๐— ๐˜† ๐—ฃ๐—ฒ๐—ฟ๐—ณ๐—ฒ๐—ฐ๐˜ ๐—”๐—น๐—ฝ๐—ต๏ฟฝ...
By Iris-Hobaring
71.7K 5.4K 1.2K
๐‘ป๐’๐’‘ โžช ๐‘ป๐’‚๐’†๐’‰๐’š๐’–๐’๐’ˆ ๐‘ฉ๐’๐’•๐’•๐’๐’Ž โžช ๐‘ฑ๐’–๐’๐’ˆ๐’Œ๐’๐’๐’Œ ๐‘จ๐’๐’‘๐’‰๐’‚ & ๐‘ถ๐’Ž๐’†๐’ˆ๐’‚ ๐’•๐’š๐’‘๐’† More
ยซ 1 ยป
ยซ 2 ยป
ยซ 3 ยป
ยซ 4 ยป
ยซ 6 ยป
ยซ 7 ยป
ยซ 8 ยป
ยซ 9 ยป
ยซ 10 ยป
ยซ 11 ยป
ยซ 12 ยป
ยซ 13 ยป
ยซ 14 ยป
ยซ 15 ยป
ยซ 16 ยป
ยซ 17 ยป [ ๐—™๐—œ๐—ก๐—”๐—Ÿ]
EXTRA 1
EXTRA 2
ยซ 5 ยป
3.4K 344 117
By Iris-Hobaring
Unicode
ခန်းမအတွင်းလူအနည်းငယ်နဲ့ ကျင်းပနေသော
လက်ထပ်ပွဲတစ်ခု ဘုန်းတော်ကြီးဖတ်ကြား
နေတဲ့ကျမ်းစာတွေကို လျစ်လျူရှုရင်း သူ့ရှေ့
ကငယ်ဆိုသောလူသားအား တမေ့‌တမော
ငေးလို့ကြည့်နေခဲ့သည်။
ငယ် ဟာဒီနေ့ဒီချိန်မှာတော့သူနဲ့ခြားနားစွာပြုံး
ပျော်နေခဲ့သည်။ အစစ်အမှန်မှဟုတ်ရဲ့လားငယ်
အပြုံးတွေရဲ့နောက်ကွယ် မမြင်နိုင်တဲ့စိတ်မှာ
ငယ်ဘာတွေတွေးနေမလဲ ... ဒီလိုလွယ်လွယ်
နဲ့ လက်ထပ်ပွဲအကျဉ်ချုံးကျင်းပတာကို
မာမီပြောတာနဲ့လက်ခံတဲ့ငယ့်ကြောင့်အံ့ဩသွား
ရသလို စိုလည်းစိုးရိမ်မိတယ်။
"သတို့သားKim Taehyungသည်
သတို့သား Jeon Jungkookအပေါ်
အေးအတူပူအမျှသေသည်ထိသစ္စာရှိရှိ
ပေါင်းဖက်နိုင်ပါသလားး"
"ပေါင်းဖက်နိုင်ပါတယ်"
အပြုံးတို့ဖြစ်ထွန်းနေတဲ့ငယ့် ရဲ့မျက်နှာ
ဖြူစင်ကြောင်းတွေသက်သေပြနေတ‌‌ဲ့
မျက်ဝန်းတွေကိုကြည့်ကာ သူအပြုံးကြီးပြုံး
၍ ထိုစကားကိုဆိုလိုက်သည်။
"သတိုသားJeon Jungkookသည်လည်း
သတိုသားKim Taehyungအပေါ်
အေးအတူပူအမျှ သေသည်အထိသစ္စာရှိရှိ
ပေါင်းဖက်နိုင်ပါသလား"
"ပေါင်းဖက်နိုင်ပါတယ်"
အပြုံးလှလှတို့ပန်ဆင်ထားသောကင်မ်ရဲ့နှုတ်ခမ်း
စိုးရိမ်ကြောင့်ကြမှုတွေရှိနေတဲ့
ကင်မ့်ရဲ့မျက်လုံးတွေကိုကြည့်ကမှန်သော
စကားကိုဆိုလိုက်သည်။အချစ်နဲ့စစ်မှာမတရား
တာမရှိဘူးလို့ကြားဖူးတယ်ကင်မ်...ကိုယ်ခံစား
ချက်ကိုဘဲဦးစားပေးမိလို့ ကင်မ်ကငယ့်ကိုမမုန်းလောက်ဖူးမလား...
'မုန်သွားလည်းဘာအရေးလဲ ငယ်ကချစ်နေရရင်
ကျေနပ်တယ်'
လက်ချင်းတွဲကာအပြုံးတွေနဲ့ပျော်နေပုံရ
သောနှစ်ဦးမှာမြင်ရတာကြည်နူးဖွယ်အတိ
" ဤမင်္ဂလာပွဲအားကန့်ကွက်တဲ့သူရှိပါသလား"
တိတ်ဆိတ်နေသောအခြေအနေမှာဘာသံမှာ
ထွက်မလာခဲ့
"ဒါဆို သတို့သားနှစ်ယောက် လက်စွပ်လဲပြီး
အကြင်နာပေးနိုင်ပါပြီ"
ပြောပြီးပြီချင်းသူ့လက်သန်းကြွယ်မှာနေရာ
ယူသွားသောပြောင်လဲ့လဲ့လက်စွပ်ကလေး
သူသည်လည်းကင်မ့်ရဲ့လက်ချောင်းသွယ်သွယ်ဆီ
လက်စွပ်ကလေးပြန်ဝတ်ပေးလိုက်သည်။
ရှာက်သွေးဖြာကာဟိုကြည့်ဒီကြည့်ဖြစ်နေသော
ငယ့်ရဲ့မေးလေးအားအသာမော့ယူလိုက်သည်။
မျက်နှာထားကသာမသိသာတာ ကိုယ့်ရင်ထဲ
နှလုံးခုန်နှုန်းတွေက သူတို့မင်္ဂလာပွဲအတွက်တီးပေးနေသောဘုရားကျောင်းထဲဟိန်ထွင်နေသည့်စန္ဒရားသံနဲ့
စည်းဝါးညီလို့ဒုန်းဆိုင်းခုန်နေမိသည်။
ရဲရဲလေးနဲ့ခပ်ပါးပါးနှုတ်ခမ်းလေးကိုအနည်းငယ်
စုချွန်ထားလို့ မျက်လွှာလေးချကာငယ်က
ကြည့်ဖြူစွာသူ့အားအကြင်နာပေးစေလိုတော့
တုံ့ဆိုင်းမနေဘဲ အောက်နှုတ်ခမ်းလွှာလေးကို
ခပ်ဖွဖွဆွဲငုံလိုက်သည်။
မေးဖျားကိုအသာဆွဲမော့ရင်း နှုတ်ခမ်းဆီဦးတည်
လာသော ကင်မ့်ဆီကရမယ့်ပထမဆုံးသောအနမ်း
ကိုကျေကျေနပ်နပ်ကြီးခံယူပစ်လိုက်သည်။
အောက်နှုတ်ခမ်းဖျားကိုဆွဲငုံလိုက်သောကင်မ့်
ရဲ့ခဏတာအနမ်းပေမယ့် သူသိပ်စွဲလမ်းသွားသည်။
သူတော့အချစ်ရူးလုံးလုံးဖြစ်နေပါပြီ
နောက်နားက ကင်မ့်အဖေဆီအကြည့်ရောက်
သွားချိန်မှာတော့ သူ့အားမလိုလားပုံပြနေကာ
လက်ထပ်ပွဲကတောင်ထပြန်တော့မယ့်ပုံနဲ့
ကင်မ့်အမေမှာတော့ ယောကျာ်းဖြစ်သူနဲ့
ခြားနားစွာ ဝမ်းသာမျက်ရည်တွေတောင်ကျ
ကာပြုံး၍ကြာ့်နေသည်။
ကင်ချာယောင်းရဲ့အကြည့်တွေမှာလည်းသူ့သား
အပေါ်ကမ်းလွန်အောင်ချစ်မိနေသည့် Jungkook
ကိုလျော့တွက်နေသည်။
ချစ်ရသူနဲ့မို့မိုက်မိုက်ကန်းကန်း လက်ခံလိုက်တဲ့
လက်ထပ်ပွဲတစ်ခုမှာကိုယ်လည်းပုံစံခွက်ထဲမရောက်အောင် ချစ်ရသူကိုလည်း ထိုနေရာနေဆွဲထုတ်သွားရမယ်ဆိုတဲ့အသိကိုထိုနေ့ကစခေါင်းထဲရိုက်သွင်းလိုက်တော့သည်။
.
.
.
"Ommaကတစ်ယောက်တည်းနေလို့
အဆင်ပြေပါ့မလားဟင်"
မျက်ရည်လေးဝဲတဲဝဲတဲနဲ့သူ့အမေအားနှုတ်ဆက်နေ
ပါသော ငယ့်ကိုကြည့်ကာစိတ်မကောင်းဖြစ်ရသည်။
လက်ထပ်ပွဲပြီးလို့ မာမီတို့စီစဉ်ပေးသောခြံလေး
မှာသွားနေရာမှာမို့ ငယ့်အိမ်ကိုဝင်ကာအဝတ်စား
တွေအသုံးဆောင်တွေလာယူတာဖြစ်သည်
"Ommaကအဆင်ပြေပါတယ် ဂါအွန်း
လည်းရှိနေတာဘဲ ခါတိုင်းလည်းသားအလုပ်
သွားနေရင်ဂါအွန်းနဲ့နေနေကြကို"
ဂါအွန်းကတော့ Ommaအဖော်ရအောင်ခေါ်
ထားတဲ့ အစ်မ သူကတစ်နေကုန်အလုပ်မှာ
ညမှပြန်လာတာမို့Omma အဖော်ရအောင်
အစ်မဂါအွန်းကိုလစာပေး၍ ခေါ်ထားတာ
"ဒါမှမဟုတ် ကျွန်တော်နဲ့အတူလိုက်နေလေ
စိတ်မချဘူးOmmaကို"
‌ကလေးဆန်စွာငိုမဲ့မဲ့လေးနဲ့အမေကိုမခွဲနိုင်လို့
အတင်းခေါ်နေတဲ့ငယ့်ကိုကြည့်ကာသူတစ်ကယ်
မနေတတ်တော့ ချက်ချင်းကြီးခွဲရတာဆိုတော့
လည်းဘယ်နေတတ်ပါ့မလဲ ငယ်သူ့အမေကိုခေါ်
ခဲ့လည်းသူကဘာမှပြောမှာမဟုတ် ပြေးကြည့်မှ
ဒီသားအမိနှစ်ယောက်ဘဲရှိတာကို ။
"ဟဲ့ကောင်လေး...ဘယ်လိုဖြစ်နေတာလဲ
Jungkookieရယ် Taehyungလေးကို
အားနာပါဦး ...Ommaကဂါအွန်းနဲ့နေနေကြလေ
အဲ့လိုမဆိုးနဲ့ "
Taehyungကိုအားနာသောမျက်ဝန်းတို့နဲ့
လှမ်းကြည့်လိုက်မိတော့ရပါတယ်ဆိုသောပုံစံ
နဲ့ခပ်ပြုံးပြုံးလေးနေနေသည်။ ဪ ဒီကလေး
နဲ့ခက်တော့တာဘဲ
"ဟင့်! Ommaကလည်းမခွဲနိုင်လို့ပေါ့လို့
ဒါဆိုဒီညOmmaနဲ့လိုက်အိပ်ချင်တယ်
အဆင်ပြေတယ်မလား Kim...."
မျက်ရည်မကြဘဲခြေထောက်လေးဆောင့်ရင်း
သူအမေလက်ကိုမလွှတ်တန်းဆွဲရင်းဂျီကျနေသည်။
သူ့ကိုလညအဖော်ဆွယ်နေသေးတယ် သူလည်း
ငယ့်စိတ်တိုင်းကျ ပြောတာကိုထောက်ခံလိုင်သည်။
" အင်း ငယ့်သဘော ငယ်လိုက်သွားချင်ရင်
လိုက်သွားလေ "
တစ်ယောက်ကအဖော်ဆွယ်သည်ကိုတစ်ယောက်
ကလည်းမငြင်းအတိုင်ဖောက်ညီနေကြသည်။
မင်္ဂလာဦးညမှာ တစ်ယောက်တစ်ကွဲဆီအိပ်ကြတဲ့
စုံတွဲတွေဖြစ်နေတာ ဖြစ်သင့်တာမှမဟုတ်ဘဲ
မကြီးမငယ်နဲ့ဆိုးချင်နေသော Jungkook
လက်မောင်းကိုအာသာရိုက်ရင်း
"မကြီးငယ်နဲ့ဆိုးမနေနဲ့....နောက်တော့omma
ဆီလာလ‌ည်ပေါ့ ...အခုတော့Taehyung
လေးနဲ့လိုက်သွားလိုက်သွား...သားခေါ်သွားတော့
အဲ့ကလေးသက်သက်ဂျီကြနေတာ"
"ဟာ...Ommaကလည်း-"
"အန်တီ့စကားနားထောင်လိုက်လေ....
လာမနက်ကျတော့ကိုယ်လိုက်ပို့ပေးပါ့မယ်"
သူ့အမေစကားကိုထပ်ထွန့်ကာပြောမယ့်Jungkook
ကိုသူဘဲဝင်ထိန်းကတော့သည်။ ငယ့်ကိုတစ်ကယ်
အဲ့လောက်ထိကလေးဆန်မယ်မထင်ထားခဲ့ ပခုံးလေးကို
အသာတွန်းကာခေါ်တော့ ငိုမဲ့မဲ့လေးနဲ့အမေဖြစ်သူ
ကိုလှည့်တကြည့်ကြည့် လုပ်ပြီးဂျစ်ကန်ကန်နဲ့ပါလာသည်။
"တက်နှင့် ကိုယ်အထုတ်အပိုးတွေတင်ဦးမယ်"
သူနောက်ခန်းထဲကိုအထုတ်တွေတင်‌ေနေတုန်း
Jungkookဆီလျှောက်လာတဲ့သူ့အမေ
" Taehyungလေးနဲ့သင့်သင့်မြတ်မြတ်နေနော်
အိမ်မှာလိုအငယ်ဆိုပြီး နေချင်သလိုနေလို့မဖြစ်ဘူး
သိတယ်မလား"
ကားမှန်ပေါက်ကနေလက်လေးကိုဆုပ်ကိုင်ရင်း
ဆုံးမနေသောommaကိုကျေနပ်သလို
လေးကြည့်ရင်း
"သိပါတယ်Ommaကလည်း... Omma
လည်းနေကောင်းအောင်နေနော်"
"အင်းပါ ကဲသွားကြတော့ မိုးချုပ်နေမယ်"
"ဟုတ်ကဲ့ သွားလိုက်ပါဦးမယ် အန်တီ"
အထုပ်အပိုးတွေတင်လို့ပြီးစီးပြီးtaehyung
မောင်းသူနေရာမှာဝင်ထိုင်ကာနှုတ်ဆက်တော့
ခေါင်းငြိမ့်ပြလိုက်ပြီး ကားနားကနေခွါရပ်လိုက်
သည်။ ထွက်သွားတဲ့ကားလေးကိုမျက်စိတစ်ဆုံး
ကြည့်ပြီးမှ အိမ်ထဲပြန်ဝင်ခဲ့သည်။
.
.
.
"စိတ်မကောင်းမဖြစ်ပါနဲ့ မနက်ဖြန်ကိုယ်
လိုက်ပို့ပေးပါ့မယ်"
တစ်လမ်းလုံးတိတ်ဆိတ်ပြီး ကားတံခါးဘောင်
လေးကိုမှီကာမျက်နှာမကောင်းသည့် ငယ့်ကို
ကားမောင်းနေရင်း လှမ်းကြည့်ကာပြောလိုက်သည်။
"စိတ်ရှုပ်သွားလားဟင်...ငယ်ကOmma
နဲ့တစ်ခါမှမခွဲဖူးတော့လေ ဝမ်းနည်းလို့ပါ"
"မဟုတ်တာ ငယ်ကလည်း ကိုယ်နားလည်တယ်
အဲ့လိုတွေမတွေးနဲ့ ပင်ပန်းမယ် အိပ်ချင်ရင်
အိပ်လိုက် ရောက်ရင်နှိုးမယ်"
"ဟင့်အင်း မအိပ်ချင်ဘူး"
ခေါင်းလေးခါကာမျက်နှာငယ်လေးနဲ့ငြင်းပြီး
ခုနကလိုဘဲတံခါးဘောင်ခေးက်ုပြန်မှီရင်း
လိုက်ပါလာခဲ့သည်။ အနည်းငယ်အကြာမောင်း
ပြီးနောက် နှစ်ထပ်တိုက်‌အဖြူလေးရှိရာခပ်ကျယ်ကျယ်
ခြံဝန်းလေးရှေ့ကားရပ်သွားသည်။ခမ်းခမ်းနားနား
မဟုတ်တဲ့အိမ်လေး ခြံဝန်းကတော့ကျယ်သည်။
ကင်မ်တို့နေသလို့အရမ်းခမ်းနားနေတဲ့အိမ်မျိုး
မှာလည်းသူမနေတတ်ပေ။ အခုလိုလေးဆိုတော့
နည်းနည်းနေရသက်သာသည်။ သူအလုပ်ကရှိတဲ့
ချိန်ရှိတယ် မရှိတဲ့ချိန်မရှိဘူး တစ်ကယ်လို့Kim
သာအလုပ်သွားနေရင် အိမ်အကျယ်ကြီးထဲသူ
တစ်ယောက်တည်း ခြောက်ခြားစာရာကောင်းတယ်
တော်သေးတယ်ဒီလိုနှစ်ထပ်တိုက်လေးမို့လို့
ကားပေါ်ကဆင်းကာကင်မ်ကခြံတံခါးကိုသွားဖွင့်သည်။
ပြီးတော့ကားပေါ်ပြန်တက်ရင်းခြံထဲဝင်ကာကား
ကိုတံလျှပ်မြိတ်အောက်မှရပ်လိုက်တော့သူလည်း
ဆင်းလာလိုက်ပြီး အထုတ်တွေဝိုင်းသည်ပေးမယ်
ဆိုတော့
"ရတယ်...ငယ်ဝင်တော့၊ ကိုယ်သည်ခဲ့မယ်"
"ငယ်ဝိုင်းကူပါ့မယ်...မြန်မြန်ပြီးသွားအောင်"
ထုတ်အပိုးတွေအတူသည်ရင်းအထဲဝင်ခဲ့တော့
သပ်ရပ်သန့်ရှင်းနေတဲ့အိမ်လေးဟိုငေးဒီငေးနဲ့
Kimနောက်ကလိုက်လာသည်။အပေါ်ထပ်က
အခန်းနှစ်ခန်းထဲကညာဘက်ကိုငယ့်အတွက်ပေးပြီး
ဘယ်ဘက်မှာသူနေမယ်ဆိုကာဘယ်ဘက်ခန်းရှေ့
သူ့အထုတ်တွေကိုချကာညာဘက်အခန်းကိုဖွင့်တော့
မရသော့ကလည်းမနက်ဖြန် အိမ်တော်ထိန်းလာမှ
ပါလာမှာ သူကတော့အကျပ်ရိုက်နေလေပြီ
ငယ်နဲ့ကမနေချင်တာမဟုတ်ပေမယ့်သူနဲ့အတူ
ငယ်နေရင်စိတ်ကျဉ်းကျပ်နေမယ်ထင်ကာ
အခန်းခွဲနေဖို့ပြင်ပြီးသား ကြည့်ရတာဒီအခန်း
ကို‌မာမီတို့ပိတ်ထားခဲ့တာများလား သူလုပ်သမျှ
လိုက်ကည့်နေတဲ့ ငယ့်ကိုအားနာစွာလှည့်ကြည့်ရင်း
"လောလောဆယ် ငယ့်အခန်းကဖွင့်မရဘူး
ဒီညတော့ ကိုယ့်အခန်းမှာအိပ်လို့ဖြစ်တယ်မလား"
"ဟမ်?"
သူအူကြောင်ကြောင်ဖြစ်နေသည်။Kimက
ဘာကိုပြောချင်တာလဲ လက်ထပ်ထားတာကို
သူ့အခန်းကိုယ့်အခန်းခွဲနေသေးတာလား။
"ဟို...ဒီအခန်းက ငယ့်အခန်းလေ အခုသော့မရှိ
တော့ဖွင့်မရဘူး အိမ်တော်ထိန်းမနက်ဖြန်လာမှ
အခန်းဖွင့်ပေးမယ် ဒီညတော့ကိုယ်နဲ့နေလို့"
"ဪ....အင်း! ရတယ်"
Kimစကားအဆုံး ဝမ်းနည်းစိတ်ကလှိုက်တက်
လာကာ မျက်ရည်ကဝဲကနဲ မျက်ရည်မကျလာခင်
အောက်နှုတ်ခမ်းကိုဖိကိုက်ကာ မျက်နှာလွဲရင်း
အထုတ်ဆွဲကာ ဘယ်ဘက်ကအခန်ထဲတန်းနေအောင်
ဝင်သွားသည်။
Kimကနည်းနည်းလေးတောင်ဟန်မဆောင်ဘူးဘဲ
ကိုယ်န‌ဲ့နေရမှာအဲ့လောက်တောင် မနှစ်မျို့တာလား
လိုလားပုံပြပြီး စိတ်ထဲကကြိတ်မုန်းနေတာလား
မုန်းတာမျိုးတော့မလုပ်ပါနဲ့ ခံနိုရည်မရှိလို့
"ငယ်....ဘာဖြစ်လို့လဲ ဘာလို့ငိုတာလဲ"
မျက်ဝန်းဝိုင်းဝိုင်းလေးမှာ တလဲ့လဲ့အရည်ကြည်တွေ
ရစ်ဝဲ့နေတာတွေ့လို့ ရပါတယ်လို့ပြောရင်း အခန်းထဲဝင်တော့မယ့်ငယ်လက်တွေကိုဆွဲကာမေးလိုက်သည်။
လှည့်ကြည့်လာတဲ့ငယ့် မျက်ဝန်းထဲကာမျက်ရည်
တွေက ပါးပြင်ပေါ်စီးကျလာတော့ ပြာပြာသလဲ
သုတ်ပေးပြီးမေးတော့ ခေါင်းခါ၍
"ဘာမှမဖြစ်ဘူး...ငယ် ပင်ပန်းနေပြီ
နားချင်တယ်"
လက်ကိုအသာရုန်းရင်းအခန်းထဲဝင်သွားသော
ငယ့်ကိုပြန်မဆွဲထားမိအိတ်တွေကိုကုတင်ခြေရင်း
ကြမ်းပြင်မှာထားရင်းကုတင်ပေါ်ကွေးကွေးလေး
တက်အိပ်နေသည်။
"ကိုယ်ဟိုတယ်ကိုခဏသွားဦးမယ်....
နောက်ရက်တွေကလည်း ခွင့်ယူထားတာမို့
အလုပ်ကိစ္စတွေကိုအတွင်းရေးမှုဂျန်ဆီ
သွားအပ်ပြီး အပြတ်ဖြတ်ခိုင်းထားမို့
အခုနေခဲ့လို့ဖြစ်တယ်မလား"
"အင်း ဖြစ်တယ်"
ဆူဆူဆောင့်ဆောင့်လေးသံလေးနဲ့ပြန်
ဖြေလာတော့သကပြင်းချမိသည်။
"စားချင်တာရောရှိလား မှာလိုက်လေ
ကိုယ်ဝယ်လာမယ်"
"ဘာဘဲဖြစ်ဖြစ် ဝယ်ချင်တာဝယ်ခဲ့ အဆင်ပြေတယ်"
ကျောခိုင်းထားရာကမလှည့်ဘဲအစားကျတော့
မငြင်းဘဲဝယ်ချင်ရာဝယ်ခဲ့တဲ့လေ စိတ်ဆိုးနေတဲ့
ဟာလေးကို ပြန်အလာကျမှအသေအချာ
တောင်းပန်းရမယ် သူဘာအမှားလုပ်မိမှန်းမသိ
ပေမယ့်လည်းလေ။
တံခါးပိတ်သွားသံကြားမှလှည့်ကြည့်ကာကုတင်ပေါ်
ကထထိုင်လိုက်သည်။ သိပ်မကြာကားစက်နှိုး
သံကြောင့် ဝရံတာရလှမ်းကြည့်တော့ကားလေးက
ခြံထဲကထွက်သွားသည်။ သိပ်ကိုဟန်ဆောင်
ကောင်းပြီးခွဲအိပ်ချင်နေသော ကျွန်တော့်ရဲ့
အယ်လ်ဖာကြီးကို ဘယ်လိုသိမ်းသွင်းရမလဲ
ဒီပုံစံတိုင်းသာဆိုမဖြစ်သေးဖူးးးးး
ဝရံတာကနေအခန်းထဲပြန်ဝင်ရင်းကုတင်ခြေ
ရင်းက ခရီးဆောင်အိတ်တွေကိုအဝတ်ဘီရိုနား
ဆွဲကာ အဝတ်တွေကိုသူ့‌ေနရာနဲ့သူစနစ်တကျနဲ့
သေချာစီနေသည်။
သူအိတ်ထဲကအဝတ်စားတွေကိုလည်းထိုဗီရို
ထဲဘဲထည့်လိုက်သည်။ လုံးဝသူဟိုဘက်ခန်း
မှာမနေဘူး ဒီမှာမနေခိုင်းလည်းမရရအောင်
တွယ်ကပ်ပြီးနေဖို့ဆုံးဖတ်ရင်းသူ့အဝ်တွေကိုတစ်ဖက်
ကင်မ့်အဝတ်တွေကိုတစ်ဖက် စီနေတော့သည်။
ကင်မ့်ရဲ့အိတ်ထဲကအဝတ်တွေအကုန်စီပြီးသွား
တဲ့ချိန် ခရီးဆောင်အိတ်ထဲကကျန်နေတဲ့
Note bookလေးကိုယူပြီးစားပွဲပေါ်တင်မယ်
ဆိုပြီးယူလာတုန်းစာအုပ်ကြားကထွက်လာသည့်
ဓာတ်ပုံလေး ကောက်ကြည့်လိုက်တော့Kimပုံ
လေး အထက်တန်းတုန်းကပုံထင်သည်။
စုတ်ချွန်းချွန်း ပိန်ပိန်သေးသေးပုံလေး
နာရွက်ကြီးကြီးကားကားအသားကညိုညို
ဦးထုတ်ဆောင်းထားသောပုံလေးက
Squirrel monkeyလေးနဲ့တူတယ်
"ချစ်စရာလေး"
အသံထွက်အောင်သဘောတကျပြောလိုက်ကာ
စာအုပ်လေးကိုစားပွဲပေါ်တင်ရင်း ဓာတ်ပုံလေး
ဆီကအကြည့်မခွာဘဲအိပ်ရာပေါ်ပစ်လှဲပစ်လိုက်
သည်။ ဓာတ်ပုံထဲကပုံလေးနဲ့ အခုလိုတောင့်တောင့်
ဖြောင့်ဖြောင့် အယ်လ်ဖာ ကြီးနဲ့ကလားလားမျှမဆိုင်
ဓာတ်ပုံလေးကိုကြည့်ရင်းအတွေနယ်လွန်ကာ
ကြာတော့Jungkookတစ်ယောက်ပင်ပန်းထဲ
တဲ့အရှိန်ကြောင့် အိပ်ပျော်သွားတော့သည်။
.
.
.
.
.
မီးပွိုင့်တစ်နေရာရာမှာကားရပ်တော့
taehyungလက်ထဲကလေယာဉ်
လက်မှတ်နှစ်ဆောင်ကိုကြည့်လိုက်သည်။
ခွင့်ငါးရက်ယူထားရာကနေ နောက်ငါးရက်ထပ်တိုး
ယူခိုင်းပြီး
"ဒါသားတို့ပျော်ခဲ့ရအောင်...မေမေ
စီစဉ်ပေးတာ ဟန်းမွန်း" တဲ့လေ
ဆိုသောမိခင်၏စကားကိုကြားယောင်လို့
ဟိုတယ်ကိုသွားကာအတွင်းရေးမှူးဂျန်ကို
လချုပ်စာရင်းတွေသွားပြောလိုက်သည်။
ပြန်အထွက်မှာ ဒယ်ဒီနဲ့တန်းတိုးတော့
ခွင့်ပေးတာကထိုအတွက်ဖြစ်ကြောင်းနဲ့
ဟန်နီးမွန်းထွက်ခိုင်းတဲ့အကြောင်းရင်းက
အတူနေခဲ့ဖို့ပါတဲ့လေ ....တည့်တိုးကြီး
ပြေယလာတဲ့ဒယ်ဒီ့ကြောင့်နည်းနည်းတော့
စနိုးစနောက်ဖြစ်ရသည်။ သူတို့အခြေနေက
အတူနေဖို့အချိန်လို‌ေသးမယ်ထင်တာဘဲ
မတတ်နိုင်တော့ဘူးအရင်းဆုံးငယ်နဲတိုင်ပင်ပြီး
မှသူသွားချင်ရင်အတူသွားကြတာပေါ့
အတူနေဖို့ကတော့ အင်း...ကြည်ဖြူရင်ပေါ့
လို့သာဆုံးဖြတ်ရင်း အိမ်ပြန်ခဲ့သည်။
သူအိပ်နေတာဘယ်လောက်ကြာတယ်မသိမိုးတောင်
ချုပ်နေပြီ အောက်ထပ်ဆင်းကြည့်တော့Kim
ပြန်မရောက်သေးအိပ်မှုန်စုံဝါးနဲ့ အခန်းထဲပြန်ဝင်ရင်း
အဝတ်တွေချွတ်ကာ ရေချိုးဖို့ပြင်လိုက်သည်။
ကြမ်းပြင်ပေါ်ပြန့်ကြဲနေတဲ့အဝတ်တွေပြန်ထွက်လာမှ
ကောက်ပြီးခြင်းထဲထည့်တော့မယ်လို့တွေးရင်း
Bath robeတစ်ထည်ကိုင်ကာရေချိုးခန်း
ထဲဝင်သွားသည်။
သူပြန်ရောက်တော့ ငယ်အိပ်နေဦးမယ်ထင်ကာ
ထမင်းစားခန်းကိုသာတန်းလာရင်း ဝယ်လာတဲ့
ခေါက်ဆွဲခေါက်ဘူးတွေ နဲ့အသားခြောက်ဘူး
တွေကို အပေါ်ဆင့်ကဗီရိုလေးထဲထည့်နေသည်။
ဘနားနားမစ်တစ်ဘူးကိုဖန်ခွက်ထဲငယ်သောက်ဖို့
ထည့်ထားပေးလိုက်သည် ကျန်တော့ရေခဲ့သေတ္တာ
ထဲထည့်ရင်းအချိန်မနည်းတော့တာကြောင့်
ငယ့်ကိုနှိုးဖို့အပေါ်တက်ကာအခန်းတံခါးဖွင့်တော့
တေ‌ွ့လိုက်ရတဲ့မြင်ကွင်းကြောင့်လူကထိုနေရာ
တွင်ကြက်သေသေနေတယ်။
ဗီရိုတံခါးဖွင်ပြီးအင်္ကျီရှာနေတဲ့ငယ်
လျော့ယိလျော့ရွဲ bath robeကပခုံးအောက်
လျှောကျနေပြီး ‌ခါးစည်းကြိုးလည်းချည်ထားပုံ
မပေါ်သူကနောက်ကနေမြင်နေရတဲ့အနေထားမို့
တစ်ခြမ်းထဲပေါ်နေတဲ့ငယ့်ရဲ့ကျောပြင်ဖွေးဖွေးက
ဆွဲမက်ဖွယ်အတိ အာ...သူဘာတွေတွေးနေတာလဲ
ကြည့်နေရင်းမှာဘဲ Bath robeကိုဖြေချတော့
မယ့်ငယ့် ကိုမျက်နှာလွဲရင်းအမြန်လှမ်းတားလိုက်သည်။
"ငယ်! "
"အမလေး ! အာ လန့်လိုက်တာကင်မ်ကလည်း"
သူအော်လိုက်တော့မှ ရင်ဖက်လေးဖိကာလှည့်
ပြီး သူ့ကိုပြန်အော်နေတဲ့ ငယ့်ကိုသူပြန်မလှည့်ကြည့်မိပါ
ဘာလို့ဆို bath robeကသူထင်သလိုကြိုးမှ
မချည်ထားဘဲ ရင်ဖတ်ကိုဖတ်ထားတဲဘယ်ဘက်
ကိုယ်တစ်ခြမ်းလုံးက အဝတ်နဲ့အုပ်နေပေမယ့်
ကျောကဗီရိုတံခါးကိုမှီရင်း ညာဘက်လက်က
အနောက်တံခါးမှကပ်နေပြီး ပခုံးအောက်လျှောကျ
နေသော အဝတ်ကိုလည်းလုံခြုံအောင်ဆွဲမတင်ရသေး
မျက်လုံးထောင့်ကာမြင်နေရတဲ့
အကာကွယ်မဲ့နေတဲ့ကိုယ်တစ်ခြမ်းလုံးက
ရင်ကိုလှိုက်ဖိုစေတော့
"ငယ် Bath robeကိုပြင်ဝတ်ဦး"
"အား! ဟုတ်သားဘဲ "
ထိုတော့မှအလန့်တကြားနဲ့ ပြန်ပြီးဖုံးဖိ
ဆွဲစိနေသည့်ငယ် မျက်နှာလေးကလည်းရဲလိုနေသည်။
"အင်္ကျီလဲပြီးရင်အောက်ဆင်းခဲ့ ညစာစားကြမယ်
ကိုယ်ဝယ်လာပြီးပြီ"
"အင်း ဆင်းလာခဲ့မယ်"
ကင်မ်တံခါးပိတ်ပြီးပြန်ထွက်သွားမှသက်ပြင်း
ချမိသည်။ကင်မ်မရောက်လောက်သေးဘူး
ဆိုပြီးအိမ်မှာလို လွတ်လွတ်လပ်လပ်နေမိတာ
အခုတော့ တန်းကိုတိုးတော့ဘဲ အရှက်တွေလဲ
ကွဲကုန်ပြီ။
ခပ်မြန်မြန် အင်္ကျီလဲကာအောက်ဆင်းလာ
လိုက်ပြီး Kimနဲ့အတူညစာစားလိုက်သည်။
စားပြီးသည်ထိဘာစကားမှမပြောမိ ခဏတဖြုတ်
ထိုင်ကာဇာတ်ကားကြည့်ပြီး အိပ်ယာဝင်သည်
ထိမပြောဖြစ်ကြတော့။
"ငယ်....အိပ်နေပြီလား"
တစ်ယောက်နဲ့တစ်ယောက်ကျောပေးနဲ့အနေ
ထားကနေKimဘက်ကစကားစလာသည်။
"မအိပ်သေးဘူး"
"ညနေက တစ်ခုခုကိုစိတ်ဆိုးသွားတာလား
အခန်းခွဲတဲ့ကိစ္စကြောင့်လေ"
သူ့ကကတိတ်ဆိတ်နေခဲ့သည်။ ဘာပြန်ပြောရမလဲ
မကျေအေးပေးနိုင်ဘူးပြောရမလား ခွင့်လွှတ်လိုက်ရမလား
သူနဲ့မနေချင်ရကောင်းလားဆိုပြီး ထပြီးသောင်းကျန်း
လိုက်ရမလားလုပ်မိလုပ်ရာလုပ်လိုက်သည်က
သူ့ဘက်ကိုလှည့်ပြီးစကားပြောနေတဲ့ကင်မ်ကိုဖက်ထားလိုက်မိသည်။
"စိတ်မဆိုးပါဘူး ဒါပေမယ့်အခန်းတော့ခွဲမအိပ်
ခိုင်းပါနဲ့...အခုမှပြောင်းလာတာ အိပ်လို့မပျော်ဘူး
Ommaကိုလည်းသတိရလို့ ...."
" အင်းပါဒါဆိုမအိပ်ခိုင်းတော့ဘူး"
ရင်ခွင်ထဲပိုတိုးလာတဲ့ ငယ်သူသည်းလည်းရင်ခုန်
နှုန်းတွေအတိုင်းဆမသိမြန်လာခဲ့သည်။
လုံးထွားထွားခန္ဓာကိုယ်လေးက ရင်ခွင်ထဲ
အနွေးလုံးလေးပိုက်ထားရသလိုဘဲ....
မေးအောက်တိုးနေတဲ့ခေါင်း‌လုံးလုံးလေးကလည်း
မွေးလို့ ... တစ်ခါခါငယ်ကကလေးဆန်ပေမယ့်
ဒီလိုချွဲတတ်မယ်မထင်ထားပေ။
"ဟိုဟာလေ....စောနက ဘာမှမမြင်လိုက်ဘူးမလား"
မလုံမလဲနဲ့ ဖြစ်နေသောကိစ္စကိုမနေနိုင်မထိုင်
နိုင်မေးမိလိုကတော့ မျက်မှောင်လေးကြုတ်
ကာစဉ်းစားနေသည့်Kimဆီကအဖြေကိုစောင့်နေမိသည်။
ရုတ်တရက်မော့ကာမေးလာတဲ့ငယ့်အမေးအား
သူနားမလည်ပါ။ သူကဘာကိုမြင်ရမှာလဲ
မဟုတ်မှ!
နောက်မှသတိရသွားဟန် နဲ့နားတွေနီလာပြီး
အန်ကြိတ်လိုက်တဲ့ကင်မ်ရယ် အခုသူကရှက်
နေတာလား
မေ့မလိုရှိနေတာကိုအစပြနိဆွဲသောငယ်ကို
ခပ်တင်းတင်းပြန်ဖက်ရင်း
"အိပ်တော့ငယ်...ကိုယ်တစ်ကယ်ဘာမှမမြင်ပါဘူး"
အတွေးထဲမှာတော့ ပေါင်တံကျစ်ကျစ်နဲ့
ကျောသားဖွေးဖွေးတွေကစေ့စေ့မတွေးဘဲ
ထင်းထင်းကြီးကိုပေါ်လာသည်။
'ငယ်သိပ်ပြုစားလွန်းတယ်'
ငယ်ပြုစားလိုက်ဖီခိခိ ><
zawgyi
"ပေါင်းဖက်နိုင်ပါတယ်"
"ပေါင်းဖက်နိုင်ပါတယ်"
စကားကိုဆိုလိုက်သည်။အချစ်နဲ့စစ်မှာမတရား
ကျေနပ်တယ်'
ထွက်မလာခဲ့
ကာပြုံး၍ကြာ့်နေသည်။
ကိုလျော့တွက်နေသည်။
.
.
.
အဆင်ပြေပါ့မလားဟင်"
စိတ်မချဘူးOmmaကို"
အဲ့လိုမဆိုးနဲ့ "
နဲ့ခက်တော့တာဘဲ
အဆင်ပြေတယ်မလား Kim...."
လိုက်သွားလေ "
"ဟာ...Ommaကလည်း-"
သူနောက်ခန်းထဲကိုအထုတ်တွေတင်‌နေတုန်း
သိတယ်မလား"
လေးကြည့်ရင်း
.
.
.
လိုက်ပို့ပေးပါ့မယ်"
လိုက်ပါလာခဲ့သည်။ အနည်းငယ်အကြာမောင်း
မှာလည်းသူမနေတတ်ပေ။ အခုလိုလေးဆိုတော့
နည်းနည်းနေရသက်သာသည်။ သူအလုပ်ကရှိတဲ့
ဆိုတော့
Kimနောက်ကလိုက်လာသည်။အပေါ်ထပ်က
"ဟမ်?"
"ဪ....အင်း! ရတယ်"
ဝင်သွားသည်။
နားချင်တယ်"
တက်အိပ်နေသည်။
"အင်း ဖြစ်တယ်"
ကိုယ်ဝယ်လာမယ်"
ပေမယ့်လည်းလေ။
ကထထိုင်လိုက်သည်။ သိပ်မကြာကားစက်နှိုး
ခြံထဲကထွက်သွားသည်။ သိပ်ကိုဟန်ဆောင်
ဆွဲကာ အဝတ်တွေကိုသူ့‌နေရာနဲ့သူစနစ်တကျနဲ့
သေချာစီနေသည်။
ထဲဘဲထည့်လိုက်သည်။ လုံးဝသူဟိုဘက်ခန်း
"ချစ်စရာလေး"
.
.
.
.
.
ယူခိုင်းပြီး
စနိုးစနောက်ဖြစ်ရသည်။ သူတို့အခြေနေက
အတူနေဖို့အချိန်လို‌သေးမယ်ထင်တာဘဲ
ထဲဝင်သွားသည်။
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်လူကထိုနေရာ
တွင်ကြက်သေသေနေတယ်။
"ငယ်! "
"အား! ဟုတ်သားဘဲ "
ကိုယ်ဝယ်လာပြီးပြီ"
"အင်း ဆင်းလာခဲ့မယ်"
ကွဲကုန်ပြီ။
ထိမပြောဖြစ်ကြတော့။
"ငယ်....အိပ်နေပြီလား"
"မအိပ်သေးဘူး"
Ommaကိုလည်းသတိရလို့ ...."
သူနားမလည်ပါ။ သူကဘာကိုမြင်ရမှာလဲ
မဟုတ်မှ!
နေတာလား
Continue Reading
You'll Also Like
565K 11.8K 24
[Mature content] [Gore] #1 on the Koogi tag on 10/18/18 #6 in the Sangwoo tag on 12/20/18 (1/2 endings finished) (Hey guuuys!! This is my first X re...
210K 4.4K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
796K 29.6K 105
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
2.6K 92 12
heejake story . jake and his group of friends dont even know the crazy school year ahead of them ..... smut warning !! bxb smut scenes !! gay love st...