๐— ๐˜† ๐—ฃ๐—ฒ๐—ฟ๐—ณ๐—ฒ๐—ฐ๐˜ ๐—”๐—น๐—ฝ๐—ต๏ฟฝ...
By Iris-Hobaring
71.7K 5.4K 1.2K
๐‘ป๐’๐’‘ โžช ๐‘ป๐’‚๐’†๐’‰๐’š๐’–๐’๐’ˆ ๐‘ฉ๐’๐’•๐’•๐’๐’Ž โžช ๐‘ฑ๐’–๐’๐’ˆ๐’Œ๐’๐’๐’Œ ๐‘จ๐’๐’‘๐’‰๐’‚ & ๐‘ถ๐’Ž๐’†๐’ˆ๐’‚ ๐’•๐’š๐’‘๐’† More
ยซ 1 ยป
ยซ 2 ยป
ยซ 3 ยป
ยซ 4 ยป
ยซ 5 ยป
ยซ 7 ยป
ยซ 8 ยป
ยซ 9 ยป
ยซ 10 ยป
ยซ 11 ยป
ยซ 12 ยป
ยซ 13 ยป
ยซ 14 ยป
ยซ 15 ยป
ยซ 16 ยป
ยซ 17 ยป [ ๐—™๐—œ๐—ก๐—”๐—Ÿ]
EXTRA 1
EXTRA 2
ยซ 6 ยป
3.2K 330 41
By Iris-Hobaring
Unicode
အိပ်ယာနိုးတာနဲ့လ‌ှုပ်မရဖြစ်နေတဲ့ကိုယ်လေး
ကိုရုန်းလိုက်တော့ ခါးပေါ်ကဖက်ထားတဲ့လက်တွေကို
ဖြေလျော့ပေးပေမယ့်မလွှတ်ဘဲပြန်ဖက်ထားသည်။
အင်း အိမ်ထောင်သက် 45ရက်ကြာမှာတဖြေးဖြေးအဆင့်တက်လာတဲ့Skin shipလေးပေါ့ ဟိဟိ
တစ်ယောက်တည်းကျေးနပ်လို့
သူလည်းဘေးစောင်းအိပ်ရာကနေပလက်အနေထား
ပြောင်းပြီးသူ့ခါးပေါ်ကKimလက်မောင်းတွေ
ကိုပြန်ဖက်တွယ်ထားလိုက်သည်။သူခေါင်းဦး
ပေါ်ကျူးကျော်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေသောKimဆံပင်လေးတွေကိုလက်ပြန်
လေးနောက်ကနေထိုးဖွနေမိသည်။ဒါသူဖြတ်
သန်းချင်ခဲ့သောမနက်ခင်းလေးတစ်ခု
နာရီကြည့်တော့8နာရီ အင်းးးသူလည်းခွင့်ရတုန်း
လေးတစ်ခါတလေအိပ်မှာပေါ့ သူ့ခါးကိုတိုးဖက်ကာ
သူ့ပါးပြင်နဲ့ထိကပ်နေသောနှာတံချွန်ချွန်လေးနဲ့ပါ
ပွတ်နေတော့ သဘောတကျရယ်မိသည်။ ခြေထောက်
တွေကလည်းသူ့ကိုခွထားတော့ သူဖက်လုံးကျနေရော
နှစ်ခြိုက်စွာအိပ်ပျော်နေသော Kimကိုကြည့်ကာ
မနှိုးရက်တော့
Kimနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်တော့
သူလှုပ်လှုပ်ရွရွဖြစ်နေလို့ထင်တယ် မျက်မှောင်ကြီး
ကြုံ့သွားတတ်သည်။ အနီးကပ်မြင်နေရသော
မျက်နှာအစိတ်အပိုင်းလေးတွေကမြတ်နိုးဖွယ်အတိ
လွန်ခဲ့သော6လထဲကစွဲလမ်းခဲ့ရသောဤလူသား
ဟာအခုတော့ ကိုယ့်အပိုင်ဖြစ်လာပြီပေါ့လေ။
လွန့်ခဲ့သော 6လ ခန့်က...
နာမည်ကြီးဒိတ်ဒိတ်ကျဲ ဟန်ဆောင်းလုပ်ငန်းစု
ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ V ဆိုတဲ့ဟိုတယ်မှာသူ့ဒီဇိုင်း
တွေကိုသဘောကျလို့ အသစ်တိုးချဲ့မယ့်အိမ်ရာ
အသစ်မှာ သူတို့နဲ့လက်တွဲဖို့ သူတို့အေဂျင်စီကကို
ကမ်လှမ်းလာခဲ့ရာကနေKimနဲ့ဆုံဖို့အကြောင်းဖန်
လာခဲ့တယ်။
သူတို့အေဂျင်စီကနာမည်အတင့်အသင့်ရနေတာ
မှန်ပေမယ့်ဒီလို့ဒိတ်ဒိတ်ကျဲလုပ်ငန်းစုကြီးကသူတို့
ဘက်ကိုကမ်းလှမ်းတော့ တစ်ကယ်ကိုပျော်သွားခဲ့သည်
သူ့ရဲ့အိမ်မက်ကလည်း ဒီလိုနာမည်ကြီးလုပ်ငန်းစု
တွေကြား အကောင်းဆုံးအရည့်အချင်းတွေချပြရင်း
အေဂျင်စီလေးကိုတိုးတက်အောင်လုပ်ဖို့လေ။
ထို့သို့ကမ်းလှမ်းခံရတော့ သူက‌လက်တွဲလုပ်ကိုင်
ဖို့သဘောတူကြောင်းဟန်‌ေဆာင်းလုပ်ငန်းစု
ဉက္ကဌကြီးစီလူတွေ့ဆွေးနွေဖို့သွားတဲ့အချိန်Kim
နဲ့ဆုံခဲ့တာ...
ဉက္ကဌကြီရုံးခန်းထဲ ဆူပူသောင်းကျန်းသံနဲ့အတူ
ခေါင်းလေးငုံကာရင်ငုံနှုတ်ပိတ်နေနေတဲ့ Kim...
ထွက်လာတော့ သူ့ကိုတစ်ချက်ကြည့်သွားတဲ့
မျက်ဝန်းတွေ တစ်ခါလေးဘဲဆုံတာနဲ့ရင်တွေခုန်
နေခဲ့တာ...
ရုံးခန်းထဲကနေမျက်နှာပျက်စွာ
ထွက်လာတဲ့Kimကိုကြည့်ရင်း
အဲ့အချိန်ကဘာ‌တွေဖြစ်သွားတယ်မသိ...
သူစိတ်မကောင်းဖြစ်မိနေတယ်
ဉက္ကဌကြီးနဲ့ဆွေးနွေးပြီးပြန်ထွက်လာတော့
ရုံးချုပ်ရှေ့နားပလက်ဖောင်းပေါ်က အများပြည်သူ
အတွက်ထားထားသော်ခုံတန်းရှည်လေးမှာထိုင်နေတော့
သူလည်းစိတ်သွားရာကိုယ်ပါ Kimဘေးနား
ဝင်ထိုင်လိုက်ပြီး အလာတုန်းကပါလာတဲ့အအေးဘူး
လေးထုတ်ပေးလိုက်သည်။ နေအရမ်းမပူပေမယ့်
နေရှိန်နေတဲ့မနက်ခင်းမှာမို့ ချွေးတွေတွက်နေတာမြင်
လို့ထုတ်ပေးမိတော့ Kimကသူ့ကိုမော့ကြည့်လာသည်။
"လန်းသွားအောင်ပေးတာ ယူလေ"
"ကျေးဇူးတင်ပါတယ်"
ထိုမျှသာပြောပြီးမအေးဘူးကိုဖွင့်သောက်နေတော့
သူလည်း busအလာကိုအတူထိုင်စောင့်နေသည်။
"ဘာ! အခုဝပ်လျော့မှာပေါ့ ကားကဘယ်ချိန်မှ
ရောက်ပြီးငါကဘယ်အချိန် ဟိုတယ်ကိုပြန်သွားရမှာလဲ"
အအေးဘူးကိုတစ်ဖက်ကိုင်ပြီးတစ်ဖက်ကဖုန်း
ပြောနေတဲ့သူကအတော်ဒေါသထွက်နေပုံ
ကားကဘာဖြသ်တယ်မသိတစ်ဖက်ကလူကို
ဒေါသတကြီးပြော‌ဆိုနေတော့သူလည်း စပ်စု
ချင်တာတွေက်ြအောင့်အီးပြီးငြိမ်ကုတ်နေရသည်။
"ကျစ်! ဘယ်အလုပ်ဖြစ်ဖြစ်မျက်နှာလွှဲရတယ်
မရှိဘူးဒါဘဲ"
ပြောပြောဆိုဆိုနဲ့ဖုန်းချလိုက်ပြီးကားအလာကို
ထိုင်စောင့်နေမိ‌သည်။
"အစ်ကိုက ဘယ်ကိုသွားမှာလဲ"
အရဲ့စွန့်ကာမေးလိုက်တော့
"Vဟိုတယ်ကို"
"ကျွန်တော်လည်းအဲ့ကိုဘဲ အဆင်ပြေရင်
အတူသွားကြမယ်လားဟင် အစ်ကိုယ့်ကားက
ကြာမှာမလား"
ပြောရင်ဆိုရင်းလာနေတဲ့တက္ကဆီတစ်စီးကို
Jungkookထပြီးငှားလိုက်လိုက်သည်။
"လာလေ...မလိုက်ဖူးလား...တက္ကစီခပေးရမှာစိုးလို့
ဆိုမပူပါနဲ့...ကျွန်တော်လူတစ်ယောက်စာလောက်
တော့တတ်နိုင်ပါတယ်"
သူပြန်ခေါ်တော့ အားနာနေတဲ့မျက်နှာလေးနဲ့
လိုက်လာသည်။ ပိုက်ဆံရှင်းရမှာမို့လို့လား
အားမနာနဲ့သူရှင်းမှာပါလို့အာချောင်လိုက်သေး
ဟိုတယ်ရောက်မှကားခကို black card
ကြီးနဲ့မို့ သူဘဲရှင်းလိုက်ရတာရယ်Kimဟာဒီဟိုတယ်ရဲ့
CEOဆိုတော့ မှအာချောင်မိတာကိုပြန်တွေး
ရင်နည်းနည်းတောင်ရှက်လာသည်။
အလွဲလေးတွေနဲ့စခဲ့တဲ့ သူတို့ဆက်ဆံရေးက
လုပ်ဖော်ကိုင်ဖက်အဆင့်ကနေသူ့ဘက်က
စ၍ပိုလာခဲ့သည်။ အချိန်ကြာလာတော့တစ်ရင်း
တစ်နှီး ဖြစ်စေချင်လို့ အခေါ်အဝေါ်ကအစ
ပြောင်းလဲခဲ့တာ..."ငယ်"ဆိုပြီးခေါ်လိုက်တိုင်း
နေသားမကျတဲ့ရင်ဘတ်ကြီးကအခုထိ ကြားလိုက်
တိုင်းဂနာကိုမငြိမ်တာ
ကြားဖူးနေကြသီချင်းတစ်ပုဒ်လို
အနမ်းတစ်ပွင့်နဲ့ Kimကိုချစ်မိသွားတာမဟုတ်
အကြည့်တစ်ချက်ကဘဲ Kimကိုချစ်မိဖို့
ကျွန်တော့်ကိုဆွဲဆောင်သွားခဲ့တာ...
ငေးကြည့်နေတဲ့မျက်နှာလေးကိုထိကိုင်ရင်း
ခပ်ကြီးကြီး Kimရဲ့နှုတ်ခမ်းပါးကိုထိကပ်ပစ်
လိုက်သည်။
သူ့ဘာသူလုပ်ချင်ရာလုပ်မိပြီးမှ မျက်နှာကြီး
ပူထူလာကာ Kimအနားမနေရဲတော့
သူ့ကိုဖက်ထားတဲ့Kimလက်တွေကိုဖယ်ချကာ
ရေချိုးခန်းထဲပြေးဝင်ခဲ့သည်။
"အာ...ရှက်စရာကြီး"
ရေချိုးခန်းကမှန်ရှေ့မှာတစ်ယောက်တည်း
ရှက်ကိုးရှက်ကန်းတွေဖြစ်ကာသွားတိုက်မျက်နှာသစ်
လုပ်နေတာတော်တော်နဲ့မပြီးတော့ပါ။
တဂွမ်ဂွမ်မြည်နေသောဖုန်းသံကြောင့်ဆက်အိပ်မရတော့
တာကြောင့်ကိုင်လိုက်သည်။
"ဟယ်လို..."
"မနေ့ညက ဟန်းနီးမွန်းကိစ္စတိုင်ပင်ပြီးပြီလား"
အိပ်ချင်မူးတူးနဲ့ မျက်လုံးတောင်မဖွင့်နိုင်သေးဘဲ
ပြန်ဖြေတော့တစ်ဖက်ကကြားတဲ့မာမီ့အသံကြောင့်
ခေါင်းနပန်းကြီးသွားတယ် အိပ်ချင်တဲ့စိတ်ကလည်း
ကြက်ပျောက်ငှက်ပျောက် ဖုန်းဆက်ပြောဖို့ တွက်
အိပ်ခင်နေတဲ့လေးသံနဲ့ဆိုအဆင်မပြေ လက်တစ်ဖက်
နဲ့ဖုန်းကို ပိတ်ရင်းချောင်းဟန့်ကာ‌လေသံကိုပြင်လိုက်
သည်။
"ဒီမနက်မှပြောရမှာ ...အခုသူအိပ်နေတုန်း
ညကလည်းပင်ပန်းလို့အစောကြီးအိပ်သွားတာ
မပြောဖြစ်လိုက်ရဘူး"
အိပ်နေတုန်းပြောပြီးကုတက်ကိုလှည့်ကြည့်တော့
သူ့ဘေးက အိပ်ယာကဟာလာဟင်းလင်း
"ကောင်းပြီ ပြောဖြစ်အောင်တော့ပြောပါ
မာမီကဟိုမှာသားတို့တွက် ခြံလေးတစ်ခြံ
လက်ဖွဲ့ထားတာ သွားကြည့်စေချင်လို့"
"ဟုတ်ကဲ့"
တစ်ဖက်ကဖုန်းချသွားမှသက်ပြင်းချကာ
ခေါင်းကုတ်လိုက်သည်။ တစ်ကယ်
အသိကအောက်ဖြစ်အောင်သိပ်လုပ်တာဘဲ
ပြန်အိပ်မယ်ကြံကာမှ
"နိုးပြီလားKim..."
ရေချိုးခန်းထဲကပြန်ထွက်လာသောJungkook
အသံကြားတော့ သူလည်းဆက်မအိပ်နေချင်
တော်ကြာသူ့ကိုပစ်ထားသလိုဖြစ်နေမယ်လေ
အရင်ကလိုရုံပိတ်ရက် နေ့တစ်ဝက်ကျိုးတဲ့ထိ
အိပ်ပစ်လို့မရတော့ အရင်လိုလူလွှတ်မှမဟုတ်တော့တာ
"နိုးပြီ ...ငယ်ကနိုးတာကြာပြီလား"
"ဟင့်အင်း မကြာသေးပါဘူး ခုနကမှနိုးတာ
အိမ်တော်ထိန်းကရောက်နေပြီ ... မနက်စာလည်း
ပြင်ထားတယ် ထင်တယ်"
ပြင်ပြင်ဆင်ဆင်နဲ့ လုပ်နေသောငယ်ကအစောကြီး
ကိုဘယ်သွားမလို့လဲ ဘာမှမပြောဘဲငယ်လုပ်သမျှ
သာထိုင်ကြည့်နေပြီးမှ
"ငယ်ကဘယ်သွားမို့လဲ"
"ဟန်ဆောင်းကိုလေ ဉက္ကဌကြီးနဲ့ပြောစရာလေးရှိလို့
ငယ်သွားပြီနော် မကြာပါဘူးခဏဘဲ"
ပြောပြီးထွက်သွားသောငယ်...ဒယ်ဒီကဘာလို့
ငယ့်ကိုတွေ့ချင်ရတာလဲအတွေးအချို့နဲ့အတူ
သူလည်း ရေချိုးရန်သာပြင်လိုက်သည်။
.......
*ဒေါက်...ဒေါက်*
"ဝင်ခွင့်ပြုပါ ဉက္ကကြီး"
"ဝင်ခဲ့လေ"
တံခါးခေါက်ကာခွင့်တောင်းတော့ခွင့်ပြုတာနဲ့
ဝင်လာကာ ဉက္ကဌကြီးထိုင်နေတဲ့မျက်နှာချင်းဆိုင်
ဆိုဖာဆီဝင်ထိုင်လိုက်သည်။
"စောသားဘဲညနေမှလာမယ်ထင်နေတာ"
"ဒီတိုင်းအိမ်မှာထိုင်နေရမယ့်အတူ
နေ့ရွေ့ညရွေ့လုပ်မနေဘဲလာလိုက်တာ
ပြေစရာရှိတယ်ဆို"
"ဟုတ်တယ်....တစ်ခြားတော့မဟုတ်ပါဘူး
လက်ရှိ ယုံ‌ေဂျး အေဂျင်ဆီကနေထွက်ပြီး
ငါတို့ လုပ်ငန်းမှာမင်းအတွက်နေရာပေးဖို့ပါ
အဲ့ဒါလေးပြောချင်လို့"
ဉက္ကကြီး စကားကြောင့်ရယ်ချင်သွားတယ်
ယုံဂျေး မှာဆက်လုပ်နေတော့ရောဘာများ
ဖြစ်လို့လဲ ခေါင်းထဲကအကြံအစည်တွေကတော့တစ်ခု
ပြီးတသ်ခု အကွက်ချပြီး လူတွေကိုခြယ်လှယ်နေတော့တာဘဲ
"ယုံဂျေ ကနေဘာလိုထွက်‌စေချင်တာလဲ
ဉက္ကဌကြီး...အခုလိုလုပ်နေလည်း အဆင်ပြေပါတယ်"
စကားထောက်ကပြန်ချေပတော့ ထိုလူကြီးက
ခါးကိုမတ်လိုက်ရင်း
"ငါတို့တွက်တော့မပြေဘူးလေ...ဟန်ဆောင်း
လုပ်ငန်းစုရဲ့ သားမက်ကအေဂျင်ဆီတစ်ခုရဲ့
‌လက်အောက်မှာလုပ်နေရတယ် ဆိုတဲ့သတင်း
တွေထွက်လာရင်မကောင်းဘူးလေ"
"ဒါပေမယ့် ဉက္ကဌကြီးဘက်က ကျွန်တော်ဟာ
ဟန်ဆောင်းလုပ်ငန်းစုရဲ့တစ်ဦးတည်းသော
သားမက်မက်ဆိုတာ ချပြထားချင်းမှမရှိတာ
ဘာတွေစိုးရိမ်နေရတာလဲ"
ဘာမှမပြောဘဲထထွက်သွားသော ဉက္ကဌကြီးဆိုသူ
ရဲ့မျက်နှာကို စိုက်ကြည်‌့နေလိုက်သည်။
ဒီလူကြီးကသူလုပ်ချင်တာဘဲသူသိပြီးအကျိုး
အမြတ်လောက်သာစိတ်ဝင်စားတာကိုဒါတွေ
ဘယ်မှတ်မိပါမလဲ။
"ဟင်...."
ဘုတ်ကနဲ့ပစ်ချလာပေးတဲ့သတင်းစာလေးကုိကြည့်ကာ
ဒီခါဘာမှမပြောနိုင်တဲ့သူကသူဖြစ်သွားသည်
သတက်းစာရဲ့ရှေ့မျက်နှာဖုံးခေါင်းကြီးပိုင်းမှာ
ပါလာသော သူတို့ရဲ့ အကျဉ်းချုံးမင်္ဂဘာပွဲအကြောင်း
ပါပါရာဇီတွေကသိပ်လျင်တာဘဲ ဒီတစ်ညတည်းနဲ့
ပေါ်လာတော့တာ
"ပါပါရာဇီတွေလက်ကတော့ ငါတို့ပြေးမလွတ်ဘူး
သိတယ်မလား"
"ထားပါတော့...ဒါဆိုဉက္ကဌကြပြောသလိုလုပ်ပါ့မယ်
အချိန်တော့ပေးပါ... ဒီကြားထဲတစ်ခြားလုပ်ငန်းစုနဲ့
လက်တွဲထားတဲ့ ပရော့ဂျက်လေးရှိသေးတော့
လကုန်ထိစောင့်စေထျင်တယ်... လကုန်မှာအပြီး
သတ်ပြီးတာနဲ့ယုံ‌ေဂျကနေထွက်လာပါ့မယ်"
ကံတရားကဒီလူကြီးဘက်ကအလေးသာနေတာမို့
မာန်လျော့ကာလိုက်လျောလိုက်သည်။
"ကောင်းပြီ ...ငါစောင့်နိုင်တယ်"
"ကျေးဇူးတင်ပါတယ်...ဒါဆိုသွားခွင့်ပြုပါဦး"
ဦးညွှတ်ကာနှုတ်ဆက်ရင်းပြန်ထွက်လာခဲ့သည်။
သူသိတယ် ဒီလောက်ထိလုံခြုံရေးတင်းကျပ်
စွာချထားခဲ့တဲ့မင်္ဂလာပွဲကိုဘယ်ပါပါရာဇီက
ဝင်လာမလဲရမှာတောင်မဟုတ်တာကို တမင်
သူဘဲသတင်းဖွခိုင်းပြီးလုပ်တာနေမှာပေါ့
ကင်ချာယောင်း....ခင်များသိပ်ကိုလည်နေပါ့လား
အတွေးထဲမှာတော့ ကင်မ်ချာယောင်းရဲ့အစီစဉ်
‌တိုင်းကို ဖျက်ဖို့တွေးနေပေမယ့် အကွက်ကျနေသော
လုပ်ကွက်တွေထဲ အသာစီးမျောပြီးအလိုက်သင့်
နေပေးကာ ထိုလူရည်ရွယ်ရာပန်းတိုင်ကိုရောက်
အောင်ပို့သလိုလိုနဲ့ ရိုက်ချဖို့ ပြန်ပြင်တွေးနေလိုက်သည် ။
"ပြန်ရောက်ပါပြီ"
ခါတိုင်းလည်း Ommaနဲ့နေနေတုန်းကအိမ်ပြန်
ရောက်တာနဲ့အသံပေးနေကြာမို့ အခုလည်း
အသံလေးပေးကာဝင်လာသည် ဧည့်ခန်းကိုရောက်
တော့ သူ့အသံကြားလိုထင် TVကြည့်ရာကလှည့်
ကြည့်ရင်း
"မြန်သားဘဲ..."
"အင်း...အင်္ကျီသွားလဲဦးမယ်"
ပြောကာအပေါ်ကိုပြောတက်လာခဲ့သည်။
ပြီးရင် Kimနဲ့ဒိတ်ရမယ်။အဝတ်ဗီရိုလေးဖွင့်
တော့ အံဆွဲထဲကတစွန်းတစ်ထွက်နေတဲ့
စာရွက်လေ အံ့ဆွဲကိုဖွင့်ကြည့်တော့လေယာဉ်
လက်မှတ်ဖြစ်နေသည်။ ကနေဒါကိုတဲ့Kimသွား
ချင်လို့များလား ဒါပေမယ့်လက်မှတ်က
နှစ်စောင်ရယ် ရက်ကလည်းလွန်နေပြီ
တစ်လတောင် သူတို့လက်ထပ်ပီုးကတည်းကပေါ့။
နောက်ထပ်တွေတာက ခြံဝန်းလေးထဲက
လုံးချင်းအိမ်လေးနဲ့ ခြံလေးထဲလည်းပန်းပင်စုံလို့
လှနေသည်။ စပ်စုတဲ့စိတ်ကထိန်းမရဓာတ်ပုံ
နောက်လှန်ကြည့်တော့ " မေမေ့ရဲ့လက်ဖွဲ့လေး "
တဲ့လေ
ဒါကိုကင်မ်ကဘာလို့မပြောရတာလဲ။
လက်မှတ်လေးကိုဆုပ်ကိုင်လို့ စိတ်မကောင်း
ဖြစ်သွားရသည်။ သူကတော့ အရင်ကထက်
သူတို့အိမ်ထောင်ရေးကပိုလို့အဆင်ပြေလာပြီထင်ထားတာ...အခုတော့ထင်တာတွေကလွဲကုန်ပြီ။
အောက်ပြန်ဆင်းလာကာKimဘေးထိုင်ရင်း
" ကင်မ်...အံဆွဲထဲမှာ လေယာဉ်လက်မှတ်တွေ
တွေ့တယ် "
မျက်နှာညှိုးလျက်ပြောလာတဲ့ငယ့်စကားကြောင့်
သူရင်ထဲထိတ်သွားရသည်။ဘယ်လိုတွေ့သွား
ရတာလဲ။ မရိုးမသားလုပ်ဖို့အကြံမရှိပေမယ့်
ငယ်တွေသွားတော့ ရှုပ်ကုန်တော့မယ်။
" အဲ့...အဲ့ဒါက "
" ဓာတ်ပုံလည်းတွေ့ခဲ့တယ်....နောက်မှာ
ရေးထားတာ ‌အန်တီလက်ဖွဲ့တာတဲ့ "
သူပြောတဲ့စကားမဆုံးသေး ဖြတ်ပြောတဲ့ငယ်
ဒီတစ်ခါတော့ မျက်ရည်တွေဝိုင်းလို့နေပြီ။
" ငယ်... ကိုယ်ရှင်းပြပါ့မယ် ...အဲ့ဒါကလေ
ငယ့်ကိုပြောမလို့ပါဘဲ....ပြီးတော့ငယ်လည်း
သိတယ်မလားကိုယ်အဲ့ရက်ထဲမအားတော့လေ
မသွားဖြစ်တာပါ...ဒါကိုငယ်မယုံရင်မေမေ့ကို
မေးလို့ရတယ် ....မေမေကလည်းအဲ့ရက်ထဲက
မသွားဖြစ်လို့ စိတ်မကောင်းဖြစ်နေတာ...
နောက်လထဲကိုယ်တို့သွားမယ်လို့ပြောထားတယ်
အဲ့တော့မှငယ့်ကိုပြောမလို့ "
စကားတွေတရက်ဆက်ပြောကာရှင်းပြလာသော
ကင်မ်မျက်နှာမှာစိုးရိမ်မှုကအထင်းသား
အစကစိတ်ဆိုးချင်ပေမယ့်
ခေါင်းငုံကတရှုံ့ရှုံ့ငိုနေတဲ့ငယ်မျက်နှာလေးကို
မော့ယူလို့မျက်ရည်တွေသုတ်ပေးရင်းရှင်းပြနေမိသည်။
" အင့်...အဲ့ဒါကိုဘာလို့မပြောရတာလဲ
တစ်လတောင် ဟင့်! ရှိပြီကို...."
" ကိုယ်မှားပါတယ်ကွာ....မငိုပါနဲ့တော့နော်
သွားဖြစ်မှပြောမယ်ဆိုပြီနေနေမိတာပါ
စိတ်ထဲအရမ်းကြီးမထားပါနဲ့ကွာနော် "
ထိုသို့ပြောကာ ငယ်အားဖက်လို့နှစ်သိမ့်
လိုက်သည်။ အဲ့ကိစ္စကိုလည်းအဲ့ကတည်းက
အလုပ်များလို့ရော တွေဝေနေတာကြောင့်ပါ
မပြောဖြစ်တာအခုတော့ငယ်စိတ်မကောင်းဖြစ်ရပြီ။
" နောက်ရက်ဆို ဂျယ်ဂျူကိုသွားစရာရှိတယ် အလုပ်လေးတွေမပျက်သေးလို့"
အတန်ကြာမှီကာငြိမ်နေရာမှ ငယ့်ဆီကအသံ
လေးထွက်လာခဲ့သည်။
" ကြာမှာလား "
" အွန်း..."
ထိုသို့သာပြောပြီးTVဆက်ကြည့်နေတဲ့ငယ်
ကငြိမ်လွန်းနေတော့ သူဘဲစကားစရတော့မယ်
"ငယ် ကိုယ်တို့အပြင်သွားကြမလား"
" ဟမ်...အခုလား "
မျက်လုံးလေးပြူးကြည့်ရင်းမေးတဲ့ငယ့်ကို
ပြုံးကာခေါင်းလေးငြိမ့်ပြလိုက်သည်။
ငယ်စိတ်ပြေအောင်ချော့ရမယ်လေ
" မသွားချင်ဘူးလား "
" မဟုတ်ပါဘူး...သွားမှာပေါ့ ခဏနော်
အင်္ကျီသွားလဲးဦးမယ် "
အသံတိတ်ကာစဉ်းစားနေသောငယ့်အား
မ‌သွားချင်လို့လားမေးတော့ပြာပြာသလဲ
ငြင်းကာအခန်းထဲပြေးဝင်သွားသည့်ငယ်
အားခေါင်းလေးခါ၍ကြည့်လိုက်သည်။
ကလေးလေးကျနေရော စောနငိုတာသူမဟုတ်
သဘိုဘဲ။
နည်းနည်းပေါ့သလိုတိုသွားတယ်
သည်းခံပြီးဖတ်ပေးကြပါရှင့်
zawgyi code
မနှိုးရက်တော့
ကြုံ့သွားတတ်သည်။ အနီးကပ်မြင်နေရသော
လွန့်ခဲ့သော 6လ ခန့်က...
လာခဲ့တယ်။
ဖို့သဘောတူကြောင်းဟန်‌ဆောင်းလုပ်ငန်းစု
နဲ့ဆုံခဲ့တာ...
နေခဲ့တာ...
လေးထုတ်ပေးလိုက်သည်။ နေအရမ်းမပူပေမယ့်
"ကျေးဇူးတင်ပါတယ်"
ချင်တာတွေက်အြောင့်အီးပြီးငြိမ်ကုတ်နေရသည်။
မရှိဘူးဒါဘဲ"
ထိုင်စောင့်နေမိ‌သည်။
"Vဟိုတယ်ကို"
ကြာမှာမလား"
တော့တတ်နိုင်ပါတယ်"
လိုက်သည်။
"အာ...ရှက်စရာကြီး"
"ဟယ်လို..."
သည်။
မပြောဖြစ်လိုက်ရဘူး"
"ဟုတ်ကဲ့"
ခေါင်းကုတ်လိုက်သည်။ တစ်ကယ်
ပြန်အိပ်မယ်ကြံကာမှ
"နိုးပြီလားKim..."
ပြင်ထားတယ် ထင်တယ်"
"ငယ်ကဘယ်သွားမို့လဲ"
.......
*ဒေါက်...ဒေါက်*
"ဝင်ခဲ့လေ"
ပြေစရာရှိတယ်ဆို"
လက်ရှိ ယုံ‌ဂျေး အေဂျင်ဆီကနေထွက်ပြီး
ခါးကိုမတ်လိုက်ရင်း
ဘယ်မှတ်မိပါမလဲ။
"ဟင်...."
ဘုတ်ကနဲ့ပစ်ချလာပေးတဲ့သတင်းစာလေးကိုကြည့်ကာ
ပေါ်လာတော့တာ
သိတယ်မလား"
သတ်ပြီးတာနဲ့ယုံ‌ဂျေကနေထွက်လာပါ့မယ်"
"ပြန်ရောက်ပါပြီ"
ကြည့်ရင်း
"မြန်သားဘဲ..."
လက်မှတ်ဖြစ်နေသည်။ ကနေဒါကိုတဲ့Kimသွား
တဲ့လေ
ဖြစ်သွားရသည်။ သူကတော့ အရင်ကထက်
တွေ့တယ် "
သူရင်ထဲထိတ်သွားရသည်။ဘယ်လိုတွေ့သွား
" အဲ့...အဲ့ဒါက "
လေးထွက်လာခဲ့သည်။
" ကြာမှာလား "
" အွန်း..."
" ဟမ်...အခုလား "
" မသွားချင်ဘူးလား "
အင်္ကျီသွားလဲးဦးမယ် "
သဘိုဘဲ။
Continue Reading
You'll Also Like
5.1K 995 23
No matter what will comes, You will always be in my heartโ™ก๏ธŽ Top~Kook Buttom~ Tae
53.9K 1.1K 37
RIP Lil Peep. You'll never be forgotten. *Mild language and drug references* BOOK 1/2 *THIS WAS MY FIRST STORY PUBLISHED SO EXCUSE ANY MISTAKES* Star...
3.9K 102 20
Tori have a big secret she is hiding from her friend and the girl she have a crush on. Will they accept her once she tells them or will they leave? ...
40.2K 521 58
The silly with MY headcanons ๐Ÿ˜ธ DISCLAIMER: They are just headcanons and will not hurt you, it shouldn't have to be said but ppl will be ppl ๐Ÿ˜ž Credi...