အဓိပတိလမ်းမထက်က မောင့်ခြေရာ{အ...

By HoarFROST_

5.4M 575K 116K

ကျွန်တော်လေ...သည်အဓိပတိလမ်းမကြီးကို သိပ်သဘောကျတယ်။အထူးသဖြင့် မောင့်ခြေဖမိုးလေးနဲ့တွဲမြင်ရတာကို ပိုသဘောကျတယ်။ ... More

Prologue
{၁}U&Z
{၂}U/Z
{၃}U/Z
{၄}U/Z
{၅}U/Z
{၆}U/Z
{၇}U/Z
{၈}U/Z
{၉}U/Z
{၁၀}U/Z
{၁၁}U/Z
{၁၂}U/Z
{၁၃}U/Z
{၁၄}U/Z
{၁၅}U/Z
{၁၆}U/Z
{၁၇}U/Z
{၁၈}U/Z
{၁၉}U/Z
{၂၀}U/Z
{၂၁}U/Z
{၂၂}U/Z
{၂၃}U/Z
၂၄{U/Z}
{၂၅}U/Z
{၂၆}U/Z
{၂၇}U/Z
{၂၈}U/Z
{၂၉}U/Z
{၃၀}U/Z
{၃၁}U/Z
{၃၂}U/Z
{၃၃}U/Z
{၃၄}U/Z
{၃၅} U/ Z
{၃၆}U/Z
{၃၇}U/Z
{၃၉}U/Z
{၄၀}U/Z
{၄၁}U/Z*
{၄၂}U/Z
{၄၃}U/Z
{၄၄}U/Z
{၄၅}U/Z
{၄၆}U/Z
{၄၇}U/Z
{၄၈}U/Z
{၄၉}U/Z
{၅၀}U/Z
{၅၁}U/Z
{၅၂}U/Z
{၅၃}U/Z
{၅၄}U/Z
{၅၅}U/Z-Final
Mg's Footprint
Book Preorder Details
Q/A

{၃၈}U/Z

70.7K 10.7K 1.2K
By HoarFROST_

Unicode

"စာလာတယ်..."
မှောင်ရီပျိုးစပြုချိန်တွင် ပြန်ရောက်လာသော ဇေရဲက စာကြည့်ခုံတွင် မျက်မှန်တပ်ကာ စာရေးနေသော နွေဦးမောင်၏ခုံပေါ်သို့ပစ်တင်ပေးလိုက်သည်။ညနေခင်းကျောင်းစာတိုက်သို့ အိမ်ကပို့ပေးလာသည့် ကျောင်းလခနှင့်မုန့်ဖိုး ကိုသွားယူစဉ် နွေဦးမောင်နာမည်နှင့်စာနှစ်စောင်ရောက်နေသည်မို့ တစ်ပါတည်းအပါယူလာခြင်းပင်။
မန္တလေးနှင့် ပဲခူး ၊သီးခြား နယ်မြေဆီက စာနှစ်စောင်အား နွေဦးမောင်ယူလိုက်ကာ ချက်ချင်းဖောက်မဖတ်ပါဘဲ စာအုပ်တွေကြားညှပ်လိုက်၏။
"ဟိတ်ကောင် ပေးလေ။ ပို့ခ။"

ဇေရဲကလက်ဖြန့်ကာ စာပို့ခတောင်းတော့ နွေဦးမောင်က လက်ကိုဖြန်းခနဲရိုက်ချလိုက်သည်။
"မင်းကိုဘယ်သူက ယူလာခိုင်းလို့လဲ"

"အောင်မာ အကျင့်ပါတယ်ကွ"

နွေဦးမောင်သည် သူ့စကားနှင့်သူပင်ပြန်ချေပခံနေရသော်ငြား ဇေရဲအားအဖက်မလုပ်တော့ဘဲ စာပြန်ရေးနေ၏။
ဇေရဲကသူ့စားပွဲခုံပေါ်တင်ပါးလွှဲထိုင်လာကာ
"ဟိတ်ကောင် နွေဦးမောင် သီချင်းသွားဆိုရအောင်။ လူစုထားတယ်။ သင်္ချာက ကောင်တွေလည်းပါတယ်။ မာလာဆောင်သွားကြမို့"

"မလိုက်ဘူး"
နွေဦးမောင်က နှစ်ခါမစဉ်းစားဘဲ ငြင်းတော့ ဇေရဲက ခပ်တိုးတိုးညည်းလေသည်။
"မာလာဆောင် မောင်မလာ။ မာလာဆောင်ကို မောင်မလာချင်"

"မလာဘူးကွာ၊ မင်းတို့ကိုယ့်ကိုယ်သွားကြ။ ငါ မအားဘူး"

"နေပေါ့ကွာ။ မောင်မလာချင်ရင်လည်း နရီလေးကတော့လာချင်တယ်တဲ့"
စောနရီ၏နာမည်ပါလာတာမို့ နွေဦးမောင်က မျက်မှန်ကြားထဲကနေ မျက်လုံးပင့်ကြည့်လာသည်။
"နရီက ဘယ်ကိုလာမှာလဲ"

"မာလာဆောင်မှာသီချင်းသွားဆိုဖို့လေ။ အခုပဲသွားခေါ်တော့မို့.."

ဇေရဲကထထွက်ဖို့ပြင်တော့ နွေဦးမောင်ကလှမ်းဆွဲကာ
"ဘာသဘောလဲ"

"ဘာသဘောရမှာလဲ? မိန်းကလေးအဆောင်ရှေ့ သီချင်းသွားဆိုပါတယ်ဆိုမှ လူ ပျို လှည့် တာပေါ့"
လူပျိုလှည့်ဆိုသည့်စကားကို တစ်လုံးချင်းပီပီသသဖိပြောလိုက်တော့ နွေဦးမောင်မျက်နှာကရှုံ့မဲ့သွားသည်။
"လိုက်မယ် ၊ လိုက်ခဲ့မယ်"

ဇေရဲက လှစ်ခနဲပြုံးသည်။ စောနရီကို သီချင်းဆိုသွားဖို့ စကားစတုန်းက နွေဦးမောင်လည်းပါမည်ဟု နှပ်ချခဲ့သည်။ အခုလည်း တစ်လှည့်ပြန်ကာ စောနရီပါမည်ဟု နှပ်ရပြန်ပြီ။ အဓိကကတော့ လူပါလာဖို့ပါပဲ။
သို့နှင့် ဂစ်တာ တစ်လက်ကိုကိုင်ကာ အဆောင်ကလိုက်မည့်သူများကိုစုရသည်။ မဂ္ဂနှင့်လွန်းနောင်ကိုလည်း အပါခေါ်ရ​ေသးသည်။ မဂ္ဂက ဘယ်လိုပဲ ရုပ်ရှင်မင်းသားဟုဆိုပါစေ ကျောင်းတွင်တော့ ကျောင်းသား တစ်ယောက်နှယ် သူငယ်ချင်းများနှင့်တရုန်းရုန်းပင်။ ယခုလည်း သူလိုက်မည်ဆိုသည်နှင့် လွန်းနောင်က စိတ်မပါဘဲ လိုက်လာရပြန်သည်။

စောနရီအခန်းရှေ့ရောက်တော့ ဇေရဲကတံခါးခေါက်လိုက်သည်။
"စောနရီရေ။ သွားကြမယ်… မြင့်စိုးကောလိုက်မလားဟေ့"

မြင့်စိုးကငြင်းသည်မို့ စောနရီတစ်ဦးတည်းပင်။ မေဂျာမတူ၊ နှစ်မတူပေမဲ့ ယောက်ျားလေးအုပ်စုသည် ပျော်ရွှင်စွာနှင့်မာလာဆောင်ဆီသို့ အုပ်စုလိုက်ချီတက်ကြတော့သည်။
နွေဦးမောင်က ခနဲ့တဲ့တဲ့ဆိုလိုက်သေးသည်။
"သိပ်ကို လူပျိုလှည့်ချင်နေကြတာပဲ"တဲ့...

စောနရီသည် သာမန်ထက် ပိုတိတ်ဆိတ်နေသော နွေဦးမောင်ကို တစ်ချက်တစ်ချက် ခိုးကြည့်မိသည်။
သူကနဂိုတည်းကစကားနည်းသူမို့ ထွေရာလေးပါးပင်မပြောဖြစ်။ တစ်လမ်းလုံးတွင်တော့ ဇေရဲနှင့် ပါလာသည့် တခြား မေဂျာက လူများက တဝါးဝါးနှင့်ပွဲကျနေကြသည်။
စောနရီ လိုက်လာရသည့်အကြောင်းရင်းနှစ်ချက်သာရှိသည်။ ပထမအချက် မောင်ပါလို့။ ဒုတိယအချက်ကတော့ ဂစ်တာတီးပြီး သီချင်းဆိုနေမည့် မောင့်ပုံကို မြင်ဖူးချင်၍ပင်။ ကျောပြင်ကျယ်ကျယ်၊ လက်တံရှည်ရှည်နှင့် လက်ဆစ်ရှည်များဖြင့် ဂစ်တာအိုးကိုကိုင်ပြီး တီးခတ်နေမည့်မောင့်၏အရှိန်အဝါကို တိတ်တဆိတ်စိတ်ကူးယဉ်မိသည်။
မောင်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရဲရဲလေးပဲ...
အတွေးနဲ့တင် သူပြုံးမိသွားပြန်သည်။
မောင်ပေးထားသည့် walkman ကိုတောင်ယူလာသေးသည်။ မောင်သီချင်းဆိုသည့်အခါ အသံသွင်းထားရမည်။

မာလာဆောင်ရှေ့ အုတ်ခုံစီရောက်တော့ အကျအန နေရာယူကြသည်။ လူများသည်မို့ ဂစ်တာကလည်း သုံးလက်လောက်ပါသည်။ နွေဦးမောင်ဆီမှာတစ်လက်၊ သင်္ချာမေဂျာက မိုးယံလင်းဆီတွင် တစ်လက်၊ကျန်တစ်လက်ကတော့ မဂ္ဂဒီပါဆီတွင်ဖြစ်သည်။
"ကဲ မာလာဆောင်က ချစ်ပရိတ်သတ်တို့ရေ။ မောင်ကြီးတို့လာပြီဗျို့။"
သထုံက ဇာတ်မင်းသား ဟုအမည်တွင်သောသူက
ဇာတ်သံနှောကာ အော်ချလိုက်တော့ တချို့မိန်းကလေးအခန်းများကမီးပိတ်သွားသည်။

အကုန်လုံးရယ်မောလိုက်ကြကာ ဇေရဲက ဦးဆောင်၍
"ပုဂံလမ်းကနေ စောင့်ချင်တယ်... ကဲနွေဦးမောင်၊မိုးယံ၊မဂ္ဂ စတော့ကွာ ကြာတယ်"

ဇေရဲ၏အသံကြားတော့ မီးများပြန်ပွင့်လာကြသည်။ နွေဦးမောင်နှင့်မဂ္ဂပါနေပြီပဲဟာ။
သုံးယောက်သား တိုင်ပင်ခေါ်ပြီး စတီးလိုက်တော့ သည်။ ဂစ်တာသံ အစပျိုးပြီးသိပ်မကြာခင်မှာပဲ
အုပ်စုလိုက်သီချင်းသံကား ထွက်ပေါ်လာတော့သည်။
ကျောင်းသားများ၏အသည်းစွဲသီချင်းတစ်ပုဒ်ဖြစ်သော ပုဂံလမ်းကစောင့်နေမယ်....

🎶ရီဝေဝေ အတွေးများနဲ့ ... အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ...

လွမ်းမောစရာ..အကြင်နာမိုးသည်းထဲမှာ...

ကိုယ်တစ်ယောက်တည်း ဆွေးစိတ်မပြေ...
အချစ်ရေပြန်လှမ်းခဲ့တော့ကွယ်...

မိုးနဲ့အတူ...ပုဂံလမ်းကစောင့်နေမယ်...

ရင်ခုန်စရာအပြုံးများနဲ့...
အတိတ်နေရာဟောင်းကလေးများရယ်...

ဆွေးမြေ့စရာ ဝေဒနာနှင်းတောထဲမှာ...
မျှော်နေရင်း ရင်မောခဲ့ရပြီ...
အသက်ရယ် ပြန်မြန်းခဲ့တော့ကွယ်
နှင်းနဲ့အတူ ပုဂံလမ်းကစောင့်နေမယ်..."

မိုးရာသီအငွေ့အသက်များလွှမ်းခြုံနေသော ဤမာလာဆောင် အဝန်းအဝိုင်းတွင် သီချင်းသံမြူးမြူးက ပျံ့လွင့်နေတော့သည်။ သီချင်းဆုံးတော့ မိန်းကလေးဆောင်ကပါးလိုက်သည့် လက်ဖက်သုပ်ပန်းကန်နှင့် ငှက်ပျောသီးအဖီးလိုက်ကို အဆောင်စောင့်ဦးလေးကြီးကယူလာပေးလေသည်။ အဆောင်ထဲက မိန်းမပျိုလေးများကသီချင်းပင် ထပ်တောင်းသွားသေးသည်။
ခိုင်ထူး၏ ရွှေလည်တိုင်ဆိုသည့်သီချင်းလေးပင်။
သီချင်းပါတောင်းခံနေရပြီမို့ ယောက်ျားလေးများက ပိုပြီးတောင်တက်ကြွလာတော့သည်။ စောနရီလည်း ပထမဆုံး အဆောင်ရှေ့သီချင်းလာဆိုဖူးသည်မို့ စိတ်လှုပ်ရှားနေပေမဲ့ မျှော်လင့်ထားသလို မောင့်နှုတ်ဖျားဆီကနေတော့ သီချင်းထွက်မလာပေ။ မောင်က ဂစ်တာတီးပေးရုံလေးသာ။

ရွှေလည်တိုင်သီချင်းပြီးတော့ မုန့်တွေထပ်ရောက်လာပြန်သည်။ စောနရီကခပ်တိုးတိုးသာလိုက်ဆိုခဲ့သည်။ ယခုမူတော့ ပျင်းစပြုလာလေသည်။ မောင့်အသံမကြားရ၍ သိပ်မပျော်တော့ချေ။
ငြိမ်ကုပ်ကာ အောက်မြေပြင်ကို သဲကြီးမဲကြီးငုံ့ကြည့်နေတုန်း နွေဦးမောင်က သူ့ပခုံးကို တို့ကာ နား နားကပ်ပြောလာသည်။

"မောင် ပင်ပန်းလို့ ပြန်ချင်နေပြီ...မောင့်ကိုလိုက်ပို့ပါဦး"

"ဟုတ် ပြန်ကြမယ်လေ"

ဇေရဲကလည်း မတားချေ။ လွန်းနောင်ကတော့ လိုက်ပြန်ချင်ဟန်မော့ကြည့်နေပေမဲ့ မဂ္ဂ မပြန်မချင်းသူလည်းပြန်ရမည်မဟုတ်။

အဆောင်ကို တည့်မတ်စွာပြန်ပေမဲ့ အဆောင်မရောက်ခင် ခုံတန်းဆီ၌နွေဦးမောင်က ခြေလှမ်းများ
ကိုတန့်ကာ စောနရီအား လှည့်ပြော၏။
"အဆောင်မပြန်ချင်သေးဘူး။ မောင်တို့ခဏထိုင်ရအောင်"

"မောင် နားချင်ပြီဆို"

"မနားချင်တော့ဘူး။နရီ့ကို သီချင်းဆိုပြမယ်။ ဘာသီချင်းနားထောင်မလဲ။"

စောနရီက ပျော်မြူးသွားကာ သွားများပေါ်အောင်ပင် ပြုံးရယ်ကာ
"နားထောင်မယ်။ ဟို ထူးအိမ်သင်ရဲ့ အဓိပတိလမ်းက ခြေရာများ"

နွေဦးမောင်က မျက်ခုံးလေးတစ်ချက်ပင့်ကာ
"ကောင်းပြီလေ..."

စောနရီသည် ယူလာသည့်walkman ဖြင့်အသံစသွင်းတော့သည်။

🎶🎶အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ....

တိမ်တိုက်လို ဝေးလွင့်လို့သွား အားလုံးပျောက်ကွယ်လေပြီ...

ရာသီတွေချာချာလည်မှုန်ဝါး..
အတိတ်ကခြေသံတိုးတိုးသွား..
တို့နှစ်ယောက်တကယ်ကိုဝေးခဲ့ကြပြီလား🎶

မောင့်အသံကြားတော့ သူရင်ခုန်သံမြန်နေတာတောင်မရပ်တော့ဘူး။
မြန်မာဆန်တဲ့မောင့်အသံက သီချင်းနဲ့လိုက်ဖက်နေလိုက်တာများ။ သီချင်းဆိုတာ​ြကားဖူးပေမဲ့ ကိုယ့်ရှေ့မှာ ဆိုပြနေသည်က ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသည်။
အဲ့သည့်အချိန်မှာပဲ မောင်က သီချင်းကိုရုတ်တရက်ရပ်လိုက်သည်။
ပြီးနောက် သံစဉ်ကိုပြောင်းချလိုက်ကာ

"ဟူးဟူးဟူး...

သွားကြမဲ့ ချစ်ကမ္ဘာဘုံ...

လိုက်မလားကွယ်
ခရီးကြမ်းတဲ့ မေတ္တာဘုံ

သီတာရေမြေခြားနေပါတယ်
ထူးခြားတဲ့သစ္စာဘုံ...

ယူဇနာတစ်ရာဝေးကွာရာကွယ်
ဆန်းပြားတဲ့ဗိမ္မာန်ဘုံ..."

နွေဦးမောင်က သံစဉ်ကို ဆက်တီးခတ်ရင်း
"ဆက်ဆိုလေနရီရဲ့..."

"ဗျာ... အဲ့တာ မိန်းကလေးဆိုရမဲ့အပိုင်းလေ။"

"မဟုတ်ပါဘူး မောင့်ချစ်သူဆိုရမဲ့အပိုင်းပါ။"

စောနရီ၏ရှက်ရဲစွာဖြင့် မျက်နှာလွှဲလိုက်မိတော့လေသည်။
"ကျွန်တော်ဆက်မဆိုတတ်တော့ဘူး"

နွေဦးမောင်က ဂစ်တာသံကိုရပ်လိုက်ကာ ဂစ်တာအား ဘေးတွင် ထောင်ထားလိုက်သည်။
"နရီ့သဘော။ နရီက ထူးအိမ်သင်ကြိုက်တာလား"

"ဟုတ်တယ်။ ရေဒီယိုမှာ အမြဲကြားနေရလို့ဖြစ်မယ်"

"မောင်ကလေ ထူးအိမ်သင်ကိုကြိုက်တယ် သူ့သီချင်းတွေကိုတော့ သိပ်နားမထောင်ဘူး။ဝေးကြတဲ့အကြောင်းတွေများတယ်။ မောင်ကတော့မဝေးချင်ဘူး.. ပေါင်းဖက်တဲ့သီချင်းတွေပဲဆိုမယ်။"

စောနရီစိတ်ထဲတွေဝေခြင်းလှိုင်းများထန်လာရပြန်ပြီ။ ပေါင်းဖက်ဖို့ရာ ဖြစ်နိုင်ရဲ့လား။ ဒီတိုင်း အကွာအေဝးတစ်ခုမှာ တူတူရှိနေကြဖို့ ပိုမျှော်လင့်မိသည်။
"အကယ်၍များ အကယ်၍ပေါ့။ လွှတ်ချမှဖြစ်မဲ့အနေအထားဆိုရင် အားမနာတမ်းလွှတ်ချခဲ့။ ပြီးတော့..."
သူဆက်ပြောဖို့ရန်မတတ်နိုင်စွာနဲ့ဘဲ နှုတ်ခမ်းဖျားဟာ ရပ်တန့်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ့နှုတ်ခမ်းပေါ်၌ အလွှာချင်းထပ်နေသော နှုတ်ခမ်းထူထူလေးက ပိတ်ဆို့ထား၍ပင်။
အသက်ရှူရပ်မတန့် လန့်သွားသော်ငြား တွန်းကန်ခြင်းမပြုမိပါပဲ သူ့လက်တွေကတော့ မောင့်ရင်ဘတ်ကိုထောက်ကန်ထားမိသည်။
သူ့လည်ပင်းကို ထိန်းချုပ်ထားသည့်မောင့်ရဲ့နွေးထွေးသော လက်များ။
သူငြင်းဆန်သင့်သည်။ သည်အပြုအမူတွေကိုအသားမကျတာမို့ သူတွန်းကန်သင့်သည်။
လတ်တလောတွင်မောင်ဟာရဲတင်းနေသည်။မောင်ဟာအမြဲလိုလိုရဲတင်းနေတာပါပဲ။
နွေးထွေးစိုစွတ်သည့်ပွတ်တိုက်မှုနှင့်အတူ ခပ်နွေးနွေး ရေပြင်ကနေ ရေခဲကန်ထဲကျသလိုခံစားချက်များ။ တောင့်ဆတ်မိနေသော ကိုယ်ခန္ဓာ။
လေများကို ခပ်ပြင်းပြင်းရှူသွင်းမိနေပေမဲ့ အသက်ရှူမဝသည့်ခံစားချက်။

စိတ်ကိုလျော့ချမိသည့်အချိန်မှာတော့ ပြင်းထန်သည့်ထိုးစစ်များဝင်လာသည့်နှယ်။
ခေတ္တခဏအကြာတွင် မောင့်ဆီကနေ သူလွတ်မြောက်သွား၏။ လွတ်မြောက်ပြီးသည့်နောက်မှာပဲ သူ့တစ်ကိုယ်လုံးပျော့ခွေသွားသလိုပင်။ သူ့နှုတ်ခမ်းတွေကစိုစွတ်နေသလို မောင့်နှုတ်ခမ်းတွေကလည်းခပ်ရဲရဲ။ သူ မောင့်ကို ကြောင်အ စွာ ငေးကြည့်နေမိသည်။
မောင်ကမာန်မလျော့သည့်မျက်နှာ။ စိတ်ဆိုးနေသည်တဲ့လား။ သူကစိတ်ဆိုးရမည်မဟုတ်ဘူးလား။
"လူပျိုလှည့်တာ မောင်သည်းခံနိုင်တယ်နော်။ကျောခိုင်းဖို့တော့ မစဉ်းစားနဲ့။ မောင် မင်းကိုအပြစ်ပေးမှာ"

"...."

မောင်ကနောက်ဆုံးမှာတော့ သက်ပြင်းကလေးချသွားကာ သူ့ပခုံးပေါ်ခေါင်းမှီသည်။

"ရွှေလည်တိုင်ကိုကွယ်အနမ်းလေးပေးချင်တယ်..."

ခပ်ညည်းညည်း ဆိုလိုက်တဲ့ခိုင်ထူးရဲ့သီချင်းနှင့်အတူ လည်တိုင်ဆီသို့ ရောက်လာသည့် အနမ်း။
"မောင့်ကိုခွင့်လွှတ်ကွာ။ မောင်နည်းနည်း ဒေါသထွက်သွားတယ်"

စောနရီသည် သက်ပြင်းပူပူလေးကိုမှုတ်ထုတ်မိတော့သည်။မောင်ကတော့ သူ့ကို ရုန်းမရအောင်ချည်နေပြန်ပါပြီ။

°°°°°

25.8.21

တစ်နေ့တည်း နှစ်ပိုင်းလို့သတ်မှတ်ပေးကွာ။
ဟိုဘက်ရပ်ကွက်မှာဟိုကောင်တွေသောင်းကျန်းနေလို့။ ကြာသွားတာ။ဒီနေ့ပင်ပန်းနေတာမို့ စာကော ကြယ်ကော တောင်းချင်တယ်🔉😁

Song recommend
-ပုဂံလမ်းကစောင့်နေမယ်
-ရွှေလည်တိုင်
-အဓိပတိလမ်းကခြေရာများ
-ကမ္ဘာ့အပြင်ဘက်။
________

Zawgyi

"စာလာတယ္..."
ေမွာင္ရီပ်ိဳးစျပဳခ်ိန္တြင္ ျပန္ေရာက္လာေသာ ေဇရဲက စာၾကၫ့္ခံုတြင္ မ်က္မွန္တပ္ကာ စာေရးေနေသာ ေနြဦးေမာင္၏ခံုေပၚသို႔ပစ္တင္ေပးလိုက္သည္။ညေနခင္းေက်ာင္းစာတိုက္သို႔ အိမ္ကပို႔ေပးလာသၫ့္ ေက်ာင္းလခႏွင့္မုန႔္ဖိုး ကိုသြားယူစဉ္ ေနြဦးေမာင္နာမည္ႏွင့္စာႏွစ္ေစာင္ေရာက္ေနသည္မို႔ တစ္ပါတည္းအပါယူလာျခင္းပင္။
မႏၲေလးႏွင့္ ပဲခူး ၊သီးျခား နယ္ေျမဆီက စာႏွစ္ေစာင္အား ေနြဦးေမာင္ယူလိုက္ကာ ခ်က္ခ်င္းေဖာက္မဖတ္ပါဘဲ စာအုပ္ေတြၾကားၫွပ္လိုက္၏။
"ဟိတ္ေကာင္ ေပးေလ။ ပို႔ခ။"

ေဇရဲကလက္ျဖန္႔ကာ စာပို႔ခေတာင္းေတာ့ ေနြဦးေမာင္က လက္ကိုျဖန္းခနဲရိုက္ခ်လိုက္သည္။
"မင္းကိုဘယ္သူကယူလာခိုင္းလို႔လဲ"

"ေအာင္မာ အက်င့္ပါတယ္ကြ"

ေနြဦးေမာင္သည္ သူ႔စကားႏွင့္သူပင္ျပန္ေခ်ပခံေနရေသာ္ျငား ေဇရဲအားအဖက္မလုပ္ေတာ့ဘဲ စာျပန္ေရးေန၏။
ေဇရဲကသူ႔စားပဲြခံုေပၚတင္ပါးလႊဲထိုင္လာကာ
"ဟိတ္ေကာင္ ေနြဦးေမာင္ သီခ်င္းသြားဆိုရေအာင္။
လူစုထားတယ္။ သခ်ၤာက ေကာင္ေတြလည္းပါတယ္။ မာလာေဆာင္သြားၾကမို႔"

"မလိုက္ဘူး"
ေနြဦးေမာင္က ႏွစ္ခါမစဉ္းစားဘဲ ျငင္းေတာ့ ေဇရဲက ခပ္တိုးတိုးညည္းေလသည္။
"မာလာေဆာင္ ေမာင္မလာ။ မာလာေဆာင္ကို ေမာင္မလာခ်င္"

"မလာဘူးကြာ၊ မင္းတို႔ကိုယ့္ကိုယ္သြားၾက။ ငါ မအားဘူး"

"ေနေပါ့ကြာ။ ေမာင္မလာခ်င္ရင္လည္း နရီေလးကေတာ့လာခ်င္တယ္တဲ့"
ေစာနရီ၏နာမည္ပါလာတာမို႔ ေနြဦးေမာင္က မ်က္မွန္ၾကားထဲကေန မ်က္လံုးပင့္ၾကၫ့္လာသည္။
"နရီက ဘယ္ကိုလာမွာလဲ"

"မာလာေဆာင္မွာသီခ်င္းသြားဆိုဖို႔ေလ။ အခုပဲသြားေခၚေတာ့မို႔.."

ေဇရဲကထထြက္ဖို႔ျပင္ေတာ့ ေနြဦးေမာင္ကလွမ္းဆဲြကာ
"ဘာသေဘာလဲ"

"ဘာသေဘာရမွာလဲ? မိန္းကေလးအေဆာင္ေရ႔ွ သီခ်င္းသြားဆိုပါတယ္ဆိုမွ လူ ပ်ိဳ လွၫ့္ တာေပါ့"
လူပ်ိဳလွၫ့္ဆိုသၫ့္စကားကို တစ္လံုးခ်င္းပီပီသသဖိေျပာလိုက္ေတာ့ ေနြဦးေမာင္မ်က္ႏွာကရႈံ႔မဲ့သြားသည္။
"လိုက္မယ္ ၊ လိုက္ခဲ့မယ္"

ေဇရဲက လွစ္ခနဲႃပံုးသည္။ ေစာနရီကို သီခ်င္းဆိုသြားဖို႔ စကားစတုန္းက ေနြဦးေမာင္လည္းပါမည္ဟု ႏွပ္ခ်ခဲ့သည္။ အခုလည္း တစ္လွၫ့္ျပန္ကာ ေစာနရီပါမည္ဟု ႏွပ္ရျပန္ၿပီ။ အဓိကကေတာ့ လူပါလာဖို႔ပါပဲ။
သို႔ႏွင့္ ဂစ္တာ တစ္လက္ကိုကိုင္ကာ အေဆာင္ကလိုက္မၫ့္သူမ်ားကိုစုရသည္။ မဂၢႏွင့္လြန္းေနာင္ကိုလည္း အပါေခၚရ​ေသးသည္။ မဂၢက ဘယ္လိုပဲ ရုပ္ရွင္မင္းသားဟုဆိုပါေစ ေက်ာင္းတြင္ေတာ့ ေက်ာင္းသား တစ္ေယာက္ႏွယ္ သူငယ္ခ်င္းမ်ားႏွင့္တရုန္းရုန္းပင္။ ယခုလည္း သူလိုက္မည္ဆိုသည္ႏွင့္ လြန္းေနာင္က စိတ္မပါဘဲ လိုက္လာရျပန္သည္။

ေစာနရီအခန္းေရ႔ွေရာက္ေတာ့ ေဇရဲကတံခါးေခါက္လိုက္သည္။
"ေစာနရီေရ။ သြားၾကမယ္… ျမင့္စိုးေကာလိုက္မလားေဟ့"

ျမင့္စိုးကျငင္းသည္မို႔ ေစာနရီတစ္ဦးတည္းပင္။ ေမဂ်ာမတူ၊ ႏွစ္မတူေပမဲ့ ေယာက္်ားေလးအုပ္စုသည္ ေပ်ာ္ရႊင္စြာႏွင့္မာလာေဆာင္ဆီသို႔ အုပ္စုလိုက္ခ်ီတက္ၾကေတာ့သည္။
ေနြဦးေမာင္က ခနဲ႔တဲ့တဲ့ဆိုလိုက္ေသးသည္။
"သိပ္ကို လူပ်ိဳလွၫ့္ခ်င္ေနၾကတာပဲ"တဲ့...

ေစာနရီသည္ သာမန္ထက္ ပိုတိတ္ဆိတ္ေနေသာ ေနြဦးေမာင္ကို တစ္ခ်က္တစ္ခ်က္ ခိုးၾကၫ့္မိသည္။
သူကနဂိုတည္းကစကားနည္းသူမို႔ ေထြရာေလးပါးပင္မေျပာျဖစ္။ တစ္လမ္းလံုးတြင္ေတာ့ ေဇရဲႏွင့္ ပါလာသၫ့္ တျခား ေမဂ်ာက လူမ်ားက တဝါးဝါးႏွင့္ပဲြက်ေနၾကသည္။
ေစာနရီ လိုက္လာရသၫ့္အေၾကာင္းရင္းႏွစ္ခ်က္သာရိွသည္။ ပထမအခ်က္ ေမာင္ပါလို႔။ ဒုတိယအခ်က္ကေတာ့ ဂစ္တာတီးၿပီး သီခ်င္းဆိုေနမၫ့္ ေမာင့္ပံုကို ျမင္ဖူးခ်င္၍ပင္။ ေက်ာျပင္က်ယ္က်ယ္၊ လက္တံရွည္ရွည္ႏွင့္ လက္ဆစ္ရွည္မ်ားျဖင့္ ဂစ္တာအိုးကိုကိုင္ၿပီး တီးခတ္ေနမၫ့္ေမာင့္၏အရိွန္အဝါကို တိတ္တဆိတ္စိတ္ကူးယဉ္မိသည္။
ေမာင္က ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ရဲရဲေလးပဲ...
အေတြးနဲ႔တင္ သူႃပံုးမိသြားျပန္သည္။
ေမာင္ေပးထားသၫ့္ walkman ကိုေတာင္ယူလာေသးသည္။ ေမာင္သီခ်င္းဆိုသၫ့္အခါ အသံသြင္းထားရမည္။

မာလာေဆာင္ေရ႔ွ အုတ္ခံုစီေရာက္ေတာ့ အက်အန ေနရာယူၾကသည္။ လူမ်ားသည္မို႔ ဂစ္တာကလည္း သံုးလက္ေလာက္ပါသည္။ ေနြဦးေမာင္ဆီမွာတစ္လက္၊ သခ်ၤာေမဂ်ာက မိုးယံလင္းဆီတြင္ တစ္လက္၊က်န္တစ္လက္ကေတာ့ မဂၢဒီပါဆီတြင္ျဖစ္သည္။
"ကဲ မာလာေဆာင္က ခ်စ္ပရိတ္သတ္တို႔ေရ။ ေမာင္ႀကီးတို႔လာၿပီဗ်ိဳ႕။"
သထံုက ဇာတ္မင္းသား ဟုအမည္တြင္ေသာသူက
ဇာတ္သံေနွာကာ ေအာ္ခ်လိုက္ေတာ့ တခ်ိဳ႕မိန္းကေလးအခန္းမ်ားကမီးပိတ္သြားသည္။

အကုန္လံုးရယ္ေမာလိုက္်ကြကာ ေဇရဲက ဦးေဆာင္၍
"ပုဂံလမ္းကေန ေစာင့္ခ်င္တယ္... ကဲေနြဦးေမာင္၊မိုးယံ၊မဂၢ စေတာ့ကြာ ၾကာတယ္"

ေဇရဲ၏အသံၾကားေတာ့ မီးမ်ားျပန္ပြင့္လာၾကသည္။ ေနြဦးေမာင္ႏွင့္မဂၢပါေနၿပီပဲဟာ။
သံုးေယာက္သား တိုင္ပင္ေခၚၿပီး စတီးလိုက္ေတာ့ သည္။ ဂစ္တာသံ အစပ်ိဳးၿပီးသိပ္မၾကာခင္မွာပဲ
အုပ္စုလိုက္သီခ်င္းသံကား ထြက္ေပၚလာေတာ့သည္။
ေက်ာင္းသားမ်ား၏အသည္းစဲြသီခ်င္းတစ္ပုဒ္ျဖစ္ေသာ ပုဂံလမ္းကေစာင့္ေနမယ္....

🎶ရီေဝေဝ အေတြးမ်ားနဲ႔ ... အတိတ္ကို ျပန္ေတြးၾကၫ့္တဲ့အခါ...

လြမ္းေမာစရာ..အၾကင္နာမိုးသည္းထဲမွာ...

ကိုယ္တစ္ေယာက္တည္း ေဆြးစိတ္မေျပ...
အခ်စ္ေရျပန္လွမ္းခဲ့ေတာ့ကြယ္...

မိုးနဲ႔အတူ...ပုဂံလမ္းကေစာင့္ေနမယ္...

ရင္ခုန္စရာအႃပံုးမ်ားနဲ႔...
အတိတ္ေနရာေဟာင္းကေလးမ်ားရယ္...

ေဆြးေႁမ့စရာ ေဝဒနာႏွင္းေတာထဲမွာ...
ေမ်ွာ္ေနရင္း ရင္ေမာခဲ့ရၿပီ...
အသက္ရယ္ ျပန္ျမန္းခဲ့ေတာ့ကြယ္
ႏွင္းနဲ႔အတူ ပုဂံလမ္းကေစာင့္ေနမယ္..."

မိုးရာသီအေငြ့အသက္မ်ားလႊမ္းႃခံုေနေသာ ဤမာလာေဆာင္ အဝန္းအဝိုင္းတြင္ သီခ်င္းသံျမဴးျမဴးက ပ်ံ႔လြင့္ေနေတာ့သည္။ သီခ်င္းဆံုးေတာ့ မိန္းကေလးေဆာင္ကပါးလိုက္သၫ့္ လက္ဖက္သုပ္ပန္းကန္ႏွင့္ ငွက္ေပ်ာသီးအဖီးလိုက္ကို အေဆာင္ေစာင့္ဦးေလးႀကီးကယူလာေပးေလသည္။ အေဆာင္ထဲက မိန္းမပ်ိဳေလးမ်ားကသီခ်င္းပင္ ထပ္ေတာင္းသြားေသးသည္။
ခိုင္ထူး၏ ေရႊလည္တိုင္ဆိုသၫ့္သီခ်င္းေလးပင္။
သီခ်င္းပါေတာင္းခံေနရၿပီမို႔ ေယာက္်ားေလးမ်ားက ပိုၿပီးေတာင္တက္ႂကြလာေတာ့သည္။ ေစာနရီလည္း ပထမဆံုး အေဆာင္ေရ႔ွသီခ်င္းလာဆိုဖူးသည္မို႔ စိတ္လႈပ္ရွားေနေပမဲ့ ေမ်ွာ္လင့္ထားသလို ေမာင့္ႏႈတ္ဖ်ားဆီကေနေတာ့ သီခ်င္းထြက္မလာေပ။ ေမာင္က ဂစ္တာတီးေပးရံုေလးသာ။

ေရႊလည္တိုင္သီခ်င္းၿပီးေတာ့ မုန႔္ေတြထပ္ေရာက္လာျပန္သည္။ ေစာနရီကခပ္တိုးတိုးသာလိုက္ဆိုခဲ့သည္။ ယခုမူေတာ့ ပ်င္းစျပဳလာေလသည္။ ေမာင့္အသံမၾကားရ၍ သိပ္မေပ်ာ္ေတာ့ေခ်။
ၿငိမ္ကုပ္ကာ ေအာက္ေျမျပင္ကို သဲႀကီးမဲႀကီးငံု႔ၾကၫ့္ေနတုန္း ေနြဦးေမာင္က သူ႔ပခံုးကို တို႔ကာ နား နားကပ္ေျပာလာသည္။

"ေမာင္ ပင္ပန္းလို႔ ျပန္ခ်င္ေနၿပီ...ေမာင့္ကိုလိုက္ပို႔ပါဦး"

"ဟုတ္ ျပန္ၾကမယ္ေလ"

ေဇရဲကလည္း မတားေခ်။ လြန္းေနာင္ကေတာ့ လိုက္ျပန္ခ်င္ဟန္ေမာ့ၾကၫ့္ေနေပမဲ့ မဂၢ မျပန္မခ်င္းသူလည္းျပန္ရမည္မဟုတ္။

အေဆာင္ကို တၫ့္မတ္စြာျပန္ေပမဲ့ အေဆာင္မေရာက္ခင္ ခံုတန္းဆီ၌ေနြဦးေမာင္က ေျခလွမ္းမ်ား
ကိုတန႔္ကာ ေစာနရီအား လွၫ့္ေျပာ၏။
"အေဆာင္မျပန္ခ်င္ေသးဘူး။ ေမာင္တို႔ခဏထိုင္ရေအာင္"

"ေမာင္ နားခ်င္ၿပီဆို"

"မနားခ်င္ေတာ့ဘူး။နရီ့ကို သီခ်င္းဆိုျပမယ္။ ဘာသီခ်င္းနားေထာင္မလဲ။"

ေစာနရီက ေပ်ာ္ျမဴးသြားကာ သြားမ်ားေပၚေအာင္ပင္ ႃပံုးရယ္ကာ
"နားေထာင္မယ္။ ဟို ထူးအိမ္သင္ရဲ့ အဓိပတိလမ္းက ေျခရာမ်ား"

ေနြဦးေမာင္က မ်က္ခံုးေလးတစ္ခ်က္ပင့္ကာ
"ေကာင္းၿပီေလ..."

ေစာနရီသည္ ယူလာသၫ့္walkman ျဖင့္အသံစသြင္းေတာ့သည္။

🎶🎶အဓိပတိလမ္းမထက္ အတိတ္ကတို႔ေျခရာမ်ား....

တိမ္တိုက္လို ေဝးလြင့္လို႔သြား အားလံုးေပ်ာက္ကြယ္ေလၿပီ...

ရာသီေတြခ်ာခ်ာလည္မႈန္ဝါး..
အတိတ္ကေျခသံတိုးတိုးသြား..
တို႔ႏွစ္ေယာက္တကယ္ကိုေဝးခဲ့ၾကၿပီလား🎶

ေမာင့္အသံၾကားေတာ့ သူရင္ခုန္သံျမန္ေနတာေတာင္မရပ္ေတာ့ဘူး။
ျမန္မာဆန္တဲ့ေမာင့္အသံက သီခ်င္းနဲ႔လိုက္ဖက္ေနလိုက္တာမ်ား။ သီခ်င္းဆိုတာ​ၾကားဖူးေပမဲ့ ကိုယ့္ေရ႔ွမွာ ဆိုျပေနသည္က ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းသည္။
အဲ့သၫ့္အခ်ိန္မွာပဲ ေမာင္က သီခ်င္းကိုရုတ္တရက္ရပ္လိုက္သည္။
ၿပီးေနာက္ သံစဉ္ကိုေျပာင္းခ်လိုက္ကာ

"ဟူးဟူးဟူး...

သြားၾကမဲ့ ခ်စ္ကမ႓ာဘံု...

လိုက္မလားကြယ္
ခရီးၾကမ္းတဲ့ ေမတၲာဘံု

သီတာေရေျမျခားေနပါတယ္
ထူးျခားတဲ့သစၥာဘံု...

ယူဇနာတစ္ရာေဝးကြာရာကြယ္
ဆန္းျပားတဲ့ဗိမၼာန္ဘံု..."

ေနြဦးေမာင္က သံစဉ္ကို ဆက္တီးခတ္ရင္း
"ဆက္ဆိုေလနရီရဲ့..."

"ဗ်ာ... အဲ့တာ မိန္းကေလးဆိုရမဲ့အပိုင္းေလ။"

"မဟုတ္ပါဘူး ေမာင့္ခ်စ္သူဆိုရမဲ့အပိုင္းပါ။"

ေစာနရီ၏ရွက္ရဲစြာျဖင့္ မ်က္ႏွာလႊဲလိုက္မိေတာ့ေလသည္။
"ကၽြန္ေတာ္ဆက္မဆိုတတ္ေတာ့ဘူး"

ေနြဦးေမာင္က ဂစ္တာသံကိုရပ္လိုက္ကာ ဂစ္တာအား ေဘးတြင္ ေထာင္ထားလိုက္သည္။
"နရီ့သေဘာ။ နရီက ထူးအိမ္သင္ႀကိဳက္တာလား"

"ဟုတ္တယ္။ ေရဒီယိုမွာ အၿမဲၾကားေနရလို႔ျဖစ္မယ္"

"ေမာင္ကေလ ထူးအိမ္သင္ကိုႀကိဳက္တယ္ သူ႔သီခ်င္းေတြကိုေတာ့ သိပ္နားမေထာင္ဘူး။ေဝးၾကတဲ့အေၾကာင္းေတြမ်ားတယ္။ ေမာင္ကေတာ့မေဝးခ်င္ဘူး.. ေပါင္းဖက္တဲ့သီခ်င္းေတြပဲဆိုမယ္။"

ေစာနရီစိတ္ထဲေတြေဝျခင္းလိႈင္းမ်ားထန္လာရျပန္ၿပီ။ ေပါင္းဖက္ဖို႔ရာ ျဖစ္ႏိုင္ရဲ့လား။ ဒီတိုင္း အကြာေအဝးတစ္ခုမွာ တူတူရိွေနၾကဖို႔ ပိုေမ်ွာ္လင့္မိသည္။
"အကယ္၍မ်ား အကယ္၍ေပါ့။ လႊတ္ခ်မျွဖစ္မဲ့အေနအထားဆိုရင္ အားမနာတမ္းလႊတ္ခ်ခဲ့။ ၿပီးေတာ့..."
သူဆက္ေျပာဖို႔ရန္မတတ္ႏိုင္စြာနဲ႔ဘဲ ႏႈတ္ခမ္းဖ်ားဟာ ရပ္တန႔္သြားရေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႔ႏႈတ္ခမ္းေပၚ၌ အလႊာခ်င္းထပ္ေနေသာ ႏႈတ္ခမ္းထူထူေလးက ပိတ္ဆို႔ထား၍ပင္။
အသက္ရႉရပ္မတန႔္ လန႔္သြားေသာ္ျငား တြန္းကန္ျခင္းမျပဳမိပါပဲ သူ႔လက္ေတြကေတာ့ ေမာင့္ရင္ဘတ္ကိုေထာက္ကန္ထားမိသည္။
သူ႔လည္ပင္းကို ထိန္းခ်ဳပ္ထားသၫ့္ေမာင့္ရဲ့ေနြးေထြးေသာ လက္မ်ား။
သူျငင္းဆန္သင့္သည္။ သည္အျပဳအမူေတြကိုအသားမက်တာမို႔ သူတြန္းကန္သင့္သည္။
လတ္တေလာတြင္ေမာင္ဟာရဲတင္းေနသည္။ေမာင္ဟာအၿမဲလိုလိုရဲတင္းေနတာပါပဲ။
ေနြးေထွးစိုစြတ္သၫ့္ပြတ္တိုက္မႈႏွင့္အတူ ခပ္ေနြးေနြး ေရျပင္ကေန ေရခဲကန္ထဲက်သလိုခံစားခ်က္မ်ား။ ေတာင့္ဆတ္မိေနေသာ ကိုယ္ခႏၶာ။
ေလမ်ားကို ခပ္ျပင္းျပင္းရႉသြင္းမိေနေပမဲ့ အသက္ရႉမဝသၫ့္ခံစားခ်က္။

စိတ္ကိုေလ်ာ့ခ်မိသၫ့္အခ်ိန္မွာေတာ့ ျပင္းထန္သၫ့္ထိုးစစ္မ်ားဝင္လာသၫ့္ႏွယ္။
ေခတၲခဏအၾကာတြင္ ေမာင့္ဆီကေန သူလြတ္ေျမာက္သြား၏။ လြတ္ေျမာက္ၿပီးသၫ့္ေနာက္မွာပဲ သူ႔တစ္ကိုယ္လံုးေပ်ာ့ေခြသြားသလိုပင္။ သူ႔ႏႈတ္ခမ္းေတြကစိုစြတ္ေနသလို ေမာင့္ႏႈတ္ခမ္းေတြကလည္းခပ္ရဲရဲ။ သူ ေမာင့္ကို ေၾကာင္အ စြာ ေငးၾကၫ့္ေနမိသည္။
ေမာင္ကမာန္မေလ်ာ့သၫ့္မ်က္ႏွာ။ စိတ္ဆိုးေနသည္တဲ့လား။ သူကစိတ္ဆိုးရမည္မဟုတ္ဘူးလား။

"လူပ်ိဳလွၫ့္တာ ေမာင္သည္းခံႏိုင္တယ္ေနာ္။ေက်ာခိုင္းဖို႔ေတာ့ မစဉ္းစားနဲ႔။ ေမာင္ မင္းကိုအျပစ္ေပးမွာ"

"...."

ေမာင္ကေနာက္ဆံုးမွာေတာ့ သက္ျပင္းကေလးခ်သြားကာ သူ႔ပခံုးေပၚေခါင္းမွီသည္။

"ေရႊလည္တိုင္ကိုကြယ္အနမ္းေလးေပးခ်င္တယ္..."

ခပ္ညည္းညည္း ဆိုလိုက္တဲ့ခိုင္ထူးရဲ့သီခ်င္းႏွင့္အတူ လည္တိုင္ဆီသို႔ ေရာက္လာသၫ့္ အနမ္း။
"ေမာင့္ကိုခြင့္လႊတ္ကြာ။ ေမာင္နည္းနည္း ေဒါသထြက္သြားတယ္"

ေစာနရီသည္ သက္ျပင္းပူပူေလးကိုမႈတ္ထုတ္မိေတာ့သည္။ေမာင္ကေတာ့ သူ႔ကို ရုန္းမရေအာင္ခ်ည္ေနျပန္ပါၿပီ။

°°°°°
25.8.21

တစ္ေန့တည္း ႏွစ္ပိုင္းလို႔သတ္မွတ္ေပးကြာ။
ဟိုဘက္ရပ္ကြက္မွာဟိုေကာင္ေတြေသာင္းက်န္းေနလို႔။ ၾကာသြားတာ။ဒီေန့ပင္ပန္းေနတာမို႔ စာေကာၾကယ္ေကာေတာင္းခ်င္တယ္🔉😁

Song recommend
-ပုဂံလမ္းကေစာင့္ေနမယ္
-ေရႊလည္တိုင္
-အဓိပတိလမ္းကေျခရာမ်ား
-ကမ႓ာ့အျပင္ဘက္။
________














Continue Reading

You'll Also Like

3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
739K 7.9K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
205K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်