Invaluable

Por Koo1_7_1_0

4.5K 300 222

Jinkook short story (only two parts) Más

Invaluable
Invaluable(Zawgi ver. )
Invaluable(Extra) (Zawgi ver. )

Invaluable (Extra)

1.1K 114 142
Por Koo1_7_1_0

"Jin Jin Jin Jin Jin Jin "

အိမ်ပေါ်ထပ်ကနေ သူ့နာမည်ကိုသီချင်းလုပ်ဆိုလာပါတဲ့ အဆိုးအဆာလေး Jungkookieကို Kim Seokjin မီးဖိုခန်းကနေလှမ်းမျှော်ကာကြည့်နေလိုက်သည်...။ထို့နောက် မီးဖိုခန်းထဲ ဝင်လာတဲ့ kookie....။စွတ်ပြုတ်အိုးလေးတည်ထားတာမို့ အေပရွန်ကြီးနဲ့ရပ်နေတဲ့ Kim Seokjinကိုမြင်တော့ မျက်လုံးဝိုင်းဝိုင်းကို ပြူးကြောင်ကြောင်လေးဖြင့်ငေးလို့ကြည့်သည်...။ထို့နောက် ကျေနပ်သလိုဖြင့် ယုန်သွားလေးများပေါ်အောင်ပြုံးလာသည်...။

"Hi Jin...Bye Jin..."

"နေပါအုံး..Bye Jinဆိုတော့ မင်းလေးက ဘယ်သွားမှာလဲ.."

လက်လေးပြလို့ ပြန်ထွက်သွားရန်ပြင်နေတဲ့ kookieကို ဂုတ်ကနေ လှမ်းဆွဲလို့တားလိုက်ရသည်...။တကယ်ကို စိတ်မြန်လက်မြန်ကလေးက ဘယ်ကိုသွားအုန်းမှာလဲ..။

"အာ..သားမျက်နှာမသစ်ရသေးဘူး.."

"ဟမ်..မျက်နှာမသစ်ပဲ အိမ်အောက်ကို ဘာလာဆင်းလုပ်တာလဲ.."

"Jin hyungရှိနေလား လာချောင်းတာပါ..ခဏနော်..မျက်နှာသွားသစ်မယ်.."

ခန္ဓာကိုယ်ကိုခါရမ်းလို့သူဆွဲထားတဲ့ လက်ကိုရုန်းတယ်..။Seokjinဆွဲထားတဲ့လက်ကိုရုတ်လို့ အဝတ်ကိုသေချာပြန်ပြင်ပေးလိုက်တယ်...။သူ့လက်ကလွတ်တာနဲ့ ပြေးသွားတဲ့ ယုန်ပေါက်က လှစ်ခနဲ..။

"ဖြည်းဖြည်း..ဘာလို့ခုန်ပေါက်နေတာလဲ.."

"Sorry..."

Justin bieberရဲ့ Sorryသီချင်းကို့သံကုန်အော်လို့ခုန်​ပေါက်ကာ ပြေးတက်သွားပါတဲ့ ယုန်ပေါက်ကိုကြည့်ပြီး သူ့မှာ ခေါင်းသာခါနိုင်တော့သည်...။ဒီကလေးကိုပြောမရမယ့်တူတူ ပျော်သလိုသာ လွှတ်ထားလိုက်တော့ဖို့ သူဆုံးဖြတ်လိုက်ပြီ...။

အနည်းငယ်ကြာပြီးတော့ kookieကသန့်ပြန့်ကာဆင်းလာသည်...။shirtအမဲရောင်ပွပွကို ဂျင်းဘောင်းဘီအနက်ရောင်ထဲထည့်ဝတ်ထားတဲ့ kookieက တစ်ကိုယ်လုံးနက်စွေးကာတောက်ပနေသည်...။အမဲဝတ်ထားတာတောင်မှ အရောင်တွေထွက်နေတဲ့ သူ့ကလေးကသူ့မျက်လုံးထဲမှာ သိပ်ကိုမှ Perfectဖြစ်နေသည်...။

ထမင်းစားပွဲကခုံတစ်လုံးမှာဝင်ထိုင်လို့ သူ့ကိုမျှော်လင့်တကြီးကြည့်နေပါတဲ့ Jungkookie...။အဝိုင်းပုံစံရှိတဲ့ ထမင်းစားပွဲလေးမှာ ခုံလေးနှစ်လုံးသာချထားသည်..။ဒါသူနဲ့ Jungkookနှစ်ယောက်ထဲအတွက်သီးသန့်...။သိပ်မကြီးပေမယ့်သေးနေတာလဲမဟုတ်တဲ့ အလယ်အလတ်စားပွဲဝိုင်းလေးပေါ်မှာ Kim Seokjinလက်စွမ်းပြထားတဲ့ ဟင်းမျိုးတွေက စုံလင်စွာရှိနေသည်...။အမဲစွတ်ပြုတ်လေးကိုပန်းကန်ထဲထည့်လို့ kookieရှေ့ချပေးလိုက်တော့ စွတ်ပြုတ်ထဲကအငွေ့လေးတွေကို ကြည့်ပြီး ကျေနပ်နေပါတဲ့ Kookieကိုကြည့်ပြီး သူကျေနပ်သလို အားနာစိတ်ဝင်ရသည်...။သူ့ကလေးက ဒီလိုပူပူနွေးနွေးမနက်စာကို ဘယ်လောက်တောင်မျှော်နေခဲ့မလဲ..။

"ကောင်းကောင်းစားပါ့မယ်.."

ကျေကျေနပ်နပ်လေသံနဲ့ ရယ်သွမ်းသွေးကာပြောရင်း ခေါင်းမဖော်တမ်းစားနေတဲ့ kookieကိုကြည့်ရင်း Kim Seokjinမျက်ရည်ဝဲလာသလို...။သူ့အဖြစ်က အဝေးကပြန်လာတဲ့သား ထမင်းကို အားရပါးရစားနေတာတွေ့လို့ ပီတိဖြစ်နေတဲ့အတိုင်းပဲ...။

စားနေရင်းနဲ့ Kookieကမျက်လုံးလေးလှန်ကာကြည့်လာတာမို့ ထည့်စားဖို့သာခပ်တိုးတိုးပြောလိုက်သည်..။ထိုနောက်အသားတစ်ဖက်ကိုလည်းပန်းကန်ထဲ ထည့်ပေးပြီးသား..။

"များများစား အားရှိရအောင်.."

"သားမှာ အားတွေအများကြီး.."

ပြောပြောနှင့်လက်မောင်းကြွက်သားတွေကိုထုတ်ပြတဲ့ Jungkookieက သူ့ကိုကြွားနေသေးသည်...။ခပ်ကြီးကြီးလက်မောင်းကြွက်သားတွေက အမျိုးသမီးငယ်တွေပစ်​ကြွေစေမဲ့ အနေအထားသာမက...။ဒါပေမယ့် ဘယ်လိုလုပ်မလဲ...ဒီကလေးငယ်က Kim Seokjinဆိုတဲ့သူ့ကိုပဲ သိပ်ချစ်ပါသတဲ့...။တွေးနေရင်းနဲ့ ဂုဏ်ဆာသလိုရှိကာ လေပေါ်တောင် မြောက်ချင်လာသည်...။

"ပြီးရင် ကုမ္ပဏီလိုက်ခဲ့ရမယ်နော်.."

"ဟင်..ဟင်အင်း..."

မုန်လာဥနီကိုပါးစပ်က ကိုက်ထားရင်းနဲ့ မျက်လုံးလေးပြူးကာ ခေါင်းခါပြပါတဲ့ Jungkookie...။
ပါးစပ်မှာကိုက်ထားတဲ့ မုန်လာဥနီကို အမြန်စုပ်သွင်းကာ စကားပြောဖို့ပြင်သည်..။သီးသွားမည်ဆိုးတာကြောင့် ရေတစ်ခွက်အမြန်ခပ်ကာ ရှေ့နားတိုးပေးလိုက်ရသေးသည်...။

သူချပေးတဲ့ ရေနဲ့ ပါးစပ်ထဲပြည့်နေတာတွေကို အတင်းမြိုချနေကာ စကားကိုသာပြောဖို့လောနေသည်..။မျက်နှာချင်းဆိုင်ထိုင်နေရာကနေ ခုံကိုkookieဘေးနားရောက်အောင်ဆွဲလို့ထိုင်လိုက်သည်..။ထို့နောက် ကျောပြင်လေးကိုခပ်သာသာလေးသပ်ချပေးလိုက်ရသေးသည်..။ထိုအခါမှ နေရထိုင်ရသက်သာသွားသလိုရှိလာတဲ့ kookieက သူ့ကိုလှည့်ကြည့်လာသည်..။

"သားမလိုက်ချင်ဘူး..ကုမ္ပဏီအလုပ်တွေသားမှစိတ်မဝင်စားတာဗျာ...နောက်ပြီး သားပန်းချီတစ်ချို့ရောင်းဖို့ရှိတယ်..ဝယ်လက်နဲ့ချိတ်ထားပြီးသား..သားပိုက်ဆံရှာနိုင်ပါတယ်..ကုမ္ပဏီအလုပ်တော့စိတ်မဝင်စားဘူး.."

နှုတ်ခမ်း တစ်လံပန်းတလံဆူထော်ကာ ပြောပြနေပါတဲ့ kookieက ခေါင်းလေးတခါခါနှင့်ပင် ရှင်းပြနေသည်...။အခါလွန်သွားတာမို့ နဖူးပေါ်ဝဲကျလာတဲ့ဆံပင်တစ်ချို့ကို သူသပ်တင်ပေးလိုက်သည်...။

"မဟုတ်ပါဘူး..အိမ်မှာနေတော့ kookieပျင်းတယ်မလား..အဲ့တော့ကုမ္ပဏီလိုက်ခဲ့ပေါ့..အပျင်းလေးဘာလေးပြေအောင်.."

"တကယ်အလုပ်မခိုင်းဘူးပေါ့..."

"ကိုကCEOပါကွာ..ကိုရှာသမျှkookieအတွက်ပဲ..ဘာလုပ်ချင်သေးတာလဲ..ဒီလိုပန်းချီဆွဲတာတောင် ဝါသနာပါလို့လွှတ်ထားပေးတာ မဟုတ်ရင် အိပ်ယာပေါ်မှာပဲ စောင်တွေနဲ့ ထုတ်သိမ်းထားချင်တာ.."

မျက်နှာဝိုင်းဝိုင်းလေးကို လက်ခုပ်ထဲလို့ အသည်းတယားနှင့်ခပ်သာသာလေးဆွဲလိုက်သည်...။အလုပ်မလုပ်ရဘူးဆိုတာ သေချာသွားသည့် kookieက သဘောတကျနှင့်ရယ်ပြနေသည်မှာ ပါးချိုင့်လေးများပါပေါ်နေသည်အထိ..။

Jeon appaကောင်းမှုကြောင့် ကုမ္ပဏီဆိုတာနဲ့အလုပ်လုပ်ရမည်ပဲ စိတ်ဆွဲနေသောအကျင့်လေးကို သူဖျောက်ပေးအုံးမှပါ...။

___________________

ကုမ္ပဏီ ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ အပြုံးချိုချိုတွေနဲ့ ​ပျူငှာတဲ့ဝန်ထမ်းတွေကြောင့် သဘောကျရသည်....။ဘေးပတ်ပတ်လည်ကို ငေးလို့ ဝင်လာတဲ့ Jungkookက အခုမှ မြို့ရောက်ဖူးတဲ့ တောသားသေးသေးလေးလိုမျိုး...။အမှန်မှာJungkookက Jin hyungရဲ့ ကုမ္ပဏီ ကိုမရောက်ဖူးတာမဟုတ်ပဲမရောက်တာကြာနေတာ..။မရောက်တာကြာလို့ ဘာတွေပြောင်းလဲနေလဲ စူးစမ်းချင်ရုံပါပဲ...။

"ဟဲ့..CEOဘေးနားကကပ်ပါလာတာ CEOရဲ့ညီလား...ချောလိုက်တာဟယ်...အဆင် အဆင်.."

"အေးဆို...ဆင်လိုက်တာများ နတ်သားလေးအတိုင်းပဲ အိုက်စ်.."

ခပ်တိုးတိုးနဲ့ မသိမသာငမ်းနေရာကနေ သိသိသာသာပေါ်တင်ငမ်းလာကြတာကြောင့် Seokjin သူ့ဘေးနားကနေ ငေးရင်းလျှောက်နေတဲ့ Kookieရဲ့ လက်ကလေးကို လှမ်းဆွဲလိုက်သည်...။ထို့နောက် ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လို့ ကလေးမ နှစ်ယောက်ကိုမိုက်ကြည့်ကြည့်ပေးလိုက်သည်...။အလုပ်စဝင်ကတည်းက အပြုံးချိုနုနုလေးတွေနဲ့ပဲ သူမတို့ကိုသတ်လာတဲ့ CEOစီကနေ ရေခဲလိုအကြည့်တွေ ရရှိလိုက်တာကြောင့် ကျောလေးကိုယ်စီမတ်သွားကြသည်..။သူမတို့ဘာအမှားလုပ်မိလိုက်တာလဲ...။

ထို့နောက် ဓာတ်လှေကားထဲကိုဝင်သွားပါတဲ့ CEOနဲ့ CEOရဲ့လက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတဲ့ ကောင်လေးကို သူမတို့နှစ်ယောက် မသိမသာငေးမိသည်...။ငေးမိသည့် သူတို့မှာ ကိုယ့်မျက်နှာကိုယ် ဘယ်နားဖွတ်ရမယ်မသိ ရှက်ကာပူထူလာကြသည်...။

အကြောင်းမှာ CEOက သူ့ဘေးက နတ်သားငယ်လေးပါးကို ရွှတ်ခနဲ လှမ်းနမ်းလိုက်သည်ကြောင့်ပင်...။နှစ်ယောက်သား တစ်ယောက်ကိုယ်တစ်ယောက်ဖတ်ရင်း ရှရာအတွက် ဖြေသိမ့်နေကြသည်...။

"နင်တို့ဒါလေးတောင်မရိပ်မိကြဘူးလား..ဝင်လာကတည်းက နတ်သားမျက်နှာတစ်ရွာတည်ထားတဲ့ ငါတို့ရဲ့ CEOမျက်လုံးထဲက ပျားရည်တွေယိုဖိတ်နေတာကိုမမြင်ဘူးလား..ငါ့မှာ ပလာစတာရှိတယ် လာယူလှည့်..ဟွန့်..."

သူတို့နှစ်ယောက်နောက်နားကနေအသံကြားတာမို့လှည့်ကြည့်လိုက်တော့မျက်မှန်ဝိုင်းဝိုင်းလေးနဲ့ တစ်ရုံးလုံးရဲ့ Fujoshiမလေး...။CEOတို့ တက်သွားတဲ့ ဓာတ်လှေကားကိုကြည့်ရင်း လက်တွေပြကာ အပြုံးကြီးကြီးနဲ့ နှုတ်ဆက်နေသည်...။ထို့နောက် သူတို့နှစ်ယောက်ကိုငုံ့ကြည့်ကာမျက်နှာတည်တင်းသွားပြီး ဆံပင်လေးကို သပ်တင်ကာ ခေါင်းကိုပါဆက်ခနဲနေအောင်လှည့်သွားသေးသည်...။

Fujoshiလေးတွေရဲ့ မျက်လုံးကို သိပ်ကိုမှလေးစားသွားပါပြီ...။
______________

"ဝေါင်းးးJin hyungရုံးခန်းကအကျယ်ကြီး.."

အခန်းထဲကိုဝင်လိုက်ရင်ပဲ အဖြူရောင်နံရံကြီးပေါ်မှာ ပန်းချီတစ်ချို့ကို ချိတ်ဆွဲထားရုံပဲဖြစ်တဲ့ ခပ်ရှင်းရှင်း အခန်းကြီးကို ကြည့်လို့ Jungkook အမှတ်ပေးမိသည်...။

"ခဏနေအုံးနော်..ကိုစာရင်းတွေတစ်ချက်ကြည့်စရာရှိလို့.."

"အွန်း..အွန်း..လုပ်စရာရှိတာလုပ်.."

အလုပ်စားပွဲပေါ်မှာထိုင်လိုက်သည်အထိ Kim Seokjinရဲ့မျက်လုံးအစုံက သူ့အခန်းကိုဝေ့ဝဲကြည့်နေပါတဲ့ Kookieစီမှာ...။စူးစမ်းနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက အရောင်တွေ တလက်လက်...။နံရံပေါ်က ပန်းချီတစ်ချို့ကို ကြည့်ကာ ပါးစပ်လေးကလည်း ဟစိကလေးပွင့်ဟလို့..။ကြည့်နေရင်းနဲ့ ရေငတ်လာတဲ့ Kim Seokjinမှာ စားပေါ်မှာ အသင့်ရှိနေတဲ့ ရေကရားထဲကရေကိုငှဲ့လို့ အမြန်သောက်လိုက်ရသည်...။

အနက်ရောင်သန်းချင်နေတဲ့ အတွေးတွေကိုဖယ်ထုတ်လို့ အကြည့်တွေကိုခွာကာComputerကိုသာ အာရုံစိုက်လိုက်ရသည်..။အလုပ်ထဲစိတ်နှစ်ထားတာတောင် တစ်ချက်တစ်ချက် အာရုံမှာပေါ်လာတတ်တဲ့ ရဲစိုစိုနှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းအောက်က မှဲ့နက်လေး...။အားးKim Seokjin မင်းဘာတွေတွေးနေတာလဲ...။

မှောင်မိုက်ချင်နေတဲ့အတွေးတွေကို ဖျက်လို့ အလုပ်အပေါ်သာ အာရုံပို့ချလိုက်ရသည်...။အဲကွန်းကတောင် နည်းနည်းပူချင်နေသလို..။

"သူဌေး..ဒီစာရင်းလေးတွေ တစ်ချက်စစ်ပေးစေချင်ပါတယ်.."

အခန်းဝကနေ ကြားရတဲ့ အသံချိုချိုလေးကြောင့် Jungkookလှည့်ကြည့်လိုက်သည်...။ခါးလောက်ရှည်တဲ့ ဆံနွယ်တွေကို သေသပ်စွာစုစီးထားပြီး ပန်းနုရောင်နှုတ်ခမ်းနီ ပါးပါးလေးနဲ့ အမတစ်ယောက်..။ရုံးဝတ်စုံလေးနဲ့သူမက သိပ်ကိုမှ ကြည့်ရရိုင်းမနေပဲ ယဥ်ယဥ်လေးဖြစ်သည်..။

ထို့နောက် Jin hyungစားပွဲအနားကိုလျှောက်သွားကာ စာရင်းပြနေသည်..။ရယ်ရယ်ပြုံးပြုံးနဲ့ စနောက်နေကြတဲ့ သူတို့နှစ်ယောက်က သိပ်ကိုမှရင်းနှီးသလို...။ဟိုအမကြီးက ခပ်ဖွဖွလေးထုနေတာတောင် အပစ်မမြင်တဲ့Jin hyungကစေတနာရှင်ကြီးပါပေါ့..။ဘယ်အချိန်ငြိမ်မလဲ ကြည့်နေပေမယ့် ခိုးခိုးခစ်ခစ်ရယ်သံတွေက ကျယ်လောင်လာသလို နားညီးလာတာမို့ Jungkookတို့ ဇာတ်လမ်းခင်းတော့မည်...။

Jeon Jungkookကို ဘာမှတ်!!

"ကိုကိုးးး"

ခပ်ချွဲချွဲအသံလေးနဲ့ kookieက စကားတောင်မပီချင်တော့လောက်အောင်..။နှုတ်ခမ်းလေးဆူလို့ သူ့ဆီပြေးလာတဲ့ kookieက ဆေးစားများမှားသလား..။သူ့ဆီကိုပြေးဝင်လာပြီး သူ့ပေါင်ပေါ်မှာတက်ထိုင်ကာ လည်ပင်းကိုပါ သိုင်းဖတ်ထားပြီး ရင်ခွင်ထဲကနေ Hanaကို မျက်စောင်းလှမ်းထိုးနေသည်...။ဒီပေါက်စကို Seokjinအသည်းယားလွန်းလို့ ဘယ်လိုလုပ်ရမလဲ..။

"ကိုကို..kookie ပျင်းတယ်.ပျင်းလာပြီလို့.."

သူ့ရင်ဘတ်ကို ပါးလေးနဲ့ ပွတ်ကာသပ်ကာပြောနေတဲ့ Kookieက သဝန်များတိုနေတာလားလို့ Seokjinတွေးမိသည်..။ပေါက်စတွေ သဝန်တိုရင် သေလောက်အောင် အသည်းယားဖို့ကောင်းသည်...။

"အဟင်း..အဲ့တာဆို ကျွန်မကိုသွားခွင့်ပြုပါအုံး..kookie...SeokJin oppaနဲ့ သိပ်လိုက်တာပဲ.."

ထိုအမကြီးစကားကို ခေါင်းလေးညိမ့်ကာထောက်ခံပြီးမှ Jungkookကြောင်သွားရသည်..။ဒီအမကြီးက Jin hyungကို သဘောကျနေတာမဟုတ်ဘူးလား..။

Hanaထွက်သွားတာကို ပြူးကြောင်ကြောင်လေးလိုက်ကြည့်နေတဲ့ kookieကို Seokjinအသည်းတယားနှင့် ပါးလေးအား ကိုက်ဆွဲပစ်လိုက်သည်..။

"Jin hyung ဟိုအမကြီး.."

"အင်း..အဲ့တာ Lee Hanaလေ....ကို kookieကိုစလိုက်ကတည်းက ကို့ကိုအကြံပေးနေတဲ့သူ..သူ့မှာ ကောင်မလေးနဲ့.."

"အယ်..."

Jin hyungရှင်းပြတော့ သူ့မှာဟိုအမကြီး အတွက် အားတောင်နာလာရသည်..။Jin hyungကသူ့အပိုင်ဖြစ်ကြောင်းပြဖို့ သူအပီအပြင်တွေ သရုတ်ဆောင်ခဲ့တာ..။

"Kookieကသဝန်တိုတာလား..ဟမ်..ဒါလေးကသဝန်တိုတာလားလို့.."

သူ့နှာခေါင်းကို ခပ်ဖွဖွဆွဲရင်းပြောနေပါတဲ့ Jin hyungရဲ့လက်ကို ပြန်ဆွဲကာ ကိုက်ချပစ်လိုက်သည်..။လူကရှက်နေတယ်လေ လာမစပါနဲ့လား..။

ချစ်ရည်လူးကာ ပလူးနေကြတဲ့ CEOနှင့် သူ့ကောင်လေးမှာ မှန်ချည်းသက်သက်သာ ကာရံထားတဲ့ နံရံတစ်ဖက်က မြင်နေရမည့် ဝန်ထမ်းတွေကိုတော့ လျစ်လျှူရှုထားကြသည်ထင်သည်..။

"မင်းတို့က ဘာကြည့်နေတာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြ.."

မြေကွပ်နေရာသွားကြည့်ရာမှ ပြန်လာတဲ့ Namjoonမှာ အပြင်ဘက်ကမြင်နေရတဲ့ မြင်ကွင်းကိုကြည့်ပြီးသွေးအန်ချင်သွားသည်..။

ကုမ္ပဏီမှာတော့ အနေအထိုင်ဆင်ခြင်ကြပါဟ!!

_______________

"ကိုယ် meetingခဏသွားရမယ်..လိမ်လိမ်မာမာနေခဲ့နော်..ဘယ်သူခေါ်ခေါ်စကားမပြောရဘူး ကြားလား.."

"ဟုတ်ကဲ့..ဟုတ်ကဲ့.."

အအေးဘူးကိုင်ကာ ပိုက်နဲ့စုပ်နေရင်း သူပြောသမျှ ခေါင်းသာညိမ့်ပြနေပါတဲ့ kookieကို သူခေါင်းလေးတစ်ချက်ပုတ်လို့ထွက်လာလိုက်သည်..။မဟုတ်ရင် အခန်းဝက Namjoonမှ. သူ့ကို မျက်စောင်းတစ်ထိုးထိုးနှင့်မို့...။

"မကျေနပ်ရင် မင်းရဲ့ minလေးကို ကုမ္ပဏီခေါ်လာပြီး ပြန်roပြ.."

ဘေးနားကပ်ကာခပ်တိုးတိုးလေးပြောသွားပါတဲ့ Seokjin hyungကြောင့် Namjoon ဆွေ့ဆွေ့ခုန်သွားသည်..။ခေါ်မှာ ခေါ်မှာ...သူတို့ထပ်ကိုပိုပြီး roပြမယ်..ကြည့်ထားး..။

မကျေမနပ်နှင့်ခြေဆောင့်ကာ Seokjin hyungရှေ့မှ ထွက်လာလိုက်သည်..။သူလုံးဝ လုံးဝကိုမကျေနပ်ဘူး..။

____________

ဒေါက်..ဒေါက်...

"ဝင်လာပါ..."

Jungkookစိတ်ကြည်နေတာမို့ပုံတစ်ချို့ဆွဲနေတုန်း အခန်းတံခါးဝကို လာခေါက်တာမို့ ဝင်လာစေရန်ပြောလိုက်သည်..။Jin hyungကအစည်းဝေးကပြန်လာသေးတာမဟုတ်ပေမယ့် အလုပ်ကိစ္စဆိုရင် တော့ သူပြန်ပြောပေးနိုင်တယ်လေ..။

စာအုပ်လေးကို ဘေးနားချလို့ ဝင်လာသူကို မော့ကြည့်လိုက်သည်..။တွေ့လိုက်ရတဲ့သူကြောင့် Jungkook မျက်လုံးတွေပါ ပြူးကျယ်လာခဲ့သည်..။

"appa..."

မနေ့ကမှ သူ့ကို Jin hyungနဲ့ကွာရှင်းဖို့ပြောခဲ့တဲ့ appaက ခုတော့ ရုံးထိတောင်ရောက်လာတာ Jin hyungကိုနားချဖို့လား...။

"Seokjinရော.."

"အစည်းဝေးခန်းထဲမှာပါ.."

အရင်လို appaလို့တောင် မခေါ်တော့သည့် Jungkookieကသူ့ကိုရှိန်သွားပုံပင်...။မျက်လွှာလေးချကာ လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်နေပြီးနှုတ်ခမ်းလေးကိုလည်း ကိုက်ထားသေးသည်..။သူဖြေဖျန်းပေးတာသိပ်ကို များသွားလို့လား..။

"အဟင်း..Seokjinမရှိတုန်းလေး appa သားငယ်ကိုပြောဖို့ရှိတယ်.."

"ဟုတ်ကဲ့.."

အဆင်ပြေပုံမပေါ်သေးတဲ့ သားငယ်က သူ့ကို ခုထိလှည့်မကြည့်လာသေးတာမို့ Kim appaစကားပလ္လင်ခံနေဖို့ မသင့်တော့ကြောင်းသိလိုက်ပြီ..။

"appaပြောချင်တာ..မနေ့ကကိစ္စ.."

"ဟင်အင်း.."

"ဟင်.."

ခေါင်းလေးခါလို့ ခပ်တိုးတိုးရေရွတ်ကာပြောနေတဲ့ သားငယ်ရဲ့စကားကြားဖို့ သူအာရုံစိုက်ကာ နားထောင်လိုက်ရသည်...။ခပ်တိုးတိုးလေးပြောနေတဲ့ သားငယ်က သူ့ကိုပဲပြောနေတာလား ကိုယ့်ကိုယ်ကိုပဲ ရေရွတ်နေတာလားတောင်မသဲကွဲ...။

"မလိုဘူး..ကလေးမလိုဘူးတဲ့..အချစ်တွေခိုင်မြဲဖို့ ​ကလေးဆိုတဲ့ ကြားခံနယ်မလိုဘူးတဲ့..Jin hyungက အပြည့်အဝချစ်ပေးနိုင်တယ်တဲ့..အဲ့တာကြောင့်...မကွာရှင်းချင်ဘူး..Jin hyungကိုချစ်တယ်..Jin hyungနဲ့ပဲ အိုမင်းသွားချင်တယ်..မြေးလေးလိုချင်ရင်.. Jin hyungနဲ့ ပြန်တိုင်ပင်ပေးမှာမို့လို့..မကွာရှင်းခိုင်းပါနဲ့တော့.."

မော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်းလေးတွေမှာ မျက်ရည်တချို့က တွဲခိုလို့ ..။မဲ့တဲ့တဲ့မျက်နှာလေးက သူစကားတစ်ချက်မှားတာနဲ့ ပြိုကျပါတော့မယ့် မိုးပြေးလေးလိုမျိုး..။

သားငယ်ရဲ့ နှဖူးကိုအသာတောက်လို့ သူစကားတချို့ပြောလိုက်သည်..။ထိုအချိန်မှ ဝိုင်းနေပါတဲ့ မျက်လုံးလေးက ပိုမိုပြူးကျယ်လာကာ ပါးစပ်လေးကပါ ဟစိလေးဖြစ်လာသည်..။

" appaရောက်နေတာပဲ"

အစည်းဝေးပြီးပြီမို့ အခန်းထဲပြန်ဝင်လာတဲ့ Seokjinက appaကို နှုတ်ဆက်လိုက်သည်..။မနေ့ညက ဖုန်းဆက်ထားသည်မို့ appaက kookieကိုလာချော့မှာ သူအသိ..။ထို့ကြောင့် ထူးပြီး အံ့သြမနေ..။

သူဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်တော့ kookieကသူ့ဖက်ကိုလှည့်လာကာ သူ့ပခုံးပေါ်မေးလေးတင်လို့ သူ့ကိုသိုင်းဖက်ကာ​ထွေးပွေ့လာသည်..။ရုတ်တရက်မို့နားမလည်တဲ့ Seokjinက ဖအေဖြစ်သူကို မျက်စပစ်လို့ အကျိုးအကြောင်းမေးရသည်...။

appaကလည်း ဂုတ်ကိုသာ ခပ်နာနာပွတ်နေပြီး မျက်နှာကလည်း နီရဲလို့..။နေပါအုံး..နည်းနည်းတော့ထူးဆန်းနေတယ်မလား...။

"ပြန်ရအောင်..အိမ်ပြန်ချင်ပြီ.."

ခပ်တိုးတိုးလေးပြောကာ ပခုံးပေါ် ပါးအပ်သွားပြန်ပါတဲ့ kookieကို Seokjinတကယ်ထူးဆန်းနေပြီဖြစ်သည်...။

"ဟုတ်ပြီ..ပြန်ကြတာပေါ့..."

ခေါင်းလုံးလုံးလေးကို အသာပုတ်လို့ သူပြောလိုက်သည်..။နီမြန်းနေတဲ့ မျက်နှာနဲ့ appaကိုတစ်လှည့် သူ့ပခုံးပေါ်ပါးအပ်ထားပါတဲ့ kookieကို တလှည့်ကြည့်ပြီး နားမလည်တော့ပေမယ့် သူဆက်မစဥ်းစားနေတော့ဖို့ဆုံးဖြတ်လိုက်သည်...။

ထို့နောက် ကုမ္ပဏီ အလုပ်တစ်ချို့ကို Namjoonနှင့်လွှဲထားလိုက်ကာ အိမ်သို့သာပြန်လာလိုက်တော့သည်...။အိမ်ပြန်လမ်းတစ်လျှောက် သူ့လက်ကို တောက်လျှောက်ကိုင်ထားပါတဲ့ kookieကြောင့် သူ့မှာကားကိုလည်း လက်တစ်ဖက်ဖြင့်သာ မောင်းခဲ့ရသည်..။တကယ်ပဲ appaက ကလေးကို ဘာ ဆိုက်ကိုတွေသွင်းလိုက်ပြန်တာလဲ...။
_________________

အိမ်ရောက်တော့လည်း ဗိုက်ဆာတယ်ဟုဆိုသော kookieကြောင့် သူမီးဖိုခန်းထဲရောက်နေရသည်..။ချက်ရင်းပြုတ်ရင်းနဲ့ တွေးနေမိတာက နေ့လည်ကအကြောင်းပင်...။ရှက်ရဲရဲ appaမျက်နှာထက် ညှိုးနွမ်းသွားတဲ့ သူ့ကလေးမျက်နှာက သူ့စိတ်ကိုပိုပြီး ကလိကလိဖြစ်စေသည်..။

ချက်ပြုတ်ပြီးလို့ ပန်းကန်ထဲသေချာထည့်ကာ နောက်သို့အလှည့်..ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ကာ သူ့ကိုခပ်ဆွေးဆွေးကြည့်နေတဲ့ kookieကြောင့်လန့်ကာ ပခုံးတို့တွန့်သွားရသည်..။ထို့နောက် လေပူတစ်ချို့ကိုမှုတ်ထုတ်ကာ kookieကိုသေချာကြည့်လိုက်သည်...။ထိုအခါမှ Kim Seokjinတို့ စိတ်ပူမှုတွေ တိုးလေပြီ...။Kookieက မျက်ရည်တွေဝဲနေတာလား...။

"ဘာဖြစ်တာလဲ..ကို့ကိုပြော...မငိုပဲနဲ့ ကို့ကိုအရင်ပြော...appaကတစ်ခုခုပြောလိုက်လို့လား..မဖြစ်သေးပါဘူး appaကိုမေးကြည့်မှပါ.."

စိတ်ထက်ကိုယ်ကပိုမြန်တဲ့Seokjinက အိတ်ကပ်ထဲက ဖုန်းကိုဆွဲထုတ်ပြီးနေပြီ...။

"ဟင်အင်း..."

ဖုန်းထပ်မှာပြေးလွှားနေပါတဲ့ လက်ချောင်းတွေကို လာဆွဲတဲ့ kookieကြောင့် သူဖုန်းကိုချလို့ kookieလက်ကလေးတွေကို ပြန်လည်ဆုပ်ကိုင်လိုက်သည်..။လက်လေးတွေက အေးစက်နေတာမို့ နွေးထွေးသွားစေဖို့ရည်ရွယ်ပါသည်...။

"အိမ်ပေါ်ကဆင်းခဲ့သေးတယ်ဆို.."

"ဟမ်..."

ခပ်ဝဲဝဲမျက်ရည်တွေနဲ့ မပီမသအသံလေးကရှိုက်သံတွေနဲ့ရောထွေးစွာ...။ဒီကိစ္စတွေကို kookieကဘယ်လိုသိသွားခဲ့တာလဲ...။

"ကျွန်တော်နဲ့ ကြိုက်တာကိုသဘောမတူလို့ အိမ်ပေါ်ကနှင်ချခံခဲ့ရတယ်ဆို...ဒါတွေကို ကျွန်တော်မသိရပါလား..ဟမ်.."

သူဆုပ်ကိုင်ထားတဲ့လက်ကို ဆွဲဖယ်လို့ သူ့ရင်ဘတ်ကိုထုရိုက်ကာမေးနေတဲ့kookie...။ယောကျာ်းသားတစ်ယောက်ရဲ့ ရိုက်ချက်ပေမို့ သူ့မှာ အင့်ခနဲ၊နင့်ခနဲ..။

ထုရိုက်နေတဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်လို့ သူချုပ်ထားလိုက်ရသည်..။သူတကယ်နာနေပြီ..။

"မဟုတ်ပါဘူး..kookieရဲ့..ဘယ်ကကြားလာတာလဲ..ပေါက်ကရတွေနေမှာပါ.."

"ခင်ဗျားအဖေပါးစပ်ကထွက်လာတဲ့ စကားက ပေါက်ကရဖြစ်စရာလား.."

appa...တရားခံက appaပေါ့..။မီးကြီးကြီးတွေမွှေးပေးတဲ့ appaကို Seokjinစိတ်ထဲမှာပင် အကြိမ်တစ်သောင်းလောက် ရှိခိုးပြီးနေပြီ...။

"ကိုရှင်းပြမယ်...အဲ့ဒီတုန်းကထွက်သွားတာမှန်တယ်..ဒါပေမယ့် အဲ့ဒါက အတိတ်သာသာတွေလေကွာ...အခုကို kookieအနားမှာရှိတယ်လေ မဟုတ်ဘူးလား..ဘာလိုသေးလို့လဲ..."

"ကျွန်တော်ဘယ်လောက်စိတ်ထိခိုက်ရလဲ..ပင်ပန်းခဲ့မှာမလား...ခင်ဗျားပင်ပန်းခဲ့တဲ့အချိန်မှာ ကျွန်တော်ကမသိနိုင်ခဲ့ဘူးမလား...ခင်ဗျားဗျာ....လူကို အပစ််မကင်းအောင်လို့.."

မကျေမချမ်းနဲ့ရေရွတ်နေရင်းက မျက်ရည်တွေလဲကျနေသေးတဲ့ kookieကို သူမျက်ရည်လှမ်းသုတ်ပေးလိုက်သည်...။မကျေနပ်ဘူးဆိုပေမယ့်ရုန်းဖယ်သွားခြင်းလဲမရှိတဲ့ kookieကြောင့် သူနှုတ်ခမ်းတို့တွန့်ရုံပြုံးလိုက်သည်...။

"Kookieကဘာကို အပစ်မကင်းဘူးလို့ခံစားနေရတာလဲ..."

မျက်ရည်တွေကို သုတ်ပေးနေရင်းသူမေးတော့ Kookieကမျက်စောင်းလေးနဲ့ကြည့်လာသည်..။

"တကယ်ခံစားရတယ်..ကျွန်တော့်ကြောင့်နဲ့ အိမ်ပေါ်ကပါဆင်းသွားတာတောင်မသိခဲ့တဲ့အထိ ကျွန်တော် Jin hyungကိုဂရုမစိုက်မိခဲ့ဖူးမဟုတ်လား....အခု appaပြောပြမှ သိတဲ့ကျွန်တော့်အဖြစ်က အရူးကြီးလိုပဲ...Jin hyungက ကျွန်တော့်ကို လျှို့ဝှက်ထားတယ်...ဒါက ကျွန်တော့်ကို အပစ်မကင်းသလိုခံစားရစေတယ်...တကယ်တမ်းတော့ ကျွန်တော်က Jin hyungနဲ့ပတ်သက်ပြီး ဘာမှမသိသလိုပဲ..."

မျက်လုံးရွှဲရွဲဲကြီးနဲ့ မော့ကြည့်လာပါတဲ့ kookieရဲ့ မျက်ဝန်းဝိုင်းလေးတွေက သူ့ရဲ့ အားနဲချက်...။အရာအားလုံးပုံအောပစ်ပြီး ချစ်ချင်စရာကောင်းလွန်းတဲ့ kookieက သူ့ရဲ့ပိုင်ဆိုင်ရာလေး...။အတွေးနဲ့တင် မရောင့်ရဲနိုင်တာမို့ Seokjinသူ့ရှေ့က kookieကို ခပ်တင်းတင်းထွေးပွေ့လိုက်သည်..။

"မကောင်းတဲ့အတိတ်တွေဆိုတာ ပြန်တူးဖော်လို့မကောင်းဘူး...မြုပ်နှံထားတဲ့ အတိတ်တွေကိုပြန်တူးဖော်ရင် နာကျင်စရာကလွဲကောင်းတာတွေထွက်မလာတတ်ဘူး..ကိုက kookieကို အကောင်းဆုံးရဲ့အကောင်းဆုံးဆိုတာတွေနဲ့ပဲ ပျော်အောင်ထားချင်တာ...အခုလို အတိတ်တွေကို တူးဖော်မယ့်အစား လက်ရှိမှာပဲ ကို့ကိုပိုချစ်ပေးပါလားကွာ...ဟင်.."

သူပြောလိုက်တော့ kookieရဲ့ လက်တွေက သူ့ကို ပြန်လည် ဖတ်တွယ်လာသည်...။ထို့နောက် သူ့ပခုံးပေါ်မေးလေးတင်လို့ သူ့ကျောပြင်ကို ခပ်ဖွဖွလေးသပ်ချပေးနေသည်...။

"အင်း..Jin hyungကပေးတဲ့ အကောင်းဆုံးအရာတွေနဲ့ အပျော်ဆုံးကျွန်တော်နေမယ်...ကျွန်တော့််အပေါ်ကို ပွင့်လင်းပါ...Jin hyungကကျွန်တော့်ရဲ့ သက်ဆိုင်သူမို့ Jin hyungနဲ့သက်ဆိုင်သမျှ ကျွန်တော်နဲ့လဲ ဆိုင်ချင်တယ်...ကျွန်တော့်ကို အများကြီးပိုချစ်ပေး.."

ခပ်ချွဲချွဲလေသံလေးကို သူသဘောကျစွာ ပိုမိုကျပ်တည်းအောင်း ခပ်တင်းတင်းပြန်လည်ပွေ့ဖက်လိုက်သည်..။သူဒီအနွေးလုံးလေးကို အသည်းယားလွန်းလို့ ဘယ်လိုလုပ်ရမလဲ...။

"နောက်ပြီး..."

ထပ်ထွက်လာသေးတဲ့ kookieအသံကြောင့် သူနားစိုက်ထောင်လိုက်သည်...။

"appaကပြောတယ်...ommaမှာကိုယ်ဝန်ရှိနေပြီတဲ့..နောက်နေ့ကျရင် ဂုဏ်ပြုဖို့သွားရအောင်..."

Kookieရဲ့စကားကြောင့် မျက်လုံးပြူးသွားတာက Kim Seokjinကိုယ်တိုင်ပင်...။မျက်နှာကြီးရဲရဲနီပြီးရှက်နေတာ အဲ့တာကြောင့်တဲ့လား...။

"အင်းပေါ့..သွားကြတာပေါ့.."

ချစ်ရသူကို ခပ်တင်းတင်းသာထွေးပွေ့လို့သူဆိုလိုက်သည်...။မနက်ဖြန်ကျရင်တော့ အောက်ဖဲလှန်တော်တဲ့ appa...။သန်နေစွမ်းနေတုန်းဖြစ်တဲ့ appaကို ဂုဏ်ပြုဖို့သွားရပေအုံးမည်.....။

____________The end______

Seguir leyendo

También te gustarán

575K 8.8K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
13.2K 407 25
Taehyung as a Yandere and Yoongi as his Senpai Nothing bad can happen... Right? Warning: For sure Violence (blood, gore, ect), for sure bad languag...
774K 28.7K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
2.6K 207 4
JINKOOK (One short!!)