ခွဲခွာခြင်းအမှတ်တရ.....
.
.
လင်းသန့်ကြည် တာဝန်တွေကို ကူပေးဖို့အကူအညီတောင်းပြီးတာနဲ့ နားပင်မနားခဲ့။
ချက်ချင်း မောင်ရှိရာသွားသည်။
လက်ရှိရောက်နေတာက မြန်မာပြည်အောက်ပိုင်း...သွားရမှာက မြန်မာပြည်အထက်ပိုင်း။
ခရီးကဝေးတာကြောင့် တစ်ရက်နဲ့မရောက်ဘူး။
အရမ်းကိုမြန်မြန်ရောက်ချင်တယ်။
မောင့်ကိုတွေ့ချင်လှပြီ။
မတွေ့ရတာ သုံးနှစ်....တွေ့ရပါတော့မယ်ဆိုမှ သုံးမိနစ်လောက်ကိုပဲ ကြာတယ်ထင်နေမိတာ။
ကြိုပြောထားတာပေမဲ့....တကယ်တမ်းတွေ့လိုက်ရတော့အရမ်း စိတ်ပူတယ်။ ကုတင်ပေါ်မှာ... ပက်လက်လေး...
ဟိုးတစ်ချိန်တုန်းက ရန်ကုန်မြို့စွန်ဆေးရုံလေးရဲ့ အရေးပေါ်ခန်းထဲကို ရောက်လာတဲ့ မောင့်ကိုမြင်ယောင်တယ်။
ပိန်သွားတယ်...မောင် ပိန်သွားတာသိသိသာသာ။
အသားတွေက ညိုမှောင်မှောင်နဲ့
အစကတည်းကအသားက မဖြူတဲ့သူပါပဲ။
ဒါပေမဲ့ အခုက ပိုပြီးညိုလာတာ။
အိပ်ပျော်နေတဲ့ မောင့်ကို ဒီတိုင်းထိုင်ကြည့်နေမိတယ်။
ခရီးအဝေးကြီးကို ပင်ပန်းစွာဖြတ်ကျော်ပြီးမောင့်ဆီရောက်လာတာ... မောင့်မျက်နှာကို ဒီတိုင်းထိုင်ကြည့်ခွင့်ရရုံနဲ့ ပင်ပန်းတာပြေပျောက်တယ်။
အသံထွက်မိရင် မောင် နိုးသွားမှာစိုးရိမ်လို့ အသံလုံးဝမထွက်ဘဲ မျက်ရည်ကျတယ်။
အနားမှာ ကိုဝင်းအောင်ရှိနေတယ်။
လင်းသန့်ကြည်ကိုမြင်တော့ ဝမ်းသာသွားပြီး တစ်ခုခုကိုလဲသဘောပေါက်သွားပုံပါပဲ။
အထူးခန်းမရှိတော့...အခြားလူနာတွေလဲရှိနေတာ။
ရှိလဲ ရှိပါစေ...ဘာမှကို ဂရုမစိုက်နိုင်ပါဘူး။
မောင့်မျက်နှာထိုင်ကြည့်နေလိုက်တယ်။
"လင်းသန့်...ခဏနားပြီး...ရေလေးချိုးရအောင်လေ"
အာကာက ပြောတယ်။
"ဟုတ်သားပဲ ဆရာ...ဆရာလဲပင်ပန်းလာတာ...ရေချိုး ထမင်းစားလိုက်ပါအုံးလား"
ကိုဝင်းအောင်လဲ ဝင်ပြောတယ်။
"ရတယ်...သူနိုးတဲ့အထိ စောင့်လိုက်မယ်"
လူကလဲ ပေစုတ်နေပါပြီ။
လာခဲ့ရတဲ့ခရီးကဝေးသလို...အဝေးပြေးကားနဲ့လာရင် ရန်ကုန်မှာတစ်ညအိပ်ရမှာစိုးလို့...မအိပ်ဘဲ တန်းပြီးလာခဲ့တာ မောင့်ဆီကို...
ဘာရုပ်ထွက်နေမလဲ စဥ်းစားကြည့်...
ဘာရုပ်ထွက်ထွက် မောင်အနား နေမှာပဲ။
မောင် နဲ့စကားတွေမပြောနိုင်ရင်တောင်...မောင့်မျက်ဝန်းနက်နက်လေးကို မြင်ချင်တယ်။
ငယ့်ကို ကြည့်ရင် နက်နေအောင်စိုက်ကြည့်ပြီး ပြုံးပြတတ်တဲ့ မောင့်အပြုံးတွေ လွမ်းလွန်းလို့ ထိုင်ကြည့်ပါရစေအုံး။
စကားသံတိုးတိုးတွေကြောင့် မောင် နိုးလာတယ်။
ဘေးမှာထိုင်နေတဲ့ ငယ့်ကို မြင်တော့ စိုက်ပြီးပြည့်နေတယ်။
ငယ် လာမယ်ဆိုတာ မောင်မသိဘူး။
ဒီလောက်မြန်မြန်ရောက်လာမယ်လဲ မသိဘူး။
ဒါပေမဲ့...ဒီတိုင်းပဲ စိုက်ကြည့်နေတယ်။
ငိုတာပေါ့...ဘာစကားမှ ထွင်မလာနိုင်တော့ဘဲ မောင့်လက်ကိုဖွဖွဆွဲယူပြီး ပါးမှာကပ်ထားတယ်။
မျက်ရည်တွေက တာကျိုးကျသလိုပဲ။
မောင်လဲ ဘာမှမပြောသေးဘူး။
ငယ့်မျက်နှာကို ငေးကြည့်နေတုန်းပဲ။
.
.
တအိအိနဲ့ငိုရှိုက်နေတဲ့ ငယ်ထွေးလေး....
ကိုအာကာနဲ့တွေ့ပြီဆိုရင် ငယ်ထွေးနဲ့မဝတ်ရည်သိကြမှာပဲဆိုပေမဲ့...ဒီလောက်မြန်မြန်ရောက်လာမယ်မထင်ဘူး။
ကိုအာကာကလဲ ဆေးကုဖို့ပဲ အာရုံစိုက်နေတာ..ဘာမှ မပြောထားဘူး။
ဘဂျမ်းလဲ ကိုအာကာမပြောတာမို့ မမေးရဲဘူး။
ငယ်ထွေး အိမ်ထောင်ကျသွားတာ ဖြစ်နိုင်တယ်ပဲတွေးပြီးနေရတယ်။
ခု မောင့်အနားမှာ ငယ်ထွေးရှိနေတယ်။
ငိုရပြန်ပြီ။
မောင့်အတွက်နဲ့ ငယ်ထွေးငိုရပြန်ပြီ။
အားကမရှိဖြစ်နေပြီး...လူကနုန်းချိနေတာမို့ စကားသံမထွက်နိုင်ဘူး။
လုပ်နိုင်တာဆိုလို့...ငယ်ထွေးကိုငေးကြည့်ရုံသာ။
လွမ်းရသမျှ အတိုးချပြီး ငေးကြည့်နေမိတယ်။
"လင်းသန့်...စိတ်ထိန်းပါကွာ...ဘဂျမ်း နိုးနေပြီပဲ...မင်းဘာပြောချင်တာလဲ ပြောလေ..ပြီးရင်နားပါအုံး...မင်းပါ လဲသွားလိမ့်မယ်"
"......"
ခေါင်းကို ဘယ်ညာရမ်းပြီး အာကာ့ပြောစကားကိုငြင်းတယ်။
မောင့်လက်ကိုမလွှတ်နိုင်ဘူး။ စကားလဲမပြောနိုင်သေးဘူး။
ကိုဝင်းအောင်ကတော့ အလိုက်တသိပဲ ရှောင်ပေးပါတယ်။
ဟုတ်တယ်လေ...သူတို့က ဘာတွေလဲမသိဘူး..အကြည့်တွေကကိုယ်ပါဘေးကနေ ကျက်သီးထတယ်။
နေပါအုံး...ယောကျားလေးချင်းချစ်လို့ရလား။
အာကာကတော့ အရာအားလုံးကို နားလည်စွာနဲ့ပဲ ကြည့်နေတယ်။
"လင်းသန့်...ခဏတော့စကားပြောလိုက်..ငါ ကိုဝင်းအောင်နောက် လိုက်သွားလိုက်အုံးမယ်...ပြီးရင်တော့ နားနော်..ဟေ့ကောင်...တစ်နေကုန်ဘဂျမ်းနားမှာ ထိုင်နေဖို့စိတ်မကူးနဲ့"
"အင်း...."
.
.
.
.
"မောင်...."
"ငယ်..ထွေး"
"မောင်ရယ်....ဘာလို့...ငယ့်ကို...ငယ့်ကို"
ပြောရင်းငိုပြန်ပါသည်။
"မငိုပါနဲ့ ငယ်ထွေးရယ်....မောင်...တောင်းပန်ပါတယ်"
တိုးဖျော့နေတဲ့ မောင့်အသံ...
"ငယ်လေ...ငယ်လေ...မောင့်ကို လိုက်ရှာနေတာကြာပြီ...သိလား..."
"ငယ် ထွေး ရယ်"
"မောင်...ဘာလို့အဲ့လောက်ပေတာလဲ ဟင်...နေမကောင်းရင် ဆေးခန်းပြရမယ်လေ...မောင်ပြောတော့ ငယ့်စကားနားထောင်မှာပါဆို"
"အင်း...မောင်...တောထဲမှာမို့ပါ"
"မောင်....ငယ်နဲ့ပြန်လိုက်ခဲ့ပါ"
"နေ..ပါ..အုံး.ငယ်ထွေးရယ်"
"ဟင့်အင်း ဟင့်အင်း ...မစောင့်နိုင်ဘူး...ဘာမှ ငယ်မစောင့်နိုင်တော့ဘူး...မောင်သက်သာအောင် မြန်မြန်လုပ်ပါ...ငယ်ရော အာကာရောရှိတယ်...ငယ်တို့စကားနားထောင်ပြီး မြန်မြန်သက်သာအောင်နေရမယ်...ငယ်ပြန်ရင် မောင်လိုက်ခဲ့"
"ဒီ မှာ က...မောင်..လေ.."
"မောင်...."
ထပ်ပြီးကျလာပြန်တဲ့ မျက်ရည်တွေ....
"ငယ်...မငိုပါနဲ့တော့ကွာ"
"မောင် မလိုက်ရင် ငယ်လဲမပြန်တော့ဘူး..မောင့်နားမှာပဲနေမယ်"
"ငယ် ရယ်"
"မောင်...ငယ့်ကို သနားပါအုံး...ငယ် မောင့်ကိုလွမ်းလို့ သေရတော့မယ်...ငယ့်ကိုသနားပါအုံး...မောင်ရဲ့"
ငိုရှိုက်ရင်း...တောင်းပန်တယ်...မျက်နှာလေးကသိပ်ကိုသနားဖို့ကောင်းတယ်။
ငယ်ထွေးဘဝကို ငယ်ထွေး ဘယ်လိုစီမံလိုက်တာလဲ။
မောင့်အတွက်နဲ့ ဘာတွေစွန့်လွှတ်ခဲ့ရပြန်ပြီလဲ။
မောင်က ငယ့်ကို ဘာမှလုပ်မပေးနိုင်တဲ့သူပါ။
မောင့်အတွက်ပဲ မျက်ရည်ကျရ...မောင့်အတွက်ပဲ ပင်ပန်းရတယ်။
ခုလဲ ကွက်ကြည့် ကွက်ကြည့်နဲ့လူတွေက...
"ငယ်...တိတ်တော့နော်....ငယ်ထွေး ပင်ပန်းလာတာ..နားပါအုံးလား...မောင် သက်သာပါတယ်...ကိုအာကာက ဆေးသွင်းပေးနေတာ တောက်လျှောက်ပဲ..ငယ် နားလိုက်ပါအုံး"
"မောင့်အနားမှာပဲ နေပါရစေအုံး...မောင် စကားများများမပြောနဲ့တော့...မောင်လဲ နားပါ...ငယ် မောင့်အနားထိုင်နေရရင် ရပါပြီ...မောင့်မျက်နှာကို ငယ် ကြည့်နေရရင်ရပါပြီ...လွမ်းလို့...အရမ်းလွမ်းလို့ပါ...မောင့်ကို ငယ်အရမ်းလွမ်းလို့ပါ"
ဘဂျမ်းပါးပြင်ထက်ရောက်လာတဲ့ ငယ့်လက်ကလေးတွေ...
တရွေ့ရွေ့ တစမ်းစမ်းနဲ့ပေါ့။
ငယ်ထွေးလဲ မျက်နှာလေးကိုချောင်ကျလို့...ပင်ပန်းနေပြီလား ငယ်ထွေးရယ်။
"မောင်....ငယ်နဲ့လိုက်ခဲ့မယ်လို့ပြောပါ မောင်ရယ်...နော်..ပြောလိုက်ပါ..မောင်ရယ်..."
လက်ကိုဆွဲယူနမ်းရင်း တောင်းဆိုတယ်။
မောင့်ဆီ လာချင်တယ်လို့ပူဆာစဥ်က အတိုင်းပဲ။
သနားလွန်းလို့...လူက ရူးပါရူးချင်တယ်။
ဒီအတိုင်းဆိုရင် ငယ်ထွေးအိမ်ထောင်မကျသေးဘူးပေါ့။
"ငယ်ထွေးရယ်...နားပဲအရင် နားပါအုံး...မောင်နဲ့ပြီးမှ စကားပြောကြရအောင်လေ...မောင် စိတ်ပူတယ်..."
"အင်း..ပြီးရော...ငယ်ခဏ နားလိုက်အုံးမယ်...ညကျရင်တော့ မောင့်အနားမှာအိပ်မှာ"
.
.
.
ရေမိုးချိုး ထမင်းစားပြီး လူကဟန်ပင်မဆောင်နိုင်ပါ။
အိပ်ချင်လာတာ...ဒါပေမဲ့မောင့်အနား ကုတင်တစ်လုံးတောင်းပြီးအိပ်ဖို့ အာကာကိုပြောရတယ်။
အာကာက လင်းသန့်ကြည်တောင်းဆိုတဲ့အတိုင်း လုပ်ပေးရှာပါတယ်။
ဘဂျမ်းအပေါ် လင်းသန့်ကြည်ထားတဲ့စိတ်ရဲ့အတိုင်းအတာကို သူတို့မြင်ခဲ့ သိခဲ့ကြတာပဲ။
မောင့်အနားအိပ်တယ်....မောင့်လက်ကိုဆွဲထားတယ်။
.
.
.
ညနေစောင်းတော့ နိုးလာတယ်။
နိုးတာနဲ့ မောင့်မျက်နှာအရင်ဆုံးလှမ်းကြည့်တာပဲ။
မောင်က ဘယ်ချိန်ကတည်းက ကြည့်နေတာလဲမသိ...စိုက်ကြည့်နေတာ။
ဟုတ်တယ်...ငယ်လိုချင်တာ အဲ့လိုဘဝ...
ဘယ်ချိန်ဖြစ်ဖြစ် ငယ်သတိရလို့ကြည့်မိရင် မောင်အနားမှာရှိနေတာမျိုး...
လွမ်းလာရင် မောင်လက်မောင်းလေးမှီပြီး ချွဲချင်လာတယ်... မောင်အနားမှာ ခုလိုအမြဲရှိနေမှပေါ့။
"မောင်...နေရတာသက်သာလား...ညနေဆို အဖျားတတ်တယ်ဆို...ဘယ်အချိန်ဖြစ်တတ်လဲ"
ကုတင်ပေါ်ကနေဆင်းရင်း မောင့်နဖူးကိုစမ်းတယ်။
"ဒီအချိန်လောက်ပဲ ငယ်ထွေး...ညနေစောင်းဆို တုန်ပြီးချမ်းလာတာ"
"ခုရော...ဘယ်လိုလဲ"
"သက်သာပါတယ်...အားတော့သိပ်မရှိပေမဲ့ အဖျားမတက်တော့ဘူး"
"လူ ပေ လေး...ဖျားတာကိုကြာရှည်ထားရလားလို့...ဟင်"
"တောထဲမှာလေ..ငယ်ရဲ့...ဆေးသောက်ပါတယ်"
တကယ်က ဘဂျမ်းအလုပ်တွေမပြတ်လို့ လောဘတက်ပြီးလုပ်ရင်း အဖျားကြာရှည်သွားတာ။
ဆေးသောက်တယ်... မိုးလင်းလို့သက်သာပြီဆိုရင် မှော်ထဲဆင်းတော့တာပဲ။ ကိုဝင်းအောင်တားတယ် မရဘူး။
သူဌေးကလိုက်လာပြီး ဗန်းမောက်မြို့ပေါ်ခေါ်တယ်
မရဘူး။
သူကိုယ်တိုင်သူဌေးဖြစ်မှပဲ ဘဂျမ်းက အလုပ်ကိုပိုပြီးလောဘကြီးတယ်။
မှော်ထဲကပြန်လာရင် ညနေဆိုဖျားတော့တာပဲ။
လူငါးယောက်လောက်တက်ဖိထားရတယ်။ အဖျားတက်လို့...တစ်ရက်လောက်နားပြီး သက်သာရင် ပြန်သွားတာပဲ အလုပ်တွေဆီကို...
လုံးဝမထနိုင်တော့မှ ထမ်းခေါ်လာခဲ့ရတာ။
"တော....တောထဲမှာ မောင် ဘာတွေလုပ်နေလဲ..ဒါကြောင့် ငယ်ရှာလို့မတွေ့တာပေါ့"
"တောထဲမှာ အလုပ်လုပ်ရတာပေါ့ ငယ်ရယ်"
"ငယ်နဲ့ပဲနေပါတော့နော်...မောင်..နော်...ငယ်နောက်ကိုလိုက်ခဲ့နော်"
အရမ်းလွမ်းနေရတဲ့မျက်နှာလေး...အသံလေး...စကားလေးတွေပါ...ငယ်ထွေးရယ်။
တစိမ့်စိမ့်စိုက်ကြည့်ပြီး ဘာမှမပြောဘူး...ငေးနေတာ။
"ဟင့်...မောင်ရယ်...နော်...နော်ပါနော်...နော်လို့နော်...လိုက်ခဲ့မယ်မှလား"
ဘာစကားမှမပြောဘဲ ငေးနေတဲ့ ဘဂျမ်းကိုစိတ်မရှည်လာတော့ မျက်နှာလေးကကပ်လာပြီး...ဘဂျမ်းကိုနမ်းဖို့လုပ်တယ်။
"ဘဂျမ်း....အာ့...အော်...ဟေ့ကောင်ရေ"
အိပ်နေတုန်းက အာကာက ကန့်လန့်ကာလေးပိတ်ထားပေးခဲ့တာ...ဘေးလူတွေစပ်စုတာသူလဲ မြင်နေရလို့။
ကိုဝင်းအောင်က ကန့်လန့်ကာလေး လှပ်ပြီးဝင်အလာ...ဘဂျမ်းတို့နှစ်ယောက်ကိုကြည့်ပြီး သူကတပြန်စီးရှက်သွားရှာတယ်။
ကလေးအဖေဖြစ်ပြီး...သူကပဲ ရှက်ရတယ်ရှိသေး။
.
.
.
.
ဆက်ရန်
Zawgyi
ခြဲခြာျခင္းအမွတ္တရ.....
.
.
လင္းသန့္ၾကည္ တာဝန္ေတြကို ကူေပးဖို႔အကူအညီေတာင္းၿပီးတာနဲ႕ နားပင္မနားခဲ့။
ခ်က္ခ်င္း ေမာင္ရွိရာသြားသည္။
လက္ရွိေရာက္ေနတာက ျမန္မာျပည္ေအာက္ပိုင္း...သြားရမွာက ျမန္မာျပည္အထက္ပိုင္း။
ခရီးကေဝးတာေၾကာင့္ တစ္ရက္နဲ႕မေရာက္ဘူး။
အရမ္းကိုျမန္ျမန္ေရာက္ခ်င္တယ္။
ေမာင့္ကိုေတြ႕ခ်င္လွၿပီ။
မေတြ႕ရတာ သုံးႏွစ္....ေတြ႕ရပါေတာ့မယ္ဆိုမွ သုံးမိနစ္ေလာက္ကိုပဲ ၾကာတယ္ထင္ေနမိတာ။
ႀကိဳေျပာထားတာေပမဲ့....တကယ္တမ္းေတြ႕လိုက္ရေတာ့အရမ္း စိတ္ပူတယ္။ ကုတင္ေပၚမွာ... ပက္လက္ေလး...
ဟိုးတစ္ခ်ိန္တုန္းက ရန္ကုန္ၿမိဳ႕စြန္ေဆး႐ုံေလးရဲ႕ အေရးေပၚခန္းထဲကို ေရာက္လာတဲ့ ေမာင့္ကိုျမင္ေယာင္တယ္။
ပိန္သြားတယ္...ေမာင္ ပိန္သြားတာသိသိသာသာ။
အသားေတြက ညိုေမွာင္ေမွာင္နဲ႕
အစကတည္းကအသားက မျဖဴတဲ့သူပါပဲ။
ဒါေပမဲ့ အခုက ပိုၿပီးညိုလာတာ။
အိပ္ေပ်ာ္ေနတဲ့ ေမာင့္ကို ဒီတိုင္းထိုင္ၾကည့္ေနမိတယ္။
ခရီးအေဝးႀကီးကို ပင္ပန္းစြာျဖတ္ေက်ာ္ၿပီးေမာင့္ဆီေရာက္လာတာ... ေမာင့္မ်က္ႏွာကို ဒီတိုင္းထိုင္ၾကည့္ခြင့္ရ႐ုံနဲ႕ ပင္ပန္းတာေျပေပ်ာက္တယ္။
အသံထြက္မိရင္ ေမာင္ နိုးသြားမွာစိုးရိမ္လို႔ အသံလုံးဝမထြက္ဘဲ မ်က္ရည္က်တယ္။
အနားမွာ ကိုဝင္းေအာင္ရွိေနတယ္။
လင္းသန့္ၾကည္ကိုျမင္ေတာ့ ဝမ္းသာသြားၿပီး တစ္ခုခုကိုလဲသေဘာေပါက္သြားပုံပါပဲ။
အထူးခန္းမရွိေတာ့...အျခားလူနာေတြလဲရွိေနတာ။
ရွိလဲ ရွိပါေစ...ဘာမွကို ဂ႐ုမစိုက္နိုင္ပါဘူး။
ေမာင့္မ်က္ႏွာထိုင္ၾကည့္ေနလိုက္တယ္။
"လင္းသန့္...ခဏနားၿပီး...ေရေလးခ်ိဳးရေအာင္ေလ"
အာကာက ေျပာတယ္။
"ဟုတ္သားပဲ ဆရာ...ဆရာလဲပင္ပန္းလာတာ...ေရခ်ိဳး ထမင္းစားလိုက္ပါအုံးလား"
ကိုဝင္းေအာင္လဲ ဝင္ေျပာတယ္။
"ရတယ္...သူနိုးတဲ့အထိ ေစာင့္လိုက္မယ္"
လူကလဲ ေပစုတ္ေနပါၿပီ။
လာခဲ့ရတဲ့ခရီးကေဝးသလို...အေဝးေျပးကားနဲ႕လာရင္ ရန္ကုန္မွာတစ္ညအိပ္ရမွာစိုးလို႔...မအိပ္ဘဲ တန္းၿပီးလာခဲ့တာ ေမာင့္ဆီကို...
ဘာ႐ုပ္ထြက္ေနမလဲ စဥ္းစားၾကည့္...
ဘာ႐ုပ္ထြက္ထြက္ ေမာင္အနား ေနမွာပဲ။
ေမာင္ နဲ႕စကားေတြမေျပာနိုင္ရင္ေတာင္...ေမာင့္မ်က္ဝန္းနက္နက္ေလးကို ျမင္ခ်င္တယ္။
ငယ့္ကို ၾကည့္ရင္ နက္ေနေအာင္စိုက္ၾကည့္ၿပီး ၿပဳံးျပတတ္တဲ့ ေမာင့္အၿပဳံးေတြ လြမ္းလြန္းလို႔ ထိုင္ၾကည့္ပါရေစအုံး။
စကားသံတိုးတိုးေတြေၾကာင့္ ေမာင္ နိုးလာတယ္။
ေဘးမွာထိုင္ေနတဲ့ ငယ့္ကို ျမင္ေတာ့ စိုက္ၿပီးျပည့္ေနတယ္။
ငယ္ လာမယ္ဆိုတာ ေမာင္မသိဘူး။
ဒီေလာက္ျမန္ျမန္ေရာက္လာမယ္လဲ မသိဘူး။
ဒါေပမဲ့...ဒီတိုင္းပဲ စိုက္ၾကည့္ေနတယ္။
ငိုတာေပါ့...ဘာစကားမွ ထြင္မလာနိုင္ေတာ့ဘဲ ေမာင့္လက္ကိုဖြဖြဆြဲယူၿပီး ပါးမွာကပ္ထားတယ္။
မ်က္ရည္ေတြက တာက်ိဳးက်သလိုပဲ။
ေမာင္လဲ ဘာမွမေျပာေသးဘူး။
ငယ့္မ်က္ႏွာကို ေငးၾကည့္ေနတုန္းပဲ။
.
.
တအိအိနဲ႕ငိုရွိုက္ေနတဲ့ ငယ္ေထြးေလး....
ကိုအာကာနဲ႕ေတြ႕ၿပီဆိုရင္ ငယ္ေထြးနဲ႕မဝတ္ရည္သိၾကမွာပဲဆိုေပမဲ့...ဒီေလာက္ျမန္ျမန္ေရာက္လာမယ္မထင္ဘူး။
ကိုအာကာကလဲ ေဆးကုဖို႔ပဲ အာ႐ုံစိုက္ေနတာ..ဘာမွ မေျပာထားဘူး။
ဘဂ်မ္းလဲ ကိုအာကာမေျပာတာမို႔ မေမးရဲဘူး။
ငယ္ေထြး အိမ္ေထာင္က်သြားတာ ျဖစ္နိုင္တယ္ပဲေတြးၿပီးေနရတယ္။
ခု ေမာင့္အနားမွာ ငယ္ေထြးရွိေနတယ္။
ငိုရျပန္ၿပီ။
ေမာင့္အတြက္နဲ႕ ငယ္ေထြးငိုရျပန္ၿပီ။
အားကမရွိျဖစ္ေနၿပီး...လူကႏုန္းခ်ိေနတာမို႔ စကားသံမထြက္နိုင္ဘူး။
လုပ္နိုင္တာဆိုလို႔...ငယ္ေထြးကိုေငးၾကည့္႐ုံသာ။
လြမ္းရသမွ် အတိုးခ်ၿပီး ေငးၾကည့္ေနမိတယ္။
"လင္းသန့္...စိတ္ထိန္းပါကြာ...ဘဂ်မ္း နိုးေနၿပီပဲ...မင္းဘာေျပာခ်င္တာလဲ ေျပာေလ..ၿပီးရင္နားပါအုံး...မင္းပါ လဲသြားလိမ့္မယ္"
"......"
ေခါင္းကို ဘယ္ညာရမ္းၿပီး အာကာ့ေျပာစကားကိုျငင္းတယ္။
ေမာင့္လက္ကိုမလႊတ္နိုင္ဘူး။ စကားလဲမေျပာနိုင္ေသးဘူး။
ကိုဝင္းေအာင္ကေတာ့ အလိုက္တသိပဲ ေရွာင္ေပးပါတယ္။
ဟုတ္တယ္ေလ...သူတို႔က ဘာေတြလဲမသိဘူး..အၾကည့္ေတြကကိုယ္ပါေဘးကေန က်က္သီးထတယ္။
ေနပါအုံး...ေယာက်ားေလးခ်င္းခ်စ္လို႔ရလား။
အာကာကေတာ့ အရာအားလုံးကို နားလည္စြာနဲ႕ပဲ ၾကည့္ေနတယ္။
"လင္းသန့္...ခဏေတာ့စကားေျပာလိုက္..ငါ ကိုဝင္းေအာင္ေနာက္ လိုက္သြားလိုက္အုံးမယ္...ၿပီးရင္ေတာ့ နားေနာ္..ေဟ့ေကာင္...တစ္ေနကုန္ဘဂ်မ္းနားမွာ ထိုင္ေနဖို႔စိတ္မကူးနဲ႕"
"အင္း...."
.
.
.
.
"ေမာင္...."
"ငယ္..ေထြး"
"ေမာင္ရယ္....ဘာလို႔...ငယ့္ကို...ငယ့္ကို"
ေျပာရင္းငိုျပန္ပါသည္။
"မငိုပါနဲ႕ ငယ္ေထြးရယ္....ေမာင္...ေတာင္းပန္ပါတယ္"
တိုးေဖ်ာ့ေနတဲ့ ေမာင့္အသံ...
"ငယ္ေလ...ငယ္ေလ...ေမာင့္ကို လိုက္ရွာေနတာၾကာၿပီ...သိလား..."
"ငယ္ ေထြး ရယ္"
"ေမာင္...ဘာလို႔အဲ့ေလာက္ေပတာလဲ ဟင္...ေနမေကာင္းရင္ ေဆးခန္းျပရမယ္ေလ...ေမာင္ေျပာေတာ့ ငယ့္စကားနားေထာင္မွာပါဆို"
"အင္း...ေမာင္...ေတာထဲမွာမို႔ပါ"
"ေမာင္....ငယ္နဲ႕ျပန္လိုက္ခဲ့ပါ"
"ေန..ပါ..အုံး.ငယ္ေထြးရယ္"
"ဟင့္အင္း ဟင့္အင္း ...မေစာင့္နိုင္ဘူး...ဘာမွ ငယ္မေစာင့္နိုင္ေတာ့ဘူး...ေမာင္သက္သာေအာင္ ျမန္ျမန္လုပ္ပါ...ငယ္ေရာ အာကာေရာရွိတယ္...ငယ္တို႔စကားနားေထာင္ၿပီး ျမန္ျမန္သက္သာေအာင္ေနရမယ္...ငယ္ျပန္ရင္ ေမာင္လိုက္ခဲ့"
"ဒီ မွာ က...ေမာင္..ေလ.."
"ေမာင္...."
ထပ္ၿပီးက်လာျပန္တဲ့ မ်က္ရည္ေတြ....
"ငယ္...မငိုပါနဲ႕ေတာ့ကြာ"
"ေမာင္ မလိုက္ရင္ ငယ္လဲမျပန္ေတာ့ဘူး..ေမာင့္နားမွာပဲေနမယ္"
"ငယ္ ရယ္"
"ေမာင္...ငယ့္ကို သနားပါအုံး...ငယ္ ေမာင့္ကိုလြမ္းလို႔ ေသရေတာ့မယ္...ငယ့္ကိုသနားပါအုံး...ေမာင္ရဲ႕"
ငိုရွိုက္ရင္း...ေတာင္းပန္တယ္...မ်က္ႏွာေလးကသိပ္ကိုသနားဖို႔ေကာင္းတယ္။
ငယ္ေထြးဘဝကို ငယ္ေထြး ဘယ္လိုစီမံလိုက္တာလဲ။
ေမာင့္အတြက္နဲ႕ ဘာေတြစြန့္လႊတ္ခဲ့ရျပန္ၿပီလဲ။
ေမာင္က ငယ့္ကို ဘာမွလုပ္မေပးနိုင္တဲ့သူပါ။
ေမာင့္အတြက္ပဲ မ်က္ရည္က်ရ...ေမာင့္အတြက္ပဲ ပင္ပန္းရတယ္။
ခုလဲ ကြက္ၾကည့္ ကြက္ၾကည့္နဲ႕လူေတြက...
"ငယ္...တိတ္ေတာ့ေနာ္....ငယ္ေထြး ပင္ပန္းလာတာ..နားပါအုံးလား...ေမာင္ သက္သာပါတယ္...ကိုအာကာက ေဆးသြင္းေပးေနတာ ေတာက္ေလွ်ာက္ပဲ..ငယ္ နားလိုက္ပါအုံး"
"ေမာင့္အနားမွာပဲ ေနပါရေစအုံး...ေမာင္ စကားမ်ားမ်ားမေျပာနဲ႕ေတာ့...ေမာင္လဲ နားပါ...ငယ္ ေမာင့္အနားထိုင္ေနရရင္ ရပါၿပီ...ေမာင့္မ်က္ႏွာကို ငယ္ ၾကည့္ေနရရင္ရပါၿပီ...လြမ္းလို႔...အရမ္းလြမ္းလို႔ပါ...ေမာင့္ကို ငယ္အရမ္းလြမ္းလို႔ပါ"
ဘဂ်မ္းပါးျပင္ထက္ေရာက္လာတဲ့ ငယ့္လက္ကေလးေတြ...
တေ႐ြ႕ေ႐ြ႕ တစမ္းစမ္းနဲ႕ေပါ့။
ငယ္ေထြးလဲ မ်က္ႏွာေလးကိုေခ်ာင္က်လိဳ႕...ပင္ပန္းေနၿပီလား ငယ္ေထြးရယ္။
"ေမာင္....ငယ္နဲ႕လိုက္ခဲ့မယ္လို႔ေျပာပါ ေမာင္ရယ္...ေနာ္..ေျပာလိုက္ပါ..ေမာင္ရယ္..."
လက္ကိုဆြဲယူနမ္းရင္း ေတာင္းဆိုတယ္။
ေမာင့္ဆီ လာခ်င္တယ္လို႔ပူဆာစဥ္က အတိုင္းပဲ။
သနားလြန္းလို႔...လူက ႐ူးပါ႐ူးခ်င္တယ္။
ဒီအတိုင္းဆိုရင္ ငယ္ေထြးအိမ္ေထာင္မက်ေသးဘူးေပါ့။
"ငယ္ေထြးရယ္...နားပဲအရင္ နားပါအုံး...ေမာင္နဲ႕ၿပီးမွ စကားေျပာၾကရေအာင္ေလ...ေမာင္ စိတ္ပူတယ္..."
"အင္း..ၿပီးေရာ...ငယ္ခဏ နားလိုက္အုံးမယ္...ညက်ရင္ေတာ့ ေမာင့္အနားမွာအိပ္မွာ"
.
.
.
ေရမိုးခ်ိဳး ထမင္းစားၿပီး လူကဟန္ပင္မေဆာင္နိုင္ပါ။
အိပ္ခ်င္လာတာ...ဒါေပမဲ့ေမာင့္အနား ကုတင္တစ္လုံးေတာင္းၿပီးအိပ္ဖို႔ အာကာကိုေျပာရတယ္။
အာကာက လင္းသန့္ၾကည္ေတာင္းဆိုတဲ့အတိုင္း လုပ္ေပးရွာပါတယ္။
ဘဂ်မ္းအေပၚ လင္းသန့္ၾကည္ထားတဲ့စိတ္ရဲ႕အတိုင္းအတာကို သူတို႔ျမင္ခဲ့ သိခဲ့ၾကတာပဲ။
ေမာင့္အနားအိပ္တယ္....ေမာင့္လက္ကိုဆြဲထားတယ္။
.
.
.
ညေနေစာင္းေတာ့ နိုးလာတယ္။
နိုးတာနဲ႕ ေမာင့္မ်က္ႏွာအရင္ဆုံးလွမ္းၾကည့္တာပဲ။
ေမာင္က ဘယ္ခ်ိန္ကတည္းက ၾကည့္ေနတာလဲမသိ...စိုက္ၾကည့္ေနတာ။
ဟုတ္တယ္...ငယ္လိုခ်င္တာ အဲ့လိုဘဝ...
ဘယ္ခ်ိန္ျဖစ္ျဖစ္ ငယ္သတိရလို႔ၾကည့္မိရင္ ေမာင္အနားမွာရွိေနတာမ်ိဳး...
လြမ္းလာရင္ ေမာင္လက္ေမာင္းေလးမွီၿပီး ခြၽဲခ်င္လာတယ္... ေမာင္အနားမွာ ခုလိုအၿမဲရွိေနမွေပါ့။
"ေမာင္...ေနရတာသက္သာလား...ညေနဆို အဖ်ားတတ္တယ္ဆို...ဘယ္အခ်ိန္ျဖစ္တတ္လဲ"
ကုတင္ေပၚကေနဆင္းရင္း ေမာင့္နဖူးကိုစမ္းတယ္။
"ဒီအခ်ိန္ေလာက္ပဲ ငယ္ေထြး...ညေနေစာင္းဆို တုန္ၿပီးခ်မ္းလာတာ"
"ခုေရာ...ဘယ္လိုလဲ"
"သက္သာပါတယ္...အားေတာ့သိပ္မရွိေပမဲ့ အဖ်ားမတက္ေတာ့ဘူး"
"လူ ေပ ေလး...ဖ်ားတာကိုၾကာရွည္ထားရလားလို႔...ဟင္"
"ေတာထဲမွာေလ..ငယ္ရဲ႕...ေဆးေသာက္ပါတယ္"
တကယ္က ဘဂ်မ္းအလုပ္ေတြမျပတ္လို႔ ေလာဘတက္ၿပီးလုပ္ရင္း အဖ်ားၾကာရွည္သြားတာ။
ေဆးေသာက္တယ္... မိုးလင္းလို႔သက္သာၿပီဆိုရင္ ေမွာ္ထဲဆင္းေတာ့တာပဲ။ ကိုဝင္းေအာင္တားတယ္ မရဘူး။
သူေဌးကလိုက္လာၿပီး ဗန္းေမာက္ၿမိဳ႕ေပၚေခၚတယ္
မရဘူး။
သူကိုယ္တိုင္သူေဌးျဖစ္မွပဲ ဘဂ်မ္းက အလုပ္ကိုပိုၿပီးေလာဘႀကီးတယ္။
ေမွာ္ထဲကျပန္လာရင္ ညေနဆိုဖ်ားေတာ့တာပဲ။
လူငါးေယာက္ေလာက္တက္ဖိထားရတယ္။ အဖ်ားတက္လို႔...တစ္ရက္ေလာက္နားၿပီး သက္သာရင္ ျပန္သြားတာပဲ အလုပ္ေတြဆီကို...
လုံးဝမထနိုင္ေတာ့မွ ထမ္းေခၚလာခဲ့ရတာ။
"ေတာ....ေတာထဲမွာ ေမာင္ ဘာေတြလုပ္ေနလဲ..ဒါေၾကာင့္ ငယ္ရွာလို႔မေတြ႕တာေပါ့"
"ေတာထဲမွာ အလုပ္လုပ္ရတာေပါ့ ငယ္ရယ္"
"ငယ္နဲ႕ပဲေနပါေတာ့ေနာ္...ေမာင္..ေနာ္...ငယ္ေနာက္ကိုလိုက္ခဲ့ေနာ္"
အရမ္းလြမ္းေနရတဲ့မ်က္ႏွာေလး...အသံေလး...စကားေလးေတြပါ...ငယ္ေထြးရယ္။
တစိမ့္စိမ့္စိုက္ၾကည့္ၿပီး ဘာမွမေျပာဘူး...ေငးေနတာ။
"ဟင့္...ေမာင္ရယ္...ေနာ္...ေနာ္ပါေနာ္...ေနာ္လို႔ေနာ္...လိုက္ခဲ့မယ္မွလား"
ဘာစကားမွမေျပာဘဲ ေငးေနတဲ့ ဘဂ်မ္းကိုစိတ္မရွည္လာေတာ့ မ်က္ႏွာေလးကကပ္လာၿပီး...ဘဂ်မ္းကိုနမ္းဖို႔လုပ္တယ္။
"ဘဂ်မ္း....အာ့...ေအာ္...ေဟ့ေကာင္ေရ"
အိပ္ေနတုန္းက အာကာက ကန့္လန့္ကာေလးပိတ္ထားေပးခဲ့တာ...ေဘးလူေတြစပ္စုတာသူလဲ ျမင္ေနရလို႔။
ကိုဝင္းေအာင္က ကန့္လန့္ကာေလး လွပ္ၿပီးဝင္အလာ...ဘဂ်မ္းတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး သူကတျပန္စီးရွက္သြားရွာတယ္။
ကေလးအေဖျဖစ္ၿပီး...သူကပဲ ရွက္ရတယ္ရွိေသး။
.
.
.
.
ဆက္ရန္