?Daffodils[Complete]
By ScarletV496
340K 21.1K 547
တောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြ... More
အမှာစာမဟုတ်သောအမှာစာသို့မဟုတ်ဝန်ခံချက်
🍁Daffodilsအပိုင်း(၁)တံစက်မြိတ်အောက်က လူနှစ်ယောက်
🍁Daffofilsအပိုင်း(၂)မိုးကမင်းကိုခေါ်လာတယ်
🍁Daffofilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodilsအပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်
🍁Daffodils အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
🍁Daffodilsအပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရှိခြင်း
🍁Daffodils အခန်း( ၆ )ရန်သူတော်၆ပါးမြောက်အားတွေ့ရြှိခင်း
🍁Daffodils အပိုင်း(၇)အသဲကွဲတယ်ဆိုတာ• • •
🍁Daffodils အပိုင်း(၈)ချယ်ရီရင်ခုန်သံ
🍁Daffodils အပိုင်း(၉)နားလည်ရခက်တဲ့ဆက်ဆံရေးတွေ
🍁Daffodils အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ ဖူးစာ
🍁Daffodils အပိုင်း(၁၁)လူသားဂျိုင်းထောက်ကြိုက်သလိုတွဲလို့ရတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၂)ကိုယ်နွေဉီးကိုသဘောကျတယ်
🍁Daffodils အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၄)ဆောင်းဦး၏နေရာကွက်ကြားနွေးထွေးမှု
🍁Daffodils အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဦးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၆)Goodnightနော်နွေဉီးအိပ်မက်လှလှ မက်ပါစေ
🍁Daffodils အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့ အလွှာ
🍁Daffodils အပိုင်း(၁၈)MaMa Boy
🍁Daffodils အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
🍁Daffodils အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့!!
🍁Daffodils အပိုင်း(၂၁)ချစ်သူတွေဘာတွေလုပ်ကြလဲ!!
🍁Daffodils အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
🍁Daffodils အပိုင်း(၂၃)အိမ်ဆက်ပြန်ကြရအောင်!!
🍁Daffodils အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၄)နွေဉီးကကိုယ့်ရဲ့ကလေးလေး
🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်
🍁Daffodils အပိုင်း(၂၆)အချင်းချင်းချစ်နေကြပြီ!!
🍁Daffodils အပိုင်း(၂၇)ရှူး!! တိုးတိုး..
🍁Daffodils အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
🍁Daffodils အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
🍁Daffodils အပိုင်း(၃၀)Happy Birthday. . .
🍁Daffodils အပိုင်း(၃၂)မှားခဲ့တဲ့လူကကျွန်တော်မဟုတ်ဘူး
🍁Daffodils အပိုင်း(၃၃)အရေးတယူမိတ်ဆက်ပေးစရာမလိုဘူး
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းထူတဲ့ ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၄)အမေးအမြန်းတဲ့ရည်းစားဟောင်း!
🍁Daffodils အပိုင်း(၃၅)နာကျင်မှုထက်ပိုတဲ့နာကျင်မှု• • •
🍁Daffodils အပိုင်း(၃၆)ဖုန်တွေအမှိုက်တွေပါတဲ့လေပွေတစ်ခုပဲ!
🍁Daffodils အပိုင်း(၃၇)နာကျင်ရမယ်ဆိုရင်တောင်အတူတူရှိချင်တယ်!
🍁Daffodils အပိုင်း(၃၈)တစ်ခါတစ်လေတွေ့ရင်ပြုံးပြကြတာပေါ့!
🍁Daffodils အပိုင်း(၃၉)မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်
🍁Daffodils အပိုင်း(၄၀)နယ်ရုပ်လောက်တောင်သူကအဆင့်မရှိဘူး• • •
🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!
🍁Daffodils အပိုင်း(၄၂)ပြဿနာကိုဖြေရှင်းဖို့ အမေကိုရန်စ!
🍁Daffodils အပိုင်း(၄၃)အတိတ်၊အမှန်တရား၊ကွဲကြေနေတဲ့နှလုံးသား
🍁Daffodils အပိုင်း(၄၄)The Lucky One
🍁Daffodils အပိုင်း(၄၅)ပထမဆုံးနှစ်ယောက်အတူရှိတဲ့ခရစ်စမတ်
🍁Daffofils _Epilogue.1
🍁Dafodils_ Epilogue.1
🍁Daffodils_Epilogue.2
🍁Daffodils_Epilogue.2
🍁Daffodils_Extra.1
🍁Daffodils_Extra.1
🍁Daffodils_Extra.2
🍁Daffodils_Extra.2
🍁Daffodils_Extra.3
🍁Daffodils_Extra.3
🍁Daffodils_Extra.4
🍁Daffodils_Extra.4
🍁Daffodils_Extra.Epilogue
🍁Daffodils_Extra.Epilogue
Announcement For Book
1.2K 45 0
By ScarletV496
ခေမီ့ကိုသူမမြင်ဖူးသလို ပြူးကြည့်နေမိတာ သူ့ဖုန်းကတုန်ခါသံကြားမှ သတိပြန်ဝင်လာတယ်။
[ကိုယ် မင်းကိုစောင့်နေတယ်နော်]
နွေဉီး ထိုင်နေရာကနေခြံတံခါးကိုခါးကုန်းပြီးလှမ်းကြည့်လိုက်တော့ မှောင်ထဲမှာ ရပ်စောင့်နေတဲ့ မိုးပင်လယ်ကိုတွေ့လိုက်တယ်။ခြင်တွေကိုက်ကုန်တော့မှာပဲ...အေးနေတော့မှာပဲဆိုတဲ့အတွေးက နွေဉီးခေါင်းထဲ အရင်ဝင်လာတယ်။နွေဉီး တစ်စုံတစ်ယောက်အတွက်စိုးရိမ်ရတာမျိုးကို လုံးဝမလုပ်ချင်ဘူး...ကိုယ့်စိတ်ကို အဲ့လူဆီမှာပုံအပ်လိုက်မိမှာနွေဉီးကအရမ်းကြောက်တယ်။ဒါပေမဲ့အဲ့ဒါတွေက မိုးပင်လယ်နဲ့ပတ်သတ်ရင်ဘယ်လိုမှထိန်းလို့မရဘူး...ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲဖြစ်ကုန်တယ်။
ခေမီကတော့ အစကတည်းက မြင်ထားပုံပေါ်တယ်။အံတစ်ချက်ကြိတ်လိုက်ကာနွေဉီးဘက်ကိုခေါင်းပြန်လှည့်ပြီး ..."နင့်ကိုလိုက်ခေါ်တာလား"
နွေဉီး ခေါင်းပဲညိတ်ပြလိုက်ပြီး ဆေးရုံစာအုပ်ကို စားပွဲပေါ်ကနေပြန်ယူပြီး ထလိုက်တယ်။သူထတော့ ခေမီကပါလိုက်ထလိုက်ပြီး...
"နင်ပျော်နေလား"
နွေဉီး တကယ်နားမလည်လို့ပြန်မေးလိုက်ရတယ်။
"ဘာကိုလဲ"
"မိုးပင်လယ်ကို နင်ရသွား​ပြီလေ...ငါသူ့ကိုအရင်တွေ့ခဲ့ပေမဲ့ နင်ရသွားတာလေ"
"သြော်...ပျော်တယ်တော့မဟုတ်ပါဘူး...ပျော်ရမှာလား"
နွေဉီးက မထူးဆန်းတဲ့ ကိစ္စလို ပြောလိုက်တော့ နဂိုကမှမနာလိုဖြစ်နေတဲ့ခေမီ့မျက်နှာက မည်းတက်သွားပြီး...
"နင် အပိုတွေလုပ်မနေပါနဲ့နွဉေီးရာ...နင်ဘယ်လောက်ပျော်နေလဲဆိုတာ နင့်အပြုအမူ မျက်နှာအနေအထားအရလူတိုင်းမြင်နေတာပဲ"
"အဲ့ဒါဆိုလဲ နင်မြင်နေပြီပဲ ဘာလို့ ငါ့ကိုလာမေးနေသေးလဲ"
"အင်း...နင်ပျော်လို့ရတုန်းအဝပျော်ထားနော်...အချိန်ကျရင်ငါပြန်ယူမှာမို့လို့...ငါဘဝတစ်ခုလုံးမှာ နင်ကချည်းပဲငါ့အထက်မှာဆိုပေမဲ့ ဒီတစ်ခါတော့ငါနိုင်မှာ...သူငယ်ချင်းလိုခဏနေခဲ့ဖူးလို့  ခဏအကြောပေးထားလိုက်မယ်"
"နင်ဘာတွေပြောနေတာလဲ.."
နွေဉီးရဲ့မေးခွန်းကိုခေမီက ပုခုံးတွန့်ပြုံးပြပြီး..
"ဒီတစ်ခါကတော့နင်နဲ့ငါ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်မှာပဲ..အဆုံးမှာနိုင်တဲ့လူကမိုးပင်လယ်ဆိုတဲ့လူကိုရမယ်...ငါဒီဆေးရုံကိုပြောင်းလာတဲ့တစ်ခုထဲသောအကြောင်းက မိုးပင်လယ်ရှိနေလို့..မဟုတ်ရင်ငါကဘာလို့ငါ့ရဲ့အလားအလာကောင်းနေတဲ့ဆေးခန်း ကိုထားပြီး ဘာမှလုပ်စရာမရှိတဲ့တောင်ပေါ်ဆေးရုံကိုပြောင်းလာမှာလဲ..ပြီးတော့မမြင်ချင်တဲ့နင်ကလဲရှိနေသေးတယ်!နင်ဒီမှာရှိနေတယ်ဆိုလို့ ငါဘယ်လောက်ထိအာရုံနောက်သွားလဲသိလား"
ခေမီ့စကားကြောင့်နွေဉီး အလိုမကျစွာမျက်မှောင်ကြုတ်လိုက်မိတယ်။
ဘာပြိုင်ပွဲလဲ!!ရူးနေလား!နိုင်တဲ့လူကမိုးပင်လယ်ကိုရမယ်ပြောရအောင်မိုးပင်လယ်ကသက်မဲ့အရာဝတ္ထုမှမဟုတ်တာပဲ....
"ငါကနင်နဲ့ဘယ်တုန်းကပြိုင်နေလို့လဲ...ပြီးတော့ နိုင်တဲ့လူက မိုးပင်လယ်ကိုရမယ်လို့ပြောရအောင် မိုးပင်လယ်က အရာဝတ္ထုတစ်ခုမဟုတ်ဘူး...သူ့ခံစားချက်နဲ့သူဆုံးဖြတ်တတ်တဲ့လူ...
ပြီးတော့နင်အဲ့လောက်အာရုံနောက်နေလဲ ခုပဲ​အပြောင်းအရွှေ့တင်လိုက်ပါလား...နင်မရှိနေလဲဆေးရုံမှာဘာမှနစ်နာစရာမရှိဘူးဆိုတာအခုငါလဲသိပြီပဲ...နင့်ရဲ့အလားအလာကောင်းတဲ့GPကိုပဲပြန်ဖွင့်လိုက်ပါတော့..သြော်...အဲ့မှာတော့ လူနာတွေကိုသေချာကုပေးဉီးနော် ငါနင့်လူနာတွေကိုစိုးရိမ်လိုက်တာ"
"ဟန့်!နင့်ကိုနင်ပဲစိုးရိမ်ပါ!ဘယ်အချိန်ကျန်ရစ်ထပ်ဖြစ်မလဲဆိုတာတွေးပူပြီးတော့လေ"
"လောလောဆယ်တော့ နင်ကျန်ရစ်ဖြစ်နေတာပဲငါတွေ့နေရတယ်"
နွေဉီးစိတ်တိုတိုနဲ့ ကလေးဆန်ဆန်တစ်ခွန်းမကျန်ပြန်ပြော
လိုက်တော့ခေမီကသူ့ကိုပြောတာကိုသဘောမပေါက်ဘူးဆိုတဲ့ပုံမျိုးနဲ့...
"အိုခေလေ ထားလိုက်ပါ...ငါပြောတာတွေကိုနင်နောက်ကျမသိချင်ဘူးဆိုရင်တောင်သိလာရမှာပါ"
နွေဉီး ဘာစကားမြှပန်ပြောမနေတော့ပဲ အိမ်ထဲကထွက်လာလိုက်တယ်။ခေမီ့လုပ်ရပ်က သူ့အပေါ်ရာခိုင်နှုန်းနည်းနည်းတော့သက်ရောက်မှုရှိတယ်ပြောရမယ်။သူ့ခေါင်းတွေရှုပ်ထွေးပြီးအတွေးနည်းနည်းများသွားတာကိုတော့ သူခံစားမိတယ်။
အိမ်အပြင်ရောက်တော့ ခြင်တွေပတ်ပတ်လည်ဝိုင်းခံနေရတာတောင် လက်ညောင်းခံမောင်းပြီးစောင့်နေတဲ့ မိုးပင်လယ်ကိုတွေ့လိုက်ရတော့ ရင်ထဲမှာနည်းနည်းတော့အေးသွားတယ်။မိုးပင်လယ်ကသူ့ကိုထားသွားပါ့မလား...ထားသွားဖို့အစီအစဉ်ရှိရင်အခုလို ခြင်ကိုက်ခံပြီး စောင့်ပါ့မလားနော်..
သူဆိုရင်တော့ စောင့်မှာမဟုတ်ဘူး...ဘယ့်နှယ့်ငှက်ဖျားဖြစ်ရင်ဘယ်လိုလုပ်မလဲ...ပိုးကဉီးနှောက်ထဲရောက်ရင်လဲရူးနိုင်သေးတယ်။ဒီလိုအခြေအနေတြွေဖစ်နေချေရှိနေတဲ့ လုပ်ရပ်ကို တကယ်မချစ်ပဲမလုပ်နိုင်ပါဘူး..ဟုတ်တယ်မလား!
လက်တစ်ရမ်းရမ်းနဲ့ ခြင်မောင်းနေရှာတဲ့ မိုးပင်လယ်က နွေဉီး သူ့နားရောက်လာတာတောင်မသိဘူး။နွေဉီး ရမ်းခါနေတဲ့လက်ကို ဖမ်းယူပြီး သူ့လက်ငါးချောင်းနဲ့ ယှက်ပြီးဆုပ်ကိုင်လိုက်တော့ နွေဉီးမြတ်နိုးရတဲ့မျက်ဝန်းညိုတွေ တောက်ပသွားပြီးပြုံးပြလာတယ်။
"စကားပြောပြီးသွားပြီလား"
နွေဉီး မျက်ခုံးပင့်ပြီး ပြုံးပြလိုက်တော့ မိုးပင်လယ်က ယှက်သွယ်ထားတဲ့ လက်ကိုမြှောက်ယူပြီး နွေဉီးရဲ့လက်ဖမိုးကို အနမ်းဖွဖွလေးပေးတယ်။ပြီး လက်ကိုပိုတင်းကျပ်နေအောင်ဆုပ်ကိုင်ပြီး...
"အိမ်ပြန်ကြရအောင်"
"အင်း!"
"ကိုယ်ဗိုက်တွေဆာနေပြီ"
"ဘာစားချင်လဲ"
"ချက်​ကျွေးမလို့လား"
"ဟင့်အင်း!စားချင်တာများတူနေမလားလို့မေးကြည့်တာ"
မိုးပင်လယ် ဟက်ဟက်ပက်ပက်ရယ်ကာ တွဲထားတဲ့လက်ကို အားနဲ့ဆွဲယူပြီး နွေဉီးကိုသူ့ဘက်ရောက်အောင်လုပ်လိုက်တယ်။ပြီးတော့ ပြင်ပလေကြောင့်အေးနေတဲ့နွေဉီးရဲ့ပါးတစ်ဖက်ကို မိုးပင်လယ်ကသူ့ရဲ့နှုတ်ခမ်းနွေးနွေး​နဲ့ နွေးထွေးစေလိုက်တယ်။
နွေဉီး လမ်းလျှောက်နေတာကိုရပ်ပြီးမျက်လုံးပြူးနဲ့ သူ့ကိုလှည့်ကြည့်တော့...
"တကယ်က ကိုက်ဆွဲချင်တာ...နွေဉီးပါးလေးကအိနေတာပဲ"
"ခင်ဗျား!"
နွေဉီး ​ပြောစရာစကားရှာမရအောင်ဆွံ့အသွားရလို့ခေါင်းကိုသွက်သွက်ခါလိုက်ပြီး လမ်းဆက်လျှောက်မယ်လုပ်တော့ ယှက်ထားတဲ့လက်ကိုဖြုတ်ပြီး  မိုးပင်လယ်ကခြေလှမ်းကြဲနဲ့ နွေဉီးပုခုံးကိုကိုင်ကာ ရှေ့မှာပိတ်ရပ်လိုက်တယ်။
သူတို့အိမ်ကိုပြန်တဲ့လမ်းကမှောင်နေတယ်ဆိုပေမဲ့ အလင်းရောင်မရှိပဲပိန်းပိတ်အောင်မှောင်နေတာမျိုးမဟုတ်ဘူး...အိမ်အချို့ကမီးအလင်းရောင်နဲ့ လရောင်က သူတို့အပေါ်ဖြာကျနေတယ်။လရောင်တစွန်းတစအောက်မှာ ရှက်သွေးဖြာလာတဲ့ နွေဉီး မျက်နှာလေးကတကယ့်နွေဉီးရာသီလေးလိုပဲ...နွေးနွေးထွေးထွေးနဲ့လှတယ်။
သူတို့နီးကပ်သွားတာနဲ့ အမြဲတမ်းမျက်လုံးတွေကိုဝိုင်းနေအောင်ပြူးပြီး ခေါင်းကိုတောင်ကြည့်မြောက်ကြည့်လုပ်တတ်လွန်းလို့ သူ့လက်နှစ်ဖက်လုံးနဲ့ နွေဉီးရဲ့ခေါင်းလေးကို ထိန်းထားလိုက်တော့ ဘယ်ကိုမှရမ်းမရတော့ဘဲသူ့ကိုပဲပြူးကြည့်နေရှာတယ်။မိုးပင်လယ် သူ့ခေါင်းကို နွေဉီးမျက်နှာအနီးကိုငုံ့ချလိုက်တော့ နွေဉီးတောင့်ခနဲဖြစ်သွားပြီး တစ်ခုခုပြောဖို့နှုတ်ခမ်းဟလိုက်ပေမဲ့ တစ်စုံတစ်ခုကိုသတိရသွားဟန်နဲ့ အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုဖိကပ်လိုက်တယ်။မိုးပင်လယ်မသိမသာလေးပြုံးကာ ဖိကိုက်ထားတဲ့နှုတ်ခမ်းလေးကိုကျော်ပြီးပါးအိအိလေးကို သူ့သွားချွန်ချွန်တွေနဲ့ကိုက်ချလိုက်တယ်။
"အ!!"
နွေဉီးညည်းသံလေးထွက်လာပြီး..
"ခင်ဗျား ဘာလုပ်....."
ဒီတစ်ခါလဲ နွေဉီးစကားအဆုံးထိမပြောလိုက်ရပြန်ဘူး။နွေဉီး မျက်နှာကိုမိုးပင်လယ် လက်နဲ့ထိန်းကိုင်ပြီး နူးညံ့နွေးထွေးတဲ့ အနမ်းကိုနှုတ်ခမ်းအိအိကနေစပြီး ကိုက်ရာထင်းနေတဲ့ပါးလေးကိုလဲဖွဖွလေးနမ်းလိုက်သေးတယ်။မိုးပင်လယ်ကအခြားအချိန်မှာသာ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ချင်ဖြစ်နေမယ် နမ်းချင်ရင်တော့ ထွက်လာတဲ့ဉာဏ်နီဉာဏ်နက်က တစ်ခါမှမထပ်စေရဘူး
။လုံးဝ ပန်ကာထိပ်ကထုံးစက်ထက်ဆရာကျတယ်။
မှောင်ရိပ်ကိုအားကိုးပြီးစိတ်တွေမှောင်မိုက်နေတဲ့ မိုးပင်လယ်လက်ထဲကနေရုန်းထွက်ဖို့က သူ့ဗိုက်ကိုလက်သီးနဲ့ပစ်သွင်းတာရယ်..ခြေထောက်ကိုဆောင့်နင်းတာရယ် ၂မျိုးပဲရှိတယ်။ဒါပေမဲ့ ဉီးနှောက်ဘယ်ဘက်အခြမ်းက တွေးနေတာဖြစ်ပြီး ညာဘက်အခြမ်းကတော့ခုအခြေအနေကိုသဘောကျနေတာမို့ သူတွေးရုံပဲတွေးပြီး မိုးပင်လယ်နဲ့အတူတူမှောင်မိုက်လိုက်တာပဲကောင်းမယ်!!
နွေဉီးလက်လေးတွေသူ့ခါးကိုပြန်ဖက်လာတော့ မိုးပင်လယ်နမ်းနေရင်းနှုတ်ခမ်းတွေကပြုံးမိသွားတယ်။သေချာတာတော့နွေဉီးစိတ်ထဲမှာသူ့ကိုအနည်းတစ်ကြိမ်လောက်တော့ထိုးကြိတ်ပြီးနေလောက်ပြီ။လမ်းလယ်ခေါင်ကြီးမှာ နမ်းနေရတာ ရင်တုန်စရာကောင်းပေမဲ့ အနမ်းတွေကြောင့်ရင်ခုန်ရတာကပိုနှစ်သက်ဖို့ကောင်းနေလို့ နှစ်ယောက်လုံးရပ်လို့မရဘူးဖြစ်နေတယ်။
မိုးပင်လယ်ကနွေဉီးနှုတ်ခမ်းတွေတင်မကပဲ လျှာကိုပါရစ်ပတ်ဆွဲယူပြီး ပါးစပ်တစ်ခုလုံးကို မင်းမူနေတယ်။ကြာလာတော့ နွေဉီး နမ်းနေတာ မိုးပင်လယ်နဲ့လား စုပ်ခွက်ကြီးတစ်ခုနဲ့လား မသဲကွဲလောက်အောင် မိုးပင်လယ်ရဲ့ အနမ်းတွေက ပြင်းထန်လာတယ်။အောက်စီဂျင် ပြတ်လုစဲစဲ လိုခံစားရတာကြောင့် နွေဉီး မျက်နှာကိုစောင်းမိတော့မှ မိုးပင်လယ်က နောက်ဆုံးအနေနဲ့နှုတ်ခမ်းလေးကိုဖွဖွလေးနမ်းပြီး နမ်းတာကိုအဆုံးသတ်လိုက်တော့တယ်။အဆုံးမသတ်ရင်တော့ လမ်းလယ်ခေါင်မှာပဲနွေဉီးအောက်စီဂျင်ပြတ်ပြီးလဲကျသွားတော့မှာ...
မိုးပင်လယ်က သူ့နှုတ်ခမ်းကို လက်မနဲ့ဖွဖွလေးဖိပွတ်ပြီး..
"လာအိမ်ဆက်ပြန်ကြမယ်"
နွေဉီးလဲရွဲ့ချင်ချင်ရှိတာနဲ့ခေါင်းခါလိုက်ပြီး..
"ဟင့်အင်း ကျွန်တော်ဒီမှာပဲရပ်နေတော့မှာ"
"သြော်...ဆက်နမ်းချင်သေးလို့လား..လာလေ"
ပြောရင်းဆိုရင်းကိုရှေ့ကိုထပ်တိုးလာတာမို့ ဒီတစ်ခါတော့ဗိုက်ကိုတကယ်ကြီးလက်သီးစာကျွေးလိုက်တော့တယ်။ဒါတောင်'အ' ခနဲအော်ပြီးဗိုက်ကိုကုန်းပြီး ရယ်နေသေးတယ်။
တကယ်ပါပဲ!!သူ့တစ်ကိုယ်လုံးကိုစားမလို့လားမသိဘူး...
"အိမ်ပြန်မယ်!!"
"နွေဉီး...ကိုယ့်ကိုစောင့်ပါဉီး"
လမ်းမှောင်မှောင်လေးမှာ ရယ်မောသံလေးတွေနဲ့အချစ်ရနံ့လေးထုံသင်းနေတော့တယ်။
_________________________
"ဟား ဟား ဟား"
ကိုကျော်ဇင်ထွဋ်ရဲ့ ရယ်သံဝါဝါကြီးကိုကြားလိုက်တော့ နွေဉီးနဲ့မိုးပင်လယ်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးမိကြတယ်။
"အစ်ကိုကတော့ မနက်စောစော ဘယ်သူ့ကိုစနေပြန်ပြီလဲမသိဘူး"
ရုံးခန်းအပေါက်ဝကိုရောက်တော့ ကလေးမလေးတစ်ယောက်က မိုးပင်လယ်ဆီပြေးဝင်လာပြီး လက်နှစ်ဖက်လုံးနဲ့သိမ်းကြုံးဖက်တယ်။အရပ်ရှည်လွန်းတဲ့မိုးပင်လယ်ကြောင့် ကလေးမလေးခဗျာ ဒူးခေါင်းနဲ့ပေါင်ကိုပဲမီရှာတယ်...
"ကွဲန်ပင်လယ်!!!(ဉီးဉီးပင်လယ်)"
"ကြာဖူးလေး!!"
မိုးပင်လယ်က ကြာဖူးရဲ့ လက်သေးသေးလေးတွေကိုအသာအယာဖယ်ကာသူ့လက်ထဲမှာဆုပ်ကိုင်လိုက်ပြီး ကလေးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဒူးထောက်ထိုင်ချလိုက်တယ်။ပြီးတော့ ကြာဖူးရဲ့ပါးဖောင်းဖောင်းလေးကိုဖျစ်ညှစ်လိုက်ပြီး...
"ကြာဖူး အရပ်ရှည်လာတယ်...နေကောင်းလားသမီးလေး"
ကြာဖူးကသူ့ရဲ့ဆံပင်ပျော့ပျော့လေးတွေလှုပ်ခါသွားတဲ့အထိ ခေါင်းညိတ်ပြတော့ မိုးပင်လယ်က ချစ်စနိုးနဲ့ ပြုံးကြည့်နေတယ်။သူတို့ကို နွေဉီး ကြည့်နေရင်း ကိုယ်ကိုယ်တိုင်တောင်ချစ်ခြင်းမေတ္တာတွေစီးဝင်လာသလိုခံစားရလို့ သူကိုယ်တိုင်တောင်မသိလိုက်ပဲ ရပ်ကြည့်နေမိတော့ ကိုကျော်ဇင်ထွဋ်ရဲ့မနာလိုအားကျတဲ့အသံပြဲကြီးထွက်လာတော့တာပဲ။
အဲ့လူခုထိတစ်ယောက်ထဲဖြစ်နေတာလဲမဆန်းပါဘူး...
"ဟေ့ကောင်တွေရေ...ငါကဒီမှာ တစ်ယောက်တည်းဘဝခရီးကိုလျှောက်လှမ်းနေရတဲ့ လူပျိုလေးပါနော်...အဲ့လိုလူရှေ့မှာဘာလို့ပျော်ရွှင်စရာမိသားစုပုံစံလုပ်နေတာတုန်း"
မိုးပင်လယ်ကတော့ကိုထွဋ်စကားကိုသ​ဘောတကျနဲ့ပြုံးပေမဲ့ နွေဉီးကတော့နှာခေါင်းရှုံ့ပြီး..
"ခင်ဗျားအဲ့လို အသံအကျယ်ကြီးနဲ့ထထအော်လို့ တစ်ယောက်တည်းဖြစ်နေတာ"
"ဟ!!ဒါအသံအောင်တယ်ခေါ်တယ်ဆာဂျင်ခင်ဗျ"
နွေဉီးဘာမြှပန်ပြောလိုစိတ်မရှိတော့တာကြောင့် စားပွဲမှာထိုင်ပြီး ခွဲစိတ်စာရင်းကိုကြည့်လိုက်တယ်။စာရင်းထဲကနာမည်ကြောင့် သူ ကိုထွဋ်ကိုလှမ်းကြည့်လိုက်တော့ ကိုထွဋ်ကခေါင်းညိတ်ပြတယ်...
"အဲ့ဒါနေ့လည်ကျ ကျွန်တော်ရယ် Seaရယ် ဝင်ဖြစ်မယ်"
"အင်း!!အကြိတ်အခြေအနေကဘယ်လိုလဲ..ကြီးလား"
"ရင်သားအဆီကြိတ်ဆိုတော့မခန့်မှန်းတတ်ဘူးဖြစ်နေတာ...CA ကြိတ်ဖြစ်မလားမဖြစ်ဘူးလားကလဲ သူ့အသက်ကလဲငယ်နေသေးတော့သိပ်စိုးရိမ်စရာတော့မရှိဘူးထင်တာပဲ"
"အသက်ငယ်ရင်လဲတစ်ခါတစ်လေဖြစ်တတ်တယ်လေ..."
သူစဉ်းစားနေရင်း မိုးပင်လယ်နဲ့စကားပြောနေတဲ့ ကြာဖူးလေးဆီအကြည့်ရောက်သွားပြီး..
"ကြာဖူးရောသိပြီးပြီလား ကိုထွဋ်.."
ကိုထွဋ်က ခေါင်းခါတယ်။
"မသိသေးဘူး သူ့အိမ်ကလူကြီးတွေလဲပြောတိုင်းငိုယိုနေလို့မပြောရသေးတာနဲ့ခွဲမဲ့ရက်ရောက်လာတာပဲ...ကျွန်တော်လဲမနက်ကတည်းက ပြောဖို့လုပ်နေတာ...ခုထိမပြောဖြစ်သေးဘူး..ကလေးငိုသံတွေ မကြားနိုင်ဘူး"
နွေဉီးခေါင်းကိုခပ်သွက်သွက်ညိတ်ပြီးထောက်ခံလိုက်တယ်။ဟုတ်တယ်ကလေးတွေငိုတာအရမ်းကြောက်ဖို့ကောင်းတယ်။ဒါပေမဲ့သူတို့ဆီမှာ မိုးပင်လယ်ရှိနေတယ်လေ...ဘာကြောက်စရာလိုလဲ!!
"ကိုမိုးပင်လယ်ကိုပြောခိုင်းလိုက်!!"
သူ့နာမည်ပါလာတော့ မိုးပင်လယ် ထိုင်နေရာကနေထလာပြီး ကြာဖူးလက်ကိုဆွဲကာ..
"ဘာလဲ..."
နွေဉီးခွဲစိတ်စာရင်းပဲထိုးပြပြီး...
"အဲ့ဒါ ခင်ဗျား ကြာဖူးကိုပြောလိုက်!"
"ကိုယ်က.."
"အင်း!!"
"အေး!!"
နွေဉီးနဲ့ကိုထွဋ်ဆီက အသံကတစ်ပြိုင်ထဲထွက်လာလို့ မိုးပင်လယ်ရယ်မိတော့တယ်။သူဒီဆေးရုံကိုစရောက်ကတည်းကဒီ၂ယောက်တစ်ညီတစ်ညာထဲဖြစ်တာ ဘုရားစူးဒီတစ်ခါပဲရှိသေးတယ်။မိုးပင်လယ် ညစ်ကျယ်ကျယ်​ပြုံးပြီး...
"ဘာလို့ ကျွန်တော်လဲ...ကိုထွဋ်  အစ်ကိုပြောလေဗျာ"
"မင့်ဘိုးအေ ငါ​မပြောရဲလို့ပေါ့ကွ!ပြောမယ်လုပ်တိုင်းငိုနေတာတဲ့"
"ဟုတ်တယ်ကလေးငိုရင်ကျွန်တော်လဲမချော့တတ်ဘူး..ခင်ဗျားကိုကြာဖူးကခင်တာပဲ ခင်ဗျားပဲပြောလိုက်ပါ..နော်!"
'နော်'ဆိုတာကိုနွေဉီးက ကိုထွဋ်ဖက်ကိုလှည့်ပြီးစစ်ကူတောင်းသလိုပြောလိုက်တော့ ကိုထွဋ်ကသူ့ဆာဂျင်စကားဒီတစ်ခါတော့နားထောင်တယ်။ခေါင်းကိုညိတ်လိုက်တာများ ပုတ်သင်ညိုလိုပဲ..
မိုးပင်လယ် သူ့ရှေ့ကနှစ်ယောက်ကို နိုင်အောင်မပြောနိုင်မဲ့အတူတူ ကြာဖူးကိုပဲပြောစရာရှိတာပြောဖို့ဆုံးဖြတ်လိုက်ပြီး ကြာဖူးရှေ့မှာနောက်တစ်ခါဒူးတစ်ဖက်ထောက်ထိုင်ချလိုက်တယ်။
သူ့ကိုပြူးကြည့်နေတဲ့ ကလေးမလေးရဲ့လက်သေးသေးလေးကို လက်ထဲမှာတင်းကျပ်အောင်ဆုပ်ကိုင်ပြီး အရင်ဆုံးပြုံးပြလိုက်တယ်။တကယ်တော့ သူလဲဘယ်ကနေဘယ်လိုစပြောရမလဲမသိသေးဘူး..ကိုထွဋ်နဲ့ နွေဉီး​ပြောခိုင်းလို့သာ....
"ကျွန်တော်လဲ ဘယ်ကနေစပြောရမလဲမသိဘူး"
ကူရာကယ်ရာမဲ့စွာနဲ့မိုးပင်လယ်သူ့ကိုထိုင်ကြည့်နေတဲ့၂ယောက်ကိုပြောလိုက်တော့ ...
"ဟာကွာ!Seaရာ မင်းကလဲ ကလေးတွေနဲ့မင်းစကားပြောတာကျွမ်းပါတယ်..နော့်"
'နော့'ဆိုတာကို သူ့ကိုပြောလိုက်တယ်မထင်ပါနဲ့ နွေဉီးကိုပြောလိုက်တာပါ။မိုးပင်လယ် ဘယ်လိုပဲပြောပြော ဒီတာဝန်ကသူ့အတွက်ပဲလို့သဘောပေါက်လိုက်ပြီး လက်ခံရပါတော့မယ်။
"အိုခေ!ဘယ်လိုငြင်းငြင်း မရတော့ဘူးဟုတ်တယ်မလား"
"ဟုတ်တယ်!" "အေး!"
အကုန်လုံးလာပြီးမှတ်တမ်းတင်ထားကြစမ်းပါ..ကိုထွဋ်နဲ့နွဉေီးတစ်ယောက်နဲ့တစ်ယောက်ထောက်ခံနေတဲ့မြင်ကွင်းကို။ ထောက်ခံရုံတင်မကဘူး ကိုထွဋ်က လက်သီးဆုပ်ပြီး နွေဉီးဘက်ထိုးပေးတာကို နွေဉီးက သူ့လက်သီးနဲ့အသာလေးပြန်ထိုးပြီး အောင်ပွဲခံနေကြသေးတာ။
အေးပါ...နောက်နေ့မှ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဘာဖြစ်တယ် ညာဖြစ်တယ်ပြောကြည့်..
ခွဲစိတ်ဆရာဝန် သုံးယောက်က ကလေးလေးတစ်ယောက်ကိုသူ့မေမေခွဲစိတ်ခန်းဝင်မဲ့အကြောင်းဘယ်လိုပြောရမလဲမသိဖြစ်နေကြပြီး ပြောဖို့အရေး တစ်ယောက်နဲ့တစ်ယောက်လွှဲချနေတာကသူများမြင်ရင်တော့ရယ်ချင်စရာဖြစ်မယ်။တကယ်လဲဘယ်လိုပြောရမလဲမသိဘူး..အခြားနေရာခွဲစိတ်မယ်ဆိုတော်သေးတယ် ခုကရင်သားဆိုတော့ အကုန်အခက်တွေ့နေရတယ်။
ရိုးရိုးအဆီကျိတ်ဆိုရင်တော့ရင်သားဖြတ်ထုတ်စရာမလိုတော့အဆင်ပြေလောက်ပေမဲ့ ခွဲနေရင်း အမြစ်တွေပျံ့နေလို့အကုန်ဖြတ်ထုတ်ပစ်ရရင်ပြဿနာ။ကြာဖူးက သူ့မေမေရဲ့ ချိုချို ပျောက်သွားပြီဆိုပြီးတက်လာမဲ့ပြဿနာကသူတို့တွေးတောင်မတွေးချင်ဘူး။ကြာဖူးကသွက်ပြီးဥာဏ်ကောင်းတဲ့ကလေးဆိုတော့ အဆုံးမရှိလာမေးနေမှာ။နွေဉီး တွေးရင်းတွေးရင်းကြောက်လာလို့ မိုးပင်လယ်ကိုထပ်ဆော်သြရတော့တယ်။
"ကိုမိုးပင်လယ်ပြောလေဗျာ..ကလေးက ခင်ဗျားပြောမှာစောင့်နေတယ်လေ"
မိုးပင်လယ် စိတ်ညစ်ညစ်နဲ့ နားထင်ကိုသာနာနာကုတ်ပြီး..
"ကြာဖူး..သမီးလေးကို ဉီးဉီးပြောစရာရှိတယ်"
ကြာဖူးက မျက်လုံးပြူးပြူးလေးနဲ့သာသူ့ကိုကြည့်ပြီး ဆက်ပြောလာမဲ့စကားကိုစောင့်နေတယ်။
"ဟိုဟာ...ကြာဖူးရယ်...ဉီးဉီးပြောမှာက...."
မိုးပင်လယ်စကားမဆုံးခင်မှာပဲ နားနေခန်းတံခါးက "ချပ်"ခနဲပွင့်သွားပြီးခေမီဝင်လာတယ်။မိုးပင်လယ်ကိုအပြုံးချိုမြမြလေးနဲ့နှုတ်ဆက်ပြီး..ဟုတ်ပါတယ် မိုးပင်လယ်တစ်ယောက်ထဲကိုပါ နွေဉီးလဲမပါသလို ကိုထွဋ်လဲမပါဘူး။ကြာဖူးတောင်မှမပါပါဘူး။
အခန်းထဲမှာရှိတဲ့လူတွေအကုန် ဝိုင်းကြည့်နေတာခံလိုက်ရတော့ခေမီ အိုးတိုးအမ်းတန်း နည်းနည်းဖြစ်သွားပြီး ကြာဖူးကိုလက်ညိုးညွှန်ရင်း...
"ကိုမိုးပင်လယ်...အဲ့ဒါဒီနေ့ Breast ခွဲမဲ့တစ်ယောက်ရဲ့ကလေးလေးမလား"
ကြာဖူးလေးက မျက်လုံးအဝိုင်းသားလေးနဲ့ပဲ သူတို့မျက်နှာကိုအကုန်လိုက်ကြည့်ပြီး..မိုးပင်လယ်ရဲ့လက်ကိုလှုပ်ကာ..
ငိုသံလေးနဲ့..."ဉီးဉီး မေမေက ဘာလို့ခွဲရမှာလဲဟင်!"
ကဲ!!ခေမီဆိုတာအဲ့ဒါပါပဲ...ပြောချင်ရာကိုပြောချလိုက်ပြီး သူတို့မနည်းဖန်တီးထားတဲ့အခြေအနေတစ်ခုကို မျက်တောင်တစ်ခပ်လေးအတွင်းဖျက်ဆီးသွားတာ။မိုးပင်လယ်ကတော့အံကြီးကြိတ်ပြီး မျက်ထောင့်နီကြီးနဲ့ ခေမီ့ကိုစိုက်ကြည့်နေပါပြီ။ပြီးတော့ထင်တဲ့အတိုင်း ကြာဖူးကို နွေဉီးလက်ထဲထည့်ကာ သူကခေမီ့လက်ကို ဆွဲပြီး နားနေခန်းထဲကထွက်သွားတယ်။
နွေဉီး သူ့ရှေ့က ကလေးလေးကိုငုံ့ကြည့်ပြီးပြုံးပြလိုက်တော့ ကလေးလေးက သူ့ကိုမျက်ရည်ဝိုင်းနေတဲ့မျက်လုံးတောက်တောက်လေးတွေနဲ့မော့ကြည့်နေရှာတယ်။သူ ဒူးထောက်ထိုင်ချလိုက်ပြီးကြာဖူးရဲ့ပါးဖောင်းဖောင်းလေးပေါ်က မျက်ရည်ဥလေးကိုလက်မလေးနဲ့ အသာအယာလေးသုတ်ပေးလိုက်တယ်။အဲ့နောက်နူးနူးညံ့ညံ့အသံလေးနဲ့...
"မငိုနဲ့ ကြာဖူးရာ...ဉီးကငိုရင်ရိုက်မှာနော်..."
စကားအဆုံးမှာတော့ကြာဖူးရဲ့ 'ဗြဲ'ခနဲ ဝါးလုံးကွဲ ငိုသံကြီးက
ဆေးရုံတစ်ခုလုံးဖုံးလွှမ်းသွားတော့တယ်။နွေဉီးသက်ပြင်းချရုံအပြင်ဘာမှမလုပ်တတ်တော့ဘူး...တစ်ယောက်ယောက် လာကယ်ကြပါဉီး!!!
______________
A/N
လေပေါလိုက်ဉီးမယ်..ကြာဖူးလေးငိုတာကိုရေးဖို့ကို အိမ်ကတူမလေးကိုမေးကြည့်တယ်..ကလေးလေးရေလို့..တကယ်လို့ကလေးလေးမေမေမှာ ချိုချိုမရှိတော့ရင် ကလေးလေးဘယ်လိုလုပ်မလဲ ငိုမှာလားဆိုတော့ တစ်ချက်တော့တွေဝေသွားသေးတယ်..ပြီးလဲပြီးရော ဖြတ်ပစ်လိုက်တဲ့ချိုချိုကို အမှိုက်ပုံးထဲကပြန်ကောက်ပြီး စို့မှပေါ့တို့...အဲ့လိုဖြတ်ပစ်ရင် 'အမရာ'က မေကြီးကိုရိုက်မှာပေါ့တို့ပေါက်ကရတွေထွက်လာရော:3
အဲ့တာနဲ့ အစ်မလဲ ကလေးဆိုတာ သူတို့မေမေရဲ့ချိုချိုကိုတော့ ဖြတ်စေချင်မှာမဟုတ်ဘူးလို့တွေးပြီး ကြာဖူးကို ငိုခိုင်းလိုက်တယ်...
ပြီးတော့ ကလေးချော့နည်းကို တို့ရဲ့နွေဉီးဆီမှာသွားသင်ကြပါ😂
_________
Continue Reading
You'll Also Like
181K 6.4K 57
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕
1.1M 116K 47
#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုမျ...
1.2M 64.6K 51
480K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ