๐— ๐˜† ๐—ฃ๐—ฒ๐—ฟ๐—ณ๐—ฒ๐—ฐ๐˜ ๐—”๐—น๐—ฝ๐—ต๏ฟฝ...
By Iris-Hobaring
71.6K 5.4K 1.2K
๐‘ป๐’๐’‘ โžช ๐‘ป๐’‚๐’†๐’‰๐’š๐’–๐’๐’ˆ ๐‘ฉ๐’๐’•๐’•๐’๐’Ž โžช ๐‘ฑ๐’–๐’๐’ˆ๐’Œ๐’๐’๐’Œ ๐‘จ๐’๐’‘๐’‰๐’‚ & ๐‘ถ๐’Ž๐’†๐’ˆ๐’‚ ๐’•๐’š๐’‘๐’† More
ยซ 1 ยป
ยซ 3 ยป
ยซ 4 ยป
ยซ 5 ยป
ยซ 6 ยป
ยซ 7 ยป
ยซ 8 ยป
ยซ 9 ยป
ยซ 10 ยป
ยซ 11 ยป
ยซ 12 ยป
ยซ 13 ยป
ยซ 14 ยป
ยซ 15 ยป
ยซ 16 ยป
ยซ 17 ยป [ ๐—™๐—œ๐—ก๐—”๐—Ÿ]
EXTRA 1
EXTRA 2
ยซ 2 ยป
4.7K 385 72
By Iris-Hobaring
Unicode
Note :
True blood Omegaကလေ Dominated Omega
လိုဘဲ သိကြတယ်မလားဟင် Strong ဖြစ်တဲ့Omegaမျိုးပါနော် ဂလူဂလူး
မှာကရှာတည်းTBOလိုဘဲရှိမိတော့အဲ့လိုဘဲ
ရေးလိုက်တာပါ တစ်ချို့ကTBAဘဲသိတယ်
TBOကိုမရှိဘူးလို့တောင်ထင်ကြတာဟုတ်TBOကတစ်ကယ်ရှိတယ် ဒါပေမယ့်ရှားပါ တယ်100မှာတစ်ယောက်လောက်ဘဲပါနိုင်တာမို့ပါ ပြီးတော့Omegaဆိုလှပြီးအားနည်းတဲ့omega
ဘဲမြင်ကြတာလေ အခု Jungkookကိုကြ
အဲ့လို weak typeနဲ့ရေးလို့ အဆင်ပြေ
မယ်မထင်လို့ ဒီလိုTBOအဖြစ်နဲ့ရေးပေးတာပါ
တစ်ကယ်လိုအမြင်မတူရင်လည်းမဖတ်
ဘဲနေလို့ရပါတယ် စိတ်ကူးယဉ်ဇာတ်လမ်း
တစ်ပုဒ်မို့ စည်းတွေဘောင်တွေတိကျစွာ
ရေးမယ်လို့မဆုံးဖြတ်ထားပါဘူး အချက်တွေ
အားလုံးတူအောင်နီးပါထိတော့ရေးပါမယ်
စိတ်ကူးယဉ်ရေးထားတာ‌ေလးကို
‌ဇာတ်လမ်းပုံစံအရ ဇာတ်မအိမ်ခိုင်တာ
ဘာညာ ဝေဖန်တာကိုမပြောလိုပေမယ့်
စိတ်ကူးစိတ်သန်းအရ TBOကတစ်ကယ်
မရှိလည်း ကိုယ်ထွင်လို့ရတာဘဲလေ အသစ်
ဆန်လေးဖြစ်အောင် မျိုးစိတ်တီထွင်မှု
တစ်ခုကိုကြံဖန်ရေးနိုင်ဖို့က အများကြီးတွေး
ရတာမို့ ဝေဖန်သလိုမျိုးနဲ့ကဲ့ရဲ့တာတော့
မလိုချင်ပါဘူး ရှင့်အမြင်မတူရင်ကျော်ပေးပါနော်🥺
UNICODE
"ဘယ်လို! အကျဉ်းချုံးဘဲစီစဉ်မယ် ဟုတ်လား"
Mrs. Kimရဲ့အံ့ဩတစ်ဝက်ဒေါသသံတစ်ဝက်
ရောနေသေလေသံသည် အခန်းထဲ၌ဟိန်းထွက်
သွားသည်။ ဒါတောင်Mr. Kimကတော့
အေးဆေးသာထိုင်၍ လုပ်စရာရှိတာလုပ်ရင်း
" ဟုတ်တယ်... မင်းသားကိုလက်ထပ်ပေးမှာက
ယောကျာ်းလေးတစ်ယောက်နော်... လူအများ
ကိုဖိတ်မယ်ဘဲထားဦး မီဒီယာတွေပါလာရင်
‌မကောင်းဘူး ...ဟန်ဆောင်းလုပ်ငန်းစုမို့လို့
ဒီမင်္ဂလာပွဲကိုမီဒီတွေလာကြမှာ တစ်ချို့က
ဒါမျိုးတွေမကြိုက်ကြတော့ တို့ရှယ်ယာရှင်
တွေကို ကလန့်ဖန် ထိုးရင် တို့တွေဘဲနစ်နာမှာ
အဲ့ဒါကြောင့် အကျဉ်းချုံးပြီးအဆင်ပြေတဲ့
ချိန်မှချပြကြတာပေါ့"
"ဒါပေမယ့်ဒီကလေးက နယ်ပယ်တစ်ခုမှာလည်း
သူ့နေရာနဲ့သူ ....နာမည်ရှိနေတဲ့လူလေ
ဒီလိုလုပ်တော့သူ့ကိုမလေးစားရာကြမှာပေါ့"
"ဒါကတော့သူကိုနားဝင်အောင်ပြောရမှာဘဲ
လက်မခံလည်းလက်ခံအောင် မင်းပြော ဒါပဲ! "
အခန်းထဲကထွက်သွားသည့် Mr. Kimကို
ကြည့်ကာကြိတ်မနိုင်ခဲမရဖြစ်ရင်းမကျေနပ်
ချင်တွေနဲ့ကျန်နေသော Mrs. Kimက
တော်တော်လေးဒေါသထွက်နေသည်။သူလုပ်ချင်
တာသာအမြဲသိတဲ့ ကင်မ်ချာယောင်း က
ဘယ်သောအခါမှ တစ်ပါးသူကိုအားနာရကောင်း
မှန်းမသိ။အခုတော့ အဆင်ပြေမယ်ကြံခါမှ
မျက်နှာပျက်စရာတွေထပ်ဖြစ်လာတော့မယ်။
....
ဒီနေ့တော့ အလုပ်ရှိတာကြောင့် ခပ်စောစော
ထကာပြင်ဆင်ပြီး မနက်စာကိုမြန်မြန်လေး
သွတ်ကာ ကိရိယာပစ္စည်း တစ်ပွေ့တစ်ပိုက်
နဲ့ ထွက်လာခဲ့တော့ ခြံထဲမှာအဝတ်လှန်းနေသော
Ommaကိုအသံပြုရင်း
" Ommaကျွန်တော်သွားပြီနော်...."
"ကောင်းကောင်းသွား မနက်စာစားပြီးပြီလား
ommaစားပွဲပေါ်မှာသားစားဖို့ပြင်ပေးထားတယ်လေ"
"စားပြီးomma"
ပစ္စည်းတွေကိုကားထဲထည့်ကာမောင်း
ထွက်လာခဲ့တော့သည်။အချိန်တစ်ခုကြာ
မောင်းလာပြီး ဟန်ဆောင်းလုပ်ငန်းစုရဲ့
လုပါငန်းခွဲဖြစ်တဲ့ Taehyungအပိုင်
ဟိုတယ်ဆီရောက်လာသည်။
ကားပါကင်ထိုးပြီး ပစ္စည်းတွေသယ်လာတော့
အပြေးလေးလာကူသည်ပေးတဲ့ ဒယ်ဆောင်း...၊
ဒယ်ဆောင်းကတော့သူ့ရဲ့လက်ထောက်
ဒယ်ဆောင်းအပါအဝင်အဖွဲ့သားအချို့ကတော့
ဗိသုကာ လိုရုပ်လုံးရုပ်ကြွဒီဇိုင်းတွေဆွဲရပြီး
သူနဲ့တစ်ချို့ကတော့ အလှဆေးပန်ချီဆွဲတာဖြစ်သည်။
"စီနီယာ... ဒီနေ့နောက်ကျနေတယ် CEO
တောင်ရောက်နေပြီ "
"ဟုတ်လား... ငါလဲစောစောထွက်လာတာဘဲ၊
လမ်းမှာကားတွေကကြပ်နေတာကို"
" အခု... ကျွန်တော်တို့အဖွဲ့သားတွေဘဲ
ပတ်ရမ်းခံနေရတာ၊ စီနီယာကပုံကြမ်းကို
ကျွန်တော်တို့ကိုမှမပြရသေးဘဲ...
CEOကိုအရင်ပေးလိုက်တော့...
သူက အခုစီနီယာပေးတဲ့ပုံကြမ်းတိုင်းပြင်မယ်
ပြောတာ ၊...ကျွန်တော်တို့မှာမရှိတော့
ဘယ်လိုဆွဲရမှာလဲ...၊အခု စီနီယာလာတဲ့ထိ
စောင့်နေရတာ ဟိုဘက်ဒီဇိုင်းဌာနမှာဖြစ်တဲ့
ပြဿနာက ကျွန်တော်တို့ပါ ပါကုန်ရော..."
ဒယ်ဆောင်းပြောမှသတိရသည်ဟုတ်သားဘဲ
မနေ့က ပုံကြမ်းမိတ္တူတွေပို့ပေးမယ်ဆိုပြီး
ဟိုလူကြီးနဲ့ကိစ္စကြောင့်မေ့သွားရတဲ့အဖြစ်
" ငါလည်း မေ့သွားတာ ဟီး...အခုတော့ပါပါ
တယ်...ဒီမှာ-..."
" လာပါ စီနီယာရယ် ... ပြီးမှကြည့်မယ်၊
အခုကျွန်တော်တို့အပြောခံထိနေမယ်
စီနီယာကိုတော့CEOကဘာမှပြောတာမဟုတ်ဘူး"
စကားစပျက်သွားကာ
လက်‌ဆွဲကာအတင်းခေါ်သွားတဲ့နောက်
Jungkookပါသွားသည်။ဒယ်ဆောင်းကတော့
သူနဲ့ Kimအကြောင်းအားလုံးနီးပါသိထားသူ
သူ့ထက်ငယ်တယ်ဆိုပေမယ့်လည်း တိုင်ပင်
ဖော်တိုင်ပင်ဖက် ရင်ဖွင့် တဲ့အခါမျိုးဆိုလည်း
နာထောင်ပေးသည်။ အကြံဉာဏ်ကောင်းတွေ
ပေးတတ်တဲ့ သူငယ်ချင်မျိုးပါဘဲ
" သူမရှိတာနဲ့မင်းတို့ဘာမှမလုပ်တတ်တော့ဘူးလား
အခု ကုန်သွားတဲ့ အချိန်တွေက-"
"ကျွန်တော် ရောက်ပြီ ...နည်းနည်း
နောက်ကျသွားတယ်...
ပေါ့ဆမှုတွက်တောင်းပန်ပါတယ် "
အဖွဲ့သားတွေကိုဆူပူနေသောtaehyung
Jungkookအသံကြားမှ လှည့်ကြည့်လာသည်။
ဘယ်လောင်တောင်စိတ်ရှုပ်နေမလဲ အပေါ်ကကုတ်နဲ့
နက်ခ်တိုင် ချွတ်ထားကာ တွေ့ရာစားပွဲပေါ် ပုံထား
ပြီး အင်္ကျီလက်တွေကလည်း တ‌ံတောင်ထိခေါက်
ထားသည်။ သူ့ကိုလှည့်ကြည့်ရင်း ဘေးနားက
ဒယ်ဆောင်းကို မျက်မှောင်ကြီးကြုံ့ကြည့်ပြန်တော့
ထပ်ဆူနေမှာဆိူလို့ ပုံကြမ်းတွေဝေပေးခိုင်းကာ
အလုပ်စထားခိုင်းလိုက်သည်။
"ရော့...ဒါယူသွားပြီးဝေပေးလိုက် ဒယ်ဆောင်း"
"ဟုတ်ကဲ့"
ဒယ်ဆောင်းထွက်သွားသည်ထိ ဆူပုပ်စွာလိုက်ကြည့်
နေသည့် taehyungကိုကြည့်ကာရယ်
ချင်လာသည်။
" သူတို့ကိုမဆူပါတော့နဲ့ ....ကျွန်တော်မှ
ပုံကြမ်း‌မပေးခဲ့တာ သူတို့အလုပ်ဘယ်စရမလဲ
အဲ့တွက်တောင်းပန်ပါတယ် ...
အချိန်တွေလင့်ကုန်ပြီ "
" ထားလိုက်ပါ ... ငယ် ကတစ်ခါတစ်လေ
နောက်ကျတာဘဲ ဒီနေ့တော့အဲ့ဒါတွေလုပ်လို့
မဖြစ်ဖူး...တော်ကြာနေရင် မာမီ့ဆီသွားရမယ်၊
ငယ် ပါလိုက်ခဲ့ရမှာ သူတို့ကိုပြောစရာရှိတာပြောပြီး
ကိုယ့်ရုံးခန်းကိုလာခဲ့။ "
ပြောကာထွက်သွားတဲ့ Taehyungအင်္ကျီ
တွေတောင်ပြန်မယူသွား ခြေလှမ်းကျဲတွေနဲ့
ထွက်သွားခဲ့သည်။ သဘောကျရသောဤလူသား
ကစိတ်ဆိုးနေလည်းသူ့ကိုခေါ်နေကြ "ငယ်" ဆိုသော
နာမ်စားလေးက တော့လုံးဝပျောက်မသွားပေ။
"တော်တော် အဆင်ပြေတယ်နော်စီနီယာ"
"အင်း"
ကျောပြင်လေးပျောက်ကွယ်သွားသည်ထိတမေ့
တမောသူလိုက်ကြည့်နေမိသည်။ ဘေးကဒယ်ဆောင်း
ပြောတာကိုလည်း စိတ်ကထောက်ခံသည့်အတိုင်း
ပါးစပ်က ရုတ်တရက်လွှတ်ကနဲထွက်လာသည်။
" အချစ်ရေးလေးသာယာဖြောင်ဖြူးပါစေဗျာ "
" ဟာ...ဒီကောင်ကွာ...သွားတော့
အလုပ်စမယ် "
သူ့ကိုလိုက်စနေသောဒယ်ဆောင်းကိုဟန့်လိုက်
ပြီး တစ်နေ့လုံးလိုလိုသူအကြောင်းတွေးတာနဲ့
အာရုံတစ်ခုလုံးကိုလွမ်းမိုးနိုင်သောချစ်ရသူ
အကြောင်းကိုဆက်မတွေးတော့ဘဲ အဖွဲ့သားတွေ
စုဝေးကာသူဆွဲမယ့်အပိုင်းကလွဲလို့ ကျန်တာတွေကို
တာဝန်ကိုယ်စီခွဲပေးခဲ့သည်။
သေချာရှင်းပြပြီသည်နှင့်တာဝန်ကိုစီခွဲပေးကာ
Taehyungပြောသလိုသူ့ရုံးခန်းကိုလာခဲ့သည်။
Taehyungကျန်ခဲ့သော အင်္ကျီတွေကိုလည်း
သတိတရလေးယူသွားပေးခဲ့သည်။
ရုံးခန်းလေးဆီရောက်တော့ အလုပ်စားပွဲကို
ကျော်ပေးထိုင်ရင်းအုတ်အစား မှန်တွေကာထား
သော နံရံဘက်လှည့်ကာ ဖုန်းပြောနေသော
Kimကြောင့်မဝင်ဘဲစောင့်နေလိုက်သည်။
*ဒေါက် ဒေါက်*
"ဝင်ခဲ့မယ်နော်...Kim"
စကားသံလေးနဲ့တစ်ဆက်ထဲ သူဝင်လာတာနဲ့
Chocolate coffee လိုအနံ့ခပ်သင်းသင်း
လေးရလာသည်။ ခါးသက်သက်နဲ့ ခပ်သင်းသင်း
မွေးနေတဲ့ coffeeကိုသူမကြိုက်ပေမယ့်
ငယ့် ဆီကရတဲ့ကော်ဖီနဲ့သင်းသင်းလေးကိုတော့
သူသဘောကျပါတယ်။
ခေါင်းငြိမ့်ကာဝင်ခဲ့ဆိုသောအမူအယာပြ၍
သာနေပြီး နောက်တစ်နေရာကိုဖုန်းထပ်ဆက်
နေသည်။ ဒီဇိုင်းဌာနက အရှုပ်ကိုလိုက်ရှင်းနေရ
သည်လေ။ ဒီဇိုင်းအခိုးခံရလောက်အောင်ထိ
ပေါ့စလှသေဝန်ထမ်းတွေကြောင့် လက်တွဲလုပ်ကိုင်
နေသည့်Company ကိုဒီဇိုင်းတွေမပေးနိုင်တော့
တာကြောင့် အခုတော့ ရှယ်ယာပြန်ထုတ်မယ့်
အခြေမနေကိုအတင်း တောင်းပန်ကာသုံးရက်လောက်
စောင့်ပေးဖို့ပြောနေရသည်။
"ဟုတ်ကဲ့...စောင့်ပေးတာကိုဘဲကျေးဇူးတင်ပါတယ်
နောက်မဖြစ်စေရအောင် ကျွန်တော်ကိုယ်တိုင်
စစ်ဆေးပါ့မယ်.... "
စိတ်ရှည်အောင်မနည်းကြိုးစားကဒေါသကို
မျိုသိမ့်လျက် ညှိနှိုင်းနေသော Kim...
ကိုကြည့်ကာ အဆင်ပြေအောင်ဘာလုပ်ပေးရမလဲ
ဘဲတွေးနေမိသည်။
"ငယ်... ငယ်!"
"ဟမ်....အာ...Kim ကျွန်တော်မကြားမိလိုက်လို့"
လက်ထဲမှာသူ့အင်္ကျီကိုပွေ့ပိုက်ကာဆိုဖာ‌ေပါ်ငေးငိုင်
ကာထိုင်နေသည့် Jungkookကိုတစ်ခါခေါ်မကြား
နှစ်ခါခေါ်မကြားနဲ့ဘာတွေများအတွေးရောက်နေသည်
မသိပခုံးကိုပုတ်လိုက်မှ အသိဝင်လာသည်။
" ဒီမှာအင်္ကျီကျန်ခဲ့တယ်....Kim အန်တီ့
ဆီကိုအခုသွားတော့မို့လား "
" မသွားသေးပါဘူး ခနနေမှ..."
လက်ထဲကအင်္ကျီနဲ့နက်ခ်တိုင်ကိုယူကာခုံပေါ်လွှားထား
ရင်း နေရာမှာဝင်ထိုင်ကာအလုပ်ပြန်လုပ်နေတဲ့
Kim...သူ့ကိုလည်းအခုဂရုတောင်မစိုက်
ပြန်သွားရမလားဒီမှာဘဲနေရမလား
" ဒီမှာ အလုပ်မရှိရင်လေ ကျွန်တော် ပြန်သွား- "
" မသွားနဲ့ ဒီမှာဘဲနေ ...သူတို့ကိုလွှတ်ထားလိုက်
အဲ့တိုင်းငြိမ်ငြိမ်လေးထိုင်နေဟုတ်ပြီလား....
ကိုယ်အလုပ်ရှုပ်နေတယ် "
စိတ်မရှည်သလိုပြောပြီးသူ့အလုပ်သူလုပ်နေ
တဲ့သူကြောင့် ထပ်ပြီးအဓွန့်မတက်နေတော့
သူစိတ်ရှုပ်နေမှာဆိုးလို့လေ သူပြောသလိုသာ
ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။
အချိန်တတော်ကြငုတ်တုတ်ထိုင်နေရသည်။
တတ်နိုင်သလောက်ကူညီပေးမယ်ပြောတော့လဲ
မလုပ်နဲ့ဆိုတာချည်း သူလည်းပျင်းနေတာကြောင့်
တစ်ဖြေးဖြေးအိပ်ငိုက်ချင်လာသည်။
အလုပ်တွေပြီးလို့ဆိုဖာပေါ်အကြည့်ရောက်မိတော့
အိပ်ငိုက်နေတဲ့ Jungkookကိုကြည့်ကာ
ရယ်မိတယ်။ ဒီကောင်လေးကအအိပ်မက်ပါလား
"ဟိတ်...ထတော့ ...ငယ် ထတော့မာမီ့
ဆီသွားရမယ်လေ..."
" ဟာ...တောင်းပန်ပါတယ် Kim...
အရမ်းရုပ်ပျက်ဆင်ပျက်ကို ဖြစ်နေပြီ
Jeon Jungkookကတော့"
အိပ်ငိုက်နေတဲ့သူ့ကို အနားသွားရင်းရှေ့
မှာ ဒူးထောက်ချထိုင်ကာ ပါးလေးကိုပုတ်ပြီး
နှိုးတော့ အိပ်မှုန်စုံဝါးနဲ့ကြည့်နေသေး ပြီးမှ
ကယာကယာ ထရပ်ရင်း သု့ကိုယ်သူပြော
ဆိုနေသေးတယ်... အခုသူ့ရှေ့မြင်နေရတဲ့ဟာ
လေးက နာမည်ကြီးဗိသုကာပညာရှက်လေးမှ
ဟုတ်သေးရဲ့လား
" Kim... ကဒီတိုင်းသွားမလို့လား "
"အင်းလေ... လာနောက်ကျနေပြီ"
လက်ကနေဆွဲခေါ်သွားတဲ့နောက် လိုက်ပါသွား
ခဲ့သည်။ ရှပ်အဖြူကိုလက်တံတောင်ထိခေါက်
ကာ နဖူးပေါ်ကျနေတဲ့ ဆံပင်တွေ ဖရိုဖရဲဖြစ်နေ
လည်း ငယ့်ရဲ့Kim ကတော့ကြည့်ကောင်းနေဆဲပါ။
ဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကို ခပ်တင်းတင်း
လေးပြန်ကိုင်ထားရင်း လိုက်လာခဲ့သည်။
သူ့အပေါ်မှဖြစ်တည်လာတဲ့ ခံစားချက်တွေက
ဖုံးဖိမရအောင်လွန်ကဲနေပြီ....။
" ငယ် ကကိုယ့်အမေမှန်းမသိခဲ့ဖူးပေါ့ "
"ဟုတ်တယ်... ငယ်တစ်ကယ်မသိခဲ့တာ"
ကားပေါ်မှာအလုပ်အကြောင်းကနေစကားဆက်
မိရာကာJungkook ကိုသု့အမေကလက်ထပ်
ဖို့ကမ်းလှမ်းတဲ့ကိစ္စဆီရောက်လာပြီးသိချင်စိတ်
ကြောင့်မေးနေမိခြင်း
" ဘာလို့ ငယ်ကဒါကိုလက်ခံခဲ့တာလဲ
ကိုယ့်မာမီ ဖိအားတွေပေးခဲ့လို့လား "
ကားမှန်အပြင်ဘက်ကိုငေးကြည့်နေတဲ့
ငယ့် မျက်ဝန်းတွေကာသူ့ဆီကိုရောက်လာသည်။
သူသိချင်သည် တစ်ကယ်ဘဲ ငယ်က
မာမီ့ဖိအားတွေကြောင့်လက်ခံခဲ့ရတာလား
ဒါမှမဟုတ် သူမျှော်လင့်နေတဲ့တစ်ခြား
အကြောင်းကြောင့်လား
စိတ်ထဲရှိတဲ့အတိုင်း ချစ်နေခဲ့တာပါလို့
ပြောရင်Kim ယုံမလားဟင် ...အဲ့လိုပြော
ရင်ရော ကိုယ့်ဘက်ကသာတစ်ကိုယ်ကောင်းဆန်
စွာတွေးခဲ့ပြီး Kimကငယ့်ရဲ့ချစ်ရသူမို့တစ်ချက်
လေးမှမစဉ်းစားဘဲ လက်ခံခဲ့တာသိရင် အတ္တသမားမို့
မုန်းသွားမလား....။
" မဟုတ်ပါဘူး....ငယ်က...ငယ်ကလေ
Omegaတစ်ယောက်မို့ နေ့စဉ်နဲ့အမျှ
စိတ်ပူနေရတဲ့ Ommaကိုမကြည့်ရက်နိုင်လို့ပါ "
ဒီထက်ပိုဖို့မစဉ်းစားတော့တာလား ငယ်ရယ်
ဖြေလာတဲ့အဖြေပေါ် ဒေါသထွက်တာထက်
စိတ်မကောင်းပိုဖြစ်သွားသည်။
ရှိသမျှအပြစ်Ommaအပေါ်သာတွဲချ
လိုက်ရင်း ဖုံးကွယ်ထားမိသည်။
" ကိုယ်လည်း...အသိုင်းအဝိုင်းမှာငယ်မျက်နှာ
ငယ်နေရာမှာ အရှက်ရမှာစိုးတာရော ကိုယ့်မိဘ
တွေကြောင့်လက်ခံခဲ့ရတာ...မျက်နှာငယ်ရမယ်
ဆိုပြီးငယ့်အ‌ပေါ်သနားစိတ်ကြောင့်လက်ခံခဲ့တာ
မဟုတ်ဘူးလေစားတဲ့စိတ်ကြောင့်ပါ "
" ငယ် နားလည်ပါတယ်....
မဖြစ်မနေအခြေနေမို့ လက်ထပ်ခဲ့ရတာ
တစ်ကယ်လို့ နောင်တစ်ချိန် Kimချစ်ရတဲ့သူ
ရှိလာရင်.... ငယ်ထွက်သွားဆိုလည်းထွက်သွားပါ့မယ်"
ငယ်ဟာအစမှာတင် ဒူးထောက်လက်မြှောက်
နေပါရောလား ... ဟင့်အင်းသူဒီလိုလည်း
အဖြစ်မခံနိုင်ပါဘူး ...သူတို့ရဲ့စည်းဘောင်မှာ
Omegaတစ်ယောက်ပိုင်ဆိုင်ပြီးတဲ့
Alphaက ဘယ်လိုနည်းနဲ့မှနောက်တစ်ယောက်
ကိုထပ်ပက်သတ်ဖို့မဖြစ်နိုင်  True blood Omega
ဖြစ်တဲ့ Jungkookလိုလူဆို သူလိုAlpha
တွေအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်တာလေ
သူပြောသလို မဖြစ်လာနိုင်ပါ။ပြီးတော့
သူကလည်း ချစ်တာမို့အဆုံးရှူံးတော့မခံနိုင်ပါ။
Jungkookကလုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်တဲ့
သလို ပြောစရာပြစ်ချက်က ပညာအရည်အချင်း
ရုပ်ရည် ဘယ်နေရာမှလိုအပ်နေခြင်းမရှိ ပြည့်စုံသည်။
Alphaတိုင်းလုိချင်သည့် အသားဖြူဖြူ၊
ပါးမို့မို့၊ မျက်လုံးဝိုင်းဝိုင်း၊ နှာခေါင်းလုံးလုံးလေး
နဲ့ နှုတ်ခမ်းပါးရဲရဲ့တို့နဲ့ လှပနသောOmegaလေးပင်
"အဲ့လိုရှိလာမှာမဟုတ်ပါဘူး...ငယ်တို့သားအမိ
သိက္ခကျမဲ့အလုပ် ကိုယ့်မိဘပါထိခိုက်နိုင်တဲ့အရာ
ကို ကိုယ်မလုပ်ပါဘူး ...မချစ်ကြသေးပေမယ့်
ကြင်နာပေးနိုင်မှာပါ"
မယုတ်မလ‌ွန်သောစကားတစ်ခွန်းကိုဆိုတော့
ငယ်ပြုံးတယ် အရင်လိုအပြုံးတွေကအသက်မ
ဝင်တော့ ကိုယ်မကြည့်ရက်ဘူးငယ်...သတ္တိရှိရှိ
ငယ့်ကိုဝန်မခံနိုင်တဲ့ ကိုယ့်ကိုယ်သာအပြစ်မြင်
လိုက်ပါတော့ကွာ...
"ငယ်လည်း အဲ့လိုပါဘဲ ကင်မ်"
အပြင်ဘက်ကိုပြန်ငေးရင်း စကားသံတို့တိတ်ဆိတ်
သွားသည်။ မချစ်‌ဘဲနဲ့ကြင်နာနိုင်တာကိုဘဲ
ကျေနပ်နေပါပြီ။ ဂရုစိုက်မှုသေးသေးလေးရလည်း
တင်းတိမ်တယ်။ ဘယ်လိုအနေအထာားမှဘဲနေရရ
Kimကိုဘဲချစ်ပြီး Kimအပေါ်ဘဲသစ္စာစောင့်
သိသွားမှာ
ပါးစပ်ကချစ်တဲ့အကြောင်းတွေပြောဖို့
မရဲသေးလို့... ဖြေးဖြေးချင်းဘဲမြင်နိုင်အောင်
ပြပါ့မယ်...
ဒါလေးကဦးငယ်လိုဒရာမာမခင်းပါဘူး
ဆွိဆွိလေးသွားကြမယ် ဟဲဟဲ🙈💙
Zawgyi code
Note :
True blood Omegaကေလ Dominated Omega
စိတ်ကူးယဉ်ရေးထားတာ‌လေးကို
UNICODE
သွားသည်။ ဒါတောင်Mr. Kimကတော့
ချိန်မှချပြကြတာပေါ့"
....
Ommaကိုအသံပြုရင်း
"စားပြီးomma"
ထွက်လာခဲ့တော့သည်။အချိန်တစ်ခုကြာ
ဟိုတယ်ဆီရောက်လာသည်။
တောင်ရောက်နေပြီ "
တယ်...ဒီမှာ-..."
စကားစပျက်သွားကာ
Jungkookပါသွားသည်။ဒယ်ဆောင်းကတော့
နာထောင်ပေးသည်။ အကြံဉာဏ်ကောင်းတွေ
နောက်ကျသွားတယ်...
ထပ်ဆူနေမှာဆိုလို့ ပုံကြမ်းတွေဝေပေးခိုင်းကာ
"ဟုတ်ကဲ့"
ချင်လာသည်။
ထွက်သွားခဲ့သည်။ သဘောကျရသောဤလူသား
"အင်း"
အလုပ်စမယ် "
*ဒေါက် ဒေါက်*
"ဝင်ခဲ့မယ်နော်...Kim"
သူသဘောကျပါတယ်။
စစ်ဆေးပါ့မယ်.... "
ဘဲတွေးနေမိသည်။
"ငယ်... ငယ်!"
လက်ထဲမှာသူ့အင်္ကျီကိုပွေ့ပိုက်ကာဆိုဖာ‌ပေါ်ငေးငိုင်
" မသွားသေးပါဘူး ခနနေမှ..."
ဆီသွားရမယ်လေ..."
" ဟာ...တောင်းပန်ပါတယ် Kim...
Jeon Jungkookကတော့"
ဟုတ်သေးရဲ့လား
ကြောင့်မေးနေမိခြင်း
အကြောင်းကြောင့်လား
မုန်းသွားမလား....။
" ငယ် နားလည်ပါတယ်....
Alphaတိုင်းလိုချင်သည့် အသားဖြူဖြူ၊
ကြင်နာပေးနိုင်မှာပါ"
လိုက်ပါတော့ကွာ...
သိသွားမှာ
ပြပါ့မယ်...
Continue Reading
You'll Also Like
645K 13.8K 22
in which the angel fell in love with the bad boy โ€ข " you're an angel. my angel " " i will always protect you " " i love you " โ€ข [ TOTAL DRAMA ISLAND...
1.7K 108 8
๐„๐’๐๐Ž๐ˆ๐‘: Hope Louis and Aimรฉe Cartier are two kids living in four walls of complete nightmare. Ever since their mom overdosed Louis stepped in a...
391K 13.8K 60
๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire is the first female f1 driver in ๐——๐—˜๐—–๐—”๐——๐—˜๐—ฆ OR ๐—œ๐—ก ๐—ช๐—›๐—œ๐—–๐—› noura denoire and charle...
10.7K 309 31
It's the year 2034 Vampires rule the world. They bought off humans as slaves and if they didn't complete a task properly or at all, consequences will...