ဉာဏ်များလွန်းသော ခင်ပွန်းသည်

Autorstwa Shi_Sheng

487K 53.6K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... Więcej

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၇၅)

2.3K 285 4
Autorstwa Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၇၅)

TRANSLATOR - NC
--------------------

မင်းကြီး သတိလစ်မေ့မြောသွားသည့် သတင်းက မြို့တော်အနှံ့ ပြန့်နှံ့လာသည်။

ဖေ့ကျင်း၏ အိမ်တော်တွင်တော့ ဖေ့ရှောင်ညောင်တစ်ယောက် မိခင်ကို ငိုယို၍ ရှာနေလေ၏။ သို့သော် သူ့မိခင်မှာ အိပ်မောကျနေလေသည်။

ဖေ့ကျင်းက ဖေ့ရှောင်ညောင်ကို ပုခက်ထဲမှ ထုတ်ယူပွေ့ချီလိုက်ပြီး ထိုင်ခုံတွင်ထိုင်လျက် သူနှင့် ဆော့ပေးနေလိုက်သည်။

ယနေ့က နေသာသောကြောင့် ဝဝကစ်ကစ်ဖေ့ရှောင်ညောင်ကလေးကို ပန်းရောင် ချည်အပါးသား ဝတ်စုံ ဆင်ပေးထားလေသည်။

ဖေ့ကျင်းက လက်တစ်ဖက်မှာ ဖေ့ရှောင်ညောင် ဝဝလုံးလုံးလေးကို ချီထားလျက် နောက်လက်တစ်ဖက်ကမူ အရောင်စိုစိုတောက်တောက် စုကျွီး အဝတ်ဘောလုံးလေး ကိုင်ထားကာ ဖေ့ရှောင်ညောင်အား စနောက်ကျီစားနေလေသည်။

ဖေ့ရှောင်ညောင်၏ မျက်လုံးဝိုင်းဝိုင်းကလေးများ တောက်ပကာ လက်လာပြီး စုကျွီးဘောလုံးလေးလှုပ်ရှားရာနောက် လိုက်ကြည့်တော့၏။ သူ၏ လက်တိုကလေးများကို မြှောက် မြှောက်ပြီး လိုက်ဖမ်းရန် ကြိုးစားရှာသည်။ သို့သော် ဖခင်က သူ့အား စုကျွီးကို မပေးပေ။

ဖေ့ကျင်းက စုကျွီးကို သူ့သား လက်လှမ်းမီရာသို့ ထားပေးသည်။ သားဖြစ်သူ စုကျွီးကို လှမ်းဆွဲပြီဆိုသည်နှင့် သူ လက်ကို မြှောက်ပစ်လိုက်တော့သည်။ ဖေ့ကျင်းကတော့ သားဖြစ်သူကို စနောက်ရ၍ ပျော်ပြုံးနေသော်လည်း သားဖြစ်သူကတော့ နှုတ်ခမ်းစူလာပြီး နောက်ဆုံးတော့ အော်ငိုလေတော့သည်။

ဖေ့ကျင်းမှာ အငိုသန်သော ကလေးကို ချော့ရတော့သည်။ တစ်ရေးအိပ်နေသော ရန်ရှီးနဉ် နိုးသွားမှာ သူ စိုးသည်။

"နဝမမင်းသား၊ ဟွမ်းကော်က မင်းသားကို လာတွေ့ပါတယ်" အစေခံတစ်ယောက် အကြောင်းကြားလာသည်။

"ငါ နားလည်ပြီ" ဟု ဖေ့ကျင်း ပြန်ဖြေလိုက်သည်။

ဖေ့ကျင်းက အငိုတိတ်သွားပြီဖြစ်သော သားဖြစ်သူကို ကြည့်လိုက်သည်။ သူ အာရုံပြောင်းနေစဉ် ဖေ့ရှောင်ညောင်က စုကျွီးဘောလုံးကို ယူသွားနိုင်ပြီဖြစ်၏။ ဖေ့ရှောင်ညောင် စုကျွီးနှင့် ပျော်ပျော်ပါးပါးဆော့နေသည်ကို ကြည့်ရင်း ဖေ့ကျင်း ပြုံးလိုက်မိတော့သည်။

စုကျွီးဘောလုံးကို သားဖြစ်သူ ပါးစပ်ထဲ ထည့်တော့မည်ကို တွေ့တော့ စုကျွီးကို အသာဆွဲလုယူလိုက်ရလေသည်။

"သား ဘာဖြစ်လို့ အစားမက်တာလဲ၊ သား အမေလိုပဲ" ဖေ့ကျင်း မေးလိုက်တော့သည်။

ဖေ့ရှောင်ညောင်ကတော့ သူ စားမည့်အရာကို ဖခင်က လုယူသွားသောကြောင့် ငိုတော့မယောင်ဖြစ်နေချေပြီ။ သို့သော် သူ့ဖခင်က ထရပ်လိုက်ပြီး သူ့အား တင်းတင်းကြပ်ကြပ် ချီဖက်လိုက်၏။ သူ ဖခင်၏ ပခုံးမှကျော်၍ ကြည့်လိုက်သောအခါ၌မူ သူစိမ်းတစ်ယောက်ကို တွေ့ရတော့လေသည်။

"နဝမမင်းသားရဲ့ သားတော်လေးဟာ ချောတာပဲ" ဟွမ်းကော်က ချီးကျူးလိုက်လေသည်။

"အကြီးတော်က မြှောက်ပင့်နေပါပြီ" ဖေ့ကျင်းက ဆိုသည်။ "ကျုပ်သားက မချောပါဘူး"

တစ်လသားအရွယ် အရေပြားတွေ တွန့်ခေါက်နေစဉ်ကတော့ ဖေ့ကျင်းသည် သားဖြစ်သူကို အရုပ်ဆိုးအကျည်းတန်လှသည်ဟုပင် မြင်ခဲ့သေးသည်။ သားဖြစ်သူကို နောက်ထပ်နှစ်လခန့် ပျိုးထောင်ထားပြီးသည့်နောက်မှာတော့ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ချောလှသည်ထက် ချောလှလာတော့၏။

"အမှန်ပါပဲ၊ သူက တည်ခန့် ထည်ဝါတဲ့ဘက်ကို ပိုရောက်တာပါ" ဟွမ်းကော်က ​အမွှန်းတင်နေပြန်သည်။

ဖေ့ကျင်း ပြုံးလိုက်ပြီး ဟွမ်းကော်ကို ထိုင်စေလိုက်သည်။

ဖေ့ကျင်းလည်းပဲ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ သားကလေးကို ဖက်ကာ ဒူးပေါ်တင်ထားရင်း ဒူးကို လှုပ်ကာ လှုပ်ကာနှင့် ကလေးကို မြှူနေလိုက်လေသည်။

ဖေ့ရှောင်ညောင်ကတော့ ဖခင်ပေးထားသော မုန့်လုံးအပျော့လေးတစ်ခုကို ဝမ်းသာအားရ စုပ်နေရင်း သူ့ရှေ့ဆီမှ သူစိမ်းကို ကြည့်နေလိုက်လေသည်။

"ကျွနုပ်က မင်းသား ၉ နဲ့တိုင်ပင်စရာ တစ်ခု ရှိလို့လာခဲ့တာ" ဟွမ်းကော်က ပြောလိုက်သည်။

"အကြီးတော် မျက်နှာထားအရ အရေးကြီးမဲ့ပုံပဲ" ဖေ့ကျင်းက ဆိုသည်။

"အရေးကြီးတယ်၊ လေးပင်တဲ့ အရာတစ်ခုဖြစ်သွားခဲ့တယ်" ဟွမ်းကော်က ပြောပြန်သည်။

"ဘာဖြစ်တာလဲ"

"မင်းကြီးက အမိန့်တော်တစ်ခု ရေးထားခဲ့တယ်" ဟွမ်းကော်က ဆိုသည်။ "မင်းသား ၉ ဂုဏ်ပြုပါတယ်၊ မင်းကြီးက မင်းသား ၉ ကို အိမ်ရှေ့စံအဖြစ် အပ်နှင်းဖို့ ရွေးချယ်ခဲ့တယ်"

ဖခမည်းတော်က သူ့အား အိမ်ရှေ့စံဖြစ်စေချင်လိမ့်မည်ဟု ဖေ့ကျင်း ထင်မထားခဲ့ပေ။

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့၏ ပြန်လည်ဆုံဆည်းမှုမှာ ဖခမည်းတော်၏ မေ့မြောသတိလစ်သွားမှုကြောင့် စိတ်လွတ်ကိုယ်လွတ် မပျော်ခဲ့ရ။ သူတို့ စိတ်ထင့်နေခဲ့ကြရသည်။ ဖခမည်းတော်မှာ ရက်ပိုင်းမျှသာ နေရတော့မည်ဟု ကောလဟလသတင်းကြားသဖြင့် နန်းတော်ထဲသို့ သူ၏ ရဲမက်များ ထည့်ကာ စုံစမ်းစေခဲ့သော်လည်း ဘာမျှ ရေရေရာရာ ထူးထူးခြားခြား မသိရပေ။ သူရော ရန်ရှီးနဉ်ပါ အိမ်တော်၌ စိတ်ရှည်ရှည်ဖြင့် စောင့်နေရုံ တတ်နိုင်တော့သည်။

ဟွမ်းကော်၏ သတင်းက ဖေ့ကျင်း ရင်ထဲ၌ အသည်းနှလုံးပါ ပြောင်းဆန်သွားရစေသည်။ သို့သော် အပြင်ပန်းမှာတော့ သူ တည်ငြိမ်နေဟန်ကို မပျက်စေပဲ နေ၏။

"ဒါကို ကျွန်ုပ်တို့ အခွင့်ကောင်းယူသင့်ပါတယ်" ဟု ဟွမ်းကော်က ဆိုလာသည်။

ဖေ့ကျင်း မျက်ဝန်းများမှေးစင်းလိုက်မိတော့သည်။

"အရှင်မင်းကြီးက အမိန့်တော်ကို ရေးသာ ရေးပြီးတယ်ဆိုပေမဲ့ မကြေညာရသေးဘူး" ဟွမ်းကော်က ဆက်ပြောလေသည်။ "အဓိပ္ပာယ်က သူ ဆုံးဖြတ်ချက် မပြတ်သားနိုင်သေးတာပဲ၊ ကျွန်ုပ်တို့ လှုပ်ရှားလိုက်ရင် ထီးနန်းဟာ မင်းသား ၉ အတွက်ဖြစ်လာပါလိမ့်မယ်"

ဖေ့ကျင်း သားကလေးကိုသာ ပို၍ ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်ရင်း သတိပြုလိုက်သည်မှာ မိမိသည် ဖခမည်းတော်က မည်သူ့ကို ထီးနန်းလွှဲအပ်မလဲဆိုသည့်အချင်းအရာပေါ် အလေးထား အရေးစိုက်နေမိကြောင်းပင်။

ဟွမ်းကော်လည်း နှစ်ပေါင်းများစွာ ကြံစည်လာသော မိမိ၏ အကြံ အချည်းနှီး မဖြစ်ဟု တွေးမိလေသည်။

"အရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ ပြင်ဆင်ပြီးသားပါ" ဟွမ်းကော်က ဆိုသည်။

ဟွမ်းကော်၏ စစ်တပ်မှာ ဟွမ်းကော်အမိန့်ပေးရန်သာ လိုသည်။ အမိန့်ပေးလိုက်သည်နှင့် တစ်တပ်လုံး နန်းတော်သို့ ဝင်၍ အာဏာသိမ်းမည်ဖြစ်၏။

ဖေ့ကျင်း၏ သားလေး သည်းသည်းထန်ထန် ငိုကြွေးလာသောကြောင့် ဖေ့ကျင်း အတွေးစပြတ်သွားတော့သည်။ ကလေးက သူ့ဒူးပေါ်၌ နေရင်း ရှူရှူးပေါက်ချလိုက်ခြင်း။

ဖေ့ကျင်း၏ သား ထငို၍သာ တော်တော့သည်။ သို့မဟုတ်ပါက ပိုအရေးကြီးသော အရာကို သူ မမြင်နိုင်ဖြစ်သွားပေလိမ့်မည်။ သူ အမြဲအစဉ် မိမိ၏ အဆင့်အတန်း နေရာကို သိတတ်ခဲ့သည်။ အမြဲ သတိကြီးစွာ နေထိုင်ခဲ့သည်။ ဖခမည်းတော်၏ ဆုံးဖြတ်ချက်နှင့် ဟွမ်းကော်၏ ဖြောင်းဖျမှုများက သူ့အစီအစဉ်ကို အနှောင့်အယှက်ဖြစ်သွားစေခဲ့သည်။ . . . သူ့သားကလေးကို အမှန်တကယ် ကျေးဇူးတင်မိတော့လေသည်။

ဖေ့ကျင်း ထရပ်လိုက်ကာ ကလေးကို ပွေ့ချီသွားရင်း ပြုံးလိုက်လေသည်။ ထိုစဉ်အခိုက်အတန့်မှာ သူ ကလေးထိန်းနေသည်နှင့် မကြုံကြိုက်ပါက ပြန်ပြုပြင်၍ မရနိုင်သော အမှားတစ်ခု လွန်ကျူးမိပေရော့မည်။ သူ့မှာ မယားရှိသည်၊ သားရှိသည်။ ထို့အတွက် သူ တစ်ကိုယ်ကောင်းဆန်စွာ တစွတ်ထိုး ပြုမူ၍ မဖြစ်၊ အန္တရာယ်များသော ကျားကွက်ကို ရွှေ့မိလျှင် သူ ချစ်ရသောသူတို့ကို အန္တရာယ် တွင်းထဲ တွန်းပို့သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုမျှမက ဝမ်ဖုမူထံမှ စာမလာ သတင်းမကြားခြင်းမှာလည်း သတိပေးခြင်းတစ်မျိုး ဖြစ်လေသည်။ ဝမ်ဖုမူ အသံတိတ်နေသည့်နောက်ကွယ်မှ အဓိပ္ပာယ်မှာ သူ အကွက်မှားရွှေ့မိလျှင် သူ့မိသားစုတစ်ခုလုံး သေရမည်ဟု ပြောနေဟန်ရှိသည်။ 

ဖေ့ကျင်း၏ မုန်တိုင်းထန်နေခဲ့သော စိတ်နှလုံးလည်း ပြန်လည်တည်ငြိမ်သွားလေသည်။ "ကျုပ်က တကယ်ကို အပူပင်ကင်းတဲ့ မင်းညီမင်းသားတစ်ပါးပဲ ဖြစ်ချင်တာပါ"

ဟွမ်းကော် သွေးပါ အန်ချင်သွားမိတော့သည်။

အိမ်စေတစ်ယောက် ရောက်လာပြီး ဟွမ်းကော်ကို မြင်းလှည်းဆီထိ လိုက်လံ ပို့ဆောင်ပေးလိုက်လေသည်။

ဖေ့ကျင်းကတော့ သားကလေး၏ ပါးပြင်ကို နမ်းလိုက်ပြီး အခန်းထဲ တပျော်တပါး ပြေးဝင်သွားကာ အဝတ်အစားများ လဲပေးနေလိုက်တော့သည်။ 

"သားလေး လိမ္မာတယ်" ဖေ့ကျင်းက ချော့မြူလေသည်။ "သားက ဖေ့သား အလိမ္မာလေးပဲ၊ မငိုပါနဲ့"

ဖေ့ရှောင်ညောင်မှာ သူ ဖခင်၏ ဒူးပေါ် ရှူရှူးပေါက်ချလိုက်၍ ဖခင်၏ အသိစိတ်ကို ပြန်လည် စုစည်းလိုက်မိသဖြင့် ဖခင်က ကျေးဇူးတင်သွားသည်ကို မသိလိုက်။ သူ့ဘောင်းဘီစိုသွားသဖြင့် ငိုနေရန်ကိုသာ သိလေသည်။

ဖေ့ရှောင်ညောင်၏ ငိုသံကျယ်က ရန်ရှီးနဉ်ကို နိုးသွားစေသည်။

ဖေ့ရှောင်ညောင် မိခင်ကို တွေ့သောအခါ လက်နှစ်ဖက်ကို သူမဆီ ဆန့်ပေးလိုက်ပြီး ပို၍ သည်းထန်စွာ ငိုလေတော့၏။

"မင်း မငိုရဘူး...!" ရန်ရှီးနဉ်က ဆူသည်။

ဖေ့ရှောင်ညောင်မှာ မိခင်က အသံမြှင့်၍ ဆူပြောလိုက်သော လေသံကြောင့် ထိတ်လန့်သွားတော့လေသည်။ သူ နှုတ်ခမ်းကို စူလိုက်ပြီး ဖခင်ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားတော့သည်။ ငိုလည်း မငိုရဲတော့။

ရန်ရှီးနဉ်လည်း သားဖြစ်သူ၏ ဘောင်းဘီ စိုရွှဲနေသည်ကို သတိထားမိလိုက်သည်။ ဖေ့ကျင်းလက်မှ ကလေးကို လွှဲပြောင်းချီယူကာ အဝတ်အစားများ ဆက်လဲပေးနေလိုက်လေသည်။

"စောစောက ဟွမ်းကော် ရှင့်ဆီ လာတာလား" ရန်ရှီးနဉ် မေးလိုက်လေသည်။

"အင်း" ဖေ့ကျင်းက ဆိုသည်။

"နန်းတွင်းထဲမယ် ဘာတွေ ဖြစ်နေလို့လဲ" ရန်ရှီးနဉ် မေးလိုက်သည်။

"ဖခမည်းတော်က အစ်ကိုတော် ၇ ကို အိမ်ရှေ့စံအဖြစ် အပ်နှင်းတယ်ဆိုတဲ့ အမိန့်တော် ရေးထားတယ်တဲ့"ဖေ့ကျင်း လိမ်ပြောလိုက်တော့သည်။

"ဒါဆို ကျွန်မတို့ ဘယ်လို လုပ်ရတော့မလဲ" ရန်ရှီးနဉ် မေးလိုက်သည်။

"ဘာဖြစ်ဦးမလဲ စောင့်ကြည့်ကြရမှာပေါ့" ဖေ့ကျင်းက ဆိုသည်။ "ဒီသတင်းနဲ့ ပတ်သက်ပြီး သံသယဝင်ချင်စရာ ကောင်းနေတယ်လို့ ကိုယ် ထင်တယ်၊ ဟွမ်းကော်ကလဲ ထီးနန်းလုဖို့အတွက် သူ့စစ်တပ်ကို ကိုယ့်ကို ငှား​ပေးမယ်တဲ့၊ ဒါပေမဲ့ ကိုယ် မလုရဲပါဘူး။ ဝမ်ဖုမူကလဲ ကိုယ့်ကို ထူးထူးခြားခြား ဘာမှ ပြောမလာသေးတော့ တစွတ်ထိုးတွေ မလုပ်ချင်ဘူး"

"သတင်းက အမှန်ဖြစ်နေမယ်ဆိုရင်ရော" ရန်ရှီးနဉ် မေးလိုက်လေသည်။ "ဖေ့ကျန်း ရာဇပလ္လက်မှာ ထိုင်နေမှာကို ကျွန်မတို့ လက်ပိုက်ကြည့်နေတော့မှာလား"

"အဲ့ဒါသာ အမှန်ဆိုရင်တော့ ကိုယ်တို့ ကျန်းနန်ကို ပြေးမယ်" ဖေ့ကျင်းက ဆိုသည်။ "ကိုယ်တို့ နန်းမြို့တော်မှာ မနေရင် သူ မသတ်လောက်ပါဘူး၊ ပြီးတော့ ဒီအိမ်တော်မှာ ကိုယ် ဟွမ်းကော်ရဲ့ စစ်တပ်ကို ယှဉ်နိုင်မဲ့ လူအင်အားရှိမနေဘူး"

"ဒါပေမဲ့ ဒါ မတရားဘူးလေ" ရန်ရှီးနဉ်က ဆိုသည်။

ဖေ့ကျန်းကို ဘုရင်မင်းမြတ်အဖြစ် ရန်ရှီးနဉ် လက်မခံနိုင်။ ဖခမည်းတော်ကလည်း ဖေ့ကျင်းအပေါ် မျှတမှုရှိသည်ဟု သူမ မထင်ပေ။

ဖေ့ကျင်း ရန်ရှီးနဉ်၏ လက်ကို ကိုင်ထားလိုက်တော့သည်။ ယခုအချိန်က သူ လှုပ်ရှားဖို့ရန် သင်တော်သည့်အခါမဟုတ်။

ဖေ့ကျင်းက ဖခမည်းတော်၏ အမိန့်စာကိုသာ စောင့်နေလိုက်သည်။ စောင့်နေရသည့် နေ့ရက်တိုင်းက တစ်နှစ်တာပမာ ရှည်ကြလှသည်။ သို့သော် အမိန့်တော်က ရောက်မလာသဖြင့် သူ မလှုပ်ရှားဘဲ နေလေ၏။

နန်းတော်တွင်းမှာလည်း ဝမ်ဖုမူမှာ ဖေ့ကျင်းနှင့် ရန်ရှီးနဉ် နည်းတူ ပူပန်နေမိလေသည်။ ဝမ်ဖုမူမှာ အပြင်လူကို အားကိုးရသည့်အဖြစ်ကို မုန်းတီးသည်။ မလိုလား။ သို့သော်လည်း ဖေ့ကျင်းနှင့် ဖေ့ကျင်းတို့ မိသားစုကို သူ ကာကွယ်ပေးလိုသည်။

ဝမ်ဖုမူသည် ရှောင်နွီ ကြောင်ခိုးမွေးထားသော နန်းတော်ဥယျာဉ် ချောင်တစ်နေရာသို့ သွားလိုက်သည်။ ကံကောင်းထောက်မ၍ ရှောင်နွီ ကြောင်စာကျွေးနေချိန်နှင့် တိုက်ဆိုင်နေလေသည်။

"မနက်ဖြန် ဒီလက်ကိုင်ပဝါကို ထန်မင်းဆောင်သွားပြီး နဝမဝမ်ဖေး လက်ထဲရောက်အောင် ပို့ပေး" ဝမ်ဖုမူ ဆိုလိုက်သည်။ "ဒီကိစ္စ လျို့ဝှက်ထားပေး၊ မဟုတ်ရင် တို့တွေ နှစ်ယောက်စလုံး မြေမြုပ်စရာ နေရာမရှိဘဲ သေသွားလိမ့်မယ်"

ထိုညက ရှောင်နွီ အိပ်မပျော်ပေ။ ဝမ်ဖုမူ ပေးထားသော လက်ကိုင်ပဝါက အလွန်ကြီးလေးလှသည်။

ဝမ်ဖုမူက နဝမမင်းသား၏ ကြင်ယာတော်ထံ သူမမှတဆင့် အဘယ်ကြောင့် လက်ကိုင်ပဝါ ပေးခိုင်းရသည်ကို ရှောင်နွီ နားမလည်။ သို့သော်လည်း ဝမ်ဖုမူက သူမအပေါ် ကြင်ကြင်နာနာရှိပြီး ဘယ်သောအခါမှ အနိုင်ကျင့် နှိမ်ချခြင်းမျိုး မရှိခဲ့ပေ။

နောက်တစ်နေ့ မနက်စောစောထ၍ ထန်မင်းနန်းဆောင်၌ တိတ်တဆိတ်ကြိုတင်ပုန်းအောင်းနေပြီး နဝမဝမ်ဖေးရောက်လာသည်ကို စောင့်နေလိုက်လေသည်။

ထိုနေ့မနက်က ဝမ်ဖုမူသည် မင်းကြီး၏ အိပ်ဆောင်ထဲ တစ်ချိန်လုံး ခစားနေလေသည်။ မင်းကြီး၏ နန်းဆောင်သို့ လာလျှင် ထန်မင်းဆောင်ကို ဖြတ်ကျော် လျှောက်လာတတ်သော ဖေ့ကျင်း၏ အကျင့်အပေါ်သာ အရာအားလုံး ပုံသြလောင်းကြေးထပ်ထားခဲ့ရသည်။

ထိုနေ့မနက် နေမြင့်ချိန်၌ ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ ထန်မင်းဆောင်ကို ဖြတ်လျှောက်လာစဉ် မမြင်မတွေ့ဖူးသော အပျိုတော်တစ်ယောက် ဟန့်တားလာသဖြင့် ထိတ်လန့်သွားကြရလေသည်။ သို့သော်လည်း အပျိုတော်က ရန်ရှီးနဉ်အား လက်ကိုင်ပဝါတစ်ထည် ပေးလိုက်ပြီး ဝမ်ဖုမူထံမှ ရသည်ဟု ပြောပြလိုက်သောအခါမှာတော့ သူတို့ စိတ်အေးသွားတော့လေသည်။

ရှောင်းနွီသည် နဝမမင်းသားနှင့် ကြင်ယာတော်ကို ဦးညွတ်အရိုအသေပေးလိုက်ပြီး ခပ်သွက်သွက် ထွာခွာလာလိုက်တော့လေသည်။

"ဒီလက်ကိုင်ပဝါက ဘာအဓိပ္ပာယ်များလဲ" ရန်ရှီးနဉ် မေးလိုက်လေသည်။

လက်ကိုင်ပဝါပေါ်၌ စကားထာတစ်ခုသာ ရှိနေသည်။ "လူနှစ်ယောက် ခေါင်းထောင် ပြုံး၊ မြည်းစမ်းဟုသာ ပြော"

ဝမ်ဖုမူသည် ဖေ့ကျင်းထက်ပင် သတိကြီးတတ်သူဖြစ်လေရာ အပြင်လူတစ်ဦးကို အားကိုးပြု၍ သူ့အား သတိပေးလာသည်ကို သိရသောအခါ ဖေ့ကျင်း ခေါင်းနားပန်းကြီးသွားတော့လေသည်။ သို့သော် လက်ကိုင်ပဝါမှ စကားထာ၏ အဓိပ္ပာယ်ကို သူ နက်နက်နဲနဲ စဉ်းစားနေမိလေသည်။

ဖေ့ကျင်း လက်ကိုင်ပဝါကို အချိန်အကြာကြီး ကြည့်နေပြီးနောက်မှာတော့ သူ အတွေးလွန်နေမိကြောင်း သတိပြုမိတော့လေသည်။ ဝမ်ဖုမူမှာ စာတတ်ပေတတ် ကဗျာစာဆိုတစ်ဦးမဟုတ်၊ ထို့ကြောင့် ဝမ်ဖုမူက စကားထာသုံး၍ အပြင်လူမှ တဆင့် သတင်းပေးလိုက်သည်တွင် အရေးအရာအလွန်ကြီးသော ကိစ္စရှိနေပြီဟူ၏။

ဝမ်ဖုမူ စကား ပြောပုံကို ဖေ့ကျင်း ပြန်စဉ်းစားမိသည်။ ဝမ်ဖုမူသည် စကားပြောသည့်အခါတိုင်း ရှေ့ဆုံး စကားလုံးကို အသံဖိ၍ ပြောတတ်၏။ ဖေ့ကျင်း စကားထာ စာကြောင်းနှစ်ကြောင်း၏ ရှေ့ဆုံးစာလုံးများကို ကြည့်လိုက်သည်။ "နှစ်ယောက်" နှင့် "မြည်းစမ်း"။ ထိုမျှမက စာလုံးအဆွဲအသားက 'ကျောင်းရှု' ဟူသော အမိန့်စာနှင့်လည်း ဆင်တူနေသည်။ ဖေ့ကျင်း တုန်လှုပ်သွားမိတော့သည်။ သူ၏ ဖခမည်းတော်မှာ ​ရက်စက်လွန်း အညှာအတာမဲ့လွန်း လှပေသည်။

"ဖခမည်းတော်က သေအံ့ဆဲဆဲ ဖြစ်နေတာ မဟုတ်ဘူး" ဖေ့ကျင်း ပြောလိုက်သည်။ "သူ နေမကောင်းဖြစ်သယောင် ဟန်ဆောင်နေတာ။ မကြေညာရသေးတဲ့ အမိန့်စာသတင်းကို ကြားပြီး ဘယ်သားတော်က ပုန်ကန်လိမ့်မလဲလို့ စောင့်ကြည့် စမ်းသပ်နေတာပဲ"

"ဖခမည်းတော် ရူးသွပ်သွားပြီလား" ရန်ရှီးနဉ်က ဆိုသည်။ "ဒါပေမဲ့ အစ်ကိုကြီးရဲ့ ထင်မြင်ယူဆချက်သာအမှန်ဆိုရင် ဖေ့ကျန်းလို စိတ်မရှည်တတ်တဲ့ လူက ဘာလို့ မလှုပ်ရှားသေးတာလဲ"

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့လဲ ဖေ့ကျန်းက မင်းကြီးကို အဘယ်ကြောင့် မသတ်သေးသလဲဟု စဉ်းစားနေရင်း တစ်ယောက်မျက်နှာ တစ်ယောက် တစ်ပြိုင်နက်တည်း ပြန်ကြည့်လိုက်မိတော့လေသည်။

"နန်းတော်ထဲမှာ ဖေ့ကျန်းဘက်က သူလျိုက ဘယ်သူ ဖြစ်မယ်လို့ထင်လဲ" ရန်ရှီးနဉ် မေးလိုက်တော့သည်။

"ဖခမည်းတော်ရဲ့ အိပ်ဆောင်တော်ထဲထိ ဝင်ခွင့်ရတဲ့ လူ ငါးယောက်ရှိတယ်၊ ဝမ်ဖုမူနဲ့ ဖခမည်းတော် အယုံကြည်ရဆုံး သမားတော် ၄ ယောက်ပဲ" ဖေ့ကျင်းက ဆိုသည်။ "ဝမ်ဖုမူ မဟုတ်ဘူးဆိုတော့ သမားတော် ၄ ယောက်ထဲက တစ်ယောက်ပဲ"

"အစ်ကိုကြီး၊ ဖခမည်းတော် သုံးတဲ့ ကျားကွက်ကို ကျွန်မတို့ သိသွားပြီဆိုတာကို သူ ရိပ်မိသွားရင် ဘယ်လိုနေမလဲ မသိဘူးနော်" ရန်ရှီးနဉ် မေးကြည့်လိုက်မိသည်။

"ဖခမည်းတော် ဒီထက်ပိုပြီး ရူးသွပ်သွားလောက်မလား မသိဘူး" ဖေ့ကျင်းက ဆိုသည်။

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြတော့လေသည်။

"ရှီးနဉ် ဘာဆက်ဖြစ်မလဲ ဒီအတိုင်းစောင့်နေရုံကတော့ အကျိုးရှိမယ်ဆိုတာ မသေချာခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ ဒါကပဲ ဆုံးဖြတ်ချက်အမှန်ဆိုတာ ကိုယ် သိလိုက်ပြီ" ဖေ့ကျင်း ပြောလိုက်သည်။ "အစ်ကိုတော် ၇ လိုချင်ဆုံးက ဘာဖြစ်မယ် ထင်သလဲ" 

"သူက ကိုယ်တို့ ဖခမည်းတော်ရဲ့ ကျားပွဲမှာ ရှုံးသွားတာကို လိုချင်တာလေ" ရန်ရှီးနဉ်က ပြန်ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ"

ဖေ့ကျင်းက ပြုံး၏။ "သူ့အလိုဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့ မင်းကြီး၏ နန်းဆောင်အထိ လျှောက်လာလိုက်ကြသည်။ သူတို့ရောက်တော့ လူအစုအဝေးပင် ဖြစ်နေကြလေပြီ။

ဖေ့ခန်းကတော့ ဖေ့ကျင်းနှင့် ရန်ရှီးနဉ်ကို တွေ့ရသဖြင့် ဝမ်းသာအူမြူးနေတော့သည်။

ဖေ့ခန်းက ရန်ရှီးနဉ်၏ အင်္ကျီလက်ကို ဆွဲခါရမ်းလိုက်ကာ ဆိုသည်။ "ကျွန်တော့်တူတော်လေးရော"

ရန်ရှီးနဉ်မှာ ဖေ့ခန်းမျက်ဝန်းထဲမှ မျှော်တလင့်လင့်ခံစားချက်ကို တွေ့သောအခါ သတင်းဆိုးကို မပြောရက်တော့။ "မင်းရဲ့ တူတော်လေးက အိပ်ပျော်နေလို့... အိမ်တော်မှာ ထားခဲ့တယ်ကွဲ့"

ဖေ့ခန်း မျက်နှာလေး ရှုံ့မဲ့သွားကာ မျက်မှောင်ကြုတ်သွားတော့လေသည်။ သူ၏ တူတော်လေး ရှောင်ညောင်ကို သူ အလွန် သတိရနေသည်။

ထိုနေ့နှောင်းပိုင်း ဖေ့ကျန်း မိမိအိမ်တော်သို့ ပြန်လာလိုက်သည်။ သူ၏ မယ်တော်က လူကြီးမင်းထောင်နှင့် တွေ့ပြီး ဖခမည်းတော်၏ အကြံအစည်ကို ကြိုသိနိုင်၍ တော်သေးတော့သည်။ သို့မဟုတ်ပါက၊ သူ စိတ်လိုက်မာန်ပါ ကမူးရူးထိုးလုပ်မိသည်နှင့် အသက်ပါ ဆုံးရှုံးသွားရနိုင်လေသည်။

ဖေ့ကျန်းသည် လင်းချင်းနေသေးသော ကောင်းကင်ပြင်ကြီးကို ကြည့်ရင်း သူ၏ ရာထူးအဆင့်အသစ်အတွက် မျှော်လင့်စောင့်စားနေမိတော့လေသည်။ ဖေ့ကျင်း အကွက်မှားရွှေ့မည့်အချိန်ကို စောင့်နေရုံသာ လိုတော့သည်။ သူသာ ဖေ့ကျင်းဆိုလျှင် ဖေ့ကျင်းအား အိမ်ရှေ့စံအရာ အပ်နှင်းသည့် လျို့ဝှက်အမိန့်တော်စာအကြောင်း သိသွားသောအခါ၌ ဘာမှ မလှုပ်ရှားဘဲ နေဖြစ်မည် မဟုတ်ပေ။ သို့သော် ဖေ့ကျင်း တကယ်ပဲ မလှုပ်ရှားဘဲ နေမည်ဆိုလျှင် သူသည် အမှန်တကယ်ပင် အပူပင်မဲ့ အနှောင်အဖွဲ့ကင်းသော မင်းသားဖြစ်လိုသည့်သဘောပင်။ ထိုသို့ဆိုလျှင် သူ နိုင်သည်လည်း မဟုတ်၊ ရှုံးသည်လည်း မမည်၊ ဖခမည်းတော်၏ စမ်းသပ်မှုလည်း အချည်းနှီး ဖြစ်သွားပေတော့မည်။

"သတ္တမ မင်းသား၊ နဝမမင်းသား စတင်လှုပ်ရှားလာပါပြီ" ကိုယ်ရံတော်တစ်ဦးက သတင်းပို့လာသည်။

"မြန်မြန် ပြောစမ်း" ဖေ့ကျန်းက ဆို၏။

"နဝမမင်းသားက သူ့အိမ်တော်ထဲမှာ လူသူ လျို့ဝှက်စုဆောင်းနေပါတယ်"

ကိုယ်ရံတော်ရဲမက်များကို ဖေ့ကျင်းအား အနီးကပ်စောင့်ကြည့်ခိုင်းမိသဖြင့် ဖေ့ကျန်းအတွက် ကျေနပ်အားရစရာဖြစ်လာချေပြီ။ ဖခမည်းတော်၏ အမိန့်တော်အကြောင်း ဖေ့ကျင်း သိသွားပြီး ဟွမ်းကော်၏ ရဲမက်များကို အိမ်တော်ထဲ ခေါ်သွင်းနေပြီဟု သူ ထင်လိုက်သည်။

"သတ္တမမင်းသား၊ ကျွန်တော်မျိုးနဲ့ ကျန်တဲ့ ရဲမက်တွေ သူတို့ရဲ့ မြင်းလှည်းတွေကိုပါ ရှာဖွေကြည့်ခဲ့ပါတယ်" ရဲမက်က ဆက်လက်လျှောက်တင်လေသည်။ "မြင်းလှည်းတွေ အကုန်လုံးမှာ မြှားတွေ၊ အမြှောက်ဆံတွေ အပြည့်ပါပဲ"

ဖေ့ကျန်း အောင်နိုင်သူပမာ ရယ်လိုက်တော့လေသည်။ "သူနဲ့ သူ့လူတွေနောက်ကို သေချာ နောက်ယောင်ခံစောင့်ကြည့်ထား၊ သူတို့အထဲက တစ်ယောက်ယောက် ရုတ်တရက် လှုပ်ရှားလာတာရှိရင်၊ တစ်ခုခု ထူးခြားရင် ငါမင်းသားကို လာတင်ပြချေ"

ဖေ့ကျန်းသည် ဖေ့ကျင်း တိုက်ခိုက်လာမည့်အချိန်ကို ရက်ပိုင်းမျှ စောင့်ရင်း ကျေနပ်ဝမ်းသာနေတော့လေသည်။ သို့သော်လည်း ရက်ပိုင်းမျှကြာလာသည်အထိ ဖေ့ကျင်း မတိုက်ခိုက်သေးသောအခါတွင်မူ သူ စိုးရိမ်စပြုလာတော့သည်။ ဖေ့ကျင်းပဲ နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သလား။

"သူ ရုတ်တရက် ဘာလှုပ်ရှားမှုမှ မရှိတော့တာ သေချာတယ်နော်" ဖေ့ကျန်း ရဲမက်ကို မေးလိုက်လေသည်။

"သေချာပါတယ်" ရဲမက်က ဆိုသည်။ "ဒါပေမဲ့ နဝမမင်းသားရဲ့ ရဲမက်တွေကတော့ အနီးဝန်းကျင်ရပ်ကွက်တွေက ရေတွင်းတွေမှာ ရေခပ်ပြီး သိုလှောင်နေကြပါတယ်"

"ရေ...?" ဖေ့ကျန်း မေးလိုက်တော့၏။

"ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်နဲ့ အခြားရဲမက်တွေ သေချာ စစ်ကြည့်ခဲ့ပါသေးတယ်၊ ရေသီးသန့်ပါပဲ"

"ကျန်တဲ့ သူ့နောက်လိုက်တွေကရော"

"ဘယ်သူမှ မသင်္ကာစရာ လှုပ်ရှားမှုမျိုး လုပ်မနေကြပါဘူး" ရဲမက်က ပြန်ဖြေလေသည်။

တစ်နာရီခန့်ကြာသော်အခါ ဖေ့ကျင်းကို စောင့်ကြည့်ခိုင်းထားသော အစောင့်က ဖေ့ကျန်း အိမ်တော်သို့ ပြန်ရောက်လာပြန်တော့သည်။

"နဝမမင်းသားက သူ့ရဲမက်တွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားဖို့ ​ညွှန်ကြားနေပါပြီ" ရဲမက်က လျှောက်တင်လာသည်။

ဖေ့ကျန်းမှာ သတင်းကောင်းကို ပြန်ကြားရသဖြင့် ဝမ်းသာသွားတော့သည်။ သူ နောက်ထပ် ၄ နာရီခန့် စောင့်နေလိုက်သည်။ သို့သော် ဖေ့ကျင်းနှင့် သူ၏ ရဲမက်များမှာ ငြိမ်သက်နေပြန်၏။

"သူ့ရဲမက်တွေကို တိုက်ဖို့ပြောတာမှန်း သေချာရဲ့လား" ဖေ့ကျန်းက မိမိ၏ အစောင့်ကို ပြန်မေးလိုက်တော့သည်။

"သေချာပါတယ်"

"ရဲမက်တွေ ထပ်တိုးပြီး ချထားလိုက်၊ သူ့အိမ်တော်ကနေ ဘယ်သူမှ အပြင်မထွက်စေနဲ့" ဖေ့ကျန်းက ဆိုသည်။ "ငါမင်းသား နန်းတွင်းထဲ သွားလိုက်ဦးမယ်"

ဖေ့ကျင်းတို့ အိမ်တော်မှာမူ ဖေ့ကျင်းနှင့် ရန်ရှီးနဉ်မှာ တပျော်တပါး ကျားထိုးကစားနေကြလေသည်။

"နဝမမင်းသား၊ သတ္တမမင်းသားက အစောင့်ရဲမက်တွေ ထပ်တိုးချထားလိုက်ပါတယ်၊ ပြီးတော့ သူကိုယ်တိုင်ကတော့ နန်းတော်တွင်း ဝင်သွားပါတယ်" ဖေ့ကျင်း၏ ရဲမက်တစ်ဦး သတင်းလာပို့ပြီးနောက် ထွက်သွားလေသည်။

"မိန်းမ ငါးကတော့ ငါးစာကို ဟပ်မိသွားခဲ့ပြီ" ဖေ့ကျင်းက ဆိုသည်။

"ပွဲသိမ်းပြီပေါ့" ရန်ရှီးနဉ် ပြန်ပြောလိုက်တော့သည်။

_____

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၇၅)

TRANSLATOR - NC
--------------------

မင္းႀကီး သတိလစ္ေမ့ေျမာသြားသည့္ သတင္းက ၿမိဳ႕ေတာ္အႏွံ႕ ျပန့္ႏွံ႕လာသည္။

ေဖ့က်င္း၏ အိမ္ေတာ္တြင္ေတာ့ ေဖ့ေရွာင္ေညာင္တစ္ေယာက္ မိခင္ကို ငိုယို၍ ရွာေနေလ၏။ သို႔ေသာ္ သူ႕မိခင္မွာ အိပ္ေမာက်ေနေလသည္။

ေဖ့က်င္းက ေဖ့ေရွာင္ေညာင္ကို ပုခက္ထဲမွ ထုတ္ယူေပြ႕ခ်ီလိုက္ၿပီး ထိုင္ခုံတြင္ထိုင္လ်က္ သူႏွင့္ ေဆာ့ေပးေနလိုက္သည္။

ယေန႕က ေနသာေသာေၾကာင့္ ဝဝကစ္ကစ္ေဖ့ေရွာင္ေညာင္ကေလးကို ပန္းေရာင္ ခ်ည္အပါးသား ဝတ္စုံ ဆင္ေပးထားေလသည္။

ေဖ့က်င္းက လက္တစ္ဖက္မွာ ေဖ့ေရွာင္ေညာင္ ဝဝလုံးလုံးေလးကို ခ်ီထားလ်က္ ေနာက္လက္တစ္ဖက္ကမူ အေရာင္စိုစိုေတာက္ေတာက္ စုကြၽီး အဝတ္ေဘာလုံးေလး ကိုင္ထားကာ ေဖ့ေရွာင္ေညာင္အား စေနာက္က်ီစားေနေလသည္။

ေဖ့ေရွာင္ေညာင္၏ မ်က္လုံးဝိုင္းဝိုင္းကေလးမ်ား ေတာက္ပကာ လက္လာၿပီး စုကြၽီးေဘာလုံးေလးလႈပ္ရွားရာေနာက္ လိုက္ၾကည့္ေတာ့၏။ သူ၏ လက္တိုကေလးမ်ားကို ျမႇောက္ ျမႇောက္ၿပီး လိုက္ဖမ္းရန္ ႀကိဳးစားရွာသည္။ သို႔ေသာ္ ဖခင္က သူ႕အား စုကြၽီးကို မေပးေပ။

ေဖ့က်င္းက စုကြၽီးကို သူ႕သား လက္လွမ္းမီရာသို႔ ထားေပးသည္။ သားျဖစ္သူ စုကြၽီးကို လွမ္းဆြဲၿပီဆိုသည္ႏွင့္ သူ လက္ကို ျမႇောက္ပစ္လိုက္ေတာ့သည္။ ေဖ့က်င္းကေတာ့ သားျဖစ္သူကို စေနာက္ရ၍ ေပ်ာ္ၿပဳံးေနေသာ္လည္း သားျဖစ္သူကေတာ့ ႏႈတ္ခမ္းစူလာၿပီး ေနာက္ဆုံးေတာ့ ေအာ္ငိုေလေတာ့သည္။

ေဖ့က်င္းမွာ အငိုသန္ေသာ ကေလးကို ေခ်ာ့ရေတာ့သည္။ တစ္ေရးအိပ္ေနေသာ ရန္ရွီးနဥ္ နိုးသြားမွာ သူ စိုးသည္။

"နဝမမင္းသား၊ ဟြမ္းေကာ္က မင္းသားကို လာေတြ႕ပါတယ္" အေစခံတစ္ေယာက္ အေၾကာင္းၾကားလာသည္။

"ငါ နားလည္ၿပီ" ဟု ေဖ့က်င္း ျပန္ေျဖလိုက္သည္။

ေဖ့က်င္းက အငိုတိတ္သြားၿပီျဖစ္ေသာ သားျဖစ္သူကို ၾကည့္လိုက္သည္။ သူ အာ႐ုံေျပာင္းေနစဥ္ ေဖ့ေရွာင္ေညာင္က စုကြၽီးေဘာလုံးကို ယူသြားနိုင္ၿပီျဖစ္၏။ ေဖ့ေရွာင္ေညာင္ စုကြၽီးႏွင့္ ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ေနသည္ကို ၾကည့္ရင္း ေဖ့က်င္း ၿပဳံးလိုက္မိေတာ့သည္။

စုကြၽီးေဘာလုံးကို သားျဖစ္သူ ပါးစပ္ထဲ ထည့္ေတာ့မည္ကို ေတြ႕ေတာ့ စုကြၽီးကို အသာဆြဲလုယူလိုက္ရေလသည္။

"သား ဘာျဖစ္လို႔ အစားမက္တာလဲ၊ သား အေမလိုပဲ" ေဖ့က်င္း ေမးလိုက္ေတာ့သည္။

ေဖ့ေရွာင္ေညာင္ကေတာ့ သူ စားမည့္အရာကို ဖခင္က လုယူသြားေသာေၾကာင့္ ငိုေတာ့မေယာင္ျဖစ္ေနေခ်ၿပီ။ သို႔ေသာ္ သူ႕ဖခင္က ထရပ္လိုက္ၿပီး သူ႕အား တင္းတင္းၾကပ္ၾကပ္ ခ်ီဖက္လိုက္၏။ သူ ဖခင္၏ ပခုံးမွေက်ာ္၍ ၾကည့္လိုက္ေသာအခါ၌မူ သူစိမ္းတစ္ေယာက္ကို ေတြ႕ရေတာ့ေလသည္။

"နဝမမင္းသားရဲ႕ သားေတာ္ေလးဟာ ေခ်ာတာပဲ" ဟြမ္းေကာ္က ခ်ီးက်ဴးလိုက္ေလသည္။

"အႀကီးေတာ္က ျမႇောက္ပင့္ေနပါၿပီ" ေဖ့က်င္းက ဆိုသည္။ "က်ဳပ္သားက မေခ်ာပါဘူး"

တစ္လသားအ႐ြယ္ အေရျပားေတြ တြန့္ေခါက္ေနစဥ္ကေတာ့ ေဖ့က်င္းသည္ သားျဖစ္သူကို အ႐ုပ္ဆိုးအက်ည္းတန္လွသည္ဟုပင္ ျမင္ခဲ့ေသးသည္။ သားျဖစ္သူကို ေနာက္ထပ္ႏွစ္လခန့္ ပ်ိဳးေထာင္ထားၿပီးသည့္ေနာက္မွာေတာ့ ျပည့္ျပည့္ၿဖိဳးၿဖိဳးႏွင့္ ေခ်ာလွသည္ထက္ ေခ်ာလွလာေတာ့၏။

"အမွန္ပါပဲ၊ သူက တည္ခန့္ ထည္ဝါတဲ့ဘက္ကို ပိုေရာက္တာပါ" ဟြမ္းေကာ္က ​အမႊန္းတင္ေနျပန္သည္။

ေဖ့က်င္း ၿပဳံးလိုက္ၿပီး ဟြမ္းေကာ္ကို ထိုင္ေစလိုက္သည္။

ေဖ့က်င္းလည္းပဲ ထိုင္ခုံတစ္လုံးတြင္ ဝင္ထိုင္လိုက္သည္။ သားကေလးကို ဖက္ကာ ဒူးေပၚတင္ထားရင္း ဒူးကို လႈပ္ကာ လႈပ္ကာႏွင့္ ကေလးကို ျမႇူေနလိုက္ေလသည္။

ေဖ့ေရွာင္ေညာင္ကေတာ့ ဖခင္ေပးထားေသာ မုန့္လုံးအေပ်ာ့ေလးတစ္ခုကို ဝမ္းသာအားရ စုပ္ေနရင္း သူ႕ေရွ႕ဆီမွ သူစိမ္းကို ၾကည့္ေနလိုက္ေလသည္။

"ကြၽႏုပ္က မင္းသား ၉ နဲ႕တိုင္ပင္စရာ တစ္ခု ရွိလို႔လာခဲ့တာ" ဟြမ္းေကာ္က ေျပာလိုက္သည္။

"အႀကီးေတာ္ မ်က္ႏွာထားအရ အေရးႀကီးမဲ့ပုံပဲ" ေဖ့က်င္းက ဆိုသည္။

"အေရးႀကီးတယ္၊ ေလးပင္တဲ့ အရာတစ္ခုျဖစ္သြားခဲ့တယ္" ဟြမ္းေကာ္က ေျပာျပန္သည္။

"ဘာျဖစ္တာလဲ"

"မင္းႀကီးက အမိန့္ေတာ္တစ္ခု ေရးထားခဲ့တယ္" ဟြမ္းေကာ္က ဆိုသည္။ "မင္းသား ၉ ဂုဏ္ျပဳပါတယ္၊ မင္းႀကီးက မင္းသား ၉ ကို အိမ္ေရွ႕စံအျဖစ္ အပ္ႏွင္းဖို႔ ေ႐ြးခ်ယ္ခဲ့တယ္"

ဖခမည္းေတာ္က သူ႕အား အိမ္ေရွ႕စံျဖစ္ေစခ်င္လိမ့္မည္ဟု ေဖ့က်င္း ထင္မထားခဲ့ေပ။

ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔၏ ျပန္လည္ဆုံဆည္းမႈမွာ ဖခမည္းေတာ္၏ ေမ့ေျမာသတိလစ္သြားမႈေၾကာင့္ စိတ္လြတ္ကိုယ္လြတ္ မေပ်ာ္ခဲ့ရ။ သူတို႔ စိတ္ထင့္ေနခဲ့ၾကရသည္။ ဖခမည္းေတာ္မွာ ရက္ပိုင္းမွ်သာ ေနရေတာ့မည္ဟု ေကာလဟလသတင္းၾကားသျဖင့္ နန္းေတာ္ထဲသို႔ သူ၏ ရဲမက္မ်ား ထည့္ကာ စုံစမ္းေစခဲ့ေသာ္လည္း ဘာမွ် ေရေရရာရာ ထူးထူးျခားျခား မသိရေပ။ သူေရာ ရန္ရွီးနဥ္ပါ အိမ္ေတာ္၌ စိတ္ရွည္ရွည္ျဖင့္ ေစာင့္ေန႐ုံ တတ္နိုင္ေတာ့သည္။

ဟြမ္းေကာ္၏ သတင္းက ေဖ့က်င္း ရင္ထဲ၌ အသည္းႏွလုံးပါ ေျပာင္းဆန္သြားရေစသည္။ သို႔ေသာ္ အျပင္ပန္းမွာေတာ့ သူ တည္ၿငိမ္ေနဟန္ကို မပ်က္ေစပဲ ေန၏။

"ဒါကို ကြၽန္ုပ္တို႔ အခြင့္ေကာင္းယူသင့္ပါတယ္" ဟု ဟြမ္းေကာ္က ဆိုလာသည္။

ေဖ့က်င္း မ်က္ဝန္းမ်ားေမွးစင္းလိုက္မိေတာ့သည္။

"အရွင္မင္းႀကီးက အမိန့္ေတာ္ကို ေရးသာ ေရးၿပီးတယ္ဆိုေပမဲ့ မေၾကညာရေသးဘူး" ဟြမ္းေကာ္က ဆက္ေျပာေလသည္။ "အဓိပၸာယ္က သူ ဆုံးျဖတ္ခ်က္ မျပတ္သားနိုင္ေသးတာပဲ၊ ကြၽန္ုပ္တို႔ လႈပ္ရွားလိုက္ရင္ ထီးနန္းဟာ မင္းသား ၉ အတြက္ျဖစ္လာပါလိမ့္မယ္"

ေဖ့က်င္း သားကေလးကိုသာ ပို၍ ခပ္တင္းတင္း ေပြ႕ဖက္ထားလိုက္ရင္း သတိျပဳလိုက္သည္မွာ မိမိသည္ ဖခမည္းေတာ္က မည္သူ႕ကို ထီးနန္းလႊဲအပ္မလဲဆိုသည့္အခ်င္းအရာေပၚ အေလးထား အေရးစိုက္ေနမိေၾကာင္းပင္။

ဟြမ္းေကာ္လည္း ႏွစ္ေပါင္းမ်ားစြာ ႀကံစည္လာေသာ မိမိ၏ အႀကံ အခ်ည္းႏွီး မျဖစ္ဟု ေတြးမိေလသည္။

"အရာအားလုံး အဆင္သင့္ျဖစ္ေနပါၿပီ၊ ျပင္ဆင္ၿပီးသားပါ" ဟြမ္းေကာ္က ဆိုသည္။

ဟြမ္းေကာ္၏ စစ္တပ္မွာ ဟြမ္းေကာ္အမိန့္ေပးရန္သာ လိုသည္။ အမိန့္ေပးလိုက္သည္ႏွင့္ တစ္တပ္လုံး နန္းေတာ္သို႔ ဝင္၍ အာဏာသိမ္းမည္ျဖစ္၏။

ေဖ့က်င္း၏ သားေလး သည္းသည္းထန္ထန္ ငိုေႂကြးလာေသာေၾကာင့္ ေဖ့က်င္း အေတြးစျပတ္သြားေတာ့သည္။ ကေလးက သူ႕ဒူးေပၚ၌ ေနရင္း ရႉရႉးေပါက္ခ်လိဳက္ျခင္း။

ေဖ့က်င္း၏ သား ထငို၍သာ ေတာ္ေတာ့သည္။ သို႔မဟုတ္ပါက ပိုအေရးႀကီးေသာ အရာကို သူ မျမင္နိုင္ျဖစ္သြားေပလိမ့္မည္။ သူ အၿမဲအစဥ္ မိမိ၏ အဆင့္အတန္း ေနရာကို သိတတ္ခဲ့သည္။ အၿမဲ သတိႀကီးစြာ ေနထိုင္ခဲ့သည္။ ဖခမည္းေတာ္၏ ဆုံးျဖတ္ခ်က္ႏွင့္ ဟြမ္းေကာ္၏ ေျဖာင္းဖ်မႈမ်ားက သူ႕အစီအစဥ္ကို အေႏွာင့္အယွက္ျဖစ္သြားေစခဲ့သည္။ . . . သူ႕သားကေလးကို အမွန္တကယ္ ေက်းဇူးတင္မိေတာ့ေလသည္။

ေဖ့က်င္း ထရပ္လိုက္ကာ ကေလးကို ေပြ႕ခ်ီသြားရင္း ၿပဳံးလိုက္ေလသည္။ ထိုစဥ္အခိုက္အတန့္မွာ သူ ကေလးထိန္းေနသည္ႏွင့္ မႀကဳံႀကိဳက္ပါက ျပန္ျပဳျပင္၍ မရနိုင္ေသာ အမွားတစ္ခု လြန္က်ဴးမိေပေရာ့မည္။ သူ႕မွာ မယားရွိသည္၊ သားရွိသည္။ ထို႔အတြက္ သူ တစ္ကိုယ္ေကာင္းဆန္စြာ တစြတ္ထိုး ျပဳမူ၍ မျဖစ္၊ အႏၲရာယ္မ်ားေသာ က်ားကြက္ကို ေ႐ႊ႕မိလွ်င္ သူ ခ်စ္ရေသာသူတို႔ကို အႏၲရာယ္ တြင္းထဲ တြန္းပို႔သကဲ့သို႔ ျဖစ္သြားေပလိမ့္မည္။ ထိုမွ်မက ဝမ္ဖုမူထံမွ စာမလာ သတင္းမၾကားျခင္းမွာလည္း သတိေပးျခင္းတစ္မ်ိဳး ျဖစ္ေလသည္။ ဝမ္ဖုမူ အသံတိတ္ေနသည့္ေနာက္ကြယ္မွ အဓိပၸာယ္မွာ သူ အကြက္မွားေ႐ႊ႕မိလွ်င္ သူ႕မိသားစုတစ္ခုလုံး ေသရမည္ဟု ေျပာေနဟန္ရွိသည္။ 

ေဖ့က်င္း၏ မုန္တိုင္းထန္ေနခဲ့ေသာ စိတ္ႏွလုံးလည္း ျပန္လည္တည္ၿငိမ္သြားေလသည္။ "က်ဳပ္က တကယ္ကို အပူပင္ကင္းတဲ့ မင္းညီမင္းသားတစ္ပါးပဲ ျဖစ္ခ်င္တာပါ"

ဟြမ္းေကာ္ ေသြးပါ အန္ခ်င္သြားမိေတာ့သည္။

အိမ္ေစတစ္ေယာက္ ေရာက္လာၿပီး ဟြမ္းေကာ္ကို ျမင္းလွည္းဆီထိ လိုက္လံ ပို႔ေဆာင္ေပးလိုက္ေလသည္။

ေဖ့က်င္းကေတာ့ သားကေလး၏ ပါးျပင္ကို နမ္းလိုက္ၿပီး အခန္းထဲ တေပ်ာ္တပါး ေျပးဝင္သြားကာ အဝတ္အစားမ်ား လဲေပးေနလိုက္ေတာ့သည္။ 

"သားေလး လိမၼာတယ္" ေဖ့က်င္းက ေခ်ာ့ျမဴေလသည္။ "သားက ေဖ့သား အလိမၼာေလးပဲ၊ မငိုပါနဲ႕"

ေဖ့ေရွာင္ေညာင္မွာ သူ ဖခင္၏ ဒူးေပၚ ရႉရႉးေပါက္ခ်လိဳက္၍ ဖခင္၏ အသိစိတ္ကို ျပန္လည္ စုစည္းလိုက္မိသျဖင့္ ဖခင္က ေက်းဇူးတင္သြားသည္ကို မသိလိုက္။ သူ႕ေဘာင္းဘီစိုသြားသျဖင့္ ငိုေနရန္ကိုသာ သိေလသည္။

ေဖ့ေရွာင္ေညာင္၏ ငိုသံက်ယ္က ရန္ရွီးနဥ္ကို နိုးသြားေစသည္။

ေဖ့ေရွာင္ေညာင္ မိခင္ကို ေတြ႕ေသာအခါ လက္ႏွစ္ဖက္ကို သူမဆီ ဆန့္ေပးလိုက္ၿပီး ပို၍ သည္းထန္စြာ ငိုေလေတာ့၏။

"မင္း မငိုရဘူး...!" ရန္ရွီးနဥ္က ဆူသည္။

ေဖ့ေရွာင္ေညာင္မွာ မိခင္က အသံျမႇင့္၍ ဆူေျပာလိုက္ေသာ ေလသံေၾကာင့္ ထိတ္လန့္သြားေတာ့ေလသည္။ သူ ႏႈတ္ခမ္းကို စူလိုက္ၿပီး ဖခင္ရင္ခြင္ထဲ ေခါင္းတိုးဝင္သြားေတာ့သည္။ ငိုလည္း မငိုရဲေတာ့။

ရန္ရွီးနဥ္လည္း သားျဖစ္သူ၏ ေဘာင္းဘီ စို႐ႊဲေနသည္ကို သတိထားမိလိုက္သည္။ ေဖ့က်င္းလက္မွ ကေလးကို လႊဲေျပာင္းခ်ီယူကာ အဝတ္အစားမ်ား ဆက္လဲေပးေနလိုက္ေလသည္။

"ေစာေစာက ဟြမ္းေကာ္ ရွင့္ဆီ လာတာလား" ရန္ရွီးနဥ္ ေမးလိုက္ေလသည္။

"အင္း" ေဖ့က်င္းက ဆိုသည္။

"နန္းတြင္းထဲမယ္ ဘာေတြ ျဖစ္ေနလို႔လဲ" ရန္ရွီးနဥ္ ေမးလိုက္သည္။

"ဖခမည္းေတာ္က အစ္ကိုေတာ္ ၇ ကို အိမ္ေရွ႕စံအျဖစ္ အပ္ႏွင္းတယ္ဆိုတဲ့ အမိန့္ေတာ္ ေရးထားတယ္တဲ့"ေဖ့က်င္း လိမ္ေျပာလိုက္ေတာ့သည္။

"ဒါဆို ကြၽန္မတို႔ ဘယ္လို လုပ္ရေတာ့မလဲ" ရန္ရွီးနဥ္ ေမးလိုက္သည္။

"ဘာျဖစ္ဦးမလဲ ေစာင့္ၾကည့္ၾကရမွာေပါ့" ေဖ့က်င္းက ဆိုသည္။ "ဒီသတင္းနဲ႕ ပတ္သက္ၿပီး သံသယဝင္ခ်င္စရာ ေကာင္းေနတယ္လို႔ ကိုယ္ ထင္တယ္၊ ဟြမ္းေကာ္ကလဲ ထီးနန္းလုဖို႔အတြက္ သူ႕စစ္တပ္ကို ကိုယ့္ကို ငွား​ေပးမယ္တဲ့၊ ဒါေပမဲ့ ကိုယ္ မလုရဲပါဘူး။ ဝမ္ဖုမူကလဲ ကိုယ့္ကို ထူးထူးျခားျခား ဘာမွ ေျပာမလာေသးေတာ့ တစြတ္ထိုးေတြ မလုပ္ခ်င္ဘူး"

"သတင္းက အမွန္ျဖစ္ေနမယ္ဆိုရင္ေရာ" ရန္ရွီးနဥ္ ေမးလိုက္ေလသည္။ "ေဖ့က်န္း ရာဇပလႅက္မွာ ထိုင္ေနမွာကို ကြၽန္မတို႔ လက္ပိုက္ၾကည့္ေနေတာ့မွာလား"

"အဲ့ဒါသာ အမွန္ဆိုရင္ေတာ့ ကိုယ္တို႔ က်န္းနန္ကို ေျပးမယ္" ေဖ့က်င္းက ဆိုသည္။ "ကိုယ္တို႔ နန္းၿမိဳ႕ေတာ္မွာ မေနရင္ သူ မသတ္ေလာက္ပါဘူး၊ ၿပီးေတာ့ ဒီအိမ္ေတာ္မွာ ကိုယ္ ဟြမ္းေကာ္ရဲ႕ စစ္တပ္ကို ယွဥ္နိုင္မဲ့ လူအင္အားရွိမေနဘူး"

"ဒါေပမဲ့ ဒါ မတရားဘူးေလ" ရန္ရွီးနဥ္က ဆိုသည္။

ေဖ့က်န္းကို ဘုရင္မင္းျမတ္အျဖစ္ ရန္ရွီးနဥ္ လက္မခံနိုင္။ ဖခမည္းေတာ္ကလည္း ေဖ့က်င္းအေပၚ မွ်တမႈရွိသည္ဟု သူမ မထင္ေပ။

ေဖ့က်င္း ရန္ရွီးနဥ္၏ လက္ကို ကိုင္ထားလိုက္ေတာ့သည္။ ယခုအခ်ိန္က သူ လႈပ္ရွားဖို႔ရန္ သင္ေတာ္သည့္အခါမဟုတ္။

ေဖ့က်င္းက ဖခမည္းေတာ္၏ အမိန့္စာကိုသာ ေစာင့္ေနလိုက္သည္။ ေစာင့္ေနရသည့္ ေန႕ရက္တိုင္းက တစ္ႏွစ္တာပမာ ရွည္ၾကလွသည္။ သို႔ေသာ္ အမိန့္ေတာ္က ေရာက္မလာသျဖင့္ သူ မလႈပ္ရွားဘဲ ေနေလ၏။

နန္းေတာ္တြင္းမွာလည္း ဝမ္ဖုမူမွာ ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္ နည္းတူ ပူပန္ေနမိေလသည္။ ဝမ္ဖုမူမွာ အျပင္လူကို အားကိုးရသည့္အျဖစ္ကို မုန္းတီးသည္။ မလိုလား။ သို႔ေသာ္လည္း ေဖ့က်င္းႏွင့္ ေဖ့က်င္းတို႔ မိသားစုကို သူ ကာကြယ္ေပးလိုသည္။

ဝမ္ဖုမူသည္ ေရွာင္ႏြီ ေၾကာင္ခိုးေမြးထားေသာ နန္းေတာ္ဥယ်ာဥ္ ေခ်ာင္တစ္ေနရာသို႔ သြားလိုက္သည္။ ကံေကာင္းေထာက္မ၍ ေရွာင္ႏြီ ေၾကာင္စာေကြၽးေနခ်ိန္ႏွင့္ တိုက္ဆိုင္ေနေလသည္။

"မနက္ျဖန္ ဒီလက္ကိုင္ပဝါကို ထန္မင္းေဆာင္သြားၿပီး နဝမဝမ္ေဖး လက္ထဲေရာက္ေအာင္ ပို႔ေပး" ဝမ္ဖုမူ ဆိုလိုက္သည္။ "ဒီကိစၥ လ်ိဳ႕ဝွက္ထားေပး၊ မဟုတ္ရင္ တို႔ေတြ ႏွစ္ေယာက္စလုံး ေျမျမဳပ္စရာ ေနရာမရွိဘဲ ေသသြားလိမ့္မယ္"

ထိုညက ေရွာင္ႏြီ အိပ္မေပ်ာ္ေပ။ ဝမ္ဖုမူ ေပးထားေသာ လက္ကိုင္ပဝါက အလြန္ႀကီးေလးလွသည္။

ဝမ္ဖုမူက နဝမမင္းသား၏ ၾကင္ယာေတာ္ထံ သူမမွတဆင့္ အဘယ္ေၾကာင့္ လက္ကိုင္ပဝါ ေပးခိုင္းရသည္ကို ေရွာင္ႏြီ နားမလည္။ သို႔ေသာ္လည္း ဝမ္ဖုမူက သူမအေပၚ ၾကင္ၾကင္နာနာရွိၿပီး ဘယ္ေသာအခါမွ အနိုင္က်င့္ ႏွိမ္ခ်ျခင္းမ်ိဳး မရွိခဲ့ေပ။

ေနာက္တစ္ေန႕ မနက္ေစာေစာထ၍ ထန္မင္းနန္းေဆာင္၌ တိတ္တဆိတ္ႀကိဳတင္ပုန္းေအာင္းေနၿပီး နဝမဝမ္ေဖးေရာက္လာသည္ကို ေစာင့္ေနလိုက္ေလသည္။

ထိုေန႕မနက္က ဝမ္ဖုမူသည္ မင္းႀကီး၏ အိပ္ေဆာင္ထဲ တစ္ခ်ိန္လုံး ခစားေနေလသည္။ မင္းႀကီး၏ နန္းေဆာင္သို႔ လာလွ်င္ ထန္မင္းေဆာင္ကို ျဖတ္ေက်ာ္ ေလွ်ာက္လာတတ္ေသာ ေဖ့က်င္း၏ အက်င့္အေပၚသာ အရာအားလုံး ပုံၾသေလာင္းေၾကးထပ္ထားခဲ့ရသည္။

ထိုေန႕မနက္ ေနျမင့္ခ်ိန္၌ ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ ထန္မင္းေဆာင္ကို ျဖတ္ေလွ်ာက္လာစဥ္ မျမင္မေတြ႕ဖူးေသာ အပ်ိဳေတာ္တစ္ေယာက္ ဟန့္တားလာသျဖင့္ ထိတ္လန့္သြားၾကရေလသည္။ သို႔ေသာ္လည္း အပ်ိဳေတာ္က ရန္ရွီးနဥ္အား လက္ကိုင္ပဝါတစ္ထည္ ေပးလိုက္ၿပီး ဝမ္ဖုမူထံမွ ရသည္ဟု ေျပာျပလိုက္ေသာအခါမွာေတာ့ သူတို႔ စိတ္ေအးသြားေတာ့ေလသည္။

ေရွာင္းႏြီသည္ နဝမမင္းသားႏွင့္ ၾကင္ယာေတာ္ကို ဦးၫြတ္အရိုအေသေပးလိုက္ၿပီး ခပ္သြက္သြက္ ထြာခြာလာလိုက္ေတာ့ေလသည္။

"ဒီလက္ကိုင္ပဝါက ဘာအဓိပၸာယ္မ်ားလဲ" ရန္ရွီးနဥ္ ေမးလိုက္ေလသည္။

လက္ကိုင္ပဝါေပၚ၌ စကားထာတစ္ခုသာ ရွိေနသည္။ "လူႏွစ္ေယာက္ ေခါင္းေထာင္ ၿပဳံး၊ ျမည္းစမ္းဟုသာ ေျပာ"

ဝမ္ဖုမူသည္ ေဖ့က်င္းထက္ပင္ သတိႀကီးတတ္သူျဖစ္ေလရာ အျပင္လူတစ္ဦးကို အားကိုးျပဳ၍ သူ႕အား သတိေပးလာသည္ကို သိရေသာအခါ ေဖ့က်င္း ေခါင္းနားပန္းႀကီးသြားေတာ့ေလသည္။ သို႔ေသာ္ လက္ကိုင္ပဝါမွ စကားထာ၏ အဓိပၸာယ္ကို သူ နက္နက္နဲနဲ စဥ္းစားေနမိေလသည္။

ေဖ့က်င္း လက္ကိုင္ပဝါကို အခ်ိန္အၾကာႀကီး ၾကည့္ေနၿပီးေနာက္မွာေတာ့ သူ အေတြးလြန္ေနမိေၾကာင္း သတိျပဳမိေတာ့ေလသည္။ ဝမ္ဖုမူမွာ စာတတ္ေပတတ္ ကဗ်ာစာဆိုတစ္ဦးမဟုတ္၊ ထို႔ေၾကာင့္ ဝမ္ဖုမူက စကားထာသုံး၍ အျပင္လူမွ တဆင့္ သတင္းေပးလိုက္သည္တြင္ အေရးအရာအလြန္ႀကီးေသာ ကိစၥရွိေနၿပီဟူ၏။

ဝမ္ဖုမူ စကား ေျပာပုံကို ေဖ့က်င္း ျပန္စဥ္းစားမိသည္။ ဝမ္ဖုမူသည္ စကားေျပာသည့္အခါတိုင္း ေရွ႕ဆုံး စကားလုံးကို အသံဖိ၍ ေျပာတတ္၏။ ေဖ့က်င္း စကားထာ စာေၾကာင္းႏွစ္ေၾကာင္း၏ ေရွ႕ဆုံးစာလုံးမ်ားကို ၾကည့္လိုက္သည္။ "ႏွစ္ေယာက္" ႏွင့္ "ျမည္းစမ္း"။ ထိုမွ်မက စာလုံးအဆြဲအသားက 'ေက်ာင္းရႈ' ဟူေသာ အမိန့္စာႏွင့္လည္း ဆင္တူေနသည္။ ေဖ့က်င္း တုန္လႈပ္သြားမိေတာ့သည္။ သူ၏ ဖခမည္းေတာ္မွာ ​ရက္စက္လြန္း အညွာအတာမဲ့လြန္း လွေပသည္။

"ဖခမည္းေတာ္က ေသအံ့ဆဲဆဲ ျဖစ္ေနတာ မဟုတ္ဘူး" ေဖ့က်င္း ေျပာလိုက္သည္။ "သူ ေနမေကာင္းျဖစ္သေယာင္ ဟန္ေဆာင္ေနတာ။ မေၾကညာရေသးတဲ့ အမိန့္စာသတင္းကို ၾကားၿပီး ဘယ္သားေတာ္က ပုန္ကန္လိမ့္မလဲလို႔ ေစာင့္ၾကည့္ စမ္းသပ္ေနတာပဲ"

"ဖခမည္းေတာ္ ႐ူးသြပ္သြားၿပီလား" ရန္ရွီးနဥ္က ဆိုသည္။ "ဒါေပမဲ့ အစ္ကိုႀကီးရဲ႕ ထင္ျမင္ယူဆခ်က္သာအမွန္ဆိုရင္ ေဖ့က်န္းလို စိတ္မရွည္တတ္တဲ့ လူက ဘာလို႔ မလႈပ္ရွားေသးတာလဲ"

ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔လဲ ေဖ့က်န္းက မင္းႀကီးကို အဘယ္ေၾကာင့္ မသတ္ေသးသလဲဟု စဥ္းစားေနရင္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ တစ္ၿပိဳင္နက္တည္း ျပန္ၾကည့္လိုက္မိေတာ့ေလသည္။

"နန္းေတာ္ထဲမွာ ေဖ့က်န္းဘက္က သူလ်ိဳက ဘယ္သူ ျဖစ္မယ္လို႔ထင္လဲ" ရန္ရွီးနဥ္ ေမးလိုက္ေတာ့သည္။

"ဖခမည္းေတာ္ရဲ႕ အိပ္ေဆာင္ေတာ္ထဲထိ ဝင္ခြင့္ရတဲ့ လူ ငါးေယာက္ရွိတယ္၊ ဝမ္ဖုမူနဲ႕ ဖခမည္းေတာ္ အယုံၾကည္ရဆုံး သမားေတာ္ ၄ ေယာက္ပဲ" ေဖ့က်င္းက ဆိုသည္။ "ဝမ္ဖုမူ မဟုတ္ဘူးဆိုေတာ့ သမားေတာ္ ၄ ေယာက္ထဲက တစ္ေယာက္ပဲ"

"အစ္ကိုႀကီး၊ ဖခမည္းေတာ္ သုံးတဲ့ က်ားကြက္ကို ကြၽန္မတို႔ သိသြားၿပီဆိုတာကို သူ ရိပ္မိသြားရင္ ဘယ္လိုေနမလဲ မသိဘူးေနာ္" ရန္ရွီးနဥ္ ေမးၾကည့္လိုက္မိသည္။

"ဖခမည္းေတာ္ ဒီထက္ပိုၿပီး ႐ူးသြပ္သြားေလာက္မလား မသိဘူး" ေဖ့က်င္းက ဆိုသည္။

ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ၿပဳံးလိုက္ၾကေတာ့ေလသည္။

"ရွီးနဥ္ ဘာဆက္ျဖစ္မလဲ ဒီအတိုင္းေစာင့္ေန႐ုံကေတာ့ အက်ိဳးရွိမယ္ဆိုတာ မေသခ်ာခဲ့ဘူး၊ ဒါေပမဲ့ အခုေတာ့ ဒါကပဲ ဆုံးျဖတ္ခ်က္အမွန္ဆိုတာ ကိုယ္ သိလိုက္ၿပီ" ေဖ့က်င္း ေျပာလိုက္သည္။ "အစ္ကိုေတာ္ ၇ လိုခ်င္ဆုံးက ဘာျဖစ္မယ္ ထင္သလဲ" 

"သူက ကိုယ္တို႔ ဖခမည္းေတာ္ရဲ႕ က်ားပြဲမွာ ရႈံးသြားတာကို လိုခ်င္တာေလ" ရန္ရွီးနဥ္က ျပန္ေျပာလိုက္သည္။ "ဘာျဖစ္လို႔လဲ"

ေဖ့က်င္းက ၿပဳံး၏။ "သူ႕အလိုဆႏၵကို ျဖည့္ဆည္းေပးရမွာေပါ့"

ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္တို႔ မင္းႀကီး၏ နန္းေဆာင္အထိ ေလွ်ာက္လာလိုက္ၾကသည္။ သူတို႔ေရာက္ေတာ့ လူအစုအေဝးပင္ ျဖစ္ေနၾကေလၿပီ။

ေဖ့ခန္းကေတာ့ ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္ကို ေတြ႕ရသျဖင့္ ဝမ္းသာအူျမဴးေနေတာ့သည္။

ေဖ့ခန္းက ရန္ရွီးနဥ္၏ အကၤ်ီလက္ကို ဆြဲခါရမ္းလိုက္ကာ ဆိုသည္။ "ကြၽန္ေတာ့္တူေတာ္ေလးေရာ"

ရန္ရွီးနဥ္မွာ ေဖ့ခန္းမ်က္ဝန္းထဲမွ ေမွ်ာ္တလင့္လင့္ခံစားခ်က္ကို ေတြ႕ေသာအခါ သတင္းဆိုးကို မေျပာရက္ေတာ့။ "မင္းရဲ႕ တူေတာ္ေလးက အိပ္ေပ်ာ္ေနလို႔... အိမ္ေတာ္မွာ ထားခဲ့တယ္ကြဲ႕"

ေဖ့ခန္း မ်က္ႏွာေလး ရႈံ႕မဲ့သြားကာ မ်က္ေမွာင္ၾကဳတ္သြားေတာ့ေလသည္။ သူ၏ တူေတာ္ေလး ေရွာင္ေညာင္ကို သူ အလြန္ သတိရေနသည္။

ထိုေန႕ေႏွာင္းပိုင္း ေဖ့က်န္း မိမိအိမ္ေတာ္သို႔ ျပန္လာလိုက္သည္။ သူ၏ မယ္ေတာ္က လူႀကီးမင္းေထာင္ႏွင့္ ေတြ႕ၿပီး ဖခမည္းေတာ္၏ အႀကံအစည္ကို ႀကိဳသိနိုင္၍ ေတာ္ေသးေတာ့သည္။ သို႔မဟုတ္ပါက၊ သူ စိတ္လိုက္မာန္ပါ ကမူး႐ူးထိုးလုပ္မိသည္ႏွင့္ အသက္ပါ ဆုံးရႈံးသြားရနိုင္ေလသည္။

ေဖ့က်န္းသည္ လင္းခ်င္းေနေသးေသာ ေကာင္းကင္ျပင္ႀကီးကို ၾကည့္ရင္း သူ၏ ရာထူးအဆင့္အသစ္အတြက္ ေမွ်ာ္လင့္ေစာင့္စားေနမိေတာ့ေလသည္။ ေဖ့က်င္း အကြက္မွားေ႐ႊ႕မည့္အခ်ိန္ကို ေစာင့္ေန႐ုံသာ လိုေတာ့သည္။ သူသာ ေဖ့က်င္းဆိုလွ်င္ ေဖ့က်င္းအား အိမ္ေရွ႕စံအရာ အပ္ႏွင္းသည့္ လ်ိဳ႕ဝွက္အမိန့္ေတာ္စာအေၾကာင္း သိသြားေသာအခါ၌ ဘာမွ မလႈပ္ရွားဘဲ ေနျဖစ္မည္ မဟုတ္ေပ။ သို႔ေသာ္ ေဖ့က်င္း တကယ္ပဲ မလႈပ္ရွားဘဲ ေနမည္ဆိုလွ်င္ သူသည္ အမွန္တကယ္ပင္ အပူပင္မဲ့ အေႏွာင္အဖြဲ႕ကင္းေသာ မင္းသားျဖစ္လိုသည့္သေဘာပင္။ ထိုသို႔ဆိုလွ်င္ သူ နိုင္သည္လည္း မဟုတ္၊ ရႈံးသည္လည္း မမည္၊ ဖခမည္းေတာ္၏ စမ္းသပ္မႈလည္း အခ်ည္းႏွီး ျဖစ္သြားေပေတာ့မည္။

"သတၱမ မင္းသား၊ နဝမမင္းသား စတင္လႈပ္ရွားလာပါၿပီ" ကိုယ္ရံေတာ္တစ္ဦးက သတင္းပို႔လာသည္။

"ျမန္ျမန္ ေျပာစမ္း" ေဖ့က်န္းက ဆို၏။

"နဝမမင္းသားက သူ႕အိမ္ေတာ္ထဲမွာ လူသူ လ်ိဳ႕ဝွက္စုေဆာင္းေနပါတယ္"

ကိုယ္ရံေတာ္ရဲမက္မ်ားကို ေဖ့က်င္းအား အနီးကပ္ေစာင့္ၾကည့္ခိုင္းမိသျဖင့္ ေဖ့က်န္းအတြက္ ေက်နပ္အားရစရာျဖစ္လာေခ်ၿပီ။ ဖခမည္းေတာ္၏ အမိန့္ေတာ္အေၾကာင္း ေဖ့က်င္း သိသြားၿပီး ဟြမ္းေကာ္၏ ရဲမက္မ်ားကို အိမ္ေတာ္ထဲ ေခၚသြင္းေနၿပီဟု သူ ထင္လိုက္သည္။

"သတၱမမင္းသား၊ ကြၽန္ေတာ္မ်ိဳးနဲ႕ က်န္တဲ့ ရဲမက္ေတြ သူတို႔ရဲ႕ ျမင္းလွည္းေတြကိုပါ ရွာေဖြၾကည့္ခဲ့ပါတယ္" ရဲမက္က ဆက္လက္ေလွ်ာက္တင္ေလသည္။ "ျမင္းလွည္းေတြ အကုန္လုံးမွာ ျမႇားေတြ၊ အျမႇောက္ဆံေတြ အျပည့္ပါပဲ"

ေဖ့က်န္း ေအာင္နိုင္သူပမာ ရယ္လိုက္ေတာ့ေလသည္။ "သူနဲ႕ သူ႕လူေတြေနာက္ကို ေသခ်ာ ေနာက္ေယာင္ခံေစာင့္ၾကည့္ထား၊ သူတို႔အထဲက တစ္ေယာက္ေယာက္ ႐ုတ္တရက္ လႈပ္ရွားလာတာရွိရင္၊ တစ္ခုခု ထူးျခားရင္ ငါမင္းသားကို လာတင္ျပေခ်"

ေဖ့က်န္းသည္ ေဖ့က်င္း တိုက္ခိုက္လာမည့္အခ်ိန္ကို ရက္ပိုင္းမွ် ေစာင့္ရင္း ေက်နပ္ဝမ္းသာေနေတာ့ေလသည္။ သို႔ေသာ္လည္း ရက္ပိုင္းမွ်ၾကာလာသည္အထိ ေဖ့က်င္း မတိုက္ခိုက္ေသးေသာအခါတြင္မူ သူ စိုးရိမ္စျပဳလာေတာ့သည္။ ေဖ့က်င္းပဲ ေနာက္ဆုတ္ရန္ ဆုံးျဖတ္လိုက္သလား။

"သူ ႐ုတ္တရက္ ဘာလႈပ္ရွားမႈမွ မရွိေတာ့တာ ေသခ်ာတယ္ေနာ္" ေဖ့က်န္း ရဲမက္ကို ေမးလိုက္ေလသည္။

"ေသခ်ာပါတယ္" ရဲမက္က ဆိုသည္။ "ဒါေပမဲ့ နဝမမင္းသားရဲ႕ ရဲမက္ေတြကေတာ့ အနီးဝန္းက်င္ရပ္ကြက္ေတြက ေရတြင္းေတြမွာ ေရခပ္ၿပီး သိုေလွာင္ေနၾကပါတယ္"

"ေရ...?" ေဖ့က်န္း ေမးလိုက္ေတာ့၏။

"ဟုတ္ပါတယ္၊ ဒါေပမဲ့ ကြၽန္ေတာ္နဲ႕ အျခားရဲမက္ေတြ ေသခ်ာ စစ္ၾကည့္ခဲ့ပါေသးတယ္၊ ေရသီးသန့္ပါပဲ"

"က်န္တဲ့ သူ႕ေနာက္လိုက္ေတြကေရာ"

"ဘယ္သူမွ မသကၤာစရာ လႈပ္ရွားမႈမ်ိဳး လုပ္မေနၾကပါဘူး" ရဲမက္က ျပန္ေျဖေလသည္။

တစ္နာရီခန့္ၾကာေသာ္အခါ ေဖ့က်င္းကို ေစာင့္ၾကည့္ခိုင္းထားေသာ အေစာင့္က ေဖ့က်န္း အိမ္ေတာ္သို႔ ျပန္ေရာက္လာျပန္ေတာ့သည္။

"နဝမမင္းသားက သူ႕ရဲမက္ေတြကို တိုက္ခိုက္ဖို႔ အသင့္ျပင္ထားဖို႔ ​ၫႊန္ၾကားေနပါၿပီ" ရဲမက္က ေလွ်ာက္တင္လာသည္။

ေဖ့က်န္းမွာ သတင္းေကာင္းကို ျပန္ၾကားရသျဖင့္ ဝမ္းသာသြားေတာ့သည္။ သူ ေနာက္ထပ္ ၄ နာရီခန့္ ေစာင့္ေနလိုက္သည္။ သို႔ေသာ္ ေဖ့က်င္းႏွင့္ သူ၏ ရဲမက္မ်ားမွာ ၿငိမ္သက္ေနျပန္၏။

"သူ႕ရဲမက္ေတြကို တိုက္ဖို႔ေျပာတာမွန္း ေသခ်ာရဲ႕လား" ေဖ့က်န္းက မိမိ၏ အေစာင့္ကို ျပန္ေမးလိုက္ေတာ့သည္။

"ေသခ်ာပါတယ္"

"ရဲမက္ေတြ ထပ္တိုးၿပီး ခ်ထားလိုက္၊ သူ႕အိမ္ေတာ္ကေန ဘယ္သူမွ အျပင္မထြက္ေစနဲ႕" ေဖ့က်န္းက ဆိုသည္။ "ငါမင္းသား နန္းတြင္းထဲ သြားလိုက္ဦးမယ္"

ေဖ့က်င္းတို႔ အိမ္ေတာ္မွာမူ ေဖ့က်င္းႏွင့္ ရန္ရွီးနဥ္မွာ တေပ်ာ္တပါး က်ားထိုးကစားေနၾကေလသည္။

"နဝမမင္းသား၊ သတၱမမင္းသားက အေစာင့္ရဲမက္ေတြ ထပ္တိုးခ်ထားလိုက္ပါတယ္၊ ၿပီးေတာ့ သူကိုယ္တိုင္ကေတာ့ နန္းေတာ္တြင္း ဝင္သြားပါတယ္" ေဖ့က်င္း၏ ရဲမက္တစ္ဦး သတင္းလာပို႔ၿပီးေနာက္ ထြက္သြားေလသည္။

"မိန္းမ ငါးကေတာ့ ငါးစာကို ဟပ္မိသြားခဲ့ၿပီ" ေဖ့က်င္းက ဆိုသည္။

"ပြဲသိမ္းၿပီေပါ့" ရန္ရွီးနဥ္ ျပန္ေျပာလိုက္ေတာ့သည္။

Czytaj Dalej

To Też Polubisz

391K 49.3K 36
- အရင်နေရာ အရင်အချိန်ကိုပြန်သွားနိုင်ဖို့ ဘယ်လိုမစ်ရှင်(Mission)တွေမဆို ထမ်းဆောင်နိုင်ပါ့မလား - အဲ့ဒီမစ်ရှင်တွေဟာ မဖြစ်နိုင်လောက်အောင်ခက်ခဲနေမယ်ဆိုရ...
48.9K 5.4K 84
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
389K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
537K 62.7K 182
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...