Unicode
ကုရှင်ချွမ်းအသက်ရှူအောင့်လိုက်မိပီး လေထုကမိနစ်ဝက်လောက်တိတ်ဆိတ်သွားတယ်။
သူ့အသံကအနည်းငယ်အက်နေတယ် "မင်းငါ့ကိုစနေတာလား?"
စုန့်ရီဖွဖွလေးပြုံးလိုက်တယ်။ ကုရှင်ချွမ်းကအမြဲတမ်းလိုလိုသူ့ကိုစလေ့ရှိတယ်။ ကြည့်ရတာ အရာရှိတွေကပဲမီးမွှေးလို့ရပီး သာမန်လူတွေကမီးထွန်းဖို့တောင်ခွင့်မပြုတဲ့ပုံပေါက်တယ် "ငါမင်းကိုစတော့ရောဘာဖြစ်လဲ?"
"ရိုက်ပစ်မယ်" ကုရှင်ချွမ်းကခနရပ်လိုက်ပီး ပြတ်ပြတ်သားသားပြောလာတယ် "မင်းဘာမှာလဲ ငါမင်းကိုလာရှာမယ်"
စုန့်ရီသူဘာလုပ်ချင်လဲဆိုတာကိုသိတယ်။ တွဲလာတာကြာပီဆိုတော့ နားထောင်လိုက်ရုံနဲ့ဘာဖြစ်ချင်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိတယ်။ သူကအရေးကြီးတာကိုရှောင်ပီး ပြောလိုက်တယ် "ငါခနနေရင်အိမ်ရောက်တော့မှာ ငါ့ကိုလိုက်ပို့ပေးစရမလိုတော့ဘူး"
သူပြောပီးတာနဲ့ဖုန်းကိုချက်ချင်းချလိုက်တယ်။ သူနှုတ်ခမ်းအစွန်းတွေကမထိန်းနိုင်ပဲအလိုလိုကော့တက်နေတယ်။ သူ alpha ဖြစ်ခဲ့တုန်းကဒီလိုစကားတွေကိုသူချစ်သူလေးတွေကိုပြောခဲ့ဖူးတယ်။ ကြင်နာမှုရှိတယ် ဆွဲဆောင်မှုရှိတယ် ပညာသားပါတယ် ဒါပေမဲ့သူတစ်ကြိမ်တစ်ခါမှဒီလိုနှလုံးခုန်နှုန်းမျိုးမရှိခဲ့ဘူး။
ဒီတစ်ကြိမ်တော့သူတကယ် right person ကိုရှာတွေ့ခဲ့ပုံပေါ်တယ်။
ဒီလိုမျိုးဆွဲဆောင်ခံလိုက်ရတာတကယ်ယုတ္တိမကျဘူး။ သူတို့ဆယ်ကျော်သက်အရွယ်မှာ ရှန်းလီအတွက်နဲ့တစ်ယောက်နဲ့တစ်ယောက်မုန်းကြ အစွယ်ပြကြ ရှောင်ကြ ရန်ဖြစ်ကြနဲ့။ နှစ်ပေါင်းများစွာကြာပီးတဲ့နောက်မှာအခုလိုမျိုးဖြစ်လာတယ်ဆိုတာကကယ်ကိုမမျှော်လင့်ထားတဲ့အရာဖြစ်တယ်။
စုန့်ရီမေးကိုထိပီး အထက်တန်းတုန်းကအကြောင်းတွေကိုပြန်တွေးလိုက်တယ်။ တကယတမ်းကျတော့လဲ ကုရှင်ချွမ်းကဆိုးဆိုးရွားရွားတွေလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်အရှက်ရဖို့လက်သီးလက်မောင်းတန်းပီးဖြေရှင်းခဲ့တာလဲမဟုတ်ဘူး။ မူလတန်းကျောင်းသားလေးတွေလူပ်လေ့ရှိတဲ့စနောက်မှုလေးတွေပဲဖြစ်တယ်။ ဒါတွေကပြန်တွေးရင်ရီချင်စရာတွေပဲဖြစ်တယ်။ တစ်ခြားသူတွေကိုနင်းချေဖို့ကုရှင်ချွမ်းကကုရှောင်ယွမ်ရဲ့နာမည်ကိုတစ်ခါမှမသုံးခဲ့သလို သူကလဲကုရှင်ချွမ်းကိုချမ်းသာတဲ့သခင်ငယ်လေးတစ်ယောက်လို့လုံးဝမမြင်ခဲ့ဘူး။
ဒါကပဲကုရှင်ချွမ်းသူ့ကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်မယ်။ ကုရှင်ချွမ်းသာရှန်းတုလိုမျိုးဆိုသူနောက်ထပ်အကြည့်တစ်ချက်လေးတောင်စွန့်ကျဲခဲ့မှာမဟုတ်ဘူး။
မနက်တစ်နာရီထိုးခါနီအချိန်မှာတော့ လမ်းမီးတွေကလဲနို့နှစ်ရောင်အလင်းဖြူဖြူတွေထုတ်လွှင့်နေပီး ကောင်းကင်မှာလဲလင်းလက်နေတဲ့ကြယ်အနည်းငယ်ရှိနေတယ်။ စုန့်ရီကားကိုရှန်းအိမ်တော်တံခါးရှေ့မှာရပ်လိုက်ပီး ခြံတံခါးဖွင့်ဖို့ ကုတ်အင်္ကျီထဲကသော့ကိုထုတ်ဖို့ပြင်လိုက်တယ်။
'ရွှီ' ခနဲလေချွန်သံကကြွတ်ကြွတ်ရွရွထွက်လာတယ်။
စုန့်ရီခေါင်းလှည့်ကြည့်လိုက်တယ်။ ကုရှင်ချွမ်းကကားအနက်တစ်စီးမှာမှီပီးရပ်နေတယ်။ သူကချမ်းအေးတဲ့ဆောင်းဦးရာသီနောက်ဆုံးပိုင်းအချိန်မှာ မီးခိုးရောင်ဟူဒီအပါးတစ်ထည်ဝတ်ထားတယ်။ သူ့ရဲ့ချောမွေ့တဲ့ခါးကြွက်သားကောက်ကြောင်းကဝိုးတိုးဝါးတားပေါ်နေတယ်။ အောက်ပိုင်းမှာဘောင်းဘီအတိုအပွတစ်ထည်ဝတ်ထပီး ကျစ်လျစ်တဲ့ခြေသလုံးကပေါ်နေတယ်။ အမျိုးသားတစ်ယောက်ရဲ့ဟော်မုန်းတွေကသူ့ဆီကနေပွင့်ထွက်နေတယ်။
တစ်ချက်ကြည့်ရုံနဲ့တင်အလျင်စလိုထွက်လာမှန်းသိသာတယ်။ အဝတ်အစားတောင်လဲဖို့တောင်ဂရုမစိုက်နိုင်လောက်တော့အထိအဆောတလျင်ဖြစ်နေတာမျိုးပေါ့။
စုန့်ရီနှလုံးကကြမ်းတမ်းစွာခုန်ပေါက်နေတယ်။ လူကထုံကျဥ်သွားတယ် "မင်းဘာလို့ဒီမှာရှိနေတာလဲ?"
ကုရှင်ချွမ်းကသူ့ဆီလျှောက်လာပီး ခေါင်းငြိမ့်ကာ လည်ပင်းကိုတရှုံ့ရှုံ့အနံ့ခံတယ်။ ရင်းနှီးနေတဲ့အနံ့လေးကချိုမွှေးပီးသွေ့သွေ့လေး နှလုံးခုန်နှုန်းတွေကိုထိန်းချုပ်နိုင်တဲ့အကြောင်းအရာလေး။ သူကဖြည်းဖြည်းချင်းစုန့်ရီနားလေးဆီကိုတိုးသွားပီး နူးနူးညံ့ညံ့လေးပြောတယ် "မင်းနဲ့စာရင်းလာရှင်းတာ"
စုန့်ရီသူဘာလုပ်နေလဲသိပေမဲ့ ဒီလိုတည့်တိုးကြီးဆိုတော့ နည်းနည်းတော့မျက်နှာပူရတယ်။.သူကခြောက်ကပ်ကပ်ချောင်းဟန့်လိုက်တယ် "စစ်ရဲယ်နဲ့သူတို့ခနနေရင်ပြန်လာတော့မှာ အရှုပ်တွေမလုပ်နဲ့"
ကုရှင်ချွမ်းကအပေါ်ထပ်မှာမီးရောင်တွေမှောင်နေတာကိုတစ်ချက်ကြည့်လိုက်တယ်။ နောက်တော့လက်ကိုမြှောက်ကာ စုန့်ရီရဲ့ထိတွေ့ရတာနူးညံ့တဲ့ ဖြူဖွေးကြည်စင်တဲ့နားလေးကိုကစားနေလိုက်တယ် "အာ့ဆိုမြန်မြန်လုပ်ကြတာပေါ့"
သူ့လက်ကအေးစက်နေတယ်။ စုန့်ရီတုန်သွားပီး ကုရှင်ချွမ်းကိုလှည့်ကြည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ်သူဒီနေ့ထွက်ပြေးလဲမလွတ်တော့မှာကိုခန့်မှန်းမိတယ်။ အဲ့တော့လဲသူကလှဲပေးပီး ပျော်မွေ့ရမှာပေါ့။
စုန့်ရီအိတ်ကပ်ထဲကနေတံခါးဖွင့်ဖို့ သော့ကိုထုတ်လိုက်ပီး တိုးတိုးလေးပြောလိုက်တယ် "ခနနေအုံး ငါအိမ်ထဲဝင်ပီး ခွေးကိုသေချာချည်ထားလားကြည့်လိုက်အုံးမယ်"
"ငါမစောင့်နိုင်တော့ဘူး" ကုရှင်ချွမ်းကသူ့ကိုနောက်နေခါးကိုဖက်လိုက်တယ်။ သူကခပ်တင်းတင်းဖိထားပီး စုန့်ရီကိုကပ်တွယ်ကာလေးလေးလံလံအသက်ရှူနေတယ် "မင်းအိမ်ကိုမသွားနဲ့တော့ ငါ့ကားထဲကိုသွားရအောင်"
အဲ့တာကအရမ်းစိတ်လှုပ်ရှားစရာကောင်းမှာကိုစုန့်ရီတွေးလိုက်မိပီး အနောက်ကိုလှည့်ကြည့်လိုက်တယ်။ လမ်းမီးဖြူဖြူအောက်မှာ ကုရှင်ချွမ်းရဲ့မျက်တောက်မွှေးလေးတွေကအရောင်ဖျော့ပီးထူထူလေး။ သူ့ရဲ့မျက်လုံးနက်နက်လေးကရှည်သွယ်ထက်မြပီ အေးစက်စွာတောက်ပနေတယ်။ သူတို့တွေကမျှော်လင့်မထားလောက်တဲ့အထိလှပပီး စုန့်ရီစိတ်ကိိုနူးညံ့သွားစေတယ်။ သူ့ခွေးပေါက်လေးကိုအစာကျွေးဖို့တကယ်လိုအပ်နေပီပဲ။
သူ့ခါးမှာတင်းကျပ်စွာရစ်တွယ်ထားတဲ့လက်မောင်းတွေကိုသူဖွဖွလေးပုတ်လိုက်တော့ ကုရှင်ချွမ်းကနည်းနည်းဖြေလျော့ပေးတယ်။ စုန့်ရီသူ့ရဲ့အသက်ရှူနှုန်းတွေကိုထိန်းညှိလိုက်ပီး ခေါင်းညိမ့်ကာ 'အမ်း' ဆိုပီးညင်ညင်သာသာလေးပြောလိုက်တယ်။
ကုရှင်ချွမ်းကသူ့လက်ကောက်ဝတ်ကိုဆွဲပီးခေါ်သွားကာ ကားနောက်ခန်းတံခါးကိုဖွင့်ပီး သပ်သပ်ရပ်ရပ်ပဲဖိလှဲချတယ်။ တန်ဖိုးကြီးကားတစ်စီးရဲ့နောက်ခန်းထိုင်ခုံကကျယ်ပေမဲ့လဲ 1.8 မီတာကျော်လူနှစ်ယောက်နေရတာအနည်းငယ်တော့ကျပ်သိပ်တယ်။
စုန့်ရီအနောက်ကိုလှဲချလိုက်တယ်။ သူ့ရဲ့ခြေတံရှည်ရှည်တွေကိုသေချာဆန့်ထုတ်လို့မရတာမို့အနည်းငယ်ကွေးထားရတယ်။ လေထဲမှာသံပုရာနံ့လေးသင်းနေတယ် "မင်းအမွှေးနံ့ပြောင်းသုံးထားတာလား?"
ကုရှင်ချွမ်းကစကားမပြောနိုင်သေးဘူး။ စုန့်ရီရဲ့အနက်ရောင်ကတ္တီပါကုတ်အင်္ကျီကိုချွတ်လိုက်တယ်။ အောက်မှာကာဆွယ်တစ်ထည်ကျန်နေသေးတယ်။ သူကဆွယ်တာအစွန်းကိုစိတ်ဆိုးမာန်စိုးမာန်ဆိုးနဲ့ဆွဲပီး လက်နှစ်ဖက်ကိုအပေါ်မြှောက်ကာဆွဲချွတ်တယ်။ စုန့်ရီလက်နှစ်ဖက်ကိုဆန့်ပေးပီး အေးအေးဆေးဆေးပဲပြုံးလိုက်တယ် "စိုးရိမ်မနေပါနဲ့ ဒီနေ့ညငါအိမ်မပြန်တော့ဘူး"
ကုရှင်ချွမ်းကသူ့ကိုအပေါ်ကနေငုံ့ကြည့်တယ်။ သူ့မျက်လုံးတွေကအစိမ်းရောင်တဖျတ်ဖျတ်တောက်နေပီး ဆာလောင်နေတဲ့ဝံပုလွေတစ်ကောင်လို အလောတကြီးဖြစ်နေတယ် "ဒီညအိမ်မပြန်ဘူးလို့မင်းပဲပြောတာနော်"
စုန့်ရီသူ့ကိုနည်းနည်းကပျာကယာဖြစ်သွားအောင်လုပ်ချင်သွားပီး သူ့မေးကိုဖွဖွးလေးလှမ်းထိလိုက်တယ် "ငါကဒီနေ့ညမင်းနဲ့အတူရှိနေမှာ"
ကုရှင်ချွမ်းနှုတ်ခမ်းတွေကတွန်းကွေးသွားပီး နတ်ဆိုးဆန်ဆန်ပြုံးကာ မရေမရာပြောလာတယ် "ခနနေမှအော်ငိုပီး လွှတ်ပေးဖို့မတောင်းဆိုနဲ့"
စုန့်ရီနားတွေပူလာပီး နှလုံးကလဲတဒုန်းဒုန်းဆောင့်ခုန်နေတယ်။ စုန့်ရီနှုတ်ခမ်းကိုစိလိုက်ပီး လက်ဆန့်ကာ သူ့ရဲ့ပါးအေးအေးကိုထိလိုက်တယ် "ငါဒါကိုနောက်တရမှာမဟုတ်ဘူး"
တစ်နာရီလောက်အကြာမှာတော့ သူစပီးနောင်တရလာတယ်။ သူစကားတွေလွန်ခဲ့ပီး သူ့ကိုယ်သူလွတ်လပ်တစ်လမ်းလေးမှတောင်ချန်မထားမိခဲ့ဘူး။ ကုရှင်ချွမ်းကမီးစွမ်းအားအပြည့်နဲ့မမောနိုင်မပန်းနိုင်ဖြစ်နေတယ်။ သူ့မျက်နှာဆီကချွေးတွေက မေးရိုးကနေတဆင့် စုန့်ရီရဲ့လည်ပင်းပေါ်ကိုတစ်ပေါက်ချင်းစီလိမ့်ကျလာတယ်။ အဲ့တာကဖော်ပြလို့မရလောက်အောင်ထိ စိတ်ဝိညာဥ်ကိုပါလှုပ်လှုပ်ရှားရှားဖြစ်စေနိုင်တယ်။
မျက်မှန်ကိုင်းရဲ့လှုပ်ရှားမှုကြောင့် စုန့်ရီနှာခေါင်းနာလာရတယ်။ စုန့်ရီမျက်မှန်ကိုချွတ်လိုက်ပီး လက်ထဲမှာကိုင်ထားတယ်။ သူ့အသက်ရှူနှုန်းကိုထိန်းဖို့ပါးစပ်ကိုဖွင့်ဟထားရတယ်။ ဒါပေမဲ့ကုရှင်ချွမ်းရဲ့ pheromones ကိုပဲရှူရှိုက်နေရတယ်။
သူ့ခေါင်းပေါ်မှာကောင်းကင်ရဲ့အလင်းရောင်ရှိနေတယ်။ ငွေဖြူရောင်လမင်းကပြတ်ပြတ်သားသားပေါ်နေပီး ကောင်းကင်ကလင်းနေတယ်။
ရုတ်တရပ်ကုရှင်ချွမ်းကလှုပ်ရှားတာရပ်သွားတယ်။ သူ့နှာခေါင်းကစုန့်ရီလည်ပင်းမှာပွတ်တိုက်နေပီး လေးလေးပင်ပင်အသံရှုကာ ဖြည်းညှင်းစွာပြောလာတယ် "နားလိုက်အုံး ငါဒီနေ့ concert အတွက် opening dance ကိုခုနှစ်နာရီလောက်အစမ်းလေ့ကျင့်လိုက်ရတယ် အခုအားမရှိတော့ဘူး"
စုန့်ရီအဲ့ဒီပြည့်သိပ်နေတဲ့ခံစားချက်ကြီးနဲ့နေသားမကျသေးဘူး။ သူ့ကျောကတောင့်သွားပီး နှုတ်ခမ်းကိုကိုက်လိုက်တယ် "အာ့ဆို မင်းဖယ်တော့"
"ဟင့်အင်း ငါအခုထိမပီးသေးဘူး" ကုရှင်ချွမ်းကခေါင်းကိုမော့ပီး သူ့ကိုအလိုကြီးစွာကြည့်တယ် "မင်းငါ့ကိုကြိုက်တယ်လို့မင်းပြောတာကိုကြားရတာငါအရမ်းပျော်တယ်"
အာ့ကြောင့်မို့သူကသူ့ဆီလာတာပေါ့။ စုန့်ရီစိတ်ထဲမှာနှာမှုတ်လိုက်တယ်။ မျက်မှန်တွေမရှိတာမို့ သူကကုရှင်ချွမ်းရဲ့မျက်နှာဝေဝေဝါးဝါးပဲမြင်ရတယ်။ သူ့ကိုမြင်ရဖို့မျက်လုံးတွေကိုမှေးလိုက်ပီး တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ် "နောက်တစ်ခါမင်းညလယ်ခေါင်ကြီးအပြင်ထွက်မယ်ဆို အဝတ်ထူထူဝတ်"
သူ့အသံထွက်လာပီးပီးချင်းမှာ ကားအင်ဂျင်သံကိုကြားလိုက်ရတယ်။ ရှန်းစစ်ရဲယ်နဲ့သူ့ရဲ့အဖွဲ့ကတခမ်းတနားပဲပြန်လာခဲ့ပီဖြစ်တယ်။
စုန့်ရီထိတ်လန့်သွားပီး အသက်ရှုအောင့်လိုက်တယ်။ ရှန်းစစ်ရဲယ်ကထူးဆန်းသလိုမေးလာတယ် "ရှောင်ရီကားကတံခါးနားမှာဘာလို့ရပ်ထားတာလဲ?"
ဦးလေးလျိုကယောင်ဝါးဝါးပြန်ဖြေတယ်။ ရှန်းစစ်ရဲယ်ကစက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပီး လေးပင်တဲ့ခြေသံတွေကသူ့တို့ဘက်ကိုတစ်လှမ်းချင်းစီလျှောက်လာတယ်။ သူကကုရှင်ချွမ်းရဲ့ကားပြတင်းပေါက်ရှေ့မှာရပ်လိုက်တယ်။ ကားမှန်က privacy film နဲ့ဖုံးထားတာမို့ အပြင်ဘက်ကြည့်ရင် မှောင်နေတာပဲမင်ရလိမ့်မယ်။
"ဒါကဘယ်သူ့ကားလဲ?"
ရှန်းစစ်ရဲယ်ရဲ့ခပ်မာမာအသံကစုန့်ရီနားထဲကိိုစီးဝင်လာသလိုဖြစ်နေတယ်။ စုန့်ရီနှလုံးကအပေါ်အောက်ခုန်နေပီး တစ်ကိုယ်လုံးမှာရှိနေတဲ့ကြွက်သားတွေအကုန်တောင့်တင်းသွားတယ်။ သူ့နောက်ဘက်မှာလူကြီးသူမတွေရှိနေတဲ့အချိန်ဒီလိုမျိုးလုပ်ဖူးတာပထမဆုံးအကြိမ်ဖြစ်တယ်။
သူကြောက်လန့်နေတယ်။ ကုရှင်ချွမ်းလဲသူ့ကိုထပ်ပီးထိန်းမထားနိုင်တော့ဘူး။ သူကစုန့်ရီနားနားကိုကပ်ပီး အက်ကွဲနေတဲ့အသံနဲ့ပြောလာတယ် "စိတ်လျှော့ထား"
ဒီရပ်ကွက်မှာနေထိုင်တဲ့အိမ်ထောင်စုတွေတိုင်းမှာကားတွေရှိတယ်။ ကားပိုင်ရှင်ကိုမသိတာပုံမှန်ပဲဖြစ်တယ်။ ရှန်းစစ်ရဲယ်ကထပ်မမေးတော့ပဲ သူ့လူတွေခေါ်ကာအိမ်ထဲကိုပဲဝင်သွားတယ်။
စုန့်ရီရင်ဘတ်ထဲစို့နေတဲ့အလုံးကြီးလဲအခုမှပဲဗိုက်ထဲကျသွားတော့တယ်။ အိမ်တံခါးဝမှာပဲမီးရှို့မိတာကိုသူနောင်တရနေတယ်။ တကယ်ဆိုကားကိုခပ်ဝေးဝေးကိုမောင်းသွားဖို့ကုရှင်ချွမ်းကိုပြောခဲ့သင့်တာ။ တကယ်လို့တစ်ယောက်ယောက်သာမိသွားရင် သူသေဖို့သာရှိတော့တယ်။
ကုရှင်ချွမ်းလဲစိတ်သက်သာရာရသွားပီး သူ့ကိုစိတ်ဝင်တစားကြည့်လိုက်တယ်။ စုန့်ရီကအမြဲတမ်းလိုလို hair spray သုံးလေ့ရှိပီ မျက်နှာပေါ်မှာရှုပ်ပွနေတာမျိုးမရှိဘူး။.အခုတော့သူ့ဆံပင်ပျော့ပျော့လေးတွေကမျက်နှာပေါ်မှာဟိုတစ်စဒီတစ်စကျနေတယ်။ မျက်မှန်မပါတာမို့ သူ့ရဲ့မျက်လုံးလှလှလေးတွေကဦးတည်ရာပျောက်နေပီး ထိလွယ်ရှလွယ်လေးဖြစ်နေတယ်။ ကြည့်မိတဲ့ဘယ်သူမဆိုအသည်းတယားယားဖြစ်သွားမိမှာပဲ။
"မင်းအရမ်းကြောက်သွားတာလား?" ကုရှင်ချွမ်းမေးလိုက်တယ်။
စုန့်ရီကအရေးမကြီးတဲ့ဟန်ဆောင်ပီးပြောလိုက်တယ် "အဆင်ပြေပါတယ် မင်းရှက်သွားမှာစိုးလို့သာပဲ"
ကုရှင်ချွမ်းကသရော်ရယ်ရယ်လိုက်ပီး ပါးလေးကိုဖျစ်လိုက်တယ်။ သူကခေါင်းငုံ့ပီး ထင်ရှားတဲ့မျက်တောင်မွှေးလေးတွေကိုထိလိုက်တယ် "မင်းမျက်တောင်မွှေးလေးတွေကအရမ်းရှည်တာပဲ"
သူပြောပီးတော့ မိုးပေါက်နဲ့တူတဲ့အနမ်းတစ်ပွင့်ကစုန့်ရီနှာခေါင်းပေါ်ရောက်လာတယ် "နှာခေါင်းလေးကလဲတကယ်လှတယ်"
"နှုတ်ခမ်းလေးကလဲတကယ်အိအိလေး" ကုရှင်ချွမ်းစုန့်ရီရဲ့ပါးကိုဖျစ်ပီး ပြင်းပြင်းပြပြနမ်းလိုက်တယ်။
စုန့်ရီသူ့ကိုကိုက်ပစ်ချင်ပေမဲ့ ကုရှင်ချွမ်းကဖျော်ဖြေပွဲရှိတယ်လို့ပြောတာကိုသတိရသွားတယ်။ သူကုရှင်ချွမ်းကိုလျှာလေးထုတ်ပီးသီချင်းတော့မဆိုခိုင်းစေချင်ဘူး။
သူသည်းခံပီး အဲ့ဒီခြယ်လှယ်လွန်းသောအနမ်းတွေကိုပဲလက်ခံလိုက်ရတော့တယ်။
သူတို့နှုတ်ခမ်းတွေခွာသွားတဲ့အချိန်မှာ စုန့်ရီနားချိန်တောင်မရှိဘဲ အသက်လုရှူနေရတယ်။ စုန့်ရစိတ်ဆိုးမာန်ဆိုးပြောလိုက်တယ် "မင်းကိုအပြစ်တင်ဖို့မင်းကိုလူဆိုးကောင်ဆိုပီးငါပြောခဲ့ဖူးတယ်"
"ဟမ်?" ကုရှင်ချွမ်းကစုန့်ရီရဲ့နီရဲနေတဲ့ပါးလေးကိုထိလိုက်တယ်။
စုန့်ရီအံကြိတ်ပီးပြောလိုက်တယ် "မင်းက kinky ဖြစ်လွန်းတဲ့ နတ်ဆိုးကောင်"
ကုရှင်ချွမ်းကဖွဖွလေးရယ်လိုက်ပီး မော်တာအသေးလေးရဲ့လှုပ်ရှားမှုကပြန်စတင်လာတယ်။ သူကစုန့်ရီနားနားမှာအမောတကောအသက်ရှူရင်းပြောတယ် "ငါ့ကိုဆွပါလို့မင်းကိုဘယ်သူကခိုင်းလို့လဲ ဒါကမင်းအပေါ်မှာပဲမူတည်နေတာ"
စုန့်ရီသူ့ကိုဘာပြောရမလဲတောင်မသိတော့ဘူး။ နှစ်ပေါင်းများစွာကြာပီးတာတောင် ဒီအရေထူတဲ့ကိစ္စတွေပြောရာမှာ ကုရှင်ချွမ်းကိုမနိုင်သေးဘူး။ (အဟား အထက်တန်းတုန်းကလဲပြောဖူးတယ်ပေါ့)
နောက်နေ့မနက်စောစာမှာ စုန့်ရီအိမ်ပြန်ရောက်လာတယ်။ ရှန်းတုကကုမ္ပဏီသွားပီဖြစ်ပီး ဦးလေးလျိုကရှန်းစစ်ရဲယ်ကိုလက်ဖက်ရည်အဖော်ပြုသောက်ပေးနေတယ်။
စားပွဲပေါ်မှာကန်တုံစတိုင်မနက်စာတွေပြည့်နေတယ်။ အရသာရှိပီးမွှေးပျံ့တဲ့ပေါက်စီလုံးလေးတွေကလဲအငွေ့တထောင်းထောင်းနဲ့။ ဒါကလူတစ်ယောက်ကိုစားချင်စိတ်ဖြစ်ပေါ်စေတယ်။
စုန့်ရီတံခါးကိုဖွင့်ကာနိဟောင်လို့ပြောလိုက်ပီး ခေါင်းကိုလက်နဲ့အုပ်ကာ အပေါ်ထပ်ကိုတက်သွားလိုက်တယ်။ အိပ်ရေးပျက်ခဲ့တဲ့ညကြောင့် သူမျက်လုံးတွေမဖွင့်နိုင်တော့ဘူး။
ရှန်းစစ်ရဲယ်သူ့ကိုတစ်ချက်ကြည့်လိုက်တယ်။ မနေ့ညကဘယ်သွားခဲ့လဲဆိုပီးမေးရင်လဲမကောင်းတာမို့ လက်ယပ်ခေါ်လိုက်တယ် "ရှောင်ရီ မြေအိုးနဲ့ချက်ထားတဲ့ဆန်ပြုတ်ကိုလာစားကြည့်အုံး မနက်စာနည်းနည်းပါးပါးကတော့စားမှပေါ့"
စုန့်ရီမျက်နှာကိုပွတ်လိုက်ပီး သူ့တို့ဆီသွားကာ အပြုံးတစ်ခုဖျစ်ထုတ်လိုက်တယ် "စစ်ရဲယ် မလိုတော့ပါဘူး ကျွန်တော်မနက်စာစားခဲ့ပြီးပီ"
ရှန်းစစ်ရဲယ်ကလက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပီး သူ့ကိုထူးဆန်းစွာကြည့်ရင်းလည်ပင်းတစ်နေရာကိုလက်ညှိုးထိုးပြတယ် "အဲ့တာဘာဖြစ်တာလဲ?"
စုန့်ရီလက်ဆန့်ထုတ်ပီးထိလိုက်တယ်။ သူဘာဖြစ်နေလဲဆိုတာသိတယ်။ ဒါကကုရှင်ချွမ်းတံဆိပ်ခတ်ထားတာဖြစ်တယ်။ သူကတည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "ဘာမှဟုတ်ပါဘူး တစ်ခုခုကိုက်သွားတာဖြစ်မယ်"
ရှန်းစစ်ရဲယ်ကသူ့ကိုသံသယမဝင်ခဲ့ပါဘူး။ ဒီအသက်အရွယ်ရောက်ပီမို့ အဲ့ဒီအကြောင်းကိုလဲမစဥ်းစားမိဘူး။ သူကလက်လှုပ်ပီးအချက်ပြတော့ ဦးလေးလျိုကစာရွက်စာတမ်းတွေယူလာပီး စုန့်ရီကိုကမ်းပေတယ် "အချိန်ကိုဆုံးဖြတ်ပီးသွားပီ လဝက်အတွင်း US ကသင်တန်းကိုသွားရတော့မယ် စပီးပြင်ဆင်ထားတော့!"
စုန့်ရီစာရွက်တွေကိုလှန်လှောကြည့်လိုက်တယ်။ သူအရမ်းပျော်ရွှင်နေတယ်။ အချစ်နဲ့ အလုပ်ကအရေးကြီးတယ်။ သူဒီသတင်းကောင်းကိုကုရှင်ချွမ်းနဲ့မျှဝေရမယ်။ ရှန်းစစ်ရဲယ်ရဲ့သတ်မှတ်ချက်အတွက်ကတော့...
စုန့်ရီကသူ့ရဲ့နှလုံးသားကိုတောင်မချုပ်ထိန်းနိုင်တာ သေချာပေါက်ကုသခင်ငယ်လေးရဲ့ခြေထောက်တွေကိုလဲမထိန်းချုပ်နိုင်ဘူးပေါ့။
စုန့်ရီပစ္စည်းတွေအများကြီးယူသွားလေ့မရှိဘဲ နိုင်ငံခြားကိုခရီးတိုတွေထွက်ဖူးတယ်။ ဒါပေမဲ့ဒီသင်တန်းကိုသွားတာကြပစ္စည်းတွေအများကြီးလိုတယ် အမျိုးမျိုးသောလုပ်ငန်းစဥ်တွေကလဲရှုပ်ထွေးတယ်။ ရှန်းစစ်ရဲယ်ရှိနေလို့ သူ့ဘာသာသူလုပ်ဖို့မလိုအပ်ပေမဲ့ သူနည်းနည်းတော့အလုပ်ရှုပ်နေတုန်းပဲ။
"Family Defense" program team ကနေစုန့်ရီကိုမိသားစုအငြင်းပွားမှုကိုလာရောက်ဖြေရှင်းဖို့ခေါ်ခဲ့တယ်။ သူအဲ့ကျမှကျောက်ဟုန်းရန်ကိုသတိရတယ်။
စုန့်ရီရိုးရှင်းစွာနဲ့ပဲ ဖိတ်ခေါ်မှုကိုငြင်းဆန်ခဲ့တယ်။ သူဒီလိုပရိုဂရမ်မျိုးမှာကျောက်ဟုန်းရန်နဲ့ငြင်းခုန်ရင်းအချိန်ဖြုန်းနေမှာမဟုတ်ဘူး။ အနိုင်အရှုံးပေါ့လာဖို့ သူမှားတယ်ကိုယ်မှန်တယ်ဆိုပီးတိုက်ခိုက်နေတာသပ်သပ်အဓိပ္ပါယ်မရှိတာပဲ။
စုန့်ရီအဲ့ဒီshow ရဲ့ producer ဆီကိုသူ record လုပ်ထားတဲ့ အသံဖိုင်ကို သူ့အဖြေအနေနဲ့ပို့လိုက်တယ်။
Producer ကတော့ကျေနပ်ဝမ်းသာရစွာအံ့ဩနေတယ်။ 'Family Defense' ကလူတွေရဲ့ အချစ်အမုန်းနဲ့အရမ်းပုံမှန်ဆန်တဲ့ show တစ်ခုပဲဖြစ်တယ်။ ပထမဆုံးအနေနဲ့ အနုပညာရှင်တစ်ယောက်ရဲ့မိသားစုကစင်ပေါ်ရောက်လာမှာဆိုတော့ rating တွေမြင့်ပီးအရမ်းကျော်ကြားသွားမှာကိုပြောပြနေစရာတောင်မလိုဘူး။
အဲ့ဒီထပ်ပိုတာက စုန့်ရီကအခုလတ်တလောအတွင်းမှာပဲအရမ်းကျော်ကြားလာတယ်။ ဒီကိစ္စကိုပရိသတ်တွေဆီ ကြေငြာတွေရောင်းစားရင်လဲပိုက်ဆံတွေအများကြီးရအုံးမှာ။
Producer ကအကြံအဖန်တော်တယ်။.သူက 'Family Defense' ကိုတိုက်ရိုက်မလွှင့်ခင်မှာ major platform တွေမှာ trailer ကိုပြသတယ်။ ကျောက်ဟုန်းရန်ကကွဲကြေနေတဲ့နှလုံးသားနဲ့ငိုကျွေးနေတယ်။ ခေါင်းစဥ်ကတော့ "S နဲ့စတဲ့နာမည်ကျော်အနုပညာရှင်တစ်ယောက်ရဲ့အမေကသူမမွေးစားသားကခံစားချက်ကင်းမဲ့ကြောင်းစွပ်စွဲထားတယ် ပြုစုပျိုးထောင်ပေးခဲ့သူတစ်ယောက်အနေနဲ့ပြန်ရရှိခဲ့တာဘာများဖြစ်မလဲ?"
ဒါကတကယ်ထွင်လုံးကြီးဖြစ်တယ်။
ဒီလိုဘဝပေးဆက်နွှယ်မှုခေါင်းစဥ်မျိုးကလွန်ခဲ့တဲ့နှစ်တွေမှာအတော်လေးဂယက်ဖြစ်ခဲ့တယ်။ အခုနာမည်ကျော်တစ်ဦးပါလာတော့ မထုတ်လွှင့်ခင်မှာကတည်းက Weibo မှာဆွေးနွှေးမှုတွေကမြင့်တက်လာခဲ့တယ်။
လူအများစုကတော့ ကျွေးကျေးဇူးကမွေးကျေးဇူးထက်ကြီးမြတ်ကြောင်းပတယ်လို့တွေးကြတယ်။ ကလေးတစ်ယောက်မွေးလာဖို့ဆယ်လလောက်သာအချိန်ယူရပေမဲ့ ဂရုတစိုက်ပြုစုပျိုထောင်ပေးရတာကဆယ်နှစ်ကနေအနှစ်နှစ်ဆယ်အထိတောင်ကြာတယ်ဆိုပီးဖြစ်တယ်။
S နဲ့စတဲ့အနုပညာရှင် Weibo ပေါ်မှာခန့်မှန်းနေကြတယ်။ လူအများအပြားကတော့ စုန့်ရီကိုခန့်မှန်းမိကြတယ်။ မကြာသေးမီကပဲ စုန့်ရီက လောဘကြီးတဲ့မျက်လုံးဖြူဝံပုလွေအဖြစ် သူ့အမေတင်မကဘဲ တခြားသူတွေကပါသတ်မှတ်ခဲ့ကြသေးတယ်။
အစီအစဥ်အပြည့်အစုံထုတ်လွှင့်မဲ့ရက်ကိုလူတွေကစောင့်နေခဲ့ကြတယ်။ လူတိုင်းက marketing acc ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဟာသတစ်ခုကြည့်နေတဲ့အလား ဝေဖန်အပြစ်တင်ရင်း weibo ကနေကြည့်နေတယ်။
စုန့်ရီလဲကော်ဖီခွက်လေးကိုင်ပီး ကွန်ပျူတာရှေ့မှာထိုင်နေတယ်။ သူရောထွေးနေတဲ့ခံစားချက်တွေနဲ့ screen ပေါ်မှာရင်းနှီးပေမဲ့သိမ်းသက်တဲ့မျက်နှာကိုကြည့်နေတယ်။
ကျောက်ဟုန်းရန်ကပိုပီးငယ်ရွယ်အောင် မိတ်ကပ်ပြင်ထားတယ်။ သူကမီးရောင်ကိုမျက်နှာမူရင်း အင်္ကျီကိုမသက်မသာဖြစ်စွာနဲ့ဆွဲဖျစ်ထားတယ် "ကျွန်မဒီနေ့ဒီနေရာမှာရောက်ရှိနေတာကကျွန်မရဲ့ပျောက်ဆုံးသွားတဲ့ကလေးကိုပြန်ရယူချင်လို့ပါ"
~~~~~~~
တစ်ခါတစ်လေဒီတစ်ပုဒ်ကို omegaverse မှန်းမေ့မေ့သွားတယ်။ ဒါနဲ့စကားမစပ် ဒီ novel လေးပြီးဖို့ ဆယ့်ငါးပိုင်းပဲကျန်တော့တယ်။
Zawgyi
ကုရွင္ခၽြမ္းအသက္ရွူေအာင့္လိုက္မိပီး ေလထုကမိနစ္ဝက္ေလာက္တိတ္ဆိတ္သြားတယ္။
သူ႔အသံကအနည္းငယ္အက္ေနတယ္ "မင္းငါ့ကိုစေနတာလား?"
စုန္႔ရီဖြဖြေလးျပဳံးလိုက္တယ္။ ကုရွင္ခၽြမ္းကအျမဲတမ္းလိုလိုသူ႔ကိုစေလ့ရွိတယ္။ ၾကည့္ရတာ အရာရွိေတြကပဲမီးေမႊးလို႔ရပီး သာမန္လူေတြကမီးထြန္းဖို႔ေတာင္ခြင့္မျပဳတဲ့ပုံေပါက္တယ္ "ငါမင္းကိုစေတာ့ေရာဘာျဖစ္လဲ?"
"ရိုက္ပစ္မယ္" ကုရွင္ခၽြမ္းကခနရပ္လိုက္ပီး ျပတ္ျပတ္သားသားေျပာလာတယ္ "မင္းဘာမွာလဲ ငါမင္းကိုလာရွာမယ္"
စုန္႔ရီသူဘာလုပ္ခ်င္လဲဆိုတာကိုသိတယ္။ တြဲလာတာၾကာပီဆိုေတာ့ နားေထာင္လိုက္႐ုံနဲ႔ဘာျဖစ္ခ်င္ေနလဲဆိုတာကို ရွင္းရွင္းလင္းလင္းသိတယ္။ သူကအေရးႀကီးတာကိုေရွာင္ပီး ေျပာလိုက္တယ္ "ငါခနေနရင္အိမ္ေရာက္ေတာ့မွာ ငါ့ကိုလိုက္ပို႔ေပးစရာမိူုေတာ့ဘူး"
သူေျပာပီးတာနဲ႔ဖုန္းကိုခ်က္ခ်င္းခ်လိုက္တယ္။ သူႏွုတ္ခမ္းအစြန္းေတြကမထိန္းနိုင္ပဲအလိုလိုေကာ့တက္ေနတယ္။ သူ alpha ျဖစ္ခဲ့တုန္းကဒီလိုစကားေတြကိုသူခ်စ္သူေလးေတြကိုေျပာခဲ့ဖူးတယ္။ ၾကင္နာမွုရွိတယ္ ဆြဲေဆာင္မွုရွိတယ္ ပညာသားပါတယ္ ဒါေပမဲ့သူတစ္ႀကိမ္တစ္ခါမွာဒီလိုႏွလုံးခုန္ႏွုန္းမ်ိဳးမရွိခဲ့ဘူး။
ဒီတစ္ႀကိမ္ေတာ့သူတကယ္ right person ကိုရွာေတြ႕ခဲ့ပုံေပၚတယ္။
ဒီလိုမ်ိဳးဆြဲေဆာင္ခံလိုက္ရတာတကယ္ယုတၱိမက်ဘူး။ သူတို႔ဆယ္ေက်ာ္သက္အရြယ္မွာ ရွန္းလီအတြက္နဲ႔တစ္ေယာက္နဲ႔တစ္ေယာက္မုန္းၾက အစြယ္ျပၾက ေရွာင္ၾက ရန္ျဖစ္ၾကနဲ႔။ ႏွစ္ေပါင္းမ်ားစြာၾကာပီးတဲ့ေနာက္မွာအခုလိုမ်ိဳးျဖစ္လာတယ္ဆိုတာကကယ္ကိုမေမၽွာ္လင့္ထားတဲ့အရာျဖစ္တယ္။
စုန္႔ရီေမးကိုထိပီး အထက္တန္းတုန္းကအေၾကာင္းေတြကိုျပန္ေတြးလိုက္တယ္။ တကယတမ္းက်ေတာ့လဲ ကုရွင္ခၽြမ္းကဆိုးဆိုးရြားရြားေတြလုပ္ခဲ့တာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္အရွက္ရဖို႔လက္သီးလက္ေမာင္းတန္းပီးေျဖရွင္းခဲ့တာလဲမဟုတ္ဘူး။ မူလတန္းေက်ာင္းသားေလးေတြလူပ္ေလ့ရွိတဲ့စေနာက္မွုေလးေတြပဲျဖစ္တယ္။ ဒါေတြကျပန္ေတြးရင္ရီခ်င္စရာေတြပဲျဖစ္တယ္။ တစ္ျခားသူေတြကိုနင္းေခ်ဖို႔ကုရွင္ခၽြမ္းကကုေရွာင္ယြမ္ရဲ့နာမည္ကိုတစ္ခါမွမသုံးခဲ့သလို သူကလဲကုရွင္ခၽြမ္းကိုခ်မ္းသာတဲ့သခင္ငယ္ေလးတစ္ေယာက္လို႔လုံးဝမျမင္ခဲ့ဘူး။
ဒါကပဲကုရွင္ခၽြမ္းသူ႔ကိုဆြဲေဆာင္နိုင္ခဲ့တာျဖစ္မယ္။ ကုရွင္ခၽြမ္းသာရွန္းတုလိုမ်ိဳးဆိုသူေနာက္ထပ္အၾကည့္တစ္ခ်က္ေလးေတာင္စြန္႔က်ဲခဲ့မွာမဟုတ္ဘူး။
မနက္တစ္နာရီထိုးခါနီအခ်ိန္မွာေတာ့ လမ္းမီးေတြကလဲနို႔ႏွစ္ေရာင္အလင္းျဖဴျဖဴေတြထုတ္လႊင့္ေနပီး ေကာင္းကင္မွာလဲလင္းလက္ေနတဲ့ၾကယ္အနည္းငယ္ရွိေနတယ္။ စုန္႔ရီကားကိုရွန္းအိမ္ေတာ္တံခါးေရွ႕မွာရပ္လိုက္ပီး ၿခံတံခါးဖြင့္ဖို႔ ကုတ္အကၤ်ီထဲကေသာ့ကိုထုတ္ဖို႔ျပင္လိုက္တယ္။
'ရႊီ' ခနဲေလခၽြန္သံကႂကြတ္ႂကြတ္ရြရြထြက္လာတယ္။
စုန္႔ရီေခါင္းလွည့္ၾကည့္လိုက္တယ္။ ကုရွင္ခၽြမ္းကကားအနက္တစ္စီးမွာမွီပီးရပ္ေနတယ္။ သူကခ်မ္းေအးတဲ့ေဆာင္းဦးရာသီေနာက္ဆုံးပိုင္းအခ်ိန္မွာ မီးခိုးေရာင္ဟူဒီအပါးတစ္ထည္ဝတ္ထားတယ္။ သူ႔ရဲ့ေခ်ာေမြ႕တဲ့ခါးႂကြက္သားေကာက္ေၾကာင္းကဝိုးတိုးဝါးတားေပၚေနတယ္။ ေအာက္ပိုင္းမွာေဘာင္းဘီအတိုအပြတစ္ထည္ဝတ္ထပီး က်စ္လ်စ္တဲ့ေျခသလုံးကေပၚေနတယ္။ အမ်ိဳးသားတစ္ေယာက္ရဲ့ေဟာ္မုန္းေတြကသူ႔ဆီကေနပြင့္ထြက္ေနတယ္။
တစ္ခ်က္ၾကည့္႐ုံနဲ႔တင္အလ်င္စလိုထြက္လာမွန္းသိသာတယ္။ အဝတ္အစားေတာင္လဲဖို႔ေတာင္ဂ႐ုမစိုက္နိုင္ေလာက္ေတာ့အထိအေဆာတလ်င္ျဖစ္ေနတာမ်ိဳးေပါ့။
စုန္႔ရီႏွလုံးကၾကမ္းတမ္းစြာခုန္ေပါက္ေနတယ္။ လူကထုံက်ဥ္သြားတယ္ "မင္းဘာလို႔ဒီမွာရွိေနတာလဲ?"
ကုရွင္ခၽြမ္းကသူ႔ဆီေလၽွာက္လာပီး ေခါင္းၿငိမ့္ကာ လည္ပင္းကိုတရွုံ႔ရွုံ႔အနံ့ခံတယ္။ ရင္းႏွီးေနတဲ့အနံ့ေလးကခ်ိဳေမႊးပီးေသြ႕ေသြ႕ေလး ႏွလုံးခုန္ႏွုန္းေတြကိုထိန္းခ်ဳပ္နိုင္တဲ့အေၾကာင္းအရာေလး။ သူကျဖည္းျဖည္းခ်င္းစုန္႔ရီနားေလးဆီကိုတိုးသြားပီး ႏူးႏူးညံ့ညံ့ေလးေျပာတယ္ "မင္းနဲ႔စာရင္းလာရွင္းတာ"
စုန္႔ရီသူဘာလုပ္ေနလဲသိေပမဲ့ ဒီလိုတည့္တိုးႀကီးဆိုေတာ့ နည္းနည္းေတာ့မ်က္ႏွာပူရတယ္။.သူကေျခာက္ကပ္ကပ္ေခ်ာင္းဟန္႔လိုက္တယ္ "စစ္ရဲယ္နဲ႔သူတို႔ခနေနရင္ျပန္လာေတာ့မွာ အရွုပ္ေတြမလုပ္နဲ႔"
ကုရွင္ခၽြမ္းကအေပၚထပ္မွာမီးေရာင္ေတြေမွာင္ေနတာကိုတစ္ခ်က္ၾကည့္လိုက္တယ္။ ေနာက္ေတာ့လက္ကိုေျမႇာက္ကာ စုန္႔ရီရဲ့ထိေတြ႕ရတာႏူးညံ့တဲ့ ျဖဴေဖြးၾကည္စင္တဲ့နားေလးကိုကစားေနလိုက္တယ္ "အာ့ဆိုျမန္ျမန္လုပ္ၾကတာေပါ့"
သူ႔လက္ကေအးစက္ေနတယ္။ စုန္႔ရီတုန္သြားပီး ကုရွင္ခၽြမ္းကိုလွည့္ၾကည့္လိုက္တယ္။ ဘာပဲျဖစ္ျဖစ္သူဒီေန႔ထြက္ေျပးလဲမလြတ္ေတာ့မွာကိုခန္႔မွန္းမိတယ္။ အဲ့ေတာ့လဲသူကလွဲေပးပီး ေပ်ာ္ေမြ႕ရမွာေပါ့။
စုန္႔ရီအိတ္ကပ္ထဲကေနတံခါးဖြင့္ဖို႔ ေသာ့ကိုထုတ္လိုက္ပီး တိုးတိုးေလးေျပာလိုက္တယ္ "ခနေနအုံး ငါအိမ္ထဲဝင္ပီး ေခြးကိုေသခ်ာခ်ည္ထားလားၾကည့္လိုက္အုံးမယ္"
"ငါမေစာင့္နိုင္ေတာ့ဘူး" ကုရွင္ခၽြမ္းကသူ႔ကိုေနာက္ေနခါးကိုဖက္လိုက္တယ္။ သူကခပ္တင္းတင္းဖိထားပီး စုန္႔ရီကိုကပ္တြယ္ကာေလးေလးလံလံအသက္ရွူေနတယ္ "မင္းအိမ္ကိုမသြားနဲ႔ေတာ့ ငါ့ကားထဲကိုသြားရေအာင္"
အဲ့တာကအရမ္းစိတ္လွုပ္ရွားစရာေကာင္းမွာကိုစုန္႔ရီေတြးလိုက္မိပီး အေနာက္ကိုလွည့္ၾကည့္လိုက္တယ္။ လမ္းမီးျဖဴျဖဴေအာက္မွာ ကုရွင္ခၽြမ္းရဲ့မ်က္ေတာက္ေမႊးေလးေတြကအေရာင္ေဖ်ာ့ပီးထူထူေလး။ သူ႔ရဲ့မ်က္လုံးနက္နက္ေလးကရွည္သြယ္ထက္ျမပီ ေအးစက္စြာေတာက္ပေနတယ္။ သူတို႔ေတြကေမၽွာ္လင့္မထားေလာက္တဲ့အထိလွပပီး စုန္႔ရီစိတ္ကိိုႏူးညံ့သြားေစတယ္။ သူ႔ေခြးေပါက္ေလးကိုအစာေကၽြးဖို႔တကယ္လိုအပ္ေနပီပဲ။
သူ႔ခါးမွာတင္းက်ပ္စြာရစ္တြယ္ထားတဲ့လက္ေမာင္းေတြကိုသူဖြဖြေလးပုတ္လိုက္ေတာ့ ကုရွင္ခၽြမ္းကနည္းနည္းေျဖေလ်ာ့ေပးတယ္။ စုန္႔ရီသူ႔ရဲ့အသက္ရွူႏွုန္းေတြကိုထိန္းညႇိလိုက္ပီး ေခါင္းညိမ့္ကာ 'အမ္း' ဆိုပီးညင္ညင္သာသာေလးေျပာလိုက္တယ္။
ကုရွင္ခၽြမ္းကသူ႔လက္ေကာက္ဝတ္ကိုဆြဲပီးေခၚသြားကာ ကားေနာက္ခန္းတံခါးကိုဖြင့္ပီး သပ္သပ္ရပ္ရပ္ပဲဖိလွဲခ်တယ္။ တန္ဖိုးႀကီးကားတစ္စီးရဲ့ေနာက္ခန္းထိုင္ခုံကက်ယ္ေပမဲ့လဲ 1.8 မီတာေက်ာ္လူႏွစ္ေယာက္ေနရတာအနည္းငယ္ေတာ့က်ပ္သိပ္တယ္။
စုန္႔ရီအေနာက္ကိုလွဲခ်လိုက္တယ္။ သူ႔ရဲ့ေျခတံရွည္ရွည္ေတြကိုေသခ်ာဆန္႔ထုတ္လို႔မရတာမို႔အနည္းငယ္ေကြးထားရတယ္။ ေလထဲမွာသံပုရာနံ့ေလးသင္းေနတယ္ "မင္းအေမႊးနံ့ေျပာင္းသုံးထားတာလား?"
ကုရွင္ခၽြမ္းကစကားမေျပာနိုင္ေသးဘူး။ စုန္႔ရီရဲ့အနက္ေရာင္ကတၱီပါကုတ္အကၤ်ီကိုခၽြတ္လိုက္တယ္။ ေအာက္မွာကာဆြယ္တစ္ထည္က်န္ေနေသးတယ္။ သူကဆြယ္တာအစြန္းကိုစိတ္ဆိုးမာန္စိုးမာန္ဆိုးနဲ႔ဆြဲပီး လက္ႏွစ္ဖက္ကိုအေပၚေျမႇာက္ကာဆြဲခၽြတ္တယ္။ စုန္႔ရီလက္ႏွစ္ဖက္ကိုဆန္႔ေပးပီး ေအးေအးေဆးေဆးပဲျပဳံးလိုက္တယ္ "စိုးရိမ္မေနပါနဲ႔ ဒီေန႔ညငါအိမ္မျပန္ေတာ့ဘူး"
ကုရွင္ခၽြမ္းကသူ႔ကိုအေပၚကေနငုံ႔ၾကည့္တယ္။ သူ႔မ်က္လုံးေတြကအစိမ္းေရာင္တဖ်တ္ဖ်တ္ေတာက္ေနပီး ဆာေလာင္ေနတဲ့ဝံပုေလြတစ္ေကာင္လို အေလာတႀကီးျဖစ္ေနတယ္ "ဒီညအိမ္မျပန္ဘူးလို႔မင္းပဲေျပာတာေနာ္"
စုန္႔ရီသူ႔ကိုနည္းနည္းကပ်ာကယာျဖစ္သြားေအာင္လုပ္ခ်င္သြားပီး သူ႔ေမးကိုဖြဖြးေလးလွမ္းထိလိုက္တယ္ "ငါကဒီေန႔ညမင္းနဲ႔အတူရွိေနမွာ"
ကုရွင္ခၽြမ္းႏွုတ္ခမ္းေတြကတြန္းေကြးသြားပီး နတ္ဆိုးဆန္ဆန္ျပဳံးကာ မေရမရာေျပာလာတယ္ "ခနေနမွေအာ္ငိုပီး လႊတ္ေပးဖို႔မေတာင္းဆိုနဲ႔"
စုန္႔ရီနားေတြပူလာပီး ႏွလုံးကလဲတဒုန္းဒုန္းေဆာင့္ခုန္ေနတယ္။ စုန္႔ရီႏွုတ္ခမ္းကိုစိလိုက္ပီး လက္ဆန္႔ကာ သူ႔ရဲ့ပါးေအးေအးကိုထိလိုက္တယ္ "ငါဒါကိုေနာက္တရမွာမဟုတ္ဘူး"
တစ္နာရီေလာက္အၾကာမွာေတာ့ သူစပီးေနာင္တရလာတယ္။ သူစကားေတြလြန္ခဲ့ပီး သူ႔ကိုယ္သူလြတ္လပ္တစ္လမ္းေလးမွေတာင္ခ်န္မထားမိခဲ့ဘူး။ ကုရွင္ခၽြမ္းကမီးစြမ္းအားအျပည့္နဲ႔မေမာနိုင္မပန္းနိုင္ျဖစ္ေနတယ္။ သူ႔မ်က္ႏွာဆီကေခၽြးေတြက ေမးရိုးကေနတဆင့္ စုန္႔ရီရဲ့လည္ပင္းေပၚကိုတစ္ေပါက္ခ်င္းစီလိမ့္က်လာတယ္။ အဲ့တာကေဖာ္ျပလို႔မရေလာက္ေအာင္ထိ စိတ္ဝိညာဥ္ကိုပါလွုပ္လွုပ္ရွားရွားျဖစ္ေစနိုင္တယ္။
မ်က္မွန္ကိုင္းရဲ့လွုပ္ရွားမွုေၾကာင့္ စုန္႔ရီႏွာေခါင္းနာလာရတယ္။ စုန္႔ရီမ်က္မွန္ကိုခၽြတ္လိုက္ပီး လက္ထဲမွာကိုင္ထားတယ္။ သူ႔အသက္ရွူႏွုန္းကိုထိန္းဖို႔ပါးစပ္ကိုဖြင့္ဟထားရတယ္။ ဒါေပမဲ့ကုရွင္ခၽြမ္းရဲ့ pheromones ကိုပဲရွူရွိုက္ေနရတယ္။
သူ႔ေခါင္းေပၚမွာေကာင္းကင္ရဲ့အလင္းေရာင္ရွိေနတယ္။ ေငြျဖဴေရာင္လမင္းကျပတ္ျပတ္သားသားေပၚေနပီး ေကာင္းကင္ကလင္းေနတယ္။
႐ုတ္တရပ္ကုရွင္ခၽြမ္းကလွုပ္ရွားတာရပ္သြားတယ္။ သူ႔ႏွာေခါင္းကစုန္႔ရီလည္ပင္းမွာပြတ္တိုက္ေနပီး ေလးေလးပင္ပင္အသံရွုကာ ျဖည္းညႇင္းစြာေျပာလာတယ္ "နားလိုက္အုံး ငါဒီေန႔ concert အတြက္ opening dance ကိုခုႏွစ္နာရီေလာက္အစမ္းေလ့က်င့္လိုက္ရတယ္ အခုအားမရွိေတာ့ဘူး"
စုန္႔ရီအဲ့ဒီျပည့္သိပ္ေနတဲ့ခံစားခ်က္ႀကီးနဲ႔ေနသားမက်ေသးဘူး။ သူ႔ေက်ာကေတာင့္သြားပီး ႏွုတ္ခမ္းကိုကိုက္လိုက္တယ္ "အာ့ဆို မင္းဖယ္ေတာ့"
"ဟင့္အင္း ငါအခုထိမပီးေသးဘူး" ကုရွင္ခၽြမ္းကေခါင္းကိုေမာ့ပီး သူ႔ကိုအလိုႀကီးစြာၾကည့္တယ္ "မင္းငါ့ကိုႀကိဳက္တယ္လို႔မင္းေျပာတာကိုၾကားရတာငါအရမ္းေပ်ာ္တယ္"
အာ့ေၾကာင့္မို႔သူကသူ႔ဆီလာတာေပါ့။ စုန္႔ရီစိတ္ထဲမွာႏွာမွုတ္လိုက္တယ္။ မ်က္မွန္ေတြမရွိတာမို႔ သူကကုရွင္ခၽြမ္းရဲ့မ်က္ႏွာေဝေဝဝါးဝါးပဲျမင္ရတယ္။ သူ႔ကိုျမင္ရဖို႔မ်က္လုံးေတြကိုေမွးလိုက္ပီး တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္တယ္ "ေနာက္တစ္ခါမင္းညလယ္ေခါင္ႀကီးအျပင္ထြက္မယ္ဆို အဝတ္ထူထူဝတ္"
သူ႔အသံထြက္လာပီးပီးခ်င္းမွာ ကားအင္ဂ်င္သံကိုၾကားလိုက္ရတယ္။ ရွန္းစစ္ရဲယ္နဲ႔သူ႔ရဲ့အဖြဲ႕ကတခမ္းတနားပဲျပန္လာခဲ့ပီျဖစ္တယ္။
စုန္႔ရီထိတ္လန္႔သြားပီး အသက္ရွုေအာင့္လိုက္တယ္။ ရွန္းစစ္ရဲယ္ကထူးဆန္းသလိုေမးလာတယ္ "ေရွာင္ရီကားကတံခါးနားမွာဘာလို႔ရပ္ထားတာလဲ?"
ဦးေလးလ်ိဳကေယာင္ဝါးဝါးျပန္ေျဖတယ္။ ရွန္းစစ္ရဲယ္ကစကၠန္႔အနည္းငယ္ေလာက္တိတ္ဆိတ္သြားပီး ေလးပင္တဲ့ေျခသံေတြကသူ႔တို႔ဘက္ကိုတစ္လွမ္းခ်င္းစီေလၽွာက္လာတယ္။ သူကကုရွင္ခၽြမ္းရဲ့ကားျပတင္းေပါက္ေရွ႕မွာရပ္လိုက္တယ္။ ကားမွန္က privacy film နဲ႔ဖုံးထားတာမို႔ အျပင္ဘက္ၾကည့္ရင္ ေမွာင္ေနတာပဲမင္ရလိမ့္မယ္။
"ဒါကဘယ္သူ႔ကားလဲ?"
ရွန္းစစ္ရဲယ္ရဲ့ခပ္မာမာအသံကစုန္႔ရီနားထဲကိိုစီးဝင္လာသလိုျဖစ္ေနတယ္။ စုန္႔ရီႏွလုံးကအေပၚေအာက္ခုန္ေနပီး တစ္ကိုယ္လုံးမွာရွိေနတဲ့ႂကြက္သားေတြအကုန္ေတာင့္တင္းသြားတယ္။ သူ႔ေနာက္ဘက္မွာလူႀကီးသူမေတြရွိေနတဲ့အခ်ိန္ဒီလိုမ်ိဳးလုပ္ဖူးတာပထမဆုံးအႀကိမ္ျဖစ္တယ္။
သူေၾကာက္လန္႔ေနတယ္။ ကုရွင္ခၽြမ္းလဲသူ႔ကိုထပ္ပီးထိန္းမထားနိုင္ေတာ့ဘူး။ သူကစုန္႔ရီနားနားကိုကပ္ပီး အက္ကြဲေနတဲ့အသံနဲ႔ေျပာလာတယ္ "စိတ္ေလၽွာ့ထား"
ဒီရပ္ကြက္မွာေနထိုင္တဲ့အိမ္ေထာင္စုေတြတိုင္းမွာကားေတြရွိတယ္။ ကားပိုင္ရွင္ကိုမသိတာပုံမွန္ပဲျဖစ္တယ္။ ရွန္းစစ္ရဲယ္ကထပ္မေမးေတာ့ပဲ သူ႔လူေတြေခၚကာအိမ္ထဲကိုပဲဝင္သြားတယ္။
စုန္႔ရီရင္ဘတ္ထဲစို႔ေနတဲ့အလုံးႀကီးလဲအခုမွပဲဗိုက္ထဲက်သြားေတာ့တယ္။ အိမ္တံခါးဝမွာပဲမီးရွို႔မိတာကိုသူေနာင္တရေနတယ္။ တကယ္ဆိုကားကိုခပ္ေဝးေဝးကိုေမာင္းသြားဖို႔ကုရွင္ခၽြမ္းကိုေျပာခဲ့သင့္တာ။ တကယ္လို႔တစ္ေယာက္ေယာက္သာမိသြားရင္ သူေသဖို႔သာရွိေတာ့တယ္။
ကုရွင္ခၽြမ္းလဲစိတ္သက္သာရာရသြားပီး သူ႔ကိုစိတ္ဝင္တစားၾကည့္လိုက္တယ္။ စုန္႔ရီကအျမဲတမ္းလိုလို hair spray သုံးေလ့ရွိပီ မ်က္ႏွာေပၚမွာရွုပ္ပြေနတာမ်ိဳးမရွိဘူး။.အခုေတာ့သူ႔ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြကမ်က္ႏွာေပၚမွာဟိုတစ္စဒီတစ္စက်ေနတယ္။ မ်က္မွန္မပါတာမို႔ သူ႔ရဲ့မ်က္လုံးလွလွေလးေတြကဦးတည္ရာေပ်ာက္ေနပီး ထိလြယ္ရွလြယ္ေလးျဖစ္ေနတယ္။ ၾကည့္မိတဲ့ဘယ္သူမဆိုအသည္းတယားယားျဖစ္သြားမိမွာပဲ။
"မင္းအရမ္းေၾကာက္သြားတာလား?" ကုရွင္ခၽြမ္းေမးလိုက္တယ္။
စုန္႔ရီကအေရးမႀကီးတဲ့ဟန္ေဆာင္ပီးေျပာလိုက္တယ္ "အဆင္ေျပပါတယ္ မင္းရွက္သြားမွာစိုးလို႔သာပဲ"
ကုရွင္ခၽြမ္းကသေရာ္ရယ္ရယ္လိုက္ပီး ပါးေလးကိုဖ်စ္လိုက္တယ္။ သူကေခါင္းငုံ႔ပီး ထင္ရွားတဲ့မ်က္ေတာင္ေမႊးေလးေတြကိုထိလိုက္တယ္ "မင္းမ်က္ေတာင္ေမႊးေလးေတြကအရမ္းရွည္တာပဲ"
သူေျပာပီးေတာ့ မိုးေပါက္နဲ႔တူတဲ့အနမ္းတစ္ပြင့္ကစုန္႔ရီႏွာေခါင္းေပၚေရာက္လာတယ္ "ႏွာေခါင္းေလးကလဲတကယ္လွတယ္"
"ႏွုတ္ခမ္းေလးကလဲတကယ္အိအိေလး" ကုရွင္ခၽြမ္းစုန္႔ရီရဲ့ပါးကိုဖ်စ္ပီး ျပင္းျပင္းျပျပနမ္းလိုက္တယ္။
စုန္႔ရီသူ႔ကိုကိုက္ပစ္ခ်င္ေပမဲ့ ကုရွင္ခၽြမ္းကေဖ်ာ္ေျဖပြဲရွိတယ္လို႔ေျပာတာကိုသတိရသြားတယ္။ သူကုရွင္ခၽြမ္းကိုလၽွာေလးထုတ္ပီးသီခ်င္းေတာ့မဆိုခိုင္းေစခ်င္ဘူး။
သူသည္းခံပီး အဲ့ဒီျခယ္လွယ္လြန္းေသာအနမ္းေတြကိုပဲလက္ခံလိုက္ရေတာ့တယ္။
သူတို႔ႏွုတ္ခမ္းေတြခြာသြားတဲ့အခ်ိန္မွာ စုန္႔ရီနားခ်ိန္ေတာင္မရွိဘဲ အသက္လုရွူေနရတယ္။ စုန္႔ရစိတ္ဆိုးမာန္ဆိုးေျပာလိုက္တယ္ "မင္းကိုအျပစ္တင္ဖို႔မင္းကိုလူဆိုးေကာင္ဆိုပီးငါေျပာခဲ့ဖူးတယ္"
"ဟမ္?" ကုရွင္ခၽြမ္းကစုန္႔ရီရဲ့နီရဲေနတဲ့ပါးေလးကိုထိလိုက္တယ္။
စုန္႔ရီအံႀကိတ္ပီးေျပာလိုက္တယ္ "မင္းက kinky ျဖစ္လြန္းတဲ့ နတ္ဆိုးေကာင္"
ကုရွင္ခၽြမ္းကဖြဖြေလးရယ္လိုက္ပီး ေမာ္တာအေသးေလးရဲ့လွုပ္ရွားမွုကျပန္စတင္လာတယ္။ သူကစုန္႔ရီနားနားမွာအေမာတေကာအသက္ရွူရင္းေျပာတယ္ "ငါ့ကိုဆြပါလို႔မင္းကိုဘယ္သူကခိုင္းလို႔လဲ ဒါကမင္းအေပၚမွာပဲမူတည္ေနတာ"
စုန္႔ရီသူ႔ကိုဘာေျပာရမလဲေတာင္မသိေတာ့ဘူး။ ႏွစ္ေပါင္းမ်ားစြာၾကာပီးတာေတာင္ ဒီအေရထူတဲ့ကိစၥေတြေျပာရာမွာ ကုရွင္ခၽြမ္းကိုမနိုင္ေသးဘူး။ (အဟား အထက္တန္းတုန္းကလဲေျပာဖူးတယ္ေပါ့)
ေနာက္ေန႔မနက္ေစာစာမွာ စုန္႔ရီအိမ္ျပန္ေရာက္လာတယ္။ ရွန္းတုကကုမၸဏီသြားပီျဖစ္ပီး ဦးေလးလ်ိဳကရွန္းစစ္ရဲယ္ကိုလက္ဖက္ရည္အေဖာ္ျပဳေသာက္ေပးေနတယ္။
စားပြဲေပၚမွာကန္တုံစတိုင္မနက္စာေတြျပည့္ေနတယ္။ အရသာရွိပီးေမႊးပ်ံ႕တဲ့ေပါက္စီလုံးေလးေတြကလဲအေငြ႕တေထာင္းေထာင္းနဲ႔။ ဒါကလူတစ္ေယာက္ကိုစားခ်င္စိတ္ျဖစ္ေပၚေစတယ္။
စုန္႔ရီတံခါးကိုဖြင့္ကာနိေဟာင္လို႔ေျပာလိုက္ပီး ေခါင္းကိုလက္နဲ႔အုပ္ကာ အေပၚထပ္ကိုတက္သြားလိုက္တယ္။ အိပ္ေရးပ်က္ခဲ့တဲ့ညေၾကာင့္ သူမ်က္လုံးေတြမဖြင့္နိုင္ေတာ့ဘူး။
ရွန္းစစ္ရဲယ္သူ႔ကိုတစ္ခ်က္ၾကည့္လိုက္တယ္။ မေန႔ညကဘယ္သြားခဲ့လဲဆိုပီးေမးရင္လဲမေကာင္းတာမို႔ လက္ယပ္ေခၚလိုက္တယ္ "ေရွာင္ရီ ေျမအိုးနဲ႔ခ်က္ထားတဲ့ဆန္ျပဳတ္ကိုလာစားၾကည့္အုံး မနက္စာနည္းနည္းပါးပါးကေတာ့စားမွေပါ့"
စုန္႔ရီမ်က္ႏွာကိုပြတ္လိုက္ပီး သူ႔တို႔ဆီသြားကာ အျပဳံးတစ္ခုဖ်စ္ထုတ္လိုက္တယ္ "စစ္ရဲယ္ မလိုေတာ့ပါဘူး ကၽြန္ေတာ္မနက္စာစားခဲ့ၿပီးပီ"
ရွန္းစစ္ရဲယ္ကလက္ဖက္ရည္တစ္ခြက္ငွဲ႕လိုက္ပီး သူ႔ကိုထူးဆန္းစြာၾကည့္ရင္းလည္ပင္းတစ္ေနရာကိုလက္ညႇိုးထိုးျပတယ္ "အဲ့တာဘာျဖစ္တာလဲ?"
စုန္႔ရီလက္ဆန္႔ထုတ္ပီးထိလိုက္တယ္။ သူဘာျဖစ္ေနလဲဆိုတာသိတယ္။ ဒါကကုရွင္ခၽြမ္းတံဆိပ္ခတ္ထားတာျဖစ္တယ္။ သူကတည္တည္ၿငိမ္ၿငိမ္ပဲေျပာလိုက္တယ္ "ဘာမွဟုတ္ပါဘူး တစ္ခုခုကိုက္သြားတာျဖစ္မယ္"
ရွန္းစစ္ရဲယ္ကသူ႔ကိုသံသယမဝင္ခဲ့ပါဘူး။ ဒီအသက္အရြယ္ေရာက္ပီမို႔ အဲ့ဒီအေၾကာင္းကိုလဲမစဥ္းစားမိဘူး။ သူကလက္လွုပ္ပီးအခ်က္ျပေတာ့ ဦးေလးလ်ိဳကစာရြက္စာတမ္းေတြယူလာပီး စုန္႔ရီကိုကမ္းေပတယ္ "အခ်ိန္ကိုဆုံးျဖတ္ပီးသြားပီ လဝက္အတြင္း US ကသင္တန္းကိုသြားရေတာ့မယ္ စပီးျပင္ဆင္ထားေတာ့!"
စုန္႔ရီစာရြက္ေတြကိုလွန္ေလွာၾကည့္လိုက္တယ္။ သူအရမ္းေပ်ာ္ရႊင္ေနတယ္။ အခ်စ္နဲ႔ အလုပ္ကအေရးႀကီးတယ္။ သူဒီသတင္းေကာင္းကိုကုရွင္ခၽြမ္းနဲ႔မၽွေဝရမယ္။ ရွန္းစစ္ရဲယ္ရဲ့သတ္မွတ္ခ်က္အတြက္ကေတာ့...
စုန္႔ရီကသူ႔ရဲ့ႏွလုံးသားကိုေတာင္မခ်ဳပ္ထိန္းနိုင္တာ ေသခ်ာေပါက္ကုသခင္ငယ္ေလးရဲ့ေျခေထာက္ေတြကိုလဲမထိန္းခ်ဳပ္နိုင္ဘူးေပါ့။
စုန္႔ရီပစၥည္းေတြအမ်ားႀကီးယူသြားေလ့မရွိဘဲ နိုင္ငံျခားကိုခရီးတိုေတြထြက္ဖူးတယ္။ ဒါေပမဲ့ဒီသင္တန္းကိုသြားတာၾကပစၥည္းေတြအမ်ားႀကီးလိုတယ္ အမ်ိဳးမ်ိဳးေသာလုပ္ငန္းစဥ္ေတြကလဲရွုပ္ေထြးတယ္။ ရွန္းစစ္ရဲယ္ရွိေနလို႔ သူ႔ဘာသာသူလုပ္ဖို႔မလိုအပ္ေပမဲ့ သူနည္းနည္းေတာ့အလုပ္ရွုပ္ေနတုန္းပဲ။
"Family Defense" program team ကေနစုန္႔ရီကိုမိသားစုအျငင္းပြားမွုကိုလာေရာက္ေျဖရွင္းဖို႔ေခၚခဲ့တယ္။ သူအဲ့က်မွေက်ာက္ဟုန္းရန္ကိုသတိရတယ္။
စုန္႔ရီရိုးရွင္းစြာနဲ႔ပဲ ဖိတ္ေခၚမွုကိုျငင္းဆန္ခဲ့တယ္။ သူဒီလိုပရိုဂရမ္မ်ိဳးမွာေက်ာက္ဟုန္းရန္နဲ႔ျငင္းခုန္ရင္းအခ်ိန္ျဖဳန္းေနမွာမဟုတ္ဘူး။ အနိုင္အရွုံးေပါ့လာဖို႔ သူမွားတယ္ကိုယ္မွန္တယ္ဆိုပီးတိုက္ခိုက္ေနတာသပ္သပ္အဓိပၸါယ္မရွိတာပဲ။
စုန္႔ရီအဲ့ဒီshow ရဲ့ producer ဆီကိုသူ record လုပ္ထားတဲ့ အသံဖိုင္ကို သူ႔အေျဖအေနနဲ႔ပို႔လိုက္တယ္။
Producer ကေတာ့ေက်နပ္ဝမ္းသာရစြာအံ့ဩေနတယ္။ 'Family Defense' ကလူေတြရဲ့ အခ်စ္အမုန္းနဲ႔အရမ္းပုံမွန္ဆန္တဲ့ show တစ္ခုပဲျဖစ္တယ္။ ပထမဆုံးအေနနဲ႔ အႏုပညာရွင္တစ္ေယာက္ရဲ့မိသားစုကစင္ေပၚေရာက္လာမွာဆိုေတာ့ rating ေတြျမင့္ပီးအရမ္းေက်ာ္ၾကားသြားမွာကိုေျပာျပေနစရာေတာင္မလိုဘူး။
အဲ့ဒီထပ္ပိုတာက စုန္႔ရီကအခုလတ္တေလာအတြင္းမွာပဲအရမ္းေက်ာ္ၾကားလာတယ္။ ဒီကိစၥကိုပရိသတ္ေတြဆီ ေၾကျငာေတြေရာင္းစားရင္လဲပိုက္ဆံေတြအမ်ားႀကီးရအုံးမွာ။
Producer ကအႀကံအဖန္ေတာ္တယ္။.သူက 'Family Defense' ကိုတိုက္ရိုက္မလႊင့္ခင္မွာ major platform ေတြမွာ trailer ကိုျပသတယ္။ ေက်ာက္ဟုန္းရန္ကကြဲေၾကေနတဲ့ႏွလုံးသားနဲ႔ငိုေကၽြးေနတယ္။ ေခါင္းစဥ္ကေတာ့ "S နဲ႔စတဲ့နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ရဲ့အေမကသူမေမြးစားသားကခံစားခ်က္ကင္းမဲ့ေၾကာင္းစြပ္စြဲထားတယ္ ျပဳစုပ်ိဳးေထာင္ေပးခဲ့သူတစ္ေယာက္အေနနဲ႔ျပန္ရရွိခဲ့တာဘာမ်ားျဖစ္မလဲ?"
ဒါကတကယ္ထြင္လုံးႀကီးျဖစ္တယ္။
ဒီလိုဘဝေပးဆက္ႏႊယ္မွုေခါင္းစဥ္မ်ိဳးကလြန္ခဲ့တဲ့ႏွစ္ေတြမွာအေတာ္ေလးဂယက္ျဖစ္ခဲ့တယ္။ အခုနာမည္ေက်ာ္တစ္ဦးပါလာေတာ့ မထုတ္လႊင့္ခင္မွာကတည္းက Weibo မွာေဆြးေႏႊးမွုေတြကျမင့္တက္လာခဲ့တယ္။
လူအမ်ားစုကေတာ့ ေကၽြးေက်းဇူးကေမြးေက်းဇူးထက္ႀကီးျမတ္ေၾကာင္းပတယ္လို႔ေတြးၾကတယ္။ ကေလးတစ္ေယာက္ေမြးလာဖို႔ဆယ္လေလာက္သာအခ်ိန္ယူရေပမဲ့ ဂ႐ုတစိုက္ျပဳစုပ်ိဳေထာင္ေပးရတာကဆယ္ႏွစ္ကေနအႏွစ္ႏွစ္ဆယ္အထိေတာင္ၾကာတယ္ဆိုပီးျဖစ္တယ္။
S နဲ႔စတဲ့အႏုပညာရွင္ Weibo ေပၚမွာခန္႔မွန္းေနၾကတယ္။ လူအမ်ားအျပားကေတာ့ စုန္႔ရီကိုခန္႔မွန္းမိၾကတယ္။ မၾကာေသးမီကပဲ စုန္႔ရီက ေလာဘႀကီးတဲ့မ်က္လုံးျဖဴဝံပုေလြအျဖစ္ သူ႔အေမတင္မကဘဲ တျခားသူေတြကပါသတ္မွတ္ခဲ့ၾကေသးတယ္။
အစီအစဥ္အျပည့္အစုံထုတ္လႊင့္မဲ့ရက္ကိုလူေတြကေစာင့္ေနခဲ့ၾကတယ္။ လူတိုင္းက marketing acc ရဲ့တိုက္ရိုက္ထုတ္လႊင့္မွုကို ဟာသတစ္ခုၾကည့္ေနတဲ့အလား ေဝဖန္အျပစ္တင္ရင္း weibo ကေနၾကည့္ေနတယ္။
စုန္႔ရီလဲေကာ္ဖီခြက္ေလးကိုင္ပီး ကြန္ပ်ဴတာေရွ႕မွာထိုင္ေနတယ္။ သူေရာေထြးေနတဲ့ခံစားခ်က္ေတြနဲ႔ screen ေပၚမွာရင္းႏွီးေပမဲ့သိမ္းသက္တဲ့မ်က္ႏွာကိုၾကည့္ေနတယ္။
ေက်ာက္ဟုန္းရန္ကပိုပီးငယ္ရြယ္ေအာင္ မိတ္ကပ္ျပင္ထားတယ္။ သူကမီးေရာင္ကိုမ်က္ႏွာမူရင္း အကၤ်ီကိုမသက္မသာျဖစ္စြာနဲ႔ဆြဲဖ်စ္ထားတယ္ "ကၽြန္မဒီေန႔ဒီေနရာမွာေရာက္ရွိေနတာကကၽြန္မရဲ့ေပ်ာက္ဆုံးသြားတဲ့ကေလးကိုျပန္ရယူခ်င္လို႔ပါ"
~~~~~~~
တစ္ခါတစ္ေလဒီတစ္ပုဒ္ကို omegaverse မွန္းေမ့ေမ့သြားတယ္။ ဒါနဲ႔စကားမစပ္ ဒီ novel ေလးၿပီးဖို႔ ဆယ့္ငါးပိုင္းပဲက်န္ေတာ့တယ္။