လူးဝစ်က ခေါ်ခိုင်းတာမို့ ကြောက်လို့လာခေါ်လိုက်ရသည်။ လှေကားတွေတစ်ထစ်ချင်းဆီ တက်သွားပြီး ဘယ်ဘက်က ထောင့်စွန်းအခန်းရှေ့မှာရပ်လိုက်သည်။ Hikieဆိုပြီးအင်္ဂလိပ်နာမည်
ထွင်းထားတဲ့ အညိုရောင်သစ်သားပြားလေးကြောင့် သူတံခါး လက်ကိုင်ဘုကို လှည့်ပြီး အခန်းထဲဝင်သွားခဲ့သည်။
ဝင်သွားပြီးနောက် သူမြင်တွေ့လိုက်ရတဲ့ ရေစက်တွေတွဲလဲခိုနေတဲ့ ရင်အုပ်နဲ့ ဝမ်းဗိုက်ကအမြောင်းတွေကြောင့် သာဖြစ်သည်။ အဝတ်အစားမပါဘဲ သဘက်ဖြင့်သာအောက်ပိုင်းကိုပတ်ထားတာကြောင့် ဆန်ဒါဝေး အော်မိသည်။
"အား! "
"ခင်ဗျား ခင်ဗျား ဘာဖြစ်ချင်နေတာလဲ " ဟုပြောကာမျက်နှာကြီးနီရဲနေလေသည်။
ဆန်ဒါဝေးရဲ့အော်သံကြောင့်ဟိုင်ကီ့ခင်ဗျာ ကြောင်သွားရသည်။ အရှေ့ကိုကြည့်အနောက်ကိုလှည့်နှင့်နောက်ဆုံးသူ့ကို သူလက်ညှိးထိုးပြတော့ ကောင်လေးက ခေါင်းငြိမ့်ပြသည်။ ဟိုင်ကီတစ်ယောက်မေးခွန်းတွေ ခေါင်းထဲမှာအစီအရီပေါ်လာခဲ့သည်။ဒီလိုနဲ့ပဲ အူတူတူ နဲ့သူ့ကိုရပ်ပြီးကြည့်နေတဲ့ ကောင်လေး ကိုစကားစမြည်ပြောလိုက်သည်။
"ဘာလို့အော်တာလဲ ငါကအရမ်းကြောက်ဖို့ကောင်းလို့လား"
ဟိုင်ကီကဆန်ဒါဝေးကိုမျက်မှောင်ကျုံ့ပြီးပြောတော့ ကောင်လေးခဗျာ သူ့ကို ကျိန်ဆဲနေသည့်အလား ပါးစပ်လှုပ်နေသည်။ အတော် အတန်ကြာမှ ကောင်လေး ကခေါင်းလေး ကိုကုတ်ပြီး စဥ်းစားနေသည်။ ပြန်မှတ်ရလာပြီထင်ပါရဲ့ သူ့ကိုမျက်လုံးလေးဝိုင်းကာ လာရင်းကိစ္စ ကိုထုတ်ပြောတော့သည်။
"သခင်ကြီးက ခေါ်ခိုင်းလိုက်လို့ပါ"
ဆန်ဒါဝေး ထိုလူကြီး ကိုပြောပြီးပြီးချင်းအောက်သို့ဆင်းလာခဲ့သည်။ကြာကြာရပ်မိနေမယ်ဆိုရင် လူလည်းတစ်ကိုယ်လုံးခရမ်းချဥ်သီးလို ရဲတွတ်တော့မည်ဆိုတာ ဆန်ဒါဝေး သိလိုက်တာကြောင့် အထစ်များတဲ့လှေကားတွေကိုဆင်းချလာခဲ့သည်။
အောက်လည်းရောက်ရော လူးဝစ်ကိုအရိုအသေပေးပြီး အစေခံအိုကြီးနောက်မှာသွားရပ်လိုက်လေသည်။
ထို့နောက်ထိုလူကြီးဆင်းလာခဲ့သည်၊ သခင်ကြီးရဲ့မျက်နှာဟာလွန်စွာပြုံးရွှင်ပြီး ထိုလူကြီးကိုစိုက်ကြည့်နေခဲ့သည်။
ဟိုင်ကီ သူ့အဘိုးနားကိုရောက်ရော ဆန်ဒါဝေးကိုသူရှာမိသည်။ မနက်ကတွေ့ခဲ့တဲ့အစေခံအိုကြီးရဲ့နောက်မှာထိုကောင်လေးရှိတာမို့မသိမသာချောင်းကြည့်တော့ ဆန်ဒါဝေးနဲ့မျက်လုံးချင်းဆုံသွားသည်။
"ဘာလဲ " မိမိကိုလာကြည့်နေတဲ့ ထိုလူကြီးကို မေးငေါ့ပြ ပြီး မေးလိုက်သည်။ ထိုလူကြီး ကတော့ ဘာမှပြန်မပြောဘဲ ပြုံးပြသည်။
"အဟမ်း! "လူးဝဝစ်ကချောင်းဟန့်လိုက်တော့အကုန်လုံး ကလူးဝစ်ကိုခေါင်းမော့ပြီးကြည့်ကြသည်။ လူးဝစ်က အိမ်တော်ထိန်း ကို မျက်လုံးနဲ့အချက်ပြလိုက်ေတာ ့အိမ်တော်ထိန်းက လူးဝစ်နားရောက်လာသည်။
အိမ်တော်ထိန်းက လူးဝစ်နားနားကပ်ပြီး စကားတစ်ချို့ကိုပြောတော့ လူးဝစ်က ခေါင်းငြိမ့်ပြီး ပြောစေလိုက်သည်။
" ဒီမှာရပ်နေတဲ့ ကောင်လေး က ဟိုင်ကီပါ ဒီနေ့ကစပြီး အိမ်တော်ရဲ့ ဒုသခင်ကြီးနေရာကို ယူမှာပါ ဒီနေ့ကစပြီး ဟိုင်ကီနဲ့ လူးဝစ်က ဒီအိမ်တော်ရဲ့အာဏာအကြီးဆုံးလူတွေ ဆိုတာ မှတ်ထားပါ "
အိမ်တော်ထိန်းပြောလို့ ပြီးသွားတော့ အစေခံတွေအားလုံး ဟုတ်ကဲ့ဆိုပြီးဦးညွှတ်ကြသည်။ ဟိုင်ကီက သူ့ကို လက်တို့နေတဲ့အဘိုးကြောင့်စကားတစ်ခွန်းနှစ်ခွန်းစ ပြောလိုက်သည်။
"ကူညီဖေးမကြပါအုံး" ဟုပြောလိုက်တော့အစေခံတွေကခေါင်းငြိမ့်ကြသည်။အိမ်တော်ထိန်းက လက်ရမ်းပြတော့ အစေခံတွေအကုန် သူ့နေရာနဲ့သူ ပြန်ပြီးအလုပ်လုပ်ကြသည်။
ထိုအချိန် လူးဝစ်က ဆန်ဒါဝေး ကိုလှမ်းခေါ်လိုက်သည်။
" ဆန်ဒါဝေး "
"ဗျာ သခင်ကြီး"
"ဟိုင်ကီ့ကို ဒီစံအိမ်ရဲ့နေရာအကုန်လိုက်ပြလိုက်...ပြီးတော့ မင်းကဒီနေ့ကစပြီး ဟိုင်ကီရဲ့ တောက်တိုမယ်ရ ပဲ! "ဟု လူးဝစ်က အေးစက်စက်အသံနဲ့ပြောလိုက်သည်။ ဆန်ဒါဝေးကလည်းအလိုက်သိစွာ ဟုတ်ကဲ့ဟုပြောလိုက်သည်။
....
" ဒါက သခင်ကြီးအမြဲလာတဲ့ပန်းဥယျာဥ် ကျွန်တော်ကမနက်တိုင်းဒီမှာရေလာလောင်းတယ် ပြီးတော့ ဒီနားကနေကြည့်ရင် စံအိမ်ရဲ့ဟိုးအနောက်မှာက အလုပ်သမားတွေနေတာ ပြီးတော့....." ဆန်ဒါဝေးရှင်းပြလို့မပြီးသေးခင်ဟိုင်ကီက စကားဖြတ်ပြောလိုက်သည်။
"မင်းက ဘယ်မှာနေတာလဲ"
"သခင် ကျွန်တော့်လို နိမ့်ကျတဲ့အစေခံနေရာကိုမပြောဝံ့ပါဘူး "ဟု ချိုသာသောအသံပီကလာ မပီကလာနဲ့ပြောလိုက်သည်။
ဆန်ဒါဝေးရဲ့ ပြောသံလည်းကြားရောဟိုင်ကီက ဒေါသအနည်းငယ်ထွက်သွားသည်။ " ငါ့ကိုမလေးစားတာလား မင်းက "
" မဟုတ်ပါဘူး "
"ဒါဆို ဘယ်မှာနေတာလဲ"
" ဒီနေရာကနေ နည်းနည်းဝေးတဲ့ လုံးချင်းအိမ်သေးသေးလေးမှာ အဘွားဖြစ်သူနဲ့ နေပါတယ် သခင် "
"အင်း " ဟိုင်ကီထိုသို့လည်းပြောပြီးရော ဆန်ဒါဝေးက နေရာအကုန်စုံစွာရှင်းပြသည်။ ဆန်ဒါဝေးပြောတာကတော့ ငယ်ငယ်ထဲက စံအိမ်မှာပဲ မွေးလာတာမို့ ဒီကနေရာတွေအကုန်သူသိတယ်တဲ့ ။
"သခင် နေ့လည်စာ စားချိန်ရောက်ပါပြီ ကျွန်တော်တို့ပြန်လှည့်ကြမလား"ဟု ဆန်ဒါဝေးက မေးလိုက်သည်။
"ပြန်ကြတာပေါ့ စကားမစပ် မင်းအသက်ဘယ်လောက်လဲ"
"အသက် ၁၅ ပါ သခင်"
"ကိုယ်က ၁၉" ဟိုင်ကီကပြန်ပြောတော့ ဆန်ဒါဝေး က ပြုံးပြသည်။ ဆန်ဒါဝေးရဲ့ ပြုံးလိုက်တိုင်းထွက်လာတဲ့ပါးချိုင့်နဲ့ မှေးသွားတဲ့မျက်လုံးလေး ကတကယ်ကိုပင်ချစ်ဖို့ကောင်းလေသည်။
...စံအိမ်ထဲသို့လည်းရောက်ရော ဆန်ဒါဝေးက ဟိုင်ကီ့ကိုနှုတ်ဆက်ပြီးစားဖိုဆောင်ထဲဝင်သွားသည်။ ဟိုင်ကီကတော့ဧည့်ခန်းမှာထိုင်နေတဲ့ လူးဝစ်ဆီသွားလိုက်သည်။ ဟိုင်ကီလည်း ဆိုထာပေါ်မှာထိုင်ရော။
"သေချာလိုက်ပြရဲ့လား"
"အင်း "
"ပြောစရာရှိတယ်"
"ဘာများလဲ"ဟုဟိုင်ကီက အေးစက်စွာပြန်မေးလိုက်သည်။
"မနက်ဖြန်ကစပြီး ကုမ္ပဏီ အလုပ်တွေစလုပ်ရမယ် ၊ ငြင်းဖို့မကြိုးစားနဲ့ "
"အင်းမငြင်းပါဘူး "ဟုဟိုင်ကီက ရိုသေစွာပြန်ပြောလိုက်သည်။ လူးဝစ်ကတော့ သူ့မြေးကိုပြောသင့်မပြောသင့်လားစဥ်းစားနေသည်။ ဒါပေမဲ့ ပြေမှဖြစ်မဲ့ကိစ္စကြောင့် သူပြောကိုပြောရမည် ဖြစ်သည်။
"ဝိုင်ကီ မင်္ဂလာဆောင်သွားပြီ"
လူးဝစ်ရဲ့ထိုစကားသံတွေကိုလည်းကြားရော ဟိုင်ကီဘကြည့်လက်ဖုန်းကို စားပွဲပေါ်တင်ပြီး သူ့အဖိုး ကိုသေချာစွာစိုက်ကြည့်လိုက်သည်။
"ဘယ်သူနဲ့လဲ" ဟု အေးစက်စွာပြန်မေးလိုက်သည်။ စိတ်ထဲမှာတော့ အစိတ်စိတ်အမြွှာမြွှာ ကြေ ကွဲနေတာသူကိုယ်တိုင်ကလွဲ ပြီးဘယ်သူမှမသိ။
"အဲရစ်! "
"မြန်လိုက်တာ "
" ဝမ်းမနည်းဘူးလား "ဟု လူးဝစ်က အသံကိုတိုးညင်းစွာနဲ့ ဝိုင်ကီ့ကိုမေးလိုက်သည်။
"စွန့်ပစ်ပြီးသား အတွက် ဝမ်းမနည်းချင်ဘူး"
"တော်တယ် !"
"ကျွန်တော် တက်တော့မယ်"ဟုပြောရင်း ဟိုင်ကီ စားပွဲပေါ်တင်ထားတဲ့ဖုန်းကို ယူပြီး အပေါ်ထပ်ကို တက်သွားသည်။ ထို့နောက် ဘယ်ဘက်ဆုံးမှာရှိတဲ့သူ့အခန်းထဲကိုဝင်သွားသည်။ တံခါးကိုပိတ်ပြီးတာနဲ့ ဖုန်း ကိုချက်ချင်းဖွင့်ပြီး ဝိုင်ကီ့ရဲ့ IG accကို သူ ဝင်ကြည့်လိုက်သည်။ ပြုံးပျော်နေတဲ့ ဝိုင်ကီ့မျက်နှာလေး ကိုလည်းမြင်ရော အပူတွေငြိမ်းပေမဲ့ သူ့(ဝိုင်ကီ) ဘေးနား ကနေ ဖက်ပြီးပြုံးနေတဲ့ အဲရစ်ကြောင့် စိတ်က တိုလာပြန်သည်။
"ငယ်က ပျော်နေတာပဲ
ငယ်ပျော်ရင် ကိုယ်ငယ့်အနားကထွက်သွားရကျိုးနပ်ပါပြီ သည်းငယ်ရယ်"
ဟုပြောပြီး လက်က လည်းcomment boxတွင် အလိုအလျောက် Congratulations ဟု ရေးပြီးဖုန်းစခရင်ကိုပိတ်ကာ ရိုက်ခွဲမိသည်။
"ငယ်ပျော်နေလိုက်တာ ငယ်ရယ် ကလေးလေး ကပျော်နေလိုက်တာ"ဟု အရူးအမူး ငိုရယ်နေရင်း အခန်းထဲကရှိသမျှဟာတွေကို အကုန်ရိုက်ချိုးနေသည်။
........
"ပျော်လား ကလေး"
"ပျော်တယ် ကိုကို"ဟုဝိုင်ကီကပြန်ဖြေရင်း အဲရစ်ကိုဖက်လိုက်သည်။
ဘယ်လိုအခက်အခဲတွေကိုယ်တိုင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတာ အဲရစ်ကိုယ်တိုင်ပဲသိသည်မို့ ဟိုင်ကီ့နဲ့အတူ ဝိုင်ကီ့ကိုချစ်ဖို့က ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ခဲ့ပေ။
......
နောက်ကျသွားတာsorryပါနော် ဟီးး
ဂရုစိုက်ကြပါနော် Love u all.
(zawgyi)
လူးဝစ္က ေခၚခိုင္းတာမို႔ ေၾကာက္လို႔လာေခၚလိုက္ရသည္။ ေလွကားေတြတစ္ထစ္ခ်င္းဆီ တက္သြားၿပီး ဘယ္ဘက္က ေထာင့္စြန္းအခန္းေရွ႕မွာရပ္လိုက္သည္။ Hikieဆိုၿပီးအဂၤလိပ္နာမည္
ထြင္းထားတဲ့ အညိုေရာင္သစ္သားျပားေလးေၾကာင့္ သူတံခါး လက္ကိုင္ဘုကို လွည့္ၿပီး အခန္းထဲဝင္သြားခဲ့သည္။
ဝင္သြားၿပီးေနာက္ သူျမင္ေတြ႕လိုက္ရတဲ့ ေရစက္ေတြတြဲလဲခိုေနတဲ့ ရင္အုပ္နဲ႕ ဝမ္းဗိုက္ကအေျမာင္းေတြေၾကာင့္ သာျဖစ္သည္။ အဝတ္အစားမပါဘဲ သဘက္ျဖင့္သာေအာက္ပိုင္းကိုပတ္ထားတာေၾကာင့္ ဆန္ဒါေဝး ေအာ္မိသည္။
"အား! "
"ခင္ဗ်ား ခင္ဗ်ား ဘာျဖစ္ခ်င္ေနတာလဲ " ဟုေျပာကာမ်က္ႏွာႀကီးနီရဲေနေလသည္။
ဆန္ဒါေဝးရဲ႕ေအာ္သံေၾကာင့္ဟိုင္ကီ့ခင္ဗ်ာ ေၾကာင္သြားရသည္။ အေရွ႕ကိုၾကည့္အေနာက္ကိုလွည့္ႏွင့္ေနာက္ဆုံးသူ႕ကို သူလက္ညွိးထိုးျပေတာ့ ေကာင္ေလးက ေခါင္းၿငိမ့္ျပသည္။ ဟိုင္ကီတစ္ေယာက္ေမးခြန္းေတြ ေခါင္းထဲမွာအစီအရီေပၚလာခဲ့သည္။ဒီလိုနဲ႕ပဲ အူတူတူ နဲ႕သူ႕ကိုရပ္ၿပီးၾကည့္ေနတဲ့ ေကာင္ေလး ကိုစကားစျမည္ေျပာလိုက္သည္။
"ဘာလို႔ေအာ္တာလဲ ငါကအရမ္းေၾကာက္ဖို႔ေကာင္းလို႔လား"
ဟိုင္ကီကဆန္ဒါေဝးကိုမ်က္ေမွာင္က်ဳံ႕ၿပီးေျပာေတာ့ ေကာင္ေလးခဗ်ာ သူ႕ကို က်ိန္ဆဲေနသည့္အလား ပါးစပ္လႈပ္ေနသည္။ အေတာ္ အတန္ၾကာမွ ေကာင္ေလး ကေခါင္းေလး ကိုကုတ္ၿပီး စဥ္းစားေနသည္။ ျပန္မွတ္ရလာၿပီထင္ပါရဲ႕ သူ႕ကိုမ်က္လုံးေလးဝိုင္းကာ လာရင္းကိစၥ ကိုထုတ္ေျပာေတာ့သည္။
"သခင္ႀကီးက ေခၚခိုင္းလိုက္လို႔ပါ"
ဆန္ဒါေဝး ထိုလူႀကီး ကိုေျပာၿပီးၿပီးခ်င္းေအာက္သို႔ဆင္းလာခဲ့သည္။ၾကာၾကာရပ္မိေနမယ္ဆိုရင္ လူလည္းတစ္ကိုယ္လုံးခရမ္းခ်ဥ္သီးလို ရဲတြတ္ေတာ့မည္ဆိုတာ ဆန္ဒါေဝး သိလိုက္တာေၾကာင့္ အထစ္မ်ားတဲ့ေလွကားေတြကိုဆင္းခ်လာခဲ့သည္။
ေအာက္လည္းေရာက္ေရာ လူးဝစ္ကိုအရိုအေသေပးၿပီး အေစခံအိုႀကီးေနာက္မွာသြားရပ္လိုက္ေလသည္။
ထို႔ေနာက္ထိုလူႀကီးဆင္းလာခဲ့သည္၊ သခင္ႀကီးရဲ႕မ်က္ႏွာဟာလြန္စြာၿပဳံး႐ႊင္ၿပီး ထိုလူႀကီးကိုစိုက္ၾကည့္ေနခဲ့သည္။
ဟိုင္ကီ သူ႕အဘိုးနားကိုေရာက္ေရာ ဆန္ဒါေဝးကိုသူရွာမိသည္။ မနက္ကေတြ႕ခဲ့တဲ့အေစခံအိုႀကီးရဲ႕ေနာက္မွာထိုေကာင္ေလးရွိတာမို႔မသိမသာေခ်ာင္းၾကည့္ေတာ့ ဆန္ဒါေဝးနဲ႕မ်က္လုံးခ်င္းဆုံသြားသည္။
"ဘာလဲ " မိမိကိုလာၾကည့္ေနတဲ့ ထိုလူႀကီးကို ေမးေငါ့ျပ ၿပီး ေမးလိုက္သည္။ ထိုလူႀကီး ကေတာ့ ဘာမွျပန္မေျပာဘဲ ၿပဳံးျပသည္။
"အဟမ္း! "လူးဝဝစ္ကေခ်ာင္းဟန့္လိုက္ေတာ့အကုန္လုံး ကလူးဝစ္ကိုေခါင္းေမာ့ၿပီးၾကည့္ၾကသည္။ လူးဝစ္က အိမ္ေတာ္ထိန္း ကို မ်က္လုံးနဲ႕အခ်က္ျပလိုက္ေတာ ့အိမ္ေတာ္ထိန္းက လူးဝစ္နားေရာက္လာသည္။
အိမ္ေတာ္ထိန္းက လူးဝစ္နားနားကပ္ၿပီး စကားတစ္ခ်ိဳ႕ကိုေျပာေတာ့ လူးဝစ္က ေခါင္းၿငိမ့္ၿပီး ေျပာေစလိုက္သည္။
" ဒီမွာရပ္ေနတဲ့ ေကာင္ေလး က ဟိုင္ကီပါ ဒီေန႕ကစၿပီး အိမ္ေတာ္ရဲ႕ ဒုသခင္ႀကီးေနရာကို ယူမွာပါ ဒီေန႕ကစၿပီး ဟိုင္ကီနဲ႕ လူးဝစ္က ဒီအိမ္ေတာ္ရဲ႕အာဏာအႀကီးဆုံးလူေတြ ဆိုတာ မွတ္ထားပါ "
အိမ္ေတာ္ထိန္းေျပာလို႔ ၿပီးသြားေတာ့ အေစခံေတြအားလုံး ဟုတ္ကဲ့ဆိုၿပီးဦးၫႊတ္ၾကသည္။ ဟိုင္ကီက သူ႕ကို လက္တို႔ေနတဲ့အဘိုးေၾကာင့္စကားတစ္ခြန္းႏွစ္ခြန္းစ ေျပာလိုက္သည္။
"ကူညီေဖးမၾကပါအုံး" ဟုေျပာလိုက္ေတာ့အေစခံေတြကေခါင္းၿငိမ့္ၾကသည္။အိမ္ေတာ္ထိန္းက လက္ရမ္းျပေတာ့ အေစခံေတြအကုန္ သူ႕ေနရာနဲ႕သူ ျပန္ၿပီးအလုပ္လုပ္ၾကသည္။
ထိုအခ်ိန္ လူးဝစ္က ဆန္ဒါေဝး ကိုလွမ္းေခၚလိုက္သည္။
" ဆန္ဒါေဝး "
"ဗ်ာ သခင္ႀကီး"
"ဟိုင္ကီ့ကို ဒီစံအိမ္ရဲ႕ေနရာအကုန္လိုက္ျပလိုက္...ၿပီးေတာ့ မင္းကဒီေန႕ကစၿပီး ဟိုင္ကီရဲ႕ ေတာက္တိုမယ္ရ ပဲ! "ဟု လူးဝစ္က ေအးစက္စက္အသံနဲ႕ေျပာလိုက္သည္။ ဆန္ဒါေဝးကလည္းအလိုက္သိစြာ ဟုတ္ကဲ့ဟုေျပာလိုက္သည္။
....
" ဒါက သခင္ႀကီးအၿမဲလာတဲ့ပန္းဥယ်ာဥ္ ကြၽန္ေတာ္ကမနက္တိုင္းဒီမွာေရလာေလာင္းတယ္ ၿပီးေတာ့ ဒီနားကေနၾကည့္ရင္ စံအိမ္ရဲ႕ဟိုးအေနာက္မွာက အလုပ္သမားေတြေနတာ ၿပီးေတာ့....." ဆန္ဒါေဝးရွင္းျပလို႔မၿပီးေသးခင္ဟိုင္ကီက စကားျဖတ္ေျပာလိုက္သည္။
"မင္းက ဘယ္မွာေနတာလဲ"
"သခင္ ကြၽန္ေတာ့္လို နိမ့္က်တဲ့အေစခံေနရာကိုမေျပာဝံ့ပါဘူး "ဟု ခ်ိဳသာေသာအသံပီကလာ မပီကလာနဲ႕ေျပာလိုက္သည္။
ဆန္ဒါေဝးရဲ႕ ေျပာသံလည္းၾကားေရာဟိုင္ကီက ေဒါသအနည္းငယ္ထြက္သြားသည္။ " ငါ့ကိုမေလးစားတာလား မင္းက "
" မဟုတ္ပါဘူး "
"ဒါဆို ဘယ္မွာေနတာလဲ"
" ဒီေနရာကေန နည္းနည္းေဝးတဲ့ လုံးခ်င္းအိမ္ေသးေသးေလးမွာ အဘြားျဖစ္သူနဲ႕ ေနပါတယ္ သခင္ "
"အင္း " ဟိုင္ကီထိုသို႔လည္းေျပာၿပီးေရာ ဆန္ဒါေဝးက ေနရာအကုန္စုံစြာရွင္းျပသည္။ ဆန္ဒါေဝးေျပာတာကေတာ့ ငယ္ငယ္ထဲက စံအိမ္မွာပဲ ေမြးလာတာမို႔ ဒီကေနရာေတြအကုန္သူသိတယ္တဲ့ ။
"သခင္ ေန႕လည္စာ စားခ်ိန္ေရာက္ပါၿပီ ကြၽန္ေတာ္တို႔ျပန္လွည့္ၾကမလား"ဟု ဆန္ဒါေဝးက ေမးလိုက္သည္။
"ျပန္ၾကတာေပါ့ စကားမစပ္ မင္းအသက္ဘယ္ေလာက္လဲ"
"အသက္ ၁၅ ပါ သခင္"
"ကိုယ္က ၁၉" ဟိုင္ကီကျပန္ေျပာေတာ့ ဆန္ဒါေဝး က ၿပဳံးျပသည္။ ဆန္ဒါေဝးရဲ႕ ၿပဳံးလိုက္တိုင္းထြက္လာတဲ့ပါးခ်ိဳင့္နဲ႕ ေမွးသြားတဲ့မ်က္လုံးေလး ကတကယ္ကိုပင္ခ်စ္ဖို႔ေကာင္းေလသည္။
...စံအိမ္ထဲသို႔လည္းေရာက္ေရာ ဆန္ဒါေဝးက ဟိုင္ကီ့ကိုႏႈတ္ဆက္ၿပီးစားဖိုေဆာင္ထဲဝင္သြားသည္။ ဟိုင္ကီကေတာ့ဧည့္ခန္းမွာထိုင္ေနတဲ့ လူးဝစ္ဆီသြားလိုက္သည္။ ဟိုင္ကီလည္း ဆိုထာေပၚမွာထိုင္ေရာ။
"ေသခ်ာလိုက္ျပရဲ႕လား"
"အင္း "
"ေျပာစရာရွိတယ္"
"ဘာမ်ားလဲ"ဟုဟိုင္ကီက ေအးစက္စြာျပန္ေမးလိုက္သည္။
"မနက္ျဖန္ကစၿပီး ကုမၸဏီ အလုပ္ေတြစလုပ္ရမယ္ ၊ ျငင္းဖို႔မႀကိဳးစားနဲ႕ "
"အင္းမျငင္းပါဘူး "ဟုဟိုင္ကီက ရိုေသစြာျပန္ေျပာလိုက္သည္။ လူးဝစ္ကေတာ့ သူ႕ေျမးကိုေျပာသင့္မေျပာသင့္လားစဥ္းစားေနသည္။ ဒါေပမဲ့ ေျပမွျဖစ္မဲ့ကိစၥေၾကာင့္ သူေျပာကိုေျပာရမည္ ျဖစ္သည္။
"ဝိုင္ကီ မဂၤလာေဆာင္သြားၿပီ"
လူးဝစ္ရဲ႕ထိုစကားသံေတြကိုလည္းၾကားေရာ ဟိုင္ကီဘၾကည့္လက္ဖုန္းကို စားပြဲေပၚတင္ၿပီး သူ႕အဖိုး ကိုေသခ်ာစြာစိုက္ၾကည့္လိုက္သည္။
"ဘယ္သူနဲ႕လဲ" ဟု ေအးစက္စြာျပန္ေမးလိုက္သည္။ စိတ္ထဲမွာေတာ့ အစိတ္စိတ္အႁမႊာႁမႊာ ေၾက ကြဲေနတာသူကိုယ္တိုင္ကလြဲ ၿပီးဘယ္သူမွမသိ။
"အဲရစ္! "
"ျမန္လိုက္တာ "
" ဝမ္းမနည္းဘူးလား "ဟု လူးဝစ္က အသံကိုတိုးညင္းစြာနဲ႕ ဝိုင္ကီ့ကိုေမးလိုက္သည္။
"စြန့္ပစ္ၿပီးသား အတြက္ ဝမ္းမနည္းခ်င္ဘူး"
"ေတာ္တယ္ !"
"ကြၽန္ေတာ္ တက္ေတာ့မယ္"ဟုေျပာရင္း ဟိုင္ကီ စားပြဲေပၚတင္ထားတဲ့ဖုန္းကို ယူၿပီး အေပၚထပ္ကို တက္သြားသည္။ ထို႔ေနာက္ ဘယ္ဘက္ဆုံးမွာရွိတဲ့သူ႕အခန္းထဲကိုဝင္သြားသည္။ တံခါးကိုပိတ္ၿပီးတာနဲ႕ ဖုန္း ကိုခ်က္ခ်င္းဖြင့္ၿပီး ဝိုင္ကီ့ရဲ႕ IG accကို သူ ဝင္ၾကည့္လိုက္သည္။ ၿပဳံးေပ်ာ္ေနတဲ့ ဝိုင္ကီ့မ်က္ႏွာေလး ကိုလည္းျမင္ေရာ အပူေတြၿငိမ္းေပမဲ့ သူ႕(ဝိုင္ကီ) ေဘးနား ကေန ဖက္ၿပီးၿပဳံးေနတဲ့ အဲရစ္ေၾကာင့္ စိတ္က တိုလာျပန္သည္။
"ငယ္က ေပ်ာ္ေနတာပဲ
ငယ္ေပ်ာ္ရင္ ကိုယ္ငယ့္အနားကထြက္သြားရက်ိဳးနပ္ပါၿပီ သည္းငယ္ရယ္"
ဟုေျပာၿပီး လက္က လည္းcomment boxတြင္ အလိုအေလ်ာက္ Congratulations ဟု ေရးၿပီးဖုန္းစခရင္ကိုပိတ္ကာ ရိုက္ခြဲမိသည္။
"ငယ္ေပ်ာ္ေနလိုက္တာ ငယ္ရယ္ ကေလးေလး ကေပ်ာ္ေနလိုက္တာ"ဟု အ႐ူးအမူး ငိုရယ္ေနရင္း အခန္းထဲကရွိသမွ်ဟာေတြကို အကုန္ရိုက္ခ်ိဳးေနသည္။
........
"ေပ်ာ္လား ကေလး"
"ေပ်ာ္တယ္ ကိုကို"ဟုဝိုင္ကီကျပန္ေျဖရင္း အဲရစ္ကိုဖက္လိုက္သည္။
ဘယ္လိုအခက္အခဲေတြကိုယ္တိုင္ေက်ာ္ျဖတ္ခဲ့ရလဲ ဆိုတာ အဲရစ္ကိုယ္တိုင္ပဲသိသည္မို႔ ဟိုင္ကီ့နဲ႕အတူ ဝိုင္ကီ့ကိုခ်စ္ဖို႔က ဘယ္လိုနည္းနဲ႕မွမျဖစ္နိုင္ခဲ့ေပ။
......
ေနာက္က်သြားတာsorryပါေနာ္ ဟီးး
ဂ႐ုစိုက္ၾကပါေနာ္ Love u all.