Seventeen - One Shot

Autorstwa Ciusyeol

2K 121 5

WiΔ™cej

π˜“π˜¦π˜’π˜― π˜–π˜― 𝘜 - π˜”π˜ͺ𝘯𝘞𝘰𝘰 (𝘑𝘒𝘸)
I am belonged to U - CheolHan (Uni )
π˜›π˜³π˜’π˜¨π˜ͺ𝘀𝘒𝘭 (π˜”π˜ͺ𝘯𝘞𝘰𝘯)

π˜“π˜¦π˜’π˜― π˜–π˜― 𝘜 - π˜”π˜ͺ𝘯𝘞𝘰𝘰 (Uni)

845 41 0
Autorstwa Ciusyeol

Jeon WonWooဆိုသော ကောင်လေးသည်
Visual and Performing Artsမှာသာမက
Uni တစ်ခုလုံးရဲ့ စီနီယာ ဂျူနီယာ
မမ ညီမလေးများရဲ့ Ideal Boyfriend ဖြစ်လေသည်

အေးတိအေးစက်နိုင်သော personality ကြောင့်သာမက စူးရှလှသော အကြည့်များကြောင့်
WonWooကို မိန်းကလေးများ သဘောကျကြသည်

WonWooကတော့ ဘယ်သူကိုမှ
စိတ်မဝင်စား ။
Kim Mingyuဆိုသော ကောင်လေး မပေါ်လာခင်ထိပေါ့

...................

"Mingyu.... Mingyu "

Omma ရဲ့အသံက ဒီလိုနေရာမျိုးတွေဆို
တကယ်ကျယ်တယ်

"ထတော့လေ ဒီနေ့ သား ကျောင်းတက်ရမဲ့
ပထမဆုံးနေ့လေ "

"Uniဆိုတာ နောက်ကျလည်းရတယ် Ommaရဲ့
5မိနစ်လောက်ဘဲ ပေးအိပ်ပါအုံး"

"Mingyu.. မင်းထမှာလား မထဘူးလား"

သေချာပါတယ် ဒါ Appaအသံဘဲ
ကျွန်တော် ခုမှ မထရင် အရိုက်များခံရမလား
မသိတာကြောင့် အိပ်ချင်မူးတူးနဲ့ထလိုက်ရတယ်

"ဒါလား တက္ကသိုလ်ကျောင်းသား
ပုံစံက ဆေးကြောင်နေတာလိုလိုနဲ့ "

"ရှင်ကလည်း ဘယ်လိုဖြစ်နေတာလဲ
အိပ်ယာထထချင်းဆိုတော့ ဒီလိုဘဲပေါ့ "

"မိန်းမ မင်းအဲ့လိုတွေ ကာပြော အလိုလိုက်နေလို့
သားက ကလေးဆန်နေတာ "

ဒါကတော့ ကျွန်တော်ရဲ့ မနက်ခင်းကြားရတဲ့
တေးသံသာလေးတွေပေါ့
နောက်တာပါဗျာ
ကျွန်တော်တို့ မိသားစုကိုကြည့်ပြီး အားမကျဘူးလား

"Omma..... "

Ommaရှေ့တွင် လက်လေးဖြန့်ပြီး ချွဲနေတဲ့ Mingyu

"မနေ့က ပေးထားပြီးပြီလေ ပိုက်ဆံကို ချွေချွေတာတာ သုံးပါအုံး "

"Ommaကလည်း မုန့်ဖို့းတောင်းနေတာမဟုတ်ဘူး
ကားသော့ ကားသော့ "

"Ommaဆီမှာ ဘာကားသော့မှ မရှိဘူး "

"Ommaကလည်း သားကို မချစ်ဘူးလား "

စကားတတ်လွန်းတဲ့ သားလေးကြောင့်
Ommaမှာ ကားသော့ကို လက်ထဲထည့်ပေးလိုက်ရတယ်

..........................

Uniကို တစ်ယောက်တည်းမသွားချင်တာနဲ့
ချစ်ရသော သူငယ်ချင်း DK နဲ့ Seungkwanကို
ဝင်ခေါ်ပြီးမှ သွားဖို့ ဆုံးဖြတ်လိုက်တယ်
ကားအသစ်လေးကိုလည်း ကြွားရင်းနဲ့ပေါ့

"အားလုံးဘဲ မဂ်လာပါ
Visual and Performing Artsကို joinခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံးပြောချင်ပါတယ်
Final Yearကအကိုတွေမလာနိုင်လို့
အကိုတို့က သူတို့အစားဝင်လာတာပါ "

"အကိုနာမည်က Jun
အကိုဘေးက နာမည်က WonWoo "

စီနီယာတွေအနေနဲ့ လိုအပ်တာကို မှာကြားပြီး
ပြောနေပင်မဲ့ Mingyuဆိုတဲ့
သူကတော့ WonWooဆိုတဲ့ကောင်လေးဆီကိုဘဲ
ကြည့်နေတယ်

"တခြား သိချင်တာရှိရင် မေးလို့ရပါတယ် "

Mingyu လက်မြှောက်လိုက်ပြီး

"အကိုဖုန်းနံပါတ် "

"အကိုဖုန်းနံပါတ်..... "

"တခြားမထင်ပါနဲ့ လိုအပ်တာ သိချင်တာရှိရင်
မေးဖို့ပါ "

Junတစ်ယောက် သူရဲ့ Ph Numကိုပေးလိုက်ပင်မဲ့

"WonWoo Hygရဲ့ နံပါတ်ကောပေးပါလား"
သူရဲ့တောင်းဆိုမှု တစ်တန်းလုံးက
အံ့ဩသင့်နေခဲ့တယ်
ဘာဘဲဖြစ်ဖြစ် သူ ဖုန်းနံပါတ်ရခဲ့ပြီလေ

.....................

လိုချင်တာ ရအောင်ယူတတ်တဲ့ Mingyuက
ဖုန်းနံပါတ်ရရုံနဲ့ ရပ်လိုက်မယ်ထင်နေလား
သူလုပ်စရာရှိတာကိုတော့ ဆက်လုပ်မှာပေါ့

"မြင်မြင်ချင်းအချစ်ဆိုတာ ဒါဘဲဖြစ်မယ် "

"တော်စမ်းပါ Mingyuက
မင်းရည်းစားဟောင်းတွေတုန်းကလည်း ဒီလိုဘဲပြောခဲ့တာဘဲ "

"မတူဘူး လုံးဝမတူဘဲ WonWoo Hygက ငါ့ typeကွ"

"မင်းက ဒီUniတစ်ခုလုံးနဲ့ ပြိုင်လုမလို့လား"

"လုစရာမလိုပါဘူး Hygက ငါ့အပိုင်ဖြစ်မယ်ဆိုတာသိလို့လေ

Kim Mingyuရဲ့ အားထုတ်မှုကြောင့်လိုဘဲပြောရမလား စာသင်နှစ် တစ်ဝက်လောက်ရောက်တော့
သူနဲ့ WonWoo Hygတို့ တော်တော်လေး ခင်မင်နေကြပြီ

"Mingyu စာမေးပွဲက နီးနေပြီ
စာလုပ်ဖို့ စိတ်ကူးမရှိဘူးလား"

"ကျွန်တော် နားမလည်တဲ့ဟာတွေ Hygကို
ရှင်းပြခိုင်းနေတာကို မရှင်းပြဘဲနဲ့ "

"အဲ့တော့ ငါ့အပြစ်ပေါ့ "

"အွမ်း နောက်ထပ်အပြစ်ရှိသေးတယ်
ကျွန်တော် နှလုံးသားကို နာကျင်အောင်လုပ်တဲ့အပြစ် "

"ပေါက်တတ်ကရတွေ ပြောမယ်ဆို လစ်လိုက်တော့"

Hygကို ကျွန်တော်စိတ်ဝင်စားတယ်ဆိုတဲ့
အကြောင်း အခွင့်ရှိတဲ့ပြပင်မဲ့ Hygက
ပေါက်တတ်ကရတွေပြောတယ်ဘဲထင်နေတာ
ဘယ်လိုလုပ်ရမလဲ

ဘာဘဲဖြစ်ဖြစ်လေ ခုလိုအခြေနေထိ ခင်ခွင့်ရတယ်ဆိုကတည်းက တော်တော်ကံကောင်းနေပြီဘဲ

************
WonWoo's POV

မနက်ခင်း မိုးလင်းတာနဲ့ message ဝင်လာတော့
ဘယ်သူလဲသိစရာမလိုတော့ဘူး

Mingyuလေ ကျွန်တော်ရဲ့ခွေးပေါက်လေး

ညဆိုလည်း သူရဲ့ messageဘဲ

သူ ကျွန်တော်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ကျွန်တော်သိတယ် ကျွန်တော်လည်း သူကို
စိတ်ဝင်စားတယ်
ဒါပင်မဲ့လည်း ဒီလိုအခြေနေလေးက
ပိုကောင်းတယ်မလား

ကျွန်တော်ခွေးပေါက်လေးနဲ့တူတူရှိတဲ့အချိန်တိုင်း
သူ flirtနေတာကို မသိဘဲနေနေရတာ
လွယ်တယ်ထင်နေလား လုံးဝဘဲ

"Hyg....Good Morning
ညက ကောင်းကောင်းအိပ်ပျော်လား "

"အွမ်း......"
"ကျွန်တော်ကိုရော အိမ်မက် မမက်ဘူးလား"
"သေလိုက်လေ Mingyu မင်းကို ဘာလို့မက်ရမှာလဲ"
"မသေချင်သေးပါဘူးဗျာ ကျောင်းရောက်ရင်
ကျွန်တော်ပြောစရာရှိတယ်.... "

ကျွန်တော် ထင်တဲ့အတိုင်းပါဘဲ
သူ ကျွန်တော်ကို ဖွင့်ပြောခဲ့တယ်

"Hyg ကျွန်တော်တို့တွဲကြရအောင် "

"........."

"တွဲကြရအောင်လို့နော် နော် "
"အိုခေလေ တွဲကြမယ် "
"Hygကျွန်တော်ကို လက်ခံလိုက်တာလား
Yes.. Yes "

ခွေးပေါက်လေးရယ်အဲ့လောက်တောင်
ပျော်နေတယ်ပေါ့ ငါက မင်းထက်
ပိုပျော်တယ်သိလား

ကျွန်တော်က ချစ်တဲ့အကြောင်းကို
ဖွင့်မပြောတတ်တော့ သူ စိတ်ကုန်မှာလည်းဆိုးတယ် ဒါပင်မဲ့လည်း ခုထိတော့ အဆင်ပြေနေတုန်းဘဲ

........................
"Hyg ကျွန်တော်နဲ့ ဘုရားကျောင်းလိုက်မလား"

"မင်းက ဘုရားကျောင်းသွားတယ်
ဟိုနေ့က ခေါင်းကို ဘောလုံးမှန်သွားတာ နည်းနည်း
ပြင်းသွားတယ်ထင်တယ် "

"လိုက်ချင်နေတာကို မူမနေပါနဲ့ Hygရယ် "

_________________

"WonWoo ကျွန်တော်ဘာဆုတောင်းတာလဲဆိုတာ မသိချင်ဘူးလား "

"Mingyu...ဆုတောင်းတယ်ဆိုတာ ပြောပြရတဲ့အရာမျိုးမှ မဟုတ်တာကို"

"Hyungက အဲ့လိုတွေယုံတယ်ပေါ့ "
ကျွန်တော်ကတော့ မယုံလို့ပြောပြီ
Hygကို ကျန်းမာပြီးပျော်ရွှင်ဖို့ရယ်
ပြီးတော့ "

"ပြီးတော့..."

"ကျွန်တော်ကို အများကြီးပိုချစ်ပေးဖို့ရယ် "

"ငါမင်းကိုချစ်ဖို့ကို ဘုရားသခင်ဆီ
ဆုတောင်းတယ်ပေါ့ ဒီဆုတောင်းကရော
ပြည့်မယ်လို့ယုံတယ်ပေါ့ "

"ဘုရားသခင် မဖြည့်ဆည်းပေးရင်တောင်
ကျွန်တော်လို ချစ်ဖို့ကောင်းတဲ့ကောင်လေးကို
Hyungက မချစ်ဘဲနေနိုင်မှာမို့လို့လား"

"ဘာလို့ မနေနိုင်ရမှာလဲ "

"လူလိမ်....."

အဲ့လောက် ချစ်ဖို့ကောင်းတဲ့ ခွေးပေါက်လေးကို
ဆွဲနမ်းလိုက်တယ်

"Hyg ကျွန်တော်ကို နမ်းလိုက်တာလား "

"အင်း...ကိုယ့်ခွေးပေါက်လေးကို အရမ်းချစ်လို့
နမ်းလိုက်တာ ဘာဖြစ်လဲ "

"ကျွန်တော်လည်း Hyungကို အရမ်းချစ်တယ်သိလား ကမ္ဘာပေါ်မှာအချစ်ဆုံးဘဲ "

********************

Czytaj Dalej

To TeΕΌ Polubisz

245K 9.3K 35
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
350K 20.2K 40
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
736K 47.3K 41
(#1 Unwanted Series) ||Arranged Marriage Romance|| "Open it." She said in her commanding tone, as my hand made towards her π’Œπ’‚π’Žπ’‚π’“π’ƒπ’‚π’π’… to ope...