(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

By Xiao_Yiii

692K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... More

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(66-2) - အဝတ်အစားချွတ်ခြင်း
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း

6.1K 1.2K 38
By Xiao_Yiii

Unicode

အခန်း(၃၂) - ခေါင်းအုံးမျှအိပ်ခြင်း

သုံးယောက်ထဲမှာ ရန်ကျင်းက စကားနည်းတဲ့ ဘူးသီးတောင်းတစ်ယောက် ဖြစ်နေပြီး သွမ့်ယွမ်ကတော့ အပြင်လူတွေ ရှေ့မှာဆိုရင် 'ညင်သာပြီးကြော့ရှင်း' သလို ဟန်ဆောင်နေကြ ဖြစ်နေသည်။ ထို့ကြောင့် တစ်ခြားသူများနဲ့ စကားပြောဖို့က ရှန်ကျစ်ရှန်းတစ်ယောက်တည်းသာ ကျန်ရစ်၏။

သူက လှပတဲ့ အသွင်အပြင်ရှိပြီး လိုက်လျောညီထွေတဲ့ စိတ်နေစိတ်ထား ရှိတာကြောင့်, ပေါင်းစပ်လိုက်သောအခါ လူများကို သက်တောင့်သက်သာ ဖြစ်စေရန်အတွက် အထောက်အကူ ပြုနေသည်။

လူလတ်ပိုင်းကြီးက 'အမ်း' ဟုပြောလိုက်ပြီးမှ ကျေနပ်အားရတဲ့ အမူအယာအားထုတ်ဖော်ပြသလာ၏။

"မျှော်လင့်ထားသလိုပဲပေါ့, အဲ့ဒီလျို့ဝှက်မြေက အရင်တုန်းက တစ်ခါမှ မပွင့်ခဲ့ဘူးဘူးလို့ ကောလဟာလတွေ ဖြစ်နေတယ်, အဲ့ဒီထဲမှာ ရတနာ ဘယ်လောက်တောင် ရှာတွေ့မလဲ ဘယ်သူသိမလဲ? ကျုပ်ရဲ့ ကံကောင်းခြင်းကို ကြိုးစားကြည့်တာက ပုံမှန်ပါပဲလေ"

သူက အဲ့ဒီ လျို့ဝှက်မြေနဲ့ ပတ်သတ်ပြီး ပိုသိပုံရတယ်

ရှန်ကျစ်ရှန်းက တိတ်တဆိတ် တွေးမိ၏။ အပြုံးတစ်ခုနဲ့အတူ မေးခွန်းအနည်းငယ် ထပ်မေးလိုက်ပြီး ပိုကောင်းမွန်တဲ့ နားလည်မှုရဖို့ ကြိုးစားလိုက်သည်။

ဒီလျို့ဝှက်နယ်မြေက ရှင်ချုန်းနားတွင် လွန်ခဲ့တဲ့ လများစွာကတည်းက ပေါ်ထွက်ခဲ့သော်လည်း ဖွင့်လို့မရသေးပေ။ ၎င်းသည် သိပ်သည်းသော ဝိညာဉ်ချီများနဲ့ ဝန်းရံထားသည်။ ဒါကိုကြည့်ခြင်းဖြင့် ဝိညာဉ်နယ်မြေက ဘယ်လောက်တောင် ထူးခြားနေသည်ကို ညွှန်ပြနေသည်။

ရလဒ်ကတော့ များပြားလှတဲ့ ကျင့်ကြံသူများ စုရုံးရောက်ရှိလာခြင်းပင်။

ကျင့်ကြံသူများစွာက ရှင်ချုန်းမှာ စုရုံးပြီး လျို့ဝှက်နယ်မြေ ပွင့်လာမည်ကို စောင့်နေကြသည်။ တိုက်တိုက်ဆိုင်ဆိုင် ရှင်ချုန်းရဲ့ ပိုင်ရှင်က ရွမ်ကျီတာဝါရဲ့ တပည့်ဖြစ်နေ၏။ ရှည်ကြာစွာ တွက်ချက်ပြီးနောက်မှာတော့ သူက လျို့ဝှက်နယ်မြေဟာ နောက်ရက်အနည်းငယ်အတွင်း ပွင့်မယ်လို့ ကောက်ချက်ချလိုက်သည်။

"ကျုပ်အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ရဖို့တော့ မျှော်လင့်မိတယ်...."

လူလတ်ပိုင်းကြီးက သူ့မေးကို တွေးတွေးဆဆနဲ့ ထိလိုက်သည်။

"ပြောကြတာတော့ ဒါကဘယ်တုန်းကမှ မပေါ်လာခဲ့ဘူးပဲ အရမ်းကို ရှေးကျလွန်းတဲ့ လျို့ဝှက်နယ်မြေတဲ့, အထဲမှာ ဘယ်လောက်တောင် ကြွယ်ဝမလဲ ဘယ်သူသိမှာလဲ?"

လျို့ဝှက်နယ်မြေထဲကို လူတိုင်းဝင်နိုင်တာ မဟုတ်ပေ။ တစ်ချို့ အဆင့်မြင့် လျို့ဝှက်နယ်မြေများက သူတို့ထဲ ဝင်ရောက်နိုင်မယ့်သူကို ရွေးချယ်သေးသည်။ တကယ်တော့လည်း အဆင့်က မြင့်လေလေ အထဲမှာ သိုဝှက်ထားတဲ့ ပစ္စည်းကောင်းတွေက ပိုများလေလေဖြစ်ကာ အန္တာရယ်ကလည်း ပိုမိုမြင့်မားသည်။ အကယ်၍ ကျင့်ကြံသူက စံနှုန်းနဲ့ မကိုက်ညီဘူးဆိုရင် သူပဲဖြစ်ဖြစ် သူမပဲဖြစ်ဖြစ် ဝင်နိုင်မှာ မဟုတ်ပေ။

ဒါကပြဿနာဖြစ်နိုင်တယ်

ရှန်ကျစ်ရှန်းက သူ့ဘာသာသူ စဉ်းစားမိသည်။ သူ့ကျင့်ကြံဆင့်က အတော်လေး မြင့်မားပေမယ့်လည်း ဝိညာဉ်စွမ်းအားက ဖိနှိပ်ထားတာလေ။ သူဝင်နိုင်မယ်ဆိုတာ မသေချာဘူး။

စားသောက်ဆိုင်က လူများနေတာကြောင့် ဟင်းပွဲများ ရောက်ရှိလာရန် နှေးကွေးနေသည်။ ရှန်ကျစ်ရှန်းရဲ့ ဘယ်စကားက လူလတ်ပိုင်းကြီးအား သူ့ကို စစ်ဆေးမိသွားစေလဲ မသိပေ။  ရှန်ကျစ်ရှန်းက ဝိညာဉ်စွမ်းအား မရှိတဲ့ သာမာန်လူဖြစ်ကြောင်း သိသွားသောအခါ ရှန်ကျစ်ရှန်းကို တွက်ချက်ပေးဖို့ဆိုပြီး လက်တစ်ဆုပ်စာ ဗေဒင်တွက်သည့် တုတ်ချောင်းလေးများကို ထုတ်ယူလာသည်။

"မင်းက သာမာန်လူတစ်ယောက်လား ဆိုတာတော့ စောင့်ကြည့်ရဦးမယ် ဆိုပေမယ့် မင်းအတွက် တွက်ချက်ပေးမယ် ဆိုရင်ရော ဘယ်လိုလဲ? ဒီလို သာမာန်ပစ္စည်းတွေကို သာမာန်လူတွေအတွက် အသုံးပြုရတာက သိပ်အားမထုတ်ရဘူး" သူက ဗေဒင်တွက်သည့် တုတ်ချောင်းများ ထည့်ထားသော ပြွန်ကိုကိုင်ထားပြီး တုတ်သုံးချောင်း ဆွဲထုတ်ရန် သူ့အား တောင်းဆိုလိုက်သည်။

"မင်းကဒီထိတောင် ရောက်လာပြီဆိုမှတော့ ပုံမှန်မဟုတ်တဲ့ အခွင့်အလမ်းတစ်ချို့ကို ရရှိလိမ့်မယ်"

ရှန်ကျစ်ရှန်းရဲ့ မျက်လုံးက ထိုလူ ကိုင်ထားသည့် ဗေဒင်တုတ်ထည့်သော ပြွန်ပေါ်သို့ ရောက်ရှိနေသည်။ ထိုပြွန်က သာမာန်ပြွန်များနဲ့ ကွာခြားသည်။ ကိုယ်ထည်က နက္ခတ်ဗေဒင် လက္ခဏာများကဲ့သို့ အလွန်နူးညံ့ သိမ်မွေ့သော ပုံစံများဖြင့် ထွင်းထုထားသည်။ အတွင်းမှ ကျောက်စိမ်းတုတ်လေးများက ရှုပ်ထွေးသော မျဉ်းများဖြင့် ထွင်းထားပြီး တစ်ခုစီတိုင်းမှာ ဝိညာဉ်စွမ်းအင်များနှင့် တွဲထားသည်။

ဒါသည် ကျင့်ကြံသူကြီးရဲ့ လက်နက်များ ဖြစ်သလို သူဗေဒင်တွက်သည့်အခါ သုံးသော ကိရိယာများလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရှန်ကျစ်ရှန်းသည် ဘာမှမလုပ်ပဲ ထိုင်နေရုံသာ ဖြစ်တာကြောင့် အန္တာရယ်ကင်းသည်ဟု စဉ်းစားကာ အလွန်ထင်းနေသည့် တုတ်သုံးချောင်းကို ဆွဲထုတ်လိုက်သည်။ ဘာကို ဆိုလိုနေကြတာလဲ သိရရန် ပြန်ပြီး အတည်ပြုကြည့်သော်လည်း သူတို့က ဘာကိုဆိုလိုချင်မှန်း မသိပေ။

ရွှမ်းကျီတာဝါမှ လူလတ်ပိုင်းကြီးက ကျောက်စိမ်းတုတ် သုံးချောင်းအား လှမ်းယူလိုက်ကာ စားပွဲပေါ်တင်လိုက်သည်။ တုတ်ချောင်းလေးများထဲက ဝိညာဉ်စွမ်းအားက ပါးလွှာ ပျော့ပြောင်းလှသည့် ချည်မျှင်တစ်ခုလို ကျောက်စိမ်းတုတ် သုံးချောင်းအား အတူတကွ တွဲချည်လိုက်သည်။ ထိုလူက ရေရွတ်နေရင်းဖြင့် တုတ်လေးများကို တီးခတ်နေ၏။

လူလတ်ပိုင်းကြီးက ရလဒ်ကို တွက်ချက်ဖို့အတွက် အချိန် သိပ်မကြာလိုက်ပေ။ သူ့အသံက အံ့အားသင့်နေဟန်ဖြင့် ပြောလာသည်။

"ဒီလောက် ကောင်းတဲ့ လက္ခဏာနက္ခတ်မျိုးကို ပထမဆုံးမြင်ဘူးတာပဲ... မင်းရဲ့ ခရီးနဲ့ ပတ်သတ်လို့တော့ လိုချင်တာကို
ရလိမ့်မယ်!"

ဘယ်လိုလူက ကောင်းတဲ့အရာတွေ နားထောင်ရတာ မကြိုက်မှာလဲ? လူလတ်ပိုင်းကြီးက ဒါကို ဘယ်လို နိဂုံးချုပ်ပြီး တွက်လိုက်တာလဲ ဆိုတာကို မသိပေမယ့် ရှန်ကျစ်ရှန်းကတော့ နားထောင်ပြီး အတော်လေး ပျော်မြူးသွားမိဆဲပင်။ သူ့အပြုံးက ကျယ်ပြန့်သွားကာ ထိုလူအား ကျေးဇူးတင်လိုက်သည်။

လူလတ်ပိုင်းကြီးက ကျောက်စိမ်း တုတ်ချောင်းလေးများကို ပြန်ကောက်ယူလိုက်ပြီး ကျယ်လောင်စွာဖြင့် အံ့သြတကြီး ထပ်ပြောသည်။

"ဒီလောက်ကောင်းတဲ့ လက္ခဏာနက္ခတ်မျိုးကို ကျုပ်မြင်ဘူးတာ ပထမဆုံးပဲဗျာ...."

ထိုလူဘာမှ ဆက်မပြောနိုင်သေးခင်မှာပင် စားပွဲထိုးသေးသေးလေးက စားစရာများနဲ့အတူ ရောက်လာသည်။

သူ့စားစရာသူ စားသောက်ပြီးနောက် လူလတ်ပိုင်းကြီးက သူ့ရဲ့ ဗေဒင်ဟောသော တုတ်ချောင်းလေးများကို ပြန်သိမ်းဆည်း၍ ရှန်ကျစ်ရှန်းရဲ့ အလွန်ကောင်းတဲ့ လက္ခဏာနက္ခတ်မျိုးအား နောက်တစ်ဖန် အံအားသင့်ကြောင်းပြောကာ ထွက်ခွာသွားသည်။

သုံးယောက်သား ခဏမျှ အနားယူပြီးနောက် ထွက်ခွာကြရပြန်သည်။ သူတို့တွေ ဒီလောက်အကြာကြီး အနားယူကြရသည့် အကြောင်းအရင်းက ရှန်ကျစ်ရှန်းကြောင့်ဖြစ်သည်။ ရန်ကျင်းနဲ့ သွမ့်ယွမ်တို့က သူတို့ခန္တာကိုယ်မှာ ဝိညာဉ်စွမ်းအားများ ရှိကြတာကြောင့် ခရီးသွားတဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်မှုကို မခံစားရပေ။ တစ်ခြားတစ်ဖက်မှာ ရှန်ကျစ်ရှန်းကတော့ သာမာန် လူတစ်ယောက်လို ဖြစ်နေတာကြောင့် သဘာဝကျကျပင် ပင်ပန်းမှုကို ခံစားရသည်။

အခုတော့ သူတို့မှာ တိကျသေချာတဲ့ ဦးတည်ရာရှိသွားပြီ ဖြစ်တာကြောင့် သုံးယောက်သား တစ်ညနေလုံး သူတို့ရဲ့ ပန်းတိုင်ရှိရာသို့ ဦးတည် သွားလိုက်ကြသည်။ နောက်ဆုံးတော့ မမှောင်ခင်မှာပင် ရှင်ချုန်းသို့ ရောက်လာကြ၏။

လျို့ဝှက်နယ်မြေက မကြာခင် ပွင့်တော့မှာဖြစ်သောကြောင့် ကျင့်ကြံသူများစွာ ရောက်ရှိနေကြသည်။ တည်းခိုခန်းက ပြည့်လုနီးပါး ဖြစ်နေတာကြောင့် အခန်းလွတ်ရှာရတာ ခက်ခဲလှသည်။ ကံကောင်းစွာနဲ့ မြင့်မားလွန်းတဲ့ ဈေးနှုန်းကြောင့် လွတ်နေသည့် ပထမတန်းစား အခန်းနှစ်ခန်းကို ရရှိလိုက်လေသည်။

'အခန်းနှစ်ခန်း' ဆိုတဲ့စကားများကို ကြားသောအခါ ရှန်ကျစ်ရှန်းက သက်ပြင်းချသည်။ သူက ရန်ကျင်းနဲ့ အခန်းမျှသုံးရတာကို သဘောကျပေမယ့်လည်း တိတ်တိတ်လေး စာခိုးဖတ်လို့မရတာကိုတော့ ဝမ်းနည်းမိသည်လေ။

တစ်နေ့တုန်းက သူတို့တွေ အခန်းအများကြီးရှိတဲ့ တည်းခိုခန်းတစ်ခုမှာ ရပ်တန့်မိကြသည်။ ထို့ကြောင့် သုံးယောက်သား ကိုယ့်အခန်းနဲ့ကိုယ် အိပ်ရသည်။ ရန်ကျင်းမရှိတာနဲ့ ရှန်ကျစ်ရှန်းက တိတ်တိတ်လေး ညနက်တဲ့အထိ စာအုပ်တစ်စုံလုံး ပြီးလုနီးပါးထိ ဖတ်ပစ်လိုက်သည်။

သူပိုပြီး လိုချင်သေးတယ်

အဲ့ဒါက တကယ့်ကို အရမ်းကောင်းလွန်းတယ်

အိုး!

နွေးထွေးတဲ့ မတ်လနွေပြေလိုမျိုး နူးညံ့သိမ်မွေ့တဲ့ မျက်နှာ၊ နူးညံသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ အဲ့ဒီလို လျို့ဝှက်ချက်မျိုးက လူတွေကို စွဲလမ်းစေပြီး မရပ်တန့်နိုင်အောင် လုပ်နေတယ်။

ရိုးရိုးသားသား ပြောရရင် ဇာတ်လိုက်နှစ်ယောက်က ရန်ကျင်းနဲ့ သူ့ကိုယ်သူ အခြေခံထားတယ် ဆိုတာအား မေ့လုနီးပါးပင်။ ဒီဇာတ်လမ်းက တစ်ခြားသူတွေ အကြောင်းပါဆိုပြီး စတင်တွေးမိနေသည်။ သူအကြိုက်ဆုံး အပိုင်းကိုရောက်တဲ့ အချိန်တိုင်း စာပိုဒ်ကို နှစ်ခါလောက် ဖတ်လေ့ရှိသည်။

ရှန်ကျစ်ရှန်းသည် သူတစ်ခုခု မေ့နေတယ်လို့တော့ ဝေဝေဝါးဝါး ခံစားနေရပေမယ့် ကိစ္စတော့ မရှိပါဘူးလေ။ ဒါတွေအားလုံးပြီးရင် ချင်းယွင် ပိုင်ရှောင်းရှုံးက ဇာတ်လမ်းအသစ်များ ရေးထားသလားလို့ သွားရှာဖို့တောင် ဆုံးဖြတ်ချက်ချပြီးသွားပြီ။ ဘယ်လို ကိစ္စသေးသေးလေးကမှ သူ့ကိုမတားဆီးနိုင်ဘူး။

ချင်းယွင်ဂိုဏ်းရဲ့ ဘယ်တပည့်က ချင်းယွင်ပိုင်ရှောင်းရှုံးလဲတော့ မသိပေမယ့် သူဆုံးဖြတ်လိုက်ပြီ အကယ်၍ ဘယ်သူလဲ ရှာတွေ့ရင် သုံးလလောက် ဖရဲသီးစိုက်ခိုင်းပြီး အပြစ်ပေးမယ့်အစား သူ......တစ်လထိ လျော့ချပေးလိုက်မယ်!

ညက အတော်လေး နက်နေပြီ။ ရှန်ကျစ်ရှန်းက အိပ်ယာပေါ် ကုန်းရုန်းတက်သွားကာ ငိုက်မြည်းစွာဖြင့် သန်းဝေရင်း ပုံမှန်လိုပင် မေးလိုက်သည်။

"မင်းဒီည ဒီမှာအိပ်မှာလား?"

သူက ဒီသာလွန်လှတဲ့ ကုတင်ကြီးကို သူနဲ့အတူ မျှအိပ်ချင်လားဟု ရန်ကျင်းအား မေးချင်တာဖြစ်သည်။ ငွေမြောက်မြားစွာ သုံးထားတာကြောင့် အရာအားလုံးက အရမ်းကောင်းမွန်နေသည်။ အိပ်ယာက လူနှစ်ယောက် သက်တောင့်သက်သာ အိပ်ဖို့ထိ လုံလောက်အောင် ကြီးမားတဲ့ ကုတင်တစ်လုံးဖြစ်သည်။ ရှန်ကျစ်ရှန်းရဲ့ ပြတ်သားလှတဲ့ ခံယူချက်ကတော့ သူတို့က ညီအစ်ကိုတွေဖြစ်တဲ့အတွက် ညီအစ်ကိုအချင်းချင်း အတူတူ အိပ်တာက ကြီးမားတဲ့ ကိစ္စကြီးတစ်ခု မဟုတ်ဘူး။

သူက လက်မထပ်ရသေးတဲ့ သမီးပျိုလေးရဲ့ ဂန္တာမာပန်းလေးလည်း မဟုတ်တဲ့အတွက်ကြောင့် ဒါတွေကို အထူးတလှယ် တွေးနေစရာကို မလိုတာ။

အရင်တစ်ခေါက် အတွေ့အကြုံများအရ တစ်ခန်းထဲ မျှအိပ်ရတိုင်း ရှန်ကျစ်ရှန်းက ဒီမေးခွန်းမေးရင် ရန်ကျင်းက ခေါင်းကိုသာခါပြီး သေးငယ်နူးညံ့တဲ့ ကူရှင်ပေါ်မှာ တစ်ညလုံး တရားထိုင်ရင်း ကုန်ဆုံးလိမ့်မည်။ ထို့ကြောင့် ရှန်ကျစ်ရှန်းက သူ့တုန့်ပြန်မှုကိုစောင့်ဖို့အတွက် အာရုံသိပ်မစိုက်ထားပဲ မေးပြီးတာနဲ့ လှဲချဖို့ ပြင်လိုက်သည်။

သို့ပေမယ့် ရန်ကျင်းက ဒီနေ့ဘာတွေစားထားမှန်း ဘယ်သူသိမှာလဲ။ ပေါ့ပေါ့ပါးပါးနဲ့ 'အမ်း' လို့ပြောလိုက်ပြီးတည်ငြိမ်စွာ လျှောက်လာသည်လေ။

ရှန်ကျစ်ရှန်းသည် ရန်ကျင်း လျှောက်လာတာကို မြင်တဲ့အချိန်မှာ တစ်ဝက်လဲလျောင်းတဲ့ ပုံစံနဲ့သာ ရှိသေးသည်။ သူ့မှာ အချိန်ကြာမြင့်စွာ မတုန့်ပြန်နိုင်ပဲ ရန်ကျင်းက အိပ်ယာပေါ်မှာ ထိုင်ချလိုက်ကာ ပုံမှန်အတိုင်း "အိပ်တော့" ဆိုတဲ့ စကားပြောလိုက်တာကိုကြည့်ရင်း  အံ့သြတဲ့ အသံသာ ထွက်လာမိသည်။

ရန်ကျင်းနဲ့ နံရံကြားမှာ ညှပ်ပိတ်နေတဲ့ ရှန်ကျစ်ရှန်းဟာ စိတ်ရှုပ်ထွေးသွားမိသည်။ သို့ပေမယ့်လည်း ရန်ကျင်းရဲ့စကားကို မသိစိတ်မှ နားထောင်မိကာ မှီလှဲချလိုက်ရင်း သူ့အတွက် နေရာပိုကျယ်စေရန်ပင် နည်းနည်း ရွေ့ပေးမိသည်။

ဖယောင်းတိုင်က ဖူးဆိုတဲ့အသံနဲ့ ငြိမ်းသွားခဲ့ပြီး အခန်းတစ်ခုလုံး ရုတ်တရက် မဲမှောင်သွားသည်။

ရန်ကျင်းက သူ့ဘေးမှာ လဲလျောင်း၍ တိတ်ဆိတ်ပြီး တည်ငြိမ်နေသည်။

ရှန်ကျစ်ရှန်းက အမှောင်ကို ကျင်သားရစေရန် အချိန်အနည်းငယ်လောက် ယူပြီးနောက် အကြောင်းပြချက် တစ်ချို့ကြောင့် သူ့ခန္တာကိုယ်က ရုတ်တရက်တုန်ယင်သွားသည်။ သူ့အသိစိတ်က အလွန် ပြင်းထန်နေတာကြောင့် ယခင်က အိပ်ငိုက်မှုများက လုံးလုံးလျားလျားကို အရှင်းပျောက်ကွယ်သွားတော့၏။

22.9.2021

==============

T/N - Sorry for late 😥

==============
Zawgyi

အခန္း(၃၂) - ေခါင္းအံုးမွ်အိပ္ျခင္း

သံုးေယာက္ထဲမွာ ရန္က်င္းက စကားနည္းတဲ့ ဘူးသီးေတာင္းတစ္ေယာက္ ျဖစ္ေနျပီး သြမ့္ယြမ္ကေတာ့ အျပင္လူေတြ ေရွ႔မွာဆိုရင္ 'ညင္သာၿပီးေၾကာ့ရွင္း' သလို ဟန္ေဆာင္ေနၾက ျဖစ္ေနသည္။ ထို႔ေၾကာင့္ တစ္ျခားသူမ်ားနဲ႔ စကားေျပာဖို႔က ရွန္က်စ္ရွန္းတစ္ေယာက္တည္းသာ က်န္ရစ္၏။

သူက လွပတဲ့ အသြင္အျပင္ရွိၿပီး လိုက္ေလ်ာညီေထြတဲ့ စိတ္ေနစိတ္ထား ရွိတာေၾကာင့္, ေပါင္းစပ္လိုက္ေသာအခါ လူမ်ားကို သက္ေတာင့္သက္သာ ျဖစ္ေစရန္အတြက္ အေထာက္အကူ ျပဳေနသည္။

လူလတ္ပိုင္းႀကီးက 'အမ္း' ဟုေျပာလိုက္ၿပီးမွ ေက်နပ္အားရတဲ့ အမူအယာအားထုတ္ေဖာ္ျပသလာ၏။

"ေမွ်ာ္လင့္ထားသလိုပဲေပါ့, အဲ့ဒီလ်ိဳ႔ဝွက္ေျမက အရင္တုန္းက တစ္ခါမွ မပြင့္ခဲ့ဘူးဘူးလို႔ ေကာလဟာလေတြ ျဖစ္ေနတယ္, အဲ့ဒီထဲမွာ ရတနာ ဘယ္ေလာက္ေတာင္ ရွာေတြ႕မလဲ ဘယ္သူသိမလဲ? က်ဳပ္ရဲ႔ ကံေကာင္းျခင္းကို ႀကိဳးစားၾကည့္တာက ပံုမွန္ပါပဲေလ"

သူက အဲ့ဒီ လ်ိဳ႔ဝွက္ေျမနဲ႔ ပတ္သတ္ၿပီး ပိုသိပံုရတယ္

ရွန္က်စ္ရွန္းက တိတ္တဆိတ္ ေတြးမိ၏။ အျပံဳးတစ္ခုနဲ႔အတူ ေမးခြန္းအနည္းငယ္ ထပ္ေမးလိုက္ၿပီး ပိုေကာင္းမြန္တဲ့ နားလည္မႈရဖို႔ ႀကိဳးစားလိုက္သည္။

ဒီလ်ိဳ႔ဝွက္နယ္ေျမက ရွင္ခ်ဳန္းနားတြင္ လြန္ခဲ့တဲ့ လမ်ားစြာကတည္းက ေပၚထြက္ခဲ့ေသာ္လည္း ဖြင့္လို႔မရေသးေပ။ ၎သည္ သိပ္သည္းေသာ ဝိညာဥ္ခ်ီမ်ားနဲ႔ ဝန္းရံထားသည္။ ဒါကိုၾကည့္ျခင္းျဖင့္ ဝိညာဥ္နယ္ေျမက ဘယ္ေလာက္ေတာင္ ထူးျခားေနသည္ကို ၫႊန္ျပေနသည္။

ရလဒ္ကေတာ့ မ်ားျပားလွတဲ့ က်င့္ၾကံသူမ်ား စုရံုးေရာက္ရွိလာျခင္းပင္။

က်င့္ၾကံသူမ်ားစြာက ရွင္ခ်ဳန္းမွာ စုရံုးၿပီး လ်ိဳ႔ဝွက္နယ္ေျမ ပြင့္လာမည္ကို ေစာင့္ေနၾကသည္။ တိုက္တိုက္ဆိုင္ဆိုင္ ရွင္ခ်ဳန္းရဲ႔ ပိုင္ရွင္က ရြမ္က်ီတာဝါရဲ႔ တပည့္ျဖစ္ေန၏။ ရွည္ၾကာစြာ တြက္ခ်က္ၿပီးေနာက္မွာေတာ့ သူက လ်ိဳ႔ဝွက္နယ္ေျမဟာ ေနာက္ရက္အနည္းငယ္အတြင္း ပြင့္မယ္လို႔ ေကာက္ခ်က္ခ်လိုက္သည္။

"က်ဳပ္အထဲဝင္ၿပီး တစ္ခ်က္ေလာက္ ၾကည့္ရဖို႔ေတာ့ ေမွ်ာ္လင့္မိတယ္...."

လူလတ္ပိုင္းႀကီးက သူ႔ေမးကို ေတြးေတြးဆဆနဲ႔ ထိလိုက္သည္။

"ေျပာၾကတာေတာ့ ဒါကဘယ္တုန္းကမွ မေပၚလာခဲ့ဘူးပဲ အရမ္းကို ေရွးက်လြန္းတဲ့ လ်ိဳ႔ဝွက္နယ္ေျမတဲ့, အထဲမွာ ဘယ္ေလာက္ေတာင္ ႂကြယ္ဝမလဲ ဘယ္သူသိမွာလဲ?"

လ်ိဳ႔ဝွက္နယ္ေျမထဲကို လူတိုင္းဝင္ႏိုင္တာ မဟုတ္ေပ။ တစ္ခ်ိဳ႔ အဆင့္ျမင့္ လ်ိဳ႔ဝွက္နယ္ေျမမ်ားက သူတို႔ထဲ ဝင္ေရာက္ႏိုင္မယ့္သူကို ေရြးခ်ယ္ေသးသည္။ တကယ္ေတာ့လည္း အဆင့္က ျမင့္ေလေလ အထဲမွာ သိုဝွက္ထားတဲ့ ပစၥည္းေကာင္းေတြက ပိုမ်ားေလေလျဖစ္ကာ အႏာၱရယ္ကလည္း ပိုမိုျမင့္မားသည္။ အကယ္၍ က်င့္ၾကံသူက စံႏႈန္းနဲ႔ မကိုက္ညီဘူးဆိုရင္ သူပဲျဖစ္ျဖစ္ သူမပဲျဖစ္ျဖစ္ ဝင္ႏိုင္မွာ မဟုတ္ေပ။

ဒါကျပႆနာျဖစ္ႏိုင္တယ္

ရွန္က်စ္ရွန္းက သူ႔ဘာသာသူ စဥ္းစားမိသည္။ သူ႔က်င့္ၾကံဆင့္က အေတာ္ေလး ျမင့္မားေပမယ့္လည္း ဝိညာဥ္စြမ္းအားက ဖိႏွိပ္ထားတာေလ။ သူဝင္ႏိုင္မယ္ဆိုတာ မေသခ်ာဘူး။

စားေသာက္ဆိုင္က လူမ်ားေနတာေၾကာင့္ ဟင္းပြဲမ်ား ေရာက္ရွိလာရန္ ေႏွးေကြးေနသည္။ ရွန္က်စ္ရွန္းရဲ႔ ဘယ္စကားက လူလတ္ပိုင္းႀကီးအား သူ႔ကို စစ္ေဆးမိသြားေစလဲ မသိေပ။  ရွန္က်စ္ရွန္းက ဝိညာဥ္စြမ္းအား မရွိတဲ့ သာမာန္လူျဖစ္ေၾကာင္း သိသြားေသာအခါ ရွန္က်စ္ရွန္းကို တြက္ခ်က္ေပးဖို႔ဆိုၿပီး လက္တစ္ဆုပ္စာ ေဗဒင္တြက္သည့္ တုတ္ေခ်ာင္းေလးမ်ားကို ထုတ္ယူလာသည္။

"မင္းက သာမာန္လူတစ္ေယာက္လား ဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမယ္ ဆိုေပမယ့္ မင္းအတြက္ တြက္ခ်က္ေပးမယ္ ဆိုရင္ေရာ ဘယ္လိုလဲ? ဒီလို သာမာန္ပစၥည္းေတြကို သာမာန္လူေတြအတြက္ အသံုးျပဳရတာက သိပ္အားမထုတ္ရဘူး" သူက ေဗဒင္တြက္သည့္ တုတ္ေခ်ာင္းမ်ား ထည့္ထားေသာ ႁပြန္ကိုကိုင္ထားၿပီး တုတ္သံုးေခ်ာင္း ဆြဲထုတ္ရန္ သူ႔အား ေတာင္းဆိုလိုက္သည္။

"မင္းကဒီထိေတာင္ ေရာက္လာၿပီဆိုမွေတာ့ ပံုမွန္မဟုတ္တဲ့ အခြင့္အလမ္းတစ္ခ်ိဳ႔ကို ရရွိလိမ့္မယ္"

ရွန္က်စ္ရွန္းရဲ႔ မ်က္လံုးက ထိုလူ ကိုင္ထားသည့္ ေဗဒင္တုတ္ထည့္ေသာ ႁပြန္ေပၚသို႔ ေရာက္ရွိေနသည္။ ထိုႁပြန္က သာမာန္ႁပြန္မ်ားနဲ႔ ကြာျခားသည္။ ကိုယ္ထည္က နကၡတ္ေဗဒင္ လကၡဏာမ်ားကဲ့သို႔ အလြန္ႏူးညံ့ သိမ္ေမြ႕ေသာ ပုံစံမ်ားျဖင့္ ထြင္းထုထားသည္။ အတြင္းမွ ေက်ာက္စိမ္းတုတ္ေလးမ်ားက ရႈပ္ေထြးေသာ မ်ဥ္းမ်ားျဖင့္ ထြင္းထားၿပီး တစ္ခုစီတိုုင္းမွာ ဝိညာဥ္စြမ္းအင္မ်ားႏွင့္ တြဲထားသည္။

ဒါသည္ က်င့္ၾကံသူႀကီးရဲ႔ လက္နက္မ်ား ျဖစ္သလို သူေဗဒင္တြက္သည့္အခါ သံုးေသာ ကိရိယာမ်ားလည္းျဖစ္သည္။

မည္သို႔ပင္ျဖစ္ေစ ရွန္က်စ္ရွန္းသည္ ဘာမွမလုပ္ပဲ ထိုင္ေနရံုသာ ျဖစ္တာေၾကာင့္ အႏာၱရယ္ကင္းသည္ဟု စဥ္းစားကာ အလြန္ထင္းေနသည့္ တုတ္သံုးေခ်ာင္းကို ဆြဲထုတ္လိုက္သည္။ ဘာကို ဆိုလိုေနၾကတာလဲ သိရရန္ ျပန္ၿပီး အတည္ျပဳၾကည့္ေသာ္လည္း သူတို႔က ဘာကိုဆိုလိုခ်င္မွန္း မသိေပ။

ရႊမ္းက်ီတာဝါမွ လူလတ္ပိုင္းႀကီးက ေက်ာက္စိမ္းတုတ္ သံုးေခ်ာင္းအား လွမ္းယူလိုက္ကာ စားပြဲေပၚတင္လိုက္သည္။ တုတ္ေခ်ာင္းေလးမ်ားထဲက ဝိညာဥ္စြမ္းအားက ပါးလႊာ ေပ်ာ့ေျပာင္းလွသည့္ ခ်ည္မွ်င္တစ္ခုလို ေက်ာက္စိမ္းတုတ္ သံုးေခ်ာင္းအား အတူတကြ တြဲခ်ည္လိုက္သည္။ ထိုလူက ေရရြတ္ေနရင္းျဖင့္ တုတ္ေလးမ်ားကို တီးခတ္ေန၏။

လူလတ္ပိုင္းႀကီးက ရလဒ္ကို တြက္ခ်က္ဖို႔အတြက္ အခ်ိန္ သိပ္မၾကာလိုက္ေပ။ သူ႔အသံက အံ့အားသင့္ေနဟန္ျဖင့္ ေျပာလာသည္။

"ဒီေလာက္ ေကာင္းတဲ့ လကၡဏာနကၡတ္မ်ိဳးကို ပထမဆံုးျမင္ဘူးတာပဲ... မင္းရဲ႔ ခရီးနဲ႔ ပတ္သတ္လို႔ေတာ့ လိုခ်င္တာကို
ရလိမ့္မယ္!"

ဘယ္လိုလူက ေကာင္းတဲ့အရာေတြ နားေထာင္ရတာ မႀကိဳက္မွာလဲ? လူလတ္ပိုင္းႀကီးက ဒါကို ဘယ္လို နိဂံုးခ်ဳပ္ၿပီး တြက္လိုက္တာလဲ ဆိုတာကို မသိေပမယ့္ ရွန္က်စ္ရွန္းကေတာ့ နားေထာင္ၿပီး အေတာ္ေလး ေပ်ာ္ျမဴးသြားမိဆဲပင္။ သူ႔အျပံဳးက က်ယ္ျပန္႔သြားကာ ထိုလူအား ေက်းဇူးတင္လိုက္သည္။

လူလတ္ပိုင္းႀကီးက ေက်ာက္စိမ္း တုတ္ေခ်ာင္းေလးမ်ားကို ျပန္ေကာက္ယူလိုက္ၿပီး က်ယ္ေလာင္စြာျဖင့္ အံ့ၾသတႀကီး ထပ္ေျပာသည္။

"ဒီေလာက္ေကာင္းတဲ့ လကၡဏာနကၡတ္မ်ိဳးကို က်ဳပ္ျမင္ဘူးတာ ပထမဆံုးပဲဗ်ာ...."

ထိုလူဘာမွ ဆက္မေျပာႏိုင္ေသးခင္မွာပင္ စားပြဲထိုးေသးေသးေလးက စားစရာမ်ားနဲ႔အတူ ေရာက္လာသည္။

သူ႔စားစရာသူ စားေသာက္ၿပီးေနာက္ လူလတ္ပိုင္းႀကီးက သူ႔ရဲ႔ ေဗဒင္ေဟာေသာ တုတ္ေခ်ာင္းေလးမ်ားကို ျပန္သိမ္းဆည္း၍ ရွန္က်စ္ရွန္းရဲ႔ အလြန္ေကာင္းတဲ့ လကၡဏာနကၡတ္မ်ိဳးအား ေနာက္တစ္ဖန္ အံအားသင့္ေၾကာင္းေျပာကာ ထြက္ခြာသြားသည္။

သံုးေယာက္သား ခဏမွ် အနားယူၿပီးေနာက္ ထြက္ခြာၾကရျပန္သည္။ သူတို႔ေတြ ဒီေလာက္အၾကာႀကီး အနားယူၾကရသည့္ အေၾကာင္းအရင္းက ရွန္က်စ္ရွန္းေၾကာင့္ျဖစ္သည္။ ရန္က်င္းနဲ႔ သြမ့္ယြမ္တို႔က သူတို႔ခႏာၱကိုယ္မွာ ဝိညာဥ္စြမ္းအားမ်ား ရွိၾကတာေၾကာင့္ ခရီးသြားတဲ့အခ်ိန္မွာ ပင္ပန္းႏြမ္းနယ္မႈကို မခံစားရေပ။ တစ္ျခားတစ္ဖက္မွာ ရွန္က်စ္ရွန္းကေတာ့ သာမာန္ လူတစ္ေယာက္လို ျဖစ္ေနတာေၾကာင့္ သဘာဝက်က်ပင္ ပင္ပန္းမႈကို ခံစားရသည္။

အခုေတာ့ သူတို႔မွာ တိက်ေသခ်ာတဲ့ ဦးတည္ရာရွိသြားၿပီ ျဖစ္တာေၾကာင့္ သံုးေယာက္သား တစ္ညေနလံုး သူတို႔ရဲ႔ ပန္းတိုင္ရွိရာသို႔ ဦးတည္ သြားလိုက္ၾကသည္။ ေနာက္ဆံုးေတာ့ မေမွာင္ခင္မွာပင္ ရွင္ခ်ဳန္းသို႔ ေရာက္လာၾက၏။

လ်ိဳ႔ဝွက္နယ္ေျမက မၾကာခင္ ပြင့္ေတာ့မွာျဖစ္ေသာေၾကာင့္ က်င့္ၾကံသူမ်ားစြာ ေရာက္ရွိေနၾကသည္။ တည္းခိုခန္းက ျပည့္လုနီးပါး ျဖစ္ေနတာေၾကာင့္ အခန္းလြတ္ရွာရတာ ခက္ခဲလွသည္။ ကံေကာင္းစြာနဲ႔ ျမင့္မားလြန္းတဲ့ ေစ်းႏႈန္းေၾကာင့္ လြတ္ေနသည့္ ပထမတန္းစား အခန္းႏွစ္ခန္းကို ရရွိလိုက္ေလသည္။

'အခန္းႏွစ္ခန္း' ဆိုတဲ့စကားမ်ားကို ၾကားေသာအခါ ရွန္က်စ္ရွန္းက သက္ျပင္းခ်သည္။ သူက ရန္က်င္းနဲ႔ အခန္းမွ်သံုးရတာကို သေဘာက်ေပမယ့္လည္း တိတ္တိတ္ေလး စာခိုးဖတ္လို႔မရတာကိုေတာ့ ဝမ္းနည္းမိသည္ေလ။

တစ္ေန႔တုန္းက သူတို႔ေတြ အခန္းအမ်ားႀကီးရွိတဲ့ တည္းခိုခန္းတစ္ခုမွာ ရပ္တန္႔မိၾကသည္။ ထို႔ေၾကာင့္ သံုးေယာက္သား ကိုယ့္အခန္းနဲ႔ကိုယ္ အိပ္ရသည္။ ရန္က်င္းမရွိတာနဲ႔ ရွန္က်စ္ရွန္းက တိတ္တိတ္ေလး ညနက္တဲ့အထိ စာအုပ္တစ္စံုလံုး ၿပီးလုနီးပါးထိ ဖတ္ပစ္လိုက္သည္။

သူပိုၿပီး လိုခ်င္ေသးတယ္

အဲ့ဒါက တကယ့္ကို အရမ္းေကာင္းလြန္းတယ္

အိုး!

ေႏြးေထြးတဲ့ မတ္လေႏြေျပလိုမ်ိဳး ႏူးညံ့သိမ္ေမြ႕တဲ့ မ်က္ႏွာ၊ ႏူးညံသိမ္ေမြ႕တဲ့ ခံစားခ်က္ေတြနဲ႔ အဲ့ဒီလို လ်ိဳ႔ဝွက္ခ်က္မ်ိဳးက လူေတြကို စြဲလမ္းေစၿပီး မရပ္တန္႔ႏိုင္ေအာင္ လုပ္ေနတယ္။

႐ိုး႐ိုးသားသား ေျပာရရင္ ဇာတ္လိုက္ႏွစ္ေယာက္က ရန္က်င္းနဲ႔ သူ႔ကိုယ္သူ အေျခခံထားတယ္ ဆိုတာအား ေမ့လုနီးပါးပင္။ ဒီဇာတ္လမ္းက တစ္ျခားသူေတြ အေၾကာင္းပါဆိုၿပီး စတင္ေတြးမိေနသည္။ သူအႀကိဳက္ဆံုး အပိုင္းကိုေရာက္တဲ့ အခ်ိန္တိုင္း စာပိုဒ္ကို ႏွစ္ခါေလာက္ ဖတ္ေလ့ရွိသည္။

ရွန္က်စ္ရွန္းသည္ သူတစ္ခုခု ေမ့ေနတယ္လို႔ေတာ့ ေဝေဝဝါးဝါး ခံစားေနရေပမယ့္ ကိစၥေတာ့ မရွိပါဘူးေလ။ ဒါေတြအားလံုးၿပီးရင္ ခ်င္းယြင္ ပိုင္ေရွာင္းရွံဳးက ဇာတ္လမ္းအသစ္မ်ား ေရးထားသလားလို႔ သြားရွာဖို႔ေတာင္ ဆံုးျဖတ္ခ်က္ခ်ၿပီးသြားၿပီ။ ဘယ္လို ကိစၥေသးေသးေလးကမွ သူ႔ကိုမတားဆီးႏိုင္ဘူး။

ခ်င္းယြင္ဂိုဏ္းရဲ႔ ဘယ္တပည့္က ခ်င္းယြင္ပိုင္ေရွာင္းရွံဳးလဲေတာ့ မသိေပမယ့္ သူဆံုးျဖတ္လိုက္ၿပီ အကယ္၍ ဘယ္သူလဲ ရွာေတြ႕ရင္ သံုးလေလာက္ ဖရဲသီးစိုက္ခိုင္းၿပီး အျပစ္ေပးမယ့္အစား သူ......တစ္လထိ ေလ်ာ့ခ်ေပးလိုက္မယ္!

ညက အေတာ္ေလး နက္ေနၿပီ။ ရွန္က်စ္ရွန္းက အိပ္ယာေပၚ ကုန္း႐ုန္းတက္သြားကာ ငိုက္ျမည္းစြာျဖင့္ သန္းေဝရင္း ပံုမွန္လိုပင္ ေမးလိုက္သည္။

"မင္းဒီည ဒီမွာအိပ္မွာလား?"

သူက ဒီသာလြန္လွတဲ့ ကုတင္ႀကီးကို သူနဲ႔အတူ မွ်အိပ္ခ်င္လားဟု ရန္က်င္းအား ေမးခ်င္တာျဖစ္သည္။ ေငြေျမာက္ျမားစြာ သံုးထားတာေၾကာင့္ အရာအားလံုးက အရမ္းေကာင္းမြန္ေနသည္။ အိပ္ယာက လူႏွစ္ေယာက္ သက္ေတာင့္သက္သာ အိပ္ဖို႔ထိ လံုေလာက္ေအာင္ ႀကီးမားတဲ့ ကုတင္တစ္လံုးျဖစ္သည္။ ရွန္က်စ္ရွန္းရဲ႔ ျပတ္သားလွတဲ့ ခံယူခ်က္ကေတာ့ သူတို႔က ညီအစ္ကိုေတြျဖစ္တဲ့အတြက္ ညီအစ္ကိုအခ်င္းခ်င္း အတူတူ အိပ္တာက ႀကီးမားတဲ့ ကိစၥႀကီးတစ္ခု မဟုတ္ဘူး။

သူက လက္မထပ္ရေသးတဲ့ သမီးပ်ိဳေလးရဲ႔ ဂႏာၱမာပန္းေလးလည္း မဟုတ္တဲ့အတြက္ေၾကာင့္ ဒါေတြကို အထူးတလွယ္ ေတြးေနစရာကို မလိုတာ။

အရင္တစ္ေခါက္ အေတြ႕အၾကံဳမ်ားအရ တစ္ခန္းထဲ မွ်အိပ္ရတိုင္း ရွန္က်စ္ရွန္းက ဒီေမးခြန္းေမးရင္ ရန္က်င္းက ေခါင္းကိုသာခါၿပီး ေသးငယ္ႏူးညံ့တဲ့ ကူရွင္ေပၚမွာ တစ္ညလံုး တရားထိုင္ရင္း ကုန္ဆံုးလိမ့္မည္။ ထို႔ေၾကာင့္ ရွန္က်စ္ရွန္းက သူ႔တုန္႔ျပန္မႈကိုေစာင့္ဖို႔အတြက္ အာရံုသိပ္မစိုက္ထားပဲ ေမးၿပီးတာနဲ႔ လွဲခ်ဖို႔ ျပင္လိုက္သည္။

သို႔ေပမယ့္္ ရန္က်င္းက ဒီေန႔ဘာေတြစားထားမွန္း ဘယ္သူသိမွာလဲ။ ေပါ့ေပါ့ပါးပါးနဲ႔ 'အမ္း' လို႔ေျပာလိုက္ၿပီးတည္ၿငိမ္စြာ ေလွ်ာက္လာသည္ေလ။

ရွန္က်စ္ရွန္းသည္ ရန္က်င္း ေလွ်ာက္လာတာကို ျမင္တဲ့အခ်ိန္မွာ တစ္ဝက္လဲေလ်ာင္းတဲ့ ပံုစံနဲ႔သာ ရွိေသးသည္။ သူ႔မွာ အခ်ိန္ၾကာျမင့္စြာ မတုန္႔ျပန္ႏိုင္ပဲ ရန္က်င္းက အိပ္ယာေပၚမွာ ထိုင္ခ်လိုက္ကာ ပံုမွန္အတိုင္း "အိပ္ေတာ့" ဆိုတဲ့ စကားေျပာလိုက္တာကိုၾကည့္ရင္း  အံ့ၾသတဲ့ အသံသာ ထြက္လာမိသည္။

ရန္က်င္းနဲ႔ နံရံၾကားမွာ ၫွပ္ပိတ္ေနတဲ့ ရွန္က်စ္ရွန္းဟာ စိတ္ရႈပ္ေထြးသြားမိသည္။ သို႔ေပမယ့္လည္း ရန္က်င္းရဲ႔စကားကို မသိစိတ္မွ နားေထာင္မိကာ မွီလွဲခ်လိုက္ရင္း သူ႔အတြက္ ေနရာပိုက်ယ္ေစ၇န္ပင္ နည္းနည္း ေရြ႕ေပးမိသည္။

ဖေယာင္းတိုင္က ဖူးဆိုတဲ့အသံနဲ႔ ၿငိမ္းသြားခဲ့ျပီး အခန္းတစ္ခုလံုး ႐ုတ္တရက္ မဲေမွာင္သြားသည္။

ရန္က်င္းက သူ႔ေဘးမွာ လဲေလ်ာင္း၍ တိတ္ဆိတ္ၿပီး တည္ၿငိမ္ေနသည္။

ရွန္က်စ္ရွန္းက အေမွာင္ကို က်င္သားရေစရန္ အခ်ိန္အနည္းငယ္ေလာက္ ယူၿပီးေနာက္ အေၾကာင္းျပခ်က္ တစ္ခ်ိဳ႔ေၾကာင့္ သူ႔ခႏာၱကိုယ္က ႐ုတ္တရက္တုန္ယင္သြားသည္။ သူ႔အသိစိတ္က အလြန္ ျပင္းထန္ေနတာေၾကာင့္ ယခင္က အိပ္ငိုက္မႈမ်ားက လံုးလံုးလ်ားလ်ားကို အရွင္းေပ်ာက္ကြယ္သြားေတာ့၏။

22.9.2021

==============

T/N - Sorry for late 😥

==============


Continue Reading

You'll Also Like

399K 36K 29
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
159K 7.7K 6
ဒါက main story မဟုတ္ပါဘူး... extra ေလးပါ! Extra ဆုိတဲ့အတုိင္းပဲ Main story ကို ဖတ္ထားမွ နားလည္မွာေလးေတြ ရွိပါတယ္! Main story ကို မဖတ္ရေသးရင္ေတာ့ 🚨...
81.7K 14.2K 8
ဧကရာဇ် shou, ဧကရီ gong Chapter status - 8 Chapters (Completed) I own nothing, just translate it. If you want to read English translation, here is the...
234K 26.2K 105
Language Korean Author(s) 벼르치 Associated Names 메인수가 집착광공이 되면 Status in COO 103 chapters (Complete) Licensed No Original Publisher BLYNUE 블리뉴 Descript...