𝐓𝐰𝐨 𝐏𝐚𝐫𝐚𝐥𝐥𝐞𝐥 𝐋𝐢�...

Thamudaya_Oleander द्वारा

1.6K 164 7

𝑭𝒆𝒊 𝒀𝒖𝒏𝒙𝒊🐟☁ Start date <Aug 30.2021 to... अधिक

Ch-1 'U
Ch-1 'Z
Ch-2 'U
Ch-2 'Z
Ch-3' U
Ch-3 'Z
Ch-4 'U
Ch-5 'U+Z

Ch-4 'Z

81 9 0
Thamudaya_Oleander द्वारा

မနက်ခင်းရဲ့နေရောင်ခြည်နုနုက နှင်းမှုန်ထုကြီးကိုတော်တော်နဲ့ မကျော်ဖြတ်နိုင်ရှာပေ။ အကာကျက်သွားတဲ့ကြက်ဥနှစ်လေးလိုပဲ ရေးရေးလေးသာအရိပ်ပြပြီး ပေါ်ပေါ်ထင်ထင်တော့ဖြင့် ထွက်မလာနိုင်ခဲ့ပါချေ။

ချန်အိမ်တော်ထဲရှိ တစ်ပင်တည်းသော ဇီးပန်းပွင့်ပင်လေး၌ နှင်းခဲထုလေးတွေက ဟိုတစ်စဒီတစ်စရစ်သိုင်းဖက်တွယ်၍ အကိုင်းလေးများပင် မပေါ်တော့ပေ။ အဖြူရောင်ခြုံလွှာကြားမှ ပန်းရောင်အပွင့်ငယ်လေးများတော့ဖြင့် အအေးဒဏ်ကို အန်တုနိုင်နေကာ လှပစွာပင် ငွားငွားစွင့်စွင့် ပွင့်လန်းလျက်သာ။

အိမ်တော်တံခါးဝတွင် လှပသေသပ်ကာ အဆင့်တန်းမြင့်သခင်တို့သာ စီးနင်းနိုင်သော ဝေါ်ယာဉ်တော်ကအဆင်သင့်ဖြစ်လို့နေလေပြီ။

သခင်ကြီးချန်က သူ၏ခင်ပွန်းဖြစ်သူအား အဖြူရောင်သိုးမွေးအပေါ်ရုံကို ငြင်သာစွာ လွှမ်းခြုံပေးနေရင်း နှုတ်မှလဲ မရပ်မနားတစ်ဖွဖွပြောနေသေးသည်။

"ယွင်ရှီးရယ် ကိုယ်ပြောပါတယ် အရမ်းအပင်ပန်းမခံပါနဲ့လို့ ဒီအလုပ်တွေ အိမ်တော်ကလူတွေကိုခိုင်းပါဆိုနေ ခုတော့ကြည့်ပါဦး လက်ဖျားလေးတွေအေးစက်နေပြီ ဘာလို့မီးဖိုချောင်ဝင်ပြန်ရတာတုန်းကွာ ကိုယ်ကမစားရလို့ ငတ်မသေပါဘူး မင်းကျန်းမာရေးကပိုအရေးကြီးတယ်လေ"

စူစူပုပ်ပုပ်လေးနှင့် ပြောနေသော်ငြား တကယ်တမ်းစိတ်ဆိုးနေတာလဲမဟုတ်ပေ။ လက်ဖဝါးလေးဖြင့်အာငွေ့ပေးလျှက် နူးညံ့စွာ ပွတ်သတ်ပေးနေပြန်သေးသည်။ သူပဲပြောလျှက် အမြဲသူပဲ သဲသဲလှုပ်ကာ ဂရုစိုက်ပေသည်။

လော်ယွင်ရှီးအနေနဲ့ အစားအသောက်ဂျီးများလွန်းသော ထိုသခင်ကြီးအတွက် ကိုယ်တိုင်ချက်ပေးမှသာ တော်ကာကျပေမည်။ မဟုတ်ပါက အိမ်တော်စားဖိုဆောင်မှူးများ ချက်ထားပြီဆိုလျှင် ဘယ်လောက်ပင် အရသာကောင်းနေပါစေ တန်ဖိုးထားပြီး တကူးတက မစားသောက်တတ်ပေ။

အိမ်တော်လုပ်ငန်းများ စီစဉ်နေလျှင် သို့မဟုတ် ဖန်းချန်မြို့အရေးဆောင်ရွက်နေပါလျှင် အမြဲတစ်စေ စားသောက်ဖို့ မေ့နေတတ်တာများသည်။ ကြာလျှင် ထိုသခင်ကြီးအရင်ရောဂါရ၍ လော်ယွင်ရှီးထက်ပင် စောစီးစွာမြေအောက်ကမ္ဘာသို့ ကြွမြန်းနိုင်ချေရှိသည်။

ထိုဗျစ်တောက်တောက်သခင်ကြီး၏ ငယ်ဘဝတည်းက ပင် အစားအသောက် လွန်စွာရွေးလွန်းသော်လည်း သူ့မယ်တော်နှင့် လော်ယွင်ရှီး ချက်ပြုတ်ကျွေးသည့်အခါတိုင်းတွင်မူ ပန်းကန်လုံးမြိုချမတတ် မြိန်ရေရှက်ရေသုံးဆောင်လေ့ရှိသည်။

လော်ယွင်ရှီးမှာ ဟင်းချက်စသင်စဉ်အခါက စားဖိုဆောင်ကိုပင် မီးပုံပွဲလုပ်ခဲ့ဖူးသေး၏။ ငယ်ရွယ်စဉ်တစ်ခါတုန်းက သခင်ကြီးမယ်တော် မရှိခိုက် နှစ်ယောက်သားမှာ ဗိုက်ဆာလွန်းနေသဖြင့် စစ့်ရွှေ့မြစ်ကမ်းဆင်းကာ ငါးဖမ်း၍ ငါးဟင်းချိုချက်စားကြပါတော့သည်။

အဆုံးသတ်သည်ကား ဘာအရသာမှန်းမသိနိုင်လေသည့် ငါးခေါင်းဟင်းချို တစ်ခွက်မှလွဲ၍ ငါးကင်များမှာ စားဖိုဆောင် မီးပုံပွဲထဲလောင်မြိုက်ခံလိုက်ရပါတော့သည်။

အတော်အတန်ဆာလောင်နေသော နှစ်ယောက်သားမှာ ထိုအရသာမဲ့ ငါးဟင်းရည်လေးဖြင့် တင်းတိမ်ခဲ့ကြရပါ၏။
သခင်ကြီးပေါက်စလေးကား လျှာတစ်သတ်သတ်နှင့် ကောင်းကင်နတ်မင်းပွဲတော်ထက်ပင် အရသာသိပ်ရှိပါကြောင်း အရှက်မရှိ ချီးကျူးနေခဲ့ပြန်ပါသည်။ သခင်ကြီးမယ်တော် ပြန်ရောက်သောအခါ၌ကား နှစ်ယောက်သားမှာ နှစ်နှာရီနီးပါ ဆုံးမဩဝါဒခြွေခံလိုက်ရပြီး စားဖိုဆောင်အသစ်ဆောက်ရန် သစ်ခုတ်ထွက်ရပါတော့သည်။

ထိုအချိန်မှစ၍ သခင်ကြီး၏ မယ်တော်သင်ပြပေးမှုနှင့်အတူ လော်ယွင်ရှီးလဲ သခင်ကြီးပေါက်စလေးရဲ့ တစ်ဦးတည်းပိုင်းစာဖိုမှုးအဖြစ် နှစ်နှစ်ခန့်ပါရမီပြည့်ခဲ့ရလေသည်။ ထိုသခင်ကြီးကတော့ သူမြတ်နိုးရတဲ့ အားစဲ့ပေါက်စလေးပါပဲ။

" မင်းက.. ငါစားဖိုဆောင်မဝင်ရင် ဂရုစိုက်ပြီးမှမစားဘူးတာ... ကဲပါ စကားမများနဲ့တော့ အတော်တောင် နောက်ကျနေပြီ ဆုတောင်းပြည့်ဘုရားကျောင်းသွားပြီးရင် မြို့စားမင်းအိမ်ဝင်ရဦးမယ် သွားကြစို့"

လော်ယွင်ရှီးက သခင်းကြီးရဲ့နှဖူးလေးကို ငြင်သာစွာဖြင့် ဖွဖွလေးတောက်လိုက်ရင်း အတူယှဉ်တွဲကာလှမ်းထွက်လာသည်။

လန်ကုန်းကုန်းက ဝေါယာဉ်တက်ရန်ကူညီပေးပြီး သခင်ကြီးပါ အတူတက်ပြီးမှ အစေခံများအားထွက်ခွာရန်အချက်ပြသည်။ လန်းကုန်းကုန်းသည် လော်ယွင်ရှီးနန်းမတက်ခင်ကပင် အပါးတော်မြဲအဖြစ်စတင်ထမ်းဆောင်ခဲ့ရာ သစ္စာရှိလူယုံဖြစ်လာခဲ့ပြီး ဖန်းချန်မြို့အထိပါ စိတ်ထက်သန်စွာလိုက်ပါခဲ့၏။

ဖန်းချန်မြို့တွင် သာမန်ဆန်စွာပင် နေထိုင်ကြပြီးနောက်မြို့သူမြို့သားများကလဲ အိမ်တော်ထိန်းလန်ဟုသာ သိကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ချန်အိမ်တော်ဇစ်မြစ်အမှန်ကို မသိခဲ့ပါချေ။

ချန်အိမ်တော်မှ အမွေးတိုင်နှစ်တိုင်ထွန်းခန့်အကြာတွင် ဖန်းချန်မြို့တွင်းသို့ဝင်လာလေပြီ။ အိမ်တော်ခြံဝင်းအပြင်ဘက်လမ်းတွင် ဝေဖြာစွာလှပနေသော သစ္စာတော်ခံပန်းများဟာဆိုရင်ဖြင့် နှင်းစက်လေးများဖြင့် စိန်စီခြယ်ထားသည့်ပမာ အရောင်လဲ့နေကြပြီး မွှေးပျံ့သောသင်းရနံလေးများကို အနှီးသက်ဝင်လှုပ်ရှားနေသော မြို့လေးထံ စိတ်ကြည်နူးလန်းဆန်းမှုကို ဝေမျှနေလေသည်။

သစ်သီးတုတ်ထိုးဆိုင်လေးများတွင် ကလေးများအုံခဲနေကြပြီး ရောင်စုံလေစင်္ကြာလေးများကို ကိုင်လျှက်လျှောက်သွားနေသော ပေါက်စလေးများလဲရှိနေသေးသည်။ မန်ထိုသည်များကလဲ သူသူငှငှာအော်ဟစ်ရောင်းချနေကြပြီး အငွေ့တစ်ထောင်းထောင်းထနေသော အသားဆန်ပြုတ်သည်ဆီမှမွေးရနံ့များပင် လမ်းမတစ်လျှောက်လွင့်ပျံ့လာကာ ရသာရုံများကို ဆွဲဆောင်နေလျက်။

နှင်းဖွဲဖွဲကျဆင်းနေသော ပိတ်ကားချပ်ပေါ်တွင် အရောင်အသွေးစုံလင်သော လူသူခပ်သိမ်းတို့ရောယှက်လှုပ်ရှားနေကြပုံမှာ သဘာဝရဲ့လှပတဲ့ အဖိုးမဖြတ်နိုင်သော သက်ဝင်ပန်းချီးကား တစ်ချပ်ပမာပင်။

တစ်နေရာအရောက်တွင် သခင်ကြီးချန်က လော်ယွင်ရှီးကြိုက်တတ်သော မုန့်များဆင်းဝယ်တော့သည်။

"ယွင်ရှီးက ဒီထဲမှာပဲနေ ဆင်းမလာနဲ့နော် ကိုယ်အမြန်ဝယ်လာခဲ့မယ်"

မုန့်ဆိုင်ပိုင်ရှင်ကလဲ လှိုက်လှိုက်လှဲလှဲပင်အပြုံးပန်း က‌ဋေကဍာဖြင့် ကြိုဆို၏။

"အိုက်ယိုး သခင်ကြီးချန်ပါလား ကြွပါ ကြွပါ ခါတိုင်းလိုပဲလား ခင်ပွန်းဖြစ်သူရော မပါဘူးလားခင်ဗျ"

"ပါတယ်သူဌေးကျူရေ ဝေါယာဉ်ပေါ်မှာကျန်ခဲ့တယ် ဒီမနက်ဗျာ အားနည်းနေတဲ့ကြားက ကျွန်တော်စားဖို့စားဖိုဆောင်ဝင်တယ်လေ ရာသီဥတုက တော်တော်အေးလာတယ်မဟုတ်လား ကျွန်တော့်ကိုစားစေချင်တာသိပေမယ့် သူ့ကျန်းမာရေးကပိုအရေးကြီးတာကိုဗျာ ဒီကိုလာရင်းနဲ့ပဲ လက်ဖျားလေးတွေအေးစက်နေလို့တစ်လမ်းလုံးထွေးပွေ့လာရသေးတယ်"

အလုပ်သမလေးတွေကတော့ ပြုံးစစဖြင့် သခင်ကြီးချန်အကြောင်းနှောကျေနေကြသူပီပီ အားနာနာဖြင့် အကြိုက်ဆောင်ကာ ပြန်ပြောပေးကြရှာသည်။

"အိုး ..သခင်ကြီးချန်ရဲ့ ခင်ပွန်းလိုလူကတော့ ဒီကျိုးတိုင်းပြည်မပြောနဲ့ ဒီလောကမှာတောင် မရှိနိုင်ပါတော့ပါဘူး သိပ်ဂရုစိုက်တတ်တာပဲ သခင်ကြီးချန်က ကံကောင်းလွန်းတာပါ"

"ဒါပေါ့ဗျာ ကျွန်တော်က ဘယ်တောင်လောက်ကံကောင်းလိုက်သလဲ ကျွန်တော်မို့လို့ သူ့ကိုရနိုင်တာလေ ဟုတ်တယ်မလားသူဌေးကျူ..."

"အမ်.. အင်း အင်း ဟုတ်ပဗျာ သခင်ကြီးချန်က ကံအကောင်းဆုံးပါပဲ"

သူဌေးကျူမှာ အောင့်သက်သက်ပင်ပြန်ဖြေပေးရတော့သည်။ သခင်ကြီးချန်အကြောင်း သူတို့တွေသိပြီးသားမလား။ ထိုငယ်ရွယ်ပြီးအဆင့်တန်းမြင့်သော သခင်ကြီးကား ပုံမှန်အချိန်တွင် အေးစက်စက်နှင့်မော်မကြည့်ရဲလောက်သော အကြည့်စူးစူးများထုတ်လွတ်နေတတ်သော်ငြား သူ့ခင်ပွန်းအကြောင်းကြွားရလျှင် ပျားရည်ထက်ပင် ချိုမြနေတတ်သည်။

အလုပ်သမလေးများကလဲစိတ်ထဲတွင်တော့

"ဟွန့် သခင်ကြီးက သူ့ခင်ပွန်းကို သူများတကာမကြည့်စေချင်တိုင်း ဖွက်ထားတာ မသိကြဘူးများ ထင်နေသလားပဲ"

အမှန်ပင် မြို့ထဲသို့ ဆယ်ကြိမ်လာလျှင် ကိုးကြိမ်လောက်မှာ ဝေါယာဉ်ပေါ်မှမဆင်းတတ်သော သခင်ကြီးခင်ပွန်းကို မြို့သူမြို့သားများကလဲ အင်မတန်မှမြင်ချင် စူးစမ်းချင်ကြသည်။ မြင်ဖူးတွေ့ဖူးသောသူများသည်လည်း တစ်ခါမြင်တစ်သက်မမေ့နိုင်စရာပင် သခင်ကြီးခင်ပွန်းသည်ကား နူးညံလှပရုံသာမက ယောက်ျားတကာတို့တွင် အချောဆုံးဖြစ်သည့်အပြင် ကျက်သရေတော်အတင့်တယ်ဆုံးဟုပင် တင်စားကြလေသည်။

ချီတိုင်းပြည်မှ ကုန်သည်များသည်ပင် ကြွေထည်ဝယ်ယူချိန်တိုင်း သခင်ကြီးခင်ပွန်းသည်အား မြင်တွေ့ခွင့်ရရင် မျှော်လင့်မိကြသေးသည်။ သို့သော်ငြား ၎င်းသည် အိမ်မက်မျှသာ အဆုံးသတ်ခဲ့သည်ပင်။

ဖန်းချန်မြို့တွင်ကား အလှဆုံး ပန်းနှစ်မျိုးရှိသည့်အနက် တစ်မျိုးမှာ သစ္စာတော်ခံပန်းဖြစ်ပြီး ကျန်တစ်မျိုးသည်ကား သခင်ကြီးချန်ခင်ပွန်းပင်ဖြစ်တော့၏။

သူဌေးကျူက ခုနှစ်လွှာပန်းကိတ်နှင့် သကြားကပ်ဂျုံမုန့်လုံးလေးများကို ဝါးဘူးလေးများနှင့်သပ်သပ်ရပ်ရပ်ထည့်ပေးကာ ဇီးပန်းပွင့်လက်ဖက်ရည်အိုးလေးပါ ဝါးဆစ်အိမ်လေးထဲထည့်ပေးပြီး အလုပ်သမားများကို ဝေါ်ယာဉ်ပေါ်လိုက်ပို့စေသည်။ ထိုကြွေလက်ဖက်ရည်အိုးလေးက သခင်ကြီးချန်ကိုယ်တိုင် ဆိုင်တွင်အမြဲထား၍ မြို့ထဲလာတိုင်းဝင်ယူနေကျပင်။ ထိုသခင်ကြီးကတော့ သူတို့"ပန်းတစ်ရာ"မုန့်ဆိုင်လေးရဲ့ တော်ဝင်ဖောက်သည်ဆိုလည်း မမှားပါချေ။

"သခင်ကြီးချန် ဒီတစ်ခါ ကျူပ်တို့ဆိုင်ရဲ့ အသစ်ထီထွင်ထားတဲ့ နှင်းပွင့်ကိတ်လေးနဲ့ တိမ်လွှာမုန့်ကြွပ်တွေပါ ထည့်ပေးလိုက်တယ် လတ်လတ်ဆတ်ဆတ်နို့နှစ်လေးတွေပါ အုပ်ထားတာမို့ သခင်ကြီးရဲ့ခင်ပွန်း အကြိုက်တွေ့စေမှာပါ..."

"သူဌေးကျူကတော့ အားနာနေပါပြီ ကျွန်တော့်ယွင်ရှီးက သူဌေးတို့ဆိုင်ကမုန့်ဆို ကြိုက်ပြီးသားပါ ဒီလိုလုပ်..အခုအသစ်လုပ်ထားတဲ့ မုန့်တွေကို ကြွေထည်မီးဖို ငါးခုလုံးကအလုပ်သမားတွေကို လုံလောက်အောင်ပို့ပေးပါ ဝူးလုံလက်ဖက်ရည်ပါထည့်ပေးနော်"

"လန်အန်း... သူဌေးကျူနဲ့စာရင်းတွက်ပေးလိုက် ငါတို့အရင်သွားနှင့်မယ် အပြန်မှမြို့စားမင်း အိမ်မှာဆုံကြမယ်"

သခင်ကြီးချန်က သူဌေးကျူကိုပြောရင်း အိမ်တော်ထိန်းလန်ကိုပါလှမ်းခေါ်သည်။

"ဟုတ်ကဲ့ပါ သခင်ကြီး"

လန်အန်းနှင့်လွှဲထားခဲ့ကာ သခင်ကြီးတော့ဖြင့် နှုတ်ဆင်းရင်းဝေါ်ယာဉ်ဆီ တက်ကြွစွာ ထွက်လာခဲ့တော့သည်။

"ယွင်ရှီး လက်ဖက်ရည်ပူပူလေးနည်းနည်းသောက် နွေးသွားအောင်"

သခင်ကြီးက လက်ဖက်ရည်ခွက်လေးငှဲ့ပေးကာ မုန့်များပါဂရုတစ်စိုက်ခွံ့ကျွေးပါတော့၏။

"ယွင်ရှီး မနက်စာလဲသေချာမစားခဲ့ဘူး ရော့နှင်းပွင့်ကိတ်လေးက အရသာရှိမယ့်ပုံပဲ ပါးစပ်ဟ ...အာ..."

"ပေးပါ..ငါ့ဟာငါစားပါ့မယ် မင်းလဲစားလေ ခဏနေဘုရားကျောင်းရောက်တော့မှာ ကလေးဆန်မနေနဲ့တော့..."

ပါးစပ်ကို အတင်းခွံ့နေ၍ ယွင်ရှီးကလက်ဖြင့်လှမ်းယူရင်း အကြည့်ဖြင့်သတိပေးသည်။

"ကိုယ်..ခဏကအပြင်ထွက်လိုက်တာ လက်တွေအေးသွားပြီ မစားနိုင်တော့ဘူး ယွင်ရှီးခွံ့ကျွေးတော့"

"မင်းကတော့လေ..."

"ဘာလဲ ယွင်ရှီးက ကိုယ့်ကိုခွံ့မကျွေးချင်ဘူးလား"

"အင်းပါကျွေးမယ် ပါးစပ်ဟ..."

ထိုခုတစ်မျိုးတော်ကြာနှစ်မျိုးလုပ်ပြီး ကလေးဆိုးဆိုးနေသော သခင်ကြီးအား တစ်ခုပြီးတစ်ခုဆက်တိုက်ပင်ခွံပေးလိုက်သည်။ ပါးနှစ်ဖက်က ဖောင်းဖောင်းလေးနဲ့မျက်လုံးများက ပြုံးရိပ်သန်းနေပြီး အတင်းမြိုချနေပုံမှာ အစားငမ်းသောကလေးပေါက်စလေးနဲ့ပင် တူနေလေ၏။ ဇီးပန်းပွင့်ရေးနွေးချမ်းလေးထပ်တိုက်လိုက်ပြီး ပိုးပဝါဖြင့် ပါးစပ်ကိုပါသုတ်ပေးလိုက်သည်။

"ယွင်ရှီး... ကိုယ်အရမ်းအေးနေတုန်းပဲ ကိုယ့်ကိုနမ်းပါလား"

" ဟမ့်..မင်းအကြံဒါအကုန်ပဲလား "

"ယွင်ရှီးကလဲ လုပ်ပါတစ်ကြိမ်တည်း... နော်"

"ကလေးလို...ဆိုးမနေနဲ့ အသက်ကဖြင့်ကြီးနေပြီ ခုငါတို့လမ်းပေါ်မှာနော်"

"အထဲကိုမမြင်ရပါဘူး အား...မရတော့ဘူး...ယွင်ရှီးကိုယ်အရမ်းအေးလာပြီ..ခုချက်ချင်း... ခဲသွားတော့မလိုပဲ"

"ယွင်ရှီး...ကိုယ့်ကိုကြည့်ရက်လားဟင်..."

မျက်ဆန်နက်နက်လေးများဖြင့် သူ့ထံဖြင့်စိုက်ကြည့်ပြီး မျက်လုံးဝိုင်းဝိုင်းလေးများက အရည်လဲ့နေကာ မျက်တောင်ဖျားလေးများကို တဖြတ်ဖြတ်ခတ်လျက် ဉာဏ်များလှတဲ့သခင်ကြီးဟာဆိုရင်ဖြင့် သူ၏လက်နှစ်ဖက်ဖြင့် လက်မောင်းအချင်းချင်း ဖက်ထားရင်း အလွန်တရာမှအေးစက်နေဟန် လုပ်ပြတော့သည်။
လော်ယွင်ရှီးလဲ မနိုင်ဘူးဆိုသည့်ဟန်ဖြင့် ခေါင်းအသာယမ်းကာ နဖူးထက်သို့အနမ်းတစ်ပွင့်ခြွေလိုက်ရသည်။

သို့သော်နဖူးသို့မရောက်ခင်မှာပင် သခင်ကြီးကသူ့နှုတ်ခမ်းဖြင့် လှမ်းတားလိုက်သည်မို့ ပွင့်ချပ်နှစ်လွှာအချင်းချင်းထိဆက်၍ အပူငွေ့လေးများဖလှယ်ဖြစ်သွားရပါ၏။ သိပ်ကိုနွေးထွေးသွားရကာ နှလုံးခုန်သံတို့၏ သာယာဖွယ်သံစဉ်လေးများ ကြားနေရပြီး အတော်ပင်ကြည်နူးဖို့ ကောင်းလွန်းလှပါသည်။

ဝေါယာဉ်အပြင်ဘက် မြို့လေးသည်လည်း နေရောင်ခြည်တို့ တောက်ပစွာဖြာကျလာလျှက် အနည်းငယ်နွေးထွေးလာချေပြီ။ သို့ပါသော်လည်း ဝေါယာဉ်တွင်းမှ နွေးထွေးမှုကမ္ဘာလေးကိုဖြင့် အရာရာနှင့်မယှဉ်နိုင်ပါချေ။

သဘာဝ၏ နွေးထွေးမှု ဆိုသည်မှာ ချစ်ခြင်းမေတ္တာ၏နွေးထွေးမှုကို မယှဉ်နိုင်ခြင်းသည် သိပ်ကိုမှန်ကန်လွန်းနေပါသည်။

မကြာမှီပင် ဆုတောင်းပြည့်ဘုရားကျောင်းသို့ရောက်လာချေပြီ။ ဆရာတော်ထံခွင့်တောင်းပြီးနောက် ကြွေပန်းအိုးပြုလုပ်မည့်မြေနေရာသို့ ကိုယ်တော်လေးတစ်ပါးမှ လိုက်ပါပြသပေးသည်။

အိမ်တော်မှ ပေါက်တူးအသေးလေးများ ယူဆောင်လာခဲ့ရာ အစေခံနှစ်ယောက်က ပန်းပင်ခြေရင်းမှ အပေါ်ယံမြေဆီလွှာကိုဂရုတစ်စိုက်တူးယူကြလေသည်။ ယွင်ရှီးက ဘုရားကျောင်းကို ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်နေသမျှ သခင်ကြီးကလဲ ပုခုံးပေါ်သိုလက်တစ်ဖက်ဖွဖွတင်ထားရင်း ကျန်လက်တစ်ဖက်ကိုယွင်ရှီးလက်ကိုကိုင်ထားလျှက် ထပ်ကြပ်မကွာလိုက်၍နေသည်။ အိမ်တော်မှအစေခံများအတွက်အထူးအဆန်းမဟုတ်သော်ငြား ဘုရားကျောင်းသို့ လာရောက်ကြသော ဝတ်ပြုသူတစ်ချို့ကမှု ကွက်ကြည့်ကွက်ကြည့်ဖြင့် တမင်သက်သက်ပင် ချောင်းကြည့်နေကြသည်။

သိလိုမြင်လိုသော ခံစားချက်အများစုသည်ကား ထိုချောမောခန့်ညှားသော အမျိုးသားပျိုနှစ်ယောက်၏ပတ်သက်မှုကိုသိပြီးသားဖြစ်ပေရာ မကြည့်ရမနေနိုင်အောင်ပင် မျက်စိပသာဒရှိနေလေတော့လည်း ထိုနားပတ်လည်တွင်ပင် ဝေ့ချာဝှိုက်ပတ်၍ အဖန်ဖန်လာကြည့်နေကြသည်ပင်။

ကလေးဆိုးဆိုးနိုင်လွန်းသော သခင်ကြီးသည်ကား တစ်ရှူးရှူးနှာမှုတ်လျက် လော်ယွင်ရှီး၏ ပိုးထည်ခြုံလွှာဖြူတွင်ပါသော ခေါင်းဆောင်းအမွှေးပွလေးအာ လွမ်းခြုံပေးရင်း ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပါတော့သည်။
ထိုနှင့်ပွင့်လိုဖြူဖွေးလှပချောမောသော ယောကျာ်းပျိုကသူ့အပိုင်ဖြစ်နေတာမို့ သူများတကာကိုအကြည့်တချက်ဝေမျှရမည်ကိုပင် လွန်စွာတွန့်တိုလွန်းနေရပါသည်။

လော်ယွင်ရှီးက သူ့ကိုတစ်ချက်မော့ကြည့်ရင်း ပြုံးရယ်လာတော့သည်။

"ကလေးလို..ဆိုးနေပြန်ပါပြီ.."

သူကထိုသို့ပြောရင်း ပတ်ဝန်းကျင်ကိုဆန်းစစ်လိုက်ရာ သခင်ကြီးကသူ့မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်အသာဆွဲယူရင်း မျက်နှာချင်းဆိုင်စေသည်။

"ယွင်ရှီး...ကိုယ့်ကိုပဲကြည့် မင်းကကိုယ်တစ်ဦးတည်းနဲ့ပဲဆိုင်တာ ..."

"အင်းပါ...ငါကမင်းနဲ့ပဲဆိုင်တာပါ"

"အင်း ...ကိုယ်တို့ကလက်ထပ်ထားကြတာ... ကိုယ်တို့အချင်းချင်းပိုင်ကြတယ်"

သခင်ကြီးချန်ကဆက်ပြောသည်။

"ကိုယ်တို့က တစ်သက်လုံးအတူတူနေသွားကြမှာ...ကိုယ့်တို့က...သေလဲအတူ... ရှင်လဲအတူပဲ..."

"အင်းပါ...ငါတို့ကအမြဲအတူတူရှိသွားကြမှာ"

လော်ယွင်ရှီးက သခင်ကြီးချန် မျက်နှာလေးကိုလက်ဖြင့်အသာအယာပွတ်သတ်ကာ ပြုံးလျှက်ပြန်ပြောသည်။
သူရင်ထဲမှာတော့ ပြောမထွက်သော အကြောင်းအရာတစ်ချို့က အသေအချာပင် ရှိနေခဲ့ပါသည်။

နေရောင်ခြည်က အတော်ပင်ထွက်လာလေပြီ။ နှင်းခဲလေးများလည်း အရည်ပျော်သွားကြပြီ။ ဆောင်းလေအေးအေးလေးကတော့ ပန်းရနံ့သင်းသင်းလေးကို နေရာအနှံ့သယ်ဆောင်ရင်း ပတ်ဝန်းကျင်ကို တို့ထိကြည်းစားနေလျက်။ ဂျူံးခင်းများဘက်ဆီသို့ ပျံသန်းသွားကြသော ငှက်ကလေးများသည် ကောင်းကင်ပြာလွင်လွင်ထံတွင် လှပစွာရွေ့လျားနေဆဲ။

အရာအားလုံးက...သဘာဝဆန်နေပါသည်။
အမြဲ... သဘာဝဆန်နေခဲ့တာဟာ..သမရိုးကျပင်ဖြစ်ချေ၏။

Note: စကားမစပ် ကိုယ့်Wallထဲမှာ Feiyunxi one shotလေး တစ်ပုဒ်ရေးထားတယ်။ ဖတ်ပြီးဝေဖန်ပေးကြဦးနော်💙။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

127K 13.1K 51
-من هەڵەم نەکرد بچکۆلەکەم، من تەنیا خۆشم ویستی... -تاک و تەنیا ئاواتی من داهاتووێک بوو لەگەڵ تۆ~ -عەشقی من بۆتۆ ئەو ئۆقیانووسە قوڵەیە کە دەمەوێ تێیدا...
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
41.5K 6K 39
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
153K 8.2K 17
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။