" ဟတ်ချိုး !"
" ကိုယ် ပြောတယ်မလား ... ဖျားတော့မှာဆို ... "
" မစားတော့ဘူးဗျာ ... မစားတော့ဘူး "
ရိပေါ်က စွပ်ပြုတ်ပန်းကန်ကို အဝေးကို တွန်းထုတ်လိုက်တယ် ။
" တကယ်ဘဲ နားငြီးလာပြီ "
" ဖျားမှာလို့ ကျွန်တော် သိနေသားဘဲ ...
တမင် အဲ့လို ဖျားအောင်ဘဲ လုပ်တာလိုက်လေ ... "
" ကောင်းပြီး ... မပြောတော့ဘူး ... ဒီပန်းကန်ထဲက စွပ်ပြုတ်တော့ ကုန်အောင် သောက်လိုက်ပါ ... ပြီးရင် ဆေးသောက်ရမယ် "
ရိပေါ်က စွပ်ပြုတ်ခွက်ကို ကြည့်လိုက်တယ် ။
ပြီးတော့ ကျန့်ကောကို ကြည့်တယ် ။
" လက်နာနေပြီ ... ဇွန်းမကိုင်နိုင်တော့ဘူး "
" ... "
" ခွံ့ "
" ... "
" မဟုတ်ရင် မစားဘူး "
ရိပေါ်က လက်ပိုက်ပြီး ခေါင်းကို တစ်ဖက်ကို လှည့်လိုက်တယ် ။
.
.
.
" ကောင်းပြီ ... ခွံ့မယ် "
အဲ့တော့မှ လှည့်လာတယ် ။
.
.
.
" ပူတယ် ... မှုတ်ပေးဦး "
" အသားဖတ် ထပ်ထည့်ပေး ..."
" နောက်တစ်ဇွန်း ... "
" ဘယ်ဝမလဲဗျာ ... ထပ်ထည့် "
နောက်ဆုံးမှာတော့ ရိပေါ့်ကို စွပ်ပြုတ် သုံးခွက်အောင်အောင် မြင်မြင် တိုက်လို့ပြီး သွားတယ် ။
အိပ်ခန်းထဲမယ် ...
" ဆေးသောက်ရမယ် "
" ဟင့်အင်း ... မသောက်ဘူး "
" ဝမ်ရိပေါ် .. မင်း ရစ်ပြန်ပြီ "
" ဆေးသောက်ပြီးရင် အိပ်ရမှာလေဗျာ ... ဒီလောက် ကျယ်တဲ့ ခုတင်ပေါ် ကျွန်တော် တစ်ယောက်ထဲ ..."
ရိပေါ်က ခေါင်းခါလိုက်တယ် ။
" အေးတယ် ... မအိပ်နိုင်ဘူး ...
အဲ့ဒီအစား လေညင်းဘဲ သွားခံတော့မယ် "
ပြောပြောဆိုဆိုနဲ့ ရိပေါ်က စောင်ကို ဖယ်ပြီး ခြေဆင်း လိုက်တယ်။
ကျန့်ကောက သူ့ခြေတောက်တွေကို တားဆီးပြီး စိုက်ကြည့်လာတယ် ။
လူကဖြင့် အဖျားတက်ပြီး ကိုယ်ပူနေတာ မျက်နှာက နီရဲစက်နေပြီ ... ခေါင်းက မာနေတုန်း ... ။
" အိပ်ပေးမယ် ... အတူတူ "
ရိပေါ်က မျက်လုံးလှန်ကြည့်လိုက်တယ် ။
မကြည်သလ်ို မျက်နှာကြောင့် ...
" တော်ပါ ...
မလိုတဲ့သူကိုလဲ အတင်း မခေါ်ဘူး "
ဆင်းဖို့ လုပ်နေတာကြောင့် ကျန့်ကောက ခုတင်အောက်ချနေတဲ့ ရိပေါ့် ခြေတောက်တွေကို ပြန်တင်လိုက်တယ် ။
ပြီးတော့ သူ့ကို တစ်ပတ်လှိမ့်ပြီး စောင်ထဲ ထည့်လိပ်လိုက်တယ် ။
" ဘာလုပ်တာလဲ ? "
" ဆေးသောက်တော့ ... "
ကျန့်ကောက ရိပေါ့်ပါးစပ်ကို လက်နဲ့ ရအောင် ဟလို့ ဆေးထည့်ပြီး ရေကို အတင်း တိုက်လာတယ် ။
ရိပေါ် ပါးစပ်ထဲ ဆေးနဲ့ရေရောက်လာတော့
မကျေနပ်စွာ မြိုချလိုက်ရတယ် ။
" လာ ... အိပ်မယ် "
ကျန့်ကောက သူ့ကို စောင်နဲ့ လိပ်ထားပြီး အပေါ်ကနေ ဖက်ပေးထားတယ် ။
" ကျွန်တော်က ဖက်လုံးလား ...
မရဘူး ... အသားချင်း ထိထားမယ် "
" ဒီအတိုင်းလဲ မင်း နွေးတယ်မလား "
" အနွေးဓါတ်ထဲမှာ လူရဲ့ ခန္ဓာကိုယ် အနွေးက အကောင်းဆုံးဆိုတာ မသိဘူးလား ... အဲ့တာလေးတောင် မကြည်ဖြူဘူးလား ...
မရဘူး ... ကျွန်တော့်ကို အသားထိပြီးဖက် မဟုတ်ရင် ... မဟုတ်ရင် ... အင့်! "
ရိပေါ်က စောင်ကြီးပတ်ထားလျက်နဲ့ ထခုန်တယ် ။
" အင့် !"
တွန့်ထိုးနေတာများ ပိုးတုံးလုံးလေးအတိုင်း ... ။
" ဝမ်ရိပေါ် ... ငြိမ်ငြိမ်နေစမ်း !"
" ငြိမ်ငြိမ်နေစေချင်ရင် အဲ့တာ ဖယ်ပေး ..."
" ... "
" မဖယ်ပေးရင်တော့ ဆက်ခုန်မှာဘဲ ... "
ရိပေါ်က စကားအတိုင်း ဆက်ခုန်လာတယ် ။
" ကောင်းပြီ ... မလှုပ်နဲ့တော့ ... ဖယ်ပေးမယ်"
ရှောင်ကျန့် စောင်ထဲက ထုတ်ပေးလိုက်တယ် ။
" ရပြီလား ... "
သူ့ကို မျက်စောင်းထိုး ကြည့်လာတယ် ။
" အိပ်ကြရအောင် ... ကိုယ် ဖက်ထားပေးမယ် "
ရှောင်ကျန့် ရိပေါ်ကို ဖက်ပြီး လှဲချလိုက်တယ် ။
" ကျစ် ! ကိုယ်က တော်တော် ပူနေပြီကွာ ... "
" ဖျားနေတာကို ဘာလို့ အဓိပ္ပါယ် မရှိတာတွေ လျှောက် လုပ်ခဲ့ရတာလဲ ... မင်း ... အခုတော့ အဖျားက ပိုဆိုးလာပြီ "
ကျန့်ကောက ပြောပြောဆိုဆိုနဲ့ ခြေတောက်တွေကို အချင်းချင်း ထိထားပေးတယ် ။ အေးစက်နေတဲ့ လက်တွေကိုလဲ ကိုင်ထားပေးသေးတယ် ။
" ကျစ် ! နားငြီးတယ်ဗျာ ...
ကိုင်မထားဘဲ ဖက်ထားပေး ... ချမ်းနေပြီ"
ရိပေါ်က ပြောပြောဆိုဆိုနဲ့ ခေါင်းတိုးဝင်လာတယ်။
ရှောင်ကျန့်လဲ ဖက်ထားပေးဖို့ လက်က ရိပေါ်အသားကို ထိသွားနဲ့ ချက်ချင်း ...
" ခင်ဗျား မိန်းမယူလို့ မရတော့ဘူး "
ရိပေါ်က ဖြတ်ခနဲ ဆိုလာတယ် ။
" ဘာဖြစ်ပြန်ပြီလဲ ... "
" ခင်ဗျားနဲ့ ကျွန်တော်က တစ်ခုတင်ထဲ အိပ်ပြီးသွားပြီ ... အဲ့တာ ... ခင်ဗျား မိန်းမယူလို့ မရတော့ဘူး "
" ဝမ်ရိပေါ် မင်း ဘာတွေ ပြောနေတာလဲ "
ရှောင်ကျန့်က သူ့ လက်ဖယ်လိုက်ဖို့ အလုပ် ...
" အဲ့တာက တာဝန်ပျက်ကွက်မှုနော် ... ကျွန်တော့်နဲ့ အိပ်ပြီး တာဝန် မယူဘဲ ရှောင်ပြေးတာ ... ဒီအပြင် ကျွန်တော်က သဘောမတူခဲ့ဘူးလို့ ထွက်ဆိုရင် အဲ့တာ မုဒိန်းမှုဘဲ "
" အဲ့တာကြောင့် လက်ကို မဖယ်နဲ့ "
ကျန့်ကောက လက်ကို မဖယ်တော့ဘဲ ပြန်ထားလိုက်တယ် ။
" အဲ့တာဆို နှစ်ဦး သဘောတူ ဖြစ်သွားပြီ ... ခင်ဗျားတဲ့ ကျွန်တော် အိပ်ပြီးသွားပြီ ... မိန်းမယူရင် ခင်ဗျားကို တရားစွဲမှာ ... "
" ဝမ်ရ်ိပေါ် "
" အိပ်တော့ ကျန့်ကော ... မွ "
ရိပေါ် ကျန့်ကော ပါးကို နမ်းလိုက်တယ် ။
" ကျွန်တော့်ကို အလျင်လိုတယ်လို့ မထင်နဲ့ ... ပေါ့ပျက်နေတာလဲ မဟုတ်ဘူး ... ကျန့်ကောက မကြာခင်ဘဲ လက်ထပ်တော့မှာ ...
ကျွန်တော့် မာနတွေ ချပြီး ကျန့်ကောကို အတင်း တွယ်ကပ်နေတာ ... အချိန် မရှိတော့တာမို့ ... ကျွန်တော် လောမှ ရတော့မှာ ... "
" ဒါ ... "
" ဘာမှ မပြောနဲ့တော့ ... မကြားချင်ဘူး
ဖက်ထားပေး ... ကျွန်တော် ချမ်းတယ် "
ရိပေါ်က ပြောပြီး ကျန့်ကော ရင်ခွင်ထဲ အများကြီး ပိုတိုးဝင်ပြီး ကျန့်ကော ခါးကို ဖက်ထားလိုက်တယ် ။
* ခင်ဗျားကို လက်လွတ်လ်ိုက်ရင် ဒီတစ်သက် ကျွန်တော် သိပ် နောင်တရသွားမယ်လို့ ခံစားနေရတယ်*
* အဲ့တာက ကျွန်တော် ပိုလွန်းနေတာလဲ မဟုတ်ဘူး ... တစ်စုံတစ်ရာက ကျန့်ကောကို လက်လွတ်
မခံဖို့ သတိပေးနေသလိုဘဲ *
* ဒီအတိုင်း ခင်ဗျားက်ို အဆုံးရှုံး မခံနိုင်ဘူး *
.
.
.
မကြာခင်မှာဘဲ
ကျန့်ကောက ပြန်ဖက်လာပေးတယ် ။
" အိပ်တော့ ... ရိပေါ် "
" အများကြီး ထပ်မတွေးနဲ့တော့ ... "
" အွန်း "
အဖျားသွေးလေး ရိပေါ်က လျင်မြန်စွာဘဲ နွေးနွေးထွေးထွေးလေး အိပ်ပျော်သွားတယ် ။
.
.
.
အိပ်မပျော်နိုင်သူက တစ်ယောက် ...
ရိပေါ် ပြန်မလာတော့ဘူး ထင်တုန်းက ...
သူ ပေးခဲ့တဲ့ ကတိတွေလဲ ရှိတယ် ။ ကျွံခဲ့တဲ့ နှုတ်စကားတွေလဲ ရှိတယ် ။
သူ့ လုပ်ခဲ့တဲ့ အရာတွေလဲ ရှိတယ် ။ ဒီ့အတွက် ပြန်ပေးရမဲ့ အရာတွေလဲ ရှိတယ် ။
ဒါ့အပြင် သိမ်းထားရမဲ့ စကားလုံးတွေ ရှိတယ် ။
ရိပေါ် ဘယ်တော့မှ မသိနိုင်တော့တဲ့ ၊ သိလဲ သိစရာ မလိုတော့တဲ့ အရာတွေလဲ ရှိတယ် ။ သူ ဘယ်တော့မှမပြောတော့မဲ့ အကြောင်းအရာတွေ ရှိတယ် ။
သူ ချခဲ့ပြီးတဲ့ ဆုံးဖြတ်ချက်တွေလဲ ရှိတယ် ။
ရှေ့ဆက် သူ့ဘဝက ပုံစံ ချထားပြီးသား ...
သူ့အတွက် စွန့်လွတ်ခဲ့တဲ့ လူတစ်ယောက်ကိုလဲ အတူ ခေါ်ဖို့ ကတိ ပြုပြီးသား ... ။
.
.
.
ဒါပေမဲ့ ရုတ်တရက် ...
ရိပေါ်က သူ့ဆီ ပြန်လာခဲ့ပြီး ချစ်တယ်တဲ့ ... ။
ရှောင်ကျန့်တော့ ဝမ်းနည်းစွာဖြင့် မယုံကြည်မိပါ ...။
အတူရှိနေစဥ်ကာလအတွင်း
တခြားတစ်ယောက်ကိုသာ မျှော်ကြည့်နေပြီး ...
ထားသွားခဲ့တုန်းက နှုတ်ဆက်စကားတောင် မဆိုခဲ့တဲ့ ရိပေါ်က ရှောင်ကျန့်ကို ချစ်မတဲ့လား ။
ဒါက မဖြစ်နိုင်ပါဘူး ။
မြင်မြင်ချင်းကလဲ ပြဿနာဖြစ်ပြီး တွေ့ကြတာ ငါးရက်ဘဲ ရှိသေးတာ ... ရိပေါ်က ချစ်မတဲ့လား ။
မဖြစ်နိုင်ပါဘူး ... ။
ရိပေါ် သူ့ကို မချစ်ပါဘူး ။
သေချာပေါက်ကို မချစ်ပါဘူး ။
ဒါပေမဲ့ သဘောကျတယ်လို့တော့ ဆိုခဲ့ဖူးပါတယ် ။
အတူ ရှိခဲ့ဖူးတုန်းကလဲ ရှောင်ကျန့်ကို သူ့အပိုင်အဖြစ် သဘောကျတယ်လို့တော့ ဆိုခဲ့ဖူးပါတယ် ။
အခုလဲ ဒီလိုဘဲ နေလိမ့်မှာ ... ။
ချစ်ရတဲ့ အရာကို ဆုံးရှုံးရရင် အဲ့ဒီလူက တစ်သက်သာ ဝမ်းနည်းနေလောက်ပေမဲ့ ...
သဘောကျရတဲ့ အရာဆိုရင်တော့ ဘယ်သူမှ အကြာကြီး မခံစားနေရပါဘူး ။
ရံဖန်ရံခါ အကြောင်းတိုက်ဆိိုင်လို့ သတိရမိတာကလွဲရင် အားလုံး ပုံမှန် ဖြစ်နေမှာ ... ။
ရှေ့ဆက် သူ လက်ထပ်ပြီး ဝမ်အိမ်ရဲ့ ဝေးတဲ့ တခြား မြို့ကို ပြောင်းမယ် ။
ဝမ်မိသားစုပိုင် စက်ရုံလုပ်ငန်းကို ပြန်ပေးခဲ့ပြီး သူ ထွက်သွားမယ် ။
ဒါက သူ့ရဲ့ အစီအစဥ်ဘဲ ... ။
.
.
.
ဟုတ်တယ် ။
ဒီအစီအစဥ်မှာ သူ့နှလုံးသား အကြောင်း ထည့်မတွေးထားဘူး ။ ဦးနောက်ရဲ့ ဆုံးဖြတ်ချက် ၊ ကတိစကားတွေသာ ပါတယ် ။
သူ ရိပေါ်ကို ချစ်သေးလား ...
မချစ်တော့ဘူးလားဆိုတာတော့ ...
ရှောင်ကျန့် ရိပေါ် ကို ငုံ့မိုးကြည့်လိုက်တယ် ။
သူ့ ဆံပင်ပါးပါးလေးတွေကို နားရွက်ဆီ သပ်ပေးလိုက်ပြီး နားထင်လေးကို ဖွဖွလေး နမ်းတယ် ။
* ဒါကိုလဲ ကိုယ် မပြောတော့ပါဘူး *
* ဒီအတိုင်း ဘယ်သူမှ သိဖို့ မလိုအပ်ပါဘူး *
.
.
.
* မင်း ချစ်တဲ့ မင်းကိုက်ိုက မင်းကို ပြန်မချစ်ဘူးဆိုရင်တောင် ... ရှေ့ဆက် မင်း တကယ် ချစ်တဲ့ လူနဲ့ ဆုံရပါစေ *
* သူက မင်းကို လိုလေသေး မရှိအောင် ချစ်ပါစေ *
* အမြဲတမ်း မင်း ပျော်ရွင်နေပါစေ *
ရှောင်ကျန့် စောင်ကို သေချာ ခြုံပေးလိုက်တယ် ။
* အိပ်မက်လှလှ မက်ပါစေ ... ရိပေါ် *
နဖူးကို နမ်းပြီး သူရော အိပ်လိုက်တော့တယ် ။
.
.
.
မကြာခင်မှာဘဲ ...
နှစ်ယောက်စလုံး နှစ်ခြိုက်စွာ အိပ်ပျော်သွားတယ် ။
အပြင်က မိုးက သည်းလာတယ် ။
လေပြင်းပြင်းတွေကလဲ တိုက်ခတ်လာတယ်။
ခက်ခက်ခဲခဲနဲ့ တံခါးတွေ ပိတ်ထားတဲ့ အခန်းထဲကို လေပြေလေးတစ်ချက် တိုးဝင်လာတယ် ။
စစ်ပြန်ကြီးရဲ့ဘေးနားက လေညှင်းကို မေးတယ် ။
* သူ ချစ်သေးလားတဲ့ *
လေညှင်းလေးက ခေါင်းခါပြတယ် ။
နားမလည်ပါဘူးတဲ့ ... ။
ဘေးနားက လေညှင်းတွေတောင် ရှောင်ကျန့်ရဲ့ နှလုံးသားကို နားမလည်ပါဘူးဆိုတယ် ။
အချစ်ကြောင့် နာကျင်ခဲ့ရတဲ့ စစ်ပြန်ကြီးရဲ့ နှလုံးသားက ဒဏ်ရာဒဏ်ချက်တွေ များခဲ့တယ် ။
အဲ့ဒီလိုဘဲ ... လျှို့ဝှက်ချက်တွေလဲ များတယ် ။
.
.
.
* သူကော တကယ် ချစ်လို့လား *
လေပြေလေးက ရိပေါ် ဘေးနားရှိနေတဲ့ လေညှင်းဆီ ရောက်လာပြီး မေးပြန်တယ် ။
သူလဲဘဲ ခေါင်းခါပြတယ် ။
ဒါကလဲ မသေချာပါဘူး ။
ကလေးဆိုးလေးရဲ့ နှလုံးသားက မတည်မငြိမ်နဲ့ရယ် ... သူ တကယ် ချစ်တာ ဟုတ်ပါ့မလားဘဲ ။
စိတ်ကစားတာဆို ဘယ်လို လုပ်မလဲ ... ?
.
.
.
" ဒါဆို သူတို့ ဆုံဆည်းရပါ့မလား "
လေပြေလေးက လေညှင်းတွေကို မေးတယ် ။
သူတို့ ပြိုင်တူ ဒီနှစ်ယောက်ကို ကြည့်လိုက်ကြတယ်။
အိပ်နေတဲ့ နှစ်ယောက်က အချင်းချင်း ထွေးဖက်ထားကြပြီး လက်ကလေးတွေတော့ မလွတ်တမ်း ကိုင်ထားကြသေးတယ် ။
အိပ်ကောင်းခြင်းနဲ့ တူပါတယ် ။
အိပ်နေတာများ နှစ်နှစ်ခြိုက်ခြိုက်ဘဲ ... ။
ဘာဘဲဖြစ်ဖြစ် ...
* ရေစက်ပါရင် ...
* ချစ်ခြင်းသာမှန်ရင်တော့ ... ဆုံရမှာပါလေ *
လေပြေလေညှင်းလေးတွေ ပြန်ထွက်သွားကြတယ်။
___________
__________♡
"ခွင့်မလွတ်ဘူး "
ဟုန်ဟွား ထရပ်လိုက်တယ် ။
" ခွင့် လွတ်ဖို့ စိတ်ကူး မရှိဘူး "
" ဟွား ... ကိုယ် မှားပါတယ်
နောင်တလဲ ရနေပါပြီ ... အမှားလဲ ပြင်ပါ့မယ်"
ချန်ကွေ့ ဟုန်ဟွားကို တောင်းပန်နေတာ ...
ဒါနဲ့ဆို (၈) ကြိမ်မြောက် ... ။
" ကွာရှင်းဖို့တော့ ပြန်စဥ်းစားပေးပါကွာ ... "
ဟုန်ဟွား လက်ကာလိုက်တယ် ။
" တော် ... ချန်ကွေ့ "
" မထိုက်တန်တဲ့သူတွေက ဘာမှကို မရဘူး "
" တကယ် ဘာမှကို မရတာ ... "
" ရှင်က ခွင့်လွတ်မှုနဲ့ မထိုက်တန်တော့ဘူး "
" ဟွား ... ကိုယ် ... "
" ခေါင်းတွေ ကိုယ်တွေ လုပ်မနေနဲ့တော့ ...
ကျွန်မ ပင်ပန်းနေပြီ ... ဆက်မပြောနဲ့တော့ ... "
ဟုန်ဟွား အိမ်ထဲ ဝင်သွားဖို့ အလုပ် ပြန်လှည့်လာတယ် ။ ချန်ကွေ့က မျှော်လင့်တဲ့ မျက်လုံးတွေနဲ့
ကြည့်နေပေမဲ့ ..
" အဟမ်း ...!"
" ရှင့်ညီ ဒီမြို့ကို ရောက်နေတယ် "
" ဘယ်သူ ? ဝမ်အာကလား ?"
" ဝမ်စံအိမ်မှာ နေနေတယ်တဲ့ ...
သွားတွေ့ချင်တွေ့ မတွေ့ချင်နေ ... "
ဒီတစ်ခါတော့ သူမ တကယ် လှည့်ဝင်ခဲ့တယ် ။
ချန်ကွေ့ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တယ်။
အကြောင်းအရာတွေလဲ သူ သိပြီးပြီ ။
အခုတော့ သူ့စကားနဲ့သူ တိုင်ပတ်နေရပြီ ။
အရင်က တည်ကြည်ခန့်ညားတဲ့ ချန်သခင်လေးလဲ အခုတော့ ဆံပင်တွေကို ထိုးဖွလို့ ... ။
ဟုန်ဟွား ကွယ်ရာက ကြည့်နေလိုက်တယ် ။
" ကောင်းတယ် .."
" ရှင့်ကို ဒီလိုဘဲ ဆုံးမရမှာ ..."
" အကြာကြီးကို စိတ်ဒုက္ခပေးထားဦးမယ်"
ဟုန်ဟွား ပြောပြီး လှည့်ဝင်ခဲ့လိုက်တယ် ။
___________
__________♡
နောက်တစ်နေ့ မနက် ...
" မင်း ချစ်တာ သေချာလား ဝမ်ပေါင် "
အခန်းထဲက ပစ္စည်းတွေကို ဟိုဒီ လျှောက်ကြည့်ရင်း မေးလာတဲ့ တုံယွီ ... ပြောတော့ နေမကောင်းတာ လာကြည့်တာတဲ့ ... ။
" ဘာလဲ ? မင်းကပါ မယုံဘူးလား "
" အဲ့လိုတော့ မဟုတ်ပါဘူး "
တုံယွီက ပုခုံးတွန့်ပြတယ် ။
" ငါတို့ အတူတူ ကျောင်းတက်တုန်းက မင်း ပြောခဲ့တယ်လေ ... မင်း မင်းကိုကို့ကို ချစ်တယ်လို့လေ..."
" တကယ် မင်း မယုံဘူးဘဲ ... "
ဝမ်ရိပေါ်က သက်ပြင်းချလိုက်တယ် ။
" တုံတုံ ... မင်း သိလား ... "
" ပြောလေ ... ဝမ်ပေါင် "
ဝမ်ပေါင်က ပြတင်းပေါက်ကို ငေးကြည့်ရင်း ဆက်ပြောတယ် ။
" ငါ ငယ်ငယ်တုန်းက ငါ့ဘေးမှာ အဖေလဲ မရှိဘူး ... အမေလဲ မရှိဘူး ... အဖွားကလဲ အမြဲ အလုပ်များနေတာမို့ ငါ့ဘေးမှာ ကိုကိုဘဲ ရှိခဲ့တာ "
" ... "
" ငါ့ကို ဂရုစိုက်ပေးတာလဲ သူဘဲ ...
အရမ်း နွေးထွေးပေးတာလဲ သူဘဲ "
" ... "
" ရံဖန်ရံခါ စိတ်ဆိုးရင် ရိုက်တတ်ပေမဲ့ ငါ့က သူ့ကို ချစ်လဲ ချစ်တယ် ကြောက်လဲ ကြောက်တယ် လေးလဲ လေးစားတယ် "
" ချစ်ခဲ့တာလားလို့ မေးရင် ဟုတ်တယ် "
" ဘယ်သူ့ကိုမှ မပေးချင်အောင် ချစ်ခဲ့တယ်"
.
.
.
" အဲ့တာကလဲ ချစ်တာဘဲလေ ... "
" ... "
" ကျန့်ကောကို ချစ်တာနဲ့ ကွဲပြားတာကလွဲရင်ပေါ့ "
တုံယွီက ခေါင်း ငြိမ့်တယ် ။
" အင်း ... ဒီလောက်ဆို ငါ နားလည်ပါပြီ ... "
" ဘာဘဲ ဖြစ်ဖြစ် ....
ငါက မင်း ဘက်က ဆိုတာ သိတယ်မလား "
တုံတုံက ဘာဖြစ်ဖြစ် ဘေးနားရှိမယ် ပုံစံနဲ့ ပုခုံးကို ပုတ်ပေးလာတယ် ။
" ဒါနဲ့ တုံတုံ ... မင်း အဲ့တာကို အခုထိ စိတ်မကောင်း ဖြစ်နေတုန်းလား "
" ဘာကိုလဲ ?"
" အဲ့ဒီညက ငါဖုန်းဆက်တာကို မကိုင်ခဲ့တာလေ"
" အာ ... "
တုံတုံက ခေါင်းငုံ့သွားတယ် ။
အဲ့ဒီည ...
ရိပေါ် အသတ်ခံရမဲ့ ညက ရိပေါ်က လျှိုချီယွင်ဆီ မသွားခင် တုံယွီဆီ ဖုန်းဆက်ခဲ့တာ ... ။
တုံယွီက ကောင်မလေးနဲ့ ဖုန်းပြောနေတာမို့ ရိပေါ် ဆက်တာကို မကိုင်နိုင်ခဲ့ဘူး ။
အပျော်လွန်နေတာမို့ ဖုန်းလဲ ပြန်မဆက်မိခဲ့ဘူး ။
ဘယ်သူ သိမလဲ ? ...
ကိုယ် ပျော်နေတဲ့ညမှာ ကိုယ့် ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းက အသတ်ခံရဖို့ ကြုံနေမယ်ဆိုတာ ...။
တုံတုံ အရမ်း စိတ်မကောင်း ဖြစ်သွားတယ် ။
သူသာ ဖုန်းကိုင်ခဲ့ရင် ဒီလိုမျိုး ဖြစ်မှာ မဟုတ်ဘူး။
ဒါပေမဲ့ တုံယွီက ဝမ်ပေါင် မသေသေးတာ သိတဲ့ တစ်ဦးတည်းသောသူဘဲ ... သေသွားတယ်ဆိုတာက သိတာနဲ့ သူရှာတာ ဝမ်ပေါင့် ခန္ဓာကိုယ်ဘဲ ... ။
မတွေ့တော့ ဝမ်ပေါင် မသေဘူး ဆိုတာ သူ ကျိန်းသေပေါက် ခံယူခဲ့တယ် ။ ရှာနေပေမဲ့ လုံးဝ မတွေ့တာကြောင့် လက်လျော့မလို ဖြစ်ခဲ့တယ် ။
လေးနှစ်အကြာ သူ့ကို ကူညီလို့ ရမလားလို့ ဝမ်ပေါင် ရုတ်တရက် ဖုန်းဆက်လာတာနဲ့ သူ ပြေးလာခဲ့တာဘဲ ... ။
တစ်နှစ်လုံးလုံး ဝမ်ပေါင်ကို သူ ပြုစုပေးတာ ...
သတင်းစာ ဝယ်ပေးတာလဲ သူဘဲ ... ဒီကို လာချင်တယ် ပြောလို့ အလိုလိုက်ပြီး ခေါ်လာတာလဲ သူဘဲ။
တုံတုံက အဲ့ဒီအဖြစ်အပျက်ကြောင့် ရည်းစားတောင် မထားတော့ဘူးရယ် ... သူ တအား အပြစ်ရှ်ိသလို ခံစားနေရတာ ... ။
ဒါပေမဲ့ ဝမ်ပေါင်ကို မသိစေချင်ဘူး ။
" ဘယ်ကသာ ... ငါ ပျင်းလို့
ဒီအတိုင်း မင်း နောက်လိုက်နေတာ ..."
" လုပ်မနေစမ်းပါနဲ့ တုံတုံရာ
ဒါဆို မင်း ဘာလို့ ရည်းစားမထားတော့တာလဲ "
" ငါ စိတ်မပါလို့ပေါ့ ... "
ဝမ်ရိပေါ်က ခေါင်းခါလိုက်တယ် ။
" ဒါဆိုရင်တော့ မဖြစ်ဘူး ...
ငါနဲ့ ကျန့်ကော မြန်မြန်လေး ပြန်အဆင်ပြေမှ ..."
" ဘာဆိုင်လဲ ... "
" အေးလေ ... အဲ့မှ မင်းရှေ့မှာ
ငါတို့ ချစ်ကြည်နူးပြပြီး မင်းကို နှိမ်လို့ရမှာ ... "
" သူငယ်ချင်းကောင်းဘဲ ... "
" အေး ...
သူငယ်ချင်းကောင်းဆိုတာ အဲ့တာဘဲ"
ဝမ်ရိပေါ်က ခုတင်ပေါ် မှီချလိုက်တယ် ။
" ဗိုက်ဆာပြီ ... ကျန့်ကော ဘာလုပ်ထားသလဲ မသိဘူး ... သွားကြည့်လိုက်ဦးမယ် "
" ငါ မင်း ကြိုက်တဲ့ ပေါင်မုန့်တွေ ယူလာတယ်လေ "
" ဟင့်အင်း ...
ကျန့်ကော လုပ်ထားတာဘဲ စားမှာ"
ရိပေါ်က ခုတင်ပေါ်က ဆင်းလိုက်တယ် ။
" အာ့ !"
လက်ထောက်မိသွားတာနဲ့ နာသွားတာ ဆစ်ခနဲ့ ...
" သွေးထွက်နေပြီ ... ငါ ပတ်တီး လဲပေးမယ် "
ရိပေါ် ခေါင်းခါလိုက်တယ် ။
" ဟင့်အင်း ... ကျန့်ကော လဲပေးလိမ့်မယ် "
" ဝမ်ပေါင် !
ငါ မင်းကို ပြုစုထားတာ တစ်နှစ်ကျော်နော် ... "
" အခုကစ ကျန့်ကော ပြုစုပေးတော့မှာ ... "
" မင်းတော့ တစ်ပွဲနွဲချင်နေပြီ "
" ကျန့်ကောက ငါပင်ပန်းမှာ မကြိုက်လောက်ဘူး "
" မရဘူး ... ချမယ် ဝမ်ပေါင် ... မင်းနဲ့ငါချမယ်"
" ဟင့်အင်း ... ပျင်းတယ် ...
အဲ့ဒီအစား ကျန့်ကောနားမှာဘဲ သွားကပ်နေမယ်"
" ဘိုင့် တုံတုံ "
ဝမ်ရိပေါ် အခန်းထဲက ပြောင်ပြပြီး ထွက်သွားတယ်။
တုံတုံတော့ စိတ်တိုစွာ ကျန်ခဲ့လျက် ... ။
_______________________________________________________________________________________♡
Aini ❤💚
39
" ဟတ္ခ်ိဳး !"
" တကယ်ဘဲ နားငြီးလာပြီ "
" ... "
" ခွံ့ "
" ... "
" မဟုတ်ရင် မစားဘူး "
.
.
.
" ကောင်းပြီ ... ခွံ့မယ် "
အဲ့တော့မှ လှည့်လာတယ် ။
.
.
.
" ပူတယ် ... မှုတ်ပေးဦး "
" အသားဖတ် ထပ်ထည့်ပေး ..."
" နောက်တစ်ဇွန်း ... "
" ဘယ်ဝမလဲဗျာ ... ထပ်ထည့် "
အိပ်ခန်းထဲမယ် ...
" ဆေးသောက်ရမယ် "
" ဟင့်အင်း ... မသောက်ဘူး "
" အေးတယ် ... မအိပ်နိုင်ဘူး ...
" အိပ်ပေးမယ် ... အတူတူ "
မကြည်သလို မျက်နှာကြောင့် ...
" တော်ပါ ...
" ဘာလုပ်တာလဲ ? "
" ဆေးသောက်တော့ ... "
" လာ ... အိပ်မယ် "
" အင့် !"
" ... "
" ရပြီလား ... "
" ကျစ် ! နားငြီးတယ်ဗျာ ...
" ဘာဖြစ်ပြန်ပြီလဲ ... "
" ဝမ်ရိပေါ် "
" အိပ်တော့ ကျန့်ကော ... မွ "
" ဒါ ... "
* ခင်ဗျားကို လက်လွတ်လိုက်ရင် ဒီတစ်သက် ကျွန်တော် သိပ် နောင်တရသွားမယ်လို့ ခံစားနေရတယ်*
* ဒီအတိုင်း ခင်ဗျားကို အဆုံးရှုံး မခံနိုင်ဘူး *
.
.
.
မကြာခင်မှာဘဲ
" အိပ်တော့ ... ရိပေါ် "
" အွန်း "
.
.
.
.
.
.
ဒါပေမဲ့ ရုတ်တရက် ...
ဒါက မဖြစ်နိုင်ပါဘူး ။
မဖြစ်နိုင်ပါဘူး ... ။
ရံဖန်ရံခါ အကြောင်းတိုက်ဆိုင်လို့ သတိရမိတာကလွဲရင် အားလုံး ပုံမှန် ဖြစ်နေမှာ ... ။
ဒါက သူ့ရဲ့ အစီအစဉ်ဘဲ ... ။
.
.
.
ဟုတ်တယ် ။
.
.
.
* မင်း ချစ်တဲ့ မင်းကိုကိုက မင်းကို ပြန်မချစ်ဘူးဆိုရင်တောင် ... ရှေ့ဆက် မင်း တကယ် ချစ်တဲ့ လူနဲ့ ဆုံရပါစေ *
.
.
.
မကြာခင်မှာဘဲ ...
* သူ ချစ်သေးလားတဲ့ *
နားမလည်ပါဘူးတဲ့ ... ။
.
.
.
သူလဲဘဲ ခေါင်းခါပြတယ် ။
ဒါကလဲ မသေချာပါဘူး ။
.
.
.
ဘာဘဲဖြစ်ဖြစ် ...
* ရေစက်ပါရင် ...
___________
__________♡
"ခွင့်မလွတ်ဘူး "
" ဟွား ... ကိုယ် မှားပါတယ်
" တော် ... ချန်ကွေ့ "
" တကယ် ဘာမှကို မရတာ ... "
" ဟွား ... ကိုယ် ... "
ကြည့်နေပေမဲ့ ..
" အဟမ်း ...!"
" ဘယ်သူ ? ဝမ်အာကလား ?"
" ကောင်းတယ် .."
___________
__________♡
နောက်တစ်နေ့ မနက် ...
" တကယ် မင်း မယုံဘူးဘဲ ... "
" တုံတုံ ... မင်း သိလား ... "
" ပြောလေ ... ဝမ်ပေါင် "
" ... "
" ... "
.
.
.
" အဲ့တာကလဲ ချစ်တာဘဲလေ ... "
" ... "
" ဘာဘဲ ဖြစ်ဖြစ် ....
" ဘာကိုလဲ ?"
" အာ ... "
အဲ့ဒီည ...
ဘယ်သူ သိမလဲ ? ...
တုံတုံက အဲ့ဒီအဖြစ်အပျက်ကြောင့် ရည်းစားတောင် မထားတော့ဘူးရယ် ... သူ တအား အပြစ်ရှိသလို ခံစားနေရတာ ... ။
" ဘယ်ကသာ ... ငါ ပျင်းလို့
" ငါ စိတ်မပါလို့ပေါ့ ... "
" ဘာဆိုင်လဲ ... "
" သူငယ်ချင်းကောင်းဘဲ ... "
" အေး ...
" ဟင့်အင်း ...
" အာ့ !"
" ဝမ်ပေါင် !
" ဟင့်အင်း ... ပျင်းတယ် ...
" ဘိုင့် တုံတုံ "
_______________________________________________________________________________________♡
Aini ❤💚