Dare you marry me ? (complete)

By Jinlusy

275K 37.8K 3.6K

ငါလား ... ​သေပြီးသွားပြီ ... ဒါ​ပေမဲ့ လက်ထပ်ချင်​သေးတယ် ... ။ ငါလား ... ​ေသၿပီးသြားၿပီ ... ဒါ​ေပမဲ့ လက္ထပ္ခ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38
39
40
41
42
43
44
45
46
47
48
49 ( Final )

36

4.8K 740 103
By Jinlusy

နှစ်ရက်ခန့် ကြာ​သော် ...

" ရ​အောင် ​ရှောင်​နေတယ် ! "

ရိ​​ပေါ် ​ဒေါသ​တွေ မျိုချ​နေရတယ် ။

သူ အိမ်​ရှေ့က​နေ အိမ်​​​နောက်ကို ကြည့်​နေရင်း ... ​

နေမကျ ထိုင်မကျ ။

​စော​စောသွားပြီး ​နောက်ကျမှ ပြန်​လာတာတောင် မဟုတ်​တော့ဘူး ... ။

စက်ရုံမှာ အိပ်တာတဲ့ ...

ဘာလဲ ? ... အဲ့တာက သူ့အိမ်သူ့ယာလား ... ?

ရိ​ပေါ် ဒီည​တော့ မရ​တော့ ...

အနောက်အိမ်မှာ သွား စောင့်​အိပ်နေလိုက်တယ် ။

.
.
.

" ပွမ် !"

" ပွမ် !"

ကားသံကြား​တယ် ။

နာရီကြည့်​တော့ မနက် ၂ နာရီ ထိုးပြီ ။

ရိ​ပေါ် ခပ်မြန်မြန်ဘဲ ​အောက်ဆင်း​ပြေးလာတယ်။

.
.
.

ကား စက်သတ်သံကြားပြီးတာနဲ့ အိမ်ထဲ ဒယိမ်းဒယိုင် ဝင်လာ​သော ဒီလူ ... ။

ရိ​ပေါ် အနားကပ်သွားလိုက်တယ် ။

ရလာ​သော အရက်နံ့​ကြောင့် လူက နှာ​​ခေါင်းရှုံ့ခနဲ ...

" အရက်​တွေ သောက်​လာတာလား ... "

" ကျစ် ! မင်း "

သူ့အသံကြားတော့မှ ​ရှောင်ကျန့်က သူ့ကို မြင်တယ်။

ပြီး​တော့ မျက်နှာက ရှစ်​ခေါက်ချိုးနဲ့ ကြည့်​​နေသေးတယ် ။

ရိ​ပေါ် လက်ပိုက်လိုက်တယ် ။

" အဖွားဝမ်ကတော့ ကျန့်ကျန့်​လေး ​တော်လိုက်တာ ... လိမ္မာလိုက်တာ လူ​​ကောင်း​လေးလို့ ​ပြော​နေရှာတာ ... ခင်ဗျားက အခု​တော့ အရက်သမားဘဲ "

" ဟုတ်တယ် ... အရက်သမား ...
မင်း မမြင်ချင်ရင် ထွက်သွား​တော့ ! "

" မထွက်သွားပါဘူး ... ဒါ ကျွန်​တော့်အိမ် ... ဝင်ချင်ဝင်မယ် .. ထွက်ချင်ထွက်မယ် ... ခင်ဗျား အမိန့်​ပေးစရာ မလိုဘူး "

" ... "

​ရှောင်ကျန့်က အ​တော် မူး​နေပုံ ​ပေါ်တယ် ။

ဖိနပ်ကြိုး​တောင်မှ ​သေချာ မဖြုတ်နိုင် ... ။

" အဲ့တာဘဲ ...   အရက်က လူကို အသိစိတ် မဲ့​စေတယ် ...  ခင်ဗျား ကိုယ့် တာဝန်​တောင် ကိုယ် မယူန်ိုင်​တော့ဘူးမလား "

" ပွစိပွစိ လာလုပ်မနေနဲ့ ... ပြန်​တော့ ! "

" မပြန်နိုင်ပါဘူး ...
​ပြောစရာ ရှိရင်​တော့ ​ပြောရမှာဘဲ ... "

" ... "

" အဖွားက ခင်ဗျားကို ​မေး​နေရှာတာ ... သူမ ဘယ်​လောက် စိတ်ပူ​နေတယ် ထင်သလဲ ... ကျွန်​တော် မနည်း​ ချော့ယူထားရတယ် ... သိလား "

" မင်း အပို​တွေ မ​​ပြောစမ်းနဲ့ !
အဖွားကို ငါ ဖုန်းဆက်​ ပြောထားပြီးသား ...  "

" ဒါဆို နေစမ်းပါဦး ...

ခင်ဗျားက ဒီလိုဘဲ သွားချင်တဲ့အချိန်သွား ... လာချင်တဲ့အချိန်လာ  ... အိပ်ချင်တဲ့​နေရာ အိပ်ပြီး ပရမ်းပတာ ​နေတဲ့ လူမျိုးလား "

" ဟုတ်တယ် ... ပရမ်းပတာဘဲ !"

ဖြုတ်မရတဲ့ ဖိနပ်ကြိုး​တွေ ဆက်မဖြုတ်ဘဲ ​ရှောင်ကျန့်က သူ့ကို ဖြတ်တိုက်ပြီး ထွက်သွားတယ် ။

ရိ​ပေါ် လက်ကို လှမ်းဆွဲလိုက်တယ် ။

" ​နေဦး !
ကျွန်တော် စကား​ပြောလို့ မပြီး​သေးဘူး!"

" ဝမ်ရိ​ပေါ် ... !
မင်း ငါ့ကို လွတ်ထား​ပေးလိုက်လို့ မရဘူးလား !!"

​ရှောင်ကျန့် အကျယ်ကြီး ​အော်​လိုက်တယ် ။

အိမ်တစ်​​​ဆောင်လုံး တိတ်ဆိတ်သွားတယ် ။

.
.
.

" ​ရှောင်ကျန့် ... "

" ငါ တစ်​ယောက်ထဲ ​နေချင်​နေလို့ပါ "

" ခင်ဗျား ကျွန်​တော့်ကို ​အော်တယ်  "

ဝမ်ရိ​​ပေါ်က  မျက်ရည်ဝိုင်းလာတယ် ။

" ကျစ် ! ဝမ်ရိ​ပေါ် .. မင်းကွာ ..."

​​ရှောင်ကျန့် သက်ပြင်း အကြီးကြီး ချလိုက်တယ် ။

မူး​နောက်​နေတဲ့ သူ့​ခေါင်း​တွေက အမြင်အာရုံကို နှစ်ထပ်ဖြစ်​နေ​စေပြီ ။ ​အရက်ရှိန်က တက်လာ​​နေပြီ ...။

ဝမ်ရိ​ပေါ်က ရုတ်တရက် သူ့အင်္ကျီကို ​​ဒေါသတကြီး.ဆွဲလှုပ်လာတယ် ။

" ရှင်းမယ် ... ဒီည အပြီးရှင်းမယ် "

" ကျွန်​တော့်ကို ​အော်တယ် "

" ခင်ဗျား တကယ်ဘဲ ဘာဖြစ်​နေတာလဲ ?!"

" ခင်ဗျားဆီက အ​ကြောင်း သိရမှ ဖြစ်မယ် "

" ဒီ​ညတော့ ခင်ဗျားကို လွတ်​ပေးမယ် ... မထင်နဲ့ !"

" ကျစ် ! ဝမ်ရိ​ပေါ်  "

​ရှောင်ကျန့် သူ့ လက်​တွေကို အတင်းဆွဲဖြုတ်​နေ​တယ် ။ ကျစ်ကျစ် ကိုင်ထားတဲ့ လက်​တွေကလုံးဝ လွတ်​ပေးမလာ ... ။

​ရှောင်ကျန့် ​ခေါင်း နှစ်ဆ မူးလာတယ် ။

အမူးသမား ​ရှောင်ကျန့်က ဝမ်ရိ​ပေါ် လက်ထဲ အားနဲ့ မာန်နဲ့  အဖွတ်ခံ​နေရတယ် ။

" ဒုန်း !"

မခံနိုင်တဲ့ ​​နောက်ဆုံး ...
​ရှောင်ကျန့် ကြမ်းပြင်​ပေါ် လဲကျသွားတယ် ။

.
.
.

" ​ဟေ့လူ "

" ​ဟေ့လူ "

" ထဦး​ !"

" ကျွန်​တော့်ကို ​အော်တဲ့ ကိစ္စရှင်း ... ! "

" ​​ဟေ့လူ !"

ပါးကို လက်ညိုးနဲ့ ထိုးကြည့်တယ် ။

နှစ်ဝင်သွားတာပြီး ပြန်ထွက်လာတာကလွဲရင် ​ရှောင်ကျန့် နိုးမလာ ... ။

" လူမဟုတ်​အောင် ​သောက်လာတာဘဲ ...
ဒီလို​တွေ ဖြစ်မှာ​ပေါ့ "

ရိ​ပေါ် ​မျက်​စောင်းထိုး လိုက်တယ် ။

" အရက်သမားကြီး "

" သူများကို ​အော်တယ် "

" အင့်ဟာ ! အင့်ဟာ !"

လက်​မောင်းကို နှစ်ချက်​လောက် ရိုက်လိုက်တယ်။

" ဒီည​ ... ကြမ်းပြင်ဘဲ အိပ်ခဲ့​တော့ "

" ​လေဖြတ်သွားလဲ ​ကောင်းတယ် "

" ခင်ဗျားကို ဒီလိုဘဲ ပညာပြရမှာ ... "

" တစ်ညလုံး ဒီမှာအိပ် ... "

ရိ​ပေါ် ​ပြောပြီး အိမ်ထဲ ဝင်လာလိုက်တယ် ။

.
.
.
.
.

" ဘုတ် !"

" အဲ့​လောက်​လေးရသလား "

လူကို ခုတင်​ပေါ် ချ​ပေးလိုက်တယ် ။

ရိ​ပေါ်​တော့ လက်ပန်းကျသွားတယ် ။

" အရိုးထဲက အားဆိုတာ ဒါကြီးနေမှာ ..."

အားရ​အောင် မျက်​စောင်းထိုးပြီး
ဖိနပ်နဲ့ အ​ပေါ်ဝတ်ကို ချွတ်​ပေးလိုက်တယ် ။ ​

စောင်ကို လုံခြုံ​​အောင် ခြုံ​​ပေးရင်း ...

" လူဆိုးကြီး !"

" စကား​ကောင်း​တောင် မ​ပြောရ​သေးဘူး "

" တကယ်ဘဲ စိတ်တိုလိုက်တာ ... "

ရိ​ပေါ် ပွစိပွစိ ​ပြော​နေတယ် ။

.
.
.

" အိုး !"

ရုတ်တရက် သူ့လက်ကို
ခပ်တင်းတင်းဆွဲလာ​သော လက်တစ်ဖက် ...

သူ ​သေချာ ကြည့်လိုက်​တော့ ​ရှောင်ကျန့် မျက်လုံး​လေး​တွေ နည်းနည်း ပွင့်​နေ​သေးတယ် ။

" လွမ်းတယ် ရိ​ပေါ် ..."

​ရှောင်ကျန့် အသံက တိုးတိုး​လေး ...

" ဘာ​ပြောတာ ... "

​ရှောင်ကျန့် နှုတ်ခမ်းနား
ရိ​ပေါ် နားကပ်ပြီး နား​ထောင် လိုက်တယ် ။

" ကိုယ် လွမ်း​နေခဲ့တာ ... "

" ဘာလဲ ... ဘယ်ဟာကို လွမ်းတာလဲ ?"

ရိ​ပေါ် မျက်​မောင်းကြုံသွားတယ် ။

" ဘယ်လိုများ ကိုယ့်ကို မမှတ်မိနိုင်ရတာလဲ ?"

" အင့် !"

လက်ကိို ပိုမို ဆွဲယူလိုက်​တော့ ရိ​ပေါ်က ​ရှောင်ကျန့် ကို အုပ်မိုးလျက်သား ဖြစ်သွားတယ် ။

​နောက်ပြီး ​ရှောင်ကျန့် မျက်လုံး​တွေ မှိတ်သွားတယ်။

ရိ​ပေါ် အာရုံ​တွေက နှုတ်ခမ်း​အောက်က မှဲ့​လေးဆီ,​ရောက်သွားတယ် ။ ပြီး​တော့ ဖွင့်ဟ​နေတဲ့ ပါးစပ်ထဲက ယုန်သွား​လေး​တွေ ... ။

ရိ​ပေါ် လက်​က​​လေးတွေနဲ့ ထိ​တွေ့ကြည့်လိုက်တယ်။

.
.
.

" ခင်ဗျားဘဲ ​... သေချာတယ် "

ရိ​ပေါ် ပါး​လေး​တွေ ဆွဲကြည့်လိုက်တယ် ။

" ငယ်ရုပ်​ မ​​ပျောက်​သေးဘူးဘဲ ... "

ရိ​ပေါ် ​သ​ဘောကျစွာ ပြုံးလိုက်တယ် ။

.
.
.

တကယ်​တော့ ...
ရိ​ပေါ်က သတင်းစာကို ကုတ်ဖဲ့​နေကျ ...

သတင်းစာထဲမှာပါတဲ့ ဝမ်ဝမ့် ​ရှောင်ကျန့်ဆိုတဲ့သူရဲ့ နှုတ်ခမ်းအောက်က မှဲ့က အမှိုက်စလား သူ​ တွေးခဲ့ဖူး​သေးတယ် ။

ဟုတ်တယ် ...
ရိ​ပေါ် ပြန်လာတာ အ​မွေ​ကြောင့် မဟုတ်ဘူး ။

နှုတ်ခမ်း​အောက်မှာ မဲ့ရှိမရှိစစ်​ဆေးချင်ရုံဘဲ ...။

တစ်နည်း ...
ယုန်​ကော​ကော ဟုတ်မဟုတ် စစ်​ဆေးချင်ရုံဘဲ ။

ဟုတ်​နေတယ်တဲ့ ...
ရိ​ပေါ် ဘာ ဆက်လုပ်ရမလဲ ... ?

____________
___________♡

​နောက်တစ်​နေ့မနက် ...

" ဘယ် ... ဘယ်လို ​​ရောက်လာတာလဲ ချီယွင် ?"

ရှန်းရဲ့ ပုံစံက အထိန့်တလန့် ဖြစ်​နေတယ် ။

ချီယွင် မျက်​မောင်းကြုံ့လိုက်တယ် ။

" ဒီအိမ် ... ငါ လာတာ ဘာဖြစ်လို့လဲ
ဘာလဲ ... တစ်​ယောက်​​ယောက် ရှိ​နေလို့လား "

" မ ... မဟုတ်ပါဘူး "

ရှန်းက လက်တကာကာနဲ့ ​ပြောတယ် ။

" မင်း သိပ် မူမမှန်ဘူး "

ချီယွင်က မယုံသလိုကြည့်ပြီး အိမ်ကို ​လျှောက်ပတ်ကြည့်​နေတယ် ။

ရှန်း ခပ်မြန်မြန်ဘဲ ရိ​ပေါ် ​ရေးထားခဲ့တဲ့စာကို တစ်​နေရာမှာ ဖွက်လိုက်တယ် ။

ချီယွင်​နောက်လိုက်သွားပြီး ...

" ဘယ်သူရှိရမှာလဲ ...
ငါ တစ်​ယောက်ထဲ ရှိ​နေတာပါ "

" ​​ဆေးရုံက ပြန်လာ​တော့ ပင်ပန်းသလိုဖြစ်​နေလို့ "

ချီယွင် ရှန်းကို ကြည့်လိုက်တယ် ။

ရုတ်တရက် နဖူး​ပေါ် လက်​​ရောက်လာ​တော့ ရှန်း မျက်လုံးဝိုင်းစက်သွားတယ် ။

" ပင်ပန်းရင် နား​တော့ ...
စားစရာ​တွေကို ဆိုင်က ပို့ခိုင်းလိုက်​တော့မယ် "

" အင်း အင်း "

ရှန်း ​ခေါင်းငြိမ့်လိုက်တယ် ။

ချီယွင်က ​ရေချိုးခန်းထဲ ဝင်သွားတယ် ။

.
.
.

အဲ့​တော့မှ ရှန်း သက်ပြင်းချ နိုင်​တော့တယ် ။

* ရိ​ပေါ်က ဒီ​နေ့ဘဲ ထွက်သွားတာတဲ့ ... *

* နေလဲ အပြည့်အဝ မ​ကောင်း​သေးဘဲနဲ့ စာ​လေးတစ်​စောင်ထားပြီး ထွက်သွားတယ် *

ဒါ​ပေမဲ့ ​ချီယွင်​ရောက်မလာခင်​လေး ထွက်သွားနိုင်တာမို့ တကယ်ဘဲ ​တော်ပါ​သေးရဲ့ ... ။

* ​ကျောက်စိမ်းလက်စွပ်​လေး​လဲ မ​ပေးရ​သေး ... သရဲ ဘဝ အ​ကြောင်း​တွေလဲ မ​​ပြောပြရ​သေး​တော့ ...*

* အဆင်​ရော ​ပြေပါ့မလားဘဲ *

___________
__________♡

" ခွမ်း !"

" မင်း ဒါ​တွေ လုပ်​ပေးစရာမလိုဘူး သွားတော့ ! "

" ​​ရှောင်ကျန့် !"

ရိ​ပေါ် ​​ရှောင်ကျန့် ​ကော်လံကို ဆွဲယူလိုက်တယ် ။

သူ အရက်​သောက်ပြီး ​နေမ​ကောင်းမှာ စိုးလို့ စွပ်ပြုတ်​လေး ယူခဲ့​ပေးတာကို ချခွဲရက်တယ် ။

" ခင်ဗျား ရိုင်းလွန်းတယ် မထင်ဘူးလား !"

" ​ငါက ရိုင်းတယ် ... မှန်တယ်
အဲ့တာ​ကြောင့် ငါနဲ့ လာပတ်သက်​ မနေနဲ့ "

" ကျန့်ကျန့် !"

" ဝမ်ဝမ် !"

အဖွား​ ပြေးဝင်လာတယ် ။

" ဘယ်လို​တွေ ဖြစ်ကြတာလဲကွယ် "

နှစ်​ယောက်စလုံးက မျက်နှာ လွဲထားကြရင်း တိတ်ဆိတ်​နေတယ် ။

" ပြဿနာဖြစ်ကြတယ်ဆိုလဲ ​
အေး​အေး​ဆေး​ဆေး ရှင်းကြမှ​ပေါ့ကွယ် "

​ရှောင်ကျန့်က အလုပ်ခန်းထဲ ဝင်သွားတယ် ။

ပြန်ထွက်လာ​တော့ ...
သူနဲ့တူ စာရွက်စာတမ်းတစ်ချို့ ပါလာတယ် ။

" အဖွားဝမ် ...
ဒီမှာ အဖွားရဲ့ ပိုင်ဆိုင်မှုတွေ ... "

" အားလုံး ပြန်​ပေးဖို့ ကျွန်​တော် လက်မှတ်ထိုးထားပြီးသား ... မနက်ဖြန်ဘဲ ကျွန်​တော် ဒီက ထွက်သွား​တော့မှာ ... "

" ကျန့်ကျန့် ... "

အဖွားက အထိန့်တလန့် ဖြစ်သွားတယ် ။

" အဲ့တာ​တွေ မလိုပါဘူး ... ဒါ​တွေက ကျန့်ကျန့်ဟာ​တွေ​လေ ... အဖွားကို ပြန်​ပေးစရာမှ မလိုတာ ... "

အဖွားဝမ်က စာချုပ်​တွေ ကြည့်ရင်း ဆိုတယ် ။

" ဝမ်ဝမ်များ ပြန်​တောင်းလိုက်တာလားဟင် "

ရိ​ပေါ် စာချုပ်​တွေ ကြည့်ပြီး တကယ်ဘဲ မယုံနိုင်...။

" ခင်ဗျား အဲ့တာ ဘာသ​ဘောလဲ !? "

" ဝမ်အိမ်နဲ့ ထပ် မပတ်သက်​တော့မဲ့ သ​ဘောဘဲ "

" ဘာ ​! ... ခင်ဗျား !
ကျွန်​တော် ​ပြောတာ နားမလည်ဘူးလား"

" ခင်ဗျား ဒီအတိုင်း ထွက်သွားလို့ မရဘူး ! "

" ငါ မင်း​လောင်းရိပ်​အောက်က လူ မဟုတ်ဘူး ဝမ်ရိ​ပေါ် ... မင်း အမိန့်​ပေးစရာမလိုဘူး "

" ​ရှောင်ကျန့် !"

​ရှောင်ကျန့် မျက်နှာလွဲပြီး သူ့ကို ​ကျော​ပေးလိုက်တယ် ။

အားလုံး တိတ်ဆိတ်သွားတယ် ။

.
.
.

ရိ​ပေါ် စိတ်​တွေ လှုပ်ရှားလာတယ် ။

​တကယ် ထွက်သွားရင် ဘယ်လိုလုပ်ရမလဲ ... ?

တကယ်ကြီး သွားလိုက်ရင် ဘယ်လို လုပ်ရပါ့မလဲ !?

" ​ဖောက် !"

စိတ် လှုပ်ရှားလွန်း​နေတာ​ကြောင့် ရိ​ပေါ် တင်းတင်း ကိုင်ထားမိတဲ့ ​ကြွေဇွန်းက ​ဖောက်ခနဲ ဖြစ်သွားပြီး ​​​ကြေကျ သွားတယ် ။

ရိ​ပေါ့်လက်က ​သွေး​တွေ ထွက်လာတယ် ။

သူ မနာနိုင်​သေး ... ။

​ရှောင်ကျန့် ထွက်သွားမှာ ​ကြောက်တဲ့ စိတ်က ကြီးစိုး​နေတယ် ။

" သူငယ်ချင်း ဝမ်​ပေါင် !!"

တုံတုံ ​ပြေးဝင်လာတယ် ။

ရိ​ပေါ့်ကို ချီလို့ အတင်း လှဲချပြီး ...

" ​ဝမ်​ပေါင် ... ​မေ့လဲလိုက်​တော့ ..."

" ဘာ ... "

" ​​မေ့လဲပြလိုက်​တော့ ... "

တုံတုံက အကြီးအကျယ် မျက်စပစ်ပြ​နေတယ် ။

ရိ​ပေါ် သ​ဘော​ပေါက်သွားပြီး
ရုတ်တရက် မျက်လုံး​တွေ မှိတ်ချလိုက်တယ် ။

" ဝမ်​ပေါင် !"

" ဝမ်​ပေါင် !"

" ဝမ်​ပေါင် ​!"

တုံတုံက အတင်းလှုပ်နိုး​နေတယ် ။

ရိ​ပေါ်က ထမလာ ... ။

" အဖွား​ရေ ... လုပ်ပါဦး
ဝမ်​ပေါင် တစ်ခုခု ဖြစ်သွားပြီလား မသိဘူး "

" ဝမ်ဝမ် ... ဝမ်ဝမ် "

အဖွားက သူတို့ဆီ ​ပြေးလာတယ် ။

" အဖွား​​ရေ ဒုက္ခပါဘဲ ... ဝမ်​​ပေါင်က အဲ့လိုဘဲ ...

ကိုမာဖြစ်ထား​တော့ သူ့ ကျန်းမာ​ရေးကလဲ ပုံမှန် မဟုတ်ဘူး ... အချိန်ပြည့် စစ်​​​ဆေး​နေရတာ ..."

" စိတ်ဖိစီးမှုများရင် အဲ့လိုဘဲ ​မေ့လဲသွား​ရော ..."

" အခုလဲ ထပ်ဖြစ်ပြန်ပြီ "

" ဆရာဝန်ကလဲ ဒါ အရမ်း အန္တရာယ်များတယ်လို့ ​ပြောထားပါတယ် ဖွားဖွား "

" ပြီး​တော့ သူက သိပ်အားနည်း​နေ​သေးတာ .. "

" ဟင် ... ဟုတ်လား
ဒါဆို ဆရာဝန် ​ခေါ်ရမှာ​​ပေါ့ "

အဖွားဝမ်က ပျားယီးပျာယာ ဖြစ်သွားတယ် ။

" လုပ်ကြဦး ...
တစ်​ယောက်​ယောက် ဆရာဝန် အမြန် ​ပင့်​ပေး! "

" တုံတုံ ...
သားက ဝမ်ဝမ့်ကို အခန်းထဲ ချီ​ပေးပါကွယ် "

" ဟုတ်ကဲ့ အဖွား ... "

တုံတုံက ​ကောက်ချီလိုက်တယ် ။

" အင့် !"

" သား မနိုင်ဘူး အဖွား ..  ဒီအတိုင်း  ...

​ခြေ​တောက်က​နေ ဆွဲ​ခေါ်သွားလိုက်မယ်​လေ "

" ဟင် ?"

" မင်း ! ဖယ်​စမ်း ! "

ရှောင်ကျန့်က မျက်​​​မောင်းကြီး ကြုတ်ပြီး တုံတုံကို ဖယ်ခိုင်းတယ် ။

" ဟုတ် ... ဟုတ်ကဲ့ "

တုံယွီလဲ ဖယ်​ပေးပြီး​ရော ​ရှောင်ကျန့် ရိ​ပေါ်ကို ​စွေ့ခနဲ ​ပွေ့ချီလိုက်တယ် ။

" ဆရာဝန်ကို ငါ့အခန်းထဲ လွတ်​ပေး ... "

" ​တစ်​ယောက် ဆေး​​​​​သေတ္တာ အမြန် ယူခဲ့​ ..."

" ဟုတ်ကဲ့ !"

အိမ်အကူ​တွေက အ​ပြေးအလွားလုပ်​ကြတယ် ။

​ရှောင်ကျန့် ရိ​ပေါ်ကို သူ့အခန်းထဲ ချီ​ခေါ်သွားတယ် ။

.
.
.

တုံတုံက အ​​နောက်မှာ ရပ်​နေတယ် ။

​ရှောင်ကျန့်က ရိ​ပေါ့်လက်ကို ​ဆေးစီး​​ပေး​​နေရင်း...

" ဆရာဝန်က အခုထိ မ​ရောက်​နိုင်သေးဘူးလား !"

" ဗျာ ?"

သူ့ကို စိတ်မရှည်သလို မျက်​လုံးနဲ့ ကြည့်လာတယ် ။

တုံယွီ တံ​တွေးမျိုချလိုက်ပြီး ...

"​ ရောက် ... ရောက်​တော့မှာပါဗျ "

" ပွမ် ... ပွမ် !"

" ​ရောက်ပြီ ထင်တယ် ...
ကျွန်​​တော် သွား​ခေါ်ခဲ့မယ်​နော် "

တုံတုံ အမြန် ​ပြေး​ဆင်း ခဲ့ရတယ် ။

.
.
.

" ဆရာဝန်​ ရောက်ပါပြီ "

​ရှောင်ကျန့်က ဆရာဝန် စစ်​ဆေးတာကို ​သေချာ
ကြည့်​နေတယ် ။

ဆရာဝန်က ​ရှောင်ကျန့်နဲ့ တုံတုံကို ​မော်ကြည့်လာ​တော့ တုံတုံ မျက်စ ပင့်ပြလိုက်တယ် ။

" အဟမ်း ! စိတ်နဲ့ဆိုင်တဲ့ ပြဿနာပါ "

" လူနာ စိတ်ချမ်းသာဖို့ လိုပါမယ် ...

ကိုမာဖြစ်ဖူးထား​တော့ သာမန်လူ​တွေထက် အားနည်း​နေမှာ အမှန်ဘဲ "

" လူနာက အတတ်နိုင်ဆုံး စိတ်ချမ်းသာ​အောင် ထား​ပေးပါ "

" ​ဆေး​စာ ရေး​ပေးခဲ့ပါမယ် "

" အာဟာရ ရှိတာ​တွေ များများ စားခိုင်းပါ "

" အဓိကက စိတ်ဘဲမလား ... ဆရာ "

တုံတုံ ဝင်​​မေးလိုက်တယ် ။

" ဟုတ်ပါတယ် ...
စိတ်ချမ်းသာဖို့က အဓိကပါ "

" ဟုတ်ကဲ့ ... ​ကျေးဇူးတင်ပါတယ် ဆရာ
ကျွန်​​တော် လိုက်ပို့​​​ပေးပါ့မယ် "

တုံတုံက ဆရာဝန် လက်ဆွဲအိတ်​လေး ကူသယ်လို့ ထွက်သွားတယ် ။

အဖွားကိုလဲ မျက်စပင့်ပြလိုက်တယ် ။

တုံယွီ ခုနကတည်းက ညှိထားပြီးသား ...

* အဖွားလဲ ကြံရာပါဘဲ *

" မင်း ကံမ​ကောင်းလိုက်တာ ဝမ်ဝမ်ရယ် ... "

အဖွားက ဝမ်းပမ်တနည်း ​ပြောလာတယ် ။

" အဖွားကလဲ အိုမင်း​နေပြီ ... ​မြေးကလဲ ​နေမ​ကောင်း​တော့ ​နောက်ကို အဖွားတို့ အချင်းချင်းဘဲ ​စောင့်​ရှောက်ရ​တော့မယ် "

​​ရှောင်ကျန့် လက်သီးဆုပ်လိုက်တယ်။

" စိတ်မပူပါနဲ့ ဝမ်ဝမ် ... အဖွား ​မြေးကို ရှာ​ကျွေးမှာပါ ... ဒီ အဖွား အိုမင်း​နေလဲ အလုပ်လုပ်ပြီး ​နေမ​ကောင်းတဲ့ မြေးကို ကု​သပေးမှာ ... "

အဖွားက ​ရှောင်ကျန့်ကို ကြည့်လာတယ် ။

" ကျန့်ကျန့်လဲ ​ပျော်​ပျော်​နေ​​နော် ...

ဒီအိမ်က ကျန့်ကျန့်ကို သိပ် လိုအပ်​နေ​ပေမဲ့ ... ကျန့်ကျန့် မ​ပျော်ဘူးဆိုလဲ ဆွဲမထားရက်ပါဘူးကွယ်"

​ရှောင်ကျန့် ​​ခေါင်းငုံလိုက်တယ် ။

" ကျန်တာ​တွေ​တော့ ...
အဖွားတို့ ထိုက်နဲ့ အဖွားတို့ကံဘဲ ရှိပါ​စေ​တော့..."

အဖွားက ညိုးငယ်စွာ ဆို​နေတယ် ။

ရှောင်ကျန့် စိတ်မ​ကောင်း ဖြစ်​ပေါ်သွားရတယ် ။

မှန်တာဘဲ ...
ဒီ,​​​မြေးအဖွားနှစ်​ယောက်ထဲ ကျန်မှာဘဲ ... ။

​ရှောင်ကျန့် စိတ်​လျော့လိုက်တယ် ။

" အဖွား "

" ​ပြော​လေ ... ကျန့်ကျန့် "

" ကျွန်​တော် မနက်ဖြန် ထွက်မသွား​တော့ဘူး "

" ဟင် ?"

အဖွားက တအံတသြ ကြည့်လာတယ် ။

​​စောင်ထဲက ရိ​ပေါ် လက်သီး​လေး​တွေ​တော့ တင်းခနဲ ဖြစ်သွားတယ် ။

" ကျွန်​တော် ထွက်မသွား​တော့ဘူး
အဖွားတို့ကို ​စောင့်​​ရှောက်​ပေးမှာပါ "

" ဘယ်လို ? ...
ကျန့်ကျန့် တကယ်​ ပြော​နေတာလား "

​ရှောင်ကျန့် ​ခေါင်းငြိမ့်လိုက်တယ် ။

အဖွားက သိပ် ဝမ်းသာသွားတယ် ။

" ​ကျေးဇူးတင်လိုက်တာ ကျန့်ကျန့်ရယ် ...
အဖွား သားကို တကယ်ဘဲ ​​ကျေးဇူးတင်လိုက်တာ"

" အဖွားတို့က သားကို သိပ်လိုအပ်တာ ...
အရမ်းလဲ ချစ်တာပါကွယ် ... "

" ကျန်ကျန့်က အဖွားတို့အိမ်ရဲ့
ပင်မ​ထောင့်တိုင်​လေးဘဲ ... "

" ဝမ်ဝမ်က ဆိုးရင် ၊ မလိမ္မာရင် ကျန့်ကျန့်က နာနာ​လေး ရိုက်ပစ်လိုက် ... အဖွား ခွင့်ပြုတယ် .. အိမ်က​တော့ ထွက်မသွားပါနဲ့ကွယ်​ "

" ကျွန်​​တော် နားလည်ပါပြီ ... အဖွား "

​အဖွားက ​​ရှောင်ကျန့် ပါး​လေးဆွဲလိုက်တယ် ။

" ကျန့်ကျန့် မနက်စာ ဘာမှ မစားရ​​သေးဘူးမလား
သား စားဖို့ အဖွားတစ်ခုခု သွားလုပ်ပေးမယ် "

" ကျွန်​တော်က ရပါတယ်  "

" ​နေပါ ... အဖွား လုပ်​​ပေးခဲ့မယ် ​စောင့်​နေ​နော် "

အဖွားက ​​ရှောင်ကျန့် ​ခေါင်း​လေး ပုတ်လို့ ထွက်သွားတယ် ။

.
.
.

အခန်းထဲမှာ နှစ်​ယောက်ထဲ ကျန်မှန်း သိတယ် ။

ရိ​ပေါ် ကြား​နေတာ အသက်ရှူသံ​​လေးတစ်ခု ... ။

မျက်လုံးပွင့်ချင်​ပေမဲ့ မဖွင့်ရဲ ... ။

သက်ပြင်းချသံကြားတယ် ။

​ရှောင်ကျန့်က ဒဏ်ရာရသွားတဲ့ သူ့လက်ကို
ဖွဖွက​လေး ကိုင်လာတယ် ။

" ဖူး !"

ညင်ညင်သာသာ​လေး ​လေမှုတ်​ပေး​​​နေတယ် ။

ရိ​ပေါ် အသက့်​အောင့်ထားမိတယ် ။

" ကျန်းမာ​အောင်​တော့ ​နေ​ပါ ... "

.
.
.

" ချပ် !"

အခန်းတံခါး ပိတ်သွားမှ
​ရိ​ပေါ် မျက်လုံး​တွေ ဖွင့်လိုက်တယ် ။

အခုမှဘဲ အသက်ပြန်ရှူနိုင်​တော့တယ် ။

" ဝါး ... ဒီလိုလဲ နူးညံတတ်​သေးတာလား "

ရိ​ပေါ် နှလုံးတွေ ခုန်​နေတာများ အဆမတန်ဘဲ ...။

" ချပ် !"

တံခါးသံကြား​တော့
ရိ​ပေါ် မျက်လုံး မြန်မြန် ပြန်ပိတ်လိုက်တယ် ။

တစ်စုံတစ်​​ယောက် လမ်း​လျှောက်လာတယ် ။

" ဝမ်​ပေါင် ... ငါပါ တုံတုံ "

ရိ​ပေါ် မျက်လုံးဖွင့်ပြီး ထထိုင်လိုက်တယ် ။

" တုံယွီ  ... မင်း  "

" အင်း ... ဟုတ်တယ်
ဘယ်လိုလဲ တော်တယ်မလား "

" အင်း ... အရမ်း​တော်တယ် "

" ​ချောကလက် ဘယ်နှ  box လဲ "

" ၁၀ box  ၁၀ box "

တုံယွီက မျက်ခုံးပင့်ပြီး ပြုံးလိုက်တယ် ။

.
.
.

" ကြိုက်လား ... ဝမ်​ပေါင်  "

" ဟမ် ... ဪ ​ကြိုက်တာ​ပေါ့
မင်း နည်းလမ်း အရမ်း​ကောင်းတယ် ... "

" မဟုတ်ဘူး ..  လူကို ​မေးတာ ..  "

" ဟမ် "

" အဲဒီလူကို​​လေ ... "

ရိ​ပေါ်က တိတ်ဆိိတ်သွားတယ် ။

.
.
.

" ပွင့်ပွင့်လင်းလင်း​ပေါ့ ဝမ်​ပေါင် "

" အင်း ကြိုက်တယ် "

ရိ​ပေါ်က လက်သီးဆုပ်ပြီး ​ဖြေတယ် ။

" အဲ့လို ဖြစ်မယ်ဆိုတာ သိသားဘဲ "

" ဒါ​ပေမဲ့ သူက ငါ့ကို ​တော်​တော်​လေး သ​ဘောမကျဘူးနဲ့ တူတယ်  ... လက်လဲ ထပ်​တော့မှာ ... "

ရိ​ပေါ်က ​ခေါင်းငုံ့လိုက်တယ် ။

" မကြိုးစားကြည့်တာ မင်းပုံစံ မဟုတ်ပါဘူး ရိ​ပေါ်ရာ ... မင်းက အပျင်း​ပြေ သိကြားမင်း​တောင် တက်လုပ်ချင်​နေတဲ့ ​ကောင် "

ရိ​ပေါ်က နှုတ်ခမ်းဆူလိုက်တယ် ။

" အခုဟာက သိကြားမင်း​တောင် ​ခေါင််းရှုပ်​နေရတဲ့ အချစ်​ရေး ... အဲ့တာကို သိလား "

" ဝမ်​​ပေါင်က လက်​လျော့မှာ ကျ​နေတာဘဲ "

" လက်​တော့ ​လျော့စရာလား​လေ ... "

" အဲ့လိုမှ​ပေါ့ ... "

တုံယွီက လက်​ပေးတယ် ။

ရိ​ပေါ် သူနဲ့ လက်သီးချင်း တိုက်လိုက်တယ် ။

" fighting ဝမ်​ပေါင်
မင်းမှာ အခွင့်အ​ရေး ရှိ​သေးတယ် "

" အင်း ...  တုံတုံ "

ရိ​ပေါ်က ပြုံးပြီး အိပ်ယာ​ပေါ် လှဲချလိုက်တယ် ။

လက်​က​လေးကို ​ထောင်ကြည့်​တော့ လှလှပပစီးထားတဲ့ ပတ်တီး ... ။

ရိ​​ပေါ် ​ကျေ​ကျေနပ်နပ် ပြုံးလိုက်တယ် ။

______________________________________________________________________________________♡

Aini ❤💚

Double up ...

Sorry for no update days ... I 'm sick .

Thank you for reviews .

I love this so much .

Thank you ... Thank you ... Thank you

Thank you so much ...

________________________________________________________________________________________♡

36

ႏွစ္ရက္ခန္႔ ၾကာ​ေသာ္ ...

" ရ​ေအာင္ ​ေ႐ွာင္​ေနတယ္ ! "

ရိ​​ေပၚ ​ေဒါသ​ေတြ မ်ိဳခ်​ေနရတယ္ ။

သူ အိမ္​ေ႐ွ႕က​ေန အိမ္​​​ေနာက္ကို ၾကည့္​ေနရင္း ... ​

ေနမက် ထိုင္မက် ။

​ေစာ​ေစာသြားၿပီး ​ေနာက္က်မွ ျပန္​လာတာေတာင္ မဟုတ္​ေတာ့ဘူး ... ။

စက္႐ုံမွာ အိပ္တာတဲ့ ...

ဘာလဲ ? ... အဲ့တာက သူ႕အိမ္သူ႕ယာလား ... ?

ရိ​ေပၚ ဒီည​ေတာ့ မရ​ေတာ့ ...

အေနာက္အိမ္မွာ သြား ေစာင့္​အိပ္ေနလိုက္တယ္ ။

.
.
.

" ပြမ္ !"

" ပြမ္ !"

ကားသံၾကား​တယ္ ။

နာရီၾကည့္​ေတာ့ မနက္ ၂ နာရီ ထိုးၿပီ ။

ရိ​ေပၚ ခပ္ျမန္ျမန္ဘဲ ​ေအာက္ဆင္း​ေျပးလာတယ္။

.
.
.

ကား စက္သတ္သံၾကားၿပီးတာနဲ႔ အိမ္ထဲ ဒယိမ္းဒယိုင္ ဝင္လာ​ေသာ ဒီလူ ... ။

ရိ​ေပၚ အနားကပ္သြားလိုက္တယ္ ။

ရလာ​ေသာ အရက္နံ႔​ေၾကာင့္ လူက ႏွာ​​ေခါင္း႐ႈံ႕ခနဲ ...

" အရက္​ေတြ ေသာက္​လာတာလား ... "

" က်စ္ ! မင္း "

သူ႕အသံၾကားေတာ့မွ ​ေ႐ွာင္က်န္႔က သူ႕ကို ျမင္တယ္။

ၿပီး​ေတာ့ မ်က္ႏွာက ႐ွစ္​ေခါက္ခ်ိဳးနဲ႔ ၾကည့္​​ေနေသးတယ္ ။

ရိ​ေပၚ လက္ပိုက္လိုက္တယ္ ။

" အဖြားဝမ္ကေတာ့ က်န္႔က်န္႔​ေလး ​ေတာ္လိုက္တာ ... လိမၼာလိုက္တာ လူ​​ေကာင္း​ေလးလို႔ ​ေျပာ​ေန႐ွာတာ ... ခင္ဗ်ားက အခု​ေတာ့ အရက္သမားဘဲ "

" ဟုတ္တယ္ ... အရက္သမား ...
မင္း မျမင္ခ်င္ရင္ ထြက္သြား​ေတာ့ ! "

" မထြက္သြားပါဘူး ... ဒါ ကြၽန္​ေတာ္႕အိမ္ ... ဝင္ခ်င္ဝင္မယ္ .. ထြက္ခ်င္ထြက္မယ္ ... ခင္ဗ်ား အမိန္႔​ေပးစရာ မလိုဘူး "

" ... "

​ေ႐ွာင္က်န္႔က အ​ေတာ္ မူး​ေနပုံ ​ေပၚတယ္ ။

ဖိနပ္ႀကိဳး​ေတာင္မွ ​ေသခ်ာ မျဖဳတ္ႏိုင္ ... ။

" အဲ့တာဘဲ ...   အရက္က လူကို အသိစိတ္ မဲ့​ေစတယ္ ...  ခင္ဗ်ား ကိုယ့္ တာဝန္​ေတာင္ ကိုယ္ မယူန္ိဳင္​ေတာ့ဘူးမလား "

" ပြစိပြစိ လာလုပ္မေနနဲ႔ ... ျပန္​ေတာ့ ! "

" မျပန္ႏိုင္ပါဘူး ...
​ေျပာစရာ ႐ွိရင္​ေတာ့ ​ေျပာရမွာဘဲ ... "

" ... "

" အဖြားက ခင္ဗ်ားကို ​ေမး​ေန႐ွာတာ ... သူမ ဘယ္​ေလာက္ စိတ္ပူ​ေနတယ္ ထင္သလဲ ... ကြၽန္​ေတာ္ မနည္း​ ေခ်ာ့ယူထားရတယ္ ... သိလား "

" မင္း အပို​ေတြ မ​​ေျပာစမ္းနဲ႔ !
အဖြားကို ငါ ဖုန္းဆက္​ ေျပာထားၿပီးသား ...  "

" ဒါဆို ေနစမ္းပါဦး ...

ခင္ဗ်ားက ဒီလိုဘဲ သြားခ်င္တဲ့အခ်ိန္သြား ... လာခ်င္တဲ့အခ်ိန္လာ  ... အိပ္ခ်င္တဲ့​ေနရာ အိပ္ၿပီး ပရမ္းပတာ ​ေနတဲ့ လူမ်ိဳးလား "

" ဟုတ္တယ္ ... ပရမ္းပတာဘဲ !"

ျဖဳတ္မရတဲ့ ဖိနပ္ႀကိဳး​ေတြ ဆက္မျဖဳတ္ဘဲ ​ေ႐ွာင္က်န္႔က သူ႕ကို ျဖတ္တိုက္ၿပီး ထြက္သြားတယ္ ။

ရိ​ေပၚ လက္ကို လွမ္းဆြဲလိုက္တယ္ ။

" ​ေနဦး !
ကြၽန္ေတာ္ စကား​ေျပာလို႔ မၿပီး​ေသးဘူး!"

" ဝမ္ရိ​ေပၚ ... !
မင္း ငါ့ကို လြတ္ထား​ေပးလိုက္လို႔ မရဘူးလား !!"

​ေ႐ွာင္က်န္႔ အက်ယ္ႀကီး ​ေအာ္​လိုက္တယ္ ။

အိမ္တစ္​​​ေဆာင္လုံး တိတ္ဆိတ္သြားတယ္ ။

.
.
.

" ​ေ႐ွာင္က်န္႔ ... "

" ငါ တစ္​ေယာက္ထဲ ​ေနခ်င္​ေနလို႔ပါ "

" ခင္ဗ်ား ကြၽန္​ေတာ္႕ကို ​ေအာ္တယ္  "

ဝမ္ရိ​​ေပၚက  မ်က္ရည္ဝိုင္းလာတယ္ ။

" က်စ္ ! ဝမ္ရိ​ေပၚ .. မင္းကြာ ..."

​​ေ႐ွာင္က်န္႔ သက္ျပင္း အႀကီးႀကီး ခ်လိုက္တယ္ ။

မူး​ေနာက္​ေနတဲ့ သူ႕​ေခါင္း​ေတြက အျမင္အာ႐ုံကို ႏွစ္ထပ္ျဖစ္​ေန​ေစၿပီ ။ ​အရက္႐ွိန္က တက္လာ​​ေနၿပီ ...။

ဝမ္ရိ​ေပၚက ႐ုတ္တရက္ သူ႕အက်ႌကို ​​ေဒါသတႀကီး.ဆြဲလႈပ္လာတယ္ ။

" ႐ွင္းမယ္ ... ဒီည အၿပီး႐ွင္းမယ္ "

" ကြၽန္​ေတာ္႕ကို ​ေအာ္တယ္ "

" ခင္ဗ်ား တကယ္ဘဲ ဘာျဖစ္​ေနတာလဲ ?!"

" ခင္ဗ်ားဆီက အ​ေၾကာင္း သိရမွ ျဖစ္မယ္ "

" ဒီ​ညေတာ့ ခင္ဗ်ားကို လြတ္​ေပးမယ္ ... မထင္နဲ႔ !"

" က်စ္ ! ဝမ္ရိ​ေပၚ  "

​ေ႐ွာင္က်န္႔ သူ႕ လက္​ေတြကို အတင္းဆြဲျဖဳတ္​ေန​တယ္ ။ က်စ္က်စ္ ကိုင္ထားတဲ့ လက္​ေတြကလုံးဝ လြတ္​ေပးမလာ ... ။

​ေ႐ွာင္က်န္႔ ​ေခါင္း ႏွစ္ဆ မူးလာတယ္ ။

အမူးသမား ​ေ႐ွာင္က်န္႔က ဝမ္ရိ​ေပၚ လက္ထဲ အားနဲ႔ မာန္နဲ႔  အဖြတ္ခံ​ေနရတယ္ ။

" ဒုန္း !"

မခံႏိုင္တဲ့ ​​ေနာက္ဆုံး ...
​ေ႐ွာင္က်န္႔ ၾကမ္းျပင္​ေပၚ လဲက်သြားတယ္ ။

.
.
.

" ​ေဟ့လူ "

" ​ေဟ့လူ "

" ထဦး​ !"

" ကြၽန္​ေတာ္႕ကို ​ေအာ္တဲ့ ကိစၥ႐ွင္း ... ! "

" ​​ေဟ့လူ !"

ပါးကို လက္ညိဳးနဲ႔ ထိုးၾကည့္တယ္ ။

ႏွစ္ဝင္သြားတာၿပီး ျပန္ထြက္လာတာကလြဲရင္ ​ေ႐ွာင္က်န္႔ ႏိုးမလာ ... ။

" လူမဟုတ္​ေအာင္ ​ေသာက္လာတာဘဲ ...
ဒီလို​ေတြ ျဖစ္မွာ​ေပါ့ "

ရိ​ေပၚ ​မ်က္​ေစာင္းထိုး လိုက္တယ္ ။

" အရက္သမားႀကီး "

" သူမ်ားကို ​ေအာ္တယ္ "

" အင့္ဟာ ! အင့္ဟာ !"

လက္​ေမာင္းကို ႏွစ္ခ်က္​ေလာက္ ႐ိုက္လိုက္တယ္။

" ဒီည​ ... ၾကမ္းျပင္ဘဲ အိပ္ခဲ့​ေတာ့ "

" ​ေလျဖတ္သြားလဲ ​ေကာင္းတယ္ "

" ခင္ဗ်ားကို ဒီလိုဘဲ ပညာျပရမွာ ... "

" တစ္ညလုံး ဒီမွာအိပ္ ... "

ရိ​ေပၚ ​ေျပာၿပီး အိမ္ထဲ ဝင္လာလိုက္တယ္ ။

.
.
.
.
.

" ဘုတ္ !"

" အဲ့​ေလာက္​ေလးရသလား "

လူကို ခုတင္​ေပၚ ခ်​ေပးလိုက္တယ္ ။

ရိ​ေပၚ​ေတာ့ လက္ပန္းက်သြားတယ္ ။

" အ႐ိုးထဲက အားဆိုတာ ဒါႀကီးေနမွာ ..."

အားရ​ေအာင္ မ်က္​ေစာင္းထိုးၿပီး
ဖိနပ္နဲ႔ အ​ေပၚဝတ္ကို ခြၽတ္​ေပးလိုက္တယ္ ။ ​

ေစာင္ကို လုံျခဳံ​​ေအာင္ ျခဳံ​​ေပးရင္း ...

" လူဆိုးႀကီး !"

" စကား​ေကာင္း​ေတာင္ မ​ေျပာရ​ေသးဘူး "

" တကယ္ဘဲ စိတ္တိုလိုက္တာ ... "

ရိ​ေပၚ ပြစိပြစိ ​ေျပာ​ေနတယ္ ။

.
.
.

" အိုး !"

႐ုတ္တရက္ သူ႕လက္ကို
ခပ္တင္းတင္းဆြဲလာ​ေသာ လက္တစ္ဖက္ ...

သူ ​ေသခ်ာ ၾကည့္လိုက္​ေတာ့ ​ေ႐ွာင္က်န္႔ မ်က္လုံး​ေလး​ေတြ နည္းနည္း ပြင့္​ေန​ေသးတယ္ ။

" လြမ္းတယ္ ရိ​ေပၚ ..."

​ေ႐ွာင္က်န္႔ အသံက တိုးတိုး​ေလး ...

" ဘာ​ေျပာတာ ... "

​ေ႐ွာင္က်န္႔ ႏႈတ္ခမ္းနား
ရိ​ေပၚ နားကပ္ၿပီး နား​ေထာင္ လိုက္တယ္ ။

" ကိုယ္ လြမ္း​ေနခဲ့တာ ... "

" ဘာလဲ ... ဘယ္ဟာကို လြမ္းတာလဲ ?"

ရိ​ေပၚ မ်က္​ေမာင္းၾကဳံသြားတယ္ ။

" ဘယ္လိုမ်ား ကိုယ့္ကို မမွတ္မိႏိုင္ရတာလဲ ?"

" အင့္ !"

လက္ကိိဳ ပိုမို ဆြဲယူလိုက္​ေတာ့ ရိ​ေပၚက ​ေ႐ွာင္က်န္႔ ကို အုပ္မိုးလ်က္သား ျဖစ္သြားတယ္ ။

​ေနာက္ၿပီး ​ေ႐ွာင္က်န္႔ မ်က္လုံး​ေတြ မွိတ္သြားတယ္။

ရိ​ေပၚ အာ႐ုံ​ေတြက ႏႈတ္ခမ္း​ေအာက္က မွဲ႔​ေလးဆီ,​ေရာက္သြားတယ္ ။ ၿပီး​ေတာ့ ဖြင့္ဟ​ေနတဲ့ ပါးစပ္ထဲက ယုန္သြား​ေလး​ေတြ ... ။

ရိ​ေပၚ လက္​က​​ေလးေတြနဲ႔ ထိ​ေတြ႕ၾကည့္လိုက္တယ္။

.
.
.

" ခင္ဗ်ားဘဲ ​... ေသခ်ာတယ္ "

ရိ​ေပၚ ပါး​ေလး​ေတြ ဆြဲၾကည့္လိုက္တယ္ ။

" ငယ္႐ုပ္​ မ​​ေပ်ာက္​ေသးဘူးဘဲ ... "

ရိ​ေပၚ ​သ​ေဘာက်စြာ ျပဳံးလိုက္တယ္ ။

.
.
.

တကယ္​ေတာ့ ...
ရိ​ေပၚက သတင္းစာကို ကုတ္ဖဲ့​ေနက် ...

သတင္းစာထဲမွာပါတဲ့ ဝမ္ဝမ့္ ​ေ႐ွာင္က်န္႔ဆိုတဲ့သူရဲ႕ ႏႈတ္ခမ္းေအာက္က မွဲ႔က အမိႈက္စလား သူ​ ေတြးခဲ့ဖူး​ေသးတယ္ ။

ဟုတ္တယ္ ...
ရိ​ေပၚ ျပန္လာတာ အ​ေမြ​ေၾကာင့္ မဟုတ္ဘူး ။

ႏႈတ္ခမ္း​ေအာက္မွာ မဲ့႐ွိမ႐ွိစစ္​ေဆးခ်င္႐ုံဘဲ ...။

တစ္နည္း ...
ယုန္​ေကာ​ေကာ ဟုတ္မဟုတ္ စစ္​ေဆးခ်င္႐ုံဘဲ ။

ဟုတ္​ေနတယ္တဲ့ ...
ရိ​ေပၚ ဘာ ဆက္လုပ္ရမလဲ ... ?

____________
___________♡

​ေနာက္တစ္​ေန႔မနက္ ...

" ဘယ္ ... ဘယ္လို ​​ေရာက္လာတာလဲ ခ်ီယြင္ ?"

႐ွန္းရဲ႕ ပုံစံက အထိန္႔တလန္႔ ျဖစ္​ေနတယ္ ။

ခ်ီယြင္ မ်က္​ေမာင္းၾကဳံ႕လိုက္တယ္ ။

" ဒီအိမ္ ... ငါ လာတာ ဘာျဖစ္လို႔လဲ
ဘာလဲ ... တစ္​ေယာက္​​ေယာက္ ႐ွိ​ေနလို႔လား "

" မ ... မဟုတ္ပါဘူး "

႐ွန္းက လက္တကာကာနဲ႔ ​ေျပာတယ္ ။

" မင္း သိပ္ မူမမွန္ဘူး "

ခ်ီယြင္က မယုံသလိုၾကည့္ၿပီး အိမ္ကို ​ေလွ်ာက္ပတ္ၾကည့္​ေနတယ္ ။

႐ွန္း ခပ္ျမန္ျမန္ဘဲ ရိ​ေပၚ ​ေရးထားခဲ့တဲ့စာကို တစ္​ေနရာမွာ ဖြက္လိုက္တယ္ ။

ခ်ီယြင္​ေနာက္လိုက္သြားၿပီး ...

" ဘယ္သူ႐ွိရမွာလဲ ...
ငါ တစ္​ေယာက္ထဲ ႐ွိ​ေနတာပါ "

" ​​ေဆး႐ုံက ျပန္လာ​ေတာ့ ပင္ပန္းသလိုျဖစ္​ေနလို႔ "

ခ်ီယြင္ ႐ွန္းကို ၾကည့္လိုက္တယ္ ။

႐ုတ္တရက္ နဖူး​ေပၚ လက္​​ေရာက္လာ​ေတာ့ ႐ွန္း မ်က္လုံးဝိုင္းစက္သြားတယ္ ။

" ပင္ပန္းရင္ နား​ေတာ့ ...
စားစရာ​ေတြကို ဆိုင္က ပို႔ခိုင္းလိုက္​ေတာ့မယ္ "

" အင္း အင္း "

႐ွန္း ​ေခါင္းၿငိမ့္လိုက္တယ္ ။

ခ်ီယြင္က ​ေရခ်ိဳးခန္းထဲ ဝင္သြားတယ္ ။

.
.
.

အဲ့​ေတာ့မွ ႐ွန္း သက္ျပင္းခ် ႏိုင္​ေတာ့တယ္ ။

* ရိ​ေပၚက ဒီ​ေန႔ဘဲ ထြက္သြားတာတဲ့ ... *

* ေနလဲ အျပည့္အဝ မ​ေကာင္း​ေသးဘဲနဲ႔ စာ​ေလးတစ္​ေစာင္ထားၿပီး ထြက္သြားတယ္ *

ဒါ​ေပမဲ့ ​ခ်ီယြင္​ေရာက္မလာခင္​ေလး ထြက္သြားႏိုင္တာမို႔ တကယ္ဘဲ ​ေတာ္ပါ​ေသးရဲ႕ ... ။

* ​ေက်ာက္စိမ္းလက္စြပ္​ေလး​လဲ မ​ေပးရ​ေသး ... သရဲ ဘဝ အ​ေၾကာင္း​ေတြလဲ မ​​ေျပာျပရ​ေသး​ေတာ့ ...*

* အဆင္​ေရာ ​ေျပပါ့မလားဘဲ *

___________
__________♡

" ခြမ္း !"

" မင္း ဒါ​ေတြ လုပ္​ေပးစရာမလိုဘူး သြားေတာ့ ! "

" ​​ေ႐ွာင္က်န္႔ !"

ရိ​ေပၚ ​​ေ႐ွာင္က်န္႔ ​ေကာ္လံကို ဆြဲယူလိုက္တယ္ ။

သူ အရက္​ေသာက္ၿပီး ​ေနမ​ေကာင္းမွာ စိုးလို႔ စြပ္ျပဳတ္​ေလး ယူခဲ့​ေပးတာကို ခ်ခြဲရက္တယ္ ။

" ခင္ဗ်ား ႐ိုင္းလြန္းတယ္ မထင္ဘူးလား !"

" ​ငါက ႐ိုင္းတယ္ ... မွန္တယ္
အဲ့တာ​ေၾကာင့္ ငါနဲ႔ လာပတ္သက္​ မေနနဲ႔ "

" က်န္႔က်န္႔ !"

" ဝမ္ဝမ္ !"

အဖြား​ ေျပးဝင္လာတယ္ ။

" ဘယ္လို​ေတြ ျဖစ္ၾကတာလဲကြယ္ "

ႏွစ္​ေယာက္စလုံးက မ်က္ႏွာ လြဲထားၾကရင္း တိတ္ဆိတ္​ေနတယ္ ။

" ျပႆနာျဖစ္ၾကတယ္ဆိုလဲ ​
ေအး​ေအး​ေဆး​ေဆး ႐ွင္းၾကမွ​ေပါ့ကြယ္ "

​ေ႐ွာင္က်န္႔က အလုပ္ခန္းထဲ ဝင္သြားတယ္ ။

ျပန္ထြက္လာ​ေတာ့ ...
သူနဲ႔တူ စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ ပါလာတယ္ ။

" အဖြားဝမ္ ...
ဒီမွာ အဖြားရဲ႕ ပိုင္ဆိုင္မႈေတြ ... "

" အားလုံး ျပန္​ေပးဖို႔ ကြၽန္​ေတာ္ လက္မွတ္ထိုးထားၿပီးသား ... မနက္ျဖန္ဘဲ ကြၽန္​ေတာ္ ဒီက ထြက္သြား​ေတာ့မွာ ... "

" က်န္႔က်န္႔ ... "

အဖြားက အထိန္႔တလန္႔ ျဖစ္သြားတယ္ ။

" အဲ့တာ​ေတြ မလိုပါဘူး ... ဒါ​ေတြက က်န္႔က်န္႔ဟာ​ေတြ​ေလ ... အဖြားကို ျပန္​ေပးစရာမွ မလိုတာ ... "

အဖြားဝမ္က စာခ်ဳပ္​ေတြ ၾကည့္ရင္း ဆိုတယ္ ။

" ဝမ္ဝမ္မ်ား ျပန္​ေတာင္းလိုက္တာလားဟင္ "

ရိ​ေပၚ စာခ်ဳပ္​ေတြ ၾကည့္ၿပီး တကယ္ဘဲ မယုံႏိုင္...။

" ခင္ဗ်ား အဲ့တာ ဘာသ​ေဘာလဲ !? "

" ဝမ္အိမ္နဲ႔ ထပ္ မပတ္သက္​ေတာ့မဲ့ သ​ေဘာဘဲ "

" ဘာ ​! ... ခင္ဗ်ား !
ကြၽန္​ေတာ္ ​ေျပာတာ နားမလည္ဘူးလား"

" ခင္ဗ်ား ဒီအတိုင္း ထြက္သြားလို႔ မရဘူး ! "

" ငါ မင္း​ေလာင္းရိပ္​ေအာက္က လူ မဟုတ္ဘူး ဝမ္ရိ​ေပၚ ... မင္း အမိန္႔​ေပးစရာမလိုဘူး "

" ​ေ႐ွာင္က်န္႔ !"

​ေ႐ွာင္က်န္႔ မ်က္ႏွာလြဲၿပီး သူ႕ကို ​ေက်ာ​ေပးလိုက္တယ္ ။

အားလုံး တိတ္ဆိတ္သြားတယ္ ။

.
.
.

ရိ​ေပၚ စိတ္​ေတြ လႈပ္႐ွားလာတယ္ ။

​တကယ္ ထြက္သြားရင္ ဘယ္လိုလုပ္ရမလဲ ... ?

တကယ္ႀကီး သြားလိုက္ရင္ ဘယ္လို လုပ္ရပါ့မလဲ !?

" ​ေဖာက္ !"

စိတ္ လႈပ္႐ွားလြန္း​ေနတာ​ေၾကာင့္ ရိ​ေပၚ တင္းတင္း ကိုင္ထားမိတဲ့ ​ေႂကြဇြန္းက ​ေဖာက္ခနဲ ျဖစ္သြားၿပီး ​​​ေၾကက် သြားတယ္ ။

ရိ​ေပၚ့လက္က ​ေသြး​ေတြ ထြက္လာတယ္ ။

သူ မနာႏိုင္​ေသး ... ။

​ေ႐ွာင္က်န္႔ ထြက္သြားမွာ ​ေၾကာက္တဲ့ စိတ္က ႀကီးစိုး​ေနတယ္ ။

" သူငယ္ခ်င္း ဝမ္​ေပါင္ !!"

တုံတုံ ​ေျပးဝင္လာတယ္ ။

ရိ​ေပၚ့ကို ခ်ီလို႔ အတင္း လွဲခ်ၿပီး ...

" ​ဝမ္​ေပါင္ ... ​ေမ့လဲလိုက္​ေတာ့ ..."

" ဘာ ... "

" ​​ေမ့လဲျပလိုက္​ေတာ့ ... "

တုံတုံက အႀကီးအက်ယ္ မ်က္စပစ္ျပ​ေနတယ္ ။

ရိ​ေပၚ သ​ေဘာ​ေပါက္သြားၿပီး
႐ုတ္တရက္ မ်က္လုံး​ေတြ မွိတ္ခ်လိုက္တယ္ ။

" ဝမ္​ေပါင္ !"

" ဝမ္​ေပါင္ !"

" ဝမ္​ေပါင္ ​!"

တုံတုံက အတင္းလႈပ္ႏိုး​ေနတယ္ ။

ရိ​ေပၚက ထမလာ ... ။

" အဖြား​ေရ ... လုပ္ပါဦး
ဝမ္​ေပါင္ တစ္ခုခု ျဖစ္သြားၿပီလား မသိဘူး "

" ဝမ္ဝမ္ ... ဝမ္ဝမ္ "

အဖြားက သူတို႔ဆီ ​ေျပးလာတယ္ ။

" အဖြား​​ေရ ဒုကၡပါဘဲ ... ဝမ္​​ေပါင္က အဲ့လိုဘဲ ...

ကိုမာျဖစ္ထား​ေတာ့ သူ႕ က်န္းမာ​ေရးကလဲ ပုံမွန္ မဟုတ္ဘူး ... အခ်ိန္ျပည့္ စစ္​​​ေဆး​ေနရတာ ..."

" စိတ္ဖိစီးမႈမ်ားရင္ အဲ့လိုဘဲ ​ေမ့လဲသြား​ေရာ ..."

" အခုလဲ ထပ္ျဖစ္ျပန္ၿပီ "

" ဆရာဝန္ကလဲ ဒါ အရမ္း အႏၲရာယ္မ်ားတယ္လို႔ ​ေျပာထားပါတယ္ ဖြားဖြား "

" ၿပီး​ေတာ့ သူက သိပ္အားနည္း​ေန​ေသးတာ .. "

" ဟင္ ... ဟုတ္လား
ဒါဆို ဆရာဝန္ ​ေခၚရမွာ​​ေပါ့ "

အဖြားဝမ္က ပ်ားယီးပ်ာယာ ျဖစ္သြားတယ္ ။

" လုပ္ၾကဦး ...
တစ္​ေယာက္​ေယာက္ ဆရာဝန္ အျမန္ ​ပင့္​ေပး! "

" တုံတုံ ...
သားက ဝမ္ဝမ့္ကို အခန္းထဲ ခ်ီ​ေပးပါကြယ္ "

" ဟုတ္ကဲ့ အဖြား ... "

တုံတုံက ​ေကာက္ခ်ီလိုက္တယ္ ။

" အင့္ !"

" သား မႏိုင္ဘူး အဖြား ..  ဒီအတိုင္း  ...

​ေျခ​ေတာက္က​ေန ဆြဲ​ေခၚသြားလိုက္မယ္​ေလ "

" ဟင္ ?"

" မင္း ! ဖယ္​စမ္း ! "

ေ႐ွာင္က်န္႔က မ်က္​​​ေမာင္းႀကီး ၾကဳတ္ၿပီး တုံတုံကို ဖယ္ခိုင္းတယ္ ။

" ဟုတ္ ... ဟုတ္ကဲ့ "

တုံယြီလဲ ဖယ္​ေပးၿပီး​ေရာ ​ေ႐ွာင္က်န္႔ ရိ​ေပၚကို ​ေစြ႕ခနဲ ​ေပြ႕ခ်ီလိုက္တယ္ ။

" ဆရာဝန္ကို ငါ့အခန္းထဲ လြတ္​ေပး ... "

" ​တစ္​ေယာက္ ေဆး​​​​​ေသတၱာ အျမန္ ယူခဲ့​ ..."

" ဟုတ္ကဲ့ !"

အိမ္အကူ​ေတြက အ​ေျပးအလြားလုပ္​ၾကတယ္ ။

​ေ႐ွာင္က်န္႔ ရိ​ေပၚကို သူ႕အခန္းထဲ ခ်ီ​ေခၚသြားတယ္ ။

.
.
.

တုံတုံက အ​​ေနာက္မွာ ရပ္​ေနတယ္ ။

​ေ႐ွာင္က်န္႔က ရိ​ေပၚ့လက္ကို ​ေဆးစီး​​ေပး​​ေနရင္း...

" ဆရာဝန္က အခုထိ မ​ေရာက္​ႏိုင္ေသးဘူးလား !"

" ဗ်ာ ?"

သူ႕ကို စိတ္မ႐ွည္သလို မ်က္​လုံးနဲ႔ ၾကည့္လာတယ္ ။

တုံယြီ တံ​ေတြးမ်ိဳခ်လိုက္ၿပီး ...

"​ ေရာက္ ... ေရာက္​ေတာ့မွာပါဗ် "

" ပြမ္ ... ပြမ္ !"

" ​ေရာက္ၿပီ ထင္တယ္ ...
ကြၽန္​​ေတာ္ သြား​ေခၚခဲ့မယ္​ေနာ္ "

တုံတုံ အျမန္ ​ေျပး​ဆင္း ခဲ့ရတယ္ ။

.
.
.

" ဆရာဝန္​ ေရာက္ပါၿပီ "

​ေ႐ွာင္က်န္႔က ဆရာဝန္ စစ္​ေဆးတာကို ​ေသခ်ာ
ၾကည့္​ေနတယ္ ။

ဆရာဝန္က ​ေ႐ွာင္က်န္႔နဲ႔ တုံတုံကို ​ေမာ္ၾကည့္လာ​ေတာ့ တုံတုံ မ်က္စ ပင့္ျပလိုက္တယ္ ။

" အဟမ္း ! စိတ္နဲ႔ဆိုင္တဲ့ ျပႆနာပါ "

" လူနာ စိတ္ခ်မ္းသာဖို႔ လိုပါမယ္ ...

ကိုမာျဖစ္ဖူးထား​ေတာ့ သာမန္လူ​ေတြထက္ အားနည္း​ေနမွာ အမွန္ဘဲ "

" လူနာက အတတ္ႏိုင္ဆုံး စိတ္ခ်မ္းသာ​ေအာင္ ထား​ေပးပါ "

" ​ေဆး​စာ ေရး​ေပးခဲ့ပါမယ္ "

" အာဟာရ ႐ွိတာ​ေတြ မ်ားမ်ား စားခိုင္းပါ "

" အဓိကက စိတ္ဘဲမလား ... ဆရာ "

တုံတုံ ဝင္​​ေမးလိုက္တယ္ ။

" ဟုတ္ပါတယ္ ...
စိတ္ခ်မ္းသာဖို႔က အဓိကပါ "

" ဟုတ္ကဲ့ ... ​ေက်းဇူးတင္ပါတယ္ ဆရာ
ကြၽန္​​ေတာ္ လိုက္ပို႔​​​ေပးပါ့မယ္ "

တုံတုံက ဆရာဝန္ လက္ဆြဲအိတ္​ေလး ကူသယ္လို႔ ထြက္သြားတယ္ ။

အဖြားကိုလဲ မ်က္စပင့္ျပလိုက္တယ္ ။

တုံယြီ ခုနကတည္းက ညႇိထားၿပီးသား ...

* အဖြားလဲ ၾကံရာပါဘဲ *

" မင္း ကံမ​ေကာင္းလိုက္တာ ဝမ္ဝမ္ရယ္ ... "

အဖြားက ဝမ္းပမ္တနည္း ​ေျပာလာတယ္ ။

" အဖြားကလဲ အိုမင္း​ေနၿပီ ... ​ေျမးကလဲ ​ေနမ​ေကာင္း​ေတာ့ ​ေနာက္ကို အဖြားတို႔ အခ်င္းခ်င္းဘဲ ​ေစာင့္​ေ႐ွာက္ရ​ေတာ့မယ္ "

​​ေ႐ွာင္က်န္႔ လက္သီးဆုပ္လိုက္တယ္။

" စိတ္မပူပါနဲ႔ ဝမ္ဝမ္ ... အဖြား ​ေျမးကို ႐ွာ​ေကြၽးမွာပါ ... ဒီ အဖြား အိုမင္း​ေနလဲ အလုပ္လုပ္ၿပီး ​ေနမ​ေကာင္းတဲ့ ေျမးကို ကု​သေပးမွာ ... "

အဖြားက ​ေ႐ွာင္က်န္႔ကို ၾကည့္လာတယ္ ။

" က်န္႔က်န္႔လဲ ​ေပ်ာ္​ေပ်ာ္​ေန​​ေနာ္ ...

ဒီအိမ္က က်န္႔က်န္႔ကို သိပ္ လိုအပ္​ေန​ေပမဲ့ ... က်န္႔က်န္႔ မ​ေပ်ာ္ဘူးဆိုလဲ ဆြဲမထားရက္ပါဘူးကြယ္"

​ေ႐ွာင္က်န္႔ ​​ေခါင္းငုံလိုက္တယ္ ။

" က်န္တာ​ေတြ​ေတာ့ ...
အဖြားတို႔ ထိုက္နဲ႔ အဖြားတို႔ကံဘဲ ႐ွိပါ​ေစ​ေတာ့..."

အဖြားက ညိဳးငယ္စြာ ဆို​ေနတယ္ ။

ေ႐ွာင္က်န္႔ စိတ္မ​ေကာင္း ျဖစ္​ေပၚသြားရတယ္ ။

မွန္တာဘဲ ...
ဒီ,​​​ေျမးအဖြားႏွစ္​ေယာက္ထဲ က်န္မွာဘဲ ... ။

​ေ႐ွာင္က်န္႔ စိတ္​ေလ်ာ့လိုက္တယ္ ။

" အဖြား "

" ​ေျပာ​ေလ ... က်န္႔က်န္႔ "

" ကြၽန္​ေတာ္ မနက္ျဖန္ ထြက္မသြား​ေတာ့ဘူး "

" ဟင္ ?"

အဖြားက တအံတၾသ ၾကည့္လာတယ္ ။

​​ေစာင္ထဲက ရိ​ေပၚ လက္သီး​ေလး​ေတြ​ေတာ့ တင္းခနဲ ျဖစ္သြားတယ္ ။

" ကြၽန္​ေတာ္ ထြက္မသြား​ေတာ့ဘူး
အဖြားတို႔ကို ​ေစာင့္​​ေ႐ွာက္​ေပးမွာပါ "

" ဘယ္လို ? ...
က်န္႔က်န္႔ တကယ္​ ေျပာ​ေနတာလား "

​ေ႐ွာင္က်န္႔ ​ေခါင္းၿငိမ့္လိုက္တယ္ ။

အဖြားက သိပ္ ဝမ္းသာသြားတယ္ ။

" ​ေက်းဇူးတင္လိုက္တာ က်န္႔က်န္႔ရယ္ ...
အဖြား သားကို တကယ္ဘဲ ​​ေက်းဇူးတင္လိုက္တာ"

" အဖြားတို႔က သားကို သိပ္လိုအပ္တာ ...
အရမ္းလဲ ခ်စ္တာပါကြယ္ ... "

" က်န္က်န္႔က အဖြားတို႔အိမ္ရဲ႕
ပင္မ​ေထာင့္တိုင္​ေလးဘဲ ... "

" ဝမ္ဝမ္က ဆိုးရင္ ၊ မလိမၼာရင္ က်န္႔က်န္႔က နာနာ​ေလး ႐ိုက္ပစ္လိုက္ ... အဖြား ခြင့္ျပဳတယ္ .. အိမ္က​ေတာ့ ထြက္မသြားပါနဲ႔ကြယ္​ "

" ကြၽန္​​ေတာ္ နားလည္ပါၿပီ ... အဖြား "

​အဖြားက ​​ေ႐ွာင္က်န္႔ ပါး​ေလးဆြဲလိုက္တယ္ ။

" က်န္႔က်န္႔ မနက္စာ ဘာမွ မစားရ​​ေသးဘူးမလား
သား စားဖို႔ အဖြားတစ္ခုခု သြားလုပ္ေပးမယ္ "

" ကြၽန္​ေတာ္က ရပါတယ္  "

" ​ေနပါ ... အဖြား လုပ္​​ေပးခဲ့မယ္ ​ေစာင့္​ေန​ေနာ္ "

အဖြားက ​​ေ႐ွာင္က်န္႔ ​ေခါင္း​ေလး ပုတ္လို႔ ထြက္သြားတယ္ ။

.
.
.

အခန္းထဲမွာ ႏွစ္​ေယာက္ထဲ က်န္မွန္း သိတယ္ ။

ရိ​ေပၚ ၾကား​ေနတာ အသက္႐ွဴသံ​​ေလးတစ္ခု ... ။

မ်က္လုံးပြင့္ခ်င္​ေပမဲ့ မဖြင့္ရဲ ... ။

သက္ျပင္းခ်သံၾကားတယ္ ။

​ေ႐ွာင္က်န္႔က ဒဏ္ရာရသြားတဲ့ သူ႕လက္ကို
ဖြဖြက​ေလး ကိုင္လာတယ္ ။

" ဖူး !"

ညင္ညင္သာသာ​ေလး ​ေလမႈတ္​ေပး​​​ေနတယ္ ။

ရိ​ေပၚ အသက့္​ေအာင့္ထားမိတယ္ ။

" က်န္းမာ​ေအာင္​ေတာ့ ​ေန​ပါ ... "

.
.
.

" ခ်ပ္ !"

အခန္းတံခါး ပိတ္သြားမွ
​ရိ​ေပၚ မ်က္လုံး​ေတြ ဖြင့္လိုက္တယ္ ။

အခုမွဘဲ အသက္ျပန္႐ွဴႏိုင္​ေတာ့တယ္ ။

" ဝါး ... ဒီလိုလဲ ႏူးညံတတ္​ေသးတာလား "

ရိ​ေပၚ ႏွလုံးေတြ ခုန္​ေနတာမ်ား အဆမတန္ဘဲ ...။

" ခ်ပ္ !"

တံခါးသံၾကား​ေတာ့
ရိ​ေပၚ မ်က္လုံး ျမန္ျမန္ ျပန္ပိတ္လိုက္တယ္ ။

တစ္စုံတစ္​​ေယာက္ လမ္း​ေလွ်ာက္လာတယ္ ။

" ဝမ္​ေပါင္ ... ငါပါ တုံတုံ "

ရိ​ေပၚ မ်က္လုံးဖြင့္ၿပီး ထထိုင္လိုက္တယ္ ။

" တုံယြီ  ... မင္း  "

" အင္း ... ဟုတ္တယ္
ဘယ္လိုလဲ ေတာ္တယ္မလား "

" အင္း ... အရမ္း​ေတာ္တယ္ "

" ​ေခ်ာကလက္ ဘယ္ႏွ  box လဲ "

" ၁၀ box  ၁၀ box "

တုံယြီက မ်က္ခုံးပင့္ၿပီး ျပဳံးလိုက္တယ္ ။

.
.
.

" ႀကိဳက္လား ... ဝမ္​ေပါင္  "

" ဟမ္ ... ဪ ​ႀကိဳက္တာ​ေပါ့
မင္း နည္းလမ္း အရမ္း​ေကာင္းတယ္ ... "

" မဟုတ္ဘူး ..  လူကို ​ေမးတာ ..  "

" ဟမ္ "

" အဲဒီလူကို​​ေလ ... "

ရိ​ေပၚက တိတ္ဆိိတ္သြားတယ္ ။

.
.
.

" ပြင့္ပြင့္လင္းလင္း​ေပါ့ ဝမ္​ေပါင္ "

" အင္း ႀကိဳက္တယ္ "

ရိ​ေပၚက လက္သီးဆုပ္ၿပီး ​ေျဖတယ္ ။

" အဲ့လို ျဖစ္မယ္ဆိုတာ သိသားဘဲ "

" ဒါ​ေပမဲ့ သူက ငါ့ကို ​ေတာ္​ေတာ္​ေလး သ​ေဘာမက်ဘူးနဲ႔ တူတယ္  ... လက္လဲ ထပ္​ေတာ့မွာ ... "

ရိ​ေပၚက ​ေခါင္းငုံ႔လိုက္တယ္ ။

" မႀကိဳးစားၾကည့္တာ မင္းပုံစံ မဟုတ္ပါဘူး ရိ​ေပၚရာ ... မင္းက အပ်င္း​ေျပ သိၾကားမင္း​ေတာင္ တက္လုပ္ခ်င္​ေနတဲ့ ​ေကာင္ "

ရိ​ေပၚက ႏႈတ္ခမ္းဆူလိုက္တယ္ ။

" အခုဟာက သိၾကားမင္း​ေတာင္ ​ေခါင္္း႐ႈပ္​ေနရတဲ့ အခ်စ္​ေရး ... အဲ့တာကို သိလား "

" ဝမ္ေပါင္ က လက္​ေလ်ာ့မွာ က်​ေနတာဘဲ "

" လက္​ေတာ့ ​ေလ်ာ့စရာလား​ေလ ... "

" အဲ့လိုမွ​ေပါ့ ... "

တုံယြီက လက္​ေပးတယ္ ။

ရိ​ေပၚ သူနဲ႔ လက္သီးခ်င္း တိုက္လိုက္တယ္ ။

" fighting ဝမ္​ေပါင္
မင္းမွာ အခြင့္အ​ေရး ႐ွိ​ေသးတယ္ "

" အင္း ...  တုံတုံ "

ရိ​ေပၚက ျပဳံးၿပီး အိပ္ယာ​ေပၚ လွဲခ်လိုက္တယ္ ။

လက္​က​ေလးကို ​ေထာင္ၾကည့္​ေတာ့ လွလွပပစီးထားတဲ့ ပတ္တီး ... ။

ရိ​​ေပၚ ​ေက်​ေက်နပ္နပ္ ျပဳံးလိုက္တယ္ ။

______________________________________________________________________________________♡

Aini ❤💚

Double up ...

Sorry for no update days ... I 'm sick .

Thank you for reviews .

I love this so much .

Thank you ... Thank you ... Thank you

Thank you so much ...

________________________________________________________________________________________♡

Continue Reading

You'll Also Like

334K 25.1K 49
Crushဆီကattentionလိုချင်လား??? တစ်ခြားလူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပီး သူ့ကိုပိုးစိုးပက်စက်ချေပြလိုက်! အနည်းဆုံးတော့Crushရဲ့အတွေးထဲကိုယ်ရောက်သွားလိမ...
4.5K 1.1K 8
ජීවිතයේ කුමන වෙනසක් සිදු වුවද කිසිදිනක අමතක කලනොහැකි වූ ප්‍රථම ප්‍රේමය නුබයි...
652K 77.6K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
348K 37.3K 124
Book-2 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...