Unicode
"လိုက်ပို့ပေးလို့ကျေးဇူးပါအစ်ကိုဟိုဆော့"
"ရပါတယ်ကွာ မင်းကလဲ"
စက်ဘီးနောက်က ထိုင်စီးရင်းသူပျော်နေပြန်သည်။ ဒါနဲ့ဆိုစက်ဘီးစီးဖူးတာနှစ်ခါပဲ။ ပျော်ဖို့ကောင်းလိုက်တာ။
ထယ်ယောင်းအိမ်သည် တက္ကသိုလ်ကျောင်းလေးကိုဖြတ်ကျော်ပြီးမှရောက်မည့်နေရာလေး။ ကျွန်တော်တို့နှစ်ဦးဟာ စိတ်ဓာတ်ခြင်းရော မိသားစုပုံစံခြင်းရော မတူညီစွာ ကွဲထွက်နေသောလမ်းတွေဆီသာဦးတည်နေခဲ့သည်။ နေသောနေရာများကအစ တက္ကသိုလ်ကိုတည်၍ကြည့်မယ်ဆို တက္ကသိုလ်ကျောင်းရဲ့တစ်ဖက်တစ်ချက်စီမှာသာ။
ဘာတစ်ခုမှမတူညီတဲ့လူနှစ်ဦးဟာပေါင်းစည်းဖို့ဖြစ်နိုင်ပါ့မလား။ ဖြစ်ပါ့မလား?
တက္ကသိုလ်ရှေ့ရောက်တော့မှ သူစက်ဘီးခဏကိုရပ်လိုက်ကာ
"ကျောင်းလည်းပိတ်ရက်ဆိုတော့ မင်းရောအခုအိမ်ပြန်ချင်ရဲ့လား ငါမင်းကိုစက်ဘီးစီးသင်ပေးမယ်လေ"
အနောက်သို့လှည့်ကာပြောလိုက်တော့ အကျီအကြီးကြီးနဲ့ကောင်လေးဟာ သူ့အားဘလင်းဘလင်းထနေသောမျက်လုံးလေးတွေနဲ့ကြည့်ကာ
"တကယ်လား"
သူ့ဖို့စက်ဘီး မစီးတတ်ခြင်းဟာရှက်စရာမဟုတ်ပေမယ့် သူများနောက်ကသာလိုက်စီးနေရခြင်တော့အားနာမိသည်။ သင်ပြီးတတ်သွားရင်ဖြင့် ကိုယ်ကပြန်တင်ပြီးနင်းလို့ရမည်။
"အင်း ဝင်္ကပါလမ်းကိုသွားရအောင်"
ထိုလမ်းဟာ ဝင်္ကပါဆိုတဲ့အတိုင်း ထိုနေရာကိုကျွမ်းကျင်သူမှအပ ကျန်တဲ့သူသိပ်မသွားတတ်သောနေရာသာ။ ရှုပ်ရှက်ခက်နေသောလမ်းဟာ ထွက်ပေါက်မဲ့တဲ့လမ်းလို့လည်းခေါ်လို့ရသည်။ပြီးတော့ထိုနေရာဟာလူရှင်းတာမို့ စက်ဘီးလူတိုက်မိမှာလည်းစိုးရိမ်စရာမလိုပါ။
ဟိုဆော့က ထိုလမ်းဆီသွားနေကြ လမ်းသိတာမို့ ခေါ်သွားဖို့သာစဥ်းစားလိုက်သည်။
"အင်း အဲ့လိုကိုင်ထား ခါးမစောင်းနဲ့လေ ငါနောက်ကတွန်းပေးနေတာမို့ ရှေ့ကိုသေချာကြည့်နင်း"
နောက်က ဖင်ထိုင်ခုံကိုကိုင်ကာ ရှေ့ကကောင်လေးအားယုံကြည်မှရှိစေရန်ပြောလိုက်သည်။
" ခါးမစောင်းနဲ့လေ တည့်တည့် တည့်တည့်နင်း"
အစက ကိုင်ထားပေးပေမယ့် နောက်ကျမသိမသာလွှတ်လိုက်မိသည်။လှဲလည်းလှဲပါစေလေ ဒဏ်ရာရဖူးမှပိုတတ်လောက်မည်မဟုတ်လား?
ယိုင်တိယိုင်တိုင်နဲ့ ဆက်နင်းသွားသည်။ အညိုရောင်လေးကတော်သားပဲ ခဏလေးပဲနောက်ကသင်ပေးလိုက်ရသည်။ ကောင်လေးနောက်သို့ သူကိုင်ပေးသလိုနဲ့ ပြေးလိုက်ပြီးအော်နေလိုက်သည်။
နေရာတစ်ခုရောက်တော့ အညိုရောင်လေးဟာသူ့အားလှည့်ကြည့်ပြီး ကိုင်ထားတာမတွေ့သောအခါ စက်ဘီးနဲ့အတူ ဘိုင်းခနဲ လှဲကျတော့သည်။ အတတ်စမ်းပြန်ပြီ။ ခုမှစက်ဘီးစီးတတ်တာကို နောက်လှည့်ကြည့်ရလေသလား?
ဝင်္ကပါလမ်းရဲ့တစ်ဖက်တစ်ချက်ဆီမှာကျုပင်တွေသာရှိသည်။ချုံသဏ္ဍာန်ဆိုတော့အညိုရောင်လေးအရမ်းတော့မထိခိုက်သွားလောက်ပါဘူး။
"ချော်လဲပြီ.....ဘယ်နားနာသွားလဲ"
"ဘာမှမဖြစ်ပေမယ့် လက်ကစပ်နေတယ်"
လက်ကိုဆွဲယူပြီး ကြည့်လိုက်တော့ ပွန်းကာသွေးစို့နေချေသည်။
"နောက်အပတ်ပိတ်ရက်မှဆက်သင်ပေးမယ်။ လာအိမ်ပြန်လိုက်ပို့ပေးမယ်"
အညိုရောင်လေးသည် မျက်နှာကြီးတင်းကာ ဟိုဆော့အားမခေါ်ခဲ့ပါ။ စကားလည်းတစ်ခွန်းတောင်ပြန်မပြော ဘာကြောင့်များလဲ?
စက်ဘီးနင်းပြီးထွက်လမ်းရှာနေတဲ့တစ်လျှောက် အညိုရောင်လေးဆီမှအသံထွက်မလာခဲ့ပါ။ သူကလည်းဘာမှမမေးမိ။ နောက်ဆုံးတော့မနေနိုင်တော့ပါ။
"ထယ်ယောင်း ဘာဖြစ်နေတာလဲ"
"ကျွန်တော့်ကိုဘာလို့လွှတ်လိုက်ရတာလဲ အစ်ကိုကိုတော့ယုံကြည်ပေမယ့်ကျွန်တော်ကိုကျွန်တော်မယုံဘူးလေ ခုတော့လှဲရပြီ!"
ဒီလိုဆောင့်ဆောင့်အောင့်အောင့်ပြောတာလေးက အညိုရောင်လေးတဲ့လား?
" ဒါဆိုငါမလွှတ်မခြင်းထိပဲမင်းကစီးနေတော့မှာလား? မင်းလည်းအကူအညီမပါပဲတတ်မြောက်သင့််တယ်လေ"
"ဟုတ်သားပဲ"
ကလေးဆန်သော ကလေးမဆန်ချင်တဲ့အညိုရောင်လေးက တစ်ခါတစ်လေတင်းထားသောမျက်နှာလေးဆီက ကလေးဆန်ဆန်အမူအရာတွေထွက်လာသည်။
ကျွန်တော်ထင်သလောက် မိဘအပေါ်မဆိုးခဲ့ရသောအညိုရောင်လေးသည် ကျွန်တော့အပေါ် ကလေးဆိုးလိုဆိုးပေတော့မည်ဆိုတာ......
တကယ်လည်း ဆိုးပေခဲ့တာပါပဲ.....
🤎
အိမ်ပြန်လေးတို့ဆီ ခြေလှမ်းတို့ဟာအခုချိန်ထိမရောက်သေးပါ။ စနေပြီးတော့ တနင်္ဂနွေလေးဟာ မထင်မှတ်ပဲထပ်လည်ပတ်နေမိတဲ့နေ့လေးလိုပဲ။
စတိုးဆိုင်လေးတစ်ခုဆီ စက်ဘီးလေးကရောက်လာခဲ့သည်။ စတိုးဆိုင်လေးရှေ့ သစ်သားခုံလေးဆီ အညိုရောင်လေးကိုထိုင်စေကာ သူသည်စတိုးဆိုင်ထဲ အနာကျက်ဆေးနဲ့ပတ်တီးလိပ်လေးဝယ်လာခဲ့သည်။
လက်ကို ဆေးလေးလူးပေးတော့ မျက်နှာလေးကရှုံ့မဲ့နေသည်။ အညိုရောင်လေးက နာရောနာဖူးခဲ့ရဲ့လား?? ပတ်တီးလေးကိုသေချာစီးပေးလိုက်ရင်း
"ရပြီ အေးတဲ့ရာသီဆိုတော့နည်းနည်းပိုဂရုစိုက်နော် ထယ်ယောင်း"
"ဟုတ်"
ဆေးထည့်ပြီးတော့လည်း သစ်သားခုံလေးဆီမှာဆက်ထိုင်ရင်းနဲ့သာ ကျနေသောနှင်းဖွဲဖွဲတွေကိုကြည့်နေလိုက်သည်။ နှင်းတွေလိုမျိုး ပူပြင်းနေတဲ့စိတ်အစဥ်လည်းအေးသွားရင်ကောင်းမယ်။ စိတ်ထဲထင်နေသောမကောင်းတဲ့အတွေးတွေဟာ မရောက်သေးတဲ့နှစ်နှစ်သောအချိန်ကိုကြိုတွေးပူမိနေတယ်တဲ့
"ရေခဲမုန့်စားချင်လိုက်တာ"
ထပ်မံ၍ထွက်ပေါ်လာသော အညိုရောင်လေးရဲ့အသံ။
"စတော်ဘယ်ရီရေခဲမုန့်စားချင်တယ် အစ်ကိုဝယ်ကျွေးပါလား ဟီး"
ရင်းနှီးပြီးတဲ့နောက် ပထမဆုံးအကြိမ် အညိုရောင်လေးဆီမှ ပွင့်ပွင့်လင်းလင်းအားမနာတမ်းပြောလာသောစကားလေး။ ရေခဲမုန့်ဝယ်ကျွေးပါလားတဲ့ အဲ့လိုလေးသာပြောနေမယ်ဆို ရေခဲမုန့်တွေအများကြီးဝယ်ကျွေးနေမိမှာပဲ အညိုရောင်ထယ်ထယ်လေးရယ်......
"အေးနေတယ် စားရင်ချောင်းဆိုးမှာပေါ့ မင်း"
"ဒါပေမယ့် စားချင်နေတယ်"
"ဟုတ်ပြီ"
အညိုရောင်ထယ်ထယ်လေးရဲ့စကားကိုတစ်ခါအပြင်ထပ်မပယ်နိုင်ခဲ့ပါ။ စားမယ်ဆို ဟုတ်ပြီဆိုတာမျိုး အမိန့်တန်းဖြစ်စေတာမျိုးလေး။
စတိုးဆိုင်ထဲထပ်ဝင်ကာ စတော်ဘယ်ရီအသီးလေးတွေပါတဲ့ရေခဲမုန့်အားဝယ်လိုက်သည်။ ပြီးတော့ အညိုရောင်လေးအားလက်ထဲထည့်ပေးလိုက်ရင်း
"အင့် စား စားပြီးရင်တော့ပြန်ကြမယ်လေနော့်"
"ဟုတ်ကဲ့ဗျ"
လိုချင်တာရသွားသောအခါ စားချင်တာစားရတာမို့အညိုရောင်လေးက လိမ်လိမ်မာမာစကားလေးနဲ့လက်ခံကြောင်းပြောသည်။ အညိုရောင်က ပြုံးရုံမျှရယ်တတ်ပေမယ့် လိုချင်တောင့်တမှုတို့ပြည့်သွားတဲ့အခါကျ လေးထောင့်ဆန်ဆန်လေးကိုနှစ်လိုဖွယ်ပြုံးပြတတ်သေးသည်။ ဝက်ဝံလေးပေမယ့် အစွယ်မရှိတဲ့ဝက်ဝံလေးလို့ကောက်ချက်ချလိုက်သည်။
ထယ်ယောင်းပျော်သည်။ ဂရုစိုက်အလိုလိုက်ခံရခြင်းကိုပျော်ရွှင်နေမိသည်။ အစ်ကိုတစ်ယောက်ကို ရလိုက်သလိုမျိုး ခံစားမှုနွေးနွေးလေးလည်းရမိသေးသည်။ ချွဲဖို့ပူစာဖို့အစ်ကိုတစ်ယောက်ရလိုက်သလိုပဲ။
အညိုရောင်လေးအတွက် လိုချင်တာပူစာဖို့အစ်ကိုတစ်ယောက်ရခဲ့တယ်လို့စိတ်ထဲတွေးနေမိပေမယ့် အညိုရောင်လေးရဲ့နှလုံးသားကရောထိုသို့တွေးနေခဲ့ရဲ့လား????
Brown_Tae
ဘယ်လောက်ထိ De မယ်ပြောပြောအဆုံးထိတင်ဖို့လည်းစိတ်ကဖြစ်နေတော့နှစ်ခွဖြစ်နေတာပေါ့လေနော်။ ဆိုတော့ကား မီ un ရင်လည်း un မယ် Deရင်လည်း De မယ်။ ဆက်ရေးရင်လည်းဆက်ရေးပါ့မယ်။ ဟဲဟဲ ကျေးဇူးပါ
Thanks For Reading 🙏
Amethyst_Jei
Zawgyi
"လိုက္ပို႔ေပးလို႔ေက်းဇူးပါအစ္ကိုဟိုေဆာ့"
"ရပါတယ္ကြာ မင္းကလဲ"
စက္ဘီးေနာက္က ထိုင္စီးရင္းသူေပ်ာ္ေနျပန္သည္။ ဒါနဲ႕ဆိုစက္ဘီးစီးဖူးတာႏွစ္ခါပဲ။ ေပ်ာ္ဖို႔ေကာင္းလိုက္တာ။
ထယ္ေယာင္းအိမ္သည္ တကၠသိုလ္ေက်ာင္းေလးကိုျဖတ္ေက်ာ္ၿပီးမွေရာက္မည့္ေနရာေလး။ ကြၽန္ေတာ္တို႔ႏွစ္ဦးဟာ စိတ္ဓာတ္ျခင္းေရာ မိသားစုပုံစံျခင္းေရာ မတူညီစြာ ကြဲထြက္ေနေသာလမ္းေတြဆီသာဦးတည္ေနခဲ့သည္။ ေနေသာေနရာမ်ားကအစ တကၠသိုလ္ကိုတည္၍ၾကည့္မယ္ဆို တကၠသိုလ္ေက်ာင္းရဲ႕တစ္ဖက္တစ္ခ်က္စီမွာသာ။
ဘာတစ္ခုမွမတူညီတဲ့လူႏွစ္ဦးဟာေပါင္းစည္းဖို႔ျဖစ္နိုင္ပါ့မလား။ ျဖစ္ပါ့မလား?
တကၠသိုလ္ေရွ႕ေရာက္ေတာ့မွ သူစက္ဘီးခဏကိုရပ္လိုက္ကာ
"ေက်ာင္းလည္းပိတ္ရက္ဆိုေတာ့ မင္းေရာအခုအိမ္ျပန္ခ်င္ရဲ႕လား ငါမင္းကိုစက္ဘီးစီးသင္ေပးမယ္ေလ"
အေနာက္သို႔လွည့္ကာေျပာလိုက္ေတာ့ အက်ီအႀကီးႀကီးနဲ႕ေကာင္ေလးဟာ သူ႕အားဘလင္းဘလင္းထေနေသာမ်က္လုံးေလးေတြနဲ႕ၾကည့္ကာ
"တကယ္လား"
သူ႕ဖို႔စက္ဘီး မစီးတတ္ျခင္းဟာရွက္စရာမဟုတ္ေပမယ့္ သူမ်ားေနာက္ကသာလိုက္စီးေနရျခင္ေတာ့အားနာမိသည္။ သင္ၿပီးတတ္သြားရင္ျဖင့္ ကိုယ္ကျပန္တင္ၿပီးနင္းလို႔ရမည္။
"အင္း ဝကၤပါလမ္းကိုသြားရေအာင္"
ထိုလမ္းဟာ ဝကၤပါဆိုတဲ့အတိုင္း ထိုေနရာကိုကြၽမ္းက်င္သူမွအပ က်န္တဲ့သူသိပ္မသြားတတ္ေသာေနရာသာ။ ရႈပ္ရွက္ခက္ေနေသာလမ္းဟာ ထြက္ေပါက္မဲ့တဲ့လမ္းလို႔လည္းေခၚလို႔ရသည္။ၿပီးေတာ့ထိုေနရာဟာလူရွင္းတာမို႔ စက္ဘီးလူတိုက္မိမွာလည္းစိုးရိမ္စရာမလိုပါ။
ဟိုေဆာ့က ထိုလမ္းဆီသြားေနၾက လမ္းသိတာမို႔ ေခၚသြားဖို႔သာစဥ္းစားလိုက္သည္။
"အင္း အဲ့လိုကိုင္ထား ခါးမေစာင္းနဲ႕ေလ ငါေနာက္ကတြန္းေပးေနတာမို႔ ေရွ႕ကိုေသခ်ာၾကည့္နင္း"
ေနာက္က ဖင္ထိုင္ခုံကိုကိုင္ကာ ေရွ႕ကေကာင္ေလးအားယုံၾကည္မွရွိေစရန္ေျပာလိုက္သည္။
" ခါးမေစာင္းနဲ႕ေလ တည့္တည့္ တည့္တည့္နင္း"
အစက ကိုင္ထားေပးေပမယ့္ ေနာက္က်မသိမသာလႊတ္လိုက္မိသည္။လွဲလည္းလွဲပါေစေလ ဒဏ္ရာရဖူးမွပိုတတ္ေလာက္မည္မဟုတ္လား?
ယိုင္တိယိုင္တိုင္နဲ႕ ဆက္နင္းသြားသည္။ အညိုေရာင္ေလးကေတာ္သားပဲ ခဏေလးပဲေနာက္ကသင္ေပးလိုက္ရသည္။ ေကာင္ေလးေနာက္သို႔ သူကိုင္ေပးသလိုနဲ႕ ေျပးလိုက္ၿပီးေအာ္ေနလိုက္သည္။
ေနရာတစ္ခုေရာက္ေတာ့ အညိုေရာင္ေလးဟာသူ႕အားလွည့္ၾကည့္ၿပီး ကိုင္ထားတာမေတြ႕ေသာအခါ စက္ဘီးနဲ႕အတူ ဘိုင္းခနဲ လွဲက်ေတာ့သည္။ အတတ္စမ္းျပန္ၿပီ။ ခုမွစက္ဘီးစီးတတ္တာကို ေနာက္လွည့္ၾကည့္ရေလသလား?
ဝကၤပါလမ္းရဲ႕တစ္ဖက္တစ္ခ်က္ဆီမွာက်ဳပင္ေတြသာရွိသည္။ခ်ဳံသ႑ာန္ဆိုေတာ့အညိုေရာင္ေလးအရမ္းေတာ့မထိခိုက္သြားေလာက္ပါဘူး။
"ေခ်ာ္လဲၿပီ.....ဘယ္နားနာသြားလဲ"
"ဘာမွမျဖစ္ေပမယ့္ လက္ကစပ္ေနတယ္"
လက္ကိုဆြဲယူၿပီး ၾကည့္လိုက္ေတာ့ ပြန္းကာေသြးစို႔ေနေခ်သည္။
"ေနာက္အပတ္ပိတ္ရက္မွဆက္သင္ေပးမယ္။ လာအိမ္ျပန္လိုက္ပို႔ေပးမယ္"
အညိုေရာင္ေလးသည္ မ်က္ႏွာႀကီးတင္းကာ ဟိုေဆာ့အားမေခၚခဲ့ပါ။ စကားလည္းတစ္ခြန္းေတာင္ျပန္မေျပာ ဘာေၾကာင့္မ်ားလဲ?
စက္ဘီးနင္းၿပီးထြက္လမ္းရွာေနတဲ့တစ္ေလွ်ာက္ အညိုေရာင္ေလးဆီမွအသံထြက္မလာခဲ့ပါ။ သူကလည္းဘာမွမေမးမိ။ ေနာက္ဆုံးေတာ့မေနနိုင္ေတာ့ပါ။
"ထယ္ေယာင္း ဘာျဖစ္ေနတာလဲ"
"ကြၽန္ေတာ့္ကိုဘာလို႔လႊတ္လိုက္ရတာလဲ အစ္ကိုကိုေတာ့ယုံၾကည္ေပမယ့္ကြၽန္ေတာ္ကိုကြၽန္ေတာ္မယုံဘူးေလ ခုေတာ့လွဲရၿပီ!"
ဒီလိုေဆာင့္ေဆာင့္ေအာင့္ေအာင့္ေျပာတာေလးက အညိုေရာင္ေလးတဲ့လား?
" ဒါဆိုငါမလႊတ္မျခင္းထိပဲမင္းကစီးေနေတာ့မွာလား? မင္းလည္းအကူအညီမပါပဲတတ္ေျမာက္သင့္္တယ္ေလ"
"ဟုတ္သားပဲ"
ကေလးဆန္ေသာ ကေလးမဆန္ခ်င္တဲ့အညိုေရာင္ေလးက တစ္ခါတစ္ေလတင္းထားေသာမ်က္ႏွာေလးဆီက ကေလးဆန္ဆန္အမူအရာေတြထြက္လာသည္။
ကြၽန္ေတာ္ထင္သေလာက္ မိဘအေပၚမဆိုးခဲ့ရေသာအညိုေရာင္ေလးသည္ ကြၽန္ေတာ့အေပၚ ကေလးဆိုးလိုဆိုးေပေတာ့မည္ဆိုတာ......
တကယ္လည္း ဆိုးေပခဲ့တာပါပဲ.....
အိမ္ျပန္ေလးတို႔ဆီ ေျခလွမ္းတို႔ဟာအခုခ်ိန္ထိမေရာက္ေသးပါ။ စေနၿပီးေတာ့ တနဂၤႏြေေလးဟာ မထင္မွတ္ပဲထပ္လည္ပတ္ေနမိတဲ့ေန႕ေလးလိုပဲ။
စတိုးဆိုင္ေလးတစ္ခုဆီ စက္ဘီးေလးကေရာက္လာခဲ့သည္။ စတိုးဆိုင္ေလးေရွ႕ သစ္သားခုံေလးဆီ အညိုေရာင္ေလးကိုထိုင္ေစကာ သူသည္စတိုးဆိုင္ထဲ အနာက်က္ေဆးနဲ႕ပတ္တီးလိပ္ေလးဝယ္လာခဲ့သည္။
လက္ကို ေဆးေလးလူးေပးေတာ့ မ်က္ႏွာေလးကရႈံ႕မဲ့ေနသည္။ အညိုေရာင္ေလးက နာေရာနာဖူးခဲ့ရဲ႕လား?? ပတ္တီးေလးကိုေသခ်ာစီးေပးလိုက္ရင္း
"ရၿပီ ေအးတဲ့ရာသီဆိုေတာ့နည္းနည္းပိုဂ႐ုစိုက္ေနာ္ ထယ္ေယာင္း"
"ဟုတ္"
ေဆးထည့္ၿပီးေတာ့လည္း သစ္သားခုံေလးဆီမွာဆက္ထိုင္ရင္းနဲ႕သာ က်ေနေသာႏွင္းဖြဲဖြဲေတြကိုၾကည့္ေနလိုက္သည္။ ႏွင္းေတြလိုမ်ိဳး ပူျပင္းေနတဲ့စိတ္အစဥ္လည္းေအးသြားရင္ေကာင္းမယ္။ စိတ္ထဲထင္ေနေသာမေကာင္းတဲ့အေတြးေတြဟာ မေရာက္ေသးတဲ့ႏွစ္ႏွစ္ေသာအခ်ိန္ကိုႀကိဳေတြးပူမိေနတယ္တဲ့
"ေရခဲမုန့္စားခ်င္လိုက္တာ"
ထပ္မံ၍ထြက္ေပၚလာေသာ အညိုေရာင္ေလးရဲ႕အသံ။
"စေတာ္ဘယ္ရီေရခဲမုန့္စားခ်င္တယ္ အစ္ကိုဝယ္ေကြၽးပါလား ဟီး"
ရင္းႏွီးၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္ အညိုေရာင္ေလးဆီမွ ပြင့္ပြင့္လင္းလင္းအားမနာတမ္းေျပာလာေသာစကားေလး။ ေရခဲမုန့္ဝယ္ေကြၽးပါလားတဲ့ အဲ့လိုေလးသာေျပာေနမယ္ဆို ေရခဲမုန့္ေတြအမ်ားႀကီးဝယ္ေကြၽးေနမိမွာပဲ အညိုေရာင္ထယ္ထယ္ေလးရယ္......
"ေအးေနတယ္ စားရင္ေခ်ာင္းဆိုးမွာေပါ့ မင္း"
"ဒါေပမယ့္ စားခ်င္ေနတယ္"
"ဟုတ္ၿပီ"
အညိုေရာင္ထယ္ထယ္ေလးရဲ႕စကားကိုတစ္ခါအျပင္ထပ္မပယ္နိုင္ခဲ့ပါ။ စားမယ္ဆို ဟုတ္ၿပီဆိုတာမ်ိဳး အမိန့္တန္းျဖစ္ေစတာမ်ိဳးေလး။
စတိုးဆိုင္ထဲထပ္ဝင္ကာ စေတာ္ဘယ္ရီအသီးေလးေတြပါတဲ့ေရခဲမုန့္အားဝယ္လိုက္သည္။ ၿပီးေတာ့ အညိုေရာင္ေလးအားလက္ထဲထည့္ေပးလိုက္ရင္း
"အင့္ စား စားၿပီးရင္ေတာ့ျပန္ၾကမယ္ေလေနာ့္"
"ဟုတ္ကဲ့ဗ်"
လိုခ်င္တာရသြားေသာအခါ စားခ်င္တာစားရတာမို႔အညိုေရာင္ေလးက လိမ္လိမ္မာမာစကားေလးနဲ႕လက္ခံေၾကာင္းေျပာသည္။ အညိုေရာင္က ၿပဳံး႐ုံမွ်ရယ္တတ္ေပမယ့္ လိုခ်င္ေတာင့္တမႈတို႔ျပည့္သြားတဲ့အခါက် ေလးေထာင့္ဆန္ဆန္ေလးကိုႏွစ္လိုဖြယ္ၿပဳံးျပတတ္ေသးသည္။ ဝက္ဝံေလးေပမယ့္ အစြယ္မရွိတဲ့ဝက္ဝံေလးလို႔ေကာက္ခ်က္ခ်လိဳက္သည္။
ထယ္ေယာင္းေပ်ာ္သည္။ ဂ႐ုစိုက္အလိုလိုက္ခံရျခင္းကိုေပ်ာ္႐ႊင္ေနမိသည္။ အစ္ကိုတစ္ေယာက္ကို ရလိုက္သလိုမ်ိဳး ခံစားမႈႏြေးႏြေးေလးလည္းရမိေသးသည္။ ခြၽဲဖို႔ပူစာဖို႔အစ္ကိုတစ္ေယာက္ရလိုက္သလိုပဲ။
အညိုေရာင္ေလးအတြက္ လိုခ်င္တာပူစာဖို႔အစ္ကိုတစ္ေယာက္ရခဲ့တယ္လို႔စိတ္ထဲေတြးေနမိေပမယ့္ အညိုေရာင္ေလးရဲ႕ႏွလုံးသားကေရာထိုသို႔ေတြးေနခဲ့ရဲ႕လား????
Brown_Tae
ဘယ္ေလာက္ထိ De မယ္ေျပာေျပာအဆုံးထိတင္ဖို႔လည္းစိတ္ကျဖစ္ေနေတာ့ႏွစ္ခြျဖစ္ေနတာေပါ့ေလေနာ္။ ဆိုေတာ့ကား မီ un ရင္လည္း un မယ္။ ဆက္ေရးရင္လည္းဆက္ေရးပါ့မယ္။ ဟဲဟဲ ေက်းဇူးပါ
Thanks For Reading 🙏
Amethyst_Jei