UNICODE
" ရောက်ပြီငယ်...."
ခေါင်းလေးငြိမ့်ပြရုံသာ လုပ်ပြီးခါးပတ်ဖြုတ်
ကာဆင်းမယ်လုပ်တဲ့သူ့လက်ကို
လှမ်းဆွဲထားတဲ့ ကင်မ်
" စိတ်ဆိုးသွားတာလား "
Taehyungမေးတာကိုပထမကတော့နားမလည်
သည့်ပုံစံလေးနဲ့ ကြည့်လာပြီးမှ သဘောပေါက်သွား
သည့်ဟန်ဖြင့်ခေါင်းလေးခါပြရင်း
" မဆိုးပါဘူး....Kimကသဘောထားကို
ပွင့်ပွင့်လင်းလင်းပြောပြတာကို ငယ်က
စိတ်ဆိုးစရာလား "
စိတ်ဆိုးပိုင်ခွင့်ရောရှိပါဦးမလား...မချစ်နိုင်
ပါဘူးဆိုတဲ့လူကို ကိုယ့်ကိုပြန်မချစ်တာကို
စိတ်ဆိုးခွင့်မှမရှိတာ...မချစ်နိုင်တဲ့သူကိုဘဲ
ကိုယ်ကချစ်နေမိလို့ ရူးရူးမိုက်မိုက်နဲ့ အပိုင်
လိုချင်ခဲ့တာလေ..."မချစ်နိုင်ပေမယ့်ကြင်နာ
နိုင်ပါတယ်..."ဆိုတဲ့စကားနဲ့တင်ကျေနပ်ပြီမို့
ဒီတိုင်း တိတ်တိတ်လေးဘဲနေလိုက်တော့မယ်
Kim...
သူကိုင်ထားတဲ့ လက်လေးကိုအသာရုန်းကာ
ကားပေါ်ကဆင်းသွားတဲ့ ငယ်....သက်ပြင်း
လေးချကာသူလည်းကားပေါ်ကဆင်းလာလိုက်သည်။
"လာလေ ဝင်ကြမယ်"
ငယ့် လက်ကလေးဆွဲကာအတူဝင်ရင်းမာမီ့
ကိုလိုက်ရှာမိသည်။ Jungkookတစ်
ယောက်ကတော့ဆိုင်ကြီးဆိုင်ကောင်းကြီး
ထဲရောက်ကတည်းကဟိုငေးဒီငေးနဲ့ဆိုင်က
လူအများကြီးမရှိပေမယ့် အနည်းကြီးလည်း
မဟုတ်တော့ တစ်ချို့လူတွေ ကကြာကြာထိန်း
ထားရင် အန္တရာယ်ဖြစ်နိုင်တဲ့Pheromones
တွေထုတ်ထားပုံရတယ် ခပ်ပြင်းပြင်းအနံတွေ
ရနေတော့ နေရာတာအဆင်မပြေဖြစ်နေသည်။
" မာမီ..."
Taehyungခေါ်လိုက်တာနဲ့ customer
ကိုပစ္စည်းတွေပြနေတဲ့သူ့အမေလှည့်ကြည့်လာပြီး
Jungkookပါလာတာမြင်မှ
" သား...ဪ Jungkookလည်းပါတာလား
မာမီကမလာတော့ဘူးတောင်ထင်နေတာ...
လာ ဒီဘက်မှာမာမီမှာထားပေးတာသားတို့
တွက် ကြိုက်တာယူလို့ရတယ်"
Taehyungအမေခေါ်ရာဘက်ကိုသွားမယ်
လုပ်တော့ သူ့လက်မောင်းကိုခပ်တင်းတင်းလေး
လက်တစ်ဖက်ကို ကိုင်ရင်းအနားကပ်လိုက်လာသည့်
Jungkookမျက်နှာကုိလှည့်ကြည့်တော့
မအီမသာနဲ့
" နေမကောင်းဘူးလား ငယ်"
"ဟင်....မဟုတ်ပါဘူး Pheromones
တွေကြောင့်ပါ..."
ခပ်တိုးတိုး ပြောလာတဲ့ ငယ့်စကားကြားမှ
သတိရတယ် ...ဆိုင်ထဲရှိနေတဲ့လူအများစုကလည်း
Beta နဲ့ Alpha တွေဆိုတော့ သူနေရခက်
နေတာပေါ့....
" ငယ်ကြိုက်တာတစ်ခုခပ်မြန်မြန်ရွေးပြီး
ပြန်ကြတာပေါ့ "
"အင်း..."
ခေါင်းငြိမ့်ကာပြန်ဖြေတော့ ပခုံးကိုဖက်
လာတဲ့ Kimလက်တစ်ဖက် လူချင်းနီးအောင်
ဆွဲဖက်ရင်းခေါ်လာသည်။ ပစ္စည်းတွေထုတ်ပြ
နေတဲ့ သူ့အမေရှေ့မှာကိုတောင်ဖက်ထားတာက
မလွှတ်သေး နည်းနည်းမျက်နှာပူစရာဖြစ်ပေမယ့်
သူ့ကိုနေရမခက်အောင်ကူညီနေတာဘဲဟာ
ဖက်ထားတဲ့ပခုံးပေါ်ကလက်ကိုတစ်လှည့်Kim
မျက်နှာကိုတစ်လှည့်ကြည့်နေမိသည်။
"ငယ်...ကြိုက်တာရွေးလေ"
သု့ကိုလှည့်ကြည့်ကာရွေးခိုင်းလာတော့
မျက်စိရှေ့မြင်နေရတဲ့ ကျောက်လေးတစ်လုံး
ထဲနဲ့လှနေတဲ့ဟာလေးကိုကိုဘဲ ရွေးလိုက်မိသည်။
မူးနောက်နောက်နဲ့ ဒီမှာလည်းဆက်မနေနိုင်တော့
" ဒါလေးဘဲယူလိုက်မယ်မာမီ ... မာမီဘဲယူထား
ပေးနော်...ငယ့် ကိုခေါ်သွားတော့မယ်"
" အေးကွယ်...Jungkookသားဆီမှာ
ဆေးပါရဲ့လား မပါရင်အန်တီပေးလိုက်မယ်"
အရိပ်အခြေသိတဲ့taehyungအမေက
လည်းဆေးပေးဖို့မေးလိုက်သည်။ Omega
တွေက တစ်ခြား သူတွေရဲ့ Pheromones
ကိုအများကြီးရှူရှိုက်မိလို့ Heat တက်လာရင်
မထိန်းချုပ်နိုင်တာကြောင့်ဆေးဆောင်ထားရတယ်
"ပါပါတယ် အန်တီရဲ့ ခွင့်ပြုပါဦး"
နှုတ်ဆက်ရင်းအမြန်ပြင်ထွက်လာခဲ့တော့
အပြင်ရောက်မှအသက်ရှူချောင်သွားသည်။
" ခဏလေး ကိုယ်ရေဘူးသွားဝယ်ပေးမယ်
ကားထဲသွားနေနှင့်"
Kimပြောသလိုဘဲသူကားထဲကနေသာ
ထိုင်စောင့်နေလိုက်တော့သည်။
သိပ်မကြာပြန်လာတဲ့Kimလက်ထဲကရေဘူး
ကိုကမ်းပေးတော့ ဆေးထုတ်ကာသောက်လိုက်သည်။
" ဘယ်လိုနေလဲ သက်သာရဲ့လား"
နဖူးပေါ်ကချွေးစတို့ကို လက်ကိုင်ပုဝါနဲ့လာသုတ်
ပေးတဲ့ Kim လက်ထဲကပုဝါစကိုယူကာ
သူဘာသူသုတ်ရင်းအားနာစွာနဲ့ကြည့်လိုက်သည်။
" သက်သာပါတယ်...အလုပ်ရှုပ်စေမိတာ
အားနာပါတယ်"
" မဟုတ်တာ...ဗိုက်ဆာနေတယ်မလား
တစ်ခုခုစားပြီးမှ ပြန်ကြတာပေါ့"
" ဟင့်အင်း...အလုပ်ရောက်မှ ကန်တင်းမှာစား-"
"မရပါဘူး ...ကိုယ်စီစဉ်ပြီးသွားပြီ ...
အဲ့ကိုဘဲသွားကြမယ် ပြီးရင်လည်းအလုပ်ပြန်
မသွားရဘူး...အိမ်ပြန်ပို့ပေးမယ်နားလိုက်တော့
အဝတ်စားကတော့မနက်ဖြန်မှသွား ကြည့်ကြမယ်"
" ဟုတ်ပါပြီ...Kimပြောသလိုဘဲလုပ်လိုက်ပါ့မယ်"
ပြောရခက်စွာဇွတ်တရွတ်သူစီမံနေတော့ဘာမှ
မပြောဖြစ်တော့ ထိုသို့လုပ်တာတွေကလည်း
သူကောင်းဖို့တွက်ဘဲလေ။ မျက်မှောင်တွေကြုံ့
ကာဆူနေရာကနေ သူအကြိုက်လိုက်ကာလက်ခံလိုက်
တော့အပြုံးရေးရေးတို့ပေါ်လာသည်။
" ဆူတာမဟုတ်ဘူး...ငယ့် ကိုစိုးရိမ်လို့ပါ"
သု့စိတ်ကိုသိနေသည့်အလား ပြန်ပြောလာတဲ့
Kimကို ကြောင်ကာကြည့်နေမိသည်။ စိုးရိမ်
လို့တဲ့လား...
" ဒီလိုဘဲကြောင်ကြည့်နေတော့မှာလား
ခါးပတ်ပတ်လေ ငယ်ရဲ့"
အပြောထက်အလုပ်တို့ကပိုမြန်မယ် အခုထိ
သူဟာKim အပြုအမူတွေကိုလိုက်မှီအောင်
အသဲသန်တွေးနေပေမယ့် သူ့ကိုခါးပတ်ပတ်ပေးပြီး
သွားပြီဖြစ်သည်။အစမှာတည်းကဂရုတစိုက်နဲ့
စိုးရိမ်ပူပန်တာတွေကြင်နာစွာဆက်ဆံတတ်တဲ့
Kim...ဒါတွေဟာ မချစ်ပေမယ့်ကြင်နာပါ့မယ်
ဆိုတဲ့ Kimပြောခဲ့သော ကြင်နာမှုတွေသာဆို
'ဒီကြင်နာမှုတွေကိုမက်မောလို့ ငယ်
မာယာတွေများမိတော့မယ် Kim...'
စိတ်ကရှိတဲ့အတိုင်းဖြစ်နေတဲ့ခံစားချက်တွေက
ငယ့် ကိုသူပိုင်ဆိုင်ရမယ်လို့သိလိုက်ကတည်းက
ဖုံးဖိထားမရတော့ပေ။ ဒီလိုအပြုမူတွေကို
ငယ်များကသိကအောက်ဖြစ်မလား ...
ငြင်းမလား...စိတ်ပူလိုက်ရတာ။
အဲ့လိုလည်းမလုပ်နိုင်ပြန်
ဘူး... ရိပ်စားမိနိုင်သောအခြေအနေတစ်ခုကို
မသိမသာေလးလိုက်ဖုံးဖိရတာခက်တယ်....
သူငယ့်အပေါ်စိတ်ဝင်စားနေတဲ့အကြောင်းအား
ငယ့်ကိုဒီထက်ပိုပြီးသိစေလို တာတော့အမှန်ပါဘဲ...
မကြာသေးတော့မယ့်အချိန်မှာအနီးဆုံးရောက်
လာတော့မယ့်ငယ့်ကို ကိုယ်သတ္တိရှိရှိဖွင့်ပြောမှာမို့
' စောင့်နေပေးပါ ငယ် .... '
တစ်ရွေ့ရွေ့သွားနေသောကားလေးထဲအတွေး
ကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက်
တိုင်တည်ကာပြောဆိုနေမိတဲ့စကားတွေ
တစ်ဖက်လူကြားနိုင်ရင်တော့ကောင်းသား။
.............
" ဗျာ! မမြန်လွန်းဘူးလား ဒယ်ဒီ"
ညစာထမင်းစားဝိုင်း၌ Taehyungရဲ့အသံ
ဟာကျယ်လောင်စွာထွက်လာသည်။ အမေဖြစ်သူ
ကင်မ်ထယ်ဆု ဟာလည်းတအံ့တဩနဲ့ကင်ချာယောင်း
ကတော့ တည်တည်ငြိမ်ငြိမ်ပင် ဆက်၍ပြောသည်။
" မမြန်ပါဘူး အကျဉ်းချုံးလုပ်မှာမို့ အခုလို
စီစဉ်လိုက်တာ...မင်္ဂလာပွဲက သပတ်ခါ "
" အကျဉ်းချုံး...မဟုတ်သေးပါဘူး ဒယ်ဒီ
ဘာတွေလုပ်နေတာလဲ "
" ငါလုပ်တာငါသိတယ် .... အဓိကက
ဒီကောင်လေးကိုနားဝင်အောင်ပြောဖို့ဘဲ "
Taehyungကတော့ပျက်ယွင်းနေတဲ့သူ
အမေမျက်နှာကိုတစ်ချက်ကြည့်လိုက်သည်။
ဒီလိုလုပ်တာကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး
ဆိုတာသိသည်။
" ဘာအကြောင်းရှိတယ်ရယ်မသိပေမယ့်
တစ်ချိန် ငယ် တို့သားအမိကိုထိခိုက်လာမယ်ဆို
ကျွန်တော်ငြိမ်နေမှာ မဟုတ်ဘူးဒယ်ဒီ...
ကျွန်တော်စားဝပြီ သွားလိုက်ပါဦးမယ် "
ပြောကာထမင်းစားဝိုင်းကနေထထွက်လာခဲ့သည်။
ငယ့် အပေါ်ဘာတွေမတရားကြံချင်နေကြတာလဲ
ဒယ်ဒီဟာလူဆိုတစ်ယောက်လိုဆိုးဝါးနေခဲ့တာ
မျိုးမဟုတ်ပေမယ့် လူကောင်းမဟုတ်တာသူသိတယ်
အခုလို ငယ်နဲ့အတင်းလက်ထပ်စေချင်တာ
သူလိုချင်တာတစ်ခုခုကြောင့်လား လောဘကြီးတဲ့
ဒယ်ဒီက ငယ့်တို့လိုသာမန်မိသားစုဆီကဘာတွေများ
မက်မောနေရတာလဲ။
ထမင်းဝိုင်းမှာ ကျန်နေခဲ့သောကင်မ်ထယ်ဆု
သည် တွေဝေနေသော ယောကျာ်းဖြစ်သူအား
ကြည့်၍ပြုံးပြီး စားလက်စကိုလက်စသတ်လိုက်
သည်။
" တွေဝေမနေနဲ့ ကင်မ်ချာယောင်းရှီး....
ရှင့်သားဘဲ ရှင်တောင်လိုချင်တာတစ်ခုအတွက်
တစ်ခုကိုစွန့်လွှတ်တယ်မလား...သူလဲမက်မောတဲ့
အရာကိုကာကွယ်ဖို့အတွက် ဘာမဆိုလုပ်ရဲတယ် "
ထိုသို့ပြောကာထထွက်သွားတဲ့ ကင်မ်ထယ်ဆု
စကားတွေကိုလျစ်လျူရှုပစ်လိုက်သည်။
ငယ်ငယ်ထဲက သူစကားတစ်ခွန်းနဲ့တင်ပြီးသော
Taehyung ကိုအခုချိန်ထိလျော့တွက်ကာ
သူ့လောင်းရိပ်အောင်ရောက်နေဆဲလို့ပေါ့ပေါ့
တန်တန်တွေးပစ်ရင်း အနာဂတ်မှာသူ့အစီစဉ်
တစ်ရပ်အကောင်ထည်ပေါ်လာမှာကိုထိုင်စောင့်
နေတော့မယ်ပေါ့။
......
" ငါတို့စီနီယာကြီး ဒီနေ့တက်ကြွနေပါ့လား "
ဟိုဘက်နံရံကိုလက်ရာလိုက်ချရင်း လှမ်းပြော
နေတဲ့ဒယ်ဆောင်းစကား
ကြောင့် သီချင်းလေးတစ်ညဉ်းသည်းနဲ့စုတ်တံကိုင်ကာ
ဆေးခြယ်နေသောလက်တွေရပ်တန့်သွားတယ်
သူအရမ်းသိသာသွားလား...
အကြောင်းကတော့ဘယ်ရယ်မဟုတ်ပါဘူး
'ဒီနေဝတ်စုံသွားရွေးမှာနေ့လည်စာစားချိန်ကိုယ်
လာခေါ်လှည့်မယ်' လို့ဘဲKimကပြောတာ
ဒါပေမယ့် သူ့အတွေးထဲတော့တော်တော်ပျော်
နေတာ ရင်တွေလဲခုန်နေတယ်။ ချစ်ရသူလူသား
ကိုပိုင်ဆိုင်ရတော့မယ်ဆိုတော့ တက်ကြွနေတယ်
ဆိုပါတော့။
" ဘာမှမဟုတ်ပါဘူး ဒီတိုင်းပျော်စရာလေးရှိလို့ "
" စီနီယာကလျှိုတယ်ပေါ့ အချင်းချင်းကို "
" အချင်းချင်းလည်း လျှိုသင့်ရင် လျှိုရတယ်"
" စီနီယာကစိတ်ပုပ်ကြီး "
မျက်စိမျက်နှာပျက်ကာ သိချင်တာမသိရလို့
စိတ်ပုပ်တယ်လာပြောနေတဲ့ ဒယ်ဆောင်းကို
သူလည်း ပုပ်တော့ဘာဖြစ်လဲဆို့တဲ့မျက်နှာ
ဘေးနဲ့ ပြန်ကြည့်လိုက်ပြီး အလုပ်ဆက်လုပ်
နေကြသည်။
" ဒယ်ဆောင်း...လှေကားတွေရော "
အောက်ခြေနားကပြီးသွားပြီမို့အပေါ်ဘက်ကို
ဆွဲမယ်ဆိုမှလှေကားကတစ်ခုမှမတွေ့တာကြောင့်
ဒယ်ဆောင်းကို မေးလိုက်တော့
" ဟိုဘက်ခန်းကလာယူသွားကြတယ်လေ
အပေါ်ကိုဆွဲမလို့လား....နည်းနည်းဘဲကျန်
တော့ ကျွန်တော့်ပခုံးခုပေးမယ်တက်ဆွဲလေ"
" ဟာ ...အားနာစရာကြီးကို"
"ရတယ်လာ တက်"
သူ့ရှေ့မှာဒူးထောက်ထိုင်ပေးတဲ့ ဒယ်ဆောင်း
ကြောင့် အားမနာနေတော့ အလုပ်မြန်မြန်ပြီး
ချင်နေတာနဲ့ ပခုံးကိုနင်းပြီးဆွဲမယ်ဆိုတော့မမှီ
"ဒယ်ဆောင်း မမှီဘူးဖြစ်နေတယ်"
"ဒါဆိုချီမယ် စီနီယာပြန်ဆင်း"
ပြောတဲ့တိုင်းပြန်ဆင်းပေးလိုက်တော့
ဒူးခေါက်ကွေးနဲ့ပေါင်နေရလောက်ကမချီလိုက်
တာများစွေ့ကနဲ ဒီကောင်လေးအားရှိသား
"မှီသွားပြီ...ငြိမ်ငြိမ်လေးနေနော်"
"စီနီယာကာ အကောင်လေးသာသေးတာ
လေးနစ်နေရောဘဲ"
ချီးထားရက်နဲ့ ဒယ်ဆောင်းပြောသောစကားကို
မျက်နှာလေးမဲ့ရင်း
"မင်းတို့ Beta တွေကအားလည်းမရှိဘူး"
" မဟုတ်ပါဖူး စီနီယာကအစားကြီးလို့"
"မဆိုင်ပါဘူး...ငါ့ ထယ်ထယ် ဆိုငါ့ကိုချီနိုင်မှာ
သူကအားရှိတဲ့ Alphaလေ ...."
တွေးထဲကတော့ Kimဟာသူ့တွက်ချစ်ရာ
ကောင်းပြီး အားရှိတဲ့ Alpha မို့တစ်ခါခါ
ထယ်ထယ် ဆိုပြီးသတိလက်လွတ်ခေါ်မိသေး
သူရှေ့တော့မခေါ်ပါဘူး ဒယ်ဆောင်းနဲ့သူ့အ
ကြောင်းစကားဆက်မိရင်ပြောနေကျမို့အကျင့်
ကပါနေသည်။
"ရပြီဒယ်ဆောင်းပြီးပြီ..."
အောက်ကိုဖြေးဖြေးချင်းချပေးတဲ့ဒယ်ဆောင်း
သူကလည်းပြုတ်ကျမှာဆိုလို့ ဒယ်ဆောင်းပခုံး
ကိုကိုင်ထားသလို ဒယ်ဆောင်ကလည်းသူ့ခါးဆီ
ကိုင်ထားတုန်း တံခါးဝကလူရိပ်ကြောင့်ကြည့်
လိုက်တော့
" ကင်မ်... "
သူ့အသံကြောင့်ဒယ်ဆောင်းလဲ သူနဲ့လူချင်း
ခွာကာရပ်ပြီး Taehyungကိုခေါင်းငုံ
အရိုသေပေးလိုက်သည်။ လက်ပိုက်ကာ
ဒယ်ဆောင်းအားအသိအမှတ်ပြုရုံတစ်ချက်သာ
ကြည့်ရင်းJungkookကိုပြန်စိုက်ကြည့်နေတော့
" ဘယ်တုန်းကရောက်နေတာလဲ "
"ကြာပြီ...ပြီးပြီဆို အင်္ကျီလဲပြီလာခဲ့တော့
ကားပေါ်မှာစောင့်နေမယ်"
ထိုမျှသာပြောပြီးချာကနဲ့လှည့်ထွက်သွားသော
Taehyungကြောင့် ဒယ်ဆောင်းနဲ့Jungkook
တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိသည်
အခုKimကဘာဖြစ်သွားတာလဲ။
" သွားလဲလေ စီနီယာ ...တော်ကြာပိုစိတ်ဆိုးနေမယ်
ဪ...ပြီးတော့သေချာ Po Poပေးပြီးချော့ခဲ့နော်
ချစ်စရာကောင်းတဲ့ Alphaကြီးအထင်လွဲနေပြီ "
" ဒီကောင်ကတော့ "
မျက်နှာပိုးမသတ်ဘဲသူ့ကိုစနေသေးတဲ့ဒယ်ဆောင်း
ကိုအော်ငေါက်ကာအင်္ကျီလဲဖို့ထွက်လာခဲ့သည်။
ကားပေါ်မှာထိုင်သာနေတယ်လူကဂနာမငြိမ်
ဒယ်ဆောင်း ငယ့် ကိုချီလိုက်တဲ့အချိန်ထဲက
သူရပ်ကြည့်နေခဲ့တာရင်ထဲတနုပ်နုပ်နဲ့ဒယ်ဆောင်း
နဲ့ငယ် ကလုပ်ဖော်ကိုင်ဖက်မို့မပြောလိုပေမယ့်
ဟို ထယ်ထယ် ဆိုတဲ့ကောင်ကိုတော့မကျေနပ်ပေ
အားရှိတဲ့ Alpha တဲ့ပြောနေတဲ့ပုံလေးကလည်း
ပြုံးပျော်လို့ သူ့ထက်တောင်အဲ့ကောင်ကအား
ရှိတာလား။ ဒါဖြင့်ရင်ငယ်ကသူ့ကိုချစ်တဲ့သူရှိရက်နဲ့လက်ထပ်ချင်ရတာလဲ။
သိပ်မကြာအိတ်လေးပိုက်ကာပေးလာသော
ငယ်ဆိုတဲ့လူသားလေးကကားဆီရောက်တာနဲ့
တံခါးဖွင့်ပြီးတက်ထိုင်တော့သည်။ကားစက်နှိုးပြီးတော့ ဘေးကငယ့်ကိုတစ်ချက်ကြည့်လိုက်မိသည်။
ပြုံးပျော်နေသောဤလူသားမျက်နှာကအပြုံးလှလှတို့ကသူမဟုတ်တဲ့ Alpha တစ်ယောက်ကြောင့်တဲ့လား။လက်မခံနိုင်အောင်စိတ်ထဲဖြစ်နေတဲ့ခံစားချက်က မပြုံးနိုင်သောမျက်နှာထားကိုပိုလို့ထောက်ပံ့ထားတာ ဟန်မဆောင်နိုင်အောင်သူတတော်ဖြစ်ပျက်နေပါ့လား... အဖြစ်က စစ်မရောက်ခင်မြှားကုန်သလိုဘဲ
စိတ်ဓာတ်ကလုံးလုံကျသွားပြီ ငယ်~
" သွားကြမယ်လေ ကင်မ်...."
"အင်း..."
စိမ်းကားနေသော လေထုကြီးကကြီးစိုးလို့
အရင်လိုလည်း စကားတွေဖောဖောသီသီမပြောရဲ
စောနကိစ္စကိုစိတ်ဆိုးနေတာလား။ ရုပ်တည်ကြီး
နဲ့ကားမောင်းနေတဲ့ကင်မ့်ကိုကြည့်ကာသူဘာလုပ်
ရမယ်မသိ ဒယ်ဆောင်းပြောသလို po po
ပေးပြီးချော့လိုက်ရမှားလား။ အဖြစ်ပျက်တွေကို
ရှင်းပြရမလား ဒီတိုင်းကြီးနေတော့သူမလုံမလဲ
ဖြစ်နေသည်။ ဒယ်ဆောင်းနဲ့အထင်လွဲေနမှာကို
ဘယ်ကနေစရှင်းရမလဲ ။ ဒါပေမယ့်ရှင်းရအောင်လည်းသူနဲ့ကိုယ်က ဘာတွေလဲမိဘတွေပေးစားလို့ယူ
ရတော့မယ်သူတွေ အချစ်မပါဘဲလက်ထပ်ရမယ်သူ
တွေ အဲ့မတိုင်ခင်ကလည်း လုပ်ဖော်ကိုင်ဘက်
ဆက်ဆံရေးလောက်ဘဲကိုမရှင်းပြတော့လည်း
စိတ်ဆိုးနေတဲ့သူနဲ့တော့
'ခက်နေပြီ ကင်မ်ရေ'
Happy birthday Jungkookie
တို့သေးသေးလေးတောင် 24 နှစ်ပြည့်သွားပြီ💙
zawgyi
UNICODE
" ရောက်ပြီငယ်...."
လှမ်းဆွဲထားတဲ့ ကင်မ်
" စိတ်ဆိုးသွားတာလား "
စိတ်ဆိုးစရာလား "
Kim...
"လာလေ ဝင်ကြမယ်"
ကိုလိုက်ရှာမိသည်။ Jungkookတစ်
" မာမီ..."
Jungkookမျက်နှာကိုလှည့်ကြည့်တော့
မအီမသာနဲ့
" နေမကောင်းဘူးလား ငယ်"
တွေကြောင့်ပါ..."
နေတာပေါ့....
ပြန်ကြတာပေါ့ "
"အင်း..."
ဆွဲဖက်ရင်းခေါ်လာသည်။ ပစ္စည်းတွေထုတ်ပြ
"ငယ်...ကြိုက်တာရွေးလေ"
ကားထဲသွားနေနှင့်"
အားနာပါတယ်"
လို့တဲ့လား...
ခါးပတ်ပတ်လေ ငယ်ရဲ့"
ဖုံးဖိထားမရတော့ပေ။ ဒီလိုအပြုမူတွေကို
မသိမသာလေးလိုက်ဖုံးဖိရတာခက်တယ်....
' စောင့်နေပေးပါ ငယ် .... '
.............
ဘာတွေလုပ်နေတာလဲ "
ဆိုတာသိသည်။
မက်မောနေရတာလဲ။
သည်။
နေတော့မယ်ပေါ့။
......
နေတဲ့ဒယ်ဆောင်းစကား
သူအရမ်းသိသာသွားလား...
ဆိုပါတော့။
" စီနီယာကစိတ်ပုပ်ကြီး "
နေကြသည်။
" ဟာ ...အားနာစရာကြီးကို"
"ရတယ်လာ တက်"
လေးနစ်နေရောဘဲ"
မျက်နှာလေးမဲ့ရင်း
သူကအားရှိတဲ့ Alphaလေ ...."
ကပါနေသည်။
လိုက်တော့
" ကင်မ်... "
အရိုသေပေးလိုက်သည်။ လက်ပိုက်ကာ
" ဒီကောင်ကတော့ "
" သွားကြမယ်လေ ကင်မ်...."
"အင်း..."
ဖြစ်နေသည်။ ဒယ်ဆောင်းနဲ့အထင်လွဲနေမှာကို
'ခက်နေပြီ ကင်မ်ရေ'