?Daffodils[Complete]

By ScarletV496

340K 21.1K 547

တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More

အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodils အပိုင္း(၄)ဒီခံစားခ်က္ကဘာလဲဆိုတာမေသခ်ာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင္း(၇)အသဲကြဲတယ္ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင္း(၈)ခ်ယ္ရီရင္ခုန္သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင္း(၁၇)ဖံုးကြယ္ထားတဲ့ အလႊာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင္း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင္း(၂၇)ရႉး !!တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင္း(၂၈)ဗရုတ္သုကၡေန့ရက္မ်ား
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုငျး(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင္း(၃၅)နာက်င္မႈထက္ပိုတဲ့နာက်င္မႈ• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုငျး(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book

🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်

3.4K 306 10
By ScarletV496

🍁Daffodils:အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်

သူတို့ အင်းလေးကိုရောက်တော့ ညနေစောင်းလောက်ဖြစ်နေပြီ။တည်းမဲ့အိမ်ရောက်တော့ သူတို့အကုန်လုံးဘယ်အစိတ်အပိုင်းမှမလှုပ်ချင်လောက်အောင်ပင်ပန်းနေကြပြီ။အခုချိန်မှာ သူတို့ကိုလေလေးနဲ့'ဟူး'ခနဲလာမှုတ်ရင်တောင်ခံနိုင်ရည်မရှိလို့လွင့်ထွက်သွားလောက်မယ်။ကားစီးရုံနဲ့တော့ မပင်ပန်းတတ်တဲ့သူတွေချည်းဆိုပေမဲ့ သူတို့ခုချိန်အင်းလေးကိုလာရဖို့ ခွဲစိတ်ဌာနတစ်ခုလုံး နေ့မအားညမအား အလုပ်လုပ်ခဲ့ကြတာ။ဆေးရုံမှာတုန်းကဇောနဲ့လုပ်ခဲ့ကြပြီး ခုကျတော့ဘယ်သူမှကိုအားမရှိကြတော့ဘူး။

​အထုတ်တွေဘေးချပြီး ခြေပစ်လက်ပစ်ထိုင်နေကြတုန်း ကြာဖူးမေမေ နန်းကြာရွက် ရောက်လာတယ်။
"ပင်ပန်းနေကြပြီလား ဆရာတို့..သိပ်လဲမဝေးပါပဲ"

ကမ္ဘာ့စကားအများဆုံးလို့ ခေါ်လို့ရလောက်တဲ့ ကိုထွဋ်တောင်ခေါင်းလေးပဲအသာညိတ်ပြပြီး အသံထွက်မလာနိုင်ဘူး။မိုးပင်လယ်က မျက်လုံးအသာမှိတ်ပြီးမှေးနေတဲ့ နွေဦးရဲ့ဂုတ်ကိုတစ်ချက် နှစ်ချက်နှိပ်ပေးပြီး ကြာဖူးမေမေရဲ့ အမေးကိုပြန်ဖြေလိုက်တယ်။
"ဟုတ်တယ်..အစ်မ အကုန်ပင်ပန်းကုန်ကြပြီ...ဆေးရုံမှာဆက်တိုက်အလုပ်လုပ်လာတာရယ် ကားဒဏ်ရယ်နဲ့ဘယ်သူမှမခံနိုင်ကြတော့ဘူး.."

"ဟင်...ညကျ ထနိုင်ပါ့မလား ဒီနေ့ကလပြည့်နေ့ဆိုတော့ လူတွေပိုများပြီးစည်မှာ"

"ထနိုင်မှာပါအစ်မ..ခုခဏတစ်ဖြုတ်မှေးလိုက်ကြရင် အကုန်အားပြန်ပြည့်လာကြမှာ"

"ဟုတ်ပါပြီ...အစ်မအခန်းတွေကို ၃ယောက်တစ်ခန်းပဲပြင်ပေးထားတယ်..ရာသီချိန်ဆိုတော့ အကုန်အပြည့်ဖြစ်နေပြီမလို့..ပြီးတော့ဆရာတို့ကလဲလာမယ်မလာဘူးမသေချာတော့လေ"

"ဟုတ်ကဲ့ ရပါတယ်...ကျွန်တော်တို့လဲ အစကမသေချာသေးလို့ မပြောဖြစ်တာ..ခုလဲအဆင်ပြေပါတယ်"

"ဟုတ်ကဲ့..တစ်ခုခုအဆင်မပြေတာရှိရင် ကျွန်မကို လှမ်းခေါ်လိုက်နော်"

"ဟုတ်ကဲ့ပါအစ်မ "

"ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်မ၇နာရီလောက်ကျလာခေါ်မယ်နော်"

"ဟုတ်ကဲ့...အစ်မ...သြော်...အစ်မခဏလေး"
မိုးပင်လယ်ထွက်သွားတော့မယ့်နန်းကြာရွက်ကိုလှမ်းခေါ်တားလိုက်ကာအနားကိုသွားလိုက်ပြီး...
"ကျွန်တော်အကူအညီတောင်းစရာလေးရှိလို့"

"ဟုတ်ကဲ့.."

"ကျွန်တော် အင်းလေးသားဝတ်စုံ ၂စုံလောက်လိုချင်လို့..ယောင်္ကျားလေးဝတ်၂စုံလောက်...အဲ့ဒါ ကျွန်တော်ခုလိုက်ဝယ်လို့ရလား"

"ရတာပေါ့..လာသွားကြမယ်"

"ဟုတ်ကဲ့ ခဏလေးကျွန်တော် ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်"
မိုးပင်လယ်အထဲကိုပြန်ဝင်ကာ ပိုက်ဆံအိတ်ယူပြီး တစ်ခါထဲပြန်မထွက်နိုင်သေးဘူး။ပျော့ခွေနေတဲ့လူအုပ်ကြီးကို အခန်းထဲသွားနားဖို့ဆော်သြရသေးတယ်။ဆော်သြလဲအပိုပဲဆိုတာ သူသိပါတယ်..တစ်ယောက်မှကို ထမလာကြဘူး။သဒ္ဒါနဲ့ဖြူနှင်းနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်မှီပြီးအိပ်တောင်ပျော်နေပြီထင်တယ်။

ဒါပေမဲ့ အဲ့လူတွေဘယ်လိုဖြစ်ဖြစ်သူနဲ့မဆိုင်ပါဘူး..သူနဲ့ဆိုင်တာ သူဂရုစိုက်တာနွေဦးပဲ။မျက်ခုံးထိစပ်လုမတပ် ကျုံ့ထားတဲ့ သူ့ကောင်လေးနားကို မိုးပင်လယ် တိုးတိုးလေးကပ်သွားလိုက်ပြီး လက်မနဲ့လက်ညိုးကိုသုံးကာ မျက်ခုံးကိုဖွဖွလေး ပြန့်ြပူးသွားအောင်လုပ်လိုက်တော့ နှုတ်ခမ်းရဲရဲလေးရဲ့ထောင့်လေးကမသိမသာလေးကော့တက်သွားတယ်။ခုနောက်ပိုင်း နွေဦး မကြာခဏပြုံးတတ်လာတယ်ဆိုပေမဲ့ သူကလဲအဲ့အပြုံးလေးတွေကိုမြင်တိုင်း ရင်တွေတဒိုင်းဒိုင်းခုန်နေတုန်းပဲ။

နွေဦးက သူ့လက်ကို လှမ်းကိုင်ပြီး မျက်လုံးမဖွင့်ပဲပြုံးစိစိနဲ့ ဆက်နေနေသေးတယ်။
မိုးပင်လယ် ခပ်တိုးတိုးပြောလိုက်တယ်..."နွေဦး..အခန်းထဲသွားအိပ်ပါလား...ထိုင်ခုံကြီးမှာအိပ်မနေနဲ့"

"• • •"
သူ့ကိုဘာမှပြန်မပြောဘဲ ဆက်အိပ်နေတဲ့နွေဦးကိုမိုးပင်လယ်အသဲယားသွားတယ်။လူကြားထဲမှာ ထိုင်နေလို့ သူ့ကိုဘာမှမလုပ်ဘူးများထင်နေလားမသိဘူး။မိုးပင်လယ်ခါးကိုကိုင်းပြီး နွေဦးပါးကိုဖျတ်ခနဲနမ်းလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေပွင့်လာတယ်။မိုးပင်လယ်ခါးကိုပြန်မမတ်ဘဲ နွေဦးမျက်နှာလေးကိုအနီးကပ်ကြည့်နေမိတယ်။မျက်နှာနှစ်ခုကအရမ်းနီးလွန်းတာကြောင့် သူတို့ရဲ့ဝင်လေထွက်လေတွေအကုန်လုံးဟာ တစ်ယောက်ကိုတစ်ယောက်ရိုက်ခတ်နေပြီး နှလုံးခုန်သံကလဲတဒုန်းဒုန်း...

မိုးပင်လယ်က မျက်နှာကိုနည်းနည်းလေးစောင်းလိုက်ကာနွေဦးနားလေးကို နှုတ်ခမ်းနဲ့ခပ်ဖွဖွလေးကိုက်လိုက်ပြီး...
"နွေဦး!!ကိုယ့်ဘာသာကိုယ်ထမလား..ကိုယ်ပွေ့ချီသွားရမလား"

နားစည်ကိုရိုက်ခတ်လာတဲ့အသံလေးကတိုးတိုးလေး...ဒါပေမဲ့ နွေဦးခန္ဓာကိုယ်တစ်ခုလုံးကသွေးကြောတွေကိုဖျင်းခနဲဖြစ်သွားစေတယ်။

နွေဦး မျက်လုံးတွေပြူးကျယ်သွားကာ မိုးပင်လယ်ကိုတွန်းထုတ်ပြီး...
"ဖယ်...ကိုယ့်ဘာသာသွားမယ်"

တွန်းထုတ်လိုက်တာကြောင့်ယိုင်သွားတဲ့ခြေလှမ်းကိုထိန်းရင်း မိုးပင်လယ်ခပ်ဖွဖွလေးရယ်တယ်။ခရီးပန်းနေတာကြောင့်မျက်ကွင်းနည်းနည်းကျနေတာကမိုးပင်လယ်ကို ပိုဆွဲဆောင်မှုရှိနေစေသလိုပဲ။စတိုင်ပင် အနက်ရောင်ထဲ လက်ထည့်ပြီး ရယ်နေတဲ့ မိုးပင်လယ်ကို သူအမြင်ကတ်ကတ်နဲ့ မျက်စောင်းထိုးပြီး ထွက်လာခဲ့လိုက်တော့တယ်။အခန်းထဲရောက်ရောက်ချင်း အိပ်ယာမွှေးမွှေးအိအိလေးပေါ်လှဲချလိုက်တော့ သူနဲ့ ကမ္ဘာကြီးဟာရုတ်ချည်းဆိုသလို အဆက်အသွယ်ပျက်သွားတယ်။

နွေဦးရဲ့ဘောက်ဆက်ဆက်နဲ့ထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး မိုးပင်လယ်သဘောတကျပြုံးနေတာမရပ်နိုင်တော့ဘူး။အိတ်ထဲကပိုက်ဆံအိတ်ကိုစမ်းမိမှ နန်းကြာရွက် သူ့ကိုစောင့်နေမှန်းသတိဝင်လာတော့တယ်။အကြာကြီးစောင့်စေခဲ့ပြီမို့ သူမြန်မြန်သွားမှဖြစ်တော့မယ်။ဒါပေမဲ့သူ့ခြေလှမ်းတွေ ထပ်ပြီးရပ်ရပြန်တယ်...

"ကိုမိုးပင်လယ်!!ဘယ်သွားမလို့လဲဟင်!!ခေမီရော လိုက်လို့ရလား"

ဘယ်အချိန်ကနိုးနေမှန်းမသိတဲ့ခေမီ...ဆက်အိပ်နေပါတော့လား!!

"မလိုက်နဲ့..အခန်းတံခါးဖွင့်ထားတယ် သဒ္ဒါတို့ကိုခေါ်ပြီးခဏသွားအိပ်လိုက်"

"ခေမီ မအိပ်ချင်တော့ဘူး...လိုက်ခဲ့မယ်လေ"

မိုးပင်လယ်တကယ်ကိုစိတ်မရှည်တော့ဘူး။

"မလိုက်နဲ့!အစ်ကိုကကိုယ့်ကိစ္စနဲ့ကိုယ်"

"ခေမီဘာမှမနှောက်ယှက်ပါဘူး...နော်..လိုက်ခဲ့မယ်နော်"

မိုးပင်လယ် ဘာပြောရမှန်းမသိဖြစ်သွားရတယ်။ခေမီ့့ပုံကလဲ ဘယ်လိုငြင်းငြင်းရမဲ့ပုံပေါ်မနေဘူး..နန်းကြာရွက်ကလဲစောင့်နေရတာကြာနေပြီ။ခေမီနဲ့သူခပ်ခွာခွာပဲနေချင်တယ်ဆိုပေမဲ့ သူ့အမေရဲ့မျက်နှာကိုလဲထောက်ရဦးမှာမို့ ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။

"လိုက်ချင်လဲလိုက်ခဲ့..."

မိုးပင်လယ်စကားကိုကြားတော့ခေမီ့မျက်နှာတောက်ပသွားကာသူ့နောက်ကိုချက်ချင်းပြေးလိုက်လာတယ်။မိုးပင်လယ်ကတော့ အကြာကြီးစောင့်နေရတဲ့နန်းကြာရွက်ကို အမြန်ပြေးပြီး တောင်းပန်စကားပြောရတယ်။

အင်းလေးက မှုန်မိှုင်းမိှုင်း  မိှုင်းညို့ညို့တောင်တွေဝိုင်းကာထားပြီး လှပတဲ့ကန်ရေပြင်၊မြို့ပြနဲ့မတူပဲသန့်ရှင်းလတ်ဆတ်တဲ့ လေထု၊ဓာတ်ငွေ့ကင်းစင်တဲ့ ပတ်ဝန်းကျင်၊ရေပြင်ပေါ်အိမ်ဆောက်နေကြတဲ့ အင်းသားတွေရဲ့လူနေမှုကြောင့် နိုင်ငံတွင်းမှာသာမကပဲ ကမ္ဘာအထိသိကြတဲ့ဒေသတစ်ခုဖြစ်တယ်။မိုးပင်လယ် သန့်ရှင်းနေတဲ့ လေထုကိုအဆုတ်ထဲထိရောက်အောင်ရှုသွင်းလိုက်တော့ ပင်ပန်းမှုတွေအတော်လေးပျောက်သွားတယ်။

အင်းသားတွေ ​ခြေနဲ့လှေလှော်နေကြတာတွေ...ပွဲတော်ကာလမို့ ပျားပန်းခတ်စည်းကားနေတာတွေကို သူ ကလေးတစ်ယောက်လိုလျှောက်ငေးကြည့်နေမိတယ်။ဒီလူကြားထဲမှာ နွေဦး လက်ကိုဆုတ်ကိုင်ပြီး လျှောက်ရရင် ဘယ်လောက်ကောင်းမလဲ...မအိပ်ခိုင်းပဲအတူတူခေါ်လာခဲ့ရကောင်းသား.။မဟုတ်သေးပါဘူး အိပ်ခိုင်းလိုက်တာကောင်းပါတယ်..နို့မို့သူ့ကလေးလေး အိပ်မရေးမဝရင်ခေါင်းကိုက်နေဦးမယ်။

သူ့အတွေးနဲ့သူ မိုးပင်လယ်ပြုံးမိတယ်...သူဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား ဘာပဲစားစား နွေဦးကိုပဲ သတိရပြီး နွေဦးနဲ့သာဆို ဆိုပြီးပဲတွေးနေမိနေတော့တာ။လူငယ်တွေစကားနဲ့ဆို သူနွေဦးကိုတော်တော်ဖြစ်နေပြီ။

တွေးရင်းငေးရင်းပဲ ဝယ်မဲ့ဆိုင်ကိုရောက်တော့ ကြာဖူးမေမေက ဆိုင်ရှင်အစ်မကိုသူတို့နဲ့မိတ်ဆက်ပေးပြီး ထွက်သွားတယ်။မိုးပင်လယ်  မြန်မြန်ပြန်ချင်တာကြောင့် ဆိုင်ရှင်ကိုပဲ ရွေးခိုင်းလိုက်တယ်။
"အစ်မ ကျွန်တော့ကို အင်းသားဝတ်စုံ ၂စုံပေးပါဗျ..ဆင်တူလေး"

ဆိုင်ရှင်ကခေါင်းညိတ်ပြီး ပြန်ထွက်လာတော့ ဝတ်စုံကဆင်တူတော့ဆင်တူ..ဒါပေမဲ့ တစ်စုံကမိန်းကလေးဝတ်စုံကြီး။
"အစ်မ !!ကျွန်တော်ပြောတာ အင်းသားဝတ်စုံချည်းပဲ၂စုံနော်...မိန်းကလေးဝတ်စုံမပါဘူး"

မိုးပင်လယ် ပြောခါမှ ဆိုင်ရှင်က ...
"သြော်..အစ်မက မောင်လေးတို့၂ယောက်ကိုအတွဲထင်ပြီးစုံတွဲဝတ်စုံ ဝယ်တယ်မှတ်လို့"

ဆိုင်ရှင်ရဲ့စကားကြားတော့ ခေမီမျက်နှာပြုံးခနဲဖြစ်သွားပြီး...
"အစ်မ အစ်မ အဲ့မိန်းကလေးဝတ်စုံလေးခေမီယူမယ်နော်...ကိုမိုးပင်လယ် ခေမီ့ကိုဝယ်ပေးနော်"

သူ့လက်မောင်းကိုလှုပ်ခါပြီး ပြောနေတာကြောင့် မိုးပင်လယ်စိတ်ညစ်သွားရတယ်။ဝယ်ပေးရမဲ့ပိုက်ဆံကဘယ်လောက်မှမဟုတ်ဘူးဆိုပေမဲ့ နွေဦးကွယ်ရာမှာ သူအခြားမိန်းကလေးတစ်ယောက်ကို ပစ္စည်းဝယ်မပေးချင်ဘူး။အဲ့ဒါကြောင့် သူပြတ်ပြတ်ပဲပြောလိုက်တယ်။
"ခဏစိုက်ပေးထားမယ်!!ဝယ်မပေးဘူး!"

သူ့စကားကြောင့်ခေမီက အိုးတိုးအမ်းတမ်းလေးဖြစ်သွားပြီး...
"အင်းပါ အင်းပါ!!ခေမီ ပြန်ရောက်ရင်ပေးပါမယ်"

ဆိုင်ရှင်က သူတို့ကိုပြုံးကြည့်နေလို့ မိုးပင်လယ်သက်ပြင်းချပြီး..
"အစ်မ..နောက်ထပ် အင်းသားဝတ်စုံတစ်စုံလေ..."

"သြော် အစ်မ က မောင်လေးတို့ အတွဲစိတ်ကောက်ပြီးပြောနေကြတာလားလို့...တကယ်ယူမှာလား"

ဟ!!ဘယ်လိုအလိုက်မသိတဲ့စျေးသည်တုန်း...သူတို့နှစ်ယောက်ကဘယ်နားကအတွဲနဲ့တူနေလို့လဲ!!

ဒီတစ်ခါတော့မိုးပင်လယ် စိတ်ကိုလျော့မထားနိုင်တော့ဘူး...အထင်လွဲတာကိုရှင်းမှရမယ်!

"တကယ်ယူမှာပေါ့ဗျ..ပြီးတော့ကျွန်တော်တို့ စုံတွဲမဟုတ်ဘူး...ခုအစ်မကိုကျွန်တော်တောင်းနေတာကျွန်တော့ကောင်လေးအတွက် ဝတ်စုံဝယ်နေတာ"

ဆိုင်ရှင်အစ်မက တအံ့တသြနဲ့မျက်လုံးပြူးသွားပြီး ခပ်မြန်မြန်ပဲ သူနဲ့ဆင်တူ ဝတ်စုံတစ်ခုထုတ်လာပေးတယ်။ခေမီကတော့ မျက်နှာပျက်သွားပြီးသူ့လက်မောင်းကို ကိုင်ထားတဲ့လက်ကို ပြန်ချလိုက်တယ်။သူပြောလိုက်တာက ခေမီ့သိက္ခာကျသွားလောက်တာသူသိပေမဲ့  သူြငိမ်နေလိုက်မယ်ဆိုရင် ပိုပြီးပြဿနာတွေရှုပ်သွားနိုင်တယ်။

ငွေရှင်းပြီး သူထွက်သွားတော့ ခေမီကနောက်ကနေပြေးလိုက်ပြီး...
"ကိုမိုးပင်လယ်!!ခဏ!!ခဏ ရပ်ပါဦး..ခေမီပြောစရာရှိလို့"

"ဘာပြောမလို့လဲခေမီ...ပြန်ရောက်မှပြောပါလား..ခုမှောင်ရိပ်သန်းနေပြီ...ကိုယ်တို့ရေမိုးချိုးကြရဦးမယ်"

"ခဏလေးပါ..မကြာဘူး"
ပြောဆိုတဲ့ သဘောနဲ့ မိုးပင်လယ်မေးဆတ်ပြလိုက်တော့ ခေမီက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး...
"ခုနက အစ်ကို လုပ်လိုက်တာ မလွန်ဘူးလား...ဘာပဲဖြစ်ဖြစ် ခေမီ့သိက္ခာလေးတောင်ထည့်မတွက်တော့ဘူးလား"

"မင်းသိက္ခာကိုထည့်တွက်လို့ အဲ့လောက်ပဲပြောလိုက်တာပေါ့"

"မသိတဲ့ဒေသတစ်ခုမှ ခဏတစ်ဖြုတ်လေးတောင်အမှားမခံနိုင်အောင် နွေဦးကိုသဘောကျနေတာလား..နွေဦးကွယ်ရာမှာတောင်လေ"

"ကွယ်ရာမှာမို့လို့ ပိုစောင့်ထိန်းသင့်တာပေါ့ခေမီ...ကွယ်ရာဆိုပြီးဖြစ်ချင်တိုင်းဖြစ်နေရင် သစ္စာတရားဆိုတာဘယ်လိုပါတော့မလဲ...အစ်ကို ကနွေဦးအတွက်ဆို ကွယ်ရာမပြောနဲ့ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ အိမ်မက်ထဲမှာတောင် သစ္စာထားချင်တာ"

ခေမီ့မျက်နှာလေးမှာ မနာလိုမှုတို့နဲ့ နီညိုလာပြီး...
"အဲ့တာတွေနဲ့ ထိုက်တန်တယ်လို့အစ်ကိုထင်လို့လား...နွေဦးကလေ!!"

"ထိုက်တန်တယ်မထိုက်တန်ဘူးဆိုတာဘာကိုပြောချင်တာလဲ!အစ်ကို့အတွက်က လူတစ်ယောက်နဲ့တစ်ယောက်ထိုက်တန်တယ်ဆိုတာ အဲ့လူဆီမှာကိုယ့်ဘဝကြီးတစ်ခုလုံးကိုမြုပ်နှံပေးအပ်ချင်လာတာကို ဆိုလိုတာ...နွေဦးကအစ်ကို အဲ့လိုလုပ်ချင်တဲ့ တစ်ဦးတည်းသောလူပဲ..ပြီးတော့ အဲ့လိုလုပ်ဖို့အတွက်လဲနွေဦးကထိုက်တန်တာထက်ပိုသေးတယ်"

ခေမီကဘာမှပြန်မပြောတော့ပဲနှုတ်ခမ်းကိုအသာဖိကိုက်ပြီး ပြုံးတယ်။မှောင်ရီတရော မီးရောင်အောက်က ခေမီ့ရဲ့အပြုံးကနည်းနည်းကြောက်ဖို့ကောင်းနေတယ် လို့သူထင်တယ်။

အပြန်လမ်းတစ်လျှောက်လုံးမှာ သူတို့ဘာစကားမှမပြောဖြစ်တော့ပဲ တည်းခိုအိမ်ရောက်တော့လဲ ခေမီက အခန်းထဲတန်းဝင်သွားတယ်။မိုးပင်လယ်ကတော့ သူ့ခံစားချက်တွေကို ခေမီသိအောင်ပြောလိုက်ရလို့ တစ်ခုစိတ်အေးသွားရပေမဲ့ ခေမီပြုံးလိုက်တာဘာအဓိပ္ပါယ်လဲ။ဘာကြောင့်မှန်းမသိ သူစိတ်ထင့်နေရတယ်။
________________

လက်အေးအေးလေးတစ်ခုက သူ့မျက်နှာအနှံ့နဲ့လည်ပင်းကိုတရွရွလာပွတ်နေတာကို နွေဦးခံစားနေရလို့ လေးလံနေတဲ့မျက်ခွံကိုဖွင့်ကြည့်လိုက်တော့ ရှင်းသန့်ခန့်ညားနေတဲ့ မိုးပင်လယ်ကိုသူတွေ့လိုက်ရတယ်။ခါတိုင်းတောင်ယောင်္ကျားဆန်ဆန် ချောမောခန့်ြငားတဲ့ အရှိန်အဝါတွေထွက်နေတတ်တဲ့ မိုးပင်လယ်က ရှမ်းဝတ်စုံ နီညိုရောင်လေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းနေတယ်။အရမ်းလိုက်လွန်းလို့ အပြင်တောင်ပေးမသွားချင်တော့ဘူး...

အိပ်ယာကနေမထသေးဘဲ သူ့ကို မျက်မှောင်ကျုံ့ပြီး ခေါင်းစခြေဆုံး အပြန်အလှန်ကြည့်နေတဲ့နွေဦးကြောင့် မိုးပင်လယ် အနေရခက်လာပြီး...
"ဘာလဲ ကိုယ်တအားချောနေလို့လား"

"ဟုတ်တယ်!ဘာလို့အဲ့ဝတ်စုံဝတ်ထားတာလဲ"

နွေဦးကချက်ချင်းပြန်ဖြေပြီး သူ့ကိုစူပုတ်ပုတ်ရုပ်နဲ့ ထိုင်ကြည့်နေတယ်။နွေဦးအဲ့လိုပြန်ဖြေမယ်လို့ သူထင်မထားတော့ ရုတ်တရက်ဆိုတော့ဘာပြန်ပြောရမလဲတောင်မသိဘူး။သေချာတာတော့ နွေဦးကအရမ်းချစ်ဖို့ကောင်းလို့ သူကိုက်စားချင်နေပြီ!!

"ဘာလို့ဝတ်ထားတာတုန်းလို့!ဟန့်..တော်တော်လေးကိုလှချင်နေတာပဲခင်ဗျား"

"မဟုတ်ရပါဘူး!ကိုယ်လဲဒီတိုင်းပဲဝတ်လိုက်တာပါပဲ...ချောတာကတော့မွေးရာပါအားနည်းချက်မို့ စိတ်မကောက်ပါနဲ့နော်"

မိုးပင်လယ် စကားကြောင့်နွေဦးနည်းနည်းရှက်သလိုဖြစ်သွားတယ်။ယောင်္ကျားလေးတန်မဲ့စိတ်ကောက်သလိုဖြစ်နေလား!!

ဒါပေမဲ့သူကအခုရည်းစားထားနေတာပဲ စိတ်ကောက်စရာမရှိလဲကောက်လို့ရတယ်။သူ့ကိုချော့မဲ့လူလဲရှိနေပြီပဲကို...ယောင်္ကျားလေးလဲစိတ်ကောက်တတ်တယ်ဆိုတာ သူ့ရည်းစားသိအောင်တော့ ပြရဦးမယ်။

မိုးပင်လယ်က စိတ်ကောက်လို့သာချော့နေရတာ မျက်နှာပိုးကသတ်လို့ကိုမရဘူးဖြစ်နေတယ်။သူတို့တွဲလာတဲ့ ၃လလောက်မှာ ပထမဦးဆုံးအကြိမ်နွေဦးသူ့အပေါ်စိတ်ကောက်တာဖြစ်လို့  ချော့ဖို့အတွက်လဲအရမ်းစိတ်လှုပ်ရှားနေတယ်။

နွေဦးလက်လေးကို မိုးပင်လယ်အသာအယာလေးကိုင်ပြီး နွေဦးဘေးမှာ တင်ပလွှဲဝင်ထိုင်လိုက်တယ်။အဲ့နောက် နွေဦးလက်ငါးချောင်းကို သူ့လက်ငါးချောင်းနဲ့ ယှက်သွယ်လိုက်ပြီး နွေဦး ခန္ဓာကိုယ်ကို အိပ်ယာပေါ်ဖိလှဲချလိုက်တယ်။နွေဦး က အိပ်ယာနဲ့ မိုးပင်လယ်ကြားမှာပိတ်မိသွားပြီး လက်တွေအကုန်လုံးကလဲ ဖိချုပ်ခံထားရတယ်။အရမ်းနီးကပ်နေတာကြောင့် နွေဦး ပါးလေးတွေနီလာတာ နားရွက်လေးတွေနီလာတာကို မိုးပင်လယ် အကုန်မြင်နေရတယ်။

"ခင်ဗျားဘာလုပ်တာလဲ..ဖယ်"

မိုးပင်လယ် ပြုံးလိုက်ပြီး...
"နွေဦး စိတ်ကောက်လို့ချော့နေတာလေ!"

"ဘာ!ခင်ဗျားက ချော့နေတာလား..ရန်စနေတာလား..ဖယ်"

မိုးပင်လယ် ရန်စွာနေတဲ့နွေဦးနှုတ်ခမ်းထွေးထွေးလေးကို ဖျတ်ခနဲငုံ့နမ်းလိုက်ပြီး..."စိတ်မဆိုးနဲ့တော့...နော်"

"ဟာ!!ခင်ဗျား..ချော့တာမှမဟုတ်တာ.."

မိုးပင်လယ်ထပ်ပြီးငုံ့နမ်းလိုက်ပြန်တယ်...
"စိတ်မဆိုးနဲ့တော့လို့..နော်..."

နွေဦးဘာမှပြန်မပြောဘဲ အိပ်ယာကနေအတင်းရုန်းထဖို့လုပ်တော့ မိုးပင်လယ်ကပိုနီးအောင် တိုးလာပြီး...

"မရုန်းနဲ့ကွာ..ကလေးလေးကလဲ...ကိုယ့်ကိုစိတ်မကောက်တော့ဘူးဆို ခေါင်းလေးပဲညိတ်ပြ..."

မိုးပင်လယ်က နားနားကို ထပ်တိုးလာပြီး...
"မဟုတ်ဘူးဆို ...နွေဦး ဒီညအပြင်လျှောက်လည်လို့ရတော့မှာမဟုတ်ဘူးနော်..."

နွေဦး ကြက်သီးမွေးညှင်းထလောက်မဲ့စကားကိုပြောပြီး နှာခေါင်းလေးကို သွားနဲ့အသာလေးဖိကိုက်သွားသေးတယ်။
နွေဦး ရဲ့နှလုံးကလဲ တဒုန်းဒုန်းခုန်နေတာ အပြင်တောင်ပေါက်ထွက်တော့မတတ်။

မိုးပင်လယ်က အသံတိုးဖွဖွလေးနဲ့...
"ကိုယ့်ကိုစိတ်မကောက်နဲ့နော်..နော်လို့"

နွေဦး ကပျာကယာပဲ ခေါင်းညိတ်ပြလိုက်တယ်။သူအင်းလေးရောက်တုန်းတော့ အပြင်လျှောက်လည်ချင်သေးတယ်။
မိုးပင်လယ်က သူ့စကားအတိုင်းပဲ နွေဦးကိုလွှတ်ပေးလိုက်ပြီး
..."ရေသွားချိုးတော့ နွေဦး..သူများတွေတောင်စောင့်နေကြပြီလားမသိဘူး"

"အဲ့ဒါခင်ဗျားကြောင့်လေ.."

"ဟားဟား!ဟုတ်ပါပြီ...ကိုယ့်ကြောင့်ပါ...ပြီးရင်နွေဦးဖို့ဝတ်စုံရှိတယ်နော်"

"ဟာ!ဝယ်ထားတယ်လား!!ဘာလို့မပြောတာလဲ...ဆင်တူလား"

"အင်းပေါ့!!"

"ဆင်တူရှိမှန်းသိရင် ဘယ်စိတ်ကောက်ပါ့မလဲ"

"သိတယ်လေ!!အဲ့တာကြောင့်မပြောပြတာ...နွေဦးသိရင် ဘယ်စိတ်ကောက်တော့မလဲ..စိတ်မကောက်ရင် ကိုယ်လဲချော့လို့မရတော့ဘူး...နောက်ဆိုခဏခဏစိတ်ကောက်နော်..ကိုယ်ချော့ချင်လို့"

နွေဦးမျက်နှာလေးနီရဲလာပြီး သူ့ကိုလက်ထဲကတဘက်ဖြင့်ပစ်ပေါက်ကာ..
"ခင်ဗျား...အကြံဆိုးနဲ့..လူယုတ်မာ"

မိုးပင်လယ် တဘတ်ကိုကိုင်ပြီးတော့သာ အော်ရယ်မိတော့တယ်။'ကိုကြီးကချစ်လို့ပါကွာ' ဆိုပြီး မြန်မာလူကြမ်းတွေပြောသလိုသာပြန်ပြောလိုက်ရင် နွေဦးသူ့ကိုဆွဲထိုးဖို့က ၈၅%လောက်ကသေချာတယ်။ြငိမ်ခံနေမှာတော့မဟုတ်ဘူး..ဘာလို့ဆို သူ့ကောင်လေးက သူ့ထက် ၁လက်မကျော်ကျော်လောက်ပဲပုတဲ့ယောင်္ကျားလေးတစ်ယောက်ဖြစ်နေလို့လေ...သူမစွန့်စားရဲဘူး။

___________

Continue Reading

You'll Also Like

339K 35.4K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
315K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
181K 6.4K 57
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်