𝑩 𝑹 𝑶 𝑾 𝑵 _𝑻 𝑨 𝑬 || V...
By Amethyst_jei
7.7K 1.3K 244
INTRO
🤎1🤎
🤎2🤎
🤎3🤎
🤎4🤎[P-1]
🤎4🤎[P-2]
🤎5🤎
🤎6🤎
🤎7🤎
🤎9🤎 [P-1]
🤎9🤎[P-2]
🤎10🤎
🤎11🤎[P-1]
🤎11🤎[P-2]
🤎12🤎
🤎13🤎
🤎14🤎
🤎15🤎[P-1]
🤎15🤎[P-2]
🤎16🤎
🤎17🤎
BROWN TAE
🤎8🤎(💔)
290 58 12
By Amethyst_jei
Unicode
ကျွန်တော်တို့ညီအစ်ကိုလိုတစ်ဖုံ သူငယ်ချင်းလိုတစ်ဖုံ ဆက်ဆံနေခဲ့ကြပြီး ကျွန်တော်ဟာနောက်ဆုံးနှစ် သူဟာတတိယနှစ်အထိရောက်လာခဲ့သည်။
ဘာတွေပြောင်းလဲသွားလဲ? အကုန်ပြောင်းလဲသွားတယ်။ အညိုရောင်လေးရဲ့ ဆံပင်ကောက်ကောက်လေးတို့ဟာ အညိုရောင်ဆံနွယ်လေးတွေနဲ့ ခေါင်းလုံးလုံးလေးဖြစ်လာခဲ့သည်။
ချစ်ဖို့ကောင်းတယ် အရင်ကလည်းချစ်ဖို့ကောင်းသလိုခုထိလည်းအသည်းတယားယားပဲ။ လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့ရဲ့အပြုအမူတိုင်းကိုငေးရခြင်းဟာ ဘာသာရပ်အသစ်သစ်တွေကိုလိုက်ကျက်မှတ်နေရသလို ရိုးသြားရတယ္မရွိခဲ့ဘူး။
လက်လေးထောက် မျက်တောင်လေးမခတ်ပဲ အကုန်ငေးကြည့်ချင်မိတယ်။ တကယ်လည်းငေးကြည့်နေမိခဲ့တယ်။ သူနဲ့စာအတူတူလုပ်မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်ဟာ သိအောင်တစ်မျိုးမသိအောင်တစ်မျိုးငေးကြည့်နေခဲ့တယ်။ စာအုပ်လေးကိုထောင်ပြီး မျက်လုံးလေးတွေပဲပေါ်အောင်ခိုးကြည့်တယ်။ ငါစာလုပ်ပြီးပြီ မင်းကိုစောင့်ပေးမယ်ဆိုကာ စာကြည့်တိုက်ရဲ့ထောင့်ဆုံးစားပွဲခုံပေါ်မှမေးလေးထောက်ကာ သိအောင်လည်းကြည့်တယ်။
တကယ်ပြောရရင် အညိုရောင်လေးရော သူချစ်တာသိနိုင်လောက်လား။ သူ့ရဲ့အမူအရာတွေဟာ တစ်ခါတစ်လေသာမန်ထပ်လွန်ကဲနေတဲ့အချိန်တွေရှိတာမို့ အညိုရောင်လေးရောသိနေမလားပေါ့။
ဒီလိုနဲ့ကျွန်တော်ကျောင်းပြီးသွားခဲ့တယ်။ အညိုရောင်လေးဟာနောက်ဆုံးနှစ်ထိရောက်လာခဲ့ပြီး စာတွေဆက်ကြိုးစားကောင်းတုန်းပဲ။ အာရုံစိုက်ရတာများလာတော့ ခုနောက်ပိုင်းသူစာတွေလုပ်ရတိုင်း လေးထောင့်ဆန်ဆန်မျက်မှန်လေးလည်းတပ်ထားရတယ်။
ကိုယ်သည် dance class တွေတက်နေခဲ့သည်။ ဒါပေမယ့်လူတွေမသိသေးတာတွေဟာ ကျွန်တော်အနုပညာမေဂျာယူပြီး dance class တွေတက်နေပေမယ့် ရေရှည်အတွက်အလုပ်တာဝန်ဟာ အဖေ့ကုမ္ပဏီရဲ့ ရာထူးနေရာပဲဆိုတာ။
အဖေဟာလုပ်ချင်တာကိုလုပ်ခွင့်ပေးပြီးသွားပြီမို့ အချိန်အသင့်အတင့်ကျရင် ဖြစ်သင့်တဲ့လမ်းစဉ်ကိုချပေးတော့မည်ဆိုတာကိုလည်းသိပါသည်။ အနုပညာမေဂျာယူပြီး စီးပွားရေးလုပ်နေတာပေါကြောင်ကြောင်နိုင်ပေမယ့် ဝါသနာနဲ့ ဖြစ်သင့်တာကိုရောထွေးကာ ကျွန်တော်ကတကယ်ပေါကြောင်ကြောင်သာ။
ဒီနေ့ စီးပွားရေးမေဂျာနောက်ဆုံးနှစ်သမားလေးတွေရဲ့ နောက်ဆုံးသောစာမေးပွဲ။ အညိုရောင်နဲ့ကျွန်တော့်ရဲ့ရင်းနှီးမှုက အတိုင်းထက်လွန်ဖြစ်ကာ ခုနောက်ပိုင်း ကျွန်တော်နမ်ဂျွန်းတို့ ယွန်းဂီတို့နဲ့တောင်စကားသိပ်မပြောဖြစ်ခဲ့။ ကျွန်တော် အညိုရောင်လေးဆီပဲ ရုန်းမရတဲ့နွံတွေလို နစ်နေခဲ့သည်။ အသစ်မြင်အဟောင်းမေ့တာလားဆို ဟုတ်လောက်ပါမည်။ ထင်ချင်သလိုထင်ကြပါစေလေ
အညိုရောင်လေးသည် စာမေးပွဲရှိတဲ့ရက်တိုင်း သူ့အိမ်မှာသာစာလုပ်သည်။ အညိုရောင်လေးအိမ်ရဲ့ပြဿနာကို အညိုရောင်လေးသည် ကျွန်တော့်တို့အိမ်က လူတွေရှေ့အားလုံးအားဖွင့်ချကာပေါ့ပါးအောင်နေသည်။ သူ့အိမ်ကပြဿနာကို ကျွန်တော်တို့မိသားစုသိပေမယ့် ကျွန်တော်တို့မိသားစုကိစ္စလေးတွေတော့ အညိုရောင်လေးမိသားစုသိမယ်မထင်ပါ။ သိဖို့လည်းမမျှော်လင့်ခဲ့။
🤎
"ထယ်ယောင်း ဖြေနိုင်ခဲ့ရဲ့လား?"
ခေါက်ထီးလေးကိုနှစ်ယောက်မလုံစွာအတူတူဆောင်းပြီးတဲ့နေ့တွေမှစလို့ ကျွန်တော်ထီးအကြီးကြီးကိုဆောင်လာတတ်တယ်။ ခေါက်ထီးလေးအစား ဒီထီးကြီးကြီးဟာ ကျွန်တော်နှစ်ယောက်စာလုံကောင်းလုံပါရဲ့။
ခုလည်း တက္ကသိုလ်ကြီးရှေ့ ကျွန်တော်ဟာထီးကြီးတစ်ချောင်းကိုင်ကာ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ သားပျောက်မိခင်ထပ်ပိုအောင် စိတ်လှုပ်ရှားနေမိသည်။ ကျွန်တော်ကိုယ်တိုင်စာမေးပွဲဖြေခဲ့တုန်းကတောင် ဒီလောက်ထိမပူပင်ရခဲ့ပါ။
ဒီဘာသာဟာ အညိုရောင်လေးအတွက်အခက်ဆုံးဘာသာမို့ ကျွန်တော့အတွက်လည်းပူပင်စရာလေးတွေဖြစ်လာခြင်းဖြစ်လာလိမ့်မည်။ အေးအတူ ပူအမျှဖြစ်လိမ့်မည်ထင်ပါသည်။
"ဖြေနိုင်ပါတယ်အစ်ကိုဟိုဆော့ အောင်မှတ်တော့ကျော်မှာပါ"
"ဘာကိုအောင်မှတ်ကျော်မှာလဲ အမှတ်ပြည့်လုနီးနီးကိုရမှာ မပူနဲ့"
"Heee"
လေးထောင့်ဆန်ဆန်လေးပြုံးပြလာခြင်းသည် သူ့စကားကြောင့်စိတ်လေးပေါ့ပါးသွားတာဖြစ်ပါလိမ့်မည်။
"တစ်ခုခုသွားစားရအောင် ဖြေနိုင်တဲ့အထိမ်းအမှတ်လေးနဲ့"
"အစ်ကိုဝယ်ကျွေးမှာလား ?"
"မရပါဘူးနော် ငါဖြေနိုင်တုန်းကလည်းငါပဲဝယ်ကျွေးရတာ ခုမင်းဝယ်ကျွေးရမယ်"
"ဟုတ်ကဲ့ပါဗျ"
"လိမ္မာတယ် သြားမယ္လာ"
အများအမြင်မှာ လက်ကိုဆွဲခေါ်ပြီးသွားတာဆိုတော့ ကျွန်တော်ဟာ အညိုရောင်လေးကိုပိုင်ဆိုင်တဲ့လူသားလို့ထင်နေမလား။ ကျွန်တော်ခေါ်ရာနောက် လေးထောင့်အပြုံးလေးတွေနဲ့လိုက်လာခြင်းဟာ ချစ်လို့ဘာကိုမှမငြင်းဆန်ခြင်းဟုထင်လေမလား ??
ရိုးရိုးသားသားစိတ်နဲ့အညိုရောင်လေးကတော့ဘာမှမထင်နိုင်ပေမယ့် မရိုးမသားစိတ်နဲ့ကျွန်တော်ကတော့ မရိုးနိုင်အောင်အမျိုးမျိုးအထပ်ထပ်တွေးပါသည်။
မုန့်တွေလျှောက်စားသည်။ ကော်ဖီခါးခါးတောင်မသောက်နိုင်ခဲ့သော အညိုရောင်လေးသည် အယ်ကိုဟောလ်နဲ့ဆို မူးမှောက်သွားလိမ့်မည်။ ရေခဲမုန့်ကို စတော်ဘယ်ရီအရသာတွေနဲ့ဝယ်စားပစ်ပြီး တော့ပူကီပူပူလေးကိုလည်း စပ်အောင်စားကာ ရေဘူးအများကြီးဝယ်သောက်ခဲ့ရသည်။
ဗိုက်တွေအင့်ပြီးလမ်းလျှောက်လို့မရတော့ လမ်းဘေးလေးကထိုင်ခုံမှာအတူတူထိုင်ကာအမောဖြေခဲ့ကြပါသေးသည်။
"ထယ်ယောင်း ငါပြောစရာရှိတယ်"
"ဟုတ်"
"ငါလေ ဒါကိုပြောသင့်လားမသိပေမယ့်"
"ပြောပါ"
စိတ်မရှည်စွာအညိုရောင်လေးသည်စကားဖြတ်ပြောလာပြီး သူ့အပြောကိုစောင့်နေသည်။ အညိုရောင်လေးက စိတ်လည်းဆတ်သေးတာပဲ....
" ငါမင်းကိုချစ်တယ်...... "
သူပြောလိုက်တော့ ပြုံးယဲ့ယဲ့နှုတ်ခမ်းတို့ဖြင့် ကိုယ့်အားကြည့်လာသည်။ မအံ့သြဘူးလား??? ငါကသူ့ကိုချစ်နေခဲ့တာကိုလေ။
"ဟို...မင်းနဲ့မသိခင်ထဲက သဘောကျနေတာပါ။ နောက်ပိုင်းငါကသဘောကျတဲ့အဆင့်ထပ် မင်းကိုချစ်နေမိတယ်ဆိုတာပိုသေချာသွားတယ်"
အညိုရောင်လေးသည် သူ့အား ကြည့်မြဲကြည့်တုန်း။ ကိုယ်တိုင်ကပြောလိုက်ရသူလေ... ခုလိုကြီးပဲဆက်တိုက်ကြည့်နေတော့အရမ်းရှက်ပါသည်။
"ကျွန်တော့်ရဲ့ ဦးစားပေးတွေထဲ ရည်မှန်းချက်တွေထဲ အခ်စ္ကေနာက္ဆုံးမွာပဲ....ရည်မှန်းချက်တွေမပြည့်သေးဘူးလေ ကျွန်တော််အချစ်ကိုမထိတွေ့နိုင်သေးတာသိတယ်မလား?"
ငိုချင်လိုက်တာ...... ဒီလိုအဖြေပြန်ရမယ်ဆိုထင်သားပဲ!! ငါဖွင့်ပြောလိုက်ရင် ငါ့စိတ်ထဲပေါ့မယ်ထင်ခဲ့တာ သူကဒီလိုတွေပြောလာရင်တောင် ခံနိုင်မယ်ထင်ခဲ့တာလေ!!!
မိမိပြောလိုက်သည့်စကားအဆုံး ညိုးကျသွားသောအစ်ကိုဟိုဆော့မျက်နှာလေးကြောင့်သူလည်းစိတ်မကောင်းပါ။ ကိုယ္ကေရာမခ်စ္ဘူးလား???
မချစ်ရင်တောင်သဘောကျနေမိမယ်ထင်တယ်။ သူ့ရဲ့အပြုအမူအပြောအဆိုနဲ့ ပါးချိုင့်သေးသေးလေးပေါ်တဲ့အပြုံးတွေဟာ သူ့ဆီစူးစူးနင့်နင့်ဝင်ရောက်လာဖူးလိမ့်မည်။
အစ်ကိုဟိုဆော့ သူ့အားသဘောတကျရှိနေသည်ကိုလည်းရိပ်စားမိပါသေးသည်။
ဒီလိုတွေ မသေချာမရေရာစွာပြောနေလို့ မင်းမသိဘူးလားဆို ဟုတ်ကဲ့မသိပါဘူး ကျွန်တော်စာကိုပဲစိတ်နှစ်နေခဲ့တာ ကျွန်တော်ချစ်လို့ချစ်မှန်း သဘောကျလို့သဘောကျမှန်းတောင်မသိဘူး။
အဲနေ့ကစကားတွေထပ်မပြောဖြစ်ခဲ့ကြဘူး။ လမ်းကွဲစွာသွားရတာမို့ ကျောခိုင်းကာကျွန်တော်တို့လမ်းခွဲတွေဆီလျှောက်လာကြသည်။ နှုတ်ဆက်စကားလား ပြန်ပြီနော်လို့တောင်မပြောဖြစ်ခဲ့ကြပါ။
နောက်ရက် လောလောလတ်လတ်မှာပဲ အဖြေမပေးနိုင်သူ အညိုရောင်လေးဟာ ရပ်ဝေးနယ်မြေဆီ ပညာသင်ဖို့သွားတော့မည်ဖြစ်ကြောင်းပြောကာနှုတ်ဆက်စကားကို စာနဲ့သာပို့ပေးခဲ့သည်။
သွားကြည့်ချင်ခဲ့တာ စကားတွေလည်းမှာချင်ခဲ့တာ။ ကိုယ့်နေရာဒေသမဟုတ်တဲ့အတွက် အစစအရာရာ ဂရုစိုက်ဖို့ပြောချင်တာ။ နွေးနွေးထွေးထွေးလေးနဲ့ အေးနေလည်းအညိုရောင်ဝက်ဝံလေးဆက်လုပ်ဖို့ပဲပြောချင်တာ။
ဘယ်အချိန်ပြန်လာမယ်မှန်းမသိ။ ထပ်တိုးရမယ့် သံဃောဇဉ်ကြိုးတောင်မချည်ခဲ့တော့ ကျွန်တော်လည်းစိတ်နာနာနဲ့ အခန်းပိတ်ကာ စာတွေထိုင်ရေးနေခဲ့သည်။ ကဗျာတွေ.... အညိုရောင်စာရွက်ပေါ်မှာ ကွဲနေတဲ့အသည်းပုံလေးတွေဆွဲပြီး မနက်ရောညရောစာတွေရေးနေခဲ့တာ။
သူဘယ်ပုံစံနဲ့လေယာဉ်ကွင်းကနေသွားလည်းဆိုတာတောင် ခိုးမကြည့်ဖြစ်ခဲ့ဘူး။ ဘဝကဇာတ်လမ်းတွေထဲကလို ..မလာဘူး မသွားဘူးဆိုပြီး ခိုးကြည့်ရမယ့်အဖြစ်မှမဟုတ်တာ။ ကျွန်တော်က မကြည့်ချင်ဘူးဆို စွေလို့တောင်မကြည့်တော့တဲ့သူပါ။
သူ မမှားမှန်းသိပါတယ်။ ခ်စ္မိတဲ့ကိုယ္ကသာ စချစ်မိထဲကမှားတာမို့ အဲ့လူကိုမေ့ရရင်ကောင်းသားဆိုပြီး အညိုရောင်တွေရော....သူနဲ့ပက်သက်တဲ့အရာအားလုံးကိုရော မေ့ပလိုက်တယ်။
အင်းးးးး
အဲ့အချိန်တွေ.... မရင့်ကျက်ပဲအချစ်တစ်ခုအတွက်ပဲ အချိန်ကုန်စိတ်ပင်ပန်းနာကျည်းနေရတဲ့အချိန်တွေ။ မေ့မရခဲ့ဘူး...သူဆက်သွယ်လာနိုးနိုးနဲ့ ဖုန်းနံပတ်လည်းမပြောင်းခဲ့ဘူး
နှစ်နှစ်လောက်ခံစားအပြီး အနည်ထိုင်သွားတယ်ပြောရမလား ခ်စ္ဖူးသူ အချစ်ဦးအဖြစ်သာ စိတ်ထဲနှလုံးသားထဲသိမ်းထားလိုက်တော့သည်။ ခုတော့ အချစ်ကြောင့်နဲ့ လဲလဲပြိုပြိုဘဝကနေ ပြန်ထူထောင်ကာ အကုန်အသစ်ကပြန်စခဲ့သည်။
နယ္က ရုံးခွဲတွေကို လိုက်အုပ်ချုပ်ရင်း အမျိုးသမီးကောင်းလေးတစ်ယောက်နဲ့တွေ့ဖြစ်သည်။ တွဲလာတာလည်းတစ်နှစ်လောက်ကြာပေါ့။ ရင့်ကျက်သော ကောင်မလေးသည် ကိုကိုလို့ခေါ်ကာချွဲတတ်ပေမယ့် လုပ်ငန်းတွေမှာ သူနဲ့တောင်ရင်ဘောင်တန်းနိုင်စွမ်းရှိသည်။
ပြုံးလိုက်တိုင်းချစ်ဖို့ကောင်းပြီး ရည်းစားအနေနဲ့ချွဲတတ်သလို လုပ်ဖော်ကိုင်ဖက်အနေနဲ့အကြံဉာဏ်ကောင်းတွေပေးသည်။ မေမေနဲ့ဖေဖေကတော့သိပ်သဘောကျတာပေါ့။ ပြိုလဲခဲ့ရတဲ့နှစ်တွေမှာဘယ်သူ့ကြောင့်ပါလို့သိသွားတော့ မဆိုင်ပေမယ့်လည်း ကင်မ်ထယ်ယောင်းကိုဝိုင်းမုန်းပေးကြသေးသည်။
ကင်မ်ထယ်ယောင်းရဲ့နေရာမှာအစားထိုးခံရတဲ့ကောင်မလေးလို့ဆိုရပေမယ့် သူကတကယ်စိတ်အေးချမ်းရာလေးပါ။ အတိုအပြတ်အစား gentleman ဆန်ဆန်အမျိုးသမီးဟာ သူ့ရင်ထဲတစ်ခါတစ်လေတော့လှုပ်ခတ်စေတာအမှန်ပါ။ အမေတို့ကလည်းတစ်နှစ်ကျော်နေတဲ့ relationship ကိုအတည်တကျဖြစ်ဖို့လက်ထပ်စေချင်ပြီ။
ကျွန်တော်ကရော..... လက်တွဲဖော်ရှာတွေ့သွားပေမယ့် ဖူးစာရှင်မှန်ရဲ့လားလို့ယောင်ချာချာဖြစ်နေတုန်းပဲ.....
သူ့ကိုကျွန်တော်ကချစ်သေးလားလို့မေးရင် ချစ်ပါတယ်လို့ပြန်ဖြေပါရစေ။ နှစ်တွေကြာအောင်ချစ်ခဲ့တာ ပြန်မျှော်လင့်တာကအချစ်တွေပဲလေ။ ပေးလိုက်ရတာကအချစ်ဆို ရလိုက်ရတာကတွန်းကန်မှုဆိုတော့ ကျွန်တော်သူ့ကိုချစ်ဆဲဆိုပေမယ့် အတိတ်ဒဏ်ရာတွေကိုမေ့မရခဲ့ပါဘူး။
ကျွန်တော်ဟာအများအတွက်နေရောင်ခြည်လေးဆို ကျွန်တော့်ရဲ့နေကြာလေးကတော့ ကျွန်တော့်ကိုလှည့်မကြည့်ခဲ့ပြန်ဘူး။ နေရောင်ခြည်ရှိမှရှင်သန်မယ်ဆိုရင် နေကြာလည်းခြောက်သွေ့ပြီးအညိုးသာခံမယ်ထင်ပါ့။ နေထွက်ရာမျက်နှာမမူပဲ နေကြာလေးဟာ နေဝင်ရာကိုမျက်နှာမူမည်ထင်ပါသည်။
အညိုရောင်လေးဟာ ဘယ်လိုပင်နာမ်စားတွေနဲ့ခိုင်းနှိုင်းနှိုင်း လူသက်ရှိမို့ သူ့စိတ်နဲ့သူရှိမည်သာ.....
Brown_Tae
Update တွေကြာဖြစ်တော့မယ်။ဒီအပိုင်းတွေအားလည်းမရ နားကြပ်ကအိမ်မှာကျန်ခဲ့ သီချင်းကနားထောင်မရ မုဒ်ကပျောက် အလုပ်တွေကရှုပ် ကြားထဲစာတွေလည်းအပ်ချင် ရူးပြီ ရူးပြီ😭😭
ဆိုတော့ဇာတ်လမ်းလေးလည်းရှင်းပြီပေါ့ ခုကစပြီး ပစ္စုပ္ပန်မှာဆက်တွေ့ကြမယ်နော်။
ခင်ကြီးကျယ်လုပ်တာမဟုတ်ပေမယ့် ကိုယ့်ဖိတွေကို ss ရိုက်ပြီးပြန်မပို့ ပြန်မတင်ကြပါနဲ့နော်။ကိုယ်က အတော်အတတ်ကြီးမဟုတ်ပေမယ့် ဒီလိုခွင့်မတောင်းပဲ ပြန်ပို့တာမကြိုက်ပါဘူး။ ကိုယ်တစ်ခုတွေ့လိုက်လို့🙏
Thanks for reading
Amethyst_Jei
Zawgyi
🤎
"Heee"
"ဟုတ်ကဲ့ပါဗျ"
"လိမ္မာတယ် သြားမယ္လာ"
"ဟုတ်"
"ပြောပါ"
" ငါမင်းကိုချစ်တယ်...... "
"ကျွန်တော့်ရဲ့ ဦးစားပေးတွေထဲ ရည်မှန်းချက်တွေထဲ အခ်စ္ကေနာက်ဆုံးမွာပဲ....ရည်မှန်းချက်တွေမပြည့်သေးဘူးလေ ကျွန်တော်အချစ်ကိုမထိတွေ့နိုင်သေးတာသိတယ်မလား?"
အင်းးးးး
Brown_Tae
Thanks for reading
Amethyst_Jei
Continue Reading
You'll Also Like
91.8K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
15.4K 2.5K 13
BJYX Fanfiction
7.8K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot
490K 66.7K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...