မိုးကောင်းကင်နှင့်ကမ္ဘာမြေ...

By SpringGenAerri

776K 71.2K 3.3K

မိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစ... More

part(1)
part(2)
part(3)
part(4)
part(5)
part(6)
part(7)
part(8)
part(9)
part(10)
part(11)
part(12)
part(13)
part(14)
part(15)
part(16)
part(17)
part(18)
part(19)
part(20)
part(21)
part(22)
part(23)
part(24)
part(25)
part(26)
part(27)
part(28)
part(29)
part(30)
part(31)
part(32)
part(33)
part(34)
part(35)
part(36)
part(37)
part(38)
part(39)
part(40)
part(41)
part(42)
part(43)
part(44)
part(45)
part(46)
part(47)
part(48)
part(49)
part(50)
part(51)
part(52)
part(53)
part(54)
part(55)
part(56)
part(57)
part(58)
part(59)
part(60)
part(61)
part(62)
part(63)
part(64)
part(66)
part(67)
part(68)
part(69)🍧🍧🍧
part(70)
part(71)ဇာတ်သိမ်းပိုင်း
မောင့်အကြောင်းလေးတွေ
ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥
အကြင်နာနှင့် နွေးထွေးသော အရိပ်
အကြင်နာ ဝေမျှခြင်း♥
ယနေ့မှစ နှစ်တစ်ရာတိုင်
နွေးထွေးစွာအေးမြလေသော အကြင်နာ♥

part (65)

9K 815 63
By SpringGenAerri

အချိန်တွေကြာလေ...ပိုလွမ်းလေ

လင်းသန့်ကြည် အရင်ဦးဆုံး မောင်ရှိနိုင်မဲ့နေရာလို့ယူဆတဲ့ မောင်တို့ရွာတွေဘက်ကိုစပြီးသွားတယ်။
ရွာနာမည်လဲ မသိရတော့...ပတ်ဝန်းကျင်ရွာစဥ်လှည့်ပတ်ပြီးသွားတယ်။
ဒါပေမဲ့ မောင်နေတဲ့ရွာနဲ့မနီးစပ်ပြန်ဘူးထင်ပါရဲ့..ရှာမတွေ့ခဲ့ဘူး။
ခက်တာက အဖွဲ့အစည်းနဲ့အလုပ်လုပ်ရတာဆိုတော့ ကိုယ်က ကိုယ့်ကိစ္စရှိလို့နေခဲ့ချင်တယ်တွေ ဘာတွေလုပ်လို့မရဘူး။
တာဝန်ကရှိသေးတာ...အတတ်နိုင်ဆုံးနီးစပ်ရာမြို့တွေ ရွာတွေလျှောက်သွားခဲ့ပေမဲ့ အချိန်အတိုင်းအတာရှိတော့ စုံအောင်တော့မရှာခဲ့ရဘူး။
မမောသေးဘူး...ဘယ်နေရာရောက်ရောက်...
မောင့်ကိုရှာတာ မမောသေးဘူး။
အလုပ်တစ်ဖက် မောင့်ကိုရှာတာတစ်ဖက်ပေါ့။

ရန်ကုန်အိမ်ကိုလဲပြန်မရောက်တာ ကြာပြီ။
ကိစ္စရှိလို့ အစည်းအဝေးရှိလို့ ရန်ကုန်တက်လာမှတွေ့ကြရတော့တယ်။ များသောအားဖြင့် နယ်မှာပဲ လင်းသန့်ကြည်လျှောက်သွားပြီး နေတယ်။
မောင် ရန်ကုန်မြို့ပေါ်မှာမရှိနိုင်ဘူးရယ်လို့တော့ စိတ်ကအလိုလိုသိတယ်။

တစ်နှစ်...တစ်နှစ်ကြာခဲ့ပြီ။
မောင် ထားခဲ့တာ တစ်နှစ်ကြာခဲ့ပြီ။
တစ်ရက်မှမေ့မရဘူး ...ပိုတိုးလာတဲ့ အလွမ်းတွေပဲရှိတယ်။
.
.
.
.
လင်းသန့်ကအနားမှာမရှိတဲ့အတွက် ဆေးခန်းကိစ္စလေးတွေမှာ ဝတ်ရည်အတွက်အခက်အခဲလေးတွေရှိတယ်။ အာကာကလဲ နီးနီးနားနားဆေးရုံမှာတာဝန်ကျတာမဟုတ်တော့ ဝတ်ရည်ကိုတစ်ပတ်နှစ်ရက် သုံးရက်ထက်ပိုမကူနိုင်ဘူး။
အကူဆရာဝန်ခေါ်လို့ရတာပေမဲ့ လင်းသန့်နေရာကို ဘယ်သူမှ အစားမထိုးချင်ဘူး။ လင်းသန့်ပြန်ရောက်လာရင် ပြန်ထိုင်လိမ့်မယ်ပဲတွေးတယ်။
ဆေးခန်းလေးကရတဲ့ဝင်ငွေကိုလဲ လင်းသန့်ဝေစု လတိုင်းဖယ်တယ်။

တကယ်တော့...ဝတ်ရည်နဲ့အာကာလဲ ဘဂျမ်းကိုကြိတ်ပြီးရှာနေကြပါပြီ။
အချိန်ကြာရင် မေ့သွားလောက်မှာပါ။
မိဘစီစဥ်တာ လက်ခံလိုက်မှာပါလို့ ထင်မိခဲ့ပေမဲ့ လင်းသန့်အရမ်းကို အစွဲအလန်းကြီးတယ်။
ဘဂျမ်းအပေါ် ထင်ထားတာထက်ပိုတယ်။
ဒါကြောင့် သွေးအေးသွားမလားကယ်လို့ အချိန်အတိုင်းအတာတစ်ခုထိ စောင့်ခဲ့ကြပေမဲ့ ထင်သလိုမဖြစ်ခဲ့ဘူး။
ဒါကြောင့် ဝတ်ရည်နဲ့အာကာနဲ့လဲ ရှာနိုင်သလောက်ရှာကြရတော့တယ်။
လင်းသန့်တစ်ဘဝလုံး ဒီလိုမျောသွားမှာထက်စာရင် ဘဂျမ်းကိုရှာပြီး ဘဂျမ်းလက်ထဲထည့်လိုက်တာက ပိုကောင်းမယ်။
.
.
.
.

ဒုတိယနှစ်...ငယ်ထွေးကိုလွမ်းရတာ ခုဆို နှစ်နှစ်ရှိခဲ့ပြန်ပြီ။ လွမ်းနေဆဲပါပဲ ငယ်ထွေးရယ်။

ဗန်းမောက်မှာတော့...ဘဂျမ်းအလုပ်တွေ အဆင်ပြေတယ်။ သူဌေးကောင်းနဲ့တွေ့ပြီး မိတ်ဆွေကောင်းစောင့်ရှောက်တဲ့အတွက် ဘဂျမ်းဘဝ တစ်ဆစ်ချိုးပြောင်းခဲ့ရပြီ။
ဘဂျမ်းက မိဘအပေါ်သိတတ်တယ်။
အပေါင်းအသင်းမိတ်ဆွေအပေါ်လဲ သိတတ်တယ်။
မဟုတ်တာ မလုပ်ခဲ့..မပြောခဲ့တဲ့လူ။
လူ့ကံကြမ္မာဆိုတာ သူလုပ်ခဲ့တဲ့လုပ်ရပ်အပေါ်ပဲမူတည်တာပါ။
အတိတ်ကံနည်းပါးခဲ့ပေမဲ့ ပစ္စုပန်မှာတော့ ဘဂျမ်းအသက်ရှင်နေထိုင်မှုက ရိုးရှင်းတယ်။
ဒါကြောင့် ကံအလှည့်အပြောင်းမှာ ကူညီစောင့်ရှောက်မဲ့သူတွေနဲ့ တွေ့ရတယ်။

ခုဆို...ဘဂျမ်း လုပ်ကွက်တွေတိုးပြီးလုပ်လာရတယ်။
ကိုယ်ပိုင်လုပ်ကွက်တွေ ဝင်ဆွဲနိုင်ပြီ။
ဆွဲသမျှ လုပ်ကွက် ရွှေအောင်တယ်။
တကယ်ပဲ ဒီအလုပ်က ဘဂျမ်းနဲ့အကျိုးပေးတယ်ပဲ ပြောရမယ်။
ဘဂျမ်း ငွေတွေအများကြီးရှာနိုင်ခဲ့ပြီ။
အချိန်နှစ်နှစ်အတွင်းမှာ သင့်တင့်တဲ့ပိုင်ဆိုင်မှရှိခဲ့ပြီ။
တစ်ခုပဲ... ဘယ်လောက်ပဲ အခြေအနေပြောင်းလဲသွားပါစေ။ ငယ်ထွေးကို မေ့မရနိုင်ဘူး။
တစ်ခါတစ်လေ တွေးမိတယ်...ပိုင်ရှင်ရှိသွားတဲ့ ငယ်ထွေးကိုလွမ်းနေရတာ အပြစ်တွေများဖြစ်နေမလားလို့လေ။

ဘဂျမ်းက ရွှေလုပ်ကွက်တွေ ပိုများလာတယ်။ အလုပ်သမားတွေလဲ ထပ်ပြီးခေါ်ရတယ်။
ဒါပေမဲ့ ကိုယ့်သူဌေးကုမ္ပဏီလက်အောက်ကနေပဲ သွားတယ်။ ဘယ်တော့မှ ကိုယ့်ပစ္စည်းတွေကို တခြားကုမ္ပဏီကိုမရောင်းဘူး။
ထွက်လာတဲ့ကုန်ကြမ်းကို အချောဖြစ်ဖို့လဲ အဆင့်ဆင့်လိုသေးတာကိုး။
သူဌေးကတော့ အချောထည်ပိုင်းကို တစ်ဆင့်တက်တယ်။ အကြမ်းပိုင်းတော်တော်များများက ဘဂျမ်းလက်ထဲရောက်လာတယ်ပေါ့။
တောထဲကကို မထွက်ဘူး...ဘဂျမ်းအလုပ် လုပ်ချက်တွေက...ကိုဝင်းအောင် တားယူနေရတယ်။
ဘာကြောင့်ဆို...ဘဂျမ်းက အဖျားအနာသတိထားရတယ်။ ဘဂျမ်းက ရာသီအေးလို့လဲ အရက်သောက်ပြီးနွေးအောင်မလုပ်တဲ့သူဆိုတော့ အဖျား အနာမကင်းဘူး။
အလုပ်ကို ကိုယ်တိုင်ဖိဖိစီစီးလုပ်ရင်း တောထဲမှာပဲအချိန်ပြည့်ရှိနေတတ်တယ်။
ပိုက်ဆံ အတော်အသင့်ချမ်းသာပြီဆိုပေမဲ့ ဘဂျမ်းအနေအစား ပြောင်းလဲသွားတာဘာမှမရှိဘူး။
အရင်အတိုင်းပဲ....
ကုန်ကုန်ပြော​ပြရရင်...မှော်ထဲကို လာတုန်းကယူလာတဲ့အဝတ်ပဲဝတ်တယ်။ တစ်ထည်မှ အသစ်မဝယ်ဘူး။
တစ်ချို့အိကျီလေးတွေဆို ပေါက်ပြဲနေပြီ..ဒါပေမဲ့ လွှတ်မပစ်ဘူး...ဝတ်နေတုန်းပဲ။
ဘဂျမ်းအားလုံးနားလည်ပေးပေမဲ့ သူ့အဝတ်တွေကို မှားဝတ်တာမျိုးကိုတော့ ခွင့်မလွှတ်ဘူး။

.
.
.
ဝတ်ရည်နဲ့အာကာတို့က စေ့စပ်တာ နှစ်နှစ်ကြာခဲ့ပြီ။
ဒါကြောင့် နောက်ထပ်နှစ်နှစ်လောက်မှာ လက်ထပ်ဖို့ စီစဥ်ထားတယ်...တွေးထားကြတယ်ပေါ့။
လက်ထပ်ပြီးရင် ဆေးခန်းကိုတိုးချဲ့ကြဖို့လဲရှိတယ်။
လက်ထပ်ရင် ရန်ကုန်မှာအ​ခြေချကြဖို့ပဲရှိတာကြောင့်...လတ်တလောမှာ လက်မထပ်ခင် နယ်မှာတာဝန်ထမ်းဆောင်ဖို့ အာကာကပြောတယ်။ ဝတ်ရည်က ဆေးခန်းအလုပ်ပဲဆက်လုပ်ရချင်လဲလုပ်ရတော့မှာ။ လိုအပ်ရင်အလုပ်ထွက်လိုက်လို့ရတယ်။ ပြင်ပကုသရေးဘက်ကို အားသန်ခဲ့ရင်ပေါ့လေ။
အာကာကတော့ နှစ်ယောက်မှာတစ်ယောက်ကအစိုးရဝန်ထမ်းအဖြစ်လုပ်ချင်တာကြောင့် လူလွတ်ဖြစ်တုန်း နယ်ဘက်ကို တာဝန်ထမ်းဆောင်ဖို့ စီစဥ်လိုက်တော့တယ်။

လင်းသန့်ကြည်ကတော့ ခုထိ ရန်ကုန်ကိုပြန်မလာသေးဘူး။
နယ်တကာနယ်စုံအောင်သွားနေတာပဲ။
ဝတ်ရည်နဲ့အာကာက ဘဂျမ်းသတင်းလဲစုံစမ်းချင်တာကြောင့် လင်းသန့်ကြည်သွားခဲ့ပြီးသားနေရာတွေ ရောက်ခဲ့ပြီးသားနယ်တွေကိုအကုန်ရှောင်ပြီး...ပြောင်းရွေ့ဖို့ရွေးချယ်ကြတယ်။
ခက်တာက...ကိုယ်သွားချင်တိုင်းကသွားလို့မရဘူး။
ဆရာဝန်အင်အားနည်းပြီး တကယ်လိုအပ်တဲ့နေရာကိုပဲ သွားရမှာ။
ဝန်ထမ်းလစ်လပ်နေရာမရှိရင် သွားလို့ကမရဘူး။
အာကာနဲ့ဝတ်ရည်က ပါပါးအကူအညီနဲ့ပဲ လစ်လပ်နေရာရှိပြီး သင့်တော်ဆုံးနေရာ...လင်းသန့်လဲမသွားရသေးတဲ့နေရာတွေကို​ရွေးကြည့်တော့ နှစ်မြို့ပဲရှိတယ်။
တစ်မြို့က ရခိုင်နယ်စပ်နေရာဖြစ်ပြီး...တစ်မြို့က ဗန်းမောက်တဲ့....

နေရာဒေသတွေ လုပ်ရမဲ့အလုပ်တွေ လိုအပ်တာတွေအားလုံးလေ့လာပြီးအစီအစဥ်ချလိုက်တော့...ဗန်းမောက်ကိုရွေးလိုက်ကြတယ်။
အာကာ...တာဝန်နဲ့ ဗန်းမောက်ဆေးရုံကိုရောက်သွားပါတယ်။
.
.
.
.

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့လေး...
နယ်မြို့ရဲ့ဂုဏ်အင် ပြည့်စုံပါတယ်။
ဒေသစာ ရိုးရာလုပ်ငန်းတွေနဲ့စည်ပင်ဝပြောတယ်လို့ပြောလို့ရပါတယ်။
သူဌေးများရွှေတူးကာနေရာနဲ့နီးတာကြောင့် စည်ကားတယ်လို့ပြောလို့ကတဲ့ နယ်မြို့ပါပဲ။

အာကာ တာဝန်ကျတာ နှစ်လလောက်ကြာတော့...မိုးဦးရာသီရောက်ပြီ။
ဆေးရုံမှာ တာဝန်တွေများတယ်။
ပြီးတော့ အာကာကအပြင်ဆေးခန်းတစ်ခုမှာလဲ ထိုင်ပေးသေးတယ်။ ဒီရောက်မှ ခင်တာဆိုပေမဲ့ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဆိုတော့ မြို့ခံဆရာဝန်နဲ့အဆင်ပြေတယ်။ သူ့ဆေးခန်းကိုကူထိုင်ပေးဖြစ်တယ်ပေါ့။

တစ်ရက် အာကာဆေးခန်းထိုင်နေတုန်း ဆေးခန်းရှေ့မှာ ကားတစ်စီးထိုးရပ်လိုက်တယ်။
ကားအကောင်းစားကြီးနဲ့ လူသုံးယောက်ဆင်းလာတာတွေ့တယ်။
နှစ်ယောက်က ဝတ်စားထားတာလဲ အတော်ကောင်းကောင်းပဲမို့ သူဌေးတွေဖြစ်မှန်းသိရတယ်။
အလယ်မှာ နေမကောင်းတဲ့သူတစ်ယောက်ကိုတွဲလာတယ်။

အာကာစိတ်ထင်တာက အလုပ်သမားတစ်ယောက်နေမကောင်းလို့ သူဌေးဆေးခန်းလာပြပေးတယ်ပေါ့။
ထူးတော့ထူးဆန်းတယ်...ဘယ်သူဌေးမှ ကိုယ်တိုင်တော့အလုပ်သမားကိုဆေးခန်းလိုက်ပို့မပေးကြပါဘူး။
အလွန်ဆုံးလိုက်ပို့ပေးမှ...အလုပ်သမားခေါင်းဆောင်လောက်ပဲ ပါလာတတ်ကြတာပါ။

ဒီသူဌေးတွေက ကိုယ်တိုင်တောင်တွဲပို့ပေးကြတယ်။
နေမကောင်းတဲ့သူကိုကြည့်တော့လဲ အလုပ်သမားပုံပါပဲ။
တီရှပ်အနွမ်းလေးနဲ့ ဂျင်းဘောင်းဘီကအရောင်မွဲနေပြီ။

အနားကိုရောက်လာမှ...အာကာသေချာကြည့်မိတာ။
ဘဂျမ်း....ဘဂျမ်းရယ်...
အာကာရင်ထဲ ဒိန်းကနဲတောင်​​ဖြစ်မိတယ်။
ရင်တွေ တဆတ်ဆတ်တုန်လာပြီး....ဘာမှမမေးဘဲ ကြောင်ကြည့်နေမိတယ်။
သေချာတယ်...ပိန်သွားပေမဲ့...ဘဂျမ်းပဲ...သူက ဘဂျမ်းပါပဲ...
မြန်မာပြည်အနှံ့ လင်းသန့်ကြည် ခြေတိုအောင် လိုက်ရှာနေတဲ့..
ဝတ်ရည်နဲ့အာကာ လက်လှမ်းမှီသမျှရှာနေရတဲ့ ဘဂျမ်းပါပဲ။

"ဘဂျမ်း..."

အာကာကြိုးစားပြီးခေါ်ရတယ်။
ဘဂျမ်းလဲ သူ့နာမည်ခေါ်သံကြားမှ ခေါင်းကိုမနည်းထူပြီးကြည့်တယ်။

"ကို...ကိုအာကာ..ဘယ်လို...လုပ်ပြီး"

"လာ...လာ..ဘဂျမ်း..ဘာဖြစ်တာလဲ"

ကုတင်ပေါ်တင်ပေးဖို့ ပြောရသည်။
အတော်လေး အားနည်းနေတဲ့ပုံပါပဲ။

"ဆရာရယ်...ကုပေးပါအုံး...ဆရာနဲ့ဘဂျမ်းအသိတွေလား..ဟင်...လုပ်ပါအုံး..ဆရာ"

ကိုဝင်းအောင်က ဘေးကနေပူပန်ကြီးစွာပြောသည်။
လိုအပ်မယ်ထင်တဲ့ ကုသမှုကိုအရင်လုပ်ရတယ်။
ကျန်တာတွေ နောက်မှမေးမယ်။

"ဘဂျမ်း...ငှက်ဖျားဖြစ်နေတာ...ဆေးရုံချက်ချင်းတက်ပါ...ကျွန်တော်စီစဥ်လိုက်မယ်"

ဘဂျမ်းက အားအင်ဖျော့တော့စွာငေးရီရီကြည့်နေသည်။ အာကာကိုတွေ့တော့ အံသြတာလဲပါသလို သတိရသွားတဲ့တစ်စုံတစ်ယောက်ကြောင့်လဲပါတာပေါ့။
စကားတွေအထွေအထူးမပြောနိုင်ကြသေးပါ။
ဘဂျမ်းဆေးရုံတက်ဖို့လုပ်ကြရသည်။
ဆေးခန်းလိုက်ပြပေးတာက ဘဂျမ်းတို့သူဌေးလို့သိရတယ်။ နောက်တစ်ယောက်ကရန်ကုန်ကတည်းက ညီအကိုလိုခင်တဲ့တစ်ယောက်တဲ့..သူလဲသူဌေးပဲတဲ့...ဘဂျမ်းကိုယ်တိုင်လဲ သူဌေးပဲတဲ့လေ။

.
.
.
ပထမဆုံး ဝတ်ရည်ကိုဖုန်းဆက်အကြောင်းကြားရသည်။
ဝတ်ရည် ငိုပါငိုသည်။
လင်းသန့်ကိုလဲ ဖုန်းဆက်ပါ ကိုကိုရယ်ဆိုပြီး ငိုနေတော့သည်။
မချော့နိုင်သေး..ဝတ်ရည်ကိုမချော့နိုင်သေး..

.
.
.

လင်းသန့်ကြည် တည်းခိုရာနေရာရောက်မှ ဖုန်းကိုဖွင့်ကြည့်မိသည်။
အလုပ်များနေတာမို့ ဖုန်းသံမကြားမိ။
ဖုန်းတစ်ခြါး လူတခြါး ဖြစ်နေခဲ့တာ။
ဖုန်းခေါ်တာကြည့်လိုက်တော့...အာကာ...
ဘာကိစ္စပါလိမ့်...

"အေး...အာကာ...မင်းဖုန်းခေါ်ထားလို့...ခုမှတွေ့တာ...ပြောလေ..ဘာတုန်း"

"လင်းသန့်...မင်း...မင်း...စိတ်အေးအေးထားနော်"

"အင်း...အေးပါတယ်...ဘာဖြစ်လို့လဲ"

"ငါ...ငါ...ဘဂျမ်းကိုရှာတွေ့ပြီ"

"ဘာ...ဘာဖြစ်တယ်..အာကာ...မင်း...
တကယ်..တကယ်..ပြောတာလား.."

"အေး...တွေ့ပြီ"

"တကယ်...တကယ်ပေါ့နော်...ငါ..လာမယ်..ငါလိုက်လာခဲ့မယ်...ငါ..ချက်ချင်းလာမယ်"

"မင်းစိတ်ကိုထိန်းနော်...ဘဂျမ်းကဆေးရုံတက်နေရတယ်"
.
.
.

.
.
မောင်.....မောင်ရေ...မောင်ဘာမှမဖြစ်ပါနဲ့....မောင်ဘာမှမဖြစ်လိုက်ပါနဲ့...မောင့်ဆီကို လာမယ်....လာခဲ့မယ်...မောင်ရေ...မောင်ရေ..

လက်တွေတုန် ရင်တွေတုန် ခြေထောက်တွေဆက်မထောက်နိုင်လောက်အောင်ပင်...
ဝမ်းနည်းခြင်းရော..ဝမ်းသာခြင်းရောပေါင်းကာ...လင်းသန့်ကြည်ငိုလို့မဆုံးတော့ပါ။
.
.
.

ဆက်ရန်.....

Zawgyi

အခ်ိန္ေတြၾကာေလ...ပိုလြမ္းေလ

လင္းသန့္ၾကည္ အရင္ဦးဆုံး ေမာင္ရွိနိုင္မဲ့ေနရာလို႔ယူဆတဲ့ ေမာင္တို႔႐ြာေတြဘက္ကိုစၿပီးသြားတယ္။
႐ြာနာမည္လဲ မသိရေတာ့...ပတ္ဝန္းက်င္႐ြာစဥ္လွည့္ပတ္ၿပီးသြားတယ္။
ဒါေပမဲ့ ေမာင္ေနတဲ့႐ြာနဲ႕မနီးစပ္ျပန္ဘူးထင္ပါရဲ႕..ရွာမေတြ႕ခဲ့ဘူး။
ခက္တာက အဖြဲ႕အစည္းနဲ႕အလုပ္လုပ္ရတာဆိုေတာ့ ကိုယ္က ကိုယ့္ကိစၥရွိလို႔ေနခဲ့ခ်င္တယ္ေတြ ဘာေတြလုပ္လို႔မရဘူး။
တာဝန္ကရွိေသးတာ...အတတ္နိုင္ဆုံးနီးစပ္ရာၿမိဳ႕ေတြ ႐ြာေတြေလွ်ာက္သြားခဲ့ေပမဲ့ အခ်ိန္အတိုင္းအတာရွိေတာ့ စုံေအာင္ေတာ့မရွာခဲ့ရဘူး။
မေမာေသးဘူး...ဘယ္ေနရာေရာက္ေရာက္...
ေမာင့္ကိုရွာတာ မေမာေသးဘူး။
အလုပ္တစ္ဖက္ ေမာင့္ကိုရွာတာတစ္ဖက္ေပါ့။

ရန္ကုန္အိမ္ကိုလဲျပန္မေရာက္တာ ၾကာၿပီ။
ကိစၥရွိလို႔ အစည္းအေဝးရွိလို႔ ရန္ကုန္တက္လာမွေတြ႕ၾကရေတာ့တယ္။ မ်ားေသာအားျဖင့္ နယ္မွာပဲ လင္းသန့္ၾကည္ေလွ်ာက္သြားၿပီး ေနတယ္။
ေမာင္ ရန္ကုန္ၿမိဳ႕ေပၚမွာမရွိနိုင္ဘူးရယ္လို႔ေတာ့ စိတ္ကအလိုလိုသိတယ္။

တစ္ႏွစ္...တစ္ႏွစ္ၾကာခဲ့ၿပီ။
ေမာင္ ထားခဲ့တာ တစ္ႏွစ္ၾကာခဲ့ၿပီ။
တစ္ရက္မွေမ့မရဘူး ...ပိုတိုးလာတဲ့ အလြမ္းေတြပဲရွိတယ္။
.
.
.
.
လင္းသန့္ကအနားမွာမရွိတဲ့အတြက္ ေဆးခန္းကိစၥေလးေတြမွာ ဝတ္ရည္အတြက္အခက္အခဲေလးေတြရွိတယ္။ အာကာကလဲ နီးနီးနားနားေဆး႐ုံမွာတာဝန္က်တာမဟုတ္ေတာ့ ဝတ္ရည္ကိုတစ္ပတ္ႏွစ္ရက္ သုံးရက္ထက္ပိုမကူနိုင္ဘူး။
အကူဆရာဝန္ေခၚလို႔ရတာေပမဲ့ လင္းသန့္ေနရာကို ဘယ္သူမွ အစားမထိုးခ်င္ဘူး။ လင္းသန့္ျပန္ေရာက္လာရင္ ျပန္ထိုင္လိမ့္မယ္ပဲေတြးတယ္။
ေဆးခန္းေလးကရတဲ့ဝင္ေငြကိုလဲ လင္းသန့္ေဝစု လတိုင္းဖယ္တယ္။

တကယ္ေတာ့...ဝတ္ရည္နဲ႕အာကာလဲ ဘဂ်မ္းကိုႀကိတ္ၿပီးရွာေနၾကပါၿပီ။
အခ်ိန္ၾကာရင္ ေမ့သြားေလာက္မွာပါ။
မိဘစီစဥ္တာ လက္ခံလိုက္မွာပါလို႔ ထင္မိခဲ့ေပမဲ့ လင္းသန့္အရမ္းကို အစြဲအလန္းႀကီးတယ္။
ဘဂ်မ္းအေပၚ ထင္ထားတာထက္ပိုတယ္။
ဒါေၾကာင့္ ေသြးေအးသြားမလားကယ္လို႔ အခ်ိန္အတိုင္းအတာတစ္ခုထိ ေစာင့္ခဲ့ၾကေပမဲ့ ထင္သလိုမျဖစ္ခဲ့ဘူး။
ဒါေၾကာင့္ ဝတ္ရည္နဲ႕အာကာနဲ႕လဲ ရွာနိုင္သေလာက္ရွာၾကရေတာ့တယ္။
လင္းသန့္တစ္ဘဝလုံး ဒီလိုေမ်ာသြားမွာထက္စာရင္ ဘဂ်မ္းကိုရွာၿပီး ဘဂ်မ္းလက္ထဲထည့္လိုက္တာက ပိုေကာင္းမယ္။
.
.
.
.

ဒုတိယႏွစ္...ငယ္ေထြးကိုလြမ္းရတာ ခုဆို ႏွစ္ႏွစ္ရွိခဲ့ျပန္ၿပီ။ လြမ္းေနဆဲပါပဲ ငယ္ေထြးရယ္။

ဗန္းေမာက္မွာေတာ့...ဘဂ်မ္းအလုပ္ေတြ အဆင္ေျပတယ္။ သူေဌးေကာင္းနဲ႕ေတြ႕ၿပီး မိတ္ေဆြေကာင္းေစာင့္ေရွာက္တဲ့အတြက္ ဘဂ်မ္းဘဝ တစ္ဆစ္ခ်ိဳးေျပာင္းခဲ့ရၿပီ။
ဘဂ်မ္းက မိဘအေပၚသိတတ္တယ္။
အေပါင္းအသင္းမိတ္ေဆြအေပၚလဲ သိတတ္တယ္။
မဟုတ္တာ မလုပ္ခဲ့..မေျပာခဲ့တဲ့လူ။
လူ႕ကံၾကမၼာဆိုတာ သူလုပ္ခဲ့တဲ့လုပ္ရပ္အေပၚပဲမူတည္တာပါ။
အတိတ္ကံနည္းပါးခဲ့ေပမဲ့ ပစၥဳပန္မွာေတာ့ ဘဂ်မ္းအသက္ရွင္ေနထိုင္မႈက ရိုးရွင္းတယ္။
ဒါေၾကာင့္ ကံအလွည့္အေျပာင္းမွာ ကူညီေစာင့္ေရွာက္မဲ့သူေတြနဲ႕ ေတြ႕ရတယ္။

ခုဆို...ဘဂ်မ္း လုပ္ကြက္ေတြတိုးၿပီးလုပ္လာရတယ္။
ကိုယ္ပိုင္လုပ္ကြက္ေတြ ဝင္ဆြဲနိုင္ၿပီ။
ဆြဲသမွ် လုပ္ကြက္ ေ႐ႊေအာင္တယ္။
တကယ္ပဲ ဒီအလုပ္က ဘဂ်မ္းနဲ႕အက်ိဳးေပးတယ္ပဲ ေျပာရမယ္။
ဘဂ်မ္း ေငြေတြအမ်ားႀကီးရွာနိုင္ခဲ့ၿပီ။
အခ်ိန္ႏွစ္ႏွစ္အတြင္းမွာ သင့္တင့္တဲ့ပိုင္ဆိုင္မွရွိခဲ့ၿပီ။
တစ္ခုပဲ... ဘယ္ေလာက္ပဲ အေျခအေနေျပာင္းလဲသြားပါေစ။ ငယ္ေထြးကို ေမ့မရနိုင္ဘူး။
တစ္ခါတစ္ေလ ေတြးမိတယ္...ပိုင္ရွင္ရွိသြားတဲ့ ငယ္ေထြးကိုလြမ္းေနရတာ အျပစ္ေတြမ်ားျဖစ္ေနမလားလို႔ေလ။

ဘဂ်မ္းက ေ႐ႊလုပ္ကြက္ေတြ ပိုမ်ားလာတယ္။ အလုပ္သမားေတြလဲ ထပ္ၿပီးေခၚရတယ္။
ဒါေပမဲ့ ကိုယ့္သူေဌးကုမၸဏီလက္ေအာက္ကေနပဲ သြားတယ္။ ဘယ္ေတာ့မွ ကိုယ့္ပစၥည္းေတြကို တျခားကုမၸဏီကိုမေရာင္းဘူး။
ထြက္လာတဲ့ကုန္ၾကမ္းကို အေခ်ာျဖစ္ဖို႔လဲ အဆင့္ဆင့္လိုေသးတာကိုး။
သူေဌးကေတာ့ အေခ်ာထည္ပိုင္းကို တစ္ဆင့္တက္တယ္။ အၾကမ္းပိုင္းေတာ္ေတာ္မ်ားမ်ားက ဘဂ်မ္းလက္ထဲေရာက္လာတယ္ေပါ့။
ေတာထဲကကို မထြက္ဘူး...ဘဂ်မ္းအလုပ္ လုပ္ခ်က္ေတြက...ကိုဝင္းေအာင္ တားယူေနရတယ္။
ဘာေၾကာင့္ဆို...ဘဂ်မ္းက အဖ်ားအနာသတိထားရတယ္။ ဘဂ်မ္းက ရာသီေအးလို႔လဲ အရက္ေသာက္ၿပီးႏြေးေအာင္မလုပ္တဲ့သူဆိုေတာ့ အဖ်ား အနာမကင္းဘူး။
အလုပ္ကို ကိုယ္တိုင္ဖိဖိစီစီးလုပ္ရင္း ေတာထဲမွာပဲအခ်ိန္ျပည့္ရွိေနတတ္တယ္။
ပိုက္ဆံ အေတာ္အသင့္ခ်မ္းသာၿပီဆိုေပမဲ့ ဘဂ်မ္းအေနအစား ေျပာင္းလဲသြားတာဘာမွမရွိဘူး။
အရင္အတိုင္းပဲ....
ကုန္ကုန္ေျပာ​ျပရရင္...ေမွာ္ထဲကို လာတုန္းကယူလာတဲ့အဝတ္ပဲဝတ္တယ္။ တစ္ထည္မွ အသစ္မဝယ္ဘူး။
တစ္ခ်ိဳ႕အိက်ီေလးေတြဆို ေပါက္ၿပဲေနၿပီ..ဒါေပမဲ့ လႊတ္မပစ္ဘူး...ဝတ္ေနတုန္းပဲ။
ဘဂ်မ္းအားလုံးနားလည္ေပးေပမဲ့ သူ႕အဝတ္ေတြကို မွားဝတ္တာမ်ိဳးကိုေတာ့ ခြင့္မလႊတ္ဘူး။

.
.
.
ဝတ္ရည္နဲ႕အာကာတို႔က ေစ့စပ္တာ ႏွစ္ႏွစ္ၾကာခဲ့ၿပီ။
ဒါေၾကာင့္ ေနာက္ထပ္ႏွစ္ႏွစ္ေလာက္မွာ လက္ထပ္ဖို႔ စီစဥ္ထားတယ္...ေတြးထားၾကတယ္ေပါ့။
လက္ထပ္ၿပီးရင္ ေဆးခန္းကိုတိုးခ်ဲ့ၾကဖို႔လဲရွိတယ္။
လက္ထပ္ရင္ ရန္ကုန္မွာအ​ေျခခ်ၾကဖို႔ပဲရွိတာေၾကာင့္...လတ္တေလာမွာ လက္မထပ္ခင္ နယ္မွာတာဝန္ထမ္းေဆာင္ဖို႔ အာကာကေျပာတယ္။ ဝတ္ရည္က ေဆးခန္းအလုပ္ပဲဆက္လုပ္ရခ်င္လဲလုပ္ရေတာ့မွာ။ လိုအပ္ရင္အလုပ္ထြက္လိုက္လို႔ရတယ္။ ျပင္ပကုသေရးဘက္ကို အားသန္ခဲ့ရင္ေပါ့ေလ။
အာကာကေတာ့ ႏွစ္ေယာက္မွာတစ္ေယာက္ကအစိုးရဝန္ထမ္းအျဖစ္လုပ္ခ်င္တာေၾကာင့္ လူလြတ္ျဖစ္တုန္း နယ္ဘက္ကို တာဝန္ထမ္းေဆာင္ဖို႔ စီစဥ္လိုက္ေတာ့တယ္။

လင္းသန့္ၾကည္ကေတာ့ ခုထိ ရန္ကုန္ကိုျပန္မလာေသးဘူး။
နယ္တကာနယ္စုံေအာင္သြားေနတာပဲ။
ဝတ္ရည္နဲ႕အာကာက ဘဂ်မ္းသတင္းလဲစုံစမ္းခ်င္တာေၾကာင့္ လင္းသန့္ၾကည္သြားခဲ့ၿပီးသားေနရာေတြ ေရာက္ခဲ့ၿပီးသားနယ္ေတြကိုအကုန္ေရွာင္ၿပီး...ေျပာင္းေ႐ြ႕ဖို႔ေ႐ြးခ်ယ္ၾကတယ္။
ခက္တာက...ကိုယ္သြားခ်င္တိုင္းကသြားလို႔မရဘူး။
ဆရာဝန္အင္အားနည္းၿပီး တကယ္လိုအပ္တဲ့ေနရာကိုပဲ သြားရမွာ။
ဝန္ထမ္းလစ္လပ္ေနရာမရွိရင္ သြားလို႔ကမရဘူး။
အာကာနဲ႕ဝတ္ရည္က ပါပါးအကူအညီနဲ႕ပဲ လစ္လပ္ေနရာရွိၿပီး သင့္ေတာ္ဆုံးေနရာ...လင္းသန့္လဲမသြားရေသးတဲ့ေနရာေတြကို​ေ႐ြးၾကည့္ေတာ့ ႏွစ္ၿမိဳ႕ပဲရွိတယ္။
တစ္ၿမိဳ႕က ရခိုင္နယ္စပ္ေနရာျဖစ္ၿပီး...တစ္ၿမိဳ႕က ဗန္းေမာက္တဲ့....

ေနရာေဒသေတြ လုပ္ရမဲ့အလုပ္ေတြ လိုအပ္တာေတြအားလုံးေလ့လာၿပီးအစီအစဥ္ခ်လိဳက္ေတာ့...ဗန္းေမာက္ကိုေ႐ြးလိုက္ၾကတယ္။
အာကာ...တာဝန္နဲ႕ ဗန္းေမာက္ေဆး႐ုံကိုေရာက္သြားပါတယ္။
.
.
.
.

စစ္ကိုင္းတိုင္းအထက္ပိုင္းက ဗန္းေမာက္ၿမိဳ႕ေလး...
နယ္ၿမိဳ႕ရဲ႕ဂုဏ္အင္ ျပည့္စုံပါတယ္။
ေဒသစာ ရိုးရာလုပ္ငန္းေတြနဲ႕စည္ပင္ဝေျပာတယ္လို႔ေျပာလို႔ရပါတယ္။
သူေဌးမ်ားေ႐ႊတူးကာေနရာနဲ႕နီးတာေၾကာင့္ စည္ကားတယ္လို႔ေျပာလို႔ကတဲ့ နယ္ၿမိဳ႕ပါပဲ။

အာကာ တာဝန္က်တာ ႏွစ္လေလာက္ၾကာေတာ့...မိုးဦးရာသီေရာက္ၿပီ။
ေဆး႐ုံမွာ တာဝန္ေတြမ်ားတယ္။
ၿပီးေတာ့ အာကာကအျပင္ေဆးခန္းတစ္ခုမွာလဲ ထိုင္ေပးေသးတယ္။ ဒီေရာက္မွ ခင္တာဆိုေပမဲ့ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့သူဆိုေတာ့ ၿမိဳ႕ခံဆရာဝန္နဲ႕အဆင္ေျပတယ္။ သူ႕ေဆးခန္းကိုကူထိုင္ေပးျဖစ္တယ္ေပါ့။

တစ္ရက္ အာကာေဆးခန္းထိုင္ေနတုန္း ေဆးခန္းေရွ႕မွာ ကားတစ္စီးထိုးရပ္လိုက္တယ္။
ကားအေကာင္းစားႀကီးနဲ႕ လူသုံးေယာက္ဆင္းလာတာေတြ႕တယ္။
ႏွစ္ေယာက္က ဝတ္စားထားတာလဲ အေတာ္ေကာင္းေကာင္းပဲမို႔ သူေဌးေတြျဖစ္မွန္းသိရတယ္။
အလယ္မွာ ေနမေကာင္းတဲ့သူတစ္ေယာက္ကိုတြဲလာတယ္။

အာကာစိတ္ထင္တာက အလုပ္သမားတစ္ေယာက္ေနမေကာင္းလို႔ သူေဌးေဆးခန္းလာျပေပးတယ္ေပါ့။
ထူးေတာ့ထူးဆန္းတယ္...ဘယ္သူေဌးမွ ကိုယ္တိုင္ေတာ့အလုပ္သမားကိုေဆးခန္းလိုက္ပို႔မေပးၾကပါဘူး။
အလြန္ဆုံးလိုက္ပို႔ေပးမွ...အလုပ္သမားေခါင္းေဆာင္ေလာက္ပဲ ပါလာတတ္ၾကတာပါ။

ဒီသူေဌးေတြက ကိုယ္တိုင္ေတာင္တြဲပို႔ေပးၾကတယ္။
ေနမေကာင္းတဲ့သူကိုၾကည့္ေတာ့လဲ အလုပ္သမားပုံပါပဲ။
တီရွပ္အႏြမ္းေလးနဲ႕ ဂ်င္းေဘာင္းဘီကအေရာင္မြဲေနၿပီ။

အနားကိုေရာက္လာမွ...အာကာေသခ်ာၾကည့္မိတာ။
ဘဂ်မ္း....ဘဂ်မ္းရယ္...
အာကာရင္ထဲ ဒိန္းကနဲေတာင္​​ျဖစ္မိတယ္။
ရင္ေတြ တဆတ္ဆတ္တုန္လာၿပီး....ဘာမွမေမးဘဲ ေၾကာင္ၾကည့္ေနမိတယ္။
ေသခ်ာတယ္...ပိန္သြားေပမဲ့...ဘဂ်မ္းပဲ...သူက ဘဂ်မ္းပါပဲ...
ျမန္မာျပည္အႏွံ႕ လင္းသန့္ၾကည္ ေျခတိုေအာင္ လိုက္ရွာေနတဲ့..
ဝတ္ရည္နဲ႕အာကာ လက္လွမ္းမွီသမွ်ရွာေနရတဲ့ ဘဂ်မ္းပါပဲ။

"ဘဂ်မ္း..."

အာကာႀကိဳးစားၿပီးေခၚရတယ္။
ဘဂ်မ္းလဲ သူ႕နာမည္ေခၚသံၾကားမွ ေခါင္းကိုမနည္းထူၿပီးၾကည့္တယ္။

"ကို...ကိုအာကာ..ဘယ္လို...လုပ္ၿပီး"

"လာ...လာ..ဘဂ်မ္း..ဘာျဖစ္တာလဲ"

ကုတင္ေပၚတင္ေပးဖို႔ ေျပာရသည္။
အေတာ္ေလး အားနည္းေနတဲ့ပုံပါပဲ။

"ဆရာရယ္...ကုေပးပါအုံး...ဆရာနဲ႕ဘဂ်မ္းအသိေတြလား..ဟင္...လုပ္ပါအုံး..ဆရာ"

ကိုဝင္းေအာင္က ေဘးကေနပူပန္ႀကီးစြာေျပာသည္။
လိုအပ္မယ္ထင္တဲ့ ကုသမႈကိုအရင္လုပ္ရတယ္။
က်န္တာေတြ ေနာက္မွေမးမယ္။

"ဘဂ်မ္း...ငွက္ဖ်ားျဖစ္ေနတာ...ေဆး႐ုံခ်က္ခ်င္းတက္ပါ...ကြၽန္ေတာ္စီစဥ္လိုက္မယ္"

ဘဂ်မ္းက အားအင္ေဖ်ာ့ေတာ့စြာေငးရီရီၾကည့္ေနသည္။ အာကာကိုေတြ႕ေတာ့ အံၾသတာလဲပါသလို သတိရသြားတဲ့တစ္စုံတစ္ေယာက္ေၾကာင့္လဲပါတာေပါ့။
စကားေတြအေထြအထူးမေျပာနိုင္ၾကေသးပါ။
ဘဂ်မ္းေဆး႐ုံတက္ဖို႔လုပ္ၾကရသည္။
ေဆးခန္းလိုက္ျပေပးတာက ဘဂ်မ္းတို႔သူေဌးလို႔သိရတယ္။ ေနာက္တစ္ေယာက္ကရန္ကုန္ကတည္းက ညီအကိုလိုခင္တဲ့တစ္ေယာက္တဲ့..သူလဲသူေဌးပဲတဲ့...ဘဂ်မ္းကိုယ္တိုင္လဲ သူေဌးပဲတဲ့ေလ။

.
.
.
ပထမဆုံး ဝတ္ရည္ကိုဖုန္းဆက္အေၾကာင္းၾကားရသည္။
ဝတ္ရည္ ငိုပါငိုသည္။
လင္းသန့္ကိုလဲ ဖုန္းဆက္ပါ ကိုကိုရယ္ဆိုၿပီး ငိုေနေတာ့သည္။
မေခ်ာ့နိုင္ေသး..ဝတ္ရည္ကိုမေခ်ာ့နိုင္ေသး..

.
.
.

လင္းသန့္ၾကည္ တည္းခိုရာေနရာေရာက္မွ ဖုန္းကိုဖြင့္ၾကည့္မိသည္။
အလုပ္မ်ားေနတာမို႔ ဖုန္းသံမၾကားမိ။
ဖုန္းတစ္ျခါး လူတျခါး ျဖစ္ေနခဲ့တာ။
ဖုန္းေခၚတာၾကည့္လိုက္ေတာ့...အာကာ...
ဘာကိစၥပါလိမ့္...

"ေအး...အာကာ...မင္းဖုန္းေခၚထားလို႔...ခုမွေတြ႕တာ...ေျပာေလ..ဘာတုန္း"

"လင္းသန့္...မင္း...မင္း...စိတ္ေအးေအးထားေနာ္"

"အင္း...ေအးပါတယ္...ဘာျဖစ္လို႔လဲ"

"ငါ...ငါ...ဘဂ်မ္းကိုရွာေတြ႕ၿပီ"

"ဘာ...ဘာျဖစ္တယ္..အာကာ...မင္း...
တကယ္..တကယ္..ေျပာတာလား.."

"ေအး...ေတြ႕ၿပီ"

"တကယ္...တကယ္ေပါ့ေနာ္...ငါ..လာမယ္..ငါလိုက္လာခဲ့မယ္...ငါ..ခ်က္ခ်င္းလာမယ္"

"မင္းစိတ္ကိုထိန္းေနာ္...ဘဂ်မ္းကေဆး႐ုံတက္ေနရတယ္"
.
.
.

.
.
ေမာင္.....ေမာင္ေရ...ေမာင္ဘာမွမျဖစ္ပါနဲ႕....ေမာင္ဘာမွမျဖစ္လိုက္ပါနဲ႕...ေမာင့္ဆီကို လာမယ္....လာခဲ့မယ္...ေမာင္ေရ...ေမာင္ေရ..

လက္ေတြတုန္ ရင္ေတြတုန္ ေျခေထာက္ေတြဆက္မေထာက္နိုင္ေလာက္ေအာင္ပင္...
ဝမ္းနည္းျခင္းေရာ..ဝမ္းသာျခင္းေရာေပါင္းကာ...လင္းသန့္ၾကည္ငိုလို႔မဆုံးေတာ့ပါ။
.
.
.

ဆက္ရန္.....

Continue Reading

You'll Also Like

72.8K 3.6K 33
ဘဝမှာ တစ်ကြိမ်တစ်ခါသာဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ချစ်ခြင်းတွေကို မင်းလေးဆီမှာ အယူခံဝင်မယ် ကိုယ့်အသက်ရေ ....🤎 𝖲𝗍𝖺𝗋𝗍𝗂𝗇𝗀 𝖣𝖺𝗍𝖾 - 22.2.2022 ♡︎ 𝖤�...
6.6M 431K 94
Hanary Victor + Loon Tar Nay San
197K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
88K 7.3K 86
(Zawgyi) ေနရယ္...လရယ္....ၾကယ္ရယ္... တစ္မိုးေအာက္မွာ အတူ႐ွိၾကေပမယ့္ မင္းတို႔ႏွစ္ေယာက္နဲ႔ယွဥ္ရင္ ေပ်ာက္ကြယ္ေပးရတဲ့ ငါ့အျဖစ္က...ေနလို.... (Unicode) နေရယ...