My Step-mom's EX becomes My H...

By Yellowish_One

6M 517K 76.6K

သတိုးရှန်ခိုက် (Thatoe Sxan Kxite) ဥတုရှားမြတ် (Utu Sxarr Myat) (Own Creation) Starting Date •• 26/8/2021 E... More

Part - 1(Unicode)
Part - 2(Unicode)
Part - 3(Unicode)
Part - 4(Unicode)
Part - 5(Unicode)
Part - 6(Unicode)
Part - 7(Unicode)
Part - 8(Unicode)
Part - 9(Unicode)
Part - 10(Unicode)
Part - 11(Unicode)
Part - 12(Unicode)
Part - 13(Unicode)
Part - 14(Unicode)
Part - 15(Unicode)
Part - 16(Unicode)
Part - 17(Unicode)
Part - 18(Unicode)
Part - 19(Unicode)
Part - 20(Unicode)
Part - 21(Unicode)
Part - 22(Unicode)
Part - 23(Unicode)
Part - 24(Unicode)
Part - 25(Unicode)
Part - 26(Unicode)
Part - 27(Unicode)
Part - 28(Unicode)
Part - 29(Unicode)
Part - 30(Unicode)
Part - 31(Unicode)
Part - 32(Unicode)
Part - 33(Unicode)
Part - 34(Unicode)
Part - 35(Unicode)
Part - 36(Unicode)
Part - 37(Unicode)
Part - 38(Unicode)
Part - 39(Unicode)
Part - 40(Unicode)
Finale - 1(Unicode)
Finale - 2(Unicode)
Thanks! my ones 💛 (U)
Happy Birthday... Kxite (Uni)
Thatoe Sxan Kxite
Utu Sxarr Myat
Profile
Songs' Collection
MEMORABLE MY ONES
Part - 1(Zawgyi)
Part - 2(Zawgyi)
Part - 3(Zawgyi)
Part - 4(Zawgyi)
Part - 5(Zawgyi)
Part - 6(Zawgyi)
Part - 7(Zawgyi)
Part - 8(Zawgyi)
Part - 9(Zawgyi)
Part - 10(Zawgyi)
Part - 12(Zawgyi)
Part - 13(Zawgyi)
Part - 14(Zawgyi)
Part - 15(Zawgyi)
Part - 16(Zawgyi)
Part - 17(Zawgyi)
Part - 18(Zawgyi)
Part - 19(Zawgyi)
Part - 20(Zawgyi)
Part - 21(Zawgyi)
Part - 22(Zawgyi)
Part - 23(Zawgyi)
Part - 24(Zawgyi)
Part - 25(Zawgyi)
Part - 26(Zawgyi)
Part - 27(Zawgyi)
Part - 28(Zawgyi)
Part - 29(Zawgyi)
Part - 30(Zawgyi)
Part - 31(Zawgyi)
Part - 32(Zawgyi)
Part - 33(Zawgyi)
Part - 34(Zawgyi)
Part - 35(Zawgyi)
Part - 36(Zawgyi)
Part - 37(Zawgyi)
Part - 38(Zawgyi)
Part - 39(Zawgyi)
Part - 40(Zawgyi)
Finale - 1(Zawgyi)
Finale - 2(Zawgyi)
Thanks! my ones 💛 (Z)
Happy Birthday... Kxite(Zaw)
One Year anniversary
Book Announcement

Part - 11(Zawgyi)

15.3K 1.8K 54
By Yellowish_One

ဒီနေ့က ရှား နားရက်ဖြစ်တာမို့ မနက်စာစားပြီးတော့ အခန်းထဲမှာ ပစ္စည်းတွေကို နေရာချနေသည်။ အိမ်ကယူလာပြီး နောက်နေ့က night duty နှစ်ရက်ကျတာကြောင့် ရှား အခန်းပြန်ရောက်လာတာနဲ့ အိပ်နေလိုက်သည်က များသည်။ ခိုက်ကလည်း နေ့လယ်ထမင်းစားချိန်မှသာ သူ့ကိုလာနှိုးသည်မို့ ပစ္စည်းတွေနေရာချဖို့အထိ အချိန်မရခဲ့။

အခန်းကအကျယ်ကြီးဆိုပေမယ့် ပစ္စည်းတွေကတော့ သိပ်များများစားစားမရှိ။ ကုတင်အကြီးကြီးတစ်လုံးရယ် စာကြည့်စားပွဲခုံတစ်ခုရယ် အဝတ်ဘီရိုတစ်ခုရယ် ပြီးတော့ ဟိုနေ့က ခိုက်တပ်ထားပေးတဲ့ နံရံကပ်စာအုပ်စင်တွေရယ် ဒါပဲရှိသည်။ ခိုက်ကတော့ တခြားလိုအပ်တာရှိရင် ပြောလို့ပြောထားပေမယ့် သူ့အတွက်ကတော့ ဒီလောက်ဆိုရင်ပဲ တော်တော်ပြည့်စုံနေပြီလို့ ပြောလို့ရသည်။

ရှား ပစ္စည်းတွေ နေရာချပြီးတော့ အခန်းပြင်ထွက်လာရင်း ခိုက်ကို ကြည့်လိုက်တော့ ဝရန်တာမှာ ခြေဆင်းထိုင်ပြီး ဂီတာတီးနေသည်။ သူရှိရာဘက်ကို နောက်ကျောပေးသည်မို့ ရှားထွက်လာတာကို ခိုက် သတိမထားမိ။ ခိုက် တီးနေတဲ့သီချင်းကို နားထောင်ပြီးတော့ ရှား မျက်ခုံးတို့ ပင့်မိသွားသည်။ ခိုက်လို အနောက်တိုင်းဆန်တဲ့ ကောင်လေးက ဒီလိုသီချင်းမျိုးတွေလည်း ရတာပဲလား။ ခိုက်နဲ့မျက်နှာချင်းဆိုင်မှာ ရှား ငြိမ်ငြိမ်လေး ဝင်ထိုင်လိုက်တော့ ဂီတာတီးနေတဲ့ခိုက်က ရှားကိုပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည်။

ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်
ရည်မှန်းထားတဲ့ အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်
ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ်
ကြွေပါတော့ကွယ်

အရှေ့တည့်တည့်က အဖြူရောင်ပုံရိပ်လေးကို ရည်စူးပြီး ဆိုမိခဲ့တဲ့သီချင်းတစ်ပုဒ်။ ဖွဲ့နွဲ့ပြီး မပြောတတ်ပေမယ့် အချစ်ကိုတော့ ရှားနဲ့တွေ့မှ သူ နားလည်ခဲ့တာအမှန်ပါ။

ညာလက်ရုံးနဲ့ တည်ဆောက်ရမယ့်ဘဝရယ်
ဘယ်လက်ရုံးနဲ့ ကိုယ်သိမ်းပိုက်မယ့်အချစ်ရယ်
ယောကျာ်းကောင်းတစ်ယောက်ရဲ့သစ္စာနဲ့
ကြင်နာပါ့မယ်

စည်းချက်ကျကျတီးကာ ရှားကို တစိုက်မတ်မတ်ကြည့်ရင်း ခပ်တိုးတိုးညည်းဆိုမိတော့ ရှက်တတ်လွန်းတဲ့ ဆရာဝန်လေးက မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းလို့ နေသည်။ ရင်ဖိုလှိုက်မောမှုတွေ ပေးစွမ်းနိုင်သလို ဒီလိုတသိမ့်သိမ့် နွေးထွေးမှုတွေ ဖြစ်စေနိုင်တာကလည်း မောင့်ရှားတစ်ယောက်သာ ရှိသည်။

ဒီလောကနဲ့ အလွန်ဝေးတဲ့အရပ်တစ်ခုမယ်
သမ္မကျမ်းထဲက ကမ္ဘာဦးသမီးရည်းစားလို
နှစ်ယောက်တည်းနဲ့ တို့ရဲ့တိုင်းပြည်ကို
ထူထောင်ကြမယ်

သီချင်းကို အဆုံးသတ်လိုက်ပြီး ဂီတာကိုဘေးမှာထောင်လိုက်တဲ့အထိ ရှားက သူ့ကိုကြည့်မလာတော့။ ဝရန်တာအပြင်ကနေ မြင်နေရတဲ့ စိန်ပန်းပင်တွေကိုသာ မော့ကြည့်နေသည်မို့ ရှား လက်ကလေးကို ဖွဖွလေးလှမ်းကိုင်မိတော့ ခိုက်ကို မျက်လုံးအဝိုင်းသားနဲ့ ပြန်ငေးကြည့်လာသည်။

" ရှား.. ကိုယ့်ကိုရော တူနှစ်ကိုယ်တိုင်းပြည် ထူထောင်ခွင့်ပေးမယ် မဟုတ်လားဟင် "

ရှား သက်ပြင်းလေးချလိုက်ပြီး ခိုက်လက်ထဲကနေ လက်ကလေးရုန်းထွက်သွားသည်။ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး မှန်တစ်ဝက်ကာထားတဲ့ ဝရန်တာဘောင်တန်းပေါ်မှာ တံတောင်ဆစ်ထောက်ထားရင်း လမ်းသွားလမ်းလာတွေကို ငုံ့ကြည့်နေသည်။ ခိုက်လည်း ရှားနည်းတူစွာပင် မတ်တပ်ရပ်လိုက်သည်။ မတူညီတာကတော့ ခိုက်ရဲ့မျက်ဝန်းညိုတွေက ရှားတစ်ယောက်ကိုပဲ ကြည့်နေခဲ့တာပါ။

" ငါ့မှာ စိတ်ကူးထားတဲ့ အရာတွေရှိခဲ့ဖူးတယ်.. မင်း နားထောင်ချင်မလားတော့ မသိဘူး.."

" ကိုယ်က ရှားနဲ့ပတ်သက်ရင် အမှိုက်လေးတစ်ခုကအစ ပါဝင်ပတ်သက်ချင်တဲ့သူပါ "

ရှားကိုစိုက်ကြည့်ပြီး ပြောလိုက်တော့ ရှားကတစ်ချက်ပြုံးပြပြီး ကောင်းကင်ကြီးကို မော့ကြည့်နေသည်။ အချိန်ကြာကြာ မျက်လုံးစုံမှိတ်ထားပြီးနောက်မှာတော့ မျက်ဝန်းထောင့်က မျက်ရည်စ,တို့စီးကျလာသည်။ လက်နက်နဲ့သတ်မှ လူကို သေစေနိုင်တယ်လို့ ခိုက် ထင်ထားခဲ့ဖူးတာ။ ချစ်ရတဲ့သူရဲ့မျက်ရည်က အဆိပ်ပြင်းတဲ့ လက်နက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ခိုက် ဘယ်တုန်းကမှ တွေးမထားခဲ့။ ငိုကြွေးနေတာက ရှားဆိုပေမယ့် ရင်နာနေရတာက ခိုက်ဖြစ်သည်။

" ငယ်ငယ်က မိဘစွန့်ပစ်တာ ခံခဲ့ရတယ် ကြီးလာတော့ ချစ်တဲ့သူက ထားခဲ့တာကို ခံရတယ် ငါကပဲ မှားယွင်းနေခဲ့တာလားတော့ မသိဘူး  မိဘမဲ့တစ်ယောက် ဖြစ်ခဲ့တာမို့ ကြီးလာရင်တော့ သာယာတဲ့ မိသားစုဘဝလေးတစ်ခု ထူထောင်မယ်လို့ စိတ်ကူးထားခဲ့တယ် မရနိုင်တော့တဲ့ မိဘမေတ္တာကို တောင့်တမနေတော့ပဲ ငါမရခဲ့တဲ့ မိဘမေတ္တာကို ငါ့ရဲ့ကလေးတွေကို အပြည့်အဝပေးမယ်လို့ ရည်ရွယ်ထားခဲ့တာ..

အသက်သုံးဆယ်ပြည့်ရင် အိမ်ထောင်ပြုပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ယူမယ်လို့ တွေးထားခဲ့တာ အဟက်.. စိတ်ကူးထဲမှာတော့ အရာအားလုံးက အဆင်ပြေနေခဲ့တာ.. လက်တွေ့ဘဝမှာ တကယ်လိုအပ်တဲ့ အရာတစ်ခုကို ငါ မေ့နေခဲ့တာပဲလေ... ကြည့်ရတာက ငါက တစ်ယောက်တည်းပဲ ရှင်သန်နေထိုင်ဖို့ ကံပါတယ်နဲ့တူတယ် "

ရှား ကိုယ့်ဘဝအကြောင်းကို လူတစ်ယောက်ကို ဖွင့်ပြောဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဖူးပါ။ အထူးသဖြင့် ကိုယ်နဲ့သိတာ သိပ်မကြာသေးတဲ့ လူတစ်ယောက်ကိုပေါ့။ ကိုလင်းတို့ မပိုးတို့တောင် နှစ်တွေအကြာကြီးနေမှ သူ့အကြောင်း သိခဲ့ကြတာမလား။ သတိုးရှန်ခိုက်ကိုကျမှ သူက လိုလိုလားလားနဲ့ သူ့အကြောင်းတွေ ပြောပြနေမိသည်။

" ကိုယ်က ပိုချစ်ပေးပါ့မယ် မိဘမေတ္တာကို အစားထိုးမပေးနိုင်ပေမယ့် တခြားလူတွေထက် ကိုယ်ကပိုချစ်ပေးပါ့မယ်.. ကိုယ် ရှားကိုချစ်တယ်.. "

ရှားရဲ့မျက်ရည်စတွေကို လက်မနဲ့သုတ်ပေးလိုက်ပြီး ရှား ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ခိုက် ပြောလိုက်သည်။ ဒါက ခိုက်ဘဝမှာ ပထမဆုံး ချစ်ရေးဆိုခြင်းဖြစ်သည်။ လက်ထပ်ခွင့် အရင်တောင်းပြီးမှ ချစ်ရေးဆိုတာက နည်းနည်းတော့ ကမောက်ကမနိုင်မှန်း ခိုက်သိပါသည်။

" ငါ ထပ်မချစ်ချင်တော့ဘူး "

" ရှားကို နာကျင်ရမယ့်အဖြစ်မျိုး ကိုယ် တကယ်မလုပ်ပါဘူး  ရှားဘက်ကသာ ခေါင်းညိတ်လိုက်ရင် ကိုယ် မာမီ့ကို ချက်ချင်းအကြောင်းကြားလိုက်မယ်.. "

ခိုက်က တကယ်ပြောနေတာမှန်း ခိုက် မျက်ဝန်းတွေကနေတစ်ဆင့် ရှားခံစားလို့ရပါသည်။ ဒါပေမဲ့ ရှားရဲ့အတွင်းသန္ဓစေိတ်မှာ စွဲနေတဲ့အစွဲက ရှားကို ကောင်းကောင်းကြီး နှိပ်စက်နေသည်။ အချိန်တန်ရင် လူတွေက သူ့ကိုငြီးငွေ့သွားပြီး သူ့ကိုစွန့်ပစ်သွားလိမ့်မည်။ သူကအချစ်ခံရဖို့ ကံမပါဘူး။ ထပ်ပြီးမနာကျင်ဖို့ဆိုတာက သူထပ်မချစ်ဖို့သာ လိုသည်။

" ဟင့်အင်း ခိုက် မင်းကို ငါမချစ်နိုင်ဘူး "

" ဘာဖြစ်လို့လဲ "

ချစ်မိတော့လည်း နာကျင်ရသည်။ ထပ်မချစ်မိအောင် ကြိုးစားတော့လည်း နာကျင်ရပြန်သည်။ ခိုက်ကို ငြင်းနေရတာကိုက သူ့ရင်ထဲမှာ မွန်းကြပ်နေရသည်။

" ငါ သူ့ကို မမေ့နိုင်သေးဘူး "

ခိုက် လက်လျှော့စေဖို့ ရည်ရွယ်ပြီး ပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာ မ ကို အပြီးတိုင်ထုတ်ပစ်ခဲ့တာ ကြာပါပြီ။ ကိုယ့်ကိုမကြင်လို့ စိမ်းသွားတဲ့လူကို တိုက်ဆိုင်မှုရှိတိုင်း သတိရတတ်ပေမယ့် တသသလွမ်းပြီး ကျန်ရစ်နေမယ့် သူမျိုးတော့ မဟုတ်ပါ။ သူ ပြောလိုက်တော့ ခိုက် မျက်ဝန်းထဲက အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားသည်။ ဘာဆိုတာကိုတော့ ရှားအဓိပ္ပါယ်မဖော်နိုင်ခဲ့။

" ကိုယ်ကတော့ ရှားကို ဘယ်တော့မှ လက်မလွတ်ဘူး "

အိမ်ထဲကိုဝင်ဖို့ ခြေလှမ်းနေတဲ့ခိုက်ကို ရှား လက်ဖမ်းဆွဲလိုက်သည်။ ခိုက်ကို သေချာနားဝင်အောင် ပြောပြရမည်။ ဒီကောင်လေးမှာက အခွင့်အလမ်းတွေ အများကြီးရှိသေးတယ်မလား။

" ခိုက် မင်းက ငယ်ပါသေးတယ် ငါ မဟုတ်ပဲ နောက်ထပ် မင်းမှာချစ်ရတဲ့သူတွေ တွေ့လာနိုင်သေးတယ်လေ.. မင်း တကယ်ချစ်တဲ့သူကို. .."

" တကယ်ချစ်တဲ့သူက ဉတုရှားမြတ် ဆိုတဲ့ ခင်ဗျားပဲ မင်း ကိုယ့်ကို မချစ်နိုင်ဘူးဆိုတာ ကိုယ်လက်ခံပေးလို့ရတယ် ရှား ဒါပေမဲ့ ကိုယ့်အချစ်တွေကိုတော့ မစော်ကားပါနဲ့.. မင်း ထင်ထားသလို ကိုယ့်အချစ်က အပေါစားဆန်မနေဘူး "

ခိုက်က ရှားရဲ့စကားကို အထင်လွဲသွားတာကြောင့် အသည်းအသန် ရှင်းပြဖို့ပြင်လိုက်ရင်း

" မဟုတ်ဘူး ခိုက် ငါ ပြောချင်တာက "

" ကိုယ် အပြင်သွားလိုက်ဦးမယ်  ရှားကို မြင်နေရရင် ကိုယ် ဘာလုပ်မိမယ်ဆိုတာ မပြောနိုင်ဘူး  ညကျရင်ပြန်လာခဲ့မယ်.. ဒီနေ့ ဘုရားလိုက်ပို့ပေး ဖြစ်မယ်မထင်ဘူး "

" ခိုက်.. ခိုက်.. "

ခိုက် ရှားကို ပထမဆုံးအကြိမ် လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။ ရှားရင်ထဲမှာ သူ့ကိုသတ်မှတ်ထားတဲ့ အဆင့်အတန်းက သိပ်ကိုနှိမ့်ကျလွန်းနေတယ် မဟုတ်လား။ သူကချစ်ကြည့်ဖို့မကြိုးစားပဲ ဘာကြောင့်များ ခိုက်ကို ပြောင်းလဲသွားမယ်ပဲ ပြောနေရတာလဲ။ အရင်လူမကောင်းတာနဲ့ပဲ နောက်လူတွေက မရိုးသားရတော့ဘူးလား။ နောက်လူတွေက တကယ်မချစ်တတ်တော့ဘူးလား။

ခိုက် ကားကို တရကြမ်းမောင်းထွက်လာသည်။ အစကတော့ ရှားရဲ့နားရက်မို့ တစ်နေ့လုံး ရှားအနားမှာနေပြီး ညနေကျရင် ဘုရားသွားကြမယ်လို့ စီစဉ်ထားတာ အခုလိုတွေဖြစ်သွားတော့ ရှားနဲ့ဝေးရာကို ထွက်လာလိုက်တာ အကောင်းဆုံးလို့ သူထင်မိသည်။ မဟုတ်ရင် ရှားကို သူ အနိုင်ကျင့်မိလိမ့်မည်။ ကားကို ဘယ်လက်တစ်ဖက်နဲ့ မောင်းရင်း ညာလက်က earphone ကို တပ်ပြီး ဖုန်းခေါ်လိုက်သည်။ ဒီအချိန်မှာ သူ အလုပ်တစ်ခုခု လုပ်နေမှဖြစ်လိမ့်မည်။

" မိုးထိဘွား မင်း ဘယ်မှာလဲ "

" ဗျာ.. ကျွန်တော် company မှာပါ အစ်ကိုလေး "

" ငါ နာရီဝက်အတွင်း company ကို ရောက်မယ် ငါ့အခန်းမှာ အဝတ်အစားပြင်ထားလိုက် နောက်တစ်နာရီအတွင်း ဈေးကွက်ရှာဖွေရေး အစည်းအဝေးစမယ်  ပြင်ဆင်ထားလိုက် "

"ဟို.. အစ်ကိုလေး.. အစ်ကိုလေး.. ဟဲလို.. ဟဲလို "

ကျသွားပြီဖြစ်တဲ့ ဖုန်းလေးကိုကြည့်ရင်း မိုးထိဘွား သက်ပြင်းအကြိမ်ကြိမ် ချနေမိသည်။ ထက်ဖြိုးကတော့ မျက်နှာငယ်လေးနဲ့ မော့ကြည့်နေသည်။

" ဒါရိုက်တာချုပ်က.. ဘာတဲ့လဲဟင် "

" marketing ကို မြန်မြန်အကြောင်းကြားလိုက်တော့  နောက်တစ်နာရီအတွင်း အစည်းအဝေးစမယ်လို့ .. မင်းလည်း အဆင်သင့်ပြင်ထား .. ကြောင်တောင်တောင်တွေ လုပ်မနေနဲ့ .."

" ဟုတ် .. ဟုတ်ကဲ့ "

မိုးထိဘွား dress cost တစ်စုံ အမြန်ပြင်ဆင်ရပြန်သည်။ မနေ့ကပြောတော့ ဒီနေ့တစ်နေကုန် ဖုန်းမဆက်နဲ့ဆို။ အစည်းအဝေးကိုလည်း ဖျက်ဖို့ပြောထားပြီးတော့ အခုဘာဖြစ်ရပြန်တာလဲ။ ဘယ်လိုပဲဆရာသမားဖြစ်နေတယ် ဆိုဦးတော့ ကိုယ့်ဘာသာကိုယ် တစ်ခုခုအဆင်မပြေတာနဲ့ တခြားလူတွေအပေါ် ဒီလိုအနိုင်ကျင့်လို့ မဖြစ်ဘူးမလား။ အခုပဲနေ့လယ်စာ စားချိန်ရောက်တော့မှာကိုး။

ခိုက် company ကို ပြောတဲ့အချိန်အတွင်းမှာပဲ ရောက်လာခဲ့သည်။ အဝတ်အစားလဲပြီးတာနဲ့ အစည်းအဝေးခန်းရှိရာကို လျှောက်သွားပြီး အလုပ်ထဲကို အာရုံစိုက်ထားလိုက်သည်။

" ခင်ဗျားတို့ တစ်လနေလည်း ဒီအစီရင်ခံစာ  နှစ်လနေလည်း ဒီအစီရင်ခံစာပဲဆိုရင် အကုန်လုံး အလုပ်ထွက်လိုက်ကြတော့  ခင်ဗျားတို့ကို လစာတွေ အများကြီးပေးပြီး ခန့်ထားစရာ ဘာအကြောင်းမှ မရှိတော့ဘူး အဲ့အစား မိတ္တူစက်တစ်လုံးပဲ ဝယ်လိုက်တော့မယ်  ခုချက်ချင်း ပုံစံအသစ်နဲ့ အစီရင်ခံစာကို လိုချင်တယ် .."

ခိုက် ဝုန်းဒိုင်းကြဲပေးလိုက်တော့ အကုန်လုံး အလျှိုလျှိုနဲ့ အပြေးအလွှာ ပြင်ဆင်ကြတော့သည်။ ခိုက်ကတော့ ထိုင်ခုံပေါ်မှာ ကိုယ်ကိုလျှောချထိုင်လိုက်ပြီး အင်္ကျီကြယ်သီးသုံးလုံးလောက် ဖြုတ်ပစ်လိုက်သည်။ အိမ်မှာနေရင် အဆင်မပြေမှာစိုးလို့ company ကိုလာလိုက်မှ ပိုဆိုးနေသည်။ အကုန်လုံးက စိတ်ရှုပ်ဖို့ကောင်းသည်။ သူ့အချစ်ကို နားမလည်တဲ့ ဉတုရှားမြတ်က ပိုစိတ်ရှုပ်ဖို့ကောင်းသည်။

" အစ်ကိုလေး.. နေ့လယ်စာ,စား သုံးဆောင်တော့မလား "

ခိုက် မျက်လုံးစုံမှိတ်ထားရင်းမှ မိုးထိဘွား ပြောလာသည်ကြောင့် နာရီကိုကြည့်လိုက်မိတော့ မွန်းလွဲနှစ်နာရီကျော်နေပြီ ဖြစ်သည်။

" ကျစ်!!! မိုးထိဘွား နေ့လယ်စာမှာပြီး ငါ့တိုက်ခန်းကိုပို့ပေး.. "

" ဗျာ.. အစ်ကိုလေး ပြန်တော့မလို့လား.. "

" ဒီမှာ အလုပ်မပြီးသေးတာကို ငါက ဘယ်ပြန်ရမှာလဲ "

" အစ်ကိုလေးက နေ့လယ်စာကို. အာ.. ဟုတ်ကဲ့ .. ကျွန်တော် အခုပဲ သွားလိုက်ပါမယ် "

သူ့ကိုစိုက်ကြည့်နေတဲ့ ဆရာသမားလေးကြောင့် မိုးထိဘွား ဉာဏ်အလင်းပွင့်သွားရပြီး ကြောက်ဒူးတုန်နေတဲ့ ထက်ဖြိုးကိုပါ ဆွဲခေါ်သွားသည်။

" ငါက ဒါရိုက်တာချုပ်ရဲ့ တိုက်ခန်းကို သွားမှာမို့ မင်းက ဒီမှာ ဒါရိုက်တာချုပ်ကို နေ့လယ်စာပြင်ထားပေးလိုက် ကြားလား "

" ကျွန်တော် သွားပို့ပေးလို့ မရဘူးလားဟင် အကို မိုးထိက ဒီမှာ ဒါရိုက်တာချုပ်ကို  "

အစ်ကိုလေးတွေ့တိုင်း လိပ်ပြာလွင့်မတက် ကြောက်နေတဲ့ ထက်ဖြိုးရဲ့ပခုံးကို မိုးထိဘွားက လှမ်းဖက်လိုက်ပြီး

" မင်း ဒီမှာ အမှားလုပ်မိရင် အလုပ်ပဲပြုတ်မှာ အေး.. ဒါရိုက်တာချုပ်ရဲ့ တိုက်ခန်းမှာ အမှားလုပ်မိရင်တော့ ဇက်ပါပြုတ်လိမ့်မယ်  ဘယ်လိုလဲ.. သွားပို့ချင်သေးလား "

ထက်ဖြိုးကို မျက်စပစ်ပြီး မေးလိုက်တော့ ထက်ဖြိုးမျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။

" ဒီ ဒီမှာပဲ ပြင်ပေးလိုက်ပါမယ် "

>>>>>>>>>>

ခိုက် ညနေရုံးဆင်းတော့ အိမ်မပြန်ပဲ private bar တစ်ခုမှာ သောက်နေသည်။ မိုးထိဘွားကတော့ မက်စ်တို့ကိုလှမ်းခေါ်လိုက်ပြီး ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်ခိုင်းနေသည်။ ဒီလိုနေရာတွေမှာက မမျှော်လင့်ထားတဲ့ မိတ်ဆွေဟောင်းတွေလည်း ရှိနေနိုင်တာကြောင့် ကိုယ့်ဘက်က ကြိုတင်ကာကွယ်ထားနိုင်မှ အဆင်ပြေလိမ့်မည်။

" မိုးထိဘွား "

" မင်းကို လူတစ်ယောက်က မယုံကြည်ရင် ဘယ်လိုခံစားရလဲ "

" နည်းနည်းတော့ စိတ်မကောင်းဖြစ်မယ်ထင်တယ် အစ်ကိုလေး "

" မင်း ဆိုရင်ရော ဘာဆက်လုပ်မလဲ "

" ကျွန်တော်ကတော့ ကျွန်တော့်ပုံစံအတိုင်းပဲ ဆက်သွားမှာပါ.. တစ်ချိန်ချိန်ကျရင်တော့ သူလည်း ယုံကြည်သွားပါလိမ့်မယ် "

" အင်း.. ငါပြန်တော့မယ်.. မင်းတို့လည်း နားတော့ .."

" ကျွန်တော်တို့ လိုက်ပို့ "

" မလိုဘူး.. ငါ မမူးသေးဘူး.. ရတယ် ..ပြန်တော့ "

မိုးထိဘွားတို့ကို ပြန်လွှတ်လိုက်ပြီး ခိုက်လည်း အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ တစ်အိမ်လုံးမှောင်မဲနေတာမို့ မျက်မှောင်ကြုံ့လိုက်သည်။ ဘာလဲ ရှားက အိမ်ပြန်သွားတာလား..။ သူ မီးတွေအမြန်ဖွင့်လိုက်ပြီး တစ်အိမ်လုံးအနှံ့ လိုက်ရှာသော်လည်း ရှားကို အရိပ်အယောင်ပင်မတွေ့။

" ရှား ... ရှား  ... ရှား ဘယ်မှာလဲ ..ရှား "

ရှားကို မတွေ့တာကြောင့် အပြင်ပြန်ထွက်ဖို့ တံခါးဆီကိုအသွား တံခါးမှာကပ်ထားတဲ့ စာရွက်အဝါလေးကြောင့် ခြေလှမ်းတို့ရပ်တန့်သွားသည်။

" ဒီည စီနီယာတစ်ယောက် နေမကောင်းလို့ ဂျူတီအစားဝင်ပေးဖို့ အကူအညီတောင်းလာလို့ ဆေးရုံသွားတယ်.. မင်း ဘယ်အချိန်ပြန်လာမလဲ မသိလို့ ညစာတော့မချက်ခဲ့ရဘူး "

စာရွက်လေးကိုကြည့်ပြီးမှ ခိုက်ရင်ထဲက အမောတို့ပြေပျောက်သွားသည်။ ခဏလေးမတွေ့တာတောင် ဒီလောက်ဖြစ်နေရင် ရှားကိုသာ လက်လွတ်လိုက်ရမယ်ဆို ချက်ချင်းပဲ ကားသော့ယူပြီး ခိုက် အပြင်ပြန်ထွက်လာခဲ့သည်။

>>>>>>>>>>>

ခိုက် ထွက်သွားပြီးကတည်းက ရှား အခန်းအောင်းနေရင်း အိပ်ပျော်သွားသည်။ နေ့လယ်ရောက်တော့ မိုးထိဘွားက နေ့လယ်စာလာပို့တာပါဆိုပြီး ဖုန်းဆက်မှ သူနိုးလာပြီး အောက်ဆင်းယူရသည်။ ခိုက်က အခန်းကိုသူစိမ်းဝင်တာ မကြိုက်ဘူးမလား။ စားသောက်ပြီးတော့ အခန်းသန့်ရှင်းရေးတွေ လုပ်နေတုန်း ကိုလင်းက မပိုးအစားဂျူတီဝင်ပေးဖို့ ဖုန်းဆက်လာသည်ကြောင့် ရှား ဆေးရုံသွားမယ့်အကြောင်းကို စာရေးထားခဲ့ပြီး ထွက်လာလိုက်သည်။

Night duty မို့ အချိန်ကျ round လှည့်ပြီးတော့ ရှား နားနေခန်းကို ပြန်လာသည်။ ကိုလင်းက ဖုန်းတကြည့်ကြည့်နဲ့ လုပ်နေတာကြောင့် ရှား ကိုလင်းအနားကို တိတ်တိတ်လေးသွားပြီး မေးလိုက်သည်။

" မပိုးက နေမကောင်းတာ မဟုတ်ဘူးမလား "

" ချီး.. လန့်လိုက်တာ မြတ်ရာ.. နည်းနည်းတော့ အသံလေးပေးပါဦးဟ "

" မေးတာသာဖြေစမ်းပါ.. မပိုးနဲ့ ရန်ဖြစ်လာတာမလား "

" မင်းပဲစဉ်းစားကြည့်ကွာ သူ့အရင်ကောင် မကောင်းတာနဲ့ပဲ ငါကရော မကောင်းတော့ဘူးလား.. ဒုတိယလူက အမြဲတမ်းပဲ ပထမလူရဲ့ အရိပ်ဖြစ်နေတော့မှာလား  သူနဲ့ငါ တွဲနေတာပဲကြာနေပြီ ငါ သူ့ကိုဘယ်လောက်ချစ်လဲ ဆိုတာ သူလည်း သိနေတာပဲကိုကွာ.. အခုက သူက ငါ့အချစ်ကို မယုံကြည်သလို ဖြစ်နေတာ "

ကိုလင်းပြောတဲ့စကားတွေ နားထောင်ရင်း နေ့လယ်က သူနဲ့ခိုက်ကြားက အခြေအနေကို ပြန်တွေးမိသွားသည်။ သူက လက်လျှော့စေချင်လို့ ပြောလိုက်ပေမယ့် ခိုက် အချစ်ကို စော်ကားသလို ဖြစ်သွားခဲ့တာပဲ။ တွေးမိတော့ မျက်နှာကသိပ်မကောင်းချင်တော့။ အခုတလော ပင်ပန်းလို့ထင်သည်။ တစ်ခုခုဆို စိတ်ခံစားချက်က အရမ်းကိုပဲ အထိမခံဖြစ်လွန်းနေသည်။

" မြတ်.. မင်း မျက်နှာက ဘွာဖဈသှားတာလဲ.. ရည်းစားနဲ့ အဆင်မပြေတာက ငါပါဟ.."

" ဘာဖြစ်နေလို့လဲ.. ကိုလင်းသာ ဖြစ်နေတာ.. ကိုယ့်မျက်နှာ ကိုယ်ပြန်ကြည့်လိုက်ဦး.. မျောက်အိုရုပ်ဖြစ်နေပြီ.."

" နေစမ်းပါ .. ငါ ပိုးဆီ ဖုန်းဆက်လိုက်ဉီးမယ်  "

" ရန်ဖြစ်ထားတာဆို.. "

" ရန်ဖြစ်တာဖြစ်တာပဲ ချစ်တာကချစ်တာပဲ .."

အခန်းအပြင်ထွက်သွားတဲ့ ကိုလင်းကိုခေါင်းခါလိုက်ပြီး ရှားလည်းသူ့ဖုန်းကို သူပြန်ငုံ့ကြည့်လိုက်သည်။ ခေါ်ဆိုသူကင်းမဲ့နေတဲ့ ဖုန်းလေးက သူ့ကိုပြောင်နေသလိုပင်။ စိတ်ရှုပ်စွာနဲ့ပဲ စားပွဲပေါ်ခေါင်းမှောက်ပြီး အိပ်လိုက်သည်။ ငါးမိနစ်လောက်ကြာတော့ ဖုန်းထဲကို စာတစ်စောင်ဝင်လာသည်။

" ရှား.. ကိုယ် ဆေးရုံဝင်းထဲရောက်နေတယ်.. အပြင် ခဏထွက်ခဲ့ဦး "

ရှား ဂျူတီကုတ်တောင် မချွတ်မိပဲ အလောတကြီး ပြေးထွက်လာခဲ့သည်။ ဆေးရုံဝင်းရဲ့ အမှောင်ကျတဲ့တစ်နေရာမှာ ကျောပေးပြီးရပ်နေတဲ့ ကျောပြင်ကျယ်ကြီး တွေ့မှ ဟန်ကိုယ့်ပြီး အရှိန်သတ်ကာ တစ်လှမ်းချင်း လျှောက်လာလိုက်သည်။ ရပ်နေတဲ့လူရဲ့ ဘေးမှာယှဉ်ပြီး ရပ်လိုက်ရင်း

" ဘာပြောမလို့လဲ.. "

" ဟမ်.. အော်.. အင်း..ဒီဟာ ရှားအတွက်.. ညစာကောင်းကောင်း မစားရသေးဘူး ထင်လို့  "

ရှားမျက်နှာကိုမကြည့်ပဲ အောက်ကိုမျက်လွှာချပြီး စက္ကူအိတ်ကို လှမ်းပေးလာတဲ့ခိုက်ကို ရှား ခပ်စူးစူးကြည့်နေလိုက်သည်။

" ဒါလာပေးတာလား "

" အင်း..ဟုတ်တယ် "

" ကျေးဇူးပဲ.. သွားတော့မယ် "

ရှား အထုတ်ကိုယူပြီး လှည့်ထွက်လာတော့

" နေ့လယ်ကကိစ္စကို တောင်းပန်ပါတယ်.. ကိုယ် ရှားကို အော်မိသွားတယ်.. ဒီတစ်လပြည့်ရင် ရှားကြိုက်သလို ဆုံးဖြတ်ပါ.. ရှားဆုံးဖြတ်ချက်ကို ကိုယ်လေးစားပါ့မယ်.. ဒါပေမဲ့ ရှား တစ်ခုတော့သိထားပေးပါ ကိုယ် ရှားကို တကယ်ချစ်မိသွားတာပါ.. "

ရှား ပြန်လှည့်ကြည့်လိုက်တော့ ခိုက်နှုတ်ခမ်းတို့က ပြုံးနေပေမယ့် မျက်ဝန်းညိုတို့ကတော့ အုံ့မှိုင်းလို့နေသည်။

" သွားတော့လေ.. ကိုယ်လည်း ပြန်တော့မယ်.."

" နေဦး ခိုက်.. ငါ မင်းကို ပြန်ချစ်ဖို့ အခုကစပြီး တွေးကြည့်ပေးမယ်.. "

>>>>>>>>>>

Tbc..
1xonly
(21/9/5)

Continue Reading

You'll Also Like

2.7M 170K 48
စဝ်ဈာန်မင်းမဟာမြတ်_ဒီနိုင်ငံရဲ့ ဥပဒေကို ငါပဲ ထိန်းချုပ်ထားတာ ! ခွန်းအလင်္ကာမှူး_မင်းဟာမင်း ဘာကြီးပဲ ထိန်းချုပ်ထိန်းချုပ် ငါ့ကို ထိန်းချုပ်လို့ ရမယ် မ...
201K 3.7K 26
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
343K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
96.5K 7K 12
(Unicode & Zawgyi) ခက်စွာရှေ့လှမ်း .. အားမာန်တင်းလည်း ... မသိစိတ်က ကျရှုံးရသည်..မေ့ပါပြီလို့ .. ဟစ်ကြွေးနေဆဲ.. ဒီရင်ထဲမှာ လွမ်း၍လာသည်...ရက်စက်သည်ဟု...