အမုန်းအမည်မတွင်သော အချစ်
အပိုင်း - ၂၉
ထမင်းစားခန်းတွင် ဇွန်းသံ ခွက်သံတို့သာ ကြီးစိုးပြီး ကျန်တာ တိတ်ဆိတ်လို့။ ထို တိတ်ဆိတ်ခြင်းက်ို လင်းသစ် က ဖြိုခွဲ လိုက်သည်
*ဖေဖေ*
*ပြောလေ သား*
*ဖေဖေ နဲ့ မေမေ က ဘယ်လိုတွေ့ပြီး ချစ်ခဲ့ ကြတာလဲ။*
မေးခွန်းအဆုံး ဦးတော်၀င်ထမင်းစားခြင်းကို ရပ်လိုက်သည်။ ဒေါ်ခင်ဥမ္မာ လဲ ဦးတော်၀င်ကို လှမ်းကြည့် လင်းသစ်ကတော့ အေးအေးဆေးဆေး ထမင်းစားမပျက်
်*သားက ဘာလို့မေးတာလဲ*
*သားသိချင်လို့ပါ ဖေဖေရာ ဘာလဲ ဖေဖေ က မပြောပြချင်ဘူးလား*
*အဲ့လို မဟုတ်ပါဘူး သားရယ်။ သားမေမေ ကို ဖေဖေ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ စတွေ့ခဲ့တာ။*
အမှန်တော့ စတွေ့ခဲ့တာ ဦးတော်၀င်နဲ့ ဒေါ်နန်းခင်မှုံ တို့ရဲ့ မင်္ဂလာပွဲမှာ။ သားဖြစ်သူ ဘာလို့ ရုတ်တရက်ထမေးလဲ ဆိုတာ မသိပေမယ့် လိမ်ပြီးဖြေလိုက်သည်။
*ဒါဆို ဖေဖေ က မေမေ့ကို အရင်စတွေ့ပြီး ချစ်ခဲ့တာပါ။*
*သားလင်းသစ် ဘာတွေ လျှောက်မေးနေတာ။ တကယ်ဘဲ စားစရာရှိတာစား*
ဒေါ်ခင်ဥမ္မာ စကားဝိုင်းထဲ ၀င်ပြောမှ လင်းသစ် ရပ်သွားတော့သည်။ ဦးတော်၀င် ကို လှမ်းကြည့်တော့ မျက်စိမျက်နှာပျက်လို့။ ရင်ထဲ စိုးထိတ်သွားတာက သားများ တစ်ခုခု သိသွားပြီလားလို့ အကဲ ခတ်လိုက်တော့ အေးဆေးဘဲ။
*ဖေဖေ စားလို့ ဝြပီ အော် သားသူရိန် ပြီးရင် စာကြည့်ခန်းထဲ ခနလောက်*
*ဟုတ် ဖေဖေ*
ဦးတော်၀င် ပြောပြီတာနဲ့ ထမင်းစားပွဲကနေ ထွက်သွားသည်။ လင်းသစ် ကတော့ ပန်းကန်ထဲက ကြက်သားတုံးကို ခက်ရင်းနဲ့ ထိုးဆွ နေသည်။
💐 ဖေဖေ ညာတယ်။💐
အားလုံး စားသောက်ပြီးတော့ လင်းသစ် က အပေါ်ထပ်တတ်သွားသည်။ သူရိန် ကတော့ စာကြည့်ခန်းထဲ ၀င်ခဲ့သည်။
ဒေါက် ဒေါက်
*၀င်ခဲ့*
*ဖေဖေ*
*လာ သားထိုင်*
သူရိန်လဲ ဖေဖေ ရှေ့က ထိုင်ခုံမှာ ထိုင်လိုက်ပြီး ဖေဖေ ပြောလာမဲ့ စကားကို နားစွင့်နေလိုက်သည်။
*သားသူရိန္ *
*ဟုတ်ပြောပါ ဖေဖေ*
*သားလင်းသစ် သိနေတာတော့ မဟုတ်လောက်ပါဘူးနော်။*
*မသိလောက်ပါဘူး ဖေဖေရယ်။ ဒါပေမယ့့် ခန က ဖေဖေ့ အခန်းထဲက ထွက်လာပြီးကတည်းက လင်းသစ် ပုံစံ တစ်မျိုးဖြစ်နေတယ်။*
*ဓာတ်ပုံ များတွေ့သွားတာလား။*
*ဘာပုံလဲ ဖေဖေ*
*အရင်က နန်းတို့နဲ့ ရိုက်ထားတဲ့ မိသားစု ပုံလေ။ သား ကို ဖေဖေ တောင်းဆိုစရာ ရှိတယ်။*
*ဟုတ် ပြောပါ ဖေဖေ။*
*တစ်နေ့နေ့မှာ သားလင်းသစ် အကြောင်းစုံ သိသွားရင် လင်းသစ် အနားမှာ သားရှိနေပေးပါ။ အရင်ကလို သူ့ကို မထားခဲ့ ပါနဲ့။*
*စိတ်ချပါ ဖေဖေ သား အလင်းငယ် ကို ထပ်ပြီး အဆုံးရှုံး မခံတော့ပါဘူး။ ကျွန်တော့် အသက်စွန့်ပြီး အလင်းငယ်ကို ကာကွယ်ပေးသွားမှာပါ။*
*ကျေးဇူးပါသား။ တကယ်ကျေးဇူးပါ။*
*ရပါတယ် ဖေဖေ ရယ်။*
*ကဲ သားသွားနားတော့လေ။ ပင်ပန်းလာရောပေါ့*
*ဟုတ်ဖေဖေ ကောင်းသော ညပါ။*
သူရိန် လည်း ဦးတော်၀င်ကို နှုတ်ဆက်ပြီး အပေါ်ထပ်တတ်ခဲ့သည်။ အခန်းထဲ ရောက်တော့ အလင်းငယ်မရှိ။ ၀ရံတာဘက်ထွက်ကြည့်တော့လဲ မတွေ့
*ဘယ်ရောက်နေတာလဲ*
အခန်းထဲ ပြန်၀င်လာပြီး စဉ်းစားခန်းဖွင့်နေတုန်း ရေချိုးခန်းထဲ က ထွက်လာတဲ့ ကလေး။ ကျွန်တော့်ကို မြင်တော့ လန့်သွားပြီး လက်နှစ်ဖက်ကို အနောက်ပစ်လိုက်တော့
*ကလေး လက်ထဲက ဘာလဲ*
*ဘာ...ဘာမှ မဟုတ်ဘူး ဟီး*
ပြောလဲ ပြော ဘောင်းဘီ အိတ်ကပ်ထဲကို ထည့်လိုက်တဲ့ အရာ။ တစ်စွန်းတစ်စ မြင်လိုက်တာက ဆီးစစ်တံ နဲ့ တူတဲ့ အရာ။ မဟုတ်မှ
ကျွန်တော် သူ့အနားကို သွားလိုက်ပြီး
*ငယ် ခနက ဘာလဲ။ ကိုယ်ကို ပြ။*
*ဘာ ဘာမှ မဟုတ်ဘူး။*
ကျွန်တော် အလိုမကျသလို ကြည့်လိုက်တော့
*အာ့ ကိုကို ဗိုက် ဗိုက်နာလို့ အိမ်သာ တတ်လိုက်အုံးမယ်။*
လူလည်ကျပြီး အိမ်သာထဲ တစ်ချိုးတည်း ပြေး၀င်သွားတဲ့ကလေး။ ကျွန်တော် ပျော်ရမယ်မဟုတ်လား။
*ဟူး တော်ပါသေးတယ်။ ကိုကို မျက်စိလျင်ချက်။*
ဘောင်းဘီအိတ်ကပ်ထဲက ဆီးစစ်တံလေးကို ထုတ်ကြည့်ပြီး ပြုံးလိုက်သည်။
*မသေချာသေးလို့ပါ ကိုကိုရာ။ သေချာလဲ မပြောသေးဘူး ကိုကို့ မွေးနေ့ကျမှ ပြောမယ်။မနက်ဖြန် ပြင်ဦးလွင်မသွားခင် ဆေးရုံမှာ သွားစစ်ရမယ်။*
ပလတ်စတစ်အိတ်အကြည်လေးနဲ့ သေချာ ထုပ်ပိုးပြီး ရေချိုးခန်းတခါးလေးကို အသာဖွင့် ဟိုကြည့် ဒီကြည့် လုပ် ကိုကို မရှိမှန်းသိတော့မှ ထွက်ခဲ့ ပြီး အလုပ်အိတ်ထဲ ပြေးထည့်လိုက်သည်။ ဟန်မပျက် ကုတင်ပေါ်မှာ ထိုင် Lattop ဖွင့်ပြီး Game ထိုင်ဆော့နေလိုက်သည်။ ခနနေတော့ ကိုကို က နွားနို့ခွက်နဲ့ အခန်းထဲ ၀င်လာခဲ့သည်။
*ကလေး ရော့ နွားနို့*
*ဟုတ် ကိုကို ကျေးဇူးပါ။ဒါနဲ့ သမီး အိပ်သွားပြီလား။*
*Omm သူ့အခန်းထဲမှာ အိပ်နေပြီ။*
သူရ်ိန် နွားနို့သောက်နေတဲ့ ကလေးကို ကြည့်ပြီး စိတ်ထဲ မေးကြည့်ရင် ကောင်းမလား မမေးရင် ကောင်းမလား ဝေခွဲရခက်နေသည်။ နောက်မှ ကလေးကိုယ်တိုင်ပြောမှ နားထောင်တော့မယ် ဆိုပြီး ဆုံးဖြတ်ခဲ့သည်။
*ကိုကို!!!*
*အမ် ပြောလေ ငယ်။*
*ဘာတွေ တွေးနေတာလဲ ကလေးခေါ်နေတာ ကြာပြီ ကို*
*ဘာမှ မတွေးပါဘူး။ ကလေး မအိပ်သေးဘူးလား။မနက် ခရီးသွားရမှာကို။*
*မနက်၊ ညနေမှ မဟုတ်ဘူးလား။ သွားပါပြီ*
*ဘာဖြစ်လို့လဲ ကလေးရဲ့*
*ဟို မနက်ဖြန် မမသော်တာ ၀တ်စုံ လာယူမှာလေ။ ပြီးတော့ ရာ က အခုရက်ပိုင်း စိတ်နဲ့ ကိုယ် မကပ်ဘူး ဖြစ်နေတယ်။*
*ဘယ်အချိန် လာယူမှာလဲ*
*အမ် ၉ နာရီ ဒါမှမဟုတ် ၁၀ နာရီလောက်ဖြစ်မယ်ထင်တယ်*
*အွန်း အွန်း အာ့ဆို နေ့လည်စာ စားပြီးမှ သွားကြတာပေါ့ နော်။ ကဲ ကလေးအိပ်တော့။ လာ ကိုကို့ ရင်ခွင်ထဲ။*
*ဟုတ်။ ကိုကို ရဲ့ ရင်ခွင်က နွေးနေတာဘဲ အဟိ*
*နွေးရင် တစ်သက်လုံး ကိုကို့ ရင်ခွင်ထဲမှာဘဲနေ။*
*အွန်း ကိုကို အရမ်းချစ်တယ်။ ကျေးဇူးလဲ တင်တယ် အလင်းကို အရင်ကလို ချစ်နေပေးလို့။*
*ကိုကို လဲ အရမ်းချစ်တယ်။ ကိုကို့ကို ပြန်ချစ်ပေးတဲ့ အတွက် ကိုယ် လည်း ကျေးဇူးတင်တယ်။*
ရင်ခွင်ထဲက ကလေးကို ငုံ့ကြည့်ပြီး ပြောလိုက်တော့ ကိုယ့်ကို မော့ကြည့်လာတဲ့ ကလေး။ ညအိပ်ပြီးရောင် ခပ်ဖျော့ဖျော့အောက်မှာ ၀င်းမွတ်နေတဲ့ ကလေးမျက်နှာလေး။ နှုတ်ခမ်းသားလေးတွေ ပန်းသွေးရောင်ကြွလို့။ သူ့ကို လာနမ်းလှည့်ပါလို့ ခေါ်နေသလို။ ကလေး နှုတ်ခမ်းကို ကြည့်ပြီး ရေဆာလာသလိုလို။ ကျွန်တော် ကြည့်နေတုန်း ပူနွေးစိုစွတ်သွားတဲ့ နှုတ်ခမ်းသားလေး။
ဒါပထမဆုံး ကလေးဘက်က စနမ်းတဲ့ အနမ်းတစ်ပွင့်။ နမ်းရတာ အားမရတဲ့ အတွက် ကလေးကို ပတ်လက်လှန်လိုက်ပြီး အပေါ်ကနေ အုပ်မိုးပြီး အနမ်းကို ရှေ့ဆက်ခဲ့သည်။
*Uhħhhmmmm*
*ကလေး ကိုကို့ကို ခွင့်ပြုနော်*
*Omm ဖြေးဖြေးနော် ကိုကို*
ကလေးဆီက ခွင့်ပြုချက်ရတာနဲ့ အနမ်းတွေကို ရှေ့ဆက်ပြီး လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့သည်။ အခန်းထဲတွင် သာယာချိုမြိန်သော ညီးညူသံ တို့ဖြင့် ပြည့်နှက်လျက်။ ထိုညက အပြာရောင်အချစ်ညလေးကို နှစ်ယောက်သားတတ်လှမ်းခဲ့သည်။
::::::::::::::::::::::::::::::::::::::::::::
Next >>>>>>>
*ဘာ!!!!လင်းသစ် တကယ်လား*
*ဒီ..ဒီဆွဲကြိုး မင်း ဘာကရတာလဲ။*
*ငါနဲ့ အိမ်စည် မင်္ဂလာဆောင်တော့မယ်။*
*ကိုကိုပျော်မယ်ဆို ပိစိလဲ ပျော်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် ကိုကို။ မမအိမ်စည်ကိုလည်း ပြောပေးပါနော် Congratulation ပါလို့။*
*ရာ နင်တကယ်ဘဲ ပြန်တော့မှာလား*
*အွန်း ငါကြောင့် မ နဲ့ သူမိဘတွေ အဆင်မပြေ ဖြစ်နေတာကို ငါမကြည့်ရက်တော့ဘူး။*
*ရာ မင်း စိတ်ထဲမှာ မြဲ မြဲ မှတ်ထားပေး။ မ ချစ်တာ မင်း တစ်ယောက်တည်း။*
😁😁😁😁 ချောင်းမရိုက်ရ😁😁😁😁