အမုန္း ' ကင္း၍ 'အခ်စ္ျဖင့္ '...

By Edelweiss_Yu

25.6K 1.1K 434

Zawgyi + Unicode တတိယOC ficေလးပါ အိမ္ေထာင္ေရးဇာတ္လမ္းေလး Start date - 19. 7. 2021 End date - ???? Zawgyi + Un... More

မိတ္ဆက္🙆🙇‍♀️
အပိုင္း ၁ ( zaw+uni)
အပိုင္း ၂ ( zaw + uni)
အပိုင္း ၃ ( zaw + uni)
အပိုင္း ၄ ( zaw+uni)
အပိုင္း ၅ ( zaw+uni)
အပိုင္း ၆ ( zaw + uni )
အပိုင္း ၇ ( zaw + uni )
အပိုင္း ၈ ( zaw + uni )
အပိုင္း ၉ ( zaw+uni )
အပိုင္း ၁၀ ( zaw+uni )
အပိုင္း ၁၁ ( zaw+uni )
ထီးဆဲခါး ေရတံခြန္ပုံ 📸🖼
အပိုင္း ၁၂ ( zaw + uni)
အပိုင္း ၁၃ (zaw + uni)
အပိုင္း ၁၄ (zaw+uni)
အပိုင္း ၁၅ (zaw+uni)
အပိုင္း ၁၆(zaw+uni)
အပိုင္း ၁၇ (zaw+uni)
ေက်းဇူးတင္လႊာ💘🙏
ဇာတ္ေကာင္ေတြနဲ႔အေမးေျဖ လုပ္ၾကရေအာင္🖤💘
No extra💔
Extra

အပိုင္း ၁၈ ( zaw+uni)/final

1K 37 14
By Edelweiss_Yu

Zawgyi + Unicode

ျပတင္းေပါက္ မွတစ္ဆင့္ အိမ္ခန္းအတြင္း ျဖာက်လာတဲ႕ ေနအလင္းေရာင္ေၾကာင့္ မ်က္ဝန္းခိုက္မွာ မ်က္စိစူးၿပီး ဆက္အိပ္မရျဖစ္လာသည္ ။ မ်က္လုံးဖြင့္ဖြင့္ခ်င္း ျမင္လိုက္ရတဲ့ လက္သည္းျဖင့္ ကုတ္ျခစ္ခံထားရလို့ အဆင္း​ေျကာင္းမ်ားျပည့္ေနတဲ႕ ရင္အုပ္က်ယ္က်ယ္ကုိ တန္းျမင္လိုက္ရသည္ ။ ေသြးစေလးေတြေတာင္ ခဲေနၿပီမို႔ မ်က္ဝန္းခိုက္မွာ စိတ္ပူၿပီး ျပာျပာသလဲ ထမိတဲ့အဆုံး ေအာက္ဘက္တစ္ေနရာက စူးခနဲျဖစ္သြားၿပီး ခါး႐ိုးတစ္ေလ်ွာက္နာက်င္မႈက ပ်ံ႕ႏွံ႕သြားေလသည္ ။

'' အ့ ကြၽတ္ ကြၽတ္ ။ ''

'' အင္း ေမာင့္အခ်စ္ႏိူးၿပီလား ၊ အရမ္းနာေနလား ညကေတာ့ေမာင္ေသခ်ာ သန္႔စင္ေပးၿပီး ေဆးလိမ္းေပးထားတယ္ ။ မွန္း ကုိယ္ေရာပူေနသလား မသိ ။ ''

အိပ္ခ်င္မူးတူး နဲ႔ ေမာင္သည္ သူ႔ၿငီးျငဴသံၾကားတာနဲ႕ ျပာျပာသလဲ ထလာၿပီး စိုးရိမ္သည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ကာ အဆက္မျပတ္ ေမးခြန္းမ်ား ​ေမးလာသည္ ။

'' ရပါတယ္ ေမာင္ ၊ ခိုက္ ဘာမွမျဖစ္ဘူး ေမာင္သာ ခိုက္ေၾကာင့္ အမာရြတ္ေတြထင္ေတာ့မယ္ ။ ''

'' ဟာ...မဟုတ္တာ ေမာင့္ နာက်င္မႈက အေသးမႊားပါ ။ ခိုက္သာ ပုိနာက်င္ရတာ ၊ ည...ညက ေမာင္ စိတ္လြတ္သြားတာ ညက ခိုက္က အရမ္း~~လွတယ္ ။ ''

မ်က္ဝန္းခိုက္ မွာ ထရယ္မိမတတ္ပဲ ၊ ညက မ်က္ႏွာတည္ႀကီး နဲ႔ ေသာင္းက်န္းခဲ့တာ သူမဟုတ္တဲ့အတိုင္းပဲ ။ သူကပဲ ႐ွက္ရတယ္႐ွိေသး ဟားဟား ။

'' ခံရတဲ့သူက ခိုက္ပါ ေမာင္ရဲ႕ ၊ ဘယ့္ႏွယ့္ေမာင္က အပ်ိဳျဖန္းေလး သိမ္းပိုက္ခံရသလို ႐ွက္ေနတာလဲ ။ ခိုက္ ႐ွက္ဖို႔လည္း ထားပါဦး မိန္းမပ်ိဳေလးရဲ႕ ။ ''

'' ဟာ ခိုက္ကလည္းကြာ ေမာင္ မ႐ွက္ပါဘူးဗ်ာ ။ ''

'' ဟား ဟား ဟုတ္ပါၿပီ အရင္ဆုံး ေရခ်ိဴးခန္းထဲခ်ီ ပို႔ေပးဦးေမာင္ ။ ခိုက္ လမ္းေလ်ွာက္ႏိုင္မယ္မထင္ဘူး ။ ''

ထိုေတာ့မွ မ႐ွက္ဘူးေျပာၿပီး မ်က္ႏွာရဲေနတဲ႕ ေမာင္သည္ သူ႔အနားတို႔ ကပ္လာၿပီး ကေလးတစ္ေယာက္ကုိ ခ်ီသလို ခါးခြင္ခ်ီလိုက္သည္ ။ အား......႐ွက္လိုက္တာ ေမာင္ၾကေတာ့ ေဘာင္းဘီဝတ္ထားၿပီး သူၾကေတာ့ အခုခ်ိန္ထိ အဝတ္ကင္းလြတ္ေနသည္ ။ ေမာင့္ ရင္ဘတ္ကုိ ကုန္းကုိက္လိုက္ကာ ။

'' ေမာင္က အက်င့္ပုတ္ ၊ ခိုက္ၾကအခုခ်ိန္ထိ အဝတ္စား မဝတ္ေပးထားဘူး ။ ''

ေမာင့္ လည္ပင္းကုိ တြဲခိုထားရင္းနဲ႕ ေမာင့္လည္ပင္းၾကား မ်က္ႏွာ အပ္ထားမိတယ္ ။ ေရခ်ိဳးခန္းထဲ ေရာက္တာနဲ႔ ေမာင္က ခိုက္ကုိ ေရခ်ိဳးေဘာင္မွာ တင္လိုက္သည္ ၊ မ်က္ဝန္းခိုက္ ေပါင္ၾကားထဲ မတ္တပ္ရပ္ေနတဲ့ ေမာင့္ခါးကုိ ေျခခ်ိတ္လိုက္ၿပီး ထိစပ္လာတဲ့ ေမာင့္ႏႈတ္ခမ္းေႏြးေႏြးကုိ ျငင္သာစြာ တုံ႕ျပန္မိတယ္ ။

တျဖည္းျဖည္း မြတ္သိပ္ၾကမ္းတမ္းလာတဲ့အနမ္းေတြ ထိုသုိ႔ႏွင့္ ေနာက္ထပ္အျပာေရာင္ခရီးစဥ္ေလးထပ္စခဲ့ၿပီး ေနာက္ထပ္ အခ်စ္အမွတ္ေတြ ခႏၶာကိုယ္ အႏွံ႕ပ်ံ႕ႏွံ႕လာသည္ ။

'' ေရး ကုိယ္သြားေတာ့မယ္ေနာ္ ၊ ဒီေန႔ေတာ့ ည၉နာရီဆို နားေတာ့ေနာ္ ။ ''

'' ဟုတ္ပါၿပီ ရန္ေႁခြရယ္ ၊ သြား သြား အလုပ္ေနာက္က်ေနမယ္ ။ ခ်စ္တယ္ ေနာ္ ။ ''

'' ကုိယ္လည္း ခ်စ္တယ္ ။ ''

ထြက္ခြာသြားတဲ့ ရန္ေႁခြ႔ ေက်ာျပင္ကုိ ေငးၾကည့္ရင္း လြန္ခဲ့တဲ့ ရက္က ျပႆနာတက္တာကုိေတြးၿပီး စိတ္ထဲမေကာင္းျဖစ္သြားရသည္ ။ တကယ္ဆိုရင္ ရန္ေႁခြက သူ႔ကုိေဆး႐ုံႀကီးမွာ မလုပ္ခိုင္းပဲ ႐ိုး႐ိုးအျပင္ေဆးခန္းေလးဖြင့္ၿပီး သက္သက္သာသာလုပ္ေစခ်င္တာတဲ့ေလ ။ ေဆးခန္းေလးေဆာက္ေပးထားတာကုိ လ်ိႈ့ဝွက္ထားၿပီး သူအံ႕ျသေအာင္ လုပ္မလို႔တဲ့ေလ ။ ဒါကုိသူက မသိပဲ ရန္ေႁခြ႔အေပၚ စိတ္ထားေသးသိမ္တဲ့ သူလိုမ်ိဳးဆက္ဆံမိတယ္ ။

အေတြးေတြကုိ ရပ္တန္႔ကာ ေဆး႐ုံသြားရန္ အျမန္ ျပင္ဆင္မိတယ္ ။ ေက်းဇူးပါ ကံၾကမၼာႀကီးေရ ေနာက္တစ္ႀကိမ္ျပန္လည္ ဆုံစည္းခြင့္ေပးခဲ့လို႔ ။

.....

'' ဦးေစ သြားခ်င္ရင္သြား မလုိက္ခ်င္ဘူး ကြၽန္ေတာ္။''

'' ဘာလို္႔လဲ ဟန္ရယ္ ၊ သူငယ္ခ်င္းေတြ မိတ္ဆုံစားပြဲမွာ ဟန္နဲ႔ကုိယ့္ရဲ႕ ဆက္ဆံေရးကုိ အေသခ်ာေၾကာ္ျငာဖို႔ေလ။ လိုက္ခဲ့ပါ ဟန္ရယ္ ။ ''

ဦးေစသည္ တစ္မနက္လုံးသူ႔ေနာက္ကုိ လိုက္ကာ ကေလးတစ္ေယာက္ လို ဂ်ီၿပီး ညဘက္မိတ္ဆုံစားပြဲ လိုက္ဖို႔ေျပာေနေလသည္ ။ အခုလည္း ေရခ်ိဳးၿပီး ေခါင္းသုတ္ေနတုန္း ႐ွိေသး အေနာက္ကေန တဂ်ီဂ်ီလုပ္ေနတဲ့ ဦးေစေၾကာင့္။

'' ဘယ္လိုျဖစ္ေနတာလဲ မလိုက္ခ်င္ပါဘူး ၊ ႐ႈပ္႐ႈပ္ယွက္ယွက္ေတြ ။ ဦးေစသာ သူငယ္ခ်င္း ေတြနဲ႔ ေအးေဆးေပ်ာ္ခဲ့ ၊ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ဆက္ဆံေရးက အျခားသူေတြ မသိလည္း ရပါတယ္ ။ အသက္ေတြလဲ ႀကီးေနၾကၿပီ ဒီလိုေတြေျပာစရာမလိုေတာ့ဘူးေလ ။ ''

'' ဟန္က ကုိယ့္စိတ္ကုိ နားမလည္ဘူး ။ ''

ေက်ာခိုင္းကာ ကုတင္ေပၚ မွာ ထိုင္လိုက္တဲ့ ဦးေစေၾကာင့္ အေ႐ွ႕မွာ သြားရပ္ၿပီး ။

'' ဦးေစကသာ ဟန္႔စကားကုိ နားမလည္တာ ။ ''

'' အဓိပၸာယ္ မ႐ွိလိုက္တာ ေနဇက္ဟန္ ၊ ကုိယ့္ဘဝမွာ ပထမဆုံး ခ်စ္မိတဲ့သူကုိ ဒီအခ်ိန္မွ မိတ္ဆက္ခြင့္ရလို႔ ကုိယ္က မင္းကုိ ထုတ္ျပခ်င္တာ ။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ဆယ္ေက်ာ္ကာလ ပတ္လုံး မခ်စ္တဲ့သူနဲ႔အတူေနရင္း ကုိယ္သိမ္ငယ္ခဲ့တာ ဟန္ ။ ေနာက္ၿပီး....အင္း ထားပါေတာ့ ကုိယ္ဒီေန႔ အိမ္ျပန္ေနာက္က်မယ္ အိပ္ႏွင့္ ။ ''

တံခါးဘက္ကုိ ေျခဦးလွည့္ေနတဲ့ ဦးေစကုိ အေနာက္ကေန ေပြ႔ဖက္ရင္း ။

'' မဟုတ္ဘူး ဦးေစ အဲ့လို လွည့္မထြက္သြားပါနဲ႕ ၊၊ ဟန္ကေလ ဦးေစ သိကၡာထိခိုက္မွာစိုးလို႔ မလိုက္ခ်င္ဘူး ေျပာခဲ့တာ ။ ဟန္လည္း ႂကြားခ်င္တာေပါ့ ဦးေစရယ္ ၊ ဦးေစလက္ကုိတြဲၿပီး ဒါငါ့အပိုင္လူပါလို႔ဆိုၿပီး ။ ဒါေၾကာင့္မို႔ ဦးေစက ဟန္႔ကုိ အထင္မလြဲပါနဲ႔ ဗ်ာ ။ ''

'' အင္းပါ ကုိယ္အထင္မလြဲေတာ့ပါဘူး ၊ ဒါေပမဲ့ ဟန္႔ကုိ လက္တြဲျပလိုက္တာနဲ႔ ကုိယ္သိကၡာၾကမယ္ဆိုတာ မေတြးပါနဲ႔ ။ တစ္ခါတစ္ေလ အရမ္းအေတြး လြန္ရင္မေကာင္းဘူးဟန္ ကုိယ္ကမင္းကုိခ်စ္တယ္ ၊ မင္းကလည္း ကုိယ့္ကုိခ်စ္တယ္လို႔သာ ေတြးေနပါ ဟန္ ။ ''

ႏွဖူးေပၚ ဝဲက်ေနတဲ့ သူ႔ဆံပင္ေတြကုိ သပ္တင္ေပးရင္း ႏွဖူးေလးကုိ ညင္ညင္သာသာ အနမ္းေႁခြလာတဲ့ ဦးေစကုိတင္းျကပ္စြာ ​ေပြ႔ဖက္ထားမိတယ္ ။ မခြဲဘူး ခင္ဗ်ားနဲ႔ ဘယ္ေတာ့မွ မခြဲခ်င္ဘူး ။

ဒီေန႔ ေမာင္ နဲ႔ မ်က္ဝန္းခိုက္ မဂၤလာဝတ္စုံေလး သြားေရြးမဲ့ေန႔ ။ မ်က္ဝန္းခိုက္ မ်က္ႏွာသည္ မနက္ခင္းကတည္းက ၾကည္လင္ကာ ေပ်ာ္ျမဴးေနသလို ၊ ေဏးလည္း ထပ္တူေပ်ာ္ရႊင္ေနပါသည္ ။

'' သခင္ေလး နဲ႕ ဆရာ လွပတဲ့အဝတ္စားေလးနဲ႕ အျမန္ဆုံးေတြ႔ခ်င္ေနၿပီေနာ္ ။ ႏွစ္ေယာက္က အခုမွ ေကာ္နဲ႔ကပ္ထားသလိုပဲ ျဖစ္ေနၿပီ ။ ''

ၾကည္ၾကည္က တံျမက္စည္း လွဲေနရင္း အိမ္ေပၚထပ္က လက္ခ်င္းခ်ိတ္ကာ ဆင္းလာတဲ့ ေဏး နဲ႕ မ်က္ဝန္းခိုက္ကုိ စေနာက္လိုက္သည္ ။ မြန္ေလးကလည္း ေဘးနားကေန တခစ္ခစ္ရယ္ၿပီး ။

'' ဟုတ္ပါ့ဟယ္ ဟိဟိ ။ ''

မြန္ေလးက ေခါင္းေလးတၿငိမ့္ၿငိမ့္ နဲ႕ ေထာက္ခံစကားဆိုလာသည္ ။ မ်က္ဝန္းခိုက္က မြန္ေလး နဲ႕ ၾကည္ၾကည္ကုိၾကည့္ၿပီး ။

'' ေအးေအး နင္တို႔ႏွစ္ေယာက္ ျပန္လာရင္ မုန္႔စားရမယ္မထင္နဲ႔ ။ ''

အေနာက္က မြန္ေလး နဲ႕ ၾကည္ၾကည္ရဲ႕ အေနာက္ကုိရီးယားအသံေတြသည္ နားမလည္ေလာက္ေအာင္ကုိ ေတာက္ေလ်ွာက္ထြက္လာေလသည္ ။ ေမာင္ကေတာ့ သူ႔ကုိေငးၾကည့္ၿပီး ႏွာထိပ္ေလးကို ဆြဲညစ္လာသည္ ။

တစ္ေန႔လုံး ေမာင္ နဲ႔ သူ လက္ဖဝါးခ်င္းယွက္ကာ mallႏွ့ံေလ်ွာက္သြားရင္း အဝတ္စားေတြဝယ္ မုန္႔ေတြစားၿပီး မွ wedding dress ေရာင္းတဲ့ ဆိုင္ကုိသြားသည္ေလ ။ စိတ္ႀကိဳက္ အဝတ္စားေရြးၿပီးတာနဲ႔ မနက္ျဖန္(........)ကုိ သြားဖို႔ ေလယာဥ္လက္မွတ္ ဆယ့္ႏွစ္ေစာင္ဝယ္ၿပီး အိမ္သို႔ျပန္လာခဲ့သည္။

အိမ္ေရာက္ေတာ့ အဝတ္စားေတြ ဘာေတြ ျပင္ဆင္ၿပီးတာနဲ႕ ေမာင္နဲ႔အတူ ေဆး႐ုံသုိ႔ ျပန္ထြက္လာခဲ့သည္ ။ ေဆး႐ုံေရာက္ေတာ့ ေမာင္က သူ႔အစ္ကုိ ကုိပ်ဴေစအံ႕ေဘးမွာထိုင္ၿပီး ျမန္ျမန္ ႏိူးထဖို႔ရာ ကေလးဆိုးတစ္ေယာက္လို ဂ်စ္တိုက္ေနေလသည္ ။ ေမာင့္အေမကေတာ့ ၾကည့္ရင္း ျပဳံးသာ ျပဳံးေနေလသည္ ။ ည၈နာရီေလာက္ထိ ေဆး႐ုံမွာပဲ အခ်ိန္ကုန္ဆုံးၿပီးတာနဲ႔ အိမ္သုိ႔ ျပန္လာခဲ့ၾကသည္ ။

မနက္က ေလ်ွာက္ပတ္ခဲ့လို႔ ပင္ပန္းခဲ့တာေရာ ေဆး႐ုံမွာပါ အခ်ိန္အၾကာႀကီး ထိုင္ခဲ့တာေၾကာင့္ ေညာင္းညာၿပီး လူကပင္ပန္းေနေလၿပီ ။ မနက္ၾကရင္လည္း ခရီးသြားရဦးမွာဆိုေတာ့ ကုတင္ေပၚမွာ လွဲအိပ္ေနတဲ့ ေမာင့္ရင္ခြင္ထဲဝင္ၿပီး ပင္ပန္းသမ်ွ အတိုးခ်ကာ ခိုဝင္အိပ္စက္မိတယ္ ။

ေနာက္ေန့ မနက္ခင္း ၇နာရီက ရန္ကုန္မွ ထြက္တဲ့ေလယာဥ္သည္ မနက္၉နာရီတြင္(.....)ကုိ ေရာက္သည္ ။ အဲ့ေနာက္ ပါလာတဲ့ ရန္ေႁခြနဲ႔ကုိစစ္ေရး ၊ မ်က္ဝန္းခိုက္ ဒယ္ဒီ ၊ ဦးေစ နဲ႔ ေလးငယ္ ( ေနဇက္ဟန္)၊ ေမာင့္အေမ( ေနာ္ယိမ္း) ၊ ၾကည္ၾကည္ နဲ႕ မြန္မြန္ ေနာက္ေတာ့ ဆင့္မင္းဝန္ အားလုံး ဟိုတယ္ခန္း တစ္ခန္းစီ ငွါးၿပီး အနားယူလိုက္ၾကသည္ ။

.....

ေန႔လည္ ႏွစ္နာရီ ေရာက္ေတာ့ ဆက္ၿပီးနားလို႔မရေတာ့တာက ေဏး နဲ႔ မ်က္ဝန္းခိုက္ရယ္ပါ ။ မဂၤလာပြဲအတြက္ ျပင္ဆင္ရင္ ငွါးထားတဲ့ အိမ္သို႔သြားရေလသည္ ။ သူနဲ႕ေမာင္ မဂၤလာေဆာင္တဲ႕ ေနရာေလးသည္ ႐ိုး႐ွင္းသည္ ။ မ်က္ဝန္းခိုက္ အႀကိဳက္ဆုံး ဂႏၶာမာပန္းအျဖဴနဲ႔ အဝါေရာင္ေရာယွက္ေနတဲ့ ဂႏၶာမာခင္းတြင္ သူနဲ႔ေမာင္ရဲ့ မဂၤလာအခမ္းနားေလးျပဳလုပ္ခဲ့သည္ ။

( ဒီကေနစျပီးBeautiful in whiteသီခ်င္းေလး တိုးတိုးေလး ဖြင့္ျပီး ဖတ္ဗ်❌ )

ေဏး ရင္ခုန္စြာ ေစာင့္ေနမိသည္ ၊ သူ႔အတြက္ လွပၿပီး ႐ႈမၿငီးဝတဲ့ သက္ဝင္ပန္းခ်ီကား တစ္ခ်ပ္ကေလးကုိ ေတြ႔ရေတာ့မဲ့ အခ်ိန္နီးလာေလၿပီ ။ အေလာတႀကီး စီစဥ္လိုက္တဲ့ မဂၤလာပြဲျဖစ္ေပမဲ႕ အရာအားလုံး အကြက္က်က် လွပစြာျပင္ဆင္ထားသည္ေလ ။ ဂႏၶာမာခင္းပတ္ပတ္လည္ ၾကားထဲမွာ လူသြားလမ္း ေကာ္ေဇာအနီေရာင္ခင္းထားၿပီး ေလ်ွာက္လမ္းေဘးတြင္ေတာ့ မိသားစုဝင္ေတြ ထိုင္ဖို႔ရာ ဖန္အၾကည္ေရာင္ စားပြဲဝိုင္း ႏွစ္ဝိုင္း တစ္ဖက္စီတြင္ခ်ထားသည္ ။

မဂၤလာအခမ္းနားေၾကာ္ျငာမည့္ေနရာတြင္ေတာ့ ဂငယ္ေကြ႔ပုံစံအလွဝင္ေပါက္ေလးလုပ္ထားၿပီး ဂနၶာမာပန္းတစ္ပြင့္စီကုိ လွပစြာ ကပ္ကာ ေသခ်ာအႏုစိတ္မြန္းမံထားသည္ေလ ။ မဂၤလာအခမ္းနားေတြ မိသားစုေတြ စုံေနၿပီျဖစ္ၿပီး အခမ္းနားထိပ္တြင္ေတာ့ ၾကက္ေသြးေရာင္ အေနာက္တိုင္းဝတ္စုံကုိ ေတာက္ေျပာင္ေနတဲ့ ႐ွဴးဖိနပ္အနက္ျဖင့္ ေသသပ္စြာဝတ္ဆင္ထားတဲ့ ေဏးကုိ ဦးစြာေတြ႔ရမည္ေလ ။

အရပ္႐ွစ္မ်က္ႏွာမွ ေလေျပေလညႇင္းေတြကလည္း မဂၤလာေဆာင္မည့္ သတို႔သား ႏွစ္ဦးကုိ ေကာင္းခ်ီးေပးေနသေယာင္ ။ တစ္ဖန္ေလေျပညႇင္းေလးေတြၾကား ထြက္ေပၚလာတဲ့ အရိပ္ေလးေၾကာင့္ ေဏး ရင္ေတြအဆမတန္ခုန္လာသည္ ။ ရင္ဘတ္ထဲျမင္အေကာင္တစ္ေသာင္း ဒုန္းဆိုင္းေျပးသြားသလို ၊ အိမ္မက္ဆန္ဆန္လွပလြန္းတဲ႕ သူေလးကုိ တေမ့တေမာေငးၾကည့္ေနရာမွ ဝဲတက္လာတဲ့ မ်က္ရည္စေတြ ။

တျဖည္းျဖည္း သူနဲ႔နီးကပ္လာတဲ့ သက္ဝင္ပန္းခ်ီကားေလးကုိ အၾကည့္လုံးဝ လႊဲျခင္းမ႐ွိပဲ သူ႔အေ႐ွ႕မွာ မတ္တပ္ရပ္ေနသည္အထိေငးၾကည့္ေနမိတယ္ ။ ဆင္စြယ္ေရာင္ ဆံႏြယ္ေလးေတြသည္ သပ္ရပ္စြာ ေဘးတစ္ဖက္ကုိ ခြဲတင္ထားၿပီး ၊ အရင္ကတည္းက ညိဳ႕ယူအားျပင္းတဲ့ မ်က္ဆံနက္နက္ေလးေတြသည္ ဒီေန႔မွၾကယ္ပြင့္ေလးေတြထက္လင္းလက္လို႔ ။ ေဆးကူထားတာေၾကာင့္ အရင္ကထက္ရဲစိုကာေဖာင္းအိေနတဲ့ ႏႈတ္ခမ္းပါးေလးကုိ အၾကည့္အေရာက္ ေလႏွင္ရာအတိုင္း ယိမ္းႏြဲ႔ေနတဲ့ ဂႏၶာမာပန္းေလးေတြေတာင္ ယိမ္းႏြဲ႔ျခင္းေတြ ရပ္တန္႔သြားသလို ။

ခိုက္ရဲ႕ လႈပ္႐ွားမႈတိုင္းသည္ ေဏးအတြက္ သီးသန္႔ျဖစ္တည္ေရြ႔လ်ားေနသလိုမ်ိဴးျဖစ္ေနေလသည္ ။ နဂိုကတည္းက ျဖဴေဖြးဥေနသည့္အသားရည္ေလးျဖင့္တာေၾကာင့္ ၾကက္ေသြးေရာင္ အေနာက္တိုင္းဝတ္စုံေလးနဲ႔ ေဆးျခယ္လိုက္တဲ့အခါ ပိုၿပီးေတာင္ လွပေနသည္ ။ မ်က္ဝန္းခိုက္သည္ အခုခ်ိန္ထိ မ်က္ေတာင္မခတ္ပဲျကည့္ေနတဲ့ ေမာင့္ကုိ ျပန္ေငးၾကည့္ေနမိတယ္ ။

႐ွည္ေနၿပီျဖစ္တဲ့ ဆံပင္အနက္ေရာင္ေတြကုိ လွန္ကာဖီးသင္ထားၿပီး ၊ ႐ွင္းလင္းစြာေပၚေနတဲ့ ေမာင့္မ်က္ႏွာကုိေသခ်ာျကည့္ေနမိတယ္ ။ ဘယ္ဘက္မ်က္ခုံးနက္နက္ အစြန္းနားေတြ ႐ွိတ္ထိုးထားတာေၾကာင့္ ေမာင့္ပုံစံက ဂြၽတ္ဆက္ဆက္ျဖစ္ေနေပမဲ့ ေယာက်ာ္းပီသလြန္းတာေၾကာင့္အသက္႐ႈရပ္မတတ္ပဲ ။ နီညိဳေရာင္သန္းေနတဲ့ ေမာင့္ႏႈတ္ခမ္းပါးမွာလည္း အရင္ကထက္ဆြဲေဆာင္မႈေတြ႐ွိေနေလသည္ ။ စူး႐ွတဲ့ ေမာင့္မ်က္ဝန္းတို႔မွာလည္း ယခုတြင္ေတာ့ အရည္ၾကည္ေတြ ရစ္သိုင္းေနလို့ ။

'' ကဲ ကဲ သတို႔သားႏွစ္ေယာက္ၿပီးမွ တေမ့တေမာ ေငးၾကေပါ့ ။ အခုေတာ့ မဂၤလာအခမ္းနားေလး စလိုက္ရေအာင္ဗ်ာ ။ ''

ဆင့္မင္းဝန္ စေနာက္မႈေၾကာင့္အေ႐ွ႕က သတို႔သားႏွစ္ေယာက္မွာ ႐ွက္သြားၿပီး မိသားစုေတြကေတာ့ ပြဲၾကကုန္သည္ ။

'' သတို႔သား ေဏးသည္ သတို႔သား မ်က္ဝန္းခိုက္အား အိုသည္ျဖစ္ေစ ၊ နာမက်န္းသည္ျဖစ္ေစ ၊ ဆင္းရဲသည္ျဖစ္ေစ ၊ ခ်မ္းသာသည္ျဖစ္ေစ ထာဝရတစ္ေလ်ွာက္ ေပါင္းဖက္သြားပါမည္ဟု ကတိသစၥာျပဳနိုင္ပါသလား ။ ''

'' ဟုတ္ကဲ့ ကတိျပဳႏိုင္ပါတယ္ ။ ''

'' သတို႔သား မ်က္ဝန္းခိုက္သည္ သတို႔သား ေဏး အားအိုသည္ျဖစ္ေစ ၊ နာမက်န္းသည္ျဖစ္ေစ ၊ ဆင္းရဲသည္ျဖစ္ေစ ၊ ခ်မ္းသာသည္ျဖစ္ေစ ထာဝရတစ္ေလ်ွာက္ ေပါင္းဖက္သြားပါမည္ဟု ကတိသစၥာျပဳနိုင္ပါသလား ။ ''

'' ဟုတ္ ကတိျပဳႏိုင္ပါတယ္ ။ ''

'' ကန္႔ကြက္မဲ့သူလည္း မ႐ွိတာေၾကာင့္ သတို႔သားအခ်င္းခ်င္းမဂၤလာလက္စြပ္ အျပန္အလွန္ ဝတ္ေပးပါဗ်ာ ။ ''

လက္ခလယ္ ကုိယ္စီမွာ အံဝင္ခြင္က်ျဖစ္သြားတဲ့ မဂၤလာလက္စြပ္ ၊ လက္ခလယ္ရဲ႕ေဘးက လက္သန္းႂကြယ္တြင္ေတာ့ ႏွလုံးသားကို အၿပီးခ်ဳပ္ေႏွာင္ထားတဲ့ လက္စြပ္ေလးတစ္ကြင္း ႐ွိၿပီးသားျဖစ္ေလသည္ ။

'' သတို႔သားႏွစ္ေယာက္မွ တစ္ဦးကုိတစ္ဦး ေမတၱာမ်ားအျပန္လွန္ မ်ွေဝဖို႔ သတို႔သားေဏးမွာ စပါ ။ ''

'' အရင္ဆုံးအခုလို အျမန္စီစဥ္လိုက္ရတဲ့အတြက္ ေမာင္ေတာင္းပန္ပါတယ္ ။ ဘာလို႔ ဒီေန႔ကုိ အေလာတႀကီး စီစဥ္ရသလဲဆိုေတာ့ လြန္ခဲ့တဲ့ ႐ွစ္ႏွစ္က ေမာင္တို႔လက္ထက္ခဲ့တဲ့ေန႔ေလးမို႔ပါ ။ အတိတ္ကအဲ့ေန႔ရက္မွာ ေမာင္ကမင္းကုိ အမုန္းေတြတရစ္ရစ္ခ်ည္ေႏွာင္ခဲ့တယ္ေလ ဒါ့ေၾကာင့္ ယခု ပစၥဳပၸန္ေလးမွာေတာ့ အတိတ္နဲ႔မတူတဲ့ ခ်စ္ျခင္းေတြနဲ႔ ခ်ည္ေႏွာင္ခ်င္လို႔ပါ ။ အျမဲနားလည္ေပးလို႔ ခ်စ္ၿပီး ခြင့္လႊတ္ေပးလို႔လည္း ကုိယ္သိပ္ျမတ္ႏိူးတယ္။ ေနာက္တစ္ႀကိမ္ ျပန္ခ်စ္ခြင့္ေပးလို႔ေက်းဇူးပါ ခိုက္ ။ ''

ဂႏၶာမာပန္းစည္းအေသးေလးကုိင္ထားတာေၾကာင့္ တစ္ဖက္ပဲအားတဲ့လက္ကုိ ေမာင္ကကုိင္ၿပီး ႏုႏုရြရြဆိုလာေတာ့ မ်က္ဝန္းခိုက္မွာ မ်က္ရည္က်လာျပန္တယ္ ။ မ်က္ဝန္းခိုက္လည္း ေမာင့္ကုိျပန္ၾကည့္ၿပီး..... ။

'' ဘယ္လိုႀကိဳးနဲ႔ပဲ ခ်ည္ေႏွာင္ခဲ့ပါေစ ခိုက္က ေမာင့္ကုိ အတိတ္မွာလည္း ခ်စ္ေနၿပီး အခုပစၥဳပၸန္မွာလည္း ပိုတိုးခ်စ္သြားမွာ ။ ခိုက္ စကားေတြသိပ္အမ်ားႀကီး မဖြဲ႔တတ္ဘူးေမာင္ ဒါေပမယ့္ ခိုက္ေလ ေမာင့္ကုိ သိပ္ခ်စ္တယ္ ။ ''

ခ်ိဳၿမိန္တဲ့ စကားေတြအဆုံး ေႏြးေထြးတဲ႕ႏႈတ္ခမ္းႏွစ္စုံေပါင္းစည္းသြားၿပီး ဝမ္းသာမ်က္ရည္ေတြကေတာ့ ႏွစ္ဦးလုံးပါးျပင္ထက္ ထင္းလို႔ ။ ဂႏၶာမာပန္းခင္းေတြၾကားက တိုက္ခတ္လာတဲ့ ေလညႇင္းသြဲ႔သြဲ႔ေလး နဲ႕အတူ ျပန္႔လြင့္ေနတဲ့သီခ်င္းသံ ၿငိမ့္ၿငိမ့္ေလးက ဒီရပ္ဝန္းကုိ ပိုေနြးေထြးသြားေစသည္ ။

နာက်င္ခဲ့တယ္ ၊ ေပ်ာ္ရႊင္ခဲ့တယ္ ၊ နားလည္ခဲ့တယ္ ၊ ခြင့္လႊတ္တတ္ခဲ့တယ္ ၊ ယုံၾကည္ခဲ့တယ္ ဒါေတြအားလုံးက ခ်စ္ရတဲ့သူတစ္ဦးတည္းကပဲ သင္ျပခဲ့တဲ့ အရာေတြ ။ ဘယ္ေလာက္ထိခ်စ္လဲေမးရင္ ခိုက္မေျဖတတ္ဘူးေမာင္ ၊ ဘယ္အထိေပါင္းဖက္ခ်င္လဲေမးရင္ေတာ့ အတၱျကီးစြာနဲ့ပဲသံသရာတစ္ေလ်ွာက္ ေပါင္းဖက္ခ်င္တယ္ ၊ သံသရာတစ္ေလ်ွာက္ ခ်ည္ေႏွာင္ခ်င္တယ္ ေမာင္....။

အမုန္းေတြကင္းၿပီး
အခ်စ္ေတြနဲ႔ ခ်ည္ေႏွာင္ေပးခဲ့လို႔
ေက်းဇူးတင္ပါတယ္ ေမာင္.......

////

Auhor's note -
ေနာက္ဆုံးေတာ့ ၿပီးသြားၿပီဗ်ာ ၊ ေျပာစရာေလးေတြ႐ွိေသးတယ္ ေအာက္မွာ ေက်းဇူးတင္လႊာနဲ႔အတူေျပာမယ္ဗ်။

Zawgyi + Unicode

ပြတင်းပေါက် မှတစ်ဆင့် အိမ်ခန်းအတွင်း ဖြာကျလာတဲ့ နေအလင်းရောင်ကြောင့် မျက်ဝန်းခိုက်မှာ မျက်စိစူးပြီး ဆက်အိပ်မရဖြစ်လာသည် ။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ လက်သည်းဖြင့် ကုတ်ခြစ်ခံထားရလို့ အဆင်း​ကြောင်းများပြည့်နေတဲ့ ရင်အုပ်ကျယ်ကျယ်ကို တန်းမြင်လိုက်ရသည် ။ သွေးစလေးတွေတောင် ခဲနေပြီမို့ မျက်ဝန်းခိုက်မှာ စိတ်ပူပြီး ပြာပြာသလဲ ထမိတဲ့အဆုံး အောက်ဘက်တစ်နေရာက စူးခနဲဖြစ်သွားပြီး ခါးရိုးတစ်လျှောက်နာကျင်မှုက ပျံ့နှံ့သွားလေသည် ။

'' အ့ ကျွတ် ကျွတ် ။ ''

'' အင်း မောင့်အချစ်နိူးပြီလား ၊ အရမ်းနာနေလား ညကတော့မောင်သေချာ သန့်စင်ပေးပြီး ဆေးလိမ်းပေးထားတယ် ။ မှန်း ကိုယ်ရောပူနေသလား မသိ ။ ''

အိပ်ချင်မူးတူး နဲ့ မောင်သည် သူ့ငြီးငြူသံကြားတာနဲ့ ပြာပြာသလဲ ထလာပြီး စိုးရိမ်သည့် မျက်ဝန်းများဖြင့် ကြည့်ကာ အဆက်မပြတ် မေးခွန်းများ ​မေးလာသည် ။

'' ရပါတယ် မောင် ၊ ခိုက် ဘာမှမဖြစ်ဘူး မောင်သာ ခိုက်ကြောင့် အမာရွတ်တွေထင်တော့မယ် ။ ''

'' ဟာ...မဟုတ်တာ မောင့် နာကျင်မှုက အသေးမွှားပါ ။ ခိုက်သာ ပိုနာကျင်ရတာ ၊ ည...ညက မောင် စိတ်လွတ်သွားတာ ညက ခိုက်က အရမ်း~~လှတယ် ။ ''

မျက်ဝန်းခိုက် မှာ ထရယ်မိမတတ်ပဲ ၊ ညက မျက်နှာတည်ကြီး နဲ့ သောင်းကျန်းခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ ။ သူကပဲ ရှက်ရတယ်ရှိသေး ဟားဟား ။

'' ခံရတဲ့သူက ခိုက်ပါ မောင်ရဲ့ ၊ ဘယ့်နှယ့်မောင်က အပျိုဖြန်းလေး သိမ်းပိုက်ခံရသလို ရှက်နေတာလဲ ။ ခိုက် ရှက်ဖို့လည်း ထားပါဦး မိန်းမပျိုလေးရဲ့ ။ ''

'' ဟာ ခိုက်ကလည်းကွာ မောင် မရှက်ပါဘူးဗျာ ။ ''

'' ဟား ဟား ဟုတ်ပါပြီ အရင်ဆုံး ရေချိူးခန်းထဲချီ ပို့ပေးဦးမောင် ။ ခိုက် လမ်းလျှောက်နိုင်မယ်မထင်ဘူး ။ ''

ထိုတော့မှ မရှက်ဘူးပြောပြီး မျက်နှာရဲနေတဲ့ မောင်သည် သူ့အနားတို့ ကပ်လာပြီး ကလေးတစ်ယောက်ကို ချီသလို ခါးခွင်ချီလိုက်သည် ။ အား......ရှက်လိုက်တာ မောင်ကြတော့ ဘောင်းဘီဝတ်ထားပြီး သူကြတော့ အခုချိန်ထိ အဝတ်ကင်းလွတ်နေသည် ။ မောင့် ရင်ဘတ်ကို ကုန်းကိုက်လိုက်ကာ ။

'' မောင်က အကျင့်ပုတ် ၊ ခိုက်ကြအခုချိန်ထိ အဝတ်စား မဝတ်ပေးထားဘူး ။ ''

မောင့် လည်ပင်းကို တွဲခိုထားရင်းနဲ့ မောင့်လည်ပင်းကြား မျက်နှာ အပ်ထားမိတယ် ။ရေချိုးခန်းထဲ ရောက်တာနဲ့ မောင်က ခိုက်ကို ရေချိုးဘောင်မှာ တင်လိုက်သည် ၊ မျက်ဝန်းခိုက် ပေါင်ကြားထဲ မတ်တပ်ရပ်နေတဲ့ မောင့်ခါးကို ခြေချိတ်လိုက်ပြီး ထိစပ်လာတဲ့ မောင့်နှုတ်ခမ်းနွေးနွေးကို ငြင်သာစွာ တုံ့ပြန်မိတယ် ။

တဖြည်းဖြည်း မွတ်သိပ်ကြမ်းတမ်းလာတဲ့အနမ်းတွေ  ရင်ထဲ သာယာမှုက လှိုက်ဖိုတက်လာသည် ။ ထိုသို့နှင့် နောက်ထပ်အပြာရောင်ခရီးစဉ်လေးထပ်စခဲ့ပြီး နောက်ထပ် အချစ်အမှတ်တွေ ခန္ဓာကိုယ် အနှံ့ပျံ့နှံ့လာသည် ။

'' ရေး ကိုယ်သွားတော့မယ်နော် ၊ ဒီနေ့တော့ ည၉နာရီဆို နားတော့နော် ။ ''

'' ဟုတ်ပါပြီ ရန်ခြွေရယ် ၊ သွား သွား အလုပ်နောက်ကျနေမယ် ။ ချစ်တယ် နော် ။ ''

'' ကိုယ်လည်း ချစ်တယ် ။ ''

ထွက်ခွာသွားတဲ့ ရန်ခြွေ့ ကျောပြင်ကို ငေးကြည့်ရင်း လွန်ခဲ့တဲ့ ရက်က ပြဿနာတက်တာကိုတွေးပြီး စိတ်ထဲမကောင်းဖြစ်သွားရသည် ။ တကယ်ဆိုရင် ရန်ခြွေက သူ့ကိုဆေးရုံကြီးမှာ မလုပ်ခိုင်းပဲ ရိုးရိုးအပြင်ဆေးခန်းလေးဖွင့်ပြီး သက်သက်သာသာလုပ်စေချင်တာတဲ့လေ ။ ဆေးခန်းလေးဆောက်ပေးထားတာကို လျှို့ဝှက်ထားပြီး သူအံ့သြအောင် လုပ်မလို့တဲ့လေ ။ ဒါကိုသူက မသိပဲ ရန်ခြွေ့အပေါ် စိတ်ထားသေးသိမ်တဲ့ သူလိုမျိုးဆက်ဆံမိတယ် ။

အတွေးတွေကို ရပ်တန့်ကာ ဆေးရုံသွားရန် အမြန် ပြင်ဆင်မိတယ် ။ ကျေးဇူးပါ ကံကြမ္မာကြီးရေ နောက်တစ်ကြိမ်ပြန်လည် ဆုံစည်းခွင့်ပေးခဲ့လို့ ။

.....

'' ဦးစေ သွားချင်ရင်သွား မလိုက်ချင်ဘူး ကျွန်တော်။''

'' ဘာလို့်လဲ ဟန်ရယ် ၊ သူငယ်ချင်းတွေ မိတ်ဆုံစားပွဲမှာ ဟန်နဲ့ကိုယ့်ရဲ့ ဆက်ဆံရေးကို အသေချာကြော်ငြာဖို့လေ။ လိုက်ခဲ့ပါ ဟန်ရယ် ။ ''

ဦးစေသည် တစ်မနက်လုံးသူ့နောက်ကို လိုက်ကာ ကလေးတစ်ယောက် လို ဂျီပြီး ညဘက်မိတ်ဆုံစားပွဲ လိုက်ဖို့ပြောနေလေသည် ။ အခုလည်း ရေချိုးပြီး ခေါင်းသုတ်နေတုန်း ရှိသေး အနောက်ကနေ တဂျီဂျီလုပ်နေတဲ့ ဦးစေကြောင့်။

'' ဘယ်လိုဖြစ်နေတာလဲ မလိုက်ချင်ပါဘူး ၊ ရှုပ်ရှုပ်ယှက်ယှက်တွေ ။ ဦးစေသာ သူငယ်ချင်း တွေနဲ့ အေးဆေးပျော်ခဲ့ ၊ နောက်ပြီး ကျွန်တော်တို့ ဆက်ဆံရေးက အခြားသူတွေ မသိလည်း ရပါတယ် ။ အသက်တွေလဲ ကြီးနေကြပြီ ဒီလိုတွေပြောစရာမလိုတော့ဘူးလေ ။ ''

'' ဟန်က ကိုယ့်စိတ်ကို နားမလည်ဘူး ။ ''

ကျောခိုင်းကာ ကုတင်ပေါ် မှာ ထိုင်လိုက်တဲ့ ဦးစေကြောင့် အရှေ့မှာ သွားရပ်ပြီး ။

'' ဦးစေကသာ ဟန့်စကားကို နားမလည်တာ ။ ''

'' အဓိပ္ပာယ် မရှိလိုက်တာ နေဇက်ဟန် ၊ ကိုယ့်ဘဝမှာ ပထမဆုံး ချစ်မိတဲ့သူကို ဒီအချိန်မှ မိတ်ဆက်ခွင့်ရလို့ ကိုယ်က မင်းကို ထုတ်ပြချင်တာ ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလ ပတ်လုံး မချစ်တဲ့သူနဲ့အတူနေရင်း ကိုယ်သိမ်ငယ်ခဲ့တာ ဟန် ။ နောက်ပြီး....အင်း ထားပါတော့ ကိုယ်ဒီနေ့ အိမ်ပြန်နောက်ကျမယ် အိပ်နှင့် ။ ''

တံခါးဘက်ကို ခြေဦးလှည့်နေတဲ့ ဦးစေကို အနောက်ကနေ ပွေ့ဖက်ရင်း ။

'' မဟုတ်ဘူး ဦးစေ အဲ့လို လှည့်မထွက်သွားပါနဲ့ ၊၊ ဟန်ကလေ ဦးစေ သိက္ခာထိခိုက်မှာစိုးလို့ မလိုက်ချင်ဘူး ပြောခဲ့တာ ။ ဟန်လည်း ကြွားချင်တာပေါ့ ဦးစေရယ် ၊ ဦးစေလက်ကိုတွဲပြီး ဒါငါ့အပိုင်လူပါလို့ဆိုပြီး ။ ဒါကြောင့်မို့ ဦးစေက ဟန့်ကို အထင်မလွဲပါနဲ့ ဗျာ ။ ''

'' အင်းပါ ကိုယ်အထင်မလွဲတော့ပါဘူး ၊ ဒါပေမဲ့ ဟန့်ကို လက်တွဲပြလိုက်တာနဲ့ ကိုယ်သိက္ခာကြမယ်ဆိုတာ မတွေးပါနဲ့ ။ တစ်ခါတစ်လေ အရမ်းအတွေး လွန်ရင်မကောင်းဘူးဟန် ကိုယ်ကမင်းကိုချစ်တယ် ၊ မင်းကလည်း ကိုယ့်ကိုချစ်တယ်လို့သာ တွေးနေပါ ဟန် ။ ''

နှဖူးပေါ် ဝဲကျနေတဲ့ သူ့ဆံပင်တွေကို သပ်တင်ပေးရင်း နှဖူးလေးကို ညင်ညင်သာသာ အနမ်းခြွေလာတဲ့ ဦးစေကိုတင်းကြပ်စွာ ​ပွေ့ဖက်ထားမိတယ် ။ မခွဲဘူး ခင်ဗျားနဲ့ ဘယ်တော့မှ မခွဲချင်ဘူး ။

ဒီနေ့ မောင် နဲ့ မျက်ဝန်းခိုက် မင်္ဂလာဝတ်စုံလေး သွားရွေးမဲ့နေ့ ။ မျက်ဝန်းခိုက် မျက်နှာသည် မနက်ခင်းကတည်းက ကြည်လင်ကာ ပျော်မြူးနေသလို ၊ ဏေးလည်း ထပ်တူပျော်ရွှင်နေပါသည် ။

'' သခင်လေး နဲ့ ဆရာ လှပတဲ့အဝတ်စားလေးနဲ့ အမြန်ဆုံးတွေ့ချင်နေပြီနော် ။ နှစ်ယောက်က အခုမှ ကော်နဲ့ကပ်ထားသလိုပဲ ဖြစ်နေပြီ ။ ''

ကြည်ကြည်က တံမြက်စည်း လှဲနေရင်း အိမ်ပေါ်ထပ်က လက်ချင်းချိတ်ကာ ဆင်းလာတဲ့ ဏေး နဲ့ မျက်ဝန်းခိုက်ကို စနောက်လိုက်သည် ။ မွန်လေးကလည်း ဘေးနားကနေ တခစ်ခစ်ရယ်ပြီး ။

'' ဟုတ်ပါ့ဟယ် ဟိဟိ ။ ''

မွန်လေးက ခေါင်းလေးတငြိမ့်ငြိမ့် နဲ့ ထောက်ခံစကားဆိုလာသည် ။ မျက်ဝန်းခိုက်က မွန်လေး နဲ့ ကြည်ကြည်ကိုကြည့်ပြီး ။

'' အေးအေး နင်တို့နှစ်ယောက် ပြန်လာရင် မုန့်စားရမယ်မထင်နဲ့ ။ ''

အနောက်က မွန်လေး နဲ့ ကြည်ကြည်ရဲ့ အနောက်ကိုရီးယားအသံတွေသည် နားမလည်လောက်အောင်ကို တောက်လျှောက်ထွက်လာလေသည် ။ မောင်ကတော့ သူ့ကိုငေးကြည့်ပြီး နှာထိပ်လေးကို ဆွဲညစ်လာသည် ။

တစ်နေ့လုံး မောင် နဲ့ သူ လက်ဖဝါးချင်းယှက်ကာ mallန့ှံလျှောက်သွားရင်း အဝတ်စားတွေဝယ် မုန့်တွေစားပြီး မှ wedding dress ရောင်းတဲ့ ဆိုင်ကိုသွားသည်လေ ။ စိတ်ကြိုက် အဝတ်စားရွေးပြီးတာနဲ့ မနက်ဖြန်(........)ကို သွားဖို့ လေယာဉ်လက်မှတ် ဆယ့်နှစ်စောင်ဝယ်ပြီး အိမ်သို့ပြန်လာခဲ့သည်။

အိမ်ရောက်တော့ အဝတ်စားတွေ ဘာတွေ ပြင်ဆင်ပြီးတာနဲ့ မောင်နဲ့အတူ ဆေးရုံသို့ ပြန်ထွက်လာခဲ့သည် ။ ဆေးရုံရောက်တော့ မောင်က သူ့အစ်ကို ကိုပျူစေအံ့ဘေးမှာထိုင်ပြီး မြန်မြန် နိူးထဖို့ရာ ကလေးဆိုးတစ်ယောက်လို ဂျစ်တိုက်နေလေသည် ။ မောင့်အမေကတော့ ကြည့်ရင်း ပြုံးသာ ပြုံးနေလေသည် ။ ည၈နာရီလောက်ထိ ဆေးရုံမှာပဲ အချိန်ကုန်ဆုံးပြီးတာနဲ့ အိမ်သို့ ပြန်လာခဲ့ကြသည် ။

မနက်က လျှောက်ပတ်ခဲ့လို့ ပင်ပန်းခဲ့တာရော ဆေးရုံမှာပါ အချိန်အကြာကြီး ထိုင်ခဲ့တာကြောင့် ညောင်းညာပြီး လူကပင်ပန်းနေလေပြီ ။ မနက်ကြရင်လည်း ခရီးသွားရဦးမှာဆိုတော့ ကုတင်ပေါ်မှာ လှဲအိပ်နေတဲ့ မောင့်ရင်ခွင်ထဲဝင်ပြီး ပင်ပန်းသမျှ အတိုးချကာ ခိုဝင်အိပ်စက်မိတယ် ။

နောက်နေ့ မနက်ခင်း ၇နာရီက ရန်ကုန်မှ ထွက်တဲ့လေယာဉ်သည် မနက်၉နာရီတွင်(.....)ကို ရောက်သည် ။ အဲ့နောက် ပါလာတဲ့ ရန်ခြွေနဲ့ကိုစစ်ရေး ၊ မျက်ဝန်းခိုက် ဒယ်ဒီ ၊ ဦးစေ နဲ့ လေးငယ် ( နေဇက်ဟန်)၊ မောင့်အမေ( နော်ယိမ်း) ၊ ကြည်ကြည် နဲ့ မွန်မွန် နောက်တော့ ဆင့်မင်းဝန် အားလုံး ဟိုတယ်ခန်း တစ်ခန်းစီ ငှါးပြီး အနားယူလိုက်ကြသည် ။

.....

နေ့လည် နှစ်နာရီ ရောက်တော့ ဆက်ပြီးနားလို့မရတော့တာက ဏေး နဲ့ မျက်ဝန်းခိုက်ရယ်ပါ ။ မင်္ဂလာပွဲအတွက် ပြင်ဆင်ရင် ငှါးထားတဲ့ အိမ်သို့သွားရလေသည် ။ သူနဲ့မောင် မင်္ဂလာဆောင်တဲ့ နေရာလေးသည် ရိုးရှင်းသည် ။ မျက်ဝန်းခိုက် အကြိုက်ဆုံး ဂန္ဓာမာပန်းအဖြူနဲ့ အဝါရောင်ရောယှက်နေတဲ့ ဂန္ဓာမာခင်းတွင် သူနဲ့မောင်ရဲ့ မင်္ဂလာအခမ်းနားလေးပြုလုပ်ခဲ့သည် ။

( ဒီကနေစပြီးBeautiful in whiteသီချင်းလေး တိုးတိုးလေး ဖွင့်ပြီး ဖတ်ဗျ❌ )

ဏေး ရင်ခုန်စွာ စောင့်နေမိသည် ၊ သူ့အတွက် လှပပြီး ရှုမငြီးဝတဲ့ သက်ဝင်ပန်းချီကား တစ်ချပ်ကလေးကို တွေ့ရတော့မဲ့ အချိန်နီးလာလေပြီ ။ အလောတကြီး စီစဉ်လိုက်တဲ့ မင်္ဂလာပွဲဖြစ်ပေမဲ့ အရာအားလုံး အကွက်ကျကျ လှပစွာပြင်ဆင်ထားသည်လေ ။ ဂန္ဓာမာခင်းပတ်ပတ်လည် ကြားထဲမှာ လူသွားလမ်း ကော်ဇောအနီရောင်ခင်းထားပြီး လျှောက်လမ်းဘေးတွင်တော့ မိသားစုဝင်တွေ ထိုင်ဖို့ရာ ဖန်အကြည်ရောင် စားပွဲဝိုင်း နှစ်ဝိုင်း တစ်ဖက်စီတွင်ချထားသည် ။

မင်္ဂလာအခမ်းနားကြော်ငြာမည့်နေရာတွင်တော့ ဂငယ်ကွေ့ပုံစံအလှဝင်ပေါက်လေးလုပ်ထားပြီး ဂန္ဓာမာပန်းတစ်ပွင့်စီကို လှပစွာ ကပ်ကာ သေချာအနုစိတ်မွန်းမံထားသည်လေ ။ မင်္ဂလာအခမ်းနားတွေ မိသားစုတွေ စုံနေပြီဖြစ်ပြီး အခမ်းနားထိပ်တွင်တော့ ကြက်သွေးရောင် အနောက်တိုင်းဝတ်စုံကို တောက်ပြောင်နေတဲ့ ရှူးဖိနပ်အနက်ဖြင့် သေသပ်စွာဝတ်ဆင်ထားတဲ့ ဏေးကို ဦးစွာတွေ့ရမည်လေ ။

အရပ်ရှစ်မျက်နှာမှ လေပြေလေညှင်းတွေကလည်း မင်္ဂလာဆောင်မည့် သတို့သား နှစ်ဦးကို ကောင်းချီးပေးနေသယောင် ။ တစ်ဖန်လေပြေညှင်းလေးတွေကြား ထွက်ပေါ်လာတဲ့ အရိပ်လေးကြောင့် ဏေး ရင်တွေအဆမတန်ခုန်လာသည် ။ ရင်ဘတ်ထဲမြင်အကောင်တစ်သောင်း ဒုန်းဆိုင်းပြေးသွားသလို ၊ အိမ်မက်ဆန်ဆန်လှပလွန်းတဲ့ သူလေးကို တမေ့တမောငေးကြည့်နေရာမှ ဝဲတက်လာတဲ့ မျက်ရည်စတွေ ။

တဖြည်းဖြည်း သူနဲ့နီးကပ်လာတဲ့ သက်ဝင်ပန်းချီကားလေးကို အကြည့်လုံးဝ လွှဲခြင်းမရှိပဲ သူ့အရှေ့မှာ မတ်တပ်ရပ်နေသည်အထိငေးကြည့်နေမိတယ် ။ ဆင်စွယ်ရောင် ဆံနွယ်လေးတွေသည် သပ်ရပ်စွာ ဘေးတစ်ဖက်ကို ခွဲတင်ထားပြီး ၊ အရင်ကတည်းက ညို့ယူအားပြင်းတဲ့ မျက်ဆံနက်နက်လေးတွေသည် ဒီနေ့မှကြယ်ပွင့်လေးတွေထက်လင်းလက်လို့ ။ ဆေးကူထားတာကြောင့် အရင်ကထက်ရဲစိုကာဖောင်းအိနေတဲ့ နှုတ်ခမ်းပါးလေးကို အကြည့်အရောက် လေနှင်ရာအတိုင်း ယိမ်းနွဲ့နေတဲ့ ဂန္ဓာမာပန်းလေးတွေတောင် ယိမ်းနွဲ့ခြင်းတွေ ရပ်တန့်သွားသလို ။

ခိုက်ရဲ့ လှုပ်ရှားမှုတိုင်းသည် ဏေးအတွက် သီးသန့်ဖြစ်တည်ရွေ့လျားနေသလိုမျိူးဖြစ်နေလေသည် ။ နဂိုကတည်းက ဖြူဖွေးဥနေသည့်အသားရည်လေးဖြင့်တာကြောင့် ကြက်သွေးရောင် အနောက်တိုင်းဝတ်စုံလေးနဲ့ ဆေးခြယ်လိုက်တဲ့အခါ ပိုပြီးတောင် လှပနေသည် ။ မျက်ဝန်းခိုက်သည် အခုချိန်ထိ မျက်တောင်မခတ်ပဲကြည့်နေတဲ့ မောင့်ကို ပြန်ငေးကြည့်နေမိတယ် ။

ရှည်နေပြီဖြစ်တဲ့ ဆံပင်အနက်ရောင်တွေကို လှန်ကာဖီးသင်ထားပြီး ၊ ရှင်းလင်းစွာပေါ်နေတဲ့ မောင့်မျက်နှာကိုသေချာကြည့်နေမိတယ် ။ ဘယ်ဘက်မျက်ခုံးနက်နက် အစွန်းနားတွေ ရှိတ်ထိုးထားတာကြောင့် မောင့်ပုံစံက ဂျွတ်ဆက်ဆက်ဖြစ်နေပေမဲ့ ယောကျာ်းပီသလွန်းတာကြောင့်အသက်ရှုရပ်မတတ်ပဲ ။ နီညိုရောင်သန်းနေတဲ့ မောင့်နှုတ်ခမ်းပါးမှာလည်း အရင်ကထက်ဆွဲဆောင်မှုတွေရှိနေလေသည် ။ စူးရှတဲ့ မောင့်မျက်ဝန်းတို့မှာလည်း ယခုတွင်တော့ အရည်ကြည်တွေ ရစ်သိုင်းနေလို့ ။

'' ကဲ ကဲ သတို့သားနှစ်ယောက်ပြီးမှ တမေ့တမော ငေးကြပေါ့ ။ အခုတော့ မင်္ဂလာအခမ်းနားလေး စလိုက်ရအောင်ဗျာ ။ ''

ဆင့်မင်းဝန် စနောက်မှုကြောင့်အရှေ့က သတို့သားနှစ်ယောက်မှာ ရှက်သွားပြီး မိသားစုတွေကတော့ ပွဲကြကုန်သည် ။

'' သတို့သား ဏေးသည် သတို့သား မျက်ဝန်းခိုက်အား အိုသည်ဖြစ်စေ ၊ နာမကျန်းသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ထာဝရတစ်လျှောက် ပေါင်းဖက်သွားပါမည်ဟု ကတိသစ္စာပြုနိုင်ပါသလား ။ ''

'' ဟုတ်ကဲ့ ကတိပြုနိုင်ပါတယ် ။ ''

'' သတို့သား မျက်ဝန်းခိုက်သည် သတို့သား ဏေး အားအိုသည်ဖြစ်စေ ၊ နာမကျန်းသည်ဖြစ်စေ ၊ ဆင်းရဲသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ထာဝရတစ်လျှောက် ပေါင်းဖက်သွားပါမည်ဟု ကတိသစ္စာပြုနိုင်ပါသလား ။ ''

'' ဟုတ် ကတိပြုနိုင်ပါတယ် ။ ''

'' ကန့်ကွက်မဲ့သူလည်း မရှိတာကြောင့် သတို့သားအချင်းချင်းမင်္ဂလာလက်စွပ် အပြန်အလှန် ဝတ်ပေးပါဗျာ ။ ''

လက်ခလယ် ကိုယ်စီမှာ အံဝင်ခွင်ကျဖြစ်သွားတဲ့ မင်္ဂလာလက်စွပ် ၊ လက်ခလယ်ရဲ့ဘေးက လက်သန်းကြွယ်တွင်တော့ နှလုံးသားကို အပြီးချုပ်နှောင်ထားတဲ့ လက်စွပ်လေးတစ်ကွင်း ရှိပြီးသားဖြစ်လေသည် ။

'' သတို့သားနှစ်ယောက်မှ တစ်ဦးကိုတစ်ဦး မေတ္တာများအပြန်လှန် မျှဝေဖို့ သတို့သားဏေးမှာ စပါ ။ ''

'' အရင်ဆုံးအခုလို အမြန်စီစဉ်လိုက်ရတဲ့အတွက် မောင်တောင်းပန်ပါတယ် ။ ဘာလို့ ဒီနေ့ကို အလောတကြီး စီစဉ်ရသလဲဆိုတော့ လွန်ခဲ့တဲ့ ရှစ်နှစ်က မောင်တို့လက်ထက်ခဲ့တဲ့နေ့လေးမို့ပါ ။ အတိတ်ကအဲ့နေ့ရက်မှာ မောင်ကမင်းကို အမုန်းတွေတရစ်ရစ်ချည်နှောင်ခဲ့တယ်လေ ဒါ့ကြောင့် ယခု ပစ္စုပ္ပန်လေးမှာတော့ အတိတ်နဲ့မတူတဲ့ ချစ်ခြင်းတွေနဲ့ ချည်နှောင်ချင်လို့ပါ ။ အမြဲနားလည်ပေးလို့ ချစ်ပြီး ခွင့်လွှတ်ပေးလို့လည်း ကိုယ်သိပ်မြတ်နိူးတယ်။ နောက်တစ်ကြိမ် ပြန်ချစ်ခွင့်ပေးလို့ကျေးဇူးပါ ခိုက် ။ ''

ဂန္ဓာမာပန်းစည်းအသေးလေးကိုင်ထားတာကြောင့် တစ်ဖက်ပဲအားတဲ့လက်ကို မောင်ကကိုင်ပြီး နုနုရွရွဆိုလာတော့ မျက်ဝန်းခိုက်မှာ မျက်ရည်ကျလာပြန်တယ် ။ မျက်ဝန်းခိုက်လည်း မောင့်ကိုပြန်ကြည့်ပြီး..... ။

'' ဘယ်လိုကြိုးနဲ့ပဲ ချည်နှောင်ခဲ့ပါစေ ခိုက်က မောင့်ကို အတိတ်မှာလည်း ချစ်နေပြီး အခုပစ္စုပ္ပန်မှာလည်း ပိုတိုးချစ်သွားမှာ ။ ခိုက် စကားတွေသိပ်အများကြီး မဖွဲ့တတ်ဘူးမောင် ဒါပေမယ့် ခိုက်လေ မောင့်ကို သိပ်ချစ်တယ် ။ ''

ချိုမြိန်တဲ့ စကားတွေအဆုံး နွေးထွေးတဲ့နှုတ်ခမ်းနှစ်စုံပေါင်းစည်းသွားပြီး ဝမ်းသာမျက်ရည်တွေကတော့ နှစ်ဦးလုံးပါးပြင်ထက် ထင်းလို့ ။ ဂန္ဓာမာပန်းခင်းတွေကြားက တိုက်ခတ်လာတဲ့ လေညှင်းသွဲ့သွဲ့လေး နဲ့အတူ ပြန့်လွင့်နေတဲ့သီချင်းသံ ငြိမ့်ငြိမ့်လေးက ဒီရပ်ဝန်းကို ပိုနွေးထွေးသွားစေသည် ။

နာကျင်ခဲ့တယ် ၊ ပျော်ရွှင်ခဲ့တယ် ၊ နားလည်ခဲ့တယ် ၊ ခွင့်လွှတ်တတ်ခဲ့တယ် ၊ ယုံကြည်ခဲ့တယ် ဒါတွေအားလုံးက ချစ်ရတဲ့သူတစ်ဦးတည်းကပဲ သင်ပြခဲ့တဲ့ အရာတွေ ။ ဘယ်လောက်ထိချစ်လဲမေးရင် ခိုက်မဖြေတတ်ဘူးမောင် ၊ ဘယ်အထိပေါင်းဖက်ချင်လဲမေးရင်တော့ အတ္တကြီးစွာနဲ့ပဲသံသရာတစ်လျှောက် ပေါင်းဖက်ချင်တယ် ၊ သံသရာတစ်လျှောက် ချည်နှောင်ချင်တယ် မောင်....။

အမုန်းတွေကင်းပြီး
အချစ်တွေနဲ့ ချည်နှောင်ပေးခဲ့လို့
ကျေးဇူးတင်ပါတယ် မောင်.......

////

Auhor's note -
နောက်ဆုံးတော့ ပြီးသွားပြီဗျာ ၊ ပြောစရာလေးတွေရှိသေးတယ် အောက်မှာ ကျေးဇူးတင်လွှာနဲ့အတူပြောမယ်ဗျ။







Continue Reading

You'll Also Like

1.3M 64.3K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
179K 7.5K 63
ချစ်မိတာအမှားဆိုရင် မင်းကိုချစ်မိတဲ့အချိန်ကစလို့ ကိုယ်ကအမှားကြီးတစ်ခုကိုလှလှလေးကျူးလွန်နေတာပါအချစ်ရယ်!
709K 34.6K 67
အလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛
622K 50.4K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}