ဗိုလ်ချုပ်ကြီး ကျနော့်ရဲ့အမြီ...

Por Berry_Xin

796K 142K 7.6K

This is not my own story. It is my second translation work. All Credits to original author. Associated name-你... Más

Description
Chapter-{1}
Chapter-{2}
Chapter-{4}
ပူတူးတို့အားအသိပေးခြင်း
Chapter-{5}
Chapter-{6}
Chapter-{7}
Chapter-{8}
Chapter-{9}
Chapter-{10}
Chapter-{11}
Chapter-{12}
Chapter-{13.1}
Chapter-{13.2}
Chapter-{14}
Chapter-{15}
Chapter-{16}
Chapter-{17}
Chapter-{18}
Not update‼️
Chapter-{19}
Chapter-{20}
Chapter-{21.1}
Chapter-{21.2}
Chapter-{22.1}
Chapter-{22.2}
Chapter-{23.1}
Chapter-{23.2}
Chapter-{24.1}
Chapter-{24.2}
Chapter-{24.3}
Chapter-{24.4}
Chapter-{25.1}
Chapter-{25.2}
Chapter-{26.1}
Chapter-{26.2}
Chapter-{27.1}
Chapter-{27.2}
Chapter-{28.1}
Chapter-{28.2}
Chapter-{28.3}
Chapter-{29.1}
Chapter-{29.2}
Chapter-{30.1}
Chapter-{30.2}
Chapter-{31}
Chapter-{32}
Chapter-{33.1}
Chapter-{33.2}
Chapter-{34}
Chapter-{35.1}
Chapter-{35.2}
Chapter-{36}
Chapter-{37}
Chapter-{38}
Chapter-{39}
Chapter-{40}
Chapter-{41}
Chapter-{42}
Chapter-{43}
Chapter-{44}
Chapter-{45.1}
Chapter-{45.2}
Chapter-{46}
Chapter-{47}

Chapter-{3}

13K 2.4K 14
Por Berry_Xin

Unicode

ခြေတံရှည်ရှည်တွေနဲ့ တော်၀င်ရေတပ်ဗိုလ်ချုပ်ကြီး


ပင့်သက်ရှိုက်မှုတွေရဲ့အဆုံးမှာ အရပ်ရှည်ရှည်နဲ့လူတယောက်က ယာဥ်ပေါ်မှဆင်းလာသည်။
ထိုသူမှာ အစိမ်းရင့်ရောင်စစ်တပ်ယူနီဖောင်း၀တ်ထားပီး သူ့ရဲ့ခြေတံရှည်တွေကလည်း သားရေစစ်ဖိနပ်များနဲ့လိုက်ဖက်နေသည်။
ကြယ်သီးကို လည်ပင်းထိအပြည့်တပ်ထားသောသူ့ပုံစံမှာ ပို၍မြင့်မြတ်တော်၀င်ဆန်နေသလိုပင်။
ယူနီဖောင်းပခုံးပေါ်မှရွှေရောင်ချည်ပန်းဖွားကလည်း နေရောင်အောက်မှာတလက်လက်တောက်ပနေလေသည်။

သူ့ရဲ့မျက်နှာပုံစံက အနောက်တိုင်းဆန်ပေမယ့် မျက်လုံးတွေကတော့မှင်ရောင်ကဲ့သို့ နက်မှောင်နေလေသည်။
မျက်၀န်းတွေက မက်မွန်ပွင့်သဏ္ဍာန်ကဲ့သို့ဖြစ်နေပေမယ့် ဓားသွားလိုမျက်တောင်ရှည်ရှည်တွေ၀န်းရံထားတော့ နူးညံ့မှုတို့ရှိမနေပါ။
အလင်းကသူ့မျက်နှာရောင်ပြန်ဟပ်နေသဖြင့် သူ့ရဲ့ဟန်ပန်ကိုနဂိုထက်ပို၍ အေးစက်သည့်ဟန်ဖြစ်ပေါ်စေသည်။
သူ့ရဲ့ခန္ဓာကိုယ်ကလည်း ပခုံးကျယ်ကျယ် တောင့်တောင့်ဖြောင့်ဖြောင့် ခြေတံရှည်ရှည်တွေနဲ့ အချိုးအစားကျနေသည်။
သူ့ရဲ့နတ်ဘုရားတပါးလို ချောမောခန့်ညားတဲ့ပုံစံနဲ့ပေါင်းလိုက်တော့ ဘေးတ၀ိုက်မှအရာရှိတွေအကုန် မှေးမှိန်သွားလေသည်။

လုမျန်ဟာ အသက်၁၇နှစ်ကတည်းကစစ်တိုက်ခဲ့ပီး အခြားသူများကျူးကျော်ရန်မှကာကွယ်ဖို့ ၁၅နှစ်လုံးလုံးအင်ပါယာရဲ့နယ်မြေချဲ့ထွင်ခဲ့သည်။
ဒဏ္ဍာရီထဲက သတ်ဖြတ်ခြင်းနတ်ဘုရားလိုလူမျိုးက ဒီလိုခန့်ညားလှတဲ့မျက်နှာလေးရှိနေတာ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး။
ကျုံးရွှယ်ယင်းကရှေ့တလှမ်းတိုးလာပီး
အလေးပြုလိုက်ပီး သူ့မျက်လုံးတွေကစိတ်အားထက်သန်နေပေမယ့် စိတ်လှုပ်ရှားနေတဲ့လေသံကိုထိန်းချုပ်ကာ
"ဗိုလ်ချုပ် စတားမြို့တော်ဆီပြန်လာတာကို ကြိုဆိုပါတယ်"

လုမျန်က ထခုန်မတတ်အပျော်လွန်နေတဲ့ပုံစံဖြစ်နေသော ယခင်ရေတပ်ဗိုလ်အားကြည့်လိုက်ပီး အေးစက်စွာခေါင်းသာငြိမ့်ပြလိုက်သည်။
ကျုံးရွှယ်ယင်းမှာ ခပ်တန်းတန်းဖြစ်သွားပီး သူ့စိတ်ထဲတွင်စိတ်ပျက်မှုတို့ လွှမ်းမိုးသွားသည်။
သူက လုမျန်အနောက်ကိုမြန်မြန်လိုက်သွားပီး လွန်ခဲ့တဲ့၅နှစ်ကစစ်ဌာနချုပ်မှလုမျန်ထွက်သွားပီးကတည်းက ခုချိန်အတောအတွင်း ဖြစ်ပွားခဲ့တဲ့ကိစ္စများကိုအစီရင်ခံနေလေသည်။

လုမျန်ကရုတ်တရက်ရပ်လိုက်ပီး
"မင်းကအခု မြို့တော်စစ်တပ်ရဲ့အကြီးအကဲဖြစ်နေပီ။
ငါ့ဆီအဲ့ဒါတွေအစီအရင်ခံစာမလိုတော့ဘူး"
လုမျန်က သူ့နောက်က တပ်ရေးအားပြောလိုက်သည်
"ကားသွားယူ ပီးရင်နန်းတော်ကိုသွားမယ်"

အင်ပါယာရဲ့ဧက္ကရာဇ် အရှင်ကသူ့ကိုစောင့်နေသည်လေ။

နန်းတော်မှပြန်ထွက်လာပီးနောက်

လုမျန်ရဲ့လက်ထောက် အိုင်းရစ်ကအလျင်လိုနေတဲ့အသံနဲ့
"ဗိုလ်ချုပ် အခုစစ်ဌာနကိုပြန်သွားမို့လား"
လုမျန်ကခေါင်းခါလိုက်ပီး
"အခုမြို့တော်စစ်တပ်ရဲ့လုပ်ပိုင်ခွင့်အားလုံးကို  ဗိုလ်မှူးကျုံးကိုပေးလိုက်ပီ၊ပီးတော့..."
လုမျန်က စကားကိုခဏရပ်လိုက်ပီး
"ငါယာယီနှုတ်ထွက်တော့မယ်၊ဗိုလ်ချုပ်လို့ခေါ်စရာမလိုတော့ဘူး"

အိုင်းရစ်ကအံ့သြသွားပီး
"နှုတ်ထွက်လိုက်တာလား ဗိုလ်ချုပ်။
အဲ့ဒါ အရှင်ဧက္ကရာဇ်ဆိုလိုတဲ့ရည်ရွယ်ချက်လား"
ဓားတချောင်းလို ထက်ရှတဲ့လုမျန်ရဲ့မျက်နှာကတချက်လေးတောင် မပျက်ယွင်းသွားပါ။
သူ့ကြည့်ရတာ ထိုသို့ဖြစ်သွားတာကိုပင် ဘာမှခံစားရပုံမပေါ်ပေ။

လုမျန်က၁၅နှစ်လုံးလုံးစစ်ပွဲတွေထဲမှာပဲ အချိန်ကုန်ဆုံးခဲ့ပီး ခိုတာဗိုစစ်ပွဲမှာသူ့ရဲ့စိတ်စွမ်းအားပြင်းပြင်းထန်ထန်ထိခိုက်မိခဲ့သည်။
အတော်ဆုံးဆရာ၀န်တွေလည်း ပျောက်ကင်းအောင်ကုရန်မတတ်နိုင်ခဲ့ပါ။
အဲ့တော့ လုမျန်ဟာ၅နှစ်လုံးလုံး ပုကျောင်းကြယ်ဂြိုဟ်မှာ ပြန်အားယူပီးလေ့ကျင့်နေခဲ့သည်။
မကြာမီ သူ့ဖခင်၏အသက်၇၀ပြည့်မွေးနေ့လည်းရောက်လာတော့မှာဖြစ်ပီး
ဒီအတောအတွင်းပြန်လေ့ကျင့်အားထုတ်မှုကြောင့် လုမျန်ရဲ့စိတ်စွမ်းအင်ကလည်းတည်ငြိမ်နေပီဖြစ်၍ စတားမြို့တော်ကိုပြန်လာခြင်းပင်။

နောက်ဆုံးစစ်ပွဲအပီးတွင် အင်ပါယာအရှင်က အခြားနိုင်ငံများနှင့်အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ပီး လက်ရှိမှာအင်ပါယာက အေးချမ်းနေခဲ့သည်။
အင်ပါယာအရှင်ကလည်း သူ့ကိုယာယီနှုတ်ထွက်စေချင်ခဲ့ပီး အခြားအလုပ်စီစဥ်ပေးခဲ့သည်။
ကျုံးရွှယ်ယင်းက သူ့နားပြေးလာပီး
"ဗိုလ်ချုပ်..."

လုမျန်ရဲ့အနီးကပ်ဆုံးလက်ထောက်တယောက်အနေနဲ့ သူနဲ့လုမျန်ဟာ သေမင်းနှုတ်ခမ်း၀ကို အကြိမ်မရေတွက်နိုင်အောင်ရောက်ခဲ့ရတဲ့ အခြေအနေတွေများစွာရှိခဲ့သော်လည်း သူဘာတွေတွေးနေလဲဆိုတာ ခုထိသူနားမလည်နိုင်သေးဘူး။
"မြို့တော်စစ်တပ်ရဲ့လုပ်ပိုင်ခွင့်ကိစ္စက အင်ပါယာအရှင်စီစဥ်တာပါ။
ကျနော်ဘာမှမသိရပါဘူး"

လုမျန်က"အင်း သိတယ်"
သူကကျုံးရွှယ်ယင်းရဲ့ပခုံးကိုခပ်ဖွဖွပုတ်လိုက်ပီး ခံစားချက်မဲ့တဲ့မျက်၀န်းတွေနဲ့
"သွားတော့"
ကျုံးရွှယ်ယင်းက
"အင်ပါယာအရှင်က  ဗိုလ်ချုပ်ကိုကျောင်းမှာစာသွားသင်ပေးဖို့ ပြောခိုင်းလိုက်တယ်။
အဲ့ဒါဘယ်လိုသဘောရလဲ"
လုမျန်ကိုကြည့်နေရင်း သူ့အသံကပိုနူးညံ့လာကာ
"အင်ပါယာအရှင်ကပြောတယ်၊
ကောလိပ်တက်တုန်းက သူနဲ့ဗိုလ်ချုပ်နဲ့တော်တော်လေးပျော်ခဲ့တယ်တဲ့။
တကယ်လို့ ကျောင်းသွားလို့ရှိရင်အရင်ကျောင်းသားဘ၀ကိုပြန်မြင်ယောင်ပီး စွမ်းအင်မငြိမ်သက်မှုလျော့လာလိမ့်မယ်တဲ့"

လုမိသားစုကမျိုးဆက် အဆက်ဆက်စီးပွားရေးနယ်ပယ်တွင်သာလုပ်ကိုင်ခဲ့သော်လည်း လုမျန်ကတော့မျိုးဆက်တွေထဲမှာ စစ်တပ်ထဲ၀င်ခဲ့တဲ့ပထမဆုံးသူဖြစ်သည်။
ကောလိပ်တက်တုန်းက သရုပ်မှန်ဖုံးထားတဲ့အင်ပါယာအရှင်နဲ့ဆုံခဲ့တာကြောင့် စစ်တပ်ထဲ၀င်ဖို့အခွင့်အရေးရခဲ့သည်။
အင်ပါယာအရှင်က လုမိသားစုရဲ့သြဇာသက်ရောက်မှု အောင်မြင်မှုတွေကိုစိုးကြောက်နေတယ်လို့ ကောလဟာလတွေထွက်နေပေမယ့် တကယ်တော့လုမျန်နဲ့အရှင်နဲ့ခင်မင်မှုကခိုင်မာသည်။

ဒီတခေါက်အင်ပါယာအရှင်က လုမျန်ကိုရာထူးရပ်ဆိုင်းလိုက်တယ်ဆိုပေမယ့် တကယ်တော့ သူအနားယူရန်အားလပ်ရက်ပေးလိုက်ခြင်းပင်။
လုမျန်ကိုကျောင်းမှာစာသင်ခိုင်းတယ်ဆိုတာကလည်း ကျောင်းဆိုတာစစ်ပွဲနဲ့မတူဘဲ ပေါ့ပါးလန်းဆန်းမှုတွေနဲ့ပြည့်နေတဲ့နေရာဖြစ်တာကြောင့် လုမျန်ရဲ့စိတ်စွမ်းအင်တည်ငြိမ်ဖို့ အထောက်အကူဖြစ်စေရန်ပင်။
လုမျန်ကပြန်ပြောလာသည်
"အရှင့်ရဲ့အကြံပြုချက်ကို သေချာပြန်စဥ်းစားကြည့်ပါ့မယ်"

"ဟုတ်တာပေါ့"

လုမျန်ကကျုံးရွှယ်ယင်းကိုရုတ်တရက်မေးလာသည်
"အဲ့လူနဲ့ပတ်သက်ပီး သတင်းတခုခုရသေးလား"
ကျုံးရွှယ်ယင်းက သူမေးတာကြားပီးနောက် အနဲငယ်တုံ့ဆိုင်းသွားပီး
"ကျနော် ရှာလို့တောင်မတွေ့သေးပါဘူး"
လုမျန်ကတ်ိတ်ဆိတ်သွားပီး လက်ရှိသူ့ရင်ထဲခံစားလိုက်ရတာက ဆုံးရှုံးမှုလား မကျေနပ်မှုလားဆိုတာ နားမလည်ဘူး။
လုမျန်ယာဥ်ပေါ်တက်သွားတဲ့အချိန်မှာ
အိုင်းရစ်က ကျုံးရွှယ်ယင်းအားကြောက်စရာကောင်းတဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျုံးရွှယ်ယင်းကတော့ သတိမထားမိဘဲလုမျန်ရဲ့ပုံရိပ် မြင်ကွင်းမှပျောက်သွားတဲ့အထိလိုက်ကြည့်နေပီး စိတ်မပါစွာနဲ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။

အိုင်းရစ်ကပြောလာသည်
"ဒီည လုမိသားစုညစာစားပွဲရှိတယ်"
ကျုံးရွှယ်ယင်းကသူ့ကိုကြည့်လိုက်ပီး
သူတို့အားလုံးလည်းဖိတ်ကြားလွှာရပီးသားလေ။
ဘာလို့အိုင်းရစ်က ရုတ်တရက်အကြောင်းထပြောလာတာလဲ...

အိုင်းရစ်ကမုန်းနေတဲ့လေသံနဲ့
"ကြည့်ရတာ မင်းမသိသေးဘူးထင်တယ်။
ဒီညသူ့သတို့သားလောင်းနဲ့ဆုံတော့မှာ၊သိပ်မကြာခင် သူတို့၂ယောက်လက်ထပ်ကြလိမ့်မယ်"
ခဏကြာပီးမှ ကျုံးရွှယ်ယင်းကပြုံးလိုက်ပီး
"ထပ်ပီးတော့လား ဘယ်တော့လဲ"

အိမ်ပြန်ရောက်တော့ လုမျန်ကသူ့အဖေကိုနှုတ်ဆက်လိုက်သည်။
သူ့အခန်းထဲရောက်တော့ ယူနီဖောင်းအားချွတ်လိုက်ပီး ရေချိုးခန်း၀င်ကာရေချိုးလိုက်သည်။
အခန်းထဲမှ လိုက်ကာအားလုံးပိတ်ထားပီး မီးချောင်း၁ချောင်းသာထွန်းထားသည်။
ခိုတာဗိုစစ်ပွဲအတွင်းဆုံးရှုံးမှုတွေက အစီရင်ခံစာထဲမှာထက်ပိုများသည်။
လုမျန်ဦးဆောင်တဲ့အဖွဲ့က ချုံခိုတိုက်ခိုက်ခံရပီး လုမျန်ဘေးမှအရာရှိများ စစ်သားများအားလုံးအသတ်ခံလိုက်ရသည်။
လုမျန်လည်းဒဏ်ရာအပြင်းအထန်ရပီး သေလုနီးပါးဖြစ်သွားခဲ့သည်။

သူ့လက်အောက်ကငယ်သားတွေကလည်း အတော်လေးသစ္စာရှိရှာသည်။
နောက်ဆုံးအချိန်ထိ လုမျန်ကိုသူတို့ရဲ့ခန္ဓာကိုယ်တွေပါစတေးပီး ကာကွယ်ပေးသွားခဲ့သည်။
သွေးနံ့ပြင်းပြင်းတွေက ပတ်၀န်းကျင်တ၀ိုက်ဖုံးလွှမ်းသွားပီး လုမျန်ရဲ့အသိစိတ်တွေက ​ေ၀၀ါးလာခဲ့သည်။
သူ မရေတွက်နိုင်တဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့ပေမယ့် ယခုတခေါက်လိုပြင်းထန်မှုမရှိပေ။
ထိုအခိုက် သူ့ဆီမှာလက်လျှော့ပစ်လိုက်ချင်တဲ့အတွေးတွေ စက္ကန့်နဲ့အမျှပေါ်လာခဲ့သည်။
သူ့အသိစိတ်လွတ်လုဆဲဆဲမှာပင် သူဆောင်ထားတဲ့ရေဒီယိုဆီမှ  ကြည်လင်တဲ့သီချင်းဆိုသံလေး၁ခုထွက်ပေါ်လာခဲ့သည်။

အတွေးထဲမျောနေစဥ်ရုတ်တရက်တံခါးခေါက်သံကြားလိုက်ရသည်။
"သခင်လေး သခင်လေး ဧည့်သည်တွေရောက်နေပါပီ။
သခင်ကြီးကလည်း အောက်ဆင်းလာခိုင်းနေပါတယ်"
လုမျန်မျက်ခုံးတွေကိုပွတ်လိုက်ပီး ပြန်ပြောလိုက်သည်။
သူအိပ်ရာပေါ်မှထလိုက်ပီး ခေါင်းရင်းမှာရှိတဲ့ရေဒီယိုလေးဆီအကြည့်ရောက်သွားသည်။
ရေဒီယိုကိုကြည့်ရတာ အရမ်းကိုဟောင်းနေပုံပေါ်ပီး ယခုအင်ပါယာရဲ့ရှေးဟောင်းပစ္စည်းရောင်းတဲ့စျေးကွက်တွေမှာတောင် ရှာလို့မတွေ့နိုင်တော့ပါ။

အဲ့ဒါကလုမျန် စစ်ပွဲမှပြန်ယူလာခြင်းဖြစ်သည်။
ထိုအချိန်က လုမျန်ရဲ့ရေဒီယိုဆီမှာသီချင်းသံလေးကြားခဲ့တာဖြစ်သည်။
ကောင်လေးရဲ့ကြည်လင်တဲ့သီချင်းဆိုသံလေးမှာ လုမျန်ကိုစစ်ပွဲနဲ့နာကျင်မှုဆီမှလွတ်မြောက်သွားစေပီး ဖြူစင်လှပပီး
ငြိမ်းချမ်းတဲ့ကမ္ဘာလေးဆီခေါ်ဆောင်သွားသကဲ့သို့ပင်။
ရှင်းရှင်းပြောရရင် အဲ့တုန်းကလုမျန်ကိုကယ်ခဲ့တာ ထိုသီချင်းသံလေးပင်ဖြစ်သည်။
လုမျန် ပုကျောင်းကြယ်ဂြိုဟ်မှာ ပြန်လေ့ကျင့်နေတုန်းက ထိုသီချင်းသံလေးကသာ သူ့စိတ်ကိုငြိမ်းအေးစေခဲ့တာဖြစ်သည်။

လုမျန်ကစိတ်မပါစွာနဲ့ ရေဒီယိုကိုပိတ်လိုက်ပီး ဒီညအတွက်ပြင်ဆင်ပေးထားတဲ့ ၀တ်စုံကို၀တ်လိုက်သည်။
စစ်ပွဲပီးသွားတော့ သူ့ရဲ့ယုံကြည်ရတဲ့လက်ထောက်ကို ထိုသီချင်းဆိုတဲ့လူငယ်လေးအကြောင်း စုံစမ်းခိုင်းခဲ့သည်။
ဖြစ်နိုင်ရင်  သူကိုယ်တိုင်အဲ့ကောင်လေးကိုမျက်နှာချင်းဆိုင်တွေ့ပီး ကျေးဇူးတင်ကြောင်းပြောပြချင်ပေမယ့် ငါးနှစ်သာကြာသွားသည်၊ထိုလူငယ်လေးသတင်းအား အစအနပင်ရှာမတွေ့။

ညနေပိုင်းတွင် စုန့်မိသားစု၃ယောက်မှာ
ညစာစားပွဲကိုအချိန်ကိုက်ရောက်လာခဲ့သည်။
စုန့်ဟွိုင်မှာ သေသေချာချာထုပ်ပိုးထားတဲ့ ကိတ်မုန့်ကိုကိုင်ထားပီး ဟိုဟိုဒီဒီလိုက်ကြည့်နေမိသည်။
ပါပါးစုန့်ကမျက်ခုံးပင့်လိုက်ပီး
"တုတု သားဒီကိုလာပီးနှုတ်ဆက်လိုက်ပါဦး"
စုန့်ဟွိုင်မှာ အသံချိုချိုလေးနဲ့
"ဟဲလို ဘိုးဘိုးလု"
လုချီ၀င်က သူ့ရဲ့အသက်၇၀ပြည့်မွေးနေ့ကိုကျင်းပနေခြင်းဖြစ်သည်။
ဒီကလေးက သူ့မျက်စိရှေ့မှာပဲကြီးပြင်းလာတာဖြစ်ပီး အဲ့ကလေးကိုအရမ်းတွေသဘောကျနှစ်ခြိုက်မိသည်။
"တုတု ရောက်ပီပဲ"

လုချီ၀င်က သူ့ရဲ့လက်မှာကိုင်ထားတဲ့ကိတ်မုန့်လေးကိုကြည့်ပီး ကျီစယ်တဲ့လေသံနဲ့
"အာ့ ဘိုးဘိုးလုအတွက်လားကွဲ့"
စုန့်ဟွိုင်မှာ ရှက်နေတဲ့လေသံနဲ့
"ကျ ကျနော် နောက်တခါမှဘိုးဘိုးလုအတွက် လုပ်လာပေးခဲ့မယ်လေ"
လုချီ၀င်ကပြုံးလိုက်ပီး စုန့်ဟွိုင်အနောက်ကိုလှမ်းကြည့်ကာ
"ဟော အားဟွိုင်ရောက်လာပီပဲ"

စုန့်ဟွိုင်အနောက်လှည့်ကြည့်လိုက်တော့ ရီမောကာစကားပြောနေကြတဲ့အုပ်စုထဲမှ ထင်းထွက်နေတဲ့အရပ်ရှည်ရှည်နဲ့လူကို တွေ့လိုက်ရသည်။
စုန့်ဟွိုင်အတွက်က ထိုခြေတံရှည်ရှည်နဲ့ပုံရိပ်ကိုလျစ်လျူရှုရန်ခက်ခဲလှသည်။
ဒါပေမယ့် စုန့်ဟွိုင်ရင်ထဲရှုပ်ထွေးသွားသည်။
အဲ့အုပ်စုထဲမှာ ဘယ်တယောက်ကလုမျန်လဲ...
စုန့်ဟွိုင်ကမေးဖို့ကိုလည်း ရှက်နေတော့ သူ့ဟာသူသာတိတ်တိတ်လေး ခန့်မှန်းနေသည်။

ထိုအုပ်စုမှလူများမှာ ယူနီဖောင်းများ၀တ်ထားကြပီးအကုန်လုံးကသက်တူရွယ်တူတွေဖြစ်သည်။
အဲ့ထဲမှာ ၂ယောက်ကထိပ်ပြောင်နေပီး ၁ယောက်ကဘီယာဗိုက်ပိုင်ရှင်ဖြစ်ကာ ကျန်၃ယောက်က ဂျပုများဖြစ်ကြသည်။
တကယ့်ကို ပြိုင်ဘက်ကင်းပုံရိပ်တွေပဲ...
(T/N ရွဲ့ပြောနေတာ XD)

ထိုသူတွေကိုကြည့်လေလေ စုန့်ဟွိုင်ရဲ့နှလုံးသားလေးကမျှော်လင့်ချက်မဲ့လာလေလေပင်။
ခန့်ညားမှုတွေကိုကြိုက်တဲ့သူ့အတွက်က ထိုအရပ်ရှည်ရှည်နဲ့သူဆီမှ အာရုံမလွှဲနိုင်ဖြစ်နေသည်။
စုန့်ဟွိုင်ရဲ့အကြည့်ကိုသတိထားမိပုံရသောလုမျန်က ခေါင်းလှည့်လာသဖြင့်
သူတို့၂ယောက်အကြည့်ချင်းဆုံသွားလေသည်။
တယောက်နဲ့တယောက်အကြည့်ဆုံသွားတာ စက္ကန့်ပိုင်းမျှသာဖြစ်သော်လည်း စုန့်ဟွိုင်မျက်နှာတခုလုံး နီရဲတက်လာသည်။

ဒီကမ္ဘာလောကကြီးမှာ အဲ့လောက်ခန့်ညားတဲ့သူ တခါမှမမြင်ဖူးဘူး...
-------------------
ကဲ ကဲ သီချင်းဆိုတဲ့ကောင်လေးကဘယ်သူများလဲ 😁
Xinလည်းမသိသေးပါဘူးလို့
အားလုံးကျန်းမာရေးဂရုစိုက်ကြပါ
( ˘ ³˘)♥

Zawgyi

ေျခတံရွည္ရွည္ေတြနဲ႔ ေတာ္၀င္ေရတပ္ဗိုလ္ခ်ဳပ္ႀကီး


ပင့္သက္ရိႈက္မႈေတြရဲ့အဆံုးမွာ အရပ္ရွည္ရွည္နဲ႔လူတေယာက္က ယာဥ္ေပၚမွဆင္းလာသည္။
ထိုသူမွာ အစိမ္းရင့္ေရာင္စစ္တပ္ယူနီေဖာင္း၀တ္ထားပီး သူ႔ရဲ့ေျခတံရွည္ေတြကလည္း သားေရစစ္ဖိနပ္မ်ားနဲ႔လိုက္ဖက္ေနသည္။
ၾကယ္သီးကို လည္ပင္းထိအျပည့္တပ္ထားေသာသူ႔ပံုစံမွာ ပို၍ျမင့္ျမတ္ေတာ္၀င္ဆန္ေနသလိုပင္။
ယူနီေဖာင္းပခံုးေပၚမွေရႊေရာင္ခ်ည္ပန္းဖြားကလည္း ေနေရာင္ေအာက္မွာတလက္လက္ေတာက္ပေနေလသည္။

သူ႔ရဲ့မ်က္ႏွာပံုစံက အေနာက္တိုင္းဆန္ေပမယ့္ မ်က္လံုးေတြကေတာ့မွင္ေရာင္ကဲ့သို႔ နက္ေမွာင္ေနေလသည္။
မ်က္၀န္းေတြက မက္မြန္ပြင့္သ႑ာန္ကဲ့သို႔ျဖစ္ေနေပမယ့္ ဓားသြားလိုမ်က္ေတာင္ရွည္ရွည္ေတြ၀န္းရံထားေတာ့ ႏူးညံ့မႈတို႔ရိွမေနပါ။
အလင္းကသူ႔မ်က္ႏွာေရာင္ျပန္ဟပ္ေနသျဖင့္ သူ႔ရဲ့ဟန္ပန္ကိုနဂိုထက္ပို၍ ေအးစက္သည့္ဟန္ျဖစ္ေပၚေစသည္။
သူ႔ရဲ့ခႏၶာကိုယ္ကလည္း ပခံုးက်ယ္က်ယ္ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ေျခတံရွည္ရွည္ေတြနဲ႔ အခ်ိဳးအစားက်ေနသည္။
သူ႔ရဲ့နတ္ဘုရားတပါးလို ေခ်ာေမာခန္႔ညားတဲ့ပံုစံနဲ႔ေပါင္းလိုက္ေတာ့ ေဘးတဝိုက္မွအရာရိွေတြအကုန္ ေမွးမိွန္သြားေလသည္။

လုမ်န္ဟာ အသက္၁၇ႏွစ္ကတည္းကစစ္တိုက္ခဲ့ပီး အျခားသူမ်ားက်ူးေက်ာ္ရန္မွကာကြယ္ဖို႔ ၁၅ႏွစ္လံုးလံုးအင္ပါယာရဲ့နယ္ေျမခ်ဲ့ထြင္ခဲ့သည္။
ဒ႑ာရီထဲက သတ္ျဖတ္ျခင္းနတ္ဘုရားလိုလူမ်ိဳးက ဒီလိုခန္႔ညားလွတဲ့မ်က္ႏွာေလးရိွေနတာ ဘယ္သူမွထင္ထားမွာမဟုတ္ဘူး။
က်ံဳးရႊယ္ယင္းကေရ႔ွတလွမ္းတိုးလာပီး
အေလးျပဳလိုက္ပီး သူ့မ်က္လံုးေတြကစိတ္အားထက္သန္ေနေပမယ့္ စိတ္လႈပ္ရွားေနတဲ့ေလသံကိုထိန္းခ်ဳပ္ကာ
"ဗိုလ္ခ်ဳပ္ စတားၿမိဳ႔ေတာ္ဆီျပန္လာတာကို ႀကိဳဆိုပါတယ္"

လုမ်န္က ထခုန္မတတ္အေပ်ာ္လြန္ေနတဲ့ပံုစံျဖစ္ေနေသာ ယခင္ေရတပ္ဗိုလ္အားၾကည့္လိုက္ပီး ေအးစက္စြာေခါင္းသာၿငိမ့္ျပလိုက္သည္။
က်ံဳးရႊယ္ယင္းမွာ ခပ္တန္းတန္းျဖစ္သြားပီး သူမစိတ္ထဲတြင္စိတ္ပ်က္မႈတို႔ လႊမ္းမိုးသြားသည္။
သူက လုမ်န္အေနာက္ကိုျမန္ျမန္လိုက္သြားပီး လြန္ခဲ့တဲ့၅ႏွစ္ကစစ္ဌာနခ်ဳပ္မွလုမ်န္ထြက္သြားပီးကတည္းက ခုခ်ိန္အေတာအတြင္း ျဖစ္ပြားခဲ့တဲ့ကိစၥမ်ားကိုအစီရင္ခံေနေလသည္။

လုမ်န္ကရုတ္တရက္ရပ္လိုက္ပီး
"မင္းကအခု ၿမိဳ႔ေတာ္စစ္တပ္ရဲ့အႀကီးအကဲျဖစ္ေနပီ။
ငါ့ဆီအဲ့ဒါေတြအစီအရင္ခံစာမလိုေတာ့ဘူး"
လုမ်န္က သူ႔ေနာက္က တပ္ေရးအားေျပာလိုက္သည္
"ကားသြားယူ ပီးရင္နန္းေတာ္ကိုသြားမယ္"

အင္ပါယာရဲ့ဧကၠရာဇ္ အရွင္ကသူ႔ကိုေစာင့္ေနသည္ေလ။

နန္းေတာ္မျွပန္ထြက္လာပီးေနာက္

လုမ်န္ရဲ့လက္ေထာက္ အိုင္းရစ္ကအလ်င္လိုေနတဲ့အသံနဲ႔
"ဗိုလ္ခ်ဳပ္ အခုစစ္ဌာနကိုျပန္သြားမို႔လား"
လုမ်န္ကေခါင္းခါလိုက္ပီး
"အခုၿမိဳ႔ေတာ္စစ္တပ္ရဲ့လုပ္ပိုင္ခြင့္အားလံုးကို  ဗိုလ္မွဴးက်ံဳးကိုေပးလိုက္ပီ၊ပီးေတာ့..."
လုမ်န္က စကားကိုခဏရပ္လိုက္ပီး
"ငါယာယီႏႈတ္ထြက္ေတာ့မယ္၊ဗိုလ္ခ်ဳပ္လို႔ေခၚစရာမလိုေတာ့ဘူး"

အိုင္းရစ္ကအံ့ၾသသြားပီး
"ႏႈတ္ထြက္လိုက္တာလား ဗိုလ္ခ်ဳပ္။
အဲ့ဒါ အရွင္ဧကၠရာဇ္ဆိုလိုတဲ့ရည္ရြယ္ခ်က္လား"
ဓားတေခ်ာင္းလို ထက္ရွတဲ့လုမ်န္ရဲ့မ်က္ႏွာကတခ်က္ေလးေတာင္ မပ်က္ယြင္းသြားပါ။
သူ႔ၾကည့္ရတာ ထိုသို႔ျဖစ္သြားတာကိုပင္ ဘာမွခံစားရပံုမေပၚေပ။

လုမ်န္က၁၅ႏွစ္လံုးလံုးစစ္ပြဲေတြထဲမွာပဲ အခ်ိန္ကုန္ဆံုးခဲ့ပီး ခိုတာဗိုစစ္ပြဲမွာသူ႔ရဲ့စိတ္စြမ္းအားျပင္းျပင္းထန္ထန္ထိခိုက္မိခဲ့သည္။
အေတာ္ဆံုးဆရာ၀န္ေတြလည္း ေပ်ာက္ကင္းေအာင္ကုရန္မတတ္ႏိုင္ခဲ့ပါ။
အဲ့ေတာ့ လုမ်န္ဟာ၅ႏွစ္လံုးလံုး ပုေက်ာင္းၾကယ္ၿဂိဳဟ္မွာ ျပန္အားယူပီးေလ့က်င့္ေနခဲ့သည္။
မၾကာမီ သူ႔ဖခင္၏အသက္၇၀ျပည့္ေမြးေန့လည္းေရာက္လာေတာ့မွာျဖစ္ပီး
ဒီအေတာအတြင္းျပန္ေလ့က်င့္အားထုတ္မႈေၾကာင့္ လုမ်န္ရဲ့စိတ္စြမ္းအင္ကလည္းတည္ၿငိမ္ေနပီျဖစ္၍ စတားၿမိဳ႔ေတာ္ကိုျပန္လာျခင္းပင္။

ေနာက္ဆံုးစစ္ပြဲအပီးတြင္ အင္ပါယာအရွင္က အျခားႏိုင္ငံမ်ားႏွင့္အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပီး လက္ရိွမွာအင္ပါယာက ေအးခ်မ္းေနခဲ့သည္။
အင္ပါယာအရွင္ကလည္း သူ႔ကိုယာယီႏႈတ္ထြက္ေစခ်င္ခဲ့ပီး အျခားအလုပ္စီစဥ္ေပးခဲ့သည္။
က်ံဳးရႊယ္ယင္းက သူ႔နားေျပးလာပီး
"ဗိုလ္ခ်ဳပ္..."

လုမ်န္ရဲ့အနီးကပ္ဆံုးလက္ေထာက္တေယာက္အေနနဲ႔ သူနဲ႔လုမ်န္ဟာ ေသမင္းႏႈတ္ခမ္း၀ကို အႀကိမ္မေရတြက္ႏိုင္ေအာင္ေရာက္ခဲ့ရတဲ့ အေျခအေနေတြမ်ားစြာရိွခဲ့ေသာ္လည္း သူဘာေတြေတြးေနလဲဆိုတာ ခုထိသူနားမလည္ႏိုင္ေသးဘူး။
"ၿမိဳ႔ေတာ္စစ္တပ္ရဲ့လုပ္ပိုင္ခြင့္ကိစၥက အင္ပါယာအရွင္စီစဥ္တာပါ။
က်ေနာ္ဘာမွမသိရပါဘူး"

လုမ်န္က"အင္း သိတယ္"
သူကက်ံဳးရႊယ္ယင္းရဲ့ပခံုးကိုခပ္ဖြဖြပုတ္လိုက္ပီး ခံစားခ်က္မဲ့တဲ့မ်က္၀န္းေတြနဲ႔
"သြားေတာ့"
က်ံဳးရႊယ္ယင္းက
"အင္ပါယာအရွင္က  ဗိုလ္ခ်ဳပ္ကိုေက်ာင္းမွာစာသြားသင္ေပးဖို႔ ေျပာခိုင္းလိုက္တယ္။
အဲ့ဒါဘယ္လိုသေဘာရလဲ"
လုမ်န္ကိုၾကည့္ေနရင္း သူမအသံကပိုႏူးညံ့လာကာ
"အင္ပါယာအရွင္ကေျပာတယ္၊
ေကာလိပ္တက္တုန္းက သူနဲ႔ဗိုလ္ခ်ဳပ္နဲ႔ေတာ္ေတာ္ေလးေပ်ာ္ခဲ့တယ္တဲ့။
တကယ္လို႔ ေက်ာင္းသြားလို႔ရိွရင္အရင္ေက်ာင္းသားဘ၀ကိုျပန္ျမင္ေယာင္ပီး စြမ္းအင္မၿငိမ္သက္မႈေလ်ာ့လာလိမ့္မယ္တဲ့"

လုမိသားစုကမ်ိဳးဆက္ အဆက္ဆက္စီးပြားေရးနယ္ပယ္တြင္သာလုပ္ကိုင္ခဲ့ေသာ္လည္း လုမ်န္ကေတာ့မ်ိဳးဆက္ေတြထဲမွာ စစ္တပ္ထဲ၀င္ခဲ့တဲ့ပထမဆံုးသူျဖစ္သည္။
ေကာလိပ္တက္တုန္းက သရုပ္မွန္ဖံုးထားတဲ့အင္ပါယာအရွင္နဲ႔ဆံုခဲ့တာေၾကာင့္ စစ္တပ္ထဲ၀င္ဖို႔အခြင့္အေရးရခဲ့သည္။
အင္ပါယာအရွင္က လုမိသားစုရဲ့ၾသဇာသက္ေရာက္မႈ ေအာင္ျမင္မႈေတြကိုစိုးေၾကာက္ေနတယ္လို႔ ေကာလဟာလေတြထြက္ေနေပမယ့္ တကယ္ေတာ့လုမ်န္နဲ႔အရွင္နဲ႔ခင္မင္မႈကခိုင္မာသည္။

ဒီတေခါက္အင္ပါယာအရွင္က လုမ်န္ကိုရာထူးရပ္ဆိုင္းလိုက္တယ္ဆိုေပမယ့္ တကယ္ေတာ့ သူအနားယူရန္အားလပ္ရက္ေပးလိုက္ျခင္းပင္။
လုမ်န္ကိုေက်ာင္းမွာစာသင္ခိုင္းတယ္ဆိုတာကလည္း ေက်ာင္းဆိုတာစစ္ပြဲနဲ႔မတူဘဲ ေပါ့ပါးလန္းဆန္းမႈေတြနဲ႔ျပည့္ေနတဲ့ေနရာျဖစ္တာေၾကာင့္ လုမ်န္ရဲ့စိတ္စြမ္းအင္တည္ၿငိမ္ဖို႔ အေထာက္အကူျဖစ္ေစရန္ပင္။
လုမ်န္ကျပန္ေျပာလာသည္
"အရွင့္ရဲ့အႀကံျပဳခ်က္ကို ေသခ်ာျပန္စဥ္းစားၾကည့္ပါ့မယ္"

"ဟုတ္တာေပါ့"

လုမ်န္ကက်ံဳးရႊယ္ယင္းကိုရုတ္တရက္ေမးလာသည္
"အဲ့လူနဲ႔ပတ္သက္ပီး သတင္းတခုခုရေသးလား"
က်ံဳးရႊယ္ယင္းက သူေမးတာၾကားပီးေနာက္ အနဲငယ္တံု႔ဆိုင္းသြားပီး
"က်ေနာ္ ရွာလို႔ေတာင္မေတြ့ေသးပါဘူး"
လုမ်န္ကတ္ိတ္ဆိတ္သြားပီး လက္ရိွသူ႔ရင္ထဲခံစားလိုက္ရတာက ဆံုးရႈံးမႈလား မေက်နပ္မႈလားဆိုတာ နားမလည္ဘူး။
လုမ်န္ယာဥ္ေပၚတက္သြားတဲ့အခ်ိန္မွာ
အိုင္းရစ္က က်ံဳးရႊယ္ယင္းအားေၾကာက္စရာေကာင္းတဲ့အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
က်ံဳးရႊယ္ယင္းကေတာ့ သတိမထားမိဘဲလုမ်န္ရဲ့ပံုရိပ္ ျမင္ကြင္းမွေပ်ာက္သြားတဲ့အထိလိုက္ၾကည့္ေနပီး စိတ္မပါစြာနဲ႔အၾကည့္ကိုျပန္ရုတ္သိမ္းလိုက္သည္။

အိုင္းရစ္ကေျပာလာသည္
"ဒီည လုမိသားစုညစာစားပြဲရိွတယ္"
က်ံဳးရႊယ္ယင္းကသူ႔ကိုၾကည့္လိုက္ပီး
သူတို႔အားလံုးလည္းဖိတ္ၾကားလႊာရပီးသားေလ။
ဘာလို႔အိုင္းရစ္က ရုတ္တရက္အေၾကာင္းထေျပာလာတာလဲ...

အိုင္းရစ္ကမုန္းေနတဲ့ေလသံနဲ႔
"ၾကည့္ရတာ မင္းမသိေသးဘူးထင္တယ္။
ဒီညသူ႔သတို႔သားေလာင္းနဲ႔ဆံုေတာ့မွာ၊သိပ္မၾကာခင္ သူတို႔၂ေယာက္လက္ထပ္ၾကလိမ့္မယ္"
ခဏၾကာပီးမွ က်ံဳးရႊယ္ယင္းကၿပံဳးလိုက္ပီး
"ထပ္ပီးေတာ့လား ဘယ္ေတာ့လဲ"

အိမ္ျပန္ေရာက္ေတာ့ လုမ်န္ကသူ႔အေဖကိုႏႈတ္ဆက္လိုက္သည္။
သူ႔အခန္းထဲေရာက္ေတာ့ ယူနီေဖာင္းအားခြၽတ္လိုက္ပီး ေရခ်ိဳးခန္း၀င္ကာေရခ်ိဳးလိုက္သည္။
အခန္းထဲမွ လိုက္ကာအားလံုးပိတ္ထားပီး မီးေခ်ာင္း၁ေခ်ာင္းသာထြန္းထားသည္။
ခိုတာဗိုစစ္ပြဲအတြင္းဆံုးရႈံးမႈေတြက အစီရင္ခံစာထဲမွာထက္ပိုမ်ားသည္။
လုမ်န္ၪီးေဆာင္တဲ့အဖြဲ႔က ခ်ံဳခိုတိုက္ခိုက္ခံရပီး လုမ်န္ေဘးမွအရာရိွမ်ား စစ္သားမ်ားအားလံုးအသတ္ခံလိုက္ရသည္။
လုမ်န္လည္းဒဏ္ရာအျပင္းအထန္ရပီး ေသလုနီးပါးျဖစ္သြားခဲ့သည္။

သူ႔လက္ေအာက္ကငယ္သားေတြကလည္း အေတာ္ေလးသစၥာရိွရွာသည္။
ေနာက္ဆံုးအခ်ိန္ထိ လုမ်န္ကိုသူတို႔ရဲ့ခႏၶာကိုယ္ေတြပါစေတးပီး ကာကြယ္ေပးသြားခဲ့သည္။
ေသြးနံ႔ျပင္းျပင္းေတြက ပတ္၀န္းက်င္တဝိုက္ဖံုးလႊမ္းသြားပီး လုမ်န္ရဲ့အသိစိတ္ေတြက ​ေ၀၀ါးလာခဲ့သည္။
သူ မေရတြက္ႏိုင္တဲ့ တိုက္ပြဲေတြဆင္ႏႊဲခဲ့ေပမယ့္ ယခုတေခါက္လိုျပင္းထန္မႈမရိွေပ။
ထိုအခိုက္ သူ႔ဆီမွာလက္ေလ်ွာ့ပစ္လိုက္ခ်င္တဲ့အေတြးေတြ စကၠန္႔နဲ႔အမ်ွေပၚလာခဲ့သည္။
သူ႔အသိစိတ္လြတ္လုဆဲဆဲမွာပင္ သူေဆာင္ထားတဲ့ေရဒီယိုဆီမွ  ၾကည္လင္တဲ့သီခ်င္းဆိုသံေလး၁ခုထြက္ေပၚလာခဲ့သည္။

အေတြးထဲေမ်ာေနစဥ္ရုတ္တရက္တံခါးေခါက္သံၾကားလိုက္ရသည္။
"သခင္ေလး သခင္ေလး ဧည့္သည္ေတြေရာက္ေနပါပီ။
သခင္ႀကီးကလည္း ေအာက္ဆင္းလာခိုင္းေနပါတယ္"
လုမ်န္မ်က္ခံုးေတြကိုပြတ္လိုက္ပီး ျပန္ေျပာလိုက္သည္။
သူအိပ္ရာေပၚမွထလိုက္ပီး ေခါင္းရင္းမွာရိွတဲ့ေရဒီယိုေလးဆီအၾကည့္ေရာက္သြားသည္။
ေရဒီယိုကိုၾကည့္ရတာ အရမ္းကိုေဟာင္းေနပံုေပၚပီး ယခုအင္ပါယာရဲ့ေရွးေဟာင္းပစၥည္းေရာင္းတဲ့ေစ်းကြက္ေတြမွာေတာင္ ရွာလို႔မေတြ့ႏိုင္ေတာ့ပါ။

အဲ့ဒါကလုမ်န္ စစ္ပြဲမျွပန္ယူလာျခင္းျဖစ္သည္။
ထိုအခ်ိန္က လုမ်န္ရဲ့ေရဒီယိုဆီမွာသီခ်င္းသံေလးၾကားခဲ့တာျဖစ္သည္။
ေကာင္ေလးရဲ့ၾကည္လင္တဲ့သီခ်င္းဆိုသံေလးမွာ လုမ်န္ကိုစစ္ပြဲနဲ႔နာက်င္မႈဆီမွလြတ္ေျမာက္သြားေစပီး ျဖဴစင္လွပပီး
ၿငိမ္းခ်မ္းတဲ့ကမ႓ာေလးဆီေခၚေဆာင္သြားသကဲ့သို႔ပင္။
ရွင္းရွင္းေျပာရရင္ အဲ့တုန္းကလုမ်န္ကိုကယ္ခဲ့တာ ထိုသီခ်င္းသံေလးပင္ျဖစ္သည္။
လုမ်န္ ပုေက်ာင္းၾကယ္ၿဂိဳဟ္မွာ ျပန္ေလ့က်င့္ေနတုန္းက ထိုသီခ်င္းသံေလးကသာ သူ႔စိတ္ကိုၿငိမ္းေအးေစခဲ့တာျဖစ္သည္။

လုမ်န္ကစိတ္မပါစြာနဲ႔ ေရဒီယိုကိုပိတ္လိုက္ပီး ဒီညအတြက္ျပင္ဆင္ေပးထားတဲ့ ၀တ္စံုကို၀တ္လိုက္သည္။
စစ္ပြဲပီးသြားေတာ့ သူ႔ရဲ့ယံုၾကည္ရတဲ့လက္ေထာက္ကို ထိုသီခ်င္းဆိုတဲ့လူငယ္ေလးအေၾကာင္း စံုစမ္းခိုင္းခဲ့သည္။
ျဖစ္ႏိုင္ရင္  သူကိုယ္တိုင္အဲ့ေကာင္ေလးကိုမ်က္ႏွာခ်င္းဆိုင္ေတြ့ပီး ေက်းဇူးတင္ေၾကာင္းေျပာျပခ်င္ေပမယ့္ ငါးႏွစ္သာၾကာသြားသည္၊ထိုလူငယ္ေလးသတင္းအား အစအနပင္ရွာမေတြ့။

ညေနပိုင္းတြင္ စုန္႔မိသားစု၃ေယာက္မွာ
ညစာစားပြဲကိုအခ်ိန္ကိုက္ေရာက္လာခဲ့သည္။
စုန္႔ဟြိုင္မွာ ေသေသခ်ာခ်ာထုပ္ပိုးထားတဲ့ ကိတ္မုန္႔ကိုကိုင္ထားပီး ဟိုဟိုဒီဒီလိုက္ၾကည့္ေနမိသည္။
ပါပါးစုန္႔ကမ်က္ခံုးပင့္လိုက္ပီး
"တုတု သားဒီကိုလာပီးႏႈတ္ဆက္လိုက္ပါၪီး"
စုန္႔ဟြိုင္မွာ အသံခ်ိဳခ်ိဳေလးနဲ႔
"ဟဲလို ဘိုးဘိုးလု"
လုခ်ီ၀င္က သူ႔ရဲ့အသက္၇၀ျပည့္ေမြးေန့ကိုက်င္းပေနျခင္းျဖစ္သည္။
ဒီကေလးက သူ႔မ်က္စိေရ႔ွမွာပဲႀကီးျပင္းလာတာျဖစ္ပီး အဲ့ကေလးကိုအရမ္းေတြသေဘာက်ႏွစ္ၿခိဳက္မိသည္။
"တုတု ေရာက္ပီပဲ"

လုခ်ီ၀င္က သူ႔ရဲ့လက္မွာကိုင္ထားတဲ့ကိတ္မုန္႔ေလးကိုၾကည့္ပီး က်ီစယ္တဲ့ေလသံနဲ႔
"အာ့ ဘိုးဘိုးလုအတြက္လားကြဲ႔"
စုန္႔ဟြိုင္မွာ ရွက္ေနတဲ့ေလသံနဲ႔
"က် က်ေနာ္ ေနာက္တခါမွဘိုးဘိုးလုအတြက္ လုပ္လာေပးခဲ့မယ္ေလ"
လုခ်ီ၀င္ကၿပံဳးလိုက္ပီး စုန္႔ဟြိုင္အေနာက္ကိုလွမ္းၾကည့္ကာ
"ေဟာ အားဟြိုင္ေရာက္လာပီပဲ"

စုန္႔ဟြိုင္အေနာက္လွည့္ၾကည့္လိုက္ေတာ့ ရီေမာကာစကားေျပာေနၾကတဲ့အုပ္စုထဲမွ ထင္းထြက္ေနတဲ့အရပ္ရွည္ရွည္နဲ႔လူကို ေတြ့လိုက္ရသည္။
စုန္႔ဟြိုင္အတြက္က ထိုေျခတံရွည္ရွည္နဲ႔ပံုရိပ္ကိုလ်စ္လ်ူရႈရန္ခက္ခဲလွသည္။
ဒါေပမယ့္ စုန္႔ဟြိုင္ရင္ထဲရႈပ္ေထြးသြားသည္။
အဲ့အုပ္စုထဲမွာ ဘယ္တေယာက္ကလုမ်န္လဲ...
စုန္႔ဟြိုင္ကေမးဖို႔ကိုလည္း ရွက္ေနေတာ့ သူ႔ဟာသူသာတိတ္တိတ္ေလး ခန္႔မွန္းေနသည္။

ထိုအုပ္စုမွလူမ်ားမွာ ယူနီေဖာင္းမ်ား၀တ္ထားၾကပီးအကုန္လံုးကသက္တူရြယ္တူေတျြဖစ္သည္။
အဲ့ထဲမွာ ၂ေယာက္ကထိပ္ေျပာင္ေနပီး ၁ေယာက္ကဘီယာဗိုက္ပိုင္ရွင္ျဖစ္ကာ က်န္၃ေယာက္က ဂ်ပုမ်ားျဖစ္ၾကသည္။
တကယ့္ကို ၿပိဳင္ဘက္ကင္းပံုရိပ္ေတြပဲ...
(T/N ရြဲ႔ေျပာေနတာ XD)

ထိုသူေတြကိုၾကည့္ေလေလ စုန္႔ဟြိုင္ရဲ့ႏွလံုးသားေလးကေမ်ွာ္လင့္ခ်က္မဲ့လာေလေလပင္။
ခန္႔ညားမႈေတြကိုႀကိဳက္တဲ့သူ႔အတြက္က ထိုအရပ္ရွည္ရွည္နဲ႔သူဆီမွ အာရံုမလႊဲႏိုင္ျဖစ္ေနသည္။
စုန္႔ဟြိုင္ရဲ့အၾကည့္ကိုသတိထားမိပံုရေသာလုမ်န္က ေခါင္းလွည့္လာသျဖင့္
သူတို႔၂ေယာက္အၾကည့္ခ်င္းဆံုသြားေလသည္။
တေယာက္နဲ႔တေယာက္အၾကည့္ဆံုသြားတာ စကၠန္႔ပိုင္းမ်ွသာျဖစ္ေသာ္လည္း စုန္႔ဟြိုင္မ်က္ႏွာတခုလံုး နီရဲတက္လာသည္။

ဒီကမ႓ာေလာကႀကီးမွာ အဲ့ေလာက္ခန္႔ညားတဲ့သူ တခါမွမျမင္ဖူးဘူး...
-------------------
ကဲ ကဲ သီခ်င္းဆိုတဲ့ေကာင္ေလးကဘယ္သူမ်ားလဲ 😁
Xinလည္းမသိေသးပါဘူးလို႔
အားလံုးက်န္းမာေရးဂရုစိုက္ၾကပါ
( ˘ ³˘)♥

Seguir leyendo

También te gustarán

2.1M 162K 36
No descriptions here
383K 27.1K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
410K 16.7K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795