေလးကမင္းအတြက္တန္ဖိုးရွိမယ္ထင္လို႔ ငါက အသိေပးလိုက္တာပါ။ငါထိမ္ခ်န္ထားတာက မင္းကို မင္းနဲ႕ထပ္တူ သေဘာမထားေပးနိုင္လို႔ပဲ ရီလန္း... ႀကိဳသိလည္းမင္းအတြက္မထူးဘူး။"
"မင္းသိပ္ဟန္ေဆာင္ေကာင္းတယ္"
ရီလန္းနာနာက်င္က်င္နဲ႕အျပစ္တင္မိသည္။
"Are you mad on me?"(မင္းငါ့ကိုစိတ္ဆိုးသလား)
"No... Not at all. I'll always be with you as friends." (မဆိုးဘူး။မင္းကိုဘာလို႔ဆိုးရမွာလဲ။ငါတို႔အၿမဲ သူငယ္ခ်င္းအျဖစ္အတူရွိသြားၾကရေအာင္)
ရီလန္း မေနနိုင္ေတာ့ဘဲ မ်က္ဝန္းအိမ္က စိုစြတ္လာမႈကိုဖယ္ထုတ္ကာ သိုင္းဖက္ဖို႔ျပင္ေတာ့ တြန္းထုတ္ျခင္းႏွင့္ လက္တစ္စုံသာေတြ႕လိုက္ရသည္။
"သူငယ္ခ်င္းလိုပဲေနၾကမယ္ေလ ရီလန္း
ငါတို႔လက္ဆြဲႏႈတ္ဆက္ရေအာင္..."
အသစ္ျပန္လည္ေမြးဖြားလာတဲ့ Friendshipတစ္ခုကိုလက္ဆြဲႏႈတ္ဆက္ရင္းပဲသူတို႔ႀကိဳဆိုလိုက္ပါသည္။ အနည္းဆုံးေတာ့ စည္းတစ္ဖက္တစ္ခ်က္မွာ ရပ္ေနခဲ့ၾကေပမဲ့ျမင္ေနရေသးတယ္ေလ...
စိတ္ညစ္ညစ္နဲ႕အျပင္ကျပန္လာတဲ့ ခန့္သွ်ားမွာ ခ်ဳံးရီလန္း သူ႕အခန္းထဲကထြက္လာတာကိုျမင္လိုက္ရတာဟာ သူ႕ေခါင္းဆင္နင္းသလိုပါပဲ။
"မင္း... ဘာလို႔ငိုလာတာလဲ။ ေဟ့ေကာင္ ေျဖေလ မင္း..."
ခန့္သွ်ား ခ်ဳံးရီလန္း ေကာ္လံစကိုဆြဲကိုင္ဖမ္းခ်ဳပ္ၿပီးေမးေပမဲ့ သူ႕ကို ဂ႐ုမထားဘဲ ႐ုန္းထြက္သြားေလသည္။
"မဏီ... မင္းအခုတေလာ ဘာေတြေျပာင္းလဲေနတာလဲ။"
သို႔ေသာ္ ခန့္သွ်ားထင္သလိုမဟုတ္ခဲ့ပါ။
အခန္းဟာသန့္ရွင္းသပ္ရပ္ေနသလို ဇာမဏီဟာလည္း ေအးေအးလူလူစီးကရက္ရွိုက္ဖြာေနသည္။
ေလသာျပတင္းနားမွာ ထိုင္ရင္းစိတ္ညစ္ၫူးမႈေတြကို ေဆးလိပ္ေငြ႕နဲ႕လြင့္ပါသြားသေယာင္ထင္ရေအာင္မႈတ္ထုတ္ေနတဲ့ သူ႕အမ်ိဳးသားဟာ ေတာ္တန္႐ုံ မေက်နပ္မႈေတြကို ႐ုပ္ရည္နဲ႕ေခ်ဖ်က္ေစသည္။
သို႔ေသာ္ ဆူစရာကရွိျပန္တာပဲျဖစ္သည္။
"မင္း အဲ့ေဆးလိပ္ေတြျပန္ေသာက္ျပန္ၿပီလား။ ဇာမဏီ!!!"
ဇာမဏီ့ရပ္ဝန္းေလး ဖုန္ထသြားၿပီ။
လင္ေတာ္ေမာင္အသံၾကားမွ ေဆးလိပ္ကိုင္ရင္း မ်က္လုံးကက်ီးကန္းေတာင္းေမွာက္နဲ႕လြတ္ရာလမ္းရွာသည္။
"ေမာင္... ဟို ငါ ငါေလ..."
သူကတိေပးထားတာေမ့သြားျပန္တာလား။
ဒီကေလးအေဖဟာ သူ႕အလစ္မွာ ကတိေတြအႀကိမ္ႀကိမ္မ်ားခ်ိဳးေဖာက္ေနသလား။
"သားေတြေမြးေတာ့ မင္းဘာေျပာခဲ့လဲ။"
ဇာမဏီ ကိုယ့္အမွားနဲ႕ကိုယ္မို႔ ေခါင္းေလးငုံ႕ေနသည္။မေျပလည္ပါဘူးဆိုမွ...
"ေဆးလိပ္ျဖတ္မယ္ေျပာခဲ့ပါတယ္။"
"ေအး... မင္းသိရင္ ၿပီးေရာ"
ဘာအျပစ္ေတြမ်ားလာမလဲ ရင္တမမနဲ႕ေစာင့္ေနမိသည္။
မဏီ မထင္ထားတာကေမာင္က ဘူးထဲကႏွစ္လိပ္ထုတ္လိုက္ၿပီး မဏီ့လက္က ေဆးလိပ္မီးနဲ႕လာညွိကာၿပိဳင္ေသာက္လိုက္တာပါပဲ။
"မင္းကိုယ္မင္းထိခိုက္မွာကိုမင္းလုပ္တယ္ေနာ္ ေအး ရတယ္ ေသာက္...
မင္းတစ္လိပ္ေသာက္ရင္ ေမာင္ႏွစ္လိပ္ေသာက္မယ္ မင္းတစ္ေယာက္တည္းေတာ့ အထိခိုက္မခံနိုင္ဘူး ေမာင္ပါ မွ်ေဝခံစားမယ္။ မင္းႀကိဳက္ရာဆက္လုပ္မယ္ဆို ဒီေကာင္လည္းလိုက္လုပ္မယ္ဆိုတာ ၿမဲၿမဲမွတ္ထား..."
ဇာမဏီ နားညည္းလာလို႔ ေဆးလိပ္ေတြဖယ္ၿပီးအဲ့ဆူပူတဲ့ပါးစပ္ကိုနမ္းပစ္လိုက္သည္။မိန္းေမာသြားေအာင္အေတာ္ၾကာႏႈတ္ခမ္းေတြကိုအလုပ္ေပးၿပီးမွဆက္သည္။
မထင္မွတ္ထားေသာအရာမို႔ခန့္သွ်ားေက်ာ္မွာမ်က္လုံးတျပဴးျပဴး...
ဆံႏြယ္ရွည္ေတြပခုံးကျဖာက်လိဳ႕ လေရာင္ေအာက္က ဇာမဏီငွက္ဟာအေသြးအသားအသစ္လဲသလို တစ္မ်ိဳးဆန္းစြာ ဆြဲေဆာင္ေနသည္။အနမ္းခ်င္းဖလွယ္ရင္း ကိုယ့္အမ်ိဳးသားအလွကိုလည္းဂုဏ္ယူရေသးသည္။
ၾကားသားမိုးႀကိဳး စြာေတးကသူ႕ကိုစနမ္းေနပါလား။ ငါထီေပါက္ေတာ့မလား။
"နားကိုညည္းတယ္ လူကိုအားေနဆူဖို႔ပဲတတ္တယ္။"
ႏႈတ္ခမ္းေလးစူတူတူနဲ႕ ရန္ေထာင္လာေတာ့ သူကလည္းမေခပါ။
"ေဟာဗ်ာ ဒီနည္းနဲ႕ ႏႈတ္ပိတ္တာေပါ့
ဒါဆို ႀကိဳက္သေလာက္သာပိတ္ အင့္ အင့္ ေမာင္ကရက္ေရာတယ္
ဝက္ႀကီးက်လိဳ႕ ႏႈတ္ခမ္းႀကီးေထာ္ေထာ္ေပးတာမ်ား... ခ်စ္ေတာ့လည္း မၿငိဳျငင္နိုင္ပါဘူးေလ။ သူ႕စိတ္ႀကိဳက္ ႏႈတ္ပိတ္ေပးရတာပဲ... ႏႈတ္ခမ္းနဲ႕ေပါ့...
ခန့္သွ်ားရယ္ရင္းမဏီ့မ်က္ႏွာေလးေငးမိေတာ့ မ်က္ခမ္းစပ္ေတြနီေနတာေတြ႕ရတယ္။ ငိုမ်ားထားသလားပဲ။ ခ်က္ခ်င္းပင္ ခန့္သွ်ားလက္ကမေနနိုင္ပါ။
"အဲ့ဒါ ဘာလုပ္တာလဲ အခုခ်က္ခ်င္းဖယ္စမ္း"
ဇာမဏီ အလိုမက်သလို စူပုတ္ပုတ္ျဖင့္ေျပာလိုက္သည္။
"Sorryကြာ အစကေတာ့မ်က္ႏွာကိုစမ္းမလို႔ပါ သူ႕ဟာသူလက္ကေအာက္ေရာက္သြားတာေတာ့မတတ္နိုင္..."
ဇာမဏီ အ႐ူးေကာင္ရဲ႕လက္ေတြကို သူ႕တင္ပါးေပၚကအတင္းပုတ္ခ်ၿပီးဖယ္ထုတ္ရတယ္။
"မင္းကလည္း လင္မယားခ်င္းကပ္ေစးနည္းလိုက္တာ ဒါေလးကိုင္တာ ဘာျဖစ္တာမွတ္လို႔"
"ေစာက္႐ူးေကာင္ "
"ဟက္...ဟက္...
ကိုယ္တို႔ေျပလည္သြားၿပီေနာ္..."
"အင္း..."
ေျပလည္ခါစမို႔ ႏွစ္ကိုယ္တူ ခရီးစဥ္ေလး မဆက္မီ ငိုထားတာေလး အရင္ေမးရသည္။
"ခုနက အခန္းထဲ ဘယ္သူလာေသးလဲ။"
"ဟင္... ဘယ္သူလာလို႔လဲ။"
ခန့္သွ်ားျပန္စိတ္တိုခ်င္လာၿပီ။ သူ႕ကိုငတုံးလို႔မ်ားမွတ္ေနသလား။
"ဇာမဏီ... မင္းရိုးေရာရိုးရဲ႕လား။ ငါ ဒီအတိုင္းဆို ခ်ဳံးရီလန္းကို အိမ္ေပၚကႏွင္ခ်ရေတာ့မယ္။"
ဇာမဏီ့မ်က္ႏွာက ေတြေဝသြားသည္။
"ခ်ဳံးရီလန္းကဘယ္သူလဲ ေမာင္..."
"ဘာ!!!"
ခန့္သွ်ားေက်ာ္၏အာ႐ုံေတြလြင့္ျပယ္သြားရေလသည္။
မဏီ့ပုံေလးကစေနဟန္မတူပါ။တကယ္မသိသလိုပုံႏွင့္အတည္ႀကီးေမးေနတာျဖစ္သည္။
"ကိုယ္ ကိုယ္တို႔လက္ထပ္တာဘယ္မွာလဲ မင္းသိေသးလား"
"မဟုတ္ပါေစနဲ႕။မျဖစ္ပါနဲ႕ဦး" လို႔ အႀကိမ္ႀကိမ္စိတ္ထဲကေရ႐ြတ္ေနမိသည္။
မဏီ ကသူ႕အေမးကိုမ်က္ေမွာင္ၾကဳတ္စဥ္းစားေနသည္။
"ဒီမွာပဲမဟုတ္ဘူးလား။ ေမာင္
တျခား ဘယ္မွာျဖစ္နိုင္ေသးလို႔လဲ။"
ခန့္သွ်ားရင္ထဲတင္းၾကပ္သြားရသည္။
သူ႕မဏီဟာ ဘာအျပစ္ေတြမ်ားက်ဴးလြန္မိခဲ့လို႔လဲ။
ေဆး႐ုံသို႔ရက္ခ်ိန္းျပန္ျပဖို႔သင့္ၿပီထင္၏။ ဇာမဏီ့၏ မွတ္ဥာဏ္ထိခိုက္မႈသည္ ပိုမိုဆိုး႐ြားလာေလသည္။
ခ်ဳံးရီလန္းကံေကာင္းသြားရွာသည္။ သူ႕အတြက္ လက္မတင္ကေလး ဝိုးတဝါးမွတ္ဥာဏ္ကို မဏီက ထိမ္ခ်န္ေပးသြားခဲ့သည္မဟုတ္ေလာ။
တစ္ခါ တစ္ရံ ဖြင့္ဟဝန္ခံျခင္းေတြသည္ ေနာက္က်ျခင္းမမည္၏၊မည္၏ ေပၚမူတည္၍ေနာင္တႏွင့္သက္ဆိုင္သည္။
အခ်ိဳ႕ေသာ ကာလ ယႏၲရားေတြဟာလည္ပတ္ေနေပမဲ့လည္း လူေတြကအမွီမလိုက္နိုင္ခဲ့ေပ။
လက္လႊတ္သင့္တာကို လက္လႊတ္ဖို႔သာဆုံးျဖတ္ရမည္ျဖစ္၏။
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
A/N
Hello Everyone!
ကိုယ္ေပ်ာက္ေနတာၾကာခဲ့ၿပီေနာ္။ အခုလာတာက က်န္ေသးတဲ့ Extraႏွစ္ပိုင္းကိုတင္ေပးခ်င္လို႔ပါ။ေနာက္တစ္ပိုင္းကေတာ့ ဘယ္ေတာ့လဲ ဆိုတာ ကိုယ္လည္းမသိပါဘူး။အတတ္နိုင္ဆုံးမင္းတို႔ဆီျမန္ျမန္ျပန္လာပါ့မယ္။ ေတာင္းဆိုသူရွိလို႔ ေမာင္နဲ႕မဏီဆီျပန္အလည္လာေပမဲ့ ေရွးမူးမပ်က္ Drama ေလးအဆစ္ထည့္ေပးရမွအိပ္ေပ်ာ္စားဝင္တာမို႔ပါ။အားလုံးပဲ Really Finale Extraကိုေစာင့္ေမွ်ာ္ေပးၾကပါေနာ္။ ေမာင္တို႔ႏွစ္ေယာက္ရဲ႕ အဆုံးသတ္ေလးက ဘယ္လိုမ်ားျဖစ္မလဲ။❤
အတတ္နိုင္ဆုံး ကိုယ့္ကိုယ္ကိုယ္လုံၿခဳံေအာင္ေနၾကပါ။တရားကိုနတ္ေစာင့္ပါတယ္။က်န္းမာေအာင္ေနၾကပါေနာ္။ေရာင္နီလာမဲ့ေန႕ကို ႀကိဳၾကရေအာင္ပါ။