(Zawgyi)
"ေမာင္ ႀကိဳက္ေလာက္မွာပါ "
မနက္ခင္းေစာေစာစီးစီး မီးဖိုေခ်ာင္ထဲ ျပင္ဆင္ထားတဲ့ ဟင္းအမယ္ေတြကို ၾကည့္ရင္း ေယာသက္ ေရရြတ္မိသည္။
ညကတည္းက ေပါင္းထားတဲ့ ၾကက္သားစြပ္ျပဳတ္ေလးရယ္၊ ခ်ဥ္စပ္လုပ္ထားတဲ့ ဘဲသားအေျခာက္ေလးရယ္ အရံအေနနဲ႔ တို႔စရာ ဟင္းသီးဟင္းရြက္နည္းနည္းရယ္ ဒါေတြဟာ သူသိထားတဲ့ ေမာင့္အႀကိဳက္ေတြပါပဲ။
ေစာေစာေပမယ့္ တစ္ျခားသူေတြလိုမ်ိဴး ေမာင္က ေကာ္ဖီသိပ္မႀကိဳက္။
ငယ့္လက္ရာကိုသာ စားခ်င္တာဆိုၿပီး ညကတည္းက ေျပာထားသည္မို႔ ေယာသက္ ျပင္ဆင္ေပးမိျခင္း ျဖစ္သည္။
ထမင္းဟင္းေတြ အားလုံးေနရာခ်ၿပီးေတာ့ နံရံမွာကပ္ထားတဲ့ နာရီအဝိုင္းႀကီးကို သူတစ္ခ်က္ၾကည့္လိုက္မိသည္။
၈နာရီ ထိုးဖိူ႔ ၅မိနစ္စြန္းစြန္းေလာက္သာ လိုေတာ့မည္။
သြားႏိႉးလိုက္ခ်င္ေပမယ့္ ညလုံးေပါက္ အလုပ္႐ူပ္ေနသည့္ ေမာင္တစ္ေယာက္ေျကာင့္ ေယာသက္ ေျခလွမ္းျပင္ၿပီးမွ ျပန္ထိုင္လိုက္ရေတာ့သည္။
နာရီဝက္ေလာက္ေတာ့ သူထပ္ေစာင့္လိုက္ပါဦးမည္ေလ...
" ငယ္ "
ဘယ္ဘက္ လက္ေကာက္ဝတ္တစ္ဖက္က ၾကယ္သီးေတြကို တပ္ရင္း အသံေပးလာသည့္ေမာင္က တည္ၾကည္ခန္႔ျငားစြာ။
ေျဖာင့္တန္းလွသည့္ မ်က္ခုံးထူထူႏွင့္ ေယာက်္ားဆန္လွသည့္ ေမ႐ိုးထင္းထင္းတို႔ေၾကာင့္ မီးခိုးေရာင္suitအျပည့္ေပၚမွာ ေမာင္က ပ်ိဳမဒီတိုင္း ပစ္ေႂကြခ်င္စရာအျပည့္။
ေလာေလာဆယ္ေတာ့ ႐ိုးဟန္ ဆိုသည့္ဒီလူသားဟာ သူတစ္ေယာက္တည္းသာ ပိုင္သည္။
ေယာသက္ ျပဳံးသည္...
ကုန္လြန္ခဲ့တဲ့ အိမ္ေထာင္သက္ ၃ႏွစ္အတြင္း ေမာင္ကသူ႔အေပၚမွာ တစ္ရက္ကေလးမွ အခ်စ္မေလ်ာ့ခဲ့ေပ။
တစ္စြန္းတစ္စ ၾကားေနရတဲ့ သတင္းေတြကိုေတာ့ ေယာသက္ မသိသလို ဟန္ေဆာင္ထားမိသည္။
ေမာင္က သူ႔ယုံၾကည္ခ်က္ကို ဖ်က္ဆီးမဲ့သူမွ မဟုတ္တာ။
" ေမာနင္း "
အေတြးမဆုံးခင္ နဖူးေပၚက်ေရာက္လာသည့္ ခပ္ေႏြးေႏြးအထိအေတြ႔တစ္ခုက ေမာင့္အနမ္းတစ္စုံ။
လိုတိုင္းရေနတဲ့ ဘဝမွာ ေမာင့္အနမ္းေတြကို တစ္သက္လုံးၾကာၾကာ သိမ္းထားခ်င္ေနမိတာ ေယာသက္ ေလာဘႀကီးသလိုမ်ား ျဖစ္သြားမလား။
ျပန္ေတြးၾကည့္ေတာ့ ဆႏၵေသးေသးေလးတစ္ခုကလႊဲရင္ ေယာသက္ဟာ အခ်ိန္တိုင္း ေလာဘႀကီးေနမိသူ တစ္ေယာက္ပါပဲ။
" မနက္စာ မစားေတာ့ဘူးလား ေမာင္ "
အျပင္ထြက္ေတာ့မယ့္ ေမာင္ကို တားဖို႔အတြက္ သူ ထထိုင္လိူက္မိသည္။
ဒီတစ္ႀကိမ္သာ မစားခိုင္းရင္ ေန႔လည္ေရာက္တဲ့အထိ ေမာင္က ဘာမွစားေတာ့မွာ မဟုတ္ေပ။
" ၉နာရီက်ရင္ အေရးႀကီးတဲ့meeting တစ္ခု ရိွေသးတယ္..
ကိုယ္ေနာက္က်လို႔ မျဖစ္ဘူး ငယ္ "
" မနက္စာ စားတာက ဘယ္ေလာက္ေတာင္ ၾကာမွာမို႔လဲ...
မရဘူး..ဒီမွာလာထိုင္ "
လက္ပတ္နာရီသာ တစ္ခ်ိန္လုံး ၾကည့္ေနသည့္ေမာင္က ခုံမွာဝင္ထိုင္ခိုင္းတဲ့အထိ အၾကည့္မပ်က္ႏိုင္ေသး။
့ၾကာလာေတာ့ ေယာသက္ စိတ္မ႐ွည္ ျဖစ္လာရသည္။
" ဒီေန႔ စားဦးမွာလား ေမာင္ "
" အင္းပါ..ကိုယ္စားပါမယ္ "
တစ္ခုခုဆို ဘာမွ ဟုတ္တိပတ္တိမစားသည့္ ေမာင့္ပန္းကန္ထဲကို ေယာသက္ တစ္ခုၿပီးတစ္ခု ထည့္ေပးေနေပမယ့္ ၃ဇြန္းေလာက္သာ ေမာင္က စားသည္။
ထမင္းစားၿပီးတာနဲ႔ အေပၚကုတ္လက္႐ွည္အက်ၤီႏွင့္ ကားေသာ့ကို ေမာင္က ဆြဲယူေတာ့သည္။
အလုပ္ကိစၥကလဲႊ ဘာကိုမွသတိမရေတာ့သည့္ ေမာင္ေၾကာင့္ ေယာသက္ မ်က္ခုံးေတြတြန္႔ခ်ိဴးလာရေတာ့သည္။
မိန္းကေလးမဟုတ္ေပမယ့္ သူစိတ္ဆိုးလိုက္ခ်င္သည္။
ဒီေန႔လို အေရးႀကီးသည့္ေနကိုမွ ေမာင္က ေမ့ေနသည္တဲ့လား။
"ေမာင္ "
" ဘာလဲ ငယ္..ကိုယ္ေနာက္က်ေတာ့မယ္ "
အျမန္လိုေနပုံရသည့္ ေမာင္က ဖိနပ္တစ္စုံကို ဆြဲဝတ္ရင္း စိတ္မ႐ွည္သလို ျပန္ေျဖလာသည္။
မိဘႏွစ္ပါးလုံး မရိွေတာ့တာမို႔ ႀကီးေမစန္းႏွင့္ ႏွစ္ေယာက္တည္းေနခဲ့ရေတာ့ အခုလိုမ်ိဴးေျပာရင္ ေယာသက္ အားငယ္မိတာေတာ့အမွန္။
တစ္ဘဝလုံး ပုံေပးၿပီး ေမာင္တစ္ေယာက္သာ ေယာသက္ယုံုၾကည္ခဲ့ရတာ မဟုတ္လား။
" ဒီေန႔က ငါတို႔ရဲ႕ အိမ္ေထာင္သက္ (၃)ႏွစ္ျပည့္တဲ့ေန႔ေလ..မင္းမမွတ္မိေတာ့ဘူးလား "
" ေဆာရီး..ကိုယ္ "
ရပ္တန္႔သြားသည့္ ေမာင့္စကားတစ္ဝက္မွာတင္ သူ႔ပါးေပၚမွာ ပူေႏြးေႏြးအရည္ၾကည္တစ္ခ်ိဴ႕ ရစ္သိုင္းလို႔ေနခဲ့ၿပီ။
အလယ္လတ္တန္းစား ေငြေၾကးအဆင္ေျပတဲ့ အသိုင္းအဝိုင္းေပမယ့္ ေဆြမ်ိဳးေတြရဲ႕ကဲ႕ရဲ႕မူွေတြကို ေယာသက္ ေန႔တိုင္းနီးပါး နားေထာင္ခဲ့ရသည္။
'ဆုံးမဲ့သူ မရိွလို႔ ျဖစ္ခ်င္တိုင္းျဖစ္ေနတာ ´ထိုစကားေတြနဲ႔ မာနႀကီးလွသည့္ သူတစ္ခ်ိဴ႕က သူေအာင္ျမင္ႏိုင္မည့္ဘယ္အခြင့္အေရးကိုမဆို ပိတ္ပင္ခဲ့သည္။
ဝတ္ေက်တန္းေက် တကၠသိုလ္ေက်ာင္းၿပီးလို႔ ဘဲြ႔ရၿပီးတဲ့အထိ ေယာသက္ဟာ အိမ္ထဲမွာ တစ္ေယာက္တည္း ပိတ္မိေနတုန္း။
ဒါေၾကာင့္မို႔ ဝမ္းနည္းလြယ္သည့္စိတ္တစ္ဖက္ျခမ္းက သူ႔ရဲ႕အားနည္းခ်က္ တစ္ခုလိုပင္။
ေမာင့္ကိုစိတ္မဆိုးခ်င္ေပမယ့္ အတိုင္းအတာတစ္ခုထိေတာ့ ေယာသက္ ဝမ္းနည္းမိသည္။
" ဒီရက္ပိုင္း အလုပ္နည္းနည္း႐ူပ္ေနတာနဲ႔ ကိုယ္ေမ့သြားတာ..တကယ္ေဆာရီးပါ "
" .... "
" ဘာပဲျဖစ္ျဖစ္ ဒီတစ္ရက္လုံးက်န္ေသးတာပဲ မေမွာင္ခင္ျပန္လာခဲ့မယ္..ကိုယ့္ကိုေစာင့္ေနမယ္မဟုတ္လား "
ပါးေပၚေရာက္လာသည့္ လက္တစ္ဖက္ေၾကာင့္ သူ႔မွာဆက္ၿပီး စိတ္ဆိုးဖို႔ အင္အားမရိွေတာ့ၿပီ။
အင္း ဆိုၿပီးေခါင္းမညိတ္မိသလို ဟင့္အင္းဆိုၿပီးလည္း ေခါင္းမခါမိေတာ့ နဖူးေပၚဝဲက်ေနတဲ့ ဆံပင္ေတြကို ႐ူပ္ပြကုန္တဲ့အထိ လက္ဖဝါးအႀကီးႀကီးေတြနဲ႔ ထိုးဖြလာသည္။
" ငါမႀကိဳက္တာ သိရဲ႕သားနဲ႔ "
" စိတ္မဆ္ိုးနဲ႔ေတာ့.. ကိုယ္႐ဲ႕ငယ္ေလးက လိမၼာပါတယ္ကြာ "
ကားထဲေရာက္တဲ့အထိ လက္လွမ္းျပေနသည့္ေမာင္ကို သူမၾကည့္ခ်င္ပါ။
ႏူတ္ခမ္းတစ္ဖက္တြန္႔႐ုံ ျပဳံးသည့္ အဲသည္ အျပဳံးေတြေအာက္မွာ ေယာသက္က်႐ူံးေနမိတာ အႀကိမ္ၾကမ္အခါအခါ။
ဒီတစ္ခါ ကတိဖ်က္ရင္ေတာ့ သူတကယ္စိတ္ဆိုးလိုက္ေတာ့မွာ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀
မ်က္စိတစ္ဆုံးျမင္ေနရတဲ့ အျဖဴေရာင္ကားေလး ေပ်ာက္သြားေတာ့မွ အိမ္ထဲသူျပန္ဝင္လာခဲ့သည္။
ေမာင့္ရဲ႕ေမေမႏွင့္ ေဖေဖက ေယာသက္မပင္ပန္းရေအာင္ အိမ္အကူထားေပးဖို႔ ေျပာခဲ့ၾကေပမယ့္ သူလက္မခံခဲ့ပါ။
အိမ္သန္႔႐ွင္းေရးႏွင့္ ထမင္းဟင္းခ်က္တာက စလို႔ က်န္တဲ့ေဝယ်ာဝစၥေတြအားလုံးကို ႀကီးေမရဲ႕သင္ျပေပးမူွေၾကာင့္ ေယာက်္ားေလးေပမယ့္ ေယာသက္ လုပ္ႏိုင္ပါသည္။
ေယာသက္ က ေမာင့္ကိုခ်စ္သည္...
ေမာင္ကလည္း ေယာသက္ တစ္ေယာက္တည္းသာ ျမတ္ႏိုးသည္။
ဒီစ္ိတ္တစ္ခုတည္းနဲ႔ အခက္အခဲမ်ိဴးစုံကို သူတို႔ႏွစ္ေယာက္ ျဖတ္ေက်ာ္ခဲ့ၾကတာ အခုဆို ၃ႏွစ္ပင္ ျပည့္ခဲ့ၿပီ။
ျခံထဲစိုက္ထားသည့္ ပန္းခင္းေလးေတြကို ေရေလာင္းၿပီးတဲ့အခါ အခိ်န္က ၁၀နာရီထိုးလုနီးပါး။
ေန႔လည္စာေတာ့ မစားျဖစ္ေလာက္ေတာ့ဘူး။
လုပ္စရာရိွတာ လုပ္ၿပီးေတာ့ ေရမိုးခ်ိဴးအဝတ္အစားလဲၿပီး သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပင္ဆင္လိုက္သည္။
တစ္ဆက္တည္း လိုအပ္မယ္ထင္သည့္ ဖုန္းcallတစ္ခုကိုပါ သူဆက္သြယ္လိုက္ေတာ့သည္။
စတိုခန္းထဲက ဝိုင္ပုလင္းနဲ႔ ေလေကာင္းေလသန္႔ရသည့္ ျပတင္းေပါက္ ေဘးနားမွာ လွပစြာျပင္ဆင္ထားသည့္ စားပဲြဝိုင္းေလးက သူတို႔ရဲ႕ 3 years anniversary အတြက္သာ။
" မင္း ကတိတည္ဖို႔ ေမ်ာ္လင့္တယ္ ေမာင္ "
ျပာလဲ့ေနတဲ့ ေကာင္းကင္ႀကီးကို ၾကည့္ရင္း ေယာသက္ေရရြတ္မိသည္။
ၾကယ္ေတြစုံတဲ့ ဒီတစ္ညကိုလည္း သူ႔တစ္ေယာက္တည္း မျဖတ္သန္းရဖို႔ ေမ်ာ္လင့္မိပါရဲ႕။
❀ ❀ ❀ ❀ ❀ ❀ ❀
" အကိုေလး ေန႔လည္စာ စားေတာ့မလားဗ်"
စာရြက္စာတမ္းေတြၾကားထဲ ေခါင္းစိုက္ေနရင္းမွ အတြင္းေရးမႉးဟန္ ရဲ႕သတိေပးသံက ၾကားျဖတ္ဝင္လာသည္။
အလုပ္လုပ္ေနတုန္း ဝင္ေႏွာင့္ယွက္တာ သူမႀကိဳက္ဘူးဆိုတာ ဟန္ သိေပမယ့္ ၁နာရီေက်ာ္လြန္လာတဲ့အခ်ိန္က ေျပာလဲေျပာခ်င္စရာပါပဲ။
ဒီရက္ပိုင္း အသစ္ထုတ္မဲ့productအတြက္ တစ္ဖက္ကုမၸဏီနဲ႔ အေသအခ်ာညိွႏိူွင္းေနရတာမို႔ ႐ိုးဟန္ အေတာ္ေလးအလုပ္႐ူပ္ေနရသည္။
ဒီအတြက္ေၾကာင့္ပဲ ငယ္နဲ႔သူ႔ရဲ႕ anniversary ေတာင္ ႐ိုးဟန္ ေမ့ေနခဲ့တာ မဟုတ္လား။
" ဟန္ စားခ်င္စားေတာ့ေလ..ကြၽန္ေတာ္က ညေနအစည္းအေဝးအတြက္ ျပင္ဆင္ရဦးမွာ "
" ကိုသက္ သိသြားရင္ မေကာင္းဘူးေနာ္..အကိုေလး "
လက္ထဲေရာက္ေနတဲ့ ေဘာပင္ကို ပစ္ခ်၍သာ ႐ိုးဟန္ သက္ျပင္းခ်မိေတာ့သည္။
ငယ့္နာမည္ကို သုံးၿပီးထမင္းစားဖို႔ အၾကပ္ကိုင္ေနတာ ဟန္ရဲ႕အလုပ္တစ္ခုလိုေတာင္ ျဖစ္ေနၿပီ။
ျပသာနာေသးေသးေလး ျဖစ္တာမ်ိဴးေတာင္ မဟုတ္ဘဲ ႐ုံးေရာက္လာတဲ့အခ်ိန္ မ်က္ႏွာပ်က္္ေနၿပီဆို ဒီသတင္းက ေမေမ့နားထဲ တန္းေရာက္ေတာ့တာပဲ။
တစ္ျခားအလုပ္ေတြ ဝင္လုပ္လို႔ရေပမယ့္ ေငြေၾကးအဆင္မေျပျဖစ္ေနသည့္အခ်ိန္ ေမေမတို႔က တတ္ႏိုင္သေလာက္ ကူညီေပးခဲ့ၾကေတာ့ အခုလိုမ်ိဴးအတြင္းေရးမႉးတစ္ေယာက္အျဖစ္ ျပန္ၿပီး အကူအညီေပးလာျခင္း။
တစ္ပါးသူရဲ႕ေက်းဇူးေႂကြးရိွေနလ်ွင္ မေနတတ္သည့္ဟန္က မိသားစုထဲမွာ အႀကီးဆုံးျဖစ္သလို ႐ိုး႐ိုးသန္႔သန္႔လူငယ္ေလး တစ္ေယာက္လည္း ျဖစ္သည္။
အလုပ္႐ွင္ႏွင့္ အလုပ္သမားဆိုတာထက္ မိသားစုေတြလိုျဖစ္ေနတာမို႔ အလုပ္ကိစၥေတြမွာ ဟန္ကိုလဲႊထားႏိုင္သည္အထိ စိတ္ခ်ရပါသည္။
" ဟန္ ဝယ္ေပးထားတဲ့မုန္႔ေတြေတာင္ မကုန္ေသးဘူး..ဒါပဲ ကြၽန္ေတာ္စားလိုက္ေတာ့မယ္ "
" .... "
" ငယ္ႏွင့္ ေမေမ့ကိုေတာ့ ျပန္မေျပာနဲ႔ "
" အကိုေလးကလဲ .."
တင္းေတာင္
မနက္က ဝယ္ေပးထားတဲ့ ကိတ္ေတြကို ႐ိုးဟန္ေမးဆတ္ျပေတာ့ ဟန္ရဲ႕ဖုန္းက အခ်ိန္ကိုက္ထျမည္လာသည္။
ၾကည့္ရတာ တစ္ေယာက္ေယာက္က မက္ေဆ့ပို႔လာတာ ျဖစ္မည္။
ဟန္ ဘက္ကို ဂ႐ူမစိုက္ႏိုင္...႐ိုးဟန္ အလုပ္ထဲကိုသာ ျပန္ၿပီးအာ႐ုံစိုက္လိုက္ေတာ့သည္။
" ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ အကိုေလး "
" အင္း "
ဖုန္းကိုၾကည့္ၿပီး စိတ္႐ူပ္ေနသည့္ ဟန္ က ဘာေတြကိုအလိုမက်ျဖစ္ေနမွန္း မသိပါ။
သူ႔ကို လိုက္ေႏွာင့္ယွက္ေနသည့္ လူႀကီးတစ္ေယာက္ ရိွသည္ဆိုလား ..မၾကားတစ္ခ်က္ ၾကားတစ္ခ်က္မို႔ ေရေရရာရာေတာ့ မသိလိုက္။
စားဖို႔ၾကံထားသည့္ ကိတ္ေတြလည္း အမိူက္ပုံးထဲသာ ေရာက္သြားသည္...ညေန၃နာရီအခ်ိန္ကို ေရာက္လို႔ေရာက္မွန္းမသိဘဲ ႐ိုးဟန္ အခ်ိန္ကုန္ေနမိေတာ့သည္။
" ကို "
ခဏေလးဆိုၿပီး ဆုံလည္ကုလားထိုင္ေပၚ ၿငိမ္ေနမိတာ ရင္ဘတ္ေပၚ ျဖတ္ေျပးလာတဲ့လက္တစ္ဖက္ေၾကာင့္ ႐ိုးဟန္ စုတ္သပ္မိသည္။
ဒီမိန္းမကို ဝင္မလာခိုင္းဖိူ႔အတြက္ အတြင္းေရးမႉးဟန္ကို မွာထားရက္သားနဲ႔။
" မင္း ဒီကိုေရာက္လာစရာ အေၾကာင္းမရိွဘူးထင္တယ္ "
" oh ..တို႔ကလည္း အေၾကာင္းမရိွဘဲနဲ႔ မလာခ်င္ပါဘူး..ဒါေပမဲ့ "
ေျပာရင္းနဲ႔ လည္ပင္းေပၚဖက္တြယ္လာသည့္ လက္သြယ္သြယ္ေတြက တုံျပန္ခ်င္စရာေကာင္းေပမယ့္ အခုခ်ိန္မွာ ႐ိုးဟန္ စိတ္မပါေပ။
ထိုမိန္းမရဲ႕ အထိအေတြ႔ေတြက္ုိ ႐ိုးဟန္ ေ႐ွာင္ဖယ္လိုက္ေတာ့သည္။
" ခဏေန မင္းလိုခ်င္တာရေစရမယ္..အခုေလာေလာဆယ္ ဒီကေန ထြက္သြားလိုက္ေတာ့ "
" .... "
" ေနာက္တစ္ႀကိမ္ ထပ္ေတြ႔ရင္ မင္းဘာျဖစ္မယ္ဆိုတာ ႀကိဳေတြးထားဖို႔ ေကာင္းလိမ့္မယ္ "
" ဟက္ ..ရတယ္ေလ "
ေငြနဲ႔သာ ႏူတ္ပိတ္မႏိုင္ရင္ ဒီလိုလူေတြကို ႐ိုးဟန္ တားႏိုင္မွာ မဟုတ္။
သက္ဦးေစ ဆိုသည့္ သူငယ္ခ်င္းေကာင္းႀကီး ေက်းဇူးေၾကာင့္ အခုေတာ့ သူ႔မွာမ႐ူပ္မ႐ွင္းေတြ ေျဖ႐ွင္းေနရၿပီ။
စိတ္ေျပလက္ေပ်ာက္ တစ္ရက္တစ္ေလ တဲြမိ႐ုံျဖင့္ ေရာင့္တက္လာသည့္ ထိုမိန္းမေတြက စိတ္ပ်က္စရာေကာင္းသည္။
ငယ္သာ သိရင္ ျပသာနာပိုႀကီးလာႏိူင္တာမို႔ ေတြးေလ ေတြးေလ ႐ိုးဟန္ စိတ္မသက္မသာ ျဖစ္ရေလပဲ။
လာေစဦး အဲဒီေကာင္..ဒီတစ္ခါေတြ႔ရင္ ေန႔ညမျပတ္ဖြင့္ထားတဲ့ clubကိုပါ သြားပိတ္ပစ္ရမည္။
❀ ❀ ❀ ❀ ❀ ❀
အခ်ိန္အားျဖင့္..၄နာရီ
အလုပ္မက္တဲ့ ႐ိုးဟန္က တစ္ခုေသာ ကိစၥကိုေမ့ေနခဲ့ၿပီး အလုပ္ကိစၥေတြကိုသာ ဦးစားေပးေနခဲ့သည္။
" ဟန္ "
" ဟုတ္ အကိုေလး "
" ကိုယ့္အျပစ္ကို ကိုယ္သိပါတယ္ေနာ္ "
ဆိုကာမွ အတြင္းေရးမႉးဟန္က ေခါင္းကုတ္ေျခကုတ္ ျဖစ္လာေတာ့သည္။
တကယ္တမ္းေတာ့ တရားခံက သူကိုယ္တိုင္သာ ျဖစ္သည္။
ဟန္ထြက္သြားတဲ့အခ်ိန္ကို ကြက္တိေစာင့္ၿပီးမွ ထိုမိန္းမက ဝင္လာခဲ့တာမို႔ မတားလိုက္ႏိုင္ျခင္းသာ။
ေနာက္ဆုံးအႀကိမ္ျဖစ္သည့္ သည္တစ္ႀကိမ္ကလဲႊၿပီး လုံးဝ ၊ လုံးဝ မိန္းမေတြနဲ႔ သူမပတ္သက္ခ်င္ေတာ့ပါ။
" အဲဒီမိန္းမကို ကြၽန္ေတာ္ထပ္မေတြ႔ခ်င္ေတာ့ဘူး "
" .... "
" ေနာက္တစ္ႀကိမ္ထပ္ေရာက္လာခဲ့ရင္ ဟန္ဘယ္လိုလုပ္ရမယ္ဆိုတာ သိတယ္မလား "
" ဟုတ္ ကြၽန္ေတာ္သိပါတယ္ အကိုေလး "
ငယ့္ ကြယ္ရာမွာ ေဖာက္ျပန္ခ်င္တဲ့စိတ္ သူ႔စိတ္ထဲ တစိုးတစိ မ် ရိွမေနခဲ့ပါ။
ဒီတိုင္း..သူငယ္ခ်င္းေတြနဲ႔ ဆုံမိၿပီး နည္းနည္းပါးပါး ေသာက္စားရာကေန မိန္းကေလးေတြကိုပါ သက္ဦးေစက ေခၚလိုက္လို႔ ျဖစ္ခဲ့ရတာခ်ည္း။
႐ုပ္႐ည္ႏွင့္ အရည္အခ်င္း.. အိမ္ေထာင္ရိွၾကမွန္း သိေပမယ့္ အခုထိ လိုက္ကပ္ခ်င္ေနသည့္ မိန္းမေတြက အမ်ားအျပား။
႐ိုးဟန္ စိတ္ပ်က္ရပါသည္။
" ေနာက္က်ေနၿပီ ဟန္ ျပန္လိုက္ေတာ့..ကြၽန္ေတာ္လည္း သြားေတာ့မယ္ "
ခပ္လွမ္းလွမ္းေရာက္လာသည့္အခါ တစ္ခုခုကိုသတိေပးသည့္သေဘာျဖင့္ ဟန္က လွမ္းေအာ္ရင္း သတိေပးလာသည္။
သို႔ေပမဲ့ ေမာင္းလက္စ ကားစက္ႏိူးသံေၾကာင့္ ႐ိုးဟန္ဘာတစ္ခုမွ မၾကားလိုက္ပါ။
အလုက္ကိစၥဆိုလည္း ေနာက္ေန႔မွပဲ ျပန္ေမးလိုက္ေတာ့မည္။
ေတာ္ေတာ္ေလး ေဝးေနၿပီဆိုေတာ့ ျပန္လွည့္ဖို႔က မျဖစ္ႏိုင္ေလာက္ေတာ့ဘူး။
အခုေတာင္ ခ်ိန္းဆိုထားသည့္အခ်ိန္က အေတာ္ေလးေနာက္က်ေနၿပီေလ...
❀ ❀ ❀ ❀ ❀
ည၉နာရီ အတိ ေရာက္လာတဲ့အခ်ိန္မွာ ေကာင္းကင္တစ္ခုလုံး ၾကယ္ေတြ ေတာ္ေတာ္ေလး စုံေနခဲ့ပါၿပီ။
လျပည့္ေနမို႔ ထင္ပါသည္...တစ္စြန္းတစ ဝင္ေရာက္လာတဲ့လေရာင္ေအးေအးက ၾကည္ႏူးစရာဆိုေသာ္ျငား ေယာသက္မွာေတာ့ တစ္ေယာက္တည္းစိတ္ကူးရင္ ရင္းနဲ႔သာ အ႐ူးလိုျဖစ္လို႔။
လူေတြ ေျပာသလိုမ်ိဴး လေရာင္ကမေအးခ်မ္းပါဘူး...
" ငါထပ္ေစာင့္ဖို႔ လိုေသးလား ေမာင္ "
၁၀နာရီ ေရာက္လာတဲ႔အခ်ိန္ ထိန္းထားသည့္ၾကားမွ မ်က္ရည္တို႔ ထပ္ေႂကြခဲ့ရျပန္သည္။
ငိုထားမိသည့္အႀကိမ္ေရ မ်ားလြန္းလို႔ သူ႔မ်က္လုံးေတြလည္း က်ိန္းစပ္ေနေလာက္ၿပီ။
အညာအတာမရိွ တစ္ိမ့္စိမ့္တိုက္ခတ္လာသည့္ ေလျပည္တစ္ခ်ိဴ႕ေၾကာင့္ ေယာသက္ေအးလာတာကို ခံစားမိသည္။
ဘယ္ေလာက္ပဲေအးေအး၊ ဘယ္ေလာက္ပဲ ေႏြးေႏြး ေယာသက္ ရင္ထဲ နည္းနည္းေလးမွ အပူမၿငိမ္းႏိုင္ပါ။
ညစာေတြလည္း ေအးစက္ကုန္ၿပီ..သတိေပးလာတဲ့ႏိူးစက္သံကလည္း ၁၁နာရီကို ေရာက္လို႔လာခဲ့ၿပီ...အိပ္လိုက္တာကပဲ ပိုၿပီး အဆင္ေျပေလာက္မလား။
" မင္းကတိမတည္ျပန္ဘူး ေမာင္ "
တစ္ႀကိမ္ကေန ႏွစ္ႀကိမ္ထိျဖစ္လာေတာ့ ေယာသက္ ေနသားက်လာသလိုေတာင္ ထင္မိသည္။
တမင္တကာ ထြန္းထားသည့္ ဖေယာင္းတိုင္လွလွေလးေတြကို တစ္ခ်က္တည္းနဲ႔ၿငိမ္းသြားေအာင္ သူခပ္ၾကမ္းၾကမ္း မူတ္ပစ္သည္။
ၿပီးေနာက္ အစားအစာေတြအကုန္လုံးကို အမိူွက္ပုံးထဲ သြန္ပစ္သည္။
သိမ္းစရာရိွတာ သိမ္းၿပီးေတာ့ အခန္းမီးကိုဖြင့္ထားခဲ့ၿပီး အေပၚထပ္ကိုတက္ဖို႔ ေယာသက္ျပင္မိသည္။
" က်ိြီ "
ကားဟြန္းတီးသံ တစ္ခ်က္ႏွင့္အတူ အိမ္တံခါးဖြင့္သံကိုပါ သူၾကားမိသည္။
ေမာင္ ေရာက္လာၿပီမွန္းသိေပမယ့္ စိတ္လူပ္႐ွားဖို႔ေနေနသာသာ လွည့္ေတာင္မၾကည့္ခ်င္ေတာ့။
ေမာင္က ဆိုးပါသည္...
ငယ့္ကို အေလးထားရမွန္း မသိေတာ့တဲ့ေမာင္က စိတ္ပ်က္ဖို႔ ေကာင္းေလာက္ေအာင္ ဆိုးလြန္းပါသည္။
အသက္ကို ဝဝ႐ူရင္း ေလွကားတစ္ဆင့္ခ်င္း နင္းကာ သူဆက္တက္လာခဲ့သည္။
ဒီေန႔ေတာ့ ေမာင္နဲ႔သူ အခန္းခဲြအိပ္ေတာ့မည္။
ေစာင့္ႏွင့္ ေခါင္းအုံးကို အေသအခ်ာေကာက္သိမ္းၿပီး ျပန္ထြက္လာေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး ရပ္ၾကည့္ေနသည့္ ေမာင္ႏွင့္ဆုံသည္။
တစ္ခ်က္သာၾကည့္၍ ေမာင့္ကိုေက်ာ္ကာ ေအာက္ထပ္ဆင္းဖို႔ ျပင္လိုက္စဥ္
" ငယ္ "
လက္ဖဝါးခပ္ႀကီးႀကီး ေအာက္မွာ နစ္ျမဳပ္သြားသည့္ သူ႔လက္တစ္ဖက္က အညာအတာကင္းမဲ့လ်က္။
" ေနာက္က်သြားတဲ့အတြက္ ကိုယ္..ေတာင္းပန္ပါတယ္ "
မဲ့ျပဳံးနဲ႔တူႏိုင္သည့္ အျပဳံးတစ္ခုျဖစ္ေအာင္ သူျပဳံးသည္။
ဘယ္အေျခအေနမ်ိဴးမွာပဲျဖစ္ျဖစ္ တစ္ဖက္လူထိခိုက္ေစႏိုင္မဲ့ အျပဳအမူမ်ိဴး မလုပ္မိဖို႔ ႀကီးေမစန္းက အျမဲဆုံးမတတ္သည္။
တစ္ခါေလာက္ေတာ့ ေယာသက္ ခ်ိဴးေဖာက္ၾကည့္ခ်င္သည္။
" မလိုဘူး..ဒီအခိ်န္ကစၿပီး မင္းလုပ္ခ်င္တာလုပ္ႏိုင္တယ္
ငါ့ကိုဂ႐ူစိုက္ေနစရာ မလိုေတာ့ဘူး "
ထိုလက္ေတြထဲကေန ႐ုန္းဖယ္လို႔ ေ႐ွာင္ထြက္လာေတာ့သည္။
တစ္ခါတစ္ေလ ေမာင့္မ်က္ဝန္းေတြကို ေယာသက္ အႏိုင္ယူပစ္ခ်င္ပါ၏။
ေသခ်ာတာ တစ္ခုကေတာ့ ေျဖ႐ွင္းခ်က္ေပးဖို႔အတြက္ ေမာင္က တြန္႔ဆုတ္ေနခဲ့တာပါပဲ။
❀ ❀ ❀ ❀ ❀
ပူးကပ္လာသည့္ ကိုယ္ေငြ႔ေႏြးေႏြး၊ အတင္းအၾကပ္ေပြ႔ဖက္ခံထားရသည့္ခါးေပၚက အထိအေတြ႔ေတြက အိပ္မက္လား ၊ တကယ္လား ဆိုတာ သူမခြဲျခားႏိုင္ေသး။
ညကတည္းက အိပ္ေနခဲ့သည့္ ႏွစ္ေယာက္စာ ဆိုဖာက အခုမွေနရၾကပ္လာသလို သူခံစားေနရသည္။
မိုးေတာင္မလင္းေသး..အနည္းဆုံးေတာ့ ၃နာရီေလာက္ ရိွဦးမည္။
ေနာက္တစ္ႀကိမ္ထပ္ၿပီး အုပ္မိုးလာသည့္ လက္တစ္စုံႏွင့္ လည္ပင္းတစ္ေလ်ွာက္ လာ႐ိုက္ခတ္သည့္ အသက္႐ူသံတစ္ခိ်ဴ႕။
" ေမာင္..မင္းဒီမွာဘာလာလုပ္တာလဲ "
ေယာသက္က အေမွာင္ကိုသေဘာမက်ေပ..ဒါေၾကာင့္မိူ႔ အလင္းေရာင္ သဲ့သဲ့ဝင္ေနသည့္ ျပတင္းေပါက္တစ္ျခမ္းကို သူဖြင့္ထားခဲ့သည္။
အခုမွ ေခါင္းေထာင္လာသည့္ေမာင္က အေမွာင္ထဲမွာေတာင္ တည္ၾကည္ခန္႔ျငားေနဆဲ။
ေယာသက္ ဆက္ေမးဖို႔စကားလုံးေတြ ေခါင္းထဲမွာမရိွေတာ့..ဒီလူသားကို သူစိတ္ဆိုးေနပါေသးသည္။
" ကိုယ္ ခ်မ္းေနလို႔ပါ "
ေစာင္မရိွ ၊ ေခါင္းအုံးမရိွ တိုးတိုးၾကပ္ၾကပ္လာအိပ္ေနမွေတာ့ မခ်မ္းပဲေနပါ့မလား။
ဒါျဖင္႔..ေႏြးေႏြးေထြးေထြး ျဖစ္တဲ့အခန္းထဲမွာေတာ့ မအိပ္ဘဲ ေလစိမ္းတိုက္ေနသည့္ ဒီေနရာမွာ ဘာလို႔လာအိပ္ေနေသးလဲ။
" ညေနက ကိစၥအတြက္ ထပ္ၿပီးေတာင္းပန္ပါတယ္ "
" ..... "
" ေဆြးေႏြးပဲြၿပီးေတာ့ မစၥတာေဂ်ဆင္ကparty ပဲြကို အတင္းေခၚသြားတာ.ကိုယ္ျငင္းလိုက္လို႔လဲ မရဘူးေလ ..ဒါေၾကာင့္ေနာက္က်သြားတာပါ "
" .... "
" ေနာက္တစ္ခါထပ္မရိွေစရေတာ့ဘူး..ကိုယ္ကတိေပးတယ္ "
ေမာင္ေျပာသမ်ွ ေခါင္းညိတ္ေနမိသည့္ ကိုယ့္ကိုယ္ကို ေယာသက္ စိတ္ပ်က္မိပါသည္။
အဲဒီေနာက္တစ္ခါကို သူမယုံုၾကည္မိခင္မွာပဲ အနမ္းေတြနဲ႔ အုပ္မိုးလာသည့္ ေမာင္။
အေမွာင္ရိပ္ေတြၾကား တစ္စိုက္မတ္မတ္နမ္း႐ိူက္ေနၾကသည့္ ေကာင္ေလးႏွစ္ေယာက္ရဲ႕ အနမ္းေတြက ခ်ိဴျမိန္သထက္ ခ်ိဴၿမိန္လြန္းေနသည္။
ေမာပန္းၿပီး အသက္႐ူၾကပ္လာေတာ့မွ ရင္ဘတ္ကိုထု႐ိုက္လို႔ ေယာသက္ သတိေပးရျပန္သည္။
ဒီလူကို သူမုန္းခ်င္လိုက္တာမ်ား...
" ကိုယ့္မွာ ငယ္တစ္ေယာက္တည္းပဲ ရိွတာပါ "
မယုံခ်င္ေပမယ့္ ယုံလိုက္ရသည့္ အခိုက္အတန္႔ေတြ.....
............
(Unicode)
"မောင်ကြိုက်လောက်မှာပါ "
မနက်ခင်းစောစောစီးစီး မီးဖိုချောင်ထဲ ပြင်ဆင်ထားတဲ့ ဟင်းအမယ်တွေကို ကြည့်ရင်းယောသက်ရေရွတ်မိသည်။
ညကတည်းကပေါင်းထားတဲ့ ကြက်သားစွပ်ပြုတ်လေးရယ်၊ ချဉ်စပ်လုပ်ထားတဲ့ ဘဲသားအခြောက်လေးရယ်အရံအနေနဲ့ တို့စရာ ဟင်းသီးဟင်းရွက်နည်းနည်းရယ်ဒါတွေဟာ သူသိထားတဲ့မောင့်အကြိုက်တွေပါပဲ။
စောစောပေမယ့်တစ်ခြားသူတွေလိုမျိူးမောင်ကကော်ဖီသိပ်မကြိုက်။
ငယ့်လက်ရာကိုသာ စားချင်တာဆိုပြီး ညကတည်းကပြောထားသည်မို့ယောသက်ပြင်ဆင်ပေးမိခြင်း ဖြစ်သည်။
ထမင်းဟင်းတွေ အားလုံးနေရာချပြီးတော့ နံရံမှာကပ်ထားတဲ့ နာရီအဝိုင်းကြီးကို သူတစ်ချက်ကြည့်လိုက်မိသည်။
၈နာရီ ထိုးဖိူ့ ၅မိနစ်စွန်းစွန်းလောက်သာ လိုတော့မည်။
သွားနှိူးလိုက်ချင်ပေမယ့်ညလုံးပေါက်အလုပ်ရူပ်နေသည့်မောင်တစ်ယောက်ေကြာင့်ယောသက်ခြေလှမ်းပြင်ပြီးမှ ပြန်ထိုင်လိုက်ရတော့သည်။
နာရီဝက်လောက်တော့ သူထပ်စောင့်လိုက်ပါဦးမည်လေ...
" ငယ်"
ဘယ်ဘက်လက်ကောက်ဝတ်တစ်ဖက်က ကြယ်သီးတွေကို တပ်ရင်း အသံပေးလာသည့်မောင်က တည်ကြည်ခန့်ငြားစွာ။
ဖြောင့်တန်းလှသည့်မျက်ခုံးထူထူနှင့်ယောက်ျားဆန်လှသည့်မေရိုးထင်းထင်းတို့ကြောင့်မီးခိုးရောင်suitအပြည့်ပေါ်မှာမောင်က ပျိုမဒီတိုင်း ပစ်ကြွေချင်စရာအပြည့်။
လောလောဆယ်တော့ ရိုးဟန်ဆိုသည့်ဒီလူသားဟာ သူတစ်ယောက်တည်းသာ ပိုင်သည်။
ယောသက်ပြုံးသည်...
ကုန်လွန်ခဲ့တဲ့ အိမ်ထောင်သက်၃နှစ်အတွင်းမောင်ကသူ့အပေါ်မှာ တစ်ရက်ကလေးမှ အချစ်မလျော့ခဲ့ပေ။
တစ်စွန်းတစ်စ ကြားနေရတဲ့ သတင်းတွေကိုတော့ယောသက်မသိသလို ဟန်ဆောင်ထားမိသည်။
မောင်က သူ့ယုံကြည်ချက်ကို ဖျက်ဆီးမဲ့သူမှ မဟုတ်တာ။
"မောနင်း "
အတွေးမဆုံးခင်နဖူးပေါ်ကျရောက်လာသည့်ခပ်နွေးနွေးအထိအတွေ့တစ်ခုကမောင့်အနမ်းတစ်စုံ။
လိုတိုင်းရနေတဲ့ ဘဝမှာမောင့်အနမ်းတွေကို တစ်သက်လုံးကြာကြာ သိမ်းထားချင်နေမိတာယောသက်လောဘကြီးသလိုများ ဖြစ်သွားမလား။
ပြန်တွေးကြည့်တော့ ဆန္ဒသေးသေးလေးတစ်ခုကလွှဲရင်ယောသက်ဟာ အချိန်တိုင်းလောဘကြီးနေမိသူ တစ်ယောက်ပါပဲ။
" မနက်စာ မစားတော့ဘူးလားမောင်"
အပြင်ထွက်တော့မယ့်မောင်ကို တားဖို့အတွက်သူ ထထိုင်လိူက်မိသည်။
ဒီတစ်ကြိမ်သာ မစားခိုင်းရင်နေ့လည်ရောက်တဲ့အထိမောင်က ဘာမှစားတော့မှာ မဟုတ်ပေ။
" ၉နာရီကျရင်အရေးကြီးတဲ့meeting တစ်ခု ရှိသေးတယ်..
ကိုယ်နောက်ကျလို့ မဖြစ်ဘူး ငယ်"
" မနက်စာ စားတာက ဘယ်လောက်တောင်ကြာမှာမို့လဲ...
မရဘူး..ဒီမှာလာထိုင်"
လက်ပတ်နာရီသာ တစ်ချိန်လုံး ကြည့်နေသည့်မောင်က ခုံမှာဝင်ထိုင်ခိုင်းတဲ့အထိ အကြည့်မပျက်နိုင်သေး။
့ကြာလာတော့ယောသက်စိတ်မရှည်ဖြစ်လာရသည်။
" ဒီနေ့ စားဦးမှာလားမောင်"
" အင်းပါ..ကိုယ်စားပါမယ်"
တစ်ခုခုဆို ဘာမှ ဟုတ်တိပတ်တိမစားသည့်မောင့်ပန်းကန်ထဲကိုယောသက်တစ်ခုပြီးတစ်ခု ထည့်ပေးနေပေမယ့်၃ဇွန်းလောက်သာမောင်က စားသည်။
ထမင်းစားပြီးတာနဲ့ အပေါ်ကုတ်လက်ရှည်အင်္ကျီနှင့်ကားသော့ကိုမောင်က ဆွဲယူတော့သည်။
အလုပ်ကိစ္စကလွှဲ ဘာကိုမှသတိမရတော့သည့်မောင်ကြောင့်ယောသက်မျက်ခုံးတွေတွန့်ချိူးလာရတော့သည်။
မိန်းကလေးမဟုတ်ပေမယ့်သူစိတ်ဆိုးလိုက်ချင်သည်။
ဒီနေ့လို အရေးကြီးသည့်နေကိုမှမောင်ကမေ့နေသည်တဲ့လား။
"မောင်"
" ဘာလဲ ငယ်..ကိုယ်နောက်ကျတော့မယ်"
အမြန်လိုနေပုံရသည့်မောင်က ဖိနပ်တစ်စုံကို ဆွဲဝတ်ရင်း စိတ်မရှည်သလို ပြန်ဖြေလာသည်။
မိဘနှစ်ပါးလုံး မရှိတော့တာမို့ ကြီးမေစန်းနှင့်နှစ်ယောက်တည်းနေခဲ့ရတော့ အခုလိုမျိူးပြောရင်ယောသက်အားငယ်မိတာတော့အမှန်။
တစ်ဘဝလုံး ပုံပေးပြီးမောင်တစ်ယောက်သာယောသက်ယုံကြည်ခဲ့ရတာ မဟုတ်လား။
" ဒီနေ့က ငါတို့ရဲ့ အိမ်ထောင်သက်(၃)နှစ်ပြည့်တဲ့နေ့လေ..မင်းမမှတ်မိတော့ဘူးလား "
"ဆောရီး..ကိုယ်"
ရပ်တန့်သွားသည့်မောင့်စကားတစ်ဝက်မှာတင်သူ့ပါးပေါ်မှာ ပူနွေးနွေးအရည်ကြည်တစ်ချိူ့ ရစ်သိုင်းလို့နေခဲ့ပြီ။
အလယ်လတ်တန်းစားငွေကြေးအဆင်ပြေတဲ့ အသိုင်းအဝိုင်းပေမယ့်ဆွေမျိုးတွေရဲ့ကဲ့ရဲ့မှူတွေကိုယောသက်နေ့တိုင်းနီးပါး နားထောင်ခဲ့ရသည်။
'ဆုံးမဲ့သူ မရှိလို့ ဖြစ်ချင်တိုင်းဖြစ်နေတာ ´ထိုစကားတွေနဲ့ မာနကြီးလှသည့်သူတစ်ချိူ့က သူအောင်မြင်နိုင်မည့်ဘယ်အခွင့်အရေးကိုမဆို ပိတ်ပင်ခဲ့သည်။
ဝတ်ကျေတန်းကျေ တက္ကသိုလ်ကျောင်းပြီးလို့ ဘွဲ့ရပြီးတဲ့အထိယောသက်ဟာ အိမ်ထဲမှာ တစ်ယောက်တည်း ပိတ်မိနေတုန်း။
ဒါကြောင့်မို့ ဝမ်းနည်းလွယ်သည့်စိတ်တစ်ဖက်ခြမ်းက သူ့ရဲ့အားနည်းချက်တစ်ခုလိုပင်။
မောင့်ကိုစိတ်မဆိုးချင်ပေမယ့်အတိုင်းအတာတစ်ခုထိတော့ယောသက်ဝမ်းနည်းမိသည်။
" ဒီရက်ပိုင်း အလုပ်နည်းနည်းရူပ်နေတာနဲ့ ကိုယ်မေ့သွားတာ..တကယ်ဆောရီးပါ "
" .... "
" ဘာပဲဖြစ်ဖြစ်ဒီတစ်ရက်လုံးကျန်သေးတာပဲ မမှောင်ခင်ပြန်လာခဲ့မယ်..ကိုယ့်ကိုစောင့်နေမယ်မဟုတ်လား "
ပါးပေါ်ရောက်လာသည့်လက်တစ်ဖက်ကြောင့်သူ့မှာဆက်ပြီး စိတ်ဆိုးဖို့ အင်အားမရှိတော့ပြီ။
အင်း ဆိုပြီးခေါင်းမညိတ်မိသလို ဟင့်အင်းဆိုပြီးလည်းခေါင်းမခါမိတော့ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို ရူပ်ပွကုန်တဲ့အထိ လက်ဖဝါးအကြီးကြီးတွေနဲ့ ထိုးဖွလာသည်။
" ငါမကြိုက်တာ သိရဲ့သားနဲ့ "
" စိတ်မဆ်ိုးနဲ့တော့.. ကိုယ်ရဲ့ငယ်လေးက လိမ္မာပါတယ်ကွာ "
ကားထဲရောက်တဲ့အထိ လက်လှမ်းပြနေသည့်မောင်ကို သူမကြည့်ချင်ပါ။
နူတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးသည့်အဲသည်အပြုံးတွေအောက်မှာယောသက်ကျရူံးနေမိတာ အကြိမ်ကြမ်အခါအခါ။
ဒီတစ်ခါ ကတိဖျက်ရင်တော့ သူတကယ်စိတ်ဆိုးလိုက်တော့မှာ။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀
မျက်စိတစ်ဆုံးမြင်နေရတဲ့ အဖြူရောင်ကားလေးပျောက်သွားတော့မှ အိမ်ထဲသူပြန်ဝင်လာခဲ့သည်။
မောင့်ရဲ့မေမေနှင့်ဖေဖေကယောသက်မပင်ပန်းရေအာင်အိမ်အကူထားပေးဖို့ပြောခဲ့ကြပေမယ့်သူလက်မခံခဲ့ပါ။
အိမ်သန့်ရှင်းရေးနှင့်ထမင်းဟင်းချက်တာက စလို့ ကျန်တဲ့ဝေယျာဝစ္စတွေအားလုံးကို ကြီးမေရဲ့သင်ပြပေးမှူကြောင့်ယောက်ျားလေးပေမယ့်ယောသက်လုပ်နိုင်ပါသည်။
ယောသက်ကမောင့်ကိုချစ်သည်...
မောင်ကလည်းယောသက်တစ်ယောက်တည်းသာ မြတ်နိုးသည်။
ဒီစ်ိတ်တစ်ခုတည်းနဲ့ အခက်အခဲမျိူးစုံကို သူတို့နှစ်ယောက်ဖြတ်ကျော်ခဲ့ကြတာ အခုဆို ၃နှစ်ပင်ပြည့်ခဲ့ပြီ။
ခြံထဲစိုက်ထားသည့်ပန်းခင်းလေးတွေကိုရေလောင်းပြီးတဲ့အခါ အချိန်က ၁၀နာရီထိုးလုနီးပါး။
နေ့လည်စာတော့ မစားဖြစ်လောက်တော့ဘူး။
လုပ်စရာရှိတာ လုပ်ပြီးတော့ရေမိုးချိူးအဝတ်အစားလဲပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်သည်။
တစ်ဆက်တည်း လိုအပ်မယ်ထင်သည့်ဖုန်းcallတစ်ခုကိုပါ သူဆက်သွယ်လိုက်ေတာ့သည်။
စတိုခန်းထဲက ဝိုင်ပုလင်းနဲ့လေကောင်းလေသန့်ရသည့်ပြတင်းပေါက်ဘေးနားမှာ လှပစွာပြင်ဆင်ထားသည့်စားပွဲဝိုင်းလေးက သူတို့ရဲ့ 3 years anniversary အတွက်သာ။
" မင်း ကတိတည်ဖို့မျော်လင့်တယ်မောင်"
ပြာလဲ့နေတဲ့ကောင်းကင်ကြီးကို ကြည့်ရင်းယောသက်ရေရွတ်မိသည်။
ကြယ်တွေစုံတဲ့ ဒီတစ်ညကိုလည်း သူ့တစ်ယောက်တည်း မဖြတ်သန်းရဖို့မျော်လင့်မိပါရဲ့။
❀ ❀ ❀ ❀ ❀ ❀ ❀
" အကိုလေးနေ့လည်စာ စားတော့မလားဗျ"
စာရွက်စာတမ်းတွေကြားထဲခေါင်းစိုက်နေရင်းမှ အတွင်းရေးမှူးဟန်ရဲ့သတိပေးသံက ကြားဖြတ်ဝင်လာသည်။
အလုပ်လုပ်နေတုန်း ဝင်နှောင့်ယှက်တာ သူမကြိုက်ဘူးဆိုတာ ဟန်သိပေမယ့်၁နာရီကျော်လွန်လာတဲ့အချိန်ကပြောလဲပြောချင်စရာပါပဲ။
ဒီရက်ပိုင်း အသစ်ထုတ်မဲ့productအတွက်တစ်ဖက်ကုမ္ပဏီနဲ့ အသေအချာညှိနှိူင်းနေရတာမို့ ရိုးဟန်အတော်လေးအလုပ်ရူပ်နေရသည်။
ဒီအတွက်ကြောင့်ပဲ ငယ်နဲ့သူ့ရဲ့ anniversaryတောင်ရိုးဟန်မေ့နေခဲ့တာ မဟုတ်လား။
" ဟန်စားချင်စားတော့လေ..ကျွန်တော်က ညနေအစည်းအဝေးအတွက်ပြင်ဆင်ရဦးမှာ "
" ကိုသက်သိသွားရင်မကောင်းဘူးနော်..အကိုလေး "
လက်ထဲရောက်နေတဲ့ဘောပင်ကို ပစ်ချ၍သာ ရိုးဟန်သက်ပြင်းချမိတော့သည်။
ငယ့်နာမည်ကို သုံးပြီးထမင်းစားဖို့ အကြပ်ကိုင်နေတာ ဟန်ရဲ့အလုပ်တစ်ခုလိုတောင်ဖြစ်နေပြီ။
ပြသာနာသေးသေးလေး ဖြစ်တာမျိူးတောင်မဟုတ်ဘဲ ရုံးရောက်လာတဲ့အချိန်မျက်နှာပျက်နေပြီဆို ဒီသတင်းကမေမေ့နားထဲ တန်းရောက်တော့တာပဲ။
တစ်ခြားအလုပ်တွေ ဝင်လုပ်လို့ရပေမယ့်ငွေကြေးအဆင်မပြေဖြစ်နေသည့်အချိန်မေမေတို့က တတ်နိုင်သလောက်ကူညီပေးခဲ့ကြတော့ အခုလိုမျိူးအတွင်းရေးမှူးတစ်ယောက်အဖြစ်ပြန်ပြီး အကူအညီပေးလာခြင်း။
တစ်ပါးသူရဲ့ကျေးဇူးကြွေးရှိနေလျှင်မနေတတ်သည့်ဟန်က မိသားစုထဲမှာ အကြီးဆုံးဖြစ်သလို ရိုးရိုးသန့်သန့်လူငယ်လေး တစ်ယောက်လည်း ဖြစ်သည်။
အလုပ်ရှင်နှင့်အလုပ်သမားဆိုတာထက်မိသားစုတွေလိုဖြစ်နေတာမို့ အလုပ်ကိစ္စတွေမှာ ဟန်ကိုလွှဲထားနိုင်သည်အထိ စိတ်ချရပါသည်။
" ဟန်ဝယ်ပေးထားတဲ့မုန့်တွေတောင်မကုန်သေးဘူး..ဒါပဲ ကျွန်တော်စားလိုက်တော့မယ်"
" .... "
" ငယ်နှင့်မေမေ့ကိုတော့ ပြန်မပြောနဲ့ "
" အကိုလေးကလဲ .."
တင်းတောင်
မနက်က ဝယ်ပေးထားတဲ့ ကိတ်တွေကို ရိုးဟန်မေးဆတ်ပြတော့ ဟန်ရဲ့ဖုန်းက အချိန်ကိုက်ထမြည်လာသည်။
ကြည့်ရတာ တစ်ယောက်ယောက်က မက်ဆေ့ပို့လာတာ ဖြစ်မည်။
ဟန်ဘက်ကို ဂရူမစိုက်နိုင်...ရိုးဟန်အလုပ်ထဲကိုသာ ပြန်ပြီးအာရုံစိုက်လိုက်တော့သည်။
" ဒါဆို ကျွန်တော်သွားတော့မယ်အကိုလေး "
" အင်း "
ဖုန်းကိုကြည့်ပြီး စိတ်ရူပ်နေသည့်ဟန်က ဘာတွေကိုအလိုမကျဖြစ်နေမှန်း မသိပါ။
သူ့ကို လိုက်နှောင့်ယှက်နေသည့်လူကြီးတစ်ယောက်ရှိသည်ဆိုလား ..မကြားတစ်ချက်ကြားတစ်ချက်မို့ရေရေရာရာတော့ မသိလိုက်။
စားဖို့ကြံထားသည့်ကိတ်တွေလည်း အမိူက်ပုံးထဲသာရောက်သွားသည်...ညနေ၃နာရီအချိန်ကိုရောက်လို့ရောက်မှန်းမသိဘဲ ရိုးဟန်အချိန်ကုန်နေမိတော့သည်။
" ကို "
ခဏလေးဆိုပြီး ဆုံလည်ကုလားထိုင်ပေါ် ငြိမ်နေမိတာ ရင်ဘတ်ပေါ် ဖြတ်ပြေးလာတဲ့လက်တစ်ဖက်ကြောင့်ရိုးဟန်စုတ်သပ်မိသည်။
ဒီမိန်းမကို ဝင်မလာခိုင်းဖိူ့အတွက်အတွင်းရေးမှူးဟန်ကို မှာထားရက်သားနဲ့။
" မင်း ဒီကိုရောက်လာစရာ အကြောင်းမရှိဘူးထင်တယ်"
" oh ..တို့ကလည်း အကြောင်းမရှိဘဲနဲ့ မလာချင်ပါဘူး..ဒါပေမဲ့ "
ပြောရင်းနဲ့ လည်ပင်းပေါ်ဖက်တွယ်လာသည့်လက်သွယ်သွယ်တွေက တုံပြန်ချင်စရာကောင်းပေမယ့်အခုချိန်မှာ ရိုးဟန်စိတ်မပါပေ။
ထိုမိန်းမရဲ့ အထိအတွေ့တွေက်ိုရိုးဟန်ရှောင်ဖယ်လိုက်တော့သည်။
" ခဏနေ မင်းလိုချင်တာရစေရမယ်..အခုလောလောဆယ်ဒီကနေ ထွက်သွားလိုက်တော့ "
" .... "
"နောက်တစ်ကြိမ်ထပ်တွေ့ရင်မင်းဘာဖြစ်မယ်ဆိုတာ ကြိုတွေးထားဖို့ကောင်းလိမ့်မယ်"
" ဟက်..ရတယ်လေ "
ငွေနဲ့သာ နူတ်ပိတ်မနိုင်ရင်ဒီလိုလူတွေကို ရိုးဟန်တားနိုင်မှာ မဟုတ်။
သက်ဦးစေ ဆိုသည့်သူငယ်ချင်းကောင်းကြီးကျေးဇူးကြောင့်အခုတော့ သူ့မှာမရူပ်မရှင်းတွေဖြေရှင်းနေရပြီ။
စိတ်ပြေလက်ပျောက်တစ်ရက်တစ်လေ တွဲမိရုံဖြင့်ရောင့်တက်လာသည့်ထိုမိန်းမတွေက စိတ်ပျက်စရာကောင်းသည်။
ငယ်သာ သိရင်ပြသာနာပိုကြီးလာနိူင်တာမို့တွေးလေတွေးလေ ရိုးဟန်စိတ်မသက်မသာ ဖြစ်ရလေပဲ။
လာစေဦး အဲဒီကောင်..ဒီတစ်ခါတွေ့ရင်နေ့ညမပြတ်ဖွင့်ထားတဲ့ clubကိုပါ သွားပိတ်ပစ်ရမည်။
❀ ❀ ❀ ❀ ❀ ❀
အချိန်အားဖြင့်..၄နာရီ
အလုပ်မက်တဲ့ ရိုးဟန်က တစ်ခုသော ကိစ္စကိုမေ့နေခဲ့ပြီး အလုပ်ကိစ္စတွေကိုသာ ဦးစားပေးနေခဲ့သည်။
" ဟန်"
" ဟုတ်အကိုလေး "
" ကိုယ့်အပြစ်ကို ကိုယ်သိပါတယ်နော်"
ဆိုကာမှ အတွင်းရေးမှူးဟန်ကခေါင်းကုတ်ခြေကုတ်ဖြစ်လာတော့သည်။
တကယ်တမ်းတော့ တရားခံက သူကိုယ်တိုင်သာ ဖြစ်သည်။
ဟန်ထွက်သွားတဲ့အချိန်ကို ကွက်တိစောင့်ပြီးမှ ထိုမိန်းမက ဝင်လာခဲ့တာမို့ မတားလိုက်နိုင်ခြင်းသာ။
နောက်ဆုံးအကြိမ်ဖြစ်သည့်သည်တစ်ကြိမ်ကလွှဲပြီး လုံးဝ ၊ လုံးဝ မိန်းမတွေနဲ့ သူမပတ်သက်ချင်တော့ပါ။
" အဲဒီမိန်းမကို ကျွန်တော်ထပ်မတွေ့ချင်တော့ဘူး "
" .... "
"နောက်တစ်ကြိမ်ထပ်ရောက်လာခဲ့ရင်ဟန်ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်မလား "
" ဟုတ်ကျွန်တော်သိပါတယ်အကိုလေး "
ငယ့်ကွယ်ရာမှာဖောက်ပြန်ချင်တဲ့စိတ်သူ့စိတ်ထဲ တစိုးတစိ မျ ရှိမနေခဲ့ပါ။
ဒီတိုင်း..သူငယ်ချင်းတွေနဲ့ ဆုံမိပြီး နည်းနည်းပါးပါးသောက်စားရာကနေ မိန်းကလေးတွေကိုပါ သက်ဦးစေကခေါ်လိုက်လို့ဖြစ်ခဲ့ရတာချည်း။
ရုပ်ရည်နှင့်အရည်အချင်း.. အိမ်ထောင်ရှိကြမှန်း သိပေမယ့်အခုထိ လိုက်ကပ်ချင်နေသည့်မိန်းမတွေက အများအပြား။
ရိုးဟန်စိတ်ပျက်ရပါသည်။
"နောက်ကျနေပြီ ဟန်ပြန်လိုက်တော့..ကျွန်တော်လည်း သွားတော့မယ်"
ခပ်လှမ်းလှမ်းရောက်လာသည့်အခါ တစ်ခုခုကိုသတိပေးသည့်သဘောဖြင့်ဟန်က လှမ်းအော်ရင်း သတိပေးလာသည်။
သို့ပေမဲ့မောင်းလက်စ ကားစက်နိူးသံကြောင့်ရိုးဟန်ဘာတစ်ခုမှ မကြားလိုက်ပါ။
အလုက်ကိစ္စဆိုလည်းနောက်နေ့မှပဲ ပြန်မေးလိုက်တော့မည်။
တော်တော်လေးဝေးနေပြီဆိုတော့ ပြန်လှည့်ဖို့က မဖြစ်နိုင်လောက်တော့ဘူး။
အခုတောင်ချိန်းဆိုထားသည့်အချိန်က အတော်လေးနောက်ကျနေပြီလေ...
❀ ❀ ❀ ❀ ❀
ည၉နာရီ အတိရောက်လာတဲ့အချိန်မှာကောင်းကင်တစ်ခုလုံး ကြယ်တွေတော်တော်လေး စုံနေခဲ့ပါပြီ။
လပြည့်နေမို့ ထင်ပါသည်...တစ်စွန်းတစ ဝင်ရောက်လာတဲ့လရောင်အေးအေးက ကြည်နူးစရာဆိုသော်ငြားယောသက်မှာတော့ တစ်ယောက်တည်းစိတ်ကူးရင်ရင်းနဲ့သာ အရူးလိုဖြစ်လို့။
လူတွေပြောသလိုမျိူး လရောင်ကမအေးချမ်းပါဘူး...
" ငါထပ်စောင့်ဖို့ လိုသေးလားမောင်"
၁၀နာရီရောက်လာတဲ့အချိန်ထိန်းထားသည့်ကြားမှ မျက်ရည်တို့ ထပ်ကြွေခဲ့ရပြန်သည်။
ငိုထားမိသည့်အကြိမ်ရေ များလွန်းလို့ သူ့မျက်လုံးတွေလည်း ကျိန်းစပ်နေလောက်ပြီ။
အညာအတာမရှိ တစ်ိမ့်စိမ့်တိုက်ခတ်လာသည့်လေပြည်တစ်ချိူ့ကြောင့်ယောသက်အေးလာတာကို ခံစားမိသည်။
ဘယ်လောက်ပဲအေးအေး၊ ဘယ်လောက်ပဲနွေးနွေးယောသက်ရင်ထဲ နည်းနည်းလေးမှ အပူမငြိမ်းနိုင်ပါ။
ညစာတွေလည်းအေးစက်ကုန်ပြီ..သတိပေးလာတဲ့နိူးစက်သံကလည်း ၁၁နာရီကိုရောက်လို့လာခဲ့ပြီ...အိပ်လိုက်တာကပဲ ပိုပြီး အဆင်ပြေလောက်မလား။
" မင်းကတိမတည်ပြန်ဘူးမောင်"
တစ်ကြိမ်ကနေ နှစ်ကြိမ်ထိဖြစ်လာတော့ယောသက်နေသားကျလာသလိုတောင်ထင်မိသည်။
တမင်တကာ ထွန်းထားသည့်ဖယောင်းတိုင်လှလှလေးတွေကို တစ်ချက်တည်းနဲ့ငြိမ်းသွားအောင်သူခပ်ကြမ်းကြမ်း မူတ်ပစ်သည်။
ပြီးနောက်အစားအစာတွေအကုန်လုံးကို အမှိူက်ပုံးထဲ သွန်ပစ်သည်။
သိမ်းစရာရှိတာ သိမ်းပြီးတော့ အခန်းမီးကိုဖွင့်ထားခဲ့ပြီး အပေါ်ထပ်ကိုတက်ဖို့ယောသက်ပြင်မိသည်။
" ကျွီ "
ကားဟွန်းတီးသံ တစ်ချက်နှင့်အတူ အိမ်တံခါးဖွင့်သံကိုပါ သူကြားမိသည်။
မောင်ရောက်လာပြီမှန်းသိပေမယ့်စိတ်လူပ်ရှားဖို့နေနေသာသာ လှည့်တောင်မကြည့်ချင်တော့။
မောင်က ဆိုးပါသည်...
ငယ့်ကို အလေးထားရမှန်း မသိတော့တဲ့မောင်က စိတ်ပျက်ဖို့ကောင်းလောက်အောင်ဆိုးလွန်းပါသည်။
အသက်ကို ဝဝရူရင်းလှေကားတစ်ဆင့်ချင်း နင်းကာ သူဆက်တက်လာခဲ့သည်။
ဒီနေ့တော့မောင်နဲ့သူ အခန်းခွဲအိပ်တော့မည်။
စောင့်နှင့်ခေါင်းအုံးကို အသေအချာကောက်သိမ်းပြီး ပြန်ထွက်လာတော့ မျက်မှောင်ကြုတ်ပြီး ရပ်ကြည့်နေသည့်မောင်နှင့်ဆုံသည်။
တစ်ချက်သာကြည့်၍မောင့်ကိုကျော်ကာအောက်ထပ်ဆင်းဖို့ ပြင်လိုက်စဉ်
" ငယ်"
လက်ဖဝါးခပ်ကြီးကြီးအောက်မှာ နစ်မြုပ်သွားသည့်သူ့လက်တစ်ဖက်က အညာအတာကင်းမဲ့လျက်။
"နောက်ကျသွားတဲ့အတွက်ကိုယ်..တောင်းပန်ပါတယ်"
မဲ့ပြုံးနဲ့တူနိုင်သည့်အပြုံးတစ်ခုဖြစ်အောင်သူပြုံးသည်။
ဘယ်အခြေအနေမျိူးမှာပဲဖြစ်ဖြစ်တစ်ဖက်လူထိခိုက်စေနိုင်မဲ့ အပြုအမူမျိူး မလုပ်မိဖို့ ကြီးမေစန်းက အမြဲဆုံးမတတ်သည်။
တစ်ခါလောက်တော့ယောသက်ချိူးဖောက်ကြည့်ချင်သည်။
" မလိုဘူး..ဒီအချိန်ကစပြီး မင်းလုပ်ချင်တာလုပ်နိုင်တယ်
ငါ့ကိုဂရူစိုက်နေစရာ မလိုတော့ဘူး "
ထိုလက်တွေထဲကနေရုန်းဖယ်လို့ရှောင်ထွက်လာတော့သည်။
တစ်ခါတစ်လေမောင့်မျက်ဝန်းတွေကိုယောသက်အနိုင်ယူပစ်ချင်ပါ၏။
သေချာတာ တစ်ခုကတော့ဖြေရှင်းချက်ပေးဖို့အတွက်မောင်က တွန့်ဆုတ်နေခဲ့တာပါပဲ။
❀ ❀ ❀ ❀ ❀
ပူးကပ်လာသည့်ကိုယ်ငွေ့နွေးနွေး၊ အတင်းအကြပ်ပွေ့ဖက်ခံထားရသည့်ခါးပေါ်က အထိအတွေ့တွေက အိပ်မက်လား ၊ တကယ်လား ဆိုတာ သူမခွဲခြားနိုင်သေး။
ညကတည်းက အိပ်နေခဲ့သည့်နှစ်ယောက်စာ ဆိုဖာက အခုမှနေရကြပ်လာသလို သူခံစားနေရသည်။
မိုးတောင်မလင်းသေး..အနည်းဆုံးတော့ ၃နာရီလောက်ရှိဦးမည်။
နောက်တစ်ကြိမ်ထပ်ပြီး အုပ်မိုးလာသည့်လက်တစ်စုံနှင့်လည်ပင်းတစ်ေလျှာက်လာရိုက်ခတ်သည့်အသက်ရူသံတစ်ချိူ့။
"မောင်..မင်းဒီမှာဘာလာလုပ်တာလဲ "
ယောသက်က အမှောင်ကိုသဘောမကျပေ..ဒါကြောင့်မိူ့ အလင်းရောင်သဲ့သဲ့ဝင်နေသည့်ပြတင်းပေါက်တစ်ခြမ်းကို သူဖွင့်ထားခဲ့သည်။
အခုမှခေါင်းထောင်လာသည့်မောင်က အမှောင်ထဲမှာတောင်တည်ကြည်ခန့်ငြားနေဆဲ။
ယောသက်ဆက်မေးဖို့စကားလုံးတွေခေါင်းထဲမှာမရှိတော့..ဒီလူသားကို သူစိတ်ဆိုးနေပါသေးသည်။
" ကိုယ်ချမ်းနေလို့ပါ "
စောင်မရှိ ၊ခေါင်းအုံးမရှိ တိုးတိုးကြပ်ကြပ်လာအိပ်နေမှတော့ မချမ်းပဲနေပါ့မလား။
ဒါဖြင့်..နွေးနွေးထွေးထွေး ဖြစ်တဲ့အခန်းထဲမှာတော့ မအိပ်ဘဲလေစိမ်းတိုက်နေသည့်ဒီနေရာမှာ ဘာလို့လာအိပ်နေသေးလဲ။
" ညနေက ကိစ္စအတွက်ထပ်ပြီးတောင်းပန်ပါတယ်"
" ..... "
"ဆွေးနွေးပွဲပြီးတော့ မစ္စတာဂျေဆင်ကparty ပွဲကို အတင်းခေါ်သွားတာ.ကိုယ်ငြင်းလိုက်လို့လဲ မရဘူးလေ ..ဒါကြောင့်နောက်ကျသွားတာပါ "
" .... "
"နောက်တစ်ခါထပ်မရှိစေရတော့ဘူး..ကိုယ်ကတိပေးတယ်"
မောင်ပြောသမျှခေါင်းညိတ်နေမိသည့်ကိုယ့်ကိုယ်ကိုယောသက်စိတ်ပျက်မိပါသည်။
အဲဒီနောက်တစ်ခါကို သူမယုံကြည်မိခင်မှာပဲ အနမ်းတွေနဲ့ အုပ်မိုးလာသည့်မောင်။
အမှောင်ရိပ်တွေကြား တစ်စိုက်မတ်မတ်နမ်းရိူက်နေကြသည့်ကောင်လေးနှစ်ယောက်ရဲ့ အနမ်းတွေက ချိူမြိန်သထက်ချိူမြိန်လွန်းနေသည်။
မောပန်းပြီး အသက်ရူကြပ်လာတော့မှ ရင်ဘတ်ကိုထုရိုက်လို့ယောသက်သတိပေးရပြန်သည်။
ဒီလူကို သူမုန်းချင်လိုက်တာများ...
" ကိုယ့်မှာ ငယ်တစ်ယောက်တည်းပဲ ရှိတာပါ "
မယုံချင်ပေမယ့်ယုံလိုက်ရသည့်အခိုက်အတန့်တွေ.....
............