Love of an idoit အရူးတစ်ယောက...

By Bai_lianhua

636K 41.6K 3.5K

Title - အရူးတစ်ယောက်ရဲ့ အချစ် Love of an idoit [or] အရူးညီလေးကမွေးစားအစ်ကိုကို သိမ်းပိုက်ဖို့ လိမ္မာချင်ယောင... More

မိတ်ဆက်
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၄
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀
အသိပေးချက်
အပိုင်း၁၁
အပိုင်း၁၂
အပိုင်း၁၃
အပိုင်း၁၄
အပိုင်း၁၅
အပိုင်း၁၆
အပိုင်း၁၇
အပိုင်း၁၈
အပိုင်း၁၉
အပိုင်း၂၀
အပိုင်း၂၁
အပိုင်း၂၂
အပိုင်း ၂၃
အပိုင်း၂၄
အပိုင်း၂၅
အပိုင်း၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
Hi မဂ်လာပါ
အပိုင်း ၄၁
Second intro
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
Psychologist Thet Wim

အပိုင်း ၃၄

7.7K 600 72
By Bai_lianhua

Unicode

ကျိုးစံအိမ်တော်၏ အနောက်ဘက်ဉယျာဉ်အတွင်းပိုင်းရှိ ဒန်းပေါ်တွင်ထိုင်ကာ အတွေးနယ်ချဲ့နေလေသည့် သူတစ်ဉီးရှိလေ၏။ သည်တစ်ခါတွင်တော့ ထိုလူသည် ကျိုးယွင် ဟုတ်မနေခဲ့ပါချေ။
ထိုသူသည်ကား ရှောင်ဟန်သာ ဖြစ်နေလေသည်။

ရှောင်ဟန်သည် သူ့လက်ထဲက ကြောင်ဖြူလေး
snowကို ခပ်ဖွဖွပွတ်သတ်ပေးလျက်ရှိကာ အတွေးနယ်ချဲ့လျက်ရှိသည်။

ရှောင်ဟန်၏ မျက်နှာ အမူအရာသည်ကား အသက်မသွင်းထားသည့် သက်မဲ့ အရုပ်ကလေး တစ်ရုပ်လို အမူအရာမဲ့ မှိုင်တွေစွာဖြင့် ပန်းခင်းများကိုသာ ကြည့်ရှု့နေလျက်ရှိသည်။

ရှောင်ဟန်၏ အတွေးများက မည်မျှလောက် နယ်ကျွံနေခဲ့သည်လည်း မသိပါချေ...သူသည် သူ၏ လက်ထဲတွင် ပွတ်သတ်ပေးနေပါသည့် ကြောင်ဖြူလေးက သူ့လက်ထဲမှ ခုန်ဆင်းသွားတာကိုတောင် သတိမမူမိလိုက်ပေ။

တကယ်တမ်းတွင်တော့ ကြောင်ဖြူလေး ခုန်ဆင်းသွားရခြင်း၏ အဓီက တရားခံသည် ကျိုးယွင်သာ ဖြစ်ပေသည်။

Snowသည် သူ့အပေါ် မကြင်နာသည့်အပြင် စိတ်အလိုမကျသည့်အခါများတွင် အမြဲကန်တတ်ပါသည့် ကျိုးယွင်ကို မြင်လိုက်ရ၍သာ ယခုလို
ထွက်ပြေးခုန်ဆင်းသွားရခြင်းဖြစ်သည်။

တိတ်ဆိတ်နေပါသည့် ဉယျာဉ် အတွင်းပိုင်းရှိလေထုကို ကျိုးယွင်၏ သြရှရှ လေသံက ဖြိုခွင်းလိုက်လေသည်။

"ရှောင်ဟန်ကော...တစ်ယောက်တည်း ဘာထိုင်လုပ်နေတာလည်း...ကျွန်တော် ကောကို မတွေ့လို့လိုက်
ရှာနေတာ...ကောက ဒီရောက်နေတာကို..."

ကျိုးယွင်ရဲ့ အသံကြားမှ ရှောင်ဟန်က ကျိုးယွင်ရောက်လာမှန်း သတိထားမိတော့သည်။
ရှောင်ဟန်က ကျိုးယွင်ထိုင်လို့ရအောင် ဘေးတစ်ဖက်ကို တိုးပေးပြီး ထိုင်ဖို့နေရာပေးလိုက်သည်။

ရှောင်ဟန်က ကျိုးယွင်ကို အပြုံးလေးစွက်ပြီး ပြောလာခဲ့သည်။

"အင်...ဟုတ်တယ်...ကော ပျင်းလို့ ဒီနေရာမှာ လာထိုင်နေတာ...ကောကို လိုက်ရှာရလို့... အားယွင်လေးကို ပင်ပန်းစေမိပြီ..."

ကျိုးယွင်က အရင်ကလို မဟုတ်သည့် ရှောင်ဟန်ရဲ့ အသက်မပါသည့် လေသံအနေအထားကြောင့် သူ၏ လက်ဖမိုးဖြင့် ရှောင်ဟန်နှဖူးကို စမ်းလာခဲ့သည်။

ကျိုးယွင်သည် စိတ်ပူသည့်လေသံလေးစွက်ကာ ပြောလာလေ၏။

"ကော...နေမကောင်းလို့လား...မှိုင်တွေတွေကြီးနဲ့....နေလို့ထိုင်လို့ မကောင်းဖြစ်နေတာလား...ဒါဆို...အိမ်ထဲ ဝင်ရအောင်လေ...အပြင်မှာ လေစိမ်းတွေတိုက်တော့ ထပ်နေမယ်ဆိုရင်...ကောနေမကောင်းဖြစ်လိမ့်မယ်..."

ရှောင်ဟန်က ကျိုးယွင်ရဲ့ စကားအပြောကြောင့်
သက်ပြင်းတစ်ချက်ချလိုက်ရင်း
ကျိုးယွင်၏မျက်ဝန်းများကို သေသေချာချာ ကြည့်ကာ ပြောလာခဲ့သည်။

"အားယွင်...အားယွင် ကောကို အခုပြောသင့်တဲ့ စကားက ဒီစကား မဟုတ်ဘူးလို့ ကော ထင်တာပဲ...အားယွင်မှာ...ကောကို တခြားပြောစရာ စကား ဒါမှမဟုတ် အသိပေးစရာစကား တကယ်ကြီး
ကို မရှိတာလား..."

ရှောင်ဟန်၏ အသံအနေအထားက စိတ်ဆိုးနေသည့်
ဟန်ပေါ်သော်လည်း သေချာနားထောင်ကြည့်ပါက
ဝမ်းနည်းသံစွက်နေပါသေးသည်။

ကျိုးယွင်က ရှောင်ဟန်၏ မျက်ဝန်းအကြည့်များကို ဖယ်ခွာလိုက်ပြီး တစ်ဖက်က ပန်းရူခင်းတွေဘက်ကို
မသက်မပါစွာ ကြည့်ရင်း စကားဆိုလာခဲ့သည်။

"ကော...ဒါဆို ကော သိပြီးသွားပြီပေါ့...ဒါလည်း ကောင်းတာပါပဲ...ကျွန်တော်ကိုယ်တိုင် အသိပေးပြောပြစရာမလိုတော့ဘူးပေါ့..."

ရှောင်ဟန်က သူ့ရဲ့ ဝမ်းနည်းသံစွက်နေသည့် လေသံကို သတ်နိုင်သမျှ ဖုံးဖိထားလိုက်ကာ

"အားယွင်...အားယွင်ဘာတွေတွေးနေတယ်ဆိုတာ ကောတကယ်နားမလည်တော့ဘူး... ဘယ်အချိန်ကျမှ ဒီကိစ္စကို ပြောဖို့ စဉ်းစားထားတာလည်း...အစောကြီး ကတည်းက ကောကို ပြောပြထားသင့်တယ်လို့ မတွေးမိဘူးလား...မနေ့ညက အဖေခေါ်ပြောမှပဲ ...မနက်ဖြန်ကျရင် မင်း USကိုသွားတော့ မှာဆိုတာကို ငါသိခွင့်ရလိုက်တာ မင်း..
ငါ့ကို အခုထိ ပြောပြဖို့ တကယ်အစီအစဉ်မရှိသေးတာလား...ဒါမှမဟုတ်...မင်း USကိုရောက်မှ ငါသိခွင့်ရမှာလား..."

ရှောင်ဟန်သည်က ကျိုးယွင်အပေါ် စကားပြောဆိုသည့် အခါမျိုးတွင် တစ်ကြိမ်တစ်ခါမှ 'မင်း'တွေ 'ငါ'တွေ သုံးနှုန်းသည့် လူစားမျိုးမဟုတ်။ သို့သော် လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် သတိပင်မထားမိလိုက်ဘဲ ပြောထွက်လာခဲ့တာဖြစ်သည်။

ကျိုးယွင်က သူ့အမှားကိုသူသိသည့် အမူအရာဖြင့် မျက်လွှာချလိုက်ကာ မဝင့်မရဲ ပုံစံဖြင့်
စကားဆိုလာသည်။

"တောင်းပန်ပါတယ်...ကော...ကောကို ပြောပြဖို့ အကြိမ်ကြိမ်ကြိုးစားပါသေးတယ်... ဒါပေမဲ့...ပြောဖို့
ကြိုးစားတိုင်း ကျွန်တော့် နှုတ်က လုံးဝ ပြောလို့ မထွက်ဘူးဖြစ်နေမိတယ်...ပြီးတော့ ဒီစကားကို ကောကို ဘယ်လိုပြောပြရမလည်းဆိုတာ ကျွန်တော်တကယ်မသိဘူး...အခုကျွန်တော့်ရဲ့ စဉ်းစားဉာဏ်တိမ်ပါးမှုတွေကြောင့် ကောစိတ်ကိုထိခိုက်စေမိပြီ ကျွန်တော့်အမှားပါ..."

ထိုသို့ပြောဆိုပြီးသည်နှင့် ကျိုးယွင်သည် ရှောင်ဟန်သူ့ကို အမြန်စိတ်ဆိုးပြေသွားစေရန် မျက်နှာငယ်လေးဖြင့်ကြည့်ရှု့၍လာခဲ့သည်။

ရှောင်ဟန်သည်လည်း သူ့ကြောင့် ကျိုးယွင် စိတ်မကောင်းဖြစ်သွားရမှာမျိုးကို လုံးဝမလိုလားသည့် သူတစ်ယောက်ဖြစ်နေသည့်အတွက်ကြောင့် သူက ကျိုးယွင် စိတ်ချမ်းသာသွားအောင် ဖျစ်ညစ်ပြုံးလိုက်ပြီး
အမြန် နှစ်သိမ့်ပေးလာသည်။

"အင်...ကောနားလည်ပြီ...ကော နားလည်သွားပြီမို့လို့
စောစောက ကောပြောလိုက်တဲ့ စကားတွေကို အားယွင်လေး စိတ်ထဲမထည့်နဲ့...ခုနက ​ကောလည်း အားယွင်လေးက မနက်ဖြန်ဆိုရင်သွားရတော့မယ်ဆိုတာကို နောက်ကျမှ သိလိုက်ရလို့... ရုတ်တရက်ကြီးဆိုတော့ အခြေအနေကို
လက်မခံနိုင်ဘူးဖြစ်သွားတယ်...ပြီးတော့ အဖေကပြောမှ ...အချိန်လွန်မှ...သိလိုက်ရတာဆိုတော့ စိတ်မကောင်းဖြစ်သွားရလို့ပါ...
အခု ကော နားလည်လက်ခံပေးနိုင်ပြီ...ပြီးတော့ ကျောင်းသွားတက်ရတာမဟုတ်လား...
အားယွင်လေးရဲ့ ရွေးချယ်မှု့ကို မှန်ကန်တယ်လို့ ကောယူဆတယ်...အဲ့ဒါကြောင့်
စောစောက ကောပြောလိုက်တာကို စိတ်ထဲလုံးဝမထားနဲ့နော်..."

ထိုအခါမှ ကျိုးယွင်၏ မျက်နှာက အပြုံးများဝေဆာလာခဲ့ပြီး ပြန်ဖြေလာသည်။

"ဟုတ်...ကော...ကောကျွန်တော့်ကို အခုနားလည်ပေးလို့ ကျွန်တော် အရမ်းပျော်တာပဲ...
ကျွန်တော့်မှာ အခုလို အမြဲ နားလည်ပေးနိုင်တဲ့ကောရှိနေတာ...ကျွန်တော် အရမ်းကံကောင်းတယ်လို့ပဲ ဆိုရမလားတောင် မသိတော့ဘူး..."

ရှောင်ဟန်က ကျိုးယွင်ရဲ့ ခေါင်းကို ခပ်ဖွဖွ ပွတ်သတ်ပေးလိုက်မိပြီး သိမ့်မွေ့ညှင်သာသည့် အပြုံးလေးဖြင့်ပြုံးပြကာ ​ပြောလာခဲ့သည်။

"အားယွင်လေးကပဲ ကောကြောင့်ကံကောင်းရတာမဟုတ်ပါဘူးနော်...ကော ကသာ အားယွင်လေးကြောင့် အမြဲကံကောင်းနေရတဲ့သူပါ...နောက်ဆိုရင်...ကော အခုလို အမြဲ ကံကောင်းနိုင်ပါတော့မလား လို့တောင် တွေးပြီး ဆိုးရိမ်မိတယ်..."

ကျိုးယွင်က ရှောင်ဟန်ကို နားမလည်စွာ ကြည့်လာပြီး မေးလာသည်။

"ဘာလို့လဲ..."

ရှောင်ဟန်က စဉ်းစဉ်းစားစား အမူအရာလေးဖြင့်ပြန်ဖြေလာခဲ့သည်။

"ဟုတ်တယ်လေ...အဆိုးလေး အရွယ်ရောက်လာခဲ့တဲ့ တစ်နေ့ကျရင် အဆိုးလေးမှာသက်ဆိုင်တဲ့သူရှိလာတော့မှာမဟုတ်လား...အဲ့လိုဆို
သူက ကောထက်တောင် ပိုပြီးတော့ ကံကောင်းတော့မှာပေါ့...အဲ့အချိန်ကျရင် ကောအခုလို ကံကောင်းနိုင်တော့ မှာမဟုတ်ဘူးလေ..."

ကျိုးယွင်က ရှောင်ဟန်၏ စကားအဓိပ္ပါယ်ကို လေးလေးနက်နက် စဉ်းစားလိုက်ပြီး အမေးစကားဖြင့် ဆိုလာခဲ့သည်။

"သြော်...အဲ့လို့လား...ကောက အဲ့လို ထင်တာလား...
ဒါပေမဲ့... အဲ့ဒီလူက ကောပြောသလို ကံကောင်းတယ်လို့မထင်မှတ်ရင်ရော..."

ရှောင်ဟန်က ခေါင်းတခါခါဖြင့် ကျိုးယွင်စကားကို တုန့်ပြန်လာခဲ့သည်။

"အဲ့လိုဆိုရင်တော့...အဲ့ဒီလူက...သူ့ကိုသူ လိမ်ညာနေတာ...အမှန်တရားကို လက်မခံနိုင်တာ...အားယွင်လေး...ကော ပြောတာကိုပဲ ယုံ...ကြားလား...မဟုတ်တာတွေကိုလျောက်မတွေးနဲ့..."

"ဒါဆို ကောပြောတာကို ကျွန်တော် ယုံလိုက်ပြီနော်...
တစ်ချိန်ကျရင်...ဒီစကားကိုကောပြောခဲ့တာ မဟုတ်ဘူးဆိုပြီး​ ကောလာမငြင်းနဲ့...ကျွန်တော် မှတ်ထားလိုက်ပြီ...သြော် ခဏနေဉီး..."

ကျိုးယွင်သည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ဖုန်းအသံဖမ်း recorder appထဲကို ဝင်လိုက်ကာ ပြောလာခဲ့သည်။

"ကော...စောစောက ကောပြောလိုက်တဲ့ စကားကို ကျွန်တော်အသံဖမ်းထားချင်တယ်...တစ်ချိန်ကျရင်...ကောက အဲ့စကားကို ကောမပြောခဲ့ဖူးဘူးဆိုပြီး ငြင်းဆန်လာတာမျိုးကို ကျွန်တော် မလိုချင်ဘူး...အဲ့ဒါကြောင့် ကောရဲ့ အသံကို ဖမ်းပြီး သိမ်းထား လိုက်ချင်လို့... ကောပြန်ပြောပေးနိုင်မလား..."

ရှောင်ဟန်က ကျိုးယွင်ကို နားမလည်စွာ ကြည့်လာခဲ့သည်။သို့ပေမဲ့ သူက ကျိုးယွင်ကို ကလေးကလားအရမ်းဆန်လွန်းတယ်ဟုသာ ယူဆလိုက်ကာ တစ်ချက်ပြုံးလိုက်လေသည်။ရှောင်ဟန်က ခေါင်းလေးငြိမ့်ကာပြောလာခဲ့သည်။

"အမ်...ဒါဆိုရင်လည်း...အဆိုးလေး စိတ်ချမ်းသာအောင် ကောပြန်ပြောပေးမယ်လေ...ဟုတ်ပြီလား...ကဲ...ဒါဆို ကောဘယ်နေရာကနေ စပြီးပြန်ပြောရမှာလည်း..."

"ကျွန်တော် စောစောကအတိုင်းပဲ ပြန်မေးမှာ ကောလည်း နဂိုပြောထားတဲ့ အတိုင်းပြန်ဖြေပေးရုံလောက်ပဲ...ရတယ် မဟုတ်လား..."

"အင်...ရတယ်..."

ကျိုးယွင်က recorder ခလုပ်ကိုနှိပ်လိုက်ပြီး ပြောလာသည်။

"ကော...ကျွန်တော် နဲ့ သက်ဆိုင်လာမဲ့သူက ကောပြောလိုက်သလိုပဲ...သူက သူ့ကိုယ်သူ ကံကောင်းတယ် ဆိုပြီး မထင်မှတ်ရင်ရော..."

ရှောင်ဟန်သည် သူ့အပြောစကားတွင် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလာခဲ့သည်။

"အဲ့လူက အဲ့ဒီလို ခံယူပြီး ပြောလာခဲ့မယ်ဆိုရင်...သေချာတာ တစ်ခုက သူက သူ့ကိုယ်သူ လိမ်ညာနေတာ...အမှန်တရားကို လက်မခံချင်တာ...လက်မခံနိုင်ဘူးဖြစ်နေတာ...အဲ့ဒါကြောင့် ကောပြောတာကိုပဲ ယုံပေး...သူက သိပ်ကို ကံကောင်းတာ...ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေတယ်ဆိုတာ လုံးဝ ချွင်းချက်မရှိဘူးဆိုတာပဲ... "

ရှောင်ဟန်က သူ၏ စကားများကို အရင်ပြောလိုက်သည့်စကားထက် အပိုစာလာလေးများ ထပ်မံ၍ပင် ဖြည့်စွက်ပြောကြားလိုက်သေးသည်။

ရှောင်ဟန်၏ စကားဆုံးသည်နှင့် ကျိုးယွင်၏ နှုတ်ခမ်းတစ်ဖက်က ကျေနပ်သည့်အမူအရာဖြင့် တွန့်ကွေးလာခဲ့သည်။ ကျိုးယွင်၏ ကျေနပ်နေသည့်အမူအရာက အခြားသူများကဲ့သို့ လုံးဝဟုတ်မနေပါပဲ...ညစ်ကျယ်ကျယ်အပြုံးမျိုးလည်း စွက်နေပါသေးသည်။ သူက သူ့ရဲ့ လျှာထိပ်ကို သူ၏ သွားအချွန်နဲ့ ထပ်တလဲလဲ ထိုးစွ ပွတ်သပ်လိုက်ပြီး ရှောင်ဟန် မရိပ်မိအောင် ရှောင်ဟန်ကို စူးနက်ကာ
ဆာလောင်နေပြီဖြစ်သည့် ဝံပုလွေတစ်ကောင်၏ အကြည့်မျိုးဖြင့် စိုက်ကြည့်လာခဲ့သည်။
သူ၏ အတွေးများဟာလည်း ပုံမှန် ဟုတ်မနေခဲ့ပါပဲ...နောင်သုံးနှစ်ကို ခုန်ကူးကျော်လွန်ပြီး အတွေးနယ်ချဲ့ကာနေလေတော့သည်။

ကျိုးယွင်သည် ရှောင်ဟန်မျက်ဝန်းအကြည့်က သူ့ဆီကို ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် စိတ်ရိုင်းများကို ဖုံးကွယ်ထားလိုက်ပြီး အလိုလိုက်ခံချင်သည့် ကောင်လေးတစ်ယောက် အမူအရာကို ပြောင်းလဲလိုက်လေကာ ပြောလာခဲ့သည်။

"ရှောင်ဟန်ကော...မနက်ဖြန်ဆို ကျွန်တော်က သွားရတော့မှာဆိုတော့...ကော လုပ်ကျွေးတဲ့ ...ဖက်ထုပ်အရည်သောက်လေး...စားသွားချင်သေးတယ်...အခုလုပ်ပေးမယ် မဟုတ်လားဟင်...နောက်ဆို စားချင်ရင်တောင် စားလို့ မရတော့ဘူးဆိုတော့လေ..."

ရှောင်ဟန်က ကျိုးယွင်ရဲ့ နဖူးလေးကို တစ်ချက်တောက်လိုက်မိပြီး

"အင်း...အဆိုးလေးစားချင်တယ်ဆိုရင် ကော
လုပ်ပေးမယ်လေ...ဟိုကနေ ပြန်ရောက်လာတဲ့ အခါကျရင်လည်း အဆိုးလေးစားချင်တာတွေ ကိုယ်တိုင် ချက်ကျွေးမယ်...အဲ့ဒါကြောင့် အခုလိုကြီး ချွဲပြ
မနေနဲ့တော့...လူကဖြင့် အရွယ်ရောက်နေပြီ
အခုအရွယ်ကြီးအထိ ချွဲတတ်နေတုန်း...လာ အိမ်ထဲဝင်ကြရအောင်..."

"ဟုတ်...ကော..."

ကျိုးယွင်သည် အရှေ့မှဉီးဆောင်ပြီး ထွက်သွားသည့် ရှောင်ဟန်ကော အနောက်ကသာလိုက်ကာ လိုက်လာခဲ့လိုက်သည်။

---------------
မီးဖိုချောင်အခန်း ထဲတွင်
ရှောင်ဟန်သည် ကျိုးယွင် စားချင်ပါသည့် ဖက်ထုပ်များကို စိတ်ရှည်လက်ရှည်ဖြင့် ပြုလုပ်လို့နေလေသည်။

ကျိုးယွင်သည်ကား ဘေးအနီးနားတွင်ရှိသည့် စားပွဲဝိုင်းပေါ်တွင် လက်ထောက်ပြီး မေးတင်ကာ ရှောင်ဟန်ကို တစိမ့်စိမ့် ကြည့်ကာနေလေခဲ့သည်။
ကျိုးယွင်၏ အကြည့်များသည်က အစပိုင်းတွင် ပျော်ရွှင်နေသည့် ပုံပေါ်သော်လည်း တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ဝမ်းနည်း စိတ်မကောင်းဖြစ်သွားလေပြန်သည်။

သူသည်က ရှောင်ဟန်ကို ပျောက်ကွယ်သွားမည် ဆိုးသည့်အလား ပူပန်သည့် အကြည့်များဖြင့် တစ်ဖန်ကြည့်ရှု့လာခဲ့ပြီး မသိလိုက်သာသာဖြင့် လက်သီးကို ခပ်ကျစ်ကျစ်ဆုပ်ထားမိပြန်သည်။

ကျိုးယွင်ဟာ ဂျုံသားများကို စိတ်ရှည်လက်ရှည်ဖြင့် ပုံဖော်ကာ ဖက်ထုပ်လေးများကို တစ်ခုပြီးတစ်ခု ပြုလုပ်နေခဲ့ပါသည့် ရှောင်ဟန်ကို ကြည့်ပြီး အချိန်အကြာကြီး ခွဲခွာဝေးကွာရမည်ကို တွေးတောမိလိုက်ပြီး ရတတ်မအေးဖြစ်လာရ​တော့သည်။

နောင်တစ်ချိန်တွင် ရှောင်ဟန်ဆိုသည့် ဤလူသားက ယခုပုံစံ ယခုလိုမျိုး သူ့ကို ပြောဆို မဆက်ဆံတော့ပါ ဘဲ အနေစိမ်း သွေးအေးသွားမည်ကိုလည်း သူစိုးရိမ်မိသည်။
ကျိုးယွင်သည် တစ်ချိန်က အိမ်အပြန်ညတွင် မိခင်ပြောလိုက်ပါသည့် စကားများကို ရုတ်တရက် ပြန်လည် အမှတ်ရလိုက်ပြီး နှလုံးခုန်နှုန်းတွေ မြန်ဆန်လာကာ ခေါင်းတစ်လုံးပင် ထိုးကိုက်လာရတော့သည်။

ရှောင်ဟန်ကတော့ ဖက်ထုတ်ပြုလုပ်ရာတွင်သာ အာရုံစိုက်ထားလေသည့် အတွက်ကြောင့် သူသည်က ကျိုးယွင် ဖြစ်ပျက်နေမှုများကို သတိမထားမိလိုက်ပေ။

ကျိုးယွင် မျက်ဝန်းများသည် ရူးနှမ်းသွက်ချာပါသည့် အကြည့်များသို့ တဖြည်း ဖြည်းချင်း စတင်ကာ ကူးပြောင်းနေလျက်ရှိပြီး သူ၏ စိတ်ထဲတွင်လည်း စိတ်အာရုံများကို ထိန်းချုပ်နိုင်လိုက်ပုံမရတော့ဘဲ အတွေးစိတ်များသည်ကား မိခင်ပြောနေပါသည့် အသိပေးစကားများကိုသာ အကျော့ကျော့ အဖန်ဖန် ကြားယောင်နေလျက်ရှိပေသည်။

ကျိုးယွင်သည် ခေါင်းကိုက်ဝေဒနါကို ရှောင်ဟန်မသိမြင်နိုင်စေရန်အတွက် တစ်ယောက်တည်းကြိတ်မှိတ်ပြီး အသံတိတ်တွန်းလှန်၍နေခဲ့သည်။
အချိန်အတန်ကြာသည်အထိ တွန်းလှန်နေခဲ့သည့် သူ၏ ပုံစံသည် ဒဏ်ရာရနေသည်ကို အသိမခံချင်ပါသည့် ကျားနာ တစ်ကောင်လိုပင် ။

နောက်ဆုံးတွင် ကျိုးယွင်၏ အသိစိတ်များသည်ကား လွတ်ထွက်၍သွားလေတော့သည်။
သူသည်ကား သူကြားယောင်နေခဲ့ပါသည့် စကားလုံးများကို တောင်းပန်ရိုကျိုးမှုများဖြင့် မဟုတ်ဘဲ ဒေါသ အမှောင်ဘက်ခြမ်းစိတ်ရိုင်းများဖြင့်သာ တွန်းလှန်နိုင်ခဲ့လေပြီး နောက်ဆုံးတွင်တော့ လွတ်မြောက်သွားဟန်ရှိပေသည်။သူ့၌တွင် အစကတည်းကကောင်းမွန်သည့် စိတ်ဝိညာဉ်သည်က လုံးဝ နတ္ထိ ဖြစ်နေလေပြီမဟုတ်လား...
ထို့ကြောင့်လည်း စိတ်ရိုင်းနဲ့သာ တွန်းလှန်လိုက်နိုင်တာဖြစ်သည်။

ကျိုးယွင်၏ စူးနက်ကာမဲမှောင်နေပါသည့် မီးတောက်မျက်ဝန်းများက ရှောင်ဟန်ကို စိတ်တ္တဇဆန်စွာ ကြည့်ရှု့လာခဲ့သည်။

သူက သူ့ကိုသူ ယုံကြည်ချက်အပြည့်အဝရှိသည့် သူတစ်ယောက်လို့ ကနဉီးကတည်းက ယူဆထားသည့် သူတစ်ယောက်ဖြစ်နေသည့် အတွက်ကြောင့်
သူ့အစွမ်းအစ ...သူ့အကြံအစည် ...သူ၏ ရည်ရွယ်ချက်များအားလုံးက နောင်တစ်ချိန်တွင် ပြီးမြှောက် အောင်မြင်လာနိုင်မည်ကို ယုံကြည်၍ ညစ်ကျယ်ကျယ်အပြုံးဖြင့် နှုတ်ခမ်းတစ်ဖက်ကို သွားအချွန်လေးများ မြင်ရသည့်အထိ တွန့်ကွေးပစ်လိုက်သည်။

ကျိုးယွင်သည် ထိုင်နေရာမှ ထရပ်လိုက်ပြီ ရှောင်ဟန်ဆီသို့ ခြေလှမ်းများကို ဖြည်းဖြည်းချင်း လျောက်လှမ်းသွားလေသည်။

သူသည် ဖက်ထုပ် ပြည့်ပြည့် ဖောင်းဖောင်းလေးများကို ရေဆူအိုးထဲကို ထည့်နေပါသည့် ရှောင်ဟန်ရဲ့ အနောက်ဘက်တွင် ရပ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ခါးသွယ်သွယ်လေး၏ ဘေးတစ်ဖက်စီကို လျှိုသွင်းပစ်လိုက်ပြီး တင်းတင်းကြပ်ကြပ်ဖက်လိုက်လေတော့သည်။

ကျိုးယွင်၏ ရုတ်တရက်ဆန်ဆန်ပြုမူလိုက်သည့် အမူအကျင့်ကြောင့် ရှောင်ဟန်သည်ကား လုပ်လက်စအလုပ်ကိုပင် ဆက်မလုပ်နိုင်တော့ဘဲ လန့်ဖြန့်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားတော့သည်။

ရှောင်ဟန်၏ အမေးစကားမစလိုက်ရသေးခင်မှာပဲ ကျိုးယွင်ရဲ့ တောင်းဆို ရို့ကျိုးသံ သည်းသည်းက ထွက်ပေါ်လာခဲ့သည်။

"ကော...ခဏလေးပါပဲ...တကယ်ကို ခဏလေးပဲ ဖက်ထားမှာမို့...ကော ငြိမ်ငြိမ်လေးလက်ခံပေးမယ် မဟုတ်လား...အဲ့လိုလုပ်မှ...ဟိုမှာ နေရတဲ့ အတောအတွင်း ကျွန်တော် ဖြေသိမ့်နေနိုင်မှာ...ဒီအတိုင်းလေးပဲ ရပ်နေပေးပါ...ကော...ဒါက ကျွန်တော် မသွားခင် နောက်ဆုံး အနေနဲ့တောင်းဆိုချက်တစ်ခုမို့ပါ..."

ရှောင်ဟန်က သူ့ကျောပြင်တစ်ခုလုံးနဲ့ ကျိုးယွင်ရဲ့ရင်ဘတ်တစ်ခုလုံးက အရမ်းအတင်းအကြပ်ကြီး
ကပ်ခံထားရတာကို မနေတတ်ပေမဲ့ ကျိုးယွင်မသွားခင်မှာ စိတ်မကောင်းဖြစ်သွားရတာမျိုး မလိုချင်သည့်အတွက်ကြောင့် တောင်းဆိုမှုအတိုင်း ငြိမ်ငြိမ်လေး ရပ်နေပေးမိသည်။

ကျိုးယွင်၏ ခဏလေးပါဆိုသည့် တောင်းဆိုချက်သည် လုံးဝကို ဟုတ်မှန်မနေခဲ့ပါချေ။ ယခုတွင်
ခန့်မှန်းခြေ ကြာချိန်နာရီဝက်ကျော်လောက်မျှပင်
ရောက်ရှိနေပါပြီ ဖြစ်သော်လည်း ကျိုးယွင်သည်ကား လုံးဝကို လွတ်ပေးမလာခဲ့ပါဘဲ သုံးနှစ်လောက်ဝေးကွာရပါတော့မည်ရှောင်ဟန်၏ ကိုယ်သင်းနံ့လေးများကို အားမရစွာ ရှုရှိုက်၍သာ နေလေသည်။

ရှောင်ဟန်သည် သူ၏ ခြေထောက်နှစ်ဖက်လုံး ညောင်းညာ ထုန်ကျင်လာခဲ့ပြီ ဖြစ်ပေမဲ့ "တော်သင့်ပြီ" ဆိုသည့်စကားလုံးများကို သုံးနှုန်းလိုက်ရန် စိတ်ကူးမရှိပါချေ။
သူသည်လည်း ယခုလက်ရှိတွင်
ကျိုးယွင်နဲ့ ဝေးကွာရမည်ကို တွေးမိလိုက်တိုင်း ရင်ဘတ်တစ်နေရာတွင် ဝမ်းနည်းကာ စို့တက်လာရသည့်အတွက်ကြောင့် လက်တွေကို ဖယ်ခွာမသွားစေရန်အတွက်ပင် တိိတ်တဆိတ် ဆုတောင်းနေမိသည်။

ရှောင်ဟန်၏ မျက်ဝန်းများက နီရဲလာရပြီး မျက်ရည်များပင် အလိုလိုနေရင်း လိမ့်ဆင်းလာရတော့သည်။

ရှောင်ဟန်က ကျိုးယွင်မသိအောင် တိတ်တဆိတ်မျက်ရည်ကျနေမိလေသည်။
သို့သော်လည်း သူ၏ မျက်ရည်စက်များက ကျိုးယွင်၏ လက်ပေါ်ကို ကျဆင်းသွားလေသည့်ဟန်ပေါ်ပေသည်။

ကျိုးယွင်က ချက်ချင်း သတိထားမိသွားပြီး ရှောင်ဟန်ကို သူ့ဘက် အမြန်ဆွဲလှည့်ပစ်လိုက်ပြီး စိုးရိမ်တကြီးနှင့် မေးလာခဲ့တော့သည်။

"ရှောင်ဟန်ကော...ကော...ငိုနေတာလား...ဒီလိုလုပ်တာ မကြိုက်လို့လား..."

ရှောင်ဟန်က ခေါင်းကို ခပ်မြန်မြန် ခါလိုက်ပြီး မျက်ရည်ကို လက်ခုံဖြင့်သုပ်ကာ ပြန်ဖြေလာလေသည်။

"မဟုတ်ဘူး...အမှန်တော့...ကော ...အားယွင်နဲ့ အကြာကြီး ခွဲရမှာကိုတွေးပြီး ဝမ်းနည်းမိလို့ပါ..."

ထိုအခါမှ ကျိုးယွင်ရဲ့ မျက်နှာက ပုံမှန်အတိုင်းဖြစ်သွားရပြီး နှစ်ခြိုက်စွာ ပြုံးရယ်လိုက်ကာ မျက်ရည်တွေကို သူကိုယ်တိုင်သုပ်ပေးလာခဲ့သည်။

"ဝမ်းမနည်းပါနဲ့...ထပ်မငိုနဲ့တော့...ခေါင်းကိုက်လိမ့်မယ်...ကျွန်တော်က အလကားသွားမှာမှမဟုတ်ဘဲ...ကျောင်းသွားတက်ယုံလေးပဲဲကို...နောက်ပြီး
သိပ်မကြာခင် ပြန်လာခဲ့မှာကို..."

"ဒါဆို ကောဆီကို နေ့တိုင်း မဟုတ်ရင်တောင်...အပတ်တိုင်း ဖုန်းဆက်ပေးမယ်...မဟုတ်လား...ကောရဲ့ ဖုန်းနံပါတ်ကို မှတ်မိလား..."

ကျိုးယွင်က မသိမသာ တစ်ချက်တွေဝေသွားပေမဲ့...
ချက်ချင်းပဲ ခေါင်းငြိမ့်လက်ခံလိုက်ကာ ပြောလာသည်။

"အင်...ကျွန်တော် မှတ်မိတယ်...ဆက်လိုက်မယ်နော်...နောက်ပြီး ကောရဲ့ ကျန်းမာရေးကို လည်း ဂရုစိုက်အူး...အပြင်ကိုသွားတိုင်းလည်း အနွေးထည်ထူထူ အမြဲဝတ် ....ဝတ်မယ်မဟုတ်လား..."

"အင်...ကော ကတိပေးတယ်...အမြဲဝတ်မယ်... ဟုတ်ပြီလား..."

"ဟုတ်..."

မီးဖိုချောင်အခန်း ၏ အဝင်ဝတွင်လည်း ကျိုးသခင်ကြီး ကျိုးဟန်သည်လည်း သားဖြစ်သူနဲ့ မွေးစားသားဖြစ်သူတို့ကို ရပ်ကြည့်နေခဲ့သည်ကား အချိန်အတော်ကြာပြီဖြစ်သည်။

သားဖြစ်သူက သူ့ထက် သားရှောင်ကိုသာ သံယောဇဉ် ပို မှန်းသူလည်း အစကတည်းက သိထားသည်။ အခုလို ခွဲခွာပြီးနေရမည့်အတွက်ကြောင့် စိတ်မကောင်း ဖြစ်မိတာကလွဲပီး သူလည်းဘာမှ မတတ်နိုင်။
မိမိရဲ့ အစ်ကိုဖြစ်သူက ပထမဆုံးအနေနဲ့ တောင်းဆိုလိုက်သည့် ကိစ္စကိုလည်း သူ မငြင်းလိုက်နိုင်ပါ။
မိမိ၏ အမွှာအစ်ကို ဖြစ်သူသည် မိမိအပေါ်တွင် အစစအရာရာ အမြဲ ဉီးစားပေးခဲ့လေသည်မဟုတ်လား...။
အခြားသူများ မလုပ်နိုင်သည့် အရာများကိုလည်း မိမိအတွက် အမြဲလုပ်ဆောင်ပေးခဲ့လေသည်။
ထိုသူသည် အခြားသူများအပေါ်တွင် မတရားအေးစက်စက်နိုင်လှပါသော်လည်း မိမိအပေါ်တွင်တော့ နွေးထွေးမှု အပြည့်အဝပေးခဲ့သည့် သူတစ်ယောက်ပင်။ သားယွင်အပေါ်ကိုလည်း မိမိကိုပေးခဲ့ပါသည့် နွေးထွေမှုမျိုးကိုပေးနိုင်လိမ့်မည်လို့ သူယုံကြည်သည်။

ထို့အတွက်ကြောင့် အစ်ကိုဖြစ်သူတောင်းဆိုလိုက်သည့် ပထမအရာက သူ၏အချစ်ဆုံးသော သားကျိုးယွင်၏ အနာဂါတ်ဖြစ်နေလျှင်တောင်မှ လိုလိုလားလား ပေးအပ်လိုက်ဖို့ ဆန္ဒရှိသည်။

မိမိ၏ အတိတ်က အကြောင်းအရာများသည် အမွှာအစ်ကိုအပေါ်မှာ မတရားခဲ့သည့် နေ့ရက်များရှိနေခဲ့သည် မဟုတ်လား။
ထို အတိတ်နေ့ရက်များကို တော့ သူပြန်ပြီးလည်း မတွေးတောချင်တော့ပါ။ ထိုအချင်းအရာများက သူတို့နှစ်ယောက်လုံးအတွက်
သိပ်ကို ရှုပ်ထွေးခက်ခဲ ခဲ့ရသည့် နေ့ရက်များပင်
ဖြစ်ခဲ့ရချေသည်။

ကျိုးဟန်သည် သူ၏ အတွေးများကို ရပ်တန့်လိုက်ပြီး ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာခဲ့လိုက်သည်။

-------------------

ဤနေ့ရက်သည်ကား အခြားသူများအတွက် ခွဲခွာမှုအတွက် ဝမ်းနည်းပူဆွေးကြရသည့် နေ့ရက် ဖြစ်နေခဲ့ပေမဲ့ ကျိုးယွဲ့မူဆိုသည့် သူမ အတွက်တော့ ထိုခွဲခွာရသည့် အချင်းအရာအတွက် အတိုင်းမသိ ဝမ်းမြှောက်လို့နေမိသည်။
ယခု အချိန်လောက်ဆိုရင် ဟိုကောင်စုပ်လေးက USကို ထွက်ခွာဖို့အတွက် လေဆိပ်ကို ရောက်နေလောက်ပြီ မဟုတ်လား......

အခုလောက်ဆို ...ဘိုးတော်ကြီးနဲ့...ဂေဟာပါသားလေးလည်း မခွဲနိုင်မခွာနိုင်ဖြစ်ပြီး ဝမ်းနည်းမျက်ရည် ကျနေလောက်ရောပေါ့...ဟင်း...ဟင်း...

လိုက်မပို့ပေးချင်လို့ အကြောင်းပြချက် တစ်ပုံတစ်ခေါင်းကြီးပေးပြီး နေခဲ့လိုက်တာ ဖြစ်ပေမဲ့
အဲ့လို စိတ်ပျက်စရာကောင်းတဲ့ ပူဆွေးဝမ်းနည်းနေတဲ့ မြင်ကွင်းလေးကိုတော့ မြင်ချင်မိသား...

အခုတော့...အတွေးနဲ့ ပုံဖော်ကြည့်ပြီး...ကျေနပ်ပြုံးရယ်နိုင်ယုံသာ သတ်နိုင်တော့သည်။

ကျိုးယွင်ရေ...မင်းပြန်ရောက်လာတဲ့ အချိန်ကျရင်
အရာအားလုံးက မင်းမျှော်မှန်းထားသလိုမျိုး ဖြစ်မနေမှာ...မင်းမဆိုးရိမ်မိဘူးလား...

မင်း တွယ်တာနေတဲ့ မင်းရဲ့ ရှောင်ဟန်က ငါ့တို့ရဲ့ လက်စကြောင့် မင်းအပေါ်မှာ အရင်လို ဖြစ်မနေတော့မှာ...မင်းမကြောက်ဘူးလား...

မင်း ငါနဲ့အဝေးကို ထွက်သွားရလို့ စိတ်သက်သာရာရသွားတယ် ဆိုရင်တောင်မှ မင်းပြန်ရောက်လာတဲ့ အချိန်ကျရင် မင်းအတွက် အပူအပင်တွေ တစ်ပုံတစ်​ခေါင်းကြီး စောင့်မျှော်နေမယ်ဆိုတာ မင်းသိလာစေရမယ်။

အဲ့အချိန်ကျရင်...မင်းက ဝါရင့် စိတ္တဇ သမားကြီးဖြစ်နေလောက်ရောပေါ့...

မင်းရဲ့ အနာဂါတ် လုံးဝ စုပ်ပြတ်သတ်သွားပြီး သုံးစားမရဖြစ်လာဖို့ အချိန် ၃နှစ်ပဲ လိုတော့တယ်...။

ကျိုးယွဲ့မူ အတွေးနယ်ချဲ့နေသည့် အချိန်မှာပဲ တံခါးခေါက်သံထွက်ပေါ်လာခဲ့ပြီး
ကျိုးရန်က လက်ထဲတွင် ဆန်ပြုတ်ဗန်းကို ကိုင်ကာဝင်လာခဲ့သည်။

ကျိုးရန်က အပြုံးစွက်၍ စကားဆိုလာခဲ့သည်။

"အမေ...စောစောကပဲ ခေါင်းတွေအရမ်းကိုက်ပြီး နေလို့မကောင်းဘူးဆိုပြီး အဖေ့ကို ပြောပြီး အိမ်မှာနေခဲ့တာ မဟုတ်ဘူးလား...အခုကျတော့ ဝိုင်တွေကိုသောက်နေတယ်..."

ကျိုးယွဲ့မူက လက်ထဲ ဝိုင်ခွက်ကို ချလိုက်ပြီး ကျိုးရန်လက်ထဲက ဆန်ပြုတ်ဗန်းကို ယူလိုက်ပြီး စားပွဲပေါ်ကိုတင်လိုက်လေသည်။ သူမက ကျေနပ်သည့် မဲ့ပြုံးစွက်ကာ ပြောလာလေသည်။

"အမေအခု ဆန်ပြုတ်သောက်စရာမလိုတော့ပါဘူး...ငါ့သားကိုပင်ပန်းအောင်လုပ်မိပြီ...အလုပ်သမားတွေကို လာပို့ခိုင်းလိုက်တာမဟုတ်ဘူး..."

ကျိုးရန်က မိခင်ရဲ့လက်ကို ဆုပ်ကိုင်လာခဲ့ပြီး
ပြောလာသည်။

"အမေကလည်း သားက အမေ့ကို ကိုယ်တိုင်ပြုစုပေးလို့တောင် ညီလေးကို လေဆိပ်လိုက်မပို့တော့ဘဲ အခုလို နေခဲ့လိုက်တာလေ...တခြားသူတွေကို မခိုင်းချင်ပါဘူး...ကိုယ်တိုင်ပဲ...လုပ်ပေးချင်တာ..."

"သိတတ်လိုက်တာ...ငါ့သားလေးက..."

ကျိုးရန်က မိခင်ဖြစ်သူရဲ့ မျက်နှာ သွင်ပြင်ကို တစ်ချက် အကဲခတ်လိုက်ပြီး မေးလာလေသည်။

"ဟို...အမေ...ညီလေးက USကို သွားတာ ဝမ်းမနည်းဘူးလား..."

ကျိုးယွဲ့မူက တစ်ချက်ပြုံးလိုက်ကာ

"နည်းတာပေါ့...ဒါပေမဲ့...အမေ့မှာ ဟောဒီ ချစ်ရတဲ့ သားကြီးရှိနေတော့ ဖြေသာနိုင်တယ်လေ...ငါ့သားသာ အမေနဲ့ အဲ့လို ခွဲပြီးထွက်မသွားနဲ့နော်...မဟုတ်ရင်...အမေ ရင်ကျိုးရလိမ့်မယ်...ကြားလား..."

"ဟုတ်ကဲ့ အမေ..."

ကျိုးရန်က မိခင်ရဲ့ ကျိုးယွင်အပေါ်ထားရှိတဲ့ စိတ်ရင်းကို သိထားပေမဲ့လည်း သိဟန်မပေါ်သည့် ပုံစံကို ပြသထားလေသည်။
မိခင်က သူ့ကိုသာ အရေးပေးမှန်းလည်း သူသိသည်။
အခုလည်း ကျိုးယွင်က ဒီအိမ်ကြီးမှာ ရှိမနေတဲ့ အတောအတွင်းမှာ အိမ်တော်ကြီးနဲ့ သက်ဆိုင်သည့်
အရာအားလုံးကို သူ၏လက်ထဲ ရောက်ရှိလာနိုင်ရန်
ကြိုးစားဖို့ ဆုံးဖြတ်ထားလေသည်။
ဖခင်မွေးစားထားသည့် ရှောင်ဟန်ကိုလည်း အစီအစဉ် အတိုင်း ဒုက္ခပေးကာ ကျိုးယွင်နားလည်မှု လွဲသွားစေရန် ကြံရွယ်ထားလိုက်သည်။

ဒီလို ကိစ္စတွေကို တကယ်တမ်းလုပ်ဆောင်ချင်ပါက သူ့အတွက်တော့ လွယ်လွယ်လေးပင်...
သူက အချိန်ကောင်းကို စောင့်ဆိုင်းနေယုံမျှသာ..

ယခုတွင်...ကံကြမ္မာက သူ့ကို မျက်နှာသာ ပေးလာခဲ့ပြီ မဟုတ်လား...

ကျိုးယွင်...မင်းနဲ့ငါ...ယှဉ်ပြိုင်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ...အမြဲတမ်း ရှုံးနိမ့်နေတဲ့ သူက မင်းဖြစ်နေတဲ့ အတွက် ငါနည်းနည်းတော့ သနားမိတယ်

ဒါပေမဲ့...လူဆိုတာ...နေရာတိုင်းမှာ သနားနေ တွေဝေနေလို့ မဖြစ်ဘူးလေ...

စည်းစိမ်ဉစ္စာနဲ့ ပတ်သတ်လာရင် ရှေးခေတ်ဘုရင်တွေတောင်မှ သွေးသားအချင်းချင်း သတ်ဖြတ်စတေးကြရတာပဲ မဟုတ်လား...

ငါ့ရဲ့ ခံယူချက်ကို ငါက အဆုံးထိ ကျင့်သုံးသွားမှာကြောင့်မို့
မင်းသာ အေးဆေးလေး လမ်းဖယ်ပေးလိုက်ရင်တော့ ကောင်းသား...
မဟုတ်ရင်...မင်းနဲ့ ပတ်သတ်တဲ့လူတွေကိုလည်း ဒီကိစ္စကို ကောင်ထည်ဖော်နိုင်ဖို့ စတေးခံအဖြစ် အသုံးချရလိမ့်မည်...

ငါက အစကတည်းက...အားနာတတ်တဲ့ သူတစ်ယောက်မဟုတ်ဘူး...

ဤတစ်ဖက်တွင် အကြံကုန် တွေးတောကာ
သားအမိနှစ်ယောက် ကျေနပ်စွာ ပြုံးရယ်နိုင်နေပေမဲ့...

အခြားတစ်ဖက်တစ်နေရာတွင်ရှိသည့်...
သွေးမတော်စပ်ပါသည့် သားအဖနှစ်ယောက်သည်လည်း စတင်ထွက်ခွာသွားပြီ ဖြစ်သည့်
လေယာဉ်ဆီသို့သာ အကြည့်လုံးဝ မခွာနိုင်ပါလေဘဲ မျက်စိမြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရင်နင့်စွာဖြင့် ကြည့်ရှု့နေခဲ့ကြရသည်။

လူတိုင်းသည် ချစ်ခင်တွယ်တာရသူနဲ့ ဝေးကွာ
ကွေ့ကွင်းရခြင်းကို မလိုလား မနှစ်မြို့ကြပါပေ...

အတွေးဖြင့်ပင် တွေးရဲကြမည်မဟုတ်...

မကြုံကြိုက်ဖူး​သေးပါသည့် ကျိုးယွဲ့မူလို
လူစားမျိုးအတွက်တော့ ထိုအချင်းအရာများက ရယ်စရာကောင်းနေခဲ့ပေမဲ့...

လက်ရှိ ကြုံတွေ့ခံစားနေရပါသည့် ရှောင်ဟန်တို့အတွက်တော့ နောက်ထပ်ပြန်လည် မရောက်ရှိစေချင်ပါသည့် နေ့ရက်ဆိုးကဲ့သို့ပင်...ဖြစ်ပေမည်။

ဤကဲ့သို့သော ရင်နင့်ဖွယ် ခံစားချက်မျိုးကို သူမ ကိုယ်တိုင် ကြုံတွေ့လိုက်ရမှသာ မည်ကဲ့သို့ဝေဒနါ
ခံစားချက်မျိုးမှန်း သိရှိနားလည်လာနိုင်ပေလိမ့်မည်...

ဤအချင်းအရာသည်ကား... ရယ်စရာ ပျက်လုံးတစ်ခု ဟုတ်မနေခဲ့ဘူးဆိုသည်ကိုလည်း...သူမလက်ခံနိုင်လာပေလိမ့်မည်။

----------
Updateပေးတာ နည်းနည်းနောက်ကျသွားလို့...
တောင်းပန်ပါတယ်...🙏😊

--------------------------------

Zawgyi

က်ိဳးစံအိမ္ေတာ္၏ အေနာက္ဘက္ဉယ်ာဥ္အတြင္းပိုင္းရွိ ဒန္းေပၚတြင္ထိုင္ကာ အေတြးနယ္ခ်ဲ့ေနေလသည့္ သူတစ္ဉီးရွိေလ၏။ သည္တစ္ခါတြင္ေတာ့ ထိုလူသည္ က်ိဳးယြင္ ဟုတ္မေနခဲ့ပါေခ်။
ထိုသူသည္ကား ေရွာင္ဟန္သာ ျဖစ္ေနေလသည္။

ေရွာင္ဟန္သည္ သူ႕လက္ထဲက ေၾကာင္ျဖဴေလး
snowကို ခပ္ဖြဖြပြတ္သတ္ေပးလ်က္ရွိကာ အေတြးနယ္ခ်ဲ့လ်က္ရွိသည္။

ေရွာင္ဟန္၏ မ်က္ႏွာ အမူအရာသည္ကား အသက္မသြင္းထားသည့္ သက္မဲ့ အ႐ုပ္ကေလး တစ္႐ုပ္လို အမူအရာမဲ့ မွိုင္ေတြစြာျဖင့္ ပန္းခင္းမ်ားကိုသာ ၾကည့္ရႈ႕ေနလ်က္ရွိသည္။

ေရွာင္ဟန္၏ အေတြးမ်ားက မည္မွ်ေလာက္ နယ္ကြၽံေနခဲ့သည္လည္း မသိပါေခ်...သူသည္ သူ၏ လက္ထဲတြင္ ပြတ္သတ္ေပးေနပါသည့္ ေၾကာင္ျဖဴေလးက သူ႕လက္ထဲမွ ခုန္ဆင္းသြားတာကိုေတာင္ သတိမမူမိလိုက္ေပ။

တကယ္တမ္းတြင္ေတာ့ ေၾကာင္ျဖဴေလး ခုန္ဆင္းသြားရျခင္း၏ အဓီက တရားခံသည္ က်ိဳးယြင္သာ ျဖစ္ေပသည္။

Snowသည္ သူ႕အေပၚ မၾကင္နာသည့္အျပင္ စိတ္အလိုမက်သည့္အခါမ်ားတြင္ အၿမဲကန္တတ္ပါသည့္ က်ိဳးယြင္ကို ျမင္လိုက္ရ၍သာ ယခုလို
ထြက္ေျပးခုန္ဆင္းသြားရျခင္းျဖစ္သည္။

တိတ္ဆိတ္ေနပါသည့္ ဉယ်ာဥ္ အတြင္းပိုင္းရွိေလထုကို က်ိဳးယြင္၏ ၾသရွရွ ေလသံက ၿဖိဳခြင္းလိုက္ေလသည္။

"ေရွာင္ဟန္ေကာ...တစ္ေယာက္တည္း ဘာထိုင္လုပ္ေနတာလည္း...ကြၽန္ေတာ္ ေကာကို မေတြ႕လို႔လိုက္
ရွာေနတာ...ေကာက ဒီေရာက္ေနတာကို..."

က်ိဳးယြင္ရဲ႕ အသံၾကားမွ ေရွာင္ဟန္က က်ိဳးယြင္ေရာက္လာမွန္း သတိထားမိေတာ့သည္။
ေရွာင္ဟန္က က်ိဳးယြင္ထိုင္လို႔ရေအာင္ ေဘးတစ္ဖက္ကို တိုးေပးၿပီး ထိုင္ဖို႔ေနရာေပးလိုက္သည္။

ေရွာင္ဟန္က က်ိဳးယြင္ကို အၿပဳံးေလးစြက္ၿပီး ေျပာလာခဲ့သည္။

"အင္...ဟုတ္တယ္...ေကာ ပ်င္းလို႔ ဒီေနရာမွာ လာထိုင္ေနတာ...ေကာကို လိုက္ရွာရလို႔... အားယြင္ေလးကို ပင္ပန္းေစမိၿပီ..."

က်ိဳးယြင္က အရင္ကလို မဟုတ္သည့္ ေရွာင္ဟန္ရဲ႕ အသက္မပါသည့္ ေလသံအေနအထားေၾကာင့္ သူ၏ လက္ဖမိုးျဖင့္ ေရွာင္ဟန္ႏွဖူးကို စမ္းလာခဲ့သည္။

က်ိဳးယြင္သည္ စိတ္ပူသည့္ေလသံေလးစြက္ကာ ေျပာလာေလ၏။

"ေကာ...ေနမေကာင္းလို႔လား...မွိုင္ေတြေတြႀကီးနဲ႕....ေနလို႔ထိုင္လို႔ မေကာင္းျဖစ္ေနတာလား...ဒါဆို...အိမ္ထဲ ဝင္ရေအာင္ေလ...အျပင္မွာ ေလစိမ္းေတြတိုက္ေတာ့ ထပ္ေနမယ္ဆိုရင္...ေကာေနမေကာင္းျဖစ္လိမ့္မယ္..."

ေရွာင္ဟန္က က်ိဳးယြင္ရဲ႕ စကားအေျပာေၾကာင့္
သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း
က်ိဳးယြင္၏မ်က္ဝန္းမ်ားကို ေသေသခ်ာခ်ာ ၾကည့္ကာ ေျပာလာခဲ့သည္။

"အားယြင္...အားယြင္ ေကာကို အခုေျပာသင့္တဲ့ စကားက ဒီစကား မဟုတ္ဘူးလို႔ ေကာ ထင္တာပဲ...အားယြင္မွာ...ေကာကို တျခားေျပာစရာ စကား ဒါမွမဟုတ္ အသိေပးစရာစကား တကယ္ႀကီး
ကို မရွိတာလား..."

ေရွာင္ဟန္၏ အသံအေနအထားက စိတ္ဆိုးေနသည့္
ဟန္ေပၚေသာ္လည္း ေသခ်ာနားေထာင္ၾကည့္ပါက
ဝမ္းနည္းသံစြက္ေနပါေသးသည္။

က်ိဳးယြင္က ေရွာင္ဟန္၏ မ်က္ဝန္းအၾကည့္မ်ားကို ဖယ္ခြာလိုက္ၿပီး တစ္ဖက္က ပန္း႐ူခင္းေတြဘက္ကို
မသက္မပါစြာ ၾကည့္ရင္း စကားဆိုလာခဲ့သည္။

"ေကာ...ဒါဆို ေကာ သိၿပီးသြားၿပီေပါ့...ဒါလည္း ေကာင္းတာပါပဲ...ကြၽန္ေတာ္ကိုယ္တိုင္ အသိေပးေျပာျပစရာမလိုေတာ့ဘူးေပါ့..."

ေရွာင္ဟန္က သူ႕ရဲ႕ ဝမ္းနည္းသံစြက္ေနသည့္ ေလသံကို သတ္နိုင္သမွ် ဖုံးဖိထားလိုက္ကာ

"အားယြင္...အားယြင္ဘာေတြေတြးေနတယ္ဆိုတာ ေကာတကယ္နားမလည္ေတာ့ဘူး... ဘယ္အခ်ိန္က်မွ ဒီကိစၥကို ေျပာဖို႔ စဥ္းစားထားတာလည္း...အေစာႀကီး ကတည္းက ေကာကို ေျပာျပထားသင့္တယ္လို႔ မေတြးမိဘူးလား...မေန႕ညက အေဖေခၚေျပာမွပဲ ...မနက္ျဖန္က်ရင္ မင္း USကိုသြားေတာ့ မွာဆိုတာကို ငါသိခြင့္ရလိုက္တာ မင္း..
ငါ့ကို အခုထိ ေျပာျပဖို႔ တကယ္အစီအစဥ္မရွိေသးတာလား...ဒါမွမဟုတ္...မင္း USကိုေရာက္မွ ငါသိခြင့္ရမွာလား..."

ေရွာင္ဟန္သည္က က်ိဳးယြင္အေပၚ စကားေျပာဆိုသည့္ အခါမ်ိဳးတြင္ တစ္ႀကိမ္တစ္ခါမွ 'မင္း'ေတြ 'ငါ'ေတြ သုံးႏႈန္းသည့္ လူစားမ်ိဳးမဟုတ္။ သို႔ေသာ္ လည္း ယခုကဲ့သို႔ အေျခအေနမ်ိဳးတြင္ သတိပင္မထားမိလိုက္ဘဲ ေျပာထြက္လာခဲ့တာျဖစ္သည္။

က်ိဳးယြင္က သူ႕အမွားကိုသူသိသည့္ အမူအရာျဖင့္ မ်က္လႊာခ်လိဳက္ကာ မဝင့္မရဲ ပုံစံျဖင့္
စကားဆိုလာသည္။

"ေတာင္းပန္ပါတယ္...ေကာ...ေကာကို ေျပာျပဖို႔ အႀကိမ္ႀကိမ္ႀကိဳးစားပါေသးတယ္... ဒါေပမဲ့...ေျပာဖို႔
ႀကိဳးစားတိုင္း ကြၽန္ေတာ့္ ႏႈတ္က လုံးဝ ေျပာလို႔ မထြက္ဘူးျဖစ္ေနမိတယ္...ၿပီးေတာ့ ဒီစကားကို ေကာကို ဘယ္လိုေျပာျပရမလည္းဆိုတာ ကြၽန္ေတာ္တကယ္မသိဘူး...အခုကြၽန္ေတာ့္ရဲ႕ စဥ္းစားဉာဏ္တိမ္ပါးမႈေတြေၾကာင့္ ေကာစိတ္ကိုထိခိုက္ေစမိၿပီ ကြၽန္ေတာ့္အမွားပါ..."

ထိုသို႔ေျပာဆိုၿပီးသည္ႏွင့္ က်ိဳးယြင္သည္ ေရွာင္ဟန္သူ႕ကို အျမန္စိတ္ဆိုးေျပသြားေစရန္ မ်က္ႏွာငယ္ေလးျဖင့္ၾကည့္ရႈ႕၍လာခဲ့သည္။

ေရွာင္ဟန္သည္လည္း သူ႕ေၾကာင့္ က်ိဳးယြင္ စိတ္မေကာင္းျဖစ္သြားရမွာမ်ိဳးကို လုံးဝမလိုလားသည့္ သူတစ္ေယာက္ျဖစ္ေနသည့္အတြက္ေၾကာင့္ သူက က်ိဳးယြင္ စိတ္ခ်မ္းသာသြားေအာင္ ဖ်စ္ညစ္ၿပဳံးလိုက္ၿပီး
အျမန္ ႏွစ္သိမ့္ေပးလာသည္။

"အင္...ေကာနားလည္ၿပီ...ေကာ နားလည္သြားၿပီမို႔လို႔
ေစာေစာက ေကာေျပာလိုက္တဲ့ စကားေတြကို အားယြင္ေလး စိတ္ထဲမထည့္နဲ႕...ခုနက ေကာလည္း အားယြင္ေလးက မနက္ျဖန္ဆိုရင္သြားရေတာ့မယ္ဆိုတာကို ေနာက္က်မွ သိလိုက္ရလို႔... ႐ုတ္တရက္ႀကီးဆိုေတာ့ အေျခအေနကို
လက္မခံနိုင္ဘူးျဖစ္သြားတယ္...ၿပီးေတာ့ အေဖကေျပာမွ ...အခ်ိန္လြန္မွ...သိလိုက္ရတာဆိုေတာ့ စိတ္မေကာင္းျဖစ္သြားရလို႔ပါ...
အခု ေကာ နားလည္လက္ခံေပးနိုင္ၿပီ...ၿပီးေတာ့ ေက်ာင္းသြားတက္ရတာမဟုတ္လား...
အားယြင္ေလးရဲ႕ ေ႐ြးခ်ယ္မႈ႕ကို မွန္ကန္တယ္လို႔ ေကာယူဆတယ္...အဲ့ဒါေၾကာင့္
ေစာေစာက ေကာေျပာလိုက္တာကို စိတ္ထဲလုံးဝမထားနဲ႕ေနာ္..."

ထိုအခါမွ က်ိဳးယြင္၏ မ်က္ႏွာက အၿပဳံးမ်ားေဝဆာလာခဲ့ၿပီး ျပန္ေျဖလာသည္။

"ဟုတ္...ေကာ...ေကာကြၽန္ေတာ့္ကို အခုနားလည္ေပးလို႔ ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲ...
ကြၽန္ေတာ့္မွာ အခုလို အၿမဲ နားလည္ေပးနိုင္တဲ့ေကာရွိေနတာ...ကြၽန္ေတာ္ အရမ္းကံေကာင္းတယ္လို႔ပဲ ဆိုရမလားေတာင္ မသိေတာ့ဘူး..."

ေရွာင္ဟန္က က်ိဳးယြင္ရဲ႕ ေခါင္းကို ခပ္ဖြဖြ ပြတ္သတ္ေပးလိုက္မိၿပီး သိမ့္ေမြ႕ညွင္သာသည့္ အၿပဳံးေလးျဖင့္ၿပဳံးျပကာ ေျပာလာခဲ့သည္။

"အားယြင္ေလးကပဲ ေကာေၾကာင့္ကံေကာင္းရတာမဟုတ္ပါဘူးေနာ္...ေကာ ကသာ အားယြင္ေလးေၾကာင့္ အၿမဲကံေကာင္းေနရတဲ့သူပါ...ေနာက္ဆိုရင္...ေကာ အခုလို အၿမဲ ကံေကာင္းနိုင္ပါေတာ့မလား လို႔ေတာင္ ေတြးၿပီး ဆိုးရိမ္မိတယ္..."

က်ိဳးယြင္က ေရွာင္ဟန္ကို နားမလည္စြာ ၾကည့္လာၿပီး ေမးလာသည္။

"ဘာလို႔လဲ..."

ေရွာင္ဟန္က စဥ္းစဥ္းစားစား အမူအရာေလးျဖင့္ျပန္ေျဖလာခဲ့သည္။

"ဟုတ္တယ္ေလ...အဆိုးေလး အ႐ြယ္ေရာက္လာခဲ့တဲ့ တစ္ေန႕က်ရင္ အဆိုးေလးမွာသက္ဆိုင္တဲ့သူရွိလာေတာ့မွာမဟုတ္လား...အဲ့လိုဆို
သူက ေကာထက္ေတာင္ ပိုၿပီးေတာ့ ကံေကာင္းေတာ့မွာေပါ့...အဲ့အခ်ိန္က်ရင္ ေကာအခုလို ကံေကာင္းနိုင္ေတာ့ မွာမဟုတ္ဘူးေလ..."

က်ိဳးယြင္က ေရွာင္ဟန္၏ စကားအဓိပ္ပါယ်ကိဳ ေလးေလးနက္နက္ စဥ္းစားလိုက္ၿပီး အေမးစကားျဖင့္ ဆိုလာခဲ့သည္။

"ေၾသာ္...အဲ့လို႔လား...ေကာက အဲ့လို ထင္တာလား...
ဒါေပမဲ့... အဲ့ဒီလူက ေကာေျပာသလို ကံေကာင္းတယ္လို႔မထင္မွတ္ရင္ေရာ..."

ေရွာင္ဟန္က ေခါင္းတခါခါျဖင့္ က်ိဳးယြင္စကားကို တုန့္ျပန္လာခဲ့သည္။

"အဲ့လိုဆိုရင္ေတာ့...အဲ့ဒီလူက...သူ႕ကိုသူ လိမ္ညာေနတာ...အမွန္တရားကို လက္မခံနိုင္တာ...အားယြင္ေလး...ေကာ ေျပာတာကိုပဲ ယုံ...ၾကားလား...မဟုတ္တာေတြကိုေလ်ာက္မေတြးနဲ႕..."

"ဒါဆို ေကာေျပာတာကို ကြၽန္ေတာ္ ယုံလိုက္ၿပီေနာ္...
တစ္ခ်ိန္က်ရင္...ဒီစကားကိုေကာေျပာခဲ့တာ မဟုတ္ဘူးဆိုၿပီး ေကာလာမျငင္းနဲ႕...ကြၽန္ေတာ္ မွတ္ထားလိုက္ၿပီ...ေၾသာ္ ခဏေနဉီး..."

က်ိဳးယြင္သည္ သူ၏ ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကို ထုတ္ယူလိုက္ၿပီး ဖုန္းအသံဖမ္း recorder appထဲကို ဝင္လိုက္ကာ ေျပာလာခဲ့သည္။

"ေကာ...ေစာေစာက ေကာေျပာလိုက္တဲ့ စကားကို ကြၽန္ေတာ္အသံဖမ္းထားခ်င္တယ္...တစ္ခ်ိန္က်ရင္...ေကာက အဲ့စကားကို ေကာမေျပာခဲ့ဖူးဘူးဆိုၿပီး ျငင္းဆန္လာတာမ်ိဳးကို ကြၽန္ေတာ္ မလိုခ်င္ဘူး...အဲ့ဒါေၾကာင့္ ေကာရဲ႕ အသံကို ဖမ္းၿပီး သိမ္းထား လိုက္ခ်င္လို႔... ေကာျပန္ေျပာေပးနိုင္မလား..."

ေရွာင္ဟန္က က်ိဳးယြင္ကို နားမလည္စြာ ၾကည့္လာခဲ့သည္။သို႔ေပမဲ့ သူက က်ိဳးယြင္ကို ကေလးကလားအရမ္းဆန္လြန္းတယ္ဟုသာ ယူဆလိုက္ကာ တစ္ခ်က္ၿပဳံးလိုက္ေလသည္။ေရွာင္ဟန္က ေခါင္းေလးၿငိမ့္ကာေျပာလာခဲ့သည္။

"အမ္...ဒါဆိုရင္လည္း...အဆိုးေလး စိတ္ခ်မ္းသာေအာင္ ေကာျပန္ေျပာေပးမယ္ေလ...ဟုတ္ၿပီလား...ကဲ...ဒါဆို ေကာဘယ္ေနရာကေန စၿပီးျပန္ေျပာရမွာလည္း..."

"ကြၽန္ေတာ္ ေစာေစာကအတိုင္းပဲ ျပန္ေမးမွာ ေကာလည္း နဂိုေျပာထားတဲ့ အတိုင္းျပန္ေျဖေပး႐ုံေလာက္ပဲ...ရတယ္ မဟုတ္လား..."

"အင္...ရတယ္..."

က်ိဳးယြင္က recorder ခလုပ္ကိုႏွိပ္လိုက္ၿပီး ေျပာလာသည္။

"ေကာ...ကြၽန္ေတာ္ နဲ႕ သက္ဆိုင္လာမဲ့သူက ေကာေျပာလိုက္သလိုပဲ...သူက သူ႕ကိုယ္သူ ကံေကာင္းတယ္ ဆိုၿပီး မထင္မွတ္ရင္ေရာ..."

ေရွာင္ဟန္သည္ သူ႕အေျပာစကားတြင္ ယုံၾကည္ခ်က္အျပည့္ျဖင့္ ျပန္ေျပာလာခဲ့သည္။

"အဲ့လူက အဲ့ဒီလို ခံယူၿပီး ေျပာလာခဲ့မယ္ဆိုရင္...ေသခ်ာတာ တစ္ခုက သူက သူ႕ကိုယ္သူ လိမ္ညာေနတာ...အမွန္တရားကို လက္မခံခ်င္တာ...လက္မခံနိုင္ဘူးျဖစ္ေနတာ...အဲ့ဒါေၾကာင့္ ေကာေျပာတာကိုပဲ ယုံေပး...သူက သိပ္ကို ကံေကာင္းတာ...ကံေကာင္းတဲ့သူတစ္ေယာက္ျဖစ္ေနတယ္ဆိုတာ လုံးဝ ခြၽင္းခ်က္မရွိဘူးဆိုတာပဲ... "

ေရွာင္ဟန္က သူ၏ စကားမ်ားကို အရင္ေျပာလိုက္သည့္စကားထက္ အပိုစာလာေလးမ်ား ထပ္မံ၍ပင္ ျဖည့္စြက္ေျပာၾကားလိုက္ေသးသည္။

ေရွာင္ဟန္၏ စကားဆုံးသည္ႏွင့္ က်ိဳးယြင္၏ ႏႈတ္ခမ္းတစ္ဖက္က ေက်နပ္သည့္အမူအရာျဖင့္ တြန့္ေကြးလာခဲ့သည္။ က်ိဳးယြင္၏ ေက်နပ္ေနသည့္အမူအရာက အျခားသူမ်ားကဲ့သို႔ လုံးဝဟုတ္မေနပါပဲ...ညစ္က်ယ္က်ယ္အၿပဳံးမ်ိဳးလည္း စြက္ေနပါေသးသည္။ သူက သူ႕ရဲ႕ လွ်ာထိပ္ကို သူ၏ သြားအခြၽန္နဲ႕ ထပ္တလဲလဲ ထိုးစြ ပြတ္သပ္လိုက္ၿပီး ေရွာင္ဟန္ မရိပ္မိေအာင္ ေရွာင္ဟန္ကို စူးနက္ကာ
ဆာေလာင္ေနၿပီျဖစ္သည့္ ဝံပုေလြတစ္ေကာင္၏ အၾကည့္မ်ိဳးျဖင့္ စိုက္ၾကည့္လာခဲ့သည္။
သူ၏ အေတြးမ်ားဟာလည္း ပုံမွန္ ဟုတ္မေနခဲ့ပါပဲ...ေနာင္သုံးႏွစ္ကို ခုန္ကူးေက်ာ္လြန္ၿပီး အေတြးနယ္ခ်ဲ့ကာေနေလေတာ့သည္။

က်ိဳးယြင္သည္ ေရွာင္ဟန္မ်က္ဝန္းအၾကည့္က သူ႕ဆီကို ေရာက္ရွိလာၿပီ ျဖစ္သည့္အတြက္ေၾကာင့္ စိတ္ရိုင္းမ်ားကို ဖုံးကြယ္ထားလိုက္ၿပီး အလိုလိုက္ခံခ်င္သည့္ ေကာင္ေလးတစ္ေယာက္ အမူအရာကို ေျပာင္းလဲလိုက္ေလကာ ေျပာလာခဲ့သည္။

"ေရွာင္ဟန္ေကာ...မနက္ျဖန္ဆို ကြၽန္ေတာ္က သြားရေတာ့မွာဆိုေတာ့...ေကာ လုပ္ေကြၽးတဲ့ ...ဖက္ထုပ္အရည္ေသာက္ေလး...စားသြားခ်င္ေသးတယ္...အခုလုပ္ေပးမယ္ မဟုတ္လားဟင္...ေနာက္ဆို စားခ်င္ရင္ေတာင္ စားလို႔ မရေတာ့ဘူးဆိုေတာ့ေလ..."

ေရွာင္ဟန္က က်ိဳးယြင္ရဲ႕ နဖူးေလးကို တစ္ခ်က္ေတာက္လိုက္မိၿပီး

"အင္း...အဆိုးေလးစားခ်င္တယ္ဆိုရင္ ေကာ
လုပ္ေပးမယ္ေလ...ဟိုကေန ျပန္ေရာက္လာတဲ့ အခါက်ရင္လည္း အဆိုးေလးစားခ်င္တာေတြ ကိုယ္တိုင္ ခ်က္ေကြၽးမယ္...အဲ့ဒါေၾကာင့္ အခုလိုႀကီး ခြၽဲျပ
မေနနဲ႕ေတာ့...လူကျဖင့္ အ႐ြယ္ေရာက္ေနၿပီ
အခုအ႐ြယ္ႀကီးအထိ ခြၽဲတတ္ေနတုန္း...လာ အိမ္ထဲဝင္ၾကရေအာင္..."

"ဟုတ္...ေကာ..."

က်ိဳးယြင္သည္ အေရွ႕မွဉီးေဆာင္ၿပီး ထြက္သြားသည့္ ေရွာင္ဟန္ေကာ အေနာက္ကသာလိုက္ကာ လိုက္လာခဲ့လိုက္သည္။

---------------
မီးဖိုေခ်ာင္အခန္း ထဲတြင္
ေရွာင္ဟန္သည္ က်ိဳးယြင္ စားခ်င္ပါသည့္ ဖက္ထုပ္မ်ားကို စိတ္ရွည္လက္ရွည္ျဖင့္ ျပဳလုပ္လို႔ေနေလသည္။

က်ိဳးယြင္သည္ကား ေဘးအနီးနားတြင္ရွိသည့္ စားပြဲဝိုင္းေပၚတြင္ လက္ေထာက္ၿပီး ေမးတင္ကာ ေရွာင္ဟန္ကို တစိမ့္စိမ့္ ၾကည့္ကာေနေလခဲ့သည္။
က်ိဳးယြင္၏ အၾကည့္မ်ားသည္က အစပိုင္းတြင္ ေပ်ာ္႐ႊင္ေနသည့္ ပုံေပၚေသာ္လည္း တစ္ခုခုကို အမွတ္ရသြားဟန္ျဖင့္ ဝမ္းနည္း စိတ္မေကာင္းျဖစ္သြားေလျပန္သည္။

သူသည္က ေရွာင္ဟန္ကို ေပ်ာက္ကြယ္သြားမည္ ဆိုးသည့္အလား ပူပန္သည့္ အၾကည့္မ်ားျဖင့္ တစ္ဖန္ၾကည့္ရႈ႕လာခဲ့ၿပီး မသိလိုက္သာသာျဖင့္ လက္သီးကို ခပ္က်စ္က်စ္ဆုပ္ထားမိျပန္သည္။

က်ိဳးယြင္ဟာ ဂ်ဳံသားမ်ားကို စိတ္ရွည္လက္ရွည္ျဖင့္ ပုံေဖာ္ကာ ဖက္ထုပ္ေလးမ်ားကို တစ္ခုၿပီးတစ္ခု ျပဳလုပ္ေနခဲ့ပါသည့္ ေရွာင္ဟန္ကို ၾကည့္ၿပီး အခ်ိန္အၾကာႀကီး ခြဲခြာေဝးကြာရမည္ကို ေတြးေတာမိလိုက္ၿပီး ရတတ္မေအးျဖစ္လာရေတာ့သည္။

ေနာင္တစ္ခ်ိန္တြင္ ေရွာင္ဟန္ဆိုသည့္ ဤလူသားက ယခုပုံစံ ယခုလိုမ်ိဳး သူ႕ကို ေျပာဆို မဆက္ဆံေတာ့ပါ ဘဲ အေနစိမ္း ေသြးေအးသြားမည္ကိုလည္း သူစိုးရိမ္မိသည္။
က်ိဳးယြင္သည္ တစ္ခ်ိန္က အိမ္အျပန္ညတြင္ မိခင္ေျပာလိုက္ပါသည့္ စကားမ်ားကို ႐ုတ္တရက္ ျပန္လည္ အမွတ္ရလိုက္ၿပီး ႏွလုံးခုန္ႏႈန္းေတြ ျမန္ဆန္လာကာ ေခါင္းတစ္လုံးပင္ ထိုးကိုက္လာရေတာ့သည္။

ေရွာင္ဟန္ကေတာ့ ဖက္ထုတ္ျပဳလုပ္ရာတြင္သာ အာ႐ုံစိုက္ထားေလသည့္ အတြက္ေၾကာင့္ သူသည္က က်ိဳးယြင္ ျဖစ္ပ်က္ေနမႈမ်ားကို သတိမထားမိလိုက္ေပ။

က်ိဳးယြင္ မ်က္ဝန္းမ်ားသည္ ႐ူးႏွမ္းသြက္ခ်ာပါသည့္ အၾကည့္မ်ားသို႔ တျဖည္း ျဖည္းခ်င္း စတင္ကာ ကူးေျပာင္းေနလ်က္ရွိၿပီး သူ၏ စိတ္ထဲတြင္လည္း စိတ္အာ႐ုံမ်ားကို ထိန္းခ်ဳပ္နိုင္လိုက္ပုံမရေတာ့ဘဲ အေတြးစိတ္မ်ားသည္ကား မိခင္ေျပာေနပါသည့္ အသိေပးစကားမ်ားကိုသာ အေက်ာ့ေက်ာ့ အဖန္ဖန္ ၾကားေယာင္ေနလ်က္ရွိေပသည္။

က်ိဳးယြင္သည္ ေခါင္းကိုက္ေဝဒနါကို ေရွာင္ဟန္မသိျမင္နိုင္ေစရန္အတြက္ တစ္ေယာက္တည္းႀကိတ္မွိတ္ၿပီး အသံတိတ္တြန္းလွန္၍ေနခဲ့သည္။
အခ်ိန္အတန္ၾကာသည္အထိ တြန္းလွန္ေနခဲ့သည့္ သူ၏ ပုံစံသည္ ဒဏ္ရာရေနသည္ကို အသိမခံခ်င္ပါသည့္ က်ားနာ တစ္ေကာင္လိုပင္ ။

ေနာက္ဆုံးတြင္ က်ိဳးယြင္၏ အသိစိတ္မ်ားသည္ကား လြတ္ထြက္၍သြားေလေတာ့သည္။
သူသည္ကား သူၾကားေယာင္ေနခဲ့ပါသည့္ စကားလုံးမ်ားကို ေတာင္းပန္ရိုက်ိဳးမႈမ်ားျဖင့္ မဟုတ္ဘဲ ေဒါသ အေမွာင္ဘက္ျခမ္းစိတ္ရိုင္းမ်ားျဖင့္သာ တြန္းလွန္နိုင္ခဲ့ေလၿပီး ေနာက္ဆုံးတြင္ေတာ့ လြတ္ေျမာက္သြားဟန္ရွိေပသည္။သူ႕၌တြင္ အစကတည္းကေကာင္းမြန္သည့္ စိတ္ဝိညာဥ္သည္က လုံးဝ နတၳိ ျဖစ္ေနေလၿပီမဟုတ္လား...
ထို႔ေၾကာင့္လည္း စိတ္ရိုင္းနဲ႕သာ တြန္းလွန္လိုက္နိုင္တာျဖစ္သည္။

က်ိဳးယြင္၏ စူးနက္ကာမဲေမွာင္ေနပါသည့္ မီးေတာက္မ်က္ဝန္းမ်ားက ေရွာင္ဟန္ကို စိတ္တၱဇဆန္စြာ ၾကည့္ရႈ႕လာခဲ့သည္။

သူက သူ႕ကိုသူ ယုံၾကည္ခ်က္အျပည့္အဝရွိသည့္ သူတစ္ေယာက္လို႔ ကနဉီးကတည္းက ယူဆထားသည့္ သူတစ္ေယာက္ျဖစ္ေနသည့္ အတြက္ေၾကာင့္
သူ႕အစြမ္းအစ ...သူ႕အႀကံအစည္ ...သူ၏ ရည္႐ြယ္ခ်က္မ်ားအားလုံးက ေနာင္တစ္ခ်ိန္တြင္ ၿပီးျမႇောက္ ေအာင္ျမင္လာနိုင္မည္ကို ယုံၾကည္၍ ညစ္က်ယ္က်ယ္အၿပဳံးျဖင့္ ႏႈတ္ခမ္းတစ္ဖက္ကို သြားအခြၽန္ေလးမ်ား ျမင္ရသည့္အထိ တြန့္ေကြးပစ္လိုက္သည္။

က်ိဳးယြင္သည္ ထိုင္ေနရာမွ ထရပ္လိုက္ၿပီ ေရွာင္ဟန္ဆီသို႔ ေျခလွမ္းမ်ားကို ျဖည္းျဖည္းခ်င္း ေလ်ာက္လွမ္းသြားေလသည္။

သူသည္ ဖက္ထုပ္ ျပည့္ျပည့္ ေဖာင္းေဖာင္းေလးမ်ားကို ေရဆူအိုးထဲကို ထည့္ေနပါသည့္ ေရွာင္ဟန္ရဲ႕ အေနာက္ဘက္တြင္ ရပ္လိုက္ၿပီး သူ၏လက္ႏွစ္ဖက္ကို ခါးသြယ္သြယ္ေလး၏ ေဘးတစ္ဖက္စီကို လွ်ိုသြင္းပစ္လိုက္ၿပီး တင္းတင္းၾကပ္ၾကပ္ဖက္လိုက္ေလေတာ့သည္။

က်ိဳးယြင္၏ ႐ုတ္တရက္ဆန္ဆန္ျပဳမူလိုက္သည့္ အမူအက်င့္ေၾကာင့္ ေရွာင္ဟန္သည္ကား လုပ္လက္စအလုပ္ကိုပင္ ဆက္မလုပ္နိုင္ေတာ့ဘဲ လန့္ျဖန့္သြားကာ ခႏၶာကိုယ္တစ္ခုလုံး တုန္တက္သြားေတာ့သည္။

ေရွာင္ဟန္၏ အေမးစကားမစလိုက္ရေသးခင္မွာပဲ က်ိဳးယြင္ရဲ႕ ေတာင္းဆို ရို႔က်ိဳးသံ သည္းသည္းက ထြက္ေပၚလာခဲ့သည္။

"ေကာ...ခဏေလးပါပဲ...တကယ္ကို ခဏေလးပဲ ဖက္ထားမွာမို႔...ေကာ ၿငိမ္ၿငိမ္ေလးလက္ခံေပးမယ္ မဟုတ္လား...အဲ့လိုလုပ္မွ...ဟိုမွာ ေနရတဲ့ အေတာအတြင္း ကြၽန္ေတာ္ ေျဖသိမ့္ေနနိုင္မွာ...ဒီအတိုင္းေလးပဲ ရပ္ေနေပးပါ...ေကာ...ဒါက ကြၽန္ေတာ္ မသြားခင္ ေနာက္ဆုံး အေနနဲ႕ေတာင္းဆိုခ်က္တစ္ခုမို႔ပါ..."

ေရွာင္ဟန္က သူ႕ေက်ာျပင္တစ္ခုလုံးနဲ႕ က်ိဳးယြင္ရဲ႕ရင္ဘတ္တစ္ခုလုံးက အရမ္းအတင္းအၾကပ္ႀကီး
ကပ္ခံထားရတာကို မေနတတ္ေပမဲ့ က်ိဳးယြင္မသြားခင္မွာ စိတ္မေကာင္းျဖစ္သြားရတာမ်ိဳး မလိုခ်င္သည့္အတြက္ေၾကာင့္ ေတာင္းဆိုမႈအတိုင္း ၿငိမ္ၿငိမ္ေလး ရပ္ေနေပးမိသည္။

က်ိဳးယြင္၏ ခဏေလးပါဆိုသည့္ ေတာင္းဆိုခ်က္သည္ လုံးဝကို ဟုတ္မွန္မေနခဲ့ပါေခ်။ ယခုတြင္
ခန့္မွန္းေျခ ၾကာခ်ိန္နာရီဝက္ေက်ာ္ေလာက္မွ်ပင္
ေရာက္ရွိေနပါၿပီ ျဖစ္ေသာ္လည္း က်ိဳးယြင္သည္ကား လုံးဝကို လြတ္ေပးမလာခဲ့ပါဘဲ သုံးႏွစ္ေလာက္ေဝးကြာရပါေတာ့မည္ေရွာင္ဟန္၏ ကိုယ္သင္းနံ႕ေလးမ်ားကို အားမရစြာ ရႈရွိုက္၍သာ ေနေလသည္။

ေရွာင္ဟန္သည္ သူ၏ ေျခေထာက္ႏွစ္ဖက္လုံး ေညာင္းညာ ထုန္က်င္လာခဲ့ၿပီ ျဖစ္ေပမဲ့ "ေတာ္သင့္ၿပီ" ဆိုသည့္စကားလုံးမ်ားကို သုံးႏႈန္းလိုက္ရန္ စိတ္ကူးမရွိပါေခ်။
သူသည္လည္း ယခုလက္ရွိတြင္
က်ိဳးယြင္နဲ႕ ေဝးကြာရမည္ကို ေတြးမိလိုက္တိုင္း ရင္ဘတ္တစ္ေနရာတြင္ ဝမ္းနည္းကာ စို႔တက္လာရသည့္အတြက္ေၾကာင့္ လက္ေတြကို ဖယ္ခြာမသြားေစရန္အတြက္ပင္ တိိတ္တဆိတ္ ဆုေတာင္းေနမိသည္။

ေရွာင္ဟန္၏ မ်က္ဝန္းမ်ားက နီရဲလာရၿပီး မ်က္ရည္မ်ားပင္ အလိုလိုေနရင္း လိမ့္ဆင္းလာရေတာ့သည္။

ေရွာင္ဟန္က က်ိဳးယြင္မသိေအာင္ တိတ္တဆိတ္မ်က္ရည္က်ေနမိေလသည္။
သို႔ေသာ္လည္း သူ၏ မ်က္ရည္စက္မ်ားက က်ိဳးယြင္၏ လက္ေပၚကို က်ဆင္းသြားေလသည့္ဟန္ေပၚေပသည္။

က်ိဳးယြင္က ခ်က္ခ်င္း သတိထားမိသြားၿပီး ေရွာင္ဟန္ကို သူ႕ဘက္ အျမန္ဆြဲလွည့္ပစ္လိုက္ၿပီး စိုးရိမ္တႀကီးႏွင့္ ေမးလာခဲ့ေတာ့သည္။

"ေရွာင္ဟန္ေကာ...ေကာ...ငိုေနတာလား...ဒီလိုလုပ္တာ မႀကိဳက္လို႔လား..."

ေရွာင္ဟန္က ေခါင္းကို ခပ္ျမန္ျမန္ ခါလိုက္ၿပီး မ်က္ရည္ကို လက္ခုံျဖင့္သုပ္ကာ ျပန္ေျဖလာေလသည္။

"မဟုတ္ဘူး...အမွန္ေတာ့...ေကာ ...အားယြင္နဲ႕ အၾကာႀကီး ခြဲရမွာကိုေတြးၿပီး ဝမ္းနည္းမိလို႔ပါ..."

ထိုအခါမွ က်ိဳးယြင္ရဲ႕ မ်က္ႏွာက ပုံမွန္အတိုင္းျဖစ္သြားရၿပီး ႏွစ္ၿခိဳက္စြာ ၿပဳံးရယ္လိုက္ကာ မ်က္ရည္ေတြကို သူကိုယ္တိုင္သုပ္ေပးလာခဲ့သည္။

"ဝမ္းမနည္းပါနဲ႕...ထပ္မငိုနဲ႕ေတာ့...ေခါင္းကိုက္လိမ့္မယ္...ကြၽန္ေတာ္က အလကားသြားမွာမွမဟုတ္ဘဲ...ေက်ာင္းသြားတက္ယုံေလးပဲဲကို...ေနာက္ၿပီး
သိပ္မၾကာခင္ ျပန္လာခဲ့မွာကို..."

"ဒါဆို ေကာဆီကို ေန႕တိုင္း မဟုတ္ရင္ေတာင္...အပတ္တိုင္း ဖုန္းဆက္ေပးမယ္...မဟုတ္လား...ေကာရဲ႕ ဖုန္းနံပါတ္ကို မွတ္မိလား..."

က်ိဳးယြင္က မသိမသာ တစ္ခ်က္ေတြေဝသြားေပမဲ့...
ခ်က္ခ်င္းပဲ ေခါင္းၿငိမ့္လက္ခံလိုက္ကာ ေျပာလာသည္။

"အင္...ကြၽန္ေတာ္ မွတ္မိတယ္...ဆက္လိုက္မယ္ေနာ္...ေနာက္ၿပီး ေကာရဲ႕ က်န္းမာေရးကို လည္း ဂ႐ုစိုက္အူး...အျပင္ကိုသြားတိုင္းလည္း အႏြေးထည္ထူထူ အၿမဲဝတ္ ....ဝတ္မယ္မဟုတ္လား..."

"အင္...ေကာ ကတိေပးတယ္...အၿမဲဝတ္မယ္... ဟုတ္ၿပီလား..."

"ဟုတ္..."

မီးဖိုေခ်ာင္အခန္း ၏ အဝင္ဝတြင္လည္း က်ိဳးသခင္ႀကီး က်ိဳးဟန္သည္လည္း သားျဖစ္သူနဲ႕ ေမြးစားသားျဖစ္သူတို႔ကို ရပ္ၾကည့္ေနခဲ့သည္ကား အခ်ိန္အေတာ္ၾကာၿပီျဖစ္သည္။

သားျဖစ္သူက သူ႕ထက္ သားေရွာင္ကိုသာ သံေယာဇဥ္ ပို မွန္းသူလည္း အစကတည္းက သိထားသည္။ အခုလို ခြဲခြာၿပီးေနရမည့္အတြက္ေၾကာင့္ စိတ္မေကာင္း ျဖစ္မိတာကလြဲပီး သူလည္းဘာမွ မတတ္နိုင္။
မိမိရဲ႕ အစ္ကိုျဖစ္သူက ပထမဆုံးအေနနဲ႕ ေတာင္းဆိုလိုက္သည့္ ကိစၥကိုလည္း သူ မျငင္းလိုက္နိုင္ပါ။
မိမိ၏ အမႊာအစ္ကို ျဖစ္သူသည္ မိမိအေပၚတြင္ အစစအရာရာ အၿမဲ ဉီးစားေပးခဲ့ေလသည္မဟုတ္လား...။
အျခားသူမ်ား မလုပ္နိုင္သည့္ အရာမ်ားကိုလည္း မိမိအတြက္ အၿမဲလုပ္ေဆာင္ေပးခဲ့ေလသည္။
ထိုသူသည္ အျခားသူမ်ားအေပၚတြင္ မတရားေအးစက္စက္နိုင္လွပါေသာ္လည္း မိမိအေပၚတြင္ေတာ့ ႏြေးေထြးမႈ အျပည့္အဝေပးခဲ့သည့္ သူတစ္ေယာက္ပင္။ သားယြင္အေပၚကိုလည္း မိမိကိုေပးခဲ့ပါသည့္ ႏြေးေထြမႈမ်ိဳးကိုေပးနိုင္လိမ့္မည္လို႔ သူယုံၾကည္သည္။

ထို႔အတြက္ေၾကာင့္ အစ္ကိုျဖစ္သူေတာင္းဆိုလိုက္သည့္ ပထမအရာက သူ၏အခ်စ္ဆုံးေသာ သားက်ိဳးယြင္၏ အနာဂါတ္ျဖစ္ေနလွ်င္ေတာင္မွ လိုလိုလားလား ေပးအပ္လိုက္ဖို႔ ဆႏၵရွိသည္။

မိမိ၏ အတိတ္က အေၾကာင္းအရာမ်ားသည္ အမႊာအစ္ကိုအေပၚမွာ မတရားခဲ့သည့္ ေန႕ရက္မ်ားရွိေနခဲ့သည္ မဟုတ္လား။
ထို အတိတ္ေန႕ရက္မ်ားကို ေတာ့ သူျပန္ၿပီးလည္း မေတြးေတာခ်င္ေတာ့ပါ။ ထိုအခ်င္းအရာမ်ားက သူတို႔ႏွစ္ေယာက္လုံးအတြက္
သိပ္ကို ရႈပ္ေထြးခက္ခဲ ခဲ့ရသည့္ ေန႕ရက္မ်ားပင္
ျဖစ္ခဲ့ရေခ်သည္။

က်ိဳးဟန္သည္ သူ၏ အေတြးမ်ားကို ရပ္တန့္လိုက္ၿပီး ထိုေနရာမွ တိတ္တဆိတ္ ထြက္ခြာခဲ့လိုက္သည္။

-------------------

ဤေန႕ရက္သည္ကား အျခားသူမ်ားအတြက္ ခြဲခြာမႈအတြက္ ဝမ္းနည္းပူေဆြးၾကရသည့္ ေန႕ရက္ ျဖစ္ေနခဲ့ေပမဲ့ က်ိဳးယြဲ႕မူဆိုသည့္ သူမ အတြက္ေတာ့ ထိုခြဲခြာရသည့္ အခ်င္းအရာအတြက္ အတိုင္းမသိ ဝမ္းျမႇောက္လို႔ေနမိသည္။
ယခု အခ်ိန္ေလာက္ဆိုရင္ ဟိုေကာင္စုပ္ေလးက USကို ထြက္ခြာဖို႔အတြက္ ေလဆိပ္ကို ေရာက္ေနေလာက္ၿပီ မဟုတ္လား......

အခုေလာက္ဆို ...ဘိုးေတာ္ႀကီးနဲ႕...ေဂဟာပါသားေလးလည္း မခြဲနိုင္မခြာနိုင္ျဖစ္ၿပီး ဝမ္းနည္းမ်က္ရည္ က်ေနေလာက္ေရာေပါ့...ဟင္း...ဟင္း...

လိုက္မပို႔ေပးခ်င္လို႔ အေၾကာင္းျပခ်က္ တစ္ပုံတစ္ေခါင္းႀကီးေပးၿပီး ေနခဲ့လိုက္တာ ျဖစ္ေပမဲ့
အဲ့လို စိတ္ပ်က္စရာေကာင္းတဲ့ ပူေဆြးဝမ္းနည္းေနတဲ့ ျမင္ကြင္းေလးကိုေတာ့ ျမင္ခ်င္မိသား...

အခုေတာ့...အေတြးနဲ႕ ပုံေဖာ္ၾကည့္ၿပီး...ေက်နပ္ၿပဳံးရယ္နိုင္ယုံသာ သတ္နိုင္ေတာ့သည္။

က်ိဳးယြင္ေရ...မင္းျပန္ေရာက္လာတဲ့ အခ်ိန္က်ရင္
အရာအားလုံးက မင္းေမွ်ာ္မွန္းထားသလိုမ်ိဳး ျဖစ္မေနမွာ...မင္းမဆိုးရိမ္မိဘူးလား...

မင္း တြယ္တာေနတဲ့ မင္းရဲ႕ ေရွာင္ဟန္က ငါ့တို႔ရဲ႕ လက္စေၾကာင့္ မင္းအေပၚမွာ အရင္လို ျဖစ္မေနေတာ့မွာ...မင္းမေၾကာက္ဘူးလား...

မင္း ငါနဲ႕အေဝးကို ထြက္သြားရလို႔ စိတ္သက္သာရာရသြားတယ္ ဆိုရင္ေတာင္မွ မင္းျပန္ေရာက္လာတဲ့ အခ်ိန္က်ရင္ မင္းအတြက္ အပူအပင္ေတြ တစ္ပုံတစ္ေခါင္းႀကီး ေစာင့္ေမွ်ာ္ေနမယ္ဆိုတာ မင္းသိလာေစရမယ္။

အဲ့အခ်ိန္က်ရင္...မင္းက ဝါရင့္ စိတၱဇ သမားႀကီးျဖစ္ေနေလာက္ေရာေပါ့...

မင္းရဲ႕ အနာဂါတ္ လုံးဝ စုပ္ျပတ္သတ္သြားၿပီး သုံးစားမရျဖစ္လာဖို႔ အခ်ိန္ ၃ႏွစ္ပဲ လိုေတာ့တယ္...။

က်ိဳးယြဲ႕မူ အေတြးနယ္ခ်ဲ့ေနသည့္ အခ်ိန္မွာပဲ တံခါးေခါက္သံထြက္ေပၚလာခဲ့ၿပီး
က်ိဳးရန္က လက္ထဲတြင္ ဆန္ျပဳတ္ဗန္းကို ကိုင္ကာဝင္လာခဲ့သည္။

က်ိဳးရန္က အၿပဳံးစြက္၍ စကားဆိုလာခဲ့သည္။

"အေမ...ေစာေစာကပဲ ေခါင္းေတြအရမ္းကိုက္ၿပီး ေနလို႔မေကာင္းဘူးဆိုၿပီး အေဖ့ကို ေျပာၿပီး အိမ္မွာေနခဲ့တာ မဟုတ္ဘူးလား...အခုက်ေတာ့ ဝိုင္ေတြကိုေသာက္ေနတယ္..."

က်ိဳးယြဲ႕မူက လက္ထဲ ဝိုင္ခြက္ကို ခ်လိဳက္ၿပီး က်ိဳးရန္လက္ထဲက ဆန္ျပဳတ္ဗန္းကို ယူလိုက္ၿပီး စားပြဲေပၚကိုတင္လိုက္ေလသည္။ သူမက ေက်နပ္သည့္ မဲ့ၿပဳံးစြက္ကာ ေျပာလာေလသည္။

"အေမအခု ဆန္ျပဳတ္ေသာက္စရာမလိုေတာ့ပါဘူး...ငါ့သားကိုပင္ပန္းေအာင္လုပ္မိၿပီ...အလုပ္သမားေတြကို လာပို႔ခိုင္းလိုက္တာမဟုတ္ဘူး..."

က်ိဳးရန္က မိခင္ရဲ႕လက္ကို ဆုပ္ကိုင္လာခဲ့ၿပီး
ေျပာလာသည္။

"အေမကလည္း သားက အေမ့ကို ကိုယ္တိုင္ျပဳစုေပးလို႔ေတာင္ ညီေလးကို ေလဆိပ္လိုက္မပို႔ေတာ့ဘဲ အခုလို ေနခဲ့လိုက္တာေလ...တျခားသူေတြကို မခိုင္းခ်င္ပါဘူး...ကိုယ္တိုင္ပဲ...လုပ္ေပးခ်င္တာ..."

"သိတတ္လိုက္တာ...ငါ့သားေလးက..."

က်ိဳးရန္က မိခင္ျဖစ္သူရဲ႕ မ်က္ႏွာ သြင္ျပင္ကို တစ္ခ်က္ အကဲခတ္လိုက္ၿပီး ေမးလာေလသည္။

"ဟို...အေမ...ညီေလးက USကို သြားတာ ဝမ္းမနည္းဘူးလား..."

က်ိဳးယြဲ႕မူက တစ္ခ်က္ၿပဳံးလိုက္ကာ

"နည္းတာေပါ့...ဒါေပမဲ့...အေမ့မွာ ေဟာဒီ ခ်စ္ရတဲ့ သားႀကီးရွိေနေတာ့ ေျဖသာနိုင္တယ္ေလ...ငါ့သားသာ အေမနဲ႕ အဲ့လို ခြဲၿပီးထြက္မသြားနဲ႕ေနာ္...မဟုတ္ရင္...အေမ ရင္က်ိဳးရလိမ့္မယ္...ၾကားလား..."

"ဟုတ္ကဲ့ အေမ..."

က်ိဳးရန္က မိခင္ရဲ႕ က်ိဳးယြင္အေပၚထားရွိတဲ့ စိတ္ရင္းကို သိထားေပမဲ့လည္း သိဟန္မေပၚသည့္ ပုံစံကို ျပသထားေလသည္။
မိခင္က သူ႕ကိုသာ အေရးေပးမွန္းလည္း သူသိသည္။
အခုလည္း က်ိဳးယြင္က ဒီအိမ္ႀကီးမွာ ရွိမေနတဲ့ အေတာအတြင္းမွာ အိမ္ေတာ္ႀကီးနဲ႕ သက္ဆိုင္သည့္
အရာအားလုံးကို သူ၏လက္ထဲ ေရာက္ရွိလာနိုင္ရန္
ႀကိဳးစားဖို႔ ဆုံးျဖတ္ထားေလသည္။
ဖခင္ေမြးစားထားသည့္ ေရွာင္ဟန္ကိုလည္း အစီအစဥ္ အတိုင္း ဒုကၡေပးကာ က်ိဳးယြင္နားလည္မႈ လြဲသြားေစရန္ ႀကံ႐ြယ္ထားလိုက္သည္။

ဒီလို ကိစၥေတြကို တကယ္တမ္းလုပ္ေဆာင္ခ်င္ပါက သူ႕အတြက္ေတာ့ လြယ္လြယ္ေလးပင္...
သူက အခ်ိန္ေကာင္းကို ေစာင့္ဆိုင္းေနယုံမွ်သာ..

ယခုတြင္...ကံၾကမၼာက သူ႕ကို မ်က္ႏွာသာ ေပးလာခဲ့ၿပီ မဟုတ္လား...

က်ိဳးယြင္...မင္းနဲ႕ငါ...ယွဥ္ၿပိဳင္လာခဲ့တဲ့ လမ္းတစ္ေလွ်ာက္မွာ...အၿမဲတမ္း ရႈံးနိမ့္ေနတဲ့ သူက မင္းျဖစ္ေနတဲ့ အတြက္ ငါနည္းနည္းေတာ့ သနားမိတယ္

ဒါေပမဲ့...လူဆိုတာ...ေနရာတိုင္းမွာ သနားေန ေတြေဝေနလို႔ မျဖစ္ဘူးေလ...

စည္းစိမ္ဉစၥာနဲ႕ ပတ္သတ္လာရင္ ေရွးေခတ္ဘုရင္ေတြေတာင္မွ ေသြးသားအခ်င္းခ်င္း သတ္ျဖတ္စေတးၾကရတာပဲ မဟုတ္လား...

ငါ့ရဲ႕ ခံယူခ်က္ကို ငါက အဆုံးထိ က်င့္သုံးသြားမွာေၾကာင့္မို႔
မင္းသာ ေအးေဆးေလး လမ္းဖယ္ေပးလိုက္ရင္ေတာ့ ေကာင္းသား...
မဟုတ္ရင္...မင္းနဲ႕ ပတ္သတ္တဲ့လူေတြကိုလည္း ဒီကိစၥကို ေကာင္ထည္ေဖာ္နိုင္ဖို႔ စေတးခံအျဖစ္ အသုံးခ်ရလိမ့္မည္...

ငါက အစကတည္းက...အားနာတတ္တဲ့ သူတစ္ေယာက္မဟုတ္ဘူး...

ဤတစ္ဖက္တြင္ အႀကံကုန္ ေတြးေတာကာ
သားအမိႏွစ္ေယာက္ ေက်နပ္စြာ ၿပဳံးရယ္နိုင္ေနေပမဲ့...

အျခားတစ္ဖက္တစ္ေနရာတြင္ရွိသည့္...
ေသြးမေတာ္စပ္ပါသည့္ သားအဖႏွစ္ေယာက္သည္လည္း စတင္ထြက္ခြာသြားၿပီ ျဖစ္သည့္
ေလယာဥ္ဆီသို႔သာ အၾကည့္လုံးဝ မခြာနိုင္ပါေလဘဲ မ်က္စိျမင္ကြင္းမွ ေပ်ာက္ကြယ္သြားသည္အထိ ရင္နင့္စြာျဖင့္ ၾကည့္ရႈ႕ေနခဲ့ၾကရသည္။

လူတိုင္းသည္ ခ်စ္ခင္တြယ္တာရသူနဲ႕ ေဝးကြာ
ေကြ႕ကြင္းရျခင္းကို မလိုလား မႏွစ္ၿမိဳ႕ၾကပါေပ...

အေတြးျဖင့္ပင္ ေတြးရဲၾကမည္မဟုတ္...

မႀကဳံႀကိဳက္ဖူးေသးပါသည့္ က်ိဳးယြဲ႕မူလို
လူစားမ်ိဳးအတြက္ေတာ့ ထိုအခ်င္းအရာမ်ားက ရယ္စရာေကာင္းေနခဲ့ေပမဲ့...

လက္ရွိ ႀကဳံေတြ႕ခံစားေနရပါသည့္ ေရွာင္ဟန္တို႔အတြက္ေတာ့ ေနာက္ထပ္ျပန္လည္ မေရာက္ရွိေစခ်င္ပါသည့္ ေန႕ရက္ဆိုးကဲ့သို႔ပင္...ျဖစ္ေပမည္။

ဤကဲ့သို႔ေသာ ရင္နင့္ဖြယ္ ခံစားခ်က္မ်ိဳးကို သူမ ကိုယ္တိုင္ ႀကဳံေတြ႕လိုက္ရမွသာ မည္ကဲ့သို႔ေဝဒနါ
ခံစားခ်က္မ်ိဳးမွန္းသိရွိနားလည္လာနိုင္ေပလိမ့္မည္...

ဤအခ်င္းအရာသည္ကား... ရယ္စရာ ပ်က္လုံးတစ္ခု ဟုတ္မေနခဲ့ဘူးဆိုသည္ကိုလည္း...သူမလက္ခံနိုင္လာေပလိမ့္မည္။

--------------------------------
Updateေပးတာ နည္းနည္းေနာက္က်သြားလို႔...
ေတာင္းပန္ပါတယ္...🙏😊

Continue Reading

You'll Also Like

3.3M 210K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
430K 26.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
622K 6.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
173K 4.3K 70
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်