?Daffodils[Complete]
By ScarletV496
340K 21.1K 547
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More
အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book
1.3K 51 0
By ScarletV496
ရှမ်းဝတ်စုံလေးဝတ်ထားတဲ့နွေဉီးကိုကြည့်ပြီး ရောင်းလိုက်တဲ့ဆိုင်ရှင်ကိုပြေးတောင်ရိုက်ချင်သွားတယ်။
ကြည့်ဉီး!!သူဝယ်လာတဲ့အင်္ကျီအရောင်နဲ့ နွေဉီးဘယ်လောက်တောင်လိုက်ဖက်နေလဲဆိုတာ။လှန်ဖြီးမထားတဲ့ဆံပင်အုပ်အုပ်နဲ့ဆိုနွေဉီးက အရမ်းချစ်ဖို့ကောင်းတာ။အသားဖြူပေမဲ့သူများတွေလိုဖြူလျော်လျော်ကြီးဖြစ်မနေပဲပါးလေးတွေကသဘာဝအတိုင်းပန်းရောင်သန်းနေတာကနွေဉီးရဲ့ထူးခြားချက်ပဲ။
အသားအရည်ကြည်လင်ဝင်းပနေပြီး အင်္ကျီအရောင်ဟပ်နေတော့ ရှုမငြီးတဲ့အလှလေးဖြစ်နေရော!!ရှမ်းအင်္ကျီလည်ကတုံးကထွက်နေတဲ့လည်တိုင်ဖြူဖြူသွယ်သွယ်လေးကို သူတစ်ကိုက်လောက်ကိုက်ချင်လိုက်တာ!!
သူ့အတွေးတွေကို မသိတဲ့နွေဉီးကတော့ သူစိုက်ကြည့်နေတော့ လည်ပင်းပွတ်လိုက် အင်္ကျီဆွဲချလိုက်နဲ့ဖြစ်နေပြီ။ရှက်ကိုးရှက်ကန်းပုံလေးကလဲချစ်ဖို့ကောင်းတာပဲ...မိုးပင်လယ်ရေချိုးပြီးစမွှေးမွှေးလေးဖြစ်နေတဲ့နွေဉီးနားကိုသူတောင်မသိလိုက်ပါပဲဖျတ်ခနဲရောက်သွားတယ်။နွေဉီးရဲ့ လျှော်ပြီးစ ဆံပင်လေးကို မွှေးကြူလိုက်ရင်း...
"နွေဉီး...ဆံပင်ခြောက်အောင်မလုပ်ဘူးလား"
"ရတယ်..သူ့ဟာသူခြောက်သွားလိမ့်မယ်...လာသွားကြမယ်"
"မရဘူး...လေတွေတိုက်ပြီးဖျားလိမ့်မယ်..လာကိုယ်ခြောက်အောင်လုပ်ပေးမယ်"
"ကျစ်...ကျွန်တော့်ဆံပင်ကအရှည်ကြီးလဲမဟုတ်ဘူး ခဏနေခြောက်သွားမှာဆို"
မိုးပင်လယ်ခေါင်းခါလိုက်ပြီး...
"မရဘူး...လေမှုတ်ရမယ်"
"ဟ!ခင်ဗျားဒီနေ့ဘာတြွေဖစ်နေတာလဲ..ကျွန်တော်မမှုတ်ချင်ဘူး...သူများတွေလဲစောင့်နေကြတော့မယ်"
မိုးပင်လယ်ကတော့ခေါင်းမာမာနဲ့ခေါင်းခါနေတုန်းပဲ...
"ဟင့်အင်း...မစောင့်နိုင်လို့သွားမယ်ဆိုလဲသွားပါစေလေ...မင်းကတော့မှုတ်ပြီးမှသွားရမယ်"
နွေဉီး စိတ်မရှည်ဖြစ်လာပြီ။သူ့ဆံပင်တိုတိုလေးကရေပိစိလေးစိုနေတာ သူ့အပေါ်ဘာအကျိုးသက်ရောက်မှုရှိမှာမို့လို့လဲ။
"ခင်ဗျားဘာသာနေခဲ့...ကျွန်တော်သွား.....အ!!!"
ရုတ်တရက်ကြီးနွေဉီးလက်ကိုဆောင့်ဆွဲပြီး အိပ်ယာပေါ်လှဲသိပ်လိုက်တာခံလိုက်ရတယ်။
ချီးပဲ..နာလိုက်တာ!!
ကျစ်!!ဘာတွေလဲ...ဒီတစ်ညအတွင်းမှာ ဒီလိုပုံစံဖြစ်နေတာ ၂ခါရှိနေပြီ။သူ့timezoneတွေထပ် ထပ်များနေလား...သူ့လက်တွေကအိပ်ယာနဲ့ဖိကပ်ချုပ်ခံထားရပြီး သူ့ကိုမိုးပင်လယ်ကအုပ်မိုးကြည့်နေတယ်။
နွေဉီးလက်ကိုရုန်းကြည့်လိုက်တယ်...မိုးပင်လယ်ကသူရုန်းလေပိုဖိလေနဲ့ နာတောင်နာလာပြီ။
"နာလာပြီ!!လွှတ်ဉီး"
"မလွှတ်ဘူး...လေမှုတ်မှာလား"
ဂျစ်ကန်ကန်မိုးပင်လယ်ကတော့ ခေါင်းမာနေတုန်းပဲ။မေးစေ့ကြီးကိုလှမ်းကိုက်လိုက်ရ!ငါနော်...ပြဿနာတွေရှည်ကုန်မှာစိုးလို့...
"လွှတ်လွှတ် လေမှုတ်မယ်"
မိုးပင်လယ်ကစစ်ပွဲတစ်ရာအောင်တဲ့စစ်သူကြီးရုပ်နဲ့ပြုံးနေပေမဲ့နွေဉီးမျက်လုံးထဲမှာတော့ လူယုတ်မာပြုံးကြီးနဲ့တူနေတယ်။
အိပ်ယာပေါ်ကနေကုန်းထနေတဲ့နွေဉီးကို မိုးပင်လယ်ကဒူးအောက်ကနေလက်လျိုပြီးပွေ့ချီလိုက်တော့ သူ့ရဲ့အနာဂါတ်သတို့သားလေးကတော့ ပထမရုန်းတယ်...ဒုတိယကျောကုန်းကိုလက်နဲ့အသားကုန်ရိုက်တယ်။သူနာတာကိုသည်းခံပြီး မရရအောင်ပွေ့ချီပြီး Dryerရှိရာမှန်တင်ခုံဆီသွားနေတုန်း သူ့ရဲ့ရင်ဘက်ကြီးကို နွေဉီးကသူ့သွားညီညီလေးတွေနဲ့မှမလိုက် အားကုန်ကိုက်ချလိုက်တယ်။
"အ!!နွေဉီး!!"
အရမ်းနာတယ်..အရမ်းနာလို့မိုးပင်လယ်မျက်ရည်တွေတောင်စို့လာတယ်။မိန်းကလေးတွေရဲ့ရင်သားလို ပြည့်ပြည့်တင်းတင်းလေးရှိမနေပေမဲ့ သူ့ရဲ့ရင်ဘက်တွေကလဲ ကိုက်ရင်နာတတ်တာပဲလေ။
သူထအော်လိုက်တာတောင်နွေဉီးကကိုက်တာကိုလွှတ်မပေးဘူး။မိုးပင်လယ်ကလဲချမပေးဘူး...ဒီလိုနဲ့ပဲကုတင်နဲ့မှန်တင်ခုံနီးနီးလေးကို သူတို့မနည်းရောက်အောင်သွားလိုက်ရတယ်။မှန်တင်ခုံကိုရောက်တော့ နွေဉီးကိုချပေးပြီး သူအင်္ကျီကြယ်သီးကိုမြန်မြန်ဖြုတ်ကြည့်လိုက်တော့...
အားလားလား!!နည်းတဲ့ သွားရာကြီးလား!!
နွေဉီးကိုကြည့်လိုက်တော့ နည်းတောင်နည်းသေးတယ်ဆိုတဲ့ရုပ်နဲ့ မှန်ထဲကနေသူ့ကိုဉီးအောင်ကြည့်နေတယ်။မိုးပင်လယ် အင်္ကျီရင်ဘက်ဟပြဲနဲ့ပဲ Dryerကိုကောက်ကိုင်ပြီး နွေဉီးဆံပင်ကိုလေမှုတ်ဖို့လုပ်တော့..
"ခင်ဗျား အင်္ကျီကြယ်သီးပြန်တပ်ဉီးလေ..."
"ရှေ့လှည့်!" မိုးပင်လယ် နောက်ကိုလှည့်လာတဲ့ခေါင်းကို လက်နဲ့ပြည့်လှည့်ပြီးပြောလိုက်တယ်။
"ပေး!!ကိုယ့်ဟာကိုလုပ်မယ်..အင်္ကျီသာပြန်ဝတ်လိုက်!"
"နွေဉီး!!ကိုယ့်ကို တမင်စိတ်တိုအောင်လုပ်နေတာလား!"
"ဘာလုပ်လို့လဲ...ခင်ဗျားရင်ဘက်ဟပြဲကြီးမို့လို့ ပြန်ဝတ်ခိုင်းနေတာလေ!"
"အင်္ကျီဟပြဲကအရေးမကြီးဘူး...မင်းခေါင်းခြောက်သွားဖို့ကအရေးကြီးတယ်"
"ဘာလို့ဟပြဲကအရေးမကြီးရမှာ...."
"ခဏလေးပါနွေဉီးရယ်....ကိုယ်ပြီးရင်ပြန်ဝတ်လိုက်ပါမယ်..ဟုတ်ပြီလား"
"ပြီးရော!!"
တကယ်တော့ ကိုက်တဲ့ဒဏ်ရာကကျိန်းစပ်နေလို့ အင်္ကျီအသားနဲ့ထိရင် အရမ်းနာလို့ခဏ ကြယ်သီးဖြုတ်ထားရတာ။ဒါပေမဲ့သူအဲ့လိုပြောလိုက်ရင် နွေဉီးစိတ်မကောင်းဖြစ်သွားလိမ့်မယ်။
လေမှုတ်ပြီးသွားတော့ နွေဉီးကသူ့ဘက်လှည့်လာပြီး...
"ပြပါဉီး...ကျွန်တော်ကိုက်လိုက်တဲ့ဒဏ်ရာကို"
"မကြီးပါဘူး...ကြည့်မနေတော့နဲ့"
ကြယ်သီးကိုမြန်မြန်ပြန်တပ်ဖို့လုပ်နေတဲ့မိုးပင်လယ်လက်ကို နွေဉီးကဖယ်ချလိုက်ပြီး သူ့အင်္ကျီရင်ဘက်ကို လက်လေးနဲ့အသာခွဲပြီး သူ့ကိုက်ရာကိုကြည့်တယ်။အဲ့နောက် သူ့ရင်ဘက်ကို နွေဉီးကသူ့လက်နုနုသွယ်သွယ်လေးနဲ့ဖွဖွလေးပွတ်ကြည့်နေတယ်။
မိုးပင်လယ် အံကြိတ် ခေါင်းမော့အသက်အောင့်ထားပြီး နွေဉီးရဲ့လုပ်ရပ်တွေကိုသည်းခံနေရတယ်။သူ့ရင်ဘက်တွေ လေနုနုနွေးနွေးလေးနဲ့လာထိတဲ့အချိန်မှာတော့ မိုးပင်လယ် ကြက်သီးတြွေဖန်းခနဲထပြီး မော့ထားတဲ့ခေါင်းကိုအောက်ငုံ့ကြည့်လိုက်တော့..သောက်ကျိုးနည်း!!နွေဉီးကလက်နဲ့ပွတ်ရုံမဟုတ်တော့ဘဲသူ့နှုတ်ခမ်းရဲရဲလေးကိုချွန်ပြီး ကိုက်ရာအကွင်းလိုက်ကြီးကို လေနဲ့မှုတ်ပေးနေတာ...နွေဉီးကတော့ပြဿနာကိုကြီးသထက်ကြီးအောင်ဖန်တီးနေပြီ။
နွေဉီးခေါင်းကိုလက်နဲ့တွန်းဖယ်ပြီး ခန္ဓာကိုယ်ကိုတစ်ဖက်မြန်မြန်လှည့်ပြီး မိုးပင်လယ် ကြယ်သီးကိုမြန်မြန်တပ်လိုက်တယ်။ဒါ့ထက်ကြာအောင်လွှတ်ထားမိရင် မလွယ်ဘူး...သူ့ရဲ့လူကြီးလူကောင်းအပြုအမူဆိုတာလဲအကန့်အသတ်ရှိတယ်လေ။မိုးပင်လယ် သူ့ရဲ့ဗြောင်းဆန်နေတဲ့ ရင်ခုန်သံတွေကို မနည်းငြိမ်အောင်လုပ်နေရတယ်။တစ်ချိန်ထဲမှာပဲ တံခါးခေါက်သံထွက်လာပြီး ကိုထွဋ်က အခန်းထဲဝင်လာတယ်။မျက်နှာကြီးကလဲ ရှုံ့မဲ့နေပြီ။
"ဟိတ်ကောင်တွေ မင်းတို့အခန်းထဲကထွက်လာဉီးမှာလား...နောက်တနေ့ကူးတော့မယ်"
"ထွက်မှာပေါ့ အစ်ကိုကလဲခုမှအစောကြီးရှိသေးတာ.."
မိုးပင်လယ် အထွန့်တက်တော့ ကိုထွဋ်က သူ့ရဲ့အကိုက်ခံထားရတဲ့ရင်ဘက်ကိုလက်ဝါးကြီးနဲ့ရိုက်ချပြီး..
"မင့်ဘကြီးကို စော!!၇နာရီခွဲနေပြီ အဘတို့ရဲ့...၇နာရီ"
မိုးပင်လယ်သာနာလို့ မျက်နှာကြီးရှုံ့မဲ့ပြီး ကုန်းရမလိုကွရမလိုဖြစ်သွားတာပြောပြီးပြီးချင်း ကိုထွဋ်က ကော့တော့ကော့တော့နဲ့ အပြင်ပြန်ထွက်သွားပြီ။နွေဉီးကတော့မျက်နှာလေးပျက်နေပြီမို့လို့ အဆင်ပြေတယ်ဆိုတဲ့အကြောင်း မျက်ရိပ်ပြရသေးတယ်။မိုးပင်လယ် သူ့လက်ကိုနွေဉီးဆီဆန့်တန်းပေးပြီး...
"ကဲလာသွားကြမယ်!!"
နွေဉီးခေါင်းလေးညိတ်ပြီး သူ့လက်လေးကို မိုးပင်လယ် ရဲ့လက်ထဲကိုလာထည့်တယ်။မိုးပင်လယ် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အခန်းအပြင်ထွက်လာခဲ့တယ်။အခန်းအပြင်ရောက်တော့ ခေမီကလွဲပြီး ကျန်တဲ့သူတွေကတော့ထွေထွေထူးထူး အမူအရာမပြပါဘူး။သဒ္ဒါနဲ့ဖြူနှင်းဆို သူတို့ထက်တောင်ဝမ်းသာအယ်လဲဖြစ်နေတဲ့ရုပ်တွေနဲ့...
အခြားလူတွေဆိုရင်ရော !!သူတို့ကိုဘယ်လိုထင်ကြမလဲ...
"ကိုယ်တို့လက်တွဲပြီး လျှောက်လည်မယ်နော် နွေဉီး...ကိုယ့်လက်ကိုမဖြုတ်လိုက်နဲ့"
"အင်း!!ဟုတ်ပါပြီ...မဖြုတ်ဘူး..တစ်ခုပဲ"
"ဘာလဲ!"
"အိမ်သာသွားရင်တော့ကျွန်တော်တစ်ယောက်ထဲဝင်မယ်နော်!"
မိုးပင်လယ် ရယ်ရမလိုငိုရမလို သက်ပြင်းပဲချလိုက်တော့တယ်။
"ဟုတ်ပါပြီ နွေဉီးရယ်...တစ်ယောက်ထဲပဲဝင်ပါ"
"အိုခေ!!အိမ်သာဝင်တဲ့အချိန်ကလွဲပြီး ကျွန်တော်ခင်ဗျားလက်ကိုမလွှတ်တော့ဘူး...ခင်ဗျားလွှတ်ဆိုရင်တောင်မလွှတ်ဘူး"
တွေ့လား!!သူ့ကလေးလေးက Romaticဆန်တာတောင်ဂွကျလိုက်ရမှ...သူဒီဂွစာလေးကိုချစ်လို့မဝဖြစ်နေတာမှားလား!!
__________________________
လူနှစ်ယောက်လက်တွဲမဖြုတ်ဖို့ဆိုတာလွယ်ကူမယ်ထင်နေလား!!
တကယ်မလွယ်ကူတဲ့ကိစ္စပါ။
ခုပဲကြည့်... အင်းလေးရဲ့သတင်းကျွတ်လပြည့် လူအစည်ကားဆုံးဖြစ်နေတဲ့နေ့မှာ လက်ချင်းတွဲပြီး လမ်းလျှောက်နေရတာ။လူတွေဝင်တိုးတိုက်သွားလဲ ၂ယောက်ပူးကြီးရှောင်နေရတယ်။နှစ်ယောက်အတွဲလိုက်ကြီး ဟိုဘက်ပြေးကပ်ရှောင်လိုက်ဒီဘက်ပြေးကပ်ရှောင်လိုက်ဆိုတော့ သူတို့ဆေးရုံအဖွဲ့ရဲ့ 'ပိုရန်ကော'ဆိုတဲ့မျက်နှာနဲ့လှည့်လှည့်ကြည့်တာလဲခံရသေးတယ်။
သူတို့နှစ်ယောက်ကတော့ခပ်တည်တည်ပါပဲ...ကြည့်ပါစေပေါ့ သူတို့မှာ လက်တွဲထားစရာလူမှမရှိတာလေ။
ဖြတ်သွားတဲ့ လူတိုင်း လူတိုင်းက သူတို့နှစ်ယောက်ကိုအကြည့်မျိုးစုံနဲ့ကြည့်ကြည့်သွားကြတယ်။အံ့သြတဲ့အကြည့်...ရွံရှာတဲ့အကြည့်...သဘောကျလို့ကြည့်တဲ့အကြည့် စုံလို့ပဲ။နွေဉီးတကယ်နားမလည်နိုင်ဘူး ယောင်္ကျားလေး၂ယောက်တွဲသွားတာ အဲ့လောက်ဆန်းကျယ်နေလား။သူတို့လဲ လူပဲလေ...ယောင်္ကျားလေး၂ယောက်ချစ်ခင်စုံမက်တာနဲ့ပဲသူတို့က ဂြိုလ်သားတြွေဖစ်ကုန်တာမှမဟုတ်တာ!!ဘာလို့ထူးဆန်းသလိုမျိုးလာကြည့်နေကြတာလဲ။လက်မခံနိုင်ဘူးဆိုရင်တောင် သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်မလို့ နွေဉီးဘာမှမပြောနိုင်ဘူး..နွေဉီးတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလဲ ဘယ်နည်းနဲ့မှလာရောက်ထိပါးတာလက်မခံနိုင်ဘူး။
နွေဉီးမှာကရွဲ့တတ်တဲ့စိတ်နည်းနည်းလေးရှိတယ်။အဲ့စိတ်ကသူ့စိတ်ထဲတော်တော်လေးမကျေမနပ်ဖြစ်လာရင် အလိုအလျောက်စနစ်နဲ့ပေါ်လာတတ်တယ်။ခုလဲ သူတို့ကို 'အင်းလေးကိုလာလည်တဲ့ဂြိုလ်သား'ဆိုတဲ့ အကြည့်တွေကြောင့် အဲ့စိတ်ပေါ်လာပြီ။
ဟန့်!!သူနဲ့တော့တွေ့ပြီ..လက်ချင်းတွဲတာတောင်ဒီလောက်ဆိုရင်...
မိုးပင်လယ်ကို လက်ကုတ်ပြီး သူ့နားကပ်ပြောလိုက်တယ်။
"ကိုမိုးပင်လယ်...ကျွန်တော်တို့လက်တွဲခဏတော့ဖြုတ်ရမယ်ထင်တယ်!!"
မိုးပင်လယ်​လှမ်းနေတဲ့ခြေလှမ်းကိုရပ်လိုက်ကာသူ့ကိုငဲ့ကြည်
ပြီးမေးလာတယ်။
"ဘာဖြစ်လို့လဲ!!လူတွေကြည့်နေလို့လား"
"အင်း...ကျွန်တော်မခံနိုင်တော့ဘူး..လက်ကိုခဏလွှတ်ပေးဉီး"
မိုးပင်လယ်ကစိတ်မကောင်းဖြစ်သွားပုံနဲ့နွဉေီးလက်ကိုမလွှတ်ချင်လွှတ်ချင် လွှတ်ပေးလိုက်ပြီးနွေဉီးနဲ့နည်းနည်းလေးခွာပြီးရပ်လိုက်ကာ...
"ရပြီလား!"
"ကျစ်!ခင်ဗျား ဘာလို့လူချင်းခွာလိုက်တာလဲ..လာဒီနားကို"
မိုးပင်လယ် စူအောင့်အောင့်ရုပ်နဲ့သူ့နားကိုပြန်ရောက်လာတယ်။
လက်ချင်းဖြုတ်ခိုင်းတာကြောင့်စူပုတ်သွားတဲ့ မိုးပင်လယ်ကို နွေဉီးချစ်စနိုးနဲ့ကြည့်ပြီး...
"လက်ချင်းပဲဖြုတ်ခိုင်းတာကိုဘာလို့ လူချင်းခွာလိုက်တာလဲ"
"မသိဘူးလေ..ကိုယ်က နွေဉီးရှက်နေတယ်ထင်..."
မိုးပင်လယ်စကားမဆုံးခင်မှာပဲ နွေဉီးကသူ့ခါးကိုဆွဲဖက်လိုက်ကာသူ့ကိုစောင်ကြည့်ပြီး...
"သွားမယ်!!ခါးကိုဖက်မလို့ လက်ဖြုတ်ခိုင်းတာကို အဝေးကြီးထွက်သွားသေးတယ်နော်..."
"ခါးကိုဖက်ဖို့လား...မသိဘူးလေကိုယ်က...အား!နွေဉီး အရမ်းချစ်ဖို့ကောင်းတာပဲ..."
"အင်း!လက်တွဲထားတာတောင် ဒီလောက်လူတွေကြည့်နေတာ..ခါးဖက်လိုက်ရင်ဘယ်လိုရုပ်တြွေဖစ်ကုန်မလဲသိချင်လို့"
မိုးပင်လယ် တကယ်ကိုရင်တွေအဆမတန်ခုန်နေရပါပြီ။တစ်ခါတစ်ခါနွေဉီးလုပ်တဲ့အပြုအမူတွေက သူနှလုံးအခုန်မြန်ပြီး နှလုံးရောဂါဖြစ်ဖို့အတွက်လုံလောက်တယ်။နွေဉီးရဲ့ရည်ရွယ်ချက်ကဘယ်လိုကြီးပဲဖြစ်နေပါစေသူနဲ့ပတ်သက်မှုကိုဖုံးကွယ်ထားချင်တာမဟုတ်တာကိုပဲ သူပျော်နေရတယ်။
ဒီလိုနဲ့ပဲ သူတို့တစ်ယောက်ခါးတစ်ယောက်ဖက်ပြီး ပွဲတော်အနှံ့လျှောက်လည်ဖြစ်ကြတယ်။တွေ့တဲ့မုန့်ဆိုင်မှာ ဝင်စားကြည့်တယ်။နည်းနည်းလူလစ်တယ်ထင်ရင် မိုးပင်လယ်ကနွေဉီးပါးကိုခိုးနမ်းတယ်။ကိုထွဋ်တို့တွေနဲ့လဲ လူတွေကွဲကုန်ကြပြီ။ဝေးလေကောင်းလေဆိုပြီးလွှတ်ထားလိုက်တော့တယ်။အချိန်တန်လို့သူတို့ တည်းခိုတဲ့အိမ်ကို ပြန်ရောက်မလာရင် ဖုန်းလှမ်းဆက်လိမ့်မယ်။
နွေဉီးတွေးလို့မှမဆုံးသေးဘူး မိုးပင်လယ်ကို ကိုထွဋ်ဖုန်းဆက်လာတယ်...
["Sea !!မင်းဘယ်မှာလဲ..."]
"မသိဘူး!"
["ဟမ်!!ငါတို့က နမ့်ဟူးရွာစံကျောင်းတော်မှာ...ကောင်မလေးတွေက ဖောင်တော်ဉီးဘုရား ဖူးချင်တယ်ဆိုလို့"]
"ခုချိန်မရှိဘူးလေဗျ...ဒေသစာရီကြွတယ်လေ..သတင်းကျွတ်လဆုတ် ၃ ရက်မှ ကျောင်းကိုပြန်ပင့်မှာ"
["ငါတို့လဲမသိဘူးလေကွာ...မင်းတို့ကဘယ်မှာလဲ"]
"ကျွန်တော်တို့လဲ အဲ့နားပတ်ဝန်းကျင်မှာပဲ...ဘယ်မှာလဲဆိုတာတော့မသိဘူး...ခြေဉီးတည့်ရာလျှောက်သွားနေတာ"
["မသိရင်လဲဘေးကလူတွေကိုမေးလိုက်ကွာ...ငါတို့တကယ်ကိုကြောင်ပျောက်နေပြီ...ဘယ်တွေသွားရမလဲကိုမသိတော့တာ"]
"ဟာဗျာ..အစ်ကိုကလဲ...ဘာလာလုပ်မှာလဲ..ကျွန်တော်တို့အနားမှာရှိတော့ အစ်ကိုတည်းခိုအိမ်ပြန်ရောက်မှာကျနေတာပဲ"
["ဟိတ်ကောင်ရ!အဲ့လိုတော့ဟုတ်မလားကွ...ငါလဲယောင်္ကျားလေးဖော်နဲ့လျှောက်သွားချင်သေးတာပေါ့..ခုကျတော့ သမီးတွေကိုလိုက်ထိန်းနေတဲ့အဖေကျနေရော"]
"မသိဘူးဗျာ!!မပြောပြဘူး...ကျွန်တော်တို့နှစ်ယောက်ထဲ လျှောက်သွားချင်လို့"
["Sea!!မင်းလူယုတ်မာ...ငါမင်းတို့ကိုမတွေ့တွေ့အောင်ရှာပြမယ်ဟိတ်ကောင်"]
ကိုထွဋ်ရဲ့ပါးစပ်ကနေထွက်လာတဲ့ အဆဲအဆိုတွေ အဆုံးထိနားထဲမရောက်သေးခင် မိုးပင်လယ်ဖုန်းချပစ်လိုက်တယ်။သေချာတယ် သူတွေ့ရင် အသေအထောင်းခံရမှာ။ဒါပေမဲ့လဲ ကိုထွဋ်ကို​သူပြောလိုက်တာတွေက အမှန်တရားတွေချည်းပဲ။တကယ်လဲသူတို့ ဘယ်ရောက်နေလဲမသိဘူး..အင်းလေးဆိုတာကလဲ အားလုံးသိကြတဲ့အတိုင်း ကျွန်းမျောတွေနဲ့ဖွဲ့စည်းထားတဲ့အရပ်ဒေသဆိုတော့...သူတို့လဲပြန်ဖို့ကို တော်တော်လေးမေးမြန်းယူရဉီးမှာ။မိုးပင်လယ်ကတော့ မပြန်ပဲနွေဉီးနဲ့အတူတူ တစ်ညလုံး ခြေဉီးတည့်ရာလျှောက်သွားနေချင်တာပဲ။
မိုးပင်လယ်ဖုန်းကို အင်္ကျီအိတ်ထဲပြန်ထည့်လိုက်ပြီး နွေဉီးရဲ့ ခါးသွယ်သွယ်လေးကို ပိုပြီးတင်းတင်းကျပ်ကျပ်ဖက်လိုက်တယ်။နွေဉီးကတော့သူ့ဘေးမှာ ဘာပြောလဲတောင်စိတ်ဝင်စားနေတဲ့ပုံပေါ်မနေဘူး...အင်းလေကန်ရဲ့ညအလှကို မျက်လုံးလေးဝိုင်းနေအောင် ကြည့်နေတယ်။အင်းလေးရဲ့ကန်ရေပြင်က  လှိုင်းကြပ်ခွပ် လေးတွေ တစ်လိမ့်လိမ့်နဲ့ မီးရောင်တွေဟပ်နေတော့ တလက်လက်တောက်ပနေတယ်။ကောင်းကင်ကလဲမိုးလေကင်းစင်ပြီး ကြယ်အစုံထွက်နေတော့ သူတို့ နှစ်ယောက်ကကောင်းကင်နှစ်ခုရဲ့အလယ်မှာရောက်နေသလိုပဲ။
နွေဉီး ရဲ့နောက်မှာမိုးပင်လယ်ပြောင်းရပ်လိုက်ပြီးသူ့ခေါင်းကို နွေဉီးရဲ့လည်တိုင်ဝင်းဝင်းလေးမှာ ဝှက်ထားကာ သူ့လက်နှစ်ဖက်လုံးနဲ့ နွေဉီးခါးကို ဖက်ထားလိုက်တယ်။နွေဉီးကသူ့ရဲ့လက်နှစ်ဖက်လုံးကို လက်လေးတွေနဲ့ အုပ်ကိုင်ထားပြီး...
"ခင်ဗျားလက်တွေအေးနေတယ်"
"အင်း...လေတွေတိုက်လို့ဖြစ်မယ်"
ခဏနေတော့ နွေဉီး အသံလေးထပ်ထွက်လာတယ်။
"ခင်ဗျား ကျွန်တော့်နောက်ကနေဖယ်ပြီး ကျွန်တော့်ဘေးကိုလာလိုက်ရင်ကောင်းမယ်ထင်တယ်"
"ဘာဖြစ်လို့လဲ!!"
"ကိုထွဋ် ကျွန်တော်တို့ကိုတွေ့သွားပြီ"
"ဟင်!!"
"ခု လာနေပြီ!"
ဟုတ်ပါရဲ့!!သူတို့နဲ့မျက်နှာချင်းဆိုင် ကျွန်းမျောကနေ ဒီဘက်ကို တံတားကူးနေပြီ။မိုးပင်လယ် ၁၀တန်းနှစ် ရည်းစားနဲ့ခိုးချိန်းတွေ့တဲ့ကောင်မလေး လူကြီးတွေမိသွားသလိုမျိုး တုန်လှုပ်သွားတယ်။ရုတ်တရက်ဆိုသလို သူနှလုံးခုန်တြွေမန်လာတယ်။ကိုထွဋ်ကို တအားကြောက်လို့တော့မဟုတ်ပါဘူး...ဒါပေမဲ့ သူ့ရဲ့အပြောအဆိုကြမ်းတဲ့ပါးစပ်နဲ့ ရိုက်ရင်တအားနာတဲ့ လက်ဝါးကြီးကိုတော့ကြောက်တယ်။
သူဖျက်ခနဲ နွေဉီးလက်လေးကိုဆွဲပြီး...
"နွေဉီး!ကိုယ်တို့ပြေးကြရအောင်"
"ဟမ်!!"
နွေဉီးဘာမြှပန်မပြောနိုင်ခင်မှာပဲ မိုးပင်လယ်ဆွဲပြေးတဲ့နောက်ကို သူလိုက်ပြေးနေရပါပြီ။လူတွေကြားထဲမှာတိုးဝှေ့ပြီးပြေးရတာမို့ သိပ်တော့ခရီးမရောက်ဘူး။ဒါပေမဲ့ အရမ်း ရင်ခုန်ဖို့ကောင်းတယ်...ကိုယ်ချစ်တဲ့သူက သူ့လက်ကိုလွတ်ထွက်သွားမှစိုးလို့ တင်းတင်းကျပ်ကျပ် ဆွဲကိုင်ပြီးပြေးနေတာ။နွေဉီးပြေးနေရင်း တစ်စုံတစ်ခုကို သတိရသွားတယ်။
နွေဉီး ပြေးနေတာကိုရပ်လိုက်တော့ မိုးပင်လယ်က နောက်ကိုလှည့်ကြည့်ပြီး ...
"နွေဉီး မောလို့လား"
နွေဦပျာပျာသလဲခေါင်းခါလိုက်တယ်။မောတော့မောနေတာ..ဒါပေမဲ့ပြေးရလို့တော့မဟုတ်ဘူး..ခုသူပြောမယ့်စကားကြောင့်ရင်ခုန်ပြီးမောသလိုကြီးဖြစ်နေတာ။
"မဟုတ်ဘူး..ခင်ဗျားကိုပြောစရာရှိလို့"
မိုးပင်လယ်ကနောက်ကိုမျှော်ကြည့်ပြီး...
"ဘာပြောမလို့လဲ..ပြီးမှပြောလို့ရလား"
"မရဘူး...ခုပဲ"
"အင်း!အင်း!ကိုယ်နားထောင်နေတယ်ပြော"
ကိုထွဋ်တို့ကတော့ပြေးလာနေတာ သူတို့နားကိုရောက်ခါနီးနေပါပြီ။ဒါပေမဲ့ သူအသားနာမှာထက် နွေဉီးစကားကိုနားထောင်ဖို့ကသူ့အတွက်ပိုအရေးကြီးတယ်။နွေဉီးက ပြောခါနီးအသက်ကိုအရင်ဝအောင်ရှုလိုက်တယ်။အဲ့နောက် လေကိုမှုတ်ထုတ်ပြီးလျှာကိုသပ်လိုက်တယ်။ပြီးတော့ သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး...
"ကျွန်တော် ခင်ဗျားကိုချစ်တယ်"
မိုးပင်လယ် နားထဲကို စီးဝင်လာတဲ့စကားလုံးလေးတွေကြောင့် သူ့ကမ္ဘာကြီးတစ်ခုလုံး ရပ်သွားသလိုခံစားလိုက်ရပြီး သူပါလေထဲမြောက်နေသလိုပဲ။အရမ်းကိုချိုမြိန်ပြီး သူ့နှလုံးကလဲပေါက်ထွက်တော့မလို တဒုန်းဒုန်းနဲ့ခုန်လာတယ်။နွေဉီးကတော့ သူ့ကို မျက်လုံးဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေပြီး...
"ခင်ဗျားရော!!"
နွေဉီးမေးခွန်းကိုသူမဖြေရသေးခင်မှာ သူ့ကျောကုန်းကြီးပူခနဲပဲ...ကိုထွဋ်ဆော်ထည့်လိုက်ပါပြီ။ဒါပေမဲ့ သူ့အာရုံထဲမှာ ဘာမှမရှိဘူး...သူ့ကိုမော့ငေးနေတဲ့ နွေဉီးရဲ့မျက်နှာလေးကို သူ့လက်နှစ်ဘက်နဲ့ ဆွဲယူပြီး ဖွဖွလေးအနမ်း​ပေးလိုက်တယ်။
ပြီးနူးနူးညံ့ညံ့လေးပြုံးရင်း..
"ကိုယ်လဲချစ်တယ်...ချစ်တာမှအရမ်းချစ်တာ"
သူပြောပြီးပြီးချင်း နွေဉီးကိုထပ်ပြီး အနမ်းပေးလိုက်တယ်။ဟုတ်ပါတယ်...သူတို့လူကြားထဲမှာနမ်းနေတာ။ဒါပေမဲ့ ခင်ဗျားတို့ချစ်တဲ့သူနဲ့နမ်းနေရရင် ဘယ်နေရာဖြစ်ဖြစ်အရေးမကြီးတော့ဘူး။အဓိက က ခင်ဗျားချစ်တဲ့သူနဲ့နမ်းဖို့ပါပဲ...အခုသူနဲ့နွဉေီးကတစ်ယောက်နဲ့တွဲရုံ သဘောကျရုံမဟုတ်ဘူး...အချင်းချင်းချစ်နေကြပြီ!!
__________
Continue Reading
You'll Also Like
127K 7K 89
480K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.1M 116K 47
#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုမျ...
61K 8K 34
🐰 " ම..ට ඔයාට කි..යන්න දෙය..ක් තියෙනවා " ජන්කුක් ටේහ්‍යුන්ග් දිහා බයෙන් බල බල එයාගෙ අත් එකට ගුලි කරන් කතා කරා 🐯 " මොකක්ද ? " ටේහ්‍යුන්ග් ජන්කුක්...