ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် န...

By Ahlaly

610K 22.6K 1.7K

အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
👰
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၇ ၊အဝန်းရဲ့ရုပ်ရှင်ကြည့်ချိန်)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
Ending
နီနီ
👤❤👤
Extra starting
Extra (1)
Extra (2)
Extra (3)
Extra Ending
📕📕📕
Logo
Candy or Originary

အပိုင်း (၃၃)

9.1K 411 29
By Ahlaly

"ကောင်း ထမင်းသွားမစားနဲ့ဦး"

ညစာ သွားစာဖို့ရန်အတွက် အခန်းပြင်သို့ထွက်တော့မည့်ကျွန်တော့်လက်ကို ဆွဲပြီးနောက်မှာ ညင်သာစွာဖြင့်သူမက ဆို၏။

"ကလေးတွေကို သွားကျွေးလိုက်မယ်လေ။
ကျွန်တော်တော့ မစားခဲ့ဘူး။ ရလား"

"အင်း..."

ဘာလို့ ညစာမစားခိုင်းတာလဲဆိုတာကို ကျွန်တော်မမေးဖြစ်ပါ။ဘာလို့ဆို အပြင်ကပြန်လာတဲ့ သူမလေး သိပ်လှနေတာကြောင့် သူမကလွဲရင်ဘာကိုမှ သတိမမူချင်တော့။ သားနဲ့သမီးကိုတော့ သားနဲ့သမီးမို့ သူမပါးလေးကို တစ်ချက် အနမ်းခြွေပြီး အပြင်ဘက်ကို ထွက်ခဲ့လိုက်သည်။

ကျွန်တော် ကလေးတွေကို ထမင်းကျွေးနေတဲ့အချိန်မှာ ဂါဝန်အဖြူရောင်လေးကို လဲပြီးသွားပြီဖြစ်တဲ့ ကျွန်တော့်အကွေးက ထမင်းစားခန်းမှတဆင့် မီးဖိုဘက်သို့ ကူးသွားတာကို ကျွန်တော်မြင်လိုက်သည်။

"Daddy.."

"အင်း ဘာလိုချင်လို့လဲသမီး"

Dadaမဟုတ်ပဲ Daddyကို မပီတပီခေါ်တတ်နေပြီ ဖြစ်တဲ့ သမီးကြီးဟာ ရေခွက်ကို မမှီလို့ထင်သည်။ ကျွန်တော့်ကို လှမ်းခေါ်၏။

"Warwar..."

"Okဗျာ.."

ရေဗူးလေးကို လက်သေးသေးလေးထဲ သေချာထည့်ပေးလိုက်သည်။ သမီးကြီးရဲ့ ပန်းကန်ကို ကြည့်မိတော့ အကုန်ပြောင်သွားပြီမို့ သမီးကြီးရဲ့ညစာစားခြင်းကပြီးဆုံးသွားပြီ။ ငယ်ငယ်ထဲက စားစရာကုန်မှ ရေသောက်တတ်သည့်အကျင့်ကို လုပ်ပေးထားသည်မို့ ဒီအရွယ်လေးနဲ့ သမီးကြီးဟာ စည်းစနစ်တကျနဲ့ပင်။

သားငယ်ကို ကြည့်လိုက်တော့လည်း ရေသောက်နေပြီမို့ သားနဲ့သမီးရဲ့ ညစာစားခြင်းက ပြီးဆုံးသွားသည်။

"Do you have dinner?"
(မင်း ညစာမစားဘူးလား)

"She told me not to eat."
(အကွေးက မစားနဲ့ဦးဆိုလို့ပါ)

"Oh. I know, she prepare something special for you.Good luck, boy."
(ငါသိပြီ။ သူ မင်းအတွက်တစ်ခုခုပြင်ဆင်နေတယ်။
ကံကောင်းပါစေ ကောင်လေး)

"If she has, "
(သူမသာ ရှိလျှင်ပေါ့)

"Sweet.."
(ချိုမြိန်လိုက်တာနော်)

အားကျတယ်ဆိုတဲ့ အင်ဒူလင့်ရဲ့ထိုအပြောမှာ မနာလိုခြင်းတွေအလျဉ်းမရှိပါ။ အင်ဒူလင်က တကယ်ပဲ စိတ်ထားပြည့်ဝတဲ့အမျိုးသမီးဆိုတာကို သူမရဲ့မျက်လုံးတွေကတဆင့် ကျွန်တော်သိလိုက်ရသည်။

ဒီလိုမျိုး ပြည့်စုံတဲ့ အမျိုးသမီးရှိနေတာကို ဘာလို့များမတင်းတိမ်နိုင်ရသလဲလို့ ကျွန်တော်တွေးမိပြီး အင်ဒူလင့်ကို ကြည့်မိတော့ သူမက ကျွန်တော့်အတွးကို သိသည့်အလား...
"Don't look at me like this.I'm ok"
(ငါ့ကို အဲ့လိုမကြည့်နဲ့။ ငါအဆင်ပြေနေတာကို)

"Sorry."
(တောင်းပန်ပါတယ်)

ကျွန်တော်တောင်းပန်စကား ပြောပြီးသည့် အချိန်မှာပဲ အင်ဒူလင်က မျက်ခုံးတစ်ဖက်ပင့်ပြီး အရေးမစိုက်သလို ပုံစံနှင့် ထမင်းဝိုင်းကနေ ထွက်သွားလေသည်။

ထို့ကြောင့် ကျွန်တော်လည်း သားနဲ့သမီးဆီကိုပြန်ကြည့်လိုက်သည်။ မျက်တောင်လေးတွေဆင်းနေပြီမို့ အလိုက်တသိနဲ့ပဲ အခန်းထဲပြန်ခေါ်သွားပြီး အိပ်ရာပေါ်ကို ချပေးလိုက်သည်။

"ပုံ..."

မျက်တောင်တွေလည်း ဆင်းနေပြီး ပါးစပ်ကလေးကလည်း တဝှါးဝှါးနှင့်သန်းနေပြီ။ဒါကို အရစ်ထုပ်လုပ်နေသည့် ရောင်ဝါ့ကို ကျွန်တော်က ခပ်ကြမ်းကြမ်းပင် မွှေးကြူလိုက်ပြီး.....
"ဟိုရှေးရှေးတုန်းက ကောင်းကင်ကြီးက ဘာမှမရှိပဲဒီတိုင်း ဟင်းလင်ပြင်ကြီးတဲ့။"

"ကောင်း"

"ကောင်းကင်လို့ခေါ်ရတယ် သမီးရ။"

အခန်းပြတင်းပေါက်ကနေတဆင့်မြင်နေတဲ့ ကောင်းကင်ကို ညွှန်းပြပြီးပြောလိုက်တော့ သမီးကြီးရဲ့မျက်လုံးတွေက ကောင်းကင်ဆီသို့ရောက်သွားသည်။ ဒီည မိုးသားကင်စင်တာကြောင့်လားတော့မသိ။ ကောင်းကင်မှာရှိနေတဲ့ လခြမ်းကွေးက ထိန်ထိန်လင်းနေသည်။

"ဆက်ပြီးပြောရရင် အထီးကျန်နေတဲ့ ကောင်းကင်ကြီးအတွက် နေနဲ့လဆိုတာ ဖြစ်ပေါ်ခဲ့တယ်။ နေကပူပြင်လွန်းတယ်၊ တောက်ပလွန်းတယ်။ လကတော့ အေးချမ်းတယ်။"

ကျွန်တော့်ပုံပြင် အဆုံးမသတ်သေးပေမယ့်လည်း သားနဲ့သမီးက အိပ်သွားကြပြီ။ နေ့လယ်တုန်းက တော်တော်လေး ဆော့ထားသည်မို့ သူတို့လေးတွေ ပင်ပန်းသွားတာနေမှာ။

ထိုစဥ် အပြင်ဘက်က တံခါးခေါက်သံကြောင့် ကျွန်တော် အသာအယာပင် ထ,လိုက်ပြီး တံခါးသွားဖွင့်ပေးတော့ အကိုဖြစ်နေသည်။ တံခါးဖွင့်ဖွင့်ချင်းပဲ ကျွန်တော့်ဆီသို့ စာရွက်တွေကမ်းပေးပြီး....

"လစာအတွက်က မင်းပြောထားတဲ့ ကဒ်ကိုပဲလွှဲပေးလိုက်မယ်။ နောက်နှစ်ရက်နေရင် မာဆေးနဲ့ကန်မှာမို့ မင်းကိုမျှော်လင့်နေမယ် ကောင်း"

"ဟုတ်ကဲ့။ ကျွန်တော့်အပေါ်ထားတဲ့ အကိုတို့ရဲ့ယုံကြည်မှုကို မပျက်ပြားစေရပါဘူး"

"အင်း။ ဒါဆို ကိုယ်သွားတော့မယ်"

တရားဝင်စာချုပ်စာတန်းတွေကို လာပေးပြီး ပြန်ထွက်သွားသည့် အကို့နောက်ကျောပြင်ကို ကျွန်တော်ကြည့်မိသည်။ အကွေးပြောသလို အကိုများအထီးကျန်နေသလားလို့ပါ။ ကိုယ်တိုင်ခံစားခဲ့ရဖူးတော့ ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း သိခဲ့ဖူးတော့ နည်းနည်းလောက်ဖြစ်ဖြစ်တော့ နှစ်သိမ့်ပေးချင်သည်။

ဒါပေမယ့်လည်း အကို့နောက်ကျောပြင်ဟာ ဖြောင့်မတ်စွာနဲ့ပါ။ အကို့ခြေလှမ်းတွေကလည်း တက်ကြွနေပါတယ်။

"သြော် ဒါနဲ့ကောင်း၊ နေရဲ့ပူပြင်းမှုတွေက လူသားတွေအတွက်အကျိုးဖြစ်စေပါတယ်။လဆိုတာက နေရဲ့အလင်းကို မှီပြီးမှထွန်းလင်းနိုင်တဲ့သူပါ "

"ဗျာ..."

သွားနေရာမှ နောက်ပြန်လှည့်ပြီး ကျွန်တော့်ကိုပြောတဲ့ထိုစကားကို ကျွန်တော်နားမလည်။ သို့သော်လည်း ချက်ချင်းပြန်လှည့်သွားတဲ့ အကို့ကြောင့်  "ဗျာ"တစ်လုံးက လွဲပြီး ကျွန်တော့်မှာ ဘာမှမပြောလိုက်နိုင်ပါ။

"ကောင်းရေ အဆင်သင့်ပဲ။ သွားရအောင်"

အကို့စကားကြောင့် ကျွန်တော့်မှာ အချိန်တစ်ခုထိ ငြိမ်သက်သွားသည်က အကွေးရောက်လာမှပဲ ပြန်လည်အသက်ဝင်လာသည်။

"သွားမယ်လေ..."

ကျွန်တော့်လက်ကို ဆွဲပြီး ရှေ့ကနေသွားတဲ့ အကွေးကြောင့် လက်ထဲရှိ စာရွက်စာတမ်းတွေကို ဆိုဖာပေါ်ပြစ်တင်လိုက်ပြီး သူမလေးခေါ်ဆောင်ရာ နောက်သို့ လိုက်သွားလိုက်သည်။

"ဘာတွေလုပ်နေတာလဲ အကွေးရ။"

"ဒီမှာထိုင်လိုက် ကောင်း"

သူမလေး ထိုင်စေတဲ့နေရာမှာ ကျွန်တော်နေရာယူလိုက်ပြီး သူမလေးလုပ်သမျှအရာအားလုံးကို မမှိတ်မသုန်ကြည့်နေမိသည်။ ကျွန်တော့်ဆီကို ရောက်လာတဲ့ ထမင်းပန်ကန်။ ဒီကိုရောက်ကတည်း က ထမင်းထက် ပေါင်မုန့်နှင့် အသား၊ အရွက်တို့ကိုသာ စားခဲ့ရတဲ့ ကျွန်တော့်အတွက် အငွေ့မသေသေးတဲ့ ထမင်းပန်ကန်လေးကို တအံ့တသြကြည့်နေရသည်။

ထမင်းပန်းကန်ဆီကနေ အကြည့် မခွာနိုင်သေးခင်မှာပင် မြင်ကွင်းရှေ့ကို ရောက်လာပြီဖြစ်တဲ့ ဟင်းပန်းကန်။

"ငါးဟင်းချက်ထားတာ။ ဆီပြန်မို့ ဆီတော့များတယ်။ ဒါပေမယ့် ကောင်းစားရမယ်နော်"

"အကွေးရာ..."

ကျွန်တော့်မျက်ရည်တို့သည် တာပေါင်ကျိုးသည့် ဆည်တစ်ဆင်းနှယ် ပြိုကျလာလေပြီ။ သူမလေးဗျာ ကျွန်တော့်အပေါ်မှာ တကယ်ပဲစိုးမိုးထားနိုင်လွန်းပါတယ်။

ကျွန်တော့်အတွက်တဲ့။ ကျွန်တော့်အတွက် ချက်ပေးတဲ့ ကျွန်တော် အကြိုက်ဆုံးဟင်း။ ဟင်းချက်ပေးရုံတင်မဟုတ်ပဲ ဟင်းပန်းကန်ထဲက ငါးတစ်တုံးကို သူမရှေ့က ပန်းကန်ထဲထဲ့ပြီး အရိုးနွှင်နေတဲ့ ကျွန်တော့်အကွေးပုံစံဟာ လေးနက်နေသည်။

အရိုးတွေကို သေချာထုတ်ပြီး ကျွန်တော့်ပန်းကန်ထဲကို အသားတွေကြည့်ထဲ့ပေးနေတဲ့ အကွေးကြောင့် ကျွန်တော့် ဘယ်လိုမှ မနေနိုင်တော့ပဲ နေရာမှထပြီး သူမလေးဆီသို့ သွားကာ သူမလေးရဲ့နောက်ကျောပြင် သေးသေးလေးကို အုပ်မိုးထားလိုက်သည်။

ကျွန်တော် မျက်နှာအပ်ထားရာ သူမရဲ့ ညာဘက်ပခုံးဆီကို သူမလေးက မျက်နှာငဲ့လာပြီး...
"ဘာဖြစ်လို့လဲ ကောင်း။ အရသာမကောင်းလို့ ငိုနေတာလားဟင်။"

"ကျေးဇူးတင်လို့ပါ"

"သြော်။ ကောင်း ဟက်ထိသွားတယ်ပေါ့။"

"အင်း"

"ဒါဆို ငါClubသွားတာကို ကောင်းစိတ်ဆိုးလား။
စိတ်ဆိုးလို့ မရဘူးနော်။ ငါက ဒီတိုင်းရောက်သွားပြီး ဒီတိုင်းပဲ ကခဲ့မိတာ။ အရက်သောက်တာမှန်ပေမယ့် နည်းနည်းလေးပဲမို့ အရက်နံ့ကို ကောင်း မရဘူးမဟုတ်လား..."

ပြောနေရင်းကနေ ပါးစပ်ဟပြီး ကျွန်တော့်မျက်နှာဆီသို့ လေပူတစ်ချက်မှုတ်ထုတ်သည့်အကွေး။ အရက်နံ့ကြည့်မဟုတ်ပဲ ပူရှိန်းအနံ့ပါရနေသေးသည်မို့ ကြည့်ရတာ ကျွန်တော်မကြိုက်မှာစိုး၍ အနံ့ပျောက်စေရန် သွားတိုက်ထားသည့်ပုံပါ။ ညဘက်တွေမှာ သွားတိုက်ဖို့ကို မနည်းချော့ပြောရသည့် ကျွန်တော့် အကွေးက ဒီလိုမျိုးသွားတိုက်ရတဲ့အထိပါ အရက်နံ့ကို ဖျောက်ထားသည်မို့ ကျွန်တော့်ဘက်ကလည်း အရက်နံ့မရကြောင်းကို ပြောပေးရမည်။

"အင်း မရပါဘူး။ ပြီးတော့ ကျွန်တော်က စိတ်ဆိုးတတ်တဲ့သူလား အကွေးရာ။ ကျွန်တော်က အကွေးဘာပဲလုပ်လုပ် သဘောကျနေရတာကို"

" ဒါဆို ငါClubသွားတာကို ကောင်းကသဘောကျတယ်ပေါ့"

"အကွေး သဘောကျတာမှန်သမျှကို လုပ်စေချင်တယ်။ ဘာလို့ဆို အဲ့တာမှ အကွေးပျော်မှာလေ။ ကျွန်တော်က အကွေးကို ပျော်စေချင်တာ။ ကျွန်တော်နဲ့နေရတာ အဆင်ပြေစေချင်တာ။"

ထိုသို့ပြောလိုက်တော့ ကျွန်တော့် ပါးတစ်ဖက်ကို နှုတ်ခမ်းပါးလေးနဲ့ထိတွေ့ပြီး ဆုပေးတဲ့ ကျွန်တော့် လခြမ်းကွေး။

"ကဲ ထမင်းစားဦး ကောင်း။
အေးသွားဦးမယ်"

"အင်း..."

အနမ်းတစ်ပွင့်နဲ့တင် ကျေနပ်လိုက်ပြီး ကျွန်တော် နေရာမှာပြန်ထိုင်လိုက်သည်။

"အရိုးနွှင်ရတာ မျက်စိလျင်မှ ကောင်းရဲ့ ဒီမှာကြည့်"

ပြောနေရင်းနှင့် အရိုးသေးသေးလေးကို ထုတ်ယူပြီး ကျွန်တော့်ပြတဲ့ အကွေးပုံစံက ချစ်ဖွယ်အတိ။

သူမလေး ထည့်ပေးသမျှကို အားပါးတရနဲ့ပင်စားမိသည်။ အကွေးလက်ရာက တကယ်ကောင်းပါသည်။ အကွေးချက်ထားတဲ့ ငါးဟင်းက ကျွန်တော်အကြိုက်ဆုံး ဟင်းအဖြစ်သို့ ရောက်သွားရသည်။ သူမလက်သေးသေးလေးတွေနဲ့ အရိုးနွှင်နေပုံကို ကြည့်ပြီး ကျွန်တော့်မှာ ပျော်လို့မဆုံး။ ဒါဟာ အိမ်ထောင်ရေးသုခဆိုတာလား။ ကျွန်တော်တို့ တကယ်ပဲ အဆင်ပြေနေပြီလား။

"အားး..."

"အကွေး"

သူမရဲ့ လက်သေးသေးလေးထဲကို စိုက်ဝင်သွားတဲ့ ငါးရိုဟာ တော်တော်လေးကြီးသည်မို့ ချက်ချင်းဆိုသလိုပဲ သွေးတွေက ပန်းကန်ပေါ်ထိတောင် တစ်စက်ချင်းကျရောက်နေပြီ။

"နာတယ် ကောင်း။"

ဘေးစင်ကို ခေါ်သွားပြီး သူမဒဏ်ရာကို ရေဆေးပေးလိုက်သည်။ ပြီးနောက် သူမကို ပွေ့ချီပြီး အိမ်ပြင်သို့ထွက်ခဲ့လိုက်သည်။ အိမ်အပြင်ရောက်မှ ကျွန်တော်သတိရသည်က ဆေးသတ္တာ။ ချက်ချင်းပဲ အိမ်ထဲသို့ ပြေးဝင်ပြီး ဆေးသေတ္တာကို ရှာရသည်။

ကျွန်တော် ဆေးသေတ္တာယူပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ကျွန်တော့်အကွေးက ကျွန်တော့်ဆီကို မျက်ရည်အဝိုင်းသားနဲ့ကြည့်နေပုံသည် ကျွန်တော့်ရင်ကို မီးစနှင့်ထိုးခံလိုက်ရသလိုပါပဲ သူမရဲ့မျက်ရည်တွေက ကျွန်တော့် ရင်ကို နာကျင်စေသည်။

"ကျွန်တော့်အတွက်နဲ့ဗျာ..."

"ဖြေးဖြေး..."

ရေဆေးပြီလို့ သွေးတော့ထွက်ပြီးမထွက်သော်လည်း ဆေးထဲ့သည့်အချိန်မှာ သူမလေး စပ်နေသည်။

"နောက်တစ်ခါဆို ငါးဟင်မချက်နဲ့တော့ အကွေး။
ကျွန်တော် ငါးဟင်းကို မုန်းတယ်"

အရိုးစူးတဲ့နေရာလေးမှာ ကျွန်တော် အနာကပ်တဲ့ပလာစတာလေး ကတ်ပေးလိုက်တော့ သူမက ထိုနေရာကို တစ်ဖူးဖူးနဲ့မှုတ်နေသည်။ ကျွန်တော်ပြောတာကို သူမ အာရုံစိုက်ပုံမရပါ။

ကျွန်တော် ဆေးသေတ္တာသိမ်းပြီးသည့်အချိန်ထိ ကျွန်တော့်အကွေးက ခေါင်းမော့မလာသေးသည်မို့ ကျွန်တော့်ဘက်ကပဲ မြက်ခင်းပေါ်ဒူးထောက်ပြီး သူမလေးမျက်နှာကို ကြည့်ရသည်။

ခေါင်းငုံထားတဲ့ သူမလေးက ငိုနေတာမဟုတ်ပါ။ မျက်လုံးလေးတွေဝိုင်းပြီး ငြိမ်နေသည်ကြောင့် သူမလေးတစ်ခုခုကို တွေးနေပုံရသည်။

"အကွေး..."
သူမလေးရဲ့ လက်မောင်းလေးကို ကျွန်တော့်လက်နဲ့ကိုင်တွယ်ပြီး ခေါ်လိုက်တော့ သူမက ကျွန်တော့်ကို ပြန်ကြည့်လာသည်။

"ကိုကို ဘာလို့ဆေးရုံကထွက်ခဲ့လဲဆိုတာကိုငါသိပြီကောင်း။ ကိုကို ဘာလို့ ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့သလဲ၊ ဘာလို့ သူဝါသနာပါတဲ့ အလုပ်ကနေထွက်ခဲ့သလဲဆိုတာ ငါနားလည်သွားပြီထင်တယ်"

"ကိုကိုဆိုတာ ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြေပြလို့ရမလား။"

"အဲ့ဒီတုန်းကလေ ဆောင်းကိုငါပြောခဲ့တယ်။ ငါ မြတ်ဘုန်းအတွက် ဘာကိုမှမကြိုးစားနိုင်ဘူးလို့။ ငါ့ဘက်က ချစ်နေရုံပဲတတ်နိုင်တယ်လို့။ အို ဒါဆို ဒါဆို မြတ်ဘုန်းပြောသလိုပဲလား။ ငါတကယ်ပဲ မြတ်ဘုန်းကို ချစ်ခဲ့တာမဟုတ်ဘူးပေါ့"

ကိုကိုက ဆောင်းအတွက်နဲ့ဆရာဝန်ဖြစ်အောင်လုပ်ခဲ့ပြီး ဆောင်းကြောင့်နဲ့ပဲ ထိုအလုပ်ကနေထွက်ခဲ့သည်။ ဒါတွေအားလုံးဟာ ဆောင်းကို ချစ်တာကြောင့်။ ဒါဆို အခု သူမကြိုးစားနေတာတွေကလည်း ကောင်းကြောင့်ပဲ။ သူမသိပ်ကြောက်တဲ့ ငါးရိုးကို သူမက ကောင်းစားဖို့အတွက်အရိုးနွှင်ပေးနေသည်။

ကောင်းကိုချစ်တဲ့စိတ်ကြောင့် သူမကိုယ်တိုင်တောင် တစ်ခါမှ စွန့်စားပြီး မနွှင်စားခဲ့တဲ့ ဒီငါးဟင်းကို ကောင်းအတွက်ဆိုပြီး သူမကိုယ်တိုင်ချက်ပေးပြီး ကောင်းပန်းကန်ထဲကိုလည်း အသားလေးတွေကြည့် ထဲ့ပေးနေခဲ့သည်။ ဒါတွေဟာ အချစ်ကြောင့်လား။ အချစ်က ပေးတဲ့ သတ္တိတွေနဲ့ ပြောင်းလဲမှုတွေကြောင့်ဆိုတာလား။

"ကောင်း ငါသိသွားပြီ။
ငါတကယ်ပဲ သိသွားပြီ"

"အင်း။ စိတ်ကို အေးအေးထားနော် အကွေး။
မငိုနဲ့တော့ ကျွန်တော့်ကို ကြည့်ပါ။ "

သူမလေး မျက်ရည်တွေကျနေသည်ကြောင့် ကျွန်တော့်မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားရသည်။

"ကောင်းရယ်..." ဟု ဆိုပြီး ဒူးချထိုင်ထားတဲ့ ကျွန်တော့် လည်ဂုတ်ဆီမှာ သူမခေါင်းလေးခိုဝင်သည်။

ကျွန်တော့်အကွေး ဘာဖြစ်သွားသလဲဆိုတာကို ကျွန်တော်မတွေးနိုင်တော့ပါ။ သူမလေး ဘာတွေများတွေးနေသလဲဆိုတာကို ဉာဏ်မှီသလောက်စဥ်းစားကြည့်ပေမယ့်လည်း ကျွန်တော့်ဉာဏ်က ဘယ်တော့မှ သူမအတွေးတွေကို လိုက်မှီမှာ မဟုတ်မှန်း သိသည်။

"အချစ်က ဒီလိုမျိုးပါလား။
ငါလေ ငါးရိုးမနွှင်တတ်ဘူး။ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းတတ်တုန်းကပဲဖြစ်ဖြစ် ငါ ငါးဟင်းစားရင် ဘေးက တစ်ယောက်က အရိုးနွှင်ပေးနေကြ၊ မဟုတ်ရင် ငါကိုယ်တိုင်နွှင်စားရင်လေ အရိုးဆူးနေကြ ကောင်းရ။ ဒီနေ့ Clubက အပြန်မှာ ငါးဝင်ဝယ်ပြီး ငါးဟင်းချက်နေတဲ့အချိန်မှာ ငါဒီကိစ္စကိုလုံးဝမေ့နေတာ။ ငါ ငါက ကောင်းအတွက်ဆိုပြီးပဲ တွေးနေခဲ့တာ။

ကောင်းအတွက်ကြောင့်နဲ့ ကောင်းကြောင့်နဲ့ ငါ ငါးရိုနွှင်နေခဲ့တာ။ ငါလည်း တကယ်ပဲ အချစ်ကြောင့်နဲ့ကြိုးစားမှုတွေရှိလာပြီ ကောင်း။ ငါ ကောင်းကို အများကြီးချစ်နေမိပြီထင်တယ်။"

"အကွေးရာ။"

"အင်း ကောင်းကို အများကြီးချစ်သလောက်။
မြတ်ဘုန်းအပေါ်ကို အများကြီး အားနာရပြီ ကောင်း၊ တကယ်မချစ်ပဲနဲ့ ငါ့ဘက်ကချစ်တယ်ဆိုတဲ့အကြောင်းတွေ တဖွဖွပြောနေခဲ့တာ။ "

"အကိုမြတ်ဘုန်း နားလည်မှာပါ။ သူက အကွေးကိုနားလည်ပေးမှာပါ"

"ဒါပေမယ့်လည်း ကောင်းရယ်၊
ငါ တကယ်ပဲ မတရားဘူးနော်။ မြတ်ဘုန်း သနားပါတယ်"

"ကိုကိုဆိုတာ ဘယ်သူလဲ အကွေး"
ဒီတစ်ခါတော့ ပထမဆုံးအကြိမ်အနေနဲ့ အကွေးရဲ့စကားလမ်းကြောင်းကို ပြောင်းလဲဖြစ်သည်။သူမစကားတွေဦးတည်ရာက သူမလေးအတွက် နာကျင်စရာတွေဖြစ်လာမည်ကို ကျွန်တော်စိုးရိမ်သည်။

ကျွန်တော့်အကွေးကို မနာကျင်စေချင်တာမို့ အကိုမြတ်ဘုန်းအပေါ်မှာ ကျွန်တော့်ဘက်က ရက်စက်မိပြီ။

"အာ ကိုကိုက ကိုကိုလေ။
ဆောင်းရဲ့ကိုကို၊ ဆောင်းက ကိုကိုလို့ခေါ်တာ။
အဲ့တာကြောင့် ငါလည်း ကိုကိုလို့ခေါ်လိုက်တာ။ ကောင်း မြင်ဖူးပါတယ်၊ ငါတို့သန္တာ့အိမ်လာတုန်းကလေ၊ ကိုကိုပါတယ် အရမ်းချောတာလေ။ ငါတို့နဲ့ယှဥ်ရင် ကိုကိုက ထင်းထွက်နေတာကို"

"ဟုတ်လား။ ကျွန်တော်တော့ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ဆီကနေ သန္တာလွင်လေးကို ခေါ်တဲ့ အကွေးကိုပဲမြင်ခဲ့တာ။ အကွေးရဲ့အပြုံးတွေကိုပဲကျွန်တော် သတိရနေခဲ့တာ။ အဲ့ဒီအချိန်ထဲက ကျွန်တော့်ဘေးမှာ အကွေးရှိရင် ကောင်းမှာပဲလို့တွေးခဲ့တာ"

"ဟင်.."

ကျွန်တော့်လည်ပင်းဆီမှ ခွာသွားပြီဖြစ်တဲ့ အကွေးရဲ့မျက်လုံးလေးတွေက ဝိုင်းလို့။ မကြာခင် သူမလေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေကနေ ကျွန်တော်မခန့်မှန်းနိုင်တဲ့ မေးခွန်းလေးတွေထွက်လာတော့မည်ဆိုတာ ကျွန်တော်သိသည်။

"အင်း။ တကယ်ပြောတာ အကွေးရဲ့။
ကျွန်တော်က အကွေးကိုမြင်မြင်ချင်းချစ်ခဲ့တာ"

"ဒါဆို ငါ့ကိုဆေးခတ်တာက ကောင်းမဟုတ်လားဟင်။ငါက သော်တာလို့ထင်ခဲ့တာ။ အားနာလိုက်တာနော်..."

နှာခေါင်းလေး ချုံ့ပြီးပြောသည်က ကျွန်တော်က သူ့ကို ဆေးခတ်ပြီး အပိုင်သိမ်းထားလို့ မကျေမနပ်ဖြစ်နေသလိုပါ။တကယ့်အကွေးလေးဗျာ တွေးနိုင်လွန်းတဲ့ သူမလေးရဲ့ နှာတံလေးအပေါ်ကို ကျွန်တော့်လက်ညှိုးလေးနဲ့ ထိတွေ့လိုက်ပြီး.....
"ကျွန်တော်က ဆေးခတ်ပြီးမကောင်းကြံမယ့်သူလား အကွေးရ"

"ဟုတ်တယ်လေ။ ငါမူးသွားတဲ့အချိန်မှာ ကောင်းက...အိုး"

ထပ်မပြောမိအောင် သူမရဲ့လက်ချောင်းလေးတွေနဲ့ သူမရဲ့နှုတ်ခမ်းကို ချိတ်ပိတ်လိုက်သည်မို့ ကျွန်တော့်မှာ စိတ်လွတ်လက်လွတ်ဆိုသလိုမျိုး ပြုံးမိသွားသည်။

"ဆက်ပြောလေ အကွေးရ"

"ကောင်းနော်။ ငါ မမှတ်မိဘူးထင်နေတာလား။"

"မှတ်မိတယ်ဆို ပြောပြလေ။ မှန်။မမှန် ကျွန်တော်သိရတာပေါ့။ တကယ်လို့ အကွေးပြောတာမှားနေရင်လည်း ကျွန်တော်ပြင်ပေးလို့ရတာပေါ့"

"ကောင်း..."

သူမရှေ့မှာ ဒူးထောက်ထိုင်ထားတဲ့ ကျွန်တော့်ကို တွန်းလိုက်ပြီး အိမ်ထဲပြေးဝင်သွားတဲ့သူမ။ ဖင်ထိုင်လျက်ကျသွားတဲ့ ကျွန်တော်က သူမကို ကြည့်နေရင်းနဲ့ပဲ အချိန်တစ်ခုထိ ပြုံးနေမိသည်။ ကျွန်တော့် အကွေးဟာ ကျွန်တော့်အတွက်တော့ မရိုးနိုင်တဲ့အမေးပုစ္ဆာလေးဗျာ။

အချိန်တော်တော်ကြာအထိ သဘောတကျနဲ့ ကောင်းကင်ကိုမော့ကြည့်နေရင်းမှ ကျွန်တော်ထ,လိုက်ရသည်။ အိမ်ထဲပြန်ဝင်ပြီး အကွေးပြင်ပေးထားတဲ့ ညစာဝိုင်းကို သိမ်းရမည်လေ။ ထိုညက စားပွဲဝိုင်းမှာ ရှိနေတဲ့ ဟင်းခွက်ကို ကြည့်ပြီး ကျွန်တော်တွေးလိုက်မိသည်က ငါးဟင်းသည် ကျွန်တော့်ဘဝမှာ အမုန်းဆုံးရန်သူဖြစ်သွားပြီဆိုတာပင်။ ဘာလို့ဆို သူ့ကြောင့်နဲ့ ကျွန်တော့်အကွေး ဒဏ်ရာရသွားသည်လေ။

ထိုညအပြီး ၂ရက်မြောက်အထိ အကွေးက ကျွန်တော့်ကို ရှောင်ဖယ်ဖယ်လုပ်နေသည်။ ကျွန်တော်ကိုယ်တိုင်လည်း လေ့ကျင့်ချိန်တွေနဲ့ မအားတာကြောင့်လည်းပါမည်။ အကွေးနဲ့ မျက်နှာချင်းဆိုင်တွေ့ရသည်က မာဆေးကိုသွားရမည့် မနက်မှပင်။

"အရမ်းအပင်ပန်းမခံနဲ့နော် ကောင်း။
အသက်ရှင်ဖို့က အဓိကပဲ။ ကောင်း နားလည်တယ်မဟုတ်လား။"

"အင်း။ ရှက်လို့ဝသွားပြီလား..."

"ကောင်းနော်.."

လက်သီးဆုပ်လေးနဲ့ ကျွန်တော့်ရင်ကို ထိုးတိုက် ကြည်ဆယ်တော့ ကျွန်တော့နှုတ်ခမ်းမှာ အပြုံးတွေက တွဲခိုလာတာပေါ့ဗျာ။ သူမကြောင့်ပဲ ဒီမနက်ခင်းမှာလည်း အားအင်တွေအပြည့်ဖြစ်ရသည်။

"သွားတော့မယ်နော်။ စိတ်မပူနဲ့ ကျွန်တော်လုပ်နိုင်တာကို အကွေးယုံတယ်မလား။"

"အင်း..."

သူမက ခေါင်းငြိမ့်ပြသည်။ ထို့ကြောင့် ကျွန်တော်က သူမကို ရင်ခွင်ထဲသွင်းလိုက်သည်။ စကားလုံးတွေမလိုပါ။ ကျွန်တော့်အတွက် သူမကိုမြင်ရုံနဲ့တင် အားအင်တွေပြည့်သွားမျိုး၊ သူမကို ထွေးပွေ့ရရုံနဲ့တင် ကျေနပ်နေတာမျိုး။ ချစ်လိုက်ရတာများဗျာ သူမအတွေးတွေက အစ သိချင်နေတဲ့အထိပါ။

"Baby...Sorry"

ခေါ်သံနှင့်အတူ အခန်းထဲဝင်လာပြီဖြစ်တဲ့ အင်ဒူလင်ကြောင့် ကျွန်တော့်အကွေးက ကျွန်တော့်ရင်ခွင်ကနေထွက်သွား၏။ထားတော့ ပြန်လာမှပဲ မလွှတ်တမ်းဖက်ထားလိုက်တော့မည်။

"ကျွန်တော် သွားတော့မယ်နော်"

"အင်း..."

ကျွန်တော်အနားကနေ ခွာသွားပြီးချက်ချင်းမှာပဲ အင်ဒူလင်က အကွေးလက်ကို ဆွဲပြီး ရေချိုးခန်းဘက်ကို ခေါ်သွားသည်။

"အယ် ကောင်းမသွားသေးဘူးလား။"

ရေချိုးခန်းသုံး တပက်လေးနဲ့ထွက်လာတဲ့ ကျွန်တော့်အကွေးက ကျွန်တော့်ကို အပြင်ထွက်စေချင်သည်မို့ ကျွန်တော်လည်း အခန်းပြင်ကိုထွက်သွားပေးလိုက်သည်။

"စိတ်ဆိုးသွားတာလား..."

"မဟုတ်ပါဘူး အကွေးရ။ သွားရမယ့် အချိန်ရောက်နေလို့ပါ"
အခန်းတံခါးဝကနေ ပြန်လှည့်ပြီး အဖြေပေးရသည်။ မဟုတ်ရင် ကျွန်တော့်ကြောင့်နှင့် သူမလေးမှာ အတွေးများနေမည်။

"အင်း.."

ကောင်းမျက်နှာကို အသေအချာစိုက်ကြည့်မိတော့ ကြည်ကြည်လင်လင်နဲ့ မို့ အကွေးလည်း ကလေးတွေကို ခေါ်ပြီးရေချိုးခန်းထဲပြန်ဝင်လိုက်သည်။

အင်ဒူလင်အပါအဝင် အကွေးတို့သားအမိသုံးယောက်ရေချိုးခန်းကနေ ထွက်လာပြီးနောက်မှာတော့ ပြင်ကြဆင်ကြသည်။ ပြင်လို့ဆင်လို့ ပြီးသွားသည့် အချိန်မှာ...
"Let's go."
(သွားရအောင်) ဟုဆိုကာ အင်ဒူလင်က သားငယ်ကို ချီပြီး အခန်းထဲက အရင်ထွက်သည်။ နောက်မှ အကွေးနဲ့သမီးကြီးက လိုက်ပါထွက်လာသည်။

အခုဆို တစ်အိမ်လုံးမှာ ဘယ်သူမှမရှိကြပါ။ဟိုဖက်အိမ်မှာနေတဲ့ အောင်လည်း ကောင်းတို့အဖွဲ့နှင့်အတူလိုက်သွားသည်။ ဒါကြောင့် အကွေးတို့ မိန်းကလေးတွေလည်း အင်ဒူလင့်ကားနှင့် မာဆေးကိုသွားမည်။

"So cute,you are so pretty."
(အရမ်းချစ်စရာကောင်းတာပဲ။ မင်းအရမ်းလှတယ်)

စီကာဒါ တံဆိပ်ပါ ဘောလုံးအင်္ကျီလက်ပြတ်လေးနှင့် စကတ်အဖြူရောင် ပေါင်တိုလေးကိုဝတ်ထားတဲ့ အကွေးဟာ ဆံပင်ကို နှစ်ဖက်ခွဲပြီးစီးထားသေးသည်မို့ ကလေးလေးတစ်ယောက်လိုပင်။

"Yahh..."

အကွေးက ကျေကျေနပ်နပ်နဲ့ပင် မန်မီရဲ့ချီးမွှန်းမှုကို လက်ခံပြီးကလေးတွလက်ကိုဆွဲကာ ရှေ့ကနေကျော့ကျော့လေးထွက်သွားလေသည်။

သူမရဲ့အမွှာလေးတွေကလည်း ဘောလုံးအင်္ကျီသေးသေးလေးတွေနှင့်ဖြစ်သည်။ ဒါကတော့ fashion ဆရာမကြီး အင်ဒူလင့်ကောင်းမှုကြောင့်ပင်။ရှေ့ကနေ ထွက်သွားတဲ့ အကွေးတို့သားအမိတွေရဲ့ ကျောပြင်မှာ "Kaung"ဆိုတဲ့ အင်္ဂလိပ်စာတန်းလေးထိုးထားသည်ကြောင့် မြင်ရသူအဖို့ ကြည်နူးစရာ။

အကွေးတို့သားအမိနောက်ကနေ လိုက်လာတဲ့ အင်ဒူလင်နှင့် မန်မီကလည်း သူတို့ဝတ်နေကျထက်ပိုပြီး သစ်လွင်တဲ့ အဝတ်အစားတွေနဲ့ တကယ်ပဲတတ်ကြွနေကြသည်။ ဘာလို့ဆို သူတို့က စီကာဒါအသင်းရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ပွဲကို သွားကြည့်မှာလေ။

အနာဂတ်မှာတောက်ပ လာမလားဆိုတာတော့ မသေချာပေမယ့်လည်း ဒီကနေ့မှာတော့ ကောင်းတို့အသင်းက တကယ်ကို တက်ကြွနေကြသည်။ကွင်းအပြင်မှာ အားပေးနေတဲ့ ပရိတ်သတ်တွေထဲမှာ မာဆေးအသင်းဘက်က အားပေးတဲ့သူပိုများပေမယ့်လည်း အကွေးတို့အုပ်စုကြောင့်နဲ့ စီကာဒါအသင်းမှာလည်း အားမလျော့ရပါ။

"Kaung..fighting"
ဆိုတဲ့ အသံလေးကြောင့်နဲ့ ဒုတိယပိုင်းအစမှာတင် စီကာဒါအသင်းက ဦးဆောင်ချေပကဂိုးကို တိုက်စစ်မှူးကောင်းက သွင်းလိုက်နိုင်သည်။

ထိုအချိန်မှာစီကာဒါအသင်းရဲ့ ပရိတ်သတ်ဘက်က အုန်းအုန်းကြွကြွဖြစ်လာသည်။ ရောခြည်နဲ့ရောင်ဝါကလည်း လူအုပ်ကြီးရဲ့ အော်သံကြောင့်နဲ့ တော်တော်လေးကို ပျော်နေကြသည်။

"Kaung ,Kaung"

"Kaung"

ပရိတ်သတ်တွေရဲ့ အသံဟာ ကောင်းနာမည်နှင့် ပနံတသင့်ရှိသည်ကို အကွေးမှာ ပျော်လို့မဆုံးပေ။ သူဝါသနာပါတဲ့ ဒိီဘောလုံးလောကမှာ ကောင်းကို တောက်ပစေချင်ပါသည်။ အကွေးတို့ထိုင်နေတဲ့ နေရာနားကို ရောက်လာရင် ကွင်းဘက်ကိုလှည့်ကြည့်ပြီး ပြုံးပြသည့် ကောင်းရဲ့အပြုံးလေးက သိပ်လှသည်။ ပြုံလိုက်တဲ့အချိန်တိုင်းမှာ ကောင်းက ကလေးလေးလိုပဲ ဖြူစင်သည်။

"ဂိုးးးး..."

ပထမဆုံးအကြိမ် ကန်တဲ့ မာဆေးနဲ့ Provenceနယ်ရဲ့ အသင်းမှာ ကောင်းတို့ဘက်ကအနိုင်ရသည်မို့ စီကာဒါကွင်းက သူတွေအကုန်လုံး ဝမ်းသာနေကြသည်။ စိတ်လွှတ်လက်လွှတ်နဲ့ ပြုံးနေကြတဲ့ ကောင်းတို့ဘက်ကသူတွေဆီကို အကွေးကြည့်မိတော့ နှုတ်ခမ်းတွန့်ရုံလေးပြုံးနေတဲ့ အောင့်ကိုပါမြင်လိုက်ရသည်။

"အောင်က သိပ်နှမမြောတာပဲ။နည်းနည်းလေးပဲ ပြုံးတယ်"

လူအုပ်ကြီးလိုက် အော်ပြီးပျော်နေကြသည်မို့ ထိုအသံထုကြီးသည် အကွေးရဲ့အမေးသံလေးကို ဖုံးအုပ်သွားသည်။

ပွဲပြီးလို့ ပြန်ဖို့ရန်အတွက် ကွင်းထဲကနေထွက်တော့ အင်ဒူလင်နှင့် မန်မီက သားနှင့်သမီးကို ချီပေးသည်။ လူတွေများလို့ထင်သည်။ အင်ဒူလင်က အကွေးလက်ကိုပါဆွဲထားသည်က ပွဲစျေးတန်းမှာ သမီးပျောက်မှာကြောက်သည့် မိခင်တစ်ယောက်လိုပါပဲ။ထိုအချိန် ထောင့်လေးမှာရပ်နေတဲ့ ကောင်းကို မြင်လိုက်တာကြောင့် အကွေး အင်ဒူလင့်လက်ကို လွှတ်ပြီး လူအများကြားကနေ တိုးထွက်သွားပြီး ကောင်းကိုဖက်ထားလိုက်သည်။

"ကောင်း..."

ကောင်းကိုယ်ပေါ်ကို ခုံတက်ပြီး ကောင်းရဲ့ပခုံးမှာ လက်ချိတ်ထားပြီး ဖက်ထားလိုက်သည်။

"ချွေးတွေနဲ့အကွေးရ"

သူမ ပြုတ်မကျအောင် ထိန်းထားပေးရင်းနဲ့ ကောင်းကဆိုသည်။ သို့သော်လည်း သူမရဲ့ ခန္ဓာကိုယ်ကို ကောင်းဘက်ကလည်း တင်းနေအောင်ဖက်ထားသည်ကြောင့် အကွေးဘာမှဆက်မပြောပဲ ကောင်းကိုပေါ်ကနေမဆင်းဖြစ်တော့၊ ကောင်းရဲ့ခါးမှာ ခြေကိုတင်းနေအောင်ချိတ်ထားလိုက်တော့သည်။

အောင်မြင်မှုဆိုတာကလည်း ကျွန်တော့်အကွေးရှိနေလို့သာ ပျော်ရွှင်ရတာဖြစ်၏။

(ပုံမှန် နှစ်နာရီကျော် သုံးနာရီနီးပါးtypeရုံနဲ့ ပြီးပေမယ့် ဒီတစ်ခေါက်တော့ ၂ရက်ကျော်အချိန်ယူလိုက်ရတယ်။ အရမ်းပဲအားနာပါတယ်)

_______________________

Zawgyi.......

"ေကာင္း ထမင္းသြားမစားနဲ႔ဦး"

ညစာ သြားစာဖို႔ရန္အတြက္ အခန္းျပင္သို႔ထြက္ေတာ့မည့္ကြၽန္ေတာ့္လက္ကို ဆြဲၿပီးေနာက္မွာ ညင္သာစြာျဖင့္သူမက ဆို၏။

"ကေလးေတြကို သြားေကြၽးလိုက္မယ္ေလ။
ကြၽန္ေတာ္ေတာ့ မစားခဲ့ဘူး။ ရလား"

"အင္း..."

ဘာလို႔ ညစာမစားခိုင္းတာလဲဆိုတာကို ကြၽန္ေတာ္မေမးျဖစ္ပါ။ဘာလို႔ဆို အျပင္ကျပန္လာတဲ့ သူမေလး သိပ္လွေနတာေၾကာင့္ သူမကလြဲရင္ဘာကိုမွ သတိမမူခ်င္ေတာ့။ သားနဲ႔သမီးကိုေတာ့ သားနဲ႔သမီးမို႔ သူမပါးေလးကို တစ္ခ်က္ အနမ္းေႁခြၿပီး အျပင္ဘက္ကို ထြက္ခဲ့လိုက္သည္။

ကြၽန္ေတာ္ ကေလးေတြကို ထမင္းေကြၽးေနတဲ့အခ်ိန္မွာ ဂါဝန္အျဖဴေရာင္ေလးကို လဲၿပီးသြားၿပီျဖစ္တဲ့ ကြၽန္ေတာ့္အေကြးက ထမင္းစားခန္းမွတဆင့္ မီးဖိုဘက္သို႔ ကူးသြားတာကို ကြၽန္ေတာ္ျမင္လိုက္သည္။

"Daddy.."

"အင္း ဘာလိုခ်င္လို႔လဲသမီး"

Dadaမဟုတ္ပဲ Daddyကို မပီတပီေခၚတတ္ေနၿပီ ျဖစ္တဲ့ သမီးႀကီးဟာ ေရခြက္ကို မမွီလို႔ထင္သည္။ ကြၽန္ေတာ့္ကို လွမ္းေခၚ၏။

"Warwar..."

"Okဗ်ာ.."

ေရဗူးေလးကို လက္ေသးေသးေလးထဲ ေသခ်ာထည့္ေပးလိုက္သည္။ သမီးႀကီးရဲ႕ ပန္းကန္ကို ၾကည့္မိေတာ့ အကုန္ေျပာင္သြားၿပီမို႔ သမီးႀကီးရဲ႕ညစာစားျခင္းကၿပီးဆုံးသြားၿပီ။ ငယ္ငယ္ထဲက စားစရာကုန္မွ ေရေသာက္တတ္သည့္အက်င့္ကို လုပ္ေပးထားသည္မို႔ ဒီအ႐ြယ္ေလးနဲ႔ သမီးႀကီးဟာ စည္းစနစ္တက်နဲ႔ပင္။

သားငယ္ကို ၾကည့္လိုက္ေတာ့လည္း ေရေသာက္ေနၿပီမို႔ သားနဲ႔သမီးရဲ႕ ညစာစားျခင္းက ၿပီးဆုံးသြားသည္။

"Do you have dinner?"
(မင္း ညစာမစားဘူးလား)

"She told me not to eat."
(အေကြးက မစားနဲ႔ဦးဆိုလို႔ပါ)

"Oh. I know, she prepare something special for you.Good luck, boy."
(ငါသိၿပီ။ သူ မင္းအတြက္တစ္ခုခုျပင္ဆင္ေနတယ္။
ကံေကာင္းပါေစ ေကာင္ေလး)

"If she has, "
(သူမသာ ရွိလွ်င္ေပါ့)

"Sweet.."
(ခ်ိဳၿမိန္လိုက္တာေနာ္)

အားက်တယ္ဆိုတဲ့ အင္ဒူလင့္ရဲ႕ထိုအေျပာမွာ မနာလိုျခင္းေတြအလ်ဥ္းမရွိပါ။ အင္ဒူလင္က တကယ္ပဲ စိတ္ထားျပည့္ဝတဲ့အမ်ိဳးသမီးဆိုတာကို သူမရဲ႕မ်က္လုံးေတြကတဆင့္ ကြၽန္ေတာ္သိလိုက္ရသည္။

ဒီလိုမ်ိဳး ျပည့္စုံတဲ့ အမ်ိဳးသမီးရွိေနတာကို ဘာလို႔မ်ားမတင္းတိမ္ႏိုင္ရသလဲလို႔ ကြၽန္ေတာ္ေတြးမိၿပီး အင္ဒူလင့္ကို ၾကည့္မိေတာ့ သူမက ကြၽန္ေတာ့္အတြးကို သိသည့္အလား...
"Don't look at me like this.I'm ok"
(ငါ့ကို အဲ့လိုမၾကည့္နဲ႔။ ငါအဆင္ေျပေနတာကို)

"Sorry."
(ေတာင္းပန္ပါတယ္)

ကြၽန္ေတာ္ေတာင္းပန္စကား ေျပာၿပီးသည့္ အခ်ိန္မွာပဲ အင္ဒူလင္က မ်က္ခုံးတစ္ဖက္ပင့္ၿပီး အေရးမစိုက္သလို ပုံစံႏွင့္ ထမင္းဝိုင္းကေန ထြက္သြားေလသည္။

ထို႔ေၾကာင့္ ကြၽန္ေတာ္လည္း သားနဲ႔သမီးဆီကိုျပန္ၾကည့္လိုက္သည္။ မ်က္ေတာင္ေလးေတြဆင္းေနၿပီမို႔ အလိုက္တသိနဲ႔ပဲ အခန္းထဲျပန္ေခၚသြားၿပီး အိပ္ရာေပၚကို ခ်ေပးလိုက္သည္။

"ပုံ..."

မ်က္ေတာင္ေတြလည္း ဆင္းေနၿပီး ပါးစပ္ကေလးကလည္း တဝွါးဝွါးႏွင့္သန္းေနၿပီ။ဒါကို အရစ္ထုပ္လုပ္ေနသည့္ ေရာင္ဝါ့ကို ကြၽန္ေတာ္က ခပ္ၾကမ္းၾကမ္းပင္ ေမႊးၾကဴလိုက္ၿပီး.....
"ဟိုေရွးေရွးတုန္းက ေကာင္းကင္ႀကီးက ဘာမွမရွိပဲဒီတိုင္း ဟင္းလင္ျပင္ႀကီးတဲ့။"

"ေကာင္း"

"ေကာင္းကင္လို႔ေခၚရတယ္ သမီးရ။"

အခန္းျပတင္းေပါက္ကေနတဆင့္ျမင္ေနတဲ့ ေကာင္းကင္ကို ၫႊန္းျပၿပီးေျပာလိုက္ေတာ့ သမီးႀကီးရဲ႕မ်က္လုံးေတြက ေကာင္းကင္ဆီသို႔ေရာက္သြားသည္။ ဒီည မိုးသားကင္စင္တာေၾကာင့္လားေတာ့မသိ။ ေကာင္းကင္မွာရွိေနတဲ့ လျခမ္းေကြးက ထိန္ထိန္လင္းေနသည္။

"ဆက္ၿပီးေျပာရရင္ အထီးက်န္ေနတဲ့ ေကာင္းကင္ႀကီးအတြက္ ေနနဲ႔လဆိုတာ ျဖစ္ေပၚခဲ့တယ္။ ေနကပူျပင္လြန္းတယ္၊ ေတာက္ပလြန္းတယ္။ လကေတာ့ ေအးခ်မ္းတယ္။"

ကြၽန္ေတာ့္ပုံျပင္ အဆုံးမသတ္ေသးေပမယ့္လည္း သားနဲ႔သမီးက အိပ္သြားၾကၿပီ။ ေန႔လယ္တုန္းက ေတာ္ေတာ္ေလး ေဆာ့ထားသည္မို႔ သူတို႔ေလးေတြ ပင္ပန္းသြားတာေနမွာ။

ထိုစဥ္ အျပင္ဘက္က တံခါးေခါက္သံေၾကာင့္ ကြၽန္ေတာ္ အသာအယာပင္ ထ,လိုက္ၿပီး တံခါးသြားဖြင့္ေပးေတာ့ အကိုျဖစ္ေနသည္။ တံခါးဖြင့္ဖြင့္ခ်င္းပဲ ကြၽန္ေတာ့္ဆီသို႔ စာ႐ြက္ေတြကမ္းေပးၿပီး....

"လစာအတြက္က မင္းေျပာထားတဲ့ ကဒ္ကိုပဲလႊဲေပးလိုက္မယ္။ ေနာက္ႏွစ္ရက္ေနရင္ မာေဆးနဲ႔ကန္မွာမို႔ မင္းကိုေမွ်ာ္လင့္ေနမယ္ ေကာင္း"

"ဟုတ္ကဲ့။ ကြၽန္ေတာ့္အေပၚထားတဲ့ အကိုတို႔ရဲ႕ယုံၾကည္မႈကို မပ်က္ျပားေစရပါဘူး"

"အင္း။ ဒါဆို ကိုယ္သြားေတာ့မယ္"

တရားဝင္စာခ်ဳပ္စာတန္းေတြကို လာေပးၿပီး ျပန္ထြက္သြားသည့္ အကို႔ေနာက္ေက်ာျပင္ကို ကြၽန္ေတာ္ၾကည့္မိသည္။ အေကြးေျပာသလို အကိုမ်ားအထီးက်န္ေနသလားလို႔ပါ။ ကိုယ္တိုင္ခံစားခဲ့ရဖူးေတာ့ ဘယ္ေလာက္ထိ ေၾကာက္စရာေကာင္းမွန္း သိခဲ့ဖူးေတာ့ နည္းနည္းေလာက္ျဖစ္ျဖစ္ေတာ့ ႏွစ္သိမ့္ေပးခ်င္သည္။

ဒါေပမယ့္လည္း အကို႔ေနာက္ေက်ာျပင္ဟာ ေျဖာင့္မတ္စြာနဲ႔ပါ။ အကို႔ေျခလွမ္းေတြကလည္း တက္ႂကြေနပါတယ္။

"ေၾသာ္ ဒါနဲ႔ေကာင္း၊ ေနရဲ႕ပူျပင္းမႈေတြက လူသားေတြအတြက္အက်ိဳးျဖစ္ေစပါတယ္။လဆိုတာက ေနရဲ႕အလင္းကို မွီၿပီးမွထြန္းလင္းႏိုင္တဲ့သူပါ "

"ဗ်ာ..."

သြားေနရာမွ ေနာက္ျပန္လွည့္ၿပီး ကြၽန္ေတာ့္ကိုေျပာတဲ့ထိုစကားကို ကြၽန္ေတာ္နားမလည္။ သို႔ေသာ္လည္း ခ်က္ခ်င္းျပန္လွည့္သြားတဲ့ အကို႔ေၾကာင့္  "ဗ်ာ"တစ္လုံးက လြဲၿပီး ကြၽန္ေတာ့္မွာ ဘာမွမေျပာလိုက္ႏိုင္ပါ။

"ေကာင္းေရ အဆင္သင့္ပဲ။ သြားရေအာင္"

အကို႔စကားေၾကာင့္ ကြၽန္ေတာ့္မွာ အခ်ိန္တစ္ခုထိ ၿငိမ္သက္သြားသည္က အေကြးေရာက္လာမွပဲ ျပန္လည္အသက္ဝင္လာသည္။

"သြားမယ္ေလ..."

ကြၽန္ေတာ့္လက္ကို ဆြဲၿပီး ေရွ႕ကေနသြားတဲ့ အေကြးေၾကာင့္ လက္ထဲရွိ စာ႐ြက္စာတမ္းေတြကို ဆိုဖာေပၚျပစ္တင္လိုက္ၿပီး သူမေလးေခၚေဆာင္ရာ ေနာက္သို႔ လိုက္သြားလိုက္သည္။

"ဘာေတြလုပ္ေနတာလဲ အေကြးရ။"

"ဒီမွာထိုင္လိုက္ ေကာင္း"

သူမေလး ထိုင္ေစတဲ့ေနရာမွာ ကြၽန္ေတာ္ေနရာယူလိုက္ၿပီး သူမေလးလုပ္သမွ်အရာအားလုံးကို မမွိတ္မသုန္ၾကည့္ေနမိသည္။ ကြၽန္ေတာ့္ဆီကို ေရာက္လာတဲ့ ထမင္းပန္ကန္။ ဒီကိုေရာက္ကတည္း က ထမင္းထက္ ေပါင္မုန္႔ႏွင့္ အသား၊ အ႐ြက္တို႔ကိုသာ စားခဲ့ရတဲ့ ကြၽန္ေတာ့္အတြက္ အေငြ႕မေသေသးတဲ့ ထမင္းပန္ကန္ေလးကို တအံ့တၾသၾကည့္ေနရသည္။

ထမင္းပန္းကန္ဆီကေန အၾကည့္ မခြာႏိုင္ေသးခင္မွာပင္ ျမင္ကြင္းေရွ႕ကို ေရာက္လာၿပီျဖစ္တဲ့ ဟင္းပန္းကန္။

"ငါးဟင္းခ်က္ထားတာ။ ဆီျပန္မို႔ ဆီေတာ့မ်ားတယ္။ ဒါေပမယ့္ ေကာင္းစားရမယ္ေနာ္"

"အေကြးရာ..."

ကြၽန္ေတာ့္မ်က္ရည္တို႔သည္ တာေပါင္က်ိဳးသည့္ ဆည္တစ္ဆင္းႏွယ္ ၿပိဳက်လာေလၿပီ။ သူမေလးဗ်ာ ကြၽန္ေတာ့္အေပၚမွာ တကယ္ပဲစိုးမိုးထားႏိုင္လြန္းပါတယ္။

ကြၽန္ေတာ့္အတြက္တဲ့။ ကြၽန္ေတာ့္အတြက္ ခ်က္ေပးတဲ့ ကြၽန္ေတာ္ အႀကိဳက္ဆုံးဟင္း။ ဟင္းခ်က္ေပး႐ုံတင္မဟုတ္ပဲ ဟင္းပန္းကန္ထဲက ငါးတစ္တုံးကို သူမေရွ႕က ပန္းကန္ထဲထဲ့ၿပီး အ႐ိုးႏႊင္ေနတဲ့ ကြၽန္ေတာ့္အေကြးပုံစံဟာ ေလးနက္ေနသည္။

အ႐ိုးေတြကို ေသခ်ာထုတ္ၿပီး ကြၽန္ေတာ့္ပန္းကန္ထဲကို အသားေတြၾကည့္ထဲ့ေပးေနတဲ့ အေကြးေၾကာင့္ ကြၽန္ေတာ့္ ဘယ္လိုမွ မေနႏိုင္ေတာ့ပဲ ေနရာမွထၿပီး သူမေလးဆီသို႔ သြားကာ သူမေလးရဲ႕ေနာက္ေက်ာျပင္ ေသးေသးေလးကို အုပ္မိုးထားလိုက္သည္။

ကြၽန္ေတာ္ မ်က္ႏွာအပ္ထားရာ သူမရဲ႕ ညာဘက္ပခုံးဆီကို သူမေလးက မ်က္ႏွာငဲ့လာၿပီး...
"ဘာျဖစ္လို႔လဲ ေကာင္း။ အရသာမေကာင္းလို႔ ငိုေနတာလားဟင္။"

"ေက်းဇူးတင္လို႔ပါ"

"ေၾသာ္။ ေကာင္း ဟက္ထိသြားတယ္ေပါ့။"

"အင္း"

"ဒါဆို ငါClubသြားတာကို ေကာင္းစိတ္ဆိုးလား။
စိတ္ဆိုးလို႔ မရဘူးေနာ္။ ငါက ဒီတိုင္းေရာက္သြားၿပီး ဒီတိုင္းပဲ ကခဲ့မိတာ။ အရက္ေသာက္တာမွန္ေပမယ့္ နည္းနည္းေလးပဲမို႔ အရက္နံ႔ကို ေကာင္း မရဘူးမဟုတ္လား..."

ေျပာေနရင္းကေန ပါးစပ္ဟၿပီး ကြၽန္ေတာ့္မ်က္ႏွာဆီသို႔ ေလပူတစ္ခ်က္မႈတ္ထုတ္သည့္အေကြး။ အရက္နံ႔ၾကည့္မဟုတ္ပဲ ပူရွိန္းအနံ႔ပါရေနေသးသည္မို႔ ၾကည့္ရတာ ကြၽန္ေတာ္မႀကိဳက္မွာစိုး၍ အနံ႔ေပ်ာက္ေစရန္ သြားတိုက္ထားသည့္ပုံပါ။ ညဘက္ေတြမွာ သြားတိုက္ဖို႔ကို မနည္းေခ်ာ့ေျပာရသည့္ ကြၽန္ေတာ့္ အေကြးက ဒီလိုမ်ိဳးသြားတိုက္ရတဲ့အထိပါ အရက္နံ႔ကို ေဖ်ာက္ထားသည္မို႔ ကြၽန္ေတာ့္ဘက္ကလည္း အရက္နံ႔မရေၾကာင္းကို ေျပာေပးရမည္။

"အင္း မရပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္က စိတ္ဆိုးတတ္တဲ့သူလား အေကြးရာ။ ကြၽန္ေတာ္က အေကြးဘာပဲလုပ္လုပ္ သေဘာက်ေနရတာကို"

" ဒါဆို ငါClubသြားတာကို ေကာင္းကသေဘာက်တယ္ေပါ့"

"အေကြး သေဘာက်တာမွန္သမွ်ကို လုပ္ေစခ်င္တယ္။ ဘာလို႔ဆို အဲ့တာမွ အေကြးေပ်ာ္မွာေလ။ ကြၽန္ေတာ္က အေကြးကို ေပ်ာ္ေစခ်င္တာ။ ကြၽန္ေတာ္နဲ႔ေနရတာ အဆင္ေျပေစခ်င္တာ။"

ထိုသို႔ေျပာလိုက္ေတာ့ ကြၽန္ေတာ့္ ပါးတစ္ဖက္ကို ႏႈတ္ခမ္းပါးေလးနဲ႔ထိေတြ႕ၿပီး ဆုေပးတဲ့ ကြၽန္ေတာ့္ လျခမ္းေကြး။

"ကဲ ထမင္းစားဦး ေကာင္း။
ေအးသြားဦးမယ္"

"အင္း..."

အနမ္းတစ္ပြင့္နဲ႔တင္ ေက်နပ္လိုက္ၿပီး ကြၽန္ေတာ္ ေနရာမွာျပန္ထိုင္လိုက္သည္။

"အ႐ိုးႏႊင္ရတာ မ်က္စိလ်င္မွ ေကာင္းရဲ႕ ဒီမွာၾကည့္"

ေျပာေနရင္းႏွင့္ အ႐ိုးေသးေသးေလးကို ထုတ္ယူၿပီး ကြၽန္ေတာ့္ျပတဲ့ အေကြးပုံစံက ခ်စ္ဖြယ္အတိ။

သူမေလး ထည့္ေပးသမွ်ကို အားပါးတရနဲ႔ပင္စားမိသည္။ အေကြးလက္ရာက တကယ္ေကာင္းပါသည္။ အေကြးခ်က္ထားတဲ့ ငါးဟင္းက ကြၽန္ေတာ္အႀကိဳက္ဆုံး ဟင္းအျဖစ္သို႔ ေရာက္သြားရသည္။ သူမလက္ေသးေသးေလးေတြနဲ႔ အ႐ိုးႏႊင္ေနပုံကို ၾကည့္ၿပီး ကြၽန္ေတာ့္မွာ ေပ်ာ္လို႔မဆုံး။ ဒါဟာ အိမ္ေထာင္ေရးသုခဆိုတာလား။ ကြၽန္ေတာ္တို႔ တကယ္ပဲ အဆင္ေျပေနၿပီလား။

"အားး..."

"အေကြး"

သူမရဲ႕ လက္ေသးေသးေလးထဲကို စိုက္ဝင္သြားတဲ့ ငါး႐ိုဟာ ေတာ္ေတာ္ေလးႀကီးသည္မို႔ ခ်က္ခ်င္းဆိုသလိုပဲ ေသြးေတြက ပန္းကန္ေပၚထိေတာင္ တစ္စက္ခ်င္းက်ေရာက္ေနၿပီ။

"နာတယ္ ေကာင္း။"

ေဘးစင္ကို ေခၚသြားၿပီး သူမဒဏ္ရာကို ေရေဆးေပးလိုက္သည္။ ၿပီးေနာက္ သူမကို ေပြ႕ခ်ီၿပီး အိမ္ျပင္သို႔ထြက္ခဲ့လိုက္သည္။ အိမ္အျပင္ေရာက္မွ ကြၽန္ေတာ္သတိရသည္က ေဆးသတၱာ။ ခ်က္ခ်င္းပဲ အိမ္ထဲသို႔ ေျပးဝင္ၿပီး ေဆးေသတၱာကို ရွာရသည္။

ကြၽန္ေတာ္ ေဆးေသတၱာယူၿပီး ျပန္ထြက္လာတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္အေကြးက ကြၽန္ေတာ့္ဆီကို မ်က္ရည္အဝိုင္းသားနဲ႔ၾကည့္ေနပုံသည္ ကြၽန္ေတာ့္ရင္ကို မီးစႏွင့္ထိုးခံလိုက္ရသလိုပါပဲ သူမရဲ႕မ်က္ရည္ေတြက ကြၽန္ေတာ့္ ရင္ကို နာက်င္ေစသည္။

"ကြၽန္ေတာ့္အတြက္နဲ႔ဗ်ာ..."

"ေျဖးေျဖး..."

ေရေဆးၿပီလို႔ ေသြးေတာ့ထြက္ၿပီးမထြက္ေသာ္လည္း ေဆးထဲ့သည့္အခ်ိန္မွာ သူမေလး စပ္ေနသည္။

"ေနာက္တစ္ခါဆို ငါးဟင္မခ်က္နဲ႔ေတာ့ အေကြး။
ကြၽန္ေတာ္ ငါးဟင္းကို မုန္းတယ္"

အ႐ိုးစူးတဲ့ေနရာေလးမွာ ကြၽန္ေတာ္ အနာကပ္တဲ့ပလာစတာေလး ကတ္ေပးလိုက္ေတာ့ သူမက ထိုေနရာကို တစ္ဖူးဖူးနဲ႔မႈတ္ေနသည္။ ကြၽန္ေတာ္ေျပာတာကို သူမ အာ႐ုံစိုက္ပုံမရပါ။

ကြၽန္ေတာ္ ေဆးေသတၱာသိမ္းၿပီးသည့္အခ်ိန္ထိ ကြၽန္ေတာ့္အေကြးက ေခါင္းေမာ့မလာေသးသည္မို႔ ကြၽန္ေတာ့္ဘက္ကပဲ ျမက္ခင္းေပၚဒူးေထာက္ၿပီး သူမေလးမ်က္ႏွာကို ၾကည့္ရသည္။

ေခါင္းငုံထားတဲ့ သူမေလးက ငိုေနတာမဟုတ္ပါ။ မ်က္လုံးေလးေတြဝိုင္းၿပီး ၿငိမ္ေနသည္ေၾကာင့္ သူမေလးတစ္ခုခုကို ေတြးေနပုံရသည္။

"အေကြး..."
သူမေလးရဲ႕ လက္ေမာင္းေလးကို ကြၽန္ေတာ့္လက္နဲ႔ကိုင္တြယ္ၿပီး ေခၚလိုက္ေတာ့ သူမက ကြၽန္ေတာ့္ကို ျပန္ၾကည့္လာသည္။

"ကိုကို ဘာလို႔ေဆး႐ုံကထြက္ခဲ့လဲဆိုတာကိုငါသိၿပီေကာင္း။ ကိုကို ဘာလို႔ ဆရာဝန္ျဖစ္ေအာင္ႀကိဳးစားခဲ့သလဲ၊ ဘာလို႔ သူဝါသနာပါတဲ့ အလုပ္ကေနထြက္ခဲ့သလဲဆိုတာ ငါနားလည္သြားၿပီထင္တယ္"

"ကိုကိုဆိုတာ ဘယ္သူလဲဆိုတာ ကြၽန္ေတာ့္ကို ေျပျပလို႔ရမလား။"

"အဲ့ဒီတုန္းကေလ ေဆာင္းကိုငါေျပာခဲ့တယ္။ ငါ ျမတ္ဘုန္းအတြက္ ဘာကိုမွမႀကိဳးစားႏိုင္ဘူးလို႔။ ငါ့ဘက္က ခ်စ္ေန႐ုံပဲတတ္ႏိုင္တယ္လို႔။ အို ဒါဆို ဒါဆို ျမတ္ဘုန္းေျပာသလိုပဲလား။ ငါတကယ္ပဲ ျမတ္ဘုန္းကို ခ်စ္ခဲ့တာမဟုတ္ဘူးေပါ့"

ကိုကိုက ေဆာင္းအတြက္နဲ႔ဆရာဝန္ျဖစ္ေအာင္လုပ္ခဲ့ၿပီး ေဆာင္းေၾကာင့္နဲ႔ပဲ ထိုအလုပ္ကေနထြက္ခဲ့သည္။ ဒါေတြအားလုံးဟာ ေဆာင္းကို ခ်စ္တာေၾကာင့္။ ဒါဆို အခု သူမႀကိဳးစားေနတာေတြကလည္း ေကာင္းေၾကာင့္ပဲ။ သူမသိပ္ေၾကာက္တဲ့ ငါး႐ိုးကို သူမက ေကာင္းစားဖို႔အတြက္အ႐ိုးႏႊင္ေပးေနသည္။

ေကာင္းကိုခ်စ္တဲ့စိတ္ေၾကာင့္ သူမကိုယ္တိုင္ေတာင္ တစ္ခါမွ စြန္႔စားၿပီး မႏႊင္စားခဲ့တဲ့ ဒီငါးဟင္းကို ေကာင္းအတြက္ဆိုၿပီး သူမကိုယ္တိုင္ခ်က္ေပးၿပီး ေကာင္းပန္းကန္ထဲကိုလည္း အသားေလးေတြၾကည့္ ထဲ့ေပးေနခဲ့သည္။ ဒါေတြဟာ အခ်စ္ေၾကာင့္လား။ အခ်စ္က ေပးတဲ့ သတၱိေတြနဲ႔ ေျပာင္းလဲမႈေတြေၾကာင့္ဆိုတာလား။

"ေကာင္း ငါသိသြားၿပီ။
ငါတကယ္ပဲ သိသြားၿပီ"

"အင္း။ စိတ္ကို ေအးေအးထားေနာ္ အေကြး။
မငိုနဲ႔ေတာ့ ကြၽန္ေတာ့္ကို ၾကည့္ပါ။ "

သူမေလး မ်က္ရည္ေတြက်ေနသည္ေၾကာင့္ ကြၽန္ေတာ့္မွာ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္သြားရသည္။

"ေကာင္းရယ္..." ဟု ဆိုၿပီး ဒူးခ်ထိုင္ထားတဲ့ ကြၽန္ေတာ့္ လည္ဂုတ္ဆီမွာ သူမေခါင္းေလးခိုဝင္သည္။

ကြၽန္ေတာ့္အေကြး ဘာျဖစ္သြားသလဲဆိုတာကို ကြၽန္ေတာ္မေတြးႏိုင္ေတာ့ပါ။ သူမေလး ဘာေတြမ်ားေတြးေနသလဲဆိုတာကို ဉာဏ္မွီသေလာက္စဥ္းစားၾကည့္ေပမယ့္လည္း ကြၽန္ေတာ့္ဉာဏ္က ဘယ္ေတာ့မွ သူမအေတြးေတြကို လိုက္မွီမွာ မဟုတ္မွန္း သိသည္။

"အခ်စ္က ဒီလိုမ်ိဳးပါလား။
ငါေလ ငါး႐ိုးမႏႊင္တတ္ဘူး။ အိမ္မွာပဲျဖစ္ျဖစ္ ေက်ာင္းတတ္တုန္းကပဲျဖစ္ျဖစ္ ငါ ငါးဟင္းစားရင္ ေဘးက တစ္ေယာက္က အ႐ိုးႏႊင္ေပးေနၾက၊ မဟုတ္ရင္ ငါကိုယ္တိုင္ႏႊင္စားရင္ေလ အ႐ိုးဆူးေနၾက ေကာင္းရ။ ဒီေန႔ Clubက အျပန္မွာ ငါးဝင္ဝယ္ၿပီး ငါးဟင္းခ်က္ေနတဲ့အခ်ိန္မွာ ငါဒီကိစၥကိုလုံးဝေမ့ေနတာ။ ငါ ငါက ေကာင္းအတြက္ဆိုၿပီးပဲ ေတြးေနခဲ့တာ။

ေကာင္းအတြက္ေၾကာင့္နဲ႔ ေကာင္းေၾကာင့္နဲ႔ ငါ ငါး႐ိုႏႊင္ေနခဲ့တာ။ ငါလည္း တကယ္ပဲ အခ်စ္ေၾကာင့္နဲ႔ႀကိဳးစားမႈေတြရွိလာၿပီ ေကာင္း။ ငါ ေကာင္းကို အမ်ားႀကီးခ်စ္ေနမိၿပီထင္တယ္။"

"အေကြးရာ။"

"အင္း ေကာင္းကို အမ်ားႀကီးခ်စ္သေလာက္။
ျမတ္ဘုန္းအေပၚကို အမ်ားႀကီး အားနာရၿပီ ေကာင္း၊ တကယ္မခ်စ္ပဲနဲ႔ ငါ့ဘက္ကခ်စ္တယ္ဆိုတဲ့အေၾကာင္းေတြ တဖြဖြေျပာေနခဲ့တာ။ "

"အကိုျမတ္ဘုန္း နားလည္မွာပါ။ သူက အေကြးကိုနားလည္ေပးမွာပါ"

"ဒါေပမယ့္လည္း ေကာင္းရယ္၊
ငါ တကယ္ပဲ မတရားဘူးေနာ္။ ျမတ္ဘုန္း သနားပါတယ္"

"ကိုကိုဆိုတာ ဘယ္သူလဲ အေကြး"
ဒီတစ္ခါေတာ့ ပထမဆုံးအႀကိမ္အေနနဲ႔ အေကြးရဲ႕စကားလမ္းေၾကာင္းကို ေျပာင္းလဲျဖစ္သည္။သူမစကားေတြဦးတည္ရာက သူမေလးအတြက္ နာက်င္စရာေတြျဖစ္လာမည္ကို ကြၽန္ေတာ္စိုးရိမ္သည္။

ကြၽန္ေတာ့္အေကြးကို မနာက်င္ေစခ်င္တာမို႔ အကိုျမတ္ဘုန္းအေပၚမွာ ကြၽန္ေတာ့္ဘက္က ရက္စက္မိၿပီ။

"အာ ကိုကိုက ကိုကိုေလ။
ေဆာင္းရဲ႕ကိုကို၊ ေဆာင္းက ကိုကိုလို႔ေခၚတာ။
အဲ့တာေၾကာင့္ ငါလည္း ကိုကိုလို႔ေခၚလိုက္တာ။ ေကာင္း ျမင္ဖူးပါတယ္၊ ငါတို႔သႏၲာ့အိမ္လာတုန္းကေလ၊ ကိုကိုပါတယ္ အရမ္းေခ်ာတာေလ။ ငါတို႔နဲ႔ယွဥ္ရင္ ကိုကိုက ထင္းထြက္ေနတာကို"

"ဟုတ္လား။ ကြၽန္ေတာ္ေတာ့ အဲ့ဒီအခ်ိန္တုန္းက ကြၽန္ေတာ့္ဆီကေန သႏၲာလြင္ေလးကို ေခၚတဲ့ အေကြးကိုပဲျမင္ခဲ့တာ။ အေကြးရဲ႕အၿပဳံးေတြကိုပဲကြၽန္ေတာ္ သတိရေနခဲ့တာ။ အဲ့ဒီအခ်ိန္ထဲက ကြၽန္ေတာ့္ေဘးမွာ အေကြးရွိရင္ ေကာင္းမွာပဲလို႔ေတြးခဲ့တာ"

"ဟင္.."

ကြၽန္ေတာ့္လည္ပင္းဆီမွ ခြာသြားၿပီျဖစ္တဲ့ အေကြးရဲ႕မ်က္လုံးေလးေတြက ဝိုင္းလို႔။ မၾကာခင္ သူမေလးရဲ႕ႏႈတ္ခမ္းဖူးဖူးေလးေတြကေန ကြၽန္ေတာ္မခန္႔မွန္းႏိုင္တဲ့ ေမးခြန္းေလးေတြထြက္လာေတာ့မည္ဆိုတာ ကြၽန္ေတာ္သိသည္။

"အင္း။ တကယ္ေျပာတာ အေကြးရဲ႕။
ကြၽန္ေတာ္က အေကြးကိုျမင္ျမင္ခ်င္းခ်စ္ခဲ့တာ"

"ဒါဆို ငါ့ကိုေဆးခတ္တာက ေကာင္းမဟုတ္လားဟင္။ငါက ေသာ္တာလို႔ထင္ခဲ့တာ။ အားနာလိုက္တာေနာ္..."

ႏွာေခါင္းေလး ခ်ဳံ႕ၿပီးေျပာသည္က ကြၽန္ေတာ္က သူ႔ကို ေဆးခတ္ၿပီး အပိုင္သိမ္းထားလို႔ မေက်မနပ္ျဖစ္ေနသလိုပါ။တကယ့္အေကြးေလးဗ်ာ ေတြးႏိုင္လြန္းတဲ့ သူမေလးရဲ႕ ႏွာတံေလးအေပၚကို ကြၽန္ေတာ့္လက္ညႇိဳးေလးနဲ႔ ထိေတြ႕လိုက္ၿပီး.....
"ကြၽန္ေတာ္က ေဆးခတ္ၿပီးမေကာင္းႀကံမယ့္သူလား အေကြးရ"

"ဟုတ္တယ္ေလ။ ငါမူးသြားတဲ့အခ်ိန္မွာ ေကာင္းက...အိုး"

ထပ္မေျပာမိေအာင္ သူမရဲ႕လက္ေခ်ာင္းေလးေတြနဲ႔ သူမရဲ႕ႏႈတ္ခမ္းကို ခ်ိတ္ပိတ္လိုက္သည္မို႔ ကြၽန္ေတာ့္မွာ စိတ္လြတ္လက္လြတ္ဆိုသလိုမ်ိဳး ၿပဳံးမိသြားသည္။

"ဆက္ေျပာေလ အေကြးရ"

"ေကာင္းေနာ္။ ငါ မမွတ္မိဘူးထင္ေနတာလား။"

"မွတ္မိတယ္ဆို ေျပာျပေလ။ မွန္။မမွန္ ကြၽန္ေတာ္သိရတာေပါ့။ တကယ္လို႔ အေကြးေျပာတာမွားေနရင္လည္း ကြၽန္ေတာ္ျပင္ေပးလို႔ရတာေပါ့"

"ေကာင္း..."

သူမေရွ႕မွာ ဒူးေထာက္ထိုင္ထားတဲ့ ကြၽန္ေတာ့္ကို တြန္းလိုက္ၿပီး အိမ္ထဲေျပးဝင္သြားတဲ့သူမ။ ဖင္ထိုင္လ်က္က်သြားတဲ့ ကြၽန္ေတာ္က သူမကို ၾကည့္ေနရင္းနဲ႔ပဲ အခ်ိန္တစ္ခုထိ ၿပဳံးေနမိသည္။ ကြၽန္ေတာ့္ အေကြးဟာ ကြၽန္ေတာ့္အတြက္ေတာ့ မ႐ိုးႏိုင္တဲ့အေမးပုစာၦေလးဗ်ာ။

အခ်ိန္ေတာ္ေတာ္ၾကာအထိ သေဘာတက်နဲ႔ ေကာင္းကင္ကိုေမာ့ၾကည့္ေနရင္းမွ ကြၽန္ေတာ္ထ,လိုက္ရသည္။ အိမ္ထဲျပန္ဝင္ၿပီး အေကြးျပင္ေပးထားတဲ့ ညစာဝိုင္းကို သိမ္းရမည္ေလ။ ထိုညက စားပြဲဝိုင္းမွာ ရွိေနတဲ့ ဟင္းခြက္ကို ၾကည့္ၿပီး ကြၽန္ေတာ္ေတြးလိုက္မိသည္က ငါးဟင္းသည္ ကြၽန္ေတာ့္ဘဝမွာ အမုန္းဆုံးရန္သူျဖစ္သြားၿပီဆိုတာပင္။ ဘာလို႔ဆို သူ႔ေၾကာင့္နဲ႔ ကြၽန္ေတာ့္အေကြး ဒဏ္ရာရသြားသည္ေလ။

ထိုညအၿပီး ၂ရက္ေျမာက္အထိ အေကြးက ကြၽန္ေတာ့္ကို ေရွာင္ဖယ္ဖယ္လုပ္ေနသည္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေလ့က်င့္ခ်ိန္ေတြနဲ႔ မအားတာေၾကာင့္လည္းပါမည္။ အေကြးနဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရသည္က မာေဆးကိုသြားရမည့္ မနက္မွပင္။

"အရမ္းအပင္ပန္းမခံနဲ႔ေနာ္ ေကာင္း။
အသက္ရွင္ဖို႔က အဓိကပဲ။ ေကာင္း နားလည္တယ္မဟုတ္လား။"

"အင္း။ ရွက္လို႔ဝသြားၿပီလား..."

"ေကာင္းေနာ္.."

လက္သီးဆုပ္ေလးနဲ႔ ကြၽန္ေတာ့္ရင္ကို ထိုးတိုက္ ၾကည္ဆယ္ေတာ့ ကြၽန္ေတာ့ႏႈတ္ခမ္းမွာ အၿပဳံးေတြက တြဲခိုလာတာေပါ့ဗ်ာ။ သူမေၾကာင့္ပဲ ဒီမနက္ခင္းမွာလည္း အားအင္ေတြအျပည့္ျဖစ္ရသည္။

"သြားေတာ့မယ္ေနာ္။ စိတ္မပူနဲ႔ ကြၽန္ေတာ္လုပ္ႏိုင္တာကို အေကြးယုံတယ္မလား။"

"အင္း..."

သူမက ေခါင္းၿငိမ့္ျပသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္က သူမကို ရင္ခြင္ထဲသြင္းလိုက္သည္။ စကားလုံးေတြမလိုပါ။ ကြၽန္ေတာ့္အတြက္ သူမကိုျမင္႐ုံနဲ႔တင္ အားအင္ေတြျပည့္သြားမ်ိဳး၊ သူမကို ေထြးေပြ႕ရ႐ုံနဲ႔တင္ ေက်နပ္ေနတာမ်ိဳး။ ခ်စ္လိုက္ရတာမ်ားဗ်ာ သူမအေတြးေတြက အစ သိခ်င္ေနတဲ့အထိပါ။

"Baby...Sorry"

ေခၚသံႏွင့္အတူ အခန္းထဲဝင္လာၿပီျဖစ္တဲ့ အင္ဒူလင္ေၾကာင့္ ကြၽန္ေတာ့္အေကြးက ကြၽန္ေတာ့္ရင္ခြင္ကေနထြက္သြား၏။ထားေတာ့ ျပန္လာမွပဲ မလႊတ္တမ္းဖက္ထားလိုက္ေတာ့မည္။

"ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္"

"အင္း..."

ကြၽန္ေတာ္အနားကေန ခြာသြားၿပီးခ်က္ခ်င္းမွာပဲ အင္ဒူလင္က အေကြးလက္ကို ဆြဲၿပီး ေရခ်ိဳးခန္းဘက္ကို ေခၚသြားသည္။

"အယ္ ေကာင္းမသြားေသးဘူးလား။"

ေရခ်ိဳးခန္းသုံး တပက္ေလးနဲ႔ထြက္လာတဲ့ ကြၽန္ေတာ့္အေကြးက ကြၽန္ေတာ့္ကို အျပင္ထြက္ေစခ်င္သည္မို႔ ကြၽန္ေတာ္လည္း အခန္းျပင္ကိုထြက္သြားေပးလိုက္သည္။

"စိတ္ဆိုးသြားတာလား..."

"မဟုတ္ပါဘူး အေကြးရ။ သြားရမယ့္ အခ်ိန္ေရာက္ေနလို႔ပါ"
အခန္းတံခါးဝကေန ျပန္လွည့္ၿပီး အေျဖေပးရသည္။ မဟုတ္ရင္ ကြၽန္ေတာ့္ေၾကာင့္ႏွင့္ သူမေလးမွာ အေတြးမ်ားေနမည္။

"အင္း.."

ေကာင္းမ်က္ႏွာကို အေသအခ်ာစိုက္ၾကည့္မိေတာ့ ၾကည္ၾကည္လင္လင္နဲ႔ မို႔ အေကြးလည္း ကေလးေတြကို ေခၚၿပီးေရခ်ိဳးခန္းထဲျပန္ဝင္လိုက္သည္။

အင္ဒူလင္အပါအဝင္ အေကြးတို႔သားအမိသုံးေယာက္ေရခ်ိဳးခန္းကေန ထြက္လာၿပီးေနာက္မွာေတာ့ ျပင္ၾကဆင္ၾကသည္။ ျပင္လို႔ဆင္လို႔ ၿပီးသြားသည့္ အခ်ိန္မွာ...
"Let's go."
(သြားရေအာင္) ဟုဆိုကာ အင္ဒူလင္က သားငယ္ကို ခ်ီၿပီး အခန္းထဲက အရင္ထြက္သည္။ ေနာက္မွ အေကြးနဲ႔သမီးႀကီးက လိုက္ပါထြက္လာသည္။

အခုဆို တစ္အိမ္လုံးမွာ ဘယ္သူမွမရွိၾကပါ။ဟိုဖက္အိမ္မွာေနတဲ့ ေအာင္လည္း ေကာင္းတို႔အဖြဲ႕ႏွင့္အတူလိုက္သြားသည္။ ဒါေၾကာင့္ အေကြးတို႔ မိန္းကေလးေတြလည္း အင္ဒူလင့္ကားႏွင့္ မာေဆးကိုသြားမည္။

"So cute,you are so pretty."
(အရမ္းခ်စ္စရာေကာင္းတာပဲ။ မင္းအရမ္းလွတယ္)

စီကာဒါ တံဆိပ္ပါ ေဘာလုံးအက်ႌလက္ျပတ္ေလးႏွင့္ စကတ္အျဖဴေရာင္ ေပါင္တိုေလးကိုဝတ္ထားတဲ့ အေကြးဟာ ဆံပင္ကို ႏွစ္ဖက္ခြဲၿပီးစီးထားေသးသည္မို႔ ကေလးေလးတစ္ေယာက္လိုပင္။

"Yahh..."

အေကြးက ေက်ေက်နပ္နပ္နဲ႔ပင္ မန္မီရဲ႕ခ်ီးမႊန္းမႈကို လက္ခံၿပီးကေလးတြလက္ကိုဆြဲကာ ေရွ႕ကေနေက်ာ့ေက်ာ့ေလးထြက္သြားေလသည္။

သူမရဲ႕အမႊာေလးေတြကလည္း ေဘာလုံးအက်ႌေသးေသးေလးေတြႏွင့္ျဖစ္သည္။ ဒါကေတာ့ fashion ဆရာမႀကီး အင္ဒူလင့္ေကာင္းမႈေၾကာင့္ပင္။ေရွ႕ကေန ထြက္သြားတဲ့ အေကြးတို႔သားအမိေတြရဲ႕ ေက်ာျပင္မွာ "Kaung"ဆိုတဲ့ အဂၤလိပ္စာတန္းေလးထိုးထားသည္ေၾကာင့္ ျမင္ရသူအဖို႔ ၾကည္ႏူးစရာ။

အေကြးတို႔သားအမိေနာက္ကေန လိုက္လာတဲ့ အင္ဒူလင္ႏွင့္ မန္မီကလည္း သူတို႔ဝတ္ေနက်ထက္ပိုၿပီး သစ္လြင္တဲ့ အဝတ္အစားေတြနဲ႔ တကယ္ပဲတတ္ႂကြေနၾကသည္။ ဘာလို႔ဆို သူတို႔က စီကာဒါအသင္းရဲ႕ ပြဲဦးထြက္ျဖစ္တဲ့ ပြဲကို သြားၾကည့္မွာေလ။

အနာဂတ္မွာေတာက္ပ လာမလားဆိုတာေတာ့ မေသခ်ာေပမယ့္လည္း ဒီကေန႔မွာေတာ့ ေကာင္းတို႔အသင္းက တကယ္ကို တက္ႂကြေနၾကသည္။ကြင္းအျပင္မွာ အားေပးေနတဲ့ ပရိတ္သတ္ေတြထဲမွာ မာေဆးအသင္းဘက္က အားေပးတဲ့သူပိုမ်ားေပမယ့္လည္း အေကြးတို႔အုပ္စုေၾကာင့္နဲ႔ စီကာဒါအသင္းမွာလည္း အားမေလ်ာ့ရပါ။

"Kaung..fighting"
ဆိုတဲ့ အသံေလးေၾကာင့္နဲ႔ ဒုတိယပိုင္းအစမွာတင္ စီကာဒါအသင္းက ဦးေဆာင္ေခ်ပကဂိုးကို တိုက္စစ္မႉးေကာင္းက သြင္းလိုက္ႏိုင္သည္။

ထိုအခ်ိန္မွာစီကာဒါအသင္းရဲ႕ ပရိတ္သတ္ဘက္က အုန္းအုန္းႂကြႂကြျဖစ္လာသည္။ ေရာျခည္နဲ႔ေရာင္ဝါကလည္း လူအုပ္ႀကီးရဲ႕ ေအာ္သံေၾကာင့္နဲ႔ ေတာ္ေတာ္ေလးကို ေပ်ာ္ေနၾကသည္။

"Kaung ,Kaung"

"Kaung"

ပရိတ္သတ္ေတြရဲ႕ အသံဟာ ေကာင္းနာမည္ႏွင့္ ပနံတသင့္ရွိသည္ကို အေကြးမွာ ေပ်ာ္လို႔မဆုံးေပ။ သူဝါသနာပါတဲ့ ဒိီေဘာလုံးေလာကမွာ ေကာင္းကို ေတာက္ပေစခ်င္ပါသည္။ အေကြးတို႔ထိုင္ေနတဲ့ ေနရာနားကို ေရာက္လာရင္ ကြင္းဘက္ကိုလွည့္ၾကည့္ၿပီး ၿပဳံးျပသည့္ ေကာင္းရဲ႕အၿပဳံးေလးက သိပ္လွသည္။ ၿပဳံလိုက္တဲ့အခ်ိန္တိုင္းမွာ ေကာင္းက ကေလးေလးလိုပဲ ျဖဴစင္သည္။

"ဂိုးးးး..."

ပထမဆုံးအႀကိမ္ ကန္တဲ့ မာေဆးနဲ႔ Provenceနယ္ရဲ႕ အသင္းမွာ ေကာင္းတို႔ဘက္ကအႏိုင္ရသည္မို႔ စီကာဒါကြင္းက သူေတြအကုန္လုံး ဝမ္းသာေနၾကသည္။ စိတ္လႊတ္လက္လႊတ္နဲ႔ ၿပဳံးေနၾကတဲ့ ေကာင္းတို႔ဘက္ကသူေတြဆီကို အေကြးၾကည့္မိေတာ့ ႏႈတ္ခမ္းတြန္႔႐ုံေလးၿပဳံးေနတဲ့ ေအာင့္ကိုပါျမင္လိုက္ရသည္။

"ေအာင္က သိပ္ႏွမေျမာတာပဲ။နည္းနည္းေလးပဲ ၿပဳံးတယ္"

လူအုပ္ႀကီးလိုက္ ေအာ္ၿပီးေပ်ာ္ေနၾကသည္မို႔ ထိုအသံထုႀကီးသည္ အေကြးရဲ႕အေမးသံေလးကို ဖုံးအုပ္သြားသည္။

ပြဲၿပီးလို႔ ျပန္ဖို႔ရန္အတြက္ ကြင္းထဲကေနထြက္ေတာ့ အင္ဒူလင္ႏွင့္ မန္မီက သားႏွင့္သမီးကို ခ်ီေပးသည္။ လူေတြမ်ားလို႔ထင္သည္။ အင္ဒူလင္က အေကြးလက္ကိုပါဆြဲထားသည္က ပြဲေစ်းတန္းမွာ သမီးေပ်ာက္မွာေၾကာက္သည့္ မိခင္တစ္ေယာက္လိုပါပဲ။ထိုအခ်ိန္ ေထာင့္ေလးမွာရပ္ေနတဲ့ ေကာင္းကို ျမင္လိုက္တာေၾကာင့္ အေကြး အင္ဒူလင့္လက္ကို လႊတ္ၿပီး လူအမ်ားၾကားကေန တိုးထြက္သြားၿပီး ေကာင္းကိုဖက္ထားလိုက္သည္။

"ေကာင္း..."

ေကာင္းကိုယ္ေပၚကို ခုံတက္ၿပီး ေကာင္းရဲ႕ပခုံးမွာ လက္ခ်ိတ္ထားၿပီး ဖက္ထားလိုက္သည္။

"ေခြၽးေတြနဲ႔အေကြးရ"

သူမ ျပဳတ္မက်ေအာင္ ထိန္းထားေပးရင္းနဲ႔ ေကာင္းကဆိုသည္။ သို႔ေသာ္လည္း သူမရဲ႕ ခႏၶာကိုယ္ကို ေကာင္းဘက္ကလည္း တင္းေနေအာင္ဖက္ထားသည္ေၾကာင့္ အေကြးဘာမွဆက္မေျပာပဲ ေကာင္းကိုေပၚကေနမဆင္းျဖစ္ေတာ့၊ ေကာင္းရဲ႕ခါးမွာ ေျခကိုတင္းေနေအာင္ခ်ိတ္ထားလိုက္ေတာ့သည္။

ေအာင္ျမင္မႈဆိုတာကလည္း ကြၽန္ေတာ့္အေကြးရွိေနလို႔သာ ေပ်ာ္႐ႊင္ရတာျဖစ္၏။

(ပုံမွန္ ႏွစ္နာရီေက်ာ္ သုံးနာရီနီးပါးtype႐ုံနဲ႔ ၿပီးေပမယ့္ ဒီတစ္ေခါက္ေတာ့ ၂ရက္ေက်ာ္အခ်ိန္ယူလိုက္ရတယ္။ အရမ္းပဲအားနာပါတယ္)

Continue Reading

You'll Also Like

15.8K 619 41
အေတြးအပိုင္းအစကေလးမ်ား၊
3.1K 601 16
අයිරීසියානු වචන සම්මුතිය තවත් එක කවි පොතක් විතරමයි! Lan_Kimra #1 in poetry
464K 32.9K 39
ယောကျ်ားတစ်ယောက်ကို ချစ်မိတာက အပြစ်ဆိုရင် ကျွန်တော့်မှာ သူ့ကိုချစ်မိတဲ့ အပြစ်တစ်ခုပဲရှိတာပါ ရှင်းမြတ်နိုးပိုင်
11K 1K 16
Чиний сэтгэлд гүн гүнзгийгээр оршихыг хүснэ...