ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

488K 53.6K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၇၄)

2.2K 269 3
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၇၄)

TRANSLATOR - SHARR

--------------------

ဘုရင်မင်းမြတ် မူးလဲသွားတော့သည်။

နန်းတော်ထဲတွင် ဖရိုဖရဲ ကသောင်းကနင်းဖြစ်နေကြသည်။ တစ်ယောက်ယောက်က ဘုရင်မင်းမြတ် သွေးအန်တာကို မြင်ရပြီးနောက် ဘုရင်မင်းမြတ်မှာ သတိလစ်မေ့မြောသွားတော့သည်။ ဘုရင်မင်းမြတ်၏ မိဖုရားများနှင့် မင်းသားတို့မှာ ဘုရင့်အိပ်ခန်းဆောင်တွင်း ဝင်ရန် တားမြစ်ခံထားရသည်။

ရုံးတော်အရာရှိများမှာ ဘုရင်မင်းမြတ် ရက်အနည်းငယ်အတွင်း ပြန်မနိုးလာမည်ကို စိုးရိမ်ပူပန်နေရသည်။ အိမ်ရှေ့စံနေရာကို လစ်လပ်အဖြစ်ထားကတည်းက နန်းတော်ထဲတွင် စစ်အေးတိုက်ပွဲများက ဖြစ်ပေါ်နေလျက်ရှိသည်။

ကံကောင်းချင်တော့ နှစ်ရက်ကြာပြီးနောက်မှာ ဘုရင်မင်းမြတ်က နိုးလာခဲ့သည်။

မုမိဖုရား၏ နန်းဆောင်တွင် ဖေ့ကျန်းသည် ကုန်းကုန်းတစ်ယောက်ကို မေးမြန်းနေသည်။

"ခမည်းတော်ရဲ့ လျှို့ဝှက်အမိန့်တော်ထဲမှာ သူက မင်းသား(၉)ကို အိမ်ရှေ့စံမင်းသားဖြစ်စေချင်နေတဲ့အကြောင်း ရေးထားတယ်လို့မင်းပြောလိုက်တာလား" ဖေ့ကျန်းက ကုန်းကုန်းကို မေးလိုက်၏။

"မင်းသား(၇) ဘုရင်မင်းမြတ်က လူကြီးမင်းရန်ကို ပြလိုက်တာကို ကျွန်တော်မျိုး မြင်လိုက်တာပါ" ကုန်းကုန်းက ဒူးထောက်လျက် ဆိုသည်။ "နောက်တော့ မင်းသား(၇)ကို လျှောက်တင်ဖို့ ကျွန်တော်မျိုး ဒီကို တိတ်တိတ်ကလေး လာခဲ့တာပါ"

"လူကြီးမင်းရန်က ဘာပြောခဲ့လဲ" ဖေ့ကျန်းက မေးလိုက်သည်။

"လူကြီးမင်းရန် ပြောခဲ့တာက အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်တဲ့၊ ပြီးတော့ ဆေးတွေကလည်း အရှင်မင်းကြီးရဲ့အသက်ကို သိပ်ကြာကြာဆွဲဆန့်မထားနိုင်မှာ စိုးမိတယ်တဲ့" ကုန်းကုန်းက ပြောလိုက်၏။ "ပြီးတော့ အရှင်မင်းကြီးက အနာဂတ်မှာ သူ ရက်အတော်ကြာ သတိလစ်မေ့မျောနေခဲ့ရင် သူ့ကို ညင်ညင်သာသာနဲ့ ဇီဝိန်ခြွေပေးဖို့ လူကြီးမင်းရန်ကို မိန့်ခဲ့တယ်"

မုမိဖုရား ထိတ်လန့်တုန်လှုပ်သွား၏။ အကယ်၍ လူကြီးရန်ကသာ အရှင်မင်းကြီး မိန့်မှာခဲ့တဲ့အတိုင်း ဆောင်ရွက်ခဲ့ရင် ဘယ်လိုတွေဖြစ်သွားမှာပါလိမ့်။

ဖေ့ကျန်းက ကုန်းကုန်းကို ထွက်သွားစေလိုက်သည်။

"အမေ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" ဖေ့ကျင်းက မေးလိုက်၏။ "အမေ ခမည်းတော်က အိမ်ရှေ့စံနေရာကို ညီတော်(၉)ကို ပေးမှာမဟုတ်ဘူးလို့ အမေ မပြောခဲ့ဘူးလား"

"မင်းခမည်းတော်ရဲ့နှလုံးသားက ခန့်မှန်းရခက်တယ်" မုမိဖုရားက ပြောလိုက်၏။ "ဒါ့အပြင် တျန်းသီရဲ့ကိစ္စ မတိုင်ခင်ကလည်း အမေ ပြောခဲ့ဖူးတယ်၊ မင်းမှာ ဆက်ခံသူ မရှိသေးဘူး၊ မင့်ခမည်းတော်ကလည်း မင်းကို မချစ်ဘူး၊ မင့်ခမည်းတော်က မင့်ညီတော်(၉)ကို ရွေးချယ်မယ်ဆိုလည်း ကျိုးကြောင်းဆီလျော်တယ်"

"ဒါဆို ညီတော်(၉) ရာဇပလ္လင်ပေါ်တက်ထိုင်တာကို ဒီတိုင်းပဲ ကြည့်နေရတော့မှာလား"ဖေ့ကျန်းက မေးလိုက်သည်။

"မင့်ခမည်းတော်က အမိန့်တော်ကို ဖွက်ထားတယ်၊ ပြီးတော့ မကြေညာရသေးဘူး၊ ဘာလို့လဲဆိုတော့ သူ သေချာ မဆုံးဖြတ်ရသေးလို့ပဲ" မုမိဖုရားက ပြောလိုက်၏။

"ခမည်းတော်က အမိန့်တော် ရေးထားတယ်ဆိုမှတော့ သူ ဘယ်သူ့ကို ရွေးထားတယ်ဆိုတာ ပြနေတာပဲ" ဖေ့ကျန်းက ပြောလိုက်သည်။ "သူ မကြေညာရသေးဘူးဆိုပေမယ့် နောက်ကို မကြေညာဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ၊ အဲ့ဒီလိုသာဖြစ်ခဲ့ရင် မင်းသား(၉)ရဲ့ဖောင်က ဆောက်ပြီးသားဖြစ်သွားမှာပေါ့"

"သား ဘာလုပ်ချင်လို့လဲ" မုမိဖုရားက မေးလိုက်၏။ "မင်းခမည်းတော်ရဲ့ နန်းဆောင်ကို သွားပြီး အမိန့်တော်ကို ဆုတ်ဖြဲပစ်မလို့လား၊ အဲ့လိုသာ လုပ်မယ်ဆိုရင်တော့ အားလုံးကို စွန့်လွှတ်ရဖို့သာ ပြင်ထားတော့"

"အမေ!" ဖေ့ကျန်းက ပြောလိုက်၏။

မုမိဖုရား မျက်မှောင်ကြုတ်လိုက်သည်။

"အမေပြောတာ မှန်ပါတယ်" ဖေ့ကျန်းက ပြောလိုက်၏။

"ဘာလုပ်ဖို့ စီစဥ်ထားလဲ" မုမိဖုရားက မေးလိုက်သည်။

"အမိန့်တော် မထုတ်ပြန်ခင်မှာ ရအောင် ခိုးသင့်တယ်" ဖေ့ကျန်းက ပြောလိုက်သည်။

"မဆင်မခြင်နဲ့ ဒီအရူးကတော့လေ" မုမိဖုရားက ပြောလိုက်၏။

"ဘာကိုမဆင်မခြင်ရမှာလဲ" ဖေ့ကျန်းက ပြောလိုက်သည်။ "ကျွန်တော်တို့တွေ အင်အားကို နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့ကြတာ၊ ပြီးတော့ မှူးမတ်အရာရှိအများကြီးကလည်း ထောက်ပံ့ပေးထားသေးတယ်၊ ညသန်းခေါင်မှာ ခမည်းတော် အိပ်ဆောင်ထဲ ခိုးဝင်ဖို့ဆိုတာ အလွယ်လေးရယ်၊ အမိန့်တော်ကို ပြောင်းရေးဖို့ ခမည်းတော်ကို ဖိအားပေးလို့လည်း ရတယ်"

"မင်းခမည်းတော်က ငြင်းဆန်ရင် ခမည်းတော်ကို သတ်ပြီး ရာဇပလ္လင်ကို ခိုးယူမှာလား" မုမိဖုရားက မေးလိုက်သည်။

"ခမည်းတော်က အမိန့်တော်ကို ပြောင်းရမှာထက် သေဖို့ဆန္ဒရှိခဲ့ရင် သားတော်ကလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့" ဖေ့ကျန်းက ပြောလိုက်သည်။

မုမိဖုရားတစ်ကိုယ်လုံး ရေခဲလို အေးစက်သွားသည်။

"အမေ ညီတော်(၉)သာ ရာဇပလ္လင်ပေါ် ထိုင်ခဲ့ရင် သူ ကျွန်တော်တို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး" ဖေ့ကျန်းက ပြောလိုက်သည်။ "အမိန့်တော် မထုတ်ပြန်ခင် ရာဇပလ္လင်ကို ခိုးတာ ပိုကောင်းတယ်၊ မဟုတ်ရင် ညီတော်(၉) ဘုရင်ဖြစ်လာပြီးမှ ကျွန်တော်တို့ ရာဇပလ္လင်ကို ခိုးဖို့ စောင့်နေရင် ကျွန်တော်တို့က တိုင်းသူပြည်သားတွေရဲ့ မျက်လုံးထဲမှာ သစ္စာဖောက်တွေဖြစ်လာပြီးတော့ သူတို့ ပုန်ကန်ကြလိမ့်မယ်"

ဖေ့ကျန်းပြောတာ ယုတ္တိရှိသည်ဟု မုမိဖုရား တွေးလိုက်ပြီး သူမ လက်သီးတို့ ဆုပ်ထားမိလိုက်သည်။

"အမေ..." ဖေ့ကျန်းက ပြောလိုက်သည်။

"ခဏလေး" မုမိဖုရားက ပြောလိုက်သည်။ "ဘာမှမဆင်မခြင်မလုပ်နဲ့၊ အမေ တစ်ခု အတည်ပြုလိုက်ဦးမယ်၊ ပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ဆွေးနွေးကြတာပေါ့"

"ဘာကို အတည်ပြုမှာလဲ" ဖေ့ကျန်းက မေးလိုက်သည်။

"အမေ လူကြီးမင်းထောင်ကို တွေ့ချင်တယ်" မုမိဖုရားက ပြောလိုက်သည်။

ထိုနေ့ညနေခင်းတွင် မုမိဖုရားသည် လူကြီးမင်းထောင်နှင့် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ပြီး
တံခါးပေါက်ကို ဖြတ်၍ စကားပြောခဲ့ကြသည်။

"တို့ မင်းကို တစ်ခု မေးစရာရှိတယ်" မုမိဖုရားက ပြောလိုက်သည်။

"မှန်လှပါ" ထောင်ဖင်းက ပြောလိုက်သည်။

"အရှင်မင်းကြီး ဘယ်လိုနေလဲ"

"အရှင်မင်းကြီးမှာ အချိန်နှစ်နှစ်ပဲ ကျန်တော့တယ်" ထောင်ဖင်းက ပြောလိုက်သည်။

"တကယ်ပဲလား" မုမိဖုရားက မေးလိုက်သည်။

"အိမ်ရှေ့စံနဲ့ မိဖုရားခေါင်ကြီး နတ်ရွာမစံခင်ကတော့ အရှင်မင်းကြီးမှာ အချိန် လေး/ငါးနှစ် ကျန်ခဲ့တယ်" ထောင်ဖင်းက ပြောလိုက်သည်။

"အရှင်မင်းကြီးက ရက်အနည်းငယ်ပဲ နေရတော့မယ်ဆိုတဲ့ ကောလာဟလကကော" မုမိဖုရားက မေးလိုက်သည်။

လူကြီးမင်းထောင်က သူမကို ပြန်မဖြေသောကြောင့် မုမိဖုရား စိုးရိမ်သွားသည်။ သူမ အပေါက်ကို ဖြတ်ကာ ကြည့်လိုက်တော့ ညအမှောင်ထုကိုသာ မြင်ရသည်။

"ဘာလို့ စကားမပြောတော့တာလဲ" မုမိဖုရားက မေးလိုက်သည်။

"အဲ့ဒါက အရှင်မင်းကြီးရဲ့ လှည့်ကွက်ပဲ" ထောင်ဖင်းက ပြောလိုက်သည်။ "အရှင်မင်းကြီးက တစ်ယောက်ယောက်က သူ့အကြံကို ဖော်ထုတ်ခဲ့ရင် ချက်ချင်းသတ်ပစ်မယ်တဲ့"

"အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်က ဘာလဲ" မုမိဖုရားက မေးလိုက်သည်။

"ဘယ်သူတွေက မင်းသား(၇)ကို ထောက်ပံ့ပြီး ဘယ်သူတွေက မင်းသား(၉)ကို ထောက်ပံ့သလဲဆိုတာ အရှငိမင်းကြီးက မြင်ချင်နေတာ"
ထောင်ဖင်းက ပြောလိုက်သည်။ "ဘယ်သူပဲ အရင်ဆုံး လှုပ်ရှားလှုပ်ရှား၊ အရှင်မင်းကြီးက ချမ်းသာပေးမှာမဟုတ်ဘူး၊ မုမိဖုရား ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ မျှော်လင့်ပါတယ်"

"ကောင်းပြီ" မုမိဖုရားက ပြောလိုက်သည်။ "ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့
စောစောစီးစီး လာမလျှောက်တင်ရတာလဲ"

"မုမိဖုရားက ဉာဏ်အမြော်အမြင်ရှိသူပါ" ထောင်ဖင်းက ​မြှောက်ပင့်လိုက်သည်။ "မိဖုရားက သေချာပေါက် အရှင်မင်းကြီးရဲ့အကြံအစည်ကို ခန့်မှန်းမိမှာပါ"

မုမိဖုရားက လူကြီးမင်းထောင်ကို နှုတ်ဆက်စကားဆိုကာ ထွက်သွားတော့သည်။

ဘုရင်မင်းမြတ်၏ အိပ်ဆောင်ထဲတွင် ဝမ်ဖုမူသည် ဘုရင်မင်းမြတ်၏ သလွန်တော်ဘေးတွင် ရှိနေသည်။ သူ ဖေ့ကျင်းကို သတိပေးရန် အိပ်ဆောင်ထဲမှ မထွက်ခွာရဲပေ။ ဖေ့ကျင်းက ဘုရင်မင်းမြတ်၏ အကြံအစည်ကို ခန့်မှန်းမိဖို့သာ မျှော်လင့်ရတော့သည်။

______

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၇၄)

TRANSLATOR - SHARR

--------------------

ဘုရင္မင္းျမတ္ မူးလဲသြားေတာ့သည္။

နန္းေတာ္ထဲတြင္ ဖရိုဖရဲ ကေသာင္းကနင္းျဖစ္ေနၾကသည္။ တစ္ေယာက္ေယာက္က ဘုရင္မင္းျမတ္ ေသြးအန္တာကို ျမင္ရၿပီးေနာက္ ဘုရင္မင္းျမတ္မွာ သတိလစ္ေမ့ေျမာသြားေတာ့သည္။ ဘုရင္မင္းျမတ္၏ မိဖုရားမ်ားႏွင့္ မင္းသားတို႔မွာ ဘုရင့္အိပ္ခန္းေဆာင္တြင္း ဝင္ရန္ တားျမစ္ခံထားရသည္။

ရံုးေတာ္အရာရိွမ်ားမွာ ဘုရင္မင္းျမတ္ ရက္အနည္းငယ္အတြင္း ျပန္မႏိုးလာမည္ကို စိုးရိမ္ပူပန္ေနရသည္။ အိမ္ေရ႔ွစံေနရာကို လစ္လပ္အျဖစ္ထားကတည္းက နန္းေတာ္ထဲတြင္ စစ္ေအးတိုက္ပြဲမ်ားက ျဖစ္ေပၚေနလ်က္ရိွသည္။

ကံေကာင္းခ်င္ေတာ့ ႏွစ္ရက္ၾကာၿပီးေနာက္မွာ ဘုရင္မင္းျမတ္က ႏိုးလာခဲ့သည္။

မုမိဖုရား၏ နန္းေဆာင္တြင္ ေဖ့က်န္းသည္ ကုန္းကုန္းတစ္ေယာက္ကို ေမးျမန္းေနသည္။

"ခမည္းေတာ္ရဲ့ လ်ိႈ႔ဝွက္အမိန္႔ေတာ္ထဲမွာ သူက မင္းသား(၉)ကို အိမ္ေရ႔ွစံမင္းသားျဖစ္ေစခ်င္ေနတဲ့အေၾကာင္း ေရးထားတယ္လို႔မင္းေျပာလိုက္တာလား" ေဖ့က်န္းက ကုန္းကုန္းကို ေမးလိုက္၏။

"မင္းသား(၇) ဘုရင္မင္းျမတ္က လူႀကီးမင္းရန္ကို ျပလိုက္တာကို ကြၽန္ေတာ္မ်ိဳး ျမင္လိုက္တာပါ" ကုန္းကုန္းက ဒူးေထာက္လ်က္ ဆိုသည္။ "ေနာက္ေတာ့ မင္းသား(၇)ကို ေလ်ွာက္တင္ဖို႔ ကြၽန္ေတာ္မ်ိဳး ဒီကို တိတ္တိတ္ကေလး လာခဲ့တာပါ"

"လူႀကီးမင္းရန္က ဘာေျပာခဲ့လဲ" ေဖ့က်န္းက ေမးလိုက္သည္။

"လူႀကီးမင္းရန္ ေျပာခဲ့တာက အရွင္မင္းႀကီးရဲ့ ခႏၶာကိုယ္က အားနည္းေနတယ္တဲ့၊ ၿပီးေတာ့ ေဆးေတြကလည္း အရွင္မင္းႀကီးရဲ့အသက္ကို သိပ္ၾကာၾကာဆြဲဆန္႔မထားႏိုင္မွာ စိုးမိတယ္တဲ့" ကုန္းကုန္းက ေျပာလိုက္၏။ "ၿပီးေတာ့ အရွင္မင္းႀကီးက အနာဂတ္မွာ သူ ရက္အေတာ္ၾကာ သတိလစ္ေမ့ေမ်ာေနခဲ့ရင္ သူ႔ကို ညင္ညင္သာသာနဲ႔ ဇီဝိန္ေႁခြေပးဖို႔ လူႀကီးမင္းရန္ကို မိန္႔ခဲ့တယ္"

မုမိဖုရား ထိတ္လန္႔တုန္လႈပ္သြား၏။ အကယ္၍ လူႀကီးရန္ကသာ အရွင္မင္းႀကီး မိန္႔မွာခဲ့တဲ့အတိုင္း ေဆာင္ရြက္ခဲ့ရင္ ဘယ္လိုေတျြဖစ္သြားမွာပါလိမ့္။

ေဖ့က်န္းက ကုန္းကုန္းကို ထြက္သြားေစလိုက္သည္။

"အေမ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ" ေဖ့က်င္းက ေမးလိုက္၏။ "အေမ ခမည္းေတာ္က အိမ္ေရ႔ွစံေနရာကို ညီေတာ္(၉)ကို ေပးမွာမဟုတ္ဘူးလို႔ အေမ မေျပာခဲ့ဘူးလား"

"မင္းခမည္းေတာ္ရဲ့ႏွလံုးသားက ခန္႔မွန္းရခက္တယ္" မုမိဖုရားက ေျပာလိုက္၏။ "ဒါ့အျပင္ တ်န္းသီရဲ့ကိစၥ မတိုင္ခင္ကလည္း အေမ ေျပာခဲ့ဖူးတယ္၊ မင္းမွာ ဆက္ခံသူ မရိွေသးဘူး၊ မင့္ခမည္းေတာ္ကလည္း မင္းကို မခ်စ္ဘူး၊ မင့္ခမည္းေတာ္က မင့္ညီေတာ္(၉)ကို ေရြးခ်ယ္မယ္ဆိုလည္း က်ိဳးေၾကာင္းဆီေလ်ာ္တယ္"

"ဒါဆို ညီေတာ္(၉) ရာဇပလႅင္ေပၚတက္ထိုင္တာကို ဒီတိုင္းပဲ ၾကည့္ေနရေတာ့မွာလား"ေဖ့က်န္းက ေမးလိုက္သည္။

"မင့္ခမည္းေတာ္က အမိန္႔ေတာ္ကို ဖြက္ထားတယ္၊ ၿပီးေတာ့ မေၾကညာရေသးဘူး၊ ဘာလို႔လဲဆိုေတာ့ သူ ေသခ်ာ မဆံုးျဖတ္ရေသးလို႔ပဲ" မုမိဖုရားက ေျပာလိုက္၏။

"ခမည္းေတာ္က အမိန္႔ေတာ္ ေရးထားတယ္ဆိုမွေတာ့ သူ ဘယ္သူ႔ကို ေရြးထားတယ္ဆိုတာ ျပေနတာပဲ" ေဖ့က်န္းက ေျပာလိုက္သည္။ "သူ မေၾကညာရေသးဘူးဆိုေပမယ့္ ေနာက္ကို မေၾကညာဘူးလို႔ ဆိုလိုတာ မဟုတ္ဘူးေလ၊ အဲ့ဒီလိုသာျဖစ္ခဲ့ရင္ မင္းသား(၉)ရဲ့ေဖာင္က ေဆာက္ၿပီးသားျဖစ္သြားမွာေပါ့"

"သား ဘာလုပ္ခ်င္လို႔လဲ" မုမိဖုရားက ေမးလိုက္၏။ "မင္းခမည္းေတာ္ရဲ့ နန္းေဆာင္ကို သြားၿပီး အမိန္႔ေတာ္ကို ဆုတ္ၿဖဲပစ္မလို႔လား၊ အဲ့လိုသာ လုပ္မယ္ဆိုရင္ေတာ့ အားလံုးကို စြန္႔လႊတ္ရဖို႔သာ ျပင္ထားေတာ့"

"အေမ!" ေဖ့က်န္းက ေျပာလိုက္၏။

မုမိဖုရား မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အေမေျပာတာ မွန္ပါတယ္" ေဖ့က်န္းက ေျပာလိုက္၏။

"ဘာလုပ္ဖို႔ စီစဥ္ထားလဲ" မုမိဖုရားက ေမးလိုက္သည္။

"အမိန္႔ေတာ္ မထုတ္ျပန္ခင္မွာ ရေအာင္ ခိုးသင့္တယ္" ေဖ့က်န္းက ေျပာလိုက္သည္။

"မဆင္မျခင္နဲ႔ ဒီအရူးကေတာ့ေလ" မုမိဖုရားက ေျပာလိုက္၏။

"ဘာကိုမဆင္မျခင္ရမွာလဲ" ေဖ့က်န္းက ေျပာလိုက္သည္။ "ကြၽန္ေတာ္တို႔ေတြ အင္အားကို ႏွစ္ေပါင္းမ်ားစြာတည္ေဆာက္လာခဲ့ၾကတာ၊ ၿပီးေတာ့ မွဴးမတ္အရာရိွအမ်ားႀကီးကလည္း ေထာက္ပံ့ေပးထားေသးတယ္၊ ညသန္းေခါင္မွာ ခမည္းေတာ္ အိပ္ေဆာင္ထဲ ခိုးဝင္ဖို႔ဆိုတာ အလြယ္ေလးရယ္၊ အမိန္႔ေတာ္ကို ေျပာင္းေရးဖို႔ ခမည္းေတာ္ကို ဖိအားေပးလို႔လည္း ရတယ္"

"မင္းခမည္းေတာ္က ျငင္းဆန္ရင္ ခမည္းေတာ္ကို သတ္ၿပီး ရာဇပလႅင္ကို ခိုးယူမွာလား" မုမိဖုရားက ေမးလိုက္သည္။

"ခမည္းေတာ္က အမိန္႔ေတာ္ကို ေျပာင္းရမွာထက္ ေသဖို႔ဆႏၵရိွခဲ့ရင္ သားေတာ္ကလည္း သူ႔ဆႏၵကို ျဖည့္ဆည္းေပးရမွာေပါ့" ေဖ့က်န္းက ေျပာလိုက္သည္။

မုမိဖုရားတစ္ကိုယ္လံုး ေရခဲလို ေအးစက္သြားသည္။

"အေမ ညီေတာ္(၉)သာ ရာဇပလႅင္ေပၚ ထိုင္ခဲ့ရင္ သူ ကြၽန္ေတာ္တို႔ကို ခ်မ္းသာေပးမွာ မဟုတ္ဘူး" ေဖ့က်န္းက ေျပာလိုက္သည္။ "အမိန္႔ေတာ္ မထုတ္ျပန္ခင္ ရာဇပလႅင္ကို ခိုးတာ ပိုေကာင္းတယ္၊ မဟုတ္ရင္ ညီေတာ္(၉) ဘုရင္ျဖစ္လာၿပီးမွ ကြၽန္ေတာ္တို႔ ရာဇပလႅင္ကို ခိုးဖို႔ ေစာင့္ေနရင္ ကြၽန္ေတာ္တို႔က တိုင္းသူျပည္သားေတြရဲ့ မ်က္လံုးထဲမွာ သစၥာေဖာက္ေတျြဖစ္လာၿပီးေတာ့ သူတို႔ ပုန္ကန္ၾကလိမ့္မယ္"

ေဖ့က်န္းေျပာတာ ယုတၲိရိွသည္ဟု မုမိဖုရား ေတြးလိုက္ၿပီး သူမ လက္သီးတို႔ ဆုပ္ထားမိလိုက္သည္။

"အေမ..." ေဖ့က်န္းက ေျပာလိုက္သည္။

"ခဏေလး" မုမိဖုရားက ေျပာလိုက္သည္။ "ဘာမွမဆင္မျခင္မလုပ္နဲ႔၊ အေမ တစ္ခု အတည္ျပဳလိုက္ၪီးမယ္၊ ၿပီးမွ ဘာဆက္လုပ္မယ္ဆိုတာ ေဆြးေနြးၾကတာေပါ့"

"ဘာကို အတည္ျပဳမွာလဲ" ေဖ့က်န္းက ေမးလိုက္သည္။

"အေမ လူႀကီးမင္းေထာင္ကို ေတြ့ခ်င္တယ္" မုမိဖုရားက ေျပာလိုက္သည္။

ထိုေန့ညေနခင္းတြင္ မုမိဖုရားသည္ လူႀကီးမင္းေထာင္ႏွင့္ လ်ိႈ႔ဝွက္စြာ ေတြ့ဆံုခဲ့ၿပီး
တံခါးေပါက္ကို ျဖတ္၍ စကားေျပာခဲ့ၾကသည္။

"တို႔ မင္းကို တစ္ခု ေမးစရာရိွတယ္" မုမိဖုရားက ေျပာလိုက္သည္။

"မွန္လွပါ" ေထာင္ဖင္းက ေျပာလိုက္သည္။

"အရွင္မင္းႀကီး ဘယ္လိုေနလဲ"

"အရွင္မင္းႀကီးမွာ အခ်ိန္ႏွစ္ႏွစ္ပဲ က်န္ေတာ့တယ္" ေထာင္ဖင္းက ေျပာလိုက္သည္။

"တကယ္ပဲလား" မုမိဖုရားက ေမးလိုက္သည္။

"အိမ္ေရ႔ွစံနဲ႔ မိဖုရားေခါင္ႀကီး နတ္ရြာမစံခင္ကေတာ့ အရွင္မင္းႀကီးမွာ အခ်ိန္ ေလး/ငါးႏွစ္ က်န္ခဲ့တယ္" ေထာင္ဖင္းက ေျပာလိုက္သည္။

"အရွင္မင္းႀကီးက ရက္အနည္းငယ္ပဲ ေနရေတာ့မယ္ဆိုတဲ့ ေကာလာဟလကေကာ" မုမိဖုရားက ေမးလိုက္သည္။

လူႀကီးမင္းေထာင္က သူမကို ျပန္မေျဖေသာေၾကာင့္ မုမိဖုရား စိုးရိမ္သြားသည္။ သူမ အေပါက္ကို ျဖတ္ကာ ၾကည့္လိုက္ေတာ့ ညအေမွာင္ထုကိုသာ ျမင္ရသည္။

"ဘာလို႔ စကားမေျပာေတာ့တာလဲ" မုမိဖုရားက ေမးလိုက္သည္။

"အဲ့ဒါက အရွင္မင္းႀကီးရဲ့ လွည့္ကြက္ပဲ" ေထာင္ဖင္းက ေျပာလိုက္သည္။ "အရွင္မင္းႀကီးက တစ္ေယာက္ေယာက္က သူ႔အႀကံကို ေဖာ္ထုတ္ခဲ့ရင္ ခ်က္ခ်င္းသတ္ပစ္မယ္တဲ့"

"အရွင္မင္းႀကီးရဲ့ ရည္ရြယ္ခ်က္က ဘာလဲ" မုမိဖုရားက ေမးလိုက္သည္။

"ဘယ္သူေတြက မင္းသား(၇)ကို ေထာက္ပံ့ၿပီး ဘယ္သူေတြက မင္းသား(၉)ကို ေထာက္ပံ့သလဲဆိုတာ အရွငိမင္းႀကီးက ျမင္ခ်င္ေနတာ"
ေထာင္ဖင္းက ေျပာလိုက္သည္။ "ဘယ္သူပဲ အရင္ဆံုး လႈပ္ရွားလႈပ္ရွား၊ အရွင္မင္းႀကီးက ခ်မ္းသာေပးမွာမဟုတ္ဘူး၊ မုမိဖုရား ဘာေတျြဖစ္လာမလဲဆိုတာ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ဖို႔ ေမ်ွာ္လင့္ပါတယ္"

"ေကာင္းၿပီ" မုမိဖုရားက ေျပာလိုက္သည္။ "ဒီေလာက္အေရးႀကီးတဲ့ကိစၥကို ဘာလို႔
ေစာေစာစီးစီး လာမေလ်ွာက္တင္ရတာလဲ"

"မုမိဖုရားက ဉာဏ္အေျမာ္အျမင္ရိွသူပါ" ေထာင္ဖင္းက ​ေျမႇာက္ပင့္လိုက္သည္။ "မိဖုရားက ေသခ်ာေပါက္ အရွင္မင္းႀကီးရဲ့အႀကံအစည္ကို ခန္႔မွန္းမိမွာပါ"

မုမိဖုရားက လူႀကီးမင္းေထာင္ကို ႏႈတ္ဆက္စကားဆိုကာ ထြက္သြားေတာ့သည္။

ဘုရင္မင္းျမတ္၏ အိပ္ေဆာင္ထဲတြင္ ဝမ္ဖုမူသည္ ဘုရင္မင္းျမတ္၏ သလြန္ေတာ္ေဘးတြင္ ရိွေနသည္။ သူ ေဖ့က်င္းကို သတိေပးရန္ အိပ္ေဆာင္ထဲမွ မထြက္ခြာရဲေပ။ ေဖ့က်င္းက ဘုရင္မင္းျမတ္၏ အႀကံအစည္ကို ခန္႔မွန္းမိဖို႔သာ ေမ်ွာ္လင့္ရေတာ့သည္။

Continue Reading

You'll Also Like

51.2K 3.3K 8
Author(s) HONG JIU 红九 I'm just a translator and this story isn't belong to me. Full credit goes to author(s) and english translator(s). I also don't...
507K 54.7K 42
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
89.4K 8K 64
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
219K 23.1K 91
ရွှီရွှီက သူသာ အလုံးစုံ သိနားလည်သည်ဟု ထင်နေသည်။ ရဲအကယ်ဒမီမှ ထိပ်ဆုံးအဆင့်ဖြင့် ကျောင်းဆင်းလာပြီးနောက်မှာ ကမ္ဘာအနှံ့ ဘယ်နေရာမဆို သွားဖို့ အဆင်သင့်ဖြစ်...