Unicode
ကိုက်ခဲနေသော မျက်ရိုးများကို ဖိကာနှိပ်ရင်း မြက်ထွေးတစ်ယောက် အိမ်ဧည့်ခန်းထဲ ခြေပစ်လက်ပစ်ထိုင်နေမိသည်။
ရုံးဆင်းချိန်မတိုင်မီ အိမ်ပြန်လာမိ၍ သမီးတို့ကိုဝင်ကြိုဖို့အတွက် ကလေးအား ဖုန်းဆက်ရပေဦးမည်။
" ကိုကို လား "
" အင်း "
ကြည့်ရသည်မှာ ကလေးငယ်တစ်ယောက် ညနေခင်း Round လှည့်ရာမှပြန်လာပုံရ၏။ သူ့ဖုန်းကို မကြည့်ပဲကိုင်လိုက်ခြင်းဖြစ်လောက်မည်။
" အသံက ဘာကြီးလဲ .. နေမကောင်းဘူးလား "
လမ်းလျှောက်သံများနှင့်အတူ တံခါးဖွင့်သံပါ ကြားလိုက်ရ၏။ သေချာသည်။ ကလေးငယ် မကြာခင် အိမ်ပြန်လာတော့မည်။
" ကိုယ် အိမ်ပြန်ရောက်နေလို့ ... သမီးတို့ကို ဝင်ခေါ်ခဲ့ပေးလို့ရမလား အေးဝေ "
" ရပါတယ် .. ကိုကိုနားဦး ... ကျွန်တော်ပြန်လာမှ သွေးပေါင်ချိန်ပေးမယ် ... ကိုကို့အသံက သွေးတိုးနေတဲ့အသံကြီး "
" ဟုတ်ပါပြီ ဒေါက်တာ .. ကျွန်တော်မျိုးစောင့်နေမယ်နော် "
ခပ်လေးလေးအတွေးတို့က မြက်ထွေးကို ပို၍ခေါင်းကိုက်လာစေ၏။ အလုပ်များကိုလည်း လက်လွှတ်တန်တာ လက်လွှတ်ရတော့မည်။ ချစ်လှစွာသောအမျိုးသားကလေးဘက်က မိသားစုအတွက် စီးပွားရေးခွဲျပေးဖို့ရန် သူပြင်ဆင်ခဲ့သော်ငြား ကလေးငယ်ကလက်သင့်မခံ။ ထို့အတွက် ငွေသွင်းစေကာ စီးပွားတစ်ခုခွဲဖို့ရန် သူတို့နှစ်ယောက်ဆုံးဖြတ်ခဲ့ကြ၏။
လာမည့်အပတ်ဆိုလျှင် သမီးနှစ်ယောက် ၅နှစ်ပြည့်ပြီ။ မွေးနေ့ပွဲသေးသေးကလေး သူလုပ်ပေးချင်သည်။ သူတို့၏အိမ်ထောင်ရေးအကြောင်းကို သူ့လောကနှင့် ကလေးငယ်၏အသိုက်အဝန်းက အားလုံးသိကြသော်ငြား သမီးနှစ်ယောက်အကြောင်းကို မီဒီယာထဲ၌ပင် အပါမခံဖူး၍ မိတ်ဆက်ပေးချင်မိသည်။
တိုင်ပင်စရာတော့ လိုနေခဲ့ပြီ။
........................
" ကိုကို ... ထဦး ... ဘာလို့ အိပ်ခန်းထဲသွားမအိပ်တာလဲ "
အသံကလေးနှင့်အတူ ကိုယ်ပေါ်တက်လာသည့် အိစိအိစိကလေးနှစ်ခု။
" ဖေကြီး ... "
တစ်ယောက်ကို တစ်ရုပ်စီ၊ မွေးလည်းမွေးတတ်ပါပေ့။ သမီးကြီးထက်မြက်ဝေက ကလေးငယ်နှင့်ချွတ်စွပ်ဖြစ်ပြီး၊ သမီးငယ် အေးမြက်ဝေကတော့ သူနှင့်တစ်ပုံစံတည်း။
သို့ဆိုသော်ငြား သမီးတို့ကို ကိုယ်ဝန်ဆောင်ပေးခဲ့သည့် အမျိုးသမီးငယ်နှင့်တော့ တစ်စက်ကလေးရယ်မှ မတူခဲ့။
" ဖေကြီး ... လို့ "
" ဟင် ... ဟင် "
" ကိုကို ဘာတွေစိတ်လွင့်နေတာလဲ ... သမီးကြီးက ကိုကို့ကို ခွင့်တောင်းနေတာတောင်ပြန်မဖြေဘူး "
သားအဖသုံးယောက်လုံးက ရေချိုးပြင်ဆင်ထားသည့်ပုံပင်။ မွှေးလို့ကြိုင်လို့။ သူကတော့ ရုံးကပြန်လာသည့်အတိုင်း၊ အဝတ်ပင်မလဲရသေး။ ညစ်ပတ်နံစော်နေမည့်သဘောမှာ တစ်ရာရာခိုင်နှုန်းအပြည့်။
သို့သော်ငြား သမီးနှစ်ယောက်ကတော့ သူ့ရင်ခွင်ထဲဝယ် တိုးဝှေ့လို့။
အသက် ၄၇နှစ်ဝင်ခါစ။ ဆံပင်တစ်ချို့က နားသယ်စပ်တွင် ဖြူစပြုနေခဲ့ပြီ။ နားတစ်ဖက်တွင် နားကြားကိရိယာအသေးကလေးက အမြဲတပ်ဆင်ထားရသည့် လူအိုတစ်ယောက်နီးပါးပင်။
သို့ဆိုလျှင် ကလေးငယ်ကရော။ အေးဝေသည် သည်နှစ်တွင် ၃၉နှစ်ပြည့်လိမ့်မည်။ သမီးနှစ်ယောက်က အခုမှ ၅နှစ်။ သမီးတို့ အရွယ်ရောက်သည်အထိ သူတို့နှစ်ယောက်ရှိပါဦးမလား။
သူကမသေချာတော့။ သို့ပေသိ အေးဝေကတော့ သမီးတို့ကိုထိန်းကျောင်းဖို့ ကျန်ရှိခဲ့လိမ့်မည်။
အလိုလိုနေရင်း သူဝမ်းနည်းလာမိသည်။ သူတို့နှစ်ယောက်၏ဆုံးဖြတ်ချက်အမှားအယွင်းတို့ကြောင့် အတော်ကလေးနောက်ကျမှ ဖွဲ့တည်ခဲ့ရသည့် မိသားစုအသိုက်အမြုံကို သူမခွဲခွာချင်တော့။ သူ့ကိုလောဘကြီးသည်ဆိုဆို၊ သူကတော့ မသေချင်သေးပါလေ။
" ကဲပြောပါဦး သမီးကြီး... ဖေကြီးကို ဘာပူဆာမလို့လဲ "
" ဘွားဘွားကြီးအိမ်ကိုသွားမလို့ .. တီတီတို့လာခေါ်မယ်တဲ့ ... အဲ့ဒါ သွားမယ်နော် "
သမီးနှစ်ယောက်လုံး၏ဆံယဥ်စလေးများကို သိမ်းတင်ပေးကာ သူခေါင်းညိတ်ပြတော့ သူ၏ချွေးနံ့တို့စွန်းထင်းနေသော ပါးနှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီ မောင်ပိုင်စီးကာ နမ်းမွှေးရင်းသူ့ကို ချွဲသွားကြသေး၏။
အေးလတ်တို့၏ကား ခြံထဲမှ ထွက်ခွာသွားချိန်ထိ သူဟာ ရေပင်မချိုးရသေး။
" ကိုကို ... ရေမြန်မြန်သွားချိုးလိုက် ... ပြီးရင် ကျွန်တော် သွေးတိုင်းပေးမယ် "
အပေါ်ထပ်သူ၏အိပ်ခန်းကျယ်သည်ကား အခုတော့ ကလေးငယ်၏ဆေးစာအုပ်များဖြင့်သာ ပြည့်နှက်နေတော့သည်။ အလုပ်ကိစ္စဟူသမျှ စာကြည့်ခန်းတွင်သာ လုပ်တတ်သောသူ့အဖို့ မျက်စိရှုပ်စရာများဖြစ်နေမလားဟု မေးလာလျှင်တော့ သူ့အဖြေက ..
ဟင့်အင်း။
အောက်ထပ်တွင် ကလေးငယ်အတွက် သီးသန့်ဓာတ်ခွဲခန်းနှင့် အလုပ်ခန်းခွဲထားပေးသော်ငြား ကလေးငယ်၏စာအုပ်များက ထိုမျှနှင့်မလောက်ငှ။
အိပ်ခန်းထဲ စာအုပ်များယူယူလာကာ အိပ်ခါနီးဖတ်တတ်သေး၍ အတော်ကလေးပုံလာခြင်းလည်းဖြစ်၏။
" ကိုကို လာ မြန်မြန် "
ရေချိုးခန်းထဲက အဝတ်လဲလှယ်ကာ ထွက်လာသည့်သူ့ကို လက်ဖျားမှဆွဲကာ ကုတင်ပေါ်လှဲစေ၏။ လက်မောင်းကိုဖြောင့်ဖြောင့်ထားကာ လက်ပတ်ကိုပတ်ပေးပြီး သွေးပေါင်ချိန်ပေးနေသည်။ လက်မောင်းသားကလေးတစ်ချက်တင်းသွားတိုင်း ကလေးငယ်၏အာရုံစူးစိုက်မှုက တဆင့်တိုးကာ မျက်မှောင်ကလေးများကြုံ့လာ၏။
" အဖျားဝင်နေတယ် သွေးတော့မတိုးဘူး ... နေ့လည်က ဘာစားထားလဲ.. အိမ်ကထမင်းချိုင့်မယူသွားဘူးဆို "
" ကြီးမေပြောတာလား "
" အင်း ... "
" ကိုယ် နေ့လည်က ဦးသက်ခိုင်တို့ဟိုတယ်ဖွင့်ပွဲသွားခဲ့တာ .... အဲ့ကနေ ထမင်းစားပြီးပြန်လာကတည်းက ခေါင်းကိုက်နေတာ ... ထွေထူးဘာမှမစားခဲ့ဘူး "
" ဒါဆို ရာသီဥတုကြောင့်ဖြစ်မယ် ... ခုတလော အလုပ်တွေရောများလား "
နားကြပ်ကလေးဖြင့် ရင်ဘတ်ကိုတထောက်ထောက်နားထောင်နေသော ဖြူဖြူဥဥ အမျိုးသားလေး။ အိပ်ယာပေါ်မှသူ့ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းကလေးတဟဟဖြင့် ပြောနေပုံက သူ့ကို မယိုးမယွဖြစ်စေမှန်း မသိလေလျော့သလား။
" များတယ် ... ဦးသက်ခိုင်က ကိုယ့်ကို သူ့ဟိုတယ်ထဲ ရှယ်ယာထည့်စေချင်နေတယ် "
" လာပြန်ပြီ ဒီရှယ်ယာ ... သူက အမြတ်ငွေဘယ်လောက်ပေးမယ်ကမ်းလှမ်းလို့တုန်း "
" ကိုယ်မသိဘူး ... ကိုယ်နားလည်းမထောင်ခဲ့ဘူး ... ကိုယ်လက်မခံဘူးလို့ပဲပြောခဲ့တာ "
" ဒီရက်ပိုင်း ဘာတွေစိတ်ညစ်နေတာလဲ ဆိုပါဦး ... ကျွန်တော်က ကိုကို့အိမ်ထောင်ဘက်လေ ... တိုးတိုးဖော်မဟုတ်ဘူးလား "
နားကြပ်တွေကိုပါအကုန်ဖြုတ်ကာ ကုတင်ဘေးစားပွဲပေါ်တင်ရင်း သူ့ဘေးလဲလျောင်းလာသည့်လူသားလေးကို သူဆီးကြိုကာဖက်ထားမိသည်။
အရပ်ချင်းကမတိမ်းမယိမ်းဖြစ်သည်အထိ ထွားကြိုင်းသန်မာလာသော သူ၏အမျိုးသားလေး။
ခြေဖျားချင်းထိကပ်ကာ ကြည်စယ်နေရင်း ခါးပေါ်လက်ကလေးတို့ ပြေးလွှားမိတော့ နှစ်ယောက်သား၏ ဝင်သက်ထွက်သက်ကလေးများက အနည်းငယ် မူမမှန်ချင်တော့။
ထိကပ်မိသည့်ပျားရည်ရောင်ချိုမြိန်မှုများက နှစ်ယောက်သား၏အဆုတ်အားကို ထိခိုက်လာတော့မည်ဟုအထင်ရောက်မှ ခွာဖြစ်ကြသည်။
" ကိုယ်လေ သမီးတို့၅နှစ်ပြည့်မွေးနေ့မှာ မိတ်ဆက်ပွဲလေး လုပ်ပေးချင်တယ် "
" ကိုကို့ ... သဘော ... လေ "
အထိအတွေ့တို့က မစိမ်းသက်တော့သော်ငြား ရင်ခုန်ခြင်းတို့ကတော့ ရိုးအီမသွားခဲ့။ ရင်းနှီးနေသော ချစ်ခြင်းအလင်္ကာတေးတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်လေတိုင်း နှစ်ယောက်လုံး၏အသက်ရှူသံက မှားနေစမြဲ။
" သမီးတို့... မေမေရော .. မြန်မာပြည်.... ပြန်... ရောက်ပြီလား "
" သူ ... ဟိုမှာ .. အခြေကျ ... ကိုကို ခဏ .. ရပ် ... ဦး "
သူ့လက်တို့ကို တဖြန်းဖြန်းရိုက်ကာ ခေတ္တရပ်တန့်ဖို့တောင်းဆိုလာသူအား မွေ့ယာပေါ်ကျောပြင်နှင့်ကပ်သွားအောင် ဖိထားပစ်ရင်း သူကပါတစ်သားတည်း ဖက်ထားမိသည်။ ရပ်တန့်သွားသလားဆိုတော့ .....
" ဟာ လူဆိုးကြီး ... ကိုကို့ ... "
သူ့အားအတင်းသိမ်းကြုံးဖက်ကာ သူ့လည်တိုင်ဝယ်မျက်နှာအပ်လို့ ကလေးငယ်က သူ့ကိုဆူသည်။
သက်လုံအားကတော့ သူကပဲပိုကောင်းနေမိသလား။
" ရယ်မနေနဲ့ ... ကဲ ပြော ... ဘာလို့သမီးတို့မေမေကိုပ်ဖိတ်ချင်တာလဲ "
" လူတွေကိုမိတ်ဆက်တဲ့အခါ ... ကိုယ်ကတော့ ဖြစ်တည်မှုအားလုံးကို မိတ်ဆက်ပေးချင်လို့ "
" ကိုကို ... ကိုကိုနဲ့ကျွန်တော် ဆွေးနွေးစရာတစ်ခုရှိနေပြီ "
" ဘာကိုလဲ "
ကလေးငယ်က သက်ပြင်းအနည်းငယ်ချသည်။ ထို့နောက် အိပ်ယာပေါ်တွင်ထထိုင်ကာ တွန့်ကြေပေကျံသွားသောအဝတ်အစားတို့ကို ချွတ်ချရင်း အသစ်တစ်စုံလဲလှယ်လိုက်၏။
" ကိုကို့ကို သမီးတို့အကြောင်း ကျွန်တော်ပြောပြတော့ ... ကိုကို့ကို ကျွန်တော် သတိပေးခဲ့တဲ့အကြောင်းလေး ... ကိုကို မှတ်မိလား "
ချွေးတို့ထွက်သွား၍ ပိုမိုမူးဝေလာသောခေါင်းက ကလေးငယ်၏ပြောစကားများကို လိုက်လံမှတ်သားဖို့ သူ့အတွက်အတော်ခက်ခဲနေ၏။
" ကိုယ် ခဏ စဥ်းစားပါရစေဦး ... "
" ကိုကို လက်ခဏမြှောက် "
သူ၏စွပ်ကျယ်အင်္ကျီအား ပေါ့ပါးအေးမြသောလက်ရှည်တစ်ထည်ဖြင့် လာလဲနေသည့် ကလေးငယ်၏မျက်နှာချောချောထက်ဝယ် သိပ်မပြယ်သေးသော အလှတရားတစ်ချို့က သူတို့သိပ်မကြာသေးခင်က ဘာတွေဖြစ်ပျက်ခဲ့သလဲ သိသာလှ၏။ နီရဲစပြုနေသော မျက်လုံးထောင့်စွန်းကလေးများက သူ့အတွက်တော့ ဘယ်ပန်းချီရေးလို့မမီ။
" မှတ်မိလားလို့ ကျွန်တော်မေးနေတယ်လေ ... အင်း အဲ့မှာပဲ ကျွန်တော့်ကိုငေးနေလိုက် .... "
ရယ်ဟဟဖြစ်သွားသည့်ကလေးငယ်၏နှုတ်ခမ်းထောင့်စွန်းကိုနမ်းမွှေးတော့ ကလေးငယ်က သူ၏နှာတံဖျားထိပ်သို့ အနမ်းပြန်ပေးလာ၏။
" ကိုယ်မမှတ်မိတော့ဘူး ... ကလေးမျက်နှာကိုပဲ ကိုယ်မြင်နေရရင် တကယ်ကိုယ်က အတိတ်မေ့နေပြီ "
" အပိုတွေ ... လူကြီးဖြစ်လာခါမှ တော်တော်ဖြစ်နေတယ် ဟုတ်လား "
" ဟုတ်မှာ "
" မျက်နှာပိုးကို ခုသပ် .... ဘယ်လိုဖြစ်လို့ မျက်နှာရူးလာရတာလဲ ... တကယ်ပါပဲ "
" ကိုယ် နုပျိုလာလို့နေမှာပေါ့ ... "
" ဟင် အဲ့မှာ ပြောနေလိုက် ... "
သူ့အားခေါင်းအုံးနှင့်ကောက်ပေါက်ကာ အိပ်ခန်းထဲမှအပြင်ထွက်သွားလေသော ကလေးငယ်သည်ကား အိပ်ခန်းဝတွင် ခြေလှမ်းတို့ကို ရပ်တန့်လိုက်တော့၏။
" ထမင်းတူတူစားရအောင် ... ကြီးမေကိုနောက်ကျတဲ့အထိ မကြီးကြပ်ခိုင်းနဲ့တော့ ... ဒေါ်လုံးကိုလိုက်ကြည့်ဖို့ ဆိုပေမဲ့ ကြီးမေအသက်အရွယ်က ဒါတွေမလုပ်သင့်တော့ဘူး ... ကျွန်တော်တို့ကအလိုက်သိရမယ် "
" အင်းပါ ကိုယ်လာပါပြီ "
ကြည့်စမ်းပါလေ။ သူ၏အမျိုးသားငယ်လေးကအတော်ကလေးချစ်ဖို့မကောင်းပေဘူးလားလို့။
............................
" ဟော ဒါက သမီးတို့ ဖေဖေငယ်ငယ်ကပုံ ... ကြည့်စမ်း မျက်ခုံးတန်းတွေကုပ်ကုပ်လေးနဲ့ ရုပ်မဆိုးဘူးလား "
" ဆိုးပါဘူး ... ဖေဖေက သမီးနဲ့တူတာမို့ ချောတယ် "
စပျစ်သီးကလေးကို အခွံသေချာခွာနေသော်လည်း လက်တွက်ပြန်ပြန်ကပ်ပါလာ၍ စိတ်မရှည်နေသော ထက်မြက်ဝေထံမှ တီးတိုးစကားသံထွက်လာ၏။ စိတ်မရှည်မှု၏သင်္ကေတဖြစ်သော မျက်ခုံးခပ်ကြုံ့ကြုံ့ကလေးများက အေးဝေငြိမ်း၏လက်ရာကို အသေးစိတ်ခြယ်မှုန်းထားသလို။
" ဘွားဘွားကြီး .... "
" ရှင်ရှင့် "
ဧည့်ခန်းလေးထဲရှိ သစ်သီးစကားဝိုင်းကလေးက အတော်လေးချစ်စဖွယ်အရိပ်တို့သမ်းနေ၏။ ဆံပင်ကုပ်ဝဲကို ပါးလှပ်နေအောင် ညှပ်ထား၍ ပူလောင်အိုက်စပ်မနေပေ။ သမီးငယ်လေးသည် သူ့အဒေါ်အေးလတ်ပေါင်ပေါ် မှီထိုင်နေရင်း အဒေါ်အငယ်ဆုံးခွံ့ကျွေးသော ပန်းသီးတစ်ကိုက်မြုံ့နေ၏။
" သမီးတို့က လူရောဟုတ်ရဲ့လားဟင် "
မျက်လုံးဝိုင်းဝိုင်းကလေးများဖြင့် မေးလာသည့်တစ်ယောက်ကြောင့် ပေါင်ပေါ်ငိုက်မြည်းမတတ်ဖြစ်နေသော ကလေးမလေးကပါ ခပ်ရီရီဝါးဝါးအကြည့်တို့ပေးလာ၏။
" ဘွားမြေးလေးတွေက လူပေါ့ ... ဘာလို့အဲ့လိုတွေလျှောက်တွေးရတာတုန်း ... ဟင် ... ဘွားကိုပြောပါဦး ... "
" အတန်းထဲက တခြားသူငယ်ချင်းတွေကပြောတယ် ... သမီးတို့က အဖေနှစ်ယောက်ကမွေးထားတာမို့ လူမဟုတ်ဘူးတဲ့ ..... သူတို့ကတော့ အဖေနဲ့အမေတို့ မွေးထားတာမို့ လူတဲ့ "
ငိုက်မြည်းခါနီးကလေးမလေး၏စကားတို့က သူတို့လူကြီးသုံးယောက်ကို တွေဝေမိန်းမောသွားစေသည်ကတော့ အမှန်။
ဤရတနာကလေးများကို မည်သို့ထုထွင်းပါမှ သူတို့လေးတွေ စိတ်ဒဏ်ရာမရပဲ ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်မည်နည်း။
..................
Zawgyi
ကိုက္ခဲေနေသာ မ်က္ရိုးမ်ားကို ဖိကာႏိွပ္ရင္း ျမက္ေထြးတစ္ေယာက္ အိမ္ဧည့္ခန္းထဲ ေျခပစ္လက္ပစ္ထိုင္ေနမိသည္။
ရံုးဆင္းခ်ိန္မတိုင္မီ အိမ္ျပန္လာမိ၍ သမီးတို႔ကိုဝင္ႀကိဳဖို႔အတြက္ ကေလးအား ဖုန္းဆက္ရေပဦးမည္။
" ကိုကို လား "
" အင္း "
ၾကည့္ရသည္မွာ ကေလးငယ္တစ္ေယာက္ ညေနခင္း Round လွည့္ရာမျွပန္လာပံုရ၏။ သူ႔ဖုန္းကို မၾကည့္ပဲကိုင္လိုက္ျခင္းျဖစ္ေလာက္မည္။
" အသံက ဘာႀကီးလဲ .. ေနမေကာင္းဘူးလား "
လမ္းေလ်ွာက္သံမ်ားႏွင့္အတူ တံခါးဖြင့္သံပါ ၾကားလိုက္ရ၏။ ေသခ်ာသည္။ ကေလးငယ္ မၾကာခင္ အိမ္ျပန္လာေတာ့မည္။
" ကိုယ္ အိမ္ျပန္ေရာက္ေနလို႔ ... သမီးတို႔ကို ဝင္ေခၚခဲ့ေပးလို႔ရမလား ေအးေဝ "
" ရပါတယ္ .. ကိုကိုနားဦး ... ကြၽန္ေတာ္ျပန္လာမွ ေသြးေပါင္ခ်ိန္ေပးမယ္ ... ကိုကို႔အသံက ေသြးတိုးေနတဲ့အသံႀကီး "
" ဟုတ္ပါၿပီ ေဒါက္တာ .. ကြၽန္ေတာ္မ်ိဳးေစာင့္ေနမယ္ေနာ္ "
ခပ္ေလးေလးအေတြးတို႔က ျမက္ေထြးကို ပို၍ေခါင္းကိုက္လာေစ၏။ အလုပ္မ်ားကိုလည္း လက္လႊတ္တန္တာ လက္လႊတ္ရေတာ့မည္။ ခ်စ္လွစြာေသာအမ်ိဳးသားကေလးဘက္က မိသားစုအတြက္ စီးပြားေရးခြဲ်ေပးဖို႔ရန္ သူျပင္ဆင္ခဲ့ေသာ္ျငား ကေလးငယ္ကလက္သင့္မခံ။ ထို႔အတြက္ ေငြသြင္းေစကာ စီးပြားတစ္ခုခြဲဖို႔ရန္ သူတို႔ႏွစ္ေယာက္ဆံုးျဖတ္ခဲ့ၾက၏။
လာမည့္အပတ္ဆိုလ်ွင္ သမီးႏွစ္ေယာက္ ၅ႏွစ္ျပည့္ၿပီ။ ေမြးေန့ပြဲေသးေသးကေလး သူလုပ္ေပးခ်င္သည္။ သူတို႔၏အိမ္ေထာင္ေရးအေၾကာင္းကို သူ႔ေလာကႏွင့္ ကေလးငယ္၏အသိုက္အဝန္းက အားလံုးသိၾကေသာ္ျငား သမီးႏွစ္ေယာက္အေၾကာင္းကို မီဒီယာထဲ၌ပင္ အပါမခံဖူး၍ မိတ္ဆက္ေပးခ်င္မိသည္။
တိုင္ပင္စရာေတာ့ လိုေနခဲ့ၿပီ။
........................
" ကိုကို ... ထဦး ... ဘာလို႔ အိပ္ခန္းထဲသြားမအိပ္တာလဲ "
အသံကေလးႏွင့္အတူ ကိုယ္ေပၚတက္လာသည့္ အိစိအိစိကေလးႏွစ္ခု။
" ေဖႀကီး ... "
တစ္ေယာက္ကို တစ္ရုပ္စီ၊ ေမြးလည္းေမြးတတ္ပါေပ့။ သမီးႀကီးထက္ျမက္ေဝက ကေလးငယ္ႏွင့္ခြၽတ္စြပ္ျဖစ္ၿပီး၊ သမီးငယ္ ေအးျမက္ေဝကေတာ့ သူႏွင့္တစ္ပံုစံတည္း။
သို႔ဆိုေသာ္ျငား သမီးတို႔ကို ကိုယ္ဝန္ေဆာင္ေပးခဲ့သည့္ အမ်ိဳးသမီးငယ္ႏွင့္ေတာ့ တစ္စက္ကေလးရယ္မွ မတူခဲ့။
" ေဖႀကီး ... လို႔ "
" ဟင္ ... ဟင္ "
" ကိုကို ဘာေတြစိတ္လြင့္ေနတာလဲ ... သမီးႀကီးက ကိုကို႔ကို ခြင့္ေတာင္းေနတာေတာင္ျပန္မေျဖဘူး "
သားအဖသံုးေယာက္လံုးက ေရခ်ိဳးျပင္ဆင္ထားသည့္ပံုပင္။ ေမႊးလို႔ႀကိဳင္လို႔။ သူကေတာ့ ရံုးကျပန္လာသည့္အတိုင္း၊ အဝတ္ပင္မလဲရေသး။ ညစ္ပတ္နံေစာ္ေနမည့္သေဘာမွာ တစ္ရာရာခိုင္ႏႈန္းအျပည့္။
သို႔ေသာ္ျငား သမီးႏွစ္ေယာက္ကေတာ့ သူ႔ရင္ခြင္ထဲဝယ္ တိုးေဝ႔ွလို႔။
အသက္ ၄၇ႏွစ္ဝင္ခါစ။ ဆံပင္တစ္ခ်ိဳ႕က နားသယ္စပ္တြင္ ျဖဴစျပဳေနခဲ့ၿပီ။ နားတစ္ဖက္တြင္ နားၾကားကိရိယာအေသးကေလးက အၿမဲတပ္ဆင္ထားရသည့္ လူအိုတစ္ေယာက္နီးပါးပင္။
သို႔ဆိုလ်ွင္ ကေလးငယ္ကေရာ။ ေအးေဝသည္ သည္ႏွစ္တြင္ ၃၉ႏွစ္ျပည့္လိမ့္မည္။ သမီးႏွစ္ေယာက္က အခုမွ ၅ႏွစ္။ သမီးတို႔ အရြယ္ေရာက္သည္အထိ သူတို႔ႏွစ္ေယာက္ရိွပါဦးမလား။
သူကမေသခ်ာေတာ့။ သို႔ေပသိ ေအးေဝကေတာ့ သမီးတို႔ကိုထိန္းေက်ာင္းဖို႔ က်န္ရိွခဲ့လိမ့္မည္။
အလိုလိုေနရင္း သူဝမ္းနည္းလာမိသည္။ သူတို႔ႏွစ္ေယာက္၏ဆံုးျဖတ္ခ်က္အမွားအယြင္းတို႔ေၾကာင့္ အေတာ္ကေလးေနာက္က်မွ ဖြဲ႔တည္ခဲ့ရသည့္ မိသားစုအသိုက္အၿမံဳကို သူမခြဲခြာခ်င္ေတာ့။ သူ႔ကိုေလာဘႀကီးသည္ဆိုဆို၊ သူကေတာ့ မေသခ်င္ေသးပါေလ။
" ကဲေျပာပါဦး သမီးႀကီး... ေဖႀကီးကို ဘာပူဆာမလို႔လဲ "
" ဘြားဘြားႀကီးအိမ္ကိုသြားမလို႔ .. တီတီတို႔လာေခၚမယ္တဲ့ ... အဲ့ဒါ သြားမယ္ေနာ္ "
သမီးႏွစ္ေယာက္လံုး၏ဆံယဥ္စေလးမ်ားကို သိမ္းတင္ေပးကာ သူေခါင္းညိတ္ျပေတာ့ သူ၏ေခြၽးနံ႔တို႔စြန္းထင္းေနေသာ ပါးႏွစ္ဖက္ကို တစ္ေယာက္တစ္ဖက္စီ ေမာင္ပိုင္စီးကာ နမ္းေမႊးရင္းသူ႔ကို ခြၽဲသြားၾကေသး၏။
ေအးလတ္တို႔၏ကား ၿခံထဲမွ ထြက္ခြာသြားခ်ိန္ထိ သူဟာ ေရပင္မခ်ိဳးရေသး။
" ကိုကို ... ေရျမန္ျမန္သြားခ်ိဳးလိုက္ ... ၿပီးရင္ ကြၽန္ေတာ္ ေသြးတိုင္းေပးမယ္ "
အေပၚထပ္သူ၏အိပ္ခန္းက်ယ္သည္ကား အခုေတာ့ ကေလးငယ္၏ေဆးစာအုပ္မ်ားျဖင့္သာ ျပည့္ႏွက္ေနေတာ့သည္။ အလုပ္ကိစၥဟူသမ်ွ စာၾကည့္ခန္းတြင္သာ လုပ္တတ္ေသာသူ႔အဖို႔ မ်က္စိရႈပ္စရာမ်ားျဖစ္ေနမလားဟု ေမးလာလ်ွင္ေတာ့ သူ႔အေျဖက ..
ဟင့္အင္း။
ေအာက္ထပ္တြင္ ကေလးငယ္အတြက္ သီးသန္႔ဓာတ္ခြဲခန္းႏွင့္ အလုပ္ခန္းခြဲထားေပးေသာ္ျငား ကေလးငယ္၏စာအုပ္မ်ားက ထိုမ်ွႏွင့္မေလာက္ငွ။
အိပ္ခန္းထဲ စာအုပ္မ်ားယူယူလာကာ အိပ္ခါနီးဖတ္တတ္ေသး၍ အေတာ္ကေလးပံုလာျခင္းလည္းျဖစ္၏။
" ကိုကို လာ ျမန္ျမန္ "
ေရခ်ိဳးခန္းထဲက အဝတ္လဲလွယ္ကာ ထြက္လာသည့္သူ႔ကို လက္ဖ်ားမွဆြဲကာ ကုတင္ေပၚလွဲေစ၏။ လက္ေမာင္းကိုေျဖာင့္ေျဖာင့္ထားကာ လက္ပတ္ကိုပတ္ေပးၿပီး ေသြးေပါင္ခ်ိန္ေပးေနသည္။ လက္ေမာင္းသားကေလးတစ္ခ်က္တင္းသြားတိုင္း ကေလးငယ္၏အာရံုစူးစိုက္မႈက တဆင့္တိုးကာ မ်က္ေမွာင္ကေလးမ်ားႀကံဳ႔လာ၏။
" အဖ်ားဝင္ေနတယ္ ေသြးေတာ့မတိုးဘူး ... ေန့လည္က ဘာစားထားလဲ.. အိမ္ကထမင္းခ်ိဳင့္မယူသြားဘူးဆို "
" ႀကီးေမေျပာတာလား "
" အင္း ... "
" ကိုယ္ ေန့လည္က ဦးသက္ခိုင္တို႔ဟိုတယ္ဖြင့္ပြဲသြားခဲ့တာ .... အဲ့ကေန ထမင္းစားၿပီးျပန္လာကတည္းက ေခါင္းကိုက္ေနတာ ... ေထြထူးဘာမွမစားခဲ့ဘူး "
" ဒါဆို ရာသီဥတုေၾကာင့္ျဖစ္မယ္ ... ခုတေလာ အလုပ္ေတြေရာမ်ားလား "
နားၾကပ္ကေလးျဖင့္ ရင္ဘတ္ကိုတေထာက္ေထာက္နားေထာင္ေနေသာ ျဖဴျဖဴဥဥ အမ်ိဳးသားေလး။ အိပ္ယာေပၚမွသူ႔ကို စူးစိုက္ၾကည့္ကာ ႏႈတ္ခမ္းကေလးတဟဟျဖင့္ ေျပာေနပံုက သူ႔ကို မယိုးမယျြဖစ္ေစမွန္း မသိေလေလ်ာ့သလား။
" မ်ားတယ္ ... ဦးသက္ခိုင္က ကိုယ့္ကို သူ႔ဟိုတယ္ထဲ ရွယ္ယာထည့္ေစခ်င္ေနတယ္ "
" လာျပန္ၿပီ ဒီရွယ္ယာ ... သူက အျမတ္ေငြဘယ္ေလာက္ေပးမယ္ကမ္းလွမ္းလို႔တုန္း "
" ကိုယ္မသိဘူး ... ကိုယ္နားလည္းမေထာင္ခဲ့ဘူး ... ကိုယ္လက္မခံဘူးလို႔ပဲေျပာခဲ့တာ "
" ဒီရက္ပိုင္း ဘာေတြစိတ္ညစ္ေနတာလဲ ဆိုပါဦး ... ကြၽန္ေတာ္က ကိုကို႔အိမ္ေထာင္ဘက္ေလ ... တိုးတိုးေဖာ္မဟုတ္ဘူးလား "
နားၾကပ္ေတြကိုပါအကုန္ျဖဳတ္ကာ ကုတင္ေဘးစားပြဲေပၚတင္ရင္း သူ႔ေဘးလဲေလ်ာင္းလာသည့္လူသားေလးကို သူဆီးႀကိဳကာဖက္ထားမိသည္။
အရပ္ခ်င္းကမတိမ္းမယိမ္းျဖစ္သည္အထိ ထြားႀကိဳင္းသန္မာလာေသာ သူ၏အမ်ိဳးသားေလး။
ေျခဖ်ားခ်င္းထိကပ္ကာ ၾကည္စယ္ေနရင္း ခါးေပၚလက္ကေလးတို႔ ေျပးလႊားမိေတာ့ ႏွစ္ေယာက္သား၏ ဝင္သက္ထြက္သက္ကေလးမ်ားက အနည္းငယ္ မူမမွန္ခ်င္ေတာ့။
ထိကပ္မိသည့္ပ်ားရည္ေရာင္ခ်ိဳၿမိန္မႈမ်ားက ႏွစ္ေယာက္သား၏အဆုတ္အားကို ထိခိုက္လာေတာ့မည္ဟုအထင္ေရာက္မွ ခြာျဖစ္ၾကသည္။
" ကိုယ္ေလ သမီးတို႔၅ႏွစ္ျပည့္ေမြးေန့မွာ မိတ္ဆက္ပြဲေလး လုပ္ေပးခ်င္တယ္ "
" ကိုကို႔ ... သေဘာ ... ေလ "
အထိအေတြ့တို႔က မစိမ္းသက္ေတာ့ေသာ္ျငား ရင္ခုန္ျခင္းတို႔ကေတာ့ ရိုးအီမသြားခဲ့။ ရင္းႏွီးေနေသာ ခ်စ္ျခင္းအလကၤာေတးတို႔ကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ တီးခတ္ေလတိုင္း ႏွစ္ေယာက္လံုး၏အသက္ရႉသံက မွားေနစၿမဲ။
" သမီးတို႔... ေမေမေရာ .. ျမန္မာျပည္.... ျပန္... ေရာက္ၿပီလား "
" သူ ... ဟိုမွာ .. အေျခက် ... ကိုကို ခဏ .. ရပ္ ... ဦး "
သူ႔လက္တို႔ကို တျဖန္းျဖန္းရိုက္ကာ ေခတၲရပ္တန္႔ဖို႔ေတာင္းဆိုလာသူအား ေမြ့ယာေပၚေက်ာျပင္ႏွင့္ကပ္သြားေအာင္ ဖိထားပစ္ရင္း သူကပါတစ္သားတည္း ဖက္ထားမိသည္။ ရပ္တန္႔သြားသလားဆိုေတာ့ .....
" ဟာ လူဆိုးႀကီး ... ကိုကို႔ ... "
သူ႔အားအတင္းသိမ္းႀကံဳးဖက္ကာ သူ႔လည္တိုင္ဝယ္မ်က္ႏွာအပ္လို႔ ကေလးငယ္က သူ႔ကိုဆူသည္။
သက္လံုအားကေတာ့ သူကပဲပိုေကာင္းေနမိသလား။
" ရယ္မေနနဲ႔ ... ကဲ ေျပာ ... ဘာလို႔သမီးတို႔ေမေမကိုပ္ဖိတ္ခ်င္တာလဲ "
" လူေတြကိုမိတ္ဆက္တဲ့အခါ ... ကိုယ္ကေတာ့ ျဖစ္တည္မႈအားလံုးကို မိတ္ဆက္ေပးခ်င္လို႔ "
" ကိုကို ... ကိုကိုနဲ႔ကြၽန္ေတာ္ ေဆြးေနြးစရာတစ္ခုရိွေနၿပီ "
" ဘာကိုလဲ "
ကေလးငယ္က သက္ျပင္းအနည္းငယ္ခ်သည္။ ထို႔ေနာက္ အိပ္ယာေပၚတြင္ထထိုင္ကာ တြန္႔ေၾကေပက်ံသြားေသာအဝတ္အစားတို႔ကို ခြၽတ္ခ်ရင္း အသစ္တစ္စံုလဲလွယ္လိုက္၏။
" ကိုကို႔ကို သမီးတို႔အေၾကာင္း ကြၽန္ေတာ္ေျပာျပေတာ့ ... ကိုကို႔ကို ကြၽန္ေတာ္ သတိေပးခဲ့တဲ့အေၾကာင္းေလး ... ကိုကို မွတ္မိလား "
ေခြၽးတို႔ထြက္သြား၍ ပိုမိုမူးေဝလာေသာေခါင္းက ကေလးငယ္၏ေျပာစကားမ်ားကို လိုက္လံမွတ္သားဖို႔ သူ႔အတြက္အေတာ္ခက္ခဲေန၏။
" ကိုယ္ ခဏ စဥ္းစားပါရေစဦး ... "
" ကိုကို လက္ခဏေျမႇာက္ "
သူ၏စြပ္က်ယ္အက်ႌအား ေပါ့ပါးေအးျမေသာလက္ရွည္တစ္ထည္ျဖင့္ လာလဲေနသည့္ ကေလးငယ္၏မ်က္ႏွာေခ်ာေခ်ာထက္ဝယ္ သိပ္မျပယ္ေသးေသာ အလွတရားတစ္ခ်ိဳ႕က သူတို႔သိပ္မၾကာေသးခင္က ဘာေတျြဖစ္ပ်က္ခဲ့သလဲ သိသာလွ၏။ နီရဲစျပဳေနေသာ မ်က္လံုးေထာင့္စြန္းကေလးမ်ားက သူ႔အတြက္ေတာ့ ဘယ္ပန္းခ်ီေရးလို႔မမီ။
" မွတ္မိလားလို႔ ကြၽန္ေတာ္ေမးေနတယ္ေလ ... အင္း အဲ့မွာပဲ ကြၽန္ေတာ့္ကိုေငးေနလိုက္ .... "
ရယ္ဟဟျဖစ္သြားသည့္ကေလးငယ္၏ႏႈတ္ခမ္းေထာင့္စြန္းကိုနမ္းေမႊးေတာ့ ကေလးငယ္က သူ၏ႏွာတံဖ်ားထိပ္သို႔ အနမ္းျပန္ေပးလာ၏။
" ကိုယ္မမွတ္မိေတာ့ဘူး ... ကေလးမ်က္ႏွာကိုပဲ ကိုယ္ျမင္ေနရရင္ တကယ္ကိုယ္က အတိတ္ေမ့ေနၿပီ "
" အပိုေတြ ... လူႀကီးျဖစ္လာခါမွ ေတာ္ေတာ္ျဖစ္ေနတယ္ ဟုတ္လား "
" ဟုတ္မွာ "
" မ်က္ႏွာပိုးကို ခုသပ္ .... ဘယ္လိုျဖစ္လို႔ မ်က္ႏွာရူးလာရတာလဲ ... တကယ္ပါပဲ "
" ကိုယ္ ႏုပ်ိဳလာလို႔ေနမွာေပါ့ ... "
" ဟင္ အဲ့မွာ ေျပာေနလိုက္ ... "
သူ႔အားေခါင္းအံုးႏွင့္ေကာက္ေပါက္ကာ အိပ္ခန္းထဲမွအျပင္ထြက္သြားေလေသာ ကေလးငယ္သည္ကား အိပ္ခန္းဝတြင္ ေျခလွမ္းတို႔ကို ရပ္တန္႔လိုက္ေတာ့၏။
" ထမင္းတူတူစားရေအာင္ ... ႀကီးေမကိုေနာက္က်တဲ့အထိ မႀကီးၾကပ္ခိုင္းနဲ႔ေတာ့ ... ေဒၚလံုးကိုလိုက္ၾကည့္ဖို႔ ဆိုေပမဲ့ ႀကီးေမအသက္အရြယ္က ဒါေတြမလုပ္သင့္ေတာ့ဘူး ... ကြၽန္ေတာ္တို႔ကအလိုက္သိရမယ္ "
" အင္းပါ ကိုယ္လာပါၿပီ "
ၾကည့္စမ္းပါေလ။ သူ၏အမ်ိဳးသားငယ္ေလးကအေတာ္ကေလးခ်စ္ဖို႔မေကာင္းေပဘူးလားလို႔။
............................
" ေဟာ ဒါက သမီးတို႔ ေဖေဖငယ္ငယ္ကပံု ... ၾကည့္စမ္း မ်က္ခံုးတန္းေတြကုပ္ကုပ္ေလးနဲ႔ ရုပ္မဆိုးဘူးလား "
" ဆိုးပါဘူး ... ေဖေဖက သမီးနဲ႔တူတာမို႔ ေခ်ာတယ္ "
စပ်စ္သီးကေလးကို အခြံေသခ်ာခြာေနေသာ္လည္း လက္တြက္ျပန္ျပန္ကပ္ပါလာ၍ စိတ္မရွည္ေနေသာ ထက္ျမက္ေဝထံမွ တီးတိုးစကားသံထြက္လာ၏။ စိတ္မရွည္မႈ၏သေကၤတျဖစ္ေသာ မ်က္ခံုးခပ္ႀကံဳ႔ႀကံဳ႔ကေလးမ်ားက ေအးေဝၿငိမ္း၏လက္ရာကို အေသးစိတ္ျခယ္မႈန္းထားသလို။
" ဘြားဘြားႀကီး .... "
" ရွင္ရွင့္ "
ဧည့္ခန္းေလးထဲရိွ သစ္သီးစကားဝိုင္းကေလးက အေတာ္ေလးခ်စ္စဖြယ္အရိပ္တို႔သမ္းေန၏။ ဆံပင္ကုပ္ဝဲကို ပါးလွပ္ေနေအာင္ ၫွပ္ထား၍ ပူေလာင္အိုက္စပ္မေနေပ။ သမီးငယ္ေလးသည္ သူ႔အေဒၚေအးလတ္ေပါင္ေပၚ မွီထိုင္ေနရင္း အေဒၚအငယ္ဆံုးခြံ႔ေကြၽးေသာ ပန္းသီးတစ္ကိုက္ၿမံဳ႔ေန၏။
" သမီးတို႔က လူေရာဟုတ္ရဲ့လားဟင္ "
မ်က္လံုးဝိုင္းဝိုင္းကေလးမ်ားျဖင့္ ေမးလာသည့္တစ္ေယာက္ေၾကာင့္ ေပါင္ေပၚငိုက္ျမည္းမတတ္ျဖစ္ေနေသာ ကေလးမေလးကပါ ခပ္ရီရီဝါးဝါးအၾကည့္တို႔ေပးလာ၏။
" ဘြားေျမးေလးေတြက လူေပါ့ ... ဘာလို႔အဲ့လိုေတြေလ်ွာက္ေတြးရတာတုန္း ... ဟင္ ... ဘြားကိုေျပာပါဦး ... "
" အတန္းထဲက တျခားသူငယ္ခ်င္းေတြကေျပာတယ္ ... သမီးတို႔က အေဖႏွစ္ေယာက္ကေမြးထားတာမို႔ လူမဟုတ္ဘူးတဲ့ ..... သူတို႔ကေတာ့ အေဖနဲ႔အေမတို႔ ေမြးထားတာမို႔ လူတဲ့ "
ငိုက္ျမည္းခါနီးကေလးမေလး၏စကားတို႔က သူတို႔လူႀကီးသံုးေယာက္ကို ေတြေဝမိန္းေမာသြားေစသည္ကေတာ့ အမွန္။
ဤရတနာကေလးမ်ားကို မည္သို႔ထုထြင္းပါမွ သူတို႔ေလးေတြ စိတ္ဒဏ္ရာမရပဲ ေကာင္းေကာင္းမြန္မြန္ရွင္သန္ႏိုင္မည္နည္း။
..................