๐“๐ฐ๐จ ๐๐š๐ซ๐š๐ฅ๐ฅ๐ž๐ฅ ๐‹๐ข๏ฟฝ...

By Thamudaya_Oleander

1.7K 164 7

๐‘ญ๐’†๐’Š ๐’€๐’–๐’๐’™๐’Š๐ŸŸโ˜ Start date <Aug 30.2021 to... More

Ch-1 'U
Ch-1 'Z
Ch-2 'U
Ch-2 'Z
Ch-3' U
Ch-3 'Z
Ch-4 'U
Ch-4 'Z

Ch-5 'U+Z

187 22 5
By Thamudaya_Oleander

Unicode*****

ယနေ့၌ကား ချန်အိမ်တော်ပိုင် ကြွေထည်မီးဖိုရုံ(၅)ခုလုံးမှာ အလုပ်သမားတွေဟာ ခါတိုင်းထက်အလုပ်များနေကြလေရဲ့။ အကြောင်းမှာကား ဖန်းချန်မြို့တွင်းလက်ထပ်မင်္ဂလာပွဲများအတွက် ကြွေပန်းအိုးများဖုတ်ရန်နှင့် ချီတိုင်းပြည်မှ ဘုရင်အသစ်အတွက် ထီးနန်းတင်မြောက်ပွဲ၌ လိုအပ်သော အဖြူရောင်ကြွေထည် အများအပြားကို အထူးမှာယူထားသောကြောင့်ပင်။

ထိုနည်းတူပင် တတိယမြောက်ကြွေထည်ဖိုအား သခင်ကြီးချန်မှ မောင်ပိုင်စီးထားပြန်သေးသည်။ ဤသခင်ကြီးမှာ သစ္စာတော်ခံပန်းအိုးထိုးရန် ကြွေပန်းအိုးကို ခင်ပွန်းဖြစ်သူနှင့်အတူ လာရောက်လုပ်ကိုင်နေသည်လေ။

ယွင်ရှီးက ဆုတောင်းပြည့်ဘုရားကျောင်းမှ ရွံ့များနှင့်စစ့်ရွှေမြစ်ရေများဖြင့် သမအောင်နှပ်ထားသော အရောအနှောအားစတင်ပုံဖော်နေရာ သခင်ကြီးချန်က ထိုအပေါ်မှလက်ဖဝါးလေးထပ်အုပ်ကာ တူတူပူးကပ်လျက်ပင်။ လေတိုးစရာ နေရာအနည်းငယ်လေးမျှပင် ကျန်ရှိမနေခဲ့။

အလုပ်သမားများလည်း သက်ဆိုင်ရာလုပ်ငန်းစဉ်များ ကို အလိုက်တသိလုပ်ကိုင်ရင်း ရှောင်ရှားပေးနေကြလျက်။ ယခင်နေ့ညမှဖုတ်ထားသော ကြွေထည်များပင် ထုတ်ယူပြီး၍ မြို့တွင်းအရောင်းဌာနသို့ ပို့ဆောင်ပြီးကြလေပြီ။ ထိုကြောင့် အနားယူသည့်သူကနားပြီး ထင်းစုဆောင်းသူများလဲထွက်သွားကာ စာရင်းကိုင်များလဲ အသီးသီးရှောင်ဖယ်သွားကြသည်။ သခင်ကြီးတို့ လိုအပ်သောအခါမှသာ အပြေးလွှားလာရောက်ကြရ၏။

အိမ်တော်ထိန်းလန်တစ်ယောက်သာ ရိုးအီနေသောအနှီပြဇာတ်ကို ကြည့်ရမှာပျင်းလွန်းသဖြင့် ခုံတစ်ခုပေါ်တွင်ထိုင်လျက် ငုတ်တုတ်ငိုက်နေပါ၏။

ကြွေပန်းအိုးပုံဖော်ပြီးသောအခါ ကြွေရည်ထပ်သုတ်ပြီး အခါခါစစ်ဆေးမှုပြု၍ စိတ်တိုင်းကျသွားမှသာ ကြွေပန်းအိုးထည့်သည့် အိုးအဖုံးကိုပိတ်၍ ဖိုထဲသွင်းလိုက်တော့သည်။

ကြွေထည်မီးဖိုမှ အလျှံတညီးညီးတောက်လောက်နေသော အဝါရောင်မီးတောက်သည်ကား ဆောင်းနေ့နံနက်ခင်းတွင် အနွေးဓာတ်အနည်းငယ်ပင် ပို့လွှတ်နေပြန်သေးသည်။

သခင်ကြီးချန်က နှုတ်ခမ်းစွန်းလေးများကွေးသည်အထိပြုံးနေကာ လော်ယွင်ရှီး၏သွယ်လျလှပပြီး ကျောက်စိမ်းတမျှဖြူဝင်းနေသာ လက်ဖဝါးလေးအား နူးညံ့စွာထွေးဆုတ်ထားလျက် ထိုမီးတောက်လေးများကို မျှော်လင့်တကြီးစိုက်ကြည့်နေပါ၏။

"ယွင်ရှီး ကိုယ်တို့ညနေရောက်ရင် ကြွေပန်းအိုးရပြီ ဒီညကစပြီးအခန်းထဲထားကြမယ် လာပန်းသွားခူးကြစို့"

လော်ယွင်ရှီးက မျက်စောင်းဖျော့ဖျော့လေးထိုးလိုက်ကာ...
"မင်းက တအားလောမနေဘူးလား နေသားကျသွားအောင် ခဏထားမယ်လေ မနက်ဖြန်မှထိုးရင်ရော ငါတို့အတူတူရှိနေတာပဲ ဒီနေ့နဲ့မနက်ဖြန်က သိပ်မကွာပါဘူးကွာ"

သခင်ကြီးချန်ကတော့ အသက်အရွယ်နှင့်မလိုက်အောင်ပင်နှုတ်ခမ်းစူပြန်တာပေါ့။ သူကတော့ ဒီနေ့နဲ့မနက်ဖြန်သိပ်မကွာခြားရင်တောင် ဒီနေ့လုပ်ရမယ့်ကိစ္စကိုတစ်ခါတည်းဖြတ်ရတာ သဘောကျသည်။ အကြွေးထားရသည်မျိူး နောက်ဆုတ်ရသည်မျိူး သိပ်ကြိုက်မနေပေ။

သို့သော်ယခုအရာသည်ကား မတူတော့ပေ။ မိမိတို့နှစ်ဦးသားဘဝနှင့်ဆိုင်နေ၍ လက်လွတ်စပယ်လဲ မပြုမှုချင်ပေ။ ကြွေထည်ရပြီး ခဏလောက် အအေးခံထားသင့်သည်။ တစ်ခါသုံးပြီးလည်း သူတို့အနေနဲ့ တစ်သက်လုံးအမှတ်တရသိမ်းထားလို့ရသည်ပဲ။ သူတို့နှစ်ယောက်ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြုလုပ်ထားရသော အဖိုးတန်လေးပဲလေ။ ပြောရလျှင် သူတို့တစ်ကူးတကမွေးထုတ်လိုက်ရပါသော ကလေးလေးလိုပင်။

"အွန်းပါ အဲ့တာဆိုမနက်ဖြန်မှပေါ့ အခုတော့မြို့စားမင်းအိမ်သွားကြမယ် "

"အင်း.."

လော်ယွင်ရှီးက ထိုလိမ္မာသောခွေးပေါက်လေးကို ခြေဖျားထောက်လျက် နဖူးထက်သို့ အနမ်းဖွဖွလေး ချီးမြင့်လိုက်သည်။ သခင်ကြီးချန်ကတော့ ထုံးစံအတိုင်းသွားဖြူဖြူးလေးတွေပြသလျက် အေးလာသည်အထိပင် ပြုံးပြနေပါ၏။ တစ်ဆက်တည်း အလုပ်သမားများကို ညနေဖိုထဲထပ်ထည့်ရမည့် ကြွေထည်စာရင်းများ လုပ်ထားရန်မှာကြားပြီး လော်ယွင်ရှီးလက်ကလေးကို ကိုင်ဆွဲလျက် မြောက်ကြွကြွနဲ့ ကြွေထည်ဖိုအပြင်ဘက်ရှိ ဝေါယာဉ်ဆီသို့ ခေါ်ဆောင်သွားပါသည်။

ဒီနေ့ကား မြို့စားမင်းရဲ့ သမီးကညာလေး၏ မင်္ဂလာရက်မြတ်ပင် ဖြစ်ပေသည်။ သခင်းကြီးချန်တို့ရောက်ရှိချိန်၌ လူပင် အတော်စုံနေလေပြီ။

"သခင်ကြီးချန်နဲ့ခင်ပွန်းသည်တို့ ရောက်ရှိလာပါပြီ"

မင်္ဂလာဧည့်ကြိုတော်ကြေငြာအပြီး မြို့စားမင်းတို့ဇနီးမောင်နှံကိုယ်တိုင်ထွက်ကြိုကြလေသည်။ သေချာပေါက်ဖြစ်သင့်သည့် ကိစ္စမဟုတ်ပါလား။

သခင်ကြီးချန်၏ ကြွယ်ဝမှုနှင့် အရိုသေခံရမှုသည် အနှီမြို့တွင် မြို့စားမင်းထက်ပင် သာလွန်နေပေသည်။ ကြွေထည်လုပ်ငန်းကိုမဆိုထားနှင့် သူတို့မမြင်ဖူးနိုင်သော တန်ဖိုးကြီးရှေးဟောင်းပစ္စည်းများသည်ပင် သခင်ကြီးချန်၌ ရှိနေတတ်ပါသေးသည်။

ကြွယ်ဝပြည့်စုံမှုသည်ကား မခန့်မှန်းနိုင်ရာ မျိူးရိုးအဆင့်တန်းသည်ပင် မည်မျှမြင့်မြတ်လိမ့်မည်ကို မြို့စားမင်းအပါအဝင် အားလုံးကစူးစမ်းချင်ကြပေမယ့် ညီညွှတ်စွာပင် စောင့်ထိန်းပေးကြလေသည်။ ဤသည်ကားဖန်းချန်မြို့ပင်တည်း။

"သခင်ကြီးချန်တို့ တကူးတက လာရောက်ဂုဏ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ ကြွပါကြွပါ..."

မြို့စားကတော်ကလဲ အပြုံးပန်းများစွာနှင့်ပင်ဖော်ရွှေစွာဆိုလေသည်။

"သခင်ကြီးချန်ရဲ့ခင်ပွန်းသည်ကတော့လေ လောကကြီးမှာ ရှားမှရှား ဂုဏ်သရေရှိ ရတနာလေးပဲ သခင်ကြီးသာမပိုင်ရင် ကျွန်မသမီးနဲ့ထိမ်းမြှားပေးဖို့ အတင်းကမ်းလှမ်းမိမှာ..."

သခင်ကြီးချန်က လော်ယွင်ရှီးခါးသေးသေးလေးကိုဖက်လျက် တဖက်မှလဲ လက်ကလေးကိုခပ်တင်းတင်းဆုတ်ကိုင်ကာ အသက်မပါသောအပြုံးဖြင့်ပင် နှစ်သိမ့်ပေးရှာပါသည်။

"သခင်မကတော့ အတော်လောဘကြီးလွန်းနေပါပြီ ယွင်ရှီးက ကျွန်တော့်အတွက်ပဲလေ ကျွန်တော်သာမပိုင်ဆိုင်နိုင်ရင် သခင်မရဲ့သမီးလေးအတွက် သူကမွေးဖွားလာမယ်ထင်လို့လား"

သခင်ကြီးချန်အပြောကြောင့် မြို့စားမင်းအပြုံးသည်ပင်တန့်သွားရ၏။ သူ့ရှင်မကတော့ဖြင့် ကျားအမြီးသွားဆွဲနေပြန်လေပြီ။ ဒီသခင်ကြီးအကြောင်း မသိသေးတာလဲမဟုတ်ပေပဲနဲ့။

"အိုက်ယား သခင်ကြီးပြောတာဟုတ်ပေတာပဲ သခင်လော်က သခင်ကြီးတစ်ဦးတည်းအတွက်ပဲ မွေးဖွားလာတာပါ ကဲရှင်မရေ မင်းရဲ့သမီးလေးကိုသွားကြည့်ပါဦး သခင်ကြီးတို့ကြွပါ.."

မြို့စားမင်းကပင် အမြန်စကားလုံးတို့ဖာထေး၍ သူ့ရှင်မကို နှင်လွတ်ရသည်။ မဟုတ်ပါက ခဏနေလျှင် ရေခဲအတွင်းအားလှိုင်းတွေ သူ့ထံရောက်လာနိုင်သည်။

လော်ယွင်ရှီးက ခပ်ပြုံးပြုံးနဲ့ သူလက်လေးကိုအသာပြန်ရုန်းရင်းဆိုသည်။

"မင်းကလေ ....ခုထိကလေးစိတ်ပဲ.... သခင်မကသဘောပြောတာပါ"

"သဘောတရားလဲ မရပါဘူး ယွင်ရှီးက ကိုယ်တစ်ယောက်တည်းအတွက်ပဲဟာ "

အနှီသူကတော့စူပုတ်ပုတ်ပင်။ ဒါတောင်မှ ချောမောနေသောမျက်နှာတည်တည်က အရှိန်အဝါအနည်းငယ်မျှပင် လျော့ပါးမသွားပါချေ။

"အေးပါ အေးပါ ဟုတ်ပါပြီ မင်းကလေ... ပြောလို့ကိုမရဘူး"

လော်ယွင်ရှီးအနေနှင့်ထိုသို့ပြောသော်လည်း သူ့နှလုံးသားထဲ၌ အလွန်တစ်ရာကိုမှ နွေးထွေးနေသည်လေ။ ဆောင်းလေအေးတို့ ကျီစယ်နေသည်မှာ သူ့ထံသို့ အနည်းငယ်မျှပင် အရာပင်မရောက်နိုင်ပါချေ။

သူကလဲ ဒီသခင်ကြီး၏တစ်ဦးတည်းသောသူ ဖြစ်ရခြင်းအတွက်များစွာ ကျေနပ်ပေတာပဲ။

တစ်စုံတစ်ယောက်ရဲ့ ချစ်ခင်နှစ်သက်မှုရရှိခြင်း... တစ်စုံတစ်ယောက်ထံမှ စစ်မှန်သောမေတ္တာတို့ပေးအပ်ခြင်းခံရသည်က လူတိုင်းတောင်းတအပ်သော ပျော်ရွှင်ကြည်နူးဖွယ်ရာ ဆန္ဒတစ်ခုဖြစ်ပါလျှင် ထိုတစ်စုံတစ်ယောက်သည်ကား ကိုယ်တိုင်က သိပ်ကိုမြတ်နိုးတွယ်တာမိသူဖြစ်ပါမူ တုနှိုင်းပြစရာပင်မရှိတော့ပါချေ။

သူသည်လည်းပဲ ဒီအတိုင်းလေး...အသက်ထက်ဆုံး နေထိုင်သွားခွင့်...ရချင်မိပါ၏။

မင်္ဂလာအခမ်းနားသည်ကား ပျော်ရွှင်ဝမ်းမြောက်ဖွယ်ပင် ပြီးစီးခဲ့ပါသည်။ သခင်ကြီးချန်ကား ဖူးစားရေးနတ်မင်း ဝင်စားခဲ့သည်လား မပြောတတ်တော့ပေ။ ဖန်းချန်မြို့မှ လက်ထပ်မင်္ဂလာပွဲများသို့ သူသွားရောက်ဂုဏ်မပြုဖူးတာ မရှိသလောက်ပါပင်။ ပြီးလျှင် ထိုသခင်ကြီးကဆိုပါလိမ့်မည် သူတို့သည်လဲ မိုးမြေကန်တော့ပြီး လက်ထပ်ယူခဲ့တာဖြစ်ကြောင်း စကားဖောင်ဖွဲ့ကာ ဂုဏ်ယူစွာကြွားဝါတတ်သေးသည်။

လော်ယွင်ရှီးကတော့ ဒီနေ့မှသာ လိုက်ပါခဲ့ရာ ခါတိုင်းသခင်ကြီးကြွားသည်မှာ သာမန်မျှသာမှတ်ယူခဲ့ရာ ယနေ့တွင်ကား အံ့ဩတကြီးဖြစ်နေရ၏။ ဖန်းချန်မြို့မှဂုဏ်သရေရှိလူကြီးများကတော့ တစ်ပြုံးပြုံးနားထောင်လျက်ပေါ့။ သူတို့အတွက်ရိုးအီနေပေပြီ။ သို့ပါသော်လည်းသခင်ကြီးချန်ကြွားနိုင်လောက်အောင် သခင်ကြီးလော်ကလဲ တင့်တယ်မြင့်မြတ်သော ဇာမဏီပါပဲလေ။

"ကျွန်တော်တို့ မိုးမြေကန်တော့တဲ့အချိန် တစ်လောကလုံးက ကျက်သရေတော်တွေက ယွင်ရှီးဆီမှာ စုပုံနေသလိုပဲဗျာ အရမ်းကိုမှတင့်တယ်နေတာ ခုချိန်ထိမျက်စိထဲကမထွက်ဘူးဗျာ .... "

ဖန်းချန်မြို့မှလူကြီးများ: "ဒါပေါ့ဗျာ ဒါပေါ့ သခင်လော်ကသာ အတင့်တယ်ဆုံးဖြစ်မှာ မလွဲဧကန်ပါပဲ "

"အနီရောင်သတို့သားဝတ်ရုံက ယွင်ရှီးနဲ့ပဲအရမ်းအရမ်းလိုက်ဖက်တာ"

ဖန်းချန်မြို့မှ လူကြီးများ:"........"

ဘယ်သူတွေကများ မလိုက်ဖက်နေလို့ပါလဲ။ ခုဏလေးတင်မှ မင်္ဂလာယူထားသော သူတို့သားမိဘများသည်ပင်လှည့်ကြည့်လှည့်ကြည့်။ အနှီသခင်ကြီးကြည့်တော့ ထိုအကြောင်းအရာအားလုံးတည်တည်ငြိမ်ငြိမ်ပင် ပြောနေလေသည်။ နှောက်နေပုံလည်းမပေါ်ပေ။ သေချာပေါက်သခင်လော်ကတော့ ပြိုင်ဘက်ကင်းဖြစ်ခဲ့မှာပဲဟုသာ ဖြေတွေးလိုက်ကြတော့၏။

ဒါနဲ့ စကားမစပ် သခင်ကြီးကရော အနီရောင်သတို့သားဝတ်စုံကို မဝတ်ခဲ့လို့များလား။ အတိအကျပင် မဝတ်ခဲ့တာကတော့ သူတို့နှစ်ဦးသာသိပေသည်ပေါ့။ သည်အကြောင်းတော့ သခင်ကြီးက နည်းနည်းလေးပင် မဟပါချေ။ လော်ယွင်ရှီးမှာ ထိုရှူတည်တည်နှင့်သခင်ကြီးအား ပြန်ရန်မနည်းပင်ဖြောင်းဖျခဲ့ကာ အတင်းပင်ဆွဲထုတ်ခဲ့ရလေသည်။

မြို့ထဲတွင် ထုံးစံအတိုင်းသူဌေးကျူဆိုင်၌ မုန့်များဝယ်ယူရာ သည်နေ့တွင်တော့ စိတ်ကြည်နေသည့် သခင်ကြီးကလော်ယွင်ရှီးအား ဝေါယာဉ်ပေါ်တွင် မစောင့်ခိုင်းထားပေ။ လက်ကလေးတွဲလျှက်ပင် မျက်နှာတော်မော်ချီလျှက် ဆိုင်ထဲဝင်လာတော့သည်။

ဆိုင်တွင်းမှစားသုံးသူများသည် ထိုကျောက်စိမ်းမောင်နှံအား ယနေ့မှပင် အပြည့်အဝပင်ရှူစားခွင့် ရကြတော့သည်။ သခင်ကြီးချန်တွန့်တိုလွန်းသည်အား မှားသည်ဟုပင် မထင်နိုင်ကြတော့ပေ။ ထိုသခင်ကြီးရဲ့ခင်ပွန်းသည် သခင်ကြီးလော်သည် လောကပြိုင်ဘက်ကင်း အလှလေးပင် ဖြစ်ချေ၏။

ဤအချိန်၌ မြို့ထဲလမ်းပေါ်တွင် ဝရုန်းသုန်းကားအခြေနေများ ဖြစ်လာတော့သည်။

သခင်ကြီးချန် မျက်မှောင်တချက်တွန့်လိုက်မိ၏။

မီတာတစ်ရာပတ်လည်အကွာအဝေးမှ များပြားလှစွာသော မြင်းခွာသံများထွက်ပေါ်လာသည်။

အမြဲအေးချမ်းသာယာနေသော ဖန်းချန်းမြို့သည် ရုတ်တရက်ထူးဆန်းစွာ မြန်မြန်ဆန်ဆန်ပင် ဆူညံပွက်လောရိုက်ကုန်တော့၏။ မြင်းလန့်၍ပြေးလွားကုန်ကြသော ကလေးသူငယ်များနှင့် ဈေးလှည်းကိုယ်စီဆွဲ၍ ရှောင်တိမ်းကုန်ကြသော လမ်းဘေးဈေးသည်များ
ပြေးရင်းလွှားရင်း အလဲလဲအပြိုပြိုဖြစ်ကုန်ကြသော ဈေးဝယ်သူများ ထိုမှတဖန် ဆူညံသော အဖြစ်အပျက်များ လျှင်မြန်စွာ ပြီးဆုံချိန်တွင် မြို့လယ်လမ်းမကြီး တလျှောက်သည်ကား ဒိုက်ပုံကြီးကိုကမ်းစပ်သို့တွန်းဖယ်လိုက်သော ကန်ရေပြင်ပမာ ရှင်းလင်းသွားလေတော့သည်။

လေအေးကြမ်းကြမ်း၏ ဝှီးခနဲ ရွီးခနဲ ဝှေ့ယမ်းမှုနဲ့အတူ မြို့လယ်လမ်းဘေးတစ်လျှောက် စီတန်းပေါက်ရောက်နေသာ သစ္စာတော်ခံပန်းပင်များမှ ပွင့်ဖတ် ပွင့်လွှာများသည် တစ်ဖွဲဖွဲဖြင့် အဆက်မပြတ်ပင် ဝေ့ဝဲကျဆင်းလာကာ ကဗျာဆန်လှစွာ လွင့်မြောနေကြပါတော့သည်။

အိမ်တော်အသီးသီးမှလူများ စားသောက်ဆိုင်များမှ စားသုံးသူများ ဘေးကပ်ကုန်ကြသော လမ်းသွားလမ်းလာ မြို့သူမြို့သား အားလုံးမှာလဲ လမ်းမထက်သို့ စိတ်ဝင်တစားကြည့်ရှုကုန်ကြပါ၏။

ဆောင်းနေ့လည်ခင်းရဲ့ နေရောင်အောက်တွင် ရွှေရောင်တို့ဖြင့်ဝင်းလက်နေသော ချပ်ဝတ်တန်ဆာအပြည့်ဖြင့်ဆင်ယင်ကာ စစ်မြင်းများကိုစီးနှင်းလျှက် ရွှေရောင်မျက်နှာဖုံးကာများ တပ်ဆင်ထားကြသော တော်ဝင်တပ်သားသုံးရာခန့်သည် သူဌေးကျူ၏ "ပန်းတစ်ရာ" မုန့်ဆိုင်ရှေ့တွင်ရပ်တန့်လိုက်ကြသည်။

ထိုတပ်သားများသည်ကား ကျိူးဘုရင်၏လက်ရွေးစင် ရွှေရောင်တပ်သားအဖွဲ့ဝင်များပင် ဖြစ်ချေတော့၏။

လောယွင်ရှီးက သခင်ကြီးချန်၏ ဝတ်ရုံတော်ကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်မိသည်။

တပ်သားများအားလုံးမြေပြင်ပေါ်ဆင်းကာ ဒူးထောက်လိုက်ကြလေသည်။ ထိုနောက်တစ်ပြိုင်နက်ပင်...

"မင်းကြီးကို ..ဂါရဝပြုပါတယ်!!!"

ပတ်ဝန်းကျင်ကား နေ့လည်ခင်းအချိန်တွင် အပ်ကျသံကြားရလောက်သည်ထိ တိတ်ဆိတ်နေခဲ့လျက်။

ထိုနောက်တွင်ကား ပတ်ဝန်းကျင်မှ လူအားလုံးသည်လည်း အံ့အားသင့်လျက် အေးစက်တောင့်တင်းနေရာမှ တိုင်ပင်စရာမလိုပဲ အားလုံးပြိုင်တူပင် ဒူးထောက်ဦးညွှတ်လိုက်ကြတော့သည်။

"မင်းကြီးကို...ဂါရဝပြုပါတယ်!!!"

အရာအားလုံးဟာ ထိုအခိုက်အတန့်၌အားလုံးရပ်တန့်သွားပါသလို။ မျှောလွင့်နေသော သစ္စာတော်ခံပန်းပွင့်လွှာလေးတွေမှ....လွဲ၍ပေါ့။

မထင်မှတ်ထားသော အရာများသည် မထင်မှတ်ထားသော အချိန်တွင် ဖြစ်ပျက်လာနိုင်သကဲ့သို့...

ထင်မှတ်ထားသော အရာများသည်လည်း... စောစီးလျှင်မြန်လှစွာပင် မထင်မှတ်ထားသော အချိန်တွင် ဖြစ်ပျက်လာခဲ့ပါတော့သည်။

--------------------------

Note: ဒီTwo parallel linesတောင်မပြီးသေးဘူး နောက်တစ်ပုဒ်စဖို့wallထဲမှာ အသစ်ထည့်ထားပြီးပြီ😆။
Two parallel linesက5ပိုင်းထဲပါ ။တဝက်ပြီးပါပြီ။ နောက်ထပ်၂ပိုင်းခွဲဆိုပြီးပြီရယ်။ အစကဒီဇာတ်လမ်းကို ဇာတ်လမ်းရှည်ရေးဖို့ plotlineဆွဲထားတာ။ ရေးလို့မပြီးနိုင်မှာစိုးလို့ ချူံ့လိုက်တာ အများကြီးကျော်ချလိုက်ရတဲ့အတွက်စိတ်မကောင်းပါဘူး။ အရေးသားလိုအပ်ရင်သည်းခံပေးကြပါနော်... အမှတ်တရလေးထားခဲ့ချင်လို့ပါ။

Zawgyi******

ယေန႔၌ကား ခ်န္အိမ္ေတာ္ပိုင္ ေႂကြထည္မီးဖို႐ုံ(၅)ခုလုံးမွာ အလုပ္သမားေတြဟာ ခါတိုင္းထက္အလုပ္မ်ားေနၾကေလရဲ႕။ အေၾကာင္းမွာကား ဖန္းခ်န္ၿမိဳ႕တြင္းလက္ထပ္မဂၤလာပြဲမ်ားအတြက္ ေႂကြပန္းအိုးမ်ားဖုတ္ရန္ႏွင့္ ခ်ီတိုင္းျပည္မွ ဘုရင္အသစ္အတြက္ ထီးနန္းတင္ေျမာက္ပြဲ၌ လိုအပ္ေသာ အျဖဴေရာင္ေႂကြထည္ အမ်ားအျပားကို အထူးမွာယူထားေသာေၾကာင့္ပင္။

ထိုနည္းတူပင္ တတိယေျမာက္ေႂကြထည္ဖိုအား သခင္ႀကီးခ်န္မွ ေမာင္ပိုင္စီးထားျပန္ေသးသည္။ ဤသခင္ႀကီးမွာ သစၥာေတာ္ခံပန္းအိုးထိုးရန္ ေႂကြပန္းအိုးကို ခင္ပြန္းျဖစ္သူႏွင့္အတူ လာေရာက္လုပ္ကိုင္ေနသည္ေလ။

ယြင္ရွီးက ဆုေတာင္းျပည့္ဘုရားေက်ာင္းမွ ႐ြံ႕မ်ားႏွင့္စစ့္ေ႐ႊျမစ္ေရမ်ားျဖင့္ သမေအာင္ႏွပ္ထားေသာ အေရာအေႏွာအားစတင္ပုံေဖာ္ေနရာ သခင္ႀကီးခ်န္က ထိုအေပၚမွလက္ဖဝါးေလးထပ္အုပ္ကာ တူတူပူးကပ္လ်က္ပင္။ ေလတိုးစရာ ေနရာအနည္းငယ္ေလးမွ်ပင္ က်န္ရွိမေနခဲ့။

အလုပ္သမားမ်ားလည္း သက္ဆိုင္ရာလုပ္ငန္းစဥ္မ်ား ကို အလိုက္တသိလုပ္ကိုင္ရင္း ေရွာင္ရွားေပးေနၾကလ်က္။ ယခင္ေန႔ညမွဖုတ္ထားေသာ ေႂကြထည္မ်ားပင္ ထုတ္ယူၿပီး၍ ၿမိဳ႕တြင္းအေရာင္းဌာနသို႔ ပို႔ေဆာင္ၿပီးၾကေလၿပီ။ ထိုေၾကာင့္ အနားယူသည့္သူကနားၿပီး ထင္းစုေဆာင္းသူမ်ားလဲထြက္သြားကာ စာရင္းကိုင္မ်ားလဲ အသီးသီးေရွာင္ဖယ္သြားၾကသည္။ သခင္ႀကီးတို႔ လိုအပ္ေသာအခါမွသာ အေျပးလႊားလာေရာက္ၾကရ၏။

အိမ္ေတာ္ထိန္းလန္တစ္ေယာက္သာ ႐ိုးအီေနေသာအႏွီျပဇာတ္ကို ၾကည့္ရမွာပ်င္းလြန္းသျဖင့္ ခုံတစ္ခုေပၚတြင္ထိုင္လ်က္ ငုတ္တုတ္ငိုက္ေနပါ၏။

ေႂကြပန္းအိုးပုံေဖာ္ၿပီးေသာအခါ ေႂကြရည္ထပ္သုတ္ၿပီး အခါခါစစ္ေဆးမႈျပဳ၍ စိတ္တိုင္းက်သြားမွသာ ေႂကြပန္းအိုးထည့္သည့္ အိုးအဖုံးကိုပိတ္၍ ဖိုထဲသြင္းလိုက္ေတာ့သည္။

ေႂကြထည္မီးဖိုမွ အလွ်ံတညီးညီးေတာက္ေလာက္ေနေသာ အဝါေရာင္မီးေတာက္သည္ကား ေဆာင္းေန႔နံနက္ခင္းတြင္ အေႏြးဓာတ္အနည္းငယ္ပင္ ပို႔လႊတ္ေနျပန္ေသးသည္။

သခင္ႀကီးခ်န္က ႏႈတ္ခမ္းစြန္းေလးမ်ားေကြးသည္အထိၿပဳံးေနကာ ေလာ္ယြင္ရွီး၏သြယ္လ်လွပၿပီး ေက်ာက္စိမ္းတမွ်ျဖဴဝင္းေနသာ လက္ဖဝါးေလးအား ႏူးညံ့စြာေထြးဆုတ္ထားလ်က္ ထိုမီးေတာက္ေလးမ်ားကို ေမွ်ာ္လင့္တႀကီးစိုက္ၾကည့္ေနပါ၏။

"ယြင္ရွီး ကိုယ္တို႔ညေနေရာက္ရင္ ေႂကြပန္းအိုးရၿပီ ဒီညကစၿပီးအခန္းထဲထားၾကမယ္ လာပန္းသြားခူးၾကစို႔"

ေလာ္ယြင္ရွီးက မ်က္ေစာင္းေဖ်ာ့ေဖ်ာ့ေလးထိုးလိုက္ကာ...
"မင္းက တအားေလာမေနဘူးလား ေနသားက်သြားေအာင္ ခဏထားမယ္ေလ မနက္ျဖန္မွထိုးရင္ေရာ ငါတို႔အတူတူရွိေနတာပဲ ဒီေန႔နဲ႔မနက္ျဖန္က သိပ္မကြာပါဘူးကြာ"

သခင္ႀကီးခ်န္ကေတာ့ အသက္အ႐ြယ္ႏွင့္မလိုက္ေအာင္ပင္ႏႈတ္ခမ္းစူျပန္တာေပါ့။ သူကေတာ့ ဒီေန႔နဲ႔မနက္ျဖန္သိပ္မကြာျခားရင္ေတာင္ ဒီေန႔လုပ္ရမယ့္ကိစၥကိုတစ္ခါတည္းျဖတ္ရတာ သေဘာက်သည္။ အေႂကြးထားရသည္မ်ိဴး ေနာက္ဆုတ္ရသည္မ်ိဴး သိပ္ႀကိဳက္မေနေပ။

သို႔ေသာ္ယခုအရာသည္ကား မတူေတာ့ေပ။ မိမိတို႔ႏွစ္ဦးသားဘဝႏွင့္ဆိုင္ေန၍ လက္လြတ္စပယ္လဲ မျပဳမႈခ်င္ေပ။ ေႂကြထည္ရၿပီး ခဏေလာက္ အေအးခံထားသင့္သည္။ တစ္ခါသုံးၿပီးလည္း သူတို႔အေနနဲ႔ တစ္သက္လုံးအမွတ္တရသိမ္းထားလို႔ရသည္ပဲ။ သူတို႔ႏွစ္ေယာက္ခ်စ္ျခင္းေမတၱာအျပည့္ျဖင့္ ျပဳလုပ္ထားရေသာ အဖိုးတန္ေလးပဲေလ။ ေျပာရလွ်င္ သူတို႔တစ္ကူးတကေမြးထုတ္လိုက္ရပါေသာ ကေလးေလးလိုပင္။

"အြန္းပါ အဲ့တာဆိုမနက္ျဖန္မွေပါ့ အခုေတာ့ၿမိဳ႕စားမင္းအိမ္သြားၾကမယ္ "

"အင္း.."

ေလာ္ယြင္ရွီးက ထိုလိမၼာေသာေခြးေပါက္ေလးကို ေျခဖ်ားေထာက္လ်က္ နဖူးထက္သို႔ အနမ္းဖြဖြေလး ခ်ီးျမင့္လိုက္သည္။ သခင္ႀကီးခ်န္ကေတာ့ ထုံးစံအတိုင္းသြားျဖဴျဖဴးေလးေတြျပသလ်က္ ေအးလာသည္အထိပင္ ၿပဳံးျပေနပါ၏။ တစ္ဆက္တည္း အလုပ္သမားမ်ားကို ညေနဖိုထဲထပ္ထည့္ရမည့္ ေႂကြထည္စာရင္းမ်ား လုပ္ထားရန္မွာၾကားၿပီး ေလာ္ယြင္ရွီးလက္ကေလးကို ကိုင္ဆြဲလ်က္ ေျမာက္ႂကြႂကြနဲ႔ ေႂကြထည္ဖိုအျပင္ဘက္ရွိ ေဝါယာဥ္ဆီသို႔ ေခၚေဆာင္သြားပါသည္။

ဒီေန႔ကား ၿမိဳ႕စားမင္းရဲ႕ သမီးကညာေလး၏ မဂၤလာရက္ျမတ္ပင္ ျဖစ္ေပသည္။ သခင္းႀကီးခ်န္တို႔ေရာက္ရွိခ်ိန္၌ လူပင္ အေတာ္စုံေနေလၿပီ။

"သခင္ႀကီးခ်န္နဲ႔ခင္ပြန္းသည္တို႔ ေရာက္ရွိလာပါၿပီ"

မဂၤလာဧည့္ႀကိဳေတာ္ေၾကျငာအၿပီး ၿမိဳ႕စားမင္းတို႔ဇနီးေမာင္ႏွံကိုယ္တိုင္ထြက္ႀကိဳၾကေလသည္။ ေသခ်ာေပါက္ျဖစ္သင့္သည့္ ကိစၥမဟုတ္ပါလား။

သခင္ႀကီးခ်န္၏ ႂကြယ္ဝမႈႏွင့္ အ႐ိုေသခံရမႈသည္ အႏွီၿမိဳ႕တြင္ ၿမိဳ႕စားမင္းထက္ပင္ သာလြန္ေနေပသည္။ ေႂကြထည္လုပ္ငန္းကိုမဆိုထားႏွင့္ သူတို႔မျမင္ဖူးႏိုင္ေသာ တန္ဖိုးႀကီးေရွးေဟာင္းပစၥည္းမ်ားသည္ပင္ သခင္ႀကီးခ်န္၌ ရွိေနတတ္ပါေသးသည္။

ႂကြယ္ဝျပည့္စုံမႈသည္ကား မခန႔္မွန္းႏိုင္ရာ မ်ိဴး႐ိုးအဆင့္တန္းသည္ပင္ မည္မွ်ျမင့္ျမတ္လိမ့္မည္ကို ၿမိဳ႕စားမင္းအပါအဝင္ အားလုံးကစူးစမ္းခ်င္ၾကေပမယ့္ ညီၫႊတ္စြာပင္ ေစာင့္ထိန္းေပးၾကေလသည္။ ဤသည္ကားဖန္းခ်န္ၿမိဳ႕ပင္တည္း။

"သခင္ႀကီးခ်န္တို႔ တကူးတက လာေရာက္ဂုဏ္ျပဳေပးလို႔ ေက်းဇူးတင္ပါတယ္ဗ်ာ ႂကြပါႂကြပါ..."

ၿမိဳ႕စားကေတာ္ကလဲ အၿပဳံးပန္းမ်ားစြာႏွင့္ပင္ေဖာ္ေ႐ႊစြာဆိုေလသည္။

"သခင္ႀကီးခ်န္ရဲ႕ခင္ပြန္းသည္ကေတာ့ေလ ေလာကႀကီးမွာ ရွားမွရွား ဂုဏ္သေရရွိ ရတနာေလးပဲ သခင္ႀကီးသာမပိုင္ရင္ ကြၽန္မသမီးနဲ႔ထိမ္းျမႇားေပးဖို႔ အတင္းကမ္းလွမ္းမိမွာ..."

သခင္ႀကီးခ်န္က ေလာ္ယြင္ရွီးခါးေသးေသးေလးကိုဖက္လ်က္ တဖက္မွလဲ လက္ကေလးကိုခပ္တင္းတင္းဆုတ္ကိုင္ကာ အသက္မပါေသာအၿပဳံးျဖင့္ပင္ ႏွစ္သိမ့္ေပးရွာပါသည္။

"သခင္မကေတာ့ အေတာ္ေလာဘႀကီးလြန္းေနပါၿပီ ယြင္ရွီးက ကြၽန္ေတာ့္အတြက္ပဲေလ ကြၽန္ေတာ္သာမပိုင္ဆိုင္ႏိုင္ရင္ သခင္မရဲ႕သမီးေလးအတြက္ သူကေမြးဖြားလာမယ္ထင္လို႔လား"

သခင္ႀကီးခ်န္အေျပာေၾကာင့္ ၿမိဳ႕စားမင္းအၿပဳံးသည္ပင္တန႔္သြားရ၏။ သူ႔ရွင္မကေတာ့ျဖင့္ က်ားအၿမီးသြားဆြဲေနျပန္ေလၿပီ။ ဒီသခင္ႀကီးအေၾကာင္း မသိေသးတာလဲမဟုတ္ေပပဲနဲ႔။

"အိုက္ယား သခင္ႀကီးေျပာတာဟုတ္ေပတာပဲ သခင္ေလာ္က သခင္ႀကီးတစ္ဦးတည္းအတြက္ပဲ ေမြးဖြားလာတာပါ ကဲရွင္မေရ မင္းရဲ႕သမီးေလးကိုသြားၾကည့္ပါဦး သခင္ႀကီးတို႔ႂကြပါ.."

ၿမိဳ႕စားမင္းကပင္ အျမန္စကားလုံးတို႔ဖာေထး၍ သူ႔ရွင္မကို ႏွင္လြတ္ရသည္။ မဟုတ္ပါက ခဏေနလွ်င္ ေရခဲအတြင္းအားလႈိင္းေတြ သူ႔ထံေရာက္လာႏိုင္သည္။

ေလာ္ယြင္ရွီးက ခပ္ၿပဳံးၿပဳံးနဲ႔ သူလက္ေလးကိုအသာျပန္႐ုန္းရင္းဆိုသည္။

"မင္းကေလ ....ခုထိကေလးစိတ္ပဲ.... သခင္မကသေဘာေျပာတာပါ"

"သေဘာတရားလဲ မရပါဘူး ယြင္ရွီးက ကိုယ္တစ္ေယာက္တည္းအတြက္ပဲဟာ "

အႏွီသူကေတာ့စူပုတ္ပုတ္ပင္။ ဒါေတာင္မွ ေခ်ာေမာေနေသာမ်က္ႏွာတည္တည္က အရွိန္အဝါအနည္းငယ္မွ်ပင္ ေလ်ာ့ပါးမသြားပါေခ်။

"ေအးပါ ေအးပါ ဟုတ္ပါၿပီ မင္းကေလ... ေျပာလို႔ကိုမရဘူး"

ေလာ္ယြင္ရွီးအေနႏွင့္ထိုသို႔ေျပာေသာ္လည္း သူ႔ႏွလုံးသားထဲ၌ အလြန္တစ္ရာကိုမွ ေႏြးေထြးေနသည္ေလ။ ေဆာင္းေလေအးတို႔ က်ီစယ္ေနသည္မွာ သူ႔ထံသို႔ အနည္းငယ္မွ်ပင္ အရာပင္မေရာက္ႏိုင္ပါေခ်။

သူကလဲ ဒီသခင္ႀကီး၏တစ္ဦးတည္းေသာသူ ျဖစ္ရျခင္းအတြက္မ်ားစြာ ေက်နပ္ေပတာပဲ။

တစ္စုံတစ္ေယာက္ရဲ႕ ခ်စ္ခင္ႏွစ္သက္မႈရရွိျခင္း... တစ္စုံတစ္ေယာက္ထံမွ စစ္မွန္ေသာေမတၱာတို႔ေပးအပ္ျခင္းခံရသည္က လူတိုင္းေတာင္းတအပ္ေသာ ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ရာ ဆႏၵတစ္ခုျဖစ္ပါလွ်င္ ထိုတစ္စုံတစ္ေယာက္သည္ကား ကိုယ္တိုင္က သိပ္ကိုျမတ္ႏိုးတြယ္တာမိသူျဖစ္ပါမူ တုႏႈိင္းျပစရာပင္မရွိေတာ့ပါေခ်။

သူသည္လည္းပဲ ဒီအတိုင္းေလး...အသက္ထက္ဆုံး ေနထိုင္သြားခြင့္...ရခ်င္မိပါ၏။

မဂၤလာအခမ္းနားသည္ကား ေပ်ာ္႐ႊင္ဝမ္းေျမာက္ဖြယ္ပင္ ၿပီးစီးခဲ့ပါသည္။ သခင္ႀကီးခ်န္ကား ဖူးစားေရးနတ္မင္း ဝင္စားခဲ့သည္လား မေျပာတတ္ေတာ့ေပ။ ဖန္းခ်န္ၿမိဳ႕မွ လက္ထပ္မဂၤလာပြဲမ်ားသို႔ သူသြားေရာက္ဂုဏ္မျပဳဖူးတာ မရွိသေလာက္ပါပင္။ ၿပီးလွ်င္ ထိုသခင္ႀကီးကဆိုပါလိမ့္မည္ သူတို႔သည္လဲ မိုးေျမကန္ေတာ့ၿပီး လက္ထပ္ယူခဲ့တာျဖစ္ေၾကာင္း စကားေဖာင္ဖြဲ႕ကာ ဂုဏ္ယူစြာႂကြားဝါတတ္ေသးသည္။

ေလာ္ယြင္ရွီးကေတာ့ ဒီေန႔မွသာ လိုက္ပါခဲ့ရာ ခါတိုင္းသခင္ႀကီးႂကြားသည္မွာ သာမန္မွ်သာမွတ္ယူခဲ့ရာ ယေန႔တြင္ကား အံ့ဩတႀကီးျဖစ္ေနရ၏။ ဖန္းခ်န္ၿမိဳ႕မွဂုဏ္သေရရွိလူႀကီးမ်ားကေတာ့ တစ္ၿပဳံးၿပဳံးနားေထာင္လ်က္ေပါ့။ သူတို႔အတြက္႐ိုးအီေနေပၿပီ။ သို႔ပါေသာ္လည္းသခင္ႀကီးခ်န္ႂကြားႏိုင္ေလာက္ေအာင္ သခင္ႀကီးေလာ္ကလဲ တင့္တယ္ျမင့္ျမတ္ေသာ ဇာမဏီပါပဲေလ။

"ကြၽန္ေတာ္တို႔ မိုးေျမကန္ေတာ့တဲ့အခ်ိန္ တစ္ေလာကလုံးက က်က္သေရေတာ္ေတြက ယြင္ရွီးဆီမွာ စုပုံေနသလိုပဲဗ်ာ အရမ္းကိုမွတင့္တယ္ေနတာ ခုခ်ိန္ထိမ်က္စိထဲကမထြက္ဘူးဗ်ာ .... "

ဖန္းခ်န္ၿမိဳ႕မွလူႀကီးမ်ား: "ဒါေပါ့ဗ်ာ ဒါေပါ့ သခင္ေလာ္ကသာ အတင့္တယ္ဆုံးျဖစ္မွာ မလြဲဧကန္ပါပဲ "

"အနီေရာင္သတို႔သားဝတ္႐ုံက ယြင္ရွီးနဲ႔ပဲအရမ္းအရမ္းလိုက္ဖက္တာ"

ဖန္းခ်န္ၿမိဳ႕မွ လူႀကီးမ်ား:"........"

ဘယ္သူေတြကမ်ား မလိုက္ဖက္ေနလို႔ပါလဲ။ ခုဏေလးတင္မွ မဂၤလာယူထားေသာ သူတို႔သားမိဘမ်ားသည္ပင္လွည့္ၾကည့္လွည့္ၾကည့္။ အႏွီသခင္ႀကီးၾကည့္ေတာ့ ထိုအေၾကာင္းအရာအားလုံးတည္တည္ၿငိမ္ၿငိမ္ပင္ ေျပာေနေလသည္။ ေႏွာက္ေနပုံလည္းမေပၚေပ။ ေသခ်ာေပါက္သခင္ေလာ္ကေတာ့ ၿပိဳင္ဘက္ကင္းျဖစ္ခဲ့မွာပဲဟုသာ ေျဖေတြးလိုက္ၾကေတာ့၏။

ဒါနဲ႔ စကားမစပ္ သခင္ႀကီးကေရာ အနီေရာင္သတို႔သားဝတ္စုံကို မဝတ္ခဲ့လို႔မ်ားလား။ အတိအက်ပင္ မဝတ္ခဲ့တာကေတာ့ သူတို႔ႏွစ္ဦးသာသိေပသည္ေပါ့။ သည္အေၾကာင္းေတာ့ သခင္ႀကီးက နည္းနည္းေလးပင္ မဟပါေခ်။ ေလာ္ယြင္ရွီးမွာ ထိုရွဴတည္တည္ႏွင့္သခင္ႀကီးအား ျပန္ရန္မနည္းပင္ေျဖာင္းဖ်ခဲ့ကာ အတင္းပင္ဆြဲထုတ္ခဲ့ရေလသည္။

ၿမိဳ႕ထဲတြင္ ထုံးစံအတိုင္းသူေဌးက်ဴဆိုင္၌ မုန႔္မ်ားဝယ္ယူရာ သည္ေန႔တြင္ေတာ့ စိတ္ၾကည္ေနသည့္ သခင္ႀကီးကေလာ္ယြင္ရွီးအား ေဝါယာဥ္ေပၚတြင္ မေစာင့္ခိုင္းထားေပ။ လက္ကေလးတြဲလွ်က္ပင္ မ်က္ႏွာေတာ္ေမာ္ခ်ီလွ်က္ ဆိုင္ထဲဝင္လာေတာ့သည္။

ဆိုင္တြင္းမွစားသုံးသူမ်ားသည္ ထိုေက်ာက္စိမ္းေမာင္ႏွံအား ယေန႔မွပင္ အျပည့္အဝပင္ရွဴစားခြင့္ ရၾကေတာ့သည္။ သခင္ႀကီးခ်န္တြန႔္တိုလြန္းသည္အား မွားသည္ဟုပင္ မထင္ႏိုင္ၾကေတာ့ေပ။ ထိုသခင္ႀကီးရဲ႕ခင္ပြန္းသည္ သခင္ႀကီးေလာ္သည္ ေလာကၿပိဳင္ဘက္ကင္း အလွေလးပင္ ျဖစ္ေခ်၏။

ဤအခ်ိန္၌ ၿမိဳ႕ထဲလမ္းေပၚတြင္ ဝ႐ုန္းသုန္းကားအေျခေနမ်ား ျဖစ္လာေတာ့သည္။

သခင္ႀကီးခ်န္ မ်က္ေမွာင္တခ်က္တြန႔္လိုက္မိ၏။

မီတာတစ္ရာပတ္လည္အကြာအေဝးမွ မ်ားျပားလွစြာေသာ ျမင္းခြာသံမ်ားထြက္ေပၚလာသည္။

အၿမဲေအးခ်မ္းသာယာေနေသာ ဖန္းခ်န္းၿမိဳ႕သည္ ႐ုတ္တရက္ထူးဆန္းစြာ ျမန္ျမန္ဆန္ဆန္ပင္ ဆူညံပြက္ေလာ႐ိုက္ကုန္ေတာ့၏။ ျမင္းလန႔္၍ေျပးလြားကုန္ၾကေသာ ကေလးသူငယ္မ်ားႏွင့္ ေဈးလွည္းကိုယ္စီဆြဲ၍ ေရွာင္တိမ္းကုန္ၾကေသာ လမ္းေဘးေဈးသည္မ်ား
ေျပးရင္းလႊားရင္း အလဲလဲအၿပိဳၿပိဳျဖစ္ကုန္ၾကေသာ ေဈးဝယ္သူမ်ား ထိုမွတဖန္ ဆူညံေသာ အျဖစ္အပ်က္မ်ား လွ်င္ျမန္စြာ ၿပီးဆုံခ်ိန္တြင္ ၿမိဳ႕လယ္လမ္းမႀကီး တေလွ်ာက္သည္ကား ဒိုက္ပုံႀကီးကိုကမ္းစပ္သို႔တြန္းဖယ္လိုက္ေသာ ကန္ေရျပင္ပမာ ရွင္းလင္းသြားေလေတာ့သည္။

ေလေအးၾကမ္းၾကမ္း၏ ဝွီးခနဲ ႐ြီးခနဲ ေဝွ႔ယမ္းမႈနဲ႔အတူ ၿမိဳ႕လယ္လမ္းေဘးတစ္ေလွ်ာက္ စီတန္းေပါက္ေရာက္ေနသာ သစၥာေတာ္ခံပန္းပင္မ်ားမွ ပြင့္ဖတ္ ပြင့္လႊာမ်ားသည္ တစ္ဖြဲဖြဲျဖင့္ အဆက္မျပတ္ပင္ ေဝ့ဝဲက်ဆင္းလာကာ ကဗ်ာဆန္လွစြာ လြင့္ေျမာေနၾကပါေတာ့သည္။

အိမ္ေတာ္အသီးသီးမွလူမ်ား စားေသာက္ဆိုင္မ်ားမွ စားသုံးသူမ်ား ေဘးကပ္ကုန္ၾကေသာ လမ္းသြားလမ္းလာ ၿမိဳ႕သူၿမိဳ႕သား အားလုံးမွာလဲ လမ္းမထက္သို႔ စိတ္ဝင္တစားၾကည့္ရႈကုန္ၾကပါ၏။

ေဆာင္းေန႔လည္ခင္းရဲ႕ ေနေရာင္ေအာက္တြင္ ေ႐ႊေရာင္တို႔ျဖင့္ဝင္းလက္ေနေသာ ခ်ပ္ဝတ္တန္ဆာအျပည့္ျဖင့္ဆင္ယင္ကာ စစ္ျမင္းမ်ားကိုစီးႏွင္းလွ်က္ ေ႐ႊေရာင္မ်က္ႏွာဖုံးကာမ်ား တပ္ဆင္ထားၾကေသာ ေတာ္ဝင္တပ္သားသုံးရာခန႔္သည္ သူေဌးက်ဴ၏ "ပန္းတစ္ရာ" မုန႔္ဆိုင္ေရွ႕တြင္ရပ္တန႔္လိုက္ၾကသည္။

ထိုတပ္သားမ်ားသည္ကား က်ိဴးဘုရင္၏လက္ေ႐ြးစင္ ေ႐ႊေရာင္တပ္သားအဖြဲ႕ဝင္မ်ားပင္ ျဖစ္ေခ်ေတာ့၏။

ေလာယြင္ရွီးက သခင္ႀကီးခ်န္၏ ဝတ္႐ုံေတာ္ကို ခပ္တင္းတင္းဆုတ္ကိုင္လိုက္မိသည္။

တပ္သားမ်ားအားလုံးေျမျပင္ေပၚဆင္းကာ ဒူးေထာက္လိုက္ၾကေလသည္။ ထိုေနာက္တစ္ၿပိဳင္နက္ပင္...

"မင္းႀကီးကို ..ဂါရဝျပဳပါတယ္!!!"

ပတ္ဝန္းက်င္ကား ေန႔လည္ခင္းအခ်ိန္တြင္ အပ္က်သံၾကားရေလာက္သည္ထိ တိတ္ဆိတ္ေနခဲ့လ်က္။

ထိုေနာက္တြင္ကား ပတ္ဝန္းက်င္မွ လူအားလုံးသည္လည္း အံ့အားသင့္လ်က္ ေအးစက္ေတာင့္တင္းေနရာမွ တိုင္ပင္စရာမလိုပဲ အားလုံးၿပိဳင္တူပင္ ဒူးေထာက္ဦးၫႊတ္လိုက္ၾကေတာ့သည္။

"မင္းႀကီးကို...ဂါရဝျပဳပါတယ္!!!"

အရာအားလုံးဟာ ထိုအခိုက္အတန႔္၌အားလုံးရပ္တန႔္သြားပါသလို။ ေမွ်ာလြင့္ေနေသာ သစၥာေတာ္ခံပန္းပြင့္လႊာေလးေတြမွ....လြဲ၍ေပါ့။

မထင္မွတ္ထားေသာ အရာမ်ားသည္ မထင္မွတ္ထားေသာ အခ်ိန္တြင္ ျဖစ္ပ်က္လာႏိုင္သကဲ့သို႔...

ထင္မွတ္ထားေသာ အရာမ်ားသည္လည္း... ေစာစီးလွ်င္ျမန္လွစြာပင္ မထင္မွတ္ထားေသာ အခ်ိန္တြင္ ျဖစ္ပ်က္လာခဲ့ပါေတာ့သည္။

------------------------

Note: ဒီTwo parallel linesေတာင္မၿပီးေသးဘူး ေနာက္တစ္ပုဒ္စဖို႔wallထဲမွာ အသစ္ထည့္ထားၿပီးၿပီ😆။
Two parallel linesက5ပိုင္းထဲပါ ။တဝက္ၿပီးပါၿပီ။ ေနာက္ထပ္၂ပိုင္းခြဲဆိုၿပီးၿပီရယ္။ အစကဒီဇာတ္လမ္းကို ဇာတ္လမ္းရွည္ေရးဖို႔ plotlineဆြဲထားတာ။ ေရးလို႔မၿပီးႏိုင္မွာစိုးလို႔ ခ်ဴံ႕လိုက္တာ အမ်ားႀကီးေက်ာ္ခ်လိုက္ရတဲ့အတြက္စိတ္မေကာင္းပါဘူး။ အေရးသားလိုအပ္ရင္သည္းခံေပးၾကပါေနာ္... အမွတ္တရေလးထားခဲ့ခ်င္လို႔ပါ။

Continue Reading

You'll Also Like

717K 122K 119
เถšเท€เท”เถปเท”เถญเทŠ เถฑเทเถญเท’เท€ เถ‹เถนเถธ เถ‹เถนเทš เท„เท’เถญ เทƒเถฑเทƒ เถœเถญเทŠ เถฏเท€เทƒเถง เถ’เท„เท’เถญ เถ’ เท„เทšเถญเท”เท€เถงเถธ เถšเท’เทƒเท’เถฏเท’เถฑ เถฑเทเท€เถญ เถฑเทœเท€เทเถงเท™เถฑเท” เถ‡เถญ.........!!
110K 12.8K 65
แ€œแ€ฐแ€แ€ฝแ€ฑแ€™แ€žแ€ญแ€แ€ฒแ€ท แ€„แ€ซแ€ทแ€›แ€ฒแ€ทแ€”แ€ฑแ€ฌแ€€แ€บแ€•แ€ฏแ€ถแ€…แ€ถแ€แ€…แ€บแ€™แ€ปแ€ญแ€ฏแ€ธแ€€แ€ญแ€ฏ แ€„แ€ซแ€€แ€ญแ€ฏแ€šแ€บแ€แ€ญแ€ฏแ€„แ€บแ€แ€ฑแ€ฌแ€„แ€บแ€กแ€ถแ€ทแ€ฉแ€แ€šแ€บ...
593K 102K 91
เถธเท เถฏเถฑเทŠเถฑเท เถดเทŠโ€เถปเทšเถธเถฑเท“เถบเถธ เถบเถšเทŠเทเถดเถปเทเถฑเถบ เถ…เถœเทŠเถฑเท’!!
84.6K 11K 41
Apรณs a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiรฃo do Caribe, Mon assume como capitรฃ do navio Concorde. Bem qu...