တစ်ဦးဆိုင် ရပ်ဝန်း
Unicode
Iris ဖက်ထားသော လွန်းရဲ့ ကိုယ်သင်းနံ့လေးကို မက်မက်မောမော ရှုနေလိုက်သည်။
သူ့ ကောင်လေး က အရပ်ကြီးလည်း ရှည်လာလိုက်တာ လွန်းက မျက်မှန်လည်း တပ်ထားရတယ်ဆိုတော့ မျက်စိအားမကောင်းဘူးထင်တယ် ။
အမြဲနမ်းရှိုက်ချင်ခဲ့တဲ့ လွန်းရဲ့ နှုတ်ခမ်းပါးလေးက ငယ်ငယ်တုန်းကအတိုင်း ပန်းဖျော့ရောင် သမ်းနေတုန်း ပင်။
Iris လွန်း ဆံပင်တွေကြားထဲ နှာခေါင်း နှစ်ထားကာ အကြာကြီးနမ်းနေမိသည်။
နမ်းလို့အားရကာမှ Iris လွန်းကို ရင်ခွင်ထဲမှ ထုတ်ပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
" လွန်း မောင် အရမ်း ခွပ် "
" ခွေးသူတောင်းစား လမြတ်ဝါဆို "
" လွန်း "
" မင်းဘိုးအေကြီးကို လွန်း ခေါ်နေလိုက် ခွပ် "
လက်သီးသုံးကာ အားပြင်းပြင်းနဲ့ထိုးလာသော လွန်းကြောင့် Iris မျက်နှာတစ်ခြမ်း ပူထူသွားရသည်။
သူ့မျက်နှာ နာတာ အကြောင်း မဟုတ် လူနာတွေကို ကုသပေးနေတဲ့ လွန်း ရဲ့ လက်နုနုလေးတွေကိုတော့ သူ့မျက်နှာထိုးသည့် အတွက်ကြောင့်နဲ့တော့ အထိခိုက်မခံနိုင်ပါ။
" လွန်း လက်နာမယ်နော် မထိုး ခွပ် "
နောက်တစ်ချက် မျက်နှာပေါ်ကို ပစ်ဝင်လာသည့် လက်သီးကြောင့် Iris လွန်းလက်တွေ ချုပ်ထားပစ်လိုက်သည်။
" ဖယ်စမ်း ငါ့အသားလာမထိနဲ့ လမြတ်ဝါဆို "
လွန်း ဒီခွေးကောင် ကို ဆက်ထိုးချင်တာကြောင့် မရရအောင် ရုန်းကြည့်လိုက်သော်လည်း သူ့ထက်ပိုအားသန်သည့် လမြတ်ဝါဆို ကြောင့် ရုန်းမရပဲ ဖြစ်နေလေသည်။
" ငြိမ်ငြိမ်နေပါဦး လွန်းရယ် မောင်ရှင်းပြပါရစေ မောင့်အပိုင်လေးရယ် "
" လီးကို ရှင်းပြ လွှတ်စမ်း လမြတ်ဝါဆို "
Iris ဘယ်လိုမှ ပြောမရသည့် အဆုံး ခြိမ်းခြောက်စကားသာဆိုလိုက်ရသည်။
" ရပ်လိုက်တော့ လွန်း မင်းမရပ်ရင် မောင် မင်းနှုတ်ခမ်းတွေ စုတ်ပြတ်သတ်တဲ့အထိနမ်းမှာနော် "
" လီးကို လာနမ်း လမြတ်ဝါဆို ဖယ်စမ်း "
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဘယ်လောက်နာကျင်ခဲ့ရလဲ လွန်းအသိဆုံး။ ပူတင်းဘူးလေးကိုင်ပြီး သူ့အိမ်ရှေ့သွားရပ်နေခဲ့တာ ပြန်လာမယ်ထင်ပြီးလည်း နေ့တိုင်း စောင့်နေခဲ့ရတာ။
လွန်း ပြောဖူးတာ ဒီကောင် မှတ်မထားဖူး လွန်းမှာ ဘေးဘေနဲ့ သူပဲ ရှိတာပါလို့လေ။ အရာအားလုံးထက်ပိုပြီး လွန်း ဒီကောင့်ကို ဦးစားပေးခဲ့တာ ။
သူကတော့ နှုတ်တက်စကားလေး တစ်ခွန်းတောင် ပြောမသွားဘူး ။
" အင်း အဲ့နေရာလည်း နမ်းမယ် နှုတ်ခမ်းလေးတွေကိုလည်း နမ်းမယ် လွန်း မောင်ပြောပြတာနားထောင်ဦးနော် "
" ဆယ်နှစ် "
" ဟင် လွန်း "
" မင်းငါ့ကို ထားခဲ့တာ ဆယ်ရက်မဟုတ်ဘူး ဆယ်လ မဟုတ်ဘူး ဆယ်နှစ် ကွ လမြတ်ဝါဆို ဒီနှစ်တွေ အတွင်းမှာ ငါဘယ်လို နေထိုင်ခဲ့ရလဲ မင်းသိမှာ မဟုတ်ဘူး မင်းထွက်သွားမယ်ဆိုရင်လည်း အနည်းဆုံး ငါ့ကို နှုတ်ဆက်စကားလေးပြော သွားသင့်တယ် မဟုတ်လား လမြတ်ဝါဆို "
လွန်း စကား ပြောနေရင်း ရှိုက်သံပါမလာအောင် မနည်း ကြိုးစားပြောနေရသည်။
" နှုတ်ဆက်စကားပြောတယ်ဆိုတာ ဘယ်တော့မှ ပြန်မတွေ့ကြတော့မယ် လူတွေအတွက်လွန်းရဲ့ လွန်းကို မောင်ဘာလို့ နှုတ်ဆက်စကား မပြောခဲ့တာလည်း ဆိုတော့
မောင်တို့က ပြန်တွေ့ကြမယ့် သူတွေမို့လို့ပဲ လွန်း "
" ဘယ်တော့မှ ပြန်မတွေ့ ဖြစ်ကြရင်ရော လမြတ်ဝါဆို "
" ဟင့်အင်း လွန်း ဘယ်နေရာ ဘယ်အရပ်ဒေသမှာ ဖြစ်ဖြစ် လွန်းသာရှိနေရင် လွန်းရှိတဲ့နေရာမောင်အရောက်လာမှာ သူများတွေ အတွက် ဘယ်တော့မှ ဆိုတာ ရှိပေမယ့် လမြတ်ဝါဆို အတွက် ဘယ်တော့မှ ဆိုတာ မရှိဘူး လွန်းအတွက်ဆိုရင် မောင် ဘာပဲလုပ်ရလုပ်ရ လုပ်ပြစ်မှာ "
Iris တစ်ကယ်ကို နောင်တရမိတယ် သူ့ကို မာမီတို့ France သွားဖို့ ခေါ်တာ သူငြင်းပြစ်ခဲ့ရမှာ။ လွန်းဘေးနားမှာပဲ သူကပ်တွယ်ပြီး နေခဲ့ရမှာ။
" ဒဏ်ရာက ဘယ်လိုရလာတာလဲ အင်္ကျီမြန်မြန် ချွတ်လိုက် လမြတ်ဝါဆို "
လက်မောင်းရင့်းစိမ့်ထွက်လာသော သွေးတွေကြောင့် လွန်း ဒီကောင့်ကို အင်္ကျီ မြန်မြန်ချွတ်ခိုင်းလိုက်ရသည်။
လွန်းပြောမှ Iris ဒဏ်ရာကို သတိရကာ အင်္ကျီ ချွတ်လိုက်ရသည်။
" အာ မောင့်လက် မောင်ပြန်ပြီးဓားနဲ့ ထိုးထားတာ လွန်း ဒီလို မှ မလုပ်ရင် လွန်းကမောင်နဲ့ အတွေ့ခံမှာ မဟုတ်ဘူး လေ "
" တမောင် မောင်နဲ့ လီးဖြစ်နေတာလား လမြတ်ဝါဆို "
" အာ့ လမြတ်ဝါဆို "
Iris လွန်း၏ နှာခေါင်း လုံးလုံးလေးကိုအသည်းယားလွန်း၍ ပါးစပ်နဲ့ ကိုက်ပစ်လိုက်သည်။
" ပါးစပ်က တလီးလီးနဲ့ မပြောရဘူးနော် ရိုင်းတာမောင်မကြိုက်ဘူး လွန်း မောင့်ကို မကျေနပ်လို့ ရှိရင် လူငှားပြီး ရိုက်ခိုင်း တာဖြစ်ဖြစ် တစ်ခုခုနဲ့ ကောက်ပေါက်တာ ဖြစ်ဖြစ် လုပ်လို့ရတယ် မဆဲရဘူး ကိုယ့်အသားနာအောင် မလုပ်ရဘူး ဒီနေ့ဒီအချိန် ကစပြီး လွန်းကို မောင်ကာကွယ်ပေးမှာ "
ဒဏ်ရာ ကြောင့်ပဲလား မသိ သူ့ မျက်နှာက အနည်းငယ် ဖြူဖျော့လာသဖြင့် လွန်း ဒဏ်ရာကို ကြည့်ဖို့လုပ်ရတော့သည်။
" ငြိမ်ငြိမ်နေပေးနော် လမြတ်ဝါဆို "
ဓားဒဏ်ရာက အရမ်းကြီး မနက်တဲ့ အပြင် သိပ်လည်း ဟာမနေတာကြောင့် ချုပ်ဖို့တော့မလိုပေ။
အရက်ပျံ သုတ်ထားတဲ့ ဂွမ်းစနဲ့ ဒဏ်ရာနားတဝိုက်ကို သန့်စင်ပေးလိုက်သည်။
စပ်ပေမယ့်လည်း မျက်မှောင်ကြီး ကြုတ်ကာ ကြိတ်ခံနေသူကြောင့် လွန်း မှာ ဒဏ်ရာကို ဆေးထည့် ပတ်တီးစီးပေးကာ မြန်မြန်လက်စသတ်ပေးရသည်။
"တစ်ပတ်လောက် ဒဏ်ရာကို ရေထိမခံနဲ့ လမြတ်ဝါဆို "
" တစ်ပတ်တောင် လား လွန်း ဟင် "
မအီမသာကြီး ပြောလာသည့် သူကြောင့် လွန်းမှာ စကားလမ်းကြောင်း စပေးရသည်။
" ဘာဖြစ်လို့လဲ တစ်ပတ် ရေမချိုးရုံပဲလေ "
" မဟုတ်ဘူး လွန်း မောင်က ဒီနေ့မှ မြန်မာပြည် ပြန်ရောက်တာ လေ ပြောရရင် လမ်းတွေ သိပ်မမှတ်မိသေးဘူး တိုက်ခန်း မှာလည်း မောင်က တစ်ယောက် တည်း ရေလည်း မချိုးရဘူးဆိုတော့ ဒုက္ခရောက်တာပေါ့ လွန်းရာ အခုထိလည်း ဘာမှမစားရသေးဘူး မောင်လေ လွန်းလုပ်ကြွေးတဲ့ ပူတင်းနဲ့ ရှမ်းခေါက်ဆွဲ ကို လွမ်းနေတာ နေမကောင်းတုန်းက လွန်း ပြုတ်ပေးတဲ့ ဆန်ပြုတ်ရောပဲ "
" မင်းမှာ ပိုက်ဆံရှိတယ်မလား "
လွန်းအမေးကြောင့် Iris ကြောင်တောင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်ရသည်။
" ရှိတယ် လွန်း ဘာဖြစ်လို့လဲဟင် "
" ပိုက်ဆံရှိရင် ရတယ်လေ မင်းဝယ်စားလို့ရတယ် Male Nurse လည်း ငှားလို့ရတယ် ဒဏ်ရာလည်း ဆေးထည့်ပြီးပြီ ဆိုတော့ မင်းပြန်လို့ရပြီ လမြတ်ဝါဆို ငါ Round လှည့်ဦးမယ် "
" မောင်ကလူနာလေ လူနာကို ပစ်ထားပြီး ဘယ် ကို Round လှည့်မှာလဲ လွန်း "
" မဖြစ်စလောက် ဒဏ်ရာလေးနဲ့ သေမသွားဘူး ပြန်လိုက်တော့ လမြတ်ဝါဆို "
" နိုး မပြန်ဘူး လွန်း ပြန်မှ မောင်ပြန်မှာ အခုထိ တစ်ရေးမှလည်း မအိပ်ရသေးဘူး လေယာဥ်ဆိုက်ဆိုက်ချင်းပဲ လွန်းဆီ မောင်လာခဲ့တာ "
" မင်းကိုဘယ်သူလာခိုင်းလို့လဲ "
" လွန်းကလည်း "
နားရွက်နှစ်ဖက်ကို သူ့ဘာသူ ပြန်ဆွဲကာ ကလေးလိုလို ခွေးလိုလို လုပ်နေသည့် အကောင်ကြောင့် လက်ခလယ် တစ်ချောင်း ထောင်ပြပြီးသာ လွန်း အထွေထွေ ကုသဆောင်ဘက်ထွက်လာလိုက်သည်။
Iris တစ်နေ့လုံး လွန်းနောက်ကနေ တကောက်ကောက်နှင့် လျှောက်လိုက်နေခဲ့သည်။
လွန်းကလည်း ဘာမှမပြောပေမယ့် ဒေါသထွက်နေသည့် ပုံတော့ရှိသည်။
Genius Hospital ဆိုသည်မှာ Iris ရှယ်ယာ အများဆုံး ဝင်ထားသည့် ဆေးရုံတစ်ရုံဖြစ်ပြီး
သူ ရှယ်ယာဝင်ထားသည်ကိုလည်း ဆေးရုံဒါရိုက်တာနှင့် ရှယ်ယာရှင်တွေမှ မှလွဲ၍ မည်သူမှ မသိချေ။
France မှာနေတည်းက Iris ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်း အလုပ်တွေ ဝင်လုပ်သည်။
Iris အချိန်ပိုင်းအလုပ် လုပ်တာကို ဒယ်ဒီသိသွားတုန်းကဆို တစ်နေလုံး ထမင်းမကြွေးပဲ ခြံတံခါးအပြင်မှာသာ Iris ကို ထုတ်ထားသည်။
Iris ကလည်း အလျှော့မပေးပဲ အချိန်ပိုင်း အလုပ်ကို ဆက်လုပ်သည်။
အလုပ် လုပ်လို့ ရလာတဲ့ မုန့်ဖိုးတွေ စုပြီး Iris ဘေးအိမ်က ဦးလေးကြီးကို အပ်ထားဖြစ်သည်။
တဖြည်းဖြည်း နဲ့ Iris စုထားတဲ့ မုန့်ဖိုးတွေ များလာတော့ ဘေးအိမ်က ဦးလေးကြီးက သူ့ ပိုင်သည့် ကုမ္ပဏီ မှာပင် ရှယ်ယာတစ်စိတ်တစ်ပိုင်း ထည့်ထားပေးသည်။
အလုပ်စလုပ်တည်းက လွန်း အတွက် ရည်ရွယ်ပြီး ပိုက်ဆံစုခဲ့တာမို့ Iris ပိုင်ဆိုင်သမျှကုမ္ပဏီများနှင့် စာချုပ်စာတမ်း များအားလုံးကို လွန်း နာမည်နှင့်သာ လွှဲပေးထားသည်။
လွန်းကိုတော့ Iris အချိန်တစ်ခုရောက်မှ ပြောပြဖို့ စဥ်းစားထားသည်။
" လမြတ်ဝါဆို တအားကို မျက်စိတွေ နောက်နေပြီနော် မင်း ငြိမ်ငြိမ်နေလိုက်တော့ မနေရင် မင်းကိုငါ ဆွဲထိုးတော့မှာ "
" ဟုတ် မောင် လွန်းစကား နားထောင်ပါ့မယ် "
နှုတ်ခမ်းပါးပါး လေးကနေ စိတ်တိုသည့် စကားသံများ ထွက်လာပြီမို့ Iris ငြိမ်ငြိမ်နေ နေလိုက်သည်။
လူနာတွေက ဒီနေ့မှ ဂျစ်ကန်ကန် လူတွေများနေတာမို့ လွန်း စိတ်ရှည်လက်ရှည် အတတ်နိုင်ဆုံး လုပ်ပေးနေသော်လည်း မအေဘေး လမြတ်ဝါဆို က အနောက်ကနေ တကောက်ကောက် လိုက်နေတာမို့ စိတ်က ဘယ်လိုမှကို မရှည်တော့ပေ။
နာရီကြည့်တော့ ညရှစ်နာရီ ထိုးပြီးမို့ လွန်း ဂျူတီကုတ် ချွတ်ပြီး ထမင်းဘူးနှင့် Tote-Bag လွယ်ကာ ဆေးရုံပြင်ပ သို့ထွက်လာလိုက်သည်။
မနက် ကိုးနာရီကနေ ညရှစ်နာရီ အထိကို ဒီတစ်လလုံး လွန်း တာဝန်ကြသည်။
ဂျူတီချိန်ပြီးသော်လည်း လွန်း အိမ်မပြန်နိုင်သေး အချိန်ပိုင်း အလုပ်ဆီ ဝင်ရဦးမည် ဖြစ်သောကြောင့် လမြတ်ဝါဆို ကို အိမ်ပြန်ဖို့ ပြောရဦးမယ် ။
" ငါသွားစရာ ရှိသေးတယ် လမြတ်ဝါဆို မင်း ပြန်တော့ "
ဂျူတီလည်း ပြီးပြီဟာကို လွန်းက ဘယ်သွားမလို့လဲ Iris မေးချင်သော်လည်း လွန်း စိတ်ဆိုးမည် ဆိုးသောကြောင့် မမေးရဲပေ။
" မောင့်ကို လိုက်ခွင့်ပြုမလားဟင် လွန်း မျက်စိနောက်အောင် မောင် မနေဘူးလေ လွန်းထားတဲ့နေရာမှာ မောင် ငြိမ်ငြိမ်လေး ထိုင်နေမယ်လေ "
လွန်းက သူ့ကိုဘယ်လိုများ အဲ့နေရာကို ခေါ်သွားရက်မှာလဲ ။ အလုပ်က သူဌေးက အပေါက်က တော်တော်ဆိုးဆိုးထဲမှာ ပါသည်။ လွန်းကို တွေ့တာ နဲ့ လွန်းလရိပ်ဝေး
အသုံးမကျဘူး ဆိုပြီး အသံကျယ်ကြီးနဲ့ အော်ပြီး အလုပ်တွေ ဖိခိုင်းတာ။
လွန်း သူ့ကို ပြန်ပြောဖို့ စဥ်းစားတိုင်း သူ့အလုပ်ကနေ ရတဲ့ပိုက်ဆံက တစ်လ သုံးသိန်း ရှိတာမို့ ပြန်ပြန် မျိုချပြစ်လိုက်ရသည်။
" မလိုက်နဲ့ ပြန်လိုက်တော့ လမြတ်ဝါဆို "
"လွန်း စကား နားထောင်ပြီး မောင် ငြိမ်ငြိမ်လေး ပဲ နေမယ်လေ ကတိပေးပါတယ် လွန်း ရာ "
" မလိုက်နဲ့လို့ ငါသွားတော့မယ် အိမ်ပြန်လိုက်တော့ "
" မောင်လိုက်မယ်လို့ ပြောနေတယ်လေ လွန်း မင်းစကား နားထောင်ပြီး မောင် ငြိမ်ငြိမ်လေး နေမှာ တစ်ကယ် လွန်း စိတ်မရှည်ရင် မောင့်ပါးကို ဖြတ်ရိုက်ပြစ်လိုက် "
Iris တစ်ကယ် စိတ်မကောင်း ဖြစ်မိသည် သူက ငြိမ်ငြိမ်လေးပဲ နေမှာပါဆို လွန်းက သူ့ကို မခေါ်သွားချင်ဘူး။
" ငါ ကောင်မလေးနဲ့ သွားတွေ့မှာ မင်း ငါ တို့ နှစ်ယောက် ကြည်နူးပြီး ပြုံးရွှင်နေတာမြင်ချင် တယ်ဆိုရင် လိုက်ခဲ့လေ "
" ဘာပြောတယ် လွန်း ကောင်မလေး ဟုတ်လား မောင့်ကို မနောက်ပါနဲ့ ကွာ "
" အတည်ပြောနေတာ ငါသွားပြီ ထပ်လိုက်မလာနဲ့ လမြတ်ဝါဆို "
လွန်း အပြတ်ပြောပြီး သာ လှည့်ထွက်လာလိုက်သည်။
" ငါက အရင်လို မဟုတ်တော့ဘူး လမြတ်ဝါဆို အခြေနေတွေက အကုန်ပြောင်းလဲ ကုန်ပြီ "
တိုးတိုးလေးသာ ပြောလိုက်သော လွန်း စကားကိုတော့ Iris တစ်ယောက် မကြားလိုက်ပေ။
" လွန်း ကွာ "
ကောင်မလေး ဆိုသည့် စကားကြောင့် Iris ဒေါသတွေ ပေါက်ကွဲလုမတတ်ဖြစ်လာရသည်။
___________________________________________________________
GarlicBoom
တစ္ဦးဆိုင္ ရပ္ဝန္း
Zawgyi
Iris ဖက္ထားေသာ လြန္းရဲ႕ ကိုယ္သင္းနံ႕ေလးကို မက္မက္ေမာေမာ ရႈေနလိုက္သည္။
သူ႕ ေကာင္ေလး က အရပ္ႀကီးလည္း ရွည္လာလိုက္တာ လြန္းက မ်က္မွန္လည္း တပ္ထားရတယ္ဆိုေတာ့ မ်က္စိအားမေကာင္းဘူးထင္တယ္ ။
အၿမဲနမ္းရွိုက္ခ်င္ခဲ့တဲ့ လြန္းရဲ႕ ႏႈတ္ခမ္းပါးေလးက ငယ္ငယ္တုန္းကအတိုင္း ပန္းေဖ်ာ့ေရာင္ သမ္းေနတုန္း ပင္။
Iris လြန္း ဆံပင္ေတြၾကားထဲ ႏွာေခါင္း ႏွစ္ထားကာ အၾကာႀကီးနမ္းေနမိသည္။
နမ္းလို႔အားရကာမွ Iris လြန္းကို ရင္ခြင္ထဲမွ ထုတ္ၿပီး မ်က္ႏွာခ်င္းဆိုင္ ၾကည့္လိုက္သည္။
" လြန္း ေမာင္ အရမ္း ခြပ္ "
" ေခြးသူေတာင္းစား လျမတ္ဝါဆို "
" လြန္း "
" မင္းဘိုးေအႀကီးကို လြန္း ေခၚေနလိုက္ ခြပ္ "
လက္သီးသုံးကာ အားျပင္းျပင္းနဲ႕ထိုးလာေသာ လြန္းေၾကာင့္ Iris မ်က္ႏွာတစ္ျခမ္း ပူထူသြားရသည္။
သူ႕မ်က္ႏွာ နာတာ အေၾကာင္း မဟုတ္ လူနာေတြကို ကုသေပးေနတဲ့ လြန္း ရဲ႕ လက္ႏုႏုေလးေတြကိုေတာ့ သူ႕မ်က္ႏွာထိုးသည့္ အတြက္ေၾကာင့္နဲ႕ေတာ့ အထိခိုက္မခံနိုင္ပါ။
" လြန္း လက္နာမယ္ေနာ္ မထိုး ခြပ္ "
ေနာက္တစ္ခ်က္ မ်က္ႏွာေပၚကို ပစ္ဝင္လာသည့္ လက္သီးေၾကာင့္ Iris လြန္းလက္ေတြ ခ်ဳပ္ထားပစ္လိုက္သည္။
" ဖယ္စမ္း ငါ့အသားလာမထိနဲ႕ လျမတ္ဝါဆို "
လြန္း ဒီေခြးေကာင္ ကို ဆက္ထိုးခ်င္တာေၾကာင့္ မရရေအာင္ ႐ုန္းၾကည့္လိုက္ေသာ္လည္း သူ႕ထက္ပိုအားသန္သည့္ လျမတ္ဝါဆို ေၾကာင့္ ႐ုန္းမရပဲ ျဖစ္ေနေလသည္။
" ၿငိမ္ၿငိမ္ေနပါဦး လြန္းရယ္ ေမာင္ရွင္းျပပါရေစ ေမာင့္အပိုင္ေလးရယ္ "
" လီးကို ရွင္းျပ လႊတ္စမ္း လျမတ္ဝါဆို "
Iris ဘယ္လိုမွ ေျပာမရသည့္ အဆုံး ၿခိမ္းေျခာက္စကားသာဆိုလိုက္ရသည္။
" ရပ္လိုက္ေတာ့ လြန္း မင္းမရပ္ရင္ ေမာင္ မင္းႏႈတ္ခမ္းေတြ စုတ္ျပတ္သတ္တဲ့အထိနမ္းမွာေနာ္ "
" လီးကို လာနမ္း လျမတ္ဝါဆို ဖယ္စမ္း "
လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက ဘယ္ေလာက္နာက်င္ခဲ့ရလဲ လြန္းအသိဆုံး။ ပူတင္းဘူးေလးကိုင္ၿပီး သူ႕အိမ္ေရွ႕သြားရပ္ေနခဲ့တာ ျပန္လာမယ္ထင္ၿပီးလည္း ေန႕တိုင္း ေစာင့္ေနခဲ့ရတာ။
လြန္း ေျပာဖူးတာ ဒီေကာင္ မွတ္မထားဖူး လြန္းမွာ ေဘးေဘနဲ႕ သူပဲ ရွိတာပါလို႔ေလ။ အရာအားလုံးထက္ပိုၿပီး လြန္း ဒီေကာင့္ကို ဦးစားေပးခဲ့တာ ။
သူကေတာ့ ႏႈတ္တက္စကားေလး တစ္ခြန္းေတာင္ ေျပာမသြားဘူး ။
" အင္း အဲ့ေနရာလည္း နမ္းမယ္ ႏႈတ္ခမ္းေလးေတြကိုလည္း နမ္းမယ္ လြန္း ေမာင္ေျပာျပတာနားေထာင္ဦးေနာ္ "
" ဆယ္ႏွစ္ "
" ဟင္ လြန္း "
" မင္းငါ့ကို ထားခဲ့တာ ဆယ္ရက္မဟုတ္ဘူး ဆယ္လ မဟုတ္ဘူး ဆယ္ႏွစ္ ကြ လျမတ္ဝါဆို ဒီႏွစ္ေတြ အတြင္းမွာ ငါဘယ္လို ေနထိုင္ခဲ့ရလဲ မင္းသိမွာ မဟုတ္ဘူး မင္းထြက္သြားမယ္ဆိုရင္လည္း အနည္းဆုံး ငါ့ကို ႏႈတ္ဆက္စကားေလးေျပာ သြားသင့္တယ္ မဟုတ္လား လျမတ္ဝါဆို "
လြန္း စကား ေျပာေနရင္း ရွိုက္သံပါမလာေအာင္ မနည္း ႀကိဳးစားေျပာေနရသည္။
" ႏႈတ္ဆက္စကားေျပာတယ္ဆိုတာ ဘယ္ေတာ့မွ ျပန္မေတြ႕ၾကေတာ့မယ္ လူေတြအတြက္လြန္းရဲ႕ လြန္းကို ေမာင္ဘာလို႔ ႏႈတ္ဆက္စကား မေျပာခဲ့တာလည္း ဆိုေတာ့
ေမာင္တို႔က ျပန္ေတြ႕ၾကမယ့္ သူေတြမို႔လို႔ပဲ လြန္း "
" ဘယ္ေတာ့မွ ျပန္မေတြ႕ ျဖစ္ၾကရင္ေရာ လျမတ္ဝါဆို "
" ဟင့္အင္း လြန္း ဘယ္ေနရာ ဘယ္အရပ္ေဒသမွာ ျဖစ္ျဖစ္ လြန္းသာရွိေနရင္ လြန္းရွိတဲ့ေနရာေမာင္အေရာက္လာမွာ သူမ်ားေတြ အတြက္ ဘယ္ေတာ့မွ ဆိုတာ ရွိေပမယ့္ လျမတ္ဝါဆို အတြက္ ဘယ္ေတာ့မွ ဆိုတာ မရွိဘူး လြန္းအတြက္ဆိုရင္ ေမာင္ ဘာပဲလုပ္ရလုပ္ရ လုပ္ျပစ္မွာ "
Iris တစ္ကယ္ကို ေနာင္တရမိတယ္ သူ႕ကို မာမီတို႔ France သြားဖို႔ ေခၚတာ သူျငင္းျပစ္ခဲ့ရမွာ။ လြန္းေဘးနားမွာပဲ သူကပ္တြယ္ၿပီး ေနခဲ့ရမွာ။
" ဒဏ္ရာက ဘယ္လိုရလာတာလဲ အကၤ်ီျမန္ျမန္ ခြၽတ္လိုက္ လျမတ္ဝါဆို "
လက္ေမာင္းရင့္းစိမ့္ထြက္လာေသာ ေသြးေတြေၾကာင့္ လြန္း ဒီေကာင့္ကို အကၤ်ီ ျမန္ျမန္ခြၽတ္ခိုင္းလိုက္ရသည္။
လြန္းေျပာမွ Iris ဒဏ္ရာကို သတိရကာ အကၤ်ီ ခြၽတ္လိုက္ရသည္။
" အာ ေမာင့္လက္ ေမာင္ျပန္ၿပီးဓားနဲ႕ ထိုးထားတာ လြန္း ဒီလို မွ မလုပ္ရင္ လြန္းကေမာင္နဲ႕ အေတြ႕ခံမွာ မဟုတ္ဘူး ေလ "
" တေမာင္ ေမာင္နဲ႕ လီးျဖစ္ေနတာလား လျမတ္ဝါဆို "
" အာ့ လျမတ္ဝါဆို "
Iris လြန္း၏ ႏွာေခါင္း လုံးလုံးေလးကိုအသည္းယားလြန္း၍ ပါးစပ္နဲ႕ ကိုက္ပစ္လိုက္သည္။
" ပါးစပ္က တလီးလီးနဲ႕ မေျပာရဘူးေနာ္ ရိုင္းတာေမာင္မႀကိဳက္ဘူး လြန္း ေမာင့္ကို မေက်နပ္လို႔ ရွိရင္ လူငွားၿပီး ရိုက္ခိုင္း တာျဖစ္ျဖစ္ တစ္ခုခုနဲ႕ ေကာက္ေပါက္တာ ျဖစ္ျဖစ္ လုပ္လို႔ရတယ္ မဆဲရဘူး ကိုယ့္အသားနာေအာင္ မလုပ္ရဘူး ဒီေန႕ဒီအခ်ိန္ ကစၿပီး လြန္းကို ေမာင္ကာကြယ္ေပးမွာ "
ဒဏ္ရာ ေၾကာင့္ပဲလား မသိ သူ႕ မ်က္ႏွာက အနည္းငယ္ ျဖဴေဖ်ာ့လာသျဖင့္ လြန္း ဒဏ္ရာကို ၾကည့္ဖို႔လုပ္ရေတာ့သည္။
" ၿငိမ္ၿငိမ္ေနေပးေနာ္ လျမတ္ဝါဆို "
ဓားဒဏ္ရာက အရမ္းႀကီး မနက္တဲ့ အျပင္ သိပ္လည္း ဟာမေနတာေၾကာင့္ ခ်ဳပ္ဖို႔ေတာ့မလိုေပ။
အရက္ပ်ံ သုတ္ထားတဲ့ ဂြမ္းစနဲ႕ ဒဏ္ရာနားတဝိုက္ကို သန့္စင္ေပးလိုက္သည္။
စပ္ေပမယ့္လည္း မ်က္ေမွာင္ႀကီး ၾကဳတ္ကာ ႀကိတ္ခံေနသူေၾကာင့္ လြန္း မွာ ဒဏ္ရာကို ေဆးထည့္ ပတ္တီးစီးေပးကာ ျမန္ျမန္လက္စသတ္ေပးရသည္။
"တစ္ပတ္ေလာက္ ဒဏ္ရာကို ေရထိမခံနဲ႕ လျမတ္ဝါဆို "
" တစ္ပတ္ေတာင္ လား လြန္း ဟင္ "
မအီမသာႀကီး ေျပာလာသည့္ သူေၾကာင့္ လြန္းမွာ စကားလမ္းေၾကာင္း စေပးရသည္။
" ဘာျဖစ္လို႔လဲ တစ္ပတ္ ေရမခ်ိဳး႐ုံပဲေလ "
" မဟုတ္ဘူး လြန္း ေမာင္က ဒီေန႕မွ ျမန္မာျပည္ ျပန္ေရာက္တာ ေလ ေျပာရရင္ လမ္းေတြ သိပ္မမွတ္မိေသးဘူး တိုက္ခန္း မွာလည္း ေမာင္က တစ္ေယာက္ တည္း ေရလည္း မခ်ိဳးရဘူးဆိုေတာ့ ဒုကၡေရာက္တာေပါ့ လြန္းရာ အခုထိလည္း ဘာမွမစားရေသးဘူး ေမာင္ေလ လြန္းလုပ္ေႂကြးတဲ့ ပူတင္းနဲ႕ ရွမ္းေခါက္ဆြဲ ကို လြမ္းေနတာ ေနမေကာင္းတုန္းက လြန္း ျပဳတ္ေပးတဲ့ ဆန္ျပဳတ္ေရာပဲ "
" မင္းမွာ ပိုက္ဆံရွိတယ္မလား "
လြန္းအေမးေၾကာင့္ Iris ေၾကာင္ေတာင္ေတာင္နဲ႕ ေခါင္းၿငိမ့္ျပလိုက္ရသည္။
" ရွိတယ္ လြန္း ဘာျဖစ္လို႔လဲဟင္ "
" ပိုက္ဆံရွိရင္ ရတယ္ေလ မင္းဝယ္စားလို႔ရတယ္ Male Nurse လည္း ငွားလို႔ရတယ္ ဒဏ္ရာလည္း ေဆးထည့္ၿပီးၿပီ ဆိုေတာ့ မင္းျပန္လို႔ရၿပီ လျမတ္ဝါဆို ငါ Round လွည့္ဦးမယ္ "
" ေမာင္ကလူနာေလ လူနာကို ပစ္ထားၿပီး ဘယ္ ကို Round လွည့္မွာလဲ လြန္း "
" မျဖစ္စေလာက္ ဒဏ္ရာေလးနဲ႕ ေသမသြားဘူး ျပန္လိုက္ေတာ့ လျမတ္ဝါဆို "
" နိုး မျပန္ဘူး လြန္း ျပန္မွ ေမာင္ျပန္မွာ အခုထိ တစ္ေရးမွလည္း မအိပ္ရေသးဘူး ေလယာဥ္ဆိုက္ဆိုက္ခ်င္းပဲ လြန္းဆီ ေမာင္လာခဲ့တာ "
" မင္းကိုဘယ္သူလာခိုင္းလို႔လဲ "
" လြန္းကလည္း "
နား႐ြက္ႏွစ္ဖက္ကို သူ႕ဘာသူ ျပန္ဆြဲကာ ကေလးလိုလို ေခြးလိုလို လုပ္ေနသည့္ အေကာင္ေၾကာင့္ လက္ခလယ္ တစ္ေခ်ာင္း ေထာင္ျပၿပီးသာ လြန္း အေထြေထြ ကုသေဆာင္ဘက္ထြက္လာလိုက္သည္။
Iris တစ္ေန႕လုံး လြန္းေနာက္ကေန တေကာက္ေကာက္ႏွင့္ ေလွ်ာက္လိုက္ေနခဲ့သည္။
လြန္းကလည္း ဘာမွမေျပာေပမယ့္ ေဒါသထြက္ေနသည့္ ပုံေတာ့ရွိသည္။
Genius Hospital ဆိုသည္မွာ Iris ရွယ္ယာ အမ်ားဆုံး ဝင္ထားသည့္ ေဆး႐ုံတစ္႐ုံျဖစ္ၿပီး
သူ ရွယ္ယာဝင္ထားသည္ကိုလည္း ေဆး႐ုံဒါရိုက္တာႏွင့္ ရွယ္ယာရွင္ေတြမွ မွလြဲ၍ မည္သူမွ မသိေခ်။
France မွာေနတည္းက Iris ေက်ာင္းတစ္ဖက္နဲ႕ အခ်ိန္ပိုင္း အလုပ္ေတြ ဝင္လုပ္သည္။
Iris အခ်ိန္ပိုင္းအလုပ္ လုပ္တာကို ဒယ္ဒီသိသြားတုန္းကဆို တစ္ေနလုံး ထမင္းမေႂကြးပဲ ၿခံတံခါးအျပင္မွာသာ Iris ကို ထုတ္ထားသည္။
Iris ကလည္း အေလွ်ာ့မေပးပဲ အခ်ိန္ပိုင္း အလုပ္ကို ဆက္လုပ္သည္။
အလုပ္ လုပ္လို႔ ရလာတဲ့ မုန့္ဖိုးေတြ စုၿပီး Iris ေဘးအိမ္က ဦးေလးႀကီးကို အပ္ထားျဖစ္သည္။
တျဖည္းျဖည္း နဲ႕ Iris စုထားတဲ့ မုန့္ဖိုးေတြ မ်ားလာေတာ့ ေဘးအိမ္က ဦးေလးႀကီးက သူ႕ ပိုင္သည့္ ကုမၸဏီ မွာပင္ ရွယ္ယာတစ္စိတ္တစ္ပိုင္း ထည့္ထားေပးသည္။
အလုပ္စလုပ္တည္းက လြန္း အတြက္ ရည္႐ြယ္ၿပီး ပိုက္ဆံစုခဲ့တာမို႔ Iris ပိုင္ဆိုင္သမွ်ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္စာတမ္း မ်ားအားလုံးကို လြန္း နာမည္ႏွင့္သာ လႊဲေပးထားသည္။
လြန္းကိုေတာ့ Iris အခ်ိန္တစ္ခုေရာက္မွ ေျပာျပဖို႔ စဥ္းစားထားသည္။
" လျမတ္ဝါဆို တအားကို မ်က္စိေတြ ေနာက္ေနၿပီေနာ္ မင္း ၿငိမ္ၿငိမ္ေနလိုက္ေတာ့ မေနရင္ မင္းကိုငါ ဆြဲထိုးေတာ့မွာ "
" ဟုတ္ ေမာင္ လြန္းစကား နားေထာင္ပါ့မယ္ "
ႏႈတ္ခမ္းပါးပါး ေလးကေန စိတ္တိုသည့္ စကားသံမ်ား ထြက္လာၿပီမို႔ Iris ၿငိမ္ၿငိမ္ေန ေနလိုက္သည္။
လူနာေတြက ဒီေန႕မွ ဂ်စ္ကန္ကန္ လူေတြမ်ားေနတာမို႔ လြန္း စိတ္ရွည္လက္ရွည္ အတတ္နိုင္ဆုံး လုပ္ေပးေနေသာ္လည္း မေအေဘး လျမတ္ဝါဆို က အေနာက္ကေန တေကာက္ေကာက္ လိုက္ေနတာမို႔ စိတ္က ဘယ္လိုမွကို မရွည္ေတာ့ေပ။
နာရီၾကည့္ေတာ့ ညရွစ္နာရီ ထိုးၿပီးမို႔ လြန္း ဂ်ဴတီကုတ္ ခြၽတ္ၿပီး ထမင္းဘူးႏွင့္ Tote-Bag လြယ္ကာ ေဆး႐ုံျပင္ပ သို႔ထြက္လာလိုက္သည္။
မနက္ ကိုးနာရီကေန ညရွစ္နာရီ အထိကို ဒီတစ္လလုံး လြန္း တာဝန္ၾကသည္။
ဂ်ဴတီခ်ိန္ၿပီးေသာ္လည္း လြန္း အိမ္မျပန္နိုင္ေသး အခ်ိန္ပိုင္း အလုပ္ဆီ ဝင္ရဦးမည္ ျဖစ္ေသာေၾကာင့္ လျမတ္ဝါဆို ကို အိမ္ျပန္ဖို႔ ေျပာရဦးမယ္ ။
" ငါသြားစရာ ရွိေသးတယ္ လျမတ္ဝါဆို မင္း ျပန္ေတာ့ "
ဂ်ဴတီလည္း ၿပီးၿပီဟာကို လြန္းက ဘယ္သြားမလို႔လဲ Iris ေမးခ်င္ေသာ္လည္း လြန္း စိတ္ဆိုးမည္ ဆိုးေသာေၾကာင့္ မေမးရဲေပ။
" ေမာင့္ကို လိုက္ခြင့္ျပဳမလားဟင္ လြန္း မ်က္စိေနာက္ေအာင္ ေမာင္ မေနဘူးေလ လြန္းထားတဲ့ေနရာမွာ ေမာင္ ၿငိမ္ၿငိမ္ေလး ထိုင္ေနမယ္ေလ "
လြန္းက သူ႕ကိုဘယ္လိုမ်ား အဲ့ေနရာကို ေခၚသြားရက္မွာလဲ ။ အလုပ္က သူေဌးက အေပါက္က ေတာ္ေတာ္ဆိုးဆိုးထဲမွာ ပါသည္။ လြန္းကို ေတြ႕တာ နဲ႕ လြန္းလရိပ္ေဝး
အသုံးမက်ဘဴး ဆိုၿပီး အသံက်ယ္ႀကီးနဲ႕ ေအာ္ၿပီး အလုပ္ေတြ ဖိခိုင္းတာ။
လြန္း သူ႕ကို ျပန္ေျပာဖို႔ စဥ္းစားတိုင္း သူ႕အလုပ္ကေန ရတဲ့ပိုက္ဆံက တစ္လ သုံးသိန္း ရွိတာမို႔ ျပန္ျပန္ မ်ိဳခ်ျပစ္လိုက္ရသည္။
" မလိုက္နဲ႕ ျပန္လိုက္ေတာ့ လျမတ္ဝါဆို "
"လြန္း စကား နားေထာင္ၿပီး ေမာင္ ၿငိမ္ၿငိမ္ေလး ပဲ ေနမယ္ေလ ကတိေပးပါတယ္ လြန္း ရာ "
" မလိုက္နဲ႕လို႔ ငါသြားေတာ့မယ္ အိမ္ျပန္လိုက္ေတာ့ "
" ေမာင္လိုက္မယ္လို႔ ေျပာေနတယ္ေလ လြန္း မင္းစကား နားေထာင္ၿပီး ေမာင္ ၿငိမ္ၿငိမ္ေလး ေနမွာ တစ္ကယ္ လြန္း စိတ္မရွည္ရင္ ေမာင့္ပါးကို ျဖတ္ရိုက္ျပစ္လိုက္ "
Iris တစ္ကယ္ စိတ္မေကာင္း ျဖစ္မိသည္ သူက ၿငိမ္ၿငိမ္ေလးပဲ ေနမွာပါဆို လြန္းက သူ႕ကို မေခၚသြားခ်င္ဘူး။
" ငါ ေကာင္မေလးနဲ႕ သြားေတြ႕မွာ မင္း ငါ တို႔ ႏွစ္ေယာက္ ၾကည္ႏူးၿပီး ၿပဳံး႐ႊင္ေနတာျမင္ခ်င္ တယ္ဆိုရင္ လိုက္ခဲ့ေလ "
" ဘာေျပာတယ္ လြန္း ေကာင္မေလး ဟုတ္လား ေမာင့္ကို မေနာက္ပါနဲ႕ ကြာ "
" အတည္ေျပာေနတာ ငါသြားၿပီ ထပ္လိုက္မလာနဲ႕ လျမတ္ဝါဆို "
လြန္း အျပတ္ေျပာၿပီး သာ လွည့္ထြက္လာလိုက္သည္။
" ငါက အရင္လို မဟုတ္ေတာ့ဘူး လျမတ္ဝါဆို အေျခေနေတြက အကုန္ေျပာင္းလဲ ကုန္ၿပီ "
တိုးတိုးေလးသာ ေျပာလိုက္ေသာ လြန္း စကားကိုေတာ့ Iris တစ္ေယာက္ မၾကားလိုက္ေပ။
" လြန္း ကြာ "
ေကာင္မေလး ဆိုသည့္ စကားေၾကာင့္ Iris ေဒါသေတြ ေပါက္ကြဲလုမတတ္ျဖစ္လာရသည္။
___________________________________________________________
GarlicBoom