Will We Try To Be Together(U...

Par Lilyriss94

539 62 24

အဆုံးသတ်မှာ မင်းကရော ငါ့ကို ထားမသွားဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ jonginရယ် '' _Sekai _ '' Plus

Part 1
Part 2
Part 4
Part 5

Part 3

130 16 8
Par Lilyriss94


မနက် ၆နာရီ ။
နံနက်​စောစောမိုးရာသီ ဖြစ်တာကြောင့်
မိုးစက်နဲ့အတူ နှင်းဖွဲတွေက
သစ်ရွက်အဖျားတွေကြား
တွဲခိုနေသည်။
လေတစ်ချက်အဝေ့ သစ်ပင်မှ
ကျလာတဲ့ မိုးပေါက်နဲ့ နှင်းစက်တွေကို
အထဲမဝင်ခင်ဂျုံအင်ဆော့ကစား
နေလိုက်တယ် ။

ရာသီဥတု အအေးဒဏ်ကြောင့် ဂျုံအင့်ရဲ့
နှာနုထိပ်လေးဟာတော့ နီရဲစ ပြုလေပြီ ။
နှင်းကျရင် ခံစားချက်အကောင်းဆုံး ဖြစ်တဲ့
ဂျုံအင်တစ်ယောက် နှင်းတွေကြားမှာ
နှုတ်ခမ်းများ ကွေးညွတ်သည်အထိ
ပြုံးနေမိသည်။

အချိန်အတော်ကြာ နှင်းတွေထဲ ရပ်ခဲ့ပီးတဲ့
နောက်မှာတော့ ၇နာရီ ရှိပြီ ဖြစ်တာကြောင့်
ဂျုံအင်ကျောင်းသွားဖို့ ပြင်ဆင်ရသည် ။

လမ်းတစ်လျှောက် အေးစိမ့်စိမ့် လေထုက
အသားထဲထိ စိမ့်ဝင်တဲ့ထိ ကျီစယ်သည် ။
နီဆွေးစပြုလာတဲ့ နားနှစ်ဖက်ကို အနွေးဓာတ်ရအောင် မာဖလာကို နားနှစ်ဖက် မြုပ်သည်အထိ
ပတ်လိုက်တယ် ။

"ဂျုံအင် "

အဖြူရောင်မာဖလာလေးကို
လည်ပင်းမှာ ပတ်ထားပြီး ဂျုံအင့်ဆီသို့ လျှောက်လာတဲ့ သူ ။
ဂျုံအင် အဝေးကနေ ရပ်၍
ကြည့်နေမိသည်။

"ဆိုင်ကယ်မပါဘူးလား "

"အိုဆယ်ဟွန်း ''

မနေ့ညထဲက စိတ်ရှုပ်စရာကောင်းတဲ့လူမို့
ဂျုံအင် ကျွတ် တစ်ချက် သပ်မိသည် ။
သာမာန်သာပြုံးပြကာ ဂျုံအင်
ပွနေသော
ဆံပင်ကို သပ်တင်လိုက်သည်။

" ဘာလို့ စိုက်ကြည့်နေတာလဲ ကိုယ်မေးနေတာဖြေလေ ''

ဆယ်ဟွန်းက ပြုံး၍ပြောသည်။
ထိုအခါ ဂျုံအင် မျက်ခုံးတွေကို တွန့်ချိုးလိုက်တယ် ။မျက်စောင်း တစ်ချက်ထိုးကာ ရပ်နေရာကနေ
ဆက်လှမ်းလိုက်သည် ။

လက်ကောက်ဝတ်ကို ဆွဲခံလိုက်ရတာကြောင့်
ဂျုံအင့်မျက်လုံးတို့ ပြူးကျယ်သွားရသည် ။

"မင်း ဘာလို့ ကိုယ့်ကို ပြန်မဖြေတာလဲ ''

လက်ကောက်ဝတ်က လက်တွေကိုဖြုတ်မချခင်
ဆယ်ဟွန်းဘက်ကို လှည့်လိုက်သည် ။

"မနေ့က မရိုမသေ ငါလို့ ပြောမိလို့ စိတ်ဆိုးနေတာလား  အဲ့လိုဆိုရင် ကျွန်တော် ဆင်ခြင်မယ်
ဘာနေနေ ကျွန်တော်က ဂျူနီယာပဲလေ ''

ထိုစကားကြားတော့ ဆယ်ဟွန်းက ပြုံးတယ်။
စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ခဏခဏ
ပြုံးပြုံးပြနေတဲ့ ဆယ်ဟွန်းကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ဂျုံအင်ကြည့်လိုက်သည် ။

"ဟူး ''

ဂျုံအင်က လေပူတွေကို မှုတ်ထုတ်လိုက်ပြီး
ဆယ်ဟွန်း လက်ကို ဖြုတ်ချလိုက်တယ်

"ပြောစရာမရှိရင် သွားတော့မယ် ''

"လမ်းတူနေတာပဲလေ အတူသွားမယ်
သွားနေရင်းနဲ့ ပြောပြမယ် "

ဂျုံအင် စကားတစ်လုံးမှ ထပ်မပြောတော့ပဲ
ကျစ် တစ်ချက် သပ်ကာ ကျောင်းဘက်ဦးတည်လိုက်တယ် ။

--------------------------------
တစ်လမ်းလုံး နှင်းကျသံမှ
လွဲရင် တခြားမရှိ။
တိတ်ဆိတ်လာသည့်အလျောက်
ဂျုံအင်သည်လဲ တစ်ခုခုကို စဉ်းစားမိနေသည်။

"ဂျုံအင် "

"......"

တစ်ခွန်းမှ ပြန်မပြောပဲ ဘာလဲ ဆိုသည့်
အမူအရာနဲ့ မေ့ငေါ့ပြလိုက်သည် ။

"ဒီစကားကိုပြောဖို့ တော်တော်ကြာကြာ
စဉ်းစားခဲ့တယ် ကိုယ်နဲ့ မဆိုင်ပဲ ဒါကိုပြောသင့်မပြောသင့် အကြိမ်ကြိမ်ပေါ့ ''

တွန့်ချိုးစပြုလာတဲ့ ဂျုံအင့်မျက်ခုံးတွေ ။
ဆက်ပြောမည့် စကားကို
စောင့်နေသည့် ဂျုံအင်ကြောင့်
ဆယ်ဟွန်း ဆက်ပြောလိုက်တယ်။

"ကိုယ် မင်းကို ဆေးလိပ် ဖြတ်စေချင်တယ်''

"ဟူး''

မျက်နှာလွှဲကာ လေပူတွေကို
မှုတ်ထုတ်လိုက်တဲ့ ဂျုံအင့်ကို
ဆယ်ဟွန်း ဒီဘက်သို့ ဆွဲလှည့်လိုက်တယ်။

"မင်းမှာ ပြောစရာစကား မရှိဘူးလား ''

"မင်း ဘာတွေ လာအရူးထနေတာလဲ
ဆေးလိပ်လေး ဖြတ်ဖို့ပြောတာကို
ချစ်ခွင့်ပန်နေသလို စကားဦးခံနေတယ်
ကျွန်တော် လုပ်ချင်တာ လုပ်မယ်''

ဂျုံအင် ခြေလှမ်းတွေရပ်လိုက်တယ် ။
ထို့နောက် ဆယ်ဟွန်းနဲ့ မျက်နှာချင်းဆိုင်
ရှေ့မှာ ဝင်ရပ်ကာ

" မင်း ဘာတွေတွေးနေလဲတော့ မသိပေမဲ့
အခုလိုကြားရတာ ကျွန်တော့်အတွက်
ကသိကအောင့်ဖြစ်တယ်''

ဂျုံအင် အလိုမကျဟန် မျက်ခုံးနှစ်ဖက်ကို
တွန့်ချိုးကာပြောလိုက်တယ်

ဆယ်ဟွန်းက ခပ်သဲ့သဲ့ပြုံးကာ

" မင်း ဘယ်လိုပဲပြောပြော
ကိုယ်ရအောင်တားမှာ''

ပြောချင်ရာပြောပြီး ဆယ်ဟွန်း ထွက်သွားသည်
ဂျုံအင် ငူငူကြီး ကျန်နေခဲ့ပီးသည့်နောက်
ဂျုံအင် အားရပါးရ အော်မိသည်။

"ဟာကွာ ဘယ်လိုအရူးလဲကွာ "
----------------

ရက်ဆက်တိုက်နှင်းကျနေခဲ့ပေမဲ့
ဒီနေ့မှာတော့ နေအလင်းရောင်က
သစ်ပင်တွေကြား ကျဲတဲတဲ ဝင်ရောက်လာပြီ

နှင်းကျထားတဲ့ အရှိန်ကြောင့် တွဲခိုနေတဲ့ ရေစက်တွေက အရည်ထပ်ပျော်ပြီး ပြတင်းမှန်ကို လာရိုက်ခတ်တယ် ။ ဆယ်ဟွန်း ပြတင်းကို ဖွင့်လိုက်ပြီး ရာသီဥတု အခြေအနေကို ကြည့်လိုက်တယ်။

ရေချိုးပြီးကာလစမို့ ရေမခြောက်သေးတဲ့
ဆံပင်ကို ခပ်ဖွဖွ သုတ်ကာ လက်တစ်ဖက်က စာရွက်မှာရေးမှတ်ထားတဲ့ နံပါတ်တစ်ချို့ကို ဖုန်းမှာရိုက်လိုက်သည် ။

တစ်ခါ.. နှစ်ခါ.. သုံးခါမြောက်တွင်
တစ်ဖက်ဖုန်းဆီမှ
အသံလွင်လွင်လေး ထွက်လာသည် ။

"ဘယ်သူလဲ ခင်ဗျ''

တစ်ဖက်ဖုန်းမှ ယဉ်ယဉ်ကျေးကျေးထွက်လာတဲ့ စကားကြောင့် ဆယ်ဟွန်း ပြုံးလိုက်မိတယ်

" ဖုန်းနံပါတ် မှန်မမှန် ဆက်ကြည့်တာပါ ဂျုံအင်''

"....''

ကြားလိုက်ရတဲ့စကားကြောင့် ကြောင်သွားဟန် တူပါသည် ။ဂျုံအင့်ဘက်က ဘာမှ ပြန်မဖြေလာ
ဆယ်ဟွန်းကလဲ ဖုန်းမချမိ

"အို....ဆယ်ဟွန်းလား "

စဉ်းစားရင်း ပြောလိုက်တဲ့ အသံလေးကြောင့်
ဆယ်ဟွန်းအသံထွက်ကာ ရယ်လိုက်မိသည်

"ဟုတ်နေတာပဲ အိုဆယ်ဟွန်း
ကြောင်တောင်တောင်နဲ့ "

တည်တည်ငြိမ်ငြိမ်ပဲ ထွက်ပေါ်လာတဲ့ အသံနဲ့အတူ
ဖုန်းကျသံကို တစ်ဆက်တည်း
ကြားလိုက်ရသည်။

ဆယ်ဟွန်း ထပ်ဆက်မနေတော့ပဲ
အဝတ်အစားလဲကာ အောက်ထပ်ကို
ဆင်းလာသည်

ထို့နောက် ဖုန်းထဲက ဂျုံအင့် ပုံကို ထုတ်ကြည့်ကာ

" ဂျုံအင် ဆိုးလိုက်တာ "
________________________________

"ဂျုံအင် နောက်ကျလိုက်တာ "

ပုခုံးကိုလာဖက်တဲ့ ဟွာဖြောင်းလက်တွေကို
ရိုက်ချကာ မျက်စောင်းထိုးလိုက်တယ်

"ဟော ဘာဖြစ်တာလဲ "

"မင်း အိုဆယ်ဟွန်းကို
ငါ့ဖုန်းနံပါတ်ပေးလိုက်တာမလား
ဟေ့ကောင် "

ဟွာဖြောင်း ရိသဲသဲ့ ပြုံးကာ မသိသလို
ခေါင်းခါလိုက်တယ် ။

"မင်းမှန်းငါသိတယ်"

"ဟဲဟဲ မင်းကလဲ ငါ့သူငယ်ချင်း
မင်းသူငယ်ချင်းပဲပေါ့ကွာ ဟုတ်ဖူးလား "

ဟိုဘက်က ဘယ်လောက်တောင်
လာဘ်ထိုးထားလဲတော့မသိ
ဂျုံအင် မျက်ခုံးတွေ တွန့်ချိုးရင်း
တွေးနေရာမှ ဟွာဖြောင်းဘက်လှည့်ကာ

"သူကဘာပြောလို့လဲ
ဖုန်းနံပါတ်တောင်းတာက ဘာလို့လဲ"

ဟွာဖြောင်းက ချက်ချင်းဆိုသလို မဆိုင်းမတွ
ပြန်ဖြေတယ်

"ဆေးလိပ်ဖြတ်စေချင်လို့ နားချမလို့တဲ့"

ဂျုံအင် မဲ့ပြုံး ပြုံးလိုက်ကာ Earbuds ကိုတပ်လိုက်တယ်

"ဆုတောင်းပေါ့လေ"

____________________

ကျောင်းကိုမလာတဲ့တစ်ပါတ်အတွင်း
ဂျုံအင် အိမ်မှာပဲ ပန်းပင်စိုက်ရင်း
အချိန်ကုန်သည်။
တစ်ပါတ်လောက်နားမယ်ဆိုပီး
ဟွာဖြောင်းကို အသိပေးထားတာမို့
ဖုန်းတစ်ဂွမ်'' မဆက်တာ
ကျေးဇူးတင်ရမည် ။

ကျောင်းသို့ရောက်တော့
ကျောင်းတံခါးပိတ်ချိန်ထက်
၁၀မိနစ်နောက်ကျနေပြီ  ။
အတန်းထဲအသီးသီး ဝင်ကုန်ကြပြီဖြစ်လို့
ဂျုံအင် အတန်းထဲ မသွားသေးပဲ
ဆေးဌာနဘက်က ခုံတန်းလေးမှာ
ဝင်ထိုင်လိုက်တယ် ။

အိတ်ထဲမှ နားကြပ်ကို ထုတ်ကာ
နားမှာတပ်လိုက်သည် ။
အမှတ်တမဲ့ နားကြပ်ကို
တစ်​​ယောက်ယောက်က လာဆွဲဖြုတ်တာမို့
ဂျုံအင် ခေါင်းမော့ကြည့်လိုက်တယ်။

'' မင်း''

ဆယ်ဟွန်းက မျက်ခုံးများကို
တွန့်ချိုးကာ ကြည့်နေတော့ ဂျုံအင်က
ဘာလဲ ဆိုတဲ့အမူအရာနဲ့မေးသည် ။

ဆွဲယူလိုက်သောနားကြပ်ကို
ခုံပေါ်သို့တင်ကာ
ဂျုံအင့်ရှေ့မှာ ဝင်ထိုင်လိုက်သည် ။
ဂျုံအင်က စိတ်ရှုပ်တယ်ဆိုသည့်ပုံစံဖြင့်
အဝေးတစ်နေရာရာကို
အာရုံပြောင်းလိုက်သည် ။

''မင်း အတန်းမတက်ဘူးလား ကျောင်းရောက်ပြီးတော့မှ ဘာဖြစ်တာလဲ ''

''ဒါက မင်းနဲ့ဆိုင်လို့လား''

တစ်နေရာရာကို ငေးနေတဲ့မျက်လုံးများက မရွေ့မလျား။ ဂျုံအင် နှုတ်ခမ်းလှုပ်ရုံမျှ ပြန်ဖြေလိုက်သည် ။

''ကိုယ်နဲ့ မဆိုင်ပေမဲ့ မင်းမှာ
အခက်အခဲရှိနေမယ်ထင်လို့ပါ...
ကိုယ့်ကို ရင်ဖွင့်ချင်သလားဟင် ''

ပြောပုံက လူကြီးလေယူလေသိမ်းမို့
ဂျုံအင့်အကြည့်ကို ဆယ်ဟွန်းဆီသို့
ပို့လိုက်သည် ။

''မင်းကို? ''

''......''

'' မင်းနဲ့ ကျွန်တော်က ရင်းနှီးတာမှမဟုတ်ပဲ ဘာကိစ္စရင်ဖွင့်ရမလဲ''

ဂျုံအင်ပြောလိုက်တဲ့စကားကို
ဆယ်ဟွန်း ပြုံးရုံပြုံးကာ

"စကားတွေပြောဖြစ်တာကြာရင်
ရင်းနှီးနိုင်တာပဲလေ ဂျုံအင်ရဲ့
မင်းတိတ်တဆိတ်နေနေတော့လည်း
တစ်ယောက်ထဲပဲ ပင်ပန်းမယ် မဟုတ်လား''

ဂျုံအင်က မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
ခပ်လေးလေးမျက်နှာပေးနဲ့
လေပူတွေကို မှုတ်ထုတ်လိုက်တယ်

"ကျွန်တော့်ခေါင်းထဲ အခွံသက်သက်ပဲ
ဖြစ်နေတယ် ဒါနဲ့ မင်းက ထူးဆန်းတယ်
ကျွန်တော့်ကို ဘာလို့ ဆေးလိပ်
ဖြတ်စေချင်ရတာလဲ''

ဆယ်ဟွန်း ဘာမှ ပြန်မပြော ။ ဂျုံအင့်ဘေးက နေရာလွတ်ကို ဝင်ထိုင်ကာ

"မသောက်စေချင်တာပဲ အကြောင်းပြချက်
မရှိဘူး "

"ဆရာဝန် ပီသတယ် "

မျက်ခုံးတွေ တွန့်ချိုးကာ ပြောလာတဲ့ ဂျုံအင်
ဆယ်ဟွန်းပြုံးပြကာ

" ကဲ အခု ဘာဖြစ်နေလဲ ပြောပြမှာလား "

" ကျွန်တော် ကျောင်းထွက်ပြီး
အလုပ်လုပ်မလားလို့ပါ
အခုကဟွာဖြောင်းနဲ့နေတာ
သူ့မိသားစုကပဲ
အားလုံးထောက်ပံ့ပေးတာ
ကြာတော့ အားနာလို့ပါ "

ဆယ်ဟွန်းကျစ်တစ်ချက် သပ်ကာ
ဂျုံအင့် ဘက်ကို မျက်နှာလှည့်လိုက်တယ်

" ကျောင်းကတော့ တက်ရမှာပေါ့
  မင်း အရမ်း အလုပ်လုပ်ချင်နေတယ်ဆိုရင်
  ကိုယ် အလုပ်ပေးမယ် "

ဂျုံအင် မျက်ခုံးပင့်ကာ

"ဘာအလုပ်လဲ "

"ကိုယ့်အဖေ ဆေးခန်းအတွက်
တစ်ပါတ်စာတိုင်း
ဆေးဝယ်ပေးရမှာ
တစ်ရက်စာတော့ စာရင်းလုပ်ရမယ်
မင်းအားတဲ့အချိန်မရွေးလုပ်နိုင်တယ် "

"ကျွန်တော် မင်းအကူအညီမလိုချင်ဘူး "

_______________

ဆက်ရန်

---------------------------

မနက္ ၆နာရီ ။နံနက္​ေစာေစာမိုးရာသီ ျဖစ္တာေၾကာင့္မိုးစက္နဲ႔အတူ ႏွင္းဖြဲေတြကသစ္႐ြက္အဖ်ားေတြၾကားတြဲခိုေနသည္။ေလတစ္ခ်က္အေဝ့ သစ္ပင္မွက်လာတဲ့ မိုးေပါက္နဲ႔ ႏွင္းစက္ေတြကိုအထဲမဝင္ခင္ဂ်ဳံအင္ေဆာ့ကစားေနလိုက္တယ္ ။ရာသီဥတု အေအးဒဏ္ေၾကာင့္ ဂ်ဳံအင့္ရဲ႕ႏွာႏုထိပ္ေလးဟာေတာ့ နီရဲစ ျပဳေလၿပီ ။ႏွင္းက်ရင္ ခံစားခ်က္အေကာင္းဆုံး ျဖစ္တဲ့ဂ်ဳံအင္တစ္ေယာက္ ႏွင္းေတြၾကားမွာႏႈတ္ခမ္းမ်ား ေကြးၫြတ္သည္အထိၿပဳံးေနမိသည္။အခ်ိန္အေတာ္ၾကာ ႏွင္းေတြထဲ ရပ္ခဲ့ပီးတဲ့ေနာက္မွာေတာ့ ၇နာရီ ရွိၿပီ ျဖစ္တာေၾကာင့္ဂ်ဳံအင္ေက်ာင္းသြားဖို႔ ျပင္ဆင္ရသည္ ။လမ္းတစ္ေလွ်ာက္ ေအးစိမ့္စိမ့္ ေလထုကအသားထဲထိ စိမ့္ဝင္တဲ့ထိ က်ီစယ္သည္ ။နီေဆြးစျပဳလာတဲ့ နားႏွစ္ဖက္ကို အေႏြးဓာတ္ရေအာင္ မာဖလာကို နားႏွစ္ဖက္ ျမဳပ္သည္အထိပတ္လိုက္တယ္ ။"ဂ်ဳံအင္ "အျဖဴေရာင္မာဖလာေလးကိုလည္ပင္းမွာ ပတ္ထားၿပီး ဂ်ဳံအင့္ဆီသို႔ ေလွ်ာက္လာတဲ့ သူ ။ဂ်ဳံအင္ အေဝးကေန ရပ္၍ၾကည့္ေနမိသည္။"ဆိုင္ကယ္မပါဘူးလား ""အိုဆယ္ဟြန္း ''မေန႔ညထဲက စိတ္ရႈပ္စရာေကာင္းတဲ့လူမို႔ဂ်ဳံအင္ ကြၽတ္ တစ္ခ်က္ သပ္မိသည္ ။သာမာန္သာၿပဳံးျပကာ ဂ်ဳံအင္ပြေနေသာဆံပင္ကို သပ္တင္လိုက္သည္။" ဘာလို႔ စိုက္ၾကည့္ေနတာလဲ ကိုယ္ေမးေနတာေျဖေလ ''ဆယ္ဟြန္းက ၿပဳံး၍ေျပာသည္။ထိုအခါ ဂ်ဳံအင္ မ်က္ခုံးေတြကို တြန္႔ခ်ိဳးလိုက္တယ္ ။မ်က္ေစာင္း တစ္ခ်က္ထိုးကာ ရပ္ေနရာကေနဆက္လွမ္းလိုက္သည္ ။လက္ေကာက္ဝတ္ကို ဆြဲခံလိုက္ရတာေၾကာင့္ဂ်ဳံအင့္မ်က္လုံးတို႔ ျပဴးက်ယ္သြားရသည္ ။"မင္း ဘာလို႔ ကိုယ့္ကို ျပန္မေျဖတာလဲ ''လက္ေကာက္ဝတ္က လက္ေတြကိုျဖဳတ္မခ်ခင္ဆယ္ဟြန္းဘက္ကို လွည့္လိုက္သည္ ။"မေန႔က မ႐ိုမေသ ငါလို႔ ေျပာမိလို႔ စိတ္ဆိုးေနတာလား အဲ့လိုဆိုရင္ ကြၽန္ေတာ္ ဆင္ျခင္မယ္ဘာေနေန ကြၽန္ေတာ္က ဂ်ဴနီယာပဲေလ ''ထိုစကားၾကားေတာ့ ဆယ္ဟြန္းက ၿပဳံးတယ္။စိတ္ရႈပ္စရာေကာင္းေလာက္ေအာင္ကို ခဏခဏၿပဳံးၿပဳံးျပေနတဲ့ ဆယ္ဟြန္းကို ဘာလဲဆိုတဲ့ အၾကည့္နဲ႔ ဂ်ဳံအင္ၾကည့္လိုက္သည္ ။"ဟူး ''ဂ်ဳံအင္က ေလပူေတြကို မႈတ္ထုတ္လိုက္ၿပီးဆယ္ဟြန္း လက္ကို ျဖဳတ္ခ်လိုက္တယ္"ေျပာစရာမရွိရင္ သြားေတာ့မယ္ ''"လမ္းတူေနတာပဲေလ အတူသြားမယ္သြားေနရင္းနဲ႔ ေျပာျပမယ္ "ဂ်ဳံအင္ စကားတစ္လုံးမွ ထပ္မေျပာေတာ့ပဲက်စ္ တစ္ခ်က္ သပ္ကာ ေက်ာင္းဘက္ဦးတည္လိုက္တယ္ ။--------------------------------တစ္လမ္းလုံး ႏွင္းက်သံမွလြဲရင္ တျခားမရွိ။တိတ္ဆိတ္လာသည့္အေလ်ာက္ဂ်ဳံအင္သည္လဲ တစ္ခုခုကို စဥ္းစားမိေနသည္။"ဂ်ဳံအင္ ""......"တစ္ခြန္းမွ ျပန္မေျပာပဲ ဘာလဲ ဆိုသည့္အမူအရာနဲ႔ ေမ့ေငါ့ျပလိုက္သည္ ။"ဒီစကားကိုေျပာဖို႔ ေတာ္ေတာ္ၾကာၾကာစဥ္းစားခဲ့တယ္ ကိုယ္နဲ႔ မဆိုင္ပဲ ဒါကိုေျပာသင့္မေျပာသင့္ အႀကိမ္ႀကိမ္ေပါ့ ''တြန႔္ခ်ိဳးစျပဳလာတဲ့ ဂ်ဳံအင့္မ်က္ခုံးေတြ ။ဆက္ေျပာမည့္ စကားကိုေစာင့္ေနသည့္ ဂ်ဳံအင္ေၾကာင့္ဆယ္ဟြန္း ဆက္ေျပာလိုက္တယ္။"ကိုယ္ မင္းကို ေဆးလိပ္ ျဖတ္ေစခ်င္တယ္''"ဟူး''မ်က္ႏွာလႊဲကာ ေလပူေတြကိုမႈတ္ထုတ္လိုက္တဲ့ ဂ်ဳံအင့္ကိုဆယ္ဟြန္း ဒီဘက္သို႔ ဆြဲလွည့္လိုက္တယ္။"မင္းမွာ ေျပာစရာစကား မရွိဘူးလား ''"မင္း ဘာေတြ လာအ႐ူးထေနတာလဲေဆးလိပ္ေလး ျဖတ္ဖို႔ေျပာတာကိုခ်စ္ခြင့္ပန္ေနသလို စကားဦးခံေနတယ္ကြၽန္ေတာ္ လုပ္ခ်င္တာ လုပ္မယ္''ဂ်ဳံအင္ ေျခလွမ္းေတြရပ္လိုက္တယ္ ။ထို႔ေနာက္ ဆယ္ဟြန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ေရွ႕မွာ ဝင္ရပ္ကာ" မင္း ဘာေတြေတြးေနလဲေတာ့ မသိေပမဲ့အခုလိုၾကားရတာ ကြၽန္ေတာ့္အတြက္ကသိကေအာင့္ျဖစ္တယ္''ဂ်ဳံအင္ အလိုမက်ဟန္ မ်က္ခုံးႏွစ္ဖက္ကိုတြန႔္ခ်ိဳးကာေျပာလိုက္တယ္ဆယ္ဟြန္းက ခပ္သဲ့သဲ့ၿပဳံးကာ" မင္း ဘယ္လိုပဲေျပာေျပာကိုယ္ရေအာင္တားမွာ''ေျပာခ်င္ရာေျပာၿပီး ဆယ္ဟြန္း ထြက္သြားသည္ဂ်ဳံအင္ ငူငူႀကီး က်န္ေနခဲ့ပီးသည့္ေနာက္ဂ်ဳံအင္ အားရပါးရ ေအာ္မိသည္။"ဟာကြာ ဘယ္လိုအ႐ူးလဲကြာ "----------------ရက္ဆက္တိုက္ႏွင္းက်ေနခဲ့ေပမဲ့ဒီေန႔မွာေတာ့ ေနအလင္းေရာင္ကသစ္ပင္ေတြၾကား က်ဲတဲတဲ ဝင္ေရာက္လာၿပီႏွင္းက်ထားတဲ့ အရွိန္ေၾကာင့္ တြဲခိုေနတဲ့ ေရစက္ေတြက အရည္ထပ္ေပ်ာ္ၿပီး ျပတင္းမွန္ကို လာ႐ိုက္ခတ္တယ္ ။ ဆယ္ဟြန္း ျပတင္းကို ဖြင့္လိုက္ၿပီး ရာသီဥတု အေျခအေနကို ၾကည့္လိုက္တယ္။ေရခ်ိဳးၿပီးကာလစမို႔ ေရမေျခာက္ေသးတဲ့ဆံပင္ကို ခပ္ဖြဖြ သုတ္ကာ လက္တစ္ဖက္က စာ႐ြက္မွာေရးမွတ္ထားတဲ့ နံပါတ္တစ္ခ်ိဳ႕ကို ဖုန္းမွာ႐ိုက္လိုက္သည္ ။တစ္ခါ.. ႏွစ္ခါ.. သုံးခါေျမာက္တြင္တစ္ဖက္ဖုန္းဆီမွအသံလြင္လြင္ေလး ထြက္လာသည္ ။"ဘယ္သူလဲ ခင္ဗ်''တစ္ဖက္ဖုန္းမွ ယဥ္ယဥ္ေက်းေက်းထြက္လာတဲ့ စကားေၾကာင့္ ဆယ္ဟြန္း ၿပဳံးလိုက္မိတယ္" ဖုန္းနံပါတ္ မွန္မမွန္ ဆက္ၾကည့္တာပါ ဂ်ဳံအင္''"....''ၾကားလိုက္ရတဲ့စကားေၾကာင့္ ေၾကာင္သြားဟန္ တူပါသည္ ။ဂ်ဳံအင့္ဘက္က ဘာမွ ျပန္မေျဖလာဆယ္ဟြန္းကလဲ ဖုန္းမခ်မိ"အို....ဆယ္ဟြန္းလား "စဥ္းစားရင္း ေျပာလိုက္တဲ့ အသံေလးေၾကာင့္ဆယ္ဟြန္းအသံထြက္ကာ ရယ္လိုက္မိသည္"ဟုတ္ေနတာပဲ အိုဆယ္ဟြန္းေၾကာင္ေတာင္ေတာင္နဲ႔ "တည္တည္ၿငိမ္ၿငိမ္ပဲ ထြက္ေပၚလာတဲ့ အသံနဲ႔အတူဖုန္းက်သံကို တစ္ဆက္တည္းၾကားလိုက္ရသည္။ဆယ္ဟြန္း ထပ္ဆက္မေနေတာ့ပဲအဝတ္အစားလဲကာ ေအာက္ထပ္ကိုဆင္းလာသည္ထို႔ေနာက္ ဖုန္းထဲက ဂ်ဳံအင့္ ပုံကို ထုတ္ၾကည့္ကာ" ဂ်ဳံအင္ ဆိုးလိုက္တာ "________________________________"ဂ်ဳံအင္ ေနာက္က်လိုက္တာ "ပုခုံးကိုလာဖက္တဲ့ ဟြာေျဖာင္းလက္ေတြကို႐ိုက္ခ်ကာ မ်က္ေစာင္းထိုးလိုက္တယ္"ေဟာ ဘာျဖစ္တာလဲ ""မင္း အိုဆယ္ဟြန္းကိုငါ့ဖုန္းနံပါတ္ေပးလိုက္တာမလားေဟ့ေကာင္ "ဟြာေျဖာင္း ရိသဲသဲ့ ၿပဳံးကာ မသိသလိုေခါင္းခါလိုက္တယ္ ။"မင္းမွန္းငါသိတယ္""ဟဲဟဲ မင္းကလဲ ငါ့သူငယ္ခ်င္းမင္းသူငယ္ခ်င္းပဲေပါ့ကြာ ဟုတ္ဖူးလား "ဟိုဘက္က ဘယ္ေလာက္ေတာင္လာဘ္ထိုးထားလဲေတာ့မသိဂ်ဳံအင္ မ်က္ခုံးေတြ တြန္႔ခ်ိဳးရင္းေတြးေနရာမွ ဟြာေျဖာင္းဘက္လွည့္ကာ"သူကဘာေျပာလို႔လဲဖုန္းနံပါတ္ေတာင္းတာက ဘာလို႔လဲ"ဟြာေျဖာင္းက ခ်က္ခ်င္းဆိုသလို မဆိုင္းမတြျပန္ေျဖတယ္"ေဆးလိပ္ျဖတ္ေစခ်င္လို႔ နားခ်မလို႔တဲ့"ဂ်ဳံအင္ မဲ့ၿပဳံး ၿပဳံးလိုက္ကာ Earbuds ကိုတပ္လိုက္တယ္"ဆုေတာင္းေပါ့ေလ"____________________ေက်ာင္းကိုမလာတဲ့တစ္ပါတ္အတြင္းဂ်ဳံအင္ အိမ္မွာပဲ ပန္းပင္စိုက္ရင္းအခ်ိန္ကုန္သည္။တစ္ပါတ္ေလာက္နားမယ္ဆိုပီးဟြာေျဖာင္းကို အသိေပးထားတာမို႔ဖုန္းတစ္ဂြမ္'' မဆက္တာေက်းဇူးတင္ရမည္ ။ေက်ာင္းသို႔ေရာက္ေတာ့ေက်ာင္းတံခါးပိတ္ခ်ိန္ထက္၁၀မိနစ္ေနာက္က်ေနၿပီ ။အတန္းထဲအသီးသီး ဝင္ကုန္ၾကၿပီျဖစ္လို႔ဂ်ဳံအင္ အတန္းထဲ မသြားေသးပဲေဆးဌာနဘက္က ခုံတန္းေလးမွာဝင္ထိုင္လိုက္တယ္ ။အိတ္ထဲမွ နားၾကပ္ကို ထုတ္ကာနားမွာတပ္လိုက္သည္ ။အမွတ္တမဲ့ နားၾကပ္ကိုတစ္​​ေယာက္ေယာက္က လာဆြဲျဖဳတ္တာမို႔ဂ်ဳံအင္ ေခါင္းေမာ့ၾကည့္လိုက္တယ္။'' မင္း''ဆယ္ဟြန္းက မ်က္ခုံးမ်ားကိုတြန္႔ခ်ိဳးကာ ၾကည့္ေနေတာ့ ဂ်ဳံအင္ကဘာလဲ ဆိုတဲ့အမူအရာနဲ႔ေမးသည္ ။ဆြဲယူလိုက္ေသာနားၾကပ္ကိုခုံေပၚသို႔တင္ကာဂ်ဳံအင့္ေရွ႕မွာ ဝင္ထိုင္လိုက္သည္ ။ဂ်ဳံအင္က စိတ္ရႈပ္တယ္ဆိုသည့္ပုံစံျဖင့္အေဝးတစ္ေနရာရာကိုအာ႐ုံေျပာင္းလိုက္သည္ ။''မင္း အတန္းမတက္ဘူးလား ေက်ာင္းေရာက္ၿပီးေတာ့မွ ဘာျဖစ္တာလဲ ''''ဒါက မင္းနဲ႔ဆိုင္လို႔လား''တစ္ေနရာရာကို ေငးေနတဲ့မ်က္လုံးမ်ားက မေ႐ြ႕မလ်ား။ ဂ်ဳံအင္ ႏႈတ္ခမ္းလႈပ္႐ုံမွ် ျပန္ေျဖလိုက္သည္ ။''ကိုယ္နဲ႔ မဆိုင္ေပမဲ့ မင္းမွာအခက္အခဲရွိေနမယ္ထင္လို႔ပါ...ကိုယ့္ကို ရင္ဖြင့္ခ်င္သလားဟင္ ''ေျပာပုံက လူႀကီးေလယူေလသိမ္းမို႔ဂ်ဳံအင့္အၾကည့္ကို ဆယ္ဟြန္းဆီသို႔ပို႔လိုက္သည္ ။''မင္းကို? ''''......'''' မင္းနဲ႔ ကြၽန္ေတာ္က ရင္းႏွီးတာမွမဟုတ္ပဲ ဘာကိစၥရင္ဖြင့္ရမလဲ''ဂ်ဳံအင္ေျပာလိုက္တဲ့စကားကိုဆယ္ဟြန္း ၿပဳံး႐ုံၿပဳံးကာ"စကားေတြေျပာျဖစ္တာၾကာရင္ရင္းႏွီးႏိုင္တာပဲေလ ဂ်ဳံအင္ရဲ႕မင္းတိတ္တဆိတ္ေနေနေတာ့လည္းတစ္ေယာက္ထဲပဲ ပင္ပန္းမယ္ မဟုတ္လား''ဂ်ဳံအင္က မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ၿပီးခပ္ေလးေလးမ်က္ႏွာေပးနဲ႔ေလပူေတြကို မႈတ္ထုတ္လိုက္တယ္"ကြၽန္ေတာ့္ေခါင္းထဲ အခြံသက္သက္ပဲျဖစ္ေနတယ္ ဒါနဲ႔ မင္းက ထူးဆန္းတယ္ကြၽန္ေတာ့္ကို ဘာလို႔ ေဆးလိပ္ျဖတ္ေစခ်င္ရတာလဲ''ဆယ္ဟြန္း ဘာမွ ျပန္မေျပာ ။ ဂ်ဳံအင့္ေဘးက ေနရာလြတ္ကို ဝင္ထိုင္ကာ"မေသာက္ေစခ်င္တာပဲ အေၾကာင္းျပခ်က္မရွိဘူး ""ဆရာဝန္ ပီသတယ္ "မ်က္ခုံးေတြ တြန္႔ခ်ိဳးကာ ေျပာလာတဲ့ ဂ်ဳံအင္ဆယ္ဟြန္းၿပဳံးျပကာ" ကဲ အခု ဘာျဖစ္ေနလဲ ေျပာျပမွာလား "" ကြၽန္ေတာ္ ေက်ာင္းထြက္ၿပီးအလုပ္လုပ္မလားလို႔ပါအခုကဟြာေျဖာင္းနဲ႔ေနတာသူ႔မိသားစုကပဲအားလုံးေထာက္ပံ့ေပးတာၾကာေတာ့ အားနာလို႔ပါ "ဆယ္ဟြန္းက်စ္တစ္ခ်က္ သပ္ကာဂ်ဳံအင့္ ဘက္ကို မ်က္ႏွာလွည့္လိုက္တယ္" ေက်ာင္းကေတာ့ တက္ရမွာေပါ့ မင္း အရမ္း အလုပ္လုပ္ခ်င္ေနတယ္ဆိုရင္ ကိုယ္ အလုပ္ေပးမယ္ "ဂ်ဳံအင္ မ်က္ခုံးပင့္ကာ"ဘာအလုပ္လဲ ""ကိုယ့္အေဖ ေဆးခန္းအတြက္တစ္ပါတ္စာတိုင္းေဆးဝယ္ေပးရမွာတစ္ရက္စာေတာ့ စာရင္းလုပ္ရမယ္မင္းအားတဲ့အခ်ိန္မေ႐ြးလုပ္ႏိုင္တယ္ ""ကြၽန္ေတာ္ မင္းအကူအညီမလိုခ်င္ဘူး "_______________ဆက္ရန္

Continuer la Lecture

Vous Aimerez Aussi

10.1K 686 15
Dannar kirji... Gajeren labari mai dauke da darussa kala kala na wata uwargidah da akaiwa abokiyar zama(amarya)😻💕..NA MRS JH AND MSS XOXO
858K 39.9K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1M 54.5K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.1K 181 5
" အလိုလိုက်ခံရတဲ့ကလေး ဆိုးတာပုံမှန်ဘဲမဟုတ်လားမောင် .. ငါကလေ မောင်ချစ်မှန်း အလိုလိုက်မှန်းသိလို့ဆိုးနေတဲ့ ကလေးသာသာပါဘဲ " 𝐖𝐨𝐧𝐁𝐢𝐧 ... " မောင် မင်း...