Love Between Serpent Beastman...

By imyourhlaing12

178K 36.2K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္

2.5K 571 29
By imyourhlaing12

🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤

(Unicode)

ရှုရှုဝယ်ပေးထားသော စျေးအပေါဆုံးညအိပ်ဝတ်စုံနှင့် အက်ဂါက ဂုဏ်သရေရှိစွာ စကားများပြောဆိုနေသည်ကို ကြည့်ကာ ရှုရှုအလွန်ကြောင်အမ်းနေလေသည်။

သူ့တပည့်က ဘယ်လိုလူမျိုးမို့လို့လဲ။ သူ့တပည့်ကအရမ်းကို ရက်စက်ပြီး အေးတိအေးစက်ဖြစ်နေတဲ့ပုံ ဘာလို့ပေါ်နေရတာလဲ။ သူ့ပုံစံက အထက်စီးဆန်တဲ့ သမ္မတတစ်ယောက်လိုပဲ။
 
"ရှုရှုလေး" အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် ရင်ဆိုင်ရစဥ် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ သူ့အချစ်ကလေးအား သူ၏တကယ့်ဘဝအကြောင်း မပြောပြဖူးသေးပေ။ သူ့အချစ်လေး စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ။ အက်ဂါက လှည့်စားနေတယ်လို့ ထင်သွားရင်ကော။ သူစိတ်ဆိုးပြီး အက်ရာကို ဂရုမစိုက်တော့ပဲ နေတော့လေမလား။

 အက်ဂါက သူကြည့်ခဲ့ဖူးသော ရုပ်ရှင်ကိုသတိရသွားလေသည်။

 ထိုနှစ်က သူ့ခမည်းတော်မှာ အလုပ်များနေပြီး တော်ဝင်ဖေဖေ၏မွေးနေ့တွင်ပင် နန်းတော်သို့ ပြန်မလာနိုင်ခဲ့ပေ။ ထို့​ကြောင့် တော်ဝင်ဖေဖေက သူ့ခမည်းတော်အစား အက်ဂါလေးကို အသည်းလေးဟုခေါ်ကာ မွေးနေ့အတွက် ရုပ်ရှင်အတူတူကြည့်စေခဲ့၏။

 ထိုရုပ်ရှင်ကို အက်ဂါ မှတ်မိနေဆဲဖြစ်လေသည်။

 ထိုရုပ်ရှင်က အင်ပါယာ၏အိမ်ရှေ့စံမင်းသားလေးက သူ၏မင်းသားဆိုသောဂုဏ်ပိုဒ်ကို ဖုံးကွယ်ကာ တာဝန်ထမ်းဆောင်နေခဲ့၏။ ထို့နောက် သာမန်မိသားစုလေးမှ လှပသည့်သားရဲတစ်ပိုင်းလူသားငယ်လေးနှင့် နှစ်ဦးသဘောတူချစ်ကြိုက်မိသွားကြ၏။ ထိုရုပ်ရှင်၏တစ်ဝက်လောက်က ချိုမြိန်ပြီး လူတိုင်းအားပြုံးရွှင်စေခဲ့သော်လည်း နောက်ပိုင်း အိမ်ရှေ့စံမင်းသား၏ ဘဝအမှန်အား သားရဲတစ်ပိုင်းလူသားလေးသိသွားချိန်တွင် သူတို့၏အချစ်ခရီးက ကြမ်းတမ်းသွားလေသည်။

သားရဲတစ်ပိုင်းလူသားလေးမှာ အိမ်ရှေ့စံမင်းသားက သူ့အားလှည့်စားနေသလို ခံစားရကာ မင်းသားနှင့်ဆက်မတွဲလိုတော့ပေ။ အိမ်ရှေ့စံမင်းသား၏ အမျိုးမျိုးအယူခံတောင်းဆိုမှုများကလည်း အလုပ်မဖြစ်ခဲ့ပေ။

 ရုပ်ရှင်၏ထိုအပိုင်းများက သူတို့နှစ်ဦးကြား နားလည်မှု လွဲမှားနေမှုများအကြောင်းသရုပ်ဖော်ထားလေသည်။ နောက်ဆုံး အိမ်ရှေ့စံမင်းသားက သားရဲတစ်ပိုင်းလူသားငယ်လေးအား ကယ်တင်ရန် ဒဏ်ရာရရှိခဲ့ပြီးမှ သားရဲတစ်ပိုင်းလူသားလေးက မင်းသားအား ခွင့်လွှတ်ခဲ့၏။ ထိုအဖြစ်အပျက်ကြောင့်သာ မဟုတ်လျှင် ထိုသားရဲတစ်ပိုင်းလူသားက အိမ်ရှေ့စံမင်းသားအား ဘယ်သောအခါမျှခွင့်လွှတ်လိမ့်မည်မဟုတ်ချေ။

 ထိုရုပ်ရှင်ကိုကြည့်နေစဥ် အချို့သော စကားကြောင်းများ၌ "အိမ်ရှေ့စံမင်းသား" ဟူသော စကားလုံးပါပြီး ထိုအချိန်ရောက်တိုင်း သူ၏တော်ဝင်ဖေဖေက ဘာကြောင့်ရယ်မသိ အဆက်မပြတ်ရယ်မောခဲ့လေသည်။ သူ့ဖေဖေ၏ရယ်မောသည့်မြင်ကွင်းကိုကြည့်ခဲ့ရသည့် အိမ်ရှေ့စံမင်းသားဘွဲ့အပ်နှင်းခံထားရသော ဆယ်နှစ်သားလေးအက်ဂါမှာ အနည်းငယ်စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုရရှိခဲ့၏။ ထိုအခါမှစ၍ရုပ်ရှင်ရုံထဲသို့ အက်ဂါမဝင်ချင်တော့သလို သားရဲတစ်ပိုင်းလူသားများနှင့် ရင်းနှီးရန်ပင်ကြောက်ရွံ့နေခဲ့ရ၏။ သူအရွယ်ရောက်လာချိန်တွင် ထိုကြောက်ရွံမှုအား သူ၏ရင်ဘတ်ရှိအနက်ရှိုင်းဆုံးနေရာထဲ သိမ်းဆည်းကာ မေ့ပျောက်သွားခဲ့သော်လည်း ယခုခဏလေးအတွင်း ထိုရုပ်ရှင်ထဲမှအကြောင်းများ သတိရလာခဲ့၏။

အက်ဂါက သူ၏ကောင်းလွန်းလှသော ဉာဏ်ကိုပင် မုန်းတီးမိသွားလေသည်။

 သူရဲ့လက်ရှိအခြေအနေက ရုပ်ရှင်ထဲက အိမ်ရှေ့မင်းသားနဲ့တော်တော်တူနေတယ်။ ဘယ်လိုတောင် ကံဆိုးပြီး သူကိုယ်တိုင်က ဒီလိုကြုံနေတယ်လို့...။

သို့သော်လည်း သားရဲတစ်ပိုင်းလူသားငယ်လေးတစ်ယောက်ကို မည်သို့ချော့မြူရမှန်း အက်ဂါအမှန်ပင် မသိချေ။

 အက်ဂါက ဘာမှမခံစားရသလို တည်ငြိမ်စွာရပ်နေသော်လည်း သူ၏စိတ်ထဲတွင် ပူပန်သောကရောက်နေရှာလေသည်။

 "ခင်ဗျားက တကယ်ပဲဘယ်သူကြီးလဲ..." ရှုရှုက အက်ဂါအား အချိန်အကြာကြီးစိုက်ကြည့်နေပြီးမှ မေးလိုက်၏။

 "ကိုယ်...ကိုယ်က...." အက်ဂါက တရုတ်စကားဖြင့် "အိမ်ရှေ့စံမင်းသား" ဆိုသောစကားလုံးကို မသိချေ။ သားရဲတစ်ပိုင်းလူသားလေးက လူကြားထဲ သူ့အား လူလိမ်ဟုဆိုကာ စိတ်ဆိုးဒေါသထွက်သွားမည်ကိုလည်း မလိုချင်ပေ။ ထို့ကြောင့် ရှုရှုအားကြည့်ကာ ပြောလိုက်၏။ "ကိုယ်တို့ အရင်ပြန်ကြရအောင်လေနော်..."

သားရဲတစ်ပိုင်းလူသားလေးက သူ့ကိုမအော်ပဲ သူနဲ့အတူတူပြန်လိုက်လာလောက်မှာပါနော်...။

 "အ့....ဟုတ်ပြီလေ...ကျွန်တော်ဗိုက်ဆာတယ်" ရှုရှုကချက်ချင်းပင် ပြန်ဖြေ၏။ သူက အက်ဂါ၏ဘဝအမှန်ကိုသိချင်သော်လည်း ဘယ်အရာမျှ သူ၏အစားအစာများလောက် အရေးမပါပေ။ အက်ဂါ၏ပုံစံအရ ပြောပြချင်နေသော်လည်း မည်သို့ပြောပြရမည်မှန်း မသိသည့်ဟန်ပေါ်၏။ ထိုသို့ဆိုမှတော့ အိမ်ကိုအရင်ပြန်ရောက်မှ ဆက်ပြောလည်းအဆင်ပြေလေသည်။

 ဒဏ္ဍာရီလာသားရဲတစ်ကောင်အနေနှင့် အက်ဂါက သူ့ကိုယ်သူကာကွယ်နိုင်ရန် တောထဲတွင် ကိုယ့်ဝမ်းစာကိုယ်ရှာခဲ့ရဟန်တူသည်။ ရှုရှုကြည့်ဖူးသော တီဗွီဒရမ်မာကားများထဲကလို သူ၏မြွေကြီးလည်း အလွန်ဆိုးဝါးသော အတိတ်ကိုပိုင်ဆိုင်ခဲ့ရဟန်တူ၏။

 ရှုရှုက အက်ဂါကို သနားသလိုကြည့်ကာ သူ၏ဗိုက်လေးကို သနားစဖွယ်အမူအယာလေးနှင့် ကိုင်လိုက်၏။ "ကျွန်တော် ခင်ဗျားအတွက်ယူလာခဲ့တဲ့ အရသာရှိတဲ့အစားအစာတွေကို ခင်ဗျားမစားလိုက်ရဘူးနော်။ အဲ့ဒီအစား ခင်ဗျားမိုးကြိုးဒဏ်ခံယူခဲ့ရတယ်...အခုတော့ အဲ့ဒီအစားအစာတွေက မကောင်းတော့ဘူး... နှမျောစရာကြီး... .."

 အက်ဂါကလည်း ရှုရှုသူ့အတွက် အထူးသယ်ဆောင်လာပေးသော အစားအစာများကို ဂျယ်လီနင်နေခြင်းကြောင့် မစားလိုက်ရသည့်အတွက် တကယ့်ကိုနှမြောစရာကောင်းသည်ဟုထင်မိလေသည်။ ထို့ကြောင့် ဂျက်စတင်အားလှည့်ကြည့်ကာ အက်ဂါမေးလိုက်၏။ "ဘုရင်ခံကြီး...ခင်ဗျားမှာ အားတဲ့အကူတစ်ယောက်လောက်များရှိသလား။ ကျုပ်ကို ကူညီဖို့တစ်ယောက်ယောက်လိုအပ်နေလို့"

 "သိပ်ရှိတာပေါ့..." ဂျက်စတင်က သူ၏အနောက်နားမှ အတွင်းရေးမှူးအားခေါ်လိုက်၏။ "ဒါက ကျွန်​တော်မျိုးရဲ့ အတွင်းရေးမှူးပါ..။ သူကအရမ်းတော်တယ်..။ ဒါကြောင့် အရှင့်သားကို ကောင်းကောင်းကူညီပေးနိုင်မှာပါ..."

"ကျေးဇူးအများကြီး တင်ပါတယ်" အက်ဂါက ဂျက်စတင်အား ကျေးဇူးတင်စကားပြောကာ အတွင်းရေးမှူးအား မုန့်ဝယ်ခြင်းဟူသည့် အရေးကြီးကိစ္စအား လုပ်ခိုင်းလိုက်တော့၏။
" အရသာအမျိုးမျိုးရှိတဲ့ မုန့်ထုပ်တွေကို ဝယ်ခဲ့။ ပြီးတော့ အခွံမာသီးလိုမျိုးအရာတွေတွေ့ရင် ပိုပြီးများများ ဝယ်ခဲ့ပေးပါ" သူ့အချစ်လေးက အခွံမာသီးအစေ့လေးများကို ဝါးနေရခြင်းအားကြိုက်သည့်ဟန်ပေါ်၏။ သို့သော်လည်း တောထဲတွင် သစ်အယ်စေ့မှလွဲ၍အခြားအခွံမာသီးများများစားစား မရှိချေ။

"အရှင့်သား..ကျွန်တော်အခုပဲသွားဝယ်လိုက်ပါ့မယ်" အတွင်းရေးမှူးလေးက အပြေးလေးသွားကာ မုန့်ဝယ်ထွက်တော့၏။

 ရှုရှုက "မုန့်ထုပ်"ဆိုသော စကားလုံးကိုသာ နားလည်ပြီး အက်ဂါ့အားပျော်ရွှင်စွာ မေးမြန်းလိုက်လေသည်။" ခင်ဗျားက ကျွန်တော့်အတွက် မုန့်ဝယ်ပေးမလို့လား။ ခင်ဗျားက ချမ်းသာလားဟင်"

 "အွန်းးအမှန်ပဲ ကိုယ်က ချမ်းသာတယ်" အက်ဂါကလည်း တက်တက်ကြွကြွပြန်ဖြေ၏။

 "ခင်ဗျားက တကယ့်ကိုအကောင်းဆုံးပဲ" ရှုရှုက သူ၏ရှေ့မှ ကိုလူချောကြီးအားကြည့်လေလေ ပိုပြီးစိတ်ကျေနပ်မိလေလေ ဖြစ်လာ၏။

 သူ့တပည့်က လူဖြစ်သွားရုံသာမက ပိုက်ဆံလည်းရှိသည့်အပြင် သူ့အတွက်ပါမုန့်ဝယ်ပေးနေသည်။ ဟီးဟီး..အဲ့တာသူနေ့ကော၊ညကော တောင့်တခဲ့ရတဲ့ ပိုင်ရှင်ကြီး....ဟုတ်သေးပါဘူး....တပည့်ကြီး...။

 အခြားသော ကိစ္စဝစ္စများအား ရှုရှုအရေးမလုပ်ပေါင်။ "မုန့်တွေက ဘယ်တော့ရောက်မှာလဲဟင်"

 "ကိုယ်တို့အိမ်ကို ခဏလေးအတွင်း လာပို့ပေူမှာတဲ့" အက်ဂါကလည်း ပြန်ဖြေ၏။

"ဒါဆို အိမ်ကိုမြန်မြန်ပြန်ကြမယ်လေ" ရှုရှုကလည်း ချက်ချင်းပြန်ပြော၏။

မျှော်လင့်ထားသလိုပင် ဂျက်စတင်၏အတ်ိင်းရေးမှူးလေးက အလွန်တော်ပြီးလုပ်နိုင်စွမ်းရှိ၏။ အက်ဂါနှင့် ရှုရှုတို့လေယာဥ်စီးကာ အိမ်သို့ပြန်ရောက်စဥ် အထုပ်ကြီးအထုပ်ငယ်ဖြင့် အတွင်းရေးမှူးလေးက အခြားလေယာဥ်ပေါ်မှ ဆင်းလာလေ၏။(TN- လေယာဥ်ဆိုလို့....ကားတွေလိုမျိုး အသေးစားလေးလို့မှတ်ပေးကြပါ။ အနာဂတ်ခေတ်ကြီးထဲရောက်နေတာမို့လေ😂)

အက်ဂါနှင့်ရှုရှုဆီသို့ မစ်စတာအတွင်းရေးမှူးလေးမှာ အမောတကာပြေးလာကာ ပြုံးလျင်ပြောလိုက်၏။ "အရှင့်သား...မုန့်တွေဝယ်ခဲ့ပါပြီ။ ဝယ်တဲ့အချိန်က နည်းနေတော့ မုန့်တစ်ချို့ပဲဝယ်ခဲ့နိုင်တယ်"

 "အိုးးးကျေးဇူးပါပဲ" အက်ဂါက မုန့်ထုပ်များကိုယူကာ ပြောလိုက်လေသည်။

 "အာ...ရပါတယ်ဗျာ" အတွင်းရေးမှူးလေးက ခပ်မြန်မြန်ပြန်ပြောလိုက်၏။ လူနှစ်ဦးအိမ်ထဲဝင်သွားသည်ကို ကြည့်ပြီးမှ အတွင်းရေးမှူးလေးက နောက်တစ်ကျော့ မုန့်ဝယ်ထွက်ပြန်သည်။ သူကလူကြိုက်များသော မုန့်တစ်ချို့အား တစ်စုံတစ်ယောက်၏အကူအညီဖြင့် ဝယ်ယူပေးခဲ့၏။ ယခုအခေါက်တော့ သူကိုယ်တိုင် ထူးခြားသည့်မုန့်ထုပ်များကို ရွေးဝယ်ပေးရမည်။

 ရှုရှုက အိမ်ထဲရောက်ရောက်ချင်း အက်ဂါ၏လက်ထဲမှအထုပ်များအား ဖြည်ကာ မုန့်စားဖို့လုပ်တော့၏။ သူက မုန့်စားရင်း သူ၏အစာအိတ်လေးထဲလည်း ထည့်သိမ်းထားပြန်၏။

မုန့်တကြွပ်ကြွပ်စားရင်း ရှုရှုက အက်ဂါ့အားကြည့်ကာ မေးလိုက်၏။ "ဟုတ်သားပဲ...ခင်ဗျားဘယ်သူလဲဆိုတာ မပြောပြရသေးဘူးနော်..။ ခင်ဗျားက တကယ်ပဲဘယ်သူလဲ"

​ရှောင်ကွင်း၍မရနိုင်သည့်အတွက် အက်ဂါက အနည်းငယ်သုန်မှုံနေတော့၏။

 အက်ဂါက ဘာသာစကားများစွာလေ့လာဖူးသော်လည်း ရှုရှုနှင့်ပြောဆိုရာတွင် အခက်အခဲရှိလေသည်။ ထို့ကြောင့်အက်ဂါက လိုင်းပေါ်တက်ကာ ဗီဒီယိုအချို့အားရှာလိုက်၏။ ထိုဗီဒီယိုများအား တီဗွီနှင့်ချိတ်ဆက်လိုက်ပြီး ရှုရှု့အားတစ်ပိုဒ်ပြီးတစ်ပိုဒ်ကြည့်ခိုင်းတော့၏။

 ထိုဗီဒီယိုများတွင် တော်ဝင်မိသားစုအကြောင်းရိုက်ကူးထားသည့် မှတ်တမ်းတင်ရုပ်ရှင်များ၊ အက်ဂါ၏ယခင်က လုပ်ဆောင်မှုများ နှင့် ကလေးများအတွက် ပညာရေးအသိပေးဗီဒီယိုအချို့ပါဝင်လေသည်။ သူ့အချစ်လေးက ဉာဏ်အလွန်ကောင်း၍ ထိုဗီဒီယိုများကြည့်ပြီးပါက အက်ဂါမည်သူမည်ဝါဖြစ်​ကြောင်းသိသွားလိမ့်မည်ဟု အက်ဂါယုံကြည်၏။

 ထိုအချိန်အတွင်း အက်ဂါက....

 "ရှုရှုလေး....ကိုယ်တောထဲပြန်သွားပြီး ဂူထဲယူစရာ၊ဘာညာရှိသေးလားသွားကြည့်လိုက်ဦးမယ်"

"အမ်...." ရှုရှုက ဇဝေဇဝါဖြစ်ကာ အသံလေးသာပြုလိုက်၏။ သူတို့တောထဲက လိုအပ်တဲ့ ပစ္စည်းတွေအကုန်သယ်ခဲ့သလားလို့..။ ဒါကို အက်ဂါက ဘာသွားကြည့်ချင်နေသေးရတာလဲ...။ အာ..ဟုတ်သားပဲ...။ မြွေကြီးအဖြစ်နဲ့အက်ဂါက သူ့ကိုမီးခြစ်ပေးဖူးတယ်ဆိုမှတော့..အက်ဂါ့မှာဖွက်ထားတဲ့ပစ္စည်း​တွေ ရှိသေးရင်ရှိသေးဦးမှာ။

တပည့်ကြီးး...မင်းပဲသွား...ဒီဆရာက မုန့်စားပြီး တီဗွီကြည့်လိုက်ဦးမယ် ဟူသောအမူအယာနှင့်  ရှုရှုက လက်ကိုဝေ့ယမ်းပြကာ သွားခွင့်ပြုလိုက်၏။ မုန့်စားခြင်းနှင့် တီဗွီကြည့်ခြင်းက ရှုရှုအကြိုက်ဆုံးအရာများဖြစ်လေသည်။

 အက်ဂါ၏နှလုံးသားလေးမှာ လစ်ဟာသွားသလိုခံစားလိုက်ရ၏။

 အက်ဂါကအမှန်ပင် သူပိုင်သည့်အရာများအား ပြန်ယူချင်၍ဖြစ်၏။ သူဂတ်စ်ဂြိုဟ်ကို သူ၏ကိုယ်ပိုင်စက်ရုပ်ယာဥ်ပျံနှင့်အတူ ကျရောက်ခဲ့ခြင်းဖြစ်၏။ သူ၏စက်ရုပ်ယာဥ်ပျံက စုတ်ပြတ်သပ်ကာ ပျက်စီးနေသော်လည်း ၎င်း၏ကုန်ကြမ်းပစ္စည်းများက အကောင်းဆုံးအရာများဖြစ်၍ နောက်တစ်ခုတည်ဆောက်ရာ၌ သုံးနိုင်ဆဲဖြစ်၏။

ယခင် မြွေကြီးဖြစ်နေစဥ် သူ၏ဘဝအမှန်အားသိသွားကြမည်စိုး၍ အက်ဂါက စက်ရုပ်ယာဥ်ပျံကြီးအား မသယ်ခဲ့ပေ။ ယခုတော့ အခြေအနေလည်းကွာခြားခဲ့ပြီဖြစ်၍ စက်ရုပ်ယာဥ်ပျံအား ပြန်လာသယ်ခြင်းဖြစ်၏။ ထို့အပြင် သူနှင့်ရှုရှုတို့၏အတူတူသုံးစွဲခဲ့သော ပစ္စည်းများလည်း ဂူထဲတွင်ရှိနေသေးဆဲဖြစ်ကာ အက်ဂါက အကုန်ပြန်သယ်ဖို့ဆန္ဒရှိလေသည်။

အက်ဂါက ဟယ်လီကော်ပတာပေါ်ထိုင်လျက်  နှစ်တစ်ဝက်ကြာနေထိုင်ခဲ့သော နေရာသို့လာနေစဥ်  လွန်ခဲ့​သောဘဝတစ်သက်တာတုံးက ဖြစ်ပျက်ခဲ့သည်ဟုပင် ထင်လာလေသည်။ သူက သားရဲတစ်ပိုင်းလူသားငယ်လေးအား ပို့ပေးပြီး ဤနေရာတွင် ဘဝတစ်သက်တာလုံးနေရတော့မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူတကယ်ပဲ ဤနေရာမှစွန့်ခွာနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 "အရှင့်သားက ဒီနေရာမှာ လွန်ခဲ့တဲ့ခြောက်လလုံးလုံး နေခဲ့ရတာလား" ဂျွန်းက ပတ်ပတ်လည်အားကြည့်ကာ စိတ်ရှုပ်နေသလိုခံစားနေရ၏။ အက်ဂါပျောက်ဆုံးသွားမှန်း ဂျွန်းသိသော်လည်း ပျောက်ဆုံးနေသောမင်းသားက ဤဂြိုဟ်မှ တောထဲတွင်ရောက်နေလိမ့်မည်ဟု သူလုံးဝမထင်ခဲ့မိပေ။

 "ဟုတ်တယ်" အက်ဂါက ခေါင်းညိတ်လျက်ဆို၏။ သူက ရှုရှု၏ဂူလေးထဲဝင်ကာ ရှုရှုသူ့အတွက်လုပ်ပေးထားသည့် သစ်သားဇလုံကြီး၊ သစ်သားတူ၊ ရှုရှုချက်ပြုတ်နေကျ ကျောက်တုံးအိုးလေးနှင့် အခြားပစ္စည်းအစုံအား သူ၏သိုလှောင်နေရာထဲထည့်သိမ်းကာ ဂူတစ်ခုလုံးအလွတ်နီးနီးထားခဲ့လိုက်၏။

 အက်ဂါက အမူအယာမဲ့စွာဖြင့် ပစ္စည်းများသိမ်းနေသည်ကိုကြည့်ကာ ဂျွန်းက စိတ်မသက်သာသလိုဖြစ်နေရ၏။

ရှုရှု၏ဂူထဲမှ ပစ္စည်းများအားသိမ်းပြီးနောက် သူနေခဲ့ဖူးသော တောင်ကြားထဲမှ ဂူဆီ အက်ဂါတစ်ချက်သွားကြည့်လိုက်၏။

 သားရဲတစ်ပိုင်းလူသားလေးက သူ့အား ဤဂူဆီမပြန်ခိုင်း၍ အက်ဂါတစ်ခါမှ မပြန်ခဲ့ပေ။ ယခုတော့ ဤနေရာကိုစွန့်ခွာတော့မည်ဖြစ်၍ သူနေထိုင်ခဲ့ဖူးသော ဂူလေးအားသွားကြည့်ချင်စိတ်ပေါ်လာခဲ့လေသည်။

ထိုဂူထဲတွင် အမှောင်မိုက်ဆုံးနှင့် အနာကျင်ရဆုံး နေ့ရက်များကိုဖြတ်သန်းခဲ့ဖူး၍ ထိုဂူအား အက်ဂါက အမှတ်တရများထဲမှ တစ်ခုအဖြစ်သတ်မှတ်ထားလေသည်။

 အက်ဂါက ဂူအပြင်ဘက်တွင် တစ်ကိုယ်တည်းရပ်နေမိ၏။ သူက ငုံ့ကိုင်းကာ ဂူထဲဝင်ရန်ပြင်လိုက်စဥ်....သူ၏ဂူအဟောင်းမှာ သူ့အချစ်လေး၏အနံ့များနှင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။

 သူ့အချစ်လေးက သူ့ကိုဒီဂူထဲမပြန်စေချင်တာ...မထူးဆန်းတော့ပါဘူး။ ညသန်းခေါင်မှာ အိမ်သာသွားဖို့ အပြင်လည်းမထွက်တော့သလို သူ့ကိုလည်းမနင်းမိတော့တာ မထူးဆန်းတော့ပါဘူး...။ သူ့ရဲ့ဂူက သူ့အချစ်လေးရဲ့အိမ်သာတွင်းဖြစ်နေတာကိုးးး။

 အက်ဂါ၏ နှုတ်ခမ်းထောင့်လေးက မသိမသာကော့တက်သွားရ၏။ ထို့နောက် ရေကန်ဆီသွားကာ ရေထဲသို့ခုန်ချလိုက်တော့၏။

  ရေကန်လေးထဲတွင် ငါးလေးများကူးခတ်နေကြပြီး ရေကန်၏အောက်ခြေတွင် ပျက်စီးနေသော စက်ရုပ်ယာဥ်ပျံကြီးရှိလေသည်။

ရေကန်၏ကြမ်းပြင်အောက်မှ စက်ရုပ်ယာဥ်ပျံအားဆယ်ထုတ်ကာ ရေခြောက်​အောင်ဂရုတစိုက် သုတ်လိုက်ပြီး သိုလှောင်နေရာထဲသို့ထည့်လိုက်၏။

ထိုစက်ရုပ်ယာဥ်ပျံက အက်ဂါ့အားနှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့၍ အနာဂတ်တွင်လည်း အဖော်ပြုပေးနိုင်အောင် အက်ဂါပြန်ပြင်ဆင်ရန် ယူသွားရမည်။

 အက်ဂါက သယ်ချင်သမျှပြန်ယူခဲ့ပြီးနောက် တစ်ခဏစဥ်းစားကာ ရစ်ငှက်နှစ်ကောင်ဖမ်းလိုက်၏။ သားရဲတစ်ပိုင်းလူသားလေးအား ပထမဆုံးပေးခဲ့သည့်လက်ဆောင်မှာ ရစ်ငှက်တစ်ကောင်ဖြစ်ပြီး ရှုရှုကလည်း ကြိုက်နှစ်သက်လေသည်။ ထို့ကြောင့် ဤရစ်ငှက်နှစ်ကောင်အားသုံးကာ ရှုရှု့အားတောင်းပန်ကြည့်လျှင် ရနိုင်မည်ဟု အက်ဂါထင်မိလေသည်။

အရပ်ရှည်ပြီးချောမောလှသော အိမ်ရှေ့စံမင်းသားက ခက်ထန်သောအသွင်အပြင်နှင့် တောင်ပံတစ်ဖျတ်ဖျတ်ခတ်နေဆဲ ရစ်ငှက်နှစ်ကောင်အားကိုင်လျက် ဟယ်လီကော်ပတာပေါ် တက်ကာ အေးစက်စက်အမိန့်ပေးလိုက်၏။ "ပြန်မယ်"

..............🐍🐍🐍🐍🐍🐍🐍...............

5.9.2021

🐤💩အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္ဂါေတြ႕သြားၿပီ💩🐤

(Zawgyi )

ရႈရႈဝယ္ေပးထားေသာ ေစ်းအေပါဆုံးညအိပ္ဝတ္စုံႏွင့္ အက္ဂါက ဂုဏ္သေရရွိစြာ စကားမ်ားေျပာဆိုေနသည္ကို ၾကည့္ကာ ရႈရႈအလြန္ေၾကာင္အမ္းေနေလသည္။

သူ႕တပည့္က ဘယ္လိုလူမ်ိဳးမို႔လို႔လဲ။ သူ႕တပည့္ကအရမ္းကို ရက္စက္ၿပီး ေအးတိေအးစက္ျဖစ္ေနတဲ့ပုံ ဘာလို႔ေပၚေနရတာလဲ။ သူ႕ပုံစံက အထက္စီးဆန္တဲ့ သမၼတတစ္ေယာက္လိုပဲ။
 
"ရႈရႈေလး" အက္ဂါက သားရဲတစ္ပိုင္းလူသားငယ္ေလးႏွင့္ ရင္ဆိုင္ရစဥ္ အနည္းငယ္ စိတ္လႈပ္ရွားေနမိ၏။ သူ႕အခ်စ္ကေလးအား သူ၏တကယ့္ဘဝအေၾကာင္း မေျပာျပဖူးေသးေပ။ သူ႕အခ်စ္ေလး စိတ္ဆိုးသြားရင္ ဘယ္လိုလုပ္မလဲ။ အက္ဂါက လွည့္စားေနတယ္လို႔ ထင္သြားရင္ေကာ။ သူစိတ္ဆိုးၿပီး အက္ရာကို ဂ႐ုမစိုက္ေတာ့ပဲ ေနေတာ့ေလမလား။

 အက္ဂါက သူၾကည့္ခဲ့ဖူးေသာ ႐ုပ္ရွင္ကိုသတိရသြားေလသည္။

 ထိုႏွစ္က သူ႕ခမည္းေတာ္မွာ အလုပ္မ်ားေနၿပီး ေတာ္ဝင္ေဖေဖ၏ေမြးေန႕တြင္ပင္ နန္းေတာ္သို႔ ျပန္မလာနိုင္ခဲ့ေပ။ ထို႔​ေၾကာင့္ ေတာ္ဝင္ေဖေဖက သူ႕ခမည္းေတာ္အစား အက္ဂါေလးကို အသည္းေလးဟုေခၚကာ ေမြးေန႕အတြက္ ႐ုပ္ရွင္အတူတူၾကည့္ေစခဲ့၏။

 ထို႐ုပ္ရွင္ကို အက္ဂါ မွတ္မိေနဆဲျဖစ္ေလသည္။

 ထို႐ုပ္ရွင္က အင္ပါယာ၏အိမ္ေရွ႕စံမင္းသားေလးက သူ၏မင္းသားဆိုေသာဂုဏ္ပိုဒ္ကို ဖုံးကြယ္ကာ တာဝန္ထမ္းေဆာင္ေနခဲ့၏။ ထို႔ေနာက္ သာမန္မိသားစုေလးမွ လွပသည့္သားရဲတစ္ပိုင္းလူသားငယ္ေလးႏွင့္ ႏွစ္ဦးသေဘာတူခ်စ္ႀကိဳက္မိသြားၾက၏။ ထို႐ုပ္ရွင္၏တစ္ဝက္ေလာက္က ခ်ိဳၿမိန္ၿပီး လူတိုင္းအားၿပဳံး႐ႊင္ေစခဲ့ေသာ္လည္း ေနာက္ပိုင္း အိမ္ေရွ႕စံမင္းသား၏ ဘဝအမွန္အား သားရဲတစ္ပိုင္းလူသားေလးသိသြားခ်ိန္တြင္ သူတို႔၏အခ်စ္ခရီးက ၾကမ္းတမ္းသြားေလသည္။

သားရဲတစ္ပိုင္းလူသားေလးမွာ အိမ္ေရွ႕စံမင္းသားက သူ႕အားလွည့္စားေနသလို ခံစားရကာ မင္းသားႏွင့္ဆက္မတြဲလိုေတာ့ေပ။ အိမ္ေရွ႕စံမင္းသား၏ အမ်ိဳးမ်ိဳးအယူခံေတာင္းဆိုမႈမ်ားကလည္း အလုပ္မျဖစ္ခဲ့ေပ။

 ႐ုပ္ရွင္၏ထိုအပိုင္းမ်ားက သူတို႔ႏွစ္ဦးၾကား နားလည္မႈ လြဲမွားေနမႈမ်ားအေၾကာင္းသ႐ုပ္ေဖာ္ထားေလသည္။ ေနာက္ဆုံး အိမ္ေရွ႕စံမင္းသားက သားရဲတစ္ပိုင္းလူသားငယ္ေလးအား ကယ္တင္ရန္ ဒဏ္ရာရရွိခဲ့ၿပီးမွ သားရဲတစ္ပိုင္းလူသားေလးက မင္းသားအား ခြင့္လႊတ္ခဲ့၏။ ထိုအျဖစ္အပ်က္ေၾကာင့္သာ မဟုတ္လွ်င္ ထိုသားရဲတစ္ပိုင္းလူသားက အိမ္ေရွ႕စံမင္းသားအား ဘယ္ေသာအခါမွ်ခြင့္လႊတ္လိမ့္မည္မဟုတ္ေခ်။

 ထို႐ုပ္ရွင္ကိုၾကည့္ေနစဥ္ အခ်ိဳ႕ေသာ စကားေၾကာင္းမ်ား၌ "အိမ္ေရွ႕စံမင္းသား" ဟူေသာ စကားလုံးပါၿပီး ထိုအခ်ိန္ေရာက္တိုင္း သူ၏ေတာ္ဝင္ေဖေဖက ဘာေၾကာင့္ရယ္မသိ အဆက္မျပတ္ရယ္ေမာခဲ့ေလသည္။ သူ႕ေဖေဖ၏ရယ္ေမာသည့္ျမင္ကြင္းကိုၾကည့္ခဲ့ရသည့္ အိမ္ေရွ႕စံမင္းသားဘြဲ႕အပ္ႏွင္းခံထားရေသာ ဆယ္ႏွစ္သားေလးအက္ဂါမွာ အနည္းငယ္စိတ္ပိုင္းဆိုင္ရာ ထိတ္လန့္မႈရရွိခဲ့၏။ ထိုအခါမွစ၍႐ုပ္ရွင္႐ုံထဲသို႔ အက္ဂါမဝင္ခ်င္ေတာ့သလို သားရဲတစ္ပိုင္းလူသားမ်ားႏွင့္ ရင္းႏွီးရန္ပင္ေၾကာက္႐ြံ႕ေနခဲ့ရ၏။ သူအ႐ြယ္ေရာက္လာခ်ိန္တြင္ ထိုေၾကာက္႐ြံမႈအား သူ၏ရင္ဘတ္ရွိအနက္ရွိုင္းဆုံးေနရာထဲ သိမ္းဆည္းကာ ေမ့ေပ်ာက္သြားခဲ့ေသာ္လည္း ယခုခဏေလးအတြင္း ထို႐ုပ္ရွင္ထဲမွအေၾကာင္းမ်ား သတိရလာခဲ့၏။

အက္ဂါက သူ၏ေကာင္းလြန္းလွေသာ ဉာဏ္ကိုပင္ မုန္းတီးမိသြားေလသည္။

 သူရဲ႕လက္ရွိအေျခအေနက ႐ုပ္ရွင္ထဲက အိမ္ေရွ႕မင္းသားနဲ႕ေတာ္ေတာ္တူေနတယ္။ ဘယ္လိုေတာင္ ကံဆိုးၿပီး သူကိုယ္တိုင္က ဒီလိုႀကဳံေနတယ္လို႔...။

သို႔ေသာ္လည္း သားရဲတစ္ပိုင္းလူသားငယ္ေလးတစ္ေယာက္ကို မည္သို႔ေခ်ာ့ျမဴရမွန္း အက္ဂါအမွန္ပင္ မသိေခ်။

 အက္ဂါက ဘာမွမခံစားရသလို တည္ၿငိမ္စြာရပ္ေနေသာ္လည္း သူ၏စိတ္ထဲတြင္ ပူပန္ေသာကေရာက္ေနရွာေလသည္။

 "ခင္ဗ်ားက တကယ္ပဲဘယ္သူႀကီးလဲ..." ရႈရႈက အက္ဂါအား အခ်ိန္အၾကာႀကီးစိုက္ၾကည့္ေနၿပီးမွ ေမးလိုက္၏။

 "ကိုယ္...ကိုယ္က...." အက္ဂါက တ႐ုတ္စကားျဖင့္ "အိမ္ေရွ႕စံမင္းသား" ဆိုေသာစကားလုံးကို မသိေခ်။ သားရဲတစ္ပိုင္းလူသားေလးက လူၾကားထဲ သူ႕အား လူလိမ္ဟုဆိုကာ စိတ္ဆိုးေဒါသထြက္သြားမည္ကိုလည္း မလိုခ်င္ေပ။ ထို႔ေၾကာင့္ ရႈရႈအားၾကည့္ကာ ေျပာလိုက္၏။ "ကိုယ္တို႔ အရင္ျပန္ၾကရေအာင္ေလေနာ္..."

သားရဲတစ္ပိုင္းလူသားေလးက သူ႕ကိုမေအာ္ပဲ သူနဲ႕အတူတူျပန္လိုက္လာေလာက္မွာပါေနာ္...။

 "အ့....ဟုတ္ၿပီေလ...ကြၽန္ေတာ္ဗိုက္ဆာတယ္" ရႈရႈကခ်က္ခ်င္းပင္ ျပန္ေျဖ၏။ သူက အက္ဂါ၏ဘဝအမွန္ကိုသိခ်င္ေသာ္လည္း ဘယ္အရာမွ် သူ၏အစားအစာမ်ားေလာက္ အေရးမပါေပ။ အက္ဂါ၏ပုံစံအရ ေျပာျပခ်င္ေနေသာ္လည္း မည္သို႔ေျပာျပရမည္မွန္း မသိသည့္ဟန္ေပၚ၏။ ထိုသို႔ဆိုမွေတာ့ အိမ္ကိုအရင္ျပန္ေရာက္မွ ဆက္ေျပာလည္းအဆင္ေျပေလသည္။

 ဒ႑ာရီလာသားရဲတစ္ေကာင္အေနႏွင့္ အက္ဂါက သူ႕ကိုယ္သူကာကြယ္နိုင္ရန္ ေတာထဲတြင္ ကိုယ့္ဝမ္းစာကိုယ္ရွာခဲ့ရဟန္တူသည္။ ရႈရႈၾကည့္ဖူးေသာ တီဗြီဒရမ္မာကားမ်ားထဲကလို သူ၏ေႁမြႀကီးလည္း အလြန္ဆိုးဝါးေသာ အတိတ္ကိုပိုင္ဆိုင္ခဲ့ရဟန္တူ၏။

 ရႈရႈက အက္ဂါကို သနားသလိုၾကည့္ကာ သူ၏ဗိုက္ေလးကို သနားစဖြယ္အမူအယာေလးႏွင့္ ကိုင္လိုက္၏။ "ကြၽန္ေတာ္ ခင္ဗ်ားအတြက္ယူလာခဲ့တဲ့ အရသာရွိတဲ့အစားအစာေတြကို ခင္ဗ်ားမစားလိုက္ရဘူးေနာ္။ အဲ့ဒီအစား ခင္ဗ်ားမိုးႀကိဳးဒဏ္ခံယူခဲ့ရတယ္...အခုေတာ့ အဲ့ဒီအစားအစာေတြက မေကာင္းေတာ့ဘူး... ႏွေမ်ာစရာႀကီး... .."

 အက္ဂါကလည္း ရႈရႈသူ႕အတြက္ အထူးသယ္ေဆာင္လာေပးေသာ အစားအစာမ်ားကို ဂ်ယ္လီနင္ေနျခင္းေၾကာင့္ မစားလိုက္ရသည့္အတြက္ တကယ့္ကိုႏွေျမာစရာေကာင္းသည္ဟုထင္မိေလသည္။ ထို႔ေၾကာင့္ ဂ်က္စတင္အားလွည့္ၾကည့္ကာ အက္ဂါေမးလိုက္၏။ "ဘုရင္ခံႀကီး...ခင္ဗ်ားမွာ အားတဲ့အကူတစ္ေယာက္ေလာက္မ်ားရွိသလား။ က်ဳပ္ကို ကူညီဖို႔တစ္ေယာက္ေယာက္လိုအပ္ေနလို႔"

 "သိပ္ရွိတာေပါ့..." ဂ်က္စတင္က သူ၏အေနာက္နားမွ အတြင္းေရးမႉးအားေခၚလိုက္၏။ "ဒါက ကြၽန္​ေတာ္မ်ိဳးရဲ႕ အတြင္းေရးမႉးပါ..။ သူကအရမ္းေတာ္တယ္..။ ဒါေၾကာင့္ အရွင့္သားကို ေကာင္းေကာင္းကူညီေပးနိုင္မွာပါ..."

"ေက်းဇူးအမ်ားႀကီး တင္ပါတယ္" အက္ဂါက ဂ်က္စတင္အား ေက်းဇူးတင္စကားေျပာကာ အတြင္းေရးမႉးအား မုန့္ဝယ္ျခင္းဟူသည့္ အေရးႀကီးကိစၥအား လုပ္ခိုင္းလိုက္ေတာ့၏။
" အရသာအမ်ိဳးမ်ိဳးရွိတဲ့ မုန့္ထုပ္ေတြကို ဝယ္ခဲ့။ ၿပီးေတာ့ အခြံမာသီးလိုမ်ိဳးအရာေတြေတြ႕ရင္ ပိုၿပီးမ်ားမ်ား ဝယ္ခဲ့ေပးပါ" သူ႕အခ်စ္ေလးက အခြံမာသီးအေစ့ေလးမ်ားကို ဝါးေနရျခင္းအားႀကိဳက္သည့္ဟန္ေပၚ၏။ သို႔ေသာ္လည္း ေတာထဲတြင္ သစ္အယ္ေစ့မွလြဲ၍အျခားအခြံမာသီးမ်ားမ်ားစားစား မရွိေခ်။

"အရွင့္သား..ကြၽန္ေတာ္အခုပဲသြားဝယ္လိုက္ပါ့မယ္" အတြင္းေရးမႉးေလးက အေျပးေလးသြားကာ မုန့္ဝယ္ထြက္ေတာ့၏။

 ရႈရႈက "မုန့္ထုပ္"ဆိုေသာ စကားလုံးကိုသာ နားလည္ၿပီး အက္ဂါ့အားေပ်ာ္႐ႊင္စြာ ေမးျမန္းလိုက္ေလသည္။" ခင္ဗ်ားက ကြၽန္ေတာ့္အတြက္ မုန့္ဝယ္ေပးမလို႔လား။ ခင္ဗ်ားက ခ်မ္းသာလားဟင္"

 "အြန္းးအမွန္ပဲ ကိုယ္က ခ်မ္းသာတယ္" အက္ဂါကလည္း တက္တက္ႂကြႂကြျပန္ေျဖ၏။

 "ခင္ဗ်ားက တကယ့္ကိုအေကာင္းဆုံးပဲ" ရႈရႈက သူ၏ေရွ႕မွ ကိုလူေခ်ာႀကီးအားၾကည့္ေလေလ ပိုၿပီးစိတ္ေက်နပ္မိေလေလ ျဖစ္လာ၏။

 သူ႕တပည့္က လူျဖစ္သြား႐ုံသာမက ပိုက္ဆံလည္းရွိသည့္အျပင္ သူ႕အတြက္ပါမုန့္ဝယ္ေပးေနသည္။ ဟီးဟီး..အဲ့တာသူေန႕ေကာ၊ညေကာ ေတာင့္တခဲ့ရတဲ့ ပိုင္ရွင္ႀကီး....ဟုတ္ေသးပါဘူး....တပည့္ႀကီး...။

 အျခားေသာ ကိစၥဝစၥမ်ားအား ရႈရႈအေရးမလုပ္ေပါင္။ "မုန့္ေတြက ဘယ္ေတာ့ေရာက္မွာလဲဟင္"

 "ကိုယ္တို႔အိမ္ကို ခဏေလးအတြင္း လာပို႔ေပူမွာတဲ့" အက္ဂါကလည္း ျပန္ေျဖ၏။

"ဒါဆို အိမ္ကိုျမန္ျမန္ျပန္ၾကမယ္ေလ" ရႈရႈကလည္း ခ်က္ခ်င္းျပန္ေျပာ၏။

ေမွ်ာ္လင့္ထားသလိုပင္ ဂ်က္စတင္၏အတ္ိင္းေရးမႉးေလးက အလြန္ေတာ္ၿပီးလုပ္နိုင္စြမ္းရွိ၏။ အက္ဂါႏွင့္ ရႈရႈတို႔ေလယာဥ္စီးကာ အိမ္သို႔ျပန္ေရာက္စဥ္ အထုပ္ႀကီးအထုပ္ငယ္ျဖင့္ အတြင္းေရးမႉးေလးက အျခားေလယာဥ္ေပၚမွ ဆင္းလာေလ၏။(TN- ေလယာဥ္ဆိုလို႔....ကားေတြလိုမ်ိဳး အေသးစားေလးလို႔မွတ္ေပးၾကပါ။ အနာဂတ္ေခတ္ႀကီးထဲေရာက္ေနတာမို႔ေလ😂)

အက္ဂါႏွင့္ရႈရႈဆီသို႔ မစ္စတာအတြင္းေရးမႉးေလးမွာ အေမာတကာေျပးလာကာ ၿပဳံးလ်င္ေျပာလိုက္၏။ "အရွင့္သား...မုန့္ေတြဝယ္ခဲ့ပါၿပီ။ ဝယ္တဲ့အခ်ိန္က နည္းေနေတာ့ မုန့္တစ္ခ်ိဳ႕ပဲဝယ္ခဲ့နိုင္တယ္"

 "အိုးးးေက်းဇူးပါပဲ" အက္ဂါက မုန့္ထုပ္မ်ားကိုယူကာ ေျပာလိုက္ေလသည္။

 "အာ...ရပါတယ္ဗ်ာ" အတြင္းေရးမႉးေလးက ခပ္ျမန္ျမန္ျပန္ေျပာလိုက္၏။ လူႏွစ္ဦးအိမ္ထဲဝင္သြားသည္ကို ၾကည့္ၿပီးမွ အတြင္းေရးမႉးေလးက ေနာက္တစ္ေက်ာ့ မုန့္ဝယ္ထြက္ျပန္သည္။ သူကလူႀကိဳက္မ်ားေသာ မုန့္တစ္ခ်ိဳ႕အား တစ္စုံတစ္ေယာက္၏အကူအညီျဖင့္ ဝယ္ယူေပးခဲ့၏။ ယခုအေခါက္ေတာ့ သူကိုယ္တိုင္ ထူးျခားသည့္မုန့္ထုပ္မ်ားကို ေ႐ြးဝယ္ေပးရမည္။

 ရႈရႈက အိမ္ထဲေရာက္ေရာက္ခ်င္း အက္ဂါ၏လက္ထဲမွအထုပ္မ်ားအား ျဖည္ကာ မုန့္စားဖို႔လုပ္ေတာ့၏။ သူက မုန့္စားရင္း သူ၏အစာအိတ္ေလးထဲလည္း ထည့္သိမ္းထားျပန္၏။

မုန့္တႂကြပ္ႂကြပ္စားရင္း ရႈရႈက အက္ဂါ့အားၾကည့္ကာ ေမးလိုက္၏။ "ဟုတ္သားပဲ...ခင္ဗ်ားဘယ္သူလဲဆိုတာ မေျပာျပရေသးဘူးေနာ္..။ ခင္ဗ်ားက တကယ္ပဲဘယ္သူလဲ"

​ေရွာင္ကြင္း၍မရနိုင္သည့္အတြက္ အက္ဂါက အနည္းငယ္သုန္မႈံေနေတာ့၏။

 အက္ဂါက ဘာသာစကားမ်ားစြာေလ့လာဖူးေသာ္လည္း ရႈရႈႏွင့္ေျပာဆိုရာတြင္ အခက္အခဲရွိေလသည္။ ထို႔ေၾကာင့္အက္ဂါက လိုင္းေပၚတက္ကာ ဗီဒီယိုအခ်ိဳ႕အားရွာလိုက္၏။ ထိုဗီဒီယိုမ်ားအား တီဗြီႏွင့္ခ်ိတ္ဆက္လိုက္ၿပီး ရႈရႈ႕အားတစ္ပိုဒ္ၿပီးတစ္ပိုဒ္ၾကည့္ခိုင္းေတာ့၏။

 ထိုဗီဒီယိုမ်ားတြင္ ေတာ္ဝင္မိသားစုအေၾကာင္းရိုက္ကူးထားသည့္ မွတ္တမ္းတင္႐ုပ္ရွင္မ်ား၊ အက္ဂါ၏ယခင္က လုပ္ေဆာင္မႈမ်ား ႏွင့္ ကေလးမ်ားအတြက္ ပညာေရးအသိေပးဗီဒီယိုအခ်ိဳ႕ပါဝင္ေလသည္။ သူ႕အခ်စ္ေလးက ဉာဏ္အလြန္ေကာင္း၍ ထိုဗီဒီယိုမ်ားၾကည့္ၿပီးပါက အက္ဂါမည္သူမည္ဝါျဖစ္​ေၾကာင္းသိသြားလိမ့္မည္ဟု အက္ဂါယုံၾကည္၏။

 ထိုအခ်ိန္အတြင္း အက္ဂါက....

 "ရႈရႈေလး....ကိုယ္ေတာထဲျပန္သြားၿပီး ဂူထဲယူစရာ၊ဘာညာရွိေသးလားသြားၾကည့္လိုက္ဦးမယ္"

"အမ္...." ရႈရႈက ဇေဝဇဝါျဖစ္ကာ အသံေလးသာျပဳလိုက္၏။ သူတို႔ေတာထဲက လိုအပ္တဲ့ ပစၥည္းေတြအကုန္သယ္ခဲ့သလားလို႔..။ ဒါကို အက္ဂါက ဘာသြားၾကည့္ခ်င္ေနေသးရတာလဲ...။ အာ..ဟုတ္သားပဲ...။ ေႁမြႀကီးအျဖစ္နဲ႕အက္ဂါက သူ႕ကိုမီးျခစ္ေပးဖူးတယ္ဆိုမွေတာ့..အက္ဂါ့မွာဖြက္ထားတဲ့ပစၥည္း​ေတြ ရွိေသးရင္ရွိေသးဦးမွာ။

တပည့္ႀကီးး...မင္းပဲသြား...ဒီဆရာက မုန့္စားၿပီး တီဗြီၾကည့္လိုက္ဦးမယ္ ဟူေသာအမူအယာႏွင့္  ရႈရႈက လက္ကိုေဝ့ယမ္းျပကာ သြားခြင့္ျပဳလိုက္၏။ မုန့္စားျခင္းႏွင့္ တီဗြီၾကည့္ျခင္းက ရႈရႈအႀကိဳက္ဆုံးအရာမ်ားျဖစ္ေလသည္။

 အက္ဂါ၏ႏွလုံးသားေလးမွာ လစ္ဟာသြားသလိုခံစားလိုက္ရ၏။

 အက္ဂါကအမွန္ပင္ သူပိုင္သည့္အရာမ်ားအား ျပန္ယူခ်င္၍ျဖစ္၏။ သူဂတ္စ္ၿဂိဳဟ္ကို သူ၏ကိုယ္ပိုင္စက္႐ုပ္ယာဥ္ပ်ံႏွင့္အတူ က်ေရာက္ခဲ့ျခင္းျဖစ္၏။ သူ၏စက္႐ုပ္ယာဥ္ပ်ံက စုတ္ျပတ္သပ္ကာ ပ်က္စီးေနေသာ္လည္း ၎၏ကုန္ၾကမ္းပစၥည္းမ်ားက အေကာင္းဆုံးအရာမ်ားျဖစ္၍ ေနာက္တစ္ခုတည္ေဆာက္ရာ၌ သုံးနိုင္ဆဲျဖစ္၏။

ယခင္ ေႁမြႀကီးျဖစ္ေနစဥ္ သူ၏ဘဝအမွန္အားသိသြားၾကမည္စိုး၍ အက္ဂါက စက္႐ုပ္ယာဥ္ပ်ံႀကီးအား မသယ္ခဲ့ေပ။ ယခုေတာ့ အေျခအေနလည္းကြာျခားခဲ့ၿပီျဖစ္၍ စက္႐ုပ္ယာဥ္ပ်ံအား ျပန္လာသယ္ျခင္းျဖစ္၏။ ထို႔အျပင္ သူႏွင့္ရႈရႈတို႔၏အတူတူသုံးစြဲခဲ့ေသာ ပစၥည္းမ်ားလည္း ဂူထဲတြင္ရွိေနေသးဆဲျဖစ္ကာ အက္ဂါက အကုန္ျပန္သယ္ဖို႔ဆႏၵရွိေလသည္။

အက္ဂါက ဟယ္လီေကာ္ပတာေပၚထိုင္လ်က္  ႏွစ္တစ္ဝက္ၾကာေနထိုင္ခဲ့ေသာ ေနရာသို႔လာေနစဥ္  လြန္ခဲ့​ေသာဘဝတစ္သက္တာတုံးက ျဖစ္ပ်က္ခဲ့သည္ဟုပင္ ထင္လာေလသည္။ သူက သားရဲတစ္ပိုင္းလူသားငယ္ေလးအား ပို႔ေပးၿပီး ဤေနရာတြင္ ဘဝတစ္သက္တာလုံးေနရေတာ့မည္ဟု ထင္ထားခဲ့သည္။ သို႔ေသာ္ သူတကယ္ပဲ ဤေနရာမွစြန႔္ခြာနိုင္လိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ေပ။

 "အရွင့္သားက ဒီေနရာမွာ လြန္ခဲ့တဲ့ေျခာက္လလုံးလုံး ေနခဲ့ရတာလား" ဂြၽန္းက ပတ္ပတ္လည္အားၾကည့္ကာ စိတ္ရႈပ္ေနသလိုခံစားေနရ၏။ အက္ဂါေပ်ာက္ဆုံးသြားမွန္း ဂြၽန္းသိေသာ္လည္း ေပ်ာက္ဆုံးေနေသာမင္းသားက ဤၿဂိဳဟ္မွ ေတာထဲတြင္ေရာက္ေနလိမ့္မည္ဟု သူလုံးဝမထင္ခဲ့မိေပ။

 "ဟုတ္တယ္" အက္ဂါက ေခါင္းညိတ္လ်က္ဆို၏။ သူက ရႈရႈ၏ဂူေလးထဲဝင္ကာ ရႈရႈသူ႕အတြက္လုပ္ေပးထားသည့္ သစ္သားဇလုံႀကီး၊ သစ္သားတူ၊ ရႈရႈခ်က္ျပဳတ္ေနက် ေက်ာက္တုံးအိုးေလးႏွင့္ အျခားပစၥည္းအစုံအား သူ၏သိုေလွာင္ေနရာထဲထည့္သိမ္းကာ ဂူတစ္ခုလုံးအလြတ္နီးနီးထားခဲ့လိုက္၏။

 အက္ဂါက အမူအယာမဲ့စြာျဖင့္ ပစၥည္းမ်ားသိမ္းေနသည္ကိုၾကည့္ကာ ဂြၽန္းက စိတ္မသက္သာသလိုျဖစ္ေနရ၏။

ရႈရႈ၏ဂူထဲမွ ပစၥည္းမ်ားအားသိမ္းၿပီးေနာက္ သူေနခဲ့ဖူးေသာ ေတာင္ၾကားထဲမွ ဂူဆီ အက္ဂါတစ္ခ်က္သြားၾကည့္လိုက္၏။

 သားရဲတစ္ပိုင္းလူသားေလးက သူ႕အား ဤဂူဆီမျပန္ခိုင္း၍ အက္ဂါတစ္ခါမွ မျပန္ခဲ့ေပ။ ယခုေတာ့ ဤေနရာကိုစြန့္ခြာေတာ့မည္ျဖစ္၍ သူေနထိုင္ခဲ့ဖူးေသာ ဂူေလးအားသြားၾကည့္ခ်င္စိတ္ေပၚလာခဲ့ေလသည္။

ထိုဂူထဲတြင္ အေမွာင္မိုက္ဆုံးႏွင့္ အနာက်င္ရဆုံး ေန႕ရက္မ်ားကိုျဖတ္သန္းခဲ့ဖူး၍ ထိုဂူအား အက္ဂါက အမွတ္တရမ်ားထဲမွ တစ္ခုအျဖစ္သတ္မွတ္ထားေလသည္။

 အက္ဂါက ဂူအျပင္ဘက္တြင္ တစ္ကိုယ္တည္းရပ္ေနမိ၏။ သူက ငုံ႕ကိုင္းကာ ဂူထဲဝင္ရန္ျပင္လိုက္စဥ္....သူ၏ဂူအေဟာင္းမွာ သူ႕အခ်စ္ေလး၏အနံ႕မ်ားႏွင့္ ျပည့္ႏွက္ေနေၾကာင္း ေတြ႕လိုက္ရ၏။

 သူ႕အခ်စ္ေလးက သူ႕ကိုဒီဂူထဲမျပန္ေစခ်င္တာ...မထူးဆန္းေတာ့ပါဘူး။ ညသန္းေခါင္မွာ အိမ္သာသြားဖို႔ အျပင္လည္းမထြက္ေတာ့သလို သူ႕ကိုလည္းမနင္းမိေတာ့တာ မထူးဆန္းေတာ့ပါဘူး...။ သူ႕ရဲ႕ဂူက သူ႕အခ်စ္ေလးရဲ႕အိမ္သာတြင္းျဖစ္ေနတာကိုးးး။

 အက္ဂါ၏ ႏႈတ္ခမ္းေထာင့္ေလးက မသိမသာေကာ့တက္သြားရ၏။ ထို႔ေနာက္ ေရကန္ဆီသြားကာ ေရထဲသို႔ခုန္ခ်လိဳက္ေတာ့၏။

  ေရကန္ေလးထဲတြင္ ငါးေလးမ်ားကူးခတ္ေနၾကၿပီး ေရကန္၏ေအာက္ေျခတြင္ ပ်က္စီးေနေသာ စက္႐ုပ္ယာဥ္ပ်ံႀကီးရွိေလသည္။

ေရကန္၏ၾကမ္းျပင္ေအာက္မွ စက္႐ုပ္ယာဥ္ပ်ံအားဆယ္ထုတ္ကာ ေရေျခာက္​ေအာင္ဂ႐ုတစိုက္ သုတ္လိုက္ၿပီး သိုေလွာင္ေနရာထဲသို႔ထည့္လိုက္၏။

ထိုစက္႐ုပ္ယာဥ္ပ်ံက အက္ဂါ့အားႏွစ္ေပါင္းမ်ားစြာ အေဖာ္ျပဳေပးခဲ့၍ အနာဂတ္တြင္လည္း အေဖာ္ျပဳေပးနိုင္ေအာင္ အက္ဂါျပန္ျပင္ဆင္ရန္ ယူသြားရမည္။

 အက္ဂါက သယ္ခ်င္သမွ်ျပန္ယူခဲ့ၿပီးေနာက္ တစ္ခဏစဥ္းစားကာ ရစ္ငွက္ႏွစ္ေကာင္ဖမ္းလိုက္၏။ သားရဲတစ္ပိုင္းလူသားေလးအား ပထမဆုံးေပးခဲ့သည့္လက္ေဆာင္မွာ ရစ္ငွက္တစ္ေကာင္ျဖစ္ၿပီး ရႈရႈကလည္း ႀကိဳက္ႏွစ္သက္ေလသည္။ ထို႔ေၾကာင့္ ဤရစ္ငွက္ႏွစ္ေကာင္အားသုံးကာ ရႈရႈ႕အားေတာင္းပန္ၾကည့္လွ်င္ ရနိုင္မည္ဟု အက္ဂါထင္မိေလသည္။

အရပ္ရွည္ၿပီးေခ်ာေမာလွေသာ အိမ္ေရွ႕စံမင္းသားက ခက္ထန္ေသာအသြင္အျပင္ႏွင့္ ေတာင္ပံတစ္ဖ်တ္ဖ်တ္ခတ္ေနဆဲ ရစ္ငွက္ႏွစ္ေကာင္အားကိုင္လ်က္ ဟယ္လီေကာ္ပတာေပၚ တက္ကာ ေအးစက္စက္အမိန့္ေပးလိုက္၏။ "ျပန္မယ္"

..............🐍🐍🐍🐍🐍🐍🐍...............

5.9.2021

Continue Reading

You'll Also Like

1.4M 183K 153
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
191K 17.8K 54
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
3.4M 280K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...