အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 576K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၈}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၄၂}U/Z

71.1K 8.5K 1K
By HoarFROST_

Unicode

~ ကိုယ်တို့ နှစ်ဦးရဲ့ အချစ်ရေစက်
ဒီလမ်းမလေးပေါ်မှာ
ပုခုံးချင်းတိုက်ဖို့လည်း မလိုတော့ပြီ..

ကတ္တီပါသဲကြိုး ဖိနပ်တစ်ရန်နဲ့
ဒီလမ်းမလေးပေါ်မှာ
ရေးဖြစ်ခဲ့လေတဲ့ ရေစက်ပန်းချီ...~

သီချင်းကလေးတညည်းညည်း ဖြင့် သထုံဆောင်လှေကားကတက်လာသူသည် အထုပ်ကြီးအထုပ်ငယ်ကိုလည်း ဆွဲထားသေးသည်။သက်ဆိုင်ရာအခန်းရှေ့ရောက်တော့ တံခါးသော့မခတ်ထားသည်မို့ ဇေရဲ ရှိနေတာပဲဟု သူတွေးလိုက်မိသည်။

အခန်းအတွင်း၌ တံခါးဂျက်မထိုးထားချေ။ ထို့ကြောင့်သက်တောင့်သက်သာပင် တံခါးအားဆွဲဖွင့်လိုက်လေသည် ။ မြင်လိုက်ရသောသူသည် ဇေရဲမဟုတ်သောအခါ မျက်မှောင်ကုတ်ထားသောနွေဦးမောင်၏နဖူးကျောများသည် ချက်ချင်းပြေလျော့သွားတော့သည်။
ထိုအစား အပြုံးတစ်ပွင့်ကအစားထိုးရောက်လာ၏။

"မောင့်အမောပြေလေးက ဒီမှာရောက်နေတာကို။ မောင်က နရီ့အခန်းရှေ့တောင်ရောက်လာသေးတာ၊မြင့်စိုးက နရီအပြင်သွားတယ်ဆိုလို့"
နွေဦးမောင်သည် စာအုပ်အထုပ်များကိုချရင်း မနားတမ်းပြောလိုက်သည်။

"ကိုဇေရဲက အပြင်သွားတယ်။ မောင်ပြန်လာပြီထင်လို့ ကျွန်တော်လည်း လာတွေ့တာ။"

နွေဦးမောင်သည် အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ရင်း လေတဖူးဖူးမှုတ်ကာ
"မနေ့ကတည်းကပြန်လာမို့ပါပဲ။ဒါပေမဲ့ အလုပ်မပြတ်သေးတာနဲ့ ညအိပ်လိုက်တာ၊ ဘာလဲ မောင်မရှိတဲ့ တစ်ရက်လေး မောင့်ကို သိပ်လွမ်းနေတယ်ပေါ့။"

ကလူကျီစယ်သံကြောင့် စောနရီကပြုံးရုံမျှပြုံးပြီး အကြည့်လွှဲလိုက်ပြန်သည်။
နွေဦး​ေမာင်က သူ့အနီးကပ်လာကာ ပခုံး၌မေးတင်ရင်း နားသယ်စပ်သို့မထိတထိနမ်းသည်။
"မောင်ကတော့ နရီ့ကို သိပ်လွမ်းနေတာဗျာ"

ခပ်ဟဟရယ်ရင်း ဆိုလာတာကြောင့် နွေဦးမောင်၏ကိုယ်ငွေ့နှင့်လေပူများသည် စောနရီ၏ နားရွက်ကလေးများကို ပွတ်တိုက်ကျီစယ်နေသယောင်။
ထိုအချင်းအရာအား လျစ်လျူရှုဖို့ကြိုးစားရင်း အာရုံအစုစုကို နွေဦးမောင်သယ်လာသည့်အထုပ်များဆီ ပို့လွှတ်လိုက်လေသည်။
"ဘာတွေဝယ်လာတာလဲ"

နွေဦးမောင်က စွပ်ကျယ်လက်ပြတ်ဖြင့်သာနေရင်း ကြမ်းပြင်ပေါ်ရှိအထုပ်ကိုဖြည်ချလိုက်သည်။
အထက်တန်း စာစီစာကုံး၊ Essay,Letter စာအုပ်များနှင့် ပြင်ပရသစာအုပ်အဖြစ် တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်များကိုတွေ့လိုက်ရလေသည်။

"အထက်တန်းစာအုပ်တွေက မောင် စာသင်ပေးရတဲ့ကလေးတွေကိုပို့ရမှာ။ ဆရာ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကတော့ နရီ့အတွက်လေ။ နရီ သူ့စာအုပ်တွေကြိုက်တယ်လို့ပြောဖူးတယ်မလား၊ ဟိုးတုန်းကထွက်တဲ့ စာအုပ်တွေကို စာအုပ်ဆိုင်ကို ပြန်စုခိုင်းထားတာမို့ အခုမှရတာနဲ့ ဝင်ယူလိုက်တာလေ။"
ထို့နောက် ဘေးကအထုပ်ကို အသာရိုက်ပြကာ
"ဒါကတော့ သတင်းစာတွေ"

တစ်ချက်ကြည့်လိုက်ရုံနှင့် စုစုပေါင်း တန်ဖိုးက ထောင်ဂဏန်းကျော်နေပြီမို့ စောနရီမျက်နှာက သုန်မှုန်သွားသည်။
"စာအုပ်တွေအများကြီးဝယ်လာရလား။နောက်မှ ဖြည်းဖြည်းချင်း ကျွန်တော့်ဘာသာဝယ်လည်းရတာပဲကို။ အခုတော့ ဘယ်လောက်တောင်ကုန်ခဲ့လဲ။ ကျွန်တော်တစ်ဝက်ပြန်ပေးမယ်လေ"

နွေဦးမောင်က လက်ဖြန့်လိုက်ကာ
"ကောင်းပြီ ပေး။"

စောနရီသည် အိတ်ကပ်ထဲရှိ ရာတန်အကြွေရှိရှိသမျှအား နွေဦးမောင်လက်ပေါ်သို့ မငြူမစူ တင်ပေးလိုက်သည်။ သူ့မှာလည်းအထူးတလည်သုံးစရာမှမရှိဘဲ။ ကိုကုလားကြီးကလည်း လခအပြင် ကြားပေါက် အဖြစ် ပေးထားသည်များလည်းရှိသည်။

နွေဦးမောင်က ပိုက်ဆံအားလုံးကို ယူလိုက်ကာ ကြိုးတန်းပေါ်တင်ထားသည့် ရှပ်အင်္ကျီထဲက ပိုက်ဆံများကိုပါ နှိုက်ယူလိုက်သည်။ထို့နောက် ပိုက်ဆံများကိုအထပ်ထပ်စုက နရီ့အိတ်ထောင်ထဲသို့ ထည့်လိုက်တော့ နရီက သူ့ကို ကြောင်တောင်တောင်မော့ကြည့်လာလေသည်။

"မောင့်လို အသုံးကြမ်းတဲ့လူရဲ့ ဝင်ငွေကိုစိစစ်ပေးဖို့ ချွေတာတတ်တဲ့ နရီကပဲ ကြပ်မတ်ပေးမှရတော့မယ်။ မောင့် ပိုက်ဆံတွေကို ထိန်းသိမ်းပေးပါဦး"

နွေဦးမောင်သည် ပြောရင်းပင် သူတို့နှစ်ဦး၏အခြေအနေကို ခြုံငုံမိရင်းရယ်မိသွားတော့သည်။
မသိလျှင် အိမ်သူသက်ထားအား လင်ယောကျာ်းက ပိုက်ဆံအပ်သည့်နှယ်။ နရီ့ကို မိန်းကလေးအဖြစ်သဘောမထားဖူးသော်ငြား နရီကတော့ သေချာပေါက် သူ့ဝင်ငွေများကို ထိန်းသိမ်းပေးနိုင်သည့်လူဖြစ်လိမ့်မည်။
" မစနဲ့ဗျာ..."

"ဟောဗျာ မစ ရပါဘူး။ နောက်ဆို ဘာစားစား နရီကပဲ ထုတ်ရှင်းပေးရတော့မှာ။ သိထား။ အခုမောင် ရေသွားချိုးဦးမယ်။ ကျောင်းစာအုပ်တွေကို တစ်ချက် အိတ်နဲ့ခွဲထားပေးပါဦး။"

"ဟုတ်ဟုတ်.."

ခေါင်းတညိတ်ညိတ်ဖြင့် နာခံတတ်လှသော နရီ့ဆံပင်လေးကို အားရအောင်ဖွပြီးမှ ပုဆိုးကြမ်းလဲ ကာ ရေခွက်ကိုင်ရင်း အဆောင်အောက် ရေချိုးခန်းဆီသို့ ခြေဦးပြင်ရတော့သည်။
မိနစ်ပိုင်းမျှရေချိုးပြီးသည့်​နောက် အပေါ်ထပ်ပြန်တက်လာတော့ နရီကသူ့ပစ္စည်းများကို သိမ်းဆည်းပေးနေလေပြီ။
တမင်ရေမသုတ်လာသည့်ဆံပင်များကိုလည်း နရီ့ဆီတိုးဝှေ့ပြီး သုတ်ပေးဖို့ရန် အပူကပ်ရသေးသည်။
ခေါင်းခြောက်တော့လည်း နရီ့ပေါင်ကို ခေါင်းအုံးလုပ်ကာ စကားများပြောလို့မပြီး။
နွေဦးမောင်တစ်ယောက်တည်း အလုပ်များရှုပ်နေလေတော့သည်။
"နရီ ကိုကုလားကြီးဆီမသွားရဘူးလား"

"ဒီနေ့လပြည့်နေ့လေ။စျေးပိတ်တယ်"

"အာ ဟုတ်သားပဲ။ မေ့တတ်ရန်ကော"

နွေဦးမောင်ကမျက်လုံးများကို မှေးစင်းရင်း မျက်ခုံးရိုးများကို လက်ဖြင့်ဖိနှိပ်နေတော့သည်။
"မျက်ရိုးကိုက်နေတာလား။ ကျွန်တော်နှိပ်ပေးမယ်လေ"

နွေဦးမောင်က နရီ၏နှိပ်ချက်များကို ဇိမ်ခံရင်း မျက်လုံးများ မှိတ်ထားကာ ခပ်ဖွဖွပြုံးရင်းနှင့်ပင်။
"မောင်တော့ မျက်စိဆေးခန်းသွားဖို့လိုပြီထင်တယ်"

"ဘာလို့လဲ။မျက်စိနာနေတာလား။ မျက်မှန်မတပ်လို့ဖြစ်မယ်။ ညနေ ဆေးခန်းသွားမလား။"

"မဟုတ်ဘူး မျက်လုံးမှိတ်ထားတာတောင် နရီ့ကိုပဲ မြင်နေလို့လေ။ ကဲ အဲ့တာဘယ်လိုလုပ်ရမလဲ"

စောနရီသည် အသံထွက်လျက်ရယ်မိသွားတော့သည်။ တဆက်တည်းမှာပင် ဟိုးယခင်က မောင်နဲ့စခင်စဉ် အတန်းထဲရှိမိန်းကလေးများ၏မေးခွန်း ကို ပြန်သတိရသွားမိသည်။
ထိုမေးခွန်းကတော့ နွေဦးမောင်မှာ ရည်းစားရှိသလားဟူ၍ပင်။ မောင့်ကို မေးတုန်းက မောင်က မရှိဘူးဟု အသည်းအသန်ငြင်းခဲ့လေသည်။ အတန်းထဲက မိန်းကလေးမေးခိုင်းတာလို့ ဆိုတော့ မျက်မျက်နှာ စူပုတ်ပုတ်ဖြစ်သွားသေးသည်။
'မောင်က နရီမေးတာ ထင်လို့' ဟူသော စကားလေးက သူစိတ်ခန်းယားစေမိသည့် အဖြေလေးပင်။

"တကယ်ပဲ မောင်ရည်းစားမရှိဘူးဆိုတာသေချာရဲ့လား"

မောင်က သူ့အား မော့ကြည့်နေရင်း
"ရှိတယ်လေ"

"ဘယ်သူလဲ။ "
သူအလောတကြီးပြန်မေးလိုက်မိသည်။ ဘယ်မေဂျာကကောင်မလေးဖြစ်မည်နည်း။

"နောက်ဆုံးနှစ်မြန်မာစာက စောနရီတဲ့။ ကရင်-ဗမာ ကပြားလေးလေ။ အဲ့တာ မောင့်အချစ်လေး"

"ဖယ်ဗျာ မောင်ကအကောင်းမေးလို့မရဘူး"

စောနရီသည် ဆိုးဆိုးဆတ်ဆတ်ထလိုက်ရင်း နွေဦးမောင်၏ ပျော်ရွှင်မြူးထူးနေသော ရယ်သံကို လျစ်လျူရှုလိုက်သည်။
ထို့နောက် နွေဦးမောင် ခရီးပြန်လာသည့်အဝတ်များကို လျှော်ပေးမည့်ကိစ္စအားငြင်းခုန်ရင်း နောက်ဆုံး အင်္ကျီများပိုက်လျက် ရေချိုးကန်ဆီသို့ ဆင်းလာလိုက်တော့သည်။ အသန့်ကြိုက်သူပီပီ မောင့်အဝတ်အစားတွေမှာ မောင့်ကိုယ်သင်းနံ့မှ တပါး တခြားသောအနံ့ဆိုးများမရှိပေ။

အဝတ်လျှော်လှန်းပြီးနောက် အခန်းထဲပြန်ဝင်လာတော့ မောင်ကခရီးပန်းသည်ထင်... ခုတင်ပေါ်တွင် အိပ်ပျော်နေလေပြီ။ သူမောင့်မျက်နှာ အစိတ်အပိုင်းများကို အချိန်ကြာကြာ ထိုင်ကြည့်နေမိသည်။
စောင်ပါးလေးခြုံပေးပြီး စာရွက်တစ်ရွက်ကိုယူကာ ချရေးလိုက်သည်။

-မောင်။ ကျွန်တော် အပြင်ခဏသွားဦးမယ်။ မောင့်မီးခြစ် ဂတ်စ်ကုန်တော့မှာမို့ ဂတ်စ်ဖြည့်လာပေးမယ်နော်။ မောင်စားဖို့လည်းတစ်ခုခုဝယ်လာခဲ့မယ်။
                                                      နရီ-

စာကို ခုံပေါ်မှာတင်ပြီးသည်နှင့် ဂတ်စ်ကုန်လုနီးပါးဖြစ်နေသည့် မီးခြစ်ကို အပါယူလာတော့သည်။ အဆောင်အောက် အပြင်ဘက်ရောက်တော့ စိတ်အမျှင်မပြတ်စွာ အဆောင်အပေါ်ထပ်ကို မော့ကြည့်မိသေးသည်။ သူ့စိတ်တွေဝေဝါးနေဆဲပင်။
ထိုအချင်းအရာကိုတွေးမိလိုက်တိုင်း စိတ်ကလေးကညိုရသည်။
အယောင်ယောင် အမှားမှားဖြင့် စာတိုက်ကနေယူလာသည့် စာရွက်ကို တပြန် ပြန်ထုတ်ကြည့်မိတော့ သူ့မျက်တောင်ကလေးများသည် လိပ်ပြာတောင်ပံခတ်သည့်နှယ် တုန်ယင်သွားရပါတော့သည်။

ယူလာသည့်မီးခြစ်ဖြင့် နွေဦးမောင် ဟု အမည်တပ်ထားသည့် စာအိတ်အား မီးရှို့လိုက်၏။တမြေ့မြေ့လောင်ကျွမ်းနေသည့်မီးသည် မီးစာကုန်ခါနီးအထိကိုင်ထားသော သူ့လက်ကို လာဟပ်သည်။ ထိုအခါမှ သူလက်လွှတ်လိုက်သည်။

သူလုပ်နေသည့်လုပ်ရပ်တွေက မှားနေမှန်းလည်းသူသိပါသည်။ တစ်ခုတော့ရှိသည်။ထိုမှားယွင်းစွာ ပြုခဲ့မိသမျှ အစုစု တို့သည် မောင့်စိတ်မညိုးနွမ်းစေဖို့သာဖြစ်သည်။
ဒါကြောင့် မောင်ကတော့ ပျော်နေမှဖြစ်မယ်...

°°°°°°°°

လွန်းနောင်သည် နေရောင်ထိုးချက်ကြောင့်ပဲ မနက်ခင်းမှာ မအီမသာနိုးလာရသည်။ သူဦးနှောက်သာ ကောင်းစွာအလုပ်လုပ်နေသေးသည် ဆိုလျှင် ခန္ဓာကိုယ်၏နာကျင်မှုနှင့် ဆက်စပ်နေသောအကြောင်းအရာများကို သေချာပေါက် မှတ်မိနေမှာပင်။

သူ့လည်ချောင်းက ရေငတ်နေသည့်လူလို ခြောက်သွေ့နေကာ အသံပင်မထွက်နိုင်တော့ချေ။
ဘေးကို စောင်းငဲ့ကြည့်လိုက်တော့ မဂ္ဂက မှောက်လျက် အိပ်ပျော်နေဆဲပင်။
အိပ်ရာကနေသူထလိုက်တော့ နာကျင်မှုကြောင့် အော်မိမတတ်ဖြစ်သွားသည်။ ခြောက်သွေ့နေသောသွေးစများနှင့် နာကျင် ကိုက်ခဲမှုဒဏ်များကြောင့် ချာချာလည်နေသည်​့ ကမ္ဘာကြီးကို တည်ငြိမ်စေဖို့ရန် ရေချိုးခန်းတွင် ခေတ္တမျှ ငုတ်တုတ်ထိုင်နေလိုက်ရသည်။ အဖြစ်အပျက်များကို ရှက်စရာကောင်းသည်ဟု သူမတွေးမိသလို၊နောင်တရသည်မျိုးလည်းမရှိ။ သူကိုယ်တိုင် ဒီနွံထဲသက်ဆင်းခဲ့တာ။
အားလုံးဟာ သူ့အပြစ်ချည်းသာ။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့ရာသူမတတ်စွမ်းနိုင်ချေ။
ခြေတစ်လှမ်း လှမ်းသည်နှင့် နာကျင်မှုဟာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ အသက်ကို ခဲရာခဲဆစ်ရှူရင်း ရေပန်းကို ဖွင့်ချလိုက်တော့သည်။

သူရေချိုးပြီးထွက်လာသည့်တိုင်မဂ္ဂက မနိုးသေး။
မဂ္ဂ၏ရှားရှားပါးပါး ပုဆိုးတစ်ထည်ကို ရှာဖွေပြီးသူအဝတ်လဲလိုက်သည်။ မနေ့က သူ့အဝတ်များပါမလာသောကြောင့်ပင်။
အအိပ်ကြီးပြီး သူနိုးမှထတတ်သော မဂ္ဂကတော့အပူပင်ကင်းစွာအိပ်နေဆဲ။
သူမသွားခင် မဂ္ဂဘေးတွင် ဝင်ထိုင်လိုက်သည်။
လှိုင်းပါသည့်ဆံပင်တွန့်များကို ခပ်ဖြည်းဖြည်းလှန်တင်ရင်း မဂ္ဂ၏နဖူးကို ညင်သာစွာငုံနမ်းလိုက်တော့သည်။

"မဂ္ဂ ငါသွားပြီ.."
လေညှင်းလို တိုးသာကာ တုန်ယင်နေသည့်လေသံကို မဂ္ဂကြားနိုင်စွမ်းရှိမှာမဟုတ်ချေ။
သူခုတင်ပေါ်ကထထွက်သွားသည့်အချိန်တွင် အိပ်မက်ယောင်သည့်နှယ် မဂ္ဂ၏မျက်ခုံးနှစ်ဖက်ကတွန့်ချိုးသွားသည်။ ထို့နောက်တွင်တော့ မဂ္ဂတစ်ဦးတည်းသာ ကျန်ခဲ့သည့် အခန်းလေးသည် လှုပ်ရှားမှုအတိ ကင်းမဲ့သွားတော့သည်။

°°°°°

လွန်းနောင်ထိုအိမ်ကထွက်လာပြီးနောက်တွင် လမ်းထိပ်ရှိ ဖုန်းရုံတွင် ဖုန်းဝင်ဆက်သည်။
ဖုန်းဆက်ပြီး သိပ်မကြာခင်မှာပဲ သူ့ကို ကြည်ဖြူစင်က ကားဖြင့်လာကြိုသည်။

"ဦးရန်နိုင်ဦး အိမ်ကိုမောင်း။ ကျွန်​ေတာ်အိမ်ထဲဝင်ပြီး ၅မိနစ်လောက်နေမှဝင်လာခဲ့။ပြီးရင် အပေါ်မှာ ကျွန်တော်ရှိနေမှာမို့ အချိန်ဆွဲနိုင်သလောက်ဆွဲထားပေးပါ "

လွန်းနောင်၏မျက်နှာသည် သိပ်ကြည့်မကောင်းလှ။ စကားကို ခပ်ပြတ်ပြတ်ပြောပြီး နဖူးကို ထောက်ကာ
မျက်လုံးများမှိတ်ထားသည်မို့ ကြည်ဖြူစင်သည်လည်း စကား အပိုမပြောတော့ဘဲ ဦးရန်နိုင်ဦးအိမ်ကိုမောင်းလိုက်သည်။ မနေ့ကဖြစ်ခဲ့သည့်အကြောင်းများကို လက်တွေ့ ကြုံလိုက်ရသူများနှင့် တွေ့လိုက်သူများသာ သိကြသည်။

လွန်းနောင် ထိုအိမ်ကြီးထဲကိုဝင်ဖို့ စိတ်မသတီ သော်ငြား မနေ့ညကမပြီးပြတ်သေးသည့် ကိစ္စများကို လုပ်ဖို့ရန် မသွား၍မဖြစ်။
အိမ်ထဲရောက်တော့ အိမ်အကူကသူ့အား ထိတ်လန့်တကြားကြည့်လာပြန်သည်။အိမ်အကူ၏မျက်လုံးများသည် သူ့မျက်လုံးကိုပင်တည့်တည့်မကြည့်ရဲ။ ညကအဖြစ်အပျက်များကြောင့် ရှောင်ကာလွှဲနေသည်။

"ဦးရန်နိုင်ဦးရှိလား"

"ဆရာက ဆေးရုံရောက်သွားပါတယ်"

လွန်းနောင်ထင်သည့်အတိုင်းပင်။
"မနေ့ညက ကျွန်တော်သူ့အခန်းထဲမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေ လာယူတာ"

"ကျွန်မယူလာပေးပါ့မယ်"

"ရတယ်။ ကျွန်တော်တက်ရှာမှ ရမှာ။ အဆောင်သော့ ပြုတ်ကျသွားတာမို့"

"ကျွန်မလည်းရှာကူပါ့မယ်"

အိမ်အကူကတစ်ယောက်သာရှိသည်။ကျန်လူများက ဆေးရုံ၌ ရောက်နေပုံပေါ်သည်။
အပေါ်ထပ်အခန်းရောက်တော့ တိုက်ဆိုင်စွာပင် အောက်ထပ်ကနေဘဲလ်တီးသံထွက်လာတော့သည်။
"ဘယ်သူလာပါလိမ့်.."

"သွားဖွင့်လိုက်လေ ကျွန်တော် ကိုယ့်ဘာသာရှာလိုက်မယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်မ ပြန်တက်လာခဲ့ပါ့မယ်.."

အိမ်အကူ အောက်ပြေးဆင်းသွားမှ လွန်းနောင်သည် မနေ့က တွေ့ခဲ့သည့် ခုတင် အံဝှက်ကို ကြိုးစားပမ်းစားဖွင့်တော့သည်။
သုံးမိနစ်လောက်အားထုတ်ပြီးနောက် သော့ပွင့်သွားသည်။ လွန်းနောင်သည် အံဝှက်ထဲကစာရွက်များကို ထုတ်ကြည့်လိုက်၏။ထိုင်းစာ၊ တရုတ်စာများက သူနားလည်နိုင်သည့်အခြေအနေမှာမရှိသော်လည်း ဤအရာများက စာချုပ် မှန်းတော့သူသိသည်။
လွန်းနောင်သည် အားလုံးကို မယူဘဲ နှစ်ရွက်စီ ယူကာ အိတ်ကပ်ထဲခေါက်ထည့်လိုက်သည်။ အံဆွဲပြန်ပိတ်လိုက်သည့်အချိန်ကိုက်မှာပဲ အိမ်အကူ ကပြန်ရောက်လာသည်။

"တွေ့လားရှင့်"

လွန်းနောင်သည် သော့ကို လေထဲသို့မြှောက်ပြလိုက်ကာ အဓိပ္ပာယ်ပြည့်ဝနေသောအသံဖြင့် ပြုံးပြရင်းဆိုလာလေသည်။
"တွေ့တာပေါ့ဗျာ"

အိမ်ထဲကနေထွက်လာတော့ ကြည်ဖြူစင်ကကားထဲကနေသူ့ကိုစောင့်ကြိုနေသည်။
"အဆင်ပြေလား။"

သူယူလာသည့် စာရွက်များကို ကြည်ဖြူ့အားပေးလိုက်သည်။
ကြည်ဖြူစင်က ထိုင်းဘာသာစကားဖြင့်ရေးထားသော စာရွက်ကိုကြည့်ရင်း တုန်ယင်လာ​ကာ
"ဒီ အသားထဲက လောက်ထွက်တဲ့ကောင်ကတော့"

"ကြည်ဖြူပဲကြည့်လုပ်ပေးပါ။ ကျွန်တော်ဒီဘက်မှာလည်း ပြဿနာလေးရှိနေလို့"

ကြည်ဖြူစင်ကခေါင်းညိတ်သည်။
"ချက်ချင်းတော့ ဝုန်းခနဲထဖြစ်လာမှာမဟုတ်ပေမဲ့၊ ဒါနဲ့တင် တော်တော်ခရီးရောက်ပါတယ်.... လွန်းနောင် ရှင်လည်း ပင်ပန်းသွားပြီ။ တစ်ခုခု သွားစားကြမလား။"

လွန်းနောင် တံတွေးမြိုချလိုက်တော့ လည်ချောင်းတွင် ငါးရိုးစူးသလို ခံစားလိုက်ရသည်။

"ကျွန်တော့်ကို ကျောင်းပေါက်ဝမှာပဲချပေးပါ။"

"အိုခေ။ တစ်ခုခုထူးရင် ကျွန်မရှင့်ဆီပဲလာခဲ့ပါ့မယ်။ဒါနဲ့မဂ္ဂရော"

လွန်းနောင် သည် ထိုနာမည်ကိုကြားသည်နှင့် အဖျားတက်သည့်နှယ် မောပန်းတုန်ယင်သွားတော့သည်။

"ပြီးသွားပြီ"

မေးခွန်းနှင့်အဖြေသည် ဆက်စပ်မှုမရှိသော်ငြား ကြည်ဖြူစင်ကနားလည်စွာပင်ခေါင်းတညိတ်ညိတ်လုပ်သည်။
"ကောင်းတယ်။ သူကရှင့်အတွက်ဆူးညှောင့်ပဲဖြစ်လာမှာ။ ခုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ"

ကြည်ဖြူစင်၏စကားများသည် လွန်းနောင်၏နားမှတစ်ဆင့် နှလုံးသားဆီသို့ ကြမ်းတမ်းစွာတိုးဝင်သွားတော့သည်။ ကားပြတင်းမှန်ဆီကနေ တိုးဝင်လာသောလေများသည် လွန်စွာအေးစက်နေသည်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးလိုပေါ့။

8.9.2021
°°°°°°°
မနေ့ညက update မို့ပါပဲ။မျက်လုံးက မျက်ရည်တွေတောက်လျှောက်ကျနေတာ။ ဒရာမာချိုးတာမဟုတ်ဘူးနော်။ ရေးဖို့ကြိုးစားပေမဲ့အဆင်မပြေလို့ ဒီမနက်မှထရေးလိုက်တာ။update က နှစ်ရက် or သုံးရက်ပေါ့ဗျာ။

-ဇာတ်သိမ်းရန် ၈ ပိုင်းအလို။

Btw-နွေဦးမောင်က စောနရီကို သူ့အပိုင်ဖြစ်ကြောင်း နာမည်ခေါ်ရင် နရီသက်သက် ထက်
သူ့နာမည်'မောင်' ပါတဲ့  'မောင့်နရီ၊ မောင့်ကပ်စေးလေး၊ မောင့်အမောပြေတို့၊ မောင့်အချစ်တို့ ခေါ်ရတာကို အရမ်း ခရေဇီဖြစ်တာပါ။

အဲ့အကျင့်ကဘယ်ကနေရသလဲဆိုတော့ ဇေရဲက နရီ့ကို မောင့်နရီလို့ လိုက် စရာကနေ သူပါ လိုက်ခေါ်ရင်း အရမ်းဖြစ်နေတာပါ XD

×××××××××

Zawgyi

~ ကိုယ္တို႔ ႏွစ္ဦးရဲ့ အခ်စ္ေရစက္
ဒီလမ္းမေလးေပၚမွာ
ပုခံုးခ်င္းတိုက္ဖို႔လည္း မလိုေတာ့ၿပီ..

ကတၲီပါသဲႀကိဳး ဖိနပ္တစ္ရန္နဲ႔
ဒီလမ္းမေလးေပၚမွာ
ေရးျဖစ္ခဲ့လေတဲ့ ေရစက္ပန္းခ်ီ...~

သီခ်င္းကေလးတညည္းညည္း ျဖင့္ သထံုေဆာင္ေလွကားကတက္လာသူသည္ အထုပ္ႀကီးအထုပ္ငယ္ကိုလည္း ဆဲြထားေသးသည္။သက္ဆိုင္ရာအခန္းေရ႔ွေရာက္ေတာ့ တံခါးေသာ့မခတ္ထားသည္မို႔ ေဇရဲ ရိွေနတာပဲဟု သူေတြးလိုက္မိသည္။

အခန္းအတြင္း၌ တံခါးဂ်က္မထိုးထားေခ်။ ထို႔ေၾကာင့္သက္ေတာင့္သက္သာပင္ တံခါးအားဆဲြဖြင့္လိုက္ေလသည္ ။ ျမင္လိုက္ရေသာသူသည္ ေဇရဲမဟုတ္ေသာအခါ မ်က္ေမွာင္ကုတ္ထားေသာေနြဦးေမာင္၏နဖူးေက်ာမ်ားသည္ ခ်က္ခ်င္းေျပေလ်ာ့သြားေတာ့သည္။
ထိုအစား အႃပံုးတစ္ပြင့္ကအစားထိုးေရာက္လာ၏။

"ေမာင့္အေမာေျပေလးက ဒီမွာေရာက္ေနတာကို။ ေမာင္က နရီ့အခန္းေရ႔ွေတာင္ေရာက္လာေသးတာ၊ျမင့္စိုးက နရီအျပင္သြားတယ္ဆိုလို႔"
ေနြဦးေမာင္သည္ စာအုပ္အထုပ္မ်ားကိုခ်ရင္း မနားတမ္းေျပာလိုက္သည္။

"ကိုေဇရဲက အျပင္သြားတယ္။ ေမာင္ျပန္လာၿပီထင္လို႔ ကၽြန္ေတာ္လည္း လာေတြ့တာ။"

ေနြဦးေမာင္သည္ အေပၚရွပ္အက်ႌကိုခၽြတ္လိုက္ရင္း
ေလတဖူးဖူးမႈတ္ကာ
"မေန့ကတည္းကျပန္လာမို႔ပါပဲ။ဒါေပမဲ့ အလုပ္မျပတ္ေသးတာနဲ႔ ညအိပ္လိုက္တာ၊ ဘာလဲ ေမာင္မရိွတဲ့ တစ္ရက္ေလး ေမာင့္ကို သိပ္လြမ္းေနတယ္ေပါ့။"

ကလူက်ီစယ္သံေၾကာင့္ ေစာနရီကႃပံုးရံုမ်ွႃပံုးၿပီး အၾကၫ့္လႊဲလိုက္ျပန္သည္။
ေနြဦး​ေမာင္က သူ႔အနီးကပ္လာကာ ပခံုး၌ေမးတင္ရင္း နားသယ္စပ္သို႔မထိတထိနမ္းသည္။
"ေမာင္ကေတာ့ နရီ့ကို သိပ္လြမ္းေနတာဗ်ာ"

ခပ္ဟဟရယ္ရင္း ဆိုလာတာေၾကာင့္ ေနြဦးေမာင္၏ကိုယ္ေငြ့ႏွင့္ေလပူမ်ားသည္ ေစာနရီ၏ နားရြက္ကေလးမ်ားကို ပြတ္တိုက္က်ီစယ္ေနသေယာင္။
ထိုအခ်င္းအရာအား လ်စ္လ်ူရႈဖို႔ႀကိဳးစားရင္း အာရံုအစုစုကို ေနြဦးေမာင္သယ္လာသၫ့္အထုပ္မ်ားဆီ ပို႔လႊတ္လိုက္ေလသည္။
"ဘာေတြဝယ္လာတာလဲ"

ေနြဦးေမာင္က စြပ္က်ယ္လက္ျပတ္ျဖင့္သာေနရင္း ၾကမ္းျပင္ေပၚရိွအထုပ္ကိုျဖည္ခ်လိုက္သည္။
အထက္တန္း စာစီစာကံုး၊ Essay,Letter စာအုပ္မ်ားႏွင့္ ျပင္ပရသစာအုပ္အျဖစ္ တကၠသိုလ္ဘုန္းႏိုင္၏ စာအုပ္မ်ားကိုေတြ့လိုက္ရေလသည္။

"အထက္တန္းစာအုပ္ေတြက ေမာင္ စာသင္ေပးရတဲ့ကေလးေတြကိုပို႔ရမွာ။ ဆရာ တကၠသိုလ္ဘုန္းႏိုင္စာအုပ္ေတြကေတာ့ နရီ့အတြက္ေလ။ နရီ သူ႔စာအုပ္ေတြႀကိဳက္တယ္လို႔ေျပာဖူးတယ္မလား၊ ဟိုးတုန္းကထြက္တဲ့ စာအုပ္ေတြကို စာအုပ္ဆိုင္ကို ျပန္စုခိုင္းထားတာမို႔ အခုမွရတာနဲ႔ ဝင္ယူလိုက္တာေလ။"
ထို႔ေနာက္ ေဘးကအထုပ္ကို အသာရိုက္ျပကာ
"ဒါကေတာ့ သတင္းစာေတြ"

တစ္ခ်က္ၾကၫ့္လိုက္ရံုႏွင့္ စုစုေပါင္း တန္ဖိုးက ေထာင္ဂဏန္းေက်ာ္ေနၿပီမို႔ ေစာနရီမ်က္ႏွာက သုန္မႈန္သြားသည္။
"စာအုပ္ေတြအမ်ားႀကီးဝယ္လာရလား။ေနာက္မွ ျဖည္းျဖည္းခ်င္း ကၽြန္ေတာ့္ဘာသာဝယ္လည္းရတာပဲကို။ အခုေတာ့ ဘယ္ေလာက္ေတာင္ကုန္ခဲ့လဲ။ ကၽြန္ေတာ္တစ္ဝက္ျပန္ေပးမယ္ေလ"

ေနြဦးေမာင္က လက္ျဖန႔္လိုက္ကာ
"ေကာင္းၿပီ ေပး။"

ေစာနရီသည္ အိတ္ကပ္ထဲရိွ ရာတန္အႂကြေရိွရိွသမ်ွအား ေနြဦးေမာင္လက္ေပၚသို႔ မျငဴမစူ တင္ေပးလိုက္သည္။ သူ႔မွာလည္းအထူးတလည္သံုးစရာမွမရိွဘဲ။ ကိုကုလားႀကီးကလည္း လခအျပင္ ၾကားေပါက္ အျဖစ္ ေပးထားသည္မ်ားလည္းရိွသည္။

ေနြဦးေမာင္က ပိုက္ဆံအားလံုးကို ယူလိုက္ကာ ႀကိဳးတန္းေပၚတင္ထားသၫ့္ ရွပ္အက်ႌထဲက ပိုက္ဆံမ်ားကိုပါ ႏိႈက္ယူလိုက္သည္။ထို႔ေနာက္ ပိုက္ဆံမ်ားကိုအထပ္ထပ္စုက နရီ့အိတ္ေထာင္ထဲသို႔ ထၫ့္လိုက္ေတာ့ နရီက သူ႔ကို ေၾကာင္ေတာင္ေတာင္ေမာ့ၾကၫ့္လာေလသည္။

"ေမာင့္လို အသံုးၾကမ္းတဲ့လူရဲ့ ဝင္ေငြကိုစိစစ္ေပးဖို႔ ခၽြေတာတတ္တဲ့ နရီကပဲ ၾကပ္မတ္ေပးမွရေတာ့မယ္။ ေမာင့္ ပိုက္ဆံေတြကို ထိန္းသိမ္းေပးပါဦး"

ေနြဦးေမာင္သည္ ေျပာရင္းပင္ သူတို႔ႏွစ္ဦး၏အေျခအေနကို ႃခံုငံုမိရင္းရယ္မိသြားေတာ့သည္။
မသိလ်ွင္ အိမ္သူသက္ထားအား လင္ေယာက်ာ္းက ပိုက္ဆံအပ္သၫ့္ႏွယ္။ နရီ့ကို မိန္းကေလးအျဖစ္သေဘာမထားဖူးေသာ္ငြား နရီကေတာ့ ေသခ်ာေပါက္ သူ႔ဝင္ေငြမ်ားကို ထိန္းသိမ္းေပးႏိုင္သၫ့္လူျဖစ္လိမ့္မည္။
" မစနဲ႔ဗ်ာ..."

"ေဟာဗ်ာ မစ ရပါဘူး။ ေနာက္ဆို ဘာစားစား နရီကပဲ ထုတ္ရွင္းေပးရေတာ့မွာ။ သိထား။ အခုေမာင္ ေရသြားခ်ိဳးဦးမယ္။ ေက်ာင္းစာအုပ္ေတြကို တစ္ခ်က္ အိတ္နဲ႔ခဲြထားေပးပါဦး။"

"ဟုတ္ဟုတ္.."

ေခါင္းတညိတ္ညိတ္ျဖင့္ နာခံတတ္လွေသာ နရီ့ဆံပင္ေလးကို အားရေအာင္ဖြၿပီးမွ ပုဆိုးၾကမ္းလဲ ကာ ေရခြက္ကိုင္ရင္း အေဆာင္ေအာက္ ေရခ်ိဳးခန္းဆီသို႔ ေျခဦးျပင္ရေတာ့သည္။
မိနစ္ပိုင္းမ်ွေရခ်ိဳးၿပီးသၫ့္​ေနာက္ အေပၚထပ္ျပန္တက္လာေတာ့ နရီကသူ႔ပစၥည္းမ်ားကို သိမ္းဆည္းေပးေနေလၿပီ။
တမင္ေရမသုတ္လာသၫ့္ဆံပင္မ်ားကိုလည္း နရီ့ဆီတိုးေဝ႔ွၿပီး သုတ္ေပးဖို႔ရန္ အပူကပ္ရေသးသည္။
ေခါင္းေျခာက္ေတာ့လည္း နရီ့ေပါင္ကို ေခါင္းအံုးလုပ္ကာ စကားမ်ားေျပာလို႔မၿပီး။
ေနြဦးေမာင္တစ္ေယာက္တည္း အလုပ္မ်ားရႈပ္ေနေလေတာ့သည္။
"နရီ ကိုကုလားႀကီးဆီမသြားရဘူးလား"

"ဒီေန့လျပၫ့္ေန့ေလ။ေစ်းပိတ္တယ္"

"အာ ဟုတ္သားပဲ။ ေမ့တတ္ရန္ေကာ"

ေနြဦးေမာင္ကမ်က္လံုးမ်ားကို ေမွးစင္းရင္း မ်က္ခံုးရိုးမ်ားကို လက္ျဖင့္ဖိႏိွပ္ေနေတာ့သည္။
"မ်က္ရိုးကိုက္ေနတာလား။ ကၽြန္ေတာ္ႏိွပ္ေပးမယ္ေလ"

ေနြဦးေမာင္က နရီ၏ႏိွပ္ခ်က္မ်ားကို ဇိမ္ခံရင္း မ်က္လံုးမ်ား မိွတ္ထားကာ ခပ္ဖြဖြႃပံုးရင္းႏွင့္ပင္။
"ေမာင္ေတာ့ မ်က္စိေဆးခန္းသြားဖို႔လိုၿပီထင္တယ္"

"ဘာလို႔လဲ။မ်က္စိနာေနတာလား။ မ်က္မွန္မတပ္လို႔ျဖစ္မယ္။ ညေန ေဆးခန္းသြားမလား။"

"မဟုတ္ဘူး မ်က္လံုးမိွတ္ထားတာေတာင္ နရီ့ကိုပဲ ျမင္ေနလို႔ေလ။ ကဲ အဲ့တာဘယ္လိုလုပ္ရမလဲ"

ေစာနရီသည္ အသံထြက္လ်က္ရယ္မိသြားေတာ့သည္။ တဆက္တည္းမွာပင္ ဟိုးယခင္က ေမာင္နဲ႔စခင္စဉ္ အတန္းထဲရိွမိန္းကေလးမ်ား၏ေမးခြန္း ကို ျပန္သတိရသြားမိသည္။
ထိုေမးခြန္းကေတာ့ ေနြဦးေမာင္မွာ ရည္းစားရိွသလားဟူ၍ပင္။ ေမာင့္ကို ေမးတုန္းက ေမာင္က မရိွဘူးဟု အသည္းအသန္ျငင္းခဲ့ေလသည္။ အတန္းထဲက မိန္းကေလးေမးခိုင္းတာလို႔ ဆိုေတာ့ မ်က္မ်က္ႏွာ စူပုတ္ပုတ္ျဖစ္သြားေသးသည္။
'ေမာင္က နရီေမးတာ ထင္လို႔' ဟူေသာ စကားေလးက သူစိတ္ခန္းယားေစမိသၫ့္ အေျဖေလးပင္။

"တကယ္ပဲ ေမာင္ရည္းစားမရိွဘူးဆိုတာေသခ်ာရဲ့လား"

ေမာင္က သူ႔အား ေမာ့ၾကၫ့္ေနရင္း
"ရိွတယ္ေလ"

"ဘယ္သူလဲ။ "
သူအေလာတႀကီးျပန္ေမးလိုက္မိသည္။ ဘယ္ေမဂ်ာကေကာင္မေလးျဖစ္မည္နည္း။

"ေနာက္ဆံုးႏွစ္ျမန္မာစာက ေစာနရီတဲ့။ ကရင္-ဗမာ ကျပားေလးေလ။ အဲ့တာ ေမာင့္အခ်စ္ေလး"

"ဖယ္ဗ်ာ ေမာင္ကအေကာင္းေမးလို႔မရဘူး"

ေစာနရီသည္ ဆိုးဆိုးဆတ္ဆတ္ထလိုက္ရင္း ေနြဦးေမာင္၏ ေပ်ာ္ရႊင္ျမဴးထူးေနေသာ ရယ္သံကို လ်စ္လ်ူရႈလိုက္သည္။
ထို႔ေနာက္ ေနြဦးေမာင္ ခရီးျပန္လာသၫ့္အဝတ္မ်ားကို ေလ်ွာ္ေပးမၫ့္ကိစၥအားျငင္းခုန္ရင္း ေနာက္ဆံုး အက်ႌမ်ားပိုက္လ်က္ ေရခ်ိဳးကန္ဆီသို႔ ဆင္းလာလိုက္ေတာ့သည္။ အသန႔္ႀကိဳက္သူပီပီ ေမာင့္အဝတ္အစားေတြမွာ ေမာင့္ကိုယ္သင္းနံ႔မွ တပါး တျခားေသာအနံ႔ဆိုးမ်ားမရိွေပ။

အဝတ္ေလ်ွာ္လွန္းၿပီးေနာက္ အခန္းထဲျပန္ဝင္လာေတာ့ ေမာင္ကခရီးပန္းသည္ထင္... ခုတင္ေပၚတြင္ အိပ္ေပ်ာ္ေနေလၿပီ။ သူေမာင့္မ်က္ႏွာ အစိတ္အပိုင္းမ်ားကို အခ်ိန္ၾကာၾကာ ထိုင္ၾကၫ့္ေနမိသည္။
ေစာင္ပါးေလးႃခံုေပးၿပီး စာရြက္တစ္ရြက္ကိုယူကာ ခ်ေရးလိုက္သည္။

-ေမာင္။ ကၽြန္ေတာ္ အျပင္ခဏသြားဦးမယ္။ ေမာင့္မီးျခစ္ ဂတ္စ္ကုန္ေတာ့မွာမို႔ ဂတ္စ္ျဖၫ့္လာေပးမယ္ေနာ္။ ေမာင္စားဖို႔လည္းတစ္ခုခုဝယ္လာခဲ့မယ္။
                                                      နရီ-

စာကို ခံုေပၚမွာတင္ၿပီးသည္ႏွင့္ ဂတ္စ္ကုန္လုနီးပါးျဖစ္ေနသၫ့္ မီးျခစ္ကို အပါယူလာေတာ့သည္။ အေဆာင္ေအာက္ အျပင္ဘက္ေရာက္ေတာ့ စိတ္အမ်ွင္မျပတ္စြာ အေဆာင္အေပၚထပ္ကို ေမာ့ၾကၫ့္မိေသးသည္။ သူ႔စိတ္ေတြေဝဝါးေနဆဲပင္။
ထိုအခ်င္းအရာကိုေတြးမိလိုက္တိုင္း စိတ္ကေလးကညိုရသည္။
အေယာင္ေယာင္ အမွားမွားျဖင့္ စာတိုက္ကေနယူလာသၫ့္ စာရြက္ကို တျပန္ ျပန္ထုတ္ၾကၫ့္မိေတာ့ သူ႔မ်က္ေတာင္ကေလးမ်ားသည္ လိပ္ျပာေတာင္ပံခတ္သၫ့္ႏွယ္ တုန္ယင္သြားရပါေတာ့သည္။

ယူလာသၫ့္မီးျခစ္ျဖင့္ ေနြဦးေမာင္ ဟု အမည္တပ္ထားသၫ့္ စာအိတ္အား မီးရိႈ႔လိုက္၏။တေႁမ့ေႁမ့ေလာင္ကၽြမ္းေနသၫ့္မီးသည္ မီးစာကုန္ခါနီးအထိကိုင္ထားေသာ သူ႔လက္ကို လာဟပ္သည္။ ထိုအခါမွ သူလက္လႊတ္လိုက္သည္။

သူလုပ္ေနသၫ့္လုပ္ရပ္ေတြက မွားေနမွန္းလည္းသူသိပါသည္။ တစ္ခုေတာ့ရိွသည္။ထိုမွားယြင္းစြာ ျပဳခဲ့မိသမ်ွ အစုစု တို႔သည္ ေမာင့္စိတ္မညိုးႏြမ္းေစဖို႔သာျဖစ္သည္။
ဒါေၾကာင့္ ေမာင္ကေတာ့ ေပ်ာ္ေနမျွဖစ္မယ္...

°°°°°°°°

လြန္းေနာင္သည္ ေနေရာင္ထိုးခ်က္ေၾကာင့္ပဲ မနက္ခင္းမွာ မအီမသာႏိုးလာရသည္။ သူဦးေနွာက္သာ ေကာင္းစြာအလုပ္လုပ္ေနေသးသည္ ဆိုလ်ွင္ ခႏၶာကိုယ္၏နာက်င္မႈႏွင့္ ဆက္စပ္ေနေသာအေၾကာင္းအရာမ်ားကို ေသခ်ာေပါက္ မွတ္မိေနမွာပင္။

သူ႔လည္ေခ်ာင္းက ေရငတ္ေနသၫ့္လူလို ေျခာက္ေသြ့ေနကာ အသံပင္မထြက္ႏိုင္ေတာ့ေခ်။
ေဘးကို ေစာင္းငဲ့ၾကၫ့္လိုက္ေတာ့ မဂၢက ေမွာက္လ်က္ အိပ္ေပ်ာ္ေနဆဲပင္။
အိပ္ရာကေနသူထလိုက္ေတာ့ နာက်င္မႈေၾကာင့္ ေအာ္မိမတတ္ျဖစ္သြားသည္။ ေျခာက္ေသြ့ေနေသာေသြးစမ်ားႏွင့္ နာက်င္ ကိုက္ခဲမႈဒဏ္မ်ားေၾကာင့္ ခ်ာခ်ာလည္ေနသည္​့ ကမ႓ာႀကီးကို တည္ၿငိမ္ေစဖို႔ရန္ ေရခ်ိဳးခန္းတြင္ ေခတၲမ်ွ ငုတ္တုတ္ထိုင္ေနလိုက္ရသည္။ အျဖစ္အပ်က္မ်ားကို ရွက္စရာေကာင္းသည္ဟု သူမေတြးမိသလို၊ေနာင္တရသည္မ်ိဳးလည္းမရိွ။ သူကိုယ္တိုင္ ဒီႏြံထဲသက္ဆင္းခဲ့တာ။
အားလံုးဟာ သူ႔အျပစ္ခ်ည္းသာ။ ဘယ္သူ႔ကိုမွ အျပစ္တင္ဖို႔ရာသူမတတ္စြမ္းႏိုင္ေခ်။
ေျခတစ္လွမ္း လွမ္းသည္ႏွင့္ နာက်င္မႈဟာ တစ္ကိုယ္လံုးကို ပ်ံ႔ႏွံ႔သြားသည္။ အသက္ကို ခဲရာခဲဆစ္ရႉရင္း ေရပန္းကို ဖြင့္ခ်လိုက္ေတာ့သည္။

သူေရခ်ိဳးၿပီးထြက္လာသၫ့္တိုင္မဂၢက မႏိုးေသး။
မဂၢ၏ရွားရွားပါးပါး ပုဆိုးတစ္ထည္ကို ရွာေဖြၿပီးသူအဝတ္လဲလိုက္သည္။ မေန့က သူ႔အဝတ္မ်ားပါမလာေသာေၾကာင့္ပင္။
အအိပ္ႀကီးၿပီး သူႏိုးမွထတတ္ေသာ မဂၢကေတာ့အပူပင္ကင္းစြာအိပ္ေနဆဲ။
သူမသြားခင္ မဂၢေဘးတြင္ ဝင္ထိုင္လိုက္သည္။
လိႈင္းပါသၫ့္ဆံပင္တြန႔္မ်ားကို ခပ္ျဖည္းျဖည္းလွန္တင္ရင္း မဂၢ၏နဖူးကို ညင္သာစြာငံုနမ္းလိုက္ေတာ့သည္။

"မဂၢ ငါသြားၿပီ.."
ေလၫွင္းလို တိုးသာကာ တုန္ယင္ေနသၫ့္ေလသံကို မႁဂၢကားႏိုင္စြမ္းရိွမွာမဟုတ္ေခ်။
သူခုတင္ေပၚကထထြက္သြားသၫ့္အခ်ိန္တြင္ အိပ္မက္ေယာင္သၫ့္ႏွယ္ မဂၢ၏မ်က္ခံုးႏွစ္ဖက္ကတြန႔္ခ်ိဳးသြားသည္။ ထို႔ေနာက္တြင္ေတာ့ မဂၢတစ္ဦးတည္းသာ က်န္ခဲ့သၫ့္ အခန္းေလးသည္ လႈပ္ရွားမႈအတိ ကင္းမဲ့သြားေတာ့သည္။
°°°°°

လြန္းေနာင္ထိုအိမ္ကထြက္လာၿပီးေနာက္တြင္ လမ္းထိပ္ရိွ ဖုန္းရံုတြင္ ဖုန္းဝင္ဆက္သည္။
ဖုန္းဆက္ၿပီး သိပ္မၾကာခင္မွာပဲ သူ႔ကို ၾကည္ျဖဴစင္က ကားျဖင့္လာႀကိဳသည္။

"ဦးရန္ႏိုင္ဦး အိမ္ကိုေမာင္း။ ကၽြန္​ေတာ္အိမ္ထဲဝင္ၿပီး ၅မိနစ္ေလာက္ေနမွဝင္လာခဲ့။ၿပီးရင္ အေပၚမွာ ကၽြန္ေတာ္ရိွေနမွာမို႔ အခ်ိန္ဆဲြႏိုင္သေလာက္ဆဲြထားေပးပါ "

လြန္းေနာင္၏မ်က္ႏွာသည္ သိပ္ၾကၫ့္မေကာင္းလွ။ စကားကို ခပ္ျပတ္ျပတ္ေျပာၿပီး နဖူးကို ေထာက္ကာ
မ်က္လံုးမ်ားမိွတ္ထားသည္မို႔ ၾကည္ျဖဴစင္သည္လည္း စကား အပိုမေျပာေတာ့ဘဲ ဦးရန္ႏိုင္ဦးအိမ္ကိုေမာင္းလိုက္သည္။ မေန့ကျဖစ္ခဲ့သၫ့္အေၾကာင္းမ်ားကို လက္ေတြ့ ႄကံုလိုက္ရသူမ်ားႏွင့္ ေတြ့လိုက္သူမ်ားသာ သိၾကသည္။

လြန္းေနာင္ ထိုအိမ္ႀကီးထဲကိုဝင္ဖို႔ စိတ္မသတီ ေသာ္ငြား မေန့ညကမၿပီးျပတ္ေသးသၫ့္ ကိစၥမ်ားကို လုပ္ဖို႔ရန္ မသြား၍မျဖစ္။
အိမ္ထဲေရာက္ေတာ့ အိမ္အကူကသူ႔အား ထိတ္လန႔္တၾကားၾကၫ့္လာျပန္သည္။အိမ္အကူ၏မ်က္လံုးမ်ားသည္ သူ႔မ်က္လံုးကိုပင္တၫ့္တၫ့္မၾကၫ့္ရဲ။ ညကအျဖစ္အပ်က္မ်ားေၾကာင့္ ေရွာင္ကာလႊဲေနသည္။

"ဦးရန္ႏိုင္ဦးရိွလား"

"ဆရာက ေဆးရံုေရာက္သြားပါတယ္"

လြန္းေနာင္ထင္သၫ့္အတိုင္းပင္။
"မေန့ညက ကၽြန္ေတာ္သူ႔အခန္းထဲမွာ က်န္ခဲ့တဲ့ပစၥည္းေတြ လာယူတာ"

"ကၽြန္မယူလာေပးပါ့မယ္"

"ရတယ္။ ကၽြန္ေတာ္တက္ရွာမွ ရမွာ။ အေဆာင္ေသာ့ ျပဳတ္က်သြားတာမို႔"

"ကၽြန္မလည္းရွာကူပါ့မယ္"

အိမ္အကူကတစ္ေယာက္သာရိွသည္။က်န္လူမ်ားက ေဆးရံု၌ ေရာက္ေနပံုေပၚသည္။
အေပၚထပ္အခန္းေရာက္ေတာ့ တိုက္ဆိုင္စြာပင္ ေအာက္ထပ္ကေနဘဲလ္တီးသံထြက္လာေတာ့သည္။
"ဘယ္သူလာပါလိမ့္.."

"သြားဖြင့္လိုက္ေလ ကၽြန္ေတာ္ ကိုယ့္ဘာသာရွာလိုက္မယ္"

"ဟုတ္ကဲ့ ဟုတ္ကဲ့ ကၽြန္မ ျပန္တက္လာခဲ့ပါ့မယ္.."

အိမ္အကူ ေအာက္ေျပးဆင္းသြားမွ လြန္းေနာင္သည္ မေန့က ေတြ့ခဲ့သၫ့္ ခုတင္ အံဝွက္ကို ႀကိဳးစားပမ္းစားဖြင့္ေတာ့သည္။
သံုးမိနစ္ေလာက္အားထုတ္ၿပီးေနာက္ ေသာ့ပြင့္သြားသည္။ လြန္းေနာင္သည္ အံဝွက္ထဲကစာရြက္မ်ားကို ထုတ္ၾကၫ့္လိုက္၏။ထိုင္းစာ၊ တရုတ္စာမ်ားက သူနားလည္ႏိုင္သၫ့္အေျခအေနမွာမရိွေသာ္လည္း ဤအရာမ်ားက စာခ်ဳပ္ မွန္းေတာ့သူသိသည္။
လြန္းေနာင္သည္ အားလံုးကို မယူဘဲ ႏွစ္ရြက္စီ ယူကာ အိတ္ကပ္ထဲေခါက္ထၫ့္လိုက္သည္။ အံဆဲြျပန္ပိတ္လိုက္သၫ့္အခ်ိန္ကိုက္မွာပဲ အိမ္အကူ ကျပန္ေရာက္လာသည္။

"ေတြ့လားရွင့္"

လြန္းေနာင္သည္ ေသာ့ကို ေလထဲသို႔ၿမွောက္ျပလိုက္ကာ အဓိပၸာယ္ျပၫ့္ဝေနေသာအသံျဖင့္ ႃပံုးျပရင္းဆိုလာေလသည္။
"ေတြ့တာေပါ့ဗ်ာ"

အိမ္ထဲကေနထြက္လာေတာ့ ၾကည္ျဖဴစင္ကကားထဲကေနသူ႔ကိုေစာင့္ႀကိဳေနသည္။
"အဆင္ေျပလား။"

သူယူလာသၫ့္ စာရြက္မ်ားကို ၾကည္ျဖဴ႔အားေပးလိုက္သည္။
ၾကည္ျဖဴစင္က ထိုင္းဘာသာစကားျဖင့္ေရးထားေသာ စာရြက္ကိုၾကၫ့္ရင္း တုန္ယင္လာ​ကာ
"ဒီ အသားထဲက ေလာက္ထြက္တဲ့ေကာင္ကေတာ့"

"ၾကည္ျဖဴပဲၾကၫ့္လုပ္ေပးပါ။ ကၽြန္ေတာ္ဒီဘက္မွာလည္း ျပႆနာေလးရိွေနလို႔"

ၾကည္ျဖဴစင္ကေခါင္းညိတ္သည္။
"ခ်က္ခ်င္းေတာ့ ဝုန္းခနဲထျဖစ္လာမွာမဟုတ္ေပမဲ့၊ ဒါနဲ႔တင္ ေတာ္ေတာ္ခရီးေရာက္ပါတယ္.... လြန္းေနာင္ ရွင္လည္း ပင္ပန္းသြားၿပီ။ တစ္ခုခု သြားစားၾကမလား။"

လြန္းေနာင္ တံေတြးၿမိဳခ်လိုက္ေတာ့ လည္ေခ်ာင္းတြင္ ငါးရိုးစူးသလို ခံစားလိုက္ရသည္။

"ကၽြန္ေတာ့္ကို ေက်ာင္းေပါက္ဝမွာပဲခ်ေပးပါ။"

"အိုေခ။ တစ္ခုခုထူးရင္ ကၽြန္မရွင့္ဆီပဲလာခဲ့ပါ့မယ္။ဒါနဲ႔မဂၢေရာ"

လြန္းေနာင္ သည္ ထိုနာမည္ကိုၾကားသည္ႏွင့္ အဖ်ားတက္သၫ့္ႏွယ္ ေမာပန္းတုန္ယင္သြားေတာ့သည္။

"ၿပီးသြားၿပီ"

ေမးခြန္းႏွင့္အေျဖသည္ ဆက္စပ္မႈမရိွေသာ္ငြား ၾကည္ျဖဴစင္ကနားလည္စြာပင္ေခါင္းတညိတ္ညိတ္လုပ္သည္။
"ေကာင္းတယ္။ သူကရွင့္အတြက္ဆူးေၫွာင့္ပဲျဖစ္လာမွာ။ ခုတ္ပစ္လိုက္တာ အေကာင္းဆံုးပဲ"

ၾကည္ျဖဴစင္၏စကားမ်ားသည္ လြန္းေနာင္၏နားမွတစ်ဆင့္ ႏွလံုးသားဆီသို႔ ၾကမ္းတမ္းစြာတိုးဝင္သြားေတာ့သည္။ ကားျပတင္းမွန္ဆီကေန တိုးဝင္လာေသာေလမ်ားသည္ လြန္စြာေအးစက္ေနသည္။ သူတို႔ႏွစ္ေယာက္ရဲ့ဆက္ဆံေရးလိုေပါ့။

8.9.2021
°°°°°°°
မေန့ညက update မို႔ပါပဲ။မ်က္လံုးက မ်က္ရည္ေတြေတာက္ေလ်ွာက္က်ေနတာ။ ဒရာမာခ်ိဳးတာမဟုတ္ဘူးေနာ္။ ေရးဖို႔ႀကိဳးစားေပမဲ့အဆင္မေျပလို႔ ဒီမနက္မွထေရးလိုက္တာ။update က ႏွစ္ရက္ or သံုးရက္ေပါ့ဗ်ာ။

-ဇာတ္သိမ္းရန္ ၈ ပိုင္းအလို။

Btw-ေနြဦးေမာင္က ေစာနရီကို သူ႔အပိုင္ျဖစ္ေၾကာင္း နာမည္ေခၚရင္ နရီသက္သက္ ထက္
သူ႔နာမည္'ေမာင္' ပါတဲ့  'ေမာင့္နရီ၊ ေမာင့္ကပ္ေစးေလး၊ ေမာင့္အေမာေျပတို႔၊ ေမာင့္အခ်စ္တို႔ ေခၚရတာကို အရမ္း ခေရဇီျဖစ္တာပါ။

အဲ့အက်င့္ကဘယ္ကေနရသလဲဆိုေတာ့ ေဇရဲက နရီ့ကို ေမာင့္နရီလို႔ လိုက္ စရာကေန သူပါ လိုက္ေခၚရင္း အရမ္းျဖစ္ေနတာပါ XD






















Continue Reading

You'll Also Like

207K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
405K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
6.6K 427 194
Ez egy random hülyesegem
10.6M 714K 67
punishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။