ချို့ယွင်းချက် (ဘာသာပြန်)

By buchiyu_02

3.6K 222 19

~~★ Mm translation ★~~ Both Zawgyi and Unicode available. Type : Web Novel Author : 如似我闻 Status in COO : 1 c... More

zawgyi

unicode

2.9K 180 15
By buchiyu_02

(01)
စစ်တပ်ရဲ့တတိယမြောက် တပ်ရင်းမှူးကြီးက
လင်းအန်ရဲ့အရိပ်ကို ကျွန်တော့်ဘေးနားက နေရာလေးမှာ
ရံဖန်ရံခါ ရှာနေလေ့ရှိတယ် ။

တခါတလေ မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါမှာဆိုရင်
ကျွန်တော့်ရဲ့ အ‌တွေးတွေထဲမှာ သူ့ရဲ့ပုံရိပ်က
နက်နက်နဲနဲ ပေါ်လာတယ်။

သူက ကျွန်တော့်ထက် အရပ်၃စင်တီမီတာ ပိုရှည်ပြီး
တော်တော်လေးလဲ ပိန်တယ် ။ သူ့ရဲ့စစ်တပ် ယူနီဖောင်းကို
ဝတ်ထားတာဖြစ်စေ ဒါမှမဟုတ် လေကာအင်္ကျီကို ဝတ်ထားတာဖြစ်စေ သူကအမြဲတမ်း ကြည့်ကောင်းနေရော။ သူက
ပြုံးခဲတာကြောင့် သူ့ရဲ့ခန့်ညားတဲ့ မျက်နှာလေးက‌တော့
အလဟသဖြစ်သွားတာပေါ့။

တည်ကြည်တယ် လေးနက်တယ် စည်းကမ်းရှိတယ်။
ဒါတွေက သူ့ကိုစတွေ့တုန်းက ကျွန်တော့်ရဲ့
ထင်မြင်ချက်တွေပေါ့ဗျာ။

အဲ့ဒါတွေကြောင့်ပဲ  ကျွန်တော်ချက်ချင်းလှည့်ပြီး အလေးပြုရင်း စကားပြောခဲ့တယ်
" တပ်မှူး ကျွန်တော် ပါတနာလဲ‌ဖို့ တောင်းဆိုချင်ပါတယ် "

အမှန်အတိုင်းပြောရရင် ကျွန်တော့်အတွက် ပါတနာ လိုတယ်လို့ရယ်လဲ မဟုတ်ဘူး။ ကျွန်တော့်မှာ ဓာတ်ပုံရိုက်ထားသလို မှတ်သားနိုင်တဲ့ မှတ်ဉာဏ်ပိုင်ဆိုင်ထားတယ်။ ကျွန်တော်မြင်ခဲ့တဲ့ အရာတွေအားလုံးကို ဘယ်တုန်းကမှ မေ့ခဲ့တာမဟုတ်ဘူး။ မြို့တစ်မြို့လုံးရဲ့ မြေပုံကိုတောင်မှ ရှင်းရှင်းလင်းလင်း မှတ်မိပြီး ပြန်ပြောပြနိုင်တယ်။ ကျွန်တော့်မှာ အင်မတန်မှကောင်းတဲ့ လျင်မြန်စွာ တွက်ချက်နိုင်တဲ့ အရည်အချင်းလဲရှိသေးတယ်။ တစ်ခြားသူတွေ စာရွက်ပေါ်မှာ ဂဏန်းတွေ တွက်ချက်နေတုန်းမှာပဲ ကျွန်တော်ကအဖြေကိုရလို့ ပြန်တောင်အိပ်နေပြီ။

ကျွန်တော့်မှာရွေးချယ်ခွင့် တစ်ကယ်မရှိခဲ့ဘူးဆိုပေမယ့် ပါတနာတစ်ယောက်ရှိရင် လိုက်နာရမယ့်မူဝါဒတွေကို လိုက်နာရမယ်ဆိုရင်တောင်မှ အဲ့ဒီလူက ကိုယ့်ကို မျက်နှာသာပေးပြီး ကိုယ်နဲ့အတူလိုက်သောက်ပေးနိုင်မယ့်သူ ဖြစ်ဖို့တစ်ခုပဲ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့လည်း လင်းအန်က ကျွန်တော့်ရဲ့ အရက်နဲ့ပတ်သတ်ပြီး ကွယ်ဝှက်ထားတာတွေကို မိအောင်ဖမ်းမယ့် လူစားမျိုးဖြစ်ပြီး ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေဆီကိုတောင် သူကအစီရင်ခံစာ တင်လိုက်သေးတယ်။

ကျွန်တော့်ရဲ့ တောင်းဆိုချက်လေးက ရက်ရက်စက်စက် အငြင်းခံလိုက်ရတယ်။ ကျွန်တော်အရမ်းကို မပျော်မရွှင်ဖြစ်သွားပြီးတော့ လိုက်နာဖို့ကို ငြင်းဆိုခဲ့တယ်။(T/N: အရက်သမားအကြီးစား🤣)

သေနတ်ပစ် လေ့ကျင့်ကြတဲ့ အချိန်မှာ ကျွန်တော်က quintain(အလယ်ခေတ်စစ်သားများ တိုက်ခိုက်ရာတွင် လေ့ကျင့်ရာ၌သုံးသော ပစ္စည်း) အောက်မှာ ထိုင်ပြီးတော့ ရန်သူတွေရဲ့ ဖြတ်ထိုးဉာဏ်ကို ကြားဖြတ်တိုက်ခိုက်နိုင်မယ့် အကွာအဝေးကို တွက်ချက်နေခဲ့တယ်။ ကျယ်လှောင်လှတဲ့ ဝီစီသံက ကျွန်တော့်နားထဲကနေ  ဖြတ်သန်းသွားပေမယ့် ကျွန်တော် မော့‌တောင်မကြည့်ဖြစ်ခဲ့ဘူး ပြီးတော့ ကျွန်တော် လင်းအန်ရဲ့တည်နေရာကို အစီအရင်ခံဖို့ လုံးဝကျရှုံးသွားခဲ့တယ်။

ကျွန်တော့်အပေါ်ကို အရိပ်ကြီးတစ်ခုလုံး အုပ်မိုးသွားသည်အထိကို သူကကျွန်တော်ရှိရာ နေရာဆီကိုလျှောက်လှမ်းလာပြီးတော့ တည်ငြိမ်စွာပဲ ပြောလိုက်တယ်
"ငါတို့စကားပြောဖို့လိုနေပြီ ပြောစမ်းပါအုံး မင်းမှာငါ့ကိုဆန့်ကျင်စရာ ဘာများရှိနေလို့လဲ။"

ဒါပေမဲ့ ကျွန်တော် စကားမပြောချင်ခဲ့ဘူး။ ဒါကြောင့် မထွက်သွားခင် မတ်တပ်ရပ်လိုက်ပြီး ကျွန်တော့်ရဲ့ ညစ်ပတ်နေတဲ့ အဝတ်အစားတွေကို ခါလိုက်တယ်။ ကြည့်ရတာ ဒါကလင်းအန်ကို ဒေါသထွက်သွားစေတယ် ထင်တယ်။ သူကျွန်တော့်ရဲ့ လက်ကိုလျင်"မြန်"ပဲ ဆွဲကိုင်လိုက်ပြီး ကျွန်တော့်ကို quintainဆီ တွန်းပစ်လိုက်တယ်။ ကျွန်တော့်ခေါင်းက ဘုတ်ပြားနဲ့ စောင့်မိသွားတယ်။ သူနာကျင်စွာအော်ပြောနေတာတွေကို ကြားရတာ ကျွန်တော် အနှောင့်အယှက်မဖြစ်မိဘူး။

သူကျွန်တော့်ကို မြန်မြန်ဆန်ဆန်ပဲ လွှတ်ပေးလိုက်တယ်။
ကျွန်တော့်ခေါင်း‌နောက်ဘက်ကို ပွတ်ပြီး သူ့ကိုအကဲဖြတ်နေစဉ်မှာပဲ  ပစ္စတိုသေနတ်ကို ထုတ်လိုက်တယ်။ အထဲမှာ ကျည်ဆံတွေအများကြီးရှိနေတာကြောင့် တစ်လုံးကိုထုတ်လိုက်ပြီး သူ့ကိုမချိန်ခင် ပစ္စတိုကို ပြန်ပိတ်ထားလိုက်တယ်။
"ရရှား ဂဏန်းလောင်းကစားနည်းပဲ။ မင်းမှန်ရင် နိုင်ပြီ"

သူသည်းမခံနိုင်တော့ဘဲ ထွက်သွားအောင်လုပ်ဖို့ စောင့်နေရလောက်တဲ့အထိအောင် ကျွန်တော်က အကျိုးအကြောင်း မဆီလျော်ဘူးလို့ပြောရင် မှန်တယ်လို့ပြောရမယ်။

မမျှော်လင့်ထားစွာနဲ့ပဲ သေနတ်က နားထင်ကိုထိမိတဲ့အထိကို သူကကျွန်တော့်ဆီတစ်လှမ်းချင်း မလှမ်းလာခင်အထိ ကျွန်တော့်ကိုပဲ တည့်တည့်စိုက်ကြည့်နေခဲ့‌သေးတယ်။

အဆုံးမှာတော့ ကျွန်တော်သေနတ်ကို အောက်ပစ်ချလိုက်တယ်။ သူနိုင်သွားပါတယ်။ ကျွန်တော်သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး။

(02)
ကျွန်တော်တို့နှစ်ယောက်လုံးက အသိအမှတ်မပြုပေမဲ့လည်း ကျွန်တော်နဲ့လင်းအန်က အကောင်းဆုံးအဖွဲ့အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။ အတူတိုက်ခိုက်တဲ့နေရာမှာရော စကားဝှက်ဖော်တဲ့နေရာမှာရော ကျွန်တော်တို့အဖွဲ့က ပြိုင်ဘက်ကင်းပဲ။ ကျွန်တော်တို့နှစ်ယောက်လုံး ဘဲဥမကွဲခဲ့တာဆိုလို့ စိတ်ပညာ စစ်ဆေးချက်တစ်ခုပဲရှိတယ်။

စိတ်ပညာစစ်ဆေးချက်ကို တပ်ခွဲတိုင်းမှာစစ်ဆေးပြီး အဖွဲ့တိုင်းက အသံလုံတဲ့အခန်းထဲဝင်ပြီး စစ်‌ဆေးခံရလေ့ရှိတယ်။ ဘာသာရပ်တစ်ခုအနေနဲ့ သူတို့က ကျန်းမာရေးအတွက် စစ်ဆေးတာလို့ပြောပေမဲ့ ကျွန်တော်တို့ကို သူတို့တတ်နိုင်သမျှ ထိန်းချုပ်နိုင်ဖို့အတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ ကျွန်တော်တို့ မေးခွန်းအားလုံးကို ချော"မွေ့"ဖြေနိုင်ခဲ့ပေမဲ့ နောက်ဆုံးတစ်ခုမှာတော့ ငြိသွားတယ်။

"မင်းရဲ့အိပ်မက်တွေထဲကလူက ဘယ်သူလဲဆိုတာကို မေးပါရစေ"

ထူးဆန်းတဲ့မေးခွန်းတစ်ခုပဲ။ ကျွန်တော်ကသူတို့ကို ပြောပြလိုက်ရင်သူတို့က အဲ့ဒီလူတွေကို ထုတ်ပစ်မှာတော့ မဟုတ်ပါဘူးနော်။ စိတ်ပညာရှင်က အလိုက်တသိရယ်လိုက်ပြီး
"ကျေးဇူးပြု၍ အမှန်အတိုင်း ဖြေပေးပါ "

ကျွန်တော်သူ့ကို ပွင့်"လင်း"ပဲ ပြန်ပြောလိုက်တယ်။
"ကျွန်တော်က တာဝန်ထမ်းဆောင်နေတုန်း ‌စိတ်လှုပ်ရှားမှုကြောင့် အဒရီနယ်လင်တွေထွက်လာတာနဲ့  အကြမ်းစားသည်းထိတ်ရင်ဖို ‌ဖြစ်ရပ်တွေကိုပဲ ‌သဘောကျတာ။ ကျွန်တော့်ရဲ့ ပင်ကိုဗီဇအားဖြင့် အချစ်ကိုမလိုအပ်ဘူး။"

ကျွန်တော် စိတ်မရှည်ဖြစ်လာလို့ သူ့ကိုကျွန်တော့်မျက်ခုံးနဲ့ အချက်ပြပြီး တီးတိုးပြောလိုက်တယ်
"မြန်မြန်လုပ်။ မင်းဖြေပြီးတာနဲ့ ငါတို့ချက်ချင်း ထွက်သွားလို့ရပြီ။ ဘာပဲဖြစ်ဖြစ်ပြောလိုက်။ မင်းရှက်နေရင် မင်းအစား ငါကူပြောပေးရမလား"

သူကျွန်တော့်ကို မြင်ရခဲတဲ့အကြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။
အဲ့လိုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ပညာစစ်ဆေးခြင်းရလဒ်မှာ သုညတွေရခဲ့တယ်။ အသံလုံအခန်းထဲကနေ ထွက်လာတော့ လင်းအန်က ကျွန်‌တော့်ကိုမေးခဲ့တယ် "ပင်ကိုဗီဇအားဖြင့်?"

သူ့အသံကနည်းနည်း အသက်မပါသလိုပဲ။ ဒါပေမဲ့ ကျွန်တော်အတွေးလွန်သွားတာ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်သူ့ကိုပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ပုံစံကအရင်လိုပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ငရှုပ်တစ်ကောင်က ကော်ရစ်ဒါမှာ ကျွန်တော်တို့ကို ဖြတ်ကျော်သွားပြီး ကျွန်တော်ပြန်မဖြေနိုင်ခင်မှာပဲ ရယ်ရယ်မောမောနဲ့ "ဘာကို ပင်ကိုဗီဇအားဖြင့်လဲ။ သူကစိတ်ခံစားချက် ချို့တဲ့နေတဲ့ လူနာတစ်ယောက်ပဲ။"

ကျွန်တော် ထူးမခြားနားစွာပဲ ပုခုံးတွန့်လိုက်ပြီး သူ့ဆီက အကြည့်ကိုအနှောင့်အယှက်မဖြစ်ပဲ ပြန်ဖြေလိုက်တယ်
" သူပြောတာမမှားဘူး။ ငါ့မှာ စိတ်ခံစားချက်ရော စာနာစိတ်ရော မရှိဘူး။ လူ့ကျင့်ဝတ်နဲ့ပတ်သတ်တဲ့ အသိစိတ်လဲ မရှိသလောက်ပဲ။ အဲ့ဒါကြောင့်လဲ တပ်ရင်းကြီးသုံးအတွက် ငါကအသင့်တော်ဆုံးပဲ။ သာမန်လူတွေနဲ့ယှဥ်ရင် ငါကနေရာတိုင်းမှာ ချို့တဲ့နေပေမဲ့ ဒီနေရာမှာတော့ ငါကဥာဏ်ကြီးရှင်ပဲ။ ဘယ်သူကမှ ငါ့ထပ်ပိုပြီး တော်နိုင်မှာမဟုတ်ဘူး။ " သူ့ရဲ့မျက်လုံးထဲက လုံးဝရှုပ်ထွေးနေတဲ့ အလင်းရောင်တွေကိုကြည့်ပြီး ကျွန်တော်ယုံကြည်ချက် ရှိစွာနဲ့ပြောလိုက်တယ်။

(03)
အဲ့ဒီကနေစပြီးတော့ ကျွန်တော်လင်းအန်နဲ့ စိတ်ခံစားချက်တွေအကြောင်း ပြောဖြစ်ခဲ့ကြတယ်။ကျွန်တော်တို့ရဲ့ နှစ်ယောက်တွဲအခန်းထဲမှာ လင်းအန်ကကျွန်တော်အရှေ့မှာ ထိုင်နေပြီး ကျွန်တော်ခိုးသောက်နေတာကို မသိချင်ယောင်ဆောင်နေခဲ့တယ်။ ဒါကအဖွဲ့တစ်ခုအနေနဲ့ အဆင်ပြေ‌ပြေနေနိုင်ဖို့ တစ်ယောက်ပေါ်တစ်ယောက် ထားသင့်တဲ့ အပြန်အလှန် နားလည်မှုပဲ။ သူကအတည်ပေါက်ကြီးနဲ့ အချစ်ကဘာလဲဆိုတာကို ကျွန်တော့်ကိုရှင်းပြဖို့ ကြိုးစားနေခဲ့တယ်။
" ချစ်တယ်ဆိုတာရိုးရှင်းပါတယ်။ တစ်စုံတစ်ယောက်ကိုမင်း အကြင်နာပေးချင်တာ ပြီးတော့..."
"လိင်ဆက်ဆံ ကြတာလား" လို့ကျွန်တော်သူ့စကားကို ဆက်ပြောလိုက်တယ်။ သူကသိကအောက်နဲ့ ခေါင်းငြိတ်လိုက်စဥ်မှာပဲ ပုလင်းအလွတ်ကို ကျွန်တော်ပစ်ခွဲလိုက်ပြီးတော့ သဘောမတူစွာနဲ့ပဲ
"ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့လိုဟာတွေလုပ်ဖို့ ‌ဘေးခန်းကကောင်ကို နှုတ်ဆက်လိုက်ဖို့ပဲလိုတယ် ပြီးရင်သူကမင်းကို အဲ့လိုဟာတွေ လာလုပ်လိမ့်မယ်။" သူတိတ်ဆိတ်သွားပြီးတော့ အဆုံးမှာ ကျွန်တော့်ကို အဖြေပြန်မပေးခဲ့ဘူး။

သို့ပေမဲ့လည်း လင်းအန်က ဒီကိစ္စကို လက်မလျှော့ခဲ့တဲ့အပြင် အဖြေမှန်ကိုတောင် ရှာတွေ့သွားသေးတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့တွေ ရင်ပြင်မှာ အသစ်စက်စက် ခန့်အပ်ထားတဲ့ စစ်အရာရှိကို စောင့်ကြည့်ဖို့ အတူရှိနေခဲ့တယ်။ ညဘက်ဖြစ်တာကြောင့် အခြေအနေအလုံးစုံကို အာရုံစိုက်နိုင်ဖို့ ကျွန်တော့်ရဲ့မှန်ပြောင်း ကနေတစ်ဆင့် စောင့်ကြည့်နေခဲ့တယ်။ သူရုတ်တရက် အဲ့ဒီအကြောင်းအရာကို ပြောလာတာကြားတဲ့ အခါမှာ ကျွန်တော်စိတ်အနှောင့်အယှက် မဖြစ်ပဲမနေနိုင်တော့ဘူး။ "ငါတို့ကဘာလို့ အဲ့ဒါတွေကိုပြောနေရမှာလဲ။ ဥာဏ်ကြီးရှင် တစ်‌ယောက်က ခံစားချက်တွေ မလိုအပ်ဘူး။"

လင်းအန်တိတ်ဆိတ်သွားတယ်။ သူရုတ်တရက် ကျွန်တော့်ပုခုံးတွေကို ဆုပ်ကိုင်လိုက်ပြီး သူ့နဲ့မျက်နှာချင်းဆိုင်ဖို့ ကျွန်တော့်ကိုယ်ကိုလှည့်လိုက်တယ်။ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး။ သူအသိမပေးဘဲနဲ့ ကျွန်တော့်ဆီ ငုပ်ကိုင်းလာပြီး ကျွန်တော့်ကို နမ်းလိုက်တယ်။

ပူရှိန်းသကြားလုံး လိုအရသာမျိုးရပြီး အနွေးဓာတ်လေးလဲ ရှိနေခဲ့တယ်။ ကျွန်တော့်  နောက်ကျောတစ်ခုလုံး  ဓာတ်လိုက်သလို ကျင်တက်သွားခဲ့တယ်။ ဒီအနမ်းက အရမ်းခံစားလို့ကောင်းပြီး နောက်ထပ်လိုချင်လာလို့ သူ့လည်ပင်းကို ကျွန်တော့်လက်တွေနဲ့ တွယ်ချိတ်ထားလိုက်တယ်။ သူဆက်မထိန်းချုပ်နိုင်တော့ဘဲ ကျွန်တော့်ပုခုံးကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေ ပြင်းပြင်ထန်ထန် တုန်ယင်လာခဲ့တယ်။

ရှည်ကြာတဲ့အနမ်း ပြီးဆုံးတဲ့အချိန်မှာ ဘယ်လိုခံစားရလဲလို့ သူကျွန်တော့်ကိုမေးလာခဲ့တယ်။ သူ့ရဲ့ စစ်ဆေးခြင်းရလဒ်စာရွက် ကိုပြန်ပေးဖို့ နည်းပြကိုစောင့်နေတာဖြစ်လို့ တစ်ကယ်ကို အလေးအနက် ဖြစ်နေခဲ့တယ်။ ကျွန်တော် အချိန်ယူလိုက်ပြီး အမှန်အတိုင်းသူ့ကို ပြန်ပြောလိုက်တယ်
"နည်းနည်းလေးတော့ ချိုသလိုပဲ။"
သူထပ်ပြီး တိတ်ဆိတ်သွားပြန်တယ်။ ဒါပေမဲ့ သူ့ရဲ့နားရွက်ထိပ်ဖျား လေးတွေကနီရဲ နေခဲ့တယ်။

(04)
လင်အန်းကအဖြေကို ဘယ်တုန်းကမှ ကျွန်တော့်ကို မပြောပြခဲ့ဘူး။ 

တပ်ထဲက သစ္စာဖောက်သူတွေကို ကျွန်တော်တို့ ကြိုတင်လက်ဦးမှုရယူထားပြီးပြီ ဖြစ်ပေမဲ့လည်း သူတို့ဘက်ကနေ တပ်ဖြန့်ထားလိမ့်မယ်လို့တော့ မမျှော်မှန်းထားခဲ့ဘူး။ ထုံးစံအတိုင်း ကျွန်တော်က သစ္စာဖောက်ကို သေနတ်နဲ့ ချိန်ထားရတယ်။ စစ်တပ်အရာရှိလောင်းက လင်အန်းကို တံခါးအပြင်ဆွဲထုတ်လာပြီး နားထင်ကိုသေနတ်နဲ့ ချိန်ရွယ်ထားတယ်။ သူတို့ နှစ်ယောက်လုံးက ဒဏ်ရာတွေနဲ့ ပြည့်နှက်နေရောပဲ။

ကျွန်တော့အရှေ့မှာရှိ‌နေတဲ့ စစ်တပ်အရာရှိလောင်းက လင်အန်းရဲ့အသက်နဲ့ ဓားစာခံလုပ်ပြီး ကျွန်တော့်သေနတ်ကို ချလိုက်ဖို့အော်ပြော နေစဥ်မှာပဲ အမိန့်ပေးပိုင်ခွင့်ရှိတဲ့ စစ်တပ်အရာရှိက သူ့ရဲ့စကားပြော နားကြပ်ကနေ ကျိန်ဆဲလာခဲ့တယ်။

ဒါက ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော့်ရဲ့ မှ‌န်ပြောင်းကနေတစ်ဆင့်  လင်အန်းကို မြင်ဖူးတာပဲ။ သူကပြုံးနေပြီး မမျှော်လင့်ထားစွာပဲ တော်တော်လေး ကြည့်လို့ကောင်းနေခဲ့တယ်။ သူက တည်တည်ငြိမ်ငြိမ်နဲ့ပဲ စကားကိုဖြေးဖြေးချင်း ပြောလိုက်တယ်။
"ခင်ဗျား ကျွန်တော့်ကို ဓားစာခံအဖြစ် သုံးနေလဲ အပိုပဲ။
သူက ခင်ဗျားကိုပစ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။"

ကျွန်တော် သေနတ်မောင်းကို ဆွဲလိုက်တယ်။ ဒါပေမဲ့ သူပြောခဲ့သလိုပဲ တုံ့ဆိုင်းခြင်း မရှိနေခဲ့ဘူး။ ဒီ 3.45စက္ကန့်ပိုင်းစာ တုံ့ဆိုင်းမှုက ကျွန်တော့်ရဲ့ ကျန်ရှိနေတဲ့ တစ်ဘဝလုံးစာကို သံသယဖြစ်အောင် လုပ်နိုင်ဖို့အထိ လုံလောက်ခဲ့တယ်။

မစ်ရှင်ပြီးတဲ့အခါမှာ လင်အန်းပိုင်ဆိုင်သမျှ ပစ္စည်းတွေအားလုံး အဆောင်ကနေ ဖယ်ရှားခံလိုက်ရတယ်။ စစ်တပ်အရာရှိ အသံက ပေါ့ပါးစွာနဲ့ပဲ ကျွန်တော့်ကိုပြောလာ ခဲ့တယ်။
"ဂုဏ်ယူပါတယ်ကွာ။ နောက်ဆုံးတော့ မင်းပါတနာ လဲလို့ရပြီပဲ။
မင်းရဲ့ အရည်အချင်းနဲ့သာဆို အခုချိန်မှာ မင်းကြိုက်တဲ့သူကို
ရွေးလိုက်လို့ရတယ်။"

ကျွန်တော်သူပြောတာတွေကို နားထောင်ချင်စိတ် မရှိခဲ့ဘူး။
ကျွန်တေဲ့ စိတ်တစ်ခုလုံးကို တစ်ယောက်သောသူက လွှမ်းမိုးထားလေရဲ့။ ပျက်ယွင်းနေတဲ့ projector တစ်ခုလိုပဲ ဖြစ်ခဲ့တာတွေကို မရပ်မနား ထပ်ခါထပ်ခါ ပြန်ပြနေသလိုမျိုး။

သူကျွန်တော့်ရဲ့ လက်မောင်းထဲမှာ သွေးအတိနဲ့ လဲလျောင်းနေရင်း "မင်းကို ချစ်တယ်"လို့ သူပြောခဲ့တဲ့ မှတ်ဥာဏ်တွေကို ဖျောက်ဖျက်လို့မရခဲ့ဘူး။ ဒီစကားလုံးက သူကြားချင်နေခဲ့တဲ့ အချိုသာဆုံးစကား ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဒီစကားလုံးတွေက ကျွန်တော့်အတွက်တော့ နှိုင်းယှဥ်မပြနိုင်တဲ့ ဝေဒနာတွေကိုပဲ ဖြစ်စေတယ်။

နှလုံးသားထဲက နာကျင်မှုက ခန္ဓာကိုယ်ကို တစ်စချင်းဆီ ဆုတ်ဖြဲနေသလို ခံစားရတယ်။

ဘာလို့လဲဆိုတာ ကျွန်တော်နားမလည်ဘူး။

ကျွန်တော်နားမလည်ဘူး။

...End...

Continue Reading

You'll Also Like

1.1M 10.7K 25
💢18+စာစဉ်ဖြစ်သည့်အတွက် မိမိဘာသာချင့်ချိန်စဉ်းစားပြီးမှသာဖတ်ကြပါရန်💢 Associate Name- 双性学生与生物老师 Author - [一只爪子] Not Mine,I'm just translated For fun...
207K 31.2K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
1M 8.5K 23
အလွန်ရိုင်းပါတယ် ဘာဗဟုသုတမှမရှိပါဘူး ကိုယ်စိတ်ကိုနှိုင်အောင်ထိန်း wattpad ကိစ္စ wattpad မှာထားခဲ့ ဖင်မယားနဲ့ ok အသက်မပြည့်သေးရင် ဝေးဝေးဂျောင်း not for...
42.5K 795 8
It's gonna be short stories. Most of the stories will be around 10 to 15 chapters. If you are new to my profile, do check out the short stories I.