ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (CO...

By SawNaungHtet

43.4K 2.6K 79

- BJYX Myanmar FanFiction 💚❤ - Not Zhanyi ⚠⚠⚠ - Wang Yibo_Seme - Xiao Zhan_Uke [Unicode and Zawgyi] More

Intro
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20 (final)

Part-3

2K 154 11
By SawNaungHtet

Unicode Version

ရှောင်ကျန့်သည် မိဘမဲ့ တစ်ကောင်ကြွက်ပင်ဖြစ်၏။ သူဟာ လွန်ခဲ့သောငါးနှစ်ခန့်က တက္ကသိုလ်နောက်ဆုံးနှစ်ဖြင့် ကျောင်းကို ဆက်မတက်တော့ပဲ အလုပ်ထွက်လုပ်နေခဲ့ခြင်းဖြစ်တယ်။ ကျောင်းစရိတ်အတွက် သူကိုယ်တိုင် တစ်ယောက်တည်း ရှာဖွေရသည်မှာ သိပ်တော့ မလွယ်ကူလှပါဘူးလေ။ ဒါကြောင့် ကျောင်းထွက်လိုက်ကာ ဝမ်းစာအတွက် အလုပ်ကိုသာ ထွက်လုပ်နေခဲ့လိုက်ခြင်းဖြစ်တယ်။ သို့သော်လည်း သူဝင်လုပ်တဲ့ အလုပ်တွေက အတည်တကျ သိပ်လည်းမရှိခဲ့ပါဘူး။

လီရှန်းနဲ့ သူနဲ့ကတော့ လွန်ခဲ့တဲ့ သုံးနှစ်က တွေ့ခဲ့ကြတယ်။ လီရှန်းကလည်း သူ့လိုပဲ ဘဝကို ရုန်းကန်နေရတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လီရှန်းမှာတော့ မိခင်ရှိသေးတယ်။

လီရှန်းရဲ့မိခင်က ကျန်းမာရေး အလွန်ချို့တဲ့သောကြောင့် သူတို့ချစ်သူသက်တမ်း သုံးနှစ်ဖြစ်နေသော်လည်း အတူတူနေဖို့ကို အနည်းငယ်မျှ မစဥ်းစားမိခဲ့ကြဘူး။ ထို့အပြင် လီရှန်းဘက်ကလည်း သူ့ကို တစ်ခါမှလည်း အတူတူနေဖို့မပြောဖူးပေ။

သူနဲ့ လီရှန်းက ချစ်သူတွေဖြစ်ကြတာမှန်ပေမယ့် ယခုအချိန်ထိ အိပ်ယာကကိစ္စတွေ၊ ချစ်သူရည်းစားတွေ လုပ်နေကျ တစ်ယောက်နဲ့တစ်ယောက် နမ်းကြတာတွေကို သူတို့တွေ မလုပ်ဖူးကြသေးပါ။ အဲ့ဒီအတွက်ကြောင့် Valentine Day မှာ သူက လီရှန်းကို ပထမဦးဆုံး အနမ်းပေးမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် တကယ်ပေးမိသွားတာက လီရှန်းမဟုတ်ခဲ့ဘဲ သူစိမ်းလူတစ်ယောက်ဖြစ်ခဲ့ရသည်မို့ သူ အံ့သြခဲ့ရသေးတယ်မဟုတ်လား။

.....

"မနေ့က သူနဲ့ထပ်တွေ့တော့ သူက ငါ့ကို တစ်ခုခုလိုက်ကျွေးဖို့ခေါ်တယ် အကို"

ရှောင်ကျန့်က သူနဲ့ ဝမ်ရိပေါ်ထပ်တွေ့ခဲ့ကြောင်းကို မဖုံးကွယ်ထားချင်ပါ။ ဖုံးကွယ်မှုကိုလည်း သူ မယဥ်ပါးဘူးလေ။ ထို့ကြောင့် လီရှန်းကို အမှန်အတိုင်း သူ ပြောပြနေခဲ့ခြင်းဖြစ်တယ်။

"ကျန့် ငြင်းလိုက်တယ် မဟုတ်လား"

"အကို ဘယ်လိုလုပ်သိတာလဲ"

"ကိုယ်က ကျန့်ရဲ့ ကိုယ့်ကျင့်တရားကို ယုံတယ်လေ"

သူနဲ့ ဝမ်ရိပေါ်တွေ့ခဲ့ကြောင်း ပြောပြသော်လည်း လီရှန်းက မည်သို့မျှ မတုန်လှုပ်။ ဖျော့တော့သော မျက်ဝန်းများနှင့်သာ သူ့ကို ငေးကြည့်ရင်း နားထောင်ပေးတယ်။

"နောက်ပြီး သူက အလုပ်လျှောက်မယ့်ကြော်ငြာပါတဲ့ ဂျာနယ်တစ်ခုကို ငါ့ကိုပေးခဲ့တယ်၊ ငါ လက်ခံလိုက်တယ် အကို"

"အင်း"

"အခု အဲ့ဒီဂျာနယ်မှာပါတဲ့ ကြော်ငြာထဲက ကုမ္ပဏီမှာ ငါအလုပ်လျှောက်သင့်လား"

လီရှန်းက သူ့ကို ငေးကြည့်နေရင်း သက်ပြင်းချတယ်။

"ကျန့်အတွက် အလုပ်တစ်ခုခုရဖို့က အရမ်းအရေးကြီးနေတာပဲ၊ ကျန့် လျှောက်သင့်ပါတယ်"

"အကိုက ခွင့်ပြုလိုက်တာလား"

"ကျန့်က လျှောက်ချင်တယ်မဟုတ်လား"

"အင်း...ငါ အလုပ်အတည်တကျရမှဖြစ်မှာလေ"

"ဒါဆိုရင် ကျန့် လျှောက်လိုက်ပေါ့"

လီရှန်းက သူ့ကို မည်သို့မျှပင် မကန့်ကွက်ပါ။ အေးဆေးစွာ ခွင့်ပေးခဲ့တယ်။

"ငါ ဝန်ခံစရာရှိသေးတယ် အကို"

"ပြောလေ"

"ငါ သူ့ကိုတွေ့ရင် ရင်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်"

"ဘယ်လိုခံစားချက်လဲ၊ ကျန့် သေချာသိလား"

"ဟင့်အင်း....ငါ သေချာမသိဘူး၊ ဒါပေမဲ့ ငါ သူနဲ့ တွေ့တဲ့အချိန်မှာတော့ ရင်ခုန်နေတယ်"

လီရှန်းက သူ့ကို ငေးငေးလေးသာ ကြည့်လိုက်တယ်။ လီရှန်းရဲ့ အကြည့်တွေက သူ့ကို စိုးရိမ်သည့် အရိပ်အယောင်လည်း ပါနေခဲ့တယ်။ သို့သော်လည်း လီရှန်းဘက်က မည်သည့်စကားတစ်ခွန်းမျှ ထွက်မလာခဲ့ဘူး။

"အကို ငါ့ကို မစိုးရိမ်ဘူးလား"

"မစိုးရိမ်ပါဘူး၊ ကိုယ်က ကျန့်ကို ယုံတယ်လေ"

"ကိုယ်ကလွဲပြီး ကိုယ့်ဒူးတောင် မယုံရဘူးဆို"

"ကိုယ်က ကိုယ့်ကိုယ်ကိုထက် ကျန့်ကို ပိုယုံတယ်"

လီရှန်းရဲ့ စကားတွေဟာ ဒီတစ်ခါတော့ ပြတ်သားလွန်းနေပြန်သေးတယ်။

"ကျန့်....ဘာမှမစဥ်းစားဘဲနဲ့ အဲ့ဒီအလုပ်ကိုသာ လျှောက်လိုက်ပါကွာ နော်...၊ နောက်ပြီးတော့ ကျန့်က သူ့အရှေ့မှာ ရင်ခုန်တယ်ဆိုတာကလည်း ရှက်လို့နေမှာပါ၊ နောက်ပြီး ကျန့် တစ်ခါမှ မလုပ်ဖူးတဲ့ အပြုအမူမျိုး သူ့အပေါ်မှာ ပြုမူလိုက်မိတာကိုး၊ အဲ့ဒါကြောင့်ပါ ကျန့်ရယ်၊ ဘာမှ စိတ်ထဲမထားနဲ့"

လီရှန်းက စကားလုံးအေးအေးလေးနှင့် သူ့ကို နှစ်သိမ့်ပေးရှာတယ်။ သို့သော် သူ့ကိုယ်သူသာလျှင် အသိဆုံးပါ။ သူက ဝမ်ရိပေါ်ရဲ့ အရှေ့မှာသာ ရင်ခုန်မိရုံမကဘဲ တစ်ခါတစ်လေ သူ့ရဲ့ အမြင်အာရုံတွေထဲမှာလည်း ဝမ်ရိပေါ်ရဲ့ ပုံရိပ်က ပေါ်,ပေါ်လာတတ်သေးတယ် မဟုတ်လား။

ထိုကဲ့သို့ ဖြစ်နေသော သူ့ကို လီရှန်းက ဘာကြောင့် မျက်စိမှိတ်ယုံနေရပါသနည်း။ သူကတော့ သူ့ကိုယ်သူပင် မယုံနိုင်တော့ပေ။ အရာရာ အေးတိအေးစက်နိုင်လွန်းသော ချစ်သူဖြစ်သူအပေါ်ကို သစ္စာဖောက်သလို ဖြစ်မည်ကိုလည်း သူ လွန်စွာ စိုးရိမ်မိနေပြန်သေး၏။

//////////

ရှောင်ကျန့် အလုပ်လျှောက်ဖူးသမျှထဲတွင် ယခုတစ်ခါ အလုပ်လျှောက်ရသည်မှာ သူ့အတွက် လွန်စွာ လွယ်ကူလွန်းသည်ဟု ထင်မိတယ်။ Application From တင်ပြီးသည်နှင့် Interview ရမည့်နေ့ရက်ကိုပါ တစ်ခါတည်းပင် သိလိုက်ရတယ်လေ။

ဒီတစ်ခါ အလုပ်လျှောက်ရသည်ကို သူ လွန်စွာ ကျေနပ်လှတယ်။ ထို့နောက် သူ ကုမ္ပဏီထဲက ပြန်ထွက်လာပြီး လီရှန်းဆီကို ဖုန်းလှမ်းဆက်လိုက်တယ်။

"အကို...."

"ကျန့်....အခုဘယ်မှာလဲ"

"အကို့မေးခွန်းကလည်း အဆန်းပါလား၊ ဘာလဲ ငါ့ဆီကို အကိုလာဖို့လား"

"ကိုယ်က လာချင်တာပေါ့ ကျန့်ရယ်၊ ဒါပေမဲ့ အခုကိုယ်က အလုပ်ထဲမှာလေ"

"ငါက အလကား စတာပါ အကိုရယ်၊ အခု ငါက အလုပ်လာလျှောက်တဲ့ ကုမ္ပဏီ အနားကဆက်နေတာ၊ အလုပ်လျှောက်ပြီးကြောင်း လှမ်းပြောတာ၊ အကို အလုပ်များနေတယ်ဆိုရင် ငါ ဖုန်းချလိုက်တော့မယ်လေ"

"အင်း....ဒါဆို ညနေကျမှ တွေ့ကြမယ်လေ နော်"

"ဟုတ်"

ရှောင်ကျန့် ဖုန်းချလိုက်ပြီးတော့ ကားမှတ်တိုင် ရှိရာကို သွက်သွက်လေး လျှောက်လှမ်းလာခဲ့တယ်။ လမ်းလျှောက်နေရင်း သူ့အနောက်မှာ တစ်ယောက်ယောက်က လိုက်လာသလို ခံစားရတာကြောင့် အနောက်ကို လှည့်ကြည့်လိုက်တော့ ဝမ်ရိပေါ်က သူ့ကို ပြုံးပြီး ငေးကြည့်နေတယ်။

"ဘယ်လိုလဲ....အလုပ်လျှောက်ရတာ အဆင်ပြေရဲ့လား"

ဝမ်ရိပေါ်က သူ့ကို ပြုံးကြည့်ရင်း မေးလိုက်တယ်။ သူ ဘာကြောင့် အဲ့လိုပြုံးနေတာလဲ။ ရှောင်ကျန့် အဲ့ဒီအပြုံးတွေကို ရင်မဆိုင်ရဲပေ။

"အကြွေးရှင်ဆိုပြီး ကျွန်တော်မေးတာကိုတောင် မဖြေချင်တော့ဘူးလား"

"မဟုတ်ပါဘူး"

"ဒါဆိုဖြေလေ"

"အဆင်ပြေပါတယ်"

"အင်း....အဲ့ဒါလေး ပြောဖို့များ ခင်ဗျားက ဝန်လေးနေသေးတယ်၊ ကဲ....ကျွန်တော်က တစ်ခုခုစားဖို့ မရှက်တမ်း ထပ်ဖိတ်ဦးမယ်ဆိုရင် ခင်ဗျားငြင်းဦးမှာလား ကျန့်ကော"

ဝမ်ရိပေါ်က သူ့ထံသို့ လှမ်းလာရင်း ပြော၏။ ဝမ်ရိပေါ်ပေးသော ဂျာနယ်မှ အလုပ်ကို လျှောက်လိုက်သောကြောင့် ဝမ်ရိပေါ်အပေါ် သူအကြွေးတင်ကောင်း တင်နိုင်ပါတယ်။ ဒါပေမယ့် အတူတူတစ်ခုခုလိုက်စားဖို့တော့ သူမလိုက်ချင်ပါ။

ဒါရယ်စရာတော့ကောင်းတယ်မလား။ ယောကျာ်းလေးတစ်ယောက်က တစ်ခြားယောကျာ်းလေးတစ်ယောက်ကို တစ်ခုခု အတူတူလိုက်စားဖို့ခေါ်တာလောက်လေးကို သူ့မှာ ရှက်စိတ်ရော ကြောက်စိတ်တွေပါဖြစ်နေခဲ့တာ။ မိန်းကလေးလည်းမဟုတ်။ ဒီတိုင်း ခင်မင်ချင်လို့ ဖိတ်ခေါ်တာလေးကို သူအတွေးတွေ လွန်နေခဲ့တယ်။ ဘာကြောင့်များဖြစ်မည်နည်း။ သေချာသည်က သူ့ကိုယ်သူ မလုံမလဲ ဖြစ်နေခဲ့တာတော့အမှန်ပါ။

"ငါ ထပ်ငြင်းမယ်ဆိုရင် အဲ့ဒါရိုင်းလား ဝမ်ရိပေါ်"

"အင်း....အဲ့ဒီမေးခွန်းက စဥ်းစားစရာပဲ"

ဝမ်ရိပေါ်က မေးစေ့လေးကို ကိုင်ရင်းပြောတယ်။ ဝမ်ရိပေါ်ရဲ့ လုပ်ပုံကြောင့် သူပြုံးမိသွားတယ်။

"ဟာ....ဒီနေ့ မိုးရွာပြီ"

"ဘာဖြစ်လို့လဲ"

"ခင်ဗျား ပြုံးတယ်လေ"

သူ အရယ်အပြုံးနည်းခြင်းကို ကြည့်ပြီး ဝမ်ရိပေါ်က ကောက်ချက်ချတယ်။

"ငါ ပြုံးတတ်ပါတယ် ဝမ်ရိပေါ်ရဲ့"

"ဟုတ်ကဲ့ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်၊ အခု....ကျွန်တော့်ရဲ့ ဖိတ်ခေါ်မှုကိုရော ကျန့်ကော လက်ခံဖို့အစီအစဥ်ရှိလား"

ထူးဆန်းစွာပင် သူ ဝမ်ရိပေါ်ကို အချိန်မပေးချင်ပါ။ ဝမ်ရိပေါ်ကြောင့် ဖြစ်ပေါ်သည့် ထူးဆန်းသော သူ့ရဲ့ ရင်ခုန်သံများကိုလည်း သူ မနှစ်သက်။ သူ ထိုသို့ ရင်မခုန်သင့်ဘူးလေ။ သူ့မှာ လီရှန်းရှိနေပြီးသားမဟုတ်လား။

"ငါ လက်ခံဖို့ အစီအစဥ် မရှိသေးဘူး ဝမ်ရိပေါ်"

"ဟောဗျာ...ဒါဆို ခင်ဗျားက ထပ်ငြင်းလိုက်တာပေါ့၊ ဟုတ်လား"

"ပြောရမှာလည်း အားနာပါတယ်"

"ဒါပေမဲ့ ခင်ဗျားပြောမှာပဲ မဟုတ်လား"

"ငါ ဒီနေ့ သွားစရာလေးရှိသေးတယ် ဝမ်ရိပေါ်"

"ကျွန်တော့်ကို အချိန်မပေးချင်တာနဲ့ မလိမ်တတ်ဘဲ မလိမ်ပါနဲ့ ရှောင်ကျန့်ရာ၊ ဘာပဲဖြစ်ဖြစ်ပါ၊ ကျွန်တော် ဒီနေ့ ကျေနပ်ပါတယ်၊ ခင်ဗျားထပ်ငြင်းလိုက်လို့ ကျွန်တော် လက်လျှော့လိုက်တယ်လို့တော့ မထင်နဲ့နော်၊ နောက်တစ်ခါ ကျွန်တော် မရှက်တမ်း ထပ်ဖိတ်ဦးမှာ"

ဝမ်ရိပေါ်ရဲ့ စကားကြောင့် သူလည်း လွန်စွာ အားနာနေမိပါတော့တယ်။ သို့သော်လည်း....

"ငါ နောက်တစ်ခါကျရင် သွားစရာမရှိအောင် လုပ်ထားပါ့မယ်"

"ရပါတယ်၊ နောက်တစ်ခါ ဖိတ်ခေါ်မှုကို ငြင်းရင်လည်း နောက်တစ်ခါရဲ့ နောက်တစ်ခါဆိုတာ ရှိလာဦးမှာပေါ့"

ဝမ်ရိပေါ်ရဲ့ တည်ကြည်လေးနက်သည့်စကားက သူ့ကို ငေးငေးလေးဖြစ်သွားစေပါတယ်။

"နောက်ပြီး ဒီနေ့ ခင်ဗျားအပြုံးကို မြင်လိုက်ရတဲ့အတွက် ကျွန်တော် ကျေနပ်တယ်"

သူ့ကို ရွှန်းရွှန်းစားစားစိုက်ကြည့်ရင်း ပြောနေသော ဝမ်ရိပေါ်ရဲ့ မျက်ဝန်းနဲ့ အကြည့်ချင်းဆုံသွားတဲ့ တစ်ခဏအတွင်း သူ ရင်ခုန်ရပါသေးတယ်။ ဒုက္ခပါပဲ။ သူ့စိတ်တွေ ကယောင်ကတန်းဖြစ်နေခဲ့ရပြီ။

"ကျွန်တော် လိုက်ပို့ပေးချင်ပေမယ့် ခင်ဗျားလက်ခံမှာ မဟုတ်ဘူးဆိုတာ သိလို့ မပြောတော့ပါဘူး၊ ဒီတော့ ကျွန်တော့ကို ခွင့်ပြုပါဦး ရှောင်ကျန့်"

သူ့ကို ကျန့်ကောလို့ ခေါ်လိုက်၊ ရှောင်ကျန့်လို့ခေါ်လိုက်နဲ့ နှုတ်ဆက်သော ဝမ်ရိပေါ်ကို သူ ခေါင်းညိတ်ရုံသာ ပြန်တုံ့ပြန်လိုက်မိတယ်။ ဝမ်ရိပေါ်က သူ့အရှေ့မှ ထွက်သွားသောအခါ သူ သက်ပြင်းငွေ့ငွေ့သာ ချလိုက်နိုင်ပါတော့တယ်။

ထို့နောက် သူလည်း ကားမှတ်တိုင်သို့ အပြေးလေး လျှောက်သွားလိုက်ရင်း ထိုးဆိုက်လာသည့် လိုင်းကားတစ်စီးပေါ်သို့ တက်ခဲ့လိုက်ပါတော့တယ်။

ဘယ်သူသိမှာလဲ...။ ထိုနေ့က သူ လိုင်းကားမှားပြီး စီးမိသွားခဲ့တာလို့။

🌸🌿 🌸🌿 🌸🌿 🌸🌿

Zawgyi Version

ေရွာင္က်န့္သည္ မိဘမဲ့ တစ္ေကာင္ႂကြက္ပင္ျဖစ္၏။ သူဟာ လြန္ခဲ့ေသာငါးႏွစ္ခန့္က တကၠသိုလ္ေနာက္ဆုံးႏွစ္ျဖင့္ ေက်ာင္းကို ဆက္မတက္ေတာ့ပဲ အလုပ္ထြက္လုပ္ေနခဲ့ျခင္းျဖစ္တယ္။ ေက်ာင္းစရိတ္အတြက္ သူကိုယ္တိုင္ တစ္ေယာက္တည္း ရွာေဖြရသည္မွာ သိပ္ေတာ့ မလြယ္ကူလွပါဘူးေလ။ ဒါေၾကာင့္ ေက်ာင္းထြက္လိုက္ကာ ဝမ္းစာအတြက္ အလုပ္ကိုသာ ထြက္လုပ္ေနခဲ့လိုက္ျခင္းျဖစ္တယ္။ သို႔ေသာ္လည္း သူဝင္လုပ္တဲ့ အလုပ္ေတြက အတည္တက် သိပ္လည္းမရွိခဲ့ပါဘူး။

လီရွန္းနဲ႕ သူနဲ႕ကေတာ့ လြန္ခဲ့တဲ့ သုံးႏွစ္က ေတြ႕ခဲ့ၾကတယ္။ လီရွန္းကလည္း သူ႕လိုပဲ ဘဝကို ႐ုန္းကန္ေနရတဲ့သူတစ္ေယာက္ျဖစ္တယ္။ ဒါေပမဲ့ လီရွန္းမွာေတာ့ မိခင္ရွိေသးတယ္။

လီရွန္းရဲ႕မိခင္က က်န္းမာေရး အလြန္ခ်ိဳ႕တဲ့ေသာေၾကာင့္ သူတို႔ခ်စ္သူသက္တမ္း သုံးႏွစ္ျဖစ္ေနေသာ္လည္း အတူတူေနဖို႔ကို အနည္းငယ္မွ် မစဥ္းစားမိခဲ့ၾကဘူး။ ထို႔အျပင္ လီရွန္းဘက္ကလည္း သူ႕ကို တစ္ခါမွလည္း အတူတူေနဖို႔မေျပာဖူးေပ။

သူနဲ႕ လီရွန္းက ခ်စ္သူေတြျဖစ္ၾကတာမွန္ေပမယ့္ ယခုအခ်ိန္ထိ အိပ္ယာကကိစၥေတြ၊ ခ်စ္သူရည္းစားေတြ လုပ္ေနက် တစ္ေယာက္နဲ႕တစ္ေယာက္ နမ္းၾကတာေတြကို သူတို႔ေတြ မလုပ္ဖူးၾကေသးပါ။ အဲ့ဒီအတြက္ေၾကာင့္ Valentine Day မွာ သူက လီရွန္းကို ပထမဦးဆုံး အနမ္းေပးမယ္လို႔ ဆုံးျဖတ္ထားခဲ့ေပမယ့္ တကယ္ေပးမိသြားတာက လီရွန္းမဟုတ္ခဲ့ဘဲ သူစိမ္းလူတစ္ေယာက္ျဖစ္ခဲ့ရသည္မို႔ သူ အံ့ၾသခဲ့ရေသးတယ္မဟုတ္လား။

.....

"မေန႕က သူနဲ႕ထပ္ေတြ႕ေတာ့ သူက ငါ့ကို တစ္ခုခုလိုက္ေကြၽးဖို႔ေခၚတယ္ အကို"

ေရွာင္က်န့္က သူနဲ႕ ဝမ္ရိေပၚထပ္ေတြ႕ခဲ့ေၾကာင္းကို မဖုံးကြယ္ထားခ်င္ပါ။ ဖုံးကြယ္မႈကိုလည္း သူ မယဥ္ပါးဘူးေလ။ ထို႔ေၾကာင့္ လီရွန္းကို အမွန္အတိုင္း သူ ေျပာျပေနခဲ့ျခင္းျဖစ္တယ္။

"က်န့္ ျငင္းလိုက္တယ္ မဟုတ္လား"

"အကို ဘယ္လိုလုပ္သိတာလဲ"

"ကိုယ္က က်န့္ရဲ႕ ကိုယ့္က်င့္တရားကို ယုံတယ္ေလ"

သူနဲ႕ ဝမ္ရိေပၚေတြ႕ခဲ့ေၾကာင္း ေျပာျပေသာ္လည္း လီရွန္းက မည္သို႔မွ် မတုန္လႈပ္။ ေဖ်ာ့ေတာ့ေသာ မ်က္ဝန္းမ်ားႏွင့္သာ သူ႕ကို ေငးၾကည့္ရင္း နားေထာင္ေပးတယ္။

"ေနာက္ၿပီး သူက အလုပ္ေလွ်ာက္မယ့္ေၾကာ္ျငာပါတဲ့ ဂ်ာနယ္တစ္ခုကို ငါ့ကိုေပးခဲ့တယ္၊ ငါ လက္ခံလိုက္တယ္ အကို"

"အင္း"

"အခု အဲ့ဒီဂ်ာနယ္မွာပါတဲ့ ေၾကာ္ျငာထဲက ကုမၸဏီမွာ ငါအလုပ္ေလွ်ာက္သင့္လား"

လီရွန္းက သူ႕ကို ေငးၾကည့္ေနရင္း သက္ျပင္းခ်တယ္။

"က်န့္အတြက္ အလုပ္တစ္ခုခုရဖို႔က အရမ္းအေရးႀကီးေနတာပဲ၊ က်န့္ ေလွ်ာက္သင့္ပါတယ္"

"အကိုက ခြင့္ျပဳလိုက္တာလား"

"က်န့္က ေလွ်ာက္ခ်င္တယ္မဟုတ္လား"

"အင္း...ငါ အလုပ္အတည္တက်ရမွျဖစ္မွာေလ"

"ဒါဆိုရင္ က်န့္ ေလွ်ာက္လိုက္ေပါ့"

လီရွန္းက သူ႕ကို မည္သို႔မွ်ပင္ မကန့္ကြက္ပါ။ ေအးေဆးစြာ ခြင့္ေပးခဲ့တယ္။

"ငါ ဝန္ခံစရာရွိေသးတယ္ အကို"

"ေျပာေလ"

"ငါ သူ႕ကိုေတြ႕ရင္ ရင္ထဲမွာ တစ္မ်ိဳးႀကီးျဖစ္သြားတယ္"

"ဘယ္လိုခံစားခ်က္လဲ၊ က်န့္ ေသခ်ာသိလား"

"ဟင့္အင္း....ငါ ေသခ်ာမသိဘူး၊ ဒါေပမဲ့ ငါ သူနဲ႕ ေတြ႕တဲ့အခ်ိန္မွာေတာ့ ရင္ခုန္ေနတယ္"

လီရွန္းက သူ႕ကို ေငးေငးေလးသာ ၾကည့္လိုက္တယ္။ လီရွန္းရဲ႕ အၾကည့္ေတြက သူ႕ကို စိုးရိမ္သည့္ အရိပ္အေယာင္လည္း ပါေနခဲ့တယ္။ သို႔ေသာ္လည္း လီရွန္းဘက္က မည္သည့္စကားတစ္ခြန္းမွ် ထြက္မလာခဲ့ဘူး။

"အကို ငါ့ကို မစိုးရိမ္ဘူးလား"

"မစိုးရိမ္ပါဘူး၊ ကိုယ္က က်န့္ကို ယုံတယ္ေလ"

"ကိုယ္ကလြဲၿပီး ကိုယ့္ဒူးေတာင္ မယုံရဘူးဆို"

"ကိုယ္က ကိုယ့္ကိုယ္ကိုထက္ က်န့္ကို ပိုယုံတယ္"

လီရွန္းရဲ႕ စကားေတြဟာ ဒီတစ္ခါေတာ့ ျပတ္သားလြန္းေနျပန္ေသးတယ္။

"က်န့္....ဘာမွမစဥ္းစားဘဲနဲ႕ အဲ့ဒီအလုပ္ကိုသာ ေလွ်ာက္လိုက္ပါကြာ ေနာ္...၊ ေနာက္ၿပီးေတာ့ က်န့္က သူ႕အေရွ႕မွာ ရင္ခုန္တယ္ဆိုတာကလည္း ရွက္လို႔ေနမွာပါ၊ ေနာက္ၿပီး က်န့္ တစ္ခါမွ မလုပ္ဖူးတဲ့ အျပဳအမူမ်ိဳး သူ႕အေပၚမွာ ျပဳမူလိုက္မိတာကိုး၊ အဲ့ဒါေၾကာင့္ပါ က်န့္ရယ္၊ ဘာမွ စိတ္ထဲမထားနဲ႕"

လီရွန္းက စကားလုံးေအးေအးေလးႏွင့္ သူ႕ကို ႏွစ္သိမ့္ေပးရွာတယ္။ သို႔ေသာ္ သူ႕ကိုယ္သူသာလွ်င္ အသိဆုံးပါ။ သူက ဝမ္ရိေပၚရဲ႕ အေရွ႕မွာသာ ရင္ခုန္မိ႐ုံမကဘဲ တစ္ခါတစ္ေလ သူ႕ရဲ႕ အျမင္အာ႐ုံေတြထဲမွာလည္း ဝမ္ရိေပၚရဲ႕ ပုံရိပ္က ေပၚ,ေပၚလာတတ္ေသးတယ္ မဟုတ္လား။

ထိုကဲ့သို႔ ျဖစ္ေနေသာ သူ႕ကို လီရွန္းက ဘာေၾကာင့္ မ်က္စိမွိတ္ယုံေနရပါသနည္း။ သူကေတာ့ သူ႕ကိုယ္သူပင္ မယုံနိုင္ေတာ့ေပ။ အရာရာ ေအးတိေအးစက္နိုင္လြန္းေသာ ခ်စ္သူျဖစ္သူအေပၚကို သစၥာေဖာက္သလို ျဖစ္မည္ကိုလည္း သူ လြန္စြာ စိုးရိမ္မိေနျပန္ေသး၏။

//////////

ေရွာင္က်န့္ အလုပ္ေလွ်ာက္ဖူးသမွ်ထဲတြင္ ယခုတစ္ခါ အလုပ္ေလွ်ာက္ရသည္မွာ သူ႕အတြက္ လြန္စြာ လြယ္ကူလြန္းသည္ဟု ထင္မိတယ္။ Application From တင္ၿပီးသည္ႏွင့္ Interview ရမည့္ေန႕ရက္ကိုပါ တစ္ခါတည္းပင္ သိလိုက္ရတယ္ေလ။

ဒီတစ္ခါ အလုပ္ေလွ်ာက္ရသည္ကို သူ လြန္စြာ ေက်နပ္လွတယ္။ ထို႔ေနာက္ သူ ကုမၸဏီထဲက ျပန္ထြက္လာၿပီး လီရွန္းဆီကို ဖုန္းလွမ္းဆက္လိုက္တယ္။

"အကို...."

"က်န့္....အခုဘယ္မွာလဲ"

"အကို႔ေမးခြန္းကလည္း အဆန္းပါလား၊ ဘာလဲ ငါ့ဆီကို အကိုလာဖို႔လား"

"ကိုယ္က လာခ်င္တာေပါ့ က်န့္ရယ္၊ ဒါေပမဲ့ အခုကိုယ္က အလုပ္ထဲမွာေလ"

"ငါက အလကား စတာပါ အကိုရယ္၊ အခု ငါက အလုပ္လာေလွ်ာက္တဲ့ ကုမၸဏီ အနားကဆက္ေနတာ၊ အလုပ္ေလွ်ာက္ၿပီးေၾကာင္း လွမ္းေျပာတာ၊ အကို အလုပ္မ်ားေနတယ္ဆိုရင္ ငါ ဖုန္းခ်လိဳက္ေတာ့မယ္ေလ"

"အင္း....ဒါဆို ညေနက်မွ ေတြ႕ၾကမယ္ေလ ေနာ္"

"ဟုတ္"

ေရွာင္က်န့္ ဖုန္းခ်လိဳက္ၿပီးေတာ့ ကားမွတ္တိုင္ ရွိရာကို သြက္သြက္ေလး ေလွ်ာက္လွမ္းလာခဲ့တယ္။ လမ္းေလွ်ာက္ေနရင္း သူ႕အေနာက္မွာ တစ္ေယာက္ေယာက္က လိုက္လာသလို ခံစားရတာေၾကာင့္ အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ ဝမ္ရိေပၚက သူ႕ကို ၿပဳံးၿပီး ေငးၾကည့္ေနတယ္။

"ဘယ္လိုလဲ....အလုပ္ေလွ်ာက္ရတာ အဆင္ေျပရဲ႕လား"

ဝမ္ရိေပၚက သူ႕ကို ၿပဳံးၾကည့္ရင္း ေမးလိုက္တယ္။ သူ ဘာေၾကာင့္ အဲ့လိုၿပဳံးေနတာလဲ။ ေရွာင္က်န့္ အဲ့ဒီအၿပဳံးေတြကို ရင္မဆိုင္ရဲေပ။

"အေႂကြးရွင္ဆိုၿပီး ကြၽန္ေတာ္ေမးတာကိုေတာင္ မေျဖခ်င္ေတာ့ဘူးလား"

"မဟုတ္ပါဘူး"

"ဒါဆိုေျဖေလ"

"အဆင္ေျပပါတယ္"

"အင္း....အဲ့ဒါေလး ေျပာဖို႔မ်ား ခင္ဗ်ားက ဝန္ေလးေနေသးတယ္၊ ကဲ....ကြၽန္ေတာ္က တစ္ခုခုစားဖို႔ မရွက္တမ္း ထပ္ဖိတ္ဦးမယ္ဆိုရင္ ခင္ဗ်ားျငင္းဦးမွာလား က်န့္ေကာ"

ဝမ္ရိေပၚက သူ႕ထံသို႔ လွမ္းလာရင္း ေျပာ၏။ ဝမ္ရိေပၚေပးေသာ ဂ်ာနယ္မွ အလုပ္ကို ေလွ်ာက္လိုက္ေသာေၾကာင့္ ဝမ္ရိေပၚအေပၚ သူအေႂကြးတင္ေကာင္း တင္နိုင္ပါတယ္။ ဒါေပမယ့္ အတူတူတစ္ခုခုလိုက္စားဖို႔ေတာ့ သူမလိုက္ခ်င္ပါ။

ဒါရယ္စရာေတာ့ေကာင္းတယ္မလား။ ေယာက်ာ္းေလးတစ္ေယာက္က တစ္ျခားေယာက်ာ္းေလးတစ္ေယာက္ကို တစ္ခုခု အတူတူလိုက္စားဖို႔ေခၚတာေလာက္ေလးကို သူ႕မွာ ရွက္စိတ္ေရာ ေၾကာက္စိတ္ေတြပါျဖစ္ေနခဲ့တာ။ မိန္းကေလးလည္းမဟုတ္။ ဒီတိုင္း ခင္မင္ခ်င္လို႔ ဖိတ္ေခၚတာေလးကို သူအေတြးေတြ လြန္ေနခဲ့တယ္။ ဘာေၾကာင့္မ်ားျဖစ္မည္နည္း။ ေသခ်ာသည္က သူ႕ကိုယ္သူ မလုံမလဲ ျဖစ္ေနခဲ့တာေတာ့အမွန္ပါ။

"ငါ ထပ္ျငင္းမယ္ဆိုရင္ အဲ့ဒါရိုင္းလား ဝမ္ရိေပၚ"

"အင္း....အဲ့ဒီေမးခြန္းက စဥ္းစားစရာပဲ"

ဝမ္ရိေပၚက ေမးေစ့ေလးကို ကိုင္ရင္းေျပာတယ္။ ဝမ္ရိေပၚရဲ႕ လုပ္ပုံေၾကာင့္ သူၿပဳံးမိသြားတယ္။

"ဟာ....ဒီေန႕ မိုး႐ြာၿပီ"

"ဘာျဖစ္လို႔လဲ"

"ခင္ဗ်ား ၿပဳံးတယ္ေလ"

သူ အရယ္အၿပဳံးနည္းျခင္းကို ၾကည့္ၿပီး ဝမ္ရိေပၚက ေကာက္ခ်က္ခ်တယ္။

"ငါ ၿပဳံးတတ္ပါတယ္ ဝမ္ရိေပၚရဲ႕"

"ဟုတ္ကဲ့ ကြၽန္ေတာ္ မွတ္ထားလိုက္ပါ့မယ္၊ အခု....ကြၽန္ေတာ့္ရဲ႕ ဖိတ္ေခၚမႈကိုေရာ က်န့္ေကာ လက္ခံဖို႔အစီအစဥ္ရွိလား"

ထူးဆန္းစြာပင္ သူ ဝမ္ရိေပၚကို အခ်ိန္မေပးခ်င္ပါ။ ဝမ္ရိေပၚေၾကာင့္ ျဖစ္ေပၚသည့္ ထူးဆန္းေသာ သူ႕ရဲ႕ ရင္ခုန္သံမ်ားကိုလည္း သူ မႏွစ္သက္။ သူ ထိုသို႔ ရင္မခုန္သင့္ဘူးေလ။ သူ႕မွာ လီရွန္းရွိေနၿပီးသားမဟုတ္လား။

"ငါ လက္ခံဖို႔ အစီအစဥ္ မရွိေသးဘူး ဝမ္ရိေပၚ"

"ေဟာဗ်ာ...ဒါဆို ခင္ဗ်ားက ထပ္ျငင္းလိုက္တာေပါ့၊ ဟုတ္လား"

"ေျပာရမွာလည္း အားနာပါတယ္"

"ဒါေပမဲ့ ခင္ဗ်ားေျပာမွာပဲ မဟုတ္လား"

"ငါ ဒီေန႕ သြားစရာေလးရွိေသးတယ္ ဝမ္ရိေပၚ"

"ကြၽန္ေတာ့္ကို အခ်ိန္မေပးခ်င္တာနဲ႕ မလိမ္တတ္ဘဲ မလိမ္ပါနဲ႕ ေရွာင္က်န့္ရာ၊ ဘာပဲျဖစ္ျဖစ္ပါ၊ ကြၽန္ေတာ္ ဒီေန႕ ေက်နပ္ပါတယ္၊ ခင္ဗ်ားထပ္ျငင္းလိုက္လို႔ ကြၽန္ေတာ္ လက္ေလွ်ာ့လိုက္တယ္လို႔ေတာ့ မထင္နဲ႕ေနာ္၊ ေနာက္တစ္ခါ ကြၽန္ေတာ္ မရွက္တမ္း ထပ္ဖိတ္ဦးမွာ"

ဝမ္ရိေပၚရဲ႕ စကားေၾကာင့္ သူလည္း လြန္စြာ အားနာေနမိပါေတာ့တယ္။ သို႔ေသာ္လည္း....

"ငါ ေနာက္တစ္ခါက်ရင္ သြားစရာမရွိေအာင္ လုပ္ထားပါ့မယ္"

"ရပါတယ္၊ ေနာက္တစ္ခါ ဖိတ္ေခၚမႈကို ျငင္းရင္လည္း ေနာက္တစ္ခါရဲ႕ ေနာက္တစ္ခါဆိုတာ ရွိလာဦးမွာေပါ့"

ဝမ္ရိေပၚရဲ႕ တည္ၾကည္ေလးနက္သည့္စကားက သူ႕ကို ေငးေငးေလးျဖစ္သြားေစပါတယ္။

"ေနာက္ၿပီး ဒီေန႕ ခင္ဗ်ားအၿပဳံးကို ျမင္လိုက္ရတဲ့အတြက္ ကြၽန္ေတာ္ ေက်နပ္တယ္"

သူ႕ကို ႐ႊန္း႐ႊန္းစားစားစိုက္ၾကည့္ရင္း ေျပာေနေသာ ဝမ္ရိေပၚရဲ႕ မ်က္ဝန္းနဲ႕ အၾကည့္ခ်င္းဆုံသြားတဲ့ တစ္ခဏအတြင္း သူ ရင္ခုန္ရပါေသးတယ္။ ဒုကၡပါပဲ။ သူ႕စိတ္ေတြ ကေယာင္ကတန္းျဖစ္ေနခဲ့ရၿပီ။

"ကြၽန္ေတာ္ လိုက္ပို႔ေပးခ်င္ေပမယ့္ ခင္ဗ်ားလက္ခံမွာ မဟုတ္ဘူးဆိုတာ သိလို႔ မေျပာေတာ့ပါဘူး၊ ဒီေတာ့ ကြၽန္ေတာ့ကို ခြင့္ျပဳပါဦး ေရွာင္က်န့္"

သူ႕ကို က်န့္ေကာလို႔ ေခၚလိုက္၊ ေရွာင္က်န့္လို႔ေခၚလိုက္နဲ႕ ႏႈတ္ဆက္ေသာ ဝမ္ရိေပၚကို သူ ေခါင္းညိတ္႐ုံသာ ျပန္တုံ႕ျပန္လိုက္မိတယ္။ ဝမ္ရိေပၚက သူ႕အေရွ႕မွ ထြက္သြားေသာအခါ သူ သက္ျပင္းေငြ႕ေငြ႕သာ ခ်လိဳက္နိုင္ပါေတာ့တယ္။

ထို႔ေနာက္ သူလည္း ကားမွတ္တိုင္သို႔ အေျပးေလး ေလွ်ာက္သြားလိုက္ရင္း ထိုးဆိုက္လာသည့္ လိုင္းကားတစ္စီးေပၚသို႔ တက္ခဲ့လိုက္ပါေတာ့တယ္။

ဘယ္သူသိမွာလဲ...။ ထိုေန႕က သူ လိုင္းကားမွားၿပီး စီးမိသြားခဲ့တာလို႔။

Continue Reading

You'll Also Like

615K 9.6K 88
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
SHOONG By Vnoring

General Fiction

2.5K 355 6
Gyuvin × Yujin လကမ္ဘာကနေလှမ်းကြည့်ရင်တောင် ဂယူဘင်းက ဟန်ယူဂျင်းကို ကြိုက်နေတာပဲ။ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ ဝန်မခံပါ ။ဝန်ခံပြန်တော့လည်း ညီအကိုတွေပါ...
5.3K 374 8
Episodes - 45 (Completed) Fees- 2000 kyats
9K 461 9
𝘡𝘩𝘢𝘯𝘠𝘪 ! not YiZhan Start - [ 31.1.2023] End - []