ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

By xingliang_baobei

55.2K 8K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... More

Description
Chp(1)
Chp(2)
Chp(3)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (11)
Chp (12)
Chp(13)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp(4)

2.3K 502 36
By xingliang_baobei

[Unicode]

ဖိန့်ရန် အခန်းပြန်ရောက်တာနဲ့ အရင်ဆုံး လုပ်တဲ့အရာကတော့ ရေချိုးပစ်လိုက်တာပဲဖြစ်တယ်။

စားသောက်ဆိုင်က ပေါ့ပေါ့ပါးပါး အပြင်အဆင်မျိုး ရှိပေမဲ့ စားသောက်ဆိုင်ထဲက အရသာတွေကတော့ ပေါ့ပါးမနေပေ။ အခုချိန်မှာ သူ့ဆံပင်တွေကနေ အာလူးရှာလကာရည်ရဲ့ ချဉ်စူးစူးအနံ့ကိုပဲ ရနေခဲ့တယ်။

ရေချိုးလို့လည်းပြီးရော သူ ကုတင်ဘေးမှာ ရပ်ကာ လက်တစ်ဖက်နဲ့ သူ့ဆံပင်တွေကို သုတ်နေပြီး ဖုန်းကောက်ကိုင်ကာ စူးနျန်ရဲ့ wallထဲ ထပ်မံဝင်ကြည့်လိုက်တယ်။

သူ နဲ့ စူးနျန်က စစတွေ့ဆုံတည်းက Wechatမှာ အချင်းချင်း အပ်ထားကြပေမဲ့ တစ်ခါမှတော့ စကားမပြောဖူးကြပေ။

သူ friend list နေရာကို ကျော်ပြီး အောက်ကို ဆက်ဆွဲကြည့်လိုက်တယ်။

[ ဒီဆိုင်ရဲ့ငရုတ်ကောင်းက လုံးဝ perfectပဲ {ဓာတ်ပုံ} ]

လော့ချင်ရှန်းက အစပ်ပြင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ထားကြောင်း သူ့ကို ‌ဒီနေ့ ပြောပြခဲ့တယ်။ ပြီးတော့ သူက ဖိန့်ရန်က အစပ်မကြိုက်တာ စိတ်မကောင်းစရာပဲလို့ ပြောသေးတယ်, မဟုတ်ရင် ဖိန့်ရန်ကို အရသာမြည်းစမ်းဖို့ ခေါ်သွားပေးနိုင်မှာတဲ့လေ။

[ ဒီနေ့ အားကစား (၁၁) {ဓာတ်ပုံ} ]

ဓာတ်ပုံက ဘတ်စကတ်ဘောကွင်းမှာပဲ။ ဖိန့်ရန်က လော့ချင်ရှန်းရဲ့ ဂျာစီကို ဓာတ်ပုံထဲမှာ မြင်လိုက်တယ်။

[ စာကြည့်တိုက်သို့ ခရီးတစ်‌ခေါက် ]

.......

လွန်ခဲ့တဲ့နှစ်လက စူးနျန်ရဲ့wallက postအများစုက လော့ချင်ရှန်းနဲ့ ဆက်စပ်နေတယ်။

ဖိန့်ရန် ခပ်ပေါ့ပေါ့ မျက်မှောင်ကြုပ်ပြီး လျင်လျင်မြန်မြန် ပြန်ပြေသွားတယ်။

ဖိန့်ရန်တစ်ယောက် သူ စူးနျန် wallထဲ ရုတ်တရက် လာကြည့်မိတာလည်းဆိုတာ သူ မသိပေ။ တကယ်တော့ သူ ဒီပုံတွေကို သာမန်ကာလျှံကာ ကြည့်ဖူးတယ် , ဒါပေမဲ့ အရင်တုန်းက သူ လုံးဝဂရုမစိုက်ခဲ့ပေ။ ပြီးတော့ ဓာတ်ပုံတွေကို ဝင်တောင်မကြည့်ပေ။

မဟုတ်ဘူး, ဒါမှမဟုတ် ဖိန့်ရန် သိနေခဲ့ပါတယ်။

သူ့အတွေးတွေက အရမ်းရိုင်းပြပြီး ရက်စက်မှုတစ်ချို့တောင် ပါဝင်နေသေးတာမို့ သူ ဓာတ်ပုံအနည်းငယ်လောက်နဲ့ ကိစ္စတစ်ခုနှစ်ခုကို ကောက်ချက်ချလို့ မရနိုင်ပေ။

သူ ဓာတ်ပုံတွေကို စက္ကန့်အနည်းငယ်လောက် စိုကြည့်လိုက်ပြီးမှ WeChatထဲမှ ထွက်လိုက်တော့တယ်။

တစ်ပတ်ကြာတော့ ဖိန့်ရန်ရဲ့ calendarက မနက်ဖြန် လော့ချင်ရှန်းမွေးနေ့ဖြစ်ကြောင်း သူ့ကို သတိပေးလာတော့တယ်။

သူ လော့ချင်ရှန်းဆီမှ ဖုန်းကောလက်ခံရတော့ သူ စတိုးဆိုင်မှာ လက်ဆောင်ရွေးနေတုန်း။

လော့ချင်ရှန်း :: " ဒါနဲ့လေ ဘာ....ဘေဘီ , ကိုယ်လေ မင်းကို ခွင့်တောင်းစရာတစ်ခုရှိလို့။ "

" ဘာများလဲ? "

" ကိုယ့်မွေးနေ့ကို KTV မှာ ကျင်းပချင်လို့ ရလား?"

ဖိန့်ရန် :: " မင်းမွေးနေ့ပဲ မင်းသဘောအတိုင်း လုပ်ပါ။ "

" ပြောချင်တာက ဘေဘီ လာရမယ်နော်။ ဘေဘီက အဲ့လိုနေရာတွေ သွားရတာအမုန်းဆုံးမလား.... ဒီတစ်ကြိမ်မှာ အရူးတစ်သိုက်က ကိုယ့်ကို အတင်းတောင်းဆိုနေလို့ ပြီးတော့ သူတို့ သူငယ်ချင်းတွေနဲ့ ဆုံခဲ့ပြီး အရမ်းဈေးပေါတဲ့ packageတွေလည်း ရထားလို့လေ။ ဒါပေမဲ့ မင်း မလာချင်ရင် ကိုယ် နေရာပြန်ပြောင်းလိုက်မယ်လေ။ "

ဖိန့်ရန် :: " မင်း ကြိုက်တဲ့နေရာမှာသာ လုပ်ပါ။ "

ဒါဆို ကိစ္စတွေ ပြီးပြီ။

နောက်တစ်နေ့ညမှာ ဖိန့်ရန် စားပွဲပေါ်က maskကို ကြည့်ပြီး တုန့်ဆိုင်းနေမိတယ်။

ဖိန့်ရန်က KTVသွားရတာ တကယ် မကြိုက်ပေ။ ဆူညံတယ် , ရှုပ်ပွတယ် , ညစ်ပတ်တယ်။ လူတိုင်းရဲ့ အနံ့အသက်တွေက တူတူရောထွေးနေပြီး ပျို့အန်ချင်စရာကောင်းတယ်။ အထူးသဖြင့် ဆေးလိပ်ငွေ့တွေ ဒါပေမဲ့ နေရာမှာ အဲ့ကုန်းမြေသေးသေးလေးပဲ ရှိတယ်...... သူ တွေးကြည့်ရုံနဲ့တင် မျက်မှောင်မကြုပ်ဘဲ မနေနိုင်ပါတော့ချေ။

Mask တပ်သွားတာ ပိုကောင်းလိမ့်မယ် , ဒါပေမဲ့ နည်းနည်းတော့ မွန်းကျပ်မှာ။

ဖုန်းမြည်လာတယ် , လော့ချင်ရှန်းဆီကပဲ။ လော့ချင်ရှန်းက ဒီနေ့ အိမ်ကို ပြန်သွားပြီး အိမ်ကနေ KTVကို တိုက်ရိုက်သွားခဲ့တာ။ ဒါကြောင့် သူတို့နှစ်‌ယောက် မတွေ့နိုင်တော့တာ။

" ကိုယ် နေရာယူပြီးပြီ။ မင်း လမ်းသိလား ဒါမှမဟုတ် ကိုယ် မင်းကို လာကြိုပေးရမလား? "

" မလိုဘူး ရတယ်။ " ဖိန့်ရန်က maskကို‌ ကောက်ကိုင်ပြီး အံဆွဲထဲ ပြန်ထည့်ထားလိုက်တယ်။ လူတိုင်းက အဲ့ဒီမှာ လွတ်လွတ်လပ်လပ် ကနေကြတာ။ mask တပ်ထားတဲ့ လူတစ်ယောက် ရုတ်တရက်ကြီး အထဲ‌ဝင်လာရင် သူတို့တွေ အဟန့်အတား ဖြစ်သွားမှာ စိုးရိမ်တယ်။ ဖိန့်ရန်က " ငါ့မှာ လမ်းပြကိုသုံးလိုက်မယ်။ "

-------------------

" မင်းလည်း ဒီရောက်နေတာလား? "

ယန်းကျွင် ခေါင်းမော့ကြည့်လိုက်တော့ သူ့ဘေးမှာ ထိုင်နေသူက လင်းခန်းလို့ခေါ်တဲ့ မေဂျာတူအတန်းဖော်တစ်ယောက်ပဲ။ လင်းခန်းနဲ့သူက အထက်တန်းကျောင်းမှာလည်း တစ်ခန်းတည်းပဲ။ သူတို့တွေ မရင်းနှီးပေမဲ့လည်း သူငယ်ချင်းဆက်ဆံရေးတော့ ရှိပါတယ်။

လင်းခန်းက သူ့ကုတ်ကို အလျင်အမြန် ချွတ်ပြီး ဆိုဖာပေါ် ပစ်ထိုင်လာတယ်။ " လော့ချင်ရှန်းက တကယ်ကြီး မင်းကို ခေါ်တယ်ပေါ့။ "

" ဒီလိုပဲ ဖြစ်သွားတာပါ။ " ယန်းကျွင် ပြန်ဖြေလိုက်တယ်။

" လင်းခန်း မင်း ဘာတွေ ပြောနေတာလဲ? ယန်းကျွင်နဲ့ ငါက သူငယ်ချင်းကောင်းတွေပါ။ သူ ငါ့မွေးနေ့ကို လာပေးတာ ဘာများထူးဆန်းနေလို့လဲ? " လော့ချင်ရှန်းက မိုက်ခရိုဖုန်းကို ကောက်ကိုင်ကာ သူတို့စကားပြောခန်းကို ကြားပြီး မိုက်ခရိုဖုန်းနဲ့ပဲ ပြန်ပြောလိုက်တယ်။ " လေးယောက်တစ်ဖွဲ့နဲ့ နိုင်အောင်ဆော့ကြမယ်။ "

" မင်းစကားတွေကို မှတ်ထားနော်။ ငါတို့ကို ယန်းကျွင်က ကယ်ပေးမှာ! " လင်းခန်းက ချက်ချင်း ပြောလိုက်တယ်။

" သေလိုက်လေ "

လူနှစ်ဦး အချင်းချင်း ငြင်းခုန်နေကြတယ်။ ယန်းကျွင်က သူတို့နှစ်ဦး‌ ပြောနေတာကို နားထောင်ရုံသာနားထောင်ပြီးမှ ဖုန်းဆီ သူ့အာရုံပြန်ရောက်သွားတယ်။

စူးနျန်က သီချင်းရွေးနေရာကနေ မော့ကြည့်ပြီး ပြုံးရင်း ‌ပြန်ဖြေလိုက်တယ် " ဟုတ်ပြီလေ။ ငါတို့ ကစားကြမယ်။ "

လော့ချင်ရှန်း :: " ထားလိုက်တော့ ငါ မကစားချင်တော့ဘူး။ "

" လာစမ်းပါ မင်းကလည်း...." လင်းခန်းက " မင်းပြောတော့ ကစားသမားလေးယောက်ဆို ငါတို့သုံးယောက်နဲ့ အခြားဘယ်သူလဲ? "

လော့ချင်ရှန်းက ရယ်လိုက်တယ်။ " အခြားဘယ်သူရှိရမှာလဲ? ငါ့မိန်းမပေါ့ "

လင်းခန်း :: " ဖိန့်ရန်ကလည်း အဲ့ဂိမ်းကစားတယ်ပေါ့? "

လော့ချင်ရှန်း :: " သူက အကြိမ် နည်းနည်းလောက်ပဲ ဆော့ဖူးတာ။ ဒါပေမဲ့ သူက ငါနဲ့ အထူးပူးပေါင်းဆော့ပေးပါတယ်။ "

ယန်းကျွင်က လက်ရည်ကောင်းပေမဲ့ ခဏခဏ ဆော့လေ့မရှိပေ။

လော့ချင်ရှန်း ငှားလိုက်တဲ့ အခန်းက နာရီဝက်တောင်မကြာဘဲ လူပြည့်သွားပြီ‌။

လော့ချင်ရှန်းကလည်း ကျောင်းမှာ နာမည်ကြီးတဲ့ချမ်းသာသော ဒုတိယမျိုးဆက်ပဲ။

လင်းခန်းက ယန်းကျွင်ဘေးမှာ ထိုင်ရင်း သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်ကာ ယန်းကျွင်ဆီ တစ်လိပ်ကမ်းပေးလိုက်တယ်။ "ရော့"

ယန်းကျွင် :: " ငါ မသောက်တော့ဘူး။ ကျေးဇူးပဲ။"

လင်းခန်းက အနည်းငယ် အံ့အားသင့်သွားတယ်။ သူ့လက်ထဲ စီးကရက်ညှပ်လိုက်ပြီး ပါးစပ်နဲ့တေ့ထားလိုက်တယ်။ " ဘာလဲ? ဆေးလိပ်ဖြတ်လိုက်တာလား? "

ယန်းကျွင်က ‌ခပ်အေးအေး ပြန်ဖြေခဲ့တယ် :: "မဟုတ်ဘူး။ ငါ ဒီနေ့ ဆေးလိပ်မသောက်ဘူး။"

လင်းခန်းက ဆေးလိပ်သောက်နေရင်း ကာရာအိုကေ စားပွဲဆီ လျှောက်သွားကာ လော့ချင်ရှန်းရဲ့ ခြေထောက်ကို လှမ်းကန်ပြီး ထခိုင်းလိုက်တယ် "မင်း သီချင်းမဆိုချင်ရင် ငါ့ကိုပေးဆို။ ဘာလို့များ ကာရာအိုကေခုံကို တစ်ယောက်တည်း အပိုင်စီးထားနိုင်ရတာလဲ? "

လော့ချင်ရှန်းက ပြုံးပြုံးကြီး ဆဲပစ်လိုက်တယ် "မင်း မွေးနေ့ရှင်အပေါ် ကောင်းကောင်းဆက်ဆံသင့်တယ်မဟုတ်လား? ကောင်းပြီ ကောင်းပြီ ထိုင်တော့ "

လင်းခန်းက ပြန်ထိုင်ပြီး မေးလိုက်တယ်။ " မင်းမိန်း‌မရော ဘယ်မှာလဲ? မင်း သူ့ကို ဘာလို့တူတူမခေါ်လာတာလဲ? "

" အရွယ်ရောက်ယောက်ျားတစ်ယောက်ကို ဘာကိစ္စ သွားကြိုရမှာလဲ , " စူးနျန်က အပြုံးလေးနဲ့ ဝင်စွက်ဖက်လိုက်ကာ "ဖိန့်ရန်က လမ်းမပျောက်နိုင်ပါဘူး ဟုတ်တယ်မလား? "

" သူ မကြာခင် ရောက်လာလိမ့်မယ်။ " လော့ချင်ရှန်းက သူ့ဖုန်းကို ထုတ်ကာ " ငါ သူ့ကို လာခေါ်ပေးမယ်လို့ ပြောပေမဲ့ သူ ငြင်းလိုက်တယ်။ ငါ ထပ်မေးဖို့ message တစ်စောင်ပို့......"

အခန်းတံခါး ဖွင့်လာခဲ့တယ်။ လော့ချင်ရှန်းက ဝင်လာတဲ့သူကိုလည်း မြင်ရော မိုက်ခရိုဖုန်းကို ပစ်ချကာ ချက်ချင်း အနားလျှောက်သွားတော့တယ်။

ဖိန့်ရန်က ဝတ်နေကျအတိုင်း ဝတ်ဆင်ထားတယ် , အနက်ရောင် ဂျင်းဘောင်းဘီက သူ့ရဲ့သွယ်လျလျ ခြေတံရှည်တွေကို ထင်ရှားစေတယ်။ လော့ချင်ရှန်းက သူ့ခါးကို ပွေ့ဖက်ပစ်လိုက်ပြီး နှုတ်ခမ်းထောင့်ကို အနမ်းပေးလိုက်တယ်။ " မင်း ဘာလို့ နောက်ကျနေရတာလဲ? ကိုယ် မင်းကို လာခေါ်ဖို့တောင် စီစဉ်ပြီးပြီ။ "

လော့ချင်ရှန်း ပါးစပ်ကနေ ဆေးလိပ်နံ့တွေ ရနေတာကြောင့် ဖိန့်ရန် ရှောင်ချင်ပေမဲ့လည်း ဒီနေ့က လော့ချင်ရှန်း မွေးနေ့ဆိုတာ တွေးပြီး သည်းခံနေလိုက်တယ်။

သူ ဒီလောက်လူတွေအများကြီးရှေ့မှာ တရင်းတနှီးနေရတာ အသားမကျသေးပေ။ သူ ပြောလိုက်တယ် "ငါက နီးတယ်လို့ ထင်လိုက်တာ။ အာ့ကြောင့် ကားမယူတော့ဘဲ လမ်းလျှောက်လာလိုက်မိတာ။ "

" အရမ်းကြီး မနီးပါဘူး , ဖိန့်ရန် " စူးနျန်က ပြုံးရင်း "ဆယ်မိနစ်ကျော်ကျော်လောက် လမ်းလျှောက်လိုက်ရတယ်မလား? လော့ချင်ရှန်းကို မင်းအတွက် တက်ဆီတစ်စီး ပို့ခိုင်းလိုက်သင့်တာ။ "

စူးနျန်က တစ်ခုခု ဆက်ပြောချင်သေးပေမဲ့ ဖိန့်ရန်က သူ့ကို ရုတ်တရက် စိုက်ကြည့်လာတယ်။

ဖိန့်ရန်မှာ မျက်တောင်ထူတွေရှိပြီး ရှည်လျားကျဉ်းမြောင်းတဲ့ မျက်ဝန်းများက သူ့ကို သိမ်မွေ့နူးညံ့စေပေမဲ့ ထိုမျက်ဝန်းတစ်စုံမှာ ဘာခံစားချက်မှ ရှိမနေတော့ စူးနျန် အလိုလို ပါးစပ်ပိတ်သွားရတယ်။

ဖိန့်ရန် ဆိုဖာပေါ် လာထိုင်မှပဲ သူ သတိပြန်ဝင်လာခဲ့တယ်။

" Happy Birthday " ဖိန့်ရန်က သူ့ညာဖက်ဘေးမှာ ထိုင်နေသော စူးနျန်က လှည့်မကြည့်ပေ။ သူ လော့ချင်ရှန်းဆီ လက်ဆောင်ကမ်းပေးလိုက်တယ်။ " မင်းရဲ့ ဖုန်းscreenက ကွဲနေတယ်ထင်လို့။ အသစ်လဲရအောင်လို့လေ။ "

လော့ချင်ရှန်းက သူ့ဆီမှ လက်ဆောင်ကိုယူကာ သူ့ကို ထပ်မနမ်းဘဲ မနေနိုင်တော့ပေ " တော်လိုက်တဲ့ ဘေဘီလေး။ "

" ဖိန့်ရန် မင်းတို့အားလုံးက ဘောစိတွေလား? " လင်းခန်းက သိချင်စိတ်နဲ့ မေးခဲ့တယ် " မင်းတို့ကောင်တွေမှာ ဖုန်းဆင်တူရှိတယ်။ မင်းတို့က လော့ချင်ရှန်းဖုန်းကို သုံးတာလား? ဒါမှမဟုတ် တူတူမျှဝေသုံးမှာလား? "

ဖိန့်ရန်က လော့ချင်ရှန်းကို သံသယများနဲ့ ကြည့်လိုက်တယ်။

" အာ ဟုတ်တယ်။ ငါ့မှာလည်း ဖုန်းဆင်တူပဲ။ " စူးနျန်က သာမန်အတိုင်း ပြုံးပြပြီး ကာရာအိုကေခန်း အလင်းရောင်ကလည်း အရမ်းကြီး လင်းမနေတော့ ရံဖန်ရံခါ အလင်းရောင် တစ်စနှစ်စက သူ့မျက်နှာပေါ် ကျရောက်လာပြီး မျက်ဝန်းနက်တွေကို ရောင်ပြန်ဟပ်စေတယ်။ " မော်ဒယ်ကတူတူပဲ, ဟားဟား တိုက်ဆိုင်တာတော့ မဟုတ်ဘူးမလား? "

ဖိန့်ရန် မတုန့်ပြန်နိုင်ခင်မှာပဲ လော့ချင်ရှန်းမျက်နှာ အနည်းငယ် ပြောင်းလဲသွားတယ်။

" ငါ မင်းကို ခဏနေရင် ပြန်ပေးမယ် စူးနျန် " လော့ချင်ရှန်းက " ငါ ဖိန့်ရန်ပေးတာကိုပဲ သုံးလိုက်မယ်။ ဖုန်းနှစ်လုံးဆို ကိုင်ရတာ အဆင်မပြေဘူး။ "

စူးနျန်က စားပွဲပေါ်က ဝိုင်ပုလင်းကို ကောက်ကိုင်ကာ ပါးစပ်ထဲ အပြည့်သောက်လိုက်ပြီးမှ ပခုံးတွန့်ပြပြီး " မင်းသဘောပဲလေ။ "

" ဘေဘီ ဘာသီချင်းဆိုချင်လဲ? လင်းခန်းကို ကူညီခိုင်းလိုက်မယ်လေ။ " လော့ချင်ရှန်းက ခေါင်းငုံ့မေးတော့တယ်။

ဖိန့်ရန်က ခေါင်းခါပြကာ " ငါ မဆိုတော့ဘူး။ မင်းလည်း ဝိုင်လျှော့သောက် "

လော့ချင်ရှန်း :: " ‌စိတ်မပူပါနဲ့ မင်း ကိုယ့်ကို ထမ်းခေါ်သွားရအောင် မလုပ်ပါဘူး။ "

လူနှစ်ဦးက စကားအနည်းငယ် ပြောဆိုနေတုန်း ဘေးက လူများရဲ့ နှောင့်ယှက်ခြင်း ခံလိုက်ရတယ်။

" လင်းခန်း နေရာလဲကြရအောင် " စူးနျန်က ပြောတယ် " ငါ ဆေးလိပ်သောက်ချင်လို့။ ဖိန့်ရန် ဆေးလိပ်နံ့ မခံနိုင်မှာ စိုးရိမ်လို့။ "

လင်းခန်း :: " တစ်မိနစ်စောင့် ငါ သီချင်းရွေး...''

" ငါ မင်းနဲ့ နေရာလဲပေးမယ်။ "

စူးနျန်က အလိုလို ခေါင်း‌လှည့်ကြည့်လိုက်တော့ ယန်းကျွင်က ဘယ်တုန်းက ဒီနားရောက်နေမှန်း မသိစွာနဲ့ သူ့ကို ငုံ့ကြည့်နေတယ်။

ယန်းကျွင်ရဲ့မျက်နှာသွင်ပြင်က အခြားလူတွေ နှလုံးခုန်မြန်သွားရလောက်တဲ့ထိ ချောမောလွန်းတယ်။ စူးနျန် နှလုံးခုန်သံတွေ တဒုန်းဒုန်း မြန်ဆန်သွားရတယ် , ဒါပေမဲ့ မကြာခင်မှာပဲ ပြန်လည် တည်ငြိမ်သွားတယ်။

စူးနျန်က ‌မကြာသေးမီကမှ gay လို့ come out လုပ်ထားတဲ့သူနဲ့ မတူဘူး။ သူက ငယ်ငယ်တည်းက gay မှန်းသိပြီး လော့ချင်ရှန်းထက် ဒီလမ်းကြောင်းမှာ အများကြီး ကျင်လည်ဖူးတယ်။ သူက အခြေအနေ အချိန်အခါကိုလည်း ပါးပါးနပ်နပ် နားလည်တယ်။ ဒီလိုအကျင့်စရိုက်မျိုး ရှိတဲ့ကောင်လေးတစ်ယောက်ကို တစ်ချက်ကြည့်ရုံနဲ့တင် မင်း သူ့ကို မချည်းကပ်နိုင်မှန်း နားလည်နိုင်တယ်။

စူးနျန်က မူလယန်းကျွင် ထိုင်တဲ့နေရာမှာ ထိုင်လိုက်ပြီးမှ ရုတ်တရက် တွေးမိသွားတယ် :: ယန်းကျွင်လည်း ဆေးလိပ်သောက်တယ်မဟုတ်လား?

လော့ချင်ရှန်းကတော့ ငြိမ်ငြိမ်လေး မထိုင်နိုင်တော့တဲ့ထိ အရမ်းတက်ကြွနေတယ်။ ဖိန့်ရန်ကို စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့ရှေ့မှာ ထိုင်ကာ နှလုံးသားတစ်ခုလုံးကြီးနဲ့ သီချင်းဆိုနေတယ်။

ဖိန့်ရန်က ခေါင်းငုံ့ပြီး သူ့ဖုန်းကို ကြည့်နေခဲ့တယ်။ ပျော်စရာမကောင်းလိုက်တာ။ သူ ဖုန်းထဲမှာ ဒေါင်းထားတဲ့ တစ်ယောက်တည်းဆော့ရတဲ့ ဂိမ်းတွေအားလုံးကို ရှင်းပစ်လိုက်မိတယ်။ သူက စကားပြောရတာကို ရှောင်ချင်ရုံပါပဲ။ သူ ဒီအခန်းထဲက လူတွေအားလုံးကို သိပေမဲ့ သူတို့တွေထဲက အများစုက လော့ချင်ရှန်းကနေတစ်ဆင့် နှုတ်ဆက်ဖူးတဲ့သူတွေဖြစ်ပြီး သူတို့နဲ့ မရင်းနှီးပေ။

ဖိန့်ရန်က သူဆော့နေတဲ့ happy bean ဂိမ်းရှုံးသွားတော့မှ တဖြည်းဖြည်း ခေါင်းပြန်မော့လာခဲ့တယ်။ သူ အာခေါင်ခြောက်နေတော့ ရေဘူးလိုက်ရှာလိုက်တယ်။ ဒါပေမဲ့ စားပွဲပေါ်မှာ သောက်စရာဝိုင်တွေပဲ ရှိတယ်, ဖျော်ရည်လည်း မရှ်ိဘူး, ရေလည်း မရှ်ိဘူး။

ဖိန့်ရန်က တစ်ခဏ‌ကြာ တုန့်ဆိုင်းနေပြီးမှ ဝိုင်ခွက်ပဲ သောက်လိုက်ဖို့ လက်လှမ်းလိုက်စဉ်မှာပဲ သူ့အင်္ကျီလက် အဆွဲခံလိုက်ရတယ်။

ယန်းကျွင်က သူ့ဘေးမှာ ထိုင်နေတယ်။ သူက အသံမထွက်သော်လည်း တည်ရှိကြောင်း ကောင်းကောင်းကြီး အာရုံခံစားနိုင်တယ်။ ပတ်ဝန်းကျင်‌ဆေးလိပ်နံ့များကိုတောင် ဖယ်ရှားပေးနိုင်တဲ့ အေးမြမြ ထင်းရှုးနံ့လေးကို‌ ဖိန့်ရန် ခံစားနိုင်တယ်။

ဖိန့်ရန်က အလိုလို နောက်ပြန်မှီပြီး ခေါင်းလှည့်မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ? "

ယန်းကျွင်က သူ့အင်္ကျီလက်ထဲကို နှိုက်လိုက်တော့ ရေဘူးတစ်ဘူး ထွက်လာခဲ့တယ်။

ဖိန့်ရန် :: "........"

" ငါ လမ်းမှာ ဝယ်လာခဲ့တာ။ သောက်ဖို့မေ့နေတာ။ ခုထိ မဖွင့်ရသေးဘူး။ " ယန်းကျွင် မေးလိုက်တယ်။ " ‌သောက်မလား? "

ရေတစ်ဘူးပဲလေ , ဖိန့်ရန် ယဉ်ယဉ်ကျေးကျေး လှမ်းယူလိုက်တယ်။ " ကျေးဇူးပဲ။ "

ယန်းကျွင်က ရေဘူးအဖုံး ဖွင့်ပေးပြီးမှ ဖိန့်ရန်ကို ကမ်းပေးလိုက်တယ်။

ဖိန့်ရန်က ရေတစ်ငုံ သောက်လိုက်ပြီး ပြန်လည်ရှင်သန်သွားသလိုပဲ။ သူ ခေါင်းပြန်လှည့်ပြီး ကျေးဇူးထပ်တင်ဖို့ လုပ်တော့ ယန်းကျွင်က သူ့ကို မလှုပ်မယှက် စိုက်ကြည့်နေတာ မြင်လိုက်ရတယ်။

တိတိကျကျ ပြောရရင် ယန်းကျွင်က သူ့နှုတ်ခမ်းကို ကြည့်နေတာ။

ဖိန့်ရန် မျက်တောင်ပုတ်ခတ်ရင်း သူ့နှုတ်ခမ်းထောင့်ကို အလိုလို သုတ်ပစ်လိုက်ပြီး မေးကြည့်တယ် " ဘာဖြစ်လို့လဲ......တစ်ခုခုများ ပေနေလို့လား? "

ယန်းကျွင်က ပြန်မဖြေပေ။ သူက ဖိန့်ရန်မျက်လုံးတွေထဲ ခပ်ဖျော့ဖျော့ စိုက်ကြည့်ပြီးမှ တစ်ဖက်လှည့်သွားတယ်။

ဖိန့်ရန်လည်း စိတ်ရှုပ်ထွေးသွားပြီး တစ်ခုခု မတွေးနိုင်သေးခင်မှာ တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ဆွဲဖက်လိုက်တယ်။

လော့ချင်ရှန်းက အားရပါးရ သီချင်းဆိုပြီးသွားပြီဆိုတော့ ဖိန့်ရန်ဆီ ပြန်လာကာ လင်းခန်းရယ် အခြားသူများနဲ့ လေးယောက်တစ်ဖွဲ့ ဂိမ်းကစားတော့တယ်။

လင်းခန်းက အံစာတုံး ‌ခလောက်လိုက်တယ် "စည်းမျဉ်းက မင်းရှုံးရင် တစ်ခွက်သောက်ရမယ် , တစ်စက်လေးတောင် မကျန်စေရဘဲ အကုန်သောက်ရမှာ။ မွေးနေ့ရှင်လည်း ချွင်းချက်မရှိဘူး! ဖိန့်ရန် မင်းရော ဝင်ကစားမှာလား?"

" သူ မကစားတော့ဘူး ,  သူ မသောက်ဘူးလေ" လော့ချင်ရှန်းက ပြောပြီးမှ တစ်ခုခုကို သတိရသွားသလို အလျင်အမြန် မေးကြည့်လိုက်တယ် "ဘေဘီ မင်း ရေဆာနေလား? ကိုယ် ဖျော်ရည်တစ်ခွက် မှာလိုက်ရမလား? "

" မလိုတော့ဘူး။ ငါ့မှာ ရေဘူးရှိတယ်။ " ဖိန့်ရန်က လော့ချင်ရှန်း လက်မောင်းကြားမှ ရုန်းထွက်လိုက်တယ်။ သူ ဒီအနေအထားမျိုးမှာ သက်တောင့်သက်သာ မရှိဘူး။

လော့ချင်ရှန်းက ဒီပွဲရဲ့ပင်တိုင်ဖြစ်တာကြောင့် သူက ဂိမ်းထဲမှာ ပစ်မှတ်ထားခံရတယ် , သူ ဘာပဲပြောပြော အခြားသူတွေက သူ့ကိုပဲ ပစ်မှတ်ထားကြတယ်။

" လင်းခန်း မင်း အငြိုးထားနေတာလား? လစ်မစ်ကိုရော ပြောင်းချင်လား? " လော့ချင်ရှန်းက စိတ်ဆိုးမာန်ဆိုး ရယ်ကာ ဝိုင်သောက်လိုက်တယ်။

လင်းခန်း :: " မင်း အရင်တစ်ခေါက် ငါ့မွေးနေ့တုန်းက ငါ့ကို ဒီလိုမလုပ်ဘူးလား? အခု ငါ့မှာ အငြိုးတွေရှိတယ်......."

ဖိန့်ရန်က ဆိုဖာမှာ မှီရင်း လော့ချင်ရှန်း အရက်မူးလို့ နီရဲနေသော မျက်နှာကို စိုက်ကြည့်နေတယ်။

အခြားတစ်ဖက်မှာတော့ ယန်းကျွင်က သောက်ရုံလေးပဲ သောက်တယ်။ သူ့ခြေတံရှည်တွေကို ခပ်လျော့လျော့ထားထားပြီး တံတောင်ဆစ်ကို ဒူးခေါင်းမှာ ထောက်ထားကာ အန်စာတုံးကို ကိုင်ထားတဲ့ လက်များကလည်း သန့်ရှင်းသွယ်လျနေကာ သူ အန်စာတုံး ‌ခလောက်တဲ့အချိန် အခြားသူများထက် နည်းနည်းလေး ပိုမိုအားမာန်ပါတယ်။

" မင်း ဘာလို့ ဖိန့်ရန်ကို မင်းအစား ဝိုင်းကူမဆော့ခိုင်းတာလဲ? မင်းရဲ့စကေးတွေက သိပ်ညံ့လွန်းတယ်။ မင်း ဂိမ်းကို လုံးဝမနိုင်နိုင်ဘူး။ " လင်းခန်းက လော့ချင်ရှန်းကို လှောင်ပြောင်တော့တယ်။

လော့ချင်ရှန်းက အပြုံးနဲ့ ဆဲပစ်လိုက်တယ်, ထိုအချိန်မှာ စားပွဲပေါ်က သူ့ဖုန်းမှာ ရုတ်တရက် လင်းလာပြီး messageတစ်စောင် ရောက်လာကြောင်း အသိပေးတယ်။

လော့ချင်ရှန်းက ဖုန်းကို ကောက်ကိုင်ပြီး လော့ဖြည်လိုက်တယ်။ messageကို ရှင်းရှင်းလင်းလင်း မြင်တဲ့အခါ သူ့မျက်နှာပေါ်က အပြုံးတွေ အေးခဲသွားပြီး ဖုန်းscreenကို သူ့မျက်နှာရှေ့ စင်တီမီတာ အနည်းငယ်လောက် တိုးကပ်လိုက်တယ်။

စက္ကန့်အနည်းငယ်အကြာမှာ သူ ဖုန်းကိုအောက်ချပြီး လင်းခန်းဖက်လှည့်ကာ ပြောလိုက်တယ် " ဘယ်သူမှ မဟုတ်ဘူး..... ထားလိုက်။ ဆက်ဆော့ကြမယ်။ "

နောက်တစ်ပွဲလည်း ဆော့ပြီးရော လော့ချင်ရှန်းက အံစာတုံးကို စားပွဲပေါ် ချလိုက်တယ်။

" စောင့်အုံး။ ငါ အပြင်သွားလိုက်အုံးမယ်။ "

လင်းခန်း :: " ဘာလုပ်မလို့လဲ? မင်း သေးပေါက်ချင်လို့လား? "

" သွားစမ်းပါ။ ငါ ရေ သွား‌သောက်မလို့။ ဒါနဲ့ waiterကို ဖျော်ရည်တစ်ချို့ မှာထားလိုက်အုံး။ " သူ လင်းခန်းခြေထောက်ကို ကန်ကာ " ငါ့ကို ပေးသွားစမ်းပါ။ "

လော့ချင်ရှန်းက အခန်းထဲကနေ အလောတကြီး ထွက်သွားတော့ လင်းခန်းက သရော်လိုက်တယ်။ "စောက်ရမ်းစိတ်လှုပ်ရှားနေတဲ့မျက်နှာကို ကြည့်ပါအုံး။ ထွက်သွားတာလည်း မြန်ချက်ပဲ။ သူ ကျိန်းသေပေါက် ရေသွားယူတာ မဖြစ်နိုင်ဘူး!"

လင်းခန်းက မူလထိုင်နေကျအတိုင်း ပြန်ထိုင်လိုက်တော့ သူ့ပခုံး အပုတ်ခံလိုက်ရတယ်။

ဖိန့်ရန် :: " ငါ ဖုန်းတစ်ကော သွားခေါ်လိုက်အုံးမယ်။"

ကာရာအိုကေ ကော်ရစ်တာမှာ ဖိန့်ရန်တစ်ယောက် ခေါင်းငုံ့ရင်း လမ်းဖြည်းဖြည်းလျှောက်နေတယ်။

ထိုနေ့က စူးနျန်ပုံစံကို အကဲခတ်ပြီးတဲ့နောက် ဖိန့်ရန် သူ့ကိုယ်သူ ပြန်ဆင်ခြင်တော့တယ်။

ပထမဆုံး‌အနေနဲ့ ဒီလိုမသေချာတဲ့ ကိစ္စတွေနဲ့ သူ့ရည်းစားကို သံသယမဝင်သင့်ဘူး။ ဒုတိယက သူတို့နှစ်ယောက် သူငယ်ချင်းကောင်းဆက်ဆံရေး ရှိရုံနဲ့ သူ စူးနျန်ကို မသင်္ကာတဲ့အကဲဖြတ်မှုတွေ မလုပ်သင့်ဘူး။

လိင်တူသူငယ်ချင်းတွေ ရှ်ိတာက အလွန်သာမန်ပဲ။ မိန်းကလေးတွေဆို မိန်းကလေးသူငယ်ချင်း၊ ယောက်ျားလေးတွေဆို ညီအစ်ကိုတွေ။ လော့ချင်ရှန်းက ယောက်ျားလေး ကြိုက်ရုံနဲ့ ဖိန့်ရန် သူ့ကို အခြားယောက်ျားလေးများနဲ့ သူငယ်ချင်း မလုပ်ရဘူးလို့ ပြောပိုင်ခွင့်မရှိဘူး။

ဒါ့အပြင် လိင်တူချစ်သူဆိုတာလည်း ရှားတယ်လေ။

ဒါပေမဲ့ လော့ချင်ရှန်းက အလောတကြီး ထွက်သွားချိန်မှာတော့ သူ ပထမဆုံး လုပ်လိုက်တဲ့ အပြုအမူက စူးနျန်ကို ရှာဖွေလိုက်တာပဲ။ စူးနျန်က လွန်ခဲ့တဲ့အချိန်ကပဲ အခန်းထဲက ထွက်သွားပြီလေ။

ဖိန့်ရန် သတိပြန်ဝင်လာတဲ့အခါ သူ သန့်စင်ခန်းနဲ့ နီးနေပြီ။

သူ နားထင်ကို ပွတ်သပ်ကာ မနေနိုင် ပြုံးလိုက်ကာ လှည့်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူ ခေါင်းမော့လိုက်တဲ့ အချိန်မှာတော့ သူ့နှုတ်ခမ်းပေါ်က အပြုံးတွေ ရပ်တန့်သွားတော့တယ်။

ခပ်လှမ်းလှမ်းမှာ သူ လော့ချင်ရှန်းကို မြင်လိုက်တယ်။

လော့ချင်ရှန်းက ကော်ရစ်တာ‌ထောင့်စွန်းမှာ မတ်တပ်ရပ်နေပြီး သူ့လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှာ မလှုပ်မယှက် ကပ်ထားခဲ့တယ်။

စူးနျန်က သူ့ကို ဖက်ထားတယ်။

ချစ်သူတွေကြားက ပွေ့ဖက်မှုလိုပဲ , အချင်းချင်း ပူးကပ်နေကြတယ်။ စူးနျန်ခေါင်းက လော့ချင်ရှန်း ပခုံးမှာ မှီထားပြီး တစ်ခုခုပြောနေသ‌ယောင်ပဲ။

ဆယ်စက္ကန့်ကြာတော့ စူးနျန်က ခေါင်းမော့ပြီး လော့ချင်ရှန်းရဲ့ မေးစေ့ကို အနမ်းပေးလိုက်တယ်။

ဖိန့်ရန် ထိုနေရာမှာတင် ကြောင်အသွားပြီး ဘာလုပ်ရမှန်း မသိသေးခင်မှာပဲ ရုတ်တရက် သူ့မြင်ကွင်းရှေ့ အမှောင်ကျသွားခဲ့တယ်။

လက်ကြီးတစ်ဖက်က သူ့မျက်လုံးတွေကို အုပ်ကာပေးထားပြီး ထင်းရှုးသားနံ့ကလည်း သူ့နှာခေါင်းထဲ အလုံးအရင်း တိုးဝင်လာတယ်။

တိကျပြတ်သားတဲ့ အသံတစ်သံက :: "မကြည့်နဲ့တော့။ မင်း မျက်လုံးတွေ ညစ်ပတ်သွားလိမ့်မယ်။"

--------------------------

[Zawgyi]

ဖိန႔္ရန္ အခန္းျပန္ေရာက္တာနဲ႔ အရင္ဆံုး လုပ္တဲ့အရာကေတာ့ ေရခ်ိဳးပစ္လိုက္တာပဲျဖစ္တယ္။

စားေသာက္ဆိုင္က ေပါ့ေပါ့ပါးပါး အျပင္အဆင္မ်ိဳး ရိွေပမဲ့ စားေသာက္ဆိုင္ထဲက အရသာေတြကေတာ့ ေပါ့ပါးမေနေပ။ အခုခ်ိန္မွာ သူ႔ဆံပင္ေတြကေန အာလူးရွာလကာရည္ရဲ့ ခ်ဉ္စူးစူးအနံ႔ကိုပဲ ရေနခဲ့တယ္။

ေရခ်ိဳးလို႔လည္းၿပီးေရာ သူ ကုတင္ေဘးမွာ ရပ္ကာ လက္တစ္ဖက္နဲ႔ သူ႔ဆံပင္ေတြကို သုတ္ေနၿပီး ဖုန္းေကာက္ကိုင္ကာ စူးန်န္ရဲ့ wallထဲ ထပ္မံဝင္ၾကၫ့္လိုက္တယ္။

သူ နဲ႔ စူးန်န္က စစေတြ့ဆံုတည္းက Wechatမွာ အခ်င္းခ်င္း အပ္ထားၾကေပမဲ့ တစ္ခါမွေတာ့ စကားမေျပာဖူးၾကေပ။

သူ friend list ေနရာကို ေက်ာ္ၿပီး ေအာက္ကို ဆက္ဆြဲၾကၫ့္လိုက္တယ္။

[ ဒီဆိုင္ရဲ့ငရုတ္ေကာင္းက လံုးဝ perfectပဲ {ဓာတ္ပံု} ]

ေလာ့ခ်င္ရွန္းက အစပ္ျပင္းတဲ့ စားေသာက္ဆိုင္တစ္ဆိုင္ကို ရွာေတြ့ထားေၾကာင္း သူ႔ကို ‌ဒီေန့ ေျပာျပခဲ့တယ္။ ၿပီးေတာ့ သူက ဖိန႔္ရန္က အစပ္မႀကိဳက္တာ စိတ္မေကာင္းစရာပဲလို႔ ေျပာေသးတယ္, မဟုတ္ရင္ ဖိန႔္ရန္ကို အရသာျမည္းစမ္းဖို႔ ေခၚသြားေပးႏိုင္မွာတဲ့ေလ။

[ ဒီေန့ အားကစား (၁၁) {ဓာတ္ပံု} ]

ဓာတ္ပံုက ဘတ္စကတ္ေဘာကြင္းမွာပဲ။ ဖိန႔္ရန္က ေလာ့ခ်င္ရွန္းရဲ့ ဂ်ာစီကို ဓာတ္ပံုထဲမွာ ျမင္လိုက္တယ္။

[ စာၾကၫ့္တိုက္သို႔ ခရီးတစ္‌ေခါက္ ]

.......

လြန္ခဲ့တဲ့ႏွစ္လက စူးန်န္ရဲ့wallက postအမ်ားစုက ေလာ့ခ်င္ရွန္းနဲ႔ ဆက္စပ္ေနတယ္။

ဖိန႔္ရန္ ခပ္ေပါ့ေပါ့ မ်က္ေမွာင္ၾကဳပ္ၿပီး လ်င္လ်င္ျမန္ျမန္ ျပန္ေျပသြားတယ္။

ဖိန႔္ရန္တစ္ေယာက္ သူ စူးန်န္ wallထဲ ရုတ္တရက္ လာၾကၫ့္မိတာလည္းဆိုတာ သူ မသိေပ။ တကယ္ေတာ့ သူ ဒီပံုေတြကို သာမန္ကာလ်ွံကာ ၾကၫ့္ဖူးတယ္ , ဒါေပမဲ့ အရင္တုန္းက သူ လံုးဝဂရုမစိုက္ခဲ့ေပ။ ၿပီးေတာ့ ဓာတ္ပံုေတြကို ဝင္ေတာင္မၾကၫ့္ေပ။

မဟုတ္ဘူး, ဒါမွမဟုတ္ ဖိန႔္ရန္ သိေနခဲ့ပါတယ္။

သူ႔အေတြးေတြက အရမ္းရိုင္းျပၿပီး ရက္စက္မႈတစ္ခ်ိဳ႕ေတာင္ ပါဝင္ေနေသးတာမို႔ သူ ဓာတ္ပံုအနည္းငယ္ေလာက္နဲ႔ ကိစၥတစ္ခုႏွစ္ခုကို ေကာက္ခ်က္ခ်လို႔ မရႏိုင္ေပ။

သူ ဓာတ္ပံုေတြကို စကၠန႔္အနည္းငယ္ေလာက္ စိုၾကၫ့္လိုက္ၿပီးမွ WeChatထဲမွ ထြက္လိုက္ေတာ့တယ္။

တစ္ပတ္ၾကာေတာ့ ဖိန႔္ရန္ရဲ့ calendarက မနက္ျဖန္ ေလာ့ခ်င္ရွန္းေမြးေန့ျဖစ္ေၾကာင္း သူ႔ကို သတိေပးလာေတာ့တယ္။

သူ ေလာ့ခ်င္ရွန္းဆီမွ ဖုန္းေကာလက္ခံရေတာ့ သူ စတိုးဆိုင္မွာ လက္ေဆာင္ေရြးေနတုန္း။

ေလာ့ခ်င္ရွန္း :: " ဒါနဲ႔ေလ ဘာ....ေဘဘီ , ကိုယ္ေလ မင္းကို ခြင့္ေတာင္းစရာတစ္ခုရိွလို႔။ "

" ဘာမ်ားလဲ? "

" ကိုယ့္ေမြးေန့ကို KTV မွာ က်င္းပခ်င္လို႔ ရလား?"

ဖိန႔္ရန္ :: " မင္းေမြးေန့ပဲ မင္းသေဘာအတိုင္း လုပ္ပါ။ "

" ေျပာခ်င္တာက ေဘဘီ လာရမယ္ေနာ္။ ေဘဘီက အဲ့လိုေနရာေတြ သြားရတာအမုန္းဆံုးမလား.... ဒီတစ္ႀကိမ္မွာ အရူးတစ္သိုက္က ကိုယ့္ကို အတင္းေတာင္းဆိုေနလို႔ ၿပီးေတာ့ သူတို႔ သူငယ္ခ်င္းေတြနဲ႔ ဆံုခဲ့ၿပီး အရမ္းေဈးေပါတဲ့ packageေတြလည္း ရထားလို႔ေလ။ ဒါေပမဲ့ မင္း မလာခ်င္ရင္ ကိုယ္ ေနရာျပန္ေျပာင္းလိုက္မယ္ေလ။ "

ဖိန႔္ရန္ :: " မင္း ႀကိဳက္တဲ့ေနရာမွာသာ လုပ္ပါ။ "

ဒါဆို ကိစၥေတြ ၿပီးၿပီ။

ေနာက္တစ္ေန့ညမွာ ဖိန႔္ရန္ စားပြဲေပၚက maskကို ၾကၫ့္ၿပီး တုန႔္ဆိုင္းေနမိတယ္။

ဖိန႔္ရန္က KTVသြားရတာ တကယ္ မႀကိဳက္ေပ။ ဆူညံတယ္ , ရႈပ္ပြတယ္ , ညစ္ပတ္တယ္။ လူတိုင္းရဲ့ အနံ႔အသက္ေတြက တူတူေရာေထြးေနၿပီး ပ်ိဳ႕အန္ခ်င္စရာေကာင္းတယ္။ အထူးသျဖင့္ ေဆးလိပ္ေငြ့ေတြ ဒါေပမဲ့ ေနရာမွာ အဲ့ကုန္းေျမေသးေသးေလးပဲ ရိွတယ္...... သူ ေတြးၾကၫ့္ရံုနဲ႔တင္ မ်က္ေမွာင္မၾကဳပ္ဘဲ မေနႏိုင္ပါေတာ့ေခ်။

Mask တပ္သြားတာ ပိုေကာင္းလိမ့္မယ္ , ဒါေပမဲ့ နည္းနည္းေတာ့ မြန္းက်ပ္မွာ။

ဖုန္းျမည္လာတယ္ , ေလာ့ခ်င္ရွန္းဆီကပဲ။ ေလာ့ခ်င္ရွန္းက ဒီေန့ အိမ္ကို ျပန္သြားၿပီး အိမ္ကေန KTVကို တိုက္ရိုက္သြားခဲ့တာ။ ဒါေၾကာင့္ သူတို႔ႏွစ္‌ေယာက္ မေတြ့ႏိုင္ေတာ့တာ။

" ကိုယ္ ေနရာယူၿပီးၿပီ။ မင္း လမ္းသိလား ဒါမွမဟုတ္ ကိုယ္ မင္းကို လာႀကိဳေပးရမလား? "

" မလိုဘူး ရတယ္။ " ဖိန႔္ရန္က maskကို‌ ေကာက္ကိုင္ၿပီး အံဆြဲထဲ ျပန္ထၫ့္ထားလိုက္တယ္။ လူတိုင္းက အဲ့ဒီမွာ လြတ္လြတ္လပ္လပ္ ကေနၾကတာ။ mask တပ္ထားတဲ့ လူတစ္ေယာက္ ရုတ္တရက္ႀကီး အထဲ‌ဝင္လာရင္ သူတို႔ေတြ အဟန႔္အတား ျဖစ္သြားမွာ စိုးရိမ္တယ္။ ဖိန႔္ရန္က " ငါ့မွာ လမ္းျပကိုသံုးလိုက္မယ္။ "

-------------------

" မင္းလည္း ဒီေရာက္ေနတာလား? "

ယန္းကြၽင္ ေခါင္းေမာ့ၾကၫ့္လိုက္ေတာ့ သူ႔ေဘးမွာ ထိုင္ေနသူက လင္းခန္းလို႔ေခၚတဲ့ ေမဂ်ာတူအတန္းေဖာ္တစ္ေယာက္ပဲ။ လင္းခန္းနဲ႔သူက အထက္တန္းေက်ာင္းမွာလည္း တစ္ခန္းတည္းပဲ။ သူတို႔ေတြ မရင္းႏွီးေပမဲ့လည္း သူငယ္ခ်င္းဆက္ဆံေရးေတာ့ ရိွပါတယ္။

လင္းခန္းက သူ႔ကုတ္ကို အလ်င္အျမန္ ခြၽတ္ၿပီး ဆိုဖာေပၚ ပစ္ထိုင္လာတယ္။ " ေလာ့ခ်င္ရွန္းက တကယ္ႀကီး မင္းကို ေခၚတယ္ေပါ့။ "

" ဒီလိုပဲ ျဖစ္သြားတာပါ။ " ယန္းကြၽင္ ျပန္ေျဖလိုက္တယ္။

" လင္းခန္း မင္း ဘာေတြ ေျပာေနတာလဲ? ယန္းကြၽင္နဲ႔ ငါက သူငယ္ခ်င္းေကာင္းေတြပါ။ သူ ငါ့ေမြးေန့ကို လာေပးတာ ဘာမ်ားထူးဆန္းေနလို႔လဲ? " ေလာ့ခ်င္ရွန္းက မိုက္ခရိုဖုန္းကို ေကာက္ကိုင္ကာ သူတို႔စကားေျပာခန္းကို ၾကားၿပီး မိုက္ခရိုဖုန္းနဲ႔ပဲ ျပန္ေျပာလိုက္တယ္။ " ေလးေယာက္တစ္ဖြဲ႔နဲ႔ ႏိုင္ေအာင္ေဆာ့ၾကမယ္။ "

" မင္းစကားေတြကို မွတ္ထားေနာ္။ ငါတို႔ကို ယန္းကြၽင္က ကယ္ေပးမွာ! " လင္းခန္းက ခ်က္ခ်င္း ေျပာလိုက္တယ္။

" ေသလိုက္ေလ "

လူႏွစ္ဦး အခ်င္းခ်င္း ျငင္းခုန္ေနၾကတယ္။ ယန္းကြၽင္က သူတို႔ႏွစ္ဦး‌ ေျပာေနတာကို နားေထာင္ရံုသာနားေထာင္ၿပီးမွ ဖုန္းဆီ သူ႔အာရံုျပန္ေရာက္သြားတယ္။

စူးန်န္က သီခ်င္းေရြးေနရာကေန ေမာ့ၾကၫ့္ၿပီး ၿပံဳးရင္း ‌ျပန္ေျဖလိုက္တယ္ " ဟုတ္ၿပီေလ။ ငါတို႔ ကစားၾကမယ္။ "

ေလာ့ခ်င္ရွန္း :: " ထားလိုက္ေတာ့ ငါ မကစားခ်င္ေတာ့ဘူး။ "

" လာစမ္းပါ မင္းကလည္း...." လင္းခန္းက " မင္းေျပာေတာ့ ကစားသမားေလးေယာက္ဆို ငါတို႔သံုးေယာက္နဲ႔ အျခားဘယ္သူလဲ? "

ေလာ့ခ်င္ရွန္းက ရယ္လိုက္တယ္။ " အျခားဘယ္သူရိွရမွာလဲ? ငါ့မိန္းမေပါ့ "

လင္းခန္း :: " ဖိန႔္ရန္ကလည္း အဲ့ဂိမ္းကစားတယ္ေပါ့? "

ေလာ့ခ်င္ရွန္း :: " သူက အႀကိမ္ နည္းနည္းေလာက္ပဲ ေဆာ့ဖူးတာ။ ဒါေပမဲ့ သူက ငါနဲ႔ အထူးပူးေပါင္းေဆာ့ေပးပါတယ္။ "

ယန္းကြၽင္က လက္ရည္ေကာင္းေပမဲ့ ခဏခဏ ေဆာ့ေလ့မရိွေပ။

ေလာ့ခ်င္ရွန္း ငွားလိုက္တဲ့ အခန္းက နာရီဝက္ေတာင္မၾကာဘဲ လူျပၫ့္သြားၿပီ‌။

ေလာ့ခ်င္ရွန္းကလည္း ေက်ာင္းမွာ နာမည္ႀကီးတဲ့ခ်မ္းသာေသာ ဒုတိယမ်ိဳးဆက္ပဲ။

လင္းခန္းက ယန္းကြၽင္ေဘးမွာ ထိုင္ရင္း သူ႔အိတ္ကပ္ထဲမွ စီးကရက္တစ္ဘူးကို ထုတ္ကာ ယန္းကြၽင္ဆီ တစ္လိပ္ကမ္းေပးလိုက္တယ္။ "ေရာ့"

ယန္းကြၽင္ :: " ငါ မေသာက္ေတာ့ဘူး။ ေက်းဇူးပဲ။"

လင္းခန္းက အနည္းငယ္ အံ့အားသင့္သြားတယ္။ သူ႔လက္ထဲ စီးကရက္ၫွပ္လိုက္ၿပီး ပါးစပ္နဲ႔ေတ့ထားလိုက္တယ္။ " ဘာလဲ? ေဆးလိပ္ျဖတ္လိုက္တာလား? "

ယန္းကြၽင္က ‌ခပ္ေအးေအး ျပန္ေျဖခဲ့တယ္ :: "မဟုတ္ဘူး။ ငါ ဒီေန့ ေဆးလိပ္မေသာက္ဘူး။"

လင္းခန္းက ေဆးလိပ္ေသာက္ေနရင္း ကာရာအိုေက စားပြဲဆီ ေလ်ွာက္သြားကာ ေလာ့ခ်င္ရွန္းရဲ့ ေျခေထာက္ကို လွမ္းကန္ၿပီး ထခိုင္းလိုက္တယ္ "မင္း သီခ်င္းမဆိုခ်င္ရင္ ငါ့ကိုေပးဆို။ ဘာလို႔မ်ား ကာရာအိုေကခံုကို တစ္ေယာက္တည္း အပိုင္စီးထားႏိုင္ရတာလဲ? "

ေလာ့ခ်င္ရွန္းက ၿပံဳးၿပံဳးႀကီး ဆဲပစ္လိုက္တယ္ "မင္း ေမြးေန့ရွင္အေပၚ ေကာင္းေကာင္းဆက္ဆံသင့္တယ္မဟုတ္လား? ေကာင္းၿပီ ေကာင္းၿပီ ထိုင္ေတာ့ "

လင္းခန္းက ျပန္ထိုင္ၿပီး ေမးလိုက္တယ္။ " မင္းမိန္း‌မေရာ ဘယ္မွာလဲ? မင္း သူ႔ကို ဘာလို႔တူတူမေခၚလာတာလဲ? "

" အရြယ္ေရာက္ေယာက္်ားတစ္ေယာက္ကို ဘာကိစၥ သြားႀကိဳရမွာလဲ , " စူးန်န္က အၿပံဳးေလးနဲ႔ ဝင္စြက္ဖက္လိုက္ကာ "ဖိန႔္ရန္က လမ္းမေပ်ာက္ႏိုင္ပါဘူး ဟုတ္တယ္မလား? "

" သူ မၾကာခင္ ေရာက္လာလိမ့္မယ္။ " ေလာ့ခ်င္ရွန္းက သူ႔ဖုန္းကို ထုတ္ကာ " ငါ သူ႔ကို လာေခၚေပးမယ္လို႔ ေျပာေပမဲ့ သူ ျငင္းလိုက္တယ္။ ငါ ထပ္ေမးဖို႔ message တစ္ေစာင္ပို႔......"

အခန္းတံခါး ဖြင့္လာခဲ့တယ္။ ေလာ့ခ်င္ရွန္းက ဝင္လာတဲ့သူကိုလည္း ျမင္ေရာ မိုက္ခရိုဖုန္းကို ပစ္ခ်ကာ ခ်က္ခ်င္း အနားေလ်ွာက္သြားေတာ့တယ္။

ဖိန႔္ရန္က ဝတ္ေနက်အတိုင္း ဝတ္ဆင္ထားတယ္ , အနက္ေရာင္ ဂ်င္းေဘာင္းဘီက သူ႔ရဲ့သြယ္လ်လ် ေျခတံရွည္ေတြကို ထင္ရွားေစတယ္။ ေလာ့ခ်င္ရွန္းက သူ႔ခါးကို ေပြ့ဖက္ပစ္လိုက္ၿပီး ႏႈတ္ခမ္းေထာင့္ကို အနမ္းေပးလိုက္တယ္။ " မင္း ဘာလို႔ ေနာက္က်ေနရတာလဲ? ကိုယ္ မင္းကို လာေခၚဖို႔ေတာင္ စီစဉ္ၿပီးၿပီ။ "

ေလာ့ခ်င္ရွန္း ပါးစပ္ကေန ေဆးလိပ္နံ႔ေတြ ရေနတာေၾကာင့္ ဖိန႔္ရန္ ေရွာင္ခ်င္ေပမဲ့လည္း ဒီေန့က ေလာ့ခ်င္ရွန္း ေမြးေန့ဆိုတာ ေတြးၿပီး သည္းခံေနလိုက္တယ္။

သူ ဒီေလာက္လူေတြအမ်ားႀကီးေရ႔ွမွာ တရင္းတႏွီးေနရတာ အသားမက်ေသးေပ။ သူ ေျပာလိုက္တယ္ "ငါက နီးတယ္လို႔ ထင္လိုက္တာ။ အာ့ေၾကာင့္ ကားမယူေတာ့ဘဲ လမ္းေလ်ွာက္လာလိုက္မိတာ။ "

" အရမ္းႀကီး မနီးပါဘူး , ဖိန႔္ရန္ " စူးန်န္က ၿပံဳးရင္း "ဆယ္မိနစ္ေက်ာ္ေက်ာ္ေလာက္ လမ္းေလ်ွာက္လိုက္ရတယ္မလား? ေလာ့ခ်င္ရွန္းကို မင္းအတြက္ တက္ဆီတစ္စီး ပို႔ခိုင္းလိုက္သင့္တာ။ "

စူးန်န္က တစ္ခုခု ဆက္ေျပာခ်င္ေသးေပမဲ့ ဖိန႔္ရန္က သူ႔ကို ရုတ္တရက္ စိုက္ၾကၫ့္လာတယ္။

ဖိန႔္ရန္မွာ မ်က္ေတာင္ထူေတြရိွၿပီး ရွည္လ်ားက်ဉ္းေျမာင္းတဲ့ မ်က္ဝန္းမ်ားက သူ႔ကို သိမ္ေမြ့ႏူးညံ့ေစေပမဲ့ ထိုမ်က္ဝန္းတစ္စံုမွာ ဘာခံစားခ်က္မွ ရိွမေနေတာ့ စူးန်န္ အလိုလို ပါးစပ္ပိတ္သြားရတယ္။

ဖိန႔္ရန္ ဆိုဖာေပၚ လာထိုင္မွပဲ သူ သတိျပန္ဝင္လာခဲ့တယ္။

" Happy Birthday " ဖိန႔္ရန္က သူ႔ညာဖက္ေဘးမွာ ထိုင္ေနေသာ စူးန်န္က လွၫ့္မၾကၫ့္ေပ။ သူ ေလာ့ခ်င္ရွန္းဆီ လက္ေဆာင္ကမ္းေပးလိုက္တယ္။ " မင္းရဲ့ ဖုန္းscreenက ကြဲေနတယ္ထင္လို႔။ အသစ္လဲရေအာင္လို႔ေလ။ "

ေလာ့ခ်င္ရွန္းက သူ႔ဆီမွ လက္ေဆာင္ကိုယူကာ သူ႔ကို ထပ္မနမ္းဘဲ မေနႏိုင္ေတာ့ေပ " ေတာ္လိုက္တဲ့ ေဘဘီေလး။ "

" ဖိန႔္ရန္ မင္းတို႔အားလံုးက ေဘာစိေတြလား? " လင္းခန္းက သိခ်င္စိတ္နဲ႔ ေမးခဲ့တယ္ " မင္းတို႔ေကာင္ေတြမွာ ဖုန္းဆင္တူရိွတယ္။ မင္းတို႔က ေလာ့ခ်င္ရွန္းဖုန္းကို သံုးတာလား? ဒါမွမဟုတ္ တူတူမ်ွေဝသံုးမွာလား? "

ဖိန႔္ရန္က ေလာ့ခ်င္ရွန္းကို သံသယမ်ားနဲ႔ ၾကၫ့္လိုက္တယ္။

" အာ ဟုတ္တယ္။ ငါ့မွာလည္း ဖုန္းဆင္တူပဲ။ " စူးန်န္က သာမန္အတိုင္း ၿပံဳးျပၿပီး ကာရာအိုေကခန္း အလင္းေရာင္ကလည္း အရမ္းႀကီး လင္းမေနေတာ့ ရံဖန္ရံခါ အလင္းေရာင္ တစ္စႏွစ္စက သူ႔မ်က္ႏွာေပၚ က်ေရာက္လာၿပီး မ်က္ဝန္းနက္ေတြကို ေရာင္ျပန္ဟပ္ေစတယ္။ " ေမာ္ဒယ္ကတူတူပဲ, ဟားဟား တိုက္ဆိုင္တာေတာ့ မဟုတ္ဘူးမလား? "

ဖိန႔္ရန္ မတုန႔္ျပန္ႏိုင္ခင္မွာပဲ ေလာ့ခ်င္ရွန္းမ်က္ႏွာ အနည္းငယ္ ေျပာင္းလဲသြားတယ္။

" ငါ မင္းကို ခဏေနရင္ ျပန္ေပးမယ္ စူးန်န္ " ေလာ့ခ်င္ရွန္းက " ငါ ဖိန႔္ရန္ေပးတာကိုပဲ သံုးလိုက္မယ္။ ဖုန္းႏွစ္လံုးဆို ကိုင္ရတာ အဆင္မေျပဘူး။ "

စူးန်န္က စားပြဲေပၚက ဝိုင္ပုလင္းကို ေကာက္ကိုင္ကာ ပါးစပ္ထဲ အျပၫ့္ေသာက္လိုက္ၿပီးမွ ပခံုးတြန႔္ျပၿပီး " မင္းသေဘာပဲေလ။ "

" ေဘဘီ ဘာသီခ်င္းဆိုခ်င္လဲ? လင္းခန္းကို ကူညီခိုင္းလိုက္မယ္ေလ။ " ေလာ့ခ်င္ရွန္းက ေခါင္းငံု႔ေမးေတာ့တယ္။

ဖိန႔္ရန္က ေခါင္းခါျပကာ " ငါ မဆိုေတာ့ဘူး။ မင္းလည္း ဝိုင္ေလ်ွာ့ေသာက္ "

ေလာ့ခ်င္ရွန္း :: " ‌စိတ္မပူပါနဲ႔ မင္း ကိုယ့္ကို ထမ္းေခၚသြားရေအာင္ မလုပ္ပါဘူး။ "

လူႏွစ္ဦးက စကားအနည္းငယ္ ေျပာဆိုေနတုန္း ေဘးက လူမ်ားရဲ့ ေနွာင့္ယွက္ျခင္း ခံလိုက္ရတယ္။

" လင္းခန္း ေနရာလဲၾကရေအာင္ " စူးန်န္က ေျပာတယ္ " ငါ ေဆးလိပ္ေသာက္ခ်င္လို႔။ ဖိန႔္ရန္ ေဆးလိပ္နံ႔ မခံႏိုင္မွာ စိုးရိမ္လို႔။ "

လင္းခန္း :: " တစ္မိနစ္ေစာင့္ ငါ သီခ်င္းေရြး...''

" ငါ မင္းနဲ႔ ေနရာလဲေပးမယ္။ "

စူးန်န္က အလိုလို ေခါင္း‌လွၫ့္ၾကၫ့္လိုက္ေတာ့ ယန္းကြၽင္က ဘယ္တုန္းက ဒီနားေရာက္ေနမွန္း မသိစြာနဲ႔ သူ႔ကို ငံု႔ၾကၫ့္ေနတယ္။

ယန္းကြၽင္ရဲ့မ်က္ႏွာသြင္ျပင္က အျခားလူေတြ ႏွလံုးခုန္ျမန္သြားရေလာက္တဲ့ထိ ေခ်ာေမာလြန္းတယ္။ စူးန်န္ ႏွလံုးခုန္သံေတြ တဒုန္းဒုန္း ျမန္ဆန္သြားရတယ္ , ဒါေပမဲ့ မၾကာခင္မွာပဲ ျပန္လည္ တည္ၿငိမ္သြားတယ္။

စူးန်န္က ‌မၾကာေသးမီကမွ gay လို႔ come out လုပ္ထားတဲ့သူနဲ႔ မတူဘူး။ သူက ငယ္ငယ္တည္းက gay မွန္းသိၿပီး ေလာ့ခ်င္ရွန္းထက္ ဒီလမ္းေၾကာင္းမွာ အမ်ားႀကီး က်င္လည္ဖူးတယ္။ သူက အေျခအေန အခ်ိန္အခါကိုလည္း ပါးပါးနပ္နပ္ နားလည္တယ္။ ဒီလိုအက်င့္စရိုက္မ်ိဳး ရိွတဲ့ေကာင္ေလးတစ္ေယာက္ကို တစ္ခ်က္ၾကၫ့္ရံုနဲ႔တင္ မင္း သူ႔ကို မခ်ည္းကပ္ႏိုင္မွန္း နားလည္ႏိုင္တယ္။

စူးန်န္က မူလယန္းကြၽင္ ထိုင္တဲ့ေနရာမွာ ထိုင္လိုက္ၿပီးမွ ရုတ္တရက္ ေတြးမိသြားတယ္ :: ယန္းကြၽင္လည္း ေဆးလိပ္ေသာက္တယ္မဟုတ္လား?

ေလာ့ခ်င္ရွန္းကေတာ့ ၿငိမ္ၿငိမ္ေလး မထိုင္ႏိုင္ေတာ့တဲ့ထိ အရမ္းတက္ႂကြေနတယ္။ ဖိန႔္ရန္ကို စကားတစ္ခြန္းမွ မဆိုေတာ့ဘဲ သူ႔ေရ႔ွမွာ ထိုင္ကာ ႏွလံုးသားတစ္ခုလံုးႀကီးနဲ႔ သီခ်င္းဆိုေနတယ္။

ဖိန႔္ရန္က ေခါင္းငံု႔ၿပီး သူ႔ဖုန္းကို ၾကၫ့္ေနခဲ့တယ္။ ေပ်ာ္စရာမေကာင္းလိုက္တာ။ သူ ဖုန္းထဲမွာ ေဒါင္းထားတဲ့ တစ္ေယာက္တည္းေဆာ့ရတဲ့ ဂိမ္းေတြအားလံုးကို ရွင္းပစ္လိုက္မိတယ္။ သူက စကားေျပာရတာကို ေရွာင္ခ်င္ရံုပါပဲ။ သူ ဒီအခန္းထဲက လူေတြအားလံုးကို သိေပမဲ့ သူတို႔ေတြထဲက အမ်ားစုက ေလာ့ခ်င္ရွန္းကေနတစ္ဆင့္ ႏႈတ္ဆက္ဖူးတဲ့သူေတျြဖစ္ၿပီး သူတို႔နဲ႔ မရင္းႏွီးေပ။

ဖိန႔္ရန္က သူေဆာ့ေနတဲ့ happy bean ဂိမ္းရႈံးသြားေတာ့မွ တျဖည္းျဖည္း ေခါင္းျပန္ေမာ့လာခဲ့တယ္။ သူ အာေခါင္ေျခာက္ေနေတာ့ ေရဘူးလိုက္ရွာလိုက္တယ္။ ဒါေပမဲ့ စားပြဲေပၚမွာ ေသာက္စရာဝိုင္ေတြပဲ ရိွတယ္, ေဖ်ာ္ရည္လည္း မရွ္ိဘူး, ေရလည္း မရွ္ိဘူး။

ဖိန႔္ရန္က တစ္ခဏ‌ၾကာ တုန႔္ဆိုင္းေနၿပီးမွ ဝိုင္ခြက္ပဲ ေသာက္လိုက္ဖို႔ လက္လွမ္းလိုက္စဉ္မွာပဲ သူ႔အက်ႌလက္ အဆြဲခံလိုက္ရတယ္။

ယန္းကြၽင္က သူ႔ေဘးမွာ ထိုင္ေနတယ္။ သူက အသံမထြက္ေသာ္လည္း တည္ရိွေၾကာင္း ေကာင္းေကာင္းႀကီး အာရံုခံစားႏိုင္တယ္။ ပတ္ဝန္းက်င္‌ေဆးလိပ္နံ႔မ်ားကိုေတာင္ ဖယ္ရွားေပးႏိုင္တဲ့ ေအးျမျမ ထင္းရႈးနံ႔ေလးကို‌ ဖိန႔္ရန္ ခံစားႏိုင္တယ္။

ဖိန႔္ရန္က အလိုလို ေနာက္ျပန္မွီၿပီး ေခါင္းလွၫ့္ေမးလိုက္တယ္။ " ဘာျဖစ္လို႔လဲ? "

ယန္းကြၽင္က သူ႔အက်ႌလက္ထဲကို ႏိႈက္လိုက္ေတာ့ ေရဘူးတစ္ဘူး ထြက္လာခဲ့တယ္။

ဖိန႔္ရန္ :: "........"

" ငါ လမ္းမွာ ဝယ္လာခဲ့တာ။ ေသာက္ဖို႔ေမ့ေနတာ။ ခုထိ မဖြင့္ရေသးဘူး။ " ယန္းကြၽင္ ေမးလိုက္တယ္။ " ‌ေသာက္မလား? "

ေရတစ္ဘူးပဲေလ , ဖိန႔္ရန္ ယဉ္ယဉ္ေက်းေက်း လွမ္းယူလိုက္တယ္။ " ေက်းဇူးပဲ။ "

ယန္းကြၽင္က ေရဘူးအဖံုး ဖြင့္ေပးၿပီးမွ ဖိန႔္ရန္ကို ကမ္းေပးလိုက္တယ္။

ဖိန႔္ရန္က ေရတစ္ငံု ေသာက္လိုက္ၿပီး ျပန္လည္ရွင္သန္သြားသလိုပဲ။ သူ ေခါင္းျပန္လွၫ့္ၿပီး ေက်းဇူးထပ္တင္ဖို႔ လုပ္ေတာ့ ယန္းကြၽင္က သူ႔ကို မလႈပ္မယွက္ စိုက္ၾကၫ့္ေနတာ ျမင္လိုက္ရတယ္။

တိတိက်က် ေျပာရရင္ ယန္းကြၽင္က သူ႔ႏႈတ္ခမ္းကို ၾကၫ့္ေနတာ။

ဖိန႔္ရန္ မ်က္ေတာင္ပုတ္ခတ္ရင္း သူ႔ႏႈတ္ခမ္းေထာင့္ကို အလိုလို သုတ္ပစ္လိုက္ၿပီး ေမးၾကၫ့္တယ္ " ဘာျဖစ္လို႔လဲ......တစ္ခုခုမ်ား ေပေနလို႔လား? "

ယန္းကြၽင္က ျပန္မေျဖေပ။ သူက ဖိန႔္ရန္မ်က္လံုးေတြထဲ ခပ္ေဖ်ာ့ေဖ်ာ့ စိုက္ၾကၫ့္ၿပီးမွ တစ္ဖက္လွၫ့္သြားတယ္။

ဖိန႔္ရန္လည္း စိတ္ရႈပ္ေထြးသြားၿပီး တစ္ခုခု မေတြးႏိုင္ေသးခင္မွာ တစ္စံုတစ္ေယာက္က သူ႔လည္ပင္းကို ဆြဲဖက္လိုက္တယ္။

ေလာ့ခ်င္ရွန္းက အားရပါးရ သီခ်င္းဆိုၿပီးသြားၿပီဆိုေတာ့ ဖိန႔္ရန္ဆီ ျပန္လာကာ လင္းခန္းရယ္ အျခားသူမ်ားနဲ႔ ေလးေယာက္တစ္ဖြဲ႔ ဂိမ္းကစားေတာ့တယ္။

လင္းခန္းက အံစာတံုး ‌ခေလာက္လိုက္တယ္ "စည္းမ်ဉ္းက မင္းရႈံးရင္ တစ္ခြက္ေသာက္ရမယ္ , တစ္စက္ေလးေတာင္ မက်န္ေစရဘဲ အကုန္ေသာက္ရမွာ။ ေမြးေန့ရွင္လည္း ခြၽင္းခ်က္မရိွဘူး! ဖိန႔္ရန္ မင္းေရာ ဝင္ကစားမွာလား?"

" သူ မကစားေတာ့ဘူး ,  သူ မေသာက္ဘူးေလ" ေလာ့ခ်င္ရွန္းက ေျပာၿပီးမွ တစ္ခုခုကို သတိရသြားသလို အလ်င္အျမန္ ေမးၾကၫ့္လိုက္တယ္ "ေဘဘီ မင္း ေရဆာေနလား? ကိုယ္ ေဖ်ာ္ရည္တစ္ခြက္ မွာလိုက္ရမလား? "

" မလိုေတာ့ဘူး။ ငါ့မွာ ေရဘူးရိွတယ္။ " ဖိန႔္ရန္က ေလာ့ခ်င္ရွန္း လက္ေမာင္းၾကားမွ ရုန္းထြက္လိုက္တယ္။ သူ ဒီအေနအထားမ်ိဳးမွာ သက္ေတာင့္သက္သာ မရိွဘူး။

ေလာ့ခ်င္ရွန္းက ဒီပြဲရဲ့ပင္တိုင္ျဖစ္တာေၾကာင့္ သူက ဂိမ္းထဲမွာ ပစ္မွတ္ထားခံရတယ္ , သူ ဘာပဲေျပာေျပာ အျခားသူေတြက သူ႔ကိုပဲ ပစ္မွတ္ထားၾကတယ္။

" လင္းခန္း မင္း အၿငိဳးထားေနတာလား? လစ္မစ္ကိုေရာ ေျပာင္းခ်င္လား? " ေလာ့ခ်င္ရွန္းက စိတ္ဆိုးမာန္ဆိုး ရယ္ကာ ဝိုင္ေသာက္လိုက္တယ္။

လင္းခန္း :: " မင္း အရင္တစ္ေခါက္ ငါ့ေမြးေန့တုန္းက ငါ့ကို ဒီလိုမလုပ္ဘူးလား? အခု ငါ့မွာ အၿငိဳးေတြရိွတယ္......."

ဖိန႔္ရန္က ဆိုဖာမွာ မွီရင္း ေလာ့ခ်င္ရွန္း အရက္မူးလို႔ နီရဲေနေသာ မ်က္ႏွာကို စိုက္ၾကၫ့္ေနတယ္။

အျခားတစ္ဖက္မွာေတာ့ ယန္းကြၽင္က ေသာက္ရံုေလးပဲ ေသာက္တယ္။ သူ႔ေျခတံရွည္ေတြကို ခပ္ေလ်ာ့ေလ်ာ့ထားထားၿပီး တံေတာင္ဆစ္ကို ဒူးေခါင္းမွာ ေထာက္ထားကာ အန္စာတံုးကို ကိုင္ထားတဲ့ လက္မ်ားကလည္း သန႔္ရွင္းသြယ္လ်ေနကာ သူ အန္စာတံုး ‌ခေလာက္တဲ့အခ်ိန္ အျခားသူမ်ားထက္ နည္းနည္းေလး ပိုမိုအားမာန္ပါတယ္။

" မင္း ဘာလို႔ ဖိန႔္ရန္ကို မင္းအစား ဝိုင္းကူမေဆာ့ခိုင္းတာလဲ? မင္းရဲ့စေကးေတြက သိပ္ညံ့လြန္းတယ္။ မင္း ဂိမ္းကို လံုးဝမႏိုင္ႏိုင္ဘူး။ " လင္းခန္းက ေလာ့ခ်င္ရွန္းကို ေလွာင္ေျပာင္ေတာ့တယ္။

ေလာ့ခ်င္ရွန္းက အၿပံဳးနဲ႔ ဆဲပစ္လိုက္တယ္, ထိုအခ်ိန္မွာ စားပြဲေပၚက သူ႔ဖုန္းမွာ ရုတ္တရက္ လင္းလာၿပီး messageတစ္ေစာင္ ေရာက္လာေၾကာင္း အသိေပးတယ္။

ေလာ့ခ်င္ရွန္းက ဖုန္းကို ေကာက္ကိုင္ၿပီး ေလာ့ျဖည္လိုက္တယ္။ messageကို ရွင္းရွင္းလင္းလင္း ျမင္တဲ့အခါ သူ႔မ်က္ႏွာေပၚက အၿပံဳးေတြ ေအးခဲသြားၿပီး ဖုန္းscreenကို သူ႔မ်က္ႏွာေရ႔ွ စင္တီမီတာ အနည္းငယ္ေလာက္ တိုးကပ္လိုက္တယ္။

စကၠန႔္အနည္းငယ္အၾကာမွာ သူ ဖုန္းကိုေအာက္ခ်ၿပီး လင္းခန္းဖက္လွၫ့္ကာ ေျပာလိုက္တယ္ " ဘယ္သူမွ မဟုတ္ဘူး..... ထားလိုက္။ ဆက္ေဆာ့ၾကမယ္။ "

ေနာက္တစ္ပြဲလည္း ေဆာ့ၿပီးေရာ ေလာ့ခ်င္ရွန္းက အံစာတံုးကို စားပြဲေပၚ ခ်လိုက္တယ္။

" ေစာင့္အံုး။ ငါ အျပင္သြားလိုက္အံုးမယ္။ "

လင္းခန္း :: " ဘာလုပ္မလို႔လဲ? မင္း ေသးေပါက္ခ်င္လို႔လား? "

" သြားစမ္းပါ။ ငါ ေရ သြား‌ေသာက္မလို႔။ ဒါနဲ႔ waiterကို ေဖ်ာ္ရည္တစ္ခ်ိဳ႕ မွာထားလိုက္အံုး။ " သူ လင္းခန္းေျခေထာက္ကို ကန္ကာ " ငါ့ကို ေပးသြားစမ္းပါ။ "

ေလာ့ခ်င္ရွန္းက အခန္းထဲကေန အေလာတႀကီး ထြက္သြားေတာ့ လင္းခန္းက သေရာ္လိုက္တယ္။ "ေစာက္ရမ္းစိတ္လႈပ္ရွားေနတဲ့မ်က္ႏွာကို ၾကၫ့္ပါအံုး။ ထြက္သြားတာလည္း ျမန္ခ်က္ပဲ။ သူ က်ိန္းေသေပါက္ ေရသြားယူတာ မျဖစ္ႏိုင္ဘူး!"

လင္းခန္းက မူလထိုင္ေနက်အတိုင္း ျပန္ထိုင္လိုက္ေတာ့ သူ႔ပခံုး အပုတ္ခံလိုက္ရတယ္။

ဖိန႔္ရန္ :: " ငါ ဖုန္းတစ္ေကာ သြားေခၚလိုက္အံုးမယ္။"

ကာရာအိုေက ေကာ္ရစ္တာမွာ ဖိန႔္ရန္တစ္ေယာက္ ေခါင္းငံု႔ရင္း လမ္းျဖည္းျဖည္းေလ်ွာက္ေနတယ္။

ထိုေန့က စူးန်န္ပံုစံကို အကဲခတ္ၿပီးတဲ့ေနာက္ ဖိန႔္ရန္ သူ႔ကိုယ္သူ ျပန္ဆင္ျခင္ေတာ့တယ္။

ပထမဆံုး‌အေနနဲ႔ ဒီလိုမေသခ်ာတဲ့ ကိစၥေတြနဲ႔ သူ႔ရည္းစားကို သံသယမဝင္သင့္ဘူး။ ဒုတိယက သူတို႔ႏွစ္ေယာက္ သူငယ္ခ်င္းေကာင္းဆက္ဆံေရး ရိွရံုနဲ႔ သူ စူးန်န္ကို မသကၤာတဲ့အကဲျဖတ္မႈေတြ မလုပ္သင့္ဘူး။

လိင္တူသူငယ္ခ်င္းေတြ ရွ္ိတာက အလြန္သာမန္ပဲ။ မိန္းကေလးေတြဆို မိန္းကေလးသူငယ္ခ်င္း၊ ေယာက္်ားေလးေတြဆို ညီအစ္ကိုေတြ။ ေလာ့ခ်င္ရွန္းက ေယာက္်ားေလး ႀကိဳက္ရံုနဲ႔ ဖိန႔္ရန္ သူ႔ကို အျခားေယာက္်ားေလးမ်ားနဲ႔ သူငယ္ခ်င္း မလုပ္ရဘူးလို႔ ေျပာပိုင္ခြင့္မရိွဘူး။

ဒါ့အျပင္ လိင္တူခ်စ္သူဆိုတာလည္း ရွားတယ္ေလ။

ဒါေပမဲ့ ေလာ့ခ်င္ရွန္းက အေလာတႀကီး ထြက္သြားခ်ိန္မွာေတာ့ သူ ပထမဆံုး လုပ္လိုက္တဲ့ အျပဳအမူက စူးန်န္ကို ရွာေဖြလိုက္တာပဲ။ စူးန်န္က လြန္ခဲ့တဲ့အခ်ိန္ကပဲ အခန္းထဲက ထြက္သြားၿပီေလ။

ဖိန႔္ရန္ သတိျပန္ဝင္လာတဲ့အခါ သူ သန႔္စင္ခန္းနဲ႔ နီးေနၿပီ။

သူ နားထင္ကို ပြတ္သပ္ကာ မေနႏိုင္ ၿပံဳးလိုက္ကာ လွၫ့္ျပန္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ဒါေပမဲ့ သူ ေခါင္းေမာ့လိုက္တဲ့ အခ်ိန္မွာေတာ့ သူ႔ႏႈတ္ခမ္းေပၚက အၿပံဳးေတြ ရပ္တန႔္သြားေတာ့တယ္။

ခပ္လွမ္းလွမ္းမွာ သူ ေလာ့ခ်င္ရွန္းကို ျမင္လိုက္တယ္။

ေလာ့ခ်င္ရွန္းက ေကာ္ရစ္တာ‌ေထာင့္စြန္းမွာ မတ္တပ္ရပ္ေနၿပီး သူ႔လက္ႏွစ္ဖက္ကို ေဘးႏွစ္ဖက္မွာ မလႈပ္မယွက္ ကပ္ထားခဲ့တယ္။

စူးန်န္က သူ႔ကို ဖက္ထားတယ္။

ခ်စ္သူေတြၾကားက ေပြ့ဖက္မႈလိုပဲ , အခ်င္းခ်င္း ပူးကပ္ေနၾကတယ္။ စူးန်န္ေခါင္းက ေလာ့ခ်င္ရွန္း ပခံုးမွာ မွီထားၿပီး တစ္ခုခုေျပာေနသ‌ေယာင္ပဲ။

ဆယ္စကၠန႔္ၾကာေတာ့ စူးန်န္က ေခါင္းေမာ့ၿပီး ေလာ့ခ်င္ရွန္းရဲ့ ေမးေစ့ကို အနမ္းေပးလိုက္တယ္။

ဖိန႔္ရန္ ထိုေနရာမွာတင္ ေၾကာင္အသြားၿပီး ဘာလုပ္ရမွန္း မသိေသးခင္မွာပဲ ရုတ္တရက္ သူ႔ျမင္ကြင္းေရ႔ွ အေမွာင္က်သြားခဲ့တယ္။

လက္ႀကီးတစ္ဖက္က သူ႔မ်က္လံုးေတြကို အုပ္ကာေပးထားၿပီး ထင္းရႈးသားနံ႔ကလည္း သူ႔ႏွာေခါင္းထဲ အလံုးအရင္း တိုးဝင္လာတယ္။

တိက်ျပတ္သားတဲ့ အသံတစ္သံက :: "မၾကၫ့္နဲ႔ေတာ့။ မင္း မ်က္လံုးေတြ ညစ္ပတ္သြားလိမ့္မယ္။"

--------------------------

Continue Reading

You'll Also Like

1M 32.7K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
494K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
908K 60.7K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...