Love Between Serpent Beastman...

By imyourhlaing12

179K 36.3K 973

Title- 天敌饲养指南 A Guide to Raising Your Natural Enemy Original Author- Jué Jué/决绝 English Translator....Lada's... More

🐍🐹Description🐹🐍
🐹ဟမ်းစတားလေးရှုရှု🐹-1/🐹ဟမ္းစတားေလးရႈရႈ🐹-1
🐹ဟမ်းစတားလေးရှုရှု🐹-2/🐹ဟမ္းစတားေလးရႈရႈ🐹-2
🐍အဆင့်ကျသားရဲ အက်ဂါ🐍-1/🐍အဆင့္က်သားရဲ အက္ဂါ🐍-1
🐍အဆင့်ကျသားရဲ အက်ဂါ🐍-2/🐍အဆင့္က်သားရဲ အက္ဂါ🐍-2
🐔ကြက်တစ်ကောင် လက်ဆောင်🐔/🐔ၾကက္တစ္ေကာင္ လက္ေဆာင္🐔
🐍သဘောကောင်းသည့် ကိုကိုမြွေ🐍/🐍သေဘာေကာင္းသည့္ ကိုကိုေႁမြ🐍
🐹ရှုရှုအားအနိုင်ကျင့်ကြ၍ အက်ဂါလဲအနိုင်ကျင့်ခဲ့သည်🐍/🐹ရႈရႈအားအနိုင္က်င့္ၾက၍ အက္
🐍 ရှုရှုကိုစောင့်ရှောက်ပေးတဲ့ အက်ဂါ🐍/🐍 ရႈရႈကိုေစာင့္ေရွာက္ေပးတဲ့ အက္ဂါ🐍
💖သွေးအေးပေမဲ့ နှလုံးနွေးတဲ့မြွေပါလေ💖/💖ေသြးေအးေပမဲ့ ႏွလုံးႏြေးတဲ့ေႁမြပါေလ💖
🐍🐯တောအုပ်ထဲမှတိုက်ပွဲ 🐯🐍/🐍🐯ေတာအုပ္ထဲမွတိုက္ပြဲ 🐯🐍
🐍💖ရှုရှုအား ချစ်ရကျိုးနပ်ခဲ့၏💖🐍/🐍💖ရႈရႈအား ခ်စ္ရက်ိဳးနပ္ခဲ့၏💖🐍
🐹🌿ဆေးပေး၍ ပြေးခဲ့သည့် ရှုရှု🌿🐹/🐹🌿ေဆးေပး၍ ေျပးခဲ့သည့္ ရႈရႈ🌿🐹
🐹❗ကျွန်တော့်အသားကအရသာမရှိဘူး❗🐹/🐹❗ကြၽန္ေတာ့္အသားကအရသာမရွိဘူး❗🐹
Hello!!!
🐍🐾🐹ရှုရှုကကြောက်လည်း အက်ဂါကတော့လိုက်မှာပဲ🐹🐾🐍/🐍🐾🐹ရႈရႈကေၾကာက္လည္း အက္ဂါကေ
🏠အချစ်၏အိမ်မှာ ကိုယ်ရဲ့အိမ်ပါ🏠/🏠အခ်စ္၏အိမ္မွာ ကိုယ္ရဲ႕အိမ္ပါ🏠/
🐹ပျောက်ဆုံးနေသည့် မြက်စကပ်လေး🐹/🐹ေပ်ာက္ဆုံးေနသည့္ ျမက္စကပ္ေလး🐹
🌡အကောင်ငယ်လေး ဖျားလေပြီ🌡/🌡အေကာင္ငယ္ေလး ဖ်ားေလၿပီ🌡
🐍ချစ်တတ်လွန်းသည့် မြွေကြီးအက်ဂါ🐍/🐍ခ်စ္တတ္လြန္းသည့္ ေႁမြႀကီးအက္ဂါ🐍
🐍ရှုရှု၏အနာဂတ်ပိုင်ရှင်လောင်း​ကြီးအက်ဂါ🐍/ရႈရႈ၏အနာဂတ္ပိုင္ရွင္ေလာင္း​ႀကီးအက္ဂါ
🎓ဉာဏ်ကောင်းသည့် တပည့်လောင်း🎓/🎓ဉာဏ္ေကာင္းသည့္ တပည့္ေလာင္း🎓
💖🐹အချစ်က စကားပြောသင်ပေးနေသည်🐹💖/💖🐹အခ်စ္က စကားေျပာသင္ေပးေနသည္🐹💖
🐍တပည့်တစ်ကောင်မွေးရတာ လွယ်ကူမနေဘူး🐍/🐍တပည့္တစ္ေကာင္ေမြးရတာ လြယ္ကူမေနဘူး🐍
🌺ရွှေပြွန်မှရေသွန်ခံရမည့် အက်ဂါ၏ဂူကလေး🌺/🌺ေ႐ႊႁပြန္မွေရသြန္ခံရမည့္ အက္ဂါ၏ဂူကေလး
🐡🐹တပည့်ကြောင့် တံငါသည် လုပ်ခဲ့ရလေပြီ🐹🐡/🐡🐹တပည့္ေၾကာင့္ တံငါသည္ လုပ္ခဲ့ရေလၿပ
🐹ဆရာ Heat တက်နေပြီ🐹/🐹ဆရာ Heat တက္ေနၿပီ🐹
🌐👨‍👨‍👦‍👦သားရဲလူသားတို့ကမ္ဘာ👨‍👨‍👦‍👦🌐/🌐သားရဲလူသားတို႔ကမၻာ🌐
❄⛄တူတူအိပ်ကြမယ်လေ⛄❄/❄⛄တူတူအိပ္ၾကမယ္ေလ⛄❄
☯🐍 ပါရမီရင့်သည့် တပည့်ကျော်🐍☯/☯🐍 ပါရမီရင့္သည့္ တပည့္ေက်ာ္🐍☯
💖နှစ်ကိုယ်တူယှဥ်တွဲလိုရယ်နေထိုင်ကြပါတယ်💖/ႏွစ္ကိုယ္တူယွဥ္တြဲလိုရယ္ေနထိုင္ၾကပါတယ
❄🐹နှင်းတောထဲမှ နတ်သားငယ်ကလေး🐹❄/❄🐹ႏွင္းေတာထဲမွ နတ္သားငယ္ကေလး🐹❄
🐺🐹မျိုးနွယ်တူနှင့် တွေ့လေပြီ🐹🐺/🐺🐹မ်ိဳးႏြယ္တူႏွင့္ ေတြ႕ေလၿပီ🐹🐺
🐍🐹ခင်ဗျားကိုပါကျွန်တော်နဲ့ခေါ်ခဲ့မယ်🐹🐍/🐍🐹ခင္ဗ်ားကိုပါကြၽန္ေတာ္နဲ႕ေခၚခဲ့မယ္
🦁🐹ငါနဲ့အတူလာအိပ်လို့ရတယ်နော်🐹🦁/🦁🐹ငါနဲ႕အတူလာအိပ္လို႔ရတယ္ေနာ္🐹🦁
🐍🐹ဖေဖေအက်ဂါနှင့် အပုပ်သတင်း🐹🐍/🐍🐹ေဖေဖအက္ဂါႏွင့္ အပုပ္သတင္း🐹🐍
🐆💖တော်လိုက်တဲ့ ကျားသစ်ကြီး💖🐆/🐆💖ေတာ္လိုက္တဲ့ က်ားသစ္ႀကီး💖🐆
🐍💫တပည့်သာလျှင် အထူးခြားဆုံးဖြစ်၏💫🐍/🐍💫တပည့္သာလွ်င္ အထူးျခားဆုံးျဖစ္၏💫🐍
🐹💸ရှုရှုမှာ ပိုက်ပိုက်မရှိ💸🐹/🐹💸ရႈရႈမွာ ပိုက္ပိုက္မရွိ💸🐹
🐍🌋တစ်ယောက်သောသူက သဝန်တိုနေသည်🌋🐍/🐍🌋တစ္ေယာက္ေသာသူက သဝန္တိုေနသည္🌋🐍
⚡🐍မြွေကြီးကဒီဆရာအတွက် ကျင်းတူးပေးနေတယ်🐍⚡/ေႁမြႀကီးကဒီဆရာအတြက္ က်င္းတူးေပးေနတယ္
🐍​ခြေထောက် လေးချောင်း ပေါက်လာသည်🐍/🐍​ေျခေထာက္ ေလးေခ်ာင္း ေပါက္လာသည္🐍
🙈အနမ်းသူခိုးလေး လူမိသွားတယ်🙈/🙈အနမ္းသူခိုးေလး လူမိသြားတယ္🙈
🦁အရိုက်ခံရတော့မည်ကိုတွေးပူနေသည့် ဂျေရက်🦁/🦁အရိုက္ခံရေတာ့မည္ကိုေတြးပူေနသည့္ ေဂ်
🤣💖အလှလေးက ရေချိုးပေးမလို့တဲ့💖🤣/🤣💖အလွေလးက ေရခ်ိဳးေပးမလို႔တဲ့💖🤣
👑🐹ကမ္ဘာနံပါတ်တစ် တောသားလေးရှုရှု🐹👑/👑🐹ကမၻာနံပါတ္တစ္ ေတာသားေလးရႈရႈ🐹👑
👑​🐍ဘယ်သူမှားလို့ ဘယ်သူမှန်🐍👑/👑​🐍ဘယ္သူမွားလို႔ ဘယ္သူမွန္🐍👑
🐤💩အချစ်လေးရဲ့အိမ်သာတွင်းကို အက်ဂါတွေ့သွားပြီ💩🐤/အခ်စ္ေလးရဲ႕အိမ္သာတြင္းကို အက္
👑စျေးအပေါဆုံးညအိပ်ဝတ်စုံ၏ မော်ဒယ်မင်းသားကြီး👑/ေစ်းအေပါဆုံးညအိပ္ဝတ္စုံ၏ ေမာ္ဒယ္
📩📩📩
🐹🍼ရှုရှုက ကလေးမွေးနိုင်တယ်တဲ့🍼🐹/🐹🍼ရႈရႈက ကေလးေမြးနိုင္တယ္တဲ့🍼🐹
🐍စိတ်ဝိညာဥ်စွမ်းအား၏ အသုံးဝင်မှုနှင့် အက်ဂါ၏စကေး​ကြမ်း🐍/စိတ္ဝိညာဥ္စြမ္းအား၏ အသ
👑✨အက်ဂါ၏ စွမ်းပကား✨👑/👑✨အက္ဂါ၏ စြမ္းပကား✨👑
🚀👑အက်ဂါ့ကိုလာမစမ်းနဲ့ ဓားပြတိုက်ပစ်လိုက်မယ်👑🚀/🚀👑အက္ဂါ့ကိုလာမစမ္းနဲ႕ ဓားျပတ
👑ရုပ်ရှင်တူတူကြည့်ရင်း အချဥ်အိုးကွဲသွားတယ်👑/👑႐ုပ္ရွင္တူတူၾကည့္ရင္း အခ်ဥ္အိုးက
✨🐍အရှင့်သားကို သွားကယ်ကြရအောင်🐍✨/✨🐍အရွင့္သားကို သြားကယ္ၾကရေအာင္🐍✨
🚀🌃ကြယ်မြို့တော်ဆီ ပြန်ရောက်ပြီ🌃🚀/🚀🌃ၾကယ္ၿမိဳ႕ေတာ္ဆီ ျပန္ေရာက္ၿပီ🌃🚀
🍀🐍ငါနဲ့တိုက်ချင်သေးလား🐍🍀/🍀🐍ငါနဲ႕တိုက္ခ်င္ေသးလား🐍🍀
✨🐍တော်ဝင်မိသားစု ပြန်လည်ပေါင်းစည်းခြင်း🐍✨/✨🐍ေတာ္ဝင္မိသားစု ျပန္လည္ေပါင္းစည္းျ
🙈🐍တံတံလေးနှစ်ခုက ချစ်စရာလေးလို့ ရှုရှုကပြောတယ်🐍🙈/🙈🐍တံတံေလးႏွစ္ခုက ခ်စ္စရာေ
🐹💸စျေးဝယ်သွားမယ်💸🐹/🐹💸ေစ်းဝယ္သြားမယ္💸🐹

🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍/🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍

2.2K 574 13
By imyourhlaing12

🐍🥓ခင်ဗျားက အစားကြီးလွန်းတယ်🥓🐍

(Unicode)

ရှုရှုက ကလေးလေးများအတွက် သင်ထောက်ကူဗီဒီယိုအားကြည့်ရင်း၊ကြည့်ရင်း တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားလိုက်ရ၏။

 သူက နှစ်ပေါင်းရာချီနေထိုင်ခဲ့ဖူးသော ကမ္ဘာပေါ်တွင်သာ ရှိနေသေးသည်ဟု အမြဲတမ်းတွေးထင်ခဲ့၏။ သူနှင့်မျိုးတူ​သားရဲလူသားများနှင့်တွေ့ဆုံစဥ်ကလည်း မျိုးနွယ်တူသားရဲလူသားများက ကမ္ဘာပေါ်ရှိတစ်နေရာတွင် အတူတူစုဝေးနေထိုင်ကြသည်ဟုထင်ခဲ့၏။ ယခုဗီဒီယိုများကိုကြည့်ရင်းကြည့်ရင်းဖြင့် သူ့အထင်မှားနေကြောင်း သိလာရလေသည်။
........

ရှုရှုက ဘယ်ကစ၍မှားမှန်းမသိသော်လည်း အရာရာတိုင်းမှာ သူတွေးထားခဲ့သည်ထက် ကျော်လွန်နေခဲ့၏။

ရှုရှုက တွေးတောကာ ဗီဒီယိုဆက်ကြည့်နေရင်း ကလေးငယ်လေးအားချီပိုးထားသော စုံတွဲက အာကာသယာဥ်ပျံပေါ်တက်သွားသည့် မြင်ကွင်းအားတွေ့လိုက်ရလေသည်။

"ကိုကိုးက🎼🎼 အာကာသယာဥ်ပျံကြီးပေါ်မှာပါကွယ်...🎼🎼 ကိုကိုးကအာကာသယာဥ်ကြီးနဲ့ ခရီးလဲသွားမယ်🎼🎼 ကိုကိုးတို့ခရီးသွားတော့မယ်...🎼🎼 ကိုကိုးတို့ခရီးထွက်တော့မယ်...🎼🎼" ကာတွန်းပုံ ကိုကိုးစေ့ကလေးငယ်က နောက်ခံသီချင်းလေးနှင့်အတူမြူးကြွစွာကနေလေသည်။ (ကိုကိုးစေ့=ကိုကိုး 😅)

အာကာသယာဥ်တဲ့!!! ဒီနေရာမှာ တကယ်ပဲ အာကာသယာဥ်ရှိတာတဲ့! ရှုရှု့ကြည့်နေသည့်ဗီဒီယိုများက လက်တွေ့ဘဝတွင်အသုံးဝင်နိုင်သည့်အကြောင်းအရာများဖြစ်ကြပြီး ဗီဒီယိုထဲတွင် အာကာသယာဥ်ပျံအကြောင်း တကယ်ကြီးပါလာ၏။

 ဒီနေရာက သူနေခဲ့ဖူးတဲ့ ကမ္ဘာကြီးမဟုတ်ဘူးပေါ့။

ရှုရှုကတောထဲရောက်စဥ်က တောတွင်းနေအတွေ့အကြုံများစွာရှိ၍ ကြောက်ရွံ့ခဲ့သော်လည်း အရာရာအဆင်ပြေခဲ့၏။ သို့သော် ယခုပတ်ဝန်းကျင်မှာမူ....။

ရှုရှုမှာ လောကကြီးကသူ့အားစွန့်ပစ်သွားသည်ဟု ခံစားနေရတော့သည်။

ဤနေရာကား...သူနေထိုင်ခဲ့သော ကမ္ဘာမြေမဟုတ်။

ကမ္ဘာမြေပေါ်မှ စိတ်ဝိညာဥ်စွမ်းအင်ကနည်းပါးပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိကာ သူနှင့်မျိုးတူအားမတွေ့ရသော်လည်း ကမ္ဘာမြေမှာ ရှုရှု၏မွေးရပ်မြေဖြစ်၏။ ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်ရာချီနေထိုင်ခဲ့သော်လည်း ဤနေရာကား.....ဘယ်လိုနေရာမျိုးလဲ။ ရှုရှုက တောင့်တင်းကာ အနည်းငယ်တုန်ယင်လာ၏။

အက်ဂါက ရှုရှု့အပေါ်ပဲအာရုံစိုက်ထားလေရာ ရှုရှု၏တုန်ယင်နေမှုအား ချက်ချင်းရှာတွေ့သွားပြီး ရှုရှုအား စိုးရိမ်တကြီး ကြည့်လာလေသည်။

ရင်းနှီးနေကျကိုယ်ရနံ့က ရှုရှု၏နှာခေါင်းဝနားကျီစားလာ၍ ချက်ချင်းလက်ကိုဆန့်တန်းကာ အက်ဂါ၏ခေါင်းအားဖက်လိုက်တော့၏။ "မြွေကြီး...အီးးးဟီးးးဒါကဘယ်နေရာကြီးလဲဗျာ...." ရှုရှု၏မျက်လုံးများမှာ ရဲကာပူနေပြီး မျက်ရည်များတသွင်သွင်စီးကျလာလေသည်။

အက်ဂါက သားရဲတစ်ပိုင်းလူသားလေးသူ့အား ရုတ်တရက်ဖက်လာ၍ တောင့်တင်းသွားရ၏။ ထို့နောက် သူ၏ကိုယ်ပေါ်သို့ ပူနွေးသည့်အရည်တစ်ချို့ကျဆင်းလာသည်ကို ခံစားမိလိုက်ရ၍ ပူပင်သောကရောက်နေရ၏။ သို့သော်လည်း သူ၏မြွေကိုယ်လုံးတွင် ချစ်သူလေး၏မျက်ရည်ကို သုတ်ပေးရန်လက်တစ်ဖက်ပင် မရှိခဲ့ပေ။

"ဘာဆက်လုပ်ရတော့မလဲ...အီးးးးးဟီးးးး" ရှုရှုကထပ်မေးပြန်သည်။ သူက ဤနေရာမှအရာအားလုံးနှင့် စိမ်းသက်နေပြီး သူ၏တစ်ခုတည်းသော ရင်းနှီးရာကား မြွေကြီးသာရှိ၏။ နေပါဦးးးးမြွေကြီး!!!

ရှုရှုက ရုတ်ချည်းသတိရသွား၏။ သူ....သူမြွေခေါင်းကြီးကို ဖက်ထားတာလား....။

သူ၏လက်အောက်မှ အကြေးခွံများက ချောမွတ်နေပြီး...မြွေပါးစပ်ကြီးကလဲ သူ့အနားလေးမှာလေ....။

ယခင်တုန်းကသာ ဤသို့ဖြစ်ခဲ့၍ ရှုရှုကြောက်လွန်း၍ သေသွားလိမ့်မည်။ သို့သော် ရှုရှုက အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေပြီဖြစ်၍ သူ့ကိုယ်သူထိန်းချုပ်ကာ မြွေခေါင်းကြီးအားတွန်းဖယ်လိုက်၏။ ထို့နောက်တွင်တော့ ကြောက်ကြောက်လန့်လန့်ဖြင့် ကုန်းအော်ကာ ဆိုဖာပေါ်တွင် ခုန်နေလိုက်တော့၏။

သူ၏အပြုအမူလေးမှာ နာကျင်နေဟန်အပြည့်ဖြစ်နေ၏။ ရှုရှုက မြွေကြီးအားတွန်းဖယ်လိုက်စဥ် မြွေကြီးကမလှုပ်မယှက်ပဲနေနေသည်ကို တွေ့လိုက်ရပြီး အလွန်ဝမ်းနည်းသွားရသည်။ "တောင်းပန်ပါတယ်.... တောင်းပန်ပါတယ်ဗျာ..." သူက မြွေကြီးအား တကယ်ကိုမတွန်းရက်ပေ။ သို့သော် သူ၏ဗီဇအရ အလိုအလျောက်တွန်းထုတ်နေမိခြင်းအား သူမထိန်းချုပ်နိုင်သေးပေ။

အက်ဂါက ရှုရှု၏အပြုအမူအားကျင့်သားရနေပြီဖြစ်၏။ သားရဲတစ်ပိုင်းလူသားလေးမှာ မြွေအားကြောက်တုန်းကြောက်ဆဲပင်။ ထို့ကြောင့် သူ့အားတွန်းထုတ်ခြင်းမှာ ပုံမှန်သာဖြစ်ပြီး အကောင်ငယ်လေး၏အမှားမဟုတ်ပေ။

သားရဲတစ်ပိုင်းလူသားငယ်လေးက အက်ဂါအား ကြောက်ရွံ့သည့်စိတ်ကို အတတ်နိုင်ဆုံးထိန်းကာ အက်ဂါနားအမြဲနေခဲ့၏။ အက်ဂါက ထိုသို့ကျင့်သားရနေသော်လည်း နှလုံးသားလေးတွင် ခါးသီးမှုအပြည့်ဖြစ်ပေါ်လာရပြန်သည်။

"မြွေကြီးရေ....ခင်ဗျားသာ လူဖြစ်လာရင် ကျွန်တော်ခင်ဗျားကို တကယ်မကြောက်တော့ဘူး" ရှုရှုက မြွေကြီးအားငေးကာ အပြုံးလေးတစ်ပွင့်ဖြင့်ပြောလိုက်၏။

ယခု ရှုရှုထံတွင် အနီးစပ်ဆုံးသူအဖြစ် မြွေကြီးသာရှိ၏။ မြွေကြီးက သူ့အပေါ်မကောင်းသည့်စိတ်မရှိပဲ သူ့အားကာကွယ်စောင့်ရှောက်ပေး၏။ သူကမြွေကြီးအား မကြောက်မရွံ့ပေါင်းလိုသော်လည်း ရှုရှုလုံးဝမတတ်နိုင်ပဲ မြွေကြီးအားကြောက်ရွံ့နေဆဲဖြစ်နေသည်။

သူမြွေကြီးက မြန်မြန်လူသားဖြစ်အောင်ကူညီပေးရမယ်။ မြွေကြီးသာ လူသားဖြစ်သွားရင် ဘာမှကြောက်ဖို့မလို​တော့ဘူး။

"ခင်ဗျား...မလှုပ်ဘူးးး။ ကျွန်တော် ခင်ဗျားရဲ့ကျင့်ကြံတဲ့အခြေအနေကိုကြည့်ပေးမယ်" ရှုရှုက မြွေကိုယ်ကြီးပေါ် ဂရုတစိုက် လက်ကလေးတင်ပြီး ငွေမျှင်လေးလိုဖြစ်နေသော စိတ်ဝိညာဥ်စွမ်းအားကို မြွေကြီးဆီပို့ကာ စစ်ဆေးလိုက်၏။

စိတ်ဝိညာဥ်စွမ်းအားကိုသုံးကာ အခြားသူ၏အတွင်းပိုင်းအခြေအနေအား ကြည့်ရှုခြင်းမှာ အလွန်ရိုင်းရာကျလေသည်။ ပုံမှန်ကျင့်ကြံသူတစ်ယောက်က အခြားသူများသူ၏ကိုယ်တွင်းပိုင်း အခြေအနေကိုကြည့်ရှုရန် ခွင့်ပြုပေးမည်မဟုတ်ပေ။ သို့သော် ရှုရှုက ထိုအချက်အား လုံးလုံးမသိသလို၊ အက်ဂါကလည်း ရှုရှုနှင့်ပတ်သက်၍ သတိထားနေခြင်းမရှိပေ။ ထို့ကြောင့် ရှုရှု၏စွမ်းအားက မြွေကြီး၏ကိုယ်ထဲ လှည့်လည်ကာစစ်ဆေးနေတော့၏။ မကြာမှီတွင် အက်ဂါ၏အခြေအနေအကုန်လုံး စစ်ဆေးပြီးမြောက်သွားလေသည်။

များလိုက်တဲ့ စွမ်းအားတွေ...။ ကြည့်ရတာ... မြွေကြီးလဲ အသွင်ပြောင်းတော့မဲ့ပုံပဲ။

မြွေကြီး၏အခြေအနေအရ ကျင့်ကြံခြင်းမိုးကြိုးမှာ မနက်ဖြန်တွင်ပင် ရောက်လာနိုင်ချေရှိ၏။

ဗီဒီယိုကြည့်ရင်း ဝမ်းနည်းနေခဲ့သော ရှုရှု၏စိတ်ကလေးမှာ ပျော်ရွှင်လာပြီး မြွေကြီး၏ခေါင်းအားပုတ်ပေးလိုက်ကာ ချီးကျူးလိုက်၏။ " တပည့်ကြီးးးခင်ဗျားက တကယ်ကို အတော်ဆုံးပဲ!!! ခင်ဗျားအသွင်ပြောင်းတော့မယ်...။ လူဖြစ်တာလဲ... ဒီဆရာထက် အဆပေါင်းရာချီ မြန်တာပဲနော်" မဟုတ်သေးဘူး။ အဆပေါင်းထောင်ချီမြန်တယ်လို့ ပြောရမှာ။ သူကနှစ်ပေါင်းရာချီကျင့်ကြံခဲ့ရပြီး သူ့တပည့်ကြီးမှာတော့ ကျင့်ကြံတာရက်တစ်ရာပင် မပြည့်သေးချေ။

မည်သို့ပင်ဖြစ်စေ... အလွန်ကောင်းမွန်သော အခြေအနေဖြစ်၏။ မြွေကြီးသာ လူသာဖြစ်သွားလျှင် ရှုရှုထံ၌ အဖော်ရှိသွားမည်ဖြစ်သည်။ အကယ်၍ ဤကမ္ဘာကြီးတွင် ရှင်သန်ရန်ခက်ခဲနေလျှင် အလွန်ဆုံးအနေဖြင့် သူ့တပည့်မြွေကြီးကိုခေါ်ကာ တောထဲပြန်၍ သူတို့၏ဂူလေးထဲဆက်နေလိုက်မည်။

ထိုအခါ မြွေကြီးကအမဲလိုက်ပြီး သူကဂူကိုသန့်ရှင်းရေးလုပ်ကာ ချက်ပြုတ်ရေးကိုတာဝန်ယူမည်။ ထိုအစီအစဥ်ကလည်း ကောင်းလှ၏။

သို့သော် ဖြစ်နိုင်လျှင်ရှုရှုက ဤနေရာတွင်သာ ပို၍နေချင်၏။ ဤနေရာတွင် အဆင့်မြင့်နည်းပညာပစ္စည်းများစွာလည်းရှိ၏။ ရှုရှုက တွေးနေရင်းဖြင့် မြွေကြီးအားသူ့ဘေးနားဆွဲခေါ်ကာ ကလေးများ၏သင်ထောက်ကူဗီဒီယိုအား တက်တက်ကြွကြွကြည့်နေတော့၏။ "ကျွန်တော်တို့ ဒီထက်ပိုတိုးတက်အောင် အတူတူကြိုးစားကြမယ်။ ဒါမှ အနာဂတ်မှာ အလုပ်ရနိုင်လိမ့်မယ်။ ဒါပေါ့...အလုပ်ကောင်းကောင်းလေးလဲရှာထားမှ ကျွန်တော်တို့ဘဝအဆင်ပြေမှာလေ...။ ခင်ဗျားက အစားကြီးလွန်းတယ်"

အက်ဂါ ╥_╥  : "......" သားရဲလူသားတိုင်း အစားကြီးကြပါတယ်ကွာ...။

အက်ဂါက ငယ်ငယ်ကတစ်ခါမျှမကြည့်ခဲ့သော ကလေးကြည့်သည့်ဗီဒီယိုတိုင်းအား သားရဲတစ်ပိုင်းလူသားငယ်လေးအား အဖော်ပြုရင်း ကြည့်ပေးနေကာ စိတ်အခြေအနေကောင်းမွန်လာ၏။ တစ်ချိန်တည်းမှာ စိတ်ရှုပ်ထွေးနေခဲ့ရ၏။ သားရဲတစ်ပိုင်းလူသားငယ်လေးက အက်ဂါမှာ ရှုရှု့လိုလူသားဖြစ်လာမည်ကို အကြိမ်ကြိမ်ပြောခဲ့၏။ အဲ့စကားတွေက ဘာကိုဆိုလိုပြန်တာတုန်း...။
 
"လူသား" ဆိုသည့်အဓိပ္ပါယ်မှာ သားရဲတစ်ပိုင်းလူသားကို ဆိုလိုခြင်းဖြစ်ရမည်။ လူသားဟုဆိုတိုင်း ထိုအကောင်ငယ်လေးက သူ့ကိုယ်သူလက်ညှိုးထိုးပြတတ်၏။

ရှုရှု၏ သင်ယူနိုင်စွမ်းက အလွန်မြန်ကာ ဂျွန်းးအခန်းထဲသို့ပြန်ဝင်လာချိန်တွင် ရှုရှုကရိုးရှင်းသော စာကြောင်းအချို့ပြောနိုင်ပြီဖြစ်၏။

"ဟယ်လို....ဟယ်လို.... ကျွန်တော့်နာမည်က ရှုရှုပါခင်ဗျာ..."

ဂျွန်းက ရှုရှုအားပြုံးပြလိုက်၏။ သူက အက်ဂါထံမှ ထိုကလေးငယ်အကြောင်းအနည်းအကျဥ်းသိထား၏။ အက်ဂါ၏ပြောပြချက်အရ ထိုအကောင်ငယ်လေးမှာ အက်ဂါအားကယ်တင်ပေးပြီး အရာတိုင်းလိိုလိုနားမလည်သည့် သူလေးဖြစ်နေသည်။

ထို့ကြောင့် ဂျွန်းက ထိုအကောင်ငယ်လေး၏ DNA gene ကိုအရယူကာ ပျောက်ဆုံးနေသည့် သားရဲတစ်ပိုင်းလူသားဟုတ်၊မဟုတ်..စစ်ဆေးချင်နေ၏။ သို့သော် အက်ဂါက အပြတ်အသတ်ငြင်းလွှတ်လိုက်လေသည်။

 သားရဲတစ်ပိုင်းလူသားငယ်လေး၏ ကိုယ်ထဲတွင် လျှို့ဝှက်ချက်တစ်စုံတစ်ရာရရှိဟန်ပေါ်လေသည်။ သို့သော် ထိုကလေးငယ်၏ပုံစံလေးက ရိုးရှင်းနေ၏။ အကယ်၍ ထိုကလေးငယ်၌ လျှို့ဝှက်ချက်အချို့ရှိနေလျှင်ပင် မကောင်းသည့်အရာမဟုတ်နိုင်လောက်ချေ။

တွေးနေသမျှ မျက်နှာပေါ်အကုန်ပေါ်နေတတ်သည့် သားရဲတစ်ပိုင်းလူသားငယ်လေးအား ငေးကြည့်ရင်း ဂျွန်းကသက်တောင့်သက်သာ ဖြစ်သလိုခံစားလိုက်ရ၏။

"ဟယ်လို စုစုလေး။ ကိုယ့်နာမည်က ဂျွန်းပါ...." (TN~ ဟုတ်ကဲ့။ စုစုလို့သုံးသွားတာပါ...။ ရှုရှုကတရုတ်နာမည်လေးပေါ့..။ ဒီဝတ္ထုမှာ ကျန်တဲ့ဇာတ်ကောင်အကုန်လုံး English နာမည်တွေနဲ့ချည်းသုံးသွားပါတယ်။ ပြီးတော့ သားရဲကမ္ဘာရဲ့ ဘာသာစကားအရ သူတို့က ရှုရှုဆိုတဲ့နာမည်ကို စုစုဆိုပြီးသုံးလိုက်တာပါ..။ ဒီကသူလေးအမှားမဟုတ်ဘူးလို့...)

ဆင်းဆင်းရဲရဲသေခြင်း????
(Jones ရဲ့တရုတ်နာမည်က 琼斯-qióng sǐပါ။ ဒါပေမဲ့ 穷死 ဆိုတဲ့စကားလုံးနဲ့ အသံထွက်တူပါတယ်။ ဒါကြောင့်ကလေးလေးက အဓိပ္ပါယ်လွဲမှတ်မိသွားတာပါ)

ရှုရှုက ဂျွန်း၏နာမည်ကိုတွေးတောရင်း ပါးစပ်ကလေးအား လက်ကလေးဖြင့်အုပ်ကာ ရယ်မောမိလိုက်၏။

 ဟင်...ငါ့နာမည်က အရမ်းထူးဆန်းနေလို့လား။

ဂျွန်းက ဇဝေဇဝါဖြစ်နေရ၏။ သို့သော်လည်း ဂျွန်းက အက်ဂါနှင့်ရှုရှုအတွက် ​နေထိုင်ရန်အိမ်တစ်လုံးပြင်ဆင်ပေးလိုက်လေသည်။

 သားရဲတစ်ပိုင်းလူသားငယ်လေးက ဝေးလံခေါင်သီသော တောကြိုအုံကြားထဲမှ ရုတ်တရက်ပေါ်လာခဲ့၏။ ထိုအခြင်းအရာက ထူးဆန်းနေသော်လည်း ဂျွန်းလို ဆရာဝန်တစ်ယောက်အတွက် ထွေထွေထူးထူးစဥ်းစားရန်မလိုခဲ့ပေ။ အက်ဂါ၏သုံးသပ်မှုများကိုကြည့်၍ ထိုအကောင်ငယ်လေး၏ ကိစ္စအား ဂျွန်းကတာဝန်ယူပေးလိုက်မည်။ ထိုသို့ တာဝန်ယူရန် အကြောင်းပြချက်ကောင်းကောင်းတစ်ခု စဥ်းစားထား၏။ သူက သားရဲတစ်ပိုင်းလူသားကလေးငယ်ကို စစ်တန်းလျားရှိ ကြမ်းတမ်းသည့် လူရိုင်းအုပ်ကြား မထားနိုင်ဟုအကြောင်းပြကာ ကာကွယ်စောင့်ရှောက်ပေးလိုက်တော့သည်။

အဆင့်ကျသားရဲဖြစ်သည့်အက်ဂါအား... အခြားသူများအမြင်ကြည်စေရန် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးခဲ့ရ၏။

 "မင်းတို့နှစ်ယောက် အချိန်တစ်ခုထိဒီမှာနေပါ။ တစ်ခုခုလိုရင် ကိုယ့်ကိုပြော။ မင်းအတွက် ID ကိုမနက်ဖြန်ကိုယ်လုပ်လာခဲ့ပေးမယ်" ဂျွန်းက ရှုရှုအားနားမလည်မည်စိုး၍ လက်ဟန်ဖြင့်ပြောဆိုကာ ရှုရှုအားသက်တောင့်သက်သာနေခိုင်းလိုက်၏။

ဂျွန်းပြင်ဆင်ပေးသည့်အိမ်က ကမ္ဘာပေါ်မှအိမ်များနှင့်အလွန်ကွာခြားသော်လည်း အခန်းနေရာချထားမှုက အနည်းငယ်တူညီ၏။ ဂျွန်းက လျှပ်စစ်ပစ္စည်းများအသုံးပြုပုံကို လက်တွေ့ပြကာ သင်ကြားပေး၍ ရှုရှုက ထိုပစ္စည်းများအား တော်တော်သုံးတတ်နေပြီဖြစ်၏။

"သူတို့ပစ္စည်းတွေ ၊စားစရာတွေအများကြီးထားပေးထားတယ်" ရှုရှုက ရေခဲသေတ္တာထဲမှ အေးခဲနေသော အသားများကို တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့်ကြည့်ရင်း မြွေကြီးအားပြောလိုက်၏။

ထို့ကြောင့် အက်ဂါက ဒီနေ့အတွက် ရှုရှုပြင်ပေးသည့်အသားကင်ကို စားလိုက်ရတော့သည်။ ထိုအသားအား ရှုရှုက မီးကင်စက်သုံး၍ကင်ထားခြင်းဖြစ်ပြီး မီးကင်စက်အားတစ်ခါမျှမသုံးဖူးသော ဟမ်းစတားလေးတစ်ဖြစ်လဲရှုရှုမှာ မသုံးတတ်၍ အသားအားအကြာကြီး မကင်ရဲချေ။ ပထမဆုံးအကြိမ် အသားကို စက်ထဲနှစ်မိနစ်ထည့်ထားလိုက်၏။ ထို့နောက် အသားအားထုတ်ကာ ကြည့်လိုက်စဥ် ကင်ပင်မကင်ရသေးသည့်အခြေအနေတွင်သာရှိနေသေးဆဲဖြစ်နေ၏။ ထို့ကြောင့် အသားအားစက်ထဲပြန်ထည့်ကာ နောက်ငါးမိနစ်ထပ်၍ စောင့်လိုက်သော်လည်း အသားက လုံလောက်အောင်မကျက်သေးပေ။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်၍ထည့်ကာ ဆယ်မိနစ်စောင့်လိုက်၏။

ထိုသို့ ထုတ်လိုက်၊ ထည့်လိုက်နှင့် ကင်ထားသည့် အသားကင်မှာအရသာမကောင်းချေ။ သို့သော် အက်ဂါဖြစ်စေ၊ ရှုရှုဖြစ်စေ သူတို့နှစ်ဦးလုံး အသားပင်အပေါ်စိတ်ကျေနပ်မှုရှိ၏။ စားသောက်ပြီးနောက် ရှုရှုကချက်ချင်း ကြွေးကြော်လိုက်၏။ " ​မြွေကြီးး မြန်မြန်လေး၊ အတူတူကျင့်ကြံကြရအောင်"

.......🐍🐹🐍🐹🐍🐹🐍🐹........

26.8.2021

Note မှာရေးထားတာ။ တစ်ဝက်ကျော်ကျော်ကမှားဖျက်မိပြီး နှစ်ခါပြန်ရေးလိုက်ရလို့ ကြာသွားတယ် ဝူးဝူးးး။

🐍🥓ခင္ဗ်ားက အစားႀကီးလြန္းတယ္🥓🐍

(Zawgyi )

ရႈရႈက ကေလးေလးမ်ားအတြက္ သင္ေထာက္ကူဗီဒီယိုအားၾကည့္ရင္း၊ၾကည့္ရင္း တစ္စုံတစ္ခုမွားယြင္းေနသလိုခံစားလိုက္ရ၏။

 သူက ႏွစ္ေပါင္းရာခ်ီေနထိုင္ခဲ့ဖူးေသာ ကမၻာေပၚတြင္သာ ရွိေနေသးသည္ဟု အၿမဲတမ္းေတြးထင္ခဲ့၏။ သူႏွင့္မ်ိဳးတူ​သားရဲလူသားမ်ားႏွင့္ေတြ႕ဆုံစဥ္ကလည္း မ်ိဳးႏြယ္တူသားရဲလူသားမ်ားက ကမၻာေပၚရွိတစ္ေနရာတြင္ အတူတူစုေဝးေနထိုင္ၾကသည္ဟုထင္ခဲ့၏။ ယခုဗီဒီယိုမ်ားကိုၾကည့္ရင္းၾကည့္ရင္းျဖင့္ သူ႕အထင္မွားေနေၾကာင္း သိလာရေလသည္။
........

ရႈရႈက ဘယ္ကစ၍မွားမွန္းမသိေသာ္လည္း အရာရာတိုင္းမွာ သူေတြးထားခဲ့သည္ထက္ ေက်ာ္လြန္ေနခဲ့၏။

ရႈရႈက ေတြးေတာကာ ဗီဒီယိုဆက္ၾကည့္ေနရင္း ကေလးငယ္ေလးအားခ်ီပိုးထားေသာ စုံတြဲက အာကာသယာဥ္ပ်ံေပၚတက္သြားသည့္ ျမင္ကြင္းအားေတြ႕လိုက္ရေလသည္။

"ကိုကိုးက🎼🎼 အာကာသယာဥ္ပ်ံႀကီးေပၚမွာပါကြယ္...🎼🎼 ကိုကိုးကအာကာသယာဥ္ႀကီးနဲ႕ ခရီးလဲသြားမယ္🎼🎼 ကိုကိုးတို႔ခရီးသြားေတာ့မယ္...🎼🎼 ကိုကိုးတို႔ခရီးထြက္ေတာ့မယ္...🎼🎼" ကာတြန္းပုံ ကိုကိုးေစ့ကေလးငယ္က ေနာက္ခံသီခ်င္းေလးႏွင့္အတူျမဴးႂကြစြာကေနေလသည္။ (ကိုကိုးေစ့=ကိုကိုး 😅)

အာကာသယာဥ္တဲ့!!! ဒီေနရာမွာ တကယ္ပဲ အာကာသယာဥ္ရွိတာတဲ့! ရႈရႈ႕ၾကည့္ေနသည့္ဗီဒီယိုမ်ားက လက္ေတြ႕ဘဝတြင္အသုံးဝင္နိုင္သည့္အေၾကာင္းအရာမ်ားျဖစ္ၾကၿပီး ဗီဒီယိုထဲတြင္ အာကာသယာဥ္ပ်ံအေၾကာင္း တကယ္ႀကီးပါလာ၏။

 ဒီေနရာက သူေနခဲ့ဖူးတဲ့ ကမၻာႀကီးမဟုတ္ဘူးေပါ့။

ရႈရႈကေတာထဲေရာက္စဥ္က ေတာတြင္းေနအေတြ႕အႀကဳံမ်ားစြာရွိ၍ ေၾကာက္႐ြံ႕ခဲ့ေသာ္လည္း အရာရာအဆင္ေျပခဲ့၏။ သို႔ေသာ္ ယခုပတ္ဝန္းက်င္မွာမူ....။

ရႈရႈမွာ ေလာကႀကီးကသူ႕အားစြန့္ပစ္သြားသည္ဟု ခံစားေနရေတာ့သည္။

ဤေနရာကား...သူေနထိုင္ခဲ့ေသာ ကမၻာေျမမဟုတ္။

ကမၻာေျမေပၚမွ စိတ္ဝိညာဥ္စြမ္းအင္ကနည္းပါးၿပီး ပတ္ဝန္းက်င္ညစ္ညမ္းမႈရွိကာ သူႏွင့္မ်ိဳးတူအားမေတြ႕ရေသာ္လည္း ကမၻာေျမမွာ ရႈရႈ၏ေမြးရပ္ေျမျဖစ္၏။ ကမၻာေျမေပၚတြင္ ႏွစ္ေပါင္ရာခ်ီေနထိုင္ခဲ့ေသာ္လည္း ဤေနရာကား.....ဘယ္လိုေနရာမ်ိဳးလဲ။ ရႈရႈက ေတာင့္တင္းကာ အနည္းငယ္တုန္ယင္လာ၏။

အက္ဂါက ရႈရႈ႕အေပၚပဲအာ႐ုံစိုက္ထားေလရာ ရႈရႈ၏တုန္ယင္ေနမႈအား ခ်က္ခ်င္းရွာေတြ႕သြားၿပီး ရႈရႈအား စိုးရိမ္တႀကီး ၾကည့္လာေလသည္။

ရင္းႏွီးေနက်ကိဳယ္ရနံ႕က ရႈရႈ၏ႏွာေခါင္းဝနားက်ီစားလာ၍ ခ်က္ခ်င္းလက္ကိုဆန့္တန္းကာ အက္ဂါ၏ေခါင္းအားဖက္လိုက္ေတာ့၏။ "ေႁမြႀကီး...အီးးးဟီးးးဒါကဘယ္ေနရာႀကီးလဲဗ်ာ...." ရႈရႈ၏မ်က္လုံးမ်ားမွာ ရဲကာပူေနၿပီး မ်က္ရည္မ်ားတသြင္သြင္စီးက်လာေလသည္။

အက္ဂါက သားရဲတစ္ပိုင္းလူသားေလးသူ႕အား ႐ုတ္တရက္ဖက္လာ၍ ေတာင့္တင္းသြားရ၏။ ထို႔ေနာက္ သူ၏ကိုယ္ေပၚသို႔ ပူႏြေးသည့္အရည္တစ္ခ်ိဳ႕က်ဆင္းလာသည္ကို ခံစားမိလိုက္ရ၍ ပူပင္ေသာကေရာက္ေနရ၏။ သို႔ေသာ္လည္း သူ၏ေႁမြကိုယ္လုံးတြင္ ခ်စ္သူေလး၏မ်က္ရည္ကို သုတ္ေပးရန္လက္တစ္ဖက္ပင္ မရွိခဲ့ေပ။

"ဘာဆက္လုပ္ရေတာ့မလဲ...အီးးးးးဟီးးးး" ရႈရႈကထပ္ေမးျပန္သည္။ သူက ဤေနရာမွအရာအားလုံးႏွင့္ စိမ္းသက္ေနၿပီး သူ၏တစ္ခုတည္းေသာ ရင္းႏွီးရာကား ေႁမြႀကီးသာရွိ၏။ ေနပါဦးးးးေႁမြႀကီး!!!

ရႈရႈက ႐ုတ္ခ်ည္းသတိရသြား၏။ သူ....သူေႁမြေခါင္းႀကီးကို ဖက္ထားတာလား....။

သူ၏လက္ေအာက္မွ အေၾကးခြံမ်ားက ေခ်ာမြတ္ေနၿပီး...ေႁမြပါးစပ္ႀကီးကလဲ သူ႕အနားေလးမွာေလ....။

ယခင္တုန္းကသာ ဤသို႔ျဖစ္ခဲ့၍ ရႈရႈေၾကာက္လြန္း၍ ေသသြားလိမ့္မည္။ သို႔ေသာ္ ရႈရႈက အတိုင္းအတာတစ္ခုအထိ ခံနိုင္ရည္ရွိေနၿပီျဖစ္၍ သူ႕ကိုယ္သူထိန္းခ်ဳပ္ကာ ေႁမြေခါင္းႀကီးအားတြန္းဖယ္လိုက္၏။ ထို႔ေနာက္တြင္ေတာ့ ေၾကာက္ေၾကာက္လန့္လန့္ျဖင့္ ကုန္းေအာ္ကာ ဆိုဖာေပၚတြင္ ခုန္ေနလိုက္ေတာ့၏။

သူ၏အျပဳအမူေလးမွာ နာက်င္ေနဟန္အျပည့္ျဖစ္ေန၏။ ရႈရႈက ေႁမြႀကီးအားတြန္းဖယ္လိုက္စဥ္ ေႁမြႀကီးကမလႈပ္မယွက္ပဲေနေနသည္ကို ေတြ႕လိုက္ရၿပီး အလြန္ဝမ္းနည္းသြားရသည္။ "ေတာင္းပန္ပါတယ္.... ေတာင္းပန္ပါတယ္ဗ်ာ..." သူက ေႁမြႀကီးအား တကယ္ကိုမတြန္းရက္ေပ။ သို႔ေသာ္ သူ၏ဗီဇအရ အလိုအေလ်ာက္တြန္းထုတ္ေနမိျခင္းအား သူမထိန္းခ်ဳပ္နိုင္ေသးေပ။

အက္ဂါက ရႈရႈ၏အျပဳအမူအားက်င့္သားရေနၿပီျဖစ္၏။ သားရဲတစ္ပိုင္းလူသားေလးမွာ ေႁမြအားေၾကာက္တုန္းေၾကာက္ဆဲပင္။ ထို႔ေၾကာင့္ သူ႕အားတြန္းထုတ္ျခင္းမွာ ပုံမွန္သာျဖစ္ၿပီး အေကာင္ငယ္ေလး၏အမွားမဟုတ္ေပ။

သားရဲတစ္ပိုင္းလူသားငယ္ေလးက အက္ဂါအား ေၾကာက္႐ြံ႕သည့္စိတ္ကို အတတ္နိုင္ဆုံးထိန္းကာ အက္ဂါနားအၿမဲေနခဲ့၏။ အက္ဂါက ထိုသို႔က်င့္သားရေနေသာ္လည္း ႏွလုံးသားေလးတြင္ ခါးသီးမႈအျပည့္ျဖစ္ေပၚလာရျပန္သည္။

"ေႁမြႀကီးေရ....ခင္ဗ်ားသာ လူျဖစ္လာရင္ ကြၽန္ေတာ္ခင္ဗ်ားကို တကယ္မေၾကာက္ေတာ့ဘူး" ရႈရႈက ေႁမြႀကီးအားေငးကာ အၿပဳံးေလးတစ္ပြင့္ျဖင့္ေျပာလိုက္၏။

ယခု ရႈရႈထံတြင္ အနီးစပ္ဆုံးသူအျဖစ္ ေႁမြႀကီးသာရွိ၏။ ေႁမြႀကီးက သူ႕အေပၚမေကာင္းသည့္စိတ္မရွိပဲ သူ႕အားကာကြယ္ေစာင့္ေရွာက္ေပး၏။ သူကေႁမြႀကီးအား မေၾကာက္မ႐ြံ႕ေပါင္းလိုေသာ္လည္း ရႈရႈလုံးဝမတတ္နိုင္ပဲ ေႁမြႀကီးအားေၾကာက္႐ြံ႕ေနဆဲျဖစ္ေနသည္။

သူေႁမြႀကီးက ျမန္ျမန္လူသားျဖစ္ေအာင္ကူညီေပးရမယ္။ ေႁမြႀကီးသာ လူသားျဖစ္သြားရင္ ဘာမွေၾကာက္ဖို႔မလို​ေတာ့ဘူး။

"ခင္ဗ်ား...မလႈပ္ဘူးးး။ ကြၽန္ေတာ္ ခင္ဗ်ားရဲ႕က်င့္ႀကံတဲ့အေျခအေနကိုၾကည့္ေပးမယ္" ရႈရႈက ေႁမြကိုယ္ႀကီးေပၚ ဂ႐ုတစိုက္ လက္ကေလးတင္ၿပီး ေငြမွ်င္ေလးလိုျဖစ္ေနေသာ စိတ္ဝိညာဥ္စြမ္းအားကို ေႁမြႀကီးဆီပို႔ကာ စစ္ေဆးလိုက္၏။

စိတ္ဝိညာဥ္စြမ္းအားကိုသုံးကာ အျခားသူ၏အတြင္းပိုင္းအေျခအေနအား ၾကည့္ရႈျခင္းမွာ အလြန္ရိုင္းရာက်ေလသည္။ ပုံမွန္က်င့္ႀကံသူတစ္ေယာက္က အျခားသူမ်ားသူ၏ကိုယ္တြင္းပိုင္း အေျခအေနကိုၾကည့္ရႈရန္ ခြင့္ျပဳေပးမည္မဟုတ္ေပ။ သို႔ေသာ္ ရႈရႈက ထိုအခ်က္အား လုံးလုံးမသိသလို၊ အက္ဂါကလည္း ရႈရႈႏွင့္ပတ္သက္၍ သတိထားေနျခင္းမရွိေပ။ ထို႔ေၾကာင့္ ရႈရႈ၏စြမ္းအားက ေႁမြႀကီး၏ကိုယ္ထဲ လွည့္လည္ကာစစ္ေဆးေနေတာ့၏။ မၾကာမွီတြင္ အက္ဂါ၏အေျခအေနအကုန္လုံး စစ္ေဆးၿပီးေျမာက္သြားေလသည္။

မ်ားလိုက္တဲ့ စြမ္းအားေတြ...။ ၾကည့္ရတာ... ေႁမြႀကီးလဲ အသြင္ေျပာင္းေတာ့မဲ့ပုံပဲ။

ေႁမြႀကီး၏အေျခအေနအရ က်င့္ႀကံျခင္းမိုးႀကိဳးမွာ မနက္ျဖန္တြင္ပင္ ေရာက္လာနိုင္ေခ်ရွိ၏။

ဗီဒီယိုၾကည့္ရင္း ဝမ္းနည္းေနခဲ့ေသာ ရႈရႈ၏စိတ္ကေလးမွာ ေပ်ာ္႐ႊင္လာၿပီး ေႁမြႀကီး၏ေခါင္းအားပုတ္ေပးလိုက္ကာ ခ်ီးက်ဴးလိုက္၏။ " တပည့္ႀကီးးးခင္ဗ်ားက တကယ္ကို အေတာ္ဆုံးပဲ!!! ခင္ဗ်ားအသြင္ေျပာင္းေတာ့မယ္...။ လူျဖစ္တာလဲ... ဒီဆရာထက္ အဆေပါင္းရာခ်ီ ျမန္တာပဲေနာ္" မဟုတ္ေသးဘူး။ အဆေပါင္းေထာင္ခ်ီျမန္တယ္လို႔ ေျပာရမွာ။ သူကႏွစ္ေပါင္းရာခ်ီက်င့္ႀကံခဲ့ရၿပီး သူ႕တပည့္ႀကီးမွာေတာ့ က်င့္ႀကံတာရက္တစ္ရာပင္ မျပည့္ေသးေခ်။

မည္သို႔ပင္ျဖစ္ေစ... အလြန္ေကာင္းမြန္ေသာ အေျခအေနျဖစ္၏။ ေႁမြႀကီးသာ လူသာျဖစ္သြားလွ်င္ ရႈရႈထံ၌ အေဖာ္ရွိသြားမည္ျဖစ္သည္။ အကယ္၍ ဤကမၻာႀကီးတြင္ ရွင္သန္ရန္ခက္ခဲေနလွ်င္ အလြန္ဆုံးအေနျဖင့္ သူ႕တပည့္ေႁမြႀကီးကိုေခၚကာ ေတာထဲျပန္၍ သူတို႔၏ဂူေလးထဲဆက္ေနလိုက္မည္။

ထိုအခါ ေႁမြႀကီးကအမဲလိုက္ၿပီး သူကဂူကိုသန့္ရွင္းေရးလုပ္ကာ ခ်က္ျပဳတ္ေရးကိုတာဝန္ယူမည္။ ထိုအစီအစဥ္ကလည္း ေကာင္းလွ၏။

သို႔ေသာ္ ျဖစ္နိုင္လွ်င္ရႈရႈက ဤေနရာတြင္သာ ပို၍ေနခ်င္၏။ ဤေနရာတြင္ အဆင့္ျမင့္နည္းပညာပစၥည္းမ်ားစြာလည္းရွိ၏။ ရႈရႈက ေတြးေနရင္းျဖင့္ ေႁမြႀကီးအားသူ႕ေဘးနားဆြဲေခၚကာ ကေလးမ်ား၏သင္ေထာက္ကူဗီဒီယိုအား တက္တက္ႂကြႂကြၾကည့္ေနေတာ့၏။ "ကြၽန္ေတာ္တို႔ ဒီထက္ပိုတိုးတက္ေအာင္ အတူတူႀကိဳးစားၾကမယ္။ ဒါမွ အနာဂတ္မွာ အလုပ္ရနိုင္လိမ့္မယ္။ ဒါေပါ့...အလုပ္ေကာင္းေကာင္းေလးလဲရွာထားမွ ကြၽန္ေတာ္တို႔ဘဝအဆင္ေျပမွာေလ...။ ခင္ဗ်ားက အစားႀကီးလြန္းတယ္"

အက္ဂါ ╥_╥  : "......" သားရဲလူသားတိုင္း အစားႀကီးၾကပါတယ္ကြာ...။

အက္ဂါက ငယ္ငယ္ကတစ္ခါမွ်မၾကည့္ခဲ့ေသာ ကေလးၾကည့္သည့္ဗီဒီယိုတိုင္းအား သားရဲတစ္ပိုင္းလူသားငယ္ေလးအား အေဖာ္ျပဳရင္း ၾကည့္ေပးေနကာ စိတ္အေျခအေနေကာင္းမြန္လာ၏။ တစ္ခ်ိန္တည္းမွာ စိတ္ရႈပ္ေထြးေနခဲ့ရ၏။ သားရဲတစ္ပိုင္းလူသားငယ္ေလးက အက္ဂါမွာ ရႈရႈ႕လိုလူသားျဖစ္လာမည္ကို အႀကိမ္ႀကိမ္ေျပာခဲ့၏။ အဲ့စကားေတြက ဘာကိုဆိုလိုျပန္တာတုန္း...။
 
"လူသား" ဆိုသည့္အဓိပၸါယ္မွာ သားရဲတစ္ပိုင္းလူသားကို ဆိုလိုျခင္းျဖစ္ရမည္။ လူသားဟုဆိုတိုင္း ထိုအေကာင္ငယ္ေလးက သူ႕ကိုယ္သူလက္ညွိုးထိုးျပတတ္၏။

ရႈရႈ၏ သင္ယူနိုင္စြမ္းက အလြန္ျမန္ကာ ဂြၽန္းးအခန္းထဲသို႔ျပန္ဝင္လာခ်ိန္တြင္ ရႈရႈကရိုးရွင္းေသာ စာေၾကာင္းအခ်ိဳ႕ေျပာနိုင္ၿပီျဖစ္၏။

"ဟယ္လို....ဟယ္လို.... ကြၽန္ေတာ့္နာမည္က ရႈရႈပါခင္ဗ်ာ..."

ဂြၽန္းက ရႈရႈအားၿပဳံးျပလိုက္၏။ သူက အက္ဂါထံမွ ထိုကေလးငယ္အေၾကာင္းအနည္းအက်ဥ္းသိထား၏။ အက္ဂါ၏ေျပာျပခ်က္အရ ထိုအေကာင္ငယ္ေလးမွာ အက္ဂါအားကယ္တင္ေပးၿပီး အရာတိုင္းလိိုလိုနားမလည္သည့္ သူေလးျဖစ္ေနသည္။

ထို႔ေၾကာင့္ ဂြၽန္းက ထိုအေကာင္ငယ္ေလး၏ DNA gene ကိုအရယူကာ ေပ်ာက္ဆုံးေနသည့္ သားရဲတစ္ပိုင္းလူသားဟုတ္၊မဟုတ္..စစ္ေဆးခ်င္ေန၏။ သို႔ေသာ္ အက္ဂါက အျပတ္အသတ္ျငင္းလႊတ္လိုက္ေလသည္။

 သားရဲတစ္ပိုင္းလူသားငယ္ေလး၏ ကိုယ္ထဲတြင္ လွ်ို႔ဝွက္ခ်က္တစ္စုံတစ္ရာရရွိဟန္ေပၚေလသည္။ သို႔ေသာ္ ထိုကေလးငယ္၏ပုံစံေလးက ရိုးရွင္းေန၏။ အကယ္၍ ထိုကေလးငယ္၌ လွ်ို႔ဝွက္ခ်က္အခ်ိဳ႕ရွိေနလွ်င္ပင္ မေကာင္းသည့္အရာမဟုတ္နိုင္ေလာက္ေခ်။

ေတြးေနသမွ် မ်က္ႏွာေပၚအကုန္ေပၚေနတတ္သည့္ သားရဲတစ္ပိုင္းလူသားငယ္ေလးအား ေငးၾကည့္ရင္း ဂြၽန္းကသက္ေတာင့္သက္သာ ျဖစ္သလိုခံစားလိုက္ရ၏။

"ဟယ္လို စုစုေလး။ ကိုယ့္နာမည္က ဂြၽန္းပါ...." (TN~ ဟုတ္ကဲ့။ စုစုလို႔သုံးသြားတာပါ...။ ရႈရႈကတ႐ုတ္နာမည္ေလးေပါ့..။ ဒီဝတၳဳမွာ က်န္တဲ့ဇာတ္ေကာင္အကုန္လုံး English နာမည္ေတြနဲ႕ခ်ည္းသုံးသြားပါတယ္။ ၿပီးေတာ့ သားရဲကမၻာရဲ႕ ဘာသာစကားအရ သူတို႔က ရႈရႈဆိုတဲ့နာမည္ကို စုစုဆိုၿပီးသုံးလိုက္တာပါ..။ ဒီကသူေလးအမွားမဟုတ္ဘူးလို႔...)

ဆင္းဆင္းရဲရဲေသျခင္း????
(Jones ရဲ႕တ႐ုတ္နာမည္က 琼斯-qióng sǐပါ။ ဒါေပမဲ့ 穷死 ဆိုတဲ့စကားလုံးနဲ႕ အသံထြက္တူပါတယ္။ ဒါေၾကာင့္ကေလးေလးက အဓိပၸါယ္လြဲမွတ္မိသြားတာပါ)

ရႈရႈက ဂြၽန္း၏နာမည္ကိုေတြးေတာရင္း ပါးစပ္ကေလးအား လက္ကေလးျဖင့္အုပ္ကာ ရယ္ေမာမိလိုက္၏။

 ဟင္...ငါ့နာမည္က အရမ္းထူးဆန္းေနလို႔လား။

ဂြၽန္းက ဇေဝဇဝါျဖစ္ေနရ၏။ သို႔ေသာ္လည္း ဂြၽန္းက အက္ဂါႏွင့္ရႈရႈအတြက္ ​ေနထိုင္ရန္အိမ္တစ္လုံးျပင္ဆင္ေပးလိုက္ေလသည္။

 သားရဲတစ္ပိုင္းလူသားငယ္ေလးက ေဝးလံေခါင္သီေသာ ေတာႀကိဳအုံၾကားထဲမွ ႐ုတ္တရက္ေပၚလာခဲ့၏။ ထိုအျခင္းအရာက ထူးဆန္းေနေသာ္လည္း ဂြၽန္းလို ဆရာဝန္တစ္ေယာက္အတြက္ ေထြေထြထူးထူးစဥ္းစားရန္မလိုခဲ့ေပ။ အက္ဂါ၏သုံးသပ္မႈမ်ားကိုၾကည့္၍ ထိုအေကာင္ငယ္ေလး၏ ကိစၥအား ဂြၽန္းကတာဝန္ယူေပးလိုက္မည္။ ထိုသို႔ တာဝန္ယူရန္ အေၾကာင္းျပခ်က္ေကာင္းေကာင္းတစ္ခု စဥ္းစားထား၏။ သူက သားရဲတစ္ပိုင္းလူသားကေလးငယ္ကို စစ္တန္းလ်ားရွိ ၾကမ္းတမ္းသည့္ လူရိုင္းအုပ္ၾကား မထားနိုင္ဟုအေၾကာင္းျပကာ ကာကြယ္ေစာင့္ေရွာက္ေပးလိုက္ေတာ့သည္။

အဆင့္က်သားရဲျဖစ္သည့္အက္ဂါအား... အျခားသူမ်ားအျမင္ၾကည္ေစရန္ စမ္းသပ္စစ္ေဆးမႈမ်ားျပဳလုပ္ေပးခဲ့ရ၏။

 "မင္းတို႔ႏွစ္ေယာက္ အခ်ိန္တစ္ခုထိဒီမွာေနပါ။ တစ္ခုခုလိုရင္ ကိုယ့္ကိုေျပာ။ မင္းအတြက္ ID ကိုမနက္ျဖန္ကိုယ္လုပ္လာခဲ့ေပးမယ္" ဂြၽန္းက ရႈရႈအားနားမလည္မည္စိုး၍ လက္ဟန္ျဖင့္ေျပာဆိုကာ ရႈရႈအားသက္ေတာင့္သက္သာေနခိုင္းလိုက္၏။

ဂြၽန္းျပင္ဆင္ေပးသည့္အိမ္က ကမၻာေပၚမွအိမ္မ်ားႏွင့္အလြန္ကြာျခားေသာ္လည္း အခန္းေနရာခ်ထားမႈက အနည္းငယ္တူညီ၏။ ဂြၽန္းက လွ်ပ္စစ္ပစၥည္းမ်ားအသုံးျပဳပုံကို လက္ေတြ႕ျပကာ သင္ၾကားေပး၍ ရႈရႈက ထိုပစၥည္းမ်ားအား ေတာ္ေတာ္သုံးတတ္ေနၿပီျဖစ္၏။

"သူတို႔ပစၥည္းေတြ ၊စားစရာေတြအမ်ားႀကီးထားေပးထားတယ္" ရႈရႈက ေရခဲေသတၱာထဲမွ ေအးခဲေနေသာ အသားမ်ားကို တလက္လက္ေတာက္ပေနေသာ မ်က္ဝန္းတစ္စုံျဖင့္ၾကည့္ရင္း ေႁမြႀကီးအားေျပာလိုက္၏။

ထို႔ေၾကာင့္ အက္ဂါက ဒီေန႕အတြက္ ရႈရႈျပင္ေပးသည့္အသားကင္ကို စားလိုက္ရေတာ့သည္။ ထိုအသားအား ရႈရႈက မီးကင္စက္သုံး၍ကင္ထားျခင္းျဖစ္ၿပီး မီးကင္စက္အားတစ္ခါမွ်မသုံးဖူးေသာ ဟမ္းစတားေလးတစ္ျဖစ္လဲရႈရႈမွာ မသုံးတတ္၍ အသားအားအၾကာႀကီး မကင္ရဲေခ်။ ပထမဆုံးအႀကိမ္ အသားကို စက္ထဲႏွစ္မိနစ္ထည့္ထားလိုက္၏။ ထို႔ေနာက္ အသားအားထုတ္ကာ ၾကည့္လိုက္စဥ္ ကင္ပင္မကင္ရေသးသည့္အေျခအေနတြင္သာရွိေနေသးဆဲျဖစ္ေန၏။ ထို႔ေၾကာင့္ အသားအားစက္ထဲျပန္ထည့္ကာ ေနာက္ငါးမိနစ္ထပ္၍ ေစာင့္လိုက္ေသာ္လည္း အသားက လုံေလာက္ေအာင္မက်က္ေသးေပ။ ထို႔ေၾကာင့္ ေနာက္တစ္ႀကိမ္ ထပ္၍ထည့္ကာ ဆယ္မိနစ္ေစာင့္လိုက္၏။

ထိုသို႔ ထုတ္လိုက္၊ ထည့္လိုက္ႏွင့္ ကင္ထားသည့္ အသားကင္မွာအရသာမေကာင္းေခ်။ သို႔ေသာ္ အက္ဂါျဖစ္ေစ၊ ရႈရႈျဖစ္ေစ သူတို႔ႏွစ္ဦးလုံး အသားပင္အေပၚစိတ္ေက်နပ္မႈရွိ၏။ စားေသာက္ၿပီးေနာက္ ရႈရႈကခ်က္ခ်င္း ေႂကြးေၾကာ္လိုက္၏။ " ​ေႁမြႀကီးး ျမန္ျမန္ေလး၊ အတူတူက်င့္ႀကံၾကရေအာင္"

.......🐍🐹🐍🐹🐍🐹🐍🐹........

26.8.2021

Note မွာေရးထားတာ။ တစ္ဝက္ေက်ာ္ေက်ာ္ကမွားဖ်က္မိၿပီး ႏွစ္ခါျပန္ေရးလိုက္ရလို႔ ၾကာသြားတယ္ ဝူးဝူးးး။

Continue Reading

You'll Also Like

3M 231K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
270K 19.6K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
661K 29.6K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...