ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

By Ahlaly

610K 22.6K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo
Candy or Originary

အပိုင်း (၃၇)

9.5K 403 22
By Ahlaly

"အင်ဒူလင်...."

စကတ်အဝဲလေးနှင့် ကျောပြင်အထက်က ဆံနွယ်တို့သည် လေထဲတွင်ဝဲဖြာနေလေသည်။

"Do you miss me?"

ကားပေါ်က ဆင်းလာပြီးချက်ချင်းမှာပဲ ဂျင်းဘောင်းဘီအရှည်နှင့် အရောင်စုံပါဝင်သည့် အင်္ကျီသေးသေးလေးသည် အင်ဒူလင့်အလှကို ပိုပြီးပေါ်လွင်စေသည်။ ပြသနာတွေဖြစ်ခဲ့တာ တစ်လနီးပါးလောက်အကြာမှာ အင်ဒူလင်က မန်နေဂျာနှင့်တရားဝင်ကွာရှင်းခွင်ရခဲ့သည်။

LGBTအသိုင်းဝိုင်းကို စော်ကားတယ်ဆိုပြီး မန်နေဂျာအတွက် လူ့ဘောင်အသိုင်းအဝိုင်းမှာ အခြေချစရာမြေက မရှိသလောက်ဖြစ်သွားသည်။ မိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီးမှ ယောကျာ်းပေါင်းစုံနှင့်ဖောက်ပြန်နေတဲ့ မန်နေဂျာ့လိုလူမျိုးကို LGBTအသိုင်းအဝိုင်းက ရှက်ဖွယ်အဖြစ်သတ်မှတ်လိုက်ကြသည်။

ထိုကိစ္စကြောင့်ပဲ မန်နေဂျာအလုပ်ကနေလည်း နှုတ်ထွက်သွားရသလို၊ ကွာရှင်းခွင့်ကို တရားရုံးမှာ လျှောက်ထားခဲ့တဲ့ အင်ဒူလင့်အတွက်လည်း တရားဝင်ကွာရှင်းပြတ်ဆဲခွင့်ရခဲ့လေသည်။

"Really miss you."

"Let's go , baby.
I'm calling you now."
(ဒါဆို ငါတို့သွားရအောင်။ ငါမင်းကို လာခေါ်တာ။)

"Okay..."

လှေကားပေါ်မှာ ရပ်ပြီးကြည့်နေတဲ့ ကောင်းတို့ သားအဖတွေကို လက်ပြပြီးနောက် အကွေးက အင်ဒူလင့်ကားပေါ်ပါသွားသည်။

ပြိုင်ကားကို စမတ်ကျကျမောင်းနေတဲ့ အင်ဒူလင်ရဲ့ ဘေးတိုက်အလှတရားကို ကြည့်ပြီး အကွေးမှာ ရင်နာလို့ မဆုံးနိုင်ဖြစ်နေရသည်။ ဒီလောက်လှပြီး၊ ဒီလောက်ထိ သဘောကောင်းတဲ့ အင်ဒူလင့်လို လူကို ပစ်ပယ်ပြီး ရှုပ်ပွေခဲ့တဲ့ မန်နေဂျာ့ကို အကွေးတော်တော်လေးစိတ်ပျက်သည်။

"So beauty am I ,baby?"
(ငါလှလို့ ကြည့်နေတာလား baby)

"Yess, so so beautiful. The one the most beautiful girl in the world."
(အရမ်း အရမ်းကို လှတယ်။ ကမ္ဘာ့အလှဆုံးတွေထဲက တစ်ယောက်ပဲ)

"You too , my baby."
(မင်းရောပဲ)

"Really?"
(တကယ်လား)

"Yes, really. You are so beautiful and cute."
(တကယ်ပြောတာ။ မင်းက လှပြီး ချစ်စရာကောင်းတယ်)

အင်ဒူလင့် အဖြေကြောင့် အကွေးမှာ သွားစေ့လို့မရအောင်အထိကို မထိန်းနိုင်မသိမ်းနိုင်ပျော်နေမိသည်။ သူမကို လှတယ်လို့ပြောရင် လခြမ်းကွေးလေးဟာ အရမ်းပျော်ရွှင်နေတတ်သည်။

Mallတစ်ခုရဲ့ parkingမှာ ကားထိုးခဲ့လိုက်ပြီး အင်ဒူလင်က အကွေးလက်ကိုဆွဲပြီး ထိုMallထဲသို့ခေါ်သွားသည်။သူမတို့နှစ်ယောက်ရဲ့ထုံးစံအတိုင်း လိုတာသဘောကျရာ မှန်သမျှအကုန်ဝယ်ပြီးသည့် နောက်မှာတော့ အင်ဒူလင်က အကွေးကိုနောက်ထပ် တစ်နေရာခေါ်သွားသည်။

မြန်မာ့အခေါ် ဆံပင်ညှပ်ဆိုင်သည် ဒီMallထဲမှာရှိသည်မို့လား၊ အရမ်းတော်တာကြောင့်လား တော့မသိပါ အကွေးရဲ့ ဆံပင်ကို ဂုတ်ထိလုနီးနီးလေးဖြစ်အောင် ညှပ်ပေးပြီး ခေါင်းလျှော်ပေးတာတင်ကို မြန်မာငွေ၆သိန်းနီးနီး ရှင်းခဲ့ရသည်။

"I'm going home. There is nothing to do here either. Call me if you remember."
(ငါ အိမ်ကိုပြန်တော့မယ်။ ဒီမှာလည်း လုပ်စရာမရှိတော့ဘူးလေ။ မင်းသတိရရင် ငါ့ကိုဖုန်းဆက်နော်)

ဆံပင်အတိုလေးကို ကားထဲက နောက်ကြည့်မှန်မှတဆင့်ကြည့်ပြီး သဘောကျနေခိုက်မှာ အင်ဒူလင့်ရဲ့စကားကြောင့် အကွေးငိုင်သွားရသည်။

"Will you stay with us?"
(ငါတို့နှင့် မနေတော့ဘူးလား)

"No. I have to go home.
I have to start my life from scratch and innovate."
(ဟင့်အင်း။ ငါအိမ်ပြန်ရမယ်လေ။ငါ့ဘဝကို အစကနေပြန်ပြီး ဆန်းသစ်လာအောင်ဖန်တီးရဦးမယ်)

"Will you see me again?"
(ငါ့ကို လာတွေ့ဦးမှာလား)

"Sure, You are my baby."
(သေချာတာပေါ့။ မင်းက ငါ့ကလေးလေးပဲကို)

"Don't forget to me."
(ငါ့ကိုမေ့မသွားရဘူးနော်)

"Don't worry baby, you try your fashion.
You know, your fashion design is representing to me. So don't disgrace me.Are you underdstand?"
(စိတ်မပူပါနဲ့ ငါမင်းကို မေ့သွားမှာမဟုတ်ပါဘူး။ မင်းရဲ့ fashionအပေါ်မှာ အမြဲတမ်းကြိုးစားပြင်ဆင်နေရမယ်နော်။ မင်းရဲ့ Fashionပုံစံတွေက ငါ့ကို ကိုယ်စားပြုတယ်။ ဒါကြောင့် ငါ့ကို သိက္ခာမချပါနဲ့။ နားလည်လား Baby)

"Yes, I try."
(အင်း။)

"Don't cry more."
(ထပ်ပြီး မငိုနဲ့တော့။)

အိမ်ရှေ့ရောက်နေပြီမို့ အင်ဒူလင်က အသံတင်းတင်းနှင့်ပြောသည်။ ထိုကြောင့် အကွေးလည်း မျက်ရည်တို့ကို သုတ်လိုက်ပြီး အင်ဒူလင့်ကိုပြုံးပြလိုက်ကာ ကားပေါ်ကနေ ဆင်းလာခဲ့လိုက်သည်။

"Good bye, အင်ဒူလင်"

"Bye baby."

ကားပြတင်းကနေတဆင့် အကွေးကို လက်ပြနှုတ်ဆတ်ပြီး အင်ဒူလင်က ချက်ချင်းပဲ ကားကို အရှိန်ပြင်းပြင်းနှင့် မောင်းထွက်သွားလေသည်။ထိုကားနောက်ကို အကွေး လိုက်လို့ငေးကြည့်နေမိသည်။ ဒီတစ်ခါ အင်ဒူလင်နှင့်ပါဆိုရင် သူမဘဝမှာ ခွဲခဲ့ရတဲ့သူတွေမနည်းတော့။ နောင်တစ်ချိန်ပြန်တွေ့ရင် သူမတို့ဆက်ဆံရေးတွေက မပြောင်းမလဲပဲရှိနေနိုင်ပါဦးမလားဆိုကို တွေးမိတော့ အကွေး ပြန်ပြီးမျက်ရည်ကျချင်လာသည်။

သို့သော်လည်း အင်ဒူလင်မျက်ရည်ကျနေတာထက်၊ လှလှလေးနေတာကို ပိုပြီး သဘောကျမည်မို့ Mallမှာ လိမ်းခြယ်လာတဲ့ မိတ်ကပ်တွေအပေါ်ကို နောက်ထပ်ထပ်ပြီး မျက်ရည်ကျခွင့်မပေးတော့။ လက်နှစ်ဖက်လုံးမှာ အထုတ်တွေနဲ့ ပြည့်နေပေမယ့်လည်း အထုတ်တွေကိုကိုင်ထားလျက်ကပင် ထိုလက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး သူမရင်ထဲမှာ မွန်းကြပ်နေသမျှကို အော်ထုတ်လိုက်သည်။

"အားးးး....."

"အကွေး"

အော်သံကြောင့် အပြင်ကိုထွက်လာတဲ့ ကောင်းသည် မြင်လိုက်ရတဲ့ ဆံပင်ဂုတ်ထိလုဆဲဆဲလေးနှင့် အင်္ကျီအနက်ရောင် Sweaterလက်ရှည်ကို ခါးအထက်ကနေဘေးသို့ ထုံးထားတဲ့ အကွေးလေးရဲ့ အပေါ်ပိုင်းအလှတရားတို့ကို မယုံနိုင်စွာပင်ကြည့်နေမိသည်။

အိမ်ကနေ လိုက်သွားတုန်းက ပါမသွားခဲ့သော မိတ်ကပ်တို့သည် အခုအဝေးကနေကြည့်နေတာတောင်မှ ပန်းရောင်တောက်ပနေသည်မို့ အင်ဒူလင့်ကို ကျေးဇူးတင်မိသည်။ အင်ဒူလင်သည် အကွေးရဲ့အလှတရားကို ဖော်ထုတ်ပေးသူဖြစ်၏။

"အင်ဒူလင်က အိမ်ပြန်တော့မှာတဲ့ ကောင်း။"

Boot အနက်ရောင်လေးကို စီးထားတဲ့ ခြေထောက်လေးသည် ပုံမှန်ထက် အနည်းငယ် နှေးတဲ့ ခြေလှမ်းတွေနဲ့ ကောင်းဆီကို လာနေသည်။ Leatherစကတ်အတို အနက်ရောင်လေးသည် သူမလေးရဲ့ ခြေလှမ်းတွေကို နှေးကွေးသွားအောင် ဆောင်ကျဥ်းထားသည်က သူမရဲ့ ခန္ဓာကိုယ်က လှပကြောင်းကို သက်သေပြထားသလိုပင်။

အင်ဒူလင့်လို ဆွဲမက်စရာအလှတော့မဟုတ်ပေမယ့်လည်း အကွေးရဲ့ခန္ဓာကိုယ်က သူ့နေရာနှင့်သူမှာ ရှိသင့်သည့်အနေအထားနှင့် ရှိမနေသည့်တိုင် သူမက ဘိုမရုပ်လေးလိုလို၊ ကလေးလေး လိုလိုနဲ့ ဖြူဖြူဖွေးဖွေး သေးသေးလေးနှင့် တော်တော်လေး ချစ်စရာကောင်းသည်။

"အကွေး လှနေတာပဲ"

"အင်း ပိုက်ဆံလည်းတော်တော်ကုန်ခဲ့တယ်။ ဒါနဲ့ ငါ ဆံပင်ညှပ်ထားတာ ပိုလှသွားတယ်နော်"

"ကလေးလေးနဲ့ တူတယ်"

သူမလေးရဲ့ ဆံနွယ်လေးတွေကို ကိုင်ကြည့်ရင်း ကောင်းမှာ ရွှင်မြူးနေရလေသည်။

"ငါ ကောင်းကို မေးစရာရှိတယ်။
Gayဆိုတာကို ကောင်း ဘယ်လိုလက်ခံလဲဟင်"

သူမလက်ထဲက အထုတ်တွေကို လက်လွှဲယူလိုက်ရင်း....
"အထဲရောက်မှ ပြောရအောင်လေ။
အပြင်မှာက နေပူတယ် အကွေးရ"

"အင်း..."

အိမ်ထဲကိုရောက်တော့ ချက်ချင်းပဲ အခန်းထဲကို ဝင်သွားလိုက်ပြီး သူမလေးရဲ့ အထုတ်တွေကို ကုတင်ပေါ်မှာ အသေအချာလေး ချပေးလိုက်သည်။

"ကျွန်တော်ကတော့ ဒီတိုင်း  လူလို့ပဲမြင်ပါတယ်။
သူတို့လည်း သူတို့ခံယူချက်နှင့်သူတို့ပဲလေ။ ကျွန်တော်လည်း ကျွန်တော့်ခံယူချက်နှင့် ကျွန်တော်ပဲ။ အဝတ်မလဲသေးနှင့်ဦး အကွေး။ ရေအရင်သောက်ရမယ်လေ။"

အဝတ်လဲဖို့ ပြင်နေတဲ့ လခြမ်းကွေးကို ကောင်းမြတ်သော လှမ်းတားလိုက်တော့ သူမက အဝတ်မလဲသေးပဲ ကောင်းဆီသို့ လျှောက်လာသည်။

"ဖိနပ်တော့ ချွတ်လို့ရတယ်မလားဟင်"

ကောင်းကမ်းပေးတဲ့ ရေခွက်ကို လှမ်းမယူသေးပဲနှင့် Bootကို ဇစ်ဖြုတ်ဖို့ သူမကြိုးစားသည်။

"အကွေးက ရေသောက်လိုက်။ ကျွန်တော် ဖိနပ်ချွတ်ပေးမယ်"

"အင်း..."

သူမလေး ရေသောက်လို့ အပြီးမှာပဲ သူမလေးရဲ့ ခြေထောက်လေးတွေဟာ ကျဥ်းကျပ်မှုတွေဆီကနေ လွတ်မြောက်သွားပြီဖြစ်၏။

"ကောင်းသိလား။ ကမ္ဘာပေါ်က အလှဆုံး စကားလုံးကို"

"အကွေးသိတယ်ဆို ပြောပြလေ"

"Mother ဆိုတဲ့ spellingက ကမ္ဘာမှာ အလှဆုံးပဲတဲ့ ကောင်းရဲ့။ ငါအခုထိ စဥ်းစားလို့မရတာကလေ။ အင်ဒူလင့်ကိစ္စမှာ ဘာလို့ အမျိုးသမီးတွေကငြိမ်နေကြပြီး LGBTအသိုင်းအဝိုင်းက ရှေ့ထွက်ပေးခဲ့လဲဆိုတာကိုပဲ"

"စကားဆိုတာ တဖက်လူနားလည်အောင် ပြောပြဖို့ဖြစ်ပေါ်လာတာလေ အကွေးရ။ အဆက်ဆက်ကို ချိတ်ဆက်နိုင်အောင် ပြောပြမှ တစ်ဖက်လူက နားလည်မှာပေါ့။ အခုအကွေးရဲ့ စကားတွေက အဆက်ဆက်မရှိဘူး ဖြစ်နေတယ်"

ကောင်း တကယ်ပဲ သူမလေးရဲ့ဆိုလိုရင်းကို နားမလည်တာမို့ သူမလေးရဲ့ လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ပြောမိသည်။ သူမလေးရဲ့မျက်လုံးတွေက ငြိမ်သက်ပြီးဝိုင်းစက်နေပြီမို့ သူမရဲ့အတွေးတွေက ကမ္ဘာသစ်တစ်ခုဆီကို ရောက်နှင့်နေပြီဆိုတာကို ကောင်းရိပ်မိပေမယ့်လည်း သူမလေးရောက်နေတဲ့ ကမ္ဘာသစ်ကို ကောင်းမှာ တွေးဆလို့မရနိုင်အောင်ဖြစ်ရသည်။

"ငါပြောချင်တာက ကောင်းရာ။ ဆောင်းကိစ္စတုန်းကလည်း FBမှာ မျိုးစုံတွေပြောကြတာက မိန်းကလေးတွေအများစုပဲ။ မလိုက်ဖက်ဘူး၊ နမ်းနေတဲ့ပုံကြီး၊ ဆောင်းကို ဆေးသမား ကိုကိုနဲ့မတန်ဘူး ဘာညာနှင့်အစုံပဲ။ အခု အင်ဒူလင့်ကိစ္စရဲ့ ပထမပိုင်းမှာ ပြေကြဆိုကြတဲ့ သူ အများစုက မိန်းကလေးတွေများတယ်။

တကယ့်လက်တွေ့မှာ postတင်ရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကွာရှင်းခွင့်ကို သူတို့မမြင်နိုင်ကြဘူး။ သူတို့က ပုံကိုမြင်ရုံ ၊ Captionကို မြင်ရုံနဲ့တင် ဆဲကြတာ။ နောက်ပိုင်း ပြသနာရဲ့အကြောင်းစုံကိုသိတော့ ငြိမ်သွားကြတယ်။ တကယ်လို့ LGBTအသိုင်းအဝိုင်းကသာ မန်နေဂျာ့ရဲ့ အကျင့်စရိုက်က သူတို့အသိုင်းအဝိုင်းရဲ့ ရှက်ဖွယ်ကိစ္စလို့မသတ်မှတ်လိုက်ရင် အင်ဒူလင့် ကိစ္စက ဒီလောက်မြန်မြန်နဲ့ပြီးသွားမှာ မဟုတ်ဘူး ကောင်း။ "

"မိန်းမတွေ မကောင်းဘူးလို့ အကွေးပြောချင်တာလား"

ကောင်းရဲ့ နှုတ်ခမ်းမှာ ပြုံးရိပ်အနည်းငယ်သန်းမိပြီး သူမလေးရဲ့ မျက်နှာကို ကြည့်ကာ မေးမိတော့ သူမလေးက မျက်ခုံးတန်းလေး တွန့်ချိုးပြီး ခေါင်းရမ်းပြသည်။

"မဟုတ်ဘူး ကောင်း။ ငါပြောချင်တာက မိန်းကလေးတွေက ဘာလို့ Gay Coupleတွေကို ကာကွယ်ခံလူတန်စားလို့ သတ်မှတ်လိုက်ရတာလဲဆိုတာပဲ။ ကိုယ့် အမျိုးသမီးအချင်းချင်းထက် သူတို့က Gay Coupleတွေကို ပိုပြီး ထောက်ခံကြတာဘာလို့လဲဟင်။ တကယ်ပဲ LGBTအသိုင်းအဝိုင်းက အဲ့သလောက်အားနည်းကြလို့လား။"

"အစပိုင်းမှာ Gayဆိုတဲ့အသုံးကို လူတော်တော်များက နှိမ်ချင်ခဲ့တယ်လေ အကွေးရ။ အဲ့တာကြောင့်ပါ။ မိန်းကလေးတွေက အထူးသဖြင့် အကွေးပေါ့  သူတစ်ပါးအပေါ်မှာ စာနာဖေးမတတ်ကြတာလေ။သူတို့က Motherဆိုတဲ့ အကွေးပြောတဲ့ အလှပဆုံးစကားလုံးနဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။"

"ဒါပေမယ့်လည်း ကိုယ့်ကိုယ်တိုင် မေ့လောက်အောင်အထိတော့ မစာနာပေးနိုင်ပါဘူး။ Mother လည်း ငါ့အမေဆို တော်တော်ကြမ်းတယ် "

"ဟောဗျာ..."

သူမက နှုတ်ခမ်းလေး ရှေ့ကို ထော်ပြီးနှာခေါင်းလုံးလုံးလေးကို အထက်သို့ တတ်စေတဲ့ အကွေးရဲ့ မျက်နှာလေးကို ကောင်းဘယ်လိုမှ မထိန်းနိုင်တော့ပဲ နမ်းလိုက်မိသည်။

ပန့်ဖျော့ ရောင်နှုတ်ခမ်းနီလေးက ချိုသည်လား၊ သူမကပဲ အချိုတွေစားလာပြန်သည်လားတော့ မပြောတတ် နမ်းရတာ တော်တော်လေး ချိုချိုမြိန်မြိန်ရှိနေသည်မို့ နှုတ်ခမ်းသေးသေးလေးရဲ့ အထက်နှင့်အောက်ကို တစ်လှည့်စီ စုပ်ယူနမ်းရှိုက်ရင်း သူမလေးရဲ့ နှုတ်ခမ်းဆိုးဆေးလေးတွေကို မြိုချရင်း၊ နမ်းရင်းကနေ....

"ကောင်း..."

ကလေးနှစ်ယောက်ကို ချီထားသည်မို့ လော့ခ်မချထားတဲ့ အခန်းတံခါးကို ခြေဖြင့် ကန်ဖွင့်ရင်း ဝင်လာတဲ့ အောင်သည် တံခါးပွင့်ပြီး ချက်ချင်းမှာပဲ မျက်လုံးမှိတ်လိုက်ရသည်။

"Mommy..."

ရောင်ခြည်နှင့် ရောင်ဝါက မျက်လုံးမမှိတ်ပဲရှိသည်မို့ အကွေး ချက်ချင်းပဲ ကောင်းကို တွန်းထုတ်လိုက်ရသည်။

"အင်း"

"အဟွန်း..."

အကွေးက "အင်း"ဆိုပြီး ကောင်းက ချောင်းဟန့်နေပြီမို့ အောင်မျက်လုံးဖွင့်ကြည့်လိုက်တော့ အစောကလေးတင် လုံးထွေးနေခဲ့သော လင်မယားသည် ဆိုဖာရဲ့ အစွန်းတစ်ဖက်ဆီမှာ ရောက်နေသည်မို့ အနည်းငယ်ပြုံးမိသွားရသည်။

"အောင်ရယ် တံခါးကို အရင်ခေါက်ပါ"
ထုံးစံအတိုင်း တံခါးမခေါက်ပဲ အခန်းတံခါးဖွင့်လာတဲ့ အောင့်ကို အင်္ကျီဇစ်တပ်နေရင်းမှ အကွေးပြောမိသည်။

သားနှင့်သမီးကို ပထမဆုံးအကြိမ် ကျောင်းလိုက်ပို့ရမည်မို့ မနက်အစောထဲက ပြင်ဆင်နေရတာက အခုဆို ကျောင်းပို့ရမည့်အချိန်ထိ သူမမှာ အဝတ်အစားရွေးလို့မပြီးနိုင်  ရှိသည်။

"ကျွန်တော် ကူညီရမလား အကွေး"

ကမ္ဘာတစ်လွှား အောင်မြင်လှသော ရှေ့တန်းတိုက်စစ်မှုး ကောင်းမြတ်သောသည် အပြောထက် အလုပ်က ရှေ့ရောက်လို့နေပြီး အကွေးရဲ့ နောက်ကျော ဇစ်ကို တွယ်ချိတ်ပေးလေသည်။

"ဒါလေးပဲ ကောင်းတယ်မလားဟင်"

"အင်း။ လှပါတယ် အကွေးရ"

နှစ်တွေဘယ်လောက်ကြာကြာ ကောင်းက နည်းနည်းလေးတောင်းပြောင်းလဲသွားခြင်းမရှိပါ။ အကွေးက လှလားလို့မေးတိုင်းမှာ လှပါတယ်အကွေးရ၊ လှလိုက်ဗျာ စသည်ဖြင့် ချီးမွှန်းနေဆဲပင်။

"ဖိနပ်က အပါးပဲစီးရဦးမယ်။
ငါ တကယ်ပဲ ပြင်းပြင်းထန်ထန်လေ့ကျင့်မှ ရမယ် ကောင်း၊ အင်ဒူလင်က တွေ့တိုင်းငါ့ကို ပြောနေတာ။ Heelမစီးတတ်ရင် fashionဘယ်လောက်ပဲ အဆင်ပြေပါစေ အဆင်မပြေဘူးတဲ့"

"ကျွန်တော် ကူညီမယ်လေ"

"ကောင်းက အခုပတ် အင်္ဂလန်နဲ့ ကန်ရဦးမှာ မဟုတ်လား။"

"ဒီနေ့ အချိန်ရတယ်လေ အကွေးရ"

"အင်း..."

မှန်ရှေ့မှာ တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ်ရင်း စကားတွေပြောလို့မဆုံးတဲ့ လင်မယားကို အောင် ချောင်းတစ်ချက်ဟန့်လိုက်ပြီး...
"နောက်ကျနေမယ်" ဟု သတိပေးလိုက်ရသည်။

"လာပြီ။ လာပြီ"

ကျောင်းဝတ်စုံလေးတွေနှင့် အဆင်သင့်ဖြစ်နေတဲ့ သားနဲ့သမီး လက်ကိုဆွဲပြီး အကွေးက အခန်းထဲမှထွက်လာခဲ့လိုက်သည်။

မနက်အစောဆို မီးဖိုချောင်မှာ အလုပ်ရှုပ်နေတတ်တဲ့ မန်မီက ဒီနေ့မှာတော့ အိမ်တံခါးကနေ အကွေးတို့သားအမိကို စောင့်နေသည်မို့...
"သွားလိုက်ပါဦးမယ် ရှင်"

မြန်မာလိုပဲ ပြောပြီး ခါးကိုင်းနှုတ်ဆတ်လိုက်တော့ မန်မီကပြုံးသည်။ အကွေးပြောတာကို နားမလည်သော်လည်း နေတာကြာလာတော့ အကွေးရဲ့အပြုအမူတွေကို မန်မီလည်းနားလည်လာသည်ထင်ပါရဲ့..." Good bye" ဆိုပြီး အကွေးတို့ကို လက်ပြပြီး ပြန်နှုတ်ဆတ်၏။

မနက်ဆို မန်မီက မအားတတ်ပဲ၊ ညနေဘက်ဆိုလည်း သူ့အိမ်သူပြန်သည်မို့ အကွေးနဲ့မန်မီရဲ့စကားပြောချိန်က နေ့လည်ပိုင်းတစ်ချိန်လောက်သာ ရှိသော်လည်း အကွေးနဲ့မန်မီကတော်တော်လေး ခင်နေကြပြီ။

စီကာဒါအသင်းကနေ ပြင်သစ်ကိုယ်စားပြုအသင်းအဖြစ်သို့ ရောက်လာပြီဖြစ်တဲ့ ကောင်းတို့အသင်းအတွက် စားစရာပြင်ဆင်ပေးရတဲ့ မန်မီ့လစာကလည်း နည်းနည်းနောနောတော့မဟုတ်ပါ။ တစ်ကိုယ်တည်း အပျိုကြီးမို့ မန်မီလစာထုတ်တဲ့ရက်တိုင်း အကွေးနှင့်အတူ စျေးဝယ်ထွက်ကြရင်းဖြင့် သူမတို့ပိုပြီးရင်းနှီးလာကြသည်။

အင်ဒူလင်နှင့် အကွေးကလည်း နှစ်လတစ်ခါ၊ သုံးလေတစ်ခါလောက်တော့ဆုံကြပါသည်။ ကောင်းနှင့်အောင်ကလည်း ပွဲတွေရှိရင် သွားကြသည်မို့ အကွေးတစ်ယောက်ထဲရှိတဲ့အချိန်တွေဆို သူမကဗျာ၊ စာတွေဖတ်ရင်းနှင့် အချိန်ကုန်သည်။ မဟုတ်ရင်လည်း သန္တာတို့နှင့် face timeပြောသည်။ သားနှင့်သမီးက အနားမှာ ရှိသည်မို့ သိပ်ပြီးတော့ ပျင်းဖို့မကောင်းခဲ့ပါ။

သို့သော်လည်း အခုတော့ သားနဲ့သမီးကလည်း ကျောင်းတတ်ရတော့မည်။ ထို့ကြောင့် အကွေးမှာ မန်မီ့ကလွဲပြီး အဖော်မရှိတော့သည်မို့ ဒီမနက် မန်မီ့ကို နှစ်နှစ်ကာကာနဲ့ပင် ပြုံးပြီးကြည့်နေမိသည်။

"သွားမယ်လေ အကွေး.."

"အင်း..."

သားနှင့်သမီးကို ကျောင်းကိုပို့သည့် ပထမတစ်ရက်မှာ အောင်က ကားမောင်းပြီးလိုက်ပို့ပေးသည်။

"ကောင်း ဘွဲယူဖို့ရက်က နီးလာပြီထင်တယ်။ ကိုယ့်ဘက်က မင်း အချိန်ဇယားတွေ ပြန်ကြည့်ရဦးမယ်"

"ဘွဲ့လက်မှတ်ကို စာတိုက်ကနေပို့ပေးဖို့ သူငယ်ချင်းကို အကူအညီတောင်းထားတယ် အကို။ ဘွဲ့ယူမယ့်နေ့က အင်္ဂလန်အသင်းနဲ့ ကန်မယ့်ရက်ဖြစ်နေတာ"

ကြိုးကြိုးစားစားနဲ့ အပင်ပန်းခံစာကျက်ခဲ့သည့် ဒီဘွဲ့ကို အဝေးရောက်ပဲ ယူမည်မို့ အကွေးစိတ်မကောင်းသော်လည်း ကောင်းအမြဲတမ်းပြောခဲ့သလို အဆင်ပြေဖို့အရေးကြီးတယ်လို့ တွေးလိုက်သည်။

အခုနောက်ပိုင်း ကောင်းမှာ အချိန်တွေရှားလာတာကို အကွေးအသိဆုံးပင်။ အရင်ကလိုမျိုး အကွေးအနားမှာ တစ်ချိန်လုံးရှိနေတာမျိုးမဟုတ်တော့ပဲ လေ့ကျင့်ချိန်၊ လက်တွေ့အချိန်၊ interview ၊ ကြော်ငြာရိုက်စသည့်တို့နှင့် မအားလပ်နိုင်ရှိသည်။

ကောင်းအတွက် မန်နေဂျာက အောင်ဖြစ်နေသည်မို့ လည်း အကွေးမှာ စိတ်အေးရသည်။ အောင်မဟုတ်ပဲ တခြားမိန်းကလေးဆိုလျှင် အကွေးစိတ်ပူရဦးမည်။ နာမည်ကြီးလာသည်နှင့်အမျှ ကောင်းအနားကို ကပ်ချင်တဲ့ သူတွေက မနည်းမနောရှိကြောင်းကို အင်ဒူလင့်ပြောကြားချက်အရရော၊ social mediaတွေမှာရော မြင်နေကြားနေ ရတာမို့ အကွေးကို ကောင်းထားသွားမှာကို စိုးရိမ်ရသည်။

ကောင်းက interviewတိုင်းမှာ မိန်းမရှိပါတယ်လို့ပြောသော်ငြားလည်း တစ်ခါမှ အကွေးတို့ကို ထုတ်မပြဖူးသည်မို့ လူတော်တော်များများက မယုံကြပါ။ တကယ်တမ်းလည်း အကွေးတို့ရှိကြောင်းကို စီကာဒါအသင်းဝင်တွေကလွဲပြီး တခြားဘယ်သူမှ မသိသည်အထိ ကောင်းက ဖုံးကွယ်ထားနိုင်သည်။

ဘာလို့ ဖုံးကွယ်ထားလဲဆိုတဲ့ အကွေးရဲ့အမေးကို ကောင်းက အကွေးကိုမပင်ပန်းစေချင်လို့ဟု ပြောသည်မို့ ထုံးစံအတိုင်းသူမ နားမလည်သော်လည်း တခြားထပ်ပြီးမမေးမိတော့။ ဘာလို့ လဲဆို ကောင်းမှာ အကွေးရဲ့မေးခွန်းတွေကို စိတ်ရှည်ရှည်နှင့် ဖြေပေးဖို့ အချိန်မှမရှိတော့တာ။ သို့သော်လည်း ကောင်းက အားလပ်ချိန်တိုင်းမှာတော့ အကွေးတို့သုံးယောက်ကို အသေအချာလေး ဂရုစိုက်ပေးသည်မို့ အကွေးပျော်ရသည်။

"အကွေး..."

"အင်း"

"ဘာတွေ တွေးနေတာလဲဗျာ။ ကျောင်းရှေ့ရောက်ပြီလေ"

ကောင်းပြောမှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ သားနှင့်သမီးက ကားပေါ်ကနေဆင်းသွားပြီဖြစ်၏။ မူလတန်းကျောင်းလေး ဖြစ်တာကြောင့် ကလေးသေးသေးလေးတွေက ချစ်စရာလေးတွေ။

"ဂရုစိုက်နော်။ အဆင်ပြေအောင် နေကြ။
အဆင်မပြေရင်လည်း Daddyကိုပြော။ Daddyက အဆင်ပြေအောင်လုပ်ပေးမယ်"

"Yes"

"ဟုတ်ကဲ့ Daddy"

"အပြန် Mommyလာကြိုပေးမယ်နော်။"

"Thank you, Mommy"

ရောင်ခြည်ကမှ Thank youပြောသေးသည်။ ရောင်ဝါက ဘာမှမပြောတော့ပဲ ကျောင်းထဲကို ပြေးဝင်သွားလေသည်။ထို့ကြောင့် အကွေးက...
"သမီးလည်း သွားတော့နော်"

"စိတ်မပူနဲ့နော်။ ရောင်ဝါ့ကို သမီးကြည့်ပေးမယ်"

"အင်းပါ..."

သိတတ်လွန်းတဲ့ ရောင်ခြည့်ကို အကွေးပြုံးပြပြီး လက်ကာပြလိုက်တော့ သမီးကြီးကလည်း ကျောင်းထဲကို ပြေးဝင်သွားလေသည်။

ကလေးတွေ ကျောင်းထဲဝင်သွားတာကို ကြည့်ပြီး အကွေးတို့သုံးယောက်လည်း အိမ်ပြန်လာခဲ့လိုက်သည်။ အပြန်လမ်းမှာ အောင့်မျက်လုံးတွေက စိုစွတ်လို့နေသည်။

"အောင်တော့ ရောင်ခြည်တို့ကို တော်တော်လေးချစ်နေတာပဲ"

အနေနီးလွန်းတာကြောင့်လား၊ ကလေးတွေရဲ့ ပင်ကိုယ်ကိုချစ်စရာကောင်းတာကြောင့်လားတော့မသိ၊ အောင့်ဘက်က ရောင်ခြည်နှင့်ရောင်ဝါကို တော်တော်လေး သံယောဇဥ်တွယ်နေသည်။အမြဲတမ်း အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်ခဲ့သူတို့သုံးယောက်မှာ နှစ်ယောက်က ကျောင်းသွားသည်မို့ အရင်ကထက်ပိုပြီး အိမ်မှာ တိတ်ဆိတ်နေတော့မည်။

"အကို ငိုနေတာလား"

"မငိုပါဘူး"

"ငိုနေတာကိုဗျာ။ လာလိမ်နေတယ်။
ဒါနဲ့ ကလေးတွေကို ကျောင်းပို့ခဲ့ရတော့ အကွေးရော ဝမ်းမနည်းဘူးလား"

"ကောင်းရော ဘယ်လိုခံစားရလဲ။"

"ရင်ထဲမှာ နည်းနည်းတော့ ဟာတာတာနိုင်တာပေါ့ အကွေးရ"

"အင်း။ ငါတော့ ဒီနေ့မှ ပိုပျော်နေသလိုပဲ"

"ဗျာ"
သူမလေးရဲ့ အဖော်နှစ်ယောက်ကျောင်းသွားတတ်သည့် ကိစ္စမှာ ကျွန်တော့်လခြမ်းကွေးက ပျော်နေသည်တဲ့။ အိမ်ထောင်သက် ၆နှစ်ကျော်ပြီဖြစ်သော်လည်း ကျွန်တော်တော့ အကွေးကို ပိုပြီးချစ်မိရုံကလွဲပြီး အကွေးရဲ့အတွေးတို့ကို အလုံးစုံမခန့်မှန်းနိုင်သေး။

"ကောင်းနဲ့ နှစ်ယောက်တည်းရှိရမှာလေ။"

ကောင်းရဲ့ နားရွက်နားကို ကပ်ပြီး ပြောတဲ့ ထိုအပြောကြောင့် ကောင်းရယ်မိသည်။ ပြီးနောက် သူမလေးရဲ့ ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။ ကားပေါ်တွေဘာတွေဆိုတာကို မစဥ်းစားချင်တော့ပါ။

ဒီရက်ပိုင်းမှာ မအားမလပ်ဖြစ်နေသည်မို့ သူမလေးနဲ့ နှစ်ယောက်ထဲအေးအေးဆေးဆေးမနေရတာက ၅လ နီးပါးရှိနေပြီ။ ထို့ကြောင့် သူမလေးပြောသလိုပဲ ကျွန်တော်လည်း ဒီနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမည်ဟု တွေးထားလိုက်သည်။

အင်္ဂလန်အသင်းနှင့် ကန်ဖို့ကို လဝက်နီးပါးလောက် လေ့ကျင့်ရေးဆင်းခဲ့ရပြီး ဒီတစ်ရက်အနားပေးသည်မို့ နားရက်လေးမှာ သူမလေးအနားကနေ တစ်လက်မလေးမှာ ခွာတော့မည်မဟုတ်ပါ။

"ရောက်ပြီ။ ကိုယ်သွားတော့မယ်။
ဒါနဲ့ Colaကြော်ငြာရိုက်ဖို့ ရက်က ကိုယ်ပဲစီစဥ်လိုက်ရမလား ကောင်း"

"အကို့သဘောပါ"

"အိုကေ..."

အောင် ကားပေါ်ကနေဆင်းသွားပြီးနောက်မှာ အကွေးနဲ့ကောင်းလည်း ကားပေါ်ကနေဆင်းပြီး အိမ်အိမ်ထဲဝင်ခဲ့လိုက်သည်။

အိမ်ထဲတွင် ချက်ပြုတ်နေသော မန်မီမှလွဲ၍ တခြားဘယ်သူမှရှိမနေပါ။ နားရက်မို့ အသားကုန်သောင်းကျန်ကြမည့် အသင်းသားတွေက အိမ်ထဲမှာ မရှိတာအဆန်းတော့မဟုတ်ပါ။ အသင်းသားတွေအကုန်လုံးက အနှောင်အဖွဲ့ကင်းသူတွေမို့ ဒီလိုရက်မျိုးဆို အပြင်ထွက်ပြီး အပီအပြင် ကဲတတ်ကြသည်။

ကောင်းကတော့ မိသားစုရှိသည်မို့ နားရက်တိုင်းကို မိသားစုထံအချိန်ပေးရင်း ကုန်ဆုံးခဲ့သည်က အလေ့အကျင့်တစ်ခုလိုပင်။ Clubသွားလည်း အကွေးပါတယ်၊ စျေးဝယ်ထွက်လည်း အကွေးပါတယ် ဆိုသလိုနဲ့ နားရက်တိုင်း သွားလေရာမှာ သူမလေးကို မပါမဖြစ်ခေါ်သွားပေးဖြစ်သည်။ မဟုတ်ရင် အဖော်မရှိတဲ့ အကွေးက အိမ်ထဲမှာနေပြီး စာဖတ်နေတတ်သည်က မျက်မှန် ပါဝါတွေတိုးလို့နေပြီ။

"ကောင်းက Colaကြော်ငြာရိုက်မို့လား။"

ဟိုဖက်တလောကမှ ခေါင်းလျှော်ရည်ကြော်ငြာရိုက်ခဲ့တဲ့ ကောင်း။ ထိုခေါင်းလျှော်ရည်ကြော်ငြာက တော်တော်လေး ပေါက်သည်မို့ အခုရက်ပိုင်း ကောင်းဆီကို Product ကြော်ငြာတွေလာပြီး ကမ်းလှမ်းတာက မနည်းမနောပါ။ ဒါတွေအများကြီးထဲကမှ ဘာလို့ Colaကြော်ငြာကို လက်ခံရသလဲ အကွေးမသိတော့။

"အင်း။ ဗူးမှာ ပါတဲ့ ပလတ်စတစ်မှာ ကျွန်တော့်ကိုမြင်ရင် အကွေးသတိထားမိအောင်လို့လေ။ Colaဗူးမှာ ကပ်နေပြီး အကွေးကို အအေးမသောက်အောင် တားမလို့"

ကျန်တဲ့စကားတွေအကုန်လုံးကို နားထောင်ပေမယ့် အချိုမစားပါနဲ့ဆိုတဲ့ ကောင်းရဲ့စကားကို အကွေးက လစ်ရင်လစ်သလိုမျိုး ချိုးဖောက်တတ်တာကို ကောင်းသိသည်။ Gasပါတဲ့ အအေးတွေကို ကိုယ်တိုင်မသောက်ပေမယ့်လည်း ခိုးသောက်နေတဲ့ သူမလေးကို သူခိုးလူမိ အဖြစ်ရောက်စေရန်အတွက် ထိုကြော်ငြာကို ကောင်းဘက်က လက်ခံလိုက်ခြင်းဖြစ်သည်။

"ကောင်းက ကြော်ငြာတဲ့သူလေ။ အဲ့တော့ ငါက ပိုတောင် အားပေးရဦးမယ်"

အင်္ကျီကို ချွတ်ရင်းနှင့် ကောင်းဆီကို လှည့်ကြည့်ကာပြောသည်။

"Colaဗူးမှာ ခပ်တည်တည်နဲ့ကျွန်တော်ပုံကို မြင်လျက်နဲ့ ခိုးသောက်တာတော့ တကယ်မကောင်းဘူးနော်။ အကွေး သွားကိုက်လို့ ဆေးခန်းသွားရတာ ဘယ်နှခေါက်တောင် ရှိပြီလဲဗျာ"

"၄ခေါက်ပဲ ရှိသေးတာကို။
ကုတင်ပေါ်က အင်္ကျီလေး ပစ်ပေးစမ်းပါ"

"တစ်ခါတည်း ဝတ်ပေးမယ်လေ"

ကုတင်ပေါ်မှာ ရှိနေတဲ့ Teeပန်းရောင်လေးကို ကောက်ယူလိုက်ပြီး အကွေးရပ်နေတဲ့ ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။

"ပေးလေ..."

Nike တံဆိပ်ပါ Sport braလေးသည် အပေါ်မှ အင်္ကျီထပ်မဝတ်လျှင်တောင်ရသည်။ Bra ပန်းရောင်လေးရဲ့ အလယ်မှာ Nike ဆိုပြီး စာတန်းအနက်ရောင်လေးထိုးထားသည်။

ထိုစာတန်းအပေါ်မှာ ရုတ်တရုပ်တဆိုရောက်လာတဲ့ ကောင်းရဲ့ လက်ချောင်းလေးတွေကြောင့်...
"ကောင်း..."
အကွေးချက်ချင်းပဲ နောက်သို့ဆုတ်သွားလိုက်တော့ ကောင်းက အင်္ကျီကိုင်ထားတဲ့လက်တစ်ဖက်နှင့် အကွေးရဲ့ ခါးလေးကို ကိုင်တွယ်ပြီး အကွေးရဲ့ကိုယ်လေးကို ရင်ခွင်ထဲထဲ့သွင်းရင်း ခေါင်းတစ်လုံးမြင့်တဲ့ အရပ်ကွာခြားချက်ပေါ်မှ စီးမိုးလို့ ကြည့်နေသည်က ရွှန်းရွှန်းဝေဝေဆိုတာထက် ကျော်လွန်ပြီး ယစ်မူးတဲ့အဆင့်ကို ရောက်လို့နေသည်။

"ငါ ငါ ဒေါက်စီးရဦးမှာနော် ကောင်း"

"အင်း။ ကျွန်တော် သိတယ်။
ဒါပေမယ့်လည်း အကွေးက အရမ်းလှနေတယ်ဗျာ"

"ငါ့ရင်ဘက်က သေးတယ်ဆို"

အူကြောင်ကြောင် ထိုအမေးကို ကောင်းက ကျေနပ်မှုတွေအပြည့်နှင့်ပင်...။
"ချိုချဥ်လုံးလေးတွေလိုပဲ"

"ဟင်။ အချိုမစားရဘူး ကောင်း။
သွားကိုက်မယ်"

ပြောပြီးနောက်မှာ သူမရဲ့ ရင်ဘက်ဆီသို့ လက်နှင့် ကာပြီး ကောင်းရဲ့ ခန္ဓာကိုယ်ကိုလည်း တွန်းထုတ်သည်။ သို့သော်လည်း အင်အားချင်းမမျှတာကြောင့် ကောင်းရဲ့ နှုတ်ခမ်းတွေက အကွေးရဲ့ ရင်ဘက်မှာ ခိုဝင်လာ၏။

"ဒေါက်စီး သင်ပေးမှာဆို..."
လည်တိုင်တွေဆီကို ရောက်လာသည်မို့ မကြာခင်မှာ နှုတ်ခမ်းတွေဆီရောက်လာတော့မည်။

ထို့ကြောင့် အားလပ်နေတဲ့ အချိန်လေးမှာ အကွေးဘက် ကြိုပြောထားလိုက်တော့ ကောင်းက နမ်းနေရာကနေ အကွေးကိုမော့ကြည့်လာသည်။
"တကယ်ပဲ စီးချင်တာလား"

"အင်း"

"ဒါဆို သင်ရအောင်လေ။"

အကွေးဆီကနေ ဖယ်ခွာသွားပြီး လက်ထဲမှာ အဆင်သင့်ရှိနေတဲ့ Teeလေးကို အကွေးရဲ့ ခေါင်းကနေ လည်ပင်းပေါက်တိုးဝင်စေပြီး လက်ကလေးတွေကို အဆင်ပြေအောင် ဝတ်ပေးနေသည်က ကလေးတစ်ယောက်ကို အင်္ကျီဝတ်ပေးနေသလိုပါ။ အင်္ကျီဝတ်ပေးပြီးနောက်မှာ ဖိနပ်စင်မှာရှိတဲ့ တစ်ရံတည်းသော Heelကို ယူလာပြီး အကွေးရဲ့ ခြေထောက်ဝတ်ဆင်ပေးသည်။

"ဖြစ်ပါ့မလား ကောင်း"

"ကျွန်တော့်ကို ယုံပါ"

ကျွန်တော့်ကို ယုံပါလို့ပြောပြီး အကွေးရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အကွေးရဲ့ ဟန်ချက်ကို ထိန်းပေးသည်။ အကွေးက Heelစီးထားသော်လည်း ကောင်းက အခန်းထဲမှာမို့ ဖိနပ်မပါပဲရှိသည်။

ဟန်ချက်က ထိန်းရ မလွယ်သည်မို့ Heelရှေ့ပိုင်းသည် ကောင်းရဲ့ ခြေချောင်းလေးတွေကို နင်းမိသည်က အခါခါဖြစ်သည်။ ဒါကို အကွေးက သတိထားမိပုံမရပါ။ ကောင်းမျက်နှာကို ကြည့်ပြီး ကောင်းရဲ့ခါးကို ဖက်ကာ အရှေ့အနောက်ကို လျှောက်နေရသည်မို့ ကောင်းရဲ့ ခြေဖျားလေးတွေကို နင်းမိတာတော့ သိပေမယ့်လည်း ဒီလောက် ဖြစ်နေမှန်း သူမ မသိခဲ့ပါ။

"ကောင်းရယ် ဖြစ်ပါ့မလားဟင်"

ကလေးတွေကို ကျောင်းပို့ပြီး အိမ်ကိုပြန်ရောက်လာတော့ ဘောလုံးကန်ဖိနပ်ကို မစီးခင် ခြေအိတ်ဝတ်ဖို့ပြင်နေတဲ့ ကောင်းရဲ့ ဒဏ်ရာတွေကို သူမ မြင်လိုက်ရသည်။ မနေ့ညထဲက ဆေးလိမ်းပေးထားပေမယ့်လည်း ဒဏ်ရာတွေက မခြောက်ပဲဖြစ်နေသည်။

"အကွေးတောင် Heelနဲ့ အဆင်ပြေနေပြီပဲ"

အကွေးရဲ့ ခြေထောက်မှာ နေရာယူထားတဲ့၊ ကောင်းရဲ့ ခြေထောက်ကို ဒဏ်ရာတွေပေးထားတဲ့ Heelကို ကောင်းက သဘောတကျနဲ့ပင်ပြုံးလို့ကြည့်ပြီး ဆို၏။

"ဒီနေ့ မသွားပါနဲ့လားဟင်"

သူမကကြမ်းခင်းမှာ ထိုင်ရင်း မွေ့ရာပေါ်မှာ ခြေတင်ထားတဲ့ ကောင်းရဲ့ ခြေချောင်းလေးတွေကို ပါးစပ်လေးနဲ့ တဖူးဖူး အသံထွက်အောင် လေမှုတ်ပေးရင်း ပြောသည်။

"ဘယ်ဖြစ်မလဲ အကွေးရ။
စိတ်မပူပါနဲ့ အကွေးရ။ ကျွန်တော် အဆင်ပြေမှာပါ"

"ခြေအိတ်တောင် ဝတ်လို့မရတာကို ကောင်းရာ"

ခြေချောင်း ထိပ်လေးတွေမှာ အရေပြားလေးတွေလန်နေပြီး သွေးစလေးတစ်ချို့ကိုပါ မြင်နေရသည်။ မနေ့ တစ်နေ့ထဲနှင့် အကွေးက ဒေါက်ဖိနပ်ကို ကျွမ်းကျင်စွာ စီးတတ်သွားပြီး ကောင်းက လမ်းလျှောက်လို့မရအောင်ဖြစ်သွားရသည်။

"ရပါတယ် အကွေးရ"

ခြေအိတ်ကို ကောက်ဝတ်လိုက်ပြီး ချက်ချင်းမှာပဲ ဖိနပ်ကိုပါ တစ်ပါးတည်းဝတ်ဆင်လိုက်ရသည်။ မဟုတ်ရင် ခြေအိတ်မှာကပ်နေတဲ့ သွေးတွေ မြင်လိုက်ရင် အကွေး ဝမ်းနည်းသွားလိမ့်မည်။ ဖိနပ်ဝတ်ဆင်လို့ ပြီးတော့ မွေ့ရာပေါ်ကနေ ထလိုက်ပြီး....
"ကျွန်တော် သွားတော့မယ်နော် အကွေး။"

"ငါလည်း လိုက်မှာ"

"ဗျာ.."

"အင်း.."

သို့နှင့် ကလေးတွေကို ကြိုဖို့ တာဝန်ကို မန်မီ့ဆီမှာ အပ်ခဲ့လိုက်ရင်း အကွေးက ကောင်းတို့နဲ့အတူ လိုက်သွားလေသည်။

ကောင်းတို့အသင်းနဲ့ မာဆေးတို့ ကန်တဲ့ ပထမပွဲကလွဲပြီး ကျန်တဲ့ပွဲတွေကို အကွေးမလိုက်တာကြောင့် ဒီတစ်ကြိမ်ပွဲက အကွေးအတွက် ဒုတိယအကြိမ်လိုက်ပြီး အားပေးခြင်းသာဖြစ်သည်။

အားပေးတယ်လို့ ဆိုသော်ငြားလည်း တကယ်တမ်းမှာ ကောင်း ကိုစိတ်ပူလို့လိုက်လာခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ပြီးသည်အထိ ကောင်းက ဘောလုံးကို တစ်ချက်မှ မထိရသေးသည်ကို ပရိတ်သတ်တွေဘက်က တော်တော်လေး စိတ်တိုနေကြပြီဖြစ်သည်။

သူတို့တွေသိတာက ပွဲတိုင်းမှာ အဖွင့်ဂိုးသွင်းတတ်တဲ့ တိုက်စစ်မှူး "Kaung". ဒီနေ့ကောင်းက ဒဏ်ရာရနေသည်ကို ပရိတ်သတ်တွေမသိကြသေး။ ဒဏ်ရာက ဘယ်လိုရလာလဲဆိုတာကိုလည်း သူတို့မသိကြ။ သူတို့သိတာက ဂိုးပေါက် ခြိမ်းခြောက်သူ "Kaung" ပင်။

"ဖြစ်ပါ့မလား အောင်ရယ်။ ကောင်းကိုကြည့်ရတာ အရမ်းနာနေသလိုပဲ"

ကွင်းထဲမှာ ဖြည်းဖြည်း လမ်းလျှောက်ပြီး သွားနေတဲ့ ကောင်းကို ကြည့်ပြီး အကွေးစိတ်ပူလာသည်။ ထိုအချိန်မှာပဲ ဘောလုံးက ကွင်းလယ် ညာတောင်ပံဆီမှာ လျှောက်နေတဲ့ ကောင်းရဲ့ ရှေ့ကို ရောက်လာသည်။

ဘောလုံး ရောက်လာပြီး သိပ်မကြာဘူး တစ်ဖက်အသင်းက သူကပါ အချိန်ပြင်းပြင်းနဲ့ ပြေးလာပြီး ဘောလုံးကို လုသည်မို့ ကြည့်နေရင်းနှင့် အကွေးမျက်လုံးတွေ ပြာဝေသွားရသည်။

"ကောင်း...."

ရင်ဘက်ချင်း တိုက်မိသွားသည်ကြောင့် ကောင်းရဲ့ ခန္ဓာကိုယ်က အပေါ်သို့မြှောက်တတ်သွားလေသည်။ မြေပြင်ပေါ်ပြန်ကျလာတဲ့ အချိန်မှာ ခြေကို ထောက်ကန်ဖို့ကလည်း ကောင်းအတွက် နာကျင်နေသည်မို့ မြေပြင်ပေါ်ပြန်ကျလာတဲ့ အချိန်က ပုံမှန်ထက်ပိုပြီး ပြင်းသည်။

ပရိတ်သတ်ရှေ့ဆုံးတန်းကနေပြေးလာတဲ့ သူမလေးကို ကန်တဲ့ကွင်းပေါက်မှာ စောင့်နေတဲ့ လုံခြုံရေးတွေ သတိထားမိလိုက်တဲ့ အချိန်မှာ သူမလေးက ကွင်းထဲကိုရောက်သွားပြီဖြစ်သည်။

ချက်ချင်းပဲ ကောင်းလဲကျနေတဲ့ ကွင်းလယ်ကို ပြေးလာလိုက်ပြီး မြေပြင်ပေါ်လဲကျနေတဲ့ ကောင်းရဲ့ ဦးခေါင်းကို အကွေးပေါင်ပေါ်တင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ ထိုအချိန်မှာ "ပီပီ" မှုတ်သံတွေနှင့်အတူ လူအများရဲ့ အော်သံတွေကြောင့် သူမ ကြောင်သွားရသည်။

"အကွေး။ ကျွန်တော်ရှိတယ်"

မောဟိုက်နေသည့်ကြားမှ ကောင်းမြတ်သောသည် သူမလေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပြောသည်။

"အဆင်ပြေရဲ့လား ကောင်း။
အရမ်းနာနေလားဟင်။ ဟင်လို့..."

အသက်ရှူရခက်နေသော်လည်း ကောင်းက မျက်ရည်တွေကျနေပြီဖြစ်တဲ့ အကွေးကို ခပ်ယဲ့ယဲ့လေးပြုံးပြပြီး ခေါင်းယမ်းပြသည်။

အင်္ဂလန်သင်းနှင့် ဘောလုံးကန်နေချိန် ဒုတိယပိုင်းမှာ ဘောလုံးကွင်းထဲကို ဝင်ရောက်လာတဲ့ အမျိုးသမီးသေးသေးလေးသည် နာမည်ကျော် တိုက်စစ်မှူး ကောင်းရဲ့ မဟေသီဆိုတာကို ထိုအချိန်မှစ၍ ကမ္ဘာအနှံ့က ဘောလုံးပရိတ်သတ်တွေ သိသွားကြသည်။

________________________

Zawgyi.....

"အင္ဒူလင္...."

စကတ္အဝဲေလးႏွင့္ ေက်ာျပင္အထက္က ဆံႏြယ္တို႔သည္ ေလထဲတြင္ဝဲျဖာေနေလသည္။

"Do you miss me?"

ကားေပၚက ဆင္းလာၿပီးခ်က္ခ်င္းမွာပဲ ဂ်င္းေဘာင္းဘီအရွည္ႏွင့္ အေရာင္စုံပါဝင္သည့္ အက်ႌေသးေသးေလးသည္ အင္ဒူလင့္အလွကို ပိုၿပီးေပၚလြင္ေစသည္။ ျပသနာေတြျဖစ္ခဲ့တာ တစ္လနီးပါးေလာက္အၾကာမွာ အင္ဒူလင္က မန္ေနဂ်ာႏွင့္တရားဝင္ကြာရွင္းခြင္ရခဲ့သည္။

LGBTအသိုင္းဝိုင္းကို ေစာ္ကားတယ္ဆိုၿပီး မန္ေနဂ်ာအတြက္ လူ႔ေဘာင္အသိုင္းအဝိုင္းမွာ အေျခခ်စရာေျမက မရွိသေလာက္ျဖစ္သြားသည္။ မိန္းမတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ၿပီးမွ ေယာက်ာ္းေပါင္းစုံႏွင့္ေဖာက္ျပန္ေနတဲ့ မန္ေနဂ်ာ့လိုလူမ်ိဳးကို LGBTအသိုင္းအဝိုင္းက ရွက္ဖြယ္အျဖစ္သတ္မွတ္လိုက္ၾကသည္။

ထိုကိစၥေၾကာင့္ပဲ မန္ေနဂ်ာအလုပ္ကေနလည္း ႏႈတ္ထြက္သြားရသလို၊ ကြာရွင္းခြင့္ကို တရား႐ုံးမွာ ေလွ်ာက္ထားခဲ့တဲ့ အင္ဒူလင့္အတြက္လည္း တရားဝင္ကြာရွင္းျပတ္ဆဲခြင့္ရခဲ့ေလသည္။

"Really miss you."

"Let's go , baby.
I'm calling you now."
(ဒါဆို ငါတို႔သြားရေအာင္။ ငါမင္းကို လာေခၚတာ။)

"Okay..."

ေလွကားေပၚမွာ ရပ္ၿပီးၾကည့္ေနတဲ့ ေကာင္းတို႔ သားအဖေတြကို လက္ျပၿပီးေနာက္ အေကြးက အင္ဒူလင့္ကားေပၚပါသြားသည္။

ၿပိဳင္ကားကို စမတ္က်က်ေမာင္းေနတဲ့ အင္ဒူလင္ရဲ႕ ေဘးတိုက္အလွတရားကို ၾကည့္ၿပီး အေကြးမွာ ရင္နာလို႔ မဆုံးႏိုင္ျဖစ္ေနရသည္။ ဒီေလာက္လွၿပီး၊ ဒီေလာက္ထိ သေဘာေကာင္းတဲ့ အင္ဒူလင့္လို လူကို ပစ္ပယ္ၿပီး ရႈပ္ေပြခဲ့တဲ့ မန္ေနဂ်ာ့ကို အေကြးေတာ္ေတာ္ေလးစိတ္ပ်က္သည္။

"So beauty am I ,baby?"
(ငါလွလို႔ ၾကည့္ေနတာလား baby)

"Yess, so so beautiful. The one the most beautiful girl in the world."
(အရမ္း အရမ္းကို လွတယ္။ ကမာၻ႔အလွဆုံးေတြထဲက တစ္ေယာက္ပဲ)

"You too , my baby."
(မင္းေရာပဲ)

"Really?"
(တကယ္လား)

"Yes, really. You are so beautiful and cute."
(တကယ္ေျပာတာ။ မင္းက လွၿပီး ခ်စ္စရာေကာင္းတယ္)

အင္ဒူလင့္ အေျဖေၾကာင့္ အေကြးမွာ သြားေစ့လို႔မရေအာင္အထိကို မထိန္းႏိုင္မသိမ္းႏိုင္ေပ်ာ္ေနမိသည္။ သူမကို လွတယ္လို႔ေျပာရင္ လျခမ္းေကြးေလးဟာ အရမ္းေပ်ာ္႐ႊင္ေနတတ္သည္။

Mallတစ္ခုရဲ႕ parkingမွာ ကားထိုးခဲ့လိုက္ၿပီး အင္ဒူလင္က အေကြးလက္ကိုဆြဲၿပီး ထိုMallထဲသို႔ေခၚသြားသည္။သူမတို႔ႏွစ္ေယာက္ရဲ႕ထုံးစံအတိုင္း လိုတာသေဘာက်ရာ မွန္သမွ်အကုန္ဝယ္ၿပီးသည့္ ေနာက္မွာေတာ့ အင္ဒူလင္က အေကြးကိုေနာက္ထပ္ တစ္ေနရာေခၚသြားသည္။

ျမန္မာ့အေခၚ ဆံပင္ညႇပ္ဆိုင္သည္ ဒီMallထဲမွာရွိသည္မို႔လား၊ အရမ္းေတာ္တာေၾကာင့္လား ေတာ့မသိပါ အေကြးရဲ႕ ဆံပင္ကို ဂုတ္ထိလုနီးနီးေလးျဖစ္ေအာင္ ညႇပ္ေပးၿပီး ေခါင္းေလွ်ာ္ေပးတာတင္ကို ျမန္မာေငြ၆သိန္းနီးနီး ရွင္းခဲ့ရသည္။

"I'm going home. There is nothing to do here either. Call me if you remember."
(ငါ အိမ္ကိုျပန္ေတာ့မယ္။ ဒီမွာလည္း လုပ္စရာမရွိေတာ့ဘူးေလ။ မင္းသတိရရင္ ငါ့ကိုဖုန္းဆက္ေနာ္)

ဆံပင္အတိုေလးကို ကားထဲက ေနာက္ၾကည့္မွန္မွတဆင့္ၾကည့္ၿပီး သေဘာက်ေနခိုက္မွာ အင္ဒူလင့္ရဲ႕စကားေၾကာင့္ အေကြးငိုင္သြားရသည္။

"Will you stay with us?"
(ငါတို႔ႏွင့္ မေနေတာ့ဘူးလား)

"No. I have to go home.
I have to start my life from scratch and innovate."
(ဟင့္အင္း။ ငါအိမ္ျပန္ရမယ္ေလ။ငါ့ဘဝကို အစကေနျပန္ၿပီး ဆန္းသစ္လာေအာင္ဖန္တီးရဦးမယ္)

"Will you see me again?"
(ငါ့ကို လာေတြ႕ဦးမွာလား)

"Sure, You are my baby."
(ေသခ်ာတာေပါ့။ မင္းက ငါ့ကေလးေလးပဲကို)

"Don't forget to me."
(ငါ့ကိုေမ့မသြားရဘူးေနာ္)

"Don't worry baby, you try your fashion.
You know, your fashion design is representing to me. So don't disgrace me.Are you underdstand?"
(စိတ္မပူပါနဲ႔ ငါမင္းကို ေမ့သြားမွာမဟုတ္ပါဘူး။ မင္းရဲ႕ fashionအေပၚမွာ အၿမဲတမ္းႀကိဳးစားျပင္ဆင္ေနရမယ္ေနာ္။ မင္းရဲ႕ Fashionပုံစံေတြက ငါ့ကို ကိုယ္စားျပဳတယ္။ ဒါေၾကာင့္ ငါ့ကို သိကၡာမခ်ပါနဲ႔။ နားလည္လား Baby)

"Yes, I try."
(အင္း။)

"Don't cry more."
(ထပ္ၿပီး မငိုနဲ႔ေတာ့။)

အိမ္ေရွ႕ေရာက္ေနၿပီမို႔ အင္ဒူလင္က အသံတင္းတင္းႏွင့္ေျပာသည္။ ထိုေၾကာင့္ အေကြးလည္း မ်က္ရည္တို႔ကို သုတ္လိုက္ၿပီး အင္ဒူလင့္ကိုၿပဳံးျပလိုက္ကာ ကားေပၚကေန ဆင္းလာခဲ့လိုက္သည္။

"Good bye, အင္ဒူလင္"

"Bye baby."

ကားျပတင္းကေနတဆင့္ အေကြးကို လက္ျပႏႈတ္ဆတ္ၿပီး အင္ဒူလင္က ခ်က္ခ်င္းပဲ ကားကို အရွိန္ျပင္းျပင္းႏွင့္ ေမာင္းထြက္သြားေလသည္။ထိုကားေနာက္ကို အေကြး လိုက္လို႔ေငးၾကည့္ေနမိသည္။ ဒီတစ္ခါ အင္ဒူလင္ႏွင့္ပါဆိုရင္ သူမဘဝမွာ ခြဲခဲ့ရတဲ့သူေတြမနည္းေတာ့။ ေနာင္တစ္ခ်ိန္ျပန္ေတြ႕ရင္ သူမတို႔ဆက္ဆံေရးေတြက မေျပာင္းမလဲပဲရွိေနႏိုင္ပါဦးမလားဆိုကို ေတြးမိေတာ့ အေကြး ျပန္ၿပီးမ်က္ရည္က်ခ်င္လာသည္။

သို႔ေသာ္လည္း အင္ဒူလင္မ်က္ရည္က်ေနတာထက္၊ လွလွေလးေနတာကို ပိုၿပီး သေဘာက်မည္မို႔ Mallမွာ လိမ္းျခယ္လာတဲ့ မိတ္ကပ္ေတြအေပၚကို ေနာက္ထပ္ထပ္ၿပီး မ်က္ရည္က်ခြင့္မေပးေတာ့။ လက္ႏွစ္ဖက္လုံးမွာ အထုတ္ေတြနဲ႔ ျပည့္ေနေပမယ့္လည္း အထုတ္ေတြကိုကိုင္ထားလ်က္ကပင္ ထိုလက္ႏွစ္ဖက္ကို ဆန္႔တန္းလိုက္ၿပီး သူမရင္ထဲမွာ မြန္းၾကပ္ေနသမွ်ကို ေအာ္ထုတ္လိုက္သည္။

"အားးးး....."

"အေကြး"

ေအာ္သံေၾကာင့္ အျပင္ကိုထြက္လာတဲ့ ေကာင္းသည္ ျမင္လိုက္ရတဲ့ ဆံပင္ဂုတ္ထိလုဆဲဆဲေလးႏွင့္ အက်ႌအနက္ေရာင္ Sweaterလက္ရွည္ကို ခါးအထက္ကေနေဘးသို႔ ထုံးထားတဲ့ အေကြးေလးရဲ႕ အေပၚပိုင္းအလွတရားတို႔ကို မယုံႏိုင္စြာပင္ၾကည့္ေနမိသည္။

အိမ္ကေန လိုက္သြားတုန္းက ပါမသြားခဲ့ေသာ မိတ္ကပ္တို႔သည္ အခုအေဝးကေနၾကည့္ေနတာေတာင္မွ ပန္းေရာင္ေတာက္ပေနသည္မို႔ အင္ဒူလင့္ကို ေက်းဇူးတင္မိသည္။ အင္ဒူလင္သည္ အေကြးရဲ႕အလွတရားကို ေဖာ္ထုတ္ေပးသူျဖစ္၏။

"အင္ဒူလင္က အိမ္ျပန္ေတာ့မွာတဲ့ ေကာင္း။"

Boot အနက္ေရာင္ေလးကို စီးထားတဲ့ ေျခေထာက္ေလးသည္ ပုံမွန္ထက္ အနည္းငယ္ ေႏွးတဲ့ ေျခလွမ္းေတြနဲ႔ ေကာင္းဆီကို လာေနသည္။ Leatherစကတ္အတို အနက္ေရာင္ေလးသည္ သူမေလးရဲ႕ ေျခလွမ္းေတြကို ေႏွးေကြးသြားေအာင္ ေဆာင္က်ဥ္းထားသည္က သူမရဲ႕ ခႏၶာကိုယ္က လွပေၾကာင္းကို သက္ေသျပထားသလိုပင္။

အင္ဒူလင့္လို ဆြဲမက္စရာအလွေတာ့မဟုတ္ေပမယ့္လည္း အေကြးရဲ႕ခႏၶာကိုယ္က သူ႔ေနရာႏွင့္သူမွာ ရွိသင့္သည့္အေနအထားႏွင့္ ရွိမေနသည့္တိုင္ သူမက ဘိုမ႐ုပ္ေလးလိုလို၊ ကေလးေလး လိုလိုနဲ႔ ျဖဴျဖဴေဖြးေဖြး ေသးေသးေလးႏွင့္ ေတာ္ေတာ္ေလး ခ်စ္စရာေကာင္းသည္။

"အေကြး လွေနတာပဲ"

"အင္း ပိုက္ဆံလည္းေတာ္ေတာ္ကုန္ခဲ့တယ္။ ဒါနဲ႔ ငါ ဆံပင္ညႇပ္ထားတာ ပိုလွသြားတယ္ေနာ္"

"ကေလးေလးနဲ႔ တူတယ္"

သူမေလးရဲ႕ ဆံႏြယ္ေလးေတြကို ကိုင္ၾကည့္ရင္း ေကာင္းမွာ ႐ႊင္ျမဴးေနရေလသည္။

"ငါ ေကာင္းကို ေမးစရာရွိတယ္။
Gayဆိုတာကို ေကာင္း ဘယ္လိုလက္ခံလဲဟင္"

သူမလက္ထဲက အထုတ္ေတြကို လက္လႊဲယူလိုက္ရင္း....
"အထဲေရာက္မွ ေျပာရေအာင္ေလ။
အျပင္မွာက ေနပူတယ္ အေကြးရ"

"အင္း..."

အိမ္ထဲကိုေရာက္ေတာ့ ခ်က္ခ်င္းပဲ အခန္းထဲကို ဝင္သြားလိုက္ၿပီး သူမေလးရဲ႕ အထုတ္ေတြကို ကုတင္ေပၚမွာ အေသအခ်ာေလး ခ်ေပးလိုက္သည္။

"ကြၽန္ေတာ္ကေတာ့ ဒီတိုင္း  လူလို႔ပဲျမင္ပါတယ္။
သူတို႔လည္း သူတို႔ခံယူခ်က္ႏွင့္သူတို႔ပဲေလ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ့္ခံယူခ်က္ႏွင့္ ကြၽန္ေတာ္ပဲ။ အဝတ္မလဲေသးႏွင့္ဦး အေကြး။ ေရအရင္ေသာက္ရမယ္ေလ။"

အဝတ္လဲဖို႔ ျပင္ေနတဲ့ လျခမ္းေကြးကို ေကာင္းျမတ္ေသာ လွမ္းတားလိုက္ေတာ့ သူမက အဝတ္မလဲေသးပဲ ေကာင္းဆီသို႔ ေလွ်ာက္လာသည္။

"ဖိနပ္ေတာ့ ခြၽတ္လို႔ရတယ္မလားဟင္"

ေကာင္းကမ္းေပးတဲ့ ေရခြက္ကို လွမ္းမယူေသးပဲႏွင့္ Bootကို ဇစ္ျဖဳတ္ဖို႔ သူမႀကိဳးစားသည္။

"အေကြးက ေရေသာက္လိုက္။ ကြၽန္ေတာ္ ဖိနပ္ခြၽတ္ေပးမယ္"

"အင္း..."

သူမေလး ေရေသာက္လို႔ အၿပီးမွာပဲ သူမေလးရဲ႕ ေျခေထာက္ေလးေတြဟာ က်ဥ္းက်ပ္မႈေတြဆီကေန လြတ္ေျမာက္သြားၿပီျဖစ္၏။

"ေကာင္းသိလား။ ကမာၻေပၚက အလွဆုံး စကားလုံးကို"

"အေကြးသိတယ္ဆို ေျပာျပေလ"

"Mother ဆိုတဲ့ spellingက ကမာၻမွာ အလွဆုံးပဲတဲ့ ေကာင္းရဲ႕။ ငါအခုထိ စဥ္းစားလို႔မရတာကေလ။ အင္ဒူလင့္ကိစၥမွာ ဘာလို႔ အမ်ိဳးသမီးေတြကၿငိမ္ေနၾကၿပီး LGBTအသိုင္းအဝိုင္းက ေရွ႕ထြက္ေပးခဲ့လဲဆိုတာကိုပဲ"

"စကားဆိုတာ တဖက္လူနားလည္ေအာင္ ေျပာျပဖို႔ျဖစ္ေပၚလာတာေလ အေကြးရ။ အဆက္ဆက္ကို ခ်ိတ္ဆက္ႏိုင္ေအာင္ ေျပာျပမွ တစ္ဖက္လူက နားလည္မွာေပါ့။ အခုအေကြးရဲ႕ စကားေတြက အဆက္ဆက္မရွိဘူး ျဖစ္ေနတယ္"

ေကာင္း တကယ္ပဲ သူမေလးရဲ႕ဆိုလိုရင္းကို နားမလည္တာမို႔ သူမေလးရဲ႕ လက္ကေလးကို ခပ္ဖြဖြဆုပ္ကိုင္ရင္း ေျပာမိသည္။ သူမေလးရဲ႕မ်က္လုံးေတြက ၿငိမ္သက္ၿပီးဝိုင္းစက္ေနၿပီမို႔ သူမရဲ႕အေတြးေတြက ကမာၻသစ္တစ္ခုဆီကို ေရာက္ႏွင့္ေနၿပီဆိုတာကို ေကာင္းရိပ္မိေပမယ့္လည္း သူမေလးေရာက္ေနတဲ့ ကမာၻသစ္ကို ေကာင္းမွာ ေတြးဆလို႔မရႏိုင္ေအာင္ျဖစ္ရသည္။

"ငါေျပာခ်င္တာက ေကာင္းရာ။ ေဆာင္းကိစၥတုန္းကလည္း FBမွာ မ်ိဳးစုံေတြေျပာၾကတာက မိန္းကေလးေတြအမ်ားစုပဲ။ မလိုက္ဖက္ဘူး၊ နမ္းေနတဲ့ပုံႀကီး၊ ေဆာင္းကို ေဆးသမား ကိုကိုနဲ႔မတန္ဘူး ဘာညာႏွင့္အစုံပဲ။ အခု အင္ဒူလင့္ကိစၥရဲ႕ ပထမပိုင္းမွာ ေျပၾကဆိုၾကတဲ့ သူ အမ်ားစုက မိန္းကေလးေတြမ်ားတယ္။

တကယ့္လက္ေတြ႕မွာ postတင္ရျခင္းရဲ႕ ရည္႐ြယ္ခ်က္ျဖစ္တဲ့ ကြာရွင္းခြင့္ကို သူတို႔မျမင္ႏိုင္ၾကဘူး။ သူတို႔က ပုံကိုျမင္႐ုံ ၊ Captionကို ျမင္႐ုံနဲ႔တင္ ဆဲၾကတာ။ ေနာက္ပိုင္း ျပသနာရဲ႕အေၾကာင္းစုံကိုသိေတာ့ ၿငိမ္သြားၾကတယ္။ တကယ္လို႔ LGBTအသိုင္းအဝိုင္းကသာ မန္ေနဂ်ာ့ရဲ႕ အက်င့္စ႐ိုက္က သူတို႔အသိုင္းအဝိုင္းရဲ႕ ရွက္ဖြယ္ကိစၥလို႔မသတ္မွတ္လိုက္ရင္ အင္ဒူလင့္ ကိစၥက ဒီေလာက္ျမန္ျမန္နဲ႔ၿပီးသြားမွာ မဟုတ္ဘူး ေကာင္း။ "

"မိန္းမေတြ မေကာင္းဘူးလို႔ အေကြးေျပာခ်င္တာလား"

ေကာင္းရဲ႕ ႏႈတ္ခမ္းမွာ ၿပဳံးရိပ္အနည္းငယ္သန္းမိၿပီး သူမေလးရဲ႕ မ်က္ႏွာကို ၾကည့္ကာ ေမးမိေတာ့ သူမေလးက မ်က္ခုံးတန္းေလး တြန္႔ခ်ိဳးၿပီး ေခါင္းရမ္းျပသည္။

"မဟုတ္ဘူး ေကာင္း။ ငါေျပာခ်င္တာက မိန္းကေလးေတြက ဘာလို႔ Gay Coupleေတြကို ကာကြယ္ခံလူတန္စားလို႔ သတ္မွတ္လိုက္ရတာလဲဆိုတာပဲ။ ကိုယ့္ အမ်ိဳးသမီးအခ်င္းခ်င္းထက္ သူတို႔က Gay Coupleေတြကို ပိုၿပီး ေထာက္ခံၾကတာဘာလို႔လဲဟင္။ တကယ္ပဲ LGBTအသိုင္းအဝိုင္းက အဲ့သေလာက္အားနည္းၾကလို႔လား။"

"အစပိုင္းမွာ Gayဆိုတဲ့အသုံးကို လူေတာ္ေတာ္မ်ားက ႏွိမ္ခ်င္ခဲ့တယ္ေလ အေကြးရ။ အဲ့တာေၾကာင့္ပါ။ မိန္းကေလးေတြက အထူးသျဖင့္ အေကြးေပါ့  သူတစ္ပါးအေပၚမွာ စာနာေဖးမတတ္ၾကတာေလ။သူတို႔က Motherဆိုတဲ့ အေကြးေျပာတဲ့ အလွပဆုံးစကားလုံးနဲ႔ တကယ္ပဲ ထိုက္တန္ပါတယ္။"

"ဒါေပမယ့္လည္း ကိုယ့္ကိုယ္တိုင္ ေမ့ေလာက္ေအာင္အထိေတာ့ မစာနာေပးႏိုင္ပါဘူး။ Mother လည္း ငါ့အေမဆို ေတာ္ေတာ္ၾကမ္းတယ္ "

"ေဟာဗ်ာ..."

သူမက ႏႈတ္ခမ္းေလး ေရွ႕ကို ေထာ္ၿပီးႏွာေခါင္းလုံးလုံးေလးကို အထက္သို႔ တတ္ေစတဲ့ အေကြးရဲ႕ မ်က္ႏွာေလးကို ေကာင္းဘယ္လိုမွ မထိန္းႏိုင္ေတာ့ပဲ နမ္းလိုက္မိသည္။

ပန္႔ေဖ်ာ့ ေရာင္ႏႈတ္ခမ္းနီေလးက ခ်ိဳသည္လား၊ သူမကပဲ အခ်ိဳေတြစားလာျပန္သည္လားေတာ့ မေျပာတတ္ နမ္းရတာ ေတာ္ေတာ္ေလး ခ်ိဳခ်ိဳၿမိန္ၿမိန္ရွိေနသည္မို႔ ႏႈတ္ခမ္းေသးေသးေလးရဲ႕ အထက္ႏွင့္ေအာက္ကို တစ္လွည့္စီ စုပ္ယူနမ္းရႈိက္ရင္း သူမေလးရဲ႕ ႏႈတ္ခမ္းဆိုးေဆးေလးေတြကို ၿမိဳခ်ရင္း၊ နမ္းရင္းကေန....

"ေကာင္း..."

ကေလးႏွစ္ေယာက္ကို ခ်ီထားသည္မို႔ ေလာ့ခ္မခ်ထားတဲ့ အခန္းတံခါးကို ေျချဖင့္ ကန္ဖြင့္ရင္း ဝင္လာတဲ့ ေအာင္သည္ တံခါးပြင့္ၿပီး ခ်က္ခ်င္းမွာပဲ မ်က္လုံးမွိတ္လိုက္ရသည္။

"Mommy..."

ေရာင္ျခည္ႏွင့္ ေရာင္ဝါက မ်က္လုံးမမွိတ္ပဲရွိသည္မို႔ အေကြး ခ်က္ခ်င္းပဲ ေကာင္းကို တြန္းထုတ္လိုက္ရသည္။

"အင္း"

"အဟြန္း..."

အေကြးက "အင္း"ဆိုၿပီး ေကာင္းက ေခ်ာင္းဟန္႔ေနၿပီမို႔ ေအာင္မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အေစာကေလးတင္ လုံးေထြးေနခဲ့ေသာ လင္မယားသည္ ဆိုဖာရဲ႕ အစြန္းတစ္ဖက္ဆီမွာ ေရာက္ေနသည္မို႔ အနည္းငယ္ၿပဳံးမိသြားရသည္။

"ေအာင္ရယ္ တံခါးကို အရင္ေခါက္ပါ"
ထုံးစံအတိုင္း တံခါးမေခါက္ပဲ အခန္းတံခါးဖြင့္လာတဲ့ ေအာင့္ကို အက်ႌဇစ္တပ္ေနရင္းမွ အေကြးေျပာမိသည္။

သားႏွင့္သမီးကို ပထမဆုံးအႀကိမ္ ေက်ာင္းလိုက္ပို႔ရမည္မို႔ မနက္အေစာထဲက ျပင္ဆင္ေနရတာက အခုဆို ေက်ာင္းပို႔ရမည့္အခ်ိန္ထိ သူမမွာ အဝတ္အစားေ႐ြးလို႔မၿပီးႏိုင္  ရွိသည္။

"ကြၽန္ေတာ္ ကူညီရမလား အေကြး"

ကမာၻတစ္လႊား ေအာင္ျမင္လွေသာ ေရွ႕တန္းတိုက္စစ္မႈး ေကာင္းျမတ္ေသာသည္ အေျပာထက္ အလုပ္က ေရွ႕ေရာက္လို႔ေနၿပီး အေကြးရဲ႕ ေနာက္ေက်ာ ဇစ္ကို တြယ္ခ်ိတ္ေပးေလသည္။

"ဒါေလးပဲ ေကာင္းတယ္မလားဟင္"

"အင္း။ လွပါတယ္ အေကြးရ"

ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ ေကာင္းက နည္းနည္းေလးေတာင္းေျပာင္းလဲသြားျခင္းမရွိပါ။ အေကြးက လွလားလို႔ေမးတိုင္းမွာ လွပါတယ္အေကြးရ၊ လွလိုက္ဗ်ာ စသည္ျဖင့္ ခ်ီးမႊန္းေနဆဲပင္။

"ဖိနပ္က အပါးပဲစီးရဦးမယ္။
ငါ တကယ္ပဲ ျပင္းျပင္းထန္ထန္ေလ့က်င့္မွ ရမယ္ ေကာင္း၊ အင္ဒူလင္က ေတြ႕တိုင္းငါ့ကို ေျပာေနတာ။ Heelမစီးတတ္ရင္ fashionဘယ္ေလာက္ပဲ အဆင္ေျပပါေစ အဆင္မေျပဘူးတဲ့"

"ကြၽန္ေတာ္ ကူညီမယ္ေလ"

"ေကာင္းက အခုပတ္ အဂၤလန္နဲ႔ ကန္ရဦးမွာ မဟုတ္လား။"

"ဒီေန႔ အခ်ိန္ရတယ္ေလ အေကြးရ"

"အင္း..."

မွန္ေရွ႕မွာ တစ္ေယာက္ႏွင့္တစ္ေယာက္ ဖက္တြယ္ရင္း စကားေတြေျပာလို႔မဆုံးတဲ့ လင္မယားကို ေအာင္ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီး...
"ေနာက္က်ေနမယ္" ဟု သတိေပးလိုက္ရသည္။

"လာၿပီ။ လာၿပီ"

ေက်ာင္းဝတ္စုံေလးေတြႏွင့္ အဆင္သင့္ျဖစ္ေနတဲ့ သားနဲ႔သမီး လက္ကိုဆြဲၿပီး အေကြးက အခန္းထဲမွထြက္လာခဲ့လိုက္သည္။

မနက္အေစာဆို မီးဖိုေခ်ာင္မွာ အလုပ္ရႈပ္ေနတတ္တဲ့ မန္မီက ဒီေန႔မွာေတာ့ အိမ္တံခါးကေန အေကြးတို႔သားအမိကို ေစာင့္ေနသည္မို႔...
"သြားလိုက္ပါဦးမယ္ ရွင္"

ျမန္မာလိုပဲ ေျပာၿပီး ခါးကိုင္းႏႈတ္ဆတ္လိုက္ေတာ့ မန္မီကၿပဳံးသည္။ အေကြးေျပာတာကို နားမလည္ေသာ္လည္း ေနတာၾကာလာေတာ့ အေကြးရဲ႕အျပဳအမူေတြကို မန္မီလည္းနားလည္လာသည္ထင္ပါရဲ႕..." Good bye" ဆိုၿပီး အေကြးတို႔ကို လက္ျပၿပီး ျပန္ႏႈတ္ဆတ္၏။

မနက္ဆို မန္မီက မအားတတ္ပဲ၊ ညေနဘက္ဆိုလည္း သူ႔အိမ္သူျပန္သည္မို႔ အေကြးနဲ႔မန္မီရဲ႕စကားေျပာခ်ိန္က ေန႔လည္ပိုင္းတစ္ခ်ိန္ေလာက္သာ ရွိေသာ္လည္း အေကြးနဲ႔မန္မီကေတာ္ေတာ္ေလး ခင္ေနၾကၿပီ။

စီကာဒါအသင္းကေန ျပင္သစ္ကိုယ္စားျပဳအသင္းအျဖစ္သို႔ ေရာက္လာၿပီျဖစ္တဲ့ ေကာင္းတို႔အသင္းအတြက္ စားစရာျပင္ဆင္ေပးရတဲ့ မန္မီ့လစာကလည္း နည္းနည္းေနာေနာေတာ့မဟုတ္ပါ။ တစ္ကိုယ္တည္း အပ်ိဳႀကီးမို႔ မန္မီလစာထုတ္တဲ့ရက္တိုင္း အေကြးႏွင့္အတူ ေစ်းဝယ္ထြက္ၾကရင္းျဖင့္ သူမတို႔ပိုၿပီးရင္းႏွီးလာၾကသည္။

အင္ဒူလင္ႏွင့္ အေကြးကလည္း ႏွစ္လတစ္ခါ၊ သုံးေလတစ္ခါေလာက္ေတာ့ဆုံၾကပါသည္။ ေကာင္းႏွင့္ေအာင္ကလည္း ပြဲေတြရွိရင္ သြားၾကသည္မို႔ အေကြးတစ္ေယာက္ထဲရွိတဲ့အခ်ိန္ေတြဆို သူမကဗ်ာ၊ စာေတြဖတ္ရင္းႏွင့္ အခ်ိန္ကုန္သည္။ မဟုတ္ရင္လည္း သႏၲာတို႔ႏွင့္ face timeေျပာသည္။ သားႏွင့္သမီးက အနားမွာ ရွိသည္မို႔ သိပ္ၿပီးေတာ့ ပ်င္းဖို႔မေကာင္းခဲ့ပါ။

သို႔ေသာ္လည္း အခုေတာ့ သားနဲ႔သမီးကလည္း ေက်ာင္းတတ္ရေတာ့မည္။ ထို႔ေၾကာင့္ အေကြးမွာ မန္မီ့ကလြဲၿပီး အေဖာ္မရွိေတာ့သည္မို႔ ဒီမနက္ မန္မီ့ကို ႏွစ္ႏွစ္ကာကာနဲ႔ပင္ ၿပဳံးၿပီးၾကည့္ေနမိသည္။

"သြားမယ္ေလ အေကြး.."

"အင္း..."

သားႏွင့္သမီးကို ေက်ာင္းကိုပို႔သည့္ ပထမတစ္ရက္မွာ ေအာင္က ကားေမာင္းၿပီးလိုက္ပို႔ေပးသည္။

"ေကာင္း ဘြဲယူဖို႔ရက္က နီးလာၿပီထင္တယ္။ ကိုယ့္ဘက္က မင္း အခ်ိန္ဇယားေတြ ျပန္ၾကည့္ရဦးမယ္"

"ဘြဲ႕လက္မွတ္ကို စာတိုက္ကေနပို႔ေပးဖို႔ သူငယ္ခ်င္းကို အကူအညီေတာင္းထားတယ္ အကို။ ဘြဲ႕ယူမယ့္ေန႔က အဂၤလန္အသင္းနဲ႔ ကန္မယ့္ရက္ျဖစ္ေနတာ"

ႀကိဳးႀကိဳးစားစားနဲ႔ အပင္ပန္းခံစာက်က္ခဲ့သည့္ ဒီဘြဲ႕ကို အေဝးေရာက္ပဲ ယူမည္မို႔ အေကြးစိတ္မေကာင္းေသာ္လည္း ေကာင္းအၿမဲတမ္းေျပာခဲ့သလို အဆင္ေျပဖို႔အေရးႀကီးတယ္လို႔ ေတြးလိုက္သည္။

အခုေနာက္ပိုင္း ေကာင္းမွာ အခ်ိန္ေတြရွားလာတာကို အေကြးအသိဆုံးပင္။ အရင္ကလိုမ်ိဳး အေကြးအနားမွာ တစ္ခ်ိန္လုံးရွိေနတာမ်ိဳးမဟုတ္ေတာ့ပဲ ေလ့က်င့္ခ်ိန္၊ လက္ေတြ႕အခ်ိန္၊ interview ၊ ေၾကာ္ျငာ႐ိုက္စသည့္တို႔ႏွင့္ မအားလပ္ႏိုင္ရွိသည္။

ေကာင္းအတြက္ မန္ေနဂ်ာက ေအာင္ျဖစ္ေနသည္မို႔ လည္း အေကြးမွာ စိတ္ေအးရသည္။ ေအာင္မဟုတ္ပဲ တျခားမိန္းကေလးဆိုလွ်င္ အေကြးစိတ္ပူရဦးမည္။ နာမည္ႀကီးလာသည္ႏွင့္အမွ် ေကာင္းအနားကို ကပ္ခ်င္တဲ့ သူေတြက မနည္းမေနာရွိေၾကာင္းကို အင္ဒူလင့္ေျပာၾကားခ်က္အရေရာ၊ social mediaေတြမွာေရာ ျမင္ေနၾကားေန ရတာမို႔ အေကြးကို ေကာင္းထားသြားမွာကို စိုးရိမ္ရသည္။

ေကာင္းက interviewတိုင္းမွာ မိန္းမရွိပါတယ္လို႔ေျပာေသာ္ျငားလည္း တစ္ခါမွ အေကြးတို႔ကို ထုတ္မျပဖူးသည္မို႔ လူေတာ္ေတာ္မ်ားမ်ားက မယုံၾကပါ။ တကယ္တမ္းလည္း အေကြးတို႔ရွိေၾကာင္းကို စီကာဒါအသင္းဝင္ေတြကလြဲၿပီး တျခားဘယ္သူမွ မသိသည္အထိ ေကာင္းက ဖုံးကြယ္ထားႏိုင္သည္။

ဘာလို႔ ဖုံးကြယ္ထားလဲဆိုတဲ့ အေကြးရဲ႕အေမးကို ေကာင္းက အေကြးကိုမပင္ပန္းေစခ်င္လို႔ဟု ေျပာသည္မို႔ ထုံးစံအတိုင္းသူမ နားမလည္ေသာ္လည္း တျခားထပ္ၿပီးမေမးမိေတာ့။ ဘာလို႔ လဲဆို ေကာင္းမွာ အေကြးရဲ႕ေမးခြန္းေတြကို စိတ္ရွည္ရွည္ႏွင့္ ေျဖေပးဖို႔ အခ်ိန္မွမရွိေတာ့တာ။ သို႔ေသာ္လည္း ေကာင္းက အားလပ္ခ်ိန္တိုင္းမွာေတာ့ အေကြးတို႔သုံးေယာက္ကို အေသအခ်ာေလး ဂ႐ုစိုက္ေပးသည္မို႔ အေကြးေပ်ာ္ရသည္။

"အေကြး..."

"အင္း"

"ဘာေတြ ေတြးေနတာလဲဗ်ာ။ ေက်ာင္းေရွ႕ေရာက္ၿပီေလ"

ေကာင္းေျပာမွ ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္မိေတာ့ သားႏွင့္သမီးက ကားေပၚကေနဆင္းသြားၿပီျဖစ္၏။ မူလတန္းေက်ာင္းေလး ျဖစ္တာေၾကာင့္ ကေလးေသးေသးေလးေတြက ခ်စ္စရာေလးေတြ။

"ဂ႐ုစိုက္ေနာ္။ အဆင္ေျပေအာင္ ေနၾက။
အဆင္မေျပရင္လည္း Daddyကိုေျပာ။ Daddyက အဆင္ေျပေအာင္လုပ္ေပးမယ္"

"Yes"

"ဟုတ္ကဲ့ Daddy"

"အျပန္ Mommyလာႀကိဳေပးမယ္ေနာ္။"

"Thank you, Mommy"

ေရာင္ျခည္ကမွ Thank youေျပာေသးသည္။ ေရာင္ဝါက ဘာမွမေျပာေတာ့ပဲ ေက်ာင္းထဲကို ေျပးဝင္သြားေလသည္။ထို႔ေၾကာင့္ အေကြးက...
"သမီးလည္း သြားေတာ့ေနာ္"

"စိတ္မပူနဲ႔ေနာ္။ ေရာင္ဝါ့ကို သမီးၾကည့္ေပးမယ္"

"အင္းပါ..."

သိတတ္လြန္းတဲ့ ေရာင္ျခည့္ကို အေကြးၿပဳံးျပၿပီး လက္ကာျပလိုက္ေတာ့ သမီးႀကီးကလည္း ေက်ာင္းထဲကို ေျပးဝင္သြားေလသည္။

ကေလးေတြ ေက်ာင္းထဲဝင္သြားတာကို ၾကည့္ၿပီး အေကြးတို႔သုံးေယာက္လည္း အိမ္ျပန္လာခဲ့လိုက္သည္။ အျပန္လမ္းမွာ ေအာင့္မ်က္လုံးေတြက စိုစြတ္လို႔ေနသည္။

"ေအာင္ေတာ့ ေရာင္ျခည္တို႔ကို ေတာ္ေတာ္ေလးခ်စ္ေနတာပဲ"

အေနနီးလြန္းတာေၾကာင့္လား၊ ကေလးေတြရဲ႕ ပင္ကိုယ္ကိုခ်စ္စရာေကာင္းတာေၾကာင့္လားေတာ့မသိ၊ ေအာင့္ဘက္က ေရာင္ျခည္ႏွင့္ေရာင္ဝါကို ေတာ္ေတာ္ေလး သံေယာဇဥ္တြယ္ေနသည္။အၿမဲတမ္း အိမ္ရဲ႕ဆည္းလည္းေလးေတြျဖစ္ခဲ့သူတို႔သုံးေယာက္မွာ ႏွစ္ေယာက္က ေက်ာင္းသြားသည္မို႔ အရင္ကထက္ပိုၿပီး အိမ္မွာ တိတ္ဆိတ္ေနေတာ့မည္။

"အကို ငိုေနတာလား"

"မငိုပါဘူး"

"ငိုေနတာကိုဗ်ာ။ လာလိမ္ေနတယ္။
ဒါနဲ႔ ကေလးေတြကို ေက်ာင္းပို႔ခဲ့ရေတာ့ အေကြးေရာ ဝမ္းမနည္းဘူးလား"

"ေကာင္းေရာ ဘယ္လိုခံစားရလဲ။"

"ရင္ထဲမွာ နည္းနည္းေတာ့ ဟာတာတာႏိုင္တာေပါ့ အေကြးရ"

"အင္း။ ငါေတာ့ ဒီေန႔မွ ပိုေပ်ာ္ေနသလိုပဲ"

"ဗ်ာ"
သူမေလးရဲ႕ အေဖာ္ႏွစ္ေယာက္ေက်ာင္းသြားတတ္သည့္ ကိစၥမွာ ကြၽန္ေတာ့္လျခမ္းေကြးက ေပ်ာ္ေနသည္တဲ့။ အိမ္ေထာင္သက္ ၆ႏွစ္ေက်ာ္ၿပီျဖစ္ေသာ္လည္း ကြၽန္ေတာ္ေတာ့ အေကြးကို ပိုၿပီးခ်စ္မိ႐ုံကလြဲၿပီး အေကြးရဲ႕အေတြးတို႔ကို အလုံးစုံမခန္႔မွန္းႏိုင္ေသး။

"ေကာင္းနဲ႔ ႏွစ္ေယာက္တည္းရွိရမွာေလ။"

ေကာင္းရဲ႕ နား႐ြက္နားကို ကပ္ၿပီး ေျပာတဲ့ ထိုအေျပာေၾကာင့္ ေကာင္းရယ္မိသည္။ ၿပီးေနာက္ သူမေလးရဲ႕ ခႏၶာကိုယ္ကို ဖက္ထားလိုက္သည္။ ကားေပၚေတြဘာေတြဆိုတာကို မစဥ္းစားခ်င္ေတာ့ပါ။

ဒီရက္ပိုင္းမွာ မအားမလပ္ျဖစ္ေနသည္မို႔ သူမေလးနဲ႔ ႏွစ္ေယာက္ထဲေအးေအးေဆးေဆးမေနရတာက ၅လ နီးပါးရွိေနၿပီ။ ထို႔ေၾကာင့္ သူမေလးေျပာသလိုပဲ ကြၽန္ေတာ္လည္း ဒီေန႔ေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းရမည္ဟု ေတြးထားလိုက္သည္။

အဂၤလန္အသင္းႏွင့္ ကန္ဖို႔ကို လဝက္နီးပါးေလာက္ ေလ့က်င့္ေရးဆင္းခဲ့ရၿပီး ဒီတစ္ရက္အနားေပးသည္မို႔ နားရက္ေလးမွာ သူမေလးအနားကေန တစ္လက္မေလးမွာ ခြာေတာ့မည္မဟုတ္ပါ။

"ေရာက္ၿပီ။ ကိုယ္သြားေတာ့မယ္။
ဒါနဲ႔ Colaေၾကာ္ျငာ႐ိုက္ဖို႔ ရက္က ကိုယ္ပဲစီစဥ္လိုက္ရမလား ေကာင္း"

"အကို႔သေဘာပါ"

"အိုေက..."

ေအာင္ ကားေပၚကေနဆင္းသြားၿပီးေနာက္မွာ အေကြးနဲ႔ေကာင္းလည္း ကားေပၚကေနဆင္းၿပီး အိမ္အိမ္ထဲဝင္ခဲ့လိုက္သည္။

အိမ္ထဲတြင္ ခ်က္ျပဳတ္ေနေသာ မန္မီမွလြဲ၍ တျခားဘယ္သူမွရွိမေနပါ။ နားရက္မို႔ အသားကုန္ေသာင္းက်န္ၾကမည့္ အသင္းသားေတြက အိမ္ထဲမွာ မရွိတာအဆန္းေတာ့မဟုတ္ပါ။ အသင္းသားေတြအကုန္လုံးက အေႏွာင္အဖြဲ႕ကင္းသူေတြမို႔ ဒီလိုရက္မ်ိဳးဆို အျပင္ထြက္ၿပီး အပီအျပင္ ကဲတတ္ၾကသည္။

ေကာင္းကေတာ့ မိသားစုရွိသည္မို႔ နားရက္တိုင္းကို မိသားစုထံအခ်ိန္ေပးရင္း ကုန္ဆုံးခဲ့သည္က အေလ့အက်င့္တစ္ခုလိုပင္။ Clubသြားလည္း အေကြးပါတယ္၊ ေစ်းဝယ္ထြက္လည္း အေကြးပါတယ္ ဆိုသလိုနဲ႔ နားရက္တိုင္း သြားေလရာမွာ သူမေလးကို မပါမျဖစ္ေခၚသြားေပးျဖစ္သည္။ မဟုတ္ရင္ အေဖာ္မရွိတဲ့ အေကြးက အိမ္ထဲမွာေနၿပီး စာဖတ္ေနတတ္သည္က မ်က္မွန္ ပါဝါေတြတိုးလို႔ေနၿပီ။

"ေကာင္းက Colaေၾကာ္ျငာ႐ိုက္မို႔လား။"

ဟိုဖက္တေလာကမွ ေခါင္းေလွ်ာ္ရည္ေၾကာ္ျငာ႐ိုက္ခဲ့တဲ့ ေကာင္း။ ထိုေခါင္းေလွ်ာ္ရည္ေၾကာ္ျငာက ေတာ္ေတာ္ေလး ေပါက္သည္မို႔ အခုရက္ပိုင္း ေကာင္းဆီကို Product ေၾကာ္ျငာေတြလာၿပီး ကမ္းလွမ္းတာက မနည္းမေနာပါ။ ဒါေတြအမ်ားႀကီးထဲကမွ ဘာလို႔ Colaေၾကာ္ျငာကို လက္ခံရသလဲ အေကြးမသိေတာ့။

"အင္း။ ဗူးမွာ ပါတဲ့ ပလတ္စတစ္မွာ ကြၽန္ေတာ့္ကိုျမင္ရင္ အေကြးသတိထားမိေအာင္လို႔ေလ။ Colaဗူးမွာ ကပ္ေနၿပီး အေကြးကို အေအးမေသာက္ေအာင္ တားမလို႔"

က်န္တဲ့စကားေတြအကုန္လုံးကို နားေထာင္ေပမယ့္ အခ်ိဳမစားပါနဲ႔ဆိုတဲ့ ေကာင္းရဲ႕စကားကို အေကြးက လစ္ရင္လစ္သလိုမ်ိဳး ခ်ိဳးေဖာက္တတ္တာကို ေကာင္းသိသည္။ Gasပါတဲ့ အေအးေတြကို ကိုယ္တိုင္မေသာက္ေပမယ့္လည္း ခိုးေသာက္ေနတဲ့ သူမေလးကို သူခိုးလူမိ အျဖစ္ေရာက္ေစရန္အတြက္ ထိုေၾကာ္ျငာကို ေကာင္းဘက္က လက္ခံလိုက္ျခင္းျဖစ္သည္။

"ေကာင္းက ေၾကာ္ျငာတဲ့သူေလ။ အဲ့ေတာ့ ငါက ပိုေတာင္ အားေပးရဦးမယ္"

အက်ႌကို ခြၽတ္ရင္းႏွင့္ ေကာင္းဆီကို လွည့္ၾကည့္ကာေျပာသည္။

"Colaဗူးမွာ ခပ္တည္တည္နဲ႔ကြၽန္ေတာ္ပုံကို ျမင္လ်က္နဲ႔ ခိုးေသာက္တာေတာ့ တကယ္မေကာင္းဘူးေနာ္။ အေကြး သြားကိုက္လို႔ ေဆးခန္းသြားရတာ ဘယ္ႏွေခါက္ေတာင္ ရွိၿပီလဲဗ်ာ"

"၄ေခါက္ပဲ ရွိေသးတာကို။
ကုတင္ေပၚက အက်ႌေလး ပစ္ေပးစမ္းပါ"

"တစ္ခါတည္း ဝတ္ေပးမယ္ေလ"

ကုတင္ေပၚမွာ ရွိေနတဲ့ Teeပန္းေရာင္ေလးကို ေကာက္ယူလိုက္ၿပီး အေကြးရပ္ေနတဲ့ ဗီ႐ိုဆီသို႔ ေလွ်ာက္သြားလိုက္သည္။

"ေပးေလ..."

Nike တံဆိပ္ပါ Sport braေလးသည္ အေပၚမွ အက်ႌထပ္မဝတ္လွ်င္ေတာင္ရသည္။ Bra ပန္းေရာင္ေလးရဲ႕ အလယ္မွာ Nike ဆိုၿပီး စာတန္းအနက္ေရာင္ေလးထိုးထားသည္။

ထိုစာတန္းအေပၚမွာ ႐ုတ္တ႐ုပ္တဆိုေရာက္လာတဲ့ ေကာင္းရဲ႕ လက္ေခ်ာင္းေလးေတြေၾကာင့္...
"ေကာင္း..."
အေကြးခ်က္ခ်င္းပဲ ေနာက္သို႔ဆုတ္သြားလိုက္ေတာ့ ေကာင္းက အက်ႌကိုင္ထားတဲ့လက္တစ္ဖက္ႏွင့္ အေကြးရဲ႕ ခါးေလးကို ကိုင္တြယ္ၿပီး အေကြးရဲ႕ကိုယ္ေလးကို ရင္ခြင္ထဲထဲ့သြင္းရင္း ေခါင္းတစ္လုံးျမင့္တဲ့ အရပ္ကြာျခားခ်က္ေပၚမွ စီးမိုးလို႔ ၾကည့္ေနသည္က ႐ႊန္း႐ႊန္းေဝေဝဆိုတာထက္ ေက်ာ္လြန္ၿပီး ယစ္မူးတဲ့အဆင့္ကို ေရာက္လို႔ေနသည္။

"ငါ ငါ ေဒါက္စီးရဦးမွာေနာ္ ေကာင္း"

"အင္း။ ကြၽန္ေတာ္ သိတယ္။
ဒါေပမယ့္လည္း အေကြးက အရမ္းလွေနတယ္ဗ်ာ"

"ငါ့ရင္ဘက္က ေသးတယ္ဆို"

အူေၾကာင္ေၾကာင္ ထိုအေမးကို ေကာင္းက ေက်နပ္မႈေတြအျပည့္ႏွင့္ပင္...။
"ခ်ိဳခ်ဥ္လုံးေလးေတြလိုပဲ"

"ဟင္။ အခ်ိဳမစားရဘူး ေကာင္း။
သြားကိုက္မယ္"

ေျပာၿပီးေနာက္မွာ သူမရဲ႕ ရင္ဘက္ဆီသို႔ လက္ႏွင့္ ကာၿပီး ေကာင္းရဲ႕ ခႏၶာကိုယ္ကိုလည္း တြန္းထုတ္သည္။ သို႔ေသာ္လည္း အင္အားခ်င္းမမွ်တာေၾကာင့္ ေကာင္းရဲ႕ ႏႈတ္ခမ္းေတြက အေကြးရဲ႕ ရင္ဘက္မွာ ခိုဝင္လာ၏။

"ေဒါက္စီး သင္ေပးမွာဆို..."
လည္တိုင္ေတြဆီကို ေရာက္လာသည္မို႔ မၾကာခင္မွာ ႏႈတ္ခမ္းေတြဆီေရာက္လာေတာ့မည္။

ထို႔ေၾကာင့္ အားလပ္ေနတဲ့ အခ်ိန္ေလးမွာ အေကြးဘက္ ႀကိဳေျပာထားလိုက္ေတာ့ ေကာင္းက နမ္းေနရာကေန အေကြးကိုေမာ့ၾကည့္လာသည္။
"တကယ္ပဲ စီးခ်င္တာလား"

"အင္း"

"ဒါဆို သင္ရေအာင္ေလ။"

အေကြးဆီကေန ဖယ္ခြာသြားၿပီး လက္ထဲမွာ အဆင္သင့္ရွိေနတဲ့ Teeေလးကို အေကြးရဲ႕ ေခါင္းကေန လည္ပင္းေပါက္တိုးဝင္ေစၿပီး လက္ကေလးေတြကို အဆင္ေျပေအာင္ ဝတ္ေပးေနသည္က ကေလးတစ္ေယာက္ကို အက်ႌဝတ္ေပးေနသလိုပါ။ အက်ႌဝတ္ေပးၿပီးေနာက္မွာ ဖိနပ္စင္မွာရွိတဲ့ တစ္ရံတည္းေသာ Heelကို ယူလာၿပီး အေကြးရဲ႕ ေျခေထာက္ဝတ္ဆင္ေပးသည္။

"ျဖစ္ပါ့မလား ေကာင္း"

"ကြၽန္ေတာ့္ကို ယုံပါ"

ကြၽန္ေတာ့္ကို ယုံပါလို႔ေျပာၿပီး အေကြးရဲ႕ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ကာ အေကြးရဲ႕ ဟန္ခ်က္ကို ထိန္းေပးသည္။ အေကြးက Heelစီးထားေသာ္လည္း ေကာင္းက အခန္းထဲမွာမို႔ ဖိနပ္မပါပဲရွိသည္။

ဟန္ခ်က္က ထိန္းရ မလြယ္သည္မို႔ Heelေရွ႕ပိုင္းသည္ ေကာင္းရဲ႕ ေျခေခ်ာင္းေလးေတြကို နင္းမိသည္က အခါခါျဖစ္သည္။ ဒါကို အေကြးက သတိထားမိပုံမရပါ။ ေကာင္းမ်က္ႏွာကို ၾကည့္ၿပီး ေကာင္းရဲ႕ခါးကို ဖက္ကာ အေရွ႕အေနာက္ကို ေလွ်ာက္ေနရသည္မို႔ ေကာင္းရဲ႕ ေျခဖ်ားေလးေတြကို နင္းမိတာေတာ့ သိေပမယ့္လည္း ဒီေလာက္ ျဖစ္ေနမွန္း သူမ မသိခဲ့ပါ။

"ေကာင္းရယ္ ျဖစ္ပါ့မလားဟင္"

ကေလးေတြကို ေက်ာင္းပို႔ၿပီး အိမ္ကိုျပန္ေရာက္လာေတာ့ ေဘာလုံးကန္ဖိနပ္ကို မစီးခင္ ေျခအိတ္ဝတ္ဖို႔ျပင္ေနတဲ့ ေကာင္းရဲ႕ ဒဏ္ရာေတြကို သူမ ျမင္လိုက္ရသည္။ မေန႔ညထဲက ေဆးလိမ္းေပးထားေပမယ့္လည္း ဒဏ္ရာေတြက မေျခာက္ပဲျဖစ္ေနသည္။

"အေကြးေတာင္ Heelနဲ႔ အဆင္ေျပေနၿပီပဲ"

အေကြးရဲ႕ ေျခေထာက္မွာ ေနရာယူထားတဲ့၊ ေကာင္းရဲ႕ ေျခေထာက္ကို ဒဏ္ရာေတြေပးထားတဲ့ Heelကို ေကာင္းက သေဘာတက်နဲ႔ပင္ၿပဳံးလို႔ၾကည့္ၿပီး ဆို၏။

"ဒီေန႔ မသြားပါနဲ႔လားဟင္"

သူမကၾကမ္းခင္းမွာ ထိုင္ရင္း ေမြ႕ရာေပၚမွာ ေျခတင္ထားတဲ့ ေကာင္းရဲ႕ ေျခေခ်ာင္းေလးေတြကို ပါးစပ္ေလးနဲ႔ တဖူးဖူး အသံထြက္ေအာင္ ေလမႈတ္ေပးရင္း ေျပာသည္။

"ဘယ္ျဖစ္မလဲ အေကြးရ။
စိတ္မပူပါနဲ႔ အေကြးရ။ ကြၽန္ေတာ္ အဆင္ေျပမွာပါ"

"ေျခအိတ္ေတာင္ ဝတ္လို႔မရတာကို ေကာင္းရာ"

ေျခေခ်ာင္း ထိပ္ေလးေတြမွာ အေရျပားေလးေတြလန္ေနၿပီး ေသြးစေလးတစ္ခ်ိဳ႕ကိုပါ ျမင္ေနရသည္။ မေန႔ တစ္ေန႔ထဲႏွင့္ အေကြးက ေဒါက္ဖိနပ္ကို ကြၽမ္းက်င္စြာ စီးတတ္သြားၿပီး ေကာင္းက လမ္းေလွ်ာက္လို႔မရေအာင္ျဖစ္သြားရသည္။

"ရပါတယ္ အေကြးရ"

ေျခအိတ္ကို ေကာက္ဝတ္လိုက္ၿပီး ခ်က္ခ်င္းမွာပဲ ဖိနပ္ကိုပါ တစ္ပါးတည္းဝတ္ဆင္လိုက္ရသည္။ မဟုတ္ရင္ ေျခအိတ္မွာကပ္ေနတဲ့ ေသြးေတြ ျမင္လိုက္ရင္ အေကြး ဝမ္းနည္းသြားလိမ့္မည္။ ဖိနပ္ဝတ္ဆင္လို႔ ၿပီးေတာ့ ေမြ႕ရာေပၚကေန ထလိုက္ၿပီး....
"ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္ အေကြး။"

"ငါလည္း လိုက္မွာ"

"ဗ်ာ.."

"အင္း.."

သို႔ႏွင့္ ကေလးေတြကို ႀကိဳဖို႔ တာဝန္ကို မန္မီ့ဆီမွာ အပ္ခဲ့လိုက္ရင္း အေကြးက ေကာင္းတို႔နဲ႔အတူ လိုက္သြားေလသည္။

ေကာင္းတို႔အသင္းနဲ႔ မာေဆးတို႔ ကန္တဲ့ ပထမပြဲကလြဲၿပီး က်န္တဲ့ပြဲေတြကို အေကြးမလိုက္တာေၾကာင့္ ဒီတစ္ႀကိမ္ပြဲက အေကြးအတြက္ ဒုတိယအႀကိမ္လိုက္ၿပီး အားေပးျခင္းသာျဖစ္သည္။

အားေပးတယ္လို႔ ဆိုေသာ္ျငားလည္း တကယ္တမ္းမွာ ေကာင္း ကိုစိတ္ပူလို႔လိုက္လာခဲ့ျခင္းျဖစ္သည္။ ပထမပိုင္း ၿပီးသည္အထိ ေကာင္းက ေဘာလုံးကို တစ္ခ်က္မွ မထိရေသးသည္ကို ပရိတ္သတ္ေတြဘက္က ေတာ္ေတာ္ေလး စိတ္တိုေနၾကၿပီျဖစ္သည္။

သူတို႔ေတြသိတာက ပြဲတိုင္းမွာ အဖြင့္ဂိုးသြင္းတတ္တဲ့ တိုက္စစ္မႉး "Kaung". ဒီေန႔ေကာင္းက ဒဏ္ရာရေနသည္ကို ပရိတ္သတ္ေတြမသိၾကေသး။ ဒဏ္ရာက ဘယ္လိုရလာလဲဆိုတာကိုလည္း သူတို႔မသိၾက။ သူတို႔သိတာက ဂိုးေပါက္ ၿခိမ္းေျခာက္သူ "Kaung" ပင္။

"ျဖစ္ပါ့မလား ေအာင္ရယ္။ ေကာင္းကိုၾကည့္ရတာ အရမ္းနာေနသလိုပဲ"

ကြင္းထဲမွာ ျဖည္းျဖည္း လမ္းေလွ်ာက္ၿပီး သြားေနတဲ့ ေကာင္းကို ၾကည့္ၿပီး အေကြးစိတ္ပူလာသည္။ ထိုအခ်ိန္မွာပဲ ေဘာလုံးက ကြင္းလယ္ ညာေတာင္ပံဆီမွာ ေလွ်ာက္ေနတဲ့ ေကာင္းရဲ႕ ေရွ႕ကို ေရာက္လာသည္။

ေဘာလုံး ေရာက္လာၿပီး သိပ္မၾကာဘူး တစ္ဖက္အသင္းက သူကပါ အခ်ိန္ျပင္းျပင္းနဲ႔ ေျပးလာၿပီး ေဘာလုံးကို လုသည္မို႔ ၾကည့္ေနရင္းႏွင့္ အေကြးမ်က္လုံးေတြ ျပာေဝသြားရသည္။

"ေကာင္း...."

ရင္ဘက္ခ်င္း တိုက္မိသြားသည္ေၾကာင့္ ေကာင္းရဲ႕ ခႏၶာကိုယ္က အေပၚသို႔ေျမႇာက္တတ္သြားေလသည္။ ေျမျပင္ေပၚျပန္က်လာတဲ့ အခ်ိန္မွာ ေျခကို ေထာက္ကန္ဖို႔ကလည္း ေကာင္းအတြက္ နာက်င္ေနသည္မို႔ ေျမျပင္ေပၚျပန္က်လာတဲ့ အခ်ိန္က ပုံမွန္ထက္ပိုၿပီး ျပင္းသည္။

ပရိတ္သတ္ေရွ႕ဆုံးတန္းကေနေျပးလာတဲ့ သူမေလးကို ကန္တဲ့ကြင္းေပါက္မွာ ေစာင့္ေနတဲ့ လုံၿခဳံေရးေတြ သတိထားမိလိုက္တဲ့ အခ်ိန္မွာ သူမေလးက ကြင္းထဲကိုေရာက္သြားၿပီျဖစ္သည္။

ခ်က္ခ်င္းပဲ ေကာင္းလဲက်ေနတဲ့ ကြင္းလယ္ကို ေျပးလာလိုက္ၿပီး ေျမျပင္ေပၚလဲက်ေနတဲ့ ေကာင္းရဲ႕ ဦးေခါင္းကို အေကြးေပါင္ေပၚတင္လိုက္ၿပီး ပတ္ဝန္းက်င္ကို ၾကည့္လိုက္တဲ့ ထိုအခ်ိန္မွာ "ပီပီ" မႈတ္သံေတြႏွင့္အတူ လူအမ်ားရဲ႕ ေအာ္သံေတြေၾကာင့္ သူမ ေၾကာင္သြားရသည္။

"အေကြး။ ကြၽန္ေတာ္ရွိတယ္"

ေမာဟိုက္ေနသည့္ၾကားမွ ေကာင္းျမတ္ေသာသည္ သူမေလးရဲ႕ လက္ကို ဆုပ္ကိုင္ၿပီး ေျပာသည္။

"အဆင္ေျပရဲ႕လား ေကာင္း။
အရမ္းနာေနလားဟင္။ ဟင္လို႔..."

အသက္ရႉရခက္ေနေသာ္လည္း ေကာင္းက မ်က္ရည္ေတြက်ေနၿပီျဖစ္တဲ့ အေကြးကို ခပ္ယဲ့ယဲ့ေလးၿပဳံးျပၿပီး ေခါင္းယမ္းျပသည္။

အဂၤလန္သင္းႏွင့္ ေဘာလုံးကန္ေနခ်ိန္ ဒုတိယပိုင္းမွာ ေဘာလုံးကြင္းထဲကို ဝင္ေရာက္လာတဲ့ အမ်ိဳးသမီးေသးေသးေလးသည္ နာမည္ေက်ာ္ တိုက္စစ္မႉး ေကာင္းရဲ႕ မေဟသီဆိုတာကို ထိုအခ်ိန္မွစ၍ ကမာၻအႏွံ႔က ေဘာလုံးပရိတ္သတ္ေတြ သိသြားၾကသည္။

Continue Reading

You'll Also Like

8.4K 406 13
ဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်
610K 22.6K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
102K 8.7K 49
လက်​ကောက်​ဝတ်​မှာခင်ဗျား​နာမည်​ရှိ​နေတာကိုက ​သောက်​ကျိုးနည်းပြဿနာ​။
389K 30.6K 43
_ ဗုဒ္ဓက မကယ်ရင် ငါကိုယ်တော်က မိစ္ဆာဖြစ်စေပြီး မင်းကိုကယ်တင်မယ် _ _ ဗုဒၶက မကယ္ရင္ ငါကိုယ္ေတာ္က မိစၦာျဖစ္ေစၿပီး မင္းကိုကယ္တင္မယ္ _ Start date - Octo...