တစ်ဦးဆိုင် ရပ်ဝန်း

By Garlic_Boom

1.4M 118K 8K

Strawberry pudding and its counterpart . More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း

အပိုင်း(၁၃)

33K 3.4K 236
By Garlic_Boom

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

(၁၀) နှစ်ကြာပြီးနောက်။

သူ့ပေါင်ကြားထဲ ခေါင်းရောက်နေသော Green ရဲ့ ခေါင်းကို Iris လက်နှစ်ဖက်နှင့်ဆောင့်ဆွဲလိုက်ပြီး  တွန်းထုတ်လိုက်သည်။

" သွားလိုက်တော့ Green ငါမင်းကို မသတ်မိခင် "

" Iris ငါ "

" ထွက် သွား "

သူ့စကားကို နားထောင်သည့် Green က သူ့အား ခေါင်းငြိမ့်ပြကာ ထွက်သွားပေးသည်။

ခဏမှေးနေတုန်း ရှိသေး Green က သူ့အရာကို ပါးစပ်ထဲထည့်ကာပြုစုပေးနေခြင်း။

Green က Gay ဆိုတာသိပေမယ့် သူ့ကိုအဲ့လောက်ထိ အရူးအမူးဖြစ်နေမယ်တော့ မထင်မိ။

သူငယ်ချင်း အချင်းချင်း မို့ သူ Green ကို ဒီတစ်ခေါက်တော့ ညှာပေးလိုက်မည်။

Iris က လည်း Gay ဆိုပေမယ့် လွန်းတစ်ယောက်ထဲအတွက်သာ Gay ခြင်း Iris က Limited Gay။

France ကို စရောက်ထဲက သူ့နှလုံးသား တံခါးကို ပိတ်ထားခဲ့တာ ဆယ်နှစ်တိတိရှိခဲ့ပြီ။

Green ထွက်သွားမှ  သူ့အတွက် limited နဲ့ထုတ်ပေးထားရသော လက်ထဲက Leo တံဆိပ်နဲ့  cigarette ကို စိမ်ပြေနပြေ သောက်နေလိုက်သည်။

ဆေးလိပ်ငွေ့တွေကြားထဲမှာမှလည်း  မပီမပြင်မျက်နှာတစ်ခုက ထင်းလင်းနေသည်။

ဂုတ်အထက်နားထိရောက်နေသော ဆံပင်ခရမ်းရောင်များကို စုစည်းထား​ပြီး နားထင်နားက တက်တူးစာသားကလည်း မြင်သူတိုင်းအဖို့ သမင်လည်ပြန်ငေးရလောက်အောင် လှပလွန်းသည်။

My Youth = Loon LaYeik Wayy.

စစရောက်တဲ့နေ့မှာပဲ သူ ဒယ်ဒီ့ကို မရမက
ခွင့်တောင်းကာ သွားထိုးခဲ့ခြင်း။နာလွန်းလို့ အံကြိတ်ကာ တင်းပြီး ထိုးခံခဲ့သည်။

အပေါ်ပိုင်း က အင်္ကျီ ဗလာနှင့်မို့ ကြွက်သားများကလည်း အမြှောင်းလိုက်ထနေသည်။

ဖြူစွတ်နေသော အသားအရည်ကြောင့် Iris ရဲ့ လူငယ်ပုံစံကို ပိုပြီး ပေါ်လွင်နိုင်စေသည်။

ခြောက်ပေ နှစ်လက်မရှိသော အရပ်ကြောင့်လည်း Iris က University ရှိ ယောကျ်ားလေး  မိန်းကလေးများကြား အမြဲနာမည်ကြီးနေသည်။ Iris ကို မိန်းကလေးတွေသာမက အချို့ယောကျ်ားလေးများကပါ ပိုးပန်းကြသည်။

သို့သော် Iris ရဲ့ ခပ်တည်တည်ပဲ ပုံစံကြောင့် တအားကြီးတော့ မနှောင့်ယှက်ရဲကြပေ။

မျက်နှာချင်းဆိုင်က နံရံထက်မှာ သူနဲ့လွန်း နောက်ဆုံးတွေ့သည်ညက လွန်းပေးလိုက်
သည့် လွန်းကလေးဘဝက  ဓာတ်ပုံလေး။

" လွန်းအနားကို မောင်ပြန်လာတော့မယ် လွန်း "

Alex ဆီ    ဖုန်းခေါ်လိုက်ပြီး မြန်မာပြည်အတွက် လေယာဥ်လက်မှတ်တစ်စောင်ဖြတ်ခိုင်းထားလိုက်သည်။

အလုပ်တွေအားလုံးကိုလည်း သူ Alex နဲ့လွှဲပေးဖို့ ပြင်ဆင်ပြီးပြီ။

" ကိုကို "

အခန်းထဲကို မပြောမဆိုနဲ့ ဝင်လာသော မီးငယ်က အရင်ကပုံစံအတိုင်းပဲ။

ဆံပင်ကိုရွှေရောင် အခွေအလိပ်တွေပြောင်းထားပြီး မျက်နှာတစ်ခုလုံး မှုန်နေအောင်ခြယ်သပြင်ဆင်ထားသည်။

" သူများအခန်းကို ဝင်လာရင် တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား လေးမြတ်ခွာညို ethics မရှိဘူးလား "

ကိုကိုက အမြဲတမ်း သူ့ကို ပြောဖို့ဆိုဖို့ ချည်းပဲ ။ လေးမြတ်ခွာညို မျက်နှာကို စူပုပ်ထားလိုက်သည်။

" ကိုကိုကလည်း Cindy က ကိုယ့်အကိုခန်း ဝင်တာလေ သူများအခန်းဝင်တာမှမဟုတ်တာ မုန့်ဖိုးပေးပါဦး Cindy ကောင်လေးနဲ့ ချိန်းထားလို့ "

သမီးတစ်ကောင် နွားတစ်ထောင်ဆိုတော့ ညီမတစ်ကောင် နွားနှစ်ထောင်ပေါ့ Iris သက်ပြင်းချလိုက်ပြီး ဘောင်းဘီထဲက Card ထုတ်ပေးလိုက်သည်။

" သုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်းမနေနဲ့ ငါငွေရှာနေတာ နင့်အတွက်မဟုတ်ဘူး "

" သိပါတယ် လွန်းလရိပ်ဝေး အတွက်မလား ဆယ်နှစ်တောင်ကြာနေပြီဟာကို ဟိုကမိန်းမတွေ ဘာတွေ ရသွားလောက်ပြီ ကိုကိုပဲ လွမ်းနေတာ "

အရည်အရအဖတ်မရ တွေ ပြောနေသော ညီမဖြစ်သူကြောင့် Iris သည်းမခံနိုင်တော့ပေ။

" ထွက် သွား စမ်း လေးမြတ်ခွာညို "

မိန်းမရသွားလည်း ဘာအရေးလဲ အဲ့မိန်းမကို သတ်ပြစ်လိုက်မှာပေါ့။

လွန်းလရိပ်ဝေး ငယ်ငယ်တည်း က လမြတ်ဝါဆို (Iris)  အပိုင်ပဲ။





ထမင်းစားနေတုန်း ရှိသေး မျက်နှာကြီး​ပြုံးရွှင်ကာ ဝင်လာတဲ့ မခိုင်ကြောင့် လွန်း စားလက်စ ရပ်ထားလိုက်ရသည်။

" အုပ်ကြီး ခေါ်နေတယ် လွန်းလရိပ်ဝေး သွားလိုက်ဦး နင်အဆူခံရတော့မယ်ထင်တယ် "

" ဟုတ်ကဲ့ မခိုင် ကျွန်တော် စားပြီးရင်သွား
လိုက်ပါ့မယ်"

" ဟဲ့ ဘယ်ဖြစ်မလဲ နင့်ကို လူကြီးကခေါ်နေတာလေ ထမင်းမစားရလို့ ဘာမှမဖြစ်ဖူး လွန်းလရိပ်ဝေး "

နှာ​ခေါင်း​ပေါ်လျှောကျနေတဲ့  ​ရွှေရောင်  ​လေးထောင့်မျက်မှန် ကိုင်း ကို လွန်းသေချာပြန်တင်လိုက်ပြီး မခိုင်အား တစ်ချက်ကြည့်လိုက်သည်။

" ဒါကျွန်တော့် နားချိန်ပါ မခိုင် အုပ်ကြီးနေရာမှာသာ လူနာဆိုရင်တော့ ကျွန်တော်အခုချက်ချင်း ပြေးသွားမိမှာပါ "

" နင် လူပါးမဝနဲ့နော် လင်းနေမျက်နှာရှိလို့ နင့်ကိုသည်းခံနေတာ လွန်းလရိပ်ဝေး "

" ခင်ဗျား ကျွန်တော့်အနားမှာ ဆက်ပြီး ပွစိပွစိ လုပ်နေဦးမယ်ဆိုရင်တော့ ဒီဘူးထဲက ငါးပိရည်တွေနဲ့ ခင်ဗျားကို ပက်ပြစ်မှာနော် မခိုင် ကျွန်တော်မလုပ်ရဲဘူးလို့တော့ ခင်ဗျားထင်မနေနဲ့ "

" အရိုင်းအစိုင်း ပဲ လွန်းလရိပ်ဝေး ရုပ်လေးနဲ့မှမလိုက် အဆူခံရလည်း အေးတာပဲ "

မခိုင်ထွက်သွားမှ လွန်း ထမင်းဆက်စားနေလိုက်သည်။

ဒီမိန်းမကြီး သူ့ကို ဘာတွေ မနာလိုဖြစ်နေမှန်းလည်း မသိ။

လွန်းလရိပ်ဝေး က ငယ်ငယ် ကပုံစံနဲ့ တစ်စက်လေးမှမတူပဲ အသက်တစ်နှစ် ကြီးလာလေ ပိုပြီးအကြောတင်းလာလေဖြစ်သည်။

အဝေးမှုန်သောကြောင့် မျက်မှန်လည်း တပ်ထားရသည်။

ခြောက်ပေအတိရှည်သော အရပ်ကြောင့် Dutycoat အဖြူလေးဝတ်ထားလိုက်ရင် လွန်းလရိပ်ဝေး ဟာ Genius Hospital ရဲ့ King လေးပင်။

King ဆိုပေမယ့် ဆေးရုံတစ်ခုလုံးမှာ သူ့ကို အမြင်ကြည်သူက လက်ချိုးရေလို့ပင်ရသည်။

အမြင်မကြည်သူတွေက ဒုနဲ့ဒေး ပေါများပြီး အဲ့ထဲမှာ မခိုင်က ထိပ်ဆုံးကဖြစ်သည်။

လွန်းကလည်း လူနာတွေကလွဲရင် အုပ်ကြီးကအစ တစ်ဆေးရုံလုံးကို ဂရုပင်မစိုက် ။

ဆေးရုံမှာ လွန်းက အပေါက်ဆိုးသော ဆရာဝန်လေးဆိုပြီး နာမည်ကြိးသည်။

တစ်ချို့က လွန်းကို ကြိုက်လို့ ဒဏ်ရာမရရအောင်လုပ်ပြီး ဆေးရုံလာတက်ကြတယ်။

အဲ့လောက်ထိကို လွန်းလရိပ်ဝေး က နာမည်ကြီးပါသည်။

စားလို့ပြီးပြီးမို့ အိတ်ထဲ ထမင်းဘူး ထည့်ကာ အုပ်ကြီးရုံးခန်းဘက် ထွက်လာလိုက်သည်။

အထဲမဝင်ခင် တံခါးခေါက်ရမည်မို့ လွန်း နှစ်ချက်ခေါက်ပေးလိုက်သည်။

ဝင်ခဲ့ဆိုသည့် အသံကြောင့် လွန်း ဝင်သွားလိုက်သည်။

" ဘာပြောချင်တာလဲ အုပ်ကြီး ခင်ဗျာ့ "

" Emergency ဌာနမှာ လွန်းကို နေရာချပေးဖို့ပါ "

" ရတယ် ဒါပဲမလား အုပ်ကြီး ကျွန်တော်လက်ခံတယ် မနက်ဖြန်ကစပြီး ကျွန်တော်ပြောင်းလိုက်မယ် "

" ဟုတ်ပြီ လွန်း ကော်ဖီသောက်ဦးမလား "

" မသောက်တော့ဘူး ရင်တုန်တယ် ကော်ဖီက ခွင့်ပြုပါဦး ခင်ဗျာ့ "

အုပ်ကြီးရုံးခန်းထဲက ပြန်ထွက်လာပြီး လွန်း တာဝန်ကြနေသော လူနာဆောင် ဘက်ပြန်လာလိုက်သည်။

" ဟီးးးးးး နာနာ မေမေ တားတားနာနာ ဟီးးး"

" အေးပါ မငိုနဲ့ မေ့သားလေးကို မေက ဆရာဝန် နဲ့ပြပေးမှာပေါ့ "

" နာတယ် မေမေ တားမျက်ခုံးထောင့်နားမှာ ဘာဖြစ်သွားပြီရယ် မတိဝူး ဟီးးးးး"

ခုံတန်းလေးပေါ်တွင်ထိုင်ကာ သားဖြစ်သူကို ချော်နေသော အမေနှင့် နာလို့ငိုနေသော ကလေးလေးအား လွန်း ရပ်ကြည့်နေလိုက်သည်။

ညာဘက်မျက်ခုံးထောင့်နားမှာ ထိခိုက်မိထားသောကြောင့်  အသံပြဲလန်နေအောင်ငိုနေခြင်းပင်။

ညာဘက်မျက်ခုံးထောင့်နားက အချိုင့်ဖြစ်နေတဲ့ အမာရွတ် ကလေး။

တိုက်ဆိုင်မှုတွေရှိလို့သတိရလာတိုင်း  လမြတ်ဝါဆို ဆိုတဲ့ ခွေးသူတောင်းစား ကို လွန်း အသေရိုက်သတ်ပြစ်ချင်စိတ်များက ထိန်းမရအောင် ကို ဖြစ်နေသည်။

တွေ့တဲ့နေရာမှာ လွန်း အဲ့ခွေးကောင်ကို ရိုက်သတ်ပြစ်မှာ ။

_______________________________________________________________

GarlicBoom




တစ်ဦးဆိုင် ရပ်ဝန်း

Zawgyi

(၁၀) နှစ်ကြာပြီးနောက်။



" Iris ငါ "

" ထွက် သွား "














ခြောက်ပေ နှစ်လက်မရှိသော အရပ်ကြောင့်လည်း Iris က University ရှိ ယောက်ျားလေး  မိန်းကလေးများကြား အမြဲနာမည်ကြီးနေသည်။ Iris ကို မိန်းကလေးတွေသာမက အချို့ယောက်ျားလေးများကပါ ပိုးပန်းကြသည်။






" ကိုကို "



















လိုက်ပါ့မယ်"



































_______________________________________________________________

GarlicBoom






Continue Reading

You'll Also Like

405K 15.4K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
82.3K 2.5K 38
ချစ်​ရတယ့်​အရင်းနှီးဆုံးသူစိမ်းတစ်​​ယောက်​နဲ့ချစ်​ရတယ့်​အရင်းနှီးဆုံး​သွေးသားရင်းညီမ​လေး တကယ်​တမ်းသူတို့ကို​ရွေးချယ်​ဖို့ဖြစ်​လာတယ့်​အခါမှာ​ကော...
153K 8.1K 34
တိမ်ပြာတွေ မရှိတဲ့ ကောင်းကင်ကြီးက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိနိုင်ပါ့မလဲ...။ (ကောင်းကင်သစ်) တိမ်တွေဆို...