Love Between Serpent Beastman...

By imyourhlaing12

178K 36.2K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်

2.4K 624 33
By imyourhlaing12

🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁

(Unicode)

အက်ဂါ၏နောက်ကျောအား ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ ဂျက်စတင်က ဂျွန်းဘက်သို့လှည့်ကာ ချက်ချင်းတွယ်ကပ်နေတော့၏။ "ဒေါက်တာဂျွန်းရေ...အရှင့်သားက ဘာလို့ဂတ်စ်ဂြိုဟ်ဆီရောက်လာရတာလဲဟင်။ ဒီလောက်အရေးကြီးတဲ့သတင်းကို ဘာလို့ကျုပ်ကိုမပြောရတာတုံး"

အက်ဂါက မိုးကြိုးတရစပ်အပစ်ခံခဲ့ရ၏။ ဂျက်စတင်က ထိုကိစ္စအားသိပ်ပြီးဂရုမစိုက်ခဲ့ပေ။ သို့သော်ယခုတော့ အက်ဂါမှာ အိမ်ရှေ့စံဖြစ်ကြောင်း သိသွားခဲ့ပြီဖြစ်၏။

အိမ်ရှေ့စံမင်းသား သူ့ဂြိုဟ်ပေါ်ရောက်နေတာကို တကယ်ကိုမသိခဲ့ဘူး။ အမလေးလေးးး။

 ထိုနေရာတွင် လူများစွာရှိနေခဲ့ပြီး ဂျွန်းကတော့ အံ့အားအသင့်ဆုံးဖြစ်နေလေသည်။ အရင်ရက်တွေတုန်းကမှ အက်ဂါအားစစ်ဆေးပေးထားပြီး စစ်ဆေးစဥ် သူ၏သားရဲအမြုတေမှာ အမှန်ပင်ကွဲကြေသွားခဲ့ကြောင်းအတည်ပြုခဲ့၏။ သို့သော် မိုးကြိုးသုံးဆယ့်ခြောက်ချက်အပစ်ခံရပြီးနောက် အက်ဂါ၏အကြေးခွံများအစ ပြောင်းလဲသွားပြီး အဆင့်ကျသားရဲဘဝဖြင့် မျိုးဆက်သွေးနိုးထခဲ့ကာ လူသားအသွင်ပြန်ပြောင်းနိုင်ခဲ့လေသည်။
 
ဒါဘယ်လိုဖြစ်နိုင်မှာလဲ။

 ဂျွန်းက မဖြစ်နိုင်ဟုတွေးမိသော်လည်း ထုတ်မပြောပေ။ ဂျက်စတင်အား လှည့်မကြည့်မှီ သူ၏မျက်တောင်ကို တဖျတ်ဖျတ်ခတ်ကာ အံ့အားသင့်​နေမှုအားဖုံးကွယ်လိုက်၏။ "အရှင့်သား ဒီကိုရောက်ခါစက ကျွန်တော်လဲမသိခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်၊သုံးရက်လောက်ကမှ အရှင့်သားက ကျွန်တော့်ဆီလာတွေ့ခဲ့တာ"

 "ဒါဆိုလွန်ခဲ့တဲ့ရက်တွေတုန်းက ဘာလို့များကျုပ်သိခွင့်မရခဲ့တာလဲ" ဂျက်စတင်ကထပ်မေးပြန်၏။ အက်ဂါ၏ မျက်နှာအားမှတ်မိရန်လွယ်ကူ၏။ ထို့ကြောင့် အရှင့်သားက တိတ်တိတ်ကလေးရောက်လာနိုင်မည်မဟုတ်ပေ။

ပြီး​တော့ အိမ်ရှေ့စံမင်းသားက ချစ်သူမရှိသည့်အပြင် အလွန်လည်းအစွမ်းထက်သေး၏။ သူ၏ သားရဲတစ်ပိုင်းလူသား သားငယ်လေးဆိုလျှင် အိမ်ရှေ့စံ၏ပိုစတာအား ပိုင်ဆိုင်လိုစိတ်ပြင်းပြစွာဖြင့် အမြဲတမ်းကြည့်နေတတ်သလို သူ၏သားရဲလူသား သားငယ်ကလည်း အက်ဂါ၏တိုက်ခိုက်သည့် ဗီဒီယိုများကိုကြည့်ကာ တိုက်ခိုက်နည်းသင်ယူတတ်၏။ ဂျက်စတင်က အင်ပါယာဘုရင်အား မှတ်မိချင်မှမှတ်မိမည်။ သို့သော် အိမ်ရှေ့စံမင်းသားကိုတော့ ကောင်းကောင်းမှတ်မိ၏။

 "အရှင့်သားဒီကိုရောက်တုန်းက သူ့ရဲ့မျိုးဆက်သွေးကနိုးထတော့မဲ့ဆဲဆဲမို့ သားရဲပုံစံအနေနဲ့ပဲနေခဲ့ရတယ်။ ဒါကြောင့် ဒီကလူတိုင်းက အဆင့်ကျသားရဲတစ်ကောင်လို့ထင်သွားကြတာ" ဂျွန်းက အပြုံးလေးဖြင့်ရှင်းပြ၏။

"ဂျေရက်နဲ့သူ့လူတွေက အဆင့်ကျသားရဲနဲ့ သားရဲတစ်ပိုင်းလူသားငယ်လေးကို တောထဲကခေါ်ခဲ့တယ်ဆို။ အဲ့မြွေက အရှင့်သားလား။ သားရဲတစ်ပိုင်းလူသားလေးကလည်း အခုအရှင့်သားကာကွယ်ပေးနေတဲ့သူလား"

ဂတ်စ်ဂြိုဟ်က ဂြိုဟ်တစ်ခုဖြစ်သော်လည်း မြို့တော်နှင့်စာလျှင် လူနေကျဲပါးလှ၏။ ထို့ကြောင့် ဘုရင်ခံဂျက်စတင်က ဤနေရာတွင် ဖြစ်ပျက်နေသမျှတိုင်းလိုလို သိရှိလေသည်။ ဗိုလ်မှုး ဂျေရက်နှင့်သူ့အဖွဲ့က သားရဲတစ်ပိုင်းလူသားငယ်လေးအား တောထဲတွင်တွေ့ခဲ့သည့်သတင်းကိုလည်း သူကောင်းကောင်းသိလေသည်။

 ထိုအချိန်တုန်းက သူက ထိုကဲ့သို့အသေးအဖွဲကိစ္စအားဂျွန်းဆီသို့သာ လွှဲပေးခဲ့၏။ အမလေးလေး...ဒါကြီးက တကယ့်ကိုအသေးအဖွဲကိစ္စမဟုတ်ဘူးဟ။ ဒါကတကယ့်ကို ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုဖြစ်နေခဲ့တာ..။

ကိစ္စရဲ့အစကိုပဲ ကြည့်ရအောင်..။ အိမ်ရှေ့စံလို ထိပ်တန်းပုဂ္ဂိုလ်က ဂတ်စ်ဂြိုဟ်ကို အရင်ဆုံးလာခဲ့တာပဲလေ။ သူက တစ်နှစ်လျှင်တစ်ကြိမ်ဂတ်စ်ဂြိုဟ်သို့ အများပြည်သူသုံး အာကာသယာဉ်များ လာရောက်ရန် လျှောက်ထားလိုခဲ့သည်။ ယခုတော့ သူကိုယ်တိုင်လျှောက်လျှင်ခွင့်ပြုချက်ရမည်၊မရမည် မသေချာ၊မရောသည့်ကိစ္စအတွက် အိမ်ရှေ့မင်းသားကိုသာ အားကိုးလိုက်တော့မည်။

 မဟုတ်သေးဘူး။ တစ်နှစ်မှာ တစ်ခါထဲလာမှာဆိုတော့ နည်းသေးတယ်။ တစ်နှစ်ကို အများပြည်သူသုံး အာကာသယာဉ်များနှစ်ခေါက် လာရောက်ရန်ခွင့်တောင်းရမည်။ ဒါတကယ့်ကို ကောင်းတဲ့အကြံပဲ။

 "အာ..အဲ့လိုလား....။ အိုးး ဒါနဲ့လေ...အရှင့်သား... အဟမ်းးအဟမ်း....မိုးကြိုးအပစ်ခံပြီး မျိုးဆက်သွေးနိုးထတဲ့အကြောင်း ဗီဒီယိုရိုက်ထားသေးလား။ အဲ့ဒီဗီဒီယိုကို ငါတို့ဂြိုဟ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ တင်လိုက်သင့်တယ်..။ဟားးးဟားးးဟားးး....အရှင့်သားက ငါတို့ဂြိုဟ်ပေါ်မှာ မျိုးဆက်သွေးနိုးခဲ့တာ...နောက်ဆိုရင် အင်အားကြီးတဲ့သူတွေက ဂတ်စ်ဂြိုဟ်ကိုလာပြီး လေ့ကျင့်ကြ​တော့မှာ..." ဂျက်စတင်က သူ၏အတွင်းရေးမှူးဆီသို့ လှည့်ကြည့်လိုက်၏။

 "ဗီဒီယိုရိုက်ထားတယ်..။ ဒီနားမှာရှိခဲ့တဲ့ လူတစ်ချို့ဆီက အစအဆုံးရိုက်ထားတဲ့ ဗီဒီယိုကို ကျွန်တော်တောင်းခဲ့တယ်။ ​နည်းနည်းပါးပါးပြင်ဆင်ပြီးရင် လူတိုင်းကြည့်ဖို့ တရားဝင်ဝက်ဘ်ဆိုက်မှာ တင်လို့ရပြီ" အတွင်းရေးမှူးလေးက ချက်ချင်းပြန်ဖြေ၏။ သူကလည်း ဂျက်စတင်နည်းတူ စိတ်လှုပ်ရှားနေလေသည်။

သူတို့သာ တရားဝင်ဝက်ဘ်ဆိုက်မှာ ဗီဒီယိုတင်လိုက်ရင် မြို့တော်ကလူတွေ ဗီဒီယိုကိုကြည့်ရဖို့ သူတို့ဝက်ဘ်ဆိုက်ကို မြို့တော်ကကွန်ရက်နဲ့ လာချိတ်ကြလိမ့်မယ်။

ဂတ်စ်ဂြိုဟ်မှ အင်တာနက်ဖြင့် စတားကွန်ရက်သို့သွားကြည့်၍မရပေ။ စတားကွန်ရက်မှ နောက်ဆုံးပေါ်သတင်းများ၊ Online shop များနှင့် မြို့တော်မှအဖြစ်အပျက်သတင်းများကို အချိန်အကြာကြီးနေမှ ဂတ်စ်ဂြိုဟ်ကသိရှိကြရ၍ အဆင်လုံးဝမပြေချေ။

 ထို့​ကြောင့် မြို့တော်မှ မိဘအချို့က အင်တာနက်စွဲလမ်းလွန်းသော သူတို့၏ကလေးကို ခေါင်ပါးသောဂြိုဟ်များဆီလွှတ်ကြ၏။

 "အခု ပြင်ဆင်မှုတစ်ချို့လုပ်ကြရအောင်။ ပြီးရင် အရှင့်သားကိုရှာပြီး သူ့သဘောကိုလည်း မေးကြမယ်ဟေ့" ဂျက်စတင်ကပြောလိုက်၏။ အိမ်ရှေ့စံက မိုးကြိုးကြောင့် ခေါင်းအစ၊ခြေအဆုံးဒဏ်ရာအပြည့်ဖြစ်နေ၍ ဂျက်စတင်က အိမ်ရှေ့စံမင်းသား သက်သာလာအောင်ရက်အနည်းငယ်ကြာ အနားယူရမည်ဟု ယူဆထား၏။ ပြန်ကောင်းသွားချိန်မှ အိမ်ရှေ့စံမင်းသားအား သွားတွေ့ကာ ညွှန်ကြားချက်အချို့တောင်းခံလိုက်မည်။

 ဂျက်စတင်က ထွက်ခွာသွားပြီး ဂျေရက်နှင့်သူ့အဖွဲ့သားများက ကျန်နေခဲ့လေသည်။

သူတို့က ဂျွန်းနှင့်ဂျက်စတင်တို့ စကားပြောနေသည်ကို အနည်း၊အများကြားလိုက်ကြရာ ယခုတော့အလွန်ကြောက်ရွံ့နေကြတော့၏။

 "အဲ့ဒီအဆင့်ကျသားရဲကြီးက တကယ်ပဲအိမ်ရှေ့စံတဲ့လား။ သူက အဆင့်ကျသားရဲမဟုတ်ဘူးလား" ဂျေကာက မသေချာသလို အသံလေးဖြင့်ပြောလိုက်၏။

 " အစကတည်းက အဲ့မြွေကြီးက သူ့ကိုယ်သူအဆင့်ကျသားရဲပါလို့မပြောခဲ့ဘူးကွ။ ဒါငါတို့ထင်တာ သက်သက်ပဲလေ..." ဂျေရက်က အမူအယာကင်းမဲ့စွာပြန်ဖြေလိုက်သော်လည်း သူ၏စိတ်ထဲတွင် မုန်တိုင်းတိုက်သွားခဲ့ပြီဖြစ်၏။

သူကိုယ်တိုင်က ထိုမြွေကြီးအား သားရဲတစ်ပိုင်းလူသားငယ်လေး၏ အဖေဟုထင်ကာ သားရဲတစ်ပိုင်းလူသားငယ်လေးကို ကောင်းကောင်းဂရုစိုက်ပေးမည်ဟုပင် အာမခံချက်သွားပေးခဲ့သေး၏။ အခုကျတော့...ထိုမြွေကြီးက အိမ်ရှေ့စံမင်းသားတဲ့။ မိုးကြိုးအပစ်ခံရပြီးတဲ့နောက် အိမ်ရှေ့စံက သားရဲတစ်ပိုင်းလူသားငယ်လေးကို အနမ်းတောင်ပေးခဲ့သေးတာ...။

သူက အိမ်ရှေ့စံ၏ကြင်ယာလောင်းကို လိုက်ဖို့ကြိုးစားခဲ့၍ သေချာပေါက်အရိုက်ခံရလိမ့်မည်။

 "ဪ...သူက အဆင့်ကျသားရဲမဟုတ်ခဲ့ဘူးပဲ။ အခုတော့ ကျွန်တော်အားလုံးနားလည်သွားပြီ...။ ကျွန်တော်တို့သူ့ကိုစတွေ့တုန်းက မြွေတစ်ကောင်အဖြစ်နဲ့တောင် အရမ်းခွန်အားကြီးနေခဲ့တာလေ။ ဘယ်အဆင့်ကျသားရဲကများ သူ့လောက်အင်အားကြီးမှာတဲ့လဲ" ဂျေရက်၏အဖွဲ့မှ တစ်ယောက်က ပြောလိုက်၏။

 "ဟုတ်တယ်..အိမ်ရှေ့စံက တကယ့်ကို အိမ်ရှေ့စံပီသပါပေတယ်။ အဲ့အချိန်တုန်းက ကျွန်တော်တို့ကို ထိတောင်မထိခဲ့ဘူး။ ဒါတောင် ကျွန်တော်တို့ကို ဖိနှိပ်ထားနိုင်ခဲ့တယ်။အဲ့တုန်းက ကျွန်တော်တောင် တော်တော်အံ့သြခဲ့ရသေးတယ်"

 ထိုလူများက အိမ်ရှေ့စံအကြောင်းသက်ပြင်းတစ်ချချ ဆွေးနွေးနေကြလေသည်။ သူတို့က အိမ်ရှေ့စံမင်းသားအား အဆုံးမဲ့ယုံကြည်လေးစားသွားကြလေသည်။ ချစ်စရာသားရဲတစ်ပိုင်းလူသားလေးကတော့.....သူတို့နဲ့မဆိုင်တော့ပါဘူး။ သူတို့ကိုယ်တိုင်ကလည်း ထိုသို့အသဲကွဲမှုမျိုးကို ကျင့်သားရနေကြပြီးဖြစ်လေသည်။

.........💔🦁💔🦁💔🦁💔.........

 မကြာမီပင် သူတို့အဖွဲ့အား သားရဲလူသားအုပ်က ဝိုင်းရံလိုက်ကြ၏။

 "ဂျေရက်...မင်းက အရှင့်သားနဲ့ နည်းနည်းရင်းနှီးတယ်မလား...။ အခြေအနေကကော..ဘယ်လိုနေလဲ"

 "ဂျေကာရေ...အရှင့်သားကအရမ်းအရမ်းပဲ ခွန်အားကြီးတယ်လား"

 "ဂျေရက်...အဲ့ဒီသားရဲတစ်ပိုင်းလူသားလေးက အရှင့်သားရွေးချယ်ထားတဲ့မိတ်ဖက်လား။ ဒါဆို ငါတို့မှာ အိမ်ရှေ့စံကြင်ယာတော်လောင်းလေး ရှိတော့မှာပေါ့"

 "အိမ်ရှေ့စံက ဘယ်လိုကြောင့် မျိုးဆက်သွေးနိုးထခဲ့တယ်ဆိုတာ မင်းတို့သိလား"

.............

ဂျေရက်(╥_╥): ငါဘာမှမသိဘူး။ ငါဘယ်တော့အရိုက်ခံရမလဲဆိုတာပဲ တွေးပူနေတယ်။

တစ်ဘက်တွင် လူများစွာစုဝေးနေကြ၏။ တခြားတစ်ဖက်တွင် ဂျက်စတင်က လူအချို့ကိုစုကာ အိမ်ရှေ့စံမင်းသားမျိုးဆက်သွေးနိုးထသည့် ဗီဒီယိုကို ပြင်ဆင်နေလေသည်။ သူကိုယ်တိုင်ပင် ကြီးကြပ်ကာ ညွှန်ကြားနေ၏။

"အရှင့်သားက ဒီအပိုင်းမှာ ဒဏ်ရာအရမ်းပြင်းထန်နေတယ်..။ အဲ့အပိုင်း..အဲ့နေရာကိုအဓိကထားပြလိုက်...။ တခြားသူတွေကို အရှင့်သားက ခွန်အားကြီးလာဖို့ ဒီလိုတွေပေးဆပ်ခဲ့ရတယ်ဆိုတာ သိအောင်ပြလိုက်ကြ...."

"သားရဲတစ်ပိုင်းလူသားလေးကို ကာကွယ်ပေးနေတဲ့ အရှင့်သားရဲ့သူရဲကောင်းဆန်တဲ့စရိုက်ကို ပိုပြီးသိသာအောင် ငါတို့အကောင်းဆုံးပြင်ဆင်ရမယ်"

"မှန်တယ်..နောက်ဆုံးအပိုင်းကို ကြည့်ရအောင်။ သားရဲတစ်ပိုင်းလူသားလေးကို နမ်းနေတဲ့အရှင့်သားရဲ့ပုံစံက တကယ့်ကိုရင်ထဲထိမိစေတယ်ကွ...။ ငါတောင်ကြည့်ရင်း မျက်ရည်တွေကျလာမိတယ်။ အဲ့​နေရာမှာ ဒီအပိုင်းနဲ့လိုက်ဖက်ညီတဲ့ ဆွတ်ပျံ့ဖွယ်သီချင်းလေးကို ထည့်လိုက်သင့်တယ်"

 ...............

"စိတ်ချလိုက်ပါ​ဗျာ...။ ဘုရင်ခံကြီးသဘောကျ ကျွန်တော်အကောင်းဆုံးလုပ်ပေးပါ့မယ်လို့ ကတိပေးပါတယ်" ဗီဒီယိုအားပြင်ဆင်ပေးရမည့်သူမှာ အလွန်စိတ်လှုပ်ရှားနေလေသည်။ အိမ်ရှေ့စံအရှင့်သားက သူ၏စံပြပုဂ္ဂိုလ်ဖြစ်လေသည်။ ယခင်က ဂတ်စ်ဂြိုဟ်တွင် ခေတ်နောက်ကျနေသော အိမ်ရှေ့စံ၏သတင်းများကိုသာ သိခွင့်ရခဲ့၏။ (ပြောချင်တာကကွာ ဒီသတင်းကဒီနေ့ထွက်တယ်ထား။ သူတို့ဆီကျ နောက်တစ်ပတ်၊နှစ်ပတ်ကြာမှသိရတာ..) ယခုတော့ အိမ်ရှေ့စံမင်းသား၏ဗီဒီယိုကို သူကိုယ်တိုင်ပြင်ဆင်ခွင့်ရခဲ့ပြီဖြစ်၍ မူးနောက်သည်အထိစိတ်လှုပ်ရှားနေရ၏။

ဂျက်စတင်၏ သူ၏လက်အောင်ငယ်သားများ အလုပ်ရှုပ်ကုန်ကြသည်ကိုကြည့်နေ၏။ ထို့နောက် အရှင့်သားဆီမှ အနားယူလို၍ လာရောက်မနှောင့်ယှက်ရန် ပြောသည့်အကြောင်းကို သိလိုက်ရပြီးနောက် သူက လူပိုတစ်ယောက်လို ဘာမျှမလုပ်ပဲ ထိုကိစ္စအပေါ်အခွင့်ကောင်းယူမိသွားသလိုခံစားနေရ၏။

 သို့သော် ယခုအချိန်တွင် သူစိတ်အေးအေးဖြင့် ကိစ္စဝိစ္စများကို ကိုင်တွယ်၍မဖြစ်ပေ။

 "ဒါနဲ့.....မြို့တော်ဆီက သတင်းတွေ ရောက်လာပြီလား။ ကြည့်ရအောင် ပြပေးပါဦး" ဂျက်စတင်က ရုတ်တရက်မေးမြန်းလိုက်၏။

 "ဆရာ...အခုပဲရောက်လာတာ...။ မြို့တော်မှာ တကယ်ကြီး တစ်ခုခုဖြစ်နေခဲ့တာ။ ဒီတစ်ခေါက် သတင်းတွေအများကြီးရောက်လာတယ်" ထိုလူက မြို့တော်မှရောက်ရှိလာသည့် သတင်းများကို ကွန်ပျူတာဖန်သားပြင်ပေါ် ပေါ်အောင်လုပ်လိုက်၏။

 ထိုသတင်းများက အတိုချုပ်အကြောင်းလေးများသာဖြစ်ပြီး ပထမတစ်ကြောင်းက "အိမ်ရှေ့စံမင်းသားက အဆင့်ကျသားရဲဖြစ်သွားပြီး သားရဲတစ်ပိုင်းလူသားတစ်ဦးကို အနိုင်ကျင့်ကာ အရှက်ခွဲခဲ့ကြောင်း" ဟုရေးသားထားလေသည်။

"ဘာကြီးးး....။ အရှင့်သားက ဘယ်တုန်းကများ အဆင့်ကျသားရဲဖြစ်သွားခဲ့တာလဲ။ သောက်ပိုတွေ..။ ငါကိုယ်တိုင် ငါ့မျက်စိနဲ့ အရှင့်သား မျိုးဆက်သွေးနိုးထလာတာကို ကြည့်ခဲ့ရတာပါနော်" ဂျက်စတင်က အံ့သြတကြီးထအော်၏။ သားရဲတစ်ပိုင်းလူသားလေးကို ခိုးနမ်းခဲ့တာက အနိုင်ကျင့်ပြီးအရှက်ခွဲတာမဟုတ်ဘူးလေကွာ...။ အဲ့တုန်းကဆို အိမ်ရှေ့စံရဲ့အိပ်ဆောင်ထဲဝင်ဖို့ အမြဲစိတ်ကူးယဥ်တတ်တဲ့ သူ့ရဲ့သားငယ်လေးကိုပြဖို့ ဓာတ်ပုံကို  ဂျက်စတင်ကိုယ်တိုင် ရိုက်ခဲ့သေး၏။

 "ဒီရောက်လာတဲ့သတင်းတိုတွေအားလုံးက အရှင့်သားအကြောင်းတွေကြီးပဲ။ ပြီးတော့ အဆင့်ကျသားရဲဖြစ်သွားတဲ့အရှင့်သားက လူတစ်ချို့ကို တိုက်ခိုက်ခဲ့တယ်လို့လဲ သတင်းကဖော်ပြထားသေးတယ်" အတွင်းရေးမှူးလေးက သတင်းများကို ဖတ်ပြရင်း ကြက်သေသေနေရ၏။

"​ကြယ်မြို့တော်ကနေ ဒီကိုအမြန်ဆုံးအာကာသယာဥ်စီးပြီး လာရင်တောင် ဆယ်ရက်ကြာတယ်။ အရှင့်သားက လွန်ခဲ့တဲ့ရက်တွေတုန်းကမှ သားရဲတစ်ပိုင်းလူသားတစ်ယောက်ကို အနိုင်ကျင့်အရှက်ခွဲခဲ့တယ်ဆိုရင် မနေ့ကငါတို့ဂြိုဟ်ပေါ်မှာ မျိုးဆက်သွေးနိုးထနိုင်မှာမဟုတ်ဘူး" ဂျက်စတင်က ရုတ်ချည်းမတ်တပ်ရပ်ကာပြောလိုက်၏။ "ဒါချောက်ချတာပဲ...။ တစ်စုံတစ်ယောက်က ငါတို့ရဲ့အရှင့်သားကို ချောက်ချနေတာ။ အရှင့်သားဆီ မြန်မြန်တင်ပြပြီး ရှင်းလင်းချက်ထုတ်နိုင်အောင် ငါတို့ကူညီပေးရမယ်"

ကွန်ပျူတာကြီးအားကောက်ကိုင်လိုက်ပြီး ဂျက်စတင်က သူ၏ကိုယ်လုံးကြီးကိုမနိုင့်တနိုင်သယ်ကာ ပြေးထွက်သွား​တော့၏။ "လေယာဥ်....လေယာဥ်ထုတ်ထား"
.........

သားရဲလူသားတိုင်း အက်ဂါ၏အခြေအနေကိုစိုးရိမ်နေကြ၏။ သားရဲတစ်ပိုင်းလူသားငယ်လေးအား ပွေ့ချီကာသယ်သွားပြီးနောက် အက်ဂါက အိမ်ရောက်ရောက်ချင်း အိမ်ကိုအလုံပိတ်လိုက်လေသည်။ ထို့နောက်မှ သားရဲတစ်ပိုင်းလူသားငယ်လေး၏ အခြေအနေကိုစတင်စစ်ဆေးလိုက်တော့၏။

 နောက်ဆုံးမိုးကြိုးချက်ကြီးက အလွန်ပြင်းထန်ကာ အက်ဂါသေမလိုပင်ဖြစ်သွားခဲ့ရ၏။ သို့သော်လည်း ထိုမိုးကြိုးချက်ကြောင့် သူ၏ကိုယ်ထဲ များပြားလှသည့်စိတ်ဝိညာဥ်စွမ်းအားများ ဝင်ရောက်လာခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအားများက သူ၏ဒဏ်ရာများကို တစ်ခဏအတွင်းသက်သာလာစေကာ သားရဲအမြုတေကိုပြန်လည်ဖွဲ့စည်းလာစေပြီး လူသားတစ်ဦးအသွင်ပြန်ပြောင်းနိုင်ခဲ့ခြင်းဖြစ်လေသည်။ အက်ဂါက သူ့အချစ်လေး၏ကိုယ်ထဲသို့လည်း စိတ်ဝိညာဥ်စွမ်းအားအများအပြားထည့်သွင်းပေးခဲ့သေး၏။

ထိုအကောင်ငယ်လေး၏ဒဏ်ရာများ အားလုံးနီးပါးပြန်ကောင်းနေပြီး မည်သည့်ပြဿနာမျှမရှိတော့ချေ။ ယခုထိမနိုးသေးပုံထောက်တော့...သူ့အချစ်လေးပင်ပန်းကာ အိပ်မောကျနေခြင်းသာဖြစ်ရမည်။

အက်ဂါက သားရဲတစ်ပိုင်းလူသားငယ်လေး၏အခြေအနေအားစစ်ဆေးရန်ပို့ထားသော စွမ်းအင်ကို ထိုအကောင်ငယ်လေး၏ကိုယ်ထဲမှ ပြန်ထုတ်ယူလိုက်ပြီး နာမည်လေးအား ခေါ်လိုက်မိ၏။ "ရှုရှု...ရှုရှုလေးရေ..."

 အာ....အကောင်ငယ်လေးရဲ့နာမည်လေးက တကယ့်ကိုနားထောင်ကောင်းတာပဲ။ ဒီနာမည်လေးကိုအမြဲတမ်း စိတ်ထဲကနေပဲခေါ်ခဲ့ရပြီး နောက်ဘယ်တော့မှ ပါးစပ်ကနေထုတ်ခေါ်ခွင့်ရှိမှာမဟုတ်ဘူးလို့ ထင်နေခဲ့တာ..။ အက်ဂါ၏နှလုံးသားတစ်ခုလုံး နွေးထွေးနေရလေသည်။ သူတောင့်မခံနိုင်တော့ပဲ ထိုအကောင်ငယ်လေးအား ထပ်၍နမ်းရှိုက်ချင်လာ၏။

 သားရဲတစ်ပိုင်းလူသားငယ်လေး၏ အဝတ်များက မိုးကြိုးကြောင့်ပျက်စီးသွားခဲ့ရ၏။ ထိုအကောင်ငယ်လေးအား အဝတ်ပတ်ပေးထားသော်လည်း...ဘာမျှမဝတ်ပေးရသေးပေ။ ထို့ကြောင့် အပေါ်ယံအဝတ်လေးသာပတ်ပေးမထားလျှင် တုံးလုံးလေးသာဖြစ်နေမည်။ အက်ဂါက ယခင်ကမြင်တွေ့ခဲ့ရဖူးသည့် မက်မွန်သီးနှင့်ဂျိုးလေးအပါအဝင် ဖြူဖြူဖွေးဖွေးအသားလုံးလေးအား မြင်ယောင်ကြည့်ရင်း သူ၏ကိုယ်ကချက်ချင်း တုံ့ပြန်လာလေသည်။

သူက သားရဲတစ်ကောင်ကဲ့သို့ စိတ်ပြင်းထန်လာရ၍ စိတ်ဝိညာဥ်စွမ်းအားများကို လှည့်လည်ကာ ခေါင်းကြည်လာအောင်ကြိုးစားလိုက်ရ၏။ ထို့နောက် သူမျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏အရှေ့မှ အကောင်ငယ်လေးမှာ နိုးထလာပြီဖြစ်၏။

............👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨............

အခုအပိုင်းကစပြီး English words counts ကိုက 22000ကျော်ပါတယ်။ ဒါကြောင့်ဒီနေ့တစ်ဝက်ပဲ တင်ပေးထားပါတယ်😁😁။ Thanks For Your Reading 💖💖

1.9.2021

🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်ရက္🦁

(Zawgyi)

အက္ဂါ၏ေနာက္ေက်ာအား ေပ်ာက္ကြယ္သြားသည္အထိ ေစာင့္ၾကည့္ၿပီးမွ ဂ်က္စတင္က ဂြၽန္းဘက္သို႔လွည့္ကာ ခ်က္ခ်င္းတြယ္ကပ္ေနေတာ့၏။ "ေဒါက္တာဂြၽန္းေရ...အရွင့္သားက ဘာလို႔ဂတ္စ္ၿဂိဳဟ္ဆီေရာက္လာရတာလဲဟင္။ ဒီေလာက္အေရးႀကီးတဲ့သတင္းကို ဘာလို႔က်ဳပ္ကိုမေျပာရတာတုံး"

အက္ဂါက မိုးႀကိဳးတရစပ္အပစ္ခံခဲ့ရ၏။ ဂ်က္စတင္က ထိုကိစၥအားသိပ္ၿပီးဂ႐ုမစိုက္ခဲ့ေပ။ သို႔ေသာ္ယခုေတာ့ အက္ဂါမွာ အိမ္ေရွ႕စံျဖစ္ေၾကာင္း သိသြားခဲ့ၿပီျဖစ္၏။

အိမ္ေရွ႕စံမင္းသား သူ႕ၿဂိဳဟ္ေပၚေရာက္ေနတာကို တကယ္ကိုမသိခဲ့ဘူး။ အမေလးေလးးး။

 ထိုေနရာတြင္ လူမ်ားစြာရွိေနခဲ့ၿပီး ဂြၽန္းကေတာ့ အံ့အားအသင့္ဆုံးျဖစ္ေနေလသည္။ အရင္ရက္ေတြတုန္းကမွ အက္ဂါအားစစ္ေဆးေပးထားၿပီး စစ္ေဆးစဥ္ သူ၏သားရဲအျမဳေတမွာ အမွန္ပင္ကြဲေၾကသြားခဲ့ေၾကာင္းအတည္ျပဳခဲ့၏။ သို႔ေသာ္ မိုးႀကိဳးသုံးဆယ့္ေျခာက္ခ်က္အပစ္ခံရၿပီးေနာက္ အက္ဂါ၏အေၾကးခြံမ်ားအစ ေျပာင္းလဲသြားၿပီး အဆင့္က်သားရဲဘဝျဖင့္ မ်ိဳးဆက္ေသြးနိုးထခဲ့ကာ လူသားအသြင္ျပန္ေျပာင္းနိုင္ခဲ့ေလသည္။
 
ဒါဘယ္လိုျဖစ္နိုင္မွာလဲ။

 ဂြၽန္းက မျဖစ္နိုင္ဟုေတြးမိေသာ္လည္း ထုတ္မေျပာေပ။ ဂ်က္စတင္အား လွည့္မၾကည့္မွီ သူ၏မ်က္ေတာင္ကို တဖ်တ္ဖ်တ္ခတ္ကာ အံ့အားသင့္​ေနမႈအားဖုံးကြယ္လိုက္၏။ "အရွင့္သား ဒီကိုေရာက္ခါစက ကြၽန္ေတာ္လဲမသိခဲ့ဘူး။ လြန္ခဲ့တဲ့ ႏွစ္ရက္၊သုံးရက္ေလာက္ကမွ အရွင့္သားက ကြၽန္ေတာ့္ဆီလာေတြ႕ခဲ့တာ"

 "ဒါဆိုလြန္ခဲ့တဲ့ရက္ေတြတုန္းက ဘာလို႔မ်ားက်ဳပ္သိခြင့္မရခဲ့တာလဲ" ဂ်က္စတင္ကထပ္ေမးျပန္၏။ အက္ဂါ၏ မ်က္ႏွာအားမွတ္မိရန္လြယ္ကူ၏။ ထို႔ေၾကာင့္ အရွင့္သားက တိတ္တိတ္ကေလးေရာက္လာနိုင္မည္မဟုတ္ေပ။

ၿပီး​ေတာ့ အိမ္ေရွ႕စံမင္းသားက ခ်စ္သူမရွိသည့္အျပင္ အလြန္လည္းအစြမ္းထက္ေသး၏။ သူ၏ သားရဲတစ္ပိုင္းလူသား သားငယ္ေလးဆိုလွ်င္ အိမ္ေရွ႕စံ၏ပိုစတာအား ပိုင္ဆိုင္လိုစိတ္ျပင္းျပစြာျဖင့္ အၿမဲတမ္းၾကည့္ေနတတ္သလို သူ၏သားရဲလူသား သားငယ္ကလည္း အက္ဂါ၏တိုက္ခိုက္သည့္ ဗီဒီယိုမ်ားကိုၾကည့္ကာ တိုက္ခိုက္နည္းသင္ယူတတ္၏။ ဂ်က္စတင္က အင္ပါယာဘုရင္အား မွတ္မိခ်င္မွမွတ္မိမည္။ သို႔ေသာ္ အိမ္ေရွ႕စံမင္းသားကိုေတာ့ ေကာင္းေကာင္းမွတ္မိ၏။

 "အရွင့္သားဒီကိုေရာက္တုန္းက သူ႕ရဲ႕မ်ိဳးဆက္ေသြးကနိုးထေတာ့မဲ့ဆဲဆဲမို႔ သားရဲပုံစံအေနနဲ႕ပဲေနခဲ့ရတယ္။ ဒါေၾကာင့္ ဒီကလူတိုင္းက အဆင့္က်သားရဲတစ္ေကာင္လို႔ထင္သြားၾကတာ" ဂြၽန္းက အၿပဳံးေလးျဖင့္ရွင္းျပ၏။

"ေဂ်ရက္နဲ႕သူ႕လူေတြက အဆင့္က်သားရဲနဲ႕ သားရဲတစ္ပိုင္းလူသားငယ္ေလးကို ေတာထဲကေခၚခဲ့တယ္ဆို။ အဲ့ေႁမြက အရွင့္သားလား။ သားရဲတစ္ပိုင္းလူသားေလးကလည္း အခုအရွင့္သားကာကြယ္ေပးေနတဲ့သူလား"

ဂတ္စ္ၿဂိဳဟ္က ၿဂိဳဟ္တစ္ခုျဖစ္ေသာ္လည္း ၿမိဳ႕ေတာ္ႏွင့္စာလွ်င္ လူေနက်ဲပါးလွ၏။ ထို႔ေၾကာင့္ ဘုရင္ခံဂ်က္စတင္က ဤေနရာတြင္ ျဖစ္ပ်က္ေနသမွ်တိုင္းလိုလို သိရွိေလသည္။ ဗိုလ္မႈး ေဂ်ရက္ႏွင့္သူ႕အဖြဲ႕က သားရဲတစ္ပိုင္းလူသားငယ္ေလးအား ေတာထဲတြင္ေတြ႕ခဲ့သည့္သတင္းကိုလည္း သူေကာင္းေကာင္းသိေလသည္။

 ထိုအခ်ိန္တုန္းက သူက ထိုကဲ့သို႔အေသးအဖြဲကိစၥအားဂြၽန္းဆီသို႔သာ လႊဲေပးခဲ့၏။ အမေလးေလး...ဒါႀကီးက တကယ့္ကိုအေသးအဖြဲကိစၥမဟုတ္ဘူးဟ။ ဒါကတကယ့္ကို ႀကီးက်ယ္တဲ့ကိစၥႀကီးတစ္ခုျဖစ္ေနခဲ့တာ..။

ကိစၥရဲ႕အစကိုပဲ ၾကည့္ရေအာင္..။ အိမ္ေရွ႕စံလို ထိပ္တန္းပုဂၢိုလ္က ဂတ္စ္ၿဂိဳဟ္ကို အရင္ဆုံးလာခဲ့တာပဲေလ။ သူက တစ္ႏွစ္လွ်င္တစ္ႀကိမ္ဂတ္စ္ၿဂိဳဟ္သို႔ အမ်ားျပည္သူသုံး အာကာသယာဥ္မ်ား လာေရာက္ရန္ ေလွ်ာက္ထားလိုခဲ့သည္။ ယခုေတာ့ သူကိုယ္တိုင္ေလွ်ာက္လွ်င္ခြင့္ျပဳခ်က္ရမည္၊မရမည္ မေသခ်ာ၊မေရာသည့္ကိစၥအတြက္ အိမ္ေရွ႕မင္းသားကိုသာ အားကိုးလိုက္ေတာ့မည္။

 မဟုတ္ေသးဘူး။ တစ္ႏွစ္မွာ တစ္ခါထဲလာမွာဆိုေတာ့ နည္းေသးတယ္။ တစ္ႏွစ္ကို အမ်ားျပည္သူသုံး အာကာသယာဥ္မ်ားႏွစ္ေခါက္ လာေရာက္ရန္ခြင့္ေတာင္းရမည္။ ဒါတကယ့္ကို ေကာင္းတဲ့အႀကံပဲ။

 "အာ..အဲ့လိုလား....။ အိုးး ဒါနဲ႕ေလ...အရွင့္သား... အဟမ္းးအဟမ္း....မိုးႀကိဳးအပစ္ခံၿပီး မ်ိဳးဆက္ေသြးနိုးထတဲ့အေၾကာင္း ဗီဒီယိုရိုက္ထားေသးလား။ အဲ့ဒီဗီဒီယိုကို ငါတို႔ၿဂိဳဟ္ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္မွာ တင္လိုက္သင့္တယ္..။ဟားးးဟားးးဟားးး....အရွင့္သားက ငါတို႔ၿဂိဳဟ္ေပၚမွာ မ်ိဳးဆက္ေသြးနိုးခဲ့တာ...ေနာက္ဆိုရင္ အင္အားႀကီးတဲ့သူေတြက ဂတ္စ္ၿဂိဳဟ္ကိုလာၿပီး ေလ့က်င့္ၾက​ေတာ့မွာ..." ဂ်က္စတင္က သူ၏အတြင္းေရးမႉးဆီသို႔ လွည့္ၾကည့္လိုက္၏။

 "ဗီဒီယိုရိုက္ထားတယ္..။ ဒီနားမွာရွိခဲ့တဲ့ လူတစ္ခ်ိဳ႕ဆီက အစအဆုံးရိုက္ထားတဲ့ ဗီဒီယိုကို ကြၽန္ေတာ္ေတာင္းခဲ့တယ္။ ​နည္းနည္းပါးပါးျပင္ဆင္ၿပီးရင္ လူတိုင္းၾကည့္ဖို႔ တရားဝင္ဝက္ဘ္ဆိုက္မွာ တင္လို႔ရၿပီ" အတြင္းေရးမႉးေလးက ခ်က္ခ်င္းျပန္ေျဖ၏။ သူကလည္း ဂ်က္စတင္နည္းတူ စိတ္လႈပ္ရွားေနေလသည္။

သူတို႔သာ တရားဝင္ဝက္ဘ္ဆိုက္မွာ ဗီဒီယိုတင္လိုက္ရင္ ၿမိဳ႕ေတာ္ကလူေတြ ဗီဒီယိုကိုၾကည့္ရဖို႔ သူတို႔ဝက္ဘ္ဆိုက္ကို ၿမိဳ႕ေတာ္ကကြန္ရက္နဲ႕ လာခ်ိတ္ၾကလိမ့္မယ္။

ဂတ္စ္ၿဂိဳဟ္မွ အင္တာနက္ျဖင့္ စတားကြန္ရက္သို႔သြားၾကည့္၍မရေပ။ စတားကြန္ရက္မွ ေနာက္ဆုံးေပၚသတင္းမ်ား၊ Online shop မ်ားႏွင့္ ၿမိဳ႕ေတာ္မွအျဖစ္အပ်က္သတင္းမ်ားကို အခ်ိန္အၾကာႀကီးေနမွ ဂတ္စ္ၿဂိဳဟ္ကသိရွိၾကရ၍ အဆင္လုံးဝမေျပေခ်။

 ထို႔​ေၾကာင့္ ၿမိဳ႕ေတာ္မွ မိဘအခ်ိဳ႕က အင္တာနက္စြဲလမ္းလြန္းေသာ သူတို႔၏ကေလးကို ေခါင္ပါးေသာၿဂိဳဟ္မ်ားဆီလႊတ္ၾက၏။

 "အခု ျပင္ဆင္မႈတစ္ခ်ိဳ႕လုပ္ၾကရေအာင္။ ၿပီးရင္ အရွင့္သားကိုရွာၿပီး သူ႕သေဘာကိုလည္း ေမးၾကမယ္ေဟ့" ဂ်က္စတင္ကေျပာလိုက္၏။ အိမ္ေရွ႕စံက မိုးႀကိဳးေၾကာင့္ ေခါင္းအစ၊ေျခအဆုံးဒဏ္ရာအျပည့္ျဖစ္ေန၍ ဂ်က္စတင္က အိမ္ေရွ႕စံမင္းသား သက္သာလာေအာင္ရက္အနည္းငယ္ၾကာ အနားယူရမည္ဟု ယူဆထား၏။ ျပန္ေကာင္းသြားခ်ိန္မွ အိမ္ေရွ႕စံမင္းသားအား သြားေတြ႕ကာ ၫႊန္ၾကားခ်က္အခ်ိဳ႕ေတာင္းခံလိုက္မည္။

 ဂ်က္စတင္က ထြက္ခြာသြားၿပီး ေဂ်ရက္ႏွင့္သူ႕အဖြဲ႕သားမ်ားက က်န္ေနခဲ့ေလသည္။

သူတို႔က ဂြၽန္းႏွင့္ဂ်က္စတင္တို႔ စကားေျပာေနသည္ကို အနည္း၊အမ်ားၾကားလိုက္ၾကရာ ယခုေတာ့အလြန္ေၾကာက္႐ြံ႕ေနၾကေတာ့၏။

 "အဲ့ဒီအဆင့္က်သားရဲႀကီးက တကယ္ပဲအိမ္ေရွ႕စံတဲ့လား။ သူက အဆင့္က်သားရဲမဟုတ္ဘူးလား" ေဂ်ကာက မေသခ်ာသလို အသံေလးျဖင့္ေျပာလိုက္၏။

 " အစကတည္းက အဲ့ေႁမြႀကီးက သူ႕ကိုယ္သူအဆင့္က်သားရဲပါလို႔မေျပာခဲ့ဘူးကြ။ ဒါငါတို႔ထင္တာ သက္သက္ပဲေလ..." ေဂ်ရက္က အမူအယာကင္းမဲ့စြာျပန္ေျဖလိုက္ေသာ္လည္း သူ၏စိတ္ထဲတြင္ မုန္တိုင္းတိုက္သြားခဲ့ၿပီျဖစ္၏။

သူကိုယ္တိုင္က ထိုေႁမြႀကီးအား သားရဲတစ္ပိုင္းလူသားငယ္ေလး၏ အေဖဟုထင္ကာ သားရဲတစ္ပိုင္းလူသားငယ္ေလးကို ေကာင္းေကာင္းဂ႐ုစိုက္ေပးမည္ဟုပင္ အာမခံခ်က္သြားေပးခဲ့ေသး၏။ အခုက်ေတာ့...ထိုေႁမြႀကီးက အိမ္ေရွ႕စံမင္းသားတဲ့။ မိုးႀကိဳးအပစ္ခံရၿပီးတဲ့ေနာက္ အိမ္ေရွ႕စံက သားရဲတစ္ပိုင္းလူသားငယ္ေလးကို အနမ္းေတာင္ေပးခဲ့ေသးတာ...။

သူက အိမ္ေရွ႕စံ၏ၾကင္ယာေလာင္းကို လိုက္ဖို႔ႀကိဳးစားခဲ့၍ ေသခ်ာေပါက္အရိုက္ခံရလိမ့္မည္။

 "ဪ...သူက အဆင့္က်သားရဲမဟုတ္ခဲ့ဘူးပဲ။ အခုေတာ့ ကြၽန္ေတာ္အားလုံးနားလည္သြားၿပီ...။ ကြၽန္ေတာ္တို႔သူ႕ကိုစေတြ႕တုန္းက ေႁမြတစ္ေကာင္အျဖစ္နဲ႕ေတာင္ အရမ္းခြန္အားႀကီးေနခဲ့တာေလ။ ဘယ္အဆင့္က်သားရဲကမ်ား သူ႕ေလာက္အင္အားႀကီးမွာတဲ့လဲ" ေဂ်ရက္၏အဖြဲ႕မွ တစ္ေယာက္က ေျပာလိုက္၏။

 "ဟုတ္တယ္..အိမ္ေရွ႕စံက တကယ့္ကို အိမ္ေရွ႕စံပီသပါေပတယ္။ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္တို႔ကို ထိေတာင္မထိခဲ့ဘူး။ ဒါေတာင္ ကြၽန္ေတာ္တို႔ကို ဖိႏွိပ္ထားနိုင္ခဲ့တယ္။အဲ့တုန္းက ကြၽန္ေတာ္ေတာင္ ေတာ္ေတာ္အံ့ၾသခဲ့ရေသးတယ္"

 ထိုလူမ်ားက အိမ္ေရွ႕စံအေၾကာင္းသက္ျပင္းတစ္ခ်ခ် ေဆြးႏြေးေနၾကေလသည္။ သူတို႔က အိမ္ေရွ႕စံမင္းသားအား အဆုံးမဲ့ယုံၾကည္ေလးစားသြားၾကေလသည္။ ခ်စ္စရာသားရဲတစ္ပိုင္းလူသားေလးကေတာ့.....သူတို႔နဲ႕မဆိုင္ေတာ့ပါဘူး။ သူတို႔ကိုယ္တိုင္ကလည္း ထိုသို႔အသဲကြဲမႈမ်ိဳးကို က်င့္သားရေနၾကၿပီးျဖစ္ေလသည္။

.........💔🦁💔🦁💔🦁💔.........

 မၾကာမီပင္ သူတို႔အဖြဲ႕အား သားရဲလူသားအုပ္က ဝိုင္းရံလိုက္ၾက၏။

 "ေဂ်ရက္...မင္းက အရွင့္သားနဲ႕ နည္းနည္းရင္းႏွီးတယ္မလား...။ အေျခအေနကေကာ..ဘယ္လိုေနလဲ"

 "ေဂ်ကာေရ...အရွင့္သားကအရမ္းအရမ္းပဲ ခြန္အားႀကီးတယ္လား"

 "ေဂ်ရက္...အဲ့ဒီသားရဲတစ္ပိုင္းလူသားေလးက အရွင့္သားေ႐ြးခ်ယ္ထားတဲ့မိတ္ဖက္လား။ ဒါဆို ငါတို႔မွာ အိမ္ေရွ႕စံၾကင္ယာေတာ္ေလာင္းေလး ရွိေတာ့မွာေပါ့"

 "အိမ္ေရွ႕စံက ဘယ္လိုေၾကာင့္ မ်ိဳးဆက္ေသြးနိုးထခဲ့တယ္ဆိုတာ မင္းတို႔သိလား"

.............

ေဂ်ရက္(╥_╥): ငါဘာမွမသိဘူး။ ငါဘယ္ေတာ့အရိုက္ခံရမလဲဆိုတာပဲ ေတြးပူေနတယ္။

တစ္ဘက္တြင္ လူမ်ားစြာစုေဝးေနၾက၏။ တျခားတစ္ဖက္တြင္ ဂ်က္စတင္က လူအခ်ိဳ႕ကိုစုကာ အိမ္ေရွ႕စံမင္းသားမ်ိဳးဆက္ေသြးနိုးထသည့္ ဗီဒီယိုကို ျပင္ဆင္ေနေလသည္။ သူကိုယ္တိုင္ပင္ ႀကီးၾကပ္ကာ ၫႊန္ၾကားေန၏။

"အရွင့္သားက ဒီအပိုင္းမွာ ဒဏ္ရာအရမ္းျပင္းထန္ေနတယ္..။ အဲ့အပိုင္း..အဲ့ေနရာကိုအဓိကထားျပလိုက္...။ တျခားသူေတြကို အရွင့္သားက ခြန္အားႀကီးလာဖို႔ ဒီလိုေတြေပးဆပ္ခဲ့ရတယ္ဆိုတာ သိေအာင္ျပလိုက္ၾက...."

"သားရဲတစ္ပိုင္းလူသားေလးကို ကာကြယ္ေပးေနတဲ့ အရွင့္သားရဲ႕သူရဲေကာင္းဆန္တဲ့စရိုက္ကို ပိုၿပီးသိသာေအာင္ ငါတို႔အေကာင္းဆုံးျပင္ဆင္ရမယ္"

"မွန္တယ္..ေနာက္ဆုံးအပိုင္းကို ၾကည့္ရေအာင္။ သားရဲတစ္ပိုင္းလူသားေလးကို နမ္းေနတဲ့အရွင့္သားရဲ႕ပုံစံက တကယ့္ကိုရင္ထဲထိမိေစတယ္ကြ...။ ငါေတာင္ၾကည့္ရင္း မ်က္ရည္ေတြက်လာမိတယ္။ အဲ့​ေနရာမွာ ဒီအပိုင္းနဲ႕လိုက္ဖက္ညီတဲ့ ဆြတ္ပ်ံ့ဖြယ္သီခ်င္းေလးကို ထည့္လိုက္သင့္တယ္"

 ...............

"စိတ္ခ်လိဳက္ပါ​ဗ်ာ...။ ဘုရင္ခံႀကီးသေဘာက် ကြၽန္ေတာ္အေကာင္းဆုံးလုပ္ေပးပါ့မယ္လို႔ ကတိေပးပါတယ္" ဗီဒီယိုအားျပင္ဆင္ေပးရမည့္သူမွာ အလြန္စိတ္လႈပ္ရွားေနေလသည္။ အိမ္ေရွ႕စံအရွင့္သားက သူ၏စံျပပုဂၢိုလ္ျဖစ္ေလသည္။ ယခင္က ဂတ္စ္ၿဂိဳဟ္တြင္ ေခတ္ေနာက္က်ေနေသာ အိမ္ေရွ႕စံ၏သတင္းမ်ားကိုသာ သိခြင့္ရခဲ့၏။ (ေျပာခ်င္တာကကြာ ဒီသတင္းကဒီေန႕ထြက္တယ္ထား။ သူတို႔ဆီက် ေနာက္တစ္ပတ္၊ႏွစ္ပတ္ၾကာမွသိရတာ..) ယခုေတာ့ အိမ္ေရွ႕စံမင္းသား၏ဗီဒီယိုကို သူကိုယ္တိုင္ျပင္ဆင္ခြင့္ရခဲ့ၿပီျဖစ္၍ မူးေနာက္သည္အထိစိတ္လႈပ္ရွားေနရ၏။

ဂ်က္စတင္၏ သူ၏လက္ေအာင္ငယ္သားမ်ား အလုပ္ရႈပ္ကုန္ၾကသည္ကိုၾကည့္ေန၏။ ထို႔ေနာက္ အရွင့္သားဆီမွ အနားယူလို၍ လာေရာက္မႏွောင့္ယွက္ရန္ ေျပာသည့္အေၾကာင္းကို သိလိုက္ရၿပီးေနာက္ သူက လူပိုတစ္ေယာက္လို ဘာမွ်မလုပ္ပဲ ထိုကိစၥအေပၚအခြင့္ေကာင္းယူမိသြားသလိုခံစားေနရ၏။

 သို႔ေသာ္ ယခုအခ်ိန္တြင္ သူစိတ္ေအးေအးျဖင့္ ကိစၥဝိစၥမ်ားကို ကိုင္တြယ္၍မျဖစ္ေပ။

 "ဒါနဲ႕.....ၿမိဳ႕ေတာ္ဆီက သတင္းေတြ ေရာက္လာၿပီလား။ ၾကည့္ရေအာင္ ျပေပးပါဦး" ဂ်က္စတင္က ႐ုတ္တရက္ေမးျမန္းလိုက္၏။

 "ဆရာ...အခုပဲေရာက္လာတာ...။ ၿမိဳ႕ေတာ္မွာ တကယ္ႀကီး တစ္ခုခုျဖစ္ေနခဲ့တာ။ ဒီတစ္ေခါက္ သတင္းေတြအမ်ားႀကီးေရာက္လာတယ္" ထိုလူက ၿမိဳ႕ေတာ္မွေရာက္ရွိလာသည့္ သတင္းမ်ားကို ကြန္ပ်ဴတာဖန္သားျပင္ေပၚ ေပၚေအာင္လုပ္လိုက္၏။

 ထိုသတင္းမ်ားက အတိုခ်ဳပ္အေၾကာင္းေလးမ်ားသာျဖစ္ၿပီး ပထမတစ္ေၾကာင္းက "အိမ္ေရွ႕စံမင္းသားက အဆင့္က်သားရဲျဖစ္သြားၿပီး သားရဲတစ္ပိုင္းလူသားတစ္ဦးကို အနိုင္က်င့္ကာ အရွက္ခြဲခဲ့ေၾကာင္း" ဟုေရးသားထားေလသည္။

"ဘာႀကီးးး....။ အရွင့္သားက ဘယ္တုန္းကမ်ား အဆင့္က်သားရဲျဖစ္သြားခဲ့တာလဲ။ ေသာက္ပိုေတြ..။ ငါကိုယ္တိုင္ ငါ့မ်က္စိနဲ႕ အရွင့္သား မ်ိဳးဆက္ေသြးနိုးထလာတာကို ၾကည့္ခဲ့ရတာပါေနာ္" ဂ်က္စတင္က အံ့ၾသတႀကီးထေအာ္၏။ သားရဲတစ္ပိုင္းလူသားေလးကို ခိုးနမ္းခဲ့တာက အနိုင္က်င့္ၿပီးအရွက္ခြဲတာမဟုတ္ဘူးေလကြာ...။ အဲ့တုန္းကဆို အိမ္ေရွ႕စံရဲ႕အိပ္ေဆာင္ထဲဝင္ဖို႔ အၿမဲစိတ္ကူးယဥ္တတ္တဲ့ သူ႕ရဲ႕သားငယ္ေလးကိုျပဖို႔ ဓာတ္ပုံကို  ဂ်က္စတင္ကိုယ္တိုင္ ရိုက္ခဲ့ေသး၏။

 "ဒီေရာက္လာတဲ့သတင္းတိုေတြအားလုံးက အရွင့္သားအေၾကာင္းေတြႀကီးပဲ။ ၿပီးေတာ့ အဆင့္က်သားရဲျဖစ္သြားတဲ့အရွင့္သားက လူတစ္ခ်ိဳ႕ကို တိုက္ခိုက္ခဲ့တယ္လို႔လဲ သတင္းကေဖာ္ျပထားေသးတယ္" အတြင္းေရးမႉးေလးက သတင္းမ်ားကို ဖတ္ျပရင္း ၾကက္ေသေသေနရ၏။

"​ၾကယ္ၿမိဳ႕ေတာ္ကေန ဒီကိုအျမန္ဆုံးအာကာသယာဥ္စီးၿပီး လာရင္ေတာင္ ဆယ္ရက္ၾကာတယ္။ အရွင့္သားက လြန္ခဲ့တဲ့ရက္ေတြတုန္းကမွ သားရဲတစ္ပိုင္းလူသားတစ္ေယာက္ကို အနိုင္က်င့္အရွက္ခြဲခဲ့တယ္ဆိုရင္ မေန႕ကငါတို႔ၿဂိဳဟ္ေပၚမွာ မ်ိဳးဆက္ေသြးနိုးထနိုင္မွာမဟုတ္ဘူး" ဂ်က္စတင္က ႐ုတ္ခ်ည္းမတ္တပ္ရပ္ကာေျပာလိုက္၏။ "ဒါေခ်ာက္ခ်တာပဲ...။ တစ္စုံတစ္ေယာက္က ငါတို႔ရဲ႕အရွင့္သားကို ေခ်ာက္ခ်ေနတာ။ အရွင့္သားဆီ ျမန္ျမန္တင္ျပၿပီး ရွင္းလင္းခ်က္ထုတ္နိုင္ေအာင္ ငါတို႔ကူညီေပးရမယ္"

ကြန္ပ်ဴတာႀကီးအားေကာက္ကိုင္လိုက္ၿပီး ဂ်က္စတင္က သူ၏ကိုယ္လုံးႀကီးကိုမနိုင့္တနိုင္သယ္ကာ ေျပးထြက္သြား​ေတာ့၏။ "ေလယာဥ္....ေလယာဥ္ထုတ္ထား"
.........

သားရဲလူသားတိုင္း အက္ဂါ၏အေျခအေနကိုစိုးရိမ္ေနၾက၏။ သားရဲတစ္ပိုင္းလူသားငယ္ေလးအား ေပြ႕ခ်ီကာသယ္သြားၿပီးေနာက္ အက္ဂါက အိမ္ေရာက္ေရာက္ခ်င္း အိမ္ကိုအလုံပိတ္လိုက္ေလသည္။ ထို႔ေနာက္မွ သားရဲတစ္ပိုင္းလူသားငယ္ေလး၏ အေျခအေနကိုစတင္စစ္ေဆးလိုက္ေတာ့၏။

 ေနာက္ဆုံးမိုးႀကိဳးခ်က္ႀကီးက အလြန္ျပင္းထန္ကာ အက္ဂါေသမလိုပင္ျဖစ္သြားခဲ့ရ၏။ သို႔ေသာ္လည္း ထိုမိုးႀကိဳးခ်က္ေၾကာင့္ သူ၏ကိုယ္ထဲ မ်ားျပားလွသည့္စိတ္ဝိညာဥ္စြမ္းအားမ်ား ဝင္ေရာက္လာခဲ့သည္။ စိတ္ဝိညာဥ္စြမ္းအားမ်ားက သူ၏ဒဏ္ရာမ်ားကို တစ္ခဏအတြင္းသက္သာလာေစကာ သားရဲအျမဳေတကိုျပန္လည္ဖြဲ႕စည္းလာေစၿပီး လူသားတစ္ဦးအသြင္ျပန္ေျပာင္းနိုင္ခဲ့ျခင္းျဖစ္ေလသည္။ အက္ဂါက သူ႕အခ်စ္ေလး၏ကိုယ္ထဲသို႔လည္း စိတ္ဝိညာဥ္စြမ္းအားအမ်ားအျပားထည့္သြင္းေပးခဲ့ေသး၏။

ထိုအေကာင္ငယ္ေလး၏ဒဏ္ရာမ်ား အားလုံးနီးပါးျပန္ေကာင္းေနၿပီး မည္သည့္ျပႆနာမွ်မရွိေတာ့ေခ်။ ယခုထိမနိုးေသးပုံေထာက္ေတာ့...သူ႕အခ်စ္ေလးပင္ပန္းကာ အိပ္ေမာက်ေနျခင္းသာျဖစ္ရမည္။

အက္ဂါက သားရဲတစ္ပိုင္းလူသားငယ္ေလး၏အေျခအေနအားစစ္ေဆးရန္ပို႔ထားေသာ စြမ္းအင္ကို ထိုအေကာင္ငယ္ေလး၏ကိုယ္ထဲမွ ျပန္ထုတ္ယူလိုက္ၿပီး နာမည္ေလးအား ေခၚလိုက္မိ၏။ "ရႈရႈ...ရႈရႈေလးေရ..."

 အာ....အေကာင္ငယ္ေလးရဲ႕နာမည္ေလးက တကယ့္ကိုနားေထာင္ေကာင္းတာပဲ။ ဒီနာမည္ေလးကိုအၿမဲတမ္း စိတ္ထဲကေနပဲေခၚခဲ့ရၿပီး ေနာက္ဘယ္ေတာ့မွ ပါးစပ္ကေနထုတ္ေခၚခြင့္ရွိမွာမဟုတ္ဘူးလို႔ ထင္ေနခဲ့တာ..။ အက္ဂါ၏ႏွလုံးသားတစ္ခုလုံး ႏြေးေထြးေနရေလသည္။ သူေတာင့္မခံနိုင္ေတာ့ပဲ ထိုအေကာင္ငယ္ေလးအား ထပ္၍နမ္းရွိုက္ခ်င္လာ၏။

 သားရဲတစ္ပိုင္းလူသားငယ္ေလး၏ အဝတ္မ်ားက မိုးႀကိဳးေၾကာင့္ပ်က္စီးသြားခဲ့ရ၏။ ထိုအေကာင္ငယ္ေလးအား အဝတ္ပတ္ေပးထားေသာ္လည္း...ဘာမွ်မဝတ္ေပးရေသးေပ။ ထို႔ေၾကာင့္ အေပၚယံအဝတ္ေလးသာပတ္ေပးမထားလွ်င္ တုံးလုံးေလးသာျဖစ္ေနမည္။ အက္ဂါက ယခင္ကျမင္ေတြ႕ခဲ့ရဖူးသည့္ မက္မြန္သီးႏွင့္ဂ်ိဳးေလးအပါအဝင္ ျဖဴျဖဴေဖြးေဖြးအသားလုံးေလးအား ျမင္ေယာင္ၾကည့္ရင္း သူ၏ကိုယ္ကခ်က္ခ်င္း တုံ႕ျပန္လာေလသည္။

သူက သားရဲတစ္ေကာင္ကဲ့သို႔ စိတ္ျပင္းထန္လာရ၍ စိတ္ဝိညာဥ္စြမ္းအားမ်ားကို လွည့္လည္ကာ ေခါင္းၾကည္လာေအာင္ႀကိဳးစားလိုက္ရ၏။ ထို႔ေနာက္ သူမ်က္လုံးျပန္ဖြင့္လိုက္ခ်ိန္တြင္ သူ၏အေရွ႕မွ အေကာင္ငယ္ေလးမွာ နိုးထလာၿပီျဖစ္၏။

............👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨👨‍❤️‍💋‍👨............

အခုအပိုင္းကစၿပီး English words counts ကိုက 22000ေက်ာ္ပါတယ္။ ဒါေၾကာင့္ဒီေန႕တစ္ဝက္ပဲ တင္ေပးထားပါတယ္😁😁။ Thanks For Your Reading 💖💖

1.9.2021

Continue Reading

You'll Also Like

195K 4.7K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
886K 76.4K 200
ရှန်ယန်ရှောင်အဆက်
2.7M 72.6K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
1.7M 161K 161
အင်ပါယာရဲ့ဗိုလ်မှူးချုပ်ဟောင်း အခုတော့ အလိုရှိနေကြတဲ့အပြစ်သားဟာ ရုတ်တရက် မုဆိုးပြင်ဆင်ထားတဲ့ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ နေစမ်းပါဦး အဲ့မုဆိုးက အရင်တုန...