The Ultimate Business Lady [M...

By Sakura_K_Mochi

320K 6.5K 48

Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10

Chapter 9

3.9K 564 4
By Sakura_K_Mochi

Unicode

Ch-9 ယွင်မိသားစုအိမ်သို့ အပြန်

'' သခင်မလေးယန်အာ..အရင်ကသခင်မက သခင်မလေးကို မမလေးလင်းရွှမ်နားမလာဖို့  ပြောထားတယ်မဟုတ်လား? '' လင်းရွှမ်
ဘာမှတောင်မပြောရသေးဘူး။ မားမားလင်ကအရင်ဒေါသထွက်နေတယ်။

လင်းရွှမ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့မှတ်ဉာဏ်တွေထဲမှာ ရှာကြည့်လိုက်တယ်...
အရင်ဘဝကကလေးဘဝတုန်းက သူမငယ်သေးတာကြောင့် မမှတ်မိတာတွေရှိပေမဲ့ သူတချို့ကိစ္စတွေကိုတော့ ​ရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်။

ယန်အာရဲ့မွေးဖွားခြင်းက သူ့မိဘတွေအတွက် ပျော်ရွှင်စရာကိစ္စမဟုတ်ခဲ့ပေမဲ့ သူမအမေက သူ့ကိုယန်အာနဲ့နီးနီးကပ်ကပ်မနေဖို့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ယန်အာကကိုယ်လုပ်တော်ဖွားဖြစ်ပေမဲ့လည်း အိမ်မှာဆို လင်းရွှမ်အပေါ်ဆက်ဆံပေးတဲ့အတိုင်း ယန်အာကိုဆက်ဆံပေးကြတာပဲ။ ဒါဟာ သူမ့အမေရဲ့ဂရုတစိုက်လုပ်ပေးတတ်တဲ့ကြိုးစားမှုဖြစ်ပြီး ယန်အာအပေါ်မှာမကျေနပ်တာမျိုးမရှိဘူး။

အရင်ဘဝကသူမ မားမားလင်အရူးလုပ်တာ ခံခဲ့ရတယ်။ ယန်အာနဲ့ရင်းရင်းနှီးနှီးမနေခဲ့သလို သူ့ကိုရှင်းထုတ်ပစ်ဖို့ အမြဲတမ်းကြိုးစားနေခဲ့တာ။ နောက်ဆုံးမှာတော့ သူ့အဘွားပဲယန်အာကို
ကာကွယ်ပေးခဲ့တာ။

အပြင်ပန်းအေးစက်ပြီး နွေးထွေးတဲ့​နှလုံးသားကိုပိုင်ဆိုင်တဲ့သူ့အဘွားကို သူမအရင်ကမမြင်နိုင်ခဲ့ပေမဲ့ ဒီဘဝမှာတော့ လုံးဝလက်မလွှတ်တော့ဘူး။

'' မားမားလင် အမေကအခုမရှိတော့ဘူး။ ဒါကြောင့် အမေ့ကိုလေးစားပါ '' လင်းရွှမ်အေးစက်စွာပြောလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ ယွင်လင်းယန်၏သေးငယ်တဲ့လက်လေးတွေကို သူမ့လက်တွေနဲ့ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်။ '' ယန်အာ..မမပြန်လာပြီ! ''

ယွင်လင်းယန် သူမ့အစ်မဖြစ်သူကိုရင်းနှီးချင်ပေမယ့် တစ်ချိန်တည်းမှာပဲ ကြောက်လဲကြောက်နေမိတယ်။ သူမ့​အစ်မအရင်ကလိုပဲ  သူမ့ကိုမနှစ်သက်တဲ့အကြည့်တွေနဲ့ ကြည့်မှာကို သူမကြောက်တယ်။ ဒါပေမဲ့ အခုလို နူးညံ့နေတဲ့အစ်မကြောင့် သူမ့နှလုံးသားလေး
နွေးထွေးသွားတယ်။

'' မမ..ယန်အာ..အရမ်းကြောက်နေခဲ့တာ! '' ကိုယ့်ကိုကိုယ်အားတင်းပြီးမငိုမိအောင်နေနေခဲ့သည့်ယွင်လင်းယန်မှာ ယွင်လင်းရွှမ်ရဲ့နွေးထွေးမှုကိုခံစားလိုက်ရတော့ စိတ်ကိုလွှတ်ချကာရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

ဒါကိုမားမားလင်မြင်တော့ သူမ့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ရင်း သူမ့အစီအစဥ်တွေဘယ်နေရာမှာများမှားသွားလဲဆိုပြီး အဖြေရှာနေသည်။

ယွင်လင်းယန်မွေးလာကတည်းက သခင်မကဘာမှမပြောပေမဲ့လဲ မားမားလင်ကတော့ယွင်လင်းယန်ရဲ့မကောင်းကြောင်းကို အမြဲတမ်းလင်းရွှမ်ကိုပြောပြနေခဲ့တာ။ သူမွေးဖွားလာတာက သခင်ကြီးနဲ့သခင်မတို့ရဲ့ဆက်ဆံရေးကို ဖျက်ဆီးပစ်ပြီး သခင်မလေးရဲ့ပိုင်ဆိုင်မှုတွေကို ယူသွားမှာ...စသဖြင့်။ ဒါတောင်မှ သခင်မကကြင်နာတတ်တာကြောင့် ယွင်လင်းယန်ကိုတရားဝင်သမီးတစ်ယောက်လိုမျိုး ကောင်းကောင်းဆက်ဆံပေးတယ်။

အဲ့ဒါကြောင့်ပဲ မမလေးလင်းရွှမ်က ယွင်လင်းယန်ကိုလုံးဝမုန်းနေခဲ့တာကို... ဘာလို့
အခုကောင်းကောင်းဆက်ဆံနေရတာလဲ?

မဟုတ်မှလွဲရော မမလေးတစ်ခုခုသိသွားတာများလား? ဒါပေမဲ့ သူဘာမှမလုပ်ရသေးပါဘူး။ မမလေးသတိရလာပြီးကတည်းက သူမ့အနားကိုမကပ်တော့သလို သူမ့စကားတွေကို လည်းနားမထောင်တော့ဘူး။

ဒါဘယ်လိုဖြစ်သွားတာလဲ?

မားမားလင်ဘယ်လောက်ပဲဦးနှောက်ခြောက်
အောင်စဥ်းစား ယွင်လင်းရွှမ်သတိရလာ ကတည်းက သူ့ကိုယ်ထဲကဝိညာဥ်က နာကျည်းချက်တွေ ၊မုန်းတီးမှုတွေပြည့်နှက်နေတဲ့ဝိညာဥ်အဖြစ် ပြောင်းလဲသွားတာကို သူမဘယ်တော့မှသိမှာမဟုတ်ဘူး။

'' ယန်အာ..မကြောက်နဲ့တော့။ မမပြန်လာပြီ... မမ ယန်အာကိုကာကွယ်ပေးမှာပါ ''
ယွင်လင်းရွှမ်သူ့ကိုဖက်ရင်း နှစ်သိမ့်ပေးလိုက်တယ်။ သူရှေ့ကငယ်ရွယ်တဲ့ယန်အာလေးကို ကြည့်ရင်း သူ့ကိုထိခိုက်အောင်လုပ်ဖို့တွေးခဲ့တာကိုစဥ်းစားမိတော့ အရင်ကသူမဟာတော်တော်ကိုအသည်းမာတာပဲ တွေးမိတယ်။

''အကြီးဆုံးသခင်မလေး ,ဒုတိယသခင်မလေး သခင်မကြီးက အထဲမှာစောင့်နေပါတယ် '' ယွင်မိသားစုရဲ့ အိမ်တော်ထိန်းဖြစ်တဲ့ ဦးလေးဟယ်က အကြီးဆုံးမမလေးပြန်ရောက်လာတာကြားတာနဲ့ အပြေးလာခဲ့ပြီး အခုလိုသခင်မလေးနှစ်ယောက်အချင်းချင်းဖက်နေကြတာတွေ့တော့ စိတ်မချမ်းမြေ့စွာ ပြောလိုက်တယ်။

'' အဘွားကိုသွားတွေ့ဖို့ ယန်အာလဲတူတူ လိုက်ခဲ့နော်... ဟုတ်ပြီလား? '' ယွင်လင်းရွှမ် ယန်အာရဲ့မျက်နှာလေးကို ထိကိုင်ရင်း သူ့လက်ကိုင်ပဝါနဲ့ မျက်နှာပေါ်က မျက်ရည်တွေကို နူးညံ့စွာသုတ်ပေးလိုက် တယ်။

'' ဟုတ်! '' အဲ့အချိန်မှာယွင်လင်းယန်ရဲ့ နှလုံးသားထဲမှာ သူ့အစ်မတယောက်ပဲရှိတယ်။

'' မမလေး စိတ်ခိုင်ခိုင်ထားပါနော်! တကယ်လို့များ သခင်မကြီးက မမလေးကို ခက်ခဲအောင်လုပ်ရင် မမလေး ကျိန်းသေပေါက်ခေါင်းငုံ့ခံနေလို့မဖြစ်ဘူးနော်။ အဲ့တာဆိုရင် သခင်မကိုအရှက်ရစေပါလိမ့်မည် '' မားမားလင်က လင်းရွှမ်ကိုတိုးတိုးလေးသတိပေးလာတယ်။

'' ဦးလေးဟယ် ကျေးဇူးပြုပြီး သခင်လေးမိုကိုခန်းမထဲကိုခေါ်သွားပြီး ဧည့်ခံပေးထားပါ '' မိုချီလင်းရွှမ်က နာမည်တုသုံးထားမှတော့
လင်းရွှမ်လဲ လိုက်လျောပေးရမှာပေါ့ '' သခင်လေးမို အိမ်မှာကိစ္စလေးတွေရှိသေးလို့ ဧည့်ဝတ်မကျေမိရင် ခွင့်လွှတ်ပေးပါ ''

ဝမ်ချီလင်းရွှမ်သူ့ကိုအမြဲတမ်းရှောင်နေတဲ့မိန်းကလေးကိုကြည့်ပြီး သူဘယ်တုန်းကများသူမ့ကိုအပြစ်ပြုခဲ့လို့လဲဆိုတာကို နားမလည်နိုင်ဖြစ်နေ၏။ သူဘာပြောပြော ဘာလုပ်လုပ် သူမက သူ့ကိုအကြည့်တစ်ချက်တောင်မပေးဘူး။

ခရီးလမ်းတလျှောက်လုံးလည်း သူရဲ့အနီးကပ်အစေခံနဲ့ မားမားလင်အပေါ်မှာလဲ အေးတိအေးစက်ပဲဆက်ဆံတာမလို့ သူ့စိတ်သဘောထားကိုက မွေးကတည်းကဒီလိုဖြစ်နေတာလို့ထင်နေတာ။ ဒါပေမဲ့ သူရဲ့ညီမအပေါ်ကို ဒီလောက်ဂရုတစိုက်နဲ့ဆက်ဆံနေတာကိုကြည့်တော့လဲ သူမ့ရဲ့စိတ်နှလုံးထဲကနေထွက်လာတဲ့ဒီလိုကြင်နာမှုမျိုးကို သူအရင်က တစ်ခါမှမတွေ့ခဲ့ဖူးဘူး။

______________________________________
Zawgyi

Ch-9 ယြင္မိသားစုအိမ္သို႔ အျပန္

'' သခင္မေလးယန္အာ..အရင္ကသခင္မက သခင္မေလးကို မမေလးလင္း႐ႊမ္နားမလာဖို႔  ေျပာထားတယ္မဟုတ္လား? '' လင္း႐ႊမ္
ဘာမွေတာင္မေျပာရေသးဘူး။ မားမားလင္ကအရင္ေဒါသထြက္ေနတယ္။

လင္း႐ႊမ္မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕မွတ္ဉာဏ္ေတြထဲမွာ ရွာၾကည့္လိုက္တယ္...
အရင္ဘဝကကေလးဘဝတုန္းက သူမငယ္ေသးတာေၾကာင့္ မမွတ္မိတာေတြရွိေပမဲ့ သူတခ်ိဳ႕ကိစၥေတြကိုေတာ့ ​ရွင္းရွင္းလင္းလင္းမွတ္မိေနေသးတယ္။

ယန္အာရဲ႕ေမြးဖြားျခင္းက သူ႕မိဘေတြအတြက္ ေပ်ာ္႐ႊင္စရာကိစၥမဟုတ္ခဲ့ေပမဲ့ သူမအေမက သူ႕ကိုယန္အာနဲ႕နီးနီးကပ္ကပ္မေနဖို႔ တစ္ခါမွမေျပာခဲ့ဖူးဘူး။ ယန္အာကကိုယ္လုပ္ေတာ္ဖြားျဖစ္ေပမဲ့လည္း အိမ္မွာဆို လင္း႐ႊမ္အေပၚဆက္ဆံေပးတဲ့အတိုင္း ယန္အာကိုဆက္ဆံေပးၾကတာပဲ။ ဒါဟာ သူမ့အေမရဲ႕ဂ႐ုတစိုက္လုပ္ေပးတတ္တဲ့ႀကိဳးစားမႈျဖစ္ၿပီး ယန္အာအေပၚမွာမေက်နပ္တာမ်ိဳးမရွိဘူး။

အရင္ဘဝကသူမ မားမားလင္အ႐ူးလုပ္တာ ခံခဲ့ရတယ္။ ယန္အာနဲ႕ရင္းရင္းႏွီးႏွီးမေနခဲ့သလို သူ႕ကိုရွင္းထုတ္ပစ္ဖို႔ အၿမဲတမ္းႀကိဳးစားေနခဲ့တာ။ ေနာက္ဆုံးမွာေတာ့ သူ႕အဘြားပဲယန္အာကို
ကာကြယ္ေပးခဲ့တာ။

အျပင္ပန္းေအးစက္ၿပီး ႏြေးေထြးတဲ့​ႏွလုံးသားကိုပိုင္ဆိုင္တဲ့သူ႕အဘြားကို သူမအရင္ကမျမင္နိုင္ခဲ့ေပမဲ့ ဒီဘဝမွာေတာ့ လုံးဝလက္မလႊတ္ေတာ့ဘူး။

'' မားမားလင္ အေမကအခုမရွိေတာ့ဘူး။ ဒါေၾကာင့္ အေမ့ကိုေလးစားပါ '' လင္း႐ႊမ္ေအးစက္စြာေျပာလိုက္ၿပီး ေရွ႕ကိုေလွ်ာက္သြားကာ ယြင္လင္းယန္၏ေသးငယ္တဲ့လက္ေလးေတြကို သူမ့လက္ေတြနဲ႕ဆုပ္ကိုင္လိုက္ၿပီး ႏူးညံ့စြာေျပာလိုက္တယ္။ '' ယန္အာ..မမျပန္လာၿပီ! ''

ယြင္လင္းယန္ သူမ့အစ္မျဖစ္သူကိုရင္းႏွီးခ်င္ေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ေၾကာက္လဲေၾကာက္ေနမိတယ္။ သူမ့​အစ္မအရင္ကလိုပဲ  သူမ့ကိုမႏွစ္သက္တဲ့အၾကည့္ေတြနဲ႕ ၾကည့္မွာကို သူမေၾကာက္တယ္။ ဒါေပမဲ့ အခုလို ႏူးညံ့ေနတဲ့အစ္မေၾကာင့္ သူမ့ႏွလုံးသားေလး
ႏြေးေထြးသြားတယ္။

'' မမ..ယန္အာ..အရမ္းေၾကာက္ေနခဲ့တာ! '' ကိုယ့္ကိုကိုယ္အားတင္းၿပီးမငိုမိေအာင္ေနေနခဲ့သည့္ယြင္လင္းယန္မွာ  ယြင္လင္း႐ႊမ္ရဲ႕ႏြေးေထြးမႈကိုခံစားလိုက္ရေတာ့ စိတ္ကိုလႊတ္ခ်ကာရွိုက္ႀကီးတငင္ငိုေႂကြးေတာ့သည္။

ဒါကိုမားမားလင္ျမင္ေတာ့ သူမ့လက္ႏွစ္ဖက္လုံးကိုဆုပ္ကိုင္ရင္း သူမ့အစီအစဥ္ေတြဘယ္ေနရာမွာမ်ားမွားသြားလဲဆိုၿပီး အေျဖရွာေနသည္။

ယြင္လင္းယန္ေမြးလာကတည္းက သခင္မကဘာမွမေျပာေပမဲ့လဲ မားမားလင္ကေတာ့ယြင္လင္းယန္ရဲ႕မေကာင္းေၾကာင္းကို အၿမဲတမ္းလင္း႐ႊမ္ကိုေျပာျပေနခဲ့တာ။ သူေမြးဖြားလာတာက သခင္ႀကီးနဲ႕သခင္မတို႔ရဲ႕ဆက္ဆံေရးကို ဖ်က္ဆီးပစ္ၿပီး သခင္မေလးရဲ႕ပိုင္ဆိုင္မႈေတြကို ယူသြားမွာ...စသျဖင့္။ ဒါေတာင္မွ သခင္မကၾကင္နာတတ္တာေၾကာင့္ ယြင္လင္းယန္ကိုတရားဝင္သမီးတစ္ေယာက္လိုမ်ိဳး ေကာင္းေကာင္းဆက္ဆံေပးတယ္။

အဲ့ဒါေၾကာင့္ပဲ မမေလးလင္း႐ႊမ္က ယြင္လင္းယန္ကိုလုံးဝမုန္းေနခဲ့တာကို... ဘာလို႔
အခုေကာင္းေကာင္းဆက္ဆံေနရတာလဲ?

မဟုတ္မွလြဲေရာ မမေလးတစ္ခုခုသိသြားတာမ်ားလား? ဒါေပမဲ့ သူဘာမွမလုပ္ရေသးပါဘူး။ မမေလးသတိရလာၿပီးကတည္းက သူမ့အနားကိုမကပ္ေတာ့သလို သူမ့စကားေတြကို လည္းနားမေထာင္ေတာ့ဘူး။

ဒါဘယ္လိုျဖစ္သြားတာလဲ?

မားမားလင္ဘယ္ေလာက္ပဲဦးႏွောက္ေျခာက္
ေအာင္စဥ္းစား ယြင္လင္း႐ႊမ္သတိရလာ ကတည္းက သူ႕ကိုယ္ထဲကဝိညာဥ္က နာက်ည္းခ်က္ေတြ ၊မုန္းတီးမႈေတြျပည့္ႏွက္ေနတဲ့ဝိညာဥ္အျဖစ္ ေျပာင္းလဲသြားတာကို သူမဘယ္ေတာ့မွသိမွာမဟုတ္ဘူး။

'' ယန္အာ..မေၾကာက္နဲ႕ေတာ့။ မမျပန္လာၿပီ... မမ ယန္အာကိုကာကြယ္ေပးမွာပါ ''
ယြင္လင္း႐ႊမ္သူ႕ကိုဖက္ရင္း ႏွစ္သိမ့္ေပးလိုက္တယ္။ သူေရွ႕ကငယ္႐ြယ္တဲ့ယန္အာေလးကို ၾကည့္ရင္း သူ႕ကိုထိခိုက္ေအာင္လုပ္ဖို႔ေတြးခဲ့တာကိုစဥ္းစားမိေတာ့ အရင္ကသူမဟာေတာ္ေတာ္ကိုအသည္းမာတာပဲ ေတြးမိတယ္။

''အႀကီးဆုံးသခင္မေလး ,ဒုတိယသခင္မေလး သခင္မႀကီးက အထဲမွာေစာင့္ေနပါတယ္ '' ယြင္မိသားစုရဲ႕ အိမ္ေတာ္ထိန္းျဖစ္တဲ့ ဦးေလးဟယ္က အႀကီးဆုံးမမေလးျပန္ေရာက္လာတာၾကားတာနဲ႕ အေျပးလာခဲ့ၿပီး အခုလိုသခင္မေလးႏွစ္ေယာက္အခ်င္းခ်င္းဖက္ေနၾကတာေတြ႕ေတာ့ စိတ္မခ်မ္းေျမ့စြာ ေျပာလိုက္တယ္။

'' အဘြားကိုသြားေတြ႕ဖို႔ ယန္အာလဲတူတူ လိုက္ခဲ့ေနာ္... ဟုတ္ၿပီလား? '' ယြင္လင္း႐ႊမ္ ယန္အာရဲ႕မ်က္ႏွာေလးကို ထိကိုင္ရင္း သူ႕လက္ကိုင္ပဝါနဲ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို ႏူးညံ့စြာသုတ္ေပးလိုက္ တယ္။

'' ဟုတ္! '' အဲ့အခ်ိန္မွာယြင္လင္းယန္ရဲ႕ ႏွလုံးသားထဲမွာ သူ႕အစ္မတေယာက္ပဲရွိတယ္။

'' မမေလး စိတ္ခိုင္ခိုင္ထားပါေနာ္! တကယ္လို႔မ်ား သခင္မႀကီးက မမေလးကို ခက္ခဲေအာင္လုပ္ရင္ မမေလး က်ိန္းေသေပါက္ေခါင္းငုံ႕ခံေနလို႔မျဖစ္ဘူးေနာ္။ အဲ့တာဆိုရင္ သခင္မကိုအရွက္ရေစပါလိမ့္မည္ '' မားမားလင္က လင္း႐ႊမ္ကိုတိုးတိုးေလးသတိေပးလာတယ္။

'' ဦးေလးဟယ္ ေက်းဇူးျပဳၿပီး သခင္ေလးမိုကိုခန္းမထဲကိုေခၚသြားၿပီး ဧည့္ခံေပးထားပါ '' မိုခ်ီလင္း႐ႊမ္က နာမည္တုသုံးထားမွေတာ့
လင္း႐ႊမ္လဲ လိုက္ေလ်ာေပးရမွာေပါ့ '' သခင္ေလးမို အိမ္မွာကိစၥေလးေတြရွိေသးလို႔ ဧည့္ဝတ္မေက်မိရင္ ခြင့္လႊတ္ေပးပါ ''

ဝမ္ခ်ီလင္း႐ႊမ္သူ႕ကိုအၿမဲတမ္းေရွာင္ေနတဲ့မိန္းကေလးကိုၾကည့္ၿပီး သူဘယ္တုန္းကမ်ားသူမ့ကိုအျပစ္ျပဳခဲ့လို႔လဲဆိုတာကို နားမလည္နိုင္ျဖစ္ေန၏။ သူဘာေျပာေျပာ ဘာလုပ္လုပ္ သူမက သူ႕ကိုအၾကည့္တစ္ခ်က္ေတာင္မေပးဘူး။

ခရီးလမ္းတေလွ်ာက္လုံးလည္း သူရဲ႕အနီးကပ္အေစခံနဲ႕ မားမားလင္အေပၚမွာလဲ ေအးတိေအးစက္ပဲဆက္ဆံတာမလို႔ သူ႕စိတ္သေဘာထားကိုက ေမြးကတည္းကဒီလိုျဖစ္ေနတာလို႔ထင္ေနတာ။ ဒါေပမဲ့ သူရဲ႕ညီမအေပၚကို ဒီေလာက္ဂ႐ုတစိုက္နဲ႕ဆက္ဆံေနတာကိုၾကည့္ေတာ့လဲ သူမ့ရဲ႕စိတ္ႏွလုံးထဲကေနထြက္လာတဲ့ဒီလိုၾကင္နာမႈမ်ိဳးကို သူအရင္က တစ္ခါမွမေတြ႕ခဲ့ဖူးဘူး။

Continue Reading

You'll Also Like

442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
15.7K 1.3K 73
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...