ရာဇဝင်ထဲက Fudanshi
By ZReed_Feb29
1.8M 184K 18K
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပ... More
Hello
Ep-1(Unicode)
Ep-1(Zawgyi)
Ep-2(Unicode)
Ep-2(Zawgyi)
Ep-3(Unicode)
Ep-3(Zawgyi)
Ep-4.1(Unicode)
Ep-4.1(Zawgyi)
Ep-4.2(Unicode)
Ep-4.2(Zawgyi)
Ep-5(Unicode)
Ep-5(Zawgyi)
Ep-6(Unicode)
Ep-6(Zawgyi)
Ep-7(Unicode)
Ep-7(Zawgyi)
Ep-8(Unicode)
Ep-8(Zawgyi)
Ep-9(Unicode)
Ep-9(Zawgyi)
Ep-10(Unicode)
Ep-10(Zawgyi)
Ep-11.1(Unicode)
Ep-11.1(Zawgyi)
Ep-11.2(Unicode)
Ep-11.2(Zawgyi)
Ep-12(Unicode)
Ep-12(Zawgyi)
Ep-13(Unicode)
Ep-13(Zawgyi)
Ep-14(Unicode)
Ep-14(Zawgyi)
Ep-15(Unicode)
Ep-15(Zawgyi)
Ep-16(Unicode)
Ep-16(Zawgyi)
Ep-17(Unicode)
Ep-17(Zawgyi)
Ep-18(Unicode)
Ep-18(Zawgyi)
Ep-19(Unicode)
Ep-19(Zawgyi)
Ep-20(Unicode)
Ep-20(Zawgyi)
Ep-21(Unicode)
Ep-21(Zawgyi)
Ep-22(Unicode)
Ep-22(Zawgyi)
Ep-23(Unicode)
Ep-23(Zawgyi)
Ep-24(Unicode)
Ep-24(Zawgy)
Ep-25(Unicod)
Ep-25(Zawgyi)
Ep-26(Unicode)
Ep-26(Zawgyi)
Ep-27(Unicode)
Ep-27(Zawgyi)
Ep-28(Unicode)
Ep-28(Zawgyi)
Ep-29(Unicode)
Ep-29(Zawgyi)
Ep-30(Ending) Z
Extra-1(Unicode)
Extra-1(Zawgyi)
Extra-2 (Unicode)
Extra-2(Zawgyi)
Ep-30(Ending)U
41.5K 4.5K 571
By ZReed_Feb29
ဆေးရုံအခန်းကျဉ်းလေးထဲမှာ တတီတီမြည်နေတဲ့ နှလုံးခုန်စက်သံနောက် ပြန်နိုးထလာတဲ့လူတစ်ယောက်။ လပေါင်းများစွာ အသက်ဝိညာဉ်ကင်းမဲ့နေသလို လဲလောင်းနေသော မင်းထက်ရဲ့ ခန္ဓာကိုယ်မှ လက်ချောင်းလေးတွေ စတင်လှုပ်ရှားလာလေတော့သည်။
နားထဲမှာ ဆရာဝန်ကို သွားခေါ်နေသော အဖေ့ရဲ့အသံ၊ သူ့လက်ကို ပြန်ဆုပ်ကိုင်ရင်း ငိုနေတဲ့ အမေ။သူ့တစ်ကိုယ်လုံးနာကျင်ပြီး လှုပ်မရနိုင်တာမို့ လက်တွေ့လား အိပ်မက်လားဆိုတာ မခွဲခြားနိုင်သေးပါ။
ဝေဝါးနေတဲ့အမြင်အာရုံကြား လောကကြီးနဲ့ တဖန် အဆက်သွယ်ပြတ်သွားလေတော့သည်။
..........
ဆေးရုံက ဆင်းပြီးတစ်ပတ်ကြာသည်အထိ သူအခန်းထဲမှာပဲအောင်းနေခဲ့သည်။ဝိညာဉ်လွင့်ပြီး ရောက်ရှိသွားတဲ့ အကြောင်းအရာအားလုံးကို တစ်ခုမကျန်အကုန်မှတ်မိနေတာမို့ တွေးလိုက်မိတိုင်း သူငိုနေမိမြဲ။ဆေးရုံပေါ်မှာ သတိရရချင်း သူ့ကလေးရောလို့ အတင်းအကန်မေးခဲ့သော်လည်း ပြန်ရရှိလိုက်တာ စိတ်ငြိမ်ဆေးအပြင် မိဘတွေရဲ့ စိတ်မကောင်းခြင်းများပင်။ခေါင်းကို အပြင်းအထန်ထိခိုက်သွားပြီး အသိစိတ်လွတ်နေတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ကာ ဂရုဏာသက်တဲ့ မျက်ဝန်းတွေကြား သူက တကယ် အရူးတစ်ယောက်လိုဖြစ်နေခဲ့တာ။
ဝတ္ထုထဲရောက်သွားပြီး အရာအားလုံးပျောက်ကွယ်သွားတာလား။ဒါမှမဟုတ် သမိုင်းအစစ်မှန်တကယ်ရှိခဲ့ရင် အရှင်နဲ့ သူ့ကလေးလေးက ဘာတွေဖြစ်သွားပြီလဲ။ မင်းထက် အရမ်းသိချင်မိသည်။
အရူးမီိးဝိုင်းသလို ငိုလိုက် ၊ တိတ်ဆိတ်ပဲ ငေးငိုင်လိုက်နဲ့ အချိန်တွေကုန်နေရင်း သူတစ်ခုကို သတိရသွားသည်။ပျောက်ဆုံးနေသော မြို့တော်နဲ့ ဆက်စပ်ပြီး အားလုံးရဲ့အဖြေကို အဲ့ဒီစာရေးသူသိနိုင်မလားဆိုတဲ့ စိတ်နဲ့ ဖုန်းကိုပြန်ရှာကြည့်တော့ အမေက မင်းထက်စားပွဲပေါ်မှာ အရင်အတိုင်းတင်ထားပေးသည်။
အလျင်မြန်ပဲ လိုင်းဖွင့်ကာ ဝတ္ထုကိုရှာသော်လည်း ခေါင်းစဉ်သာရှိပြီး ဘာစာမှရှိမနေတော့ဘူး။Author Acc ထဲဝင်ကြည့်တော့လည်း အကောင့်က ပျက်နေလေပြီ။
သူဘယ်ရောက်သွားတာလဲ ။ဒီတစ်ခုကပဲ မျှော်လင့်ချက်ရှိတာကြောင့် အစအန ရှာလို့မတွေ့တော့ရင် ဘယ်လိုလုပ်မလဲ။
ခေါင်းထဲလည်းပူထူကာ ကြံရာမရတဲ့အဆုံး သူ Facebook ပေါ်က Wattpad gp တွေထဲ ဝင်မေးလိုက်သည်။
"ပျောက်ဆုံးနေသော မြို့တော် ရေးတဲ့ Author ကိုသိကြလား... သိရင်သူ့ရဲ့ fb Acc လေးလင်းပေးကြပါ အရမ်း အရမ်း အရေးကြီးနေလို့ပါ ကျေးဇူးပြုပြီး"
၁မိနစ်အကြာ ဝင်ဖြေသော cmtတွေမှာ
- အဲ့ဒီ Author က Acc ရော fic တွေပါ အကုန်ဖျက်သွားတာကြာလှပြီ ။ အရင်ကတည်းက Fb မသုံးဘူးပြောတယ်။
-အမလေး ' ပျောက်ဆုံးနေသောမြို့တော်' တဲ့ ငါ့ Fav လေးလေ ။ အခုတော့ ဘယ်မှာမှ ရှာဖတ်လို့မရတော့ဘူး။ Author က ရုတ်တရက်ကြီးပျောက်သွားတယ် 😭
-လွမ်းလိုက်တာ ငါ့အလှလေးနဲ့ ဘုရင်ကြီးကို။
ဆက်တိုက်ရောက်ရှိလာသော cmt တွေကို ဆက်မဖတ်နိုင်တော့ဘဲ ဖုန်းကိုပစ်ချကာ ခုတင်ပေါ် နောက်လှန်အိပ်လိုက်သည်။ထို့နောက် လက်နဲ့ အုပ်ထားသော မျက်လုံးနေရာက မျက်ရည်စီးကြောင်းတွေဟာ အိပ်ယာပေါ် ကျဆင်းလျက်။
သွားပြီပေါ့....။ လုံးဝအစအန ပျောက်သွားတော့ အရှင့်အကြောင်းကို ဘယ်လိုစုံစမ်းရတော့မလဲ။
မျှော်လင့်ချက်မဲ့စွာ ခွေခေါက်နေရင်း ခဏအကြာ ရိုးရိုး Notiတက်သံမဟုတ်ဘဲ chat box မှ စာလာသော အသံကြောင့် ဖုန်းကို လေးပင်စွာပဲပြန်ကောက်ယူလိုက်သည်။ ကြည့်လိုက်တော့ ခရမ်းရောင်နှင်းပန်းပွင့်ပုံလေးနဲ့ profile ကြောင့် မင်းထက် ချက်ချင်းထထိုင်ကာ အမြန်ဝင်ကြည့်လိုက်တော့
"ငါတို့ တွေ့ကြမလား ... (××××) လိပ်စာကိုမနက်ဖြန် ၁၀နာရီလောက်လာခဲ့ ငါရှိနေမယ် "
"မင်းက ဘယ်သူလဲ ?"
"ရောက်လာရင် သိလိမ့်မယ် "
မင်းထက် ဆက်မေးချင်သော်လည်း တစ်ဖက်လူက ချက်ချင်း Active Now ပျောက်သွားတာကြောင့် မေးခွန်းများစွာနဲ့သာ ငြိမ်နေလိုက်ရတော့သည်။ acc ထဲဝင်ကြည့်တော့လည်း ပန်းပွင့်ပုံလေးကလွဲ ဘာpost မှမရှိ။
Fake Acc ဖြစ်နေရင်တောင် ဒါက သူ့အတွက် နောက်ဆုံး ကောက်ရိုးလေးတစ်မျှင်ပဲမို့ သွားရမယ်။
.........
ပြောတဲ့လိပ်စာအတိုင်း လာလိုက်တော့ coffee ဆိုင်လေးတစ်ဆိုင်ဖြစ်နေသည်။ ချိန်းထားတာ ၁၀နာရီဆိုပေမယ့် မင်းထက် ၈နာရီကတည်းက ရောက်နေနှင့်ပြီ။ သူ့စိတ်တွေအရမ်းလောနေသည်။ဖြစ်နိုင်ရင် နောက်တစ်ခါ ကားအတိုက်ခံပြီး ဝိညာဉ်ထပ်လွင့်သွားရင်ကောင်းမယ်။အဲ့ဒါဆို အရှင်နဲ့ ပြန်တွေ့နိုင်မလား။ မသေချာပေ။ တစ်ခါတည်းသေသွားရင်တော့ ကိစ္စပြတ်သွားနိုင်တာကြောင့် ထိုနည်းလမ်းကိုလည်း လက်တွေ့မလုပ်ရဲ။
မှာထားတဲ့ Coffeeတွေ တဖြည်းဖြည်း အေးစက်လာသည်အထိ သူ့ခေါင်းထဲမှာ ပေါက်ကရ အတွေးတွေနဲ့ အတူ အချိန်တဖြည်းဖြည်းကုန်လာခဲ့သည်။ မျက်နှာချင်းဆိုင်အရှေ့မှာ ဝင်ထိုင်လိုက်တဲ့ အရိပ်ကြောင့် မော့ကြည့်လိုက်တော့ မင်းထက်မျက်လုံးတို့ပြူးကျယ်ကာ ပါးစပ်လည်း ပြန်မစိနိုင်
"မင်း ... ! "
မင်းထက် လက်ညိုးထိုးကာ အံ့ဩနေသော်လည်း ထိုသူမှာတော့အပြုံးတစ်ပွင့်နဲ့။ သေးသွယ်တဲ့ ခန္ဓာကိုယ်၊နူးညံ့တဲ့ အရိပ်အယောင်လွမ်းနေသော ဟန်ပန်တွေ။ ကော့ညွှတ်နေသော မျက်တောင်ကို ခပ်အုပ်အုပ်ဆံပင်လေးတွေက အထောက်အကူပြုကာ ပိုလှပစေသည်။တထေရာတည်းတူနေတဲ့ မျက်နှာပိုင်ရှင်က သူကိုယ်တိုင်ရောက်ရှိခဲ့ဖူးသော အလှလေး
"မင်းက အိမ်ရှေ့စံ ကဉ္စန!!!"
သူ့အသံဘယ်လောက်ကျယ်သွားတယ်မသိ ၊ ဆိုင်ထဲက လူတွေပါ လှည့်ကြည့်လာသည်။မျက်စိရှေ့က အလှလေးကတော့ သူ့ကို ခပ်ပြုံးပြုံးလေးကြည့်နေပြီး
"ရောက်နေတာကြာပြီလား"
"ဘာဖြစ်လို့ တစ်ပုံစံတည်းတူနေရတာလဲ လူဝင်စားတာလား ဒါဆို ... အရှင်ကရော ... နောက်ပြီး ငါ့ကလေးလေး"
ကဉ္စနပြောတာကို အာရုံမရ ။မင်းထက်မေးချင်တာတွေပဲ ဆက်တိုက်မေးနေသည်။
"ဖြည်းဖြည်းမေးပါ မင်းသိချင်တဲ့ မေးခွန်းတွေကို အကုန်မဖြေနိုင်ပေမယ့် တချို့ကိစ္စတွေတော့ ငါရှင်းပြနိုင်ပါတယ် "
သူက အေးအေးဆေးဆေး coffee တစ်ခွက်မှာနေပေမယ့် မင်းထက်ကတော့ ထိုင်ရမလို ထရမလိုဖြင့် ဂနာမငြိမ်နိုင် ။
"တကယ်တော့ *ပျောက်ဆုံးနေသော မြို့တော်*ကိုရေးတဲ့သူက ငါပဲ "
"ဘာ?"
"မင်း ပထမဆုံး မေးခွန်းထဲမှာ လူဝင်စားလားမေးတယ်နော်၊ ဟုတ်တယ် ငါက အဲ့ဒီခေတ်က အိမ်ရှေ့စံ ကဉ္စနဝင်စားတာ ... အကြောင်းအရာတွေ အကုန်လုံးကိုလည်းမှတ်မိတယ်... နောက်တော့ စာအုပ်အဖြစ်ရေးခဲ့တယ် ။မထင်မှတ်ဘဲ စာဖတ်သူတွေအများကြီးထဲကမှ မင်းတစ်ယောက်တည်းပဲ ငါ့ဇာတ်လမ်းကို ဝင်ဆဲသွားတာလေ ... "
"အဲ့ဒါကြောင့် မင်းက ငါ့ကို အဲ့ဝတ္ထုထဲ ထည့်လိုက်တာ "
"မဟုတ်တာ ... အဲ့လိုထည့်လို့ရအောင် ငါSystem လည်းမဟုတ်သလို စွမ်းအားရှင်လည်းမဟုတ်ဘူး... မင်းဘယ်လိုရောက်သွားမှန်းတောင်ငါမသိဘူး"
"ဒါဆို အခုတွေ့ဖို့ခေါ်တာက ...."
"မင်းဝင်ဆဲသွားပြီး နောက်တစ်ရက် ငါ့စာတွေက ငါကိုယ်တိုင် မပြောင်းဘဲ သူ့အလိုလို ဇာတ်လမ်းပုံစံတွေပြောင်းလာတယ်။မင်းဇာတ်လမ်းထဲကို ရောက်သွားတာကနေ အစ... နောက်ဆုံး ကလေးမွေးပြီးတဲ့အထိ ဇာတ်အိမ်ပါ ပြောင်းသွားတာ။ အဲ့ဒါကြောင့် ငါFic ကိုရော Acc ပါ ဖျက်လိုက်တယ်။ ကြိုတင် စီစဉ်မှုမဟုတ်ဘဲ ကံကြမ္မာအရလို့ပြောရမှာပေါ့ "
"ဒါဆို ငါ့ကလေးလေးက တကယ်ရှိခဲ့တာလား "
မင်းထက် မျက်ဝန်းတွေ အိုင်ထွန်းကာ သူ့ကိုကြည့်ရင်းမေးတော့ သက်ပြင်းချသံ ခပ်ဖွဖွနဲ့အတူ ခေါင်းရမ်းသည်။
"ငါလည်း သေချာမသိဘူး ...ရှိခဲ့ရင်တောင် အဲ့ဒီခေတ်မှာပဲကျန်ခဲ့မှာလေ ... "
ထိန်းမထားနိုင်စွာ မင်းထက် ပါးပြင်ပေါ် မျက်ရည်တို့ ဆက်တိုက်ကျဆင်းလာသည်။ခဏလေးတွေ့ခဲ့တဲ့ အချိုးအကွေ့မှာ သူ့ခံစားချက်တွေ ဒီလောက်ထိ နက်ရှိုင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး။
စားပွဲပေါ်မှာ တုန်ရီစွာ ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေကို ကဉ္စနလက်ချောင်းသွယ်သွယ်တွေ ပြန်အုပ်ကိုင်လာပြီး
"သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ အရှင်က မင်းကို တကယ်ချစ်ခဲ့တာပါ "
"မဟုတ်ဘူး ... အရှင်ချစ်တာ အိမ်ရှေ့စံဆိုတဲ့ မင်းကိုလေ မင်းမျက်နှာ၊ မင်းရဲ့ ခန္ဓာကိုယ်ကြောင့် အရှင်က ....."
သူဆက်မပြောနိုင်ဘဲ မျက်ရည်တို့ကိုသာ ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်သည်။
"ငါပြောတာ ယုံစမ်းပါ ... အရှင်က အိမ်ရှေ့စံကို စိတ်ဝင်စားတာမှန်တယ် ဒါပေမဲ့ သူ့အမုန်းတရားတွေကိုပဲ လက်ကိုင်ထားတာကြောင့် ကဉ္စန အချစ်တွေကိုလည်းမမြင်နိုင်ခဲ့ဘူး ... နောက်ဆုံး ငါ့ကို ခေါင်းဖြတ်သတ်လိုက်တာပဲကြည့်လေ .... မင်းကျ မတူဘူး ငါ့ခန္ဓာကိုယ်ထဲရောက်နေတယ်ဆိုပေမယ့် အမူအကျင့်တွေ ၊ပွင့်လင်းမှုတွေက မတူတော့ အရှင်က သူ့အချစ်ကို ဝန်ခံလာတာပဲမလား။ နောက်ဆုံး ဘာအမုန်းတရားမှ မရှိတော့ဘဲ တယုတယ ချစ်မြတ်နိုးလာတာပဲကြည့်လေ ... ဇာတ်သိမ်းတောင် ပြောင်းသွားတာပဲကို "
ကဉ္စနရဲ့ စကားဆုံးတော့ မင်းထက် ရှိုက်ကာ ငိုရင်း အရှင့်ကို တမ်းတမိသည်။သရဖီရဲ့အကူအညီနဲ့ သူ့ရဲ့ကလေးလေးက သေချာပေါက် အရှင့်ဆီရောက်မယ်လို့ သူယုံကြည်တယ်။
"ငါပြန်တော့မယ် ... မင်း fb မှာ ငါ့ကိုမေးတာတွေ့လိုက်လို့ လာပြောပြတာ "
ကဉ္စနက Mask အနက်ရောင်ကိုတပ်ကာ လျှာထိုးဦးထုပ်ဆောင်းရင်း ထရပ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ... အနည်းဆုံးတော့ မင်းကြောင့်ငါအရှင်နဲ့ တွေ့ခွင့်ရခဲ့လို့ ... ကျေးဇူးပါ"
"မလိုပါဘူး ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသားလူတွေပဲ "
ခန္ဓာကိုယ် တစ်ခုတည်းအတူပိုင်ဆိုင်ဖူးတဲ့သူတွေမို့ သူတို့ တစ်ယောက်အကြောင်းတစ်ယောက်အများကြီးပြောနေစရာမလို ။ နောက်မှ ထပ်တွေ့ကြရအောင်ဟု ဆိုကာ ကဉ္စန ဆိုင်အပြင်ထွက်သွားသည်။
မင်းထက်မှာတော့ မဖြည့်ဆည်းနိုင်သော စိတ်တို့နဲ့အတူ တစ်ယောက်တည်း ငိုနေမိမြဲ။ထိုအချိန် မျက်စိရှေ့ကို ရောက်လာသော လက်ကိုင်ပဝါလေးတစ်ခု။ဝေဝါးနေတဲ့ အမြင်အာရုံကြောင့် မျက်ရည်တွေသုတ်ကာ မော့ကြည့်လိုက်တော့ သူ့အား နင့်နဲစွာစိုက်ကြည့်နေသော ခန့်ညားတဲ့လူတစ်ယောက်။ မင်းထက် နောက်တစ်ကြိမ်အဖြစ် မှင်သေကာ ကြောင်အနေတုန်း မေ့မရနိုင်သော အသံဩဩက ထပ်မံထွက်ရှိလာသည်။
"မင်းငိုနေတာမြင်တော့ ကိုယ်စိတ်ထဲ တမျိုးဖြစ်နေလို့ ... စိတ်မရှိရင် ဒါလေးလက်ခံပေးနော် "
အနောက်တိုင်းဝတ်စုံနဲ့ ဆံပင်ကိုအနောက်သို့လှန်တင်ထားသော မျက်နှာမှာ အနီရောင်အစက်အပြောက်က နှဖူးအလယ်တည့်တည့်မှာ။အပြုံးမရှိ တည်တန့်စွာကြည့်နေသော အညိုရောင်မျက်လုံးတွေ။ ဆိုင်ထဲက လူတွေအပါအဝင် ဘယ်အရာကိုမှ ဂရုမစိုက်နိုင်စွာ အရှေ့မှ ရှိနေသော ထိုလူထံ မင်းထက် အတင်းတိုးဝင်ဖက်ထားလိုက်မိသည်။ ဆတ်ခနဲဖြစ်သွားတဲ့ ကျယ်ပြန့်​သော ရင်ခွင်ပိုင်ရှင်က တွန်းမထုတ်တဲ့အပြင် မင်းထက် နောက်ကျောကိုပါ ခက်ဖွဖွလေးပုတ်ပေးလာသည်။
ကျွန်တော့်ကို မမှတ်မိချင်နေပါ။ ဒါက အရာလုံးရဲ့ အစအဖြစ် ပထမဆုံးတွေ့ဆုံခြင်းလို့ သတ်မှတ်ပြီး အသစ်ကပြန်စမယ်။နောက်တစ်ကြိမ် ကျွန်တော့်နှလုံးသားကို ပုံအပ်ပြီး ဘယ်တော့မှ ထားမသွားတော့ပါဘူး ကတိပေးတယ် ... အရှင် ။
.......
ဆိုင်ရဲ့ အတွင်းဘက်ကို မှန်မှတဆင့် မြင်နေရသော လူနှစ်ယောက်အား ကြည့်ကာ ကဉ္စန ပြုံးလိုက်သည်။
အရှင့်ကို အရင်ဘဝက ချစ်ခဲ့တာမှန်သော်လည်း ဒီဘဝမှာတော့ မင်းထက် နဲ့အရှင် ချစ်နေတာကို မြင်ရတာ ပိုသဘောကျမိသည်။
ဘေးနားအရံသင့်ရပ်လာတဲ့ ကားပေါ် ဝင်ထိုင်လိုက်ပြီး ဖုန်းထဲက Wp Acc ကို ပြန်ဖွင့်ကာ Fic ကို အစအဆုံးပြန်အပ်လိုက်သည်။
"လုပ်ချင်တာ လုပ်နေရရင် ပြုံးနေတော့တာပဲနော် အရှင့်သား..."
ကားမောင်းသူနေရာမှ ခပ်ဩဩထွက်လာတဲ့ အသံပိုင်ရှင်။ ကဉ္စန ကို ထိုင်ခုံ ခါးပတ်ပတ်ပေးရင်း စိုက်ကြည့်လာတာကြောင့် မေးရိုးထင်းထင်းကို လှစ်ခနဲ နမ်းလိုက်ပြီး
"မြန်မြန်မောင်းတော့ စစ်သူကြီး ... ရုပ်ရှင်မမှီဘဲနေမယ် အဲ့ဒီ Yaoi ကားကို လွတ်လို့မဖြစ်ဘူး"
"ကိုယ်တော်လေး အမိန့်တိုင်းပါဗျာ"
ခပ်အုပ်အုပ်ဖြစ်နေတဲ့ နှဖူးပြင်လေးကို ပြန်နမ်းလိုက်ပြီး ခန္ဓာကိုယ်နဲ့ မလိုက်စွာ လိုချင်တာရသော ကလေးတစ်ယောက်လို ပြုံးကာ လမ်းမပေါ် သို့ စတင်မောင်းနှင်သွားလေတော့သည်။
......
နည်းပညာတ္တသိုလ်ရှေ့မှာ ထိုးရပ်လိုက်သော ပြိုင်ကားအနီရောင်လေး။ငွေရောင်ဆံပင်လေးတွေနဲ့ ငှက်ခါးရောင်မျက်လုံးလေးတွေရှိသော လှပတဲ့ ကောင်လေးတစ်ယောက်က ထိုကားပေါ်မှ ဆင်းဖို့ပြင်နေသည်။ကျောပိုးအိပ်ကို အရံသင့်ယူရင်း ကားမောင်းသူ ဘက်မှာ ရှိနေသော စမတ်ကျကျ အမျိုးသမီးရဲ့ ပါးပြင်းကို နမ်းလိုက်ပြီး
"ကျွန်တော် မုန့်ဖိုးကုန်သွားပြီ မမ "
"ကိုယ် မနေ့ညကတည်းက ခေးရဲ့ Acc ထဲ ထည့်ထားပေးပြီးပြီ "
"ဟိဟိ အဲ့ဒါကြောင့် မမကိုချစ်တာ "
မိတ်ကပ်ပါးပါးရှိနေသော သူမ မျက်နှာကို နမ်းတော့ အနီရောင် နှုတ်ခမ်းပါးတို့ ကော့ညွှတ်ကာ ပြုံးသွားသည်။နောက်ထက်ပါးပြင်တစ်ဖက်ကို ထိုးပေးရင်း
"ဒီဘက် ကျန်သေးတယ် ကလေး"
" မွ "
ငွေရောင်ဆံနွယ်လေးတွေကို အသာထိုးဖွရင်း နှုတ်ဆက်သွားသော ပြိုင်ကားအနီရောင်လေးကို ငေးကြည့်ပြီးမှ ကျောင်းထဲဝင်သွားတဲ့ကောင်လေး။ထိုကောင်လေးကို တုတုလို့ အချစ်စနိုးခေါ်တတ်တဲ့ Sugar MaMa က ဒေဝီ စိန်တိုက်ရဲ့ ပိုင်ရှင် နန်းမြတ်ဒေဝီ။
.........
ချယ်ရီပန်းတွေ ဝေဆာနေတဲ့ တောင်တက်လမ်းလေးတစ်ခု။အနက်ရောင်ရှပ်အင်္ကျီနဲ့ အရပ်ခပ်မြင့်မြင့် ကောင်မလေးတစ်ယောက်က အဖြူအစိမ်းဝတ်နဲ့ ဆရာမလေးတစ်ယောက်​ကို စောင်းငဲ့ကြည့်ရင်း အတူလက်တွဲကာ သွားနေသော မြင်ကွင်းလေး။ ကြိမ်ခြင်းတောင်းလေးကို ကူဆွဲရင်း ဆံနွယ်အခွေလေးတွေကို မသိမသာ နမ်းရှိုက်တဲ့အခါ ဆရာမလေးပါးပြင်ဟာ မြူနှင်းတွေကြား ရဲကာမို့မို့။
ထိုသို့ အရာအားလုံး ငြိမ်းချမ်းစွာ ရှိနေခဲ့သော်လည်း Wattpad Gp တစ်ခုမှတော့ အုတ်အော်သောင်းသဲရှိလှသည်။
- အား!!!* ပျောက်ဆုံးနေသော မြို့တော်*ကို Author က ပြန်upပေးနေပြီ ။
- ဟုတ်တယ် ငါအခုပဲ ဖတ်နေတာ ဇာတ်လမ်းပုံစံရော ပြောင်းနေတယ်
- Author ကသူ့ Fb Acc ရော ပြထားတယ် မြန်မြန်သွားအပ်ကြ
- fb Acc name က ဘာလဲ လင်းပါအုံး
-Author Acc name က
" ရာဇဝင်ထဲက Fudanshi တဲ့ Profile က ခရမ်းရောင်နှင်းပန်းပွင့် လေးနဲ့ "
..........The End .........
ရေးချင်ရာရေးပြီး ပေါက်တက်ကရ plot တွေတည်၊ ယုတ္တိမရှိတာသိသော်လည်း အဆုံးထိ ဖတ်လာပေးတဲ့ သူတွေ တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ Update ကြာရင်း၊ နေမကောင်းရင်း နောက်ဆုံးတော့ပြီးသွားပြီ။ပေါ့ပေါ့ပါးပါးလေးပါပဲပြောပြီး Ep၂၈/၂၉ မှာ စိတ်ပူစေခဲ့မိလို့တောင်းပန်ပါတယ်။ ဒီEnding လေးကို စိတ်ကျေနပ်မယ်လို့မျှော်လင့်ရင်း နောက်ထပ် fic တွေကိုလည်း ခံစားပေးပါအုံးလို့ ....
ဇက်
Sun/ Aug 29.2021
11:12AM
Continue Reading
You'll Also Like
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
23.7K 2K 24
285K 11.9K 56
သို့/မောင် မောင်ကသာပင်လယ်ပြင်ကြီးဆိုရင်.... ငါကအဲ့ပင်လယ်ထဲကငါးလေးပေါ့..... မောင်သတိမထားမိတဲ့တစ်နေရာမှာ.... ကပ်တွယ်နေဦးမှာ..... This is my own fic so...
228K 25.2K 87