Unicode
"ဆင်းတော့လေ ရောက်နေပြီကို"
ပြောလည်းပြောသူ့ကိုမစောင့်ဘဲရှေ့ကနေဆင်း
သွားသောKimကြောင့် အနောက်ကနေမြန်မြန်
ပြေးလိုက်ပြီး လက်မောင်းကိုသွားဖက်ထားလိုက်
တော့ပြန်လှည့်ကြည့်သည်။
" ဟို...ဟိုနေ့ကလိုဖြစ်မှာဆိုးလို့"
လက်မောင်းကိုပြေးဖက်တုန်းကာဖက်ပြီး
သူပြန်ကြည့်မှ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့
Jungkookကိုကြည့်ကာရယ်ချင်
လာသည်။ ဖက်လိုက်တုန်းကတော့ရှင်းပြမို့
ဘဲသူပြန်ကြည့်လာတော့ သူ့နဂိုအညိုတောက်
တောက်မျက်လုံးကြီးတွေမြင်ပြီးပြောမထွက်တော့
ထိုတိုင်းလေးဘဲငြိမ်ကုတ်ပြီး လိုက်လာရသည်။
" ဘာအလိုရှိပါသလဲ ဧည့်သည် "
" ဝတ်စုံကြည့်ချင်လို့ ... သူနဲ့လိုက်မှာလေး
တစ်ချက်ရွေးပေးပါ "
ဆိုင်ဝန်ထမ်းကောင်မလေးကိုခေါ်ကာသူ့ကို
လက်ညိုးထိုးပြီး ဝတ်စုံပြခိုင်းနေတဲ့Kim
ဒါဘာသဘောလဲ သူကမရွေးပေးဘူးလား
သူကရောအဲ့တိုင်းရပ်နေမှာလား။
"ဒီဘက်ကြွပါ ဧည့်ရှင့်"
ထိုကောင်မလေးခေါ်တော့ သူ့ကိုဂရုမစိုက်ဘဲ
တစ်ခြားဝတ်စုံတွေလိုက်ကြည့်နေတဲ့ Taehyung
ကိုလှည့်ကြည့်လှည့်ကြည့်လုပ်ရင်းထိုကောင်မလေး
နောက်ကိုလိုက်သွားသည်။
"ဒါလေးရော..."
ထိုကောင်မလေးပြတဲ့ဝတ်စုံကလှပေမယ့်
ဇာသားကြီးမို့သိပ်တောမကြိုက် အစက
တော့သူလက်ညှိုးထိုးတဲ့ဘယ်ဟာမဆိုနှစ်ခါ
မစဉ်းစားအဲ့တာဘဲရွေးပြီးပြန်မယ်ပေါ့
အခုတော့ သူကကောက်တော်မူပြီးအရေးတောင်
မလုပ်တော့ ဂျီကျချင်လာသည်။
"ဟင့်အင်း...ဇာသားကြီးနဲ့ယားနေမှာ"
"ဒါလေးကရော ရိုရိုလေးနဲ့လှတယ်"
ရှပ်အဖြူလက်ရှည်လေးကိုမှ ခပ်ပျော့ပျော့
ပိတ်သားလေးနဲ့ ချုပ်ထားပြီးရင်ဘက်မှာလည်း
ပန်းပွင့်လေးပါတော့သဘောကျပေမယ့်
"ပန်းပွင့်ကြီးနဲ့ မကြိုက်ဖူးးး"
မကြိုက်ပြန်ဘူး ဆိုပြန်တော့အရောင်းဝန်ထမ်း
လေးကစိတ်ရှည်စွာနောက်တစ်ထည်ထုတ်ပြလေသည်။
"ဒါလေးဆိုရော..."
ရိုးရိုးအနောက်တိုင်းဝတ်စုံကိုလည်ပင်းကဖဲပြား
အနီနဲ့ အဖိုးကြီးတွေဝတ်တဲ့ဒီဇိုင်းတွေကြောင့်
မျက်နှာမဲ့လိုက်သည်။
"ဟင်...ဒါကြီးကလူကြီးဆန်တယ်"
တစ်ခုပြီးတစ်ခုထုတ်ပြနေသော်လည်းချေး
များနေသောJungkookကြောင့်
အရောင်းဝန်ထမ်းမလေးခေါင်းတစ်ကုတ်ကုတ်
နဲ့မျက်စိမျက်နှာပျက်နေသည်။ Kimကို
လှည့်ကြည့်တော့ မသိချင်ယောင်ဆောင်နေသည်။
"ဒါလေးဆိုပေါ့ပေါ့ပါးပါးလေး "
"မကြိုက်သေးဘူး"
ကြည့်တောင်မကြည့်ဘဲတန်းငြင်းနေသော
Jungkookကြောင့် ကောင်မလေးမှာစိတ်
မရှည်ချင်တော့
"ဒါလေး-"
"ပုံတုံးကြီး"
စကားတောင်ဆုံးအောင်ပြောခွင့်မပေးတော့
သောJungkook
"ဘာတွေဖြစ်နေကြတာလဲ"
"ကြိုက်တာမတွေ့သေးလို့"
ဆူဆူဆောင်းဆောင့်နဲ့လှည့်မကြည့်ဘဲဖြေတဲ့
Jungkookကသက်သက်ဂျီကျနေသည်ဆို
တာသိသည်။ဝန်ထမ်းကောင်မလေးကလည်း
တော်တော်သည်းခံနေရသည့်ပုံ မအီမသာမျက်
နှာဘေးလေးနဲ့ ပြောဦးဆိုတဲ့အကြည့်လေးကမျက်စ
ပစ်ပြသည်။
" ဒါလေးသွားဝတ်"
လက်ထဲမှာပါလာတဲ့ဝတ်စုံလေးကို ပေးလိုက်ပြီး
ဝတ်ခိုင်းလိုက်သည်။ သူရွေးထားတဲ့ဟာလေးကို
ဆွဲယူရင်းပြုံးစိစိနဲ့ထွက်သွားတဲ့ ငယ့်
ကိုကြည့်ကာခေါင်းခါမိလိုက်သည်။ ဘယ်တုန်း
ကမှချေးမများတဲ့ ငယ်ကအခုမှဘယ်လိုဖြစ်ရတာလဲ။
အစကတော့သူရွေးပေးမို့ပါဘဲဒါပေမယ့်
ငယ့်စိတ်ဆန္ဒမပါရင် သူဘာမှလိုက်ပြီး
စွက်ဖက်တင်းကျပ်ကာ ဒါဆိုဒါဘဲဆိုတာမျိုး
တွေဖြစ်လာမယ် ... ပြီးတော့ငယ့်အပေါ်သူ့
သဝန်တိုမှုတွေကအများကြီးလွှမ်းမိုးလာရင်
ငယ်စိတ်ကွက်လာမှမလိုလားပေ။
စိတ်မှာငယ့်အားသူပျိုးသည့်ပန်းလေးလို့
သတ်မှတ်ကာ ထိုပန်းကလေးကသူအပင်မှာသူ
လွတ်လပ်စွာလှပပြီးရှင်သန်တာကိုမြင်ချင်သည်။
ငယ်အဝတ်စားသွားလဲတော့သူလဲ ဆိုဖာပေါ်
ထိုင် ကာမဂ္ဂဇင်းစာအုပ်ကိုဟိုလှန်ဒီလောလုပ်နေသည်။
" ကင်မ်...ဒီကိုကြည့်ဦး"
ခေါ်သံလေးကြောင့်လှည်ကြည့်လိုက်တော့
အဖြူရောင်ဝတ်စုံနဲ့သိပ်လှနေသော ငယ်
ခေါင်းလက်အတွန့်လေးနဲ့မို့ ခပ်ဖွေးဖွေး
လက်လေးတွေက အင်္ကျီလာနဲ့ဖုံးနေသည်။
အောက်ခံလည်ပိတ်ဇာသားလေးပေါ်ကုတ်
အဖြူလေးနဲ့တွဲဝတ်ပြီး ကုတ်အဖြူညာဘက်
ပခုံးနားကနေ ပုဝါလေးကတန်းလန်းလေးချ
ထားတဲ့ဝတ်စုံလေး ရွေးလိုက်တုန်းကသိပ်
သဘောမတွေ့ပေမယ့် ငယ်ဝတ်လိုက်မှသိပ်
လှနေသလို။
"ဟို... အဆင်မပြလို့လားဟင် ဒါဆိုသွားလိုက်မယ်"
အကြာကြီးစိုက်ကြည့်နေတဲ့ကင်မ့်ကြောင့်
မနေတတ်တော့ တစ်ခါမှဒီလောက်အကြာကြီး
စိုက်မကြည်ဖူးတဲ့သူက ကြည့်နေတော့ရှက်လာသည်။
သူဝတ်ထားတာများအဆင်မပြေလို့လားလို့တွေး
ကာကိုယ့်ကိုယ်ကို ပြန်ငုံကြည့်မိသေးတယ်။
သဘောမကျဘူးထင်လို့သွားလဲမယ်ဆိုမှလက်
ကိုဆွဲထားရင်း
" မလဲနဲ့... လှတယ် အရမ်းလှတယ်
ကိုယ်သဘောကျတယ် "
တကယ်ပါ ငယ် နဲ့ဒီဝတ်စုံပါသိပ်ကိုလိုက်ဖက်
နေတယ်။ အကြည့်တွေမလွဲနိုင်အောင်ထိကို
သဘောကျနေမိတယ်။
စေ့စေ့ကြီးကြည့်ရင်း လှပါတယ်ပြောလာတဲ့Kim
ကြောင့်ရင်ခုန်သံတွေဒုန်းဆိုင်းကျဲကုန်သည်။
ကိုယ်သဘောကျတယ် ဆိုတဲ့စကားအဆုံးမျက်နှာ
တစ်ခုလုံးပူထူတက်လာသည်။ ရှက်ကိုးရှက်ကနနဲ့
ခေါင်းကုတ်လိုက်နားကိုလိုက်နဲ့ ဘာလုပ်ရမယ်သိ
ကိုင်ထားတဲ့လက်ကိုလည်းရုန်းဖို့မေ့နေတော့သည်။
" ဝတ်စုံယူမယ်ဆို Customerတွေတွက်
Pre-wedding photoရိုက်ပေးပါတယ်ရှင့်"
နောက်ကနေရုတ်တရက် ဝင်ပြောလာသော
အရောင်းဝန်ထမ်းမလေးအသံကြောင့်လူချင်းခွာရပ်
လိုက်သည်။ စောနက အကြည့်မလွဲနိုင်အောင်
ဖြစ်နေတဲ့taehyungလည်းကိုယ်ရှိန်သတ်
သွားသလိုtaehyungစိုက်ကြည့်နေတာကြောင့်
ရှက်နေတဲ့Jungkookလည်းအဲ့တော့မှအနေချောင်
သွားသည်။
"ဒါလေးဘဲယူပါ့မယ်... ကျွန်တော်ရွေးတဲ့ဟာ
လည်းအဆင်ပြေမပြေဝတ်ကြည့်ပါဦးမယ်"
ပြောကာအဝတ်လဲခန်းထဲဝင်သွားတဲ့Taehyung
ကိုစောင့်နေလိုက်သည်။ အဖြူရောင်ဝတ်စုံကိုမှ
ပန်းအနက်ရင်ထိုးတဲ့ နက်ခ်တိုင်မပါ ကြယ်သီးနှစ်
လုံးလောက်ဖြုတ်ကာဝတ်လာသည့်ကင်မ်...
ချောမောသလို ခန်ညားနေသောကြောင့်
ကိုတမေ့တမောလိုက်ငေးနေမိသည်။
"ဓာတ်ပုံရိုက်ဖို့ ဒီဘက်လေးကိုကြွပေးပါရှင့်"
ကောင်မလေးညွှန်ပြသည့်အတိုင်း ဓာတ်ပုံရိုက်ဖို့
အလှဆင်ထားသည့် အခန်းငယ်ဘက်ကိုလာလိုက်
သည်။ လှေကားထစ်သုံးဆင့်ကျော်ကာနေရာကွက်
လပ်လေးတစ်ခု၌ ဘေးချင်ကပ်နေရာယူလိုက်သည်။
" ဟိုတစ်ယောက်က သူ့လက်မောင်းကိုချိတ်ထား
လိုက်ပါလား"
Camera manကJungkookကိုကြည့်
ပြီးTaehyung လက်မောင်းကိုဖက်ထားဖို့အကြံ
ပေးတော့ အလိုက်တသိတဲ့ လက်မောင်းအားကား
ပေးတဲ့ Taehyung လက်တဲတောင်ကွေးနား
ကိုလက်လျှိကာဖက်ထားလိုက်သည့်Jungkook
" နည်းနည်းလေးပြုံးပေးပါ....ဟုတ်ပြီအဲ့တိုင်းလေး"
ပြောတဲ့အတိုင်းပြုံးလိုက်တော့ ခပ်ရေးရေးပြုံးကာ
ခန်ညားနေသော Taehyungလက်ကလေးကို
ချိတ်ကာ ယုန်သွားလေးတွေပေါ်နေသည်ထိပြုံး
နေသော Jungkook တို့ရဲ့ ပုံလေးဟာ
ကင်မရာမှာလှပစွာမှတ်တမ်းတင်လျက်ဖြစ်နေလေသည်။
"နောက်တစ်ပုံ ... မျက်နှာချင်းဆိုင်ရပ်ပြီး
Mr.Kimကသူခါးကိုဖက်လိုက် ဟိုတယောက်
ကသူ့ပခုံးကိုကိုင်ထား ဟုတ်ပြီ အဲ့လိုလေး"
ခါးတွေကိုဖက်ထားတဲ့Kimလက်တွေကြောင့်
လူကလှုပ်တောင်မလှုပ်ရဲ နီးကပ်နေတဲ့မျက်နှာ
ကိုလည်းရဲရဲမကြည့်ရဲ ရင်ခုန်သံတွေဟာလည်း
ထိန်းမရအောင်မြန်နေသည်။ ပခုံးပေါ်ကလက်
တွေကလည်းအငြိမ်မနေ အင်္ကျီက်ုခပ်ဖွဖွလေး
ကုတ်နေသည်။
ငယ့်ရဲ့ခါးသွယ်သွယ်ကိုCamera man
ပြောသလိုဖက်လိုက်သည်။ နီးကပ်နေတဲ့အနေ
အထားမှာငယ်ဟာ ရှက်နေသည်ထင်မျက်နှာလေး
တွေနီလို့ မျက်နှာကိုလည်းငုံထားသည်။
camera manကတစ်ယောက်ကိုတစ်ယောက်
ကြည့်ပြီးပြုံးနေပါလို့ပြောနေတာတောင်မကြား
နိုင်အောင် သူ့ရှေ့ကကောင်လေးကသိပ်ရှက်နေသည်။
ဒါ့ကြောင့်သူကဘဲ ခပ်တိုးတိုးလေးအသံပေးကာ
" ငယ်...ကိုယ့်ကိုကြည့်"
ခေါ်သံနဲ့တစ်ပြိုင်နက်မော့ကြည့်တော့ သူ့ကို
စိုက်ကြည့်နေတဲ့ Kim...အညိုရောင်မျက်လုံး
တွေကသူ့ကိုညို့ယူနေသလို ။
မျက်ဝန်းဝိုင်းဝိုင်းတွေကိုဆုံမိတဲ့ချိန် မြင်ချင်မိ
သောငယ့်ရဲ့အပြုံးတွေကိုမြင်ရဖို့သတိလက်လွှတ်
တောင်းဆိုမိသည်။
" ကိုယ့်ကိုပြုံးပြပါလား..."
ထပ်၍တဖန်ထွက်လာသော တောင်းဆိုသံကြောင့်
စိတ်စေရာအတိုင်းလိုက်ပြုံးလိုက်သည်။ သူပြုံး
လိုက်တဲ့အချိန်မှာဘဲ ကင်မ်သည်လည်း
လေးထောင်ဆန်ဆန်နှုတ်ခမ်းပါးအောက်ကသွား
တန်ညီညီတွေပေါ်အောင်ရယ်ပြနေသည်။
ဒါအိပ်မက်လား!
" လုံးဝ Perfect! "
Camera manရဲ့အသံအဆုံးရုတ်ချည်း
ဆိုသလို့အပြုံးတွေပျောက်ကွယ်သွားတဲ့Kim...
သူ့ကိုလည်းဖက်ထားရာက လွှတ်ပေးလိုက်သည်။
" ရိုက်လို့ပြသွားပါပြီ...အင်္ကျီလဲချင်ရင်
လဲလို့ရပါပြီလူကြီးမင်းတို့"
"ကျွန်တော်သွားလဲနှင့်တော့မယ်"
Camera manရဲ့စကားသံဆုံးသူအရင်
လဲပါမယ်ဆိုပြီးတစ်ကျိုးတည်းအဝတ်လဲခန်း
ထဲပြေးဝင်သွားသော Jungkookကိုကြည့်
ကာရယ်မိသည်။ တော်တော်ရှက်သွားတယ်ထင်
တယ် ။သူနဲ့ကိုယ့်ဆက်ဆံရေးကခြောက်လအတွင်း
နာမည်အခေါ်အဝေါ်လေးသာရင်းနှီးစွာခေါ်ကြပေမယ့်
Skin shipကတော့ဒီလိုမျိုး မလုပ်ဖူးတော့
ငယ် ရှက်နေတာလည်းမဆန်းပေ။
ပထမဆုံးငယ်မျက်နှာကိုတစ်ဝကြီးကြည့်
ခွင့်ရခဲ့လို့... သူသိပ်ကျေနပ်မိနေသည်။
.
.
.
" ဝယ်ယူအားပေးမှုတွက်ကျေးဇူးတင်ပါတယ်ရှင့်"
ကောင်တာမှငွေရှင်းရင်း ကျေးဇူးတင်ကြောင်း
ပြောတဲ့ကောင်မလေးကို ခေါင်းငြိမ့်ပြရင်း
ထွက်လာခဲ့သည်။ စောနမှတ်တမ်းတင်ထားတဲ့
ဓာတ်ပုံလေးကိုလည်းသေချာဘောင်လေးထဲထည့်
ပေးရင်း ထုတ်ပေးလိုက်သည်ကိုရင်ဝယ်ပိုက်ကာ
နောက်ကလိုက်လာသည့်ငယ်...အခုနကနဲ့မတူ
သိပ်ကိုပျော်နေပုံ။စိတ်ထဲရှိသူကတစ်ယောက်
လက်တွဲရမယ့်သူကတစ်ယောက်ကိုပျော်နေသည်
တဲ့လား။
' ငယ်ကခန့်မှန်းရခက်အောင်သိပ်လုပ်တယ် '
တိတ်တဆိတ်မောင်းထွက်လာတဲ့ကားလေးက
အလာတုန်းကလိုဘဲ နှစ်ယောက်ကြားလေထုက
စိတ်းသက်နေခဲ့သည်။
" ကင်မ်...."
ခဏအကြာမှ စကားစလာတဲ့ငယ့်ကိုမကြည့်ဘဲ
ကားမောင်းတာကိုသာအာရုံစိုက်ပြီးပြန်ဖြေ
လိုက်သည်။
" အင်း ပြောလေငယ်...."
"ဟိုလေ...အချိန်ရရင်တစ်ခုခုဝင်စားရအောင်လား
ငယ်ဗိုက်ဆာလို့ အချိန်မရရင်လည်း ဒီနားမှာဘဲ
ချပေးခဲ့ကိုယ့်ဘာသာဝင်စားပြီးပြန်ခဲ့မယ်"
ဗိုက်ဆာကြောင်းကိုဟန်မဆောင်တမ်းပြောလာ
သောငယ့် ကြောင့်သဘောတကျပြုံးမသိ
ဖြစ်ချင်သည့်အရကိုမကွယ်မဝှက်နဲ့ကွေ့ဝိုက်
မနေဘဲ ပွင့်ပွင့်လင်းလင်းပြောတတ်သည့်အကျင့်
လေးကလည်းရှိသေးသည်။
"အချိန်ရပါတယ် ဒီနားကဆိုင်မှာဝင်စားကြတာပေါ့"
" ဟီး အားတောင်နာတယ် ဒါပေမယ့်
တော်တော်ဆာနေလို့ ပြောတာပါ"
အားနာတယ်ပြောပြီးမျက်နှာချိုသွေးနေတဲ့
Jungkookကိုကြည့်ရင်းခေါင်းလေးခါကာ
ပြုံးနေလေတော့တယ် ။
သူပြောသလိုလိုက်လျောတဲ့ကင်မ်ကိုကြည့်ရတာ
စိတ်ဆိုးစိတ်တိုနေသည့်ပုံတော့မရှိတော့
ဗိုက်ကဆာနေပေမယ့် အောင့်အီးသည်းခံလို့ရပါ
သေးတယ် ဒါပေမယ့်ခါတိုင်းထက်အေးစက်
နေတဲ့အခြေနေကြီးမှာသူမနေတတ်ဖြစ်နေသည်။
ဒီလိုအတူတူ သွားလာနေရင်အရင်ကဆိုအလုပ်
အကြောင်းဖြစ်ဖြစ် ဆွေးနွေးနေတာလေအခုက
အလုပ်ကိစ္စကလည်းထွေထွေထူးထူးမရှိ
စိတ်ဆိုးနေလို့လားလို့တည့်မေးဖို့ကလည်းမရဲ
ကိုယ်တွေနှစ်ယောက်ကြား ပြောစရာအလာပ
သလာပ အကြောင်းတွေကလည်းမရှိနေပြန်
ဒီလိုစိမ်းသက်သက်အခြေနေကြီးမှာလဲမနေချင်
ပြန်တော့နေ့လည်စာစားချိန်ကျော်နေပြီဖြစ်တာကိုအကြောင်းပြကာ အာရုံစိုက်မှုတွေလိုချင်သောကြောင့်
ဗိုက်ဆာသည်ဟု မာယာတွေများမိတော့သည်။
' အခုတော့ တစ်ခဏအတွင်းမှာဘဲသင်ယူထားခြင်း
မရှိပါဘဲ ငယ်မာယာတွေများတတ်နေပြီ Kim... '
.
.
.
.
"မှာလေ...ငယ်စားချင်တာ"
Menuကိုဟန်ဆောင်ပန်ဆောင်လေးနဲ့လှန်လောကြည့်
လိုက်ပြီး နောက်ဆုံးမှာ အီတလီခေါက်ဆွဲနဲ့ဘနားနားမစ်
လေးသာမှာလိုက်သည်။
"အီတလီခေါက်ဆွဲတစ်ပွဲ ဘနားနားမစ်တစ်ခွက်"
waiterလေးကတော့မှာတာကိုမှတ်
နေပေမယ့်Taehyungကတော့မျက်မှောင်
လေးကြုံ့ကကြည့်နေသည်။
"အဲ့ဒါဘဲလား ဗိုက်ဆာနေတာဆို
ထပ်မှလို့ရတယ် အားမနာနဲ့"
" ဝပါတယ်၊ ငယ်ဒီလောက်ဘဲစားနေကြပါ...
ကင်မ် လည်းမှာလေ"
သူပြောတော့ စောင့်နေတဲ့waiterလေးကို
မှာစရာရှိတာမှာနေသည်။ သိပ်မကြာမှာထားတာတွေ
ရောက်လာတော့စကားလေးတစ်ပြောပြောနဲ့စား
ဖြစ်ကြသည်။
တစ်ချိန်လုံး စားရင်းသောက်ရင်းစကားပြော
နေကြပေမယ့် တစ်ကယ်ပြောရမယ့်အကြောင်း
အရာတွေကပါးစပ်ထဲကထွက်မပါခဲ့ လက်ထပ်ပွဲ
ကိုအကျဉ်းတဲ့ကိစ္စကိုငယ့်ကို ဘယ်လိုပြောရမလဲ
သူပြောလိုက်ရင်ရော ငယ်ဘယ်လိုထင်သွားမလဲ
သူကိုစိတ်ဆိုးသွားမလား
ပြဿနာတစ်ခုကိုအော်ဟစ်ဆူပူပြီး ပြောဆို
ဖြေရှင်းတတ်တဲ့ထဲငယ်မပါပေမယ့်လည်း
ပြောရမှာတွန့်ဆုတ်နေမိသည်။သေချာသလောက်
သူနားလည်အောင်ပြောရင်လက်ခံမယ်သိပေမယ့်
တစ်သက်လုံးသူ့အပေါ် ငယ်စိတ်ခုသွားမှာကိုတော့
မလိုလားပေ။
.
.
.
"ငယ်...ဒီနေ့အလုပ်စောဆင်းလို့ရမလား ကင်မ်
ချိန်းထားတာလေးရှိလို့"
ဆိုင်ကအထွက်ကားပေါ်မှာတောင်းဆိုလာပြန်
တဲ့ ငယ့်သဘောကိုသူလိုက်လျောလိုက်သည်။
တော်ရုံအလုပ်စောမဆင်းတတ်တဲ့ငယ်
အခုစောဆင်းတော့အရေးကြီးပုံရသည်။
"ရတယ်လေ ... ကိုယ်လိုက်ပို့ရဦးမလား"
"ရပါတယ် ကိုယ့်ဘာသာဘဲသွားလိုက်ပါ့မယ်"
ချိန်ထားတဲ့ကိစ္စက ကင်မ့်အမေနဲ့ပါလို့
ပြောမနေတော့ ထူးထူးခြားခြား ဖုန်းဆက်ပြီး
ညနေလောက်ကျရင် ဆွေးနွေးစရာလေးရှိလို့
လို့ဖုန်းဆက်တော့ စိုးရိမ်မိသွားတာအမှန်
သူထင်သလိုမဖြစ်ဖို့သာဆုတောင်းနေရတော့
သည်။
ဟိုတယ်ပြန်ရောက်တာနဲ့ ဆိုက်ထဲကအလုပ်
တွေလက်စသတ်ကာ ကင်မ့်အမေချိန်းသော
ကော်ဖီဆိုင်ကိုရောက်လာသည်။ ဆိုင်ထဲဝင်လာတော့
ထောင့်ကျကျခုံလေးမှာထိုင်နေသောကင်မ့်
အမေကသူမြင်အောင်လက်ပြရင်းခေါ်နေသည်။
ထိုဝိုင်းလေးဆီသွားကာမျက်နှာချင်းဆိုင်ခုံလေး
မှာဝင်ထိုင်ရင်း
"စောင့်နေရတာလား အန်တီ နည်းနည်းတော့
နောက်ကျသွားတယ်"
"မစောင့်ရပါဘူး တစ်ခုခုသောက်မလား
မှာလိုက်လေ"
"နေပါစေ...ကျွန်တော်မသောက်တော့ပါဘူး
ဒါနဲ့ အန်တီပြောစရရှိတယ်ဆိုတာက...."
" အဲ....အဲ့ဒါကလေ"
သူစကားစလိုက်တော့ ပြောရခက်နေသည့်
Kimအမေကအားနာသည့်မျက်ဝန်းတွေနဲ့
ကြည့်နေပြန်တော့ပို၍စိုးရိမ်လာရသည်။
လက်ထပ်ပွဲကိုဖျက်မှာတော့မဟုတ်ဘူးမလား
"အန်တီတို့ဘက်ကမပြောမဆိုဘဲလုပ်လိုက်ရတာ
တော့တောင်းပန်ပါတယ်ကွယ်...လက်ထပ်ပွဲကို
အမြန်ဆုံးဖြစ်စေချင်လို့ သပတ်ခါစီစဉ်လိုက်တယ်"
ကင်မ့်အမေပြောစကားဆုံးသွားတဲ့အခါမှဟင်း
လုံးချနိုင်တော့သည်။ သူထင်တာလက်ထက်ပွဲ
ကိုဖျက်သိမ်းလိုက်ပြီပြောမယ်ထင်တာ
တစ်ခါဆက်၍
"ပြီးတော့လေ လက်ထပ်ပွဲကိုလည်း အကျဉ်းချုံး
ဘဲစီစဉ်လိုက်ရတယ်..."
ထိုအခါမှတော့Jungkookခေါင်းလေးဆက်က
နဲထောင်သွားရသည်။ သံသယံစိတ်များလည်း
ဝင်လာခဲ့သည်။
"အခုတလော ဟန်ဆောင်း
လုပ်ငန်းစုကို တိုက်ခိုက်သူတွေကလည်းများတယ်
ပြဿနာတွေလဲ ဖြစ်နေတာသားသိတယ်မလား....
အဲ့ကြားထဲက ဒီလက်ထပ်ပွဲကိုလူသိရှင်ကြားလုပ်
ရင် ....ပြဿနာနဲ့မဆိုင်တဲ့ သားတို့သားအမိကို
ထိခိုက်ကုန်မှာစိုးလို့စီစဉ်ရတာ ...နားလည်ပေးပါနော်
အခြေနေတွေပြန်တည်ငြိမ်ရင်တော့အန်တီတို့
လူသိရှင်ကြားချပြမှာပါ"
ဘယ်လိုဘဲလုပ်လုပ် ငွေရှိတဲ့အသိုင်းအဝိုင်း
ကသူတို့လိုသာမန်လူကိုပတ်သက်ချင်နေကတည်းက
အကြောင်းတစ်ခုခုရှိရမယ်တွေးထားပြီးသား
ငြင်းပစ်ဖို့စီစဉ်ခဲ့ပေမယ့် ချစ်ရသူဖြစ်နေတော့လဲ
မငြင်းနိုင် အခုတော့သူတို့စီစဉ်တဲ့အကွက်ထဲရောက်
လာတယ်ထင်ကာ ကြည့်ကောင်းအောင်လာပြော
နေသော ကင်မ့်အမေကိုဒီနေရမှာတင် အုပ်အော်
သောင်းနင်းဖြစ်အောင်အရှက်ရအောင်လုပ်လိုက်
နိုင်ပါသည်။
သို့ပေမယ့် သူမလုပ်ချင်တော့ သူတို့လိုချင်တဲ့ပုံ
စံခွက်ထဲ အသာလိုက်ရင်း အနားရောက်မှ
အလစ်နဲ့ခုန်ထွက်ဖို့သာကြိုးစားရတော့မယ်
အဓိကကသူနဲ့Kimမဝေးရဖို့သာမို့ကျန်တာတွေ
မစဉ်းစားချင်တော့ပါ ချစ်ရသူမျက်နှာသာရှေးရှုရင်း
ဇာတ်လမ်းမှာဝင်ကမိမှတော့ ကိုယ့်ဇာတ်ကိုယ်နိုင်
အောင်သိမ်းရတော့မှာပေါ့
"ကျွန်တော်သိပါတယ်.... ဒီပွဲကိုလူသိရှင်
ကြားစီစဉ်ရင် ပတ်ဝန်းကျင်ကလည်းရှိသေးတော့
အန်တီအဆင်ပြေမယ်ထင်သလိုသာစီစဉ်ပါ"
ဝမ်းသာရွှင်ပြသောမျက်ဝန်းတို့ကအရောင်
တလဲလဲ့နဲ့ အပြုံးတို့ကနှုတ်ခမ်းမှာအတိုင်း
ထက်အလွန်ဖြစ်ပေါ်ရင် သူ့လက်ဖျားတွေကို
ဆုတ်ကိုင်ရင်း နားလည်ပေးလို့ကျေးဇူးတင်
ကြောင်းတွေအထပ်ထပ်ဆိုနေတော့၏။
...........
မီးပျက်နေလို့ခုမှတင်ရတာ><
ZAWGYI CODE
"ဆင္းေတာ့ေလ ေရာက္ေနၿပီကို"
ေျပာလည္းေျပာသူ႔ကိုမေစာင့္ဘဲေရွ႕ကေနဆင္း
သြားေသာKimေၾကာင့္ အေနာက္ကေနျမန္ျမန္
ေျပးလိုက္ၿပီး လက္ေမာင္းကိုသြားဖက္ထားလိုက္
ေတာ့ျပန္လွည့္ၾကည့္သည္။
" ဟို...ဟိုေန႔ကလိုျဖစ္မွာဆိုးလို႔"
လက္ေမာင္းကိုေျပးဖက္တုန္းကာဖက္ၿပီး
သူျပန္ၾကည့္မွ ရွက္ကိုးရွက္ကန္းျဖစ္ေနတဲ့
Jungkookကိုၾကည့္ကာရယ္ခ်င္
လာသည္။ ဖက္လိုက္တုန္းကေတာ့ရွင္းျပမို႔
ဘဲသူျပန္ၾကည့္လာေတာ့ သူ႔နဂိုအညိဳေတာက္
ေတာက္မ်က္လုံးႀကီးေတြျမင္ၿပီးေျပာမထြက္ေတာ့
ထိုတိုင္းေလးဘဲၿငိမ္ကုတ္ၿပီး လိုက္လာရသည္။
" ဘာအလိုရွိပါသလဲ ဧည့္သည္ "
" ဝတ္စုံၾကည့္ခ်င္လို႔ ... သူနဲ႔လိုက္မွာေလး
တစ္ခ်က္ေ႐ြးေပးပါ "
ဆိုင္ဝန္ထမ္းေကာင္မေလးကိုေခၚကာသူ႔ကို
လက္ညိဳးထိုးၿပီး ဝတ္စုံျပခိုင္းေနတဲ့Kim
ဒါဘာသေဘာလဲ သူကမေ႐ြးေပးဘူးလား
သူကေရာအဲ့တိုင္းရပ္ေနမွာလား။
"ဒီဘက္ႂကြပါ ဧည့္ရွင့္"
ထိုေကာင္မေလးေခၚေတာ့ သူ႔ကိုဂ႐ုမစိုက္ဘဲ
တစ္ျခားဝတ္စုံေတြလိုက္ၾကည့္ေနတဲ့ Taehyung
ကိုလွည့္ၾကည့္လွည့္ၾကည့္လုပ္ရင္းထိုေကာင္မေလး
ေနာက္ကိုလိုက္သြားသည္။
"ဒါေလးေရာ..."
ထိုေကာင္မေလးျပတဲ့ဝတ္စုံကလွေပမယ့္
ဇာသားႀကီးမို႔သိပ္ေတာမႀကိဳက္ အစက
ေတာ့သူလက္ညႇိဳးထိုးတဲ့ဘယ္ဟာမဆိုႏွစ္ခါ
မစဥ္းစားအဲ့တာဘဲေ႐ြးၿပီးျပန္မယ္ေပါ့
အခုေတာ့ သူကေကာက္ေတာ္မူၿပီးအေရးေတာင္
မလုပ္ေတာ့ ဂ်ီက်ခ်င္လာသည္။
"ဟင့္အင္း...ဇာသားႀကီးနဲ႔ယားေနမွာ"
"ဒါေလးကေရာ ႐ို႐ိုေလးနဲ႔လွတယ္"
ရွပ္အျဖဴလက္ရွည္ေလးကိုမွ ခပ္ေပ်ာ့ေပ်ာ့
ပိတ္သားေလးနဲ႔ ခ်ဳပ္ထားၿပီးရင္ဘက္မွာလည္း
ပန္းပြင့္ေလးပါေတာ့သေဘာက်ေပမယ့္
"ပန္းပြင့္ႀကီးနဲ႔ မႀကိဳက္ဖူးးး"
မႀကိဳက္ျပန္ဘူး ဆိုျပန္ေတာ့အေရာင္းဝန္ထမ္း
ေလးကစိတ္ရွည္စြာေနာက္တစ္ထည္ထုတ္ျပေလသည္။
"ဒါေလးဆိုေရာ..."
႐ိုး႐ိုးအေနာက္တိုင္းဝတ္စုံကိုလည္ပင္းကဖဲျပား
အနီနဲ႔ အဖိုးႀကီးေတြဝတ္တဲ့ဒီဇိုင္းေတြေၾကာင့္
မ်က္ႏွာမဲ့လိုက္သည္။
"ဟင္...ဒါႀကီးကလူႀကီးဆန္တယ္"
တစ္ခုၿပီးတစ္ခုထုတ္ျပေနေသာ္လည္းေခ်း
မ်ားေနေသာJungkookေၾကာင့္
အေရာင္းဝန္ထမ္းမေလးေခါင္းတစ္ကုတ္ကုတ္
နဲ႔မ်က္စိမ်က္ႏွာပ်က္ေနသည္။ Kimကို
လွည့္ၾကည့္ေတာ့ မသိခ်င္ေယာင္ေဆာင္ေနသည္။
"ဒါေလးဆိုေပါ့ေပါ့ပါးပါးေလး "
"မႀကိဳက္ေသးဘူး"
ၾကည့္ေတာင္မၾကည့္ဘဲတန္းျငင္းေနေသာ
Jungkookေၾကာင့္ ေကာင္မေလးမွာစိတ္
မရွည္ခ်င္ေတာ့
"ဒါေလး-"
"ပုံတုံးႀကီး"
စကားေတာင္ဆုံးေအာင္ေျပာခြင့္မေပးေတာ့
ေသာJungkook
"ဘာေတြျဖစ္ေနၾကတာလဲ"
"ႀကိဳက္တာမေတြ႕ေသးလို႔"
ဆူဆူေဆာင္းေဆာင့္နဲ႔လွည့္မၾကည့္ဘဲေျဖတဲ့
Jungkookကသက္သက္ဂ်ီက်ေနသည္ဆို
တာသိသည္။ဝန္ထမ္းေကာင္မေလးကလည္း
ေတာ္ေတာ္သည္းခံေနရသည့္ပုံ မအီမသာမ်က္
ႏွာေဘးေလးနဲ႔ ေျပာဦးဆိုတဲ့အၾကည့္ေလးကမ်က္စ
ပစ္ျပသည္။
" ဒါေလးသြားဝတ္"
လက္ထဲမွာပါလာတဲ့ဝတ္စုံေလးကို ေပးလိုက္ၿပီး
ဝတ္ခိုင္းလိုက္သည္။ သူေ႐ြးထားတဲ့ဟာေလးကို
ဆြဲယူရင္းၿပဳံးစိစိနဲ႔ထြက္သြားတဲ့ ငယ့္
ကိုၾကည့္ကာေခါင္းခါမိလိုက္သည္။ ဘယ္တုန္း
ကမွေခ်းမမ်ားတဲ့ ငယ္ကအခုမွဘယ္လိုျဖစ္ရတာလဲ။
အစကေတာ့သူေ႐ြးေပးမို႔ပါဘဲဒါေပမယ့္
ငယ့္စိတ္ဆႏၵမပါရင္ သူဘာမွလိုက္ၿပီး
စြက္ဖက္တင္းက်ပ္ကာ ဒါဆိုဒါဘဲဆိုတာမ်ိဳး
ေတြျဖစ္လာမယ္ ... ၿပီးေတာ့ငယ့္အေပၚသူ႔
သဝန္တိုမႈေတြကအမ်ားႀကီးလႊမ္းမိုးလာရင္
ငယ္စိတ္ကြက္လာမွမလိုလားေပ။
စိတ္မွာငယ့္အားသူပ်ိဳးသည့္ပန္းေလးလို႔
သတ္မွတ္ကာ ထိုပန္းကေလးကသူအပင္မွာသူ
လြတ္လပ္စြာလွပၿပီးရွင္သန္တာကိုျမင္ခ်င္သည္။
ငယ္အဝတ္စားသြားလဲေတာ့သူလဲ ဆိုဖာေပၚ
ထိုင္ ကာမဂၢဇင္းစာအုပ္ကိုဟိုလွန္ဒီေလာလုပ္ေနသည္။
" ကင္မ္...ဒီကိုၾကည့္ဦး"
ေခၚသံေလးေၾကာင့္လွည္ၾကည့္လိုက္ေတာ့
အျဖဴေရာင္ဝတ္စုံနဲ႔သိပ္လွေနေသာ ငယ္
ေခါင္းလက္အတြန႔္ေလးနဲ႔မို႔ ခပ္ေဖြးေဖြး
လက္ေလးေတြက အက်ႌလာနဲ႔ဖုံးေနသည္။
ေအာက္ခံလည္ပိတ္ဇာသားေလးေပၚကုတ္
အျဖဴေလးနဲ႔တြဲဝတ္ၿပီး ကုတ္အျဖဴညာဘက္
ပခုံးနားကေန ပုဝါေလးကတန္းလန္းေလးခ်
ထားတဲ့ဝတ္စုံေလး ေ႐ြးလိုက္တုန္းကသိပ္
သေဘာမေတြ႕ေပမယ့္ ငယ္ဝတ္လိုက္မွသိပ္
လွေနသလို။
"ဟို... အဆင္မျပလို႔လားဟင္ ဒါဆိုသြားလိုက္မယ္"
အၾကာႀကီးစိုက္ၾကည့္ေနတဲ့ကင္မ့္ေၾကာင့္
မေနတတ္ေတာ့ တစ္ခါမွဒီေလာက္အၾကာႀကီး
စိုက္မၾကည္ဖူးတဲ့သူက ၾကည့္ေနေတာ့ရွက္လာသည္။
သူဝတ္ထားတာမ်ားအဆင္မေျပလို႔လားလို႔ေတြး
ကာကိုယ့္ကိုယ္ကို ျပန္ငုံၾကည့္မိေသးတယ္။
သေဘာမက်ဘူးထင္လို႔သြားလဲမယ္ဆိုမွလက္
ကိုဆြဲထားရင္း
" မလဲနဲ႔... လွတယ္ အရမ္းလွတယ္
ကိုယ္သေဘာက်တယ္ "
တကယ္ပါ ငယ္ နဲ႔ဒီဝတ္စုံပါသိပ္ကိုလိုက္ဖက္
ေနတယ္။ အၾကည့္ေတြမလြဲႏိုင္ေအာင္ထိကို
သေဘာက်ေနမိတယ္။
ေစ့ေစ့ႀကီးၾကည့္ရင္း လွပါတယ္ေျပာလာတဲ့Kim
ေၾကာင့္ရင္ခုန္သံေတြဒုန္းဆိုင္းက်ဲကုန္သည္။
ကိုယ္သေဘာက်တယ္ ဆိုတဲ့စကားအဆုံးမ်က္ႏွာ
တစ္ခုလုံးပူထူတက္လာသည္။ ရွက္ကိုးရွက္ကနနဲ႔
ေခါင္းကုတ္လိုက္နားကိုလိုက္နဲ႔ ဘာလုပ္ရမယ္သိ
ကိုင္ထားတဲ့လက္ကိုလည္း႐ုန္းဖို႔ေမ့ေနေတာ့သည္။
" ဝတ္စုံယူမယ္ဆို Customerေတြတြက္
Pre-wedding photo႐ိုက္ေပးပါတယ္ရွင့္"
ေနာက္ကေန႐ုတ္တရက္ ဝင္ေျပာလာေသာ
အေရာင္းဝန္ထမ္းမေလးအသံေၾကာင့္လူခ်င္းခြာရပ္
လိုက္သည္။ ေစာနက အၾကည့္မလြဲႏိုင္ေအာင္
ျဖစ္ေနတဲ့taehyungလည္းကိုယ္ရွိန္သတ္
သြားသလိုtaehyungစိုက္ၾကည့္ေနတာေၾကာင့္
ရွက္ေနတဲ့Jungkookလည္းအဲ့ေတာ့မွအေနေခ်ာင္
သြားသည္။
"ဒါေလးဘဲယူပါ့မယ္... ကြၽန္ေတာ္ေ႐ြးတဲ့ဟာ
လည္းအဆင္ေျပမေျပဝတ္ၾကည့္ပါဦးမယ္"
ေျပာကာအဝတ္လဲခန္းထဲဝင္သြားတဲ့Taehyung
ကိုေစာင့္ေနလိုက္သည္။ အျဖဴေရာင္ဝတ္စုံကိုမွ
ပန္းအနက္ရင္ထိုးတဲ့ နက္ခ္တိုင္မပါ ၾကယ္သီးႏွစ္
လုံးေလာက္ျဖဳတ္ကာဝတ္လာသည့္ကင္မ္...
ေခ်ာေမာသလို ခန္ညားေနေသာေၾကာင့္
ကိုတေမ့တေမာလိုက္ေငးေနမိသည္။
"ဓာတ္ပုံ႐ိုက္ဖို႔ ဒီဘက္ေလးကိုႂကြေပးပါရွင့္"
ေကာင္မေလးၫႊန္ျပသည့္အတိုင္း ဓာတ္ပုံ႐ိုက္ဖို႔
အလွဆင္ထားသည့္ အခန္းငယ္ဘက္ကိုလာလိုက္
သည္။ ေလွကားထစ္သုံးဆင့္ေက်ာ္ကာေနရာကြက္
လပ္ေလးတစ္ခု၌ ေဘးခ်င္ကပ္ေနရာယူလိုက္သည္။
" ဟိုတစ္ေယာက္က သူ႔လက္ေမာင္းကိုခ်ိတ္ထား
လိုက္ပါလား"
Camera manကJungkookကိုၾကည့္
ၿပီးTaehyung လက္ေမာင္းကိုဖက္ထားဖို႔အႀကံ
ေပးေတာ့ အလိုက္တသိတဲ့ လက္ေမာင္းအားကား
ေပးတဲ့ Taehyung လက္တဲေတာင္ေကြးနား
ကိုလက္လွ်ိကာဖက္ထားလိုက္သည့္Jungkook
" နည္းနည္းေလးၿပဳံးေပးပါ....ဟုတ္ၿပီအဲ့တိုင္းေလး"
ေျပာတဲ့အတိုင္းၿပဳံးလိုက္ေတာ့ ခပ္ေရးေရးၿပဳံးကာ
ခန္ညားေနေသာ Taehyungလက္ကေလးကို
ခ်ိတ္ကာ ယုန္သြားေလးေတြေပၚေနသည္ထိၿပဳံး
ေနေသာ Jungkook တို႔ရဲ႕ ပုံေလးဟာ
ကင္မရာမွာလွပစြာမွတ္တမ္းတင္လ်က္ျဖစ္ေနေလသည္။
"ေနာက္တစ္ပုံ ... မ်က္ႏွာခ်င္းဆိုင္ရပ္ၿပီး
Mr.Kimကသူခါးကိုဖက္လိုက္ ဟိုတေယာက္
ကသူ႔ပခုံးကိုကိုင္ထား ဟုတ္ၿပီ အဲ့လိုေလး"
ခါးေတြကိုဖက္ထားတဲ့Kimလက္ေတြေၾကာင့္
လူကလႈပ္ေတာင္မလႈပ္ရဲ နီးကပ္ေနတဲ့မ်က္ႏွာ
ကိုလည္းရဲရဲမၾကည့္ရဲ ရင္ခုန္သံေတြဟာလည္း
ထိန္းမရေအာင္ျမန္ေနသည္။ ပခုံးေပၚကလက္
ေတြကလည္းအၿငိမ္မေန အက်ႌက္ုခပ္ဖြဖြေလး
ကုတ္ေနသည္။
ငယ့္ရဲ႕ခါးသြယ္သြယ္ကိုCamera man
ေျပာသလိုဖက္လိုက္သည္။ နီးကပ္ေနတဲ့အေန
အထားမွာငယ္ဟာ ရွက္ေနသည္ထင္မ်က္ႏွာေလး
ေတြနီလို႔ မ်က္ႏွာကိုလည္းငုံထားသည္။
camera manကတစ္ေယာက္ကိုတစ္ေယာက္
ၾကည့္ၿပီးၿပဳံးေနပါလို႔ေျပာေနတာေတာင္မၾကား
ႏိုင္ေအာင္ သူ႔ေရွ႕ကေကာင္ေလးကသိပ္ရွက္ေနသည္။
ဒါ့ေၾကာင့္သူကဘဲ ခပ္တိုးတိုးေလးအသံေပးကာ
" ငယ္...ကိုယ့္ကိုၾကည့္"
ေခၚသံနဲ႔တစ္ၿပိဳင္နက္ေမာ့ၾကည့္ေတာ့ သူ႔ကို
စိုက္ၾကည့္ေနတဲ့ Kim...အညိဳေရာင္မ်က္လုံး
ေတြကသူ႔ကိုညိဳ႕ယူေနသလို ။
မ်က္ဝန္းဝိုင္းဝိုင္းေတြကိုဆုံမိတဲ့ခ်ိန္ ျမင္ခ်င္မိ
ေသာငယ့္ရဲ႕အၿပဳံးေတြကိုျမင္ရဖို႔သတိလက္လႊတ္
ေတာင္းဆိုမိသည္။
" ကိုယ့္ကိုၿပဳံးျပပါလား..."
ထပ္၍တဖန္ထြက္လာေသာ ေတာင္းဆိုသံေၾကာင့္
စိတ္ေစရာအတိုင္းလိုက္ၿပဳံးလိုက္သည္။ သူၿပဳံး
လိုက္တဲ့အခ်ိန္မွာဘဲ ကင္မ္သည္လည္း
ေလးေထာင္ဆန္ဆန္ႏႈတ္ခမ္းပါးေအာက္ကသြား
တန္ညီညီေတြေပၚေအာင္ရယ္ျပေနသည္။
ဒါအိပ္မက္လား!
" လုံးဝ Perfect! "
Camera manရဲ႕အသံအဆုံး႐ုတ္ခ်ည္း
ဆိုသလို႔အၿပဳံးေတြေပ်ာက္ကြယ္သြားတဲ့Kim...
သူ႔ကိုလည္းဖက္ထားရာက လႊတ္ေပးလိုက္သည္။
" ႐ိုက္လို႔ျပသြားပါၿပီ...အက်ႌလဲခ်င္ရင္
လဲလို႔ရပါၿပီလူႀကီးမင္းတို႔"
"ကြၽန္ေတာ္သြားလဲႏွင့္ေတာ့မယ္"
Camera manရဲ႕စကားသံဆုံးသူအရင္
လဲပါမယ္ဆိုၿပီးတစ္က်ိဳးတည္းအဝတ္လဲခန္း
ထဲေျပးဝင္သြားေသာ Jungkookကိုၾကည့္
ကာရယ္မိသည္။ ေတာ္ေတာ္ရွက္သြားတယ္ထင္
တယ္ ။သူနဲ႔ကိုယ့္ဆက္ဆံေရးကေျခာက္လအတြင္း
နာမည္အေခၚအေဝၚေလးသာရင္းႏွီးစြာေခၚၾကေပမယ့္
Skin shipကေတာ့ဒီလိုမ်ိဳး မလုပ္ဖူးေတာ့
ငယ္ ရွက္ေနတာလည္းမဆန္းေပ။
ပထမဆုံးငယ္မ်က္ႏွာကိုတစ္ဝႀကီးၾကည့္
ခြင့္ရခဲ့လို႔... သူသိပ္ေက်နပ္မိေနသည္။
.
.
.
" ဝယ္ယူအားေပးမႈတြက္ေက်းဇူးတင္ပါတယ္ရွင့္"
ေကာင္တာမွေငြရွင္းရင္း ေက်းဇူးတင္ေၾကာင္း
ေျပာတဲ့ေကာင္မေလးကို ေခါင္းၿငိမ့္ျပရင္း
ထြက္လာခဲ့သည္။ ေစာနမွတ္တမ္းတင္ထားတဲ့
ဓာတ္ပုံေလးကိုလည္းေသခ်ာေဘာင္ေလးထဲထည့္
ေပးရင္း ထုတ္ေပးလိုက္သည္ကိုရင္ဝယ္ပိုက္ကာ
ေနာက္ကလိုက္လာသည့္ငယ္...အခုနကနဲ႔မတူ
သိပ္ကိုေပ်ာ္ေနပုံ။စိတ္ထဲရွိသူကတစ္ေယာက္
လက္တြဲရမယ့္သူကတစ္ေယာက္ကိုေပ်ာ္ေနသည္
တဲ့လား။
' ငယ္ကခန႔္မွန္းရခက္ေအာင္သိပ္လုပ္တယ္ '
တိတ္တဆိတ္ေမာင္းထြက္လာတဲ့ကားေလးက
အလာတုန္းကလိုဘဲ ႏွစ္ေယာက္ၾကားေလထုက
စိတ္းသက္ေနခဲ့သည္။
" ကင္မ္...."
ခဏအၾကာမွ စကားစလာတဲ့ငယ့္ကိုမၾကည့္ဘဲ
ကားေမာင္းတာကိုသာအာ႐ုံစိုက္ၿပီးျပန္ေျဖ
လိုက္သည္။
" အင္း ေျပာေလငယ္...."
"ဟိုေလ...အခ်ိန္ရရင္တစ္ခုခုဝင္စားရေအာင္လား
ငယ္ဗိုက္ဆာလို႔ အခ်ိန္မရရင္လည္း ဒီနားမွာဘဲ
ခ်ေပးခဲ့ကိုယ့္ဘာသာဝင္စားၿပီးျပန္ခဲ့မယ္"
ဗိုက္ဆာေၾကာင္းကိုဟန္မေဆာင္တမ္းေျပာလာ
ေသာငယ့္ ေၾကာင့္သေဘာတက်ၿပဳံးမသိ
ျဖစ္ခ်င္သည့္အရကိုမကြယ္မဝွက္နဲ႔ေကြ႕ဝိုက္
မေနဘဲ ပြင့္ပြင့္လင္းလင္းေျပာတတ္သည့္အက်င့္
ေလးကလည္းရွိေသးသည္။
"အခ်ိန္ရပါတယ္ ဒီနားကဆိုင္မွာဝင္စားၾကတာေပါ့"
" ဟီး အားေတာင္နာတယ္ ဒါေပမယ့္
ေတာ္ေတာ္ဆာေနလို႔ ေျပာတာပါ"
အားနာတယ္ေျပာၿပီးမ်က္ႏွာခ်ိဳေသြးေနတဲ့
Jungkookကိုၾကည့္ရင္းေခါင္းေလးခါကာ
ၿပဳံးေနေလေတာ့တယ္ ။
သူေျပာသလိုလိုက္ေလ်ာတဲ့ကင္မ္ကိုၾကည့္ရတာ
စိတ္ဆိုးစိတ္တိုေနသည့္ပုံေတာ့မရွိေတာ့
ဗိုက္ကဆာေနေပမယ့္ ေအာင့္အီးသည္းခံလို႔ရပါ
ေသးတယ္ ဒါေပမယ့္ခါတိုင္းထက္ေအးစက္
ေနတဲ့အေျခေနႀကီးမွာသူမေနတတ္ျဖစ္ေနသည္။
ဒီလိုအတူတူ သြားလာေနရင္အရင္ကဆိုအလုပ္
အေၾကာင္းျဖစ္ျဖစ္ ေဆြးေႏြးေနတာေလအခုက
အလုပ္ကိစၥကလည္းေထြေထြထူးထူးမရွိ
စိတ္ဆိုးေနလို႔လားလို႔တည့္ေမးဖို႔ကလည္းမရဲ
ကိုယ္ေတြႏွစ္ေယာက္ၾကား ေျပာစရာအလာပ
သလာပ အေၾကာင္းေတြကလည္းမရွိေနျပန္
ဒီလိုစိမ္းသက္သက္အေျခေနႀကီးမွာလဲမေနခ်င္
ျပန္ေတာ့ေန႔လည္စာစားခ်ိန္ေက်ာ္ေနၿပီျဖစ္တာကိုအေၾကာင္းျပကာ အာ႐ုံစိုက္မႈေတြလိုခ်င္ေသာေၾကာင့္
ဗိုက္ဆာသည္ဟု မာယာေတြမ်ားမိေတာ့သည္။
' အခုေတာ့ တစ္ခဏအတြင္းမွာဘဲသင္ယူထားျခင္း
မရွိပါဘဲ ငယ္မာယာေတြမ်ားတတ္ေနၿပီ Kim... '
.
.
.
.
"မွာေလ...ငယ္စားခ်င္တာ"
Menuကိုဟန္ေဆာင္ပန္ေဆာင္ေလးနဲ႔လွန္ေလာၾကည့္
လိုက္ၿပီး ေနာက္ဆုံးမွာ အီတလီေခါက္ဆြဲနဲ႔ဘနားနားမစ္
ေလးသာမွာလိုက္သည္။
"အီတလီေခါက္ဆြဲတစ္ပြဲ ဘနားနားမစ္တစ္ခြက္"
waiterေလးကေတာ့မွာတာကိုမွတ္
ေနေပမယ့္Taehyungကေတာ့မ်က္ေမွာင္
ေလးႀကဳံ႕ကၾကည့္ေနသည္။
"အဲ့ဒါဘဲလား ဗိုက္ဆာေနတာဆို
ထပ္မွလို႔ရတယ္ အားမနာနဲ႔"
" ဝပါတယ္၊ ငယ္ဒီေလာက္ဘဲစားေနၾကပါ...
ကင္မ္ လည္းမွာေလ"
သူေျပာေတာ့ ေစာင့္ေနတဲ့waiterေလးကို
မွာစရာရွိတာမွာေနသည္။ သိပ္မၾကာမွာထားတာေတြ
ေရာက္လာေတာ့စကားေလးတစ္ေျပာေျပာနဲ႔စား
ျဖစ္ၾကသည္။
တစ္ခ်ိန္လုံး စားရင္းေသာက္ရင္းစကားေျပာ
ေနၾကေပမယ့္ တစ္ကယ္ေျပာရမယ့္အေၾကာင္း
အရာေတြကပါးစပ္ထဲကထြက္မပါခဲ့ လက္ထပ္ပြဲ
ကိုအက်ဥ္းတဲ့ကိစၥကိုငယ့္ကို ဘယ္လိုေျပာရမလဲ
သူေျပာလိုက္ရင္ေရာ ငယ္ဘယ္လိုထင္သြားမလဲ
သူကိုစိတ္ဆိုးသြားမလား
ျပႆနာတစ္ခုကိုေအာ္ဟစ္ဆူပူၿပီး ေျပာဆို
ေျဖရွင္းတတ္တဲ့ထဲငယ္မပါေပမယ့္လည္း
ေျပာရမွာတြန႔္ဆုတ္ေနမိသည္။ေသခ်ာသေလာက္
သူနားလည္ေအာင္ေျပာရင္လက္ခံမယ္သိေပမယ့္
တစ္သက္လုံးသူ႔အေပၚ ငယ္စိတ္ခုသြားမွာကိုေတာ့
မလိုလားေပ။
.
.
.
"ငယ္...ဒီေန႔အလုပ္ေစာဆင္းလို႔ရမလား ကင္မ္
ခ်ိန္းထားတာေလးရွိလို႔"
ဆိုင္ကအထြက္ကားေပၚမွာေတာင္းဆိုလာျပန္
တဲ့ ငယ့္သေဘာကိုသူလိုက္ေလ်ာလိုက္သည္။
ေတာ္႐ုံအလုပ္ေစာမဆင္းတတ္တဲ့ငယ္
အခုေစာဆင္းေတာ့အေရးႀကီးပုံရသည္။
"ရတယ္ေလ ... ကိုယ္လိုက္ပို႔ရဦးမလား"
"ရပါတယ္ ကိုယ့္ဘာသာဘဲသြားလိုက္ပါ့မယ္"
ခ်ိန္ထားတဲ့ကိစၥက ကင္မ့္အေမနဲ႔ပါလို႔
ေျပာမေနေတာ့ ထူးထူးျခားျခား ဖုန္းဆက္ၿပီး
ညေနေလာက္က်ရင္ ေဆြးေႏြးစရာေလးရွိလို႔
လို႔ဖုန္းဆက္ေတာ့ စိုးရိမ္မိသြားတာအမွန္
သူထင္သလိုမျဖစ္ဖို႔သာဆုေတာင္းေနရေတာ့
သည္။
ဟိုတယ္ျပန္ေရာက္တာနဲ႔ ဆိုက္ထဲကအလုပ္
ေတြလက္စသတ္ကာ ကင္မ့္အေမခ်ိန္းေသာ
ေကာ္ဖီဆိုင္ကိုေရာက္လာသည္။ ဆိုင္ထဲဝင္လာေတာ့
ေထာင့္က်က်ခုံေလးမွာထိုင္ေနေသာကင္မ့္
အေမကသူျမင္ေအာင္လက္ျပရင္းေခၚေနသည္။
ထိုဝိုင္းေလးဆီသြားကာမ်က္ႏွာခ်င္းဆိုင္ခုံေလး
မွာဝင္ထိုင္ရင္း
"ေစာင့္ေနရတာလား အန္တီ နည္းနည္းေတာ့
ေနာက္က်သြားတယ္"
"မေစာင့္ရပါဘူး တစ္ခုခုေသာက္မလား
မွာလိုက္ေလ"
"ေနပါေစ...ကြၽန္ေတာ္မေသာက္ေတာ့ပါဘူး
ဒါနဲ႔ အန္တီေျပာစရရွိတယ္ဆိုတာက...."
" အဲ....အဲ့ဒါကေလ"
သူစကားစလိုက္ေတာ့ ေျပာရခက္ေနသည့္
Kimအေမကအားနာသည့္မ်က္ဝန္းေတြနဲ႔
ၾကည့္ေနျပန္ေတာ့ပို၍စိုးရိမ္လာရသည္။
လက္ထပ္ပြဲကိုဖ်က္မွာေတာ့မဟုတ္ဘူးမလား
"အန္တီတို႔ဘက္ကမေျပာမဆိုဘဲလုပ္လိုက္ရတာ
ေတာ့ေတာင္းပန္ပါတယ္ကြယ္...လက္ထပ္ပြဲကို
အျမန္ဆုံးျဖစ္ေစခ်င္လို႔ သပတ္ခါစီစဥ္လိုက္တယ္"
ကင္မ့္အေမေျပာစကားဆုံးသြားတဲ့အခါမွဟင္း
လုံးခ်ႏိုင္ေတာ့သည္။ သူထင္တာလက္ထက္ပြဲ
ကိုဖ်က္သိမ္းလိုက္ၿပီေျပာမယ္ထင္တာ
တစ္ခါဆက္၍
"ၿပီးေတာ့ေလ လက္ထပ္ပြဲကိုလည္း အက်ဥ္းခ်ဳံး
ဘဲစီစဥ္လိုက္ရတယ္..."
ထိုအခါမွေတာ့Jungkookေခါင္းေလးဆက္က
နဲေထာင္သြားရသည္။ သံသယံစိတ္မ်ားလည္း
ဝင္လာခဲ့သည္။
"အခုတေလာ ဟန္ေဆာင္း
လုပ္ငန္းစုကို တိုက္ခိုက္သူေတြကလည္းမ်ားတယ္
ျပႆနာေတြလဲ ျဖစ္ေနတာသားသိတယ္မလား....
အဲ့ၾကားထဲက ဒီလက္ထပ္ပြဲကိုလူသိရွင္ၾကားလုပ္
ရင္ ....ျပႆနာနဲ႔မဆိုင္တဲ့ သားတို႔သားအမိကို
ထိခိုက္ကုန္မွာစိုးလို႔စီစဥ္ရတာ ...နားလည္ေပးပါေနာ္
အေျခေနေတြျပန္တည္ၿငိမ္ရင္ေတာ့အန္တီတို႔
လူသိရွင္ၾကားခ်ျပမွာပါ"
ဘယ္လိုဘဲလုပ္လုပ္ ေငြရွိတဲ့အသိုင္းအဝိုင္း
ကသူတို႔လိုသာမန္လူကိုပတ္သက္ခ်င္ေနကတည္းက
အေၾကာင္းတစ္ခုခုရွိရမယ္ေတြးထားၿပီးသား
ျငင္းပစ္ဖို႔စီစဥ္ခဲ့ေပမယ့္ ခ်စ္ရသူျဖစ္ေနေတာ့လဲ
မျငင္းႏိုင္ အခုေတာ့သူတို႔စီစဥ္တဲ့အကြက္ထဲေရာက္
လာတယ္ထင္ကာ ၾကည့္ေကာင္းေအာင္လာေျပာ
ေနေသာ ကင္မ့္အေမကိုဒီေနရမွာတင္ အုပ္ေအာ္
ေသာင္းနင္းျဖစ္ေအာင္အရွက္ရေအာင္လုပ္လိုက္
ႏိုင္ပါသည္။
သို႔ေပမယ့္ သူမလုပ္ခ်င္ေတာ့ သူတို႔လိုခ်င္တဲ့ပုံ
စံခြက္ထဲ အသာလိုက္ရင္း အနားေရာက္မွ
အလစ္နဲ႔ခုန္ထြက္ဖို႔သာႀကိဳးစားရေတာ့မယ္
အဓိကကသူနဲ႔Kimမေဝးရဖို႔သာမုိ႔က်န္တာေတြ
မစဥ္းစားခ်င္ေတာ့ပါ ခ်စ္ရသူမ်က္ႏွာသာေရွးရႈရင္း
ဇာတ္လမ္းမွာဝင္ကမိမွေတာ့ ကိုယ့္ဇာတ္ကိုယ္ႏိုင္
ေအာင္သိမ္းရေတာ့မွာေပါ့
"ကြၽန္ေတာ္သိပါတယ္.... ဒီပြဲကိုလူသိရွင္
ၾကားစီစဥ္ရင္ ပတ္ဝန္းက်င္ကလည္းရွိေသးေတာ့
အန္တီအဆင္ေျပမယ္ထင္သလိုသာစီစဥ္ပါ"
ဝမ္းသာ႐ႊင္ျပေသာမ်က္ဝန္းတို႔ကအေရာင္
တလဲလဲ့နဲ႔ အၿပဳံးတို႔ကႏႈတ္ခမ္းမွာအတိုင္း
ထက္အလြန္ျဖစ္ေပၚရင္ သူ႔လက္ဖ်ားေတြကို
ဆုတ္ကိုင္ရင္း နားလည္ေပးလို႔ေက်းဇူးတင္
ေၾကာင္းေတြအထပ္ထပ္ဆိုေနေတာ့၏။
...........
မီးပ်က္ေနလို႔ခုမွတင္ရတာ><